Uni
'အဆင်ပြေရဲ့လားမသိဘူး'
'ရပါတယ်'
'ဟို တို့ထူ'
'ကျေးဇူးပြုပြီး ကျနော့်ကိုမထိပါနဲ့'
'အာ ထပ်တောင်းပန်ပါတယ် တကယ်စက်ဘီးက'
'မလိုပါဘူး'
'ဟို ဒီတိုင်းသွားလို့ဖြစ်ပါ့မလား တို့လိုက်ပို့'
'မင်းသာ ထပ်မတိုက်မိအောင်မောင်းပါ'
'ဆေးခန်းသွားစရာတကယ်မလိုပါဘူးနော်'
တကယ်ပဲနားမလည်တာလား
'သွားလိုက်ပါအုန်းမယ်'
ဟူး တနေ့လောက်လမ်းလျှောက်သွားပါတယ်
Taehyung အနည်းငယ် ပွန်းသွားတဲ့တံတောင်ကိုငုံ့ကြည့်ပြီး
လွယ်အိတ်ထဲကဆောင်နေကြ အနာကပ်ပလာစတာလေး ထုတ်ကာထိုပွန်းသွားတဲ့ တံတောင်ကို ကပ်ပြီး လွယ်အိတ်ပြန်လွယ်ကာခြေလှမ်းတွေကိုအရှိန်တင်လိုက်သည်။
ဒီနေ့မနက်လဲ စိတ်ရှုပ်စရာအတွေးတွေနှိပ်စက်မှုကြောင့် ကားလွတ်သွားကာ လမ်းလျှောက်ရသည်လေ
ကံကောင်းချင်တော့ ဘရိတ်မမိတဲ့စက်ဘီးဝင်ကြုံးတာပါခံလိုက်ရသေးသတဲ့။
ရိုးရိုးရှင်းရှင်းဖြတ်သန်းလာတဲ့သူ့ဘဝက ရက်ပိုင်းအတွင်းမှာပင် ရှုပ်ယှက်ခက်သွားရတာတော့ဝင်ခံပါသည်။
အချိန်တွေလဲမမှန်တော့ အိပ်လို့ပင်မရ
အိမ်မက်ဆိုးကလိုက်နေတယ်လေ
အိမ်မက်ဆိုးဆိုလဲ မက်ပြီးကွယ်ပျောက်သွားသင့်တာမလား အရိပ်လိုအမြဲလိုက်နေလို့တော့ဘယ်ဖြစ်ပါ့မလဲ
အခုကတော့ပို၍ပင် စိတ်ရှုပ်စရာကောင်းနေသည်။
အိမ်မက်လို့အမည်ခံပြီး ပေါ်ပေါ်လာတတ်တဲ့ ထိုမျက်လုံးနီတွေနဲ့သူ
သူကပင် စိတ်အနှောက်အယှက်ရော စိတ်ရှုပ်စရာရော ပိုကောင်းနေသည်မဟုတ်လား
နားမလည်နိုင်တဲ့အနှောင်အဖွဲ့မလွတ်သောစကားက သူဘာကိုဆိုလိုမှန်း တကယ်မသိ
အဲ့လို တွေးစရာတွေပေးခဲ့လို့ပိုပြီး အမြင်ကပ်မိပြန်သည်။
'အိမ်မက်တခုက အဲ့လောက်နက်နဲဖို့လိုလို့လား'
အိမ်မက်ကတခုခုပြောချင်နေတာလား
ဘာကိုပြောချင်နေတာလဲ လူငါးယောက်သေရလောက်တဲ့ထိ သူ့ကိုပြောချင်နေတာဘာလဲ
'စိတ်ရှုပ်စရာကောင်းလိုက်တာ'
ဒီအရေးမပါတဲ့အရာကို ထပ်မတွေးတော့ဘူး လုပ်ထားပါသော်လည်းသူ့စိတ်က နားမထောင်ချင်ပုံရသည်။
'ချီးပဲ နောက်ကျနေပြီ'
