Restore The 90s

By Choco__JN

3.3K 423 78

A person changed for two reasons 1. Someone special come into their life. 2. Someone special left their life. More

📖
• 1 •
• 2 •
• 3 •
• 5 •
• 6 •
• 7 •

• 4 •

381 56 28
By Choco__JN

Unicode Version

မှိုင်းညို့ပြီး မိုးရိပ်သမ်းလာတဲ့ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဟယ်ချန်းသက်ပြင်းချလိုက်တယ်။ အရင်တစ်ခါက မိုးမိပြီးဖျားတော့မလိုဖြစ်ခဲ့တာတောင် သူကတော့ ထီးယူဖို့ပျင်းနေတုန်းပဲ။ အခုတော့ ထီးယူဖို့ပျင်းခဲ့မိတဲ့အကျိုးဆက်ကို ခံစားရတော့မယ်။

ဟူး...

ဒုတိယအကြိမ်မြောက် သက်ပြင်းထပ်ချလိုက်ပြီး လက်ထဲက စာအုပ်ထုပ်တွေနဲ့အတူ ဦးလေးလီမှာလိုက်တဲ့ ဓာတ်ပုံကိုရင်ဘတ်မှာပိုက်လိုက်တယ်။

ဦးလေးလီသူ့ကို အကူအညီတောင်းပြီးလာယူခိုင်းတာ ဓာတ်ပုံတစ်ခုတည်းဆိုပေမယ့် ဓာတ်ပုံဆိုင်ရဲ့ ဘေးတောက်လျှောက်မှာ စာအုပ်အဟောင်းတန်းတွေဆိုတော့ ပြန်ရမယ့်အချိန်ကိုမေ့ပြီး စိတ်ကြိုက်လက်ကြိုက်စာအုပ်တွေရှာဝယ်နေမိလိုက်တာ။ အခုတော့ ဒုက္ခလှလှတွေ့ပြီ။

မိုးကရွာတော့မယ်၊ ထီးလည်းမပါလာဘူး၊ နောက်ဆယ်မိနစ်လောက်နေရင် အဆောင်ကပိတ်တော့မှာ၊ အခုအချိန်ဆိုပြန်ဖို့ ဘတ်စ်ကားလည်းမရှိလောက်တော့ဘူး။

ဟူး...

ညစ်ထွေထွေနဲ့ပဲ တတိယမြောက်သက်ပြင်းကိုထပ်ချမိတယ်။ ပန်းချီကားတွေ၊ စာအုပ်အဟောင်းတွေ၊ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့လမ်းကြားလေးက အမှောင်ထုကိုခုခံဖို့ လမ်းမီးတွေဖွင့်နှင့်ပြီးနေပြီ။ လမ်းကြားလေးထဲက ဆိုင်တော်တော်များများက တံခါးတွေပိတ်ပြီး အိမ်ပြန်တဲ့လူတွေကပြန်ကုန်ကြပြီ။ သူတစ်ယောက်တည်း လမ်းအလည်မှာ ယောင်တောင်တောင်ဖြစ်နေတာ။

ညစ်မှောင်မှောင်တိမ်တိုက်တွေကနေ ခုန်ဆင်းလာတဲ့မိုးရေစက်တစ်စက်က သူ့ခေါင်းပေါ်ကို ဖောက်ခနဲကျလာချိန်မှာတော့ သူဟာခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားရတယ်။

" ဒုက္ခပါပဲ "

လူကိုမိုးရေစိုတာ ကိစ္စမရှိပေမယ့် လက်ထဲက စာအုပ်တွေနဲ့ ဓာတ်ပုံကတော့ရေစိုလို့မဖြစ်ဘူး။ မိုးခိုလို့ရမယ့်နေရာကို ဟိုဟိုဒီဒီရှာကြည့်ပေမယ့် ဆိုင်တွေအကုန်လုံးနီးပါးက ပိတ်ကုန်ကြတာမလို့ ဘယ်သူ့ကိုမှအကူအညီတောင်းလို့မရမယ့် အခြေအနေ။

မိုးရေစက်တွေက တဖြည်းဖြည်းနဲ့အငြိုးကြီးစွာကျဆင်းလာတယ်။ မတတ်နိုင်တော့။ မိုးခိုလို့ရမယ့်နေရာမတွေ့မချင်း မိုးရေထဲပြေးရတော့မှာပဲ။

ဟယ်ချန်း စာအုပ်တွေနဲ့ ဓာတ်ပုံထည့်ထားတဲ့အိတ်ကို ရင်ဘတ်မှာပိုပြီးတင်းတင်းကြပ်ကြပ်ဖြစ်အောင်ပိုက်လိုက်ပြီး ခြေထောက်တွေကိုခပ်သွက်သွက်အလုပ်ပေးလိုက်တယ်။

မိုးရေထဲပြေးလာရင်းနဲ့ ကံကောင်းစွာပင် တံခါးဖွင့်ထားတုန်းဖြစ်တဲ့ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်ရတယ်။ ဟယ်ချန်း ဝမ်းသာအားရဖြစ်သွားရတယ်။ နောက်ဆုံးတော့ မိုးခိုလို့ရမယ့်နေရာတွေ့ပြီ။

ပန်းချီကားဆိုင်ဖြစ်ပုံပေါ်တဲ့အခန်းလေးက မိုးခိုဖို့အတွက် အသင့်တော်ဆုံးနေရာပဲ။ ဆိုင်ရှင်ကိုလိုက်ရှာကြည့်ပေမယ့် ဆိုင်ခန်းတံခါးကိုရှင်းရှင်းလင်းလင်းဖွင့်ထားတဲ့ အခန်းထဲမှာ ဆိုင်ရှင်ဖြစ်ပုံပေါ်တဲ့လူတစ်ယောက်ကိုမှမတွေ့။ သို့သော်လည်း အခြေအနေကဆိုင်ထဲကို မဝင်လို့မဖြစ်တော့တဲ့အခြေအနေမလို့ နောက်မှသာဆိုင်ရှင်ကို သေချာရှင်းပြပြီးတောင်းပန်လိုက်တော့မယ်လို့တွေးရင်း ဆိုင်ထဲကိုဝင်သွားလိုက်တယ်။

ဆိုင်ထဲကိုဝင်လိုက်ချင်းချင်း ကြိုဆိုခံလိုက်ရတာက စီးကရက်အနံ့တွေနဲ့။ ဆိုင်အဝင်အဝမှာတင် စီးကရက်အနံ့တွေစွဲကျန်စေခဲ့တဲ့အထိ စီးကရက်ကိုခုံမင်ပုံပေါ်မယ့်ဆိုင်ရှင်က သူနဲ့တော့အဆင်ပြေလောက်မယ့်ပုံမပေါ်တာကို ဟယ်ချန်းသတိထားမိသွားတယ်။ အဲ့တာကြောင့် စာအုပ်တွေလည်းမိုးရေစိုချင်စိုပါစေတော့ဆိုပြီး ဦးလေးလီမှာလိုက်တဲ့ ဓာတ်ပုံကို စာအုပ်တစ်အုပ်ကြားထဲညှပ်လိုက်တယ်။ သူ့စာအုပ်တွေရေစိုသွားတာအရေးမကြီးပေမယ့် ဦးလေးလီရဲ့ သူ့ကိုတကူးတကမှာလိုက်တဲ့ ဓာတ်ပုံကတော့ ရေစိုလို့မဖြစ်ဘူး။ ထို့နောက် မှိုင်းသွေ့သွေ့ဆိုင်ခန်းလေးကိုတစ်ချက်ကြည့်ပြီး မိုးရေထဲထွက်ဖို့အလုပ် မိုးရေစိုနေတဲ့ဖိနပ်က ကြမ်းပြင်မှာချောပြီး ပန်းချီဆွဲဖို့ဆေးဘူးတွေတင်ထားတဲ့ခုံကိုခလုတ်တိုက်မိသွားတယ်

ခလွမ်း!

