Devil Venerable Also Wants To...

By m_velvetblue

63.4K 7.7K 644

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း

1.2K 194 29
By m_velvetblue

"ကောင်းပြီလေ ရှင်းပြစမ်းပါဦး။"

ချွမ်းယွမ်ဂိုဏ်းအဓိကခန်းမဆောင်ထဲရှိ
အမြင့်ဆုံးထိုင်ခုံ၌
လက်မောင်းတစ်ဖက်သာရှိသည့်
အနက်ရောင်ဝတ်စုံဝတ်အမျိုးသားတစ်ဦး
ထိုင်နေသည်။သူ့လက်ဝဲဘက်၌
သူ့အစောင့်အရှောက်ဟာ
ဓားတစ်ချောင်းကိုင်စွဲရင်း ရပ်နေသည်။
သူ့ရှေ့၌ များပြားလှသောလူများစွာ
အတန်းလိုက်ဒူးထောက်နေကြသည်။
အရှေ့ဆုံးတန်းတွင် ခန်းမဆောင်
သခင်လေးဦးနှင့်ကာကွယ်သူ
တစ်ယောက်ရှိသည်။သူတို့နောက်တွင်မူ
၎င်းတို့၏လက်အောက်ငယ်သားများ
ဒူးထောက်လျက်ရှိကြသည်။
ခန်းမဆောင်သခင်လေးဦးနှင့်
ကာကွယ်သူတို့ဟာ တစ်ဦးနှင့်
တစ်ဦးအကွာအဝေးတစ်ခုခြားထားကာ
ဒူးထောက်ကြသည့်အတွက်
သူ့အတန်းနှင့်သူဖြစ်နေ၏။

အနက်ရောင်ဝတ်ယောကျာ်း၏
အမိန့်ကိုကြားပြီးနောက်
ငါးယောက်စလုံးတုန်လှုပ်သွားကြ၏။
မည်သူမှ စပြီးစကားမပြောရဲပေ။

"ဒီအရှင်မင်းတို့ကို ဒေါသမထွက်ဘူး။"
ဟုကျန်ရှိနေသည့်လက်တစ်ဖက်ကို
ထိုင်ခုံလက်ရန်းပေါ်တင်ထားရင်း
ပျင်းရိပျင်းတွဲကြည့်ကာ ဝမ်ရန်အယ်
ပြောလိုက်သည်။အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်ဖြင့်
"ဒီအရှင် သိချင်ရုံပဲ။မဟာယနာ
အဆင့်ခုနစ်ကျင့်ကြံသူနှစ်ယောက်နဲ့
ဟင်းလင်းပြင်လေဟာနယ်
နောက်ဆုံးအဆင့်ကျင့်ကြံသူနှစ်ယောက်က
သာမန်မဟာယနာအဆင့်ငါး
ဂိုဏ်းကာကွယ်သူတစ်ယောက်
လက်အောက်မှာ ဘယ်လို
ရှုံးနိမ့်သွားရသလဲဆိုတာကို။"

မည်သူမျှ စကားမပြောရဲသေးတာကို
တွေ့ရသည့်အတွက် ဝမ်ရန်အယ်
စကားဆက်ပြောလိုက်သည်။
"နှစ်တစ်ရာတောင်ကျော်သွားပြီ။
ဒီအရှင့်အကြောင်းမင်းတို့သိကြရောပေါ့။
ငါ့လက်အောက်ငယ်သားတွေ ငါ့အပေါ်
သစ္စာမရှိတာကို ငါဂရုမစိုက်ဘူး။"
ချွမ်းယွမ်ဂိုဏ်းက နတ်ဆိုးဂိုဏ်း။
ငါတို့ဂိုဏ်းမှာ ကြိုက်ရာလမ်းကို
ကျင့်ကြံလို့ရတယ်။စိတ်ကြိုက်
လွတ်လပ်ခွင့်ပေးထားတယ်။
မင်းတို့ ဂူပိုးကောင်တွေ၊
ညှို့ငင်တဲ့အတတ်တွေ၊
တစ္ဆေတွေ၊လိပ်ခွံတွေကိုပဲ လေ့ကျင့်ကျင့်၊ အာဏာနောက်ပဲလိုက်လိုက်
ငါဂရုမစိုက်ဘူး။ဒီဂိုဏ်းမှာ မင်းတို့
ရည်မှန်းချက်‌မြင့်မြင့်ထားလို့ရတယ်။
အသုံးမကျတာမျိုးကိုတော့
ဒီဂိုဏ်းမှာ လက်မခံဘူး။

ထိုစကားကြားပြီးနောက် ရှူယန်ယန်
ခေါင်းကိုဆတ်ကနဲမော့ပစ်လိုက်သည်။
ဒူးထောက်ဆဲ‌ဖြစ်သော်ငြား ယခင်ကထက်
ခါးဖြောင့်တန်းသွားသည်။‌
ပြောရမည်ဆိုလျှင် ဤအရှုပ်အထွေးများကြား၌ အခြားသူများထက် ‌သူက
ပိုသာသည်။သူ့ဘေးမှာ
ဒူးထောက်နေသည့် လူလေးဦးထက်
သူဟာအရည်အချင်း အများကြီးပိုရှိသည်။

သူခါးဖြောင့်မတ်သွားသည်ကို
ဝမ်ရန်အယ်တွေ့သောအခါ
"ကာကွယ်သူရှူ မင်းမှာ
ပြောစရာတစ်ခုခုရှိနေပုံပဲ။"

"အရှင်"ရှူယန်ယန် ရှင်းရှင်းလင်းလင်းနှင့်
အသံကျယ်ကျယ်ပြောလိုက်သည်။
"အစထဲက ဒါကိုကျွန်မအပြစ်လို့
ပြောလို့မရပါဘူး။ကျွန်မမှာ
ခန်းမဆောင်သခင် အချင်းချင်း
တိုက်ခိုက်နေကြတာကို တားဆီးဖို့
ဆန္ဒပဲရှိတာပါ။အရှင်ဒီမှာမရှိနေတဲ့အချိန် ကာကွယ်သူတွေဟာအရှင့်ကိုယ်စား
ဂိုဏ်းချုပ်ရာထူးကိုယာယီယူရမယ်လို့
အရှင်ပဲပြောခဲ့တာလေ။ခန်းမဆောင်သခင်အချင်းချင်းတိုက်ခိုက်နေကြတာကို
တွေ့တော့ ကျွန်မဘယ်လောက်တောင်
စိတ်ပျက်သွားမလဲဆိုတာ
အရှင်စဉ်းစားကြည့်ပါဦး။ကျွန်မသူတို့ကို
တားရတာပေါ့။ခန်းမဆောင်သခင်ယွမ်နဲ့
သခင်ရှီကို ကျွန်မအခန်းထဲထည့်ခိုင်းတာကတော့ အရှင်ကျွန်မအကြောင်းသိတာပဲ။
ဘာဖြစ်လို့ ကျွန်မအတွက်ကျွန်မ
အပိုဆု မယူရမှာလဲ။"

ဝမ်ရန်အယ် ကျေနပ်စွာ
ခေါင်းညိတ်လိုက်ပြီး ယင်ဟန်ကျန်းအား
"ငါပြောတယ်မလား။ချွမ်းယွမ်ဂိုဏ်းကိုတိုက်ရိုက်ကြီးဝင်သွားရင်
ကာကွယ်သူရှူ ချက်ချင်းအညံ့ခံမှာလို့။
အဲ့လိုဆို အခုလိုပွဲကောင်းကောင်း
ကြည့်ရတော့မှာမဟုတ်ဘူး။"
ဟုပြောလိုက်သည်။

ယင်ဟန်ကျန်း ဝမ်ရန်အယ်၏
ယခုလိုပုံစံအားတစ်ခါမှ မမြင်ဖူးသဖြင့်
စိတ်ထဲကျိတ်ပြုံးမိလိုက်သည်။
ထို့နောက် ခံစားချက်ကင်းမဲ့သော
မျက်နှာဖြင့် "အရှင်ပြောတာ မှန်ပါတယ်။"

ထိုစကားတွေကိုကြားပြီးနောက်
ရှူယန်ယန်အနေရခက်သွားပြီး
စကားလမ်းကြောင်းပြောင်းဖို့
ကြိုးစားတော့သည်။"
"အဲ့အကြောင်းဆိုရင် သခင်ယွမ်ကို
မေးသင့်တယ်။သူသာ သခင်ရှီကို
ခန်းမဆောင်သခင်သစ်ဖြစ်အောင်
ကူညီပေး၊နှစ်ယောက်ပူးပေါင်းပြီး
သခင်မြောင်ကို မတိုက်ခိုက်ခဲ့ရင်
ကျွန်မလိုမဟာယနာကိုအခုမှရောက်ပြီး
ညှို့ငင်တဲ့အတတ် ဆွဲဆောင်တဲ့အတတ်
အချို့တလေကိုသာတတ်တဲ့
သာမန်စွမ်းရည်ပိုင်ရှင်တစ်ယောက်က ဘယ်လိုလုပ်သူတို့လေးယောက်ကို
အနိုင်ယူနိုင်မှာလဲ။"

"ရှူယန်ယန် မင်းပါးစပ်က ပေါက်ကရတွေပြောနေတာကိုရပ်စမ်း။"
ခန်းမဆောင်သခင်ယွမ် ဒေါသ
ပေါက်ကွဲသွားသည်။ကြမ်းပြင်ကို
လက်သီးဖြင့်ထိုးလိုက်ပြီး
"ငါက ခန်းမဆောင်သခင်ရှီကို
ကူညီတယ်ဟုတ်လား။ဘယ်သူကမှ
သူ့ကိုတကယ်ကူညီတာလဲဆိုတာကို
မင်းဆက်ပြောလေ။ငါမျက်လုံးကန်းနေတာဖြစ်မယ်။နောက်ကျောဓားထိုးတတ်တဲ့
လှတပတကောင်နဲ့ အလုပ်တွဲလုပ်မိတယ်လို့။
အခွင့်အရေးရရင် ငါသူ့ကိုသေအောင်
လုပ်ပစ်မယ်။"

ခန်းမဆောင်သခင်ရှီအသွင်အပြင်ဟာ
ဖြူဖျော့နေပြီး နေမကောင်းပုံပေါက်နေသည့်
ပညာရှိကျောင်းသားတစ်ယောက်
ပုံစံဖြစ်သည်။ခန်းမဆောင်သခင်ယွမ်
စကားကိုကြားပြီးနောက် ပါးစပ်ကို
လက်ဖြင့်အုပ်လိုက်ပြီး ချောင်း
တဟွတ်ဟွတ်ဆိုး‌လိုက်သည်။
ချောင်းဆိုးပြီးနောက် အားနည်းစွာ
"ခန်းမဆောင်သခင်ယွမ်
နောက်ကျောဓားထိုးတယ်လို့ပြောတာကို
လက်မခံနိုင်ပါဘူး။အစကတည်းက
မင်းနဲ့တွဲလုပ်ဖို့ စိတ်ကူးငါ့မှာမရှိဘူး။
မင်းကသာ ငါ့ဆီပြေးလာပြီး
ခန်းမဆောင်သခင်မြောင်ကို
သင်ခန်းစာပေးဖို့လိုကြောင်း
တတွတ်တွတ်ပြောတာလေ။
သူ့ဂူပိုးကောင်တွေ အားနည်းသွားအောင်
လုပ်ဖို့ ငါ့ဆီက နာမကျန်းဖြစ်စေတဲ့ချီ
ငှားပေးစေလိုကြောင်း ပြောတာလေ။
အဲ့လိုအခြေအနေနဲ့ကြုံရတော့
အရှင့်နန်းဆောင်ကိုကွပ်ကဲရတဲ့
ခန်းမဆောင်သခင်ယွမ်းနဲ့
ငါတိုင်ပင်မိတာပေါ့။"

ခန်းမဆောင်သခင်ရှီစကားပြောပြီးနောက်
ခန်းမဆောင်သခင်မြောင်ဟာ
အသံတိုးညှင်းညှင်းဖြင့်
"နောက်ဆုံးမှာ မင်း
ခန်းမဆောင်သခင်ယွမ်
အစီအစဉ်အတိုင်းလုပ်ခဲ့တာပဲမလား။
ငါ့ရဲ့ပိုးကောင်တွေအကုန်
နေမကောင်းဖြစ်အောင်
မင်းလုပ်ခဲ့တာကြောင့်
ခန်းမဆောင်သခင်ယွမ် တူနဲ့
အချက်တစ်ထောင်ကျော်လောက်
ထုတာကို ငါခံလိုက်ရတယ်။"

