Uni
"တယောက်ယောက်ဆီကနေထွက်ပြေးနေသလို ကြောက်အားလန့်အားထိုအမှောင်အတိနေရာတွင်ပြေးလွှားနေရပြန်သောသူ"
ဘယ်သူဘယ်ဝါမှန်းမသိပင်မဲ့ တစုံတရာကသူ့နောက်ကို အလွတ်မပေးပဲအသဲအသန် လိုက်နေတာတော့သိသည်။
အရင်မက်နေကြအိမ်မက်တွေလိုမျိုး မဟုတ်ဘဲအခုအခြေအနေက တကယ်အပြင်မှာလက်တွေ့ပြေးနေရသလိုပင်ခံစားနေမိသည်။
သူဘယ်လောက်ပြေးပြေးလွတ်လမ်းကိုမရောက်နိုင် အတော်ပင်ထိတ်လန့်လို့နေပြီ။
ပုံမှန်ဆိုဒီနေရာကနေသူလွတ်နေပြီမလား
အခုကပြေးနေရသည်မှာ အတော်ပင်ကြာလို့နေပြီ အိမ်နက်အရိပ်အယောင်လဲမတွေ့သလို လမ်းကလဲပျောက်နေသည်။
ဘယ်လောက်ပြေးပြေးဒီနေရာပဲဲပြန်ရောက်နေကာလည်နေသလိုပင်။
သူ့ပတ်ပတ်လည်လည်ကလဲတဖြေးဖြေးပိုပိုမှောင်လာသလို။
တဖြေးဖြေး ပိုပိုမှောင်လာပြီး သူ့နေရာတခုထဲကွပ်လင်းနေကာ ထိုအမှောင်တွေကနေလှုပ်လှုပ်ရှားရှားသူ့ရှေ့မှောက်ပေါ်ထွက်လာသည်က
"အရိပ်မဲ"
မျက်လုံးတစုံထဲပင် လင်းကာ အပြာရောင်ကြီးစိုးနေပြီး ကိုယ်ကတော့အရိပ်မဲသာ။
'ဘယ်ချိန်ထိ ထွက်ပြေးနေအုန်းမှာလဲ'
'မင်း ဘယ် ဘယ်သူလဲ'
'သိရဲ့သားနဲ့'
'အဓိပ်ပါယ်မဲ့တာတွေမပြောစမ်းနဲ့ မင်းဘယ်သူလဲ ဘာကိစ္စ ငါ့ကိုနှောက်ယှက်နေတာလဲ'
'ကိုယ့်သခင်ဆီပြန်လာရုံပါ'
'အဓိပ်ပါယ်မရှိတာ ငါ့ကိုမနှောက်ယှက်နဲ့'
'သခင်ဆီပြန်လာရုံပါ'
'ငါမင်းကိုမသိဘူး ငါ့ဆီလာစရာလဲမလိုသလို မင်းကိုလဲမလိုအပ်ဘူး စိတ်အနှောက်အယှက်တွေ'
'သေချာပေါက်လာရမှာပါ'
'စကားနားမလည်တာလား'
'လာရမှာပါ'
'ရှစ် ေ-ာက်ရေးမပါတာ'
'သေချာပေါက်လာရမှာပါ လာရမှာပါ လာရမှာ လာရမှာ'
ထိုမျက်လုံးပြာတွေနဲ့အရိပ်မဲမှပတ်ပတ်လည် လှည့်ကာ ထိုစကားတခွန်းထဲကိုရေရွတ်ရင်း ပိုပိုမြန်ကာသူ့ကိုလှည့်ပတ်နေသည်။
နားတွေပင်အူပြီး ခေါင်းတွေထိုးကိုက်လာသည်။
'အားး ရပ်စမ်း!!'