လက်မှာပက်ထားပါတဲ့ smart watch ကိုတချက်ကြည့်မိလိုက်တော့ ကျောင်းတက်ချိန်တောင်ရောက်နေပြီဖြစ်သည်။
"ခြေလှမ်းကိုပိုအရှိန်တင်ကာ ပြေးရပါသော Taehyung"
'သေချာပေါက်မမှီတော့ဘူး'
ကျောင်းဝင်းထဲခြေချမိနေပြီဖြစ်သောလဲ ကျောင်းကတော့တက်သွားပြီ
'ဝင်ခွင့်ပြုပါ sir'
'V ကဘာ ကိစ္စ အတန်းတက်ပြီးချိန်မှရောက်လာတာလဲ'
"ထိုစကားကိုဆိုလိုက်တဲ့sirက အံ့သြမှုအပြည့်ပင်"
'မရည်ရွယ်ပါဘူး'
'မရည်ရွယ်ပါဘူး'
သူပြောနေကြစကားပြောလိုက်ပင်မဲ့လဲ ရုတ်တရက်ကြားယောင်လာတဲ့ထိုသူအသံကနားထဲပဲ့တင်သံထွက်သွားရသည်။
'ဆယ့်ငါးမိနစ် အခန်းရှေ့မှာရပ်နေပေးပါ'
'ဟုတ်ကဲ့ sir'
'V'
'V'
'စာလုပ်နေတယ်မလား'
'တခုခုရှိလို့လား မင်းဘယ်တုန်းကဒီလိုနောက်ကျဖူးလို့လဲ မှန်မှန်ပြောစမ်း'
'ငါလဲလူပဲလေ'
'သေချာလို့လား အထိတောင်မခံတဲ့မင်းကလေ'
"သူတွေးဆဆပြုသွားရသည်"
'V V ငါ့ကိုလဲအဖက်လေးဘာလေးလုပ်ပါအုန်းဟ'
'နားငြီးလိုက်တာ'
'ဟေးဟေး မင်းလက်ကဘာဖြစ်တာလဲ'
"အင်ကျီလက်ခေါက်တင်လိုက်တော့ပေါ်လာတဲ့ ပလာစတာကိုမြင်သွားဟန်"
'ထိမိတာ'
'သေချာလို့လား မင်းကအရမ်း Sensitive ဖြစ်တဲ့သူပါ ငါတော့ ဒီလိုမြင်တာပထမဆုံးထင်တယ် မင်းကထိမိတာတဲ့'
'ငါ့ကိုနတ်သားများထင်နေတာလား'
'အေးလေ မင်းကလူ့ပြည်ကနတ်သားပဲဟာ
ချောမောတဲ့ရုပ်ရည် နဲ့ စာမှာဆိုလဲဖက်စ် မင်းကအကုန်လုံးပါဖက်လေ'
"ခေါင်းခါကာစာဘက်အာရုံပြန်စိုက်သွားတဲ့ Taehyung"
'ငါပြောတာမပြီးသေး ဟေးဟေး V V'
'ကျစ် ထပ်ပြီးတော့ဘာလဲ'
'မင်းမျက်လုံးကချောင်ကျနေတယ် မင်းဘာတွေလုပ်နေတာလဲ စာလို့တော့မပြောနဲ့ မင်းအရင်တခါမှဒီလိုမချောင်ကျဖူးဘူး'
'မဟုတ်မှ Vမင်း ဆေးတွေဘာတွေ ဟေးး'
'ပြောလို့ပြီးပြီလား ဖယ်'
'အချေခံရပြန်ပြီ စိုးရိမ်လို့ပြောတာကို လှိမ့်ချေနေတာ လိပ်ပြာလုံပါစေ'
'ဘယ်လိုသူနဲ့အပေါင်းအသင်းလုပ်မိပါလိမ့်'
'ဟာ မင်းဒါတော့များသွားပြီ ငါ့လို ဉစ္စာပေါရုပ်ချောကိုများ'
'sir ဒီတယောက် တအားနားငြီးလွန်းတယ် စာအာရုံစိုက်လို့မရဘူးဖြစ်နေပြီ'
'AugustD!!'