" အ! "

ခုံပေါ်မှာ အပြည့်အသိပ်တင်ထားတဲ့ဆေးဘူးတွေ အကုန်လုံးနီးပါးပြုတ်ကျကုန်တယ်။ အဲ့ထဲမှာ ဆေးအပြည့်ရှိပုံပေါ်တဲ့ အလေးချိန်နစ်နစ်နဲ့ ဆေးဘူးတစ်ဘူးက သူ့ခြေထောက်ပေါ်ပြုတ်ကျတယ်။ သူ့မှာ ခြေထောက်နာသွားတာကိုတောင် ဂရုမစိုက်နိုင်သေးဘဲ ဟိုတစ်စ၊ ဒီတစ်စပြုတ်ကျကုန်တဲ့ ဆေးဘူးတွေကိုလိုက်ကောက်ဖို့ပြင်ရတယ်။ ဆေးဘူးတွေအကုန်လုံးက အဖုံးတွေသေချာပိတ်ထားတဲ့ပုံစံမလို့သာ သူသက်ပြင်းချနိုင်တယ်။ မဟုတ်ရင် ဆေးရည်တွေအကုန်ပြန့်ကျဲကုန်မှာ။ ကြမ်းပြင်ပေါ်က ဆေးဘူးတွေကိုလိုက်ကောက်နေရင်း မျက်လုံးဒေါင့်စွန်းကနေ ရုတ်တရက်လှုပ်ရှားလာတဲ့ အရိပ်တစ်ခုကြောင့် ယောင်ရမ်းပြီး မတ်တပ်ထရပ်လိုက်မိတယ်။

ထိုအရိပ်က ဒီဆိုင်ခန်းရဲ့ ပိုင်ရှင်ဖြစ်နိုင်တယ်လို့လည်း သူကောက်ချက်ချလိုက်တယ်။

ဖရိုဖရဲဖြစ်နေတဲ့မြင်ကွင်းကို ဘယ်ကနေဘယ်လိုစရှင်းပြရင်ကောင်းမလဲစဉ်းစားနေတုန်း ထိုအရိပ်ကဆိုင်ခန်းရဲ့ဒေါင့်စွန်းနားကနေ သူအနားကိုတဖြည်းဖြည်းလျှောက်လာတယ်။ စီးကရက်ငွေ့တွေရဲ့အနံ့ကိုပါ တပြိုင်တည်းရလာတယ်။ ကြည့်ရတာ ဒီလူက ဆိုင်ခန်းရဲ့ မှောင်ရိပ်ကျတဲ့နေရာမှာ အေးအေးလူလူဆေးလိပ်ထိုင်သောက်နေခဲ့တဲ့ပုံပင်။ သူကသာ အလောတကြီးဖြစ်နေလို့ လူတစ်ယောက်လုံးကိုမမြင်ခဲ့တာ။

" ဟို... ကျွန်တော် တောင်းပန်- ဟင်? "

ကြပ်ခိုးမှိုင်းစွဲနေတဲ့ လျှပ်စစ်မီးအလင်းရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်လာရတဲ့ ပုံရိပ်တစ်ခုက ဟယ်ချန်းကိုအံ့အားသင့်စေခဲ့သည်။

စီနီယာမင်ဟျောင်း။

စီးကရက်လိပ်တစ်လိပ်ကို လက်နှစ်ချောင်းကြားထဲညှပ်ကိုင်ထားတဲ့ စီနီယာရဲ့ပုံရိပ်က သူတစ်ခါမှမမြင်ဖူးခဲ့တဲ့ သူစိမ်းဆန်နေတဲ့ပုံရိပ်တစ်ခု။ အခန်းနံရံကိုမှီလိုက်ရင်း သူ့ကိုငေးမောစိုက်ကြည့်နေတဲ့ စီနီယာရဲ့မျက်ဝန်းတွေက အရင်တုန်းက သူမြင်ဖူးနေကျမျက်ဝန်းတွေလိုမျိုး မတောက်ပနေဘူး။ မျက်စိစုံမှိတ်ထားရာကနေ အရောင်တွေကိုအခုမှ သတိထားမိသလိုမျိုး။

" စီနီယာ..."

" စီနီယာ? "

သူ့စကားကိုသံယောင်လိုက်ပြီးပြောလာတဲ့ စီနီယာက ဖျတ်ခနဲမျက်မှောင်ကြုတ်သွားတယ်။ ဦးနှောက်ကိုအခုမှ အသည်းအသန်အလုပ်ပေးနေသလိုမျိုး။

" အာ..."

စက္ကန့်အနည်းငယ်လောက်အချိန်ယူပြီးမှ လိုချင်တဲ့အဖြေရှာတွေ့သွားတဲ့ပုံနဲ့ ခေါင်းကိုခပ်ဖြည်းဖြည်းညိတ်လာတယ်။

" မိုးခိုဖို့ဝင်လာတာမလား။ ဒီမှာနေလို့ရပါတယ် "

ခြေသံဖျော့ဖျော့ဟာ သူ့အနားကိုချဉ်းကပ်လာတယ်။ ကြမ်းပြင်ပေါ်မှာ တပြန့်တကျဲစီဖြစ်နေတဲ့ ဆေးဘူးတွေကိုမမြင်သလိုကျော်ခွလာတဲ့ စီနီယာက သူ့ဘေးကခုံပေါ်မှာတင်ထားတဲ့ ဆေးလိပ်ပြာခွက်ထဲမှာ သောက်လက်စဆေးလိပ်မီးကိုသတ်လိုက်တယ်။ ဖန်ကြည်ရောင်ပြာခွက်ထဲမှာ ထိုးချေထားတဲ့ စီးကရက်တိုတွေက ပြာတွေဖုံးနေပြီး တွန့်တွန့်ကြေကြေနဲ့။ ပြာမှုန်မှိုင်းတွေက အစွန့်ပယ်ခံတွေလိုပဲ။

" ဆောရီး အစ်ကိုက ဒီတစ်ချိန်ပဲဆေးလိပ်သောက်လို့ရတာမလို့ "

စီးကရက်ငွေ့တွေရဲ့ အနံ့ကိုသူလက်မခံနိုင်မှန်း စီနီယာဟာ သတိထားမိတယ်။ အဲ့တာကြောင့်မလို့လည်း သူဘာမှမပြောပါဘဲနဲ့ ဖြေရှင်းချက်ပေးလာတာ။

" ဟုတ် ရပါတယ်ဗျ "

" ဒီမှာပဲ ရပ်နေတော့မှာလား? အထဲဝင်လေ "

" ဗျာ? အာ ဟုတ်...ဟုတ်ကဲ့ဗျ "

