ကိုယ့်အလုပ်တွေကိုယ်စီနဲ့ ပြန်လည်ပတ်နေကြတာ တပတ်လောက်ရှိပီ....တာရာတွက်ကြည့်လိုက်တော့ တာရာ့ကလေးလေးက ၂ လနီးပါးရှိနေပီ။ ဟိုလူ့ကိုပြောပြရအောင်လဲ ခုထိ ဟိုလူနဲ့က အဆင်ကို မပြေနိုင်သေးဘူး။ သို့သော် ဟိုးအရင်ကလို အော်တာတွေ မထင်ရင်မထင်သလိုတွန်းတာပြုတာတွေတော့ မရှိသလောက်ပင်။ ဒါကိုပဲတိုးတက်လာသည်လို့မှတ်နေရသည်မလား။
"အမလေး...."
တာရာ ကိုယ့်အတွေးနဲ့ကိုယ် ဟိုလူ့အဝတ်လဲခန်းထဲမှာ အဝတ်ခေါက်နေတုံး ရုတ်တရက်ဝင်လာတဲ့သူ့ကြောင့် လန့်သွားသည်။ မလန့်နေရောလေ သူမနောက်က ခပ်နီးနီးနေရာကိုရောက်လာပီး သူမရှေ့မနီးမဝေးက အကျီတထည်ကိုလှမ်းယူလိုက်တာ....သူများတွေတော့ ကောင်မလေးက ကောင်လေးရင်ခွင်ထဲရောက်သွားသလိုဖြစ်ပီး ရင်ခုန်ကောင်းခုန်နိုင်ပေမယ့် Romantic အတွေးတစက်ကလေးမှမရှိတဲ့သူမအတွက်တော့ သရဲကားထဲကလို နောက်ကနေ လက်ကြီးရှည်ထွက်လာပီး သူမဘေးကဖြတ်သွားသလိုပင်.။တူလဲတူသည် သူ့လက်ကြီးက ဖွေးနေတာကိုးးးး ခုမှရေချိုးပီးခါစဆိုတော့ အေးနေတဲ့အငွေ့အသက်ကလဲရသေးသည်မလား
သူမကသာလန့်ပီး ရင်တုန်သွားတာ သူကတော့ ဘာမှမဖြစ်သလိုပင် အကျီကိုလှမ်းယူပီးဖြန့်နေပီ
"ရာရာ အပြင်ထွက်ပေးမယ်"
"ဘာလဲ မင်းက ငါ့ကိုမြင်ပီး ရင်ခုန်မှာကြောက်လို့လား"
အဖြစ်သည်းပြနေတဲ့ ငတိမကိုကြည့်ပီး မဟာ ရွဲ့ချင်လာသည်။
"စဥ်းစဥ်းစားစားမပြောဘူး အသက်ကဖြင့်ကြီးနေပီ...."
"ဘာ...."
"ဟုတ်တယ်လေ ယောက်ျားလေးတယောက်ရဲ့ ခန္ဓာကိုယ်များ မြင်ရုံနဲ့ ရင်ခုန်မနေဘူး"
"မြင်ရုံမကလို့ ဘာလုပ်ချင်သေးတာလဲ ဘယ်လိုလုပ်ရင် ရင်ခုန်တာလဲ"
တာရာ ကိုယ့်စကားမှားသွားမှန်းတန်းသိလိုက်ကာ
"ကျမပြောတာအဲ့လိုမဟုတ်ဘူး"
"မသိဘူးလေ မင်းပြောတာ မင်းပဲအသိဆုံးပဲကို"
"ကျမပြောတာ ဒီခေတ်မင်းသားတွေမှ ပေါလွန်းလို့ အကျီချွတ်နဲ့ဆိုတာ ကြည့်လို့ကိုမကုန်နိုင်ဘူး အဲ့တာကို ရှင့်ကိုကြည့်ပီး ရင်ခုန်နေစရာလား ဒါကဒါတေပဲကို "
"အဲ့ဆို မင်းငါ့ကိုရေပတ်တိုက်ပေးတုံးကကျ ဘာဖြစ်ရတာလဲ "
"ရှင်...."
ဆက်ပြောလေဆိုသောအထှာနဲ့မဟာ မျက်လုံးများမှေးပီး သူမကိုခြုံကြည့်လိုက်တော့
"ရှင့်ဘာရှင် ဘာထင်ထင် ကိုယ့်ဘာသာ အကျီအရင်ဝတ် အသက်ကြီးတော့ လေတွေဘာတွေဖြန်းသွားမယ်"
"ဘာပြောတယ်....."