ခန်းမဆောင်သခင်ရှီချောင်းတဟွတ်ဟွတ်ဆိုးသည်မှာ မျက်နှာမှာအနီရောင်
တစွန်းတစပေါ်လာသည်အထိပင်။
အသံတိုးတိုးဖြင့် "ခန်းမဆောင်သခင်ယွမ်
လည်းနေမကောင်းဖြစ်သွားတာပဲလေ။
ငါက ခန်းမဆောင်သခင်ယွမ်းရဲ့
အစီအစဉ်ကိုလိုက်လုပ်ရုံပါပဲ။
မင်းတို့နှစ်ယောက် ဂိုဏ်းရဲ့ညီညွတ်မှုကို
ဖျက်စီးနေတာကိုတားဖို့
ခေါင်းခဏလောက်အေးသွားအောင်
လုပ်ရမယ်လို့ သူပြောခဲ့တာ။"

ဝတုတ်တုတ်ခန်းမဆောင်သခင်ယွမ်း
ဤနေရာအရောက်၌ မျက်လုံးမှေးရင်း
ဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ ခန်းမဆောင်သခင်ရှီ
ငါအဲ့လိုလုပ်ခိုင်းတာကို မင်းသူတို့ကို
သွားပြောလို့မရဘူးလေ။ပြီးတော့
ခန်းမဆောင်သခင်မြောင်ရဲ့
ဂူ‌ပိုးကောင် ငါ့ကိုမကိုက်နိုင်အောင်လည်း
မင်းတားပေးရမှာလေ။"

"ငါ့ပိုးကောင်တွေ မင်းကိုကိုက်တော့
ဘာဖြစ်လဲ။"ဟုခန်းမဆောင်သခင်မြောင်
ပြောလိုက်သည်။"အရူးတစ်ကောင်
ငါ့ကိုတူနဲ့အချက်တစ်‌ထောင်ကျော်
ထုထားလို့ ငါဝိဉာဉ်စွမ်းအင်တွေ
အားနည်းနေလို့ပေါ့။မဟုတ်ရင်
မင်းရဲ့အဆီအပြည့်ခန္ဓာကိုယ်မှာ
ပိုးကောင်သိုက်တစ်ခု မွေးမှာ။
မင်းမှာရှိတဲ့ ဝိဉာဉ်စွမ်းအင်နဲ့ဆိုရင်
ဂူဘုရင်တောင်‌ပေါ်လာလောက်တယ်။"

"ခန်းမဆောင်သခင်ယွမ်း မင်း
မင်းရဲ့စွမ်းရည်တွေသုံးပြီး
ငါ့ကို နေမကောင်းဖြစ်အောင်
အတင်းဖိအား‌ပေးလုပ်ခိုင်းတာကကော။"
ဟုခန်းမဆောင်သခင်ရှီ မေးလိုက်သည်။
"မင်းကမှ ငါ့ကိုခန်းမဆောင်သခင်နေရာ
ရောက်အောင် တိတ်တဆိတ်
ကူညီပေးတာလေ။ဝမ်ရန်အယ်
သေသွားပြီဖြစ်တဲ့အတွက်
မင်းဂိုဏ်းချုပ်ဖြစ်လာရင်
ငါ့ကို ကာကွယ်သူရာထူးပေးမယ်ဆိုတဲ့
သဘောတူညီချက်တစ်ခုလည်း
ငါတို့ကြားမှာ ရှိတယ်။မင်း ငါ့ရဲ့ဝိဉာဉ်
တစ်စိတ်တစ်ပိုင်းကိုလည်း ခိုးထားပြီး
ကမ္ပည်းပြားပေါ်မှာ ထားထားတယ်။
အဲ့ကမ္ပည်းပြားကို
ချိုးပစ်လိုက်လိုက်တာနဲ့ ငါ့ဝိဉာဉ်
ထိခိုက်သွားပြီး ဘယ်တော့မှ
ငါမဟာယနာအဆင့်ကို
မရောက်နိုင်တော့ဘူးလို့လည်းပြောတယ်။
အဲ့ကမ္ပည်းပြားကိုပြန်ယူဖို့
ငါခန်းမဆောင်သခင်မြောင်နဲ့
ပူးပေါင်းလိုက်တာလေ။အဲ့ဒါက
ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်ပဲ။"

"အရှင် တွေ့တယ်မလား။"
ရှူယန်ယန်ပြောလိုက်သည်။
"လုံးဝကျွန်မအပြစ်မဟုတ်ဘူး။"
ဟုအခြားလေးယောက်အား
ကျောက်စိမ်းလိုလက်ချောင်းလေးဖြင့်
လက်ညှိုးညွှန်လိုက်ရင်း
အပြစ်ကင်းစင်သောမျက်နှာထားဖြင့်
ရှူယန်ယန်ပြောဆိုလိုက်သည်။
"ကျွန်မရောက်သွားတဲ့အချိန်မှာ
ခန်းမဆောင်သခင်မြောင်က
ပန်ကိတ်တစ်ခုလို အထုခံထားရပါတယ်။
ခန်းမဆောင်သခင်ရှီက
ခန်းမဆောင်သခင်ယွမ်းရဲ့ ဝိဉာဉ်ကို
သန့်စင်နိုင်အောင် လုယူဖို့
ကြိုးစားနေပါတယ်။
ခန်းမဆောင်သခင်ယွမ်ကျတော့
သူ့လိပ်ခွံကိုဖက်ထားရင်း
ခန်းမဆောင်သခင်ရှီကို သွေးတွေ
အန်ရင်းဆဲဆိုရိုက်နှက်နေပါတယ်။
ယာယီဂိုဏ်းချုပ်အနေနဲ့
အဓိကခန်းမဆောင်မှာ သူတို့ကို
အဲ့လိုလုပ်ခွင့်မပြုနိုင်ဘူးလေ။
သူတို့ကို ညီတူညီမျှအပြစ်ပေးပြီး
စည်းကမ်းကျအောင် လုပ်ပေး
ရတော့တာပေါ့။"

ဝမ်ရန်အယ်ခေါင်းတဖြည်းဖြည်း
ညိတ်လိုက်သည်။"အင်း ကာကွယ်သူရှူရဲ့
စကားတွေက အကျိုးအကြောင်းသင့်တယ်။
ဒါပေမဲ့ ဒီအရှင့်အခန်းထဲက
မီတာတစ်ရာလောက်ရှည်တဲ့အိပ်ယာကို
ဖယ်ပေးပြီးမီးရှို့ပစ်ဖို့ ကာကွယ်သူရှူကို
တောင်းဆိုရမှာပဲ။ဒီအရှင့်အတွက်
အဲ့လောက်ကြီးတဲ့ အိပ်ယာမလိုဘူး။"

ရှူယန်ယန်၏ မျက်နှာတောင့်တင်း
သွားသည်။ဖြောင့်မတ်နေသော
ခါးကိုင်းသွား၏။ကြောက်ရွံ့မှုအပြည့်ဖြင့်
"အရှင် အဲ့တာကနှစ်တစ်ထောင်
နှင်းကျောက်စိမ်းကုတင်ပါ။အဲ့ကုတင်
လုပ်ဖို့ လိုတဲ့ကုန်ကြမ်းတွေကို ကျွန်မ
ဆယ်စုနှစ်အများကြီးရှာခဲ့ရတာပါ။
ကျွန်မ... ကျွန်မ မီးမရှို့ပစ်နိုင်ပါဘူး။"

"အဲ့တာဆိုလည်း ဖျက်စီးလိုက်။"
ဝမ်ရန်အယ် အရေးမစိုက်စွာ
အမိန့်ပေးလိုက်သည်။"မင်းကိုယ်တိုင်
ဖျက်စီးရမယ်။ဒီအရှင်ရှေ့မှာပဲ
အပိုင်းအစတစ်ခုချင်းစီကိုပစ်ရမယ်။"
"နားလည်ပါပြီ။"ရှူယန်ယန်
ဘာမှထပ်မပြောရဲတော့ပေ။
သူ့ခြေထောက်နား၌ပြတ်သွားသော
သူ့လက်မောင်းရှိနေသေးသည်။
ပြန်ဆက်ဖို့သတ္တိ သူ့၌မရှိသေးပေ။

အရှင် တစ်ယောက်ချင်းစီကို
အပြစ်ပေးတော့မှာကိုကြည့်ပြီး
ကျန်ခန်းမဆောင်သခင်လေးယောက်
ပါးစပ်ပိတ်သွားသည်။
တစ်ယောက်နှင့်တစ်ယောက်
ပြိုင်မငြင်းရဲကြတော့ပေ။
ဝမ်ရန်အယ်ပေးမည့် အပြစ်ကိုသာ
နာနာခံခံဖြင့်စောင့်နေကြ၏။

"ကာကွယ်သူယင် ဘာတွေကများ
သူတို့အပြစ်တွေဖြစ်မလဲ။"
ဟုယင်ဟန်ကျန်းဘက် ဝမ်ရန်အယ်
လှည့်မေးလိုက်သည်။

ဒဏ်ရာရနေသည့် ဂိုဏ်းချုပ်ကိုမရှာဘဲ
အာဏာလုဖို့ကြိုးစားနေသည်ကို
စသိကတည်းက ယင်ဟန်ကျန်း
ဒေါသထွက်နေတာပင်။ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် "လက်ယာကာကွယ်သူ
ရှူယန်ယန်ဟာ လွန်လွန်ကျူးကျူး
စိတ်ကြီးဝင်နေတယ်။ဂိုဏ်းချုပ်နေတဲ့
အဆောင်ကိုယူပြီး ဂိုဏ်းချုပ်လို
ပြုမူတယ်။သူကျင့်ကြံနေထိုင်ရာ
အဆောင်ကို အဆင့်မြှင့်သင့်ပါတယ်။
သူ့ရဲ့ လက်အောက်ငယ်သားအကုန်လုံးကို
ဖယ်ထုတ်ပစ်ပြီး သူ့ပါးစပ်ကို
ချိပ်ပိတ်ထားသင့်ပါတယ်။နှစ်တစ်ရာကြာ
ခြိုးခြံချွေတာတဲ့အကျင့်ကို
ကျင့်သုံးခိုင်းသင့်ပါတယ်။"

"အရမ်းပြင်းထန်လွန်းပါတယ်။"
ရှူယန်ယန်ငိုကြွေးလိုက်ရင်း
ခေါင်းမော့ကြည့်လိုက်သောအခါ
ယင်ဟန်ကျန်းဟာ ယခင်ကနှင့်မတူဘဲ အနည်းငယ်ပြောင်းလဲသွားပုံပင်။

သူ့ကိုလျစ်လျူရှူပြီး ယင်ဟန်ကျန်း
ဆက်ပြောသည်။
"ခန်းမဆောင်သခင်တွေကျတော့
အရှင်ပြောသလိုပဲ သူတို့ရဲ့
အကြီးမားဆုံးအပြစ်က
အမိန့်နာခံမှုမရှိတာမဟုတ်ဘဲ
အသုံးမကျတာပါ။သူတို့အချင်းချင်းပဲအာရုံစိုက်နေတဲ့အတွက်
ကာကွယ်သူရှူက တစ်ချက်တည်း
အနိုင်ယူသွားနိုင်တာပါ။သူတို့ယူထားတဲ့
ရာထူးနဲ့ သူတို့အရည်အချင်းက
မကိုက်ညီပါဘူး။ဒါပေမဲ့ သခင်ယွမ်တစ်ယောက်တည်း သခင်မြောင်နဲ့
သခင်ရှီတို့ကိုရင်ဆိုင်ခဲ့တာကိုတော့
ချီးကျူးသင့်ပါတယ်။ဒါကြောင့်
သူ့ကို လျော့ပေါ့ပြီး
အပြစ်ပေးသင့်ပါတယ်။"

ဝမ်ရန်အယ် အနည်းငယ်အံ့ဩသွားသည်။
ယင်ဟန်ကျန်းကို ကြည့်လိုက်ရင်း
"ငါကလွဲပြီး အခြားသူတွေ‌ကို
မင်းဂရုမစိုက်ဘူးလို့ထင်ထားတာ။
မင်းနဲ့ ခန်းမဆောင်သခင်ယွမ်
ရင်းနှီးပုံပဲ။"ဟုပြောလိုက်၏။

ယင်ဟန်ကျန်း ဘာမှပြန်မဖြေချေ။
သူနှင့်ခန်းမဆောင်သခင်ယွမ်
မရင်းနှီးပေ။ဂိုဏ်းပေါင်းစုံစစ်ပွဲ၌
အတူတူတိုက်ခိုက်ခဲ့ခြင်းသာရှိသည်။