သူ့ရဲ့သြဇာရှိသော အော်သံကထိုနေရာမှာဟိန်းထွက်လာပြီ အသံတွေငြိမ်ကျသွားကာ အလင်းရောင်ဆူးဆူးတခုပေါ်လာသည်။
မျက်စိအစုံကိုမှိတ်ချလိုက်ပြီး ပြန်ဖွင့်လိုက်ချိန်မှာတော့ ထိုအိမ်နက်ကြီးကိုမြင်လိုက်ရပြန်သည်။
'အခုချိန်က နိုးထသင့်နေပြီမလား'
Alois'ဟေး V မင်းကဘယ်ကဘယ်လိုရောက်လာတာလဲ'
'ပြောတော့မလိုက်ဘူးဆို အခုကျတော့ သရဲလိုက်သလိုသွေးပျက်ပြီးပြေးလာပါလား'
'မင်းတို့ မင်းတို့ကဘယ်လိုလုပ်'
Joe'V အဆင်ပြေရဲ့လား'
'Joe Joeမင်းရောလား'
'ဘာလဲဟ ဒီကောင်ကြောင်တောင်တောင်နဲ့'
တနေ့ကလေးတင် အာသုဘ လိုက်ပို့လိုက်တဲ့ငါးယောက်ကမိမိရှေ့တင်အကောင်းပတိ
ဒါက ဘာလဲ သေသွားကြပြီလေ ဘာတွေဖြစ်နေပြန်တာလဲ ဒီေ-ာက်ရေးမပါတာကြီးက ဘာလဲ
Joe' V တခုခု...'
'ေ-ာက်ရေးမပါတာတွေ'
ထိုအိမ်မက်ကိုရင်းနှီးနေပြီးသားမို့ ဘယ်ချိန်ဘာဖြစ်မလဲသူသိသည်လေ။
သူကပဲအရင်ဉီးဆောင်ကာထိုအိမ်ကြီးထဲခပ်မြန်မြန်ဝင်သွားလိုက်သည်။
'ဒီအရေးမပါတဲ့ အိမ်မက်ကမြန်မြန်နိုးဖို့အရေးကြီးတယ်'
ထိုညကအတိုင်းတပုံစံထဲဖြစ်ပျက်နေတာကြောင့်စရောက်ရောက်ချင်းမှာပဲ သူလှေကားအပေါ်သာပြေးတက်လာခဲ့လိုက်သည်။
သူကူညီဖို့မကြိုးစားမိတော့ပါ။
သူတို့အရင်သူ့ကိုတယောက်ထဲချန်ထားခဲ့တာမလား။
သူတို့သာမထားခဲ့ရင် ဒီအရေးမပါတဲ့အရာတွေကိုခနခနမက်နေရမှာမဟုတ်ဘူး။ နောက်ပြီး သူကူညီရင်တောင်မြေချပြီးနေပြီဖြစ်တဲ့သူတွေကအသက်ပြန်ရှင်လာမှာတဲ့လား။
အိမ်မက်အတိုင်း မျက်လုံးအနီရောင်Vampire ရှိရာအခန်းထဲဉီးတည်လိုက်သည်။
ထူးဆန်းတာက တံခါးကဖွင့်မရချေ။
တွန်းလဲမရ အိမ်ကအတော်ဆွေးနေလို့ဖြစ်မယ် နည်းလမ်းမျိုးစုံသုံးကာဖွင့်မရတဲ့အဆုံး ခြေထောက်နဲ့သာအချက်ပေါင်းများစွာစောင့်ကန်ရတော့သည်။
စိတ်ထဲတွင်တော့အလိုမကျစွာ ဆဲဆိုနေပြီးအပြင်ကိုတော့အသံမပြုမိ ထိုအစား အရှေ့ကတံခါးကို ဒေါသထွက်ထွက်လှိမ့်ကန်နေမိသည်။
"သူဒီနေရာကအမြန် နိုးထဖို့အရေးကြီးသည်မလား"
ဖွင့်ဟလာတဲ့တံခါး နဲ့အတူအခန်းထဲကထွက်လာတဲ့ ဖုန်တွေကြောင့် အသက်ရူကြပ်ကာ ချောင်းဆိုးတော့သည်။
'အဟွတ်အဟွတ်'
Taehyungထိုအခန်းထဲမဝင်ခင် လေကိုအားပြင်းစွာတချက်ရူသွင်းလိုက်ပြီး စိတ်ကိုအတက်နိုင်ဆုံး ငြိမ်အောင်ထားလိုက်ကာ စတင်ဝင်လိုက်သည်။
ဖုန်တွေကြောင့် မြင်ကွင်းကဝါးနေ၍ ပြတင်းပေါက်တွေဆီလှမ်းကာ လေဝင်အောင်အရင်လုပ်ရသည်။
ဒီအရေးမပါတဲ့အိမ်မက်ကနိုးဖို့က အဲ့လောက်ခက်နေရတာလား?
