Zawgyi
ေနာက္တစ္ေန႔ေရာက္ခ်ိန္မွာ ဒန္နာရီဟာ သူရဲ႕ဖခင္ျဖစ္တဲ့မက္စ္ဆီကို သြားေတာ့သည္၊မနက္ခင္းမွာ ေတြ႔ဆံုေပမယ့္ ဇီႏိုနဲ႔တိုင္ပင္ၿပီးေနာက္မွာ ဒန္နာရီဟာ အျခားနယ္ပယ္တစ္ခုကို သြားရန္ဆံုးျဖတ္လိုက္ေတာ့သည္၊
"ကေလးက တကယ္ပဲ အဲ့ေနရာကို သြားခ်င္တာလား"
"ဟုတ္တယ္... အေမရဲ႕စာအုပ္ထဲမွာ ေရးထားတဲ့ကိုယ္ေနရာကို ကြၽန္ေတာ္ သြားခ်င္တယ္"
အီဆိုနာနယ္ေျမနဲ႔ပတ္သတ္ၿပီး ဒန္နာရီသိခ်င္စိတ္ေတြဟာ အျမဲျပင္းထန္ခဲ့သည္၊သူ႔မိခင္ရဲ႕စာအုပ္ထဲမွာ မွတ္ခ်က္ေလးတစ္ခုကို ဒန္နာရီေတြ႔ခဲ့ရၿပီး ထိုမွတ္ခ်က္ရဲ႕အဓိပၸါယ္ေပၚမူတည္ၿပီး ႐ွာေဖြဖို႔ ဆံုးျဖတ္ၿပီးၿပီျဖစ္သည္၊
"တစ္လံုးတည္းေသာၾကယ္၊မဆံုႏိုင္တဲ့ပန္းႏွစ္ပြင့္၊မရပ္တန္႔ႏိုင္ေသာေအးခ်မ္းမႈ၊မကုန္ဆံုးႏိုင္ေသာ ေလာဘတရား" ဒီစာသားေတြဟာ ထိုမွတ္စုထဲက တစ္ပိုင္းတစ္စသာျဖစ္သည္၊
"တစ္လံုးတည္းေသာၾကယ္ဆိုတာ လမ္းျပၾကယ္ကို ဆုိလိုတာပဲ...၊" မက္စ္ရဲ႕စကားေၾကာင့္ ဒန္နာရီဟာေခါင္းညိတ္လိုက္သည္၊အီဆိုနာနယ္ေျမဟာ ေျမာက္အရပ္မွာ တည္႐ွိလိမ့္မည္၊
"မဆံုႏိုင္တဲ့ပန္းႏွစ္ပြင့္..." ဒန္နာရီလည္း ထိုအေၾကာင္းအရာကို မသိေပ၊ဒါေပမယ့္ သူရဲ႕ဖခင္ဟာလည္း ဗဟုသုတႂကြယ္ဝသူတစ္ေယာက္သာျဖစ္သည္၊
"ဒါက အင္ပါယာႏွစ္အင္ပါယာကို ေျပာတာျဖစ္ဖို႔မ်ားတယ္၊ ေျမာက္အရပ္ဘက္မွာ ႐ွိတယ္..." မက္စ္ဟာ ခ်က္ခ်င္းထရပ္လိုက္ၿပီး စာလိပ္တစ္လိပ္ကို ယူကာ ျဖန္႔လိုက္သည္၊ဒါဟာ ကမၻာေျမပံုတစ္ခုသာျဖစ္သည္၊
" အီ႐ူရယ္(မီးေတာက္ပန္း) နဲ႔ ႏို႐ူရယ္(ေအးစက္ေသာေရပြင့္) အင္ပါယာ ဒီႏွစ္ခုျဖစ္ဖို႔မ်ားတယ္ "
"သူတို႔ၾကားမွာ တည္႐ွိေနတာလား...၊ မရပ္တန္႔ႏိုင္ေသာေအးခ်မ္းမႈ...ကြၽန္ေတာ့္အထင္မွာေတာ့ အလင္းေက်ာင္းေတာ္ကို ဆုိလိုတာလား..." ဒန္နာရီစကားေၾကာင့္ မက္စ္ဟာေတြးေတာလိုက္သည္၊ ထိုေနာက္ သူဟာ ေျမပံုကိုၾကည့္ေနလိုက္သည္၊