"ကောင်းပြီ လက်ဝဲကာကွယ်သူယင်
ပြောသလိုပဲ။"ဟုခုံလက်ရန်းပေါ်
တင်ထားသည့် လက်‌ချောင်းများကို
တတောက်တောက်ခေါက်ရင်း
ဝမ်ရန်အယ်အမိန့်ထုတ်လိုက်သည်။

ရှူယန်ယန်ပါးစပ်သည်
အသုံးဝင်သေးသောကြောင့်
ချိတ်ပိတ်ပစ်ဖို့မလိုပေ။
သို့သော်ငြား သူ့အိပ်ယာတွေကို
ကိုယ်တိုင်ဖျက်စီးခိုင်းပြီး
သူ့နန်းတော်မှ ခမ်းနားကြီးကျယ်လှသည့်
အခန်းအားလုံးကို ကိုယ်တိုင်မီးရှို့
ခိုင်းလိုက်သည်။သူ့လက်အောက်ငယ်သားအားလုံးကိုလည်း အဓိကခန်းမဆောင်၌
လက်တိုလက်တောင်းလုပ်ရန်
တာဝန်ပေးလိုက်သည်။ခန်းမဆောင်
သခင်မြောင်ကို ထိုသူတစ်ယောက်ချင်းစီ၏
ခန္ဓာကိုယ်ထဲသို့ဂူပိုးကောင်များ
ထည့်ခိုင်းထားသည်။ရှူယန်ယန်ကြောင့်
ဆန္ဒတစ်စုံတစ်ရာဖြစ်ပေါ်လာပါက
ခန်းမဆောင်သခင်မြောင် တန်းသိမှာပင်။

ခန်းမဆောင်သခင်လေးယောက်အတွက်မူ
အရည်အချင်းမပြည့်မှီသူအချင်းချင်း
တစ်ယောက်နှင့်တစ်ယောက်
အပြစ်ပေးခိုင်းသင့်သည်
ဟုဝမ်ရန်အယ်ဆုံးဖြတ်လိုက်သည်။
ရလဒ်တွေကိုနောက်မှသူ့ကိုအစီရင်ခံဖို့
ပြောလိုက်၏။ခန်းမဆောင်သခင်ယွမ်ကို
အပြစ်လျော့ပေးဖို့ယင်ဟန်ကျန်း
တောင်းဆိုထားသောကြောင့်
ဤအကြိမ်တွင်တော့ လွှတ်ပေးလိုက်မည်။

ခန်းမဆောင်သခင်သုံးယောက်
ဂူပိုးကောင်တွေ၊နာမကျန်းချီတွေ
အစရှိသဖြင့် တစ်ယောက်ပေါ်တစ်ယောက်
အပြစ်ပေးနေတာကိုကြည့်ရင်း
ဝမ်ရန်အယ်ပျင်းလာသဖြင့်
ယင်ဟန်ကျန်းနှင့်အတူ သူအဆောင်သို့
ပြန်သွားတော့သည်။

ရှူယန်ယန်ဟာ မျက်ရည်စက်လက်ဖြင့်
အိပ်ယာကိုဖျက်စီးပစ်နေပြီး
အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို
လူသာမန်ကမ္ဘာသို့ပို့ဆောင်လိုက်သည်။
ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ
အရည်အသွေးမြင့်ကျောက်စိမ်းတွင်း
တစ်တွင်းဖြစ်တည်သွားမှာသေချာ၏။
သူကျိန်ရဲသည်။ဤအိပ်ယာကို
ယခုလေးတင် ရွှေ့ထားတာပင်။
ထိုအိပ်ယာပေါ် ဘာဆိုဘာမှ
မလုပ်ရသေး။

သူ့မျက်နှာပေါ်၌ နောင်တရမှုအပြည့်ပင်။
ဝမ်ရန်အယ်ပြန်မလာခင်
ထိုအိပ်ယာပေါ်၌ အပြည့်အဝ
သာယာကြည်နူးဖို့အခွင့်အရေးရတုန်း
သူယူခဲ့သင့်သည်။

‌ဝင်ရောက်လိုက်သည်နှင့် ထိုအိပ်ယာဆီမှ
ရှူယန်ယန်၏ မွှန်ထွန်နေသောရေမွှေးနံ့
ယင်ဟန်ကျန်းဆီသို့ တန်း‌ရောက်လာသည်။
မျက်မှောင်ကြုတ်လိုက်ပြီး
ဓားဆွဲထုတ်လိုက်သည်။
ဓားဆွဲထုတ်လိုက်သည့်အခါ
ပေါ်ထွက်လာသည့် အရှိန်အဝါဟာ
အခန်းတစ်ခန်းလုံးအတွင်း
ဖြတ်သန်းသွားသဖြင့်
ထိုအနံ့ပျောက်ကွယ်သွားသည်။

"ဒုက္ခမခံနဲ့။ငါရှူယန်ယန်ကို
ပြန်ပြင်ခိုင်းလိုက်မယ်။"

"သူ့ကိုမလုပ်ခိုင်းနဲ့။"ယင်ဟန်ကျန်း
ဒေါသထွက်ထွက်ဖြင့်ပြောလိုက်သည်။
"ကျွန်တော်ပဲလုပ်မယ်။"

မလုပ်နဲ့ဟုတားဆီးမည့်အစား
ဝမ်ရန်အယ်ဟာ ခန်းမဆောင်သခင်ယွမ်
အကြောင်း မေးမြန်းလိုက်သည်။

ယင်ဟန်ကျန်းတစ်လုံးမကျန်
ပြန်ပြောပြလိုက်သည်။ခန်းမဆောင်
သခင်ယွမ်သူ့ကိုဆဲဆိုခဲ့သည်များကိုလည်း
တစ်ခွန်းမျှမချန်လှပ်ပေ။ဝမ်ရန်အယ်
မျက်ခုံးပင့်မိသွားသည်။"အိုး
ခန်းမဆောင်သခင်ယွမ်မှာ အဲ့လို
အကြိုက်တွေရှိတာလား။ငါတို့သူ့ကို
စိတ်ကျေနပ်မှုရအောင် လုပ်ပေးသင့်တယ်။"

"သူစိတ်ကျေနပ်အောင် လုပ်ပေးမယ်။"
ယင်ဟန်ကျန်းလန့်သွားသောကြောင့်
အသံကျယ်သွားသည်။သူစိတ်ကျေနပ်
သွားအောင် ဘယ်လိုလုပ်မှာလဲ။

အံ့ဩနေသည့်ယင်ဟန်ကျန်းကို
တွေ့သောအခါ ဝမ်ရန်အယ်
မြန်မြန်ပြန်ပြောလိုက်သည်။
"အဖွားအရွယ်တွေကို
သူလုပ်ချင်တာမလား။ချိုးဟုန်ရွှယ်ရဲ့
တစ္ဆေကျင့်ကြံသူတွေထဲက
လောက်အပြည့်အလောင်းတစ်လောင်း
ရွေး‌ပေးပြီး သူဘယ်လောက်တောင်
သဘောကျမလဲဆိုတာကြည့်မလို့။"

ထိုစကားကြားပြီးနောက် ယင်ဟန်ကျန်း
စိတ်သက်သာရာရသွားသည်။
"ခန်းမဆောင်သခင်ယွမ်က
ဆဲဆိုတာကို အကျင့်ပါနေရုံပါပဲ။
ဘာရည်ရွယ်ချက်မှမပါပါဘူး။"
ဟု‌တိုးညှင်းစွာပြောလိုက်၏။

"ဒီအရှင်ကလည်း သူ့ကိုနည်းနည်း
ခြောက်မလို့ပါပဲ။"ဟုဝမ်ရန်အယ်
ပြောလိုက်သည်။"ငါမရှိရင်
ကာကွယ်သူတွေက ငါ့အစား
ဂိုဏ်းချုပ်တာဝန်ယူရမယ်ဆိုတဲ့အမိန့်က
မင်းကိုရည်ညွှန်းတာ။ဂိုဏ်းပေါင်းစုံစစ်ပွဲမှာ
မင်းက ငါ့ကိုကယ်ခဲ့ရုံသာမက
စစ်ပွဲတစ်ခုလုံးရဲ့ရလဒ်ကိုပါ ပြောင်းခဲ့တာ။
ယွမ်ဝေ့ရီမှာ မင်းကိုကူညီပေးရမဲ့
တာဝန်ရှိတယ်။သူ့ကိုကျေးဇူးတင်နေဖို့
မလိုဘူး။လူ‌တိုင်းကို သူပြောချင်သလို
ပြောလို့မရဘူး။ဆဲဆိုချင်သလို
ဆဲဆိုလို့မရဘူးဆိုတာကို
သူ့ကိုကွဲကွဲပြားပြား သိသွားစေချင်လို့။"

သူ့အတွက်ဝမ်ရန်အယ်
လုပ်ပေးနေတာဖြစ်ကြောင်း
သိသွားသောအခါ ယင်ဟန်ကျန်း
နှလုံးသားထဲ၌ နွေးထွေးမှုစီးကြောင်းတစ်ခု ပေါ်လာ၏။ဝမ်ရန်အယ်နောက်ရပ်ရင်း
သူ့အစားဝမ်ရန်အယ် လက်စားချေ
ပေးနေတာကိုကြည့်နေလိုက်သည်။

ချိုးဟုန်ရွှယ်၏ တစ္ဆေကျင့်ကြံသူများဟာ
လက်ရှိခန်းမဆောင်သခင်ရှီ
လက်အောက်တွင်ရှိနေသည်။
ခန်းမဆောင်သခင်ယွမ်ကို
အပြစ်ပေးရန် တ‌စ္ဆေကျင့်ကြံသူ
ရွေးချယ်ရာ၌ သူရွေးပေးခွင့်ရတာကို
သိပြီး‌နောက် ချောင်းဆိုးရင်း
သူ့ရင်ဘတ်သူပုတ်ကာ သင့်တော်သည့်
စုံတွဲကျင့်ကြံဖော်ကို ရှာပေးမည်ဖြစ်ကြောင်းအာမခံလိုက်သည်။ရှူယန်ယန်ဆီသို့
သွားပြီးတော့တောင် စုံတွဲကျင့်ကြံခြင်းလမ်းညွှန်စာအုပ်သွားငှားသေးသည်။

ခန်းမဆောင်သခင်ယွမ်နှင့်
စုံတွဲကျင့်ကြံခွင့်ရမည်ဟူသည့်
သတင်းကြားပြီးနောက် သူ့လက်အောက်ရှိ တစ္ဆေကျင့်ကြံသူများဟာ
အမည်စာရင်းတက်တက်ကြွကြွ
ပေးလာကြသည်။တက်ကြွမှုအဆင့်
ထိပ်တန်းပင်။

ယင်ဟန်ကျန်း : ...