'ရား ဟိတ်ကောင်'
'အတန်းပြင်ထွက်လက်မြှောက်နေAugustD'
'V ရှိလား'
'Yes Sir'
'တချက်လောက်လိုက်ခဲ့ပေးပါ'
'ဟုတ်ကဲ့'
'ဒါကဘယ်လိုဖြစ်တာလဲ V'
"သူ့တင်ထားတဲ့မှတ်စုစာအုပ်ကို အရှေ့ထိုးပေးကာပြောလာသောsir"
'မှားနေတာပဲ'
'အောအဲ့တာလေး ရှင်းပြပါအုန်း ဘယ်လိုတောင်ဖြစ်ရတာလဲ V အတော်ဆုံးကျောင်းသားက တလွဲတွေတွက်ထားတာလေ တပုဒ်ထဲလဲဟုတ်မနေဘူး'
'ဂဏန်းမှားရေးမိတာထင်တယ် မရည်ရွယ်ပါဘူး'
"မရည်ရွယ်ပါဘူး"
"ထပ်ကြားယောင်လာပြန်တဲ့ထိုအသံ"
'မယုံနိုင်စရာပဲ V မျက်စိဆေးခန်းသွားပြီးမျက်မှန်ပါဝါထပ်တိုးသင့်တယ် မင်းအရင်ကဒါမျိုးမဖြစ်ဖူးတာမို့ ဒါနောက်ဆုံးဖြစ်ပါစေ'
'ကျနော့် မျက်လုံးအကောင်းကြီးပါ sir မျက်မှန်တပ်ရတာမှန်ပင်မဲ့ညဘက်စာလုပ်ချိန်မှပါ အမြဲ မလိုသေးတာမို့ သွားခွင့်ပြုပါအုန်း'
'အော်ဒါနဲ့ ကျနော်က သာမန်လူတယောက်ပါပဲ'
"အမှားနဲ့မကင်းဘူးလို့ဆက်မပြောပဲ ထိုမျှသာပြောခဲ့ကာထွက်သွားသော Taehyung"
ဒီလောက်ကနားလည်ဖို့လုံလောက်ပြီမလား
"အတန်းထဲပြန်လာကာ လွယ်အိတ်ယူပြီး ထွက်သွားသော Taehyungကို AugustD မှ လိုက်မေးသော်လဲ စိတ်ရှုပ်လို့ တခွန်းထဲဖြေကာ ထိုနေရာမှထွက်သွားလေသည်"
'taehyungကဘာဖြစ်နေတာလဲ'
စိတ်ရှုပ်လွန်းလို့ အတန်းချိန်တောင်ဆက်မတက်နိုင်ဘဲ ထွက်လာလိုက်သည်။
စာကြည့်တိုက်ဘက်ရောက်နေသော်လည်းမဝင်ချင် အိမ်ကိုသာပြန်ချင်နေသောစိတ်တို့ကြောင့် taxi တစီးတားကာ အိမ်ကိုပြန်လာလိုက်သည်။
အိမ်ရောက်တော့ ရေချိုးခန်းထဲတန်းဝင်လိုက်ပြီး
စိတ်ရှုပ်စရာတွေကို ရေနဲ့အတူ ဖြေလျော့စေလိုက်ကာဖြင့် အေးချမ်းသွားရသည်။
ရေချိုးခန်းမှခေါင်းသုတ်ရင်းပြန်ထွက်လာတော့ မနက်ကမှလောလောလတ်လတ်ဖွထားမိသောစာကြည့်စားပွဲနဲ့အောက်မှာပြန့်ကျဲကာကျလို့နေသော စာရွက်အချို့တို့ကဆီးကြိုနေသည်။
ကျနေတဲ့စာရွက်တွေကိုကောက်ပြီးစားပွဲပေါ် စီတင်ကာ ဆွဲလက်စ ပုံကို ကိုင်ကြည့်ရင်ဖြင့် မျက်ခုံးများတွန့်ချိုးကာ မျက်လုံးအစုံကလဲနီပြီး ပြုံးနေသောနှုတ်ခမ်းပါးတို့မှာလဲ အသက်ဝင်လှသည်။
'မင်းကတကယ်ပဲ ဘယ်သူလဲ'
"ဆွဲလက်စပုံကိုကိုင်ကြည့်ရင်ဖြင့် အတွေးတွေဝင်လာပြန်တဲ့ စိတ်ကြောင့် အရှေ့မှာဖြစ်ပျက်နေတာကို သတိမထားမိတဲ့taehyung"
လင်းနေတဲ့သူ့အခန်းကမှောင်သွားသလိုခံစား နေရသည်မို့ မျက်လုံးကိုလှန်ကြည့်လိုက်ရင်ဖြင့်...