"မရပ္တန္႔ႏိုင္ေသာေအးခ်မ္းမႈ၊မကုန္ဆံုးႏိုင္ေသာ ေလာဘတရား...ေသာတပိုင္ေတာအုပ္"
"ေသာတပိုင္ေတာအုပ္" ေသာတပိုင္ေတာအုပ္အေၾကာင္းကိုေတာ့ ဒန္နာရီဖတ္ဖူးသည္၊ထိုေတာအုပ္ဟာ ေမွာ္မုဆိုးမ်ား အမ်ားဆံုးက်က္စားရာေနရာျဖစ္ၿပီး အႏၱရာယ္အမ်ားဆံုးေသာ ေနရာသာျဖစ္သည္။ထိုေတာအုပ္ထဲမွာ မထင္မွတ္ထားတာေတြ႐ွိသလို အသက္ကို ဖက္နဲ႔ထုတ္ထားရသလိုပင္၊
သူ႔ဖခင္ရဲ႕မ်က္ဝန္းမ်ားဟာ ေအးစက္သြားေတာ့သည္၊ထိုေနာက္မွာ ေျမပံုကို ပိတ္ခ်လိုက္ေတာ့သည္၊
"အဲေနရာကို သြားမယ္ဆုိရင္ ရစ္ႏိုလ္တို႔အဖြဲ႔ကိုပါ ေခၚသြားမွ သြားခြင့္ေပးမယ္" မက္စ္ဟာ သူရဲ႕ေသြးသားအေၾကာင္းကို နားလည္သေဘာေပါက္သည္၊တားဆီးခဲ့ရင္ ခိုးလုပ္ၿပီး ထြက္သြားမည္ကို မလိုလားေပ၊ရစ္ႏိုလ္တို႔အဖြဲ႔ဟာလည္း အင္အားႀကီးတဲ့အေစာင့္ေ႐ွာက္အဖြဲ႔ျဖစ္ကာ ဒန္နာရီကို ေကာင္းစြာေစာင့္ေ႐ွာက္ႏိုင္သည္၊
"ဟုတ္ ကြၽန္ေတာ္နားလည္ပါတယ္" ထိုေတာအုပ္ဆီကို သြားရင္ ဘယ္လိုအႏၱရာယ္ေတြၾကံဳေတြရမလဲ မသိတာေၾကာင့္ ဒန္နာရီဟာလည္း တစ္ေယာက္တည္းသြားရန္ စိတ္ကူးမ႐ွိေပ၊
"ၿပီးေတာ့ ဟိုေသာက္ကေလးဆီက ပို႔တဲ့စာေတြ" မက္စ္ဟာ စိတ္ပ်က္လက္ပ်က္နဲ႔ ေရႊေရာင္စာအိတ္ေတြကို ခံုေပၚပစ္တင္ေပးလိုက္သည္၊
'ဟမ္ ေသာက္ကေလး...' ဒန္နာရီဟာ နားမလည္စြာျဖင့္ ေၾကာင္ေတာင္ေတာင္ေလးျဖင့္ စာအိတ္တစ္ထပ္ကို ယူလိုက္ၿပီး နာမည္ကိုျမင္ခ်ိန္မွာေတာ့ မက္စ္ေျပာတဲ့ေသာက္ကေလးဆုိတာ ဘယ္သူလဲ သိသြားေတာ့သည္၊
"ဒယ္ဒီ မင္းသားတစ္ပါးေပၚ မ႐ိုင္းျပရဘူး " မက္စ္ဟာ ဒန္နာရီဆီကေန အေဖလို႔ေခၚခံရလို႔ေျပာသြားေပမယ့္ ဟိုေသာက္ကေလးေၾကာင့္ဆိုတာ သိေတာ့ သိပ္မေပ်ာ္ဘဲ ဆူပုပ္သြားေတာ့သည္၊ထိုေနာက္မွာေတာ့ စာအိတ္တစ္ထပ္ကို ျပံဳးကာၾကည့္ေနတဲ့သူသားေၾကာင္္ ရင္ထဲမွာ တစ္ခုခု ခံစားေနရေတာ့သည္၊
'ငါ့သားေလးကို ေႁမြတက္ႏိႈက္သြားသလိုပဲ!'
"ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ပါေစ ဒယ္ဒီ " ဒန္နာရီဟာ စာအိတ္ေတြကို ကိုင္ထားၿပီး မက္စ္ကို ႏူတ္ဆက္ကာထြက္သြားေတာ့သည္၊တခ်က္ေတာင္ လွည့္မၾကည့္သြားေပ၊
"ေဂ်ာ့ဖေရး ဒဲလ္ ဘီဗီလ္လဲ!! ငါ့သားက ငါ့ကိုပဲ အခ်စ္ဆံုးျဖစ္ရမယ္!!! မင္းကို ငါ့ရန္သူလို႔ထင္မွတ္လိုက္ၿပီ" ကေလးဆန္လွေသာသခင္ႀကီးကို အထိန္းေတာ္ၾကည့္ရင္း ေခါင္းခါလိုက္သည္၊
တစ္ဖက္မွာေတာ့ ေငြေရာင္ျခံဳထည္ကိုေဆာင္းထားၿပီး အရပ္အေမာင္းျမင့္ျမင့္နဲ႔ခန္႔ညားတဲ့ဆယ္ငါးႏွစ္အရြယ္လူငယ္ေလးဟာ ႏွာထေခ်ေတာ့သည္၊
"အ႐ွင္မင္းသား! အဆင္ေျပရဲ႕လား" အနားက အေစာင့္အေ႐ွာက္ေတြေရာက္လာခ်ိန္မွာ ေဂ်ာ့ဖေရးဟာ လက္ကာလိုက္သည္၊
"ဘာမွမျဖစ္ဘူး" ေဂ်ာ့ဖေရးရဲ႕မ်က္ႏွာကေတာ့ ထူးဆန္းတဲ့အမူအရာဟာ ျဖတ္သန္းေနေတာ့သည္၊တစ္စံုတစ္ေယာက္က သူ႔ကို က်ိန္ဆဲေနသလိုပင္၊
"ဒီတစ္ေခါက္သြားမဲ့ကိစၥကို ငါတို႔ေအာင္ျမင္မွျဖစ္မယ္" ေဂ်ာ့ဖေရးရဲ႕လႈပ္ေဆာ္မႈေၾကာင့္ အဖြဲ႔ဝင္ေတြဟာ တက္ႂကြေနေတာ့သည္၊အင္ပါယာမင္းဟာ ေဂ်ာ့ဖေရးကို နန္းေတာ္မွ ႏွင္ထုတ္ရန္ မဟုတ္အပ္သည့္တာဝန္ကို ေပးအပ္လာေတာ့သည္၊ထိုကိစၥဟာ နဂါးရဲ႕ေၾကးခြံကို ႐ွာေဖြရန္ျဖစ္သည္၊နဂါးေတြဟာ ေၾကးခြံအလြယ္တကူကြၽတ္တတ္တဲ့သားရဲေတြမဟုတ္သလို ကမၻာေျမနဲ႔တသားတည္းေမြးဖြားလာတဲ့သားရဲႀကီးေတြျဖစ္တာေၾကာင့္ အင္အားႀကီးမားလွသည္၊
ထိုသားရဲကို ႏိုင္ဖို႔ဆုိတာ အဆင္ျမႇင့္ေမွာ္ဆရာႀကီးေတြပင္ မလုပ္ႏိုင္ေပ၊ထိုလိုတာဝန္ကိုေပးတာဟာ ေဂ်ာ့ဖေရးကို ေသတြင္းပို႔မွန္းသိသာလွသည္၊
တစ္ဖက္မွာေတာ့ ဒန္နာရီဟာ ေဂ်ာ့ဖေရး ပို႔သခဲ့သည္ေနာက္ဆံုးစာကို ဖတ္ေနေတာ့သည္၊အင္ပါယာမင္းဟာ နဂါးေၾကးခြံ႐ွာေဖြထားသည့္ကိစၥကိုေပါ့၊ဒန္နာရီဟာ အနည္းငယ္စိုးရိမ္ေနေပမယ့္ သူဟာ ဘာမွမလုပ္ႏိုင္ေပ၊