ခန်းမဆောင်သခင်ရှီ၏ လက်အောက်ငယ်သားများဟာ
ခန်းမဆောင်သခင်ယွမ်
ကြောက်လန့်သွားအောင်
ခြောက်လှန့်ပြီးရုံဖြင့်ထွက်သွားမှာ
မဟုတ်ဟု ယင်ဟန်ကျန်းစိတ်ထဲ
ထင်မိနေသည်။

ချွမ်းယွမ်ဂိုဏ်းသားအားလုံး
အစီအစဉ်တကျ၊အေးအေးချမ်းချမ်း
ပြန်ဖြစ်သွားပြီး လူသာမန်လောကတွင်
ပြဿနာသွားမရှာဘဲ အချင်းချင်းသာ
ပြဿနာရှာကြသည်ကို
မြင်ရသည့်အခါ ဝမ်ရန်အယ်
ကျေနပ်သွားသည်။ထို့ကြောင့်
သူ့အခန်းသို့ပြန်ရင်း စာအုပ်ဖတ်ရာတွင်
အာရုံစိုက်လိုက်သည်။

သူဖတ်သည့်စာအုပ်ဟာ
ဟုတ်တာပေါ့ 'နာကျင်ခံစားရသောအချစ်'
ဆိုသည့်စာအုပ်ပင်။သူတို့နှင့်
ပိုင်လီချင်းမြောင် လမ်းခွဲထွက်ခဲ့တာ
တစ်လကြာချေပြီ။ချိုးဟုန်ရွှယ်
မည်မျှပင်အချိန်ဆွဲဆွဲ ယခုလောက်ဆို
သူတို့ ရှန့်ချင်းဂိုဏ်းသို့
ပြန်ရောက်လောက်ပြီပင်။
ဟယ့်ဝမ်းချောင် ဘယ်လိုနေသလဲ
အခြေတည်စဝိဉာဉ်
ပြန်‌ရှိလာပြီလား မရှိသေးဘူးလား
ဆိုတာကိုသူသိချင်သည်။

ထင်သည့်အတိုင်းပင် စာအုပ်၌
ဇာတ်ကြောင်းဆက်လက်ပြီး
ပြင်သွားသည်။ပိုင်လီချင်းမြောင်
ဂိုဏ်းမှစထွက်ချိန်မှစပြီး
ဝိဉာဉ်လောက၌ ရတနာပစ္စည်း
ရှာပုံတော်ဖွင့်သည့်အချိန်အထိ
သူ့ဘက်မှအမြင်များဖြင့်ပြည့်နှက်နေ၏။
မှတ်ချက်ပြုရာစာရွက်၌ အသည်းအသန်ဆွေးနွေးနေကြသည်။မူလ
ဝတ္ထုဇာတ်ကြောင်းထက်ပင်
မှတ်ချက်ချဆွေးနွေးမှုများ
ပိုများပြားနေသည်။

[ခဏလေး ခဏလေး !
ပိုင်လီချင်းမြောင်ရဲ့စီနီယာနာမည်က..
ဘာ! ဝမ်ရန်အယ်ဟုတ်လား။
ဘယ်လိုလုပ်ပြီး ငါ့ရဲ့အမိုက်စား
အလန်းစား ဒုတိယမင်းသားက
ပိုင်လီချင်းမြောင်ရဲ့ စီနီယာ
ဖြစ်သွားရတာလဲ။]

[အမှန်အတိုင်းပြောရရင် အနက်ရောင်
ဝတ်စုံဝတ်စီနီယာပေါ်လာတုန်းက
ပိုင်လီချင်းမြောင်ကို မီးလျှံငှက်မွှေးဝတ်ရုံ
ပေးပြီး မိုင်ထောင်ချီရေခဲလွင်ပြင်ကို
သွားခိုင်းတာလေ။အသွင်အပြင်က
ဘယ်လိုဆိုတာ သေချာမပါဘူး။
အဲ့တာကြောင့် အဘိုးကြီးလို့
ငါယူဆထားတာ။]

(ဒီနေရာမှာ အော်ရယ်မိ။)
[သူက အဘိုးကြီးပဲလေ။ဝမ်ရန်အယ်
အသက်ကသုံးရာကျော်နေပြီ။
သူ့မှာမျက်နှာ ချောချောလှလှလေး
ရှိနေရုံပဲ။ကျင့်ကြံသူတွေအတွက်
အသက်ကသိပ်အရေးမပါဘူး။
ခရမ်းရင့်ရောင်စံအိမ်တော်သခင်မ
အသက်ကတစ်ထောင်ကျော်တယ်။
ဒါပေမဲ့ဟယ့်ဝမ်းချောင် သူ့ကို
လက်ထပ်တာပဲလေ။ကျင့်ကြံခြင်း
လောကမှာ နှစ်သုံးရာဆိုတာ
ငယ်ငယ်လေးပဲရှိပါသေးတယ်။
ဟုတ်ပြီလား။]

[အနက်ရောင်ဝတ်စုံဝတ်စီနီယာက
ဝမ်ရန်အယ်ဆိုရင် သူနဲ့တူတူ
ရှိနေတဲ့သူကကော။ဆီးနှင်းမီးလျှံကို
ရသွားတဲ့သူ‌လေ။သူက ဘယ်သူလဲ။
ယင်ဟန်ကျန်းလား။အိုး ဘုရားရေ
ငါ့ကိုစိတ်ဒဏ်ရာပေးတာပဲ။တစ်ယောက်ယောက်ငါ့အတွက်
မီးအိမ်ထွန်းပေးကြပါ။]

[ပြန်ပြင်ထားတဲ့အပိုင်းတွေမှာ
ပြိုကွဲတောင်ဥက္ကာခဲက ယင်ဟန်ကျန်းအတွက်ဓားလုပ်ပေးဖို့လို့ ဝမ်ရန်အယ်
ပြောတယ်‌နော်။ခဏနေပါဦး။
ပိုင်လီချင်းမြောင် ယင်ဟန်ကျန်းအတွက်
ဆီးနှင်းမီးလျှံကိုသွားယူတာမှာလည်း
ဝမ်ရန်အယ်ပဲ ကူညီပေးတာနော်။
ပြိုကွဲတောင်ဥက္ကာခဲကိုလည်း
ယင်ဟန်ကျန်းအတွက်ပဲသွားယူတာ။
ဇာတ်လိုက်ကို အဲ့တိုကင်ပေးတာကလည်း
ယင်ဟန်ကျန်းကြောင့်ပဲ။
သူငယ်ချင်းတို့ ငါကိစ္စအကြီးကြီးတစ်ခုကို
ရှာတွေ့သွားတဲ့ပုံပဲ။]

[စာရေးသူကို ဘာအကြောင်းအရာတွေ
ကများ စိတ်ကူးသစ်တွေ
ပေးစွမ်းနေတာလဲ။ပိုင်လီချင်းမြောင်နဲ့
ဝမ်ရန်အယ်ကြားက ဇာတ်ကြောင်းအားလုံး ယင်ဟန်ကျန်းဆီရောက်သွားပြီ။
ဝမ်ရန်အယ်ကိုဇာတ်လိုက်ကယ်ခဲ့တဲ့
ဇာတ်ကြောင်းကနေ အကြီးအကဲချင့်ရွှယ်
ဆိုတာကပေါ်လာတယ်။
အဲ့အကြီးအကဲရဲ့ ခေါင်းကလည်း
သိသိသာသာကို တစ်ခုခု
ချို့ယွင်းနေပုံရတယ်။]

[ချင့်ရွှယ်အကြောင်းပြောရမယ်ဆိုရင်
ငါတော့ သူ့ကိုကြိုက်တယ်။
သူကဇာတ်လိုက်ကို တစ်လျှောက်လုံး
ဂရုစိုက်ပေးပြီး ဟယ့်ဝမ်းချောင်ကိုလည်း
လုံးဝကိုစိတ်မဝင်စားဘူး။
ပိုင်လီချင်းမြောင်နားမှာ သူ့ကို
ကာကွယ်ပေးမဲ့သူတစ်ယောက်ရှိနေတော့
ဟယ့်ဝမ်းချောင်လက်ထပ်တဲ့နေ့မှာ
ပိုင်လီချင်းမြောင်ကို ဖမ်းချုပ်ထားတဲ့
ဇာတ်ဝင်ခန်းလည်း
ပြောင်းသွားလောက်တယ်မလား။]

[ဒါပေမဲ့ အဖမ်းခံရတဲ့ဇာတ်ဝင်ခန်းမှာ
သူနဲ့ကျုန်းလီချန်းတွေ့မှာလေ။
အကြီးအကဲချင့်ရွှယ်သာ
ပိုင်လီချင်းမြောင်ကို ကာကွယ်ပေးမယ်ဆိုရင်
ကျုန်းလီချန်းဘယ်လိုပုံစံနဲ့
ပေါ်လာတော့မှာလဲ။ကျွန်မရဲ့သခင်လေး
ကျုန်းလီ ရှင်ကမှကျွန်မရဲ့နံပတ်တစ်ပါ
အဟင့်]

[အိုး ငါတော့ဇာတ်ကြောင်းသစ်တွေ
ဖတ်ရဖို့မစောင့်နိုင်တော့ဘူး။
ပိုင်လီချင်းမြောင် ဂိုဏ်းကိုပြန်ရောက်ချိန်က
စပြီး စာရေးဆရာကဆက်မရေးတော့ဘူး။
ဟယ့်ဝမ်းချောင် ဂိုဏ်းတူညီမလုနဲ့
အိပ်ပြီးပြီလားဆိုတာ သိချင်တယ်။
သူအိပ်ပြီးပြီဆိုရင်တော့ အကြီးအကဲ
ချင့်ရွှယ်ဘာဆက်လုပ်မလဲဆိုတာကို
စောင့်မျှော်‌နေတယ်။]

[ငါကောပဲ အကြီးအကဲချင့်ရွှယ်
ဘာဆက်လုပ်မလဲဆိုတာကို
စောင့်မျှော်‌နေတယ် +၁၀၀၈၆။
ဟယ့်ဝမ်းချောင်ကိုသတ်ပြီး
ပြန်ဝင်စားတဲ့ဘဝမှာ အရွယ်ရောက်တဲ့အထိ
စောင့်မဲ့နည်းလမ်းမျိုးကအမိုက်စားပဲ။
ငါကတော့ အကြီးအကဲချင့်ရွှယ်
ပရိသတ်ပဲ။]

ဝတ္ထုထဲတွင် ပိုင်လီချင်းမြောင်နှင့်
ချိုးဟုန်ရွှယ် ရှန့်ချင်းဂိုဏ်းသို့
ပြန်ရောက်ရုံသာရှိသေးသည်။
ဝမ်ရန်အယ်စာအုပ်ကိုပိတ်လိုက်ပြီး
ကျုန်းလီချန်းကို ဘယ်လိုဖမ်းသင့်သလဲ
ဆိုတာ စဉ်းစားနေမိသည်။

"လက်ယာကာကွယ်သူကိုခေါ်လိုက်။
သူ့အပြစ်လျော့သွားအောင်လုပ်ဖို့
အခွင့်အရေးတစ်ခုပေးမယ်လို့
ပြောလိုက်။"

(ဝမ်ရန်အယ် အနာဂတ်ကျရင်
မီတာတစ်ရာရှည်တဲ့အိပ်ယာကို
မင်းလိုချင်မှာသေချာတယ်။)
ဒါက e tranထည့်ထားတာပါ။
ချစ်ဖို့ကောင်းလို့။

အပိုင္း၂၆။အ႐ႈပ္အေထြးမ်ားကို ႐ွင္းလင္းျခင္း

"ေကာင္းၿပီေလ ႐ွင္းျပစမ္းပါဦး။"

ခြၽမ္းယြမ္ဂိုဏ္းအဓိကခန္းမေဆာင္ထဲ႐ွိ
အျမင့္ဆုံးထိုင္ခုံ၌
လက္ေမာင္းတစ္ဖက္သာ႐ွိသည့္
အနက္ေရာင္ဝတ္စုံဝတ္အမ်ိဳးသားတစ္ဦး
ထိုင္ေနသည္။သူ႕လက္ဝဲဘက္၌
သူ႕အေစာင့္အေ႐ွာက္ဟာ
ဓားတစ္ေခ်ာင္းကိုင္စြဲရင္း ရပ္ေနသည္။
သူ႕ေ႐ွ႕၌ မ်ားျပားလွေသာလူမ်ားစြာ
အတန္းလိုက္ဒူးေထာက္ေနၾကသည္။
အေ႐ွ႕ဆုံးတန္းတြင္ ခန္းမေဆာင္
သခင္ေလးဦးႏွင့္ကာကြယ္သူ
တစ္ေယာက္႐ွိသည္။သူတို႔ေနာက္တြင္မူ
၎တို႔၏လက္ေအာက္ငယ္သားမ်ား
ဒူးေထာက္လ်က္႐ွိၾကသည္။
ခန္းမေဆာင္သခင္ေလးဦးႏွင့္
ကာကြယ္သူတို႔ဟာ တစ္ဦးႏွင့္
တစ္ဦးအကြာအေဝးတစ္ခုျခားထားကာ
ဒူးေထာက္ၾကသည့္အတြက္
သူ႕အတန္းႏွင့္သူျဖစ္ေန၏။

အနက္ေရာင္ဝတ္ေယာက်ာ္း၏
အမိန္႔ကိုၾကားၿပီးေနာက္
ငါးေယာက္စလုံးတုန္လႈပ္သြားၾက၏။
မည္သူမွ စၿပီးစကားမေျပာရဲေပ။