ချက်ချင်းဆိုသလိုအမှောင်ကျသွားတဲ့သူ့အခန်းနဲ့အတူ အရှေ့မှာ ပေါ်လာတဲ့ လက်တွေကိုသံကြိုးတွေဖြင့်ချုပ်နှောင်ခံထားရကာ သူ့ကိုကြည့်နေတဲ့ ထို Vampire ပင်။
Taehyung ကြောင်အသွားရသည်
လန့်သွားရသည်ဆိုပိုမှန်မည်။
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ
သူကဘယ်ကဘယ်လိုရောက်လာတာလဲ
ဘယ်လိုဖြစ်ပြီးသူ့အခန်းကနေ
Taehyungတကယ်ပဲနားမလည်နိုင်တော့
ခနလေးအတွင်းဘာတွေဖြစ်သွားတာတဲ့လဲ
ဒါကတကယ် အဓိပ္ပါယ် မရှိတော့တာ
Taehyung သတိပြန်ကပ်ချိန်မှာတော့အလျင်အမြန် သူ့လက်ကိုအကြည့်ပို့မိသည်။
သူကိုင်ထားတဲ့စာရွက်ဟာ ရှိမနေတော့ပေ။
'ဒီအရေးမပါတဲ့နေရာကို ရောက်လာပြန်ပြီလား'
'ဟက်'
နားမလည်နိုင်တဲ့မျက်လုံးတစုံနဲ့မေးခွန်းထုတ်လိုက်ပါသော်ငြားထိုသူ့ဆီက
ရီသံ သူရီလိုက်တဲ့သံ ထပ်ပြီးရီပြန်တယ် ရူးနေတာလားပဲ
Taehyung ရဲ့အခုလိုဖြစ်နေတဲ့ပုံက အတော်ပင်ရီစရာကောင်းနေလို့လား စိတ်ရူပ်စရာပဲ
'မင်း ကိုငါမနှောက်ယှက်နဲ့လိုပြောထားတယ်ထင်တယ်'
'ကိုယ်မလုပ်ဘူး'
Taehyung ထိုသူကိုကြည့်ကာအတော်ပင် စိတ်ရူပ်နေလေပြီ။
'ဘယ်လောက်တောင် အဓိပ်ပါယ်မရှိလိုက်တဲ့စကားလဲ'
'ငါ့အခန်းကနေ မင်းရဲ့စိတ်ပျက်စရာဖုန်တွေနဲ့အခန်းပြောင်းပြီး ရောက်နေတောင်မင်းမလုပ်ဘူး'
'အင်း ကိုယ်မင်းကိုစောင့်နေတာမှန်ပင်မဲ့ ကိုယ်မလုပ်ဘူး'
'ဟာ့'
ပြောစရာစကားဟာပျောက်ဆုံးနေရပြီ။
ဘယ်လောက်တောင်အဓိပ်ပါယ်မရှိလိုက်လဲ
'ဟို ကိုယ့်လက်ကသံကြိုးကိုဖြုတ်ပေးမလား'
'ကိုင်ရင်တောင်ပြုတ်တဲ့သံကြိုးအဆွေးကြီးတွေကိုလာဖြုတ်ခိုင်းနေတာလား'
Taehyung တကယ်ကို စိတ်မရှည်တော့ပါ။
'ကိုယ်မှဖြုတ်လို့မရတာ'
'စိတ်ရှုပ်စရာတွေ'
ပါးစပ်မှရေရွတ်နေသော်လည်းခြေထောက်နဲ့လက်တွေကဖြင့် သစ်စာဖောက်ကာ ထိုသူရဲ့သံကြိုးကို တုတ်တောင်ရှာမနေပဲဆွဲဖြုတ်ပစ်ပြီးနေလေပြီ