"ဟူး"
ဖုန်တွေထုတ်ကာ မြင်ကွင်းရှင်းသွားပြီဆိုမှ အမှောင်ထဲက မျက်လုံးနီကောင်ထွက်လာနေပြီလား သေချာကြည့်နေရသည်။
အချိန်တခုကြာတဲ့မျှ ဘာအရိပ်အယောင်မှတွေ့မနေတော့...
ဘာလဲ ဒီအိမ်မက်က ဒီလိုပဲလေ
ဒီအိမ်မက်ကနိုးထလာတာက အဲ့မျက်လုံးနီကြောင့်ပဲမလား
အတွေးတွေများနေတုန်း အပြင်မှအလင်းရောင်ကပြတင်းပေါက်မှတဆင့် အခန်းထဲထိုးဝင်လာကာ မှောင်နေတဲ့နေရာကလင်းသွားပြီး သံကြိုးတွေနဲ့ ချုပ်ထားဟန်ရှိသည့် ခေါင်းအစုံငုံ့နေကာဒူးထောက်အနေအထားဖြင့် ထို သူ ကိုမြင်လိုက်ရသည်။
'ဒါက မျက်လုံးနီနဲ့Vampire'
"အလင်းရောင်ကြောင့်ထင် လှုပ်လာတဲ့ လက်တွေနဲ့ အတူထွက်ပေါ်လာတဲ့ သံကြိုးရိုက်ခပ်သံ"
ငိုက်စိုက်ကာကျနေတဲ့ခေါင်းကထောင်မတ်လာကာ မျက်လုံးအစုံဟာပွင့်ဟလာရင်
သိသိသာသာ နီရဲကာလင်းမနေတဲ့မျက်လုံး
ထိုVampireနဲ့ အကြည့်ချင်းစုံသွားရသည်။
'သူက ဘာလို့အဲ့လိုကြည့်နေတာလဲ ငါကရောဘာလို့ ပြန်ကြည့်နေမိတာလဲ အကြည့်တွေက အရင်ကလို မာန်ဖီးမနေပဲ နူးညံ့နေသလိုရှိနေရတာလဲ'
"အချိန်အတော်အတန်ကြာစိုက်ကြည့်နေကြတဲ့သူတို့"
'ဒါကမဟုတ်သေးဘူး'
သူကပဲစတင်အကြည့်လွှဲလိုက်ကာ လက်ကသံကြိုးတွေဆီအကြည့်ရောက်သွားသည်။
သံကြိုးတွေက ဘာကြောင့်ခပ်ထားတာလဲ
သူအိမ်မက်ထဲမြင်နေကြက ဒီလိုပုံမဟုတ်ဘူး
'သူ့ကိုကိုက်ဖို့ပြေးလာရမှာလေ နိုးသင့်နေပြီ'
သူကြည့်နေတဲ့သံကြိုးတွေကိုလိုက်ကြည့်နေတဲ့ထို Vampireက ဘာမှနားမလည်တဲ့သူပမာ။