"ဒီအ႐ွင္မင္းတို႔ကို ေဒါသမထြက္ဘူး။"
ဟုက်န္႐ွိေနသည့္လက္တစ္ဖက္ကို
ထိုင္ခုံလက္ရန္းေပၚတင္ထားရင္း
ပ်င္းရိပ်င္းတြဲၾကည့္ကာ ဝမ္ရန္အယ္
ေျပာလိုက္သည္။ေအးေအးေဆးေဆး
တည္တည္ၿငိမ္ၿငိမ္ျဖင့္
"ဒီအ႐ွင္ သိခ်င္႐ုံပဲ။မဟာယနာ
အဆင့္ခုနစ္က်င့္ၾကံသူႏွစ္ေယာက္နဲ႔
ဟင္းလင္းျပင္ေလဟာနယ္
ေနာက္ဆုံးအဆင့္က်င့္ၾကံသူႏွစ္ေယာက္က
သာမန္မဟာယနာအဆင့္ငါး
ဂိုဏ္းကာကြယ္သူတစ္ေယာက္
လက္ေအာက္မွာ ဘယ္လို
႐ႈံးနိမ့္သြားရသလဲဆိုတာကို။"

မည္သူမွ် စကားမေျပာရဲေသးတာကို
ေတြ႕ရသည့္အတြက္ ဝမ္ရန္အယ္
စကားဆက္ေျပာလိုက္သည္။
"ႏွစ္တစ္ရာေတာင္ေက်ာ္သြားၿပီ။
ဒီအ႐ွင့္အေၾကာင္းမင္းတို႔သိၾကေရာေပါ့။
ငါ့လက္ေအာက္ငယ္သားေတြ ငါ့အေပၚ
သစၥာမ႐ွိတာကို ငါဂ႐ုမစိုက္ဘူး။"
ခြၽမ္းယြမ္ဂိုဏ္းက နတ္ဆိုးဂိုဏ္း။
ငါတို႔ဂိုဏ္းမွာ ႀကိဳက္ရာလမ္းကို
က်င့္ၾကံလို႔ရတယ္။စိတ္ႀကိဳက္
လြတ္လပ္ခြင့္ေပးထားတယ္။
မင္းတို႔ ဂူပိုးေကာင္ေတြ၊
ညိႇဳ႕ငင္တဲ့အတတ္ေတြ၊
တေစၧေတြ၊လိပ္ခြံေတြကိုပဲ ေလ့က်င့္က်င့္၊ အာဏာေနာက္ပဲလိုက္လိုက္
ငါဂ႐ုမစိုက္ဘူး။ဒီဂိုဏ္းမွာ မင္းတို႔
ရည္မွန္းခ်က္‌ျမင့္ျမင့္ထားလို႔ရတယ္။
အသုံးမက်တာမ်ိဳးကိုေတာ့
ဒီဂိုဏ္းမွာ လက္မခံဘူး။

ထိုစကားၾကားၿပီးေနာက္ ႐ွဴယန္ယန္
ေခါင္းကိုဆတ္ကနဲေမာ့ပစ္လိုက္သည္။
ဒူးေထာက္ဆဲ‌ျဖစ္ေသာ္ျငား ယခင္ကထက္
ခါးေျဖာင့္တန္းသြားသည္။‌
ေျပာရမည္ဆိုလွ်င္ ဤအ႐ႈပ္အေထြးမ်ားၾကား၌ အျခားသူမ်ားထက္ ‌သူက
ပိုသာသည္။သူ႕ေဘးမွာ
ဒူးေထာက္ေနသည့္ လူေလးဦးထက္
သူဟာအရည္အခ်င္း အမ်ားႀကီးပို႐ွိသည္။

သူခါးေျဖာင့္မတ္သြားသည္ကို
ဝမ္ရန္အယ္ေတြ႕ေသာအခါ
"ကာကြယ္သူ႐ွဴ မင္းမွာ
ေျပာစရာတစ္ခုခု႐ွိေနပုံပဲ။"

"အ႐ွင္"႐ွဴယန္ယန္ ႐ွင္း႐ွင္းလင္းလင္းႏွင့္
အသံက်ယ္က်ယ္ေျပာလိုက္သည္။
"အစထဲက ဒါကိုကြၽန္မအျပစ္လို႔
ေျပာလို႔မရပါဘူး။ကြၽန္မမွာ
ခန္းမေဆာင္သခင္ အခ်င္းခ်င္း
တိုက္ခိုက္ေနၾကတာကို တားဆီးဖို႔
ဆႏၵပဲ႐ွိတာပါ။အ႐ွင္ဒီမွာမ႐ွိေနတဲ့အခ်ိန္ ကာကြယ္သူေတြဟာအ႐ွင့္ကိုယ္စား
ဂိုဏ္းခ်ဳပ္ရာထူးကိုယာယီယူရမယ္လို႔
အ႐ွင္ပဲေျပာခဲ့တာေလ။ခန္းမေဆာင္သခင္အခ်င္းခ်င္းတိုက္ခိုက္ေနၾကတာကို
ေတြ႕ေတာ့ ကြၽန္မဘယ္ေလာက္ေတာင္
စိတ္ပ်က္သြားမလဲဆိုတာ
အ႐ွင္စဥ္းစားၾကည့္ပါဦး။ကြၽန္မသူတို႔ကို
တားရတာေပါ့။ခန္းမေဆာင္သခင္ယြမ္နဲ႔
သခင္႐ွီကို ကြၽန္မအခန္းထဲထည့္ခိုင္းတာကေတာ့ အ႐ွင္ကြၽန္မအေၾကာင္းသိတာပဲ။
ဘာျဖစ္လို႔ ကြၽန္မအတြက္ကြၽန္မ
အပိုဆု မယူရမွာလဲ။"

ဝမ္ရန္အယ္ ေက်နပ္စြာ
ေခါင္းညိတ္လိုက္ၿပီး ယင္ဟန္က်န္းအား
"ငါေျပာတယ္မလား။ခြၽမ္းယြမ္ဂိုဏ္းကိုတိုက္႐ိုက္ႀကီးဝင္သြားရင္
ကာကြယ္သူ႐ွဴ ခ်က္ခ်င္းအညံ့ခံမွာလို႔။
အဲ့လိုဆို အခုလိုပြဲေကာင္းေကာင္း
ၾကည့္ရေတာ့မွာမဟုတ္ဘူး။"
ဟုေျပာလိုက္သည္။

ယင္ဟန္က်န္း ဝမ္ရန္အယ္၏
ယခုလိုပုံစံအားတစ္ခါမွ မျမင္ဖူးသျဖင့္
စိတ္ထဲက်ိတ္ျပဳံးမိလိုက္သည္။
ထို႔ေနာက္ ခံစားခ်က္ကင္းမဲ့ေသာ
မ်က္ႏွာျဖင့္ "အ႐ွင္ေျပာတာ မွန္ပါတယ္။"

ထိုစကားေတြကိုၾကားၿပီးေနာက္
႐ွဴယန္ယန္အေနရခက္သြားၿပီး
စကားလမ္းေၾကာင္းေျပာင္းဖို႔
ႀကိဳးစားေတာ့သည္။"
"အဲ့အေၾကာင္းဆိုရင္ သခင္ယြမ္ကို
ေမးသင့္တယ္။သူသာ သခင္႐ွီကို
ခန္းမေဆာင္သခင္ျဖစ္ေအာင္
ကူညီေပး၊ႏွစ္ေယာက္ပူးေပါင္းၿပီး
သခင္ေျမာင္ကို မတိုက္ခိုက္ခဲ့ရင္
ကြၽန္မလိုမဟာယနာကိုအခုမွေရာက္ၿပီး
ညိႇဳ႕ငင္တဲ့အတတ္ ဆြဲေဆာင္တဲ့အတတ္
အခ်ိဳ႕တေလကိုသာတတ္တဲ့
သာမန္စြမ္းရည္ပိုင္႐ွင္တစ္ေယာက္က ဘယ္လိုလုပ္သူတို႔ေလးေယာက္ကို
အႏိုင္ယူႏိုင္မွာလဲ။"

"႐ွဴယန္ယန္ မင္းပါးစပ္က ေပါက္ကရေတြေျပာေနတာကိုရပ္စမ္း။"
ခန္းမေဆာင္သခင္ယြမ္ ေဒါသ
ေပါက္ကြဲသြားသည္။ၾကမ္းျပင္ကို
လက္သီးျဖင့္ထိုးလိုက္ၿပီး
"ငါက ခန္းမေဆာင္သခင္႐ွီကို
ကူညီတယ္ဟုတ္လား။ဘယ္သူကမွ
သူ႕ကိုတကယ္ကူညီတာလဲဆိုတာကို
မင္းဆက္ေျပာေလ။ငါမ်က္လုံးကန္းေနတာျဖစ္မယ္။ေနာက္ေက်ာဓားထိုးတတ္တဲ့
လွတပတေကာင္နဲ႔ အလုပ္တြဲလုပ္မိတယ္လို႔။
အခြင့္အေရးရရင္ ငါသူ႕ကိုေသေအာင္
လုပ္ပစ္မယ္။"

ခန္းမေဆာင္သခင္႐ွီအသြင္အျပင္ဟာ
ျဖဴေဖ်ာ့ေနၿပီး ေနမေကာင္းပုံေပါက္ေနသည့္
ပညာ႐ွိေက်ာင္းသားတစ္ေယာက္
ပုံစံျဖစ္သည္။ခန္းမေဆာင္သခင္ယြမ္
စကားကိုၾကားၿပီးေနာက္ ပါးစပ္ကို
လက္ျဖင့္အုပ္လိုက္ၿပီး ေခ်ာင္း
တဟြတ္ဟြတ္ဆိုး‌လိုက္သည္။
ေခ်ာင္းဆိုးၿပီးေနာက္ အားနည္းစြာ
"ခန္းမေဆာင္သခင္ယြမ္
ေနာက္ေက်ာဓားထိုးတယ္လို႔ေျပာတာကို
လက္မခံႏိုင္ပါဘူး။အစကတည္းက
မင္းနဲ႔တြဲလုပ္ဖို႔ စိတ္ကူးငါ့မွာမ႐ွိဘူး။
မင္းကသာ ငါ့ဆီေျပးလာၿပီး
ခန္းမေဆာင္သခင္ေျမာင္ကို
သင္ခန္းစာေပးဖို႔လိုေၾကာင္း
တတြတ္တြတ္ေျပာတာေလ။
သူ႕ဂူပိုးေကာင္ေတြ အားနည္းသြားေအာင္
လုပ္ဖို႔ ငါ့ဆီက နာမက်န္းျဖစ္ေစတဲ့ခ်ီ
ငွားေပးေစလိုေၾကာင္း ေျပာတာေလ။
အဲ့လိုအေျခအေနနဲ႔ၾကဳံရေတာ့
အ႐ွင့္နန္းေဆာင္ကိုကြပ္ကဲရတဲ့
ခန္းမေဆာင္သခင္ယြမ္းနဲ႔
ငါတိုင္ပင္မိတာေပါ့။"

ခန္းမေဆာင္သခင္႐ွီစကားေျပာၿပီးေနာက္
ခန္းမေဆာင္သခင္ေျမာင္ဟာ
ညင္သာေသာအသံျဖင့္ "ေနာက္ဆုံးမွာ
မင္း ခန္းမေဆာင္သခင္ယြမ္အစီအစဥ္အတိုင္းလုပ္ခဲ့တာပဲမလား။
ငါ့ရဲ႕ပိုးေကာင္ေတြအကုန္
ေနမေကာင္းျဖစ္ေအာင္
မင္းလုပ္ခဲ့တာေၾကာင့္
ခန္းမေဆာင္သခင္ယြမ္ တူနဲ႔
အခ်က္တစ္ေထာင္ေက်ာ္ေလာက္
ထုတာကို ငါခံလိုက္ရတယ္။"

ခန္းမေဆာင္သခင္႐ွီေခ်ာင္းတဟြတ္ဟြတ္ဆိုးသည္မွာ မ်က္ႏွာမွာအနီေရာင္
တစြန္းတစေပၚလာသည္အထိပင္။
အသံတိုးတိုးျဖင့္ "ခန္းမေဆာင္သခင္ယြမ္
လည္းေနမေကာင္းျဖစ္သြားတာပဲေလ။
ငါက ခန္းမေဆာင္သခင္ယြမ္းရဲ႕
အစီအစဥ္ကိုလိုက္လုပ္႐ုံပါပဲ။
မင္းတို႔ႏွစ္ေယာက္ ဂိုဏ္းရဲ႕ညီၫြတ္မႈကို
ဖ်က္စီးေနတာကိုတားဖို႔
ေခါင္းခဏေလာက္ေအးသြားေအာင္
လုပ္ရမယ္လို႔ သူေျပာခဲ့တာ။"