အဝင်အဝကိုမေးငေါ့ပြရင်းမေးလာတဲ့ စီနီယာက သူ့ရဲ့တုံ့ဆိုင်းနေမှုကို စိတ်မရှည်ဟန်နဲ့။

" ကော်ဖီသောက်မလား "

မ​သောက်တော့ပါဘူးလို့ငြင်းလိုက်ချင်ပေမယ့် လောလောလတ်လတ်မိုးမိထားတာမလို့ ခန္ဓာကိုယ်က အနွေးဓာတ်လိုနေတာတော့ အမှန်ပဲ။

" ဟုတ် သောက်မယ်ဗျ "

ခေါင်းတညိတ်ညိတ်နဲ့ မီးဖိုချောင်လို့ထင်ရတဲ့ အခန်းကန့်ထားတဲ့နေရာလေးကိုဝင်သွားတယ်။ တကယ်ကို အရှေ့မှာထားထားတဲ့ ပန်းချီကားတွေကို နည်းနည်းလေးမှ စိတ်မချတဲ့ပုံစံမရှိဘဲ အနောက်ဘက်ကို အေးအေးလူလူဝင်သွားတာ။

စီနီယာထိုင်ခိုင်းထားတဲ့နေရာမှာ ထိုင်နေရင်းနဲ့မှ သူဖွထားခဲ့မိတဲ့ ဆေးဘူးတွေကိုသတိရသွားပြီး ပြန်သွားစီထားဖို့လုပ်ရတယ်။ ကာယကံရှင်ကတော့ ဘာမှမပြောပေမယ့် ဒီအတိုင်းထားလိုက်လို့မကောင်းဘူးမလား။

သူဆေးဘူးတွေ နေရာတကျပြန်ထားပြီးတဲ့အထိ စီနီယာက ပြန်ထွက်မလာသေးဘူး။ ဟယ်ချန်းရှိနေသေးတာကိုရော သတိရရဲ့လား။

ထိုင်ခုံပေါ်ပြန်ထိုင်ဖို့အတွေးကို ခဏတာသွေဖယ်လိုက်ပြီး အခန်းအနှံ့မှာထောင်ထားတဲ့ပန်းချီကားတွေကိုလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီအတိုင်းထိုင်နေရတာ ပျင်းဖို့ကောင်းလွန်းတယ်။ ညိုညစ်ညစ်အရောင်ပေါက်နေတဲ့ အဖြူရောင်နံရံတွေက ငေးကြည့်စရာမှမကောင်းတာ။

" စီနီယာ ပန်းချီဆွဲတတ်မှန်းမသိခဲ့ဘူး "

လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကတင် စီးကရက်လိပ်ကိုကိုင်ထားတဲ့ စီနီယာရဲ့လက်ချောင်းတွေမှာ ပန်းချီဆေးရောင်တွေပေနေတာ သူတွေ့ခဲ့တယ်။ အရိုင်းဆန်တယ်။ ဒါပေမယ့် သေသေသပ်သပ်နဲ့ပဲ။

ပန်းချီကားတော်တော်များများက ရှူခင်းပုံတွေများတယ်။ ဆိုးလ်မြို့ရဲ့ ညဘက်မီးရောင်တွေက ဒီလောက်ထိလှတတ်မှန်း ပန်းချီကားတွေကတစ်ဆင့် သူသိသွားခဲ့တယ်။ ဆွဲထားပြီးသမျှ ပန်းချီကားတိုင်းရဲ့ အောက်ဘက်အစွန်ဆုံးအနားမှာ စီနီယာရဲ့ ဖန်တီးမှုဆိုတာကိုသက်သေပြထားတဲ့ လက်မှတ်တစ်ခုစီရှိတယ်။

" အမ်(မ်)(M) အေ(A) အာ(R) ကေ(K) "

လက်ရေးဆက်ပုံစံနဲ့ လှလှပပရေးထိုးထားတဲ့ စာလုံး​လေးလုံး။

" မာ့ခ်(MARK) "

သူ့မျက်ခုံးတွေပင့်တက်သွားရတယ်။ ဖုံးကွယ်ခြင်းတစ်ခုခုကို ခံစားလိုက်ရတယ်။ မှန်းဆရခက်ခဲတယ်။

သူ့ရဲ့ခြေလှမ်းတွေကို နောက်တစ်နေရာကိုရွှေ့လိုက်တယ်။ သူ့ခြေလှမ်းတွေရပ်တန့်သွားတာက ဘာဆေးစက်မှခြယ်သထားခြင်းမရှိသေးတဲ့ ကင်းဗက်စရှေ့မှာ။ ကြည့်ရတာ အခုမှ စဆွဲဖို့လုပ်ထားတဲ့ပုံပဲ။ ကင်းဗက်စရဲ့ဘေးမှာ ပန်းချီဆေးရောင်တွေနဲ့ စုတ်တံတစ်ခုပြင်ဆင်ထားတာတွေ့ရတယ်။ တွေဝေခြင်းမရှိ ဆေးအနက်ရောင်ထဲနှစ်ထားတဲ့ စုတ်တံကိုသူဆွဲယူလိုက်တယ်။ ဘာရည်ရွယ်ချက်ကြောင့် ဆွဲယူလိုက်မိလဲ သူ့ကိုယ်သူတောင်သေချာမသိဘူး။

" ဘာလုပ်နေတာလဲ? "

" အမယ်လေး! "

ကင်းဗက်စအပေါ်မှာ တဝဲလည်လည်ဖြစ်နေတဲ့ စုတ်တံကိုကိုင်ထားတဲ့ သူ့ရဲ့လက်ချောင်းတွေက အနောက်က ရုတ်တရက်ထွက်လာတဲ့ စီနီယာ့အသံကြောင့် အလန့်တကြားဖြစ်သွားပြီး ကင်းဗက်စအပေါ်ကို စုတ်တံနဲ့ဆွဲခြစ်လိုက်မိသွားတာပဲ။

" စီ...စီနီယာ ကျွန်တော်တောင်းပန်ပါတယ်! ကျွန်တော် တကယ်တောင်းပန်ပါတယ်! ကျွန်တော့်မုန့်ဖိုးထဲက ပြန်လျော်ပေးပါ့မယ် စီနီယာ ကျွန်တော် တောင်းပန်ပါတယ်ဗျ! "

ပန်းချီပညာရပ်ကို စိတ်မဝင်စားပေမယ့် ကင်းဗက်စတွေရဲ့ ဈေးကပေါ့သေးသေးမဟုတ်တာတော့ ဟယ်ချန်းကောင်းကောင်းကြီးသိပါသည်။

သို့သော် စီနီယာက ဘာတစ်ခွန်းမှမပြောဘဲ အဖြူရောင်ကင်းဗက်စပေါ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ အနက်ရောင်အစင်းကြောင်းကြီးကိုကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံးတယ်။

" လက်မှတ်ထိုးလိုက် "

" ဗျာ? "

ကော်ဖီခွက်နှစ်ခွက်ကို ဘေးကစားပွဲခုံအရှည်ပေါ်တင်လိုက်တဲ့ စီနီယာက ခပ်စစအပြုံးနဲ့။

" မင်းဖန်တီးလိုက်တဲ့ မင်းရဲ့လက်ရာဖြစ်သွားပြီလေ အောက်ဘက်ရဲ့ ဘယ်ဘက်ဒေါင့်စွန်းမှာ ဒီဟာနဲ့ မင်းရဲ့လက်မှတ်ကိုထိုးလိုက် "