သူ့စကားပင်မဆုံးပါ သူမကတော့ သူ့ရှေ့က ထွက်သွားပီ။ သူ့ကိုများ အသက်ကြီးသလေးဘာလေးနဲ့။ အသက်ဆိုတာ မဟာ့အတွက် ဂဏန်းတခုရယ်ဆိုတာ အဲ့ကလေးမ သိရလောက်အောင် ဥာဏ်မမီတာပဲနေမယ်....ကိုယ့်ဘာသာတွေးပီး စင်တခုပေါ်က မှန်အသေးလေးထဲမှာ ကိုယ့်မျက်နှာကို ကိုယ် ဘယ်ပြန်ညာပြန်ကြည့်ကာ သူ မအိုသေးဘူးဆိုတာကို ပြေးအတည်ပြုရသေးသည်။
"အဟမ်း...ဟို...ညစာ မချက်နဲ့တော့"
တာရာစိတ်ပေါက်ပေါက်နဲ့ ပြောချင်ရာပြောပီး မီးဖိုခန်းထဲဆင်းကာ ညစာချက်ဖို့ ပြင်ဆင်နေတုံး မကြာပါဘူး ဘေးကနေ သူရောက်လာပီး သူမကိုမကြည့်ပဲ နှာခေါင်းကုတ်သလိုလို လည်ပင်းပွတ်သလိုလိုနဲ့ ပြောနေတဲ့သူ့ကြောင့် တချက်ပြန်ကြည့်ကာ မျက်မှောင်သေးသေးလေးကျုံ့ပြလိုက်သည်။
"မချက်လို့မရဘူးလေ ဦးနေမင်းမဟာမစားလဲ ရာရာစားရဦးမှာ"
အေးလေ သူမစားလဲ သူမက စားကိုစားရဦးမှာ။ ပီးတော့ ဒီဟင်းချက်စရာတွေဘာတွေက သူမလစာနဲ့သူမဝယ်ခြမ်းထားတာတွေချည်း။ သူမစပီးမီးဖိုချောင်ဝင်ထဲက သူ့ဆီက ဘာတပြားတခြပ်မှ မယူခဲ့ဖူးပေ....ပြောရရင် သူ့ကိုတောင် ချက်ကျွေးထားရသေးသည်။
"မချက်နဲ့ အပြင်မှာသွားစားမယ် အကျီသွားလဲ"
"ဟင်...."
တာရာအံ့သြလွန်းလို့ သူ့ကိုပဲမိနစ်အတော်ကြာ မလှုပ်မယှက်နဲ့ကြည့်နေမိသေးသည်။ သူက.... သူလိုလူက.....ဦးနေမင်းမဟာက သူမကို ညစာအပြင်ထွက်စားဖို့ခေါ်တာတဲ့လား
"ဟေးးးး...ဘာကြောင်ကြည့်နေတာလဲ သွား မြန်မြန် နောက်ကျရင် မစောင့်ဘူး ငါ့ဘာသာသွားမှာ"
ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့သူ့စကားဆုံးမှ တာရာအသိပြန်ဝင်လာပီး အိမ်ပေါ်အမြန်တက်ကာ အဝတ်စားလဲရသည်။ အလျင်လိုနေပါတယ်ဆိုမှ ရင်တုန်သလို ရင်ခုန်သလိုဖြစ်နေတာကြောင့် အလွဲလွဲအမှားမှားနဲ့ မကြာသင့်တာတွေတောင်ပိုကြာ။ ဟိုလူက သူပြောသလို စိတ်ပုတ်ပီးလုပ်တတ်တာမလို့ သူများသွားနှင့်ပီးလားဆိုပီး ဝရံတာထွက်ကာ ကားသံက နားစွင့်ရသေးသည်။
လက်နှစ်လုံးလောက်ပဲရှိသည့်ကိုင်းကြိုးလေးနဲ့ တင်ပါးထိကျပ်ပီး အောက်ကျမှ ကားကားပြေပြေလေး ဝဲသွားတဲ့ပုံစံနဲ့ ဒေစီပန်းးပွင့်လေးတွေပါတဲ့ နက်ပြာရောင်ခြေသလုံးတဝက်လောက်ဂါဝန်လေးကို အပေါ်က ခဲဖြူရောင် ကာဒီဂန်လေးနဲ့တွဲဝတ်ထားတာမလို့ အမြင်မရိုင်းပဲ ကြည့်ရတာအဆင်ပြေသည်။ ဆံပင်တွေကိုလဲ အပေါ်တလွှာစည်းကာ ချထားလိုက်သည်။
မဟာ အောက်ထပ်က ဧည့်ခန်းထဲထိုင်ပီး instagram သုံးနေရင်း ဘေးနားလူတယောက်လာရပ်တာသိလိုက်မှ ဟိုငတိမရောက်လာပီဆိုတာ သတိထားမိသည်။ ဝတ်လာတာကြည့်ရတာတော့အဆင်ပြေပါတယ်....ဂါဝန်မတိုမရှည် မကျပ်လေးက သူမခန္ဓာကိုယ်ခပ်သေးသေးနဲ့ အဆင်ပြေတယ် ကြည့်ရတာ.....
"ဦးနေမင်းမဟာ သွားတော့မှာလား"
"အော် အေး သွားမှာ သွား ကားပေါ်တက်"
သူမကို ဆိုဖာပေါ်ထိုင်ရာမှကြည့်နေတဲ့သူ့ကြောင့် သူမများအဝတ်စားလဲတာ အတော်ကြာသွာယလို့စိတ်ဆိုးသွားပီလားလို့ပင်ထင်လိုက်သေးသည်။ ကားပေါ်တက်ဆိုတော့မှ ပြသနာကတက်ရသေးသည်။ သူ့ကားကိုအရင်တခါစီးဖူးပေမယ့် အဲ့တုံးက သူ့တပည့်မောင်းတော့ နှစ်ယောက်လုံးနောက်မှာ ထိုင်ခဲ့တာ။ ခုကျ ရှေ့မှာထိုင်ပြန်ရင်လဲ သူ့ချစ်သူထိုင်နေကျဆိုတော့ ဆူခံရဦးမလားမသိ.....တွေးရင်း နောက်မှာ ဝင်ထိုင်မယ်လုပ်တော့
"ငါ မင်း driver မဟုတ်ဘူး ရှေ့ကတက်"
ရှေ့ကတက်ဆိုလဲ ပီးနေတာကို....စကားပြောရင် သူများကို အထူးသဖြင့်သူမကိုဆို ပိဿလေးနဲ့ထုသလိုပြောလိုက်ရမှ နေသာထိုင်သာရှိလားမသိ။ ကားပေါ်ရောက်တော့လဲ သူက ခါးပတ်ပတ်ပီးနေပေမယ့် သူတို့လိုကားတွေကိုမစီးဖူးသူ တာရာ့အဖို့ ပျက်သွားမှာစိုးလို့ မကိုင်ရဲ....ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူမကို သူက ရုတ်တရက်သူ့ကိုယ်ကို သူမဘက်ကိုကိုင်းကာ ခါးပတ်ပတ်ပေးလိုက်သည်။ အမလေး ဘုရားရေ.....သူ့ကိုယ်ကြီး သူမနဲ့ ဒီလောက်နီးကပ်နေတာ သူ့ဆံပင်ရဲ့မွှေးရနံ့....လည်ပင်းက ရေမွှေးအနံ့ အမလေး လူကို ပြုစားတော့မလားပင်ထင်မှတ်ရသည်။ ခါးပတ်ကြိုးဆွဲပီး ပတ်တာ စက္ကန့်ပိုင်းလေးပဲ ကြာပေမယ့် သူမအတွက်တော့ အတော်ကြာသည်ထင်မှတ်ခဲ့ရသေးသည်။ သူမနောက်ကို တတ်နိုင်သလောက်ဆုတ်ပေမယ့် ကူရှင်ရှိနေသောကြောင့် အတင်းကပ်နေတာကလွဲလို့ နောက်ကိုရောက်မသွား.....သူကတော့ အေးဆေးပင်....ဘာမှမဟုတ်သလိုပဲ ကားစက်နှိုးကာ ထွက်တော့သည်။
"ဘာစားချင်လဲ"
"ဟင်....."