'အိမ်မက်ထဲထိတောင်ကိုယ့်သေတွင်းကိုယ်တူးရအုန်းမယ် ေ-ာက်ရေးမပါလိုက်တာ'
ရိုက်လို့ရမဲ့ခပ်မာမာ တခုခုရှာလိုက်ကာ
ထို Vampire နားဆီလျှောက်လာလိုက်ပြီ သံကြိုးတွေကိုစတင်ရိုက်လိုက်တယ်
အားပင်မသုံးလိုက်ရ။
အလွယ်တကူ အပေါ်ကပြုတ်ကျလာတဲ့သံကြိုး
သူလိုလူတောင်အားသုံးစရာမလိုတာ ထိုဖုတ်ကောင်ကအဘယ်ကြောင့် မရုန်းထွက်နိုင်ရတာလဲ။
နောက်တဖက်ပါ ဖြုတ်ပစ်လိုက်သည်။
'သေတွင်းကတော်ရုံတူးရတာမဟုတ်ဘူးပဲ'
"ထိုအခါမှ ထရပ်လာကာ သူ့ဆီလှမ်းလာတဲ့ထို Vampire"
'ဟုတ်ပြီ'
အိမ်မက်အတိုင်း တလှမ်းချင်းလှမ်းလာပြီး သူမျက်နှာနဲ့အနီးကပ်ဆုံးအခြေအနေထိ လှမ်းလာတဲ့ထို Vampire
သူနဲ့နီးကပ်လာရင်ဖြင့်အလင်းထဲ ထင်ပေါ်လာတဲ့ မျက်နှာအစိတ်အပိုင်းများ။
လေပင်တိုးမရအောင်နီးကပ်လာသည့်အခါမှာတော့ ထိုVampire ရဲ့မျက်နှာသွင်ပြင်ဟာပိုမိုပေါ်လွင်လာသည်။
ခန့်ညားတယ်ပဲဆိုရမယ့်မျက်နှာအစိတ်အပိုင်းတွေ ဝိုင်းစက်နေတဲ့မျက်လုံးများ၊ ပွယောင်သန်းနေတဲ့နှာခေါင်း၊ ထင်းထွက်နေတဲ့မှေးရိုးနဲ့ ဘယ်ဘက်ပါးမှ ခပ်ရေးရေးမြင်နေရတဲ့ မာရွတ် တို့က သူ့အစိတ်အပိုင်းနဲ့သူ ခန့်ညားလွန်းနေသည်။
'ငါကအခု ဝေဘင်လိုက်တာလား'
Taehyungသူ့ကိုယ်သူမယုံနိုင်ပင်။
အရှေ့ကိုထပ်တိုးလာတဲ့သူကြောင့် အလွန်ပင်နီးကပ်နေတာမို့ အနောက်အလိုလိုဆုပ်မိသွားသည်။
ကြောပြင်နဲ့နံရံထိတဲ့ထိ တိုးလာနေတဲ့ထို Vampireကြောင့်
ကိုက်တော့မယ် အထင်နဲ့ မျက်လုံးအစုံကိုမှိတ်ချလိုက်ကာ ထိုနေရာမှ နိုးထရတော့မယ် တွေးနေရင်းမှာပဲ...