စုတ်တံအသေးလေးတစ်ခုကို ကမ်းပေးလာတယ်။

" ဗျာ ဒီအစင်းကြောင်းကြီးကိုလေ? "

" အစ်ကို့ကိုယုံပါ လက်မှတ်ထိုးလိုက် "

ဘာမှထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ကမ်းပေးလာတဲ့စုတ်တံကို လက်နှစ်ဖက်နဲ့သေချာယူလိုက်ပြီး စီနီယာပြောတဲ့နေရာမှာပဲ သူ့လက်မှတ်ကိုထိုးလိုက်တယ်။

သူလက်မှတ်ထိုးတာကို ဘေးကလက်ပိုက်ကြည့်နေတဲ့ စီနီယာက သူစုတ်တံကိုဘေးမှာချလိုက်တာနဲ့ တပြိုင်တည်း ကင်းဗက်စအနားကိုတိုးကပ်လာတာမလို့ ဘေးကိုအလိုက်တသိရှောင်ဖယ်ပေးလိုက်ရတယ်။ ထို့နောက် သူ့ရဲ့ခပ်သော့သော့လက်ရေးကို သေချာအာရုံတစိုက်ကြည့်ရင်း သဘောတကျပြုံးတယ်။ သူ့မှာငေးခနဲပဲ။ စီနီယာက ပြုံးရင်ကြည့်ကောင်းတယ်ဆိုတာ သိပေမယ့် ဒီတစ်ခေါက်အပြုံးက ကြည့်ကောင်းတာထက်ပိုတယ်။ သူ့မှာ ငေးမဝနိုင်ဖြစ်ရတယ်။

" ဟယ်...ချန်း "

" ဗျာ "

သူ့လက်မှတ်ကို စိုက်ကြည့်ပြီး လေသံခပ်တိုးတိုးလေးရေရွတ်တယ်။ ဒါပေမယ့် နားပါးတဲ့ဟယ်ချန်းက ကြားဖြစ်အောင်ကြားသွားတော့ ဘာမှမဟုတ်ပါဘူးဆိုတဲ့ပုံစံနဲ့ သူ့ကိုခေါင်းခါပြလာတယ်။

" အာ ဟုတ်သား...ဒီမှာ ကော်ဖီ "

ကော်ဖီခွက်ကို သတိတရနဲ့သူ့ကိုပေးလာတဲ့ စီနီယာ။

" ပူတယ်နော် သတိထား "

" ဟုတ်ကဲ့ဗျ "

အနားကိုတိုးကပ်လာတဲ့ စီနီယာ့ဆီက ကော်ဖီနံ့ခပ်သင်းသင်းကိုရတယ်။ အရင်လို သစ်သီးရနံ့လေးမဟုတ်တဲ့ စီနီယာ့ကိုယ်သင်းနံ့က ဒီနေ့မှပိုပြီးစွဲဆောင်မှုရှိနေသလိုမျိုး။ လူတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က လွယ်လွယ်ကူကူပြောင်းတတ်လို့လား။ သူခဏတာ တွေဝေသွားတယ်။

သူတွေးနေတုန်းက ကော်ဖီပူပူကိုမော့သောက်လိုက်တဲ့ စီနီယာကြောင့် သူ့အတွေးထဲက မေးခွန်းရဲ့အဖြေကိုရသွားတယ်။

ကော်ဖီအနံ့တွေစွဲနေတာပဲ။

" စီနီယာ့ အနုပညာနာမည်က မာ့ခ်လားဗျ? "

မိုးသံတဖြောက်ဖြောက်ကလွဲလို့ ကျန်တာဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်နေတဲ့လေထုကို ဟယ်ချန်းက မနှစ်သက်တာကြောင့် ထိုလေထုကိုဖြိုခွင်းဖို့ကြိုးစားတယ်။

" ဘာရယ်? "

" စီနီယာအရင်တုန်းက ပြောဖူးတယ်လေ။ စီနီယာရဲ့ နောက်ထပ်နာမည်တစ်ခုက မာ့ခ်ဆိုတာ။ အဲ့တာ စီနီယာ့အနုပညာနာမည်လားလို့ မေးတာပါဗျ "

မိုးရွာသံကြောင့် သူ့အသံကိုသေချာမကြားလိုက်တာထင်လို့ ဟယ်ချန်းနောက်တစ်ခါသေချာပြန်ပြောလိုက်တယ်။

သူ့ကိုစိုက်ကြည့်လာတဲ့ မျက်ဝန်းတွေက ချက်ချင်းလက်ငင်းကိုပြောင်းလဲတယ်။ သေချာဂရုမစိုက်မိရင် ခြေချော်ကျမိနိုင်တဲ့ တွင်းနက်ကြီးလိုမျိုး။ တစ်ဝက်ကျော်လောက်ကျန်သေးတဲ့ ကော်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ဘူးထဲက စီးကရက်တစ်လိပ်ကိုထပ်ထုတ်လိုက်တဲ့ စီနီယာက ငေးငေးမောမောနဲ့။

" ဟုတ်လား...အစ်ကိုက အဲ့လိုပြောခဲ့တာလား? "

ဟယ်ချန်း အယောင်ယောင်အမှားမှားနဲ့ စီနီယာ့ကို ခေါင်းညိတ်ပြလိုက်တယ်။ ဒီနေ့စီနီယာက သူ့အတွက်တအားထူးဆန်းနေလွန်းတယ်။

သူခေါင်းညိတ်ပြတာကို ခပ်တွေတွေငေးကြည့်နေတဲ့ စီနီယာက စီးကရက်လိပ်ကိုမီးညှိလိုက်တယ်။

" အင်း ဟုတ်တယ်။ မာ့ခ်က အစ်ကို့ရဲ့ အနုပညာနာမည်လေ။ ပန်းချီဆွဲတဲ့နေရာမှာပဲ သုံးတဲ့နာမည်မလို့ ဟယ်ချန်းကို လျှို့ဝှက်ထားစေချင်တယ် "

ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း စီနီယာကပြောတယ်။ ဆေးလိပ်ငွေ့ကို မခံနိုင်တဲ့သူကတော့ တဟွတ်ဟွတ်နဲ့ ချောင်းထဆိုးတော့တာပဲ။

" ဟုတ်ကဲ့ ကျွန်တော်ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးဗျ "

စီးကရက်လိပ်ကိုကိုင်မြှောက်ထားတဲ့ ဖြူဖျော့နေတဲ့လက်မှာ သွေးကြောစိမ်းတွေက ခပ်ထင်းထင်းရယ်။ ကြပ်ခိုးမှိုင်းစွဲနေတဲ့ မီးရောင်တွေက အဲ့ဒီသွေးကြောစိမ်းတွေကို လှစ်ဟင်းပြနေတယ်။

သားချော့တေးတစ်ပုဒ်လိုမျိုး တဖြောက်ဖြောက်နဲ့ကျဆင်းနေတဲ့ မိုးစက်တွေ တဖြည်းဖြည်းနဲ့ရပ်တန့်လာတယ်။ ပတ်ဝန်းကျင်က ကြည်လင်စပြုလာပြီ။

" မင်းက ဘယ်လိုပြန်မှာလဲ ဟယ်ချန်း? "