"ငါမေးရင် အာရုံစိုက်ပီးပြန်ဖြေဦး ဘာမေးမေး တဟင်ဟင်နဲ့ အတွေးတွေက ဘယ်ရောက်နေမှန်းမသိ"
တကယ်က အတွေးတွေရောက်နေတာမဟူတ်ဘူး ရုတ်တရက်ကြီးချိုသာလာတဲ့သူ့ကိုအံ့သြနေတာ
"မရှိပါဘူး အဲ့လိုတော့ ဦးနေမင်းမဟာ အဆင်ပြေတာစားပါ"
"ဆူ ရှီစားမလား"
"ကြားပဲ ကြားဖူးတာ မစားဖူးဘူး"
"တကယ်ကြီးလား"
"အင်းတကယ်...."
မယုံနိုင်လို့ လှည့်ကြည့်လိုက်တော့ ရိုးသားစွာဖြေနေတဲ့ပုံပါပဲ....ဒါမဲ့ ဒီအသက်ဒီအရွယ်ရောက်နေပီ ဆူရှီတောင်မစားဖူးတာကတော့ ဟုတ်ပါ့မလား
"အဲ့ဆို European food တွေဘာတွေစားမလား"
"အဆင်ပြေတာစားပါ ရာရာက စားသောက်ဆိုင်မှာသာ ဝန်ထမ်းလုပ်ဖူးတာ အဲ့လိုအစားစာတွေလဲမစားဖူးဘူး"
"မင်းတဘဝလုံး ဘာလုပ်နေတာလဲ"
"ဟင်...."
"အေးလေ မင်းတဘဝလုံး အဲ့တာတွေတခါမှမစားဖူးတာ အံ့သြလို့"
"မအံ့သြနေပါနဲ့ တကယ်က အဲ့လိုမစားဖူးတာ ကျမ တယောက်ထဲမဟုတ်ဘူး ဂေဟာကလူတွေ....."
"ရပီ ရပီ....ဆိုင်ကို ငါ့ဘာသာပဲရွေးလိုက်မယ်"
တခါလာလဲ ဂေဟာ ဂေဟာနဲ့.... ဟိုတလောကမွေးနေ့မှာ သူမအပေါ်လုပ်လိုက်တာက နဲနဲလွန်သွားတယ်လို့ခံစားရလို့ ညစာတနပ်လောက်ပြန်ကျွေးမလို့စဥ်းစားထားတာ သူမမွေးနေ့ပီးနောက်ရက်ထဲက။ ဘာရယ်မဟုတ်ပေမယ့် သူ့မွေးနေ့တုံးကတော့ သူ့အနားနေပေးခဲ့တာနဲ့တင် သူတခုခုပြန်လုပ်ပေးချင်စိတ်ဖြစ်လာခဲ့သည်။
သူကသာ အဲ့မွေးနေ့ကိစ္စနဲ့ပတ်သတ်ပီး စိတ်ထဲတမျိုးဖြစ်နေတာ သူမကဖြင့် နောက်ရက်လဲ ဒိတိုင်းပဲ သူ့ပုံစံအတိုင်း ဘာမှမဖြစ်ခဲ့သလိုပင်။
.......