"အာလ္ႏြန္႔နစ္" ဒန္နာရီဟာ တိုးညႇင္စြာေခၚလိုက္ခ်ိန္မွာ အေ႐ွ႕ရပ္ကေန ႀကီးမားတဲ့ငွက္ႀကီးတစ္ေကာင္ဟာ ဒန္နာရီ႐ွိရာ အရပ္ကို ပ်ံဝဲလာေတာ့သည္၊
အာလ္ႏြန္႔နစ္ဟာ သခင္ႏွစ္ေယာက္ဆီကေန နာမည္မွည့္ခံထားရတာေၾကာင့္ သာမန္မိုးႀကိဳးငွက္ေတြထက္ ကြာျခားလွသည္၊သာမန္မိုးႀကိဳးငွက္ေတြဟာ သံုးေပအရြယ္သာႀကီးထြားႏိုင္ၿပီး အာလ္ႏြန္႔နစ္ကေတာ့ အရြယ္မေရာက္ေသးတာေတာင္ ေျခာက္ေပေက်ာ္အရြယ္အစား႐ွိေနၿပီး အျပာေရာင္ငွက္ေမႊးေတြကလည္း ေတာက္ပကာလ်ွပ္စီးေၾကာင္းစီးေနသလိုပင္၊
နဖူးေတြလည္း ေရႊေရာင္သရဖူဟာထင္႐ွားစြာ႐ွိေနၿပီး ေရႊေရာင္မ်က္ဝန္းမ်ားဟာ စူး႐ွေနကာ အခ်ိန္မေရြးတိုက္ခိုက္ေတာ့မည့္အသြင္႐ွိေနသည္၊ထိုလိုၾကမ္းတမ္း႐ိုင္းစိုင္းတဲ့ေမွာ္သားရဲငွက္ဟာ ဒန္နာရီအနီးေရာက္ခ်ိန္မွာ ငါးလက္မအရြယ္ေျပာင္းလဲသြားၿပီး ဒန္နာရီပခံုးေပၚမွီကာ ဒန္နာရီပါးေလးကို သူရဲ႕ေခါင္းေလးနဲ႔ပြတ္သတ္ကာ ခြၽဲလာေတာ့သည္၊
ဒန္နာရီဟာ ခပ္ရႊင္ရႊင္ေလးရယ္ေမာလာေတာ့သည္၊အာလ္ႏြန္႔နစ္နဲ႔သူဟာ အျမဲစိတ္ခ်င္းဆက္သြယ္ေနတာေၾကာင့္ အဆက္အသြယ္ျပတ္သြားျခင္းမ႐ွိသလို နတ္သူငယ္ေတာအုပ္မွာ ဒန္နာရီ႐ွိေနတုန္းကလည္း အာလ္ႏြန္႔နစ္ဟာလည္း ထိုေတာအုပ္မွာ အျခားေမွာ္သားရဲေတြဆီကေန သင္ယူခဲ့သည္၊အထူးသျဖင့္ ဟစ္နဲ့နိ~ဆီမွာေပါ့၊ ဟစ္ဟာ မိုးႀကိဳးစြမ္းအားပိုင္ဆိုင္ထားတဲ့ဝိညာဥ္သားရဲျဖစ္ၿပီး နိ~ဟာ ပ်ံသန္းႏိုက္တဲ့ဝိညာဥ္သားရဲငွက္ျဖစ္တာေၾကာင့္ ဒန္နာရီကို ေစာင့္ေ႐ွာက္မည့္ေမွာ္သားရဲေလး အာလ္ႏြန္႔နစ္ကို စိတ္ပါလက္ပါသင္ေပးခဲ့ၾကသည္၊
"အာလ္ႏြန္႔နစ္...မင္းရဲ႕သခင္က အႏၱရာယ္တြင္းထဲသြားရလိမ့္မယ္...မင္း သူ႔ကို ေစာင့္ေ႐ွာက္ေပးႏိုင္မလား..."