အေးစက်သွားတဲ့ခံစားချက်ကြီးနဲ့ တကိုယ်လုံးတင်းကြပ်နေကာအေးစက်နေတဲ့အထိအတွေ့ကိုခံစားလိုက်ရသည်။
'စောင့်နေခဲ့တာ'
ခပ်တိုးတိုးအသံတခုမှချိုသာစွာထွက်ပေါ်လို့လာသည်ကြောင့် Taehyung ခနမျှ တောင့်ခဲသွားရသည်မှာ အသက်ရူဖို့တောင်မေ့လုလု။
ရှစ် ငါသူ့ရင်ခွင်ထဲရောက်နေတာလား
'ဆိုးလိုက်တာ'
Taehyung အသိစိတ်ကပ်ကာ ထိုရင်ခွင်ကြီးထဲကရုန်းထွက်လိုက်လျှင် ထပ်ထွက်လာပြန်တဲ့ခပ်တိုးတိုးလေသံ။
ရင်တောင်တုန်သွားရသည်ထိ။
အဲ့လောက်တောင်ကြောက်နေမိတာလား အရေးမပါတာ
'သိပ်ဆိုးတယ် ခနလေးဆိုပြီး'
မသိတော့ဘူး ထိုသူကစကားပြောတယ်တဲ့ ဘာတွေဖြစ်နေတာလဲ taehyung တကယ်မသိတော့သလိုလိုက်လဲမမှီနိုင်လောက်အောင်ပင်။
ထူးဆန်းနေတဲ့အဖြစ်အပျက်နဲ့စကားအသွားအလာတွေကိုခံစားမိပင်မဲ့ အဲ့တာဘာမှန်းသူအစထဲကမသိတာမလား
ချီးတဲ့အရေးမပါလိုက်တာ
'ကိုယ်သာ သေသွားရင်...'
'မင်းကလူမဟုတ်ဘူး'
Taehyungမသိလိုက်ခင်မှာပဲ သူ့ပါးစပ်ကအလိုလို ထိုစကားထွက်သွားရသည်။
ဘာကြောင့်မှန်းမသိပင်မဲ့ ထိုစကားကိုပြန်တုန့်ပြန်လိုက်တဲ့သူက အလိုမကျခံစားရပြီး သူ့မျက်ခုံးများစုကြုံ့မိလိုက်သည်ကိုလဲ taehyungခံစားမိပါသေးတယ်။
ထိုအတွေးပင်မဆုံးသေး ထိုသူဆီက 'ဟက်'ခနရီသံကြောင့် သူစုကြုံ့မိလိုက်တဲ့မျက်ခုံးတွေကပိုကြုံ့သွားရသည်။
'ဟက်'
'ဘာကိစ္စ ရီတာလဲ'
'ပျော်လို့'
'ငါ့ကိုလွှတ်'
'တစ်မိနစ်'
'တစ်စက်ကန့်တောင် မနေချင်ဘူး'
'တကယ်လား'
ဖက်ထားတာကိုခွာကာမျက်လုံးကိုစိုက်ကြည့်ပြီးတကယ်လားပြန်မေးခွန်းထုတ်နေတဲ့သူ မျက်လုံးတွေကလဲဝမ်းနည်းရိပ်ဖြတ်ပြေးသွားသည်ကို မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်
Taehyungပိုလို့ပင်အလိုမကျဖြစ်မိသွားရပြန်သည်။
'ငါ့ကိုနှောက်ယှက်နေတာ တော်သင့်ပြီ'
'ကိုယ်မလုပ်ခဲ့ဘူး'
'အကြောင်းမဲ့ ငါကဒီအရေးမပါတဲ့နေရာရောက်နေတယ်မပြောနဲ့နော်'
'ဟား'
ထပ်ရီပြန်တဲ့ထိုသူ ပါးချိုင့်ရေရေလေးပေါ်တာကိုမြင်ဖြစ်အောင်မြင်မိပြန်တဲ့အရေးမပါတဲ့မျက်လုံးတွေ