ဆိုင်ထဲကိုရောက်တော့ လှည့်ပတ်ကြည့်လိုက်တာနဲ့ စျေးသိပ်မသေးတဲ့ဆိုင်မှန်းသိရသည်။ စားသောက်ဆိုင်မှာ လုပ်ဖူးသူမလို့ မှာတာပြုတာလောက်တော့ သူမအတွက်အခက်ခဲမရှိပေ။ သူမတို့မှာစရာရှိတာမှာပီး စောင့်နေကြတုံး ဟိုလူက သူ့ဖုန်းကြည့်နေရင်း ရုတ်တရက်ထသွားတော့ သူမမှာ စိတ်ထဲ ဒိန်းခနဲပူသွားရသေးသည်။ မပူနေရိုးလား....ဟိုလူမှာသွားတာတွေက နည်းတာမဟုတ် တွက်ကြည့်ရင် သူမတလစာလောက်ကိုရှိလိမ့်မယ်.....တော်သေး မလှမ်းမကမ်းက မြင်ရတဲ့နေရာမှာ သူ့သူငယ်ချင်းလား အသိလားမသိ ကောင်လေး နှစ်ယောက်နဲ့ ရီမောကာ စကားပြောနေသည်။ တော်သေးသည် ခနကြာတော့ ပြန်ဝင်လာလို့
တာရာ မှာထားတဲ့ steak ကို စားဖို့ လှီးလိုက်ရင်း ရင်ထဲ မောပီးတုန်လာသည်။ လက်တွေလဲ သိသိသာသာတုန်လာတာမလို့ ဘေးက ရေခွက်ပဲယူကာ အရင်သောက်လိုက်ရသေးသည်။ ရေသောက်ပီး ဖန်ခွက်ပြန်အချ မျက်စိက ရှေ့တည့်တည့်ကိုရောက်သွားတော့ ဟိုလူကြီးရဲ့ပုခုံးကျော်ကနေ လှမ်းမြင်လိုက်ရတာ နှစ်ဦးမရှိနိုင်တဲ့ မဧကရီ.....သူမတို့ကို လှမ်းကြည့်နေတာ တစက်ကလေးမှ အကြည့်မလွှဲ။ ဟိုလူကတော့ ကျောပေးထားတာမလို့ မမြင်သေး။ တာရာလေ အမှန်တိုင်းပြောရရင် ထိုနေရာကနေ ဝှီးခနဲမိုးပေါ်ပျံပီးသာပျောက်သွားချင်တော့သည်။ ကိုယ့်ကြောင့်ကွဲခဲ့တဲ့ ချစ်သူနှစ်ဦး ကိုယ့်ရှေ့ပေါ်လာတာ ကြားက သူမ ဘယ်လောက်မျက်နှာပူရမလဲ။ သူမနေမထိထိုင်မသာဖြစ်နေတုံး မဧကရီက ရူးလောက်တဲ့ခြေလှမ်းတွေနဲ့ သူမတို့ဝိုင်းဆီလျှောက်လာနေပီ.....
"နေ.....အမျိုးသမီးနဲ့ ညစာထွက်စားတာလား"
"ဟင်....ဧကရီ"
"Hi ညီမလေး ဖြစ်မယ်နဲ့တူတယ်နော် အမတို့သေချာမိတ်မဆက်ရသေးဘူး အမနာမည်က ဧကရီပါ"
"....."
"နှုတ်ဆက်နေတယ်လေ....ပြန်ပြောလေ ဘာလုပ်နေတာလဲ"
တိတ်ဆိတ်ကာ ကြောင်နေတဲ့သူမ သူငေါက်သလိုလေးပြောလိုက်မှ အသိပြန်ဝင်လာတော့သည်။
"ဟုတ်မ...မမဧကရီ...တာရာပါ"
"အင်းးး တွေ့ရတာဝမ်းသာတယ်နော်....တွေ့လို့လာနှုတ်ဆက်တာ သွားလိုက်ဦးမယ်နော်....နေ....have a good time"
မဟာ သူ့ကိုကြည့်ပီး ပြုံးပြနှုတ်ဆက်ကာ ထွက်သွားတဲ့ ဧကရီ့ကို သမင်လည်ပြန်ကြည့်ကာ ထိုင်နေရာမှ အတင်းထပီး နောက်ကနေလိုက်သွားတော့သည်။
"ဧကရီ....ခန....ခန..."
ခုဆိုဆိုင်ထဲမှာ စပ်စုတဲ့မျက်လုံးပေါင်းသောင်းခြောက်ထောင်နဲ့ စျေးကြီးတဲ့ဟင်းပွဲတွေရှေ့ထိုင်နေတဲ့ တာရာသာကျန်ခဲ့တော့သည်။ တူတူလာစားရင်း တဖက်သူက တခြားမိန်းကလေးနောက်ပါသွားတာကို အာရုံမစိုက်မယ့်သူ ဘယ်သူရှိမှာလဲ....ဒါတောင် သူတို့နှစ်ယောက်ို သိတဲ့သူတွေပါရင်ပါနေဦးမှာ။ တာရာ ရှေ့ကဟင်းတွေဆီလဲ အာရုံမရတော့။ ခုနက ဗိုက်နဲနဲဆာသလိုရှိခဲ့တာတောင် ခုတော့ ရင်ပြည့်ပီး အန်ချင်သလိုဖြစ်လာသည်။ သူတို့ကို လှမ်းကြည့်တော့ ဆိုင်အပြင်ကားရပ်တဲ့နားမှာ ရပ်ပီးစကားပြောနေကြသည်။ ကြည့်ရတာတော့ ဟိုလူက ချော့နေပုံရတယ်။
"ဧကရီ ကိုယ်ရှင်းပြတာနားထောင်ပါဦး ဧကရီထင်သလိုလုံးဝမဟုတ်ဘူး"
"အော် နေ ရယ် ဘာတွေဇွတ်ရှင်းပြနေတာလဲ....ကိုယ့်အမျိုးသမီးနဲ့ကိုယ် ညစာလာစားတာ ဘာဖြစ်လဲ ဟုတ်တယ်မလား"
မဟာ စိတ်တွေရှုပ်ပီး မျက်ခုံးနှစ်ခုကြားကို လက်နဲ့ပင်ဖိညှစ်ပစ်လိုက်သည်။
"အားးးး မဟုတ်သေးဘူး ဧကရီ....ကိုယ်က"
သူဧကရီ့ လက်မောင်းကို ကိုင်ဆွဲလိုက်တော့ သူ့လက်ထဲက အတင်းရုန်းလိုက်တဲ့ သူမကြောင့် သူ နောက်ကို တလှမ်းတောင်ဆုတ်ပေးလိုက်ရသေးသည်။ ဆိုင်အပြင်မလို့ လူသွားလူလာကလဲရှင်းမနေတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ထင်မှာလဲ ကြောက်ရသေးသည်။
"နေ သွားတော့...."
