4

61 10 1
                                    

Uni

သူတို့ရှေ့ကအနက်ရောင်တွေလွှမ်းခြံထားပြီးကြောချမ်းစရာအိမ်အိုကြီးကို အဝေးက အကဲခတ်ကာ ဝင်ရန်ပြင်ဆင်နေကြသည်။

'ဟေး V'

Taehyungတယောက် အရှေ့ကလရောင်ရဲ့အလင်းနဲ့ထင်သာနေတဲ့ ရဲတိုက်လိုအနက်ရောင်အိမ်အိုကြီးကို ရပ်ကာ တခုခုကို လွမ်းဆွတ်နေသလိုအကြည့်နဲ့ ငေးနေသည်မှာ ပတ်ဝန်းကျင်ကိုပါမေ့နေသည်ထိပင်။

'V!! ဟိတ် V!!'

ဝမ်းနည်းစရာကောင်းနေတယ်
တခုခုကို လွမ်းနေသလိုခံစားချက် ကပါဘာလို့ဝင်လာရတာလဲ
ရင်နှီးကျွမ်းဝင်​နေတဲ့ခံစားချက် သူသိနေသလိုခံစားနေရပင်မဲ့ တကယ်ကဘာတခုမှသိမနေခဲ့ ထိုအတိုင်းကြောင်အစွာရပ်နေသည်မှာ အော်ခေါ်သံကြောင့် အကြည့်လွှဲလိုက်မိသည်။

'ဟမ် ဘာပြောလိုက်တာလဲ'

'မင်းဘာတွေငေးနေတာလဲ ရော့ဒါကိုယူ'

Taehyung ပစ်ပေးလာသည့် လွယ်အိတ်ကိုအလျင်အမြန်လှမ်းဖမ်းလိုက်ကာ ထိုအိတ်ကိုကိုင်လျက် သူ့ရှေ့ကအိမ်အိုကြီးကိုတချက်ကြည့်ပြီး ခြေလှမ်းတွေကိုစတင်လှမ်းလိုက်မိသည်။

'ကဲ အားလုံးအဆင်သင့်ဖြစ်ပြီဆို Let's go'

ထိုစကားသံအဆုံး သူတို့နဲ့မနီးမကမ်းမှာတည်ရှိနေတဲ့အိမ်ကြီးကိုဉီးတည်ကာ လှမ်းလာ ကြတော့သည်။

ခြေလှမ်းအနည်းငယ်လှမ်းလို့အပြီးမှာတော့ ထိုအိမ်ကြီးရှေ့ဆိုက်မြိုက်စွာရောက်ရှိလာကြပြီးတပြိုင်နက် ပါလာတဲ့ သံတုတ်တွေကိုအသုံးပြုကာ ထိုအိမ်ကြီးရဲ့တံခါးဝကိုစတင် ရိုက်ခက်လိုက်ကြသည်။

ထိုနောက်ပွင့်ဟလာတဲ့တံခါးမကြီးနဲ့အတူ ထိုအိမ်ကြီးထဲကဖုန်များဟာ တဆက်ထဲလွှင့်စင်လာသည်။
ဖုန်တွေကြားထဲ အိမ်အတွင်းကိုဓာတ်မီးဖြင့်ထိုးကြည့်ချိန်မှာတော့...
လင်းနို့များ စွာပျံထွက်လာတော့သည်။

'ဒါကတော့အိမ်အဝင်အဝပဲဖြစ်ပါတယ် ဂိုဏ်းတို့တွေ့လိုက်ကြတယ်မလား လင်းနို့တွေထွက်လာတယ်'

ကင်မရာကိုင်ထားတဲ့ကောင်လေးမှာလဲ စကားတပြောပြောဖြင့်အသေးစိတ် မှတ်တမ်းတင်နေသည်။

The Vampire From A DreamWhere stories live. Discover now