မိုးတိတ်သွားတဲ့ ပတ်ဝန်းကျင်ကိုကြည့်ရင်း စီနီယာကမေးတယ်။ ဟယ်ချန်း အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်တယ်။ ဒီအချိန်သူပြန်လို့ရရင်တောင် အဆောင်တံခါးပိတ်သွားလောက်ပြီ။ မတတ်နိုင်ဘူး။ ဒေါ်လေးရဲ့အိမ်မှာပဲ ရှေ့မျက်နှာ နောက်ထားပြီးအိပ်ရမှာပဲ။

" ဒီအချိန်ဆို အဆောင်တံခါးတွေပိတ်ပြီမလား? "

" ဗျာ "

" မင်း အဆင်ပြေမယ်ဆိုရင် ဒီမှာပဲအိပ်လို့ရပါတယ်။ အစ်ကိုက ကိစ္စမရှိဘူး အားမနာနဲ့ "

ဟယ်ချန်း ခဏတော့ငြိမ်သက်သွားတယ်။ ဒီနေ့တစ်ရက်တည်းမှာတင် သူစီနီယာ့အပေါ် အတော်လေးအကြွေးတင်နေတာမလို့ ဒီကမ်းလှမ်းမှုကို လက်မခံချင်တာတော့အမှန်ပဲ။ ဒါပေမယ့် ဒေါ်လေးရဲ့အိမ်ကိုသွားရမှာက သူ့ကို စိတ်ရောကိုယ်ရောပင်ပန်းစေလိမ့်မယ်။

စိတ်လိုလက်ရသက်ပြင်းတစ်ခုကိုချလိုက်ရင်း သူခေါင်းညိတ်လိုက်တယ်။

" ဟုတ်ကဲ့ စီနီယာ။ ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်ဗျ "

ခပ်ရိုးရိုးကျေးဇူးတင်စကားတစ်ခုနဲ့ စီနီယာရဲ့ကမ်းလှမ်းမှုကို သူလက်ခံလိုက်တယ်။ စီနီယာဟာ သူ့ကိုဝေ့ဝဲကြည့်ရင်း ပြုံးပါရဲ့။

" အဲ့တာဆို ဒီမှာခဏနေဦးနော်။ အစ်ကို မင်းအတွက်နေရာလုပ်ပေးမယ် "

ပြောပြောဆိုဆိုနဲ့ ထသွားတဲ့စီနီယာက နေရာအလွန်အမင်းယူထားတဲ့ပန်းချီကားအချို့ကို တစ်ခုနဲ့တစ်ခုထပ်ပြီး သိမ်းဆည်းတယ်။ သူထပြီး ကူလုပ်ပေးဖို့ပြင်ပေမယ့် အဲ့ဒီနေရာမှာပဲထိုင်နေဆိုတဲ့ စီနီယာရဲ့ ခြေဟန်လက်ဟန်စကားကြောင့် ခပ်ငြိမ်ငြိမ်လေးပဲ ပြန်ထိုင်နေလိုက်ရတယ်။

" ရပြီ တကယ်လို့မင်းနားချင်လာရင် အဲ့မှာဝင်လှဲလိုက်နော်။ အစ်ကို သွားတော့မယ် "

ဆိုဖာတစ်လုံးကို လက်ညှိုးထိုးပြပြီး ပစ္စည်းတွေကိုထုပ်ပိုးထားတဲ့အိတ်ကို ကျောမှာလွယ်ရင်း ပြောလာတဲ့စီနီယာကြောင့် ဟယ်ချန်းအကြောင်းအရင်းမရှိ မတ်တပ်ထရပ်လိုက်တယ်။

" ဘယ်ကိုသွားမလို့လဲဗျ "

" အိမ်ပြန်မလို့လေ "

" ဗျာ? အဲ့တာဆို ကျွန်တော်က ဒီမှာတစ်ယောက်တည်းပေါ့ "

" မနေရဲလို့လား? "

" အာ အဲ့လိုတော့မဟုတ်ပါဘူးဗျ "

နေရခက်စွာသူဖြေလိုက်တယ်။ စီနီယာဟာ အသက်ရှူရှိုက်ရင်း နှုတ်ခမ်းပေါ်မှာ မချိပြုံးတစ်ခုကိုတည်တယ်။

" အစ်ကိုရှိနေရင် မင်းပိုပြီးနေရခက်လိမ့်မယ် "

" ရပါတယ်ဗျ! ကျွန်တော်နေရမခက်ပါဘူး "

ခပ်မြန်မြန်ပြောလိုက်တဲ့ သူ့ရဲ့စကားအဆုံးမှာ စီနီယာက မျက်ခုံးတစ်ဖက်ပင့်ရင်း သူ့ကိုစိုက်ကြည့်လာတယ်။

" ဆိုလိုတာက အစ်ကို့ကိုဒီမှာနေခိုင်းတာလား? "

" ဟို...ကျွန်တော်ပြောချင်တာ ဒါက စီနီယာ့နေရာလေ။ အခုတောင် စီနီယာ့အပေါ်ကျေးဇူးတင်စရာတွေများနေပြီကို ကျွန်တော့်အတွက် နေရာပါဖယ်ပေးစရာမလိုပါဘူးဗျ "

ဆိုင်ခန်းလေးက ကျဉ်းကျဉ်းလေးရယ်။ သူ့အတွက်ဆိုပြီး ဖယ်လိုက်ရတဲ့နေရာကြောင့် ဆေးရောင်စုံပန်းချီကားတွေက ဖြစ်သလို ဟိုနားထပ်၊ ဒီနားထပ်ဖြစ်သွားတယ်။ အနားသတ်တွေစုတ်ပြတ်နေတဲ့ ခပ်ဟောင်းဟောင်းဆိုဖာတစ်လုံးအပေါ် သူလှဲလိုက်တယ်။ သက်တောင့်သက်သာတော့မဖြစ်လှပေမယ့် ထူးခြားစွာပင် စိတ်ကျဉ်းကျပ်မှုကိုတော့မဖြစ်စေဘူး။ မနက်ဖြန်က ကျောင်းပိတ်ရက်ဖြစ်နေသေးလို့သာ တော်သေးတယ်ပြောရမယ်။ ဟယ်ချန်းက အိပ်ရာအပြောင်းအလဲဆို တော်တော်နဲ့အိပ်ပျော်ဖို့မလွယ်တတ်တဲ့ လူစားမျိုး။

ကျောမှာလွယ်ထားတဲ့အိတ်ကို ခုံပေါ်မှာတင်လိုက်ပြီး စီနီယာက လေးတိလေးကန်နဲ့ဆိုင်အရှေ့မှာထွက်ပြီး အဝင်အဝလှေကားထစ်လေးမှာ ငုတ်တုတ်ထိုင်တယ်။ တစ်နေရာတည်းမှာ အတူရှိနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် သူ့ကိုနေရခက်မှာစိုးလို့ထင်တယ်။ သူ စပ်ဖျင်းဖျင်းဖြစ်ချင်လာတဲ့ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ အိပ်ပျော်သွားလိုသွားငြား။ ဒါပေမယ့် ထင်တဲ့အတိုင်းပါပဲ။ သူဟာ အိပ်လို့မရခဲ့ဘူး။ နာရီပေါင်းများစွာကြာတာတောင် မျက်လုံးတွေက အလွန်အမင်းအားအင်ပြည့်ဝနေတဲ့အတိုင်းပဲ။