"ဧကရီ....နေပါဦး"
"နေ မသွားဘူးနော် ရတယ် ဧကရီသွားမယ်....လိုက်တော့မလာနဲ့ လိုက်လာရင် တွေ့တဲ့ကားရှေ့ပြေးဝင်ပစ်လိုက်မှာ"
"ဧကရီ....."
တောင်းပန်တိုးလျှိုးတဲ့သူ့ရဲ့အသံကို ထွက်သွားတဲ့ ဧကရီကတော့ ကြားတော့မည်မထင်။ ခေါင်းငိုက်စိုက်ကျပီး ဆိုင်ထဲ ပြန်ဝင်လာရတော့သည်။
ဧကရီ ခုနက ဒေါသတွေ ဝမ်းနည်းမှုတွေကို ချုပ်တည်းထားခဲ့သမျှ သူ့ကိုကျောပေးလိုက်တာနဲ့ အကုန်မျက်နှာမှာအတိုင်းသားပေါ်လာသည်။ ခုနက အတင်းပြုံးပီး စကားပြောခဲ့ရသလောက် ခုတော့ မျက်နှာက ဒေါသကြောင့်အေးစက်ခက်ထန်နေပီး ဝမ်းနည်းမှုကြောင့် မျက်ရည်တွေကလဲအဆက်မပြတ်ကျနေသေးသည်။ နှုတ်ခမ်းတဖက်ကို ပြတ်လုမတတ်ကိုက်ရင်း သူမကားဆီပြန်ခဲ့ပီး ကားပေါ်ရောက်မှ ဒေါသတွေကို အိတ်သွန်ဖာမှောက် သွန်ချပစ်တော့သည်။ စတီယာရင်ကို စိတ်ရှိလက်ရှိထုရိုက် မှန်အလုံပိတ်ပီး အသံကုန်အော်ကာ ငိုမိတော့သည်။ မိဘစကားတွေ ပတ်ဝန်းကျင်တွေကြောင့်သာသူမ သူနဲ့ခပ်ခွာခွာနေနေရတာ ရင်ထဲတော့ ဘယ်အရှင်းထုတ်နိုင်သေးမလဲ။ သူ့ဘဝနဲ့သူရှိပါစေတော့လို့ ဘယ်လိုပဲ စိတ်လျှော့ထားထား....ခုလိုလက်တွေ့မှာ သူနဲ့တခြားမိန်းကလေးတယောက်ို တွဲမြင်လိုက်ရတော့ သူမ စိတ်လွတ်သွားလောက်တဲ့ထိကို ခံစားရသည်။ ထိုမိန်းကလေးကလဲ သူ့ချစ်သူနဲ့တရားဝင်လက်ထပ်ထားတဲ့သူဆိုတော့ သူမအတွက် အရှုံးကြီးရှုံးသည်လို့လဲ ခံစားရသည်။
မဟာ ဆိုင်ထဲပြန်ဝင်လာတော့ အရင်ဆုံးသတိထားမိတာက တခြားဝိုင်းကလူတွေရဲ့စပ်စုတဲ့အကြည့်တွေကြား ခေါင်းသာငုံ့နေတဲ့ ဟိုငတိမ....သူသာလျှာရှည်ပီး သူမကိုသာမခေါ်ခဲ့ရင် ဒါမျိုးတွေဖြစ်မှာမဟုတ်....စားချင်စိန်လဲ မရှိတော့တာမလို့
"စားဦးမှာလား"
မဟာ သူမေးသမျှကို မော့ကြည့်ပင်မဖြေပဲ ခေါင်းပဲရမ်းပြနေတဲ့သူမကိုလဲ စိတ်မတိုနိုင်တော့။ ပိုက်ဆံရှင်းကာ ထွက်ခဲ့ပီး ကားပေါ်ရောက်တဲ့အထိ သူရော ကိုယ်ရော စကားမဆိုဖြစ်။ ကားပေါ်မှာလဲ တဖက်ပြတင်းပေါက်ကနေ အပြင်ကိုပဲကြည့်နေတဲ့သူမကိုလဲ ဗိုက်ဆာလားပင်မမေးမိတဲ့အထိ သူကိုယ်တိုင်လဲ အတွေးတွေများနေခဲ့သည်။
"ဦးနေမင်းမဟာ ကျမကို ကွာရှင်းပီး မဧကရီကို ဘာလို့ လက်မထပ်တာလဲဟင်"
တိတ်ဆိတ်တဲ့ကြားကနေ သူမရဲ့အသံက ရှင်းရှင်းလင်းလင်းထွက်လာမှ သူ့အတွေးစတွေပျက်သွားသည်။ သို့သော် သူမကိုပြန်ဖြေစရာ စကားမရှိ....မရှိတာထက် မဖြေချင်တာဆိုပိုမှန်မည်။
"ငါက ကွဲမယ်ဆိုရင်ကော မင်းက အေးဆေး ကွဲပေးမှာလား"
သူ့စကားကြောင့် သူမကားမောင်းနေတဲ့သူ့ကို သေချာလှည့်ကြည့်လာသည်။ ခနအကြာမှ ပြန်လှည့်သွားပီး
"ကျမက ဘာအင်အားရှိလို့ ဦးနေမင်းမဟာပြောတာကို လွန်ဆန်နိုင်မှာမလို့လဲရှင်...."