ဒါကဘာတွေဖြစ်နေတာလဲ သူတကယ်မသိတော့။
'တော်သင့်ပြီ ဒီလိုအရေးမပါတဲ့အိမ်မက်ကိုတကယ်စိတ်ကုန်နေပြီ'
'ငါ့ကိုလွှတ်ထားပေးပါ'
'ကောင်းကောင်းကြီးပြင်းလာတာပဲ'
"ခပ်ရေးရေးကောက်နေတဲ့ဆံပင်ကြားလက်နဲ့ထိုးဖွကာဆိုလာသည့်ထို Vampire"
Taehyungပိုစိတ်ရူပ်လာရသည်
သူဖြစ်နေတဲ့အခြေအနေကြောင့်ရောအရှေ့ကထိုVampireရောက စိတ်ရှုပ်စရာအတိ။
Taehyungထိုလက်ကိုဖမ်းကိုင်ပြီး
'မနှောက်ယှက်နဲ့'
'မင်းရဲ့အမိန့်အတိုင်းနာခံနေရတဲ့ကောင်ပါ'
ထပ်ပြီးစုကြုံ့မိလိုက်ပြန်တဲ့မျက်ခုံးတန်း။
'ဘာအဓိပ္ပါယ်နဲ့ပြောမှန်းနားမလည်ပင်မဲ့ ထပ်မနှောက်ယှက်ဘူးဆိုရင်တော့အဆင်ပြေပါတယ်'
'ဟား'
'ရီရတဲ့စကားတခုလေးတောင်မပါတာမို့ မရီနဲ့ အမြင်ကပ်စရာကောင်းတယ်'
'မရည်ရွယ်ပါဘူး'
"ဒုန်း!!"
ပွင့်နေတဲ့အခန်းတံခါးမှရုတ်တရက် စောင့် ပိတ်သွားသည်။
'ပြည့်သွားပြီလား ခနလေးပဲရှိသေးတာကို'
"စိတ်မကောင်းစွာရေရွတ်နေတဲ့ထိုသူကိုနားမလည်စွာကြည့်နေမိသည်"
'ဒုန်း!!'
လေဝင်အောင်ဖွင့်ဟထားတဲ့ပြတင်းပေါက်တွေမှာလဲ တခုချင်းပိတ်ကျလာပြန်သည်။
'ဘာတွေဖြစ်နေတာလဲ ငါ့ကိုဒီမှာပိတ်ထားဖို့ကြံနေတာလား'
'ပြန်လာခဲ့အုန်းမယ်မလားဟင်'
'မေးတာဒါလား'
'စောင့်နေမယ် ပြန်လာခဲ့ပါ'
Taehyung ပို၍ပင်နားမလည်တော့။
သူကအခုဘာတွေလာပြောနေတာတဲ့လဲ
သေချာတာကတော့ အခုအဖြစ်အပျက်တွေက အဓိပ်ပါယ်တခုလေးတောင်ရှိမနေပါ။
'ဘာတွေပြောနေတာလဲ ဒီကိုရောက်နေအောင်မင်းလုပ်နေတာမဟုတ်ဘူးလား'
'စိတ်မကောင်းစရာပဲ ကိုယ်မင်းဆီလာလို့မရဘူး ပြန်လာခဲ့ပေးပါ'
'မေးတာက'
'ကိုယ်ဘာမှလုပ်လို့မရဘူး ကိုယ်...အ့'
စကားပြောနေရင်းထိုသူကို ရုတ်တရက်တခုခုကဆွဲသွားသလိုဖြင့် အနောက်သို့ လွှင့်စင်သွားသောကြောင့် taehyungမျက်လုံးပြူးကျယ်သွားရသည်။
သူ့စိတ်ထဲတွင်'ဘာတွေလဲ'ဆိုတဲ့မေးခွန်းတွေသာထပ်လျက်။
သူဖြည်ပေးလိုက်တဲ့သံကြိုးတွေဆီဒူးထောက်လျက်ပြန်ရောက်သွားပြီး
လက်တွေကိုသံကြိုးတွေမှသူ့အလိုလိုပြန်တုတ်ရင်း