'အခုမှပဲ သက်သာတော့တယ်'
ထရပ်ကာ သံကြိုးအရာပင်ထင်းနေသော သူ့ရဲ့လက်ကို လှည့်ရင်းပြောနေသည်။
Taehuyngအံ့သြ သွားရပြန်တယ်။
'လိမ်နေတာမဟုတ်ဘူးပဲ'
'Tae'
'ဟင် Jeon'
'Jeon? Jeonကဘယ်သူလဲ'
လှစ်ခန သူ့ပါးစပ်က ပြန်ထွက်သွားတဲ့ စကားလုံးကြောင့်Taehyung သူ့ကိုယ်သူမယုံနိုင်စွာမေးခွန်းပြန်ထုတ်လိုက်မိပြန်သည်။
'ဘယ်သူထင်လို့လဲ'
'မဟုတ်မှ'
'အင်း ကိုယ်ပဲ Jeon'
'ဘယ်လိုလုပ်'
တကယ်လန့်သွားပါသည် သူကဘယ်လိုလုပ်များထိုသူ့နာမ်ကိုသိနေရတာတဲ့လဲ
'ထားပါ နားလည်ရခက်နေမှန်းသိပင်မဲ့ တဖြေးဖြေး သူ့အလိုလို သိလာလိမ့်မယ်'
'ဘာတွေလဲကွာ'
စိတ်ရူပ်စွာရေရွတ်လိုက်မိသည်။
သူဘာကိုမှနားမလည်တော့ဘူး အရေးမပါတာပဲ...
ဘယ်သူ့ကိုများစိတ်ရူပ်အောင်လာလုပ်နေတာလဲ
'အင့်'
ထပ်မံပြီးတကိုယ်လုံးအေးစက်သွားပြန်ကာတင်းကြပ်သွားရသည်ကြောင့် taehyung အသိစိတ်ပြန်ကပ်ချိန်မှာတော့...
'အတင့်ရဲလိုက်တာ ငါ့အသားကိုများလက်လွတ်စပယ်ထိနေရအောင် မင်းကိုယ်မင်းဘာထင်နေတာလဲ ဖယ်စမ်း'
ဖယ်လို့ပြောနေပင်မဲ့မရုန်းမိတာကိုပင် အံ့သြနေမိသည်။
ဘာတွေဖြစ်နေတာလဲ နေသားကျနေတဲ့ခံစားချက်ကဘာလို့ရနေပြန်တာလဲ
'မလာတော့ဘူးထင်နေတာ'
'မလာချင်ရင်တောင် ဒီအရေးမပါတဲ့အိမ်မက်အရေးမပါတဲ့နေရာကိုရောက်နေတာပဲလေ'
'ဟား'
ရီပြန်တယ်
'အမှန်ကရီစရာကောင်းနေတာလား'
'သဘောကျလို့ပါ'
'ငါ့ကိုပြော ဒီအိမ်မက်ကိုငါကဘယ်ချိန်ထိဆက်မက်နေရမှာလဲ'
'အချိန်တခုထိပါပဲ'
'ကွဲလွဲနေတယ် ခြောက်ခြားစရာအိပ်မက်ထဲက ကြောက်စရာမျက်လုံးနီတွေနဲ့ Vampire ကအခုငါ့ကိုဖက်နေတာတဲ့လေ'
'ဟား တကယ့်အိမ်မက်ပဲ'
'အဓိပ်ပါယ်မရှိလိုက်တာ'
ရင်ခွင်ထဲကအကောင်ပေါက်ဆီကခပ်ပြင်းပြင်းလေယူလေသိမ်းကြောင့် jungkookတချက်ပြုံးလိုက်မိသည်။
'လက်က ဘာဖြစ်တာလဲ'
'အပြင်ကလူတွေပါမကဟုတ်ဘူး အိမ်မက်ထဲက Vampire ကပါစပ်စုတာပဲ'