"ဒါဆို ဒီကာလမှာ ငါနဲ့အဆင်ပြေချင်တယ်ဆိုပီး ကြိုးစားနေတာ ဘာအတွက်လဲ...မင်းအတတ်နိုင်ဆုံးငါနဲ့အဆင်ပြေဖို့ကြိုးစားနေတာ ငါသိတယ်....ဒါပေမယ့်ကွာ....ပြောရတော့ခက်တယ် လူဆိုတာ တယောက်နဲ့တယောက်တူတာမှမဟုတ်တာ...ဘယ်လိုနေနေ လက်မခံပေးနိုင်တာလဲရှိမှာပဲလေ"
သူ့စကားထဲမှာကိုအဖြေကပါနေပါပီ....သူမ တလကျော် ကြိုးစားပီးနေခဲ့တာ ဘာမှ အရာမထင်ခဲ့ဘူးပေါ့။ တာရာ အလုံးစုံကို သဘောပေါက်သွားဟန်နဲ့ ခေါင်းကိုအဆက်မပြတ်ငြိမ့်ပီး နှုတ်ခမ်းတွေကိုလဲ တင်းတင်းစေ့ထားမိသည်။ အလိုက်မသိတဲ့မျက်ရည်တွေက ပြေးဆင်းလာတာမလို့ ပြတင်းပေါက်ဖက်ကို အမြန်လှည့်ပီး လက်ခုံနဲ့သုတ်ရသေးသည်။
"ကောင်းပါပီ ဒီနေ့ကနေစပီး ကျမကြိုးစားတာတွေအကုန်လုံးကိုရပ်လိုက်ပါမယ်...ဒီကြားထဲစိတ်အနှောင့်ယှက်တွေဖြစ်စေခဲ့တာတွေရှိရင်လဲတောင်းပန်ပါတယ်"
တဖက်လှည့်ပြောတဲ့သူမအသံမှာ အက်ကွဲနာကျင်နေတာက အတိုင်းသား။ သူလဲမတတ်နိုင် the heart wants what it wants ပဲလေ။ နှလုံးသားက ဒါမှဒါပဲလိုချင်နေမှတော့ တခြားအရာတွေ အလကားရနေရင်တောင် မမြင်မိသလို မြင်ရင်တောင် တန်ဖိုးထားမိမှာမဟုတ်။ အိမ်ပြန်ရောက်တဲ့ထိ သူမ သူ့ဘက်ကို လှည့်မလာခဲ့တော့...အိမ်ရောက်တော့လဲ သူမကပဲအရင် အိမ်ပေါ်တက်သွားပီး အခန်းထဲဝင်သွားတော့သည်။
......
အဲ့နေ့ နောက် တရက် နှစ်ရက်အထိ သူရော သူမရော မျက်နှာချင်းမဆိုင်မိ။ သူ့ရဲ့ဝေယာဝစ္စတော့ လုပ်ပေးမြဲလုပ်ပေးနေဆဲ။ အိမ်မှာလူရှုပ်ရင် သူ့ပြသနာတွေပိုရှုပ်မှာ စကားတွေရှုပ်မှာစိုးလို့ အိမ်ကဝန်ထမ်းတွေပင် ခုထိပြန်မခေါ်ဖြစ်သေး။ သူရုံးသွားခါနီး အကျီလဲနေတုံး ဝေယံ့ဆီကဖုန်းဝင်လာသည်။ စောစောစီးစီး.....ဘာကိစ္စများပါလိမ့်...ကြယ်သီးတပ်လက်စမလို့ ဖုန်းကို စပီကာဖွင့်ပြောလိုက်တော့
"မဟာ....Grand Hospital ကို ခုချက်ချင်းလာခဲ့"
"ဘယ်သူဘာဖြစ်လို့လဲ"
သူကသာ အေးဆေးမေးနေတာ တဖက်က ဝေယံ့အသံက စိုးရိမ်မှုတွေနဲ့ အတိုင်းသား
"လာခဲ့ကွာ ခု....အခန်းနံပါတ်ကို message ပို့လိုက်မယ်...."
"ဘယ်သူဘာဖြစ်လို့လဲကွာ အရေးတကြီးနဲ့"
"ဧကရီကွာ...."
"ဘာ.....ဧကရီ ဘာဖြစ်တာလဲ"
"လာခဲ့ကွာ ခု"
"အေး အေး ငါခုပဲထွက်လာပီ"
ဧကရီဆိုတဲ့ အသံကြားမှ သူကြယ်သီးပင်စုံအောင်မတပ်အား အူယားဖားယားနဲ့ အောက်ဆင်း ပြေးတော့သည်။ ကားကိုလဲ မီးနီတွေဖြတ်မောင်းလို့ ဖြတ်မောင်းနဲ့ နောက်ဆုံးဆေးရုံကိုဘေးကင်းစွာတော့ရောက်ခဲ့သည်။ ဝေယံ message ပို့ထားတဲ့ အခန်းကိုရှာပီး ဝင်လာလိုက်တော့ ကုတင်ပေါ်မှာ ပက်လက်ကလေးအိပ်နေတဲ့ ဧကရီ....အခန်းထဲမှာတော့ ဝေယံတို့လင်မယားလဲရှိသည်။
"ဧကရီ....ဧကရီ ဘာဖြစ်တာလဲ"
"မဟာ ရှူး တိုးတိုး ဧကရီ အိပ်နေတယ်.."