အာလ္ႏြန္႔နစ္ဟာ က်ိက်ိဆုိၿပီး မေက်နပ္တဲ့အသံေလးေပးလာေတာ့သည္၊အာလ္ႏြန္႔နစ္ဟာ ေဂ်ာ့ဖေရးရဲ႕အၾကည့္စူးစူးကို ေမ့ပံုမရေပ၊
"အဲ့ေနရာမွာ အင္အားႀကီးတဲ့ေမွာ္သားရဲေတြမ်ားတယ္...မင္းရဲ႕စြမ္းအားကို စမ္းသပ္လို႔ရတာပဲေလ" ဒန္နာရီစကားေၾကာင့္ အာလ္ႏြန္႔နစ္ဟာ တိတ္ဆိတ္သြားေတာ့သည္၊ထိုေနာက္မွာ လက္ခံစြာျဖင့္ အေကာင္ႀကီးအသြင္ျပန္ေျပာင္းကာ စူး႐ွေသာအသံျဖင့္ ဒန္နာရီကို ႏူတ္ဆက္ကာထြက္သြားေတာ့သည္။
ဒန္နာရီဟာ လည္ပင္းမွာဆြဲထားတဲ့ဆြဲႀကိဳးေလးကို ဆုပ္ကိုင္လိုက္ၿပီး ေကာင္းကင္ကိုေမာ့ၾကည့္လိုက္သည္၊
"ေနာက္ႏွစ္ႏွစ္ေနရင္ ကိုကိုနဲ႔ျပန္ဆံုခ်င္တယ္..."
-*-*-*-*-*-*-*-*-*-*-*
Chapter -53ေမ်ွာ္
-*-*-*-*-*
Unicode
နောက်တစ်နေ့ရောက်ချိန်မှာ ဒန်နာရီဟာ သူရဲ့ဖခင်ဖြစ်တဲ့မက်စ်ဆီကို သွားတော့သည်၊မနက်ခင်းမှာ တွေ့ဆုံပေမယ့် ဇီနိုနဲ့တိုင်ပင်ပြီးနောက်မှာ ဒန်နာရီဟာ အခြားနယ်ပယ်တစ်ခုကို သွားရန်ဆုံးဖြတ်လိုက်တော့သည်၊
"ကလေးက တကယ်ပဲ အဲ့နေရာကို သွားချင်တာလား"
"ဟုတ်တယ်... အမေရဲ့စာအုပ်ထဲမှာ ရေးထားတဲ့ကိုယ်နေရာကို ကျွန်တော် သွားချင်တယ်"
အီဆိုနာနယ်မြေနဲ့ပတ်သတ်ပြီး ဒန်နာရီသိချင်စိတ်တွေဟာ အမြဲပြင်းထန်ခဲ့သည်၊သူ့မိခင်ရဲ့စာအုပ်ထဲမှာ မှတ်ချက်လေးတစ်ခုကို ဒန်နာရီတွေ့ခဲ့ရပြီး ထိုမှတ်ချက်ရဲ့အဓိပ္ပါယ်ပေါ်မူတည်ပြီး ရှာဖွေဖို့ ဆုံးဖြတ်ပြီးပြီဖြစ်သည်၊
"တစ်လုံးတည်းသောကြယ်၊မဆုံနိုင်တဲ့ပန်းနှစ်ပွင့်၊မရပ်တန့်နိုင်သောအေးချမ်းမှု၊မကုန်ဆုံးနိုင်သော လောဘတရား" ဒီစာသားတွေဟာ ထိုမှတ်စုထဲက တစ်ပိုင်းတစ်စသာဖြစ်သည်၊
"တစ်လုံးတည်းသောကြယ်ဆိုတာ လမ်းပြကြယ်ကို ဆိုလိုတာပဲ...၊" မက်စ်ရဲ့စကားကြောင့် ဒန်နာရီဟာခေါင်းညိတ်လိုက်သည်၊အီဆိုနာနယ်မြေဟာ မြောက်အရပ်မှာ တည်ရှိလိမ့်မည်၊
"မဆုံနိုင်တဲ့ပန်းနှစ်ပွင့်..." ဒန်နာရီလည်း ထိုအကြောင်းအရာကို မသိပေ၊ဒါပေမယ့် သူရဲ့ဖခင်ဟာလည်း ဗဟုသုတကြွယ်ဝသူတစ်ယောက်သာဖြစ်သည်၊
"ဒါက အင်ပါယာနှစ်အင်ပါယာကို ပြောတာဖြစ်ဖို့များတယ်၊ မြောက်အရပ်ဘက်မှာ ရှိတယ်..." မက်စ်ဟာ ချက်ချင်းထရပ်လိုက်ပြီး စာလိပ်တစ်လိပ်ကို ယူကာ ဖြန့်လိုက်သည်၊ဒါဟာ ကမ်ဘာမြေပုံတစ်ခုသာဖြစ်သည်၊