ဝတုတ္တုတ္ခန္းမေဆာင္သခင္ယြမ္း
ဤေနရာအေရာက္၌ မ်က္လုံးေမွးရင္း
ျဖတ္ေျပာလိုက္သည္။
"ဒါေပမဲ့ ခန္းမေဆာင္သခင္႐ွီ
ငါအဲ့လိုလုပ္ခိုင္းတာကိုမင္းသူတို႔ကို
သြားေျပာလို႔မရဘူးေလ။ၿပီးေတာ့
ခန္းမေဆာင္သခင္ေျမာင္ရဲ႕
ဂူ‌ပိုးေကာင္ ငါ့ကိုမကိုက္ႏိုင္ေအာင္လည္း
မင္းတားေပးရမွာေလ။"

"ငါ့ပိုးေကာင္ေတြ မင္းကိုကိုက္ေတာ့
ဘာျဖစ္လဲ။"ဟုခန္းမေဆာင္သခင္ေျမာင္
ေျပာလိုက္သည္။"အ႐ူးတစ္ေကာင္
ငါ့ကိုတူနဲ႔အခ်က္တစ္‌ေထာင္ေက်ာ္
ထုထားလို႔ ငါဝိဉာဥ္စြမ္းအင္ေတြ
အားနည္းေနလို႔ေပါ့။မဟုတ္ရင္
မင္းခႏၶာကိုယ္ကအဆီေတြမွာ
ပိုးေကာင္သိုက္တစ္ခု ေမြးမွာ။
မင္းမွာ႐ွိတဲ့ ဝိဉာဥ္စြမ္းအင္နဲ႔ဆိုရင္
ဂူဘုရင္ေတာင္‌ေပၚလာေလာက္တယ္။"

"ခန္းမေဆာင္သခင္ယြမ္း
မင္းရဲ႕စြမ္းရည္ေတြသုံးၿပီး
ငါ့ကိုအတင္း ေနမေကာင္းျဖစ္ေအာင္
လုပ္ခိုင္းတာကေကာ။"ဟု
ခန္းမေဆာင္သခင္႐ွီေျပာလိုက္သည္။
"မင္းကမွ ငါ့ကိုခန္းမေဆာင္သခင္ေနရာ
ေရာက္ေအာင္ တိတ္တဆိတ္
ကူညီေပးတာေလ။ဝမ္ရန္အယ္
ေသသြားၿပီျဖစ္တဲ့အတြက္
မင္းဂိုဏ္းခ်ဳပ္ျဖစ္လာရင္
ငါ့ကို ကာကြယ္သူရာထူးေပးမယ္ဆိုတဲ့
သေဘာတူညီခ်က္တစ္ခုလည္း
ငါတို႔ၾကားမွာ ႐ွိတယ္။ငါ့ဝိဉာဥ္
တစ္စိတ္တစ္ပိုင္းကို ခိုးထားၿပီး
ကမၸည္းျပားေပၚမွာ ထားထားတယ္။
မင္းအဲ့ကမၸည္းျပားကို
ခ်ိဳးပစ္လိုက္လိုက္တာနဲ႔ ငါ့ဝိဉာဥ္
ထိခိုက္သြားၿပီး ဘယ္ေတာ့မွ
မဟာယနာအဆင့္ကို
မေရာက္ႏိုင္ေတာ့ဘူးဆို။
အဲ့ကမၸည္းျပားကိုျပန္ယူဖို႔
ငါခန္းမေဆာင္သခင္ေျမာင္နဲ႔
ပူးေပါင္းလိုက္တာေလ။အဲ့ဒါက
ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔အတြက္ပဲေလ။"

"အ႐ွင္ ေတြ႕တယ္မလား။"
႐ွဴယန္ယန္ေျပာလိုက္သည္။
"လုံးဝကြၽန္မအျပစ္မဟုတ္ဘူး။"
ဟုအျခားေလးေယာက္အား
ေက်ာက္စိမ္းလိုလက္ေခ်ာင္းေလးျဖင့္
လက္ညိႇဳးၫႊန္လိုက္ရင္း
အျပစ္ကင္းစင္ေသာမ်က္ႏွာထားျဖင့္
ေျပာဆိုလိုက္သည္။
"ကြၽန္မေရာက္သြားတဲ့အခ်ိန္မွာ
ခန္းမေဆာင္သခင္ေျမာင္က
ပန္ကိတ္တစ္ခုလို အထုခံထားရပါတယ္။
ခန္းမေဆာင္သခင္႐ွီက
ခန္းမေဆာင္သခင္ယြမ္းရဲ႕ ဝိဉာဥ္ကို
သန္႔စင္ႏိုင္ေအာင္ လုယူဖို႔
ႀကိဳးစားေနပါတယ္။
ခန္းမေဆာင္သခင္ယြမ္က်ေတာ့
သူ႕လိပ္ခြံကိုဖက္ထားရင္း
ခန္းမေဆာင္သခင္႐ွီကို ေသြးေတြ
အန္ရင္းဆဲဆို႐ိုက္ႏွက္ေနပါတယ္။
ယာယီဂိုဏ္းခ်ဳပ္အေနနဲ႔
အဓိကခန္းမေဆာင္မွာ သူတို႔ကို
အဲ့လိုလုပ္ခြင့္မျပဳႏိုင္ဘူးေလ။
သူတို႔ကို ညီတူညီမွ်အျပစ္ေပးၿပီး
စည္းကမ္းက်ေအာင္ လုပ္ေပး
ရေတာ့တာေပါ့။"

ဝမ္ရန္အယ္ေခါင္းတျဖည္းျဖည္း
ညိတ္လိုက္သည္။"အင္း ကာကြယ္သူ႐ွဴရဲ႕
စကားေတြက အက်ိဳးအေၾကာင္းသင့္တယ္။
ဒါေပမဲ့ ဒီအ႐ွင့္အခန္းထဲက
မီတာတစ္ရာေလာက္႐ွည္တဲ့အိပ္ယာကို
ဖယ္ေပးၿပီးမီး႐ိႈ႕ပစ္ဖို႔ ကာကြယ္သူ႐ွဴကို
ေတာင္းဆိုရမွာပဲ။ဒီအ႐ွင့္အတြက္
အဲ့ေလာက္ႀကီးတဲ့ အိပ္ယာမလိုဘူး။"

႐ွဴယန္ယန္၏ မ်က္ႏွာေတာင့္တင္း
သြားသည္။ေျဖာင့္မတ္ေနေသာ
ခါးကိုင္းသြား၏။ေၾကာက္႐ြံ႕မႈအျပည့္ျဖင့္
"အ႐ွင္ အဲ့တာကႏွစ္တစ္ေထာင္
ႏွင္းေက်ာက္စိမ္းကုတင္ပါ။အဲ့ကုတင္
လုပ္ဖို႔ လိုတဲ့ကုန္ၾကမ္းေတြကို ကြၽန္မ
ဆယ္စုႏွစ္အမ်ားႀကီး႐ွာခဲ့ရတာပါ။
ကြၽန္မ... ကြၽန္မ မီးမ႐ိႈ႕ပစ္ႏိုင္ပါဘူး။"

"အဲ့တာဆိုလည္း ဖ်က္စီးလိုက္။"
ဝမ္ရန္အယ္ အေရးမစိုက္စြာ
အမိန္႔ေပးလိုက္သည္။"မင္းကိုယ္တိုင္
ဖ်က္စီးရမယ္။ဒီအ႐ွင္ေ႐ွ႕မွာပဲ
အပိုင္းအစတစ္ခုခ်င္းစီကိုပစ္ရမယ္။"
"နားလည္ပါၿပီ။"႐ွဴယန္ယန္
ဘာမွထပ္မေျပာရဲေတာ့ေပ။
သူ႕ေျခေထာက္နား၌ျပတ္သြားေသာ
သူ႕လက္ေမာင္း႐ွိေနေသးသည္။
ျပန္ဆက္ဖို႔သတၱိ သူ႕၌မ႐ွိေသးေပ။

အ႐ွင္ တစ္ေယာက္ခ်င္းစီကို
အျပစ္ေပးေတာ့မွာကိုၾကည့္ၿပီး
က်န္ခန္းမေဆာင္သခင္ေလးေယာက္
ပါးစပ္ပိတ္သြားသည္။
တစ္ေယာက္ႏွင့္တစ္ေယာက္
ၿပိဳင္မျငင္းရဲၾကေတာ့ေပ။
ဝမ္ရန္အယ္ေပးမည့္ အျပစ္ကိုသာ
နာနာခံခံျဖင့္ေစာင့္ေနၾက၏။

"ကာကြယ္သူယင္ ဘာေတြကမ်ား
သူတို႔အျပစ္ေတြျဖစ္မလဲ။"
ဟုယင္ဟန္က်န္းဘက္ ဝမ္ရန္အယ္
လွည့္ေမးလိုက္သည္။

ဒဏ္ရာရေနသည့္ ဂိုဏ္းခ်ဳပ္ကိုမ႐ွာဘဲ
အာဏာလုဖို႔ႀကိဳးစားေနသည္ကို
စသိကတည္းက ယင္ဟန္က်န္း
ေဒါသထြက္ေနတာပင္။ဆုံးျဖတ္ခ်က္ျပတ္သားစြာျဖင့္ "လက္ယာကာကြယ္သူ
႐ွဴယန္ယန္ဟာ လြန္လြန္က်ဴးက်ဴး
စိတ္ႀကီးဝင္ေနတယ္။ဂိုဏ္းခ်ဳပ္ေနတဲ့
အေဆာင္ကိုယူၿပီး ဂိုဏ္းခ်ဳပ္လို
ျပဳမူတယ္။သူက်င့္ၾကံေနထိုင္ရာ
အေဆာင္ကို အဆင့္ျမႇင့္သင့္ပါတယ္။
သူ႕ရဲ႕ လက္ေအာက္ငယ္သားအကုန္လုံးကို
ဖယ္ထုတ္ပစ္ၿပီး သူ႕ပါးစပ္ကို
ခ်ိပ္ပိတ္ထားသင့္ပါတယ္။ႏွစ္တစ္ရာၾကာ
ၿခိဳးျခံေခြၽတာတဲ့အက်င့္ကို
က်င့္သုံးခိုင္းသင့္ပါတယ္။"

"အရမ္းျပင္းထန္လြန္းပါတယ္။"
႐ွဴယန္ယန္ငိုေႂကြးလိုက္ရင္း
ယင္ဟန္က်န္းအား ေခါင္းေမာ့
ၾကည့္လိုက္ေသာအခါ
ယခင္ကႏွင့္မတူဘဲ အနည္းငယ္
ေျပာင္းလဲသြားပုံပင္။

သူ႕ကိုလ်စ္လ်ဴ႐ွဴၿပီး ယင္ဟန္က်န္း
ဆက္ေျပာသည္။
"ခန္းမေဆာင္သခင္ေတြက်ေတာ့
အ႐ွင္ေျပာသလိုပဲ သူတို႔ရဲ႕
အႀကီးမားဆုံးအျပစ္က
အမိန္႔နာခံမႈမ႐ွိတာမဟုတ္ဘဲ
အသုံးမက်တာပါ။သူတို႔အခ်င္းခ်င္းပဲအာ႐ုံစိုက္ေနတဲ့အတြက္
ကာကြယ္သူ႐ွဴက တစ္ခ်က္တည္း
အႏိုင္ယူသြားႏိုင္တာပါ။သူတို႔ယူထားတဲ့
ရာထူးနဲ႔ သူတို႔အရည္အခ်င္းက
မကိုက္ညီပါဘူး။ဒါေပမဲ့ သခင္ယြမ္တစ္ေယာက္တည္း သခင္ေျမာင္နဲ႔
သခင္႐ွီတို႔ကိုရင္ဆိုင္ခဲ့တာကိုေတာ့
ခ်ီးက်ဴးသင့္ပါတယ္။ဒါေၾကာင့္
သူ႕ကို ေလ်ာ့ေပါ့ၿပီး
အျပစ္ေပးသင့္ပါတယ္။"

ဝမ္ရန္အယ္ အနည္းငယ္အံ့ဩသြားသည္။
ယင္ဟန္က်န္းကို ၾကည့္လိုက္ရင္း
"ငါကလြဲၿပီး အျခားသူေတြ‌ကို
မင္းဂ႐ုမစိုက္ဘူးလို႔ထင္ထားတာ။
မင္းနဲ႔ ခန္းမေဆာင္သခင္ယြမ္
ရင္းႏွီးပုံပဲ။"ဟုေျပာလိုက္၏။

ယင္ဟန္က်န္း ဘာမွျပန္မေျဖေခ်။
သူႏွင့္ခန္းမေဆာင္သခင္ယြမ္
မရင္းႏွီးေပ။ဂိုဏ္းေပါင္းစုံစစ္ပြဲ၌
အတူတူတိုက္ခိုက္ခဲ့ျခင္းသာ႐ွိသည္။