စိုးရိမ်စိတ်နဲ့သူ့အသံက ဆေးရုံမှာဆိုတော့ သာမန်ထက်ပိုကျယ်နေသည်။
"ဧကရီ အူအတက်ပေါက်တာ မနေ့ညကပဲဆေးရုံတင်ပီး ခွဲလိုက်တာ ခုတော့ အိပ်နေပီ"
"မနေ့ညက.....မနေ့ညက ဖြစ်တာငါ့ကို ဘာလို့မပြောတာလဲ"
"ညကြီးဆိုတော့ ဧကရီကလဲ အဲ့ချိန်အရေးကြီးနေတော့ ဆေးရုံပဲငါတို့လင်မယားခေါ်သွားလိုက်တာ...ပီးတော့လဲ minor operation ဆိုတော့ မင်းလဲညဘက်ကြီးလာနေရမှာစိုးလို့"
ဝေယံ့စကားက ခုနက ဓာတ်လှေခါးမအားလို့ ၈လွှာအထိအပြေးတက်ခဲ့ရတဲ့သူ့အတွက် အမောပိုဆို့စေတယ်။ သူက ဧကရီ့အတွက်အဲ့လောက်တောင် အရေးမပါတော့တဲ့သူဖြစ်နေပီလား။ အရင်က တခုခုဆိုရင်တောင် သူ့ဆီအရင်ဖုန်းဆက်ပြောတဲ့သူမက ခုဆို သေရေးရှင်ရေးအတွက်တောင် သူ့ကိုမဆက်သွယ်တော့ဘူးတဲ့လား။ မဟာတွေးရင်း မျက်ရည်တွေကျလာသည်။ ဒီ။တခါတော့ ပန်းချီ့ရှေ့မလို့ဆိုပီးလဲ ရှက်ရကောင်းမှန်းမသိတော့
ဝေယံကော ပန်းချီကော မဟာ့ကိုကြည့်ပီး စိတ်မသက်သာပေမယ့် ဘာမှလဲ မလုပ်ပေးတတ်။
....
ပန်းချီနိုးလာထဲက ဘေးမှာထိုင်စောင့်နေပေးတဲ့ နေ့ကိုတွေ့သည်။ ဝေယံတို့လင်မယားတော့ရှိမနေခဲ့
"နိုးပီလား ဧကရီ သိပ်မလှုပ်နဲ့ဦး ဆရာဝန်က လှုပ်လှုပ်ရှားရှားမလုပ်နဲ့ဦးလို့ပြောသွားတယ်"
"အင်း....ရေ ရေ သောက်ချင်တယ်"
"အင်း တိုက်မယ် ဒါမဲ့ရေခွက်နဲ့တော့သောက်လို့မရသေးဘူး"
ပြောနေရင်းနဲ့ ဘေးက ဂွမ်းလုံးလေးတွေကို သောက်ရေခွက်ထဲနှစ်ကာ သူမ နှုတ်ခမ်းနားတို့ကာတို့ကာ ရေငတ်ပြေရုံလေးလုပ်ပေးနေတဲ့ နေ့ကို သူမအံ့သြလွန်းလို့ မျက်လုံးလေးလှန်ကြည့်မိသည်။ နေက အရင်နေ့ကလိုမျိုးမဟုတ် ထူးထူးခြားခြား အေးဆေးတည်ငြိမ်နေသည်။ သူမကိုလဲ လုပ်ပေးစရာရှိတာ လုပ်ပေးရုံကလွဲလို့ ထိတာပြုတာပင်မရှိ
"ဆရာဝန်ကြီးကပြောတယ်....အူအတက်ခွဲတယ်ဆိုတာ အူမှာကပ်နေတဲ့အတက်ကလေးကိုဖြတ်ထုတ်လိုက်ရတာဆိုတော့ ဖြတ်ထုတ်ထားရတဲ့အပိုင်းကိုပြန်ချုပ်ထားရသေးတယ် အဲ့ကြောင့် ရေတို့ အစာတို့ မြန်မြန်ပေးဖြတ်လို့မရဘူး ချုပ်ထားတာလေးပြန်ပွင့်သွားတတ်လို့တဲ့...ခုတေ့ ဒီလောက်ပဲ ရေငတ်ပြေအောင်သောက်လိုက်သီး ခနနေဆရာဝန်ကြီးထပ်လာမှ မေးပေးမယ် ရေသောက်လို့ရပီလားလို့"
သူမကိုလုပ်ပေးစရာရှိတာလုပ်ပေးရင်း စိတ်ရှည်လက်ရှည်ရှင်းပြနေတဲ့သူ့ကိုကြည့်ပီး ဧကရီ စိတ်ထဲမကောင်း။
"နေ ဧကရီ့ကို စိတ်ဆိုးနေတာလား"
ခုနက ဂွမ်းလုံးလေးတွေကို အမှိုက်ခြင်းထဲသေချာပစ်နေတဲ့ နေ့ကိုဧကရီခေါင်းလေးအသာစောင်းကာမေးလိုက်သည်။ သူမစကားကြောင့် နေ လုပ်လက်စတွေကိုခနရပ်ပီး သူမကိုပြန်ကြည့်ကာ
"မဆိုးပါဘူး ဧကရီ မှန်ပါတယ်...ဘာနေနေ ကိုယ်က ဧကရီ့ဆုံးဖြတ်ချက်အတိုင်း လက်ခံရမယ့်သူပါ"
"နေ...."