" အီရူရယ်(မီးတောက်ပန်း) နဲ့ နိုရူရယ်(အေးစက်သောရေပွင့်) အင်ပါယာ ဒီနှစ်ခုဖြစ်ဖို့များတယ် "
"သူတို့ကြားမှာ တည်ရှိနေတာလား...၊ မရပ်တန့်နိုင်သောအေးချမ်းမှု...ကျွန်တော့်အထင်မှာတော့ အလင်းကျောင်းတော်ကို ဆိုလိုတာလား..." ဒန်နာရီစကားကြောင့် မက်စ်ဟာတွေးတောလိုက်သည်၊ ထိုနောက် သူဟာ မြေပုံကိုကြည့်နေလိုက်သည်၊
"မရပ်တန့်နိုင်သောအေးချမ်းမှု၊မကုန်ဆုံးနိုင်သော လောဘတရား...သောတပိုင်တောအုပ်"
"သောတပိုင်တောအုပ်" သောတပိုင်တောအုပ်အကြောင်းကိုတော့ ဒန်နာရီဖတ်ဖူးသည်၊ထိုတောအုပ်ဟာ မှော်မုဆိုးများ အများဆုံးကျက်စားရာနေရာဖြစ်ပြီး အန္တရာယ်အများဆုံးသော နေရာသာဖြစ်သည်။ထိုတောအုပ်ထဲမှာ မထင်မှတ်ထားတာတွေရှိသလို အသက်ကို ဖက်နဲ့ထုတ်ထားရသလိုပင်၊
သူ့ဖခင်ရဲ့မျက်ဝန်းများဟာ အေးစက်သွားတော့သည်၊ထိုနောက်မှာ မြေပုံကို ပိတ်ချလိုက်တော့သည်၊
"အဲနေရာကို သွားမယ်ဆိုရင် ရစ်နိုလ်တို့အဖွဲ့ကိုပါ ခေါ်သွားမှ သွားခွင့်ပေးမယ်" မက်စ်ဟာ သူရဲ့သွေးသားအကြောင်းကို နားလည်သဘောပေါက်သည်၊တားဆီးခဲ့ရင် ခိုးလုပ်ပြီး ထွက်သွားမည်ကို မလိုလားပေ၊ရစ်နိုလ်တို့အဖွဲ့ဟာလည်း အင်အားကြီးတဲ့အစောင့်ရှောက်အဖွဲ့ဖြစ်ကာ ဒန်နာရီကို ကောင်းစွာစောင့်ရှောက်နိုင်သည်၊
"ဟုတ် ကျွန်တော်နားလည်ပါတယ်" ထိုတောအုပ်ဆီကို သွားရင် ဘယ်လိုအန္တရာယ်တွေကြုံတွေရမလဲ မသိတာကြောင့် ဒန်နာရီဟာလည်း တစ်ယောက်တည်းသွားရန် စိတ်ကူးမရှိပေ၊
"ပြီးတော့ ဟိုသောက်ကလေးဆီက ပို့တဲ့စာတွေ" မက်စ်ဟာ စိတ်ပျက်လက်ပျက်နဲ့ ရွှေရောင်စာအိတ်တွေကို ခုံပေါ်ပစ်တင်ပေးလိုက်သည်၊
'ဟမ် သောက်ကလေး...' ဒန်နာရီဟာ နားမလည်စွာဖြင့် ကြောင်တောင်တောင်လေးဖြင့် စာအိတ်တစ်ထပ်ကို ယူလိုက်ပြီး နာမည်ကိုမြင်ချိန်မှာတော့ မက်စ်ပြောတဲ့သောက်ကလေးဆိုတာ ဘယ်သူလဲ သိသွားတော့သည်၊
"ဒယ်ဒီ မင်းသားတစ်ပါးပေါ် မရိုင်းပြရဘူး " မက်စ်ဟာ ဒန်နာရီဆီကနေ အဖေလို့ခေါ်ခံရလို့ပြောသွားပေမယ့် ဟိုသောက်ကလေးကြောင့်ဆိုတာ သိတော့ သိပ်မပျော်ဘဲ ဆူပုပ်သွားတော့သည်၊ထိုနောက်မှာတော့ စာအိတ်တစ်ထပ်ကို ပြုံးကာကြည့်နေတဲ့သူသားကြောင်် ရင်ထဲမှာ တစ်ခုခု ခံစားနေရတော့သည်၊
'ငါ့သားလေးကို မြွေတက်နှိုက်သွားသလိုပဲ!'