'မရည်ရွယ်ပါဘူးဗျာ'
'နာနေလား'
'ပက်တီးစီးထားတာမဟုတ်ဘူး'
ထိုစကားကြောင့်'ဟက်'ခနရီမိလိုက်ပြန်သည့် jungkookပင်။
အပြင်ကိုတော့ထုတ်မရီမိ။
ရင်ခွင်ထဲကအကောင်ပေါက်လေးကဘယ်သူမို့လဲ သူ့အပိုင်ဒေါသအိုးလေးလေ။
'ကလေးလား စက်ဘီးဝင်တိုက်တာခံလာရအောင်'
'ဘယ်လိုသိတာလဲ'
'Taeပြောတာလေ'
'ဘယ်တုန်းကလဲ'
'ထားပါ'
'မင်းငါ့စိတ်ကိုဖတ်လိုက်တာလား'
'ဟုတ်တယ်မလား ဟိုစာအုပ်ထဲမှာလဲ အဲ့လိုပြောထားတယ်'
'တွေ့သွားပြီလား'
'ဘာလဲ'
'စာအုပ်'
'မင်းလက်ချက်ပဲလား'
'ဟင့်အင်း'
'Tae'
'မကြိုက်ဘူး'
'လိမ်နေတာသိတယ်'
သူ့ကိုလူလိမ်လို့ဆွတ်ဆွဲလိုက်သလိုပင်ခံစားသွားရသည်။
ဒီသူကအတော်တရားလွန်နေပြီ။
'လာခဲ့အုန်းမှာမလား'
ထိုစကားကိုတော့မနည်းအားယူကာjungkookဆိုလိုက်မိသည်။
သူသူ့အပိုင်လေးရဲ့ နွေးထွေးမှုကိုဘယ်လောက်လွမ်းနေခဲ့လိုက်သလဲ ကိုယ်ဟာကိုယ်သာသိသည်မို့ အရင်ကဒေါသအိုးလေးကယခုလဲဒေါသအိုးလေးမို့ တောင်းဆိုသလိုအသံပြုမိလိုက်ပါသည်။
'မင်းမပြောလဲလာနေရအုန်းမှာပဲမလား ဒီအရေးမပါတဲ့အိမ်မက်ကလေ ထပ်မက်နေအုန်းမှာပဲမလား'
'စောင့်နေမယ်'
လုံလောက်ပါပြီ ပြန်မြင်ရရင်ပဲသူ့အတွက်လုံလောက်ပြီ ဘာမှထပ်မတောင်းဆိုချင်သလို ဘာမှလဲမကြိုးစားချင်ဘူး ထိုပုံရိပ်လေးသာ သူ့ရှေ့ထပ်ရောက်လာရင်ကျေနပ်ပြီ။
'45မိနစ်ပဲ'
'ဟမ်'
'45မိနစ် ပဲအိမ်မက်က'
'မများလွန်းဘူးလား'
'ကိုယ့်အတွက်တော့အရမ်းနည်းနေတယ်'
ထိုစကားမှာလွမ်းဆွတ်နေတဲ့လေသံနဲ့ ဝမ်းနည်းရိပ်ဖြတ်ပြေးသွားသည်ကိုတော့ taehyungခံစားမိလိုက်သည်။
'ဘယ်အိမ်မက်ကအဲ့လိုကန့်သတ်ထားလို့လဲ'
'သာမန်အိမ်မက်တခုမှမဟုတ်ဘဲ'
အင်း taeပြောသလိုအိမ်မက် ကိုယ့်ရဲ့ဖြစ်တည်မှုကtaeအတွက်အိမ်မက်အဖြစ်ပဲတည်ရှိနေရင်တောင် ကျေနပ်တယ်
ဒီအိမ်မက်ကိုတော့ ဘယ်တော့မှနိုးထခွင့်မပေးချင်မိဘူး