တိမ်ဝင်သွားတဲ့သူမအသံကြောင့် မဟာ အူယားဖားယားနဲ့ ဧကရီ့နားပြေးကပ်လာပီး ဆေးပိုက်လွတ်တဲ့ သူမလက်ကလေးတဖက်ကိုကိုင်ကာ နမ်းလိုက်သည်။ သူ့မျက်ဝန်းတွေမှာလဲ မျက်ရည်စတွေနဲ့
"မငိုနဲ့နော်.... ငိုတာတွေ ရီတာတွေလုပ်ရင် ဗိုက်ချုပ်ရိုးပြဲသွားတတ်တယ်"
"ဟင် ဗိုက်ချုပ်ရိုးဆိုတော့ အမာရွတ်ကျန်မှာလား"
ဒီလောက်အတွေးပေါင်းစုံနဲ့ ဝမ်းနည်းနေတာတောင် ဗိုက်ကချုပ်ရိုးအမာရွတ်ကြောင့်အလှပျက်မှာတွေးပူနေတဲ့ ဧကရီ.....အော် မိန်းကလေးတွေများ ဘယ်အခြေနေရောက်ရောက် လှချင်ကြတာ သဘာဝပေပဲကိုး
"လက်သန်းလောက်လေးရယ်တဲ့ ကိုယ်မေးထားတယ်"
"သွားပါပီ အမာရွတ်ကြီးနဲ့ဆို မလှတော့ပါဘူး"
"အမာရွတ်နဲ့လဲ ဘာဖြစ်လဲ ကိုယ်က ချစ်နေမှာပဲ"
မဟာ စိတ်လွတ်လက်လွတ်ပြောမိပီးမှ စကားအဆုံးမှာ သူ့ကို မော့ကြည့်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုမြင်လိုက်ရသည်နှင့်
"ဆောရီး ကိုယ် စကားမှားသွားတယ် ကိုယ့်မှာပြောခွင့်မရှိတော့တာ မေ့သွားတယ်"
သူ့စကားအဆုံးမှာ သူ့လက်တဖက်ကို သူမရဲ့ဆေးပိုက်တန်းလန်းလက်ကလေးနဲ့ကိုင်ကာ မျက်ရည်များသွင်သွင်စီးကျအောင်ငိုနေတဲ့သူမ ခေါင်းတွေ အတင်းခါရမ်းနေသည်။
"ဧကရီ ခေါင်းမခါရဘူး ခေါင်းကိုက်တာစွဲသွားတတ်တယ်တဲ့ မငိုလဲမငိုရဘူးလေကွာ ဧကရီ ဖြစ်ချင်တာ ကိုယ်အကုန်လုပ်ပေးမှာမလို့ ငိုတော့မငိုပါနဲ့ကွာ"
"ဧကရီ....ဧကရီ....မှားသွားပီ ကို"
မကြားရတာ ၆လခန့်ပင်ရှိတော့မည့် သူမဆီက ထိုနာမ်စားလေးကိုပြန်ကြားလိုက်ရတာ မဟာ အားအင်တွေပြည့်ပီး လေပေါ်ပင်ပျံတက်တော့မလိုပင်။
"ဧကရီ ကို့ကိုဘယ်လိုခေါ်လိုက်တယ်...."
ရှိုက်သံမထွက်အောင်ကြိုးစားပီးငိုနေရတဲ့ ဧကရီ သူ့ကိုစကားပင်မပြောနိုင်သေး။ သူမြတ်မြတ်နိုးနိုးနဲ့ ဧကရီ့နဖူးလေးကို နမ်းလိုက်မိသည်။
"ဖြစ်ခဲ့သမျှက ဧကရီမမှားခဲ့ပါဘူးကွာ ကိုယ်မှားခဲ့တာပါ ခုတော့ ကိုယ်သိပီ ကိုယ်ဧကရီ့ကိုဘာနဲ့မှမလဲနိုင်ဘူးဆိုတာ သေချာသွားပီ....ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ကိုယ့်ဆက်ခံသူနေရာ ကိုယ့်လုပ်ငန်းကြီးကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ကိုယ်ဧကရီ့ကိုပဲရွေးတော့မယ်...."
"ကိုက ကိုကောင်မလေးနဲ့မှမကွဲရသေးတာ ကိုဟိုးအရင်က ပြောသလို ပိုင်ဆိုင်မှုတဝက်တောင်းလာရင်ဆိုတာမျိုး...."
"တောင်းလာခဲ့ရင် တဝက်မကဘူး မကျေနပ်ရင် အကုန်ပေးလိုက်မယ်....အဓိကက သူနဲ့ကွာရှင်းရဖို့ပဲ"
"ဒါမဲ့ ကောင်းပါ့မလား မိန်းကလေးတယောက်က အိမ်ထောင်ကွဲတာ နစ်နာတယ်လေ....သူ့ပေါ်တရားပါ့မလား"
"မတရားရအောင် ကိုယ်ကသူ့အပေါ်တခါမှ အခွင့်းရေးမယူခဲ့ဖူးဘူး ရှင်းရှင်းပြောရရင် နီးနီးကပ်ကပ်ကိုမနေခဲ့ဖူးဘူး.....သူနဲ့နောက်ဆုံမယ့်သူက မယုံရင် ကိုယ်တိုင်လိုက်ရှင်းပြပေးမယ်ကွာ"
"အင်းနော် အဲ့ဆိုလဲမဆိုးပါဘူး"
"အဲ့တာတွေကို ခေါင်းထဲထည့်မနေနဲ့ ကျန်းမာအောင်ပဲအရင်လုပ် လောလောဆယ် ဧကရီ ကျန်းမာဖို့က အရေးအကြီးဆုံးပဲ"
"ဟုတ်ကို....."
ထိုနေ့ကတော့ မဟာရော ဧကရီရောဘဝမှာ တဦးနဲ့တဦးပြန်ပိုင်ဆိုင်ရတဲ့နေ့ဆိုလဲမမှားဘူးပေါ့။တယောက်နဲ့တယောက် ဘယ်တော့မှ လက်မလွှတ်တော့မယ့်ဆုံးဖြတ်ချက်တွေက ကိုယ်စီခိုင်မာလို့......