"ကောင်းကောင်းအလုပ်လုပ်နိုင်ပါစေ ဒယ်ဒီ " ဒန်နာရီဟာ စာအိတ်တွေကို ကိုင်ထားပြီး မက်စ်ကို နူတ်ဆက်ကာထွက်သွားတော့သည်၊တချက်တောင် လှည့်မကြည့်သွားပေ၊
"ဂျော့ဖရေး ဒဲလ် ဘီဗီလ်လဲ!! ငါ့သားက ငါ့ကိုပဲ အချစ်ဆုံးဖြစ်ရမယ်!!! မင်းကို ငါ့ရန်သူလို့ထင်မှတ်လိုက်ပြီ" ကလေးဆန်လှသောသခင်ကြီးကို အထိန်းတော်ကြည့်ရင်း ခေါင်းခါလိုက်သည်၊
တစ်ဖက်မှာတော့ ငွေရောင်ခြုံထည်ကိုဆောင်းထားပြီး အရပ်အမောင်းမြင့်မြင့်နဲ့ခန့်ညားတဲ့ဆယ်ငါးနှစ်အရွယ်လူငယ်လေးဟာ နှာထချေတော့သည်၊
"အရှင်မင်းသား! အဆင်ပြေရဲ့လား" အနားက အစောင့်အရှောက်တွေရောက်လာချိန်မှာ ဂျော့ဖရေးဟာ လက်ကာလိုက်သည်၊
"ဘာမှမဖြစ်ဘူး" ဂျော့ဖရေးရဲ့မျက်နှာကတော့ ထူးဆန်းတဲ့အမူအရာဟာ ဖြတ်သန်းနေတော့သည်၊တစ်စုံတစ်ယောက်က သူ့ကို ကျိန်ဆဲနေသလိုပင်၊
"ဒီတစ်ခေါက်သွားမဲ့ကိစ္စကို ငါတို့အောင်မြင်မှဖြစ်မယ်" ဂျော့ဖရေးရဲ့လှုပ်ဆော်မှုကြောင့် အဖွဲ့ဝင်တွေဟာ တက်ကြွနေတော့သည်၊အင်ပါယာမင်းဟာ ဂျော့ဖရေးကို နန်းတော်မှ နှင်ထုတ်ရန် မဟုတ်အပ်သည့်တာဝန်ကို ပေးအပ်လာတော့သည်၊ထိုကိစ္စဟာ နဂါးရဲ့ကြေးခွံကို ရှာဖွေရန်ဖြစ်သည်၊နဂါးတွေဟာ ကြေးခွံအလွယ်တကူကျွတ်တတ်တဲ့သားရဲတွေမဟုတ်သလို ကမ်ဘာမြေနဲ့တသားတည်းမွေးဖွားလာတဲ့သားရဲကြီးတွေဖြစ်တာကြောင့် အင်အားကြီးမားလှသည်၊
ထိုသားရဲကို နိုင်ဖို့ဆိုတာ အဆင်မြှင့်မှော်ဆရာကြီးတွေပင် မလုပ်နိုင်ပေ၊ထိုလိုတာဝန်ကိုပေးတာဟာ ဂျော့ဖရေးကို သေတွင်းပို့မှန်းသိသာလှသည်၊
တစ်ဖက်မှာတော့ ဒန်နာရီဟာ ဂျော့ဖရေး ပို့သခဲ့သည်နောက်ဆုံးစာကို ဖတ်နေတော့သည်၊အင်ပါယာမင်းဟာ နဂါးကြေးခွံရှာဖွေထားသည့်ကိစ္စကိုပေါ့၊ဒန်နာရီဟာ အနည်းငယ်စိုးရိမ်နေပေမယ့် သူဟာ ဘာမှမလုပ်နိုင်ပေ၊
"အာလ်နွန့်နစ်" ဒန်နာရီဟာ တိုးညှင်စွာခေါ်လိုက်ချိန်မှာ အရှေ့ရပ်ကနေ ကြီးမားတဲ့ငှက်ကြီးတစ်ကောင်ဟာ ဒန်နာရီရှိရာ အရပ်ကို ပျံဝဲလာတော့သည်၊