ဆိုဖာပေါ်မှာလှဲနေရာနေ ခပ်ဖြည်းဖြည်းထထိုင်လိုက်ပြီး မျက်စိကစားကြည့်တော့ စီနီယာက အခုထိအပြင်မှာထိုင်နေတုန်းပဲ။ တစ်ချက်တစ်ချက်စီးကရက်အနံ့ကိုရတယ်။ အရွယ်ရောက်ပြီးသား စီနီယာက ဆေးလိပ်သောက်တတ်လောက်မယ်ဆိုတာသိပေမယ့် ဒီလိုမျိုး အခန်းထဲထိဆေးလိပ်နံ့စွဲအောင်သောက်မယ်လို့တော့ မထင်ထားမိခဲ့ဘူး။

" မအိပ်သေးဘူးလား? "

လေအဝေ့မှာ ကော်ဖီအနံ့နဲ့ဆင်တူတဲ့ ကိုယ်သင်းရနံ့ကို သိမ့်ခနဲရတယ်။ ရှတတ စကားဆိုသံရယ်။ လက်ချောင်းတွေပေါ်က ခြောက်သွေ့နေတဲ့ ဆေးရောင်တွေ။ သူမရင်းနှီးခဲ့ဘူး။

" ဟုတ် အိပ်မပျော်လို့ဗျ။ စီနီယာကရော မအိပ်သေးဘူးလား? "

စီနီယာ့ဘေးမှာပဲ သူဝင်ထိုင်လိုက်တယ်။ စိတ်ကြည်စေတဲ့ သစ်သီးရနံ့လေးကတော့ ပျောက်ကွယ်လို့နေတယ်။

" အစ်ကိုလည်း မင်းလိုပါပဲ။ အိပ်မပျော်လို့ "

ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ရင်းဖြေလာတယ်။ မျက်ဝန်းနက်တွေက လျော့တိလျော့ရဲနိုင်တယ်။ အလေးအနက်မရှိတာများလား? သူမြင်နေရတဲ့ လျော့ရဲမှုတွေက စိတ်ဝင်စားမှုကို ခပ်တိုးတိုးလေးဆွတယ်။

" စီနီယာ "

" အင်း "

" ကော်ဖီကြိုက်လားဗျ? "

" ကြိုက်တယ် "

" ရေခဲချောင်းရော? "

" ကြိုက်တယ် "

" တစ်ခုပဲ ရွေးရမယ်ဆိုရင်ရော စီနီယာ ဘာကိုရွေးမလဲဗျ? "

" ကော်ဖီအရသာ ရေခဲချောင်း "

" ဗျာ "

ဟယ်ချန်း ယောင်တိယောင်တောင်နဲ့ စီနီယာ့ကိုလှည့်ကြည့်လိုက်တယ်။ ကော်ဖီအရသာနဲ့ ရေခဲချောင်းဆိုတာရှိလို့လား? သူ့ရဲ့ ကြောင်အသွားတဲ့ပုံစံကိုမြင်တော့မှ စီနီယာက သဘောတကျထရယ်တယ်။

" ဒီအတိုင်းစတာ။ အစ်ကိုက ရေခဲချောင်းမကြိုက်သလို အချိုလည်းမကြိုက်ဘူး။ ကော်ဖီလိုမျိုး ခါးသက်သက်အရသာမျိုးတွေကိုပဲ ပိုသဘောကျတာ "

" စီနီယာက ရေခဲချောင်းမကြိုက်ဘူးလားဗျ? "

သူအမှတ်တမဲ့ မျက်မှောင်တောင်ကြုတ်မိသွားသလိုပဲ။ ဟိုတစ်နေ့ကလေးတင် သူနဲ့အတူ ရေခဲချောင်းစားခဲ့တာကို။ စီနီယာကိုယ်တိုင်ရွေးခဲ့တဲ့အရသာကလည်း ချိုရဲနေတဲ့ ဖရဲသီးအရသာ။

" အာ...အဲ့တာက "

သူဇဝေဇဝါဖြစ်နေတဲ့ပုံကို ဖျတ်ခနဲလှည့်ကြည့်ရင်းရိပ်မိသွားပုံပဲ။ ဒီနေ့မှ စီနီယာက အပြောနဲ့အလုပ်မညီသလိုဖြစ်နေတယ်။

" အရမ်းမကြိုက်တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း...တခါတလေ ပူအိုက်နေတဲ့အချိန်မှာဆိုရင်တော့ စားတယ် "

ဘယ်ကိုမှ အရာမရောက်နေတဲ့ သူတို့ရဲ့စကားဝိုင်းပါပဲ။ စီနီယာ့လက်ထဲက စီးကရက်လိပ်ကလည်း မီးမငြိမ်းသေးသလို သူကလည်း အထဲပြန်ဝင်ဖို့စိတ်ကူးမရှိသေးဘူး။ ဘာလို့လဲမသိပေမယ့် သူ့ဘေးကလူမှာ သံလိုက်ဓာတ်သဘောရှိသလိုပဲ။ ဆွဲငင်တတ်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။

" ဒါနဲ့ စီနီယာ- "

" တစိတ်လောက် ဟယ်ချန်း "

" ဗျာ "

" အစ်ကို့ကို မာ့ခ်လို့ပဲခေါ်ပေးလို့ရမလား? "

သူ တွေဝေသွားတယ်။ သူ့ဘေးကလူကတော့ ညရှုခင်းကို ငေးနေတုန်းပဲ။ လေပြည်သဲ့သဲ့က စီနီယာရဲ့ဆံနွယ်တွေကို အဖျားခတ်တယ်။

" အခု ဒီနေရာမှာတော့ အစ်ကိုက မင်းရဲ့စီနီယာမဟုတ်ဘူးလေ "

မင်းရဲ့ စီနီယာလည်းမဖြစ်ချင်ဘူးဆိုတဲ့ ခပ်တိုးတိုးရေရွတ်သံကို တိတ်ဆိတ်နေတဲ့လေထုထဲမှာ ကြားဖြစ်အောင် ကြားသွားတဲ့ဟယ်ချန်းက မကြားချင်ယောင်ပဲဆောင်လိုက်တယ်။

" အစ်ကို မင်ဟျောင်း "

" ဟင့်အင်း "

မချိပြုံးတစ်ခုနဲ့ ခေါင်းကိုခပ်လေးလေးခါတယ်။

" မာ့ခ်လို့ပဲခေါ်ပေးပါ။ ဒီနေရာ...ဒီအခန်းထဲမှာတော့ အစ်ကို့ကို မာ့ခ်လို့ပဲ ခေါ်စေချင်တယ် "

သူဘာမှပြန်မပြောမိဘူး။ အဲ့ဒီလူကတော့ စီးကရက်လိပ်ကို ထပ်ပြီးရှိုက်ဖွာတယ်။ လေပြည်ညင်းတစ်ဝေ့မှာတော့ သောက်လက်စစီးကရက်လိပ်ဟာ နောက်ဆုံးအနေနဲ့ မီးရဲသွားတယ်။ တစ်စတစ်စသေသွားတဲ့ စီးကရက်လိပ်ကိုပစ်ချလိုက်တဲ့ အဲ့ဒီလူက လမ်းမီးတိုင်တွေကို တိတ်တဆိတ်ငေးနေတုန်းပဲ။