ပြုံးကာစိုက်ကြည့်နေတဲ့ ပုံစံမှ အောက်ကိုငိုက်ကျသွားတဲ့ထိုသူ က တကယ်ပဲနားမလည်နိုင်စရာ။
"ပြတင်းပေါက်ကနေဝင်ရောက်နေတဲ့အလင်းတန်းကနေပြန်အမှောင်ကျသွား သည်ဆိုလျှင်ဖြင့်"
'ဟင်း'
"နိုးထလာဟန်ရှိပြန်တဲ့သူ"
'ဘာအဓိပ္ပါယ်လဲ'
အရင်မက်နေကြမျိုးမဟုတ်ဘဲ တမူကွဲပြားကာ မြင်လိုက်ရသည်မို့ စိတ်ထဲတမျိုးဖြစ်သွားတာတော့အမှန်ပင်။
သူပြောသွားတာတွေကရောဘာ အဓိပ္ပာယ်လဲ
ဒါကတကယ်ပဲ ဘာတွေလဲ အဓိပ္ပာယ် တစက်ကလေးတောင်ရှိမနေဘူးမလား။
'ဟမ် ငါသူ့မျက်နှာကိုမှတ်မိနေတာလား
မဟုတ်ဘူး အိမ်မက်တခုလုံးကိုပါ မှတ်မိနေတာလား ဒီလိုမျိုးဘယ်မှာရှိလို့လဲ'
'သေချာပေါက် အကုန် မှတ်မိနေတာပဲ'
ထူးတော့ထူးဆန်းနေပြီမလား မေ့သွားရမှာကို
'ကျစ် ဒီအရေးမပါတဲ့စိတ်အနှောက်အယှက်အိမ်မက်ကို ခေါင်းထဲကထုတ်စမ်း'
'အမြင်ကပ်စရာကောင်းလောက်အောင် ရီတဲ့အကြောင်းပြချက်ကဘာလဲ?'
ဘာလို့ထိုသူက အဓိပ္ပာယ် မဲ့တဲ့စကားတွေ ပြောသွားရတာလဲ?
____________________
စာရေးသူရဲ့စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်လို့စိတ်ကူးဆန်ဆန်ပဲပုံဖော်သွားမှာပါ။
Zaw
ဘယ်လောက်ပြေးပြေးဒီနေရာပဲပြန်ရောက်နေကာလည်နေသလိုပင်။
"အရိပ်မဲ"
'မင်း ဘယ် ဘယ်သူလဲ'
'သိရဲ့သားနဲ့'
'သခင်ဆီပြန်လာရုံပါ'
'သေချာပေါက်လာရမှာပါ'
'စကားနားမလည်တာလား'
'လာရမှာပါ'
'ရှစ်ေ-ာက်ရေးမပါတာ'
'အားး ရပ်စမ်း!!'
Joe'V အဆင်ပြေရဲ့လား'
'Joe Joeမင်းရောလား'
Joe' V တခုခု...'
'ေ-ာက်ရေးမပါတာတွေ'
'အဟွတ်အဟွတ်'
"ဟူး"
'ဒါကမဟုတ်သေးဘူး'
အားပင်မသုံးလိုက်ရ။
'ဟုတ်ပြီ'
'စောင့်နေခဲ့တာ'
'ဆိုးလိုက်တာ'
'ကိုယ်သာ သေသွားရင်...'
'မင်းကလူမဟုတ်ဘူး'
'ဟက်'
'ဘာကိစ္စ ရီတာလဲ'
'ပျော်လို့'
'ငါ့ကိုလွှတ်'
'တစ်မိနစ်'
'တကယ်လား'
'ကိုယ်မလုပ်ခဲ့ဘူး'
'ဟား'
'ငါ့ကိုလွှတ်ထားပေးပါ'
'မနှောက်ယှက်နဲ့'
'ဟား'
'မရည်ရွယ်ပါဘူး'
"ဒုန်း!!"
'ဒုန်း!!'
'မေးတာဒါလား'
'မေးတာက'
'ဟင်း'
'ဘာအဓိပ်ပါယျလဲ'
____________________