'အရမ်းထူးဆန်းနေတာတော့သိတယ်'
'မင်းလက်တွေဖယ်ပေးဖို့ အစီအစဉ်မရှိဘူးလား'
Taehyung အချဉ်ပေါက်လာပြီ
အသားထိရင်တောင်ဒေါသထွက်တတ်တဲ့v kimဆိုတဲ့သူမျိုးကို ထိရုံမကအတင်းပါဖက်ယှက်ထားသတဲ့
ဘယ်လိုတောင်ရဲတင်းလွန်းနေတဲ့သူလဲ
သူကရောဘာလို့ ဒေါသထွက်ရုံမျှအပြင်မတက်နိုင်ရတာလဲ
သူ့စိတ်က ဘာတွေဖြစ်နေတာလဲနားမလည်နိုင်တော့ဘူး
'လွမ်းနေတာကို'
'ငါတော့မလွမ်းဘူး'
'လိမ်နေတာ'
'ပြောချင်နေတာဘာလဲ'
'ကိုယ်ဘာမှပြောပြလို့မရဘူး'
jungkook အဖြေပြန်ပေးလို့မရသည်မို့ ထိုစကားကိုသာtaeမေးတိုင်း ပြန်ဖြေမိသည်။
'ထပ်လာရအုန်းမယ်ဆိုလိုတာလား'
'ပြောခဲ့ပြီးပြီလေ စကားသိပ်များတာပဲ'
'ဘာပြောတယ်'
Jungkook အသံတိတ်ရီလိုက်မိပါသေးသည်။
"အခုက ချေပခံလိုက်ရတာလား"
'မွှေးတယ်'
'လွန်နေပြီလို့မထင်ဘူးလား'
'စတော်ဘယ်ရီနံ့သင်းသင်းလေး'
'ကိုယ်သင်းနံ့က ဒေစီပန်းနံ့မလား'
'မင်းရဲ့နှာခေါင်းကို သားကောင်လိုက်တဲ့အချိန်မှာပဲသုံးသင့်တယ်လို့ငါတော့ထင်တယ်'
လွန်နေပြီမဟုတ်လား ဘယ်သူ့ကိုများဒီလိုလာပြီး...
Taehyungရဲ့ အသက်ရူသံတွေက ခပ်ပြင်းပြင်းပင်...မနည်းစိတ်လျော့နေရသလိုဖြစ်နေကာဖြင့်...
စိတ်တိုစရာပဲ
'Taeပြောသလို ဒီအရေးမပါတဲ့နေရာ ကလွဲပြီးသွားလို့ရရိုးလား'
'သနားစရာပဲ ချုပ်နှောင်ခံထားရတဲ့ Vampire'
'အဲ့လိုမျိုးလား'
"သူ့ဘာသာပြောချလိုက်ပြီး ပြန်မေးခွန်းထုတ်နေသော Taehyungကို jungkook မှာတော့ ခေါင်းငြိမ့်ကာအသာလေးပြုံးပြသည်"
"ချွင်း"
'ပြည့်သွားပြန်ပြီပဲ'
စိတ်မကောင်းစွာဆိုလာသောသူ
'ပြန်လာခဲ့အုန်းမယ်မလား အရင်တိုင်းပဲစောင့်နေမယ်'
"ထိုမျှသာပြောပြီး ထိုလှုပ်ခပ်နေသောသံကြိုးများအောက်ပြန်ဝင်သွားကာ ဒူးထောက်လျက် ခေါင်းစိုက်ကျသွားပြန်သောသူ"
Taehyung အရင်တခါကလိုပဲ ကြောင်ကြည့်နေမိပြန်သည်။
"ဒိန်!"