" မာ့ခ် "

ရိပ်ခနဲကော့တက်သွားတဲ့ နှုတ်ခမ်းဒေါင့်စွန်းကို သူဖမ်းမိခဲ့တယ်။ သိပ်ကြည့်ကောင်းတယ်။

" ကျွန်တော်တော့ ကျောင်းပိတ်ရက်တိုင်း ဒီကိုပဲလာဖြစ်တော့မယ်ထင်တယ်ဗျ "

ညလေပြည်မှာ ရယ်သံတွေလွင့်တယ်။ မိုးရေစက်တွေက တိတ်ဆိတ်နေခဲ့တယ်။ ဒီလူသားရဲ့ ဘေးမှာတော့ သူဟာလုံခြုံစွာနဲ့ပဲ။

-To Be Continue

Zawgyi Version

မႈိင္းညိဳ႕ၿပီး မိုးရိပ္သမ္းလာတဲ့ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး ဟယ္ခ်န္းသက္ျပင္းခ်လိုက္တယ္။ အရင္တစ္ခါက မိုးမိၿပီးဖ်ားေတာ့မလိုျဖစ္ခဲ့တာေတာင္ သူကေတာ့ ထီးယူဖို႔ပ်င္းေနတုန္းပဲ။ အခုေတာ့ ထီးယူဖို႔ပ်င္းခဲ့မိတဲ့အက်ိဳးဆက္ကို ခံစားရေတာ့မယ္။

ဟူး...

ဒုတိယအႀကိမ္ေျမာက္ သက္ျပင္းထပ္ခ်လိုက္ၿပီး လက္ထဲက စာအုပ္ထုပ္ေတြနဲ႔အတူ ဦးေလးလီမွာလိုက္တဲ့ ဓာတ္ပုံကိုရင္ဘတ္မွာပိုက္လိုက္တယ္။

ဦးေလးလီသူ႔ကို အကူအညီေတာင္းၿပီးလာယူခိုင္းတာ ဓာတ္ပုံတစ္ခုတည္းဆိုေပမယ့္ ဓာတ္ပုံဆိုင္ရဲ႕ ေဘးေတာက္ေလွ်ာက္မွာ စာအုပ္အေဟာင္းတန္းေတြဆိုေတာ့ ျပန္ရမယ့္အခ်ိန္ကိုေမ့ၿပီး စိတ္ႀကိဳက္လက္ႀကိဳက္စာအုပ္ေတြရွာဝယ္ေနမိလိုက္တာ။ အခုေတာ့ ဒုကၡလွလွေတြ႕ၿပီ။

မိုးက႐ြာေတာ့မယ္၊ ထီးလည္းမပါလာဘူး၊ ေနာက္ဆယ္မိနစ္ေလာက္ေနရင္ အေဆာင္ကပိတ္ေတာ့မွာ၊ အခုအခ်ိန္ဆိုျပန္ဖို႔ ဘတ္စ္ကားလည္းမရွိေလာက္ေတာ့ဘူး။

ဟူး...

ညစ္ေထြေထြနဲ႔ပဲ တတိယေျမာက္သက္ျပင္းကိုထပ္ခ်မိတယ္။ ပန္းခ်ီကားေတြ၊ စာအုပ္အေဟာင္းေတြ၊ ေရွးေဟာင္းပစၥည္းေတြေရာင္းတဲ့လမ္းၾကားေလးက အေမွာင္ထုကိုခုခံဖို႔ လမ္းမီးေတြဖြင့္ႏွင့္ၿပီးေနၿပီ။ လမ္းၾကားေလးထဲက ဆိုင္ေတာ္ေတာ္မ်ားမ်ားက တံခါးေတြပိတ္ၿပီး အိမ္ျပန္တဲ့လူေတြကျပန္ကုန္ၾကၿပီ။ သူတစ္ေယာက္တည္း လမ္းအလည္မွာ ေယာင္ေတာင္ေတာင္ျဖစ္ေနတာ။

ညစ္ေမွာင္ေမွာင္တိမ္တိုက္ေတြကေန ခုန္ဆင္းလာတဲ့မိုးေရစက္တစ္စက္က သူ႔ေခါင္းေပၚကို ေဖာက္ခနဲက်လာခ်ိန္မွာေတာ့ သူဟာေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္သြားရတယ္။

" ဒုကၡပါပဲ "

လူကိုမိုးေရစိုတာ ကိစၥမရွိေပမယ့္ လက္ထဲက စာအုပ္ေတြနဲ႔ ဓာတ္ပုံကေတာ့ေရစိုလို႔မျဖစ္ဘူး။ မိုးခိုလို႔ရမယ့္ေနရာကို ဟိုဟိုဒီဒီရွာၾကည့္ေပမယ့္ ဆိုင္ေတြအကုန္လုံးနီးပါးက ပိတ္ကုန္ၾကတာမလို႔ ဘယ္သူ႔ကိုမွအကူအညီေတာင္းလို႔မရမယ့္ အေျခအေန။

မိုးေရစက္ေတြက တျဖည္းျဖည္းနဲ႔အၿငိဳးႀကီးစြာက်ဆင္းလာတယ္။ မတတ္ႏိုင္ေတာ့။ မိုးခိုလို႔ရမယ့္ေနရာမေတြ႕မခ်င္း မိုးေရထဲေျပးရေတာ့မွာပဲ။

ဟယ္ခ်န္း စာအုပ္ေတြနဲ႔ ဓာတ္ပုံထည့္ထားတဲ့အိတ္ကို ရင္ဘတ္မွာပိုၿပီးတင္းတင္းၾကပ္ၾကပ္ျဖစ္ေအာင္ပိုက္လိုက္ၿပီး ေျခေထာက္ေတြကိုခပ္သြက္သြက္အလုပ္ေပးလိုက္တယ္။

မိုးေရထဲေျပးလာရင္းနဲ႔ ကံေကာင္းစြာပင္ တံခါးဖြင့္ထားတုန္းျဖစ္တဲ့ဆိုင္တစ္ဆိုင္ကိုေတြ႕လိုက္ရတယ္။ ဟယ္ခ်န္း ဝမ္းသာအားရျဖစ္သြားရတယ္။ ေနာက္ဆုံးေတာ့ မိုးခိုလို႔ရမယ့္ေနရာေတြ႕ၿပီ။

ပန္းခ်ီကားဆိုင္ျဖစ္ပုံေပၚတဲ့အခန္းေလးက မိုးခိုဖို႔အတြက္ အသင့္ေတာ္ဆုံးေနရာပဲ။ ဆိုင္ရွင္ကိုလိုက္ရွာၾကည့္ေပမယ့္ ဆိုင္ခန္းတံခါးကိုရွင္းရွင္းလင္းလင္းဖြင့္ထားတဲ့ အခန္းထဲမွာ ဆိုင္ရွင္ျဖစ္ပုံေပၚတဲ့လူတစ္ေယာက္ကိုမွမေတြ႕။ သို႔ေသာ္လည္း အေျခအေနကဆိုင္ထဲကို မဝင္လို႔မျဖစ္ေတာ့တဲ့အေျခအေနမလို႔ ေနာက္မွသာဆိုင္ရွင္ကို ေသခ်ာရွင္းျပၿပီးေတာင္းပန္လိုက္ေတာ့မယ္လို႔ေတြးရင္း ဆိုင္ထဲကိုဝင္သြားလိုက္တယ္။