"ေကာင္းၿပီ လက္ဝဲကာကြယ္သူယင္
ေျပာသလိုပဲ။"ဟုခုံလက္ရန္းေပၚ
တင္ထားသည့္ လက္‌ေခ်ာင္းမ်ားကို
တေတာက္ေတာက္ေခါက္ရင္း
ဝမ္ရန္အယ္အမိန္႔ထုတ္လိုက္သည္။

႐ွဴယန္ယန္ပါးစပ္သည္
အသုံးဝင္ေသးေသာေၾကာင့္
ခ်ိတ္ပိတ္ပစ္ဖို႔မလိုေပ။
သို႔ေသာ္ျငား သူ႕အိပ္ယာေတြကို
ကိုယ္တိုင္ဖ်က္စီးခိုင္းၿပီး
သူ႕နန္းေတာ္မွ ခမ္းနားႀကီးက်ယ္လွသည့္
အခန္းအားလုံးကို ကိုယ္တိုင္မီး႐ိႈ႕
ခိုင္းလိုက္သည္။သူ႕လက္ေအာက္ငယ္သားအားလုံးကိုလည္း အဓိကခန္းမေဆာင္၌
လက္တိုလက္ေတာင္းလုပ္ရန္
တာဝန္ေပးလိုက္သည္။ခန္းမေဆာင္
သခင္ေျမာင္ကို ထိုသူတစ္ေယာက္ခ်င္းစီ၏
ခႏၶာကိုယ္ထဲသို႔ဂူပိုးေကာင္မ်ား
ထည့္ခိုင္းထားသည္။႐ွဴယန္ယန္ေၾကာင့္
ဆႏၵတစ္စုံတစ္ရာျဖစ္ေပၚလာပါက
ခန္းမေဆာင္သခင္ေျမာင္ တန္းသိမွာပင္။

ခန္းမေဆာင္သခင္ေလးေယာက္အတြက္မူ
အရည္အခ်င္းမျပည့္မွီသူအခ်င္းခ်င္း
တစ္ေယာက္ႏွင့္တစ္ေယာက္
အျပစ္ေပးခိုင္းသင့္သည္။
ဟုဝမ္ရန္အယ္ဆုံးျဖတ္လိုက္သည္။
ရလဒ္ေတြကိုေနာက္မွသူ႕ကိုအစီရင္ခံဖို႔
ေျပာလိုက္၏။ခန္းမေဆာင္သခင္ယြမ္ကို
အျပစ္ေလ်ာ့ေပးဖို႔ယင္ဟန္က်န္း
ေတာင္းဆိုထားေသာေၾကာင့္
ဤအႀကိမ္တြင္ေတာ့ လႊတ္ေပးလိုက္မည္။

ခန္းမေဆာင္သခင္သုံးေယာက္
ဂူပိုးေကာင္ေတြ၊နာမက်န္းခ်ီေတြ
အစ႐ွိသျဖင့္ တစ္ေယာက္ေပၚတစ္ေယာက္
အျပစ္ေပးေနတာကိုၾကည့္ရင္း
ဝမ္ရန္အယ္ပ်င္းလာသျဖင့္
ယင္ဟန္က်န္းႏွင့္အတူ သူအေဆာင္သို႔
ျပန္သြားေတာ့သည္။

႐ွဴယန္ယန္ဟာ မ်က္ရည္စက္လက္ျဖင့္
အိပ္ယာကိုဖ်က္စီးပစ္ေနၿပီး
အစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္းကို
လူသာမန္ကမ႓ာသို႔ပို႔ေဆာင္လိုက္သည္။
ရာစုႏွစ္အနည္းငယ္အတြင္းမွာပဲ
အရည္အေသြးျမင့္ေက်ာက္စိမ္းတြင္း
တစ္တြင္းျဖစ္တည္သြားမွာေသခ်ာ၏။
သူက်ိန္ရဲသည္။ဤအိပ္ယာကို
ယခုေလးတင္ ေ႐ႊ႕ထားတာပင္။
ထိုအိပ္ယာေပၚ ဘာဆိုဘာမွ
မလုပ္ရေသး။

သူ႕မ်က္ႏွာေပၚ၌ ေနာင္တရမႈအျပည့္ပင္။
ဝမ္ရန္အယ္ျပန္မလာခင္
ထိုအိပ္ယာေပၚ၌ အျပည့္အဝ
သာယာၾကည္ႏူးဖို႔အခြင့္အေရးရတုန္း
သူယူခဲ့သင့္သည္။

‌ဝင္ေရာက္လိုက္သည္ႏွင့္ ထိုအိပ္ယာဆီမွ
႐ွဴယန္ယန္၏ မႊန္ထြန္ေနေသာေရေမႊးနံ႔
ယင္ဟန္က်န္းဆီသို႔ တန္း‌ေရာက္လာသည္။
မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
ဓားဆြဲထုတ္လိုက္သည္။
ဓားဆြဲထုတ္လိုက္သည့္အခါ
ေပၚထြက္လာသည့္ အ႐ွိန္အဝါဟာ
အခန္းတစ္ခန္းလုံးအတြင္း
ျဖတ္သန္းသြားသျဖင့္
ထိုအနံ႔ေပ်ာက္ကြယ္သြားသည္။

"ဒုကၡမခံနဲ႔။ငါ႐ွဴယန္ယန္ကို
ျပန္ျပင္စခိုင္းလိုက္မယ္။"

"သူ႕ကိုမလုပ္ခိုင္းနဲ႔။"ယင္ဟန္က်န္း
ေဒါသထြက္ထြက္ျဖင့္ေျပာလိုက္သည္။
"ကြၽန္ေတာ္ပဲလုပ္မယ္။"

မလုပ္နဲ႔ဟုတားဆီးမည့္အစား
ဝမ္ရန္အယ္ဟာ ခန္းမေဆာင္သခင္ယြမ္
အေၾကာင္း ေမးျမန္းလိုက္သည္။

ယင္ဟန္က်န္းတစ္လုံးမက်န္
ျပန္ေျပာျပလိုက္သည္။ခန္းမေဆာင္
သခင္ယြမ္သူ႕ကိုဆဲဆိုခဲ့သည္မ်ားကိုလည္း
တစ္ခြန္းမွ်မခ်န္လွပ္ေပ။ဝမ္ရန္အယ္
မ်က္ခုံးပင့္မိသြားသည္။"အိုး
ခန္းမေဆာင္သခင္ယြမ္မွာ အဲ့လို
အႀကိဳက္ေတြ႐ွိတာလား။ငါတို႔သူ႕ကို
စိတ္ေက်နပ္မႈရေအာင္ လုပ္ေပးသင့္တယ္။"

"သူစိတ္ေက်နပ္ေအာင္ လုပ္ေပးမယ္။"
ယင္ဟန္က်န္းလန္႔သြားေသာေၾကာင့္
အသံက်ယ္သြားသည္။သူစိတ္ေက်နပ္
သြားေအာင္ ဘယ္လိုလုပ္မွာလဲ။

အံ့ဩေနသည့္ယင္ဟန္က်န္းကို
ေတြ႕ေသာအခါ ဝမ္ရန္အယ္
ျမန္ျမန္ျပန္ေျပာလိုက္သည္။
"အဖြားအ႐ြယ္ေတြကို
သူလုပ္ခ်င္တာမလား။ခ်ိဳးဟုန္႐ႊယ္ရဲ႕
တေစၧက်င့္ၾကံသူေတြထဲက
ေလာက္အျပည့္အေလာင္းတစ္ေလာင္း
ေ႐ြး‌ေပးၿပီး သူဘယ္ေလာက္ေတာင္
သေဘာက်မလဲဆိုတာၾကည့္မလို႔။"

ထိုစကားၾကားၿပီးေနာက္ ယင္ဟန္က်န္း
စိတ္သက္သာရာရသြားသည္။
"ခန္းမေဆာင္သခင္ယြမ္က
ဆဲဆိုတာကို အက်င့္ပါေန႐ုံပါပဲ။
ဘာရည္႐ြယ္ခ်က္မွမပါပါဘူး။"
ဟု‌တိုးညႇင္းစြာေျပာလိုက္၏။

"ဒီအ႐ွင္ကလည္း သူ႕ကိုနည္းနည္း
ေျခာက္မလို႔ပါပဲ။"ဟုဝမ္ရန္အယ္
ေျပာလိုက္သည္။"ငါမ႐ွိရင္
ကာကြယ္သူေတြက ငါ့အစား
ဂိုဏ္းခ်ဳပ္တာဝန္ယူရမယ္ဆိုတဲ့အမိန္႔က
မင္းကိုရည္ၫႊန္းတာ။ဂိုဏ္းေပါင္းစုံစစ္ပြဲမွာ
မင္းက ငါ့ကိုကယ္ခဲ့႐ုံသာမက
စစ္ပြဲတစ္ခုလုံးရဲ႕ရလဒ္ကိုပါ ေျပာင္းခဲ့တာ။
ယြမ္ေဝ့ရီမွာ မင္းကိုကူညီေပးရမဲ့
တာဝန္႐ွိတယ္။သူ႕ကိုေက်းဇူးတင္ေနဖို႔
မလိုဘူး။လူ‌တိုင္းကို သူေျပာခ်င္သလို
ေျပာလို႔မရဘူး။ဆဲဆိုခ်င္သလို
ဆဲဆိုလို႔မရဘူးဆိုတာကို
သူ႕ကိုကြဲကြဲျပားျပား သိသြားေစခ်င္လို႔။"

သူ႕အတြက္ဝမ္ရန္အယ္
လုပ္ေပးေနတာျဖစ္ေၾကာင္း
သိသြားေသာအခါ ယင္ဟန္က်န္း
ႏွလုံးသားထဲ၌ ေႏြးေထြးမႈစီးေၾကာင္းတစ္ခု ေပၚလာ၏။ဝမ္ရန္အယ္ေနာက္ရပ္ရင္း
သူ႕အစားဝမ္ရန္အယ္ လက္စားေခ်
ေပးေနတာကိုၾကည့္ေနလိုက္သည္။

ခ်ိဳးဟုန္႐ႊယ္၏ တေစၧက်င့္ၾကံသူမ်ားဟာ
လက္႐ွိခန္းမေဆာင္သခင္႐ွီ
လက္ေအာက္တြင္႐ွိေနသည္။
ခန္းမေဆာင္သခင္ယြမ္ကို
အျပစ္ေပးရန္ တ‌ေစၧက်င့္ၾကံသူ
ေ႐ြးခ်ယ္ရာ၌ သူေ႐ြးေပးခြင့္ရတာကို
သိၿပီး‌ေနာက္ ေခ်ာင္းဆိုးရင္း
သူ႕ရင္ဘတ္သူပုတ္ကာ သင့္ေတာ္သည့္
စုံတြဲက်င့္ၾကံေဖာ္ကို ႐ွာေပးမည္ျဖစ္ေၾကာင္းအာမခံလိုက္သည္။႐ွဴယန္ယန္ဆီသို႔
သြားၿပီးေတာ့ေတာင္ စုံတြဲက်င့္ၾကံျခင္းလမ္းၫႊန္စာအုပ္သြားငွားေသးသည္။

ခန္းမေဆာင္သခင္ယြမ္ႏွင့္
စုံတြဲက်င့္ၾကံခြင့္ရမည္ဟူသည့္
သတင္းၾကားၿပီးေနာက္ သူ႕လက္ေအာက္႐ွိ တေစၧက်င့္ၾကံသူမ်ားဟာ
အမည္စာရင္းတက္တက္ႂကြႂကြ
ေပးလာၾကသည္။တက္ႂကြမႈအဆင့္
ထိပ္တန္းပင္။

ယင္ဟန္က်န္း : ...