နာရီအချက်ပေးအသံရဲ့ အဆုံး
မှောင်မဲကျသွားသောဘေးပတ်ပတ်လည်ကနေ ပြန်လင်းသွားသောသူ့အခန်းနဲ့ လက်ထဲပြန်ပေါ်လာတဲ့ စာရွက်
'ဒါအိမ်မက်လို့ပဲဆိုနိုင်သလား'
_______________________
စာရေးသူရဲ့စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်ဖြစ်လို့ စိတ်ကူးယဉ်ဆန်ဆန်ပဲသွားမှာပါနော် ဖတ်ပေးကြတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်။
Zaw
'အဆင်ပြေရဲ့လားမသိဘူး'
'ရပါတယ်'
'ဟို တို့ထူ'
'မလိုပါဘူး'
တကယ်ပဲနားမလည်တာလား
'သွားလိုက်ပါအုန်းမယ်'
'ချီးပဲ နောက်ကျနေပြီ'
'ဝင်ခွင့်ပြုပါ sir'
'မရည်ရွယ်ပါဘူး'
'မရည်ရွယ်ပါဘူး'
'ဟုတ်ကဲ့ sir'
'V'
'V'
'စာလုပ်နေတယ်မလား'
'ငါလဲလူပဲလေ'
"သူတွေးဆဆပြုသွားရသည်"
'နားငြီးလိုက်တာ'
'ထိမိတာ'
'ကျစ် ထပ်ပြီးတော့ဘာလဲ'
'AugustD!!'
'ရား ဟိတ်ကောင်'
'V ရှိလား'
'Yes Sir'
'ဟုတ်ကဲ့'
'ဒါကဘယ်လိုဖြစ်တာလဲ V'
'မှားနေတာပဲ'
"မရည်ရွယ်ပါဘူး"
'မင်းကတကယ်ပဲ ဘယ်သူလဲ'
ဒါကတကယ် အဓိပ်ပါယျ မရှိတော့တာ
'ဟက်'
'ကိုယ်မလုပ်ဘူး'
'ဟာ့'
'စိတ်ရှုပ်စရာတွေ'
'အခုမှပဲ သက်သာတော့တယ်'
'လိမ်နေတာမဟုတ်ဘူးပဲ'
'Tae'
'ဟင် Jeon'
'Jeon? Jeonကဘယ်သူလဲ'
'ဘယ်သူထင်လို့လဲ'
'မဟုတ်မှ'
'အင်း ကိုယ်ပဲ Jeon'
'ဘယ်လိုလုပ်'
'ဘာတွေလဲကွာ'
'အင့်'
'မလာတော့ဘူးထင်နေတာ'
'ဟား'
ရီပြန်တယ်
'သဘောကျလို့ပါ'
'အချိန်တခုထိပါပဲ'
'ဟား တကယ့်အိမ်မက်ပဲ'
'လက်က ဘာဖြစ်တာလဲ'
'မရည်ရွယ်ပါဘူးဗျာ'
'နာနေလား'
'ဘယ်လိုသိတာလဲ'
'Taeပြောတာလေ'
'ဘယ်တုန်းကလဲ'
'ထားပါ'
'တွေ့သွားပြီလား'
'ဘာလဲ'
'စာအုပ်'
'မင်းလက်ချက်ပဲလား'
'ဟင့်အင်း'
'Tae'
'မကြိုက်ဘူး'
'လိမ်နေတာသိတယ်'
'လာခဲ့အုန်းမှာမလား'
'စောင့်နေမယ်'
'45မိနစ်ပဲ'
'ဟမ်'
'45မိနစ် ပဲအိမ်မက်က'
'မများလွန်းဘူးလား'
'လွမ်းနေတာကို'
'ငါတော့မလွမ်းဘူး'
'လိမ်နေတာ'
'ပြောချင်နေတာဘာလဲ'
'ဘာပြောတယ်'
'မွှေးတယ်'
စိတ်တိုစရာပဲ
'အဲ့လိုမျိုးလား'
"ချွင်း"
'ပြည့်သွားပြန်ပြီပဲ'
"ဒိန်!"
_______________________