ဆိုင္ထဲကိုဝင္လိုက္ခ်င္းခ်င္း ႀကိဳဆိုခံလိုက္ရတာက စီးကရက္အနံ႔ေတြနဲ႔။ ဆိုင္အဝင္အဝမွာတင္ စီးကရက္အနံ႔ေတြစြဲက်န္ေစခဲ့တဲ့အထိ စီးကရက္ကိုခုံမင္ပုံေပၚမယ့္ဆိုင္ရွင္က သူနဲ႔ေတာ့အဆင္ေျပေလာက္မယ့္ပုံမေပၚတာကို ဟယ္ခ်န္းသတိထားမိသြားတယ္။ အဲ့တာေၾကာင့္ စာအုပ္ေတြလည္းမိုးေရစိုခ်င္စိုပါေစေတာ့ဆိုၿပီး ဦးေလးလီမွာလိုက္တဲ့ ဓာတ္ပုံကို စာအုပ္တစ္အုပ္ၾကားထဲညႇပ္လိုက္တယ္။ သူ႔စာအုပ္ေတြေရစိုသြားတာအေရးမႀကီးေပမယ့္ ဦးေလးလီရဲ႕ သူ႔ကိုတကူးတကမွာလိုက္တဲ့ ဓာတ္ပုံကေတာ့ ေရစိုလို႔မျဖစ္ဘူး။ ထို႔ေနာက္ မႈိင္းေသြ႕ေသြ႕ဆိုင္ခန္းေလးကိုတစ္ခ်က္ၾကည့္ၿပီး မိုးေရထဲထြက္ဖို႔အလုပ္ မိုးေရစိုေနတဲ့ဖိနပ္က ၾကမ္းျပင္မွာေခ်ာၿပီး ပန္းခ်ီဆြဲဖို႔ေဆးဘူးေတြတင္ထားတဲ့ခုံကိုခလုတ္တိုက္မိသြားတယ္

ခလြမ္း!

" အ! "

ခုံေပၚမွာ အျပည့္အသိပ္တင္ထားတဲ့ေဆးဘူးေတြ အကုန္လုံးနီးပါးျပဳတ္က်ကုန္တယ္။ အဲ့ထဲမွာ ေဆးအျပည့္ရွိပုံေပၚတဲ့ အေလးခ်ိန္နစ္နစ္နဲ႔ ေဆးဘူးတစ္ဘူးက သူ႔ေျခေထာက္ေပၚျပဳတ္က်တယ္။ သူ႔မွာ ေျခေထာက္နာသြားတာကိုေတာင္ ဂ႐ုမစိုက္ႏိုင္ေသးဘဲ ဟိုတစ္စ၊ ဒီတစ္စျပဳတ္က်ကုန္တဲ့ ေဆးဘူးေတြကိုလိုက္ေကာက္ဖို႔ျပင္ရတယ္။ ေဆးဘူးေတြအကုန္လုံးက အဖုံးေတြေသခ်ာပိတ္ထားတဲ့ပုံစံမလို႔သာ သူသက္ျပင္းခ်ႏိုင္တယ္။ မဟုတ္ရင္ ေဆးရည္ေတြအကုန္ျပန္႔က်ဲကုန္မွာ။ ၾကမ္းျပင္ေပၚက ေဆးဘူးေတြကိုလိုက္ေကာက္ေနရင္း မ်က္လုံးေဒါင့္စြန္းကေန ႐ုတ္တရက္လႈပ္ရွားလာတဲ့ အရိပ္တစ္ခုေၾကာင့္ ေယာင္ရမ္းၿပီး မတ္တပ္ထရပ္လိုက္မိတယ္။

ထိုအရိပ္က ဒီဆိုင္ခန္းရဲ႕ ပိုင္ရွင္ျဖစ္ႏိုင္တယ္လို႔လည္း သူေကာက္ခ်က္ခ်လိုက္တယ္။

ဖ႐ိုဖရဲျဖစ္ေနတဲ့ျမင္ကြင္းကို ဘယ္ကေနဘယ္လိုစရွင္းျပရင္ေကာင္းမလဲစဥ္းစားေနတုန္း ထိုအရိပ္ကဆိုင္ခန္းရဲ႕ေဒါင့္စြန္းနားကေန သူအနားကိုတျဖည္းျဖည္းေလွ်ာက္လာတယ္။ စီးကရက္ေငြ႕ေတြရဲ႕အနံ႔ကိုပါ တၿပိဳင္တည္းရလာတယ္။ ၾကည့္ရတာ ဒီလူက ဆိုင္ခန္းရဲ႕ ေမွာင္ရိပ္က်တဲ့ေနရာမွာ ေအးေအးလူလူေဆးလိပ္ထိုင္ေသာက္ေနခဲ့တဲ့ပုံပင္။ သူကသာ အေလာတႀကီးျဖစ္ေနလို႔ လူတစ္ေယာက္လုံးကိုမျမင္ခဲ့တာ။

" ဟို... ကြၽန္ေတာ္ ေတာင္းပန္- ဟင္? "

ၾကပ္ခိုးမႈိင္းစြဲေနတဲ့ လွ်ပ္စစ္မီးအလင္းေရာင္ေၾကာင့္ ရွင္းရွင္းလင္းလင္းျမင္လာရတဲ့ ပုံရိပ္တစ္ခုက ဟယ္ခ်န္းကိုအံ့အားသင့္ေစခဲ့သည္။

စီနီယာမင္ေဟ်ာင္း။

စီးကရက္လိပ္တစ္လိပ္ကို လက္ႏွစ္ေခ်ာင္းၾကားထဲညႇပ္ကိုင္ထားတဲ့ စီနီယာရဲ႕ပုံရိပ္က သူတစ္ခါမွမျမင္ဖူးခဲ့တဲ့ သူစိမ္းဆန္ေနတဲ့ပုံရိပ္တစ္ခု။ အခန္းနံရံကိုမွီလိုက္ရင္း သူ႔ကိုေငးေမာစိုက္ၾကည့္ေနတဲ့ စီနီယာရဲ႕မ်က္ဝန္းေတြက အရင္တုန္းက သူျမင္ဖူးေနက်မ်က္ဝန္းေတြလိုမ်ိဳး မေတာက္ပေနဘူး။ မ်က္စိစုံမွိတ္ထားရာကေန အေရာင္ေတြကိုအခုမွ သတိထားမိသလိုမ်ိဳး။

" စီနီယာ..."

" စီနီယာ? "

သူ႔စကားကိုသံေယာင္လိုက္ၿပီးေျပာလာတဲ့ စီနီယာက ဖ်တ္ခနဲမ်က္ေမွာင္ၾကဳတ္သြားတယ္။ ဦးေႏွာက္ကိုအခုမွ အသည္းအသန္အလုပ္ေပးေနသလိုမ်ိဳး။

" အာ..."

စကၠန္႔အနည္းငယ္ေလာက္အခ်ိန္ယူၿပီးမွ လိုခ်င္တဲ့အေျဖရွာေတြ႕သြားတဲ့ပုံနဲ႔ ေခါင္းကိုခပ္ျဖည္းျဖည္းညိတ္လာတယ္။

" မိုးခိုဖို႔ဝင္လာတာမလား