ခန္းမေဆာင္သခင္႐ွီ၏ လက္ေအာက္ငယ္သားမ်ားဟာ
ခန္းမေဆာင္သခင္ယြမ္
ေၾကာက္လန္႔သြားေအာင္
ေျခာက္လွန္႔ၿပီး႐ုံျဖင့္ထြက္သြားမွာ
မဟုတ္ဟု ယင္ဟန္က်န္းစိတ္ထဲ
ထင္မိေနသည္။

ခြၽမ္းယြမ္ဂိုဏ္းသားအားလုံး
အစီအစဥ္တက်၊ေအးေအးခ်မ္းခ်မ္း
ျပန္ျဖစ္သြားၿပီး လူသာမန္ေလာကတြင္
ျပႆနာသြားမ႐ွာဘဲ အခ်င္းခ်င္းသာ
ျပႆနာ႐ွာၾကသည္ကို
ျမင္ရသည့္အခါ ဝမ္ရန္အယ္
ေက်နပ္သြားသည္။ထို႔ေၾကာင့္
သူ႕အခန္းသို႔ျပန္ရင္း စာအုပ္ဖတ္ရာတြင္
အာ႐ုံစိုက္လိုက္သည္။

သူဖတ္သည့္စာအုပ္ဟာ
ဟုတ္တာေပါ့ 'နာက်င္ခံစားရေသာအခ်စ္'
ဆိုသည့္စာအုပ္ပင္။သူတို႔ႏွင့္
ပိုင္လီခ်င္းေျမာင္ လမ္းခြဲထြက္ခဲ့တာ
တစ္လၾကာေခ်ၿပီ။ခ်ိဳးဟုန္႐ႊယ္
မည္မွ်ပင္အခ်ိန္ဆြဲဆြဲ ယခုေလာက္ဆို
သူတို႔ ႐ွန္႔ခ်င္းဂိုဏ္းသို႔
ျပန္ေရာက္ေလာက္ၿပီပင္။
ဟယ့္ဝမ္းေခ်ာင္ ဘယ္လိုေနသလဲ
အေျခတည္စဝိဉာဥ္
ျပန္‌႐ွိလာၿပီလား မ႐ွိေသးဘူးလား
ဆိုတာကိုသူသိခ်င္သည္။

ထင္သည့္အတိုင္းပင္ စာအုပ္၌
ဇာတ္ေၾကာင္းဆက္လက္ၿပီး
ျပင္သြားသည္။ပိုင္လီခ်င္းေျမာင္
ဂိုဏ္းမွစထြက္ခ်ိန္မွစၿပီး
ဝိဉာဥ္ေလာက၌ ရတနာပစၥည္း
႐ွာပုံေတာ္ဖြင့္သည့္အခ်ိန္အထိ
သူ႕ဘက္မွအျမင္မ်ားျဖင့္ျပည့္ႏွက္ေန၏။
မွတ္ခ်က္ျပဳရာစာ႐ြက္၌ အသည္းအသန္ေဆြးေႏြးေနၾကသည္။မူလ
ဝတၳဳဇာတ္ေၾကာင္းထက္ပင္
မွတ္ခ်က္ခ်ေဆြးေႏြးမႈမ်ား
ပိုမ်ားျပားေနသည္။

[ခဏေလး ခဏေလး !
ပိုင္လီခ်င္းေျမာင္ရဲ႕စီနီယာနာမည္က..
ဘာ! ဝမ္ရန္အယ္ဟုတ္လား။
ဘယ္လိုလုပ္ၿပီး ငါ့ရဲ႕အမိုက္စား
အလန္းစား ဒုတိယမင္းသားက
ပိုင္လီခ်င္းေျမာင္ရဲ႕ စီနီယာ
ျဖစ္သြားရတာလဲ။]

[အမွန္အတိုင္းေျပာရရင္ အနက္ေရာင္
ဝတ္စုံဝတ္စီနီယာေပၚလာတုန္းက
ပိုင္လီခ်င္းေျမာင္ကို မီးလွ်ံငွက္ေမႊးဝတ္႐ုံ
ေပးၿပီး မိုင္ေထာင္ခ်ီေရခဲလြင္ျပင္ကို
သြားခိုင္းတာေလ။အသြင္အျပင္က
ဘယ္လိုဆိုတာ ေသခ်ာမပါဘူး။
အဲ့တာေၾကာင့္ အဘိုးႀကီးလို႔
ငါယူဆထားတာ။]

(ဒီေနရာမွာ ေအာ္ရယ္မိ။)
[သူက အဘိုးႀကီးပဲေလ။ဝမ္ရန္အယ္
အသက္ကသုံးရာေက်ာ္ေနၿပီ။
သူ႕မွာမ်က္ႏွာ ေခ်ာေခ်ာလွလွေလး
႐ွိေန႐ုံပဲ။က်င့္ၾကံသူေတြအတြက္
အသက္ကသိပ္အေရးမပါဘူး။
ခရမ္းရင့္ေရာင္စံအိမ္ေတာ္သခင္မ
အသက္ကတစ္ေထာင္ေက်ာ္တယ္။
ဒါေပမဲ့ဟယ့္ဝမ္းေခ်ာင္ သူ႕ကို
လက္ထပ္တာပဲေလ။က်င့္ၾကံျခင္း
ေလာကမွာ ႏွစ္သုံးရာဆိုတာ
ငယ္ငယ္ေလးပဲ႐ွိပါေသးတယ္။
ဟုတ္ၿပီလား။]

[အနက္ေရာင္ဝတ္စုံဝတ္စီနီယာက
ဝမ္ရန္အယ္ဆိုရင္ သူနဲ႔တူတူ
႐ွိေနတဲ့သူကေကာ။ဆီးႏွင္းမီးလွ်ံကို
ရသြားတဲ့သူ‌ေလ။သူက ဘယ္သူလဲ။
ယင္ဟန္က်န္းလား။အိုး ဘုရားေရ
ငါ့ကိုစိတ္ဒဏ္ရာေပးတာပဲ။တစ္ေယာက္ေယာက္ငါ့အတြက္
မီးအိမ္ထြန္းေပးၾကပါ။]

[ျပန္ျပင္ထားတဲ့အပိုင္းေတြမွာ
ၿပိဳကြဲေတာင္ဥကၠာခဲက ယင္ဟန္က်န္းအတြက္ဓားလုပ္ေပးဖို႔လို႔ ဝမ္ရန္အယ္
ေျပာတယ္‌ေနာ္။ခဏေနပါဦး။
ပိုင္လီခ်င္းေျမာင္ ယင္ဟန္က်န္းအတြက္
ဆီးႏွင္းမီးလွ်ံကိုသြားယူတာမွာလည္း
ဝမ္ရန္အယ္ပဲ ကူညီေပးတာေနာ္။
ၿပိဳကြဲေတာင္ဥကၠာခဲကိုလည္း
ယင္ဟန္က်န္းအတြက္ပဲသြားယူတာ။
ဇာတ္လိုက္ကို အဲ့တိုကင္ေပးတာကလည္း
ယင္ဟန္က်န္းေၾကာင့္ပဲ။
သူငယ္ခ်င္းတို႔ ငါကိစၥအႀကီးႀကီးတစ္ခုကို
႐ွာေတြ႕သြားတဲ့ပုံပဲ။]

[စာေရးသူကို ဘာအေၾကာင္းအရာေတြ
ကမ်ား စိတ္ကူးသစ္ေတြ
ေပးစြမ္းေနတာလဲ။ပိုင္လီခ်င္းေျမာင္နဲ႔
ဝမ္ရန္အယ္ၾကားက ဇာတ္ေၾကာင္းအားလုံး ယင္ဟန္က်န္းဆီေရာက္သြားၿပီ။
ဝမ္ရန္အယ္ကိုဇာတ္လိုက္ကယ္ခဲ့တဲ့
ဇာတ္ေၾကာင္းကေန အႀကီးအကဲခ်င့္႐ႊယ္
ဆိုတာကေပၚလာတယ္။
အဲ့အႀကီးအကဲရဲ႕ ေခါင္းကလည္း
သိသိသာသာကို တစ္ခုခု
ခ်ိဳ႕ယြင္းေနပုံရတယ္။]

[ခ်င့္႐ႊယ္အေၾကာင္းေျပာရမယ္ဆိုရင္
ငါေတာ့ သူ႕ကိုႀကိဳက္တယ္။
သူကဇာတ္လိုက္ကို တစ္ေလွ်ာက္လုံး
ဂ႐ုစိုက္ေပးၿပီး ဟယ့္ဝမ္းေခ်ာင္ကိုလည္း
လုံးဝကိုစိတ္မဝင္စားဘူး။
ပိုင္လီခ်င္းေျမာင္နားမွာ သူ႕ကို
ကာကြယ္ေပးမဲ့သူတစ္ေယာက္႐ွိေနေတာ့
ဟယ့္ဝမ္းေခ်ာင္လက္ထပ္တဲ့ေန႔မွာ
ပိုင္လီခ်င္းေျမာင္ကို ဖမ္းခ်ဳပ္ထားတဲ့
ဇာတ္ဝင္ခန္းလည္း
ေျပာင္းသြားေလာက္တယ္မလား။]

[ဒါေပမဲ့ အဖမ္းခံရတဲ့ဇာတ္ဝင္ခန္းမွာ
သူနဲ႔က်ဳန္းလီခ်န္းေတြ႕မွာေလ။
အႀကီးအကဲခ်င့္႐ႊယ္သာ
ပိုင္လီခ်င္းေျမာင္ကို ကာကြယ္ေပးမယ္ဆိုရင္
က်ဳန္းလီခ်န္းဘယ္လိုပုံစံနဲ႔
ေပၚလာေတာ့မွာလဲ။ကြၽန္မရဲ႕သခင္ေလး
က်ဳန္းလီ ႐ွင္ကမွကြၽန္မရဲ႕နံပတ္တစ္ပါ
အဟင့္]

[အိုး ငါေတာ့ဇာတ္ေၾကာင္းသစ္ေတြ
ဖတ္ရဖို႔မေစာင့္ႏိုင္ေတာ့ဘူး။
ပိုင္လီခ်င္းေျမာင္ ဂိုဏ္းကိုျပန္ေရာက္ခ်ိန္က
စၿပီး စာေရးဆရာကဆက္မေရးေတာ့ဘူး။
ဟယ့္ဝမ္းေခ်ာင္ ဂိုဏ္းတူညီမလုနဲ႔
အိပ္ၿပီးၿပီလားဆိုတာ သိခ်င္တယ္။
သူအိပ္ၿပီးၿပီဆိုရင္ေတာ့ အႀကီးအကဲ
ခ်င့္႐ႊယ္ဘာဆက္လုပ္မလဲဆိုတာကို
ေစာင့္ေမွ်ာ္‌ေနတယ္။]

[ငါေကာပဲ အႀကီးအကဲခ်င့္႐ႊယ္
ဘာဆက္လုပ္မလဲဆိုတာကို
ေစာင့္ေမွ်ာ္‌ေနတယ္ +၁၀၀၈၆။
ဟယ့္ဝမ္းေခ်ာင္ကိုသတ္ၿပီး
ျပန္ဝင္စားတဲ့ဘဝမွာ အ႐ြယ္ေရာက္တဲ့အထိ
ေစာင့္မဲ့နည္းလမ္းမ်ိဳးကအမိုက္စားပဲ။
ငါကေတာ့ အႀကီးအကဲခ်င့္႐ႊယ္
ပရိသတ္ပဲ။]

ဝတၳဳထဲတြင္ ပိုင္လီခ်င္းေျမာင္ႏွင့္
ခ်ိဳးဟုန္႐ႊယ္ ႐ွန္႔ခ်င္းဂိုဏ္းသို႔
ျပန္ေရာက္႐ုံသာ႐ွိေသးသည္။
ဝမ္ရန္အယ္စာအုပ္ကိုပိတ္လိုက္ၿပီး
က်ဳန္းလီခ်န္းကို ဘယ္လိုဖမ္းသင့္သလဲ
ဆိုတာ စဥ္းစားေနမိသည္။

"လက္ယာကာကြယ္သူကိုေခၚလိုက္။
သူ႕အျပစ္ေလ်ာ့သြားေအာင္လုပ္ဖို႔
အခြင့္အေရးတစ္ခုေပးမယ္လို႔
ေျပာလိုက္။"

(ဝမ္ရန္အယ္ အနာဂတ္က်ရင္
မီတာတစ္ရာ႐ွည္တဲ့အိပ္ယာကို
မင္းလိုခ်င္မွာေသခ်ာတယ္။)
ဒါက e tranထည့္ထားတာပါ။
ခ်စ္ဖို႔ေကာင္းလို႔။

Continue Reading

You'll Also Like

6.7K 679 9
Original Title - Quickly wear the face of the devil Author - ©® Fengliu Shudai Original Translation - ©® keztranslations Genre - Adventure, Fantasy...
639K 23K 200
[FIXED/FAN TRANSLATION] A student who was preparing for the Civil Service examination for 4th year suddenly found himself in an unfamiliar body 3 yea...
16.9K 204 15
Izuku Midoriya, a cheerful, shy, happy young teenager. After witnessing so much death in the Liberation War, he takes his own path in becoming a hero...
13.9K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...