အာလ်နွန့်နစ်ဟာ သခင်နှစ်ယောက်ဆီကနေ နာမည်မှည့်ခံထားရတာကြောင့် သာမန်မိုးကြိုးငှက်တွေထက် ကွာခြားလှသည်၊သာမန်မိုးကြိုးငှက်တွေဟာ သုံးပေအရွယ်သာကြီးထွားနိုင်ပြီး အာလ်နွန့်နစ်ကတော့ အရွယ်မရောက်သေးတာတောင် ခြောက်ပေကျော်အရွယ်အစားရှိနေပြီး အပြာရောင်ငှက်မွှေးတွေကလည်း တောက်ပကာလျှပ်စီးကြောင်းစီးနေသလိုပင်၊
နဖူးတွေလည်း ရွှေရောင်သရဖူဟာထင်ရှားစွာရှိနေပြီး ရွှေရောင်မျက်ဝန်းများဟာ စူးရှနေကာ အချိန်မရွေးတိုက်ခိုက်တော့မည့်အသွင်ရှိနေသည်၊ထိုလိုကြမ်းတမ်းရိုင်းစိုင်းတဲ့မှော်သားရဲငှက်ဟာ ဒန်နာရီအနီးရောက်ချိန်မှာ ငါးလက်မအရွယ်ပြောင်းလဲသွားပြီး ဒန်နာရီပခုံးပေါ်မှီကာ ဒန်နာရီပါးလေးကို သူရဲ့ခေါင်းလေးနဲ့ပွတ်သတ်ကာ ချွဲလာတော့သည်၊
ဒန်နာရီဟာ ခပ်ရွှင်ရွှင်လေးရယ်မောလာတော့သည်၊အာလ်နွန့်နစ်နဲ့သူဟာ အမြဲစိတ်ချင်းဆက်သွယ်နေတာကြောင့် အဆက်အသွယ်ပြတ်သွားခြင်းမရှိသလို နတ်သူငယ်တောအုပ်မှာ ဒန်နာရီရှိနေတုန်းကလည်း အာလ်နွန့်နစ်ဟာလည်း ထိုတောအုပ်မှာ အခြားမှော်သားရဲတွေဆီကနေ သင်ယူခဲ့သည်၊အထူးသဖြင့် ဟစ်နဲ့နိ~ဆီမှာပေါ့၊ ဟစ်ဟာ မိုးကြိုးစွမ်းအားပိုင်ဆိုင်ထားတဲ့ဝိညာဉ်သားရဲဖြစ်ပြီး နိ~ဟာ ပျံသန်းနိုက်တဲ့ဝိညာဉ်သားရဲငှက်ဖြစ်တာကြောင့် ဒန်နာရီကို စောင့်ရှောက်မည့်မှော်သားရဲလေး အာလ်နွန့်နစ်ကို စိတ်ပါလက်ပါသင်ပေးခဲ့ကြသည်၊
"အာလ်နွန့်နစ်...မင်းရဲ့သခင်က အန္တရာယ်တွင်းထဲသွားရလိမ့်မယ်...မင်း သူ့ကို စောင့်ရှောက်ပေးနိုင်မလား..."
အာလ်နွန့်နစ်ဟာ ကျိကျိဆိုပြီး မကျေနပ်တဲ့အသံလေးပေးလာတော့သည်၊အာလ်နွန့်နစ်ဟာ ဂျော့ဖရေးရဲ့အကြည့်စူးစူးကို မေ့ပုံမရပေ၊
"အဲ့နေရာမှာ အင်အားကြီးတဲ့မှော်သားရဲတွေများတယ်...မင်းရဲ့စွမ်းအားကို စမ်းသပ်လို့ရတာပဲလေ" ဒန်နာရီစကားကြောင့် အာလ်နွန့်နစ်ဟာ တိတ်ဆိတ်သွားတော့သည်၊ထိုနောက်မှာ လက်ခံစွာဖြင့် အကောင်ကြီးအသွင်ပြန်ပြောင်းကာ စူးရှသောအသံဖြင့် ဒန်နာရီကို နူတ်ဆက်ကာထွက်သွားတော့သည်။
ဒန်နာရီဟာ လည်ပင်းမှာဆွဲထားတဲ့ဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်၊
"နောက်နှစ်နှစ်နေရင် ကိုကိုနဲ့ပြန်ဆုံချင်တယ်..."
-*-*-*-*-*-*-*-*-*-*-*
Chapter -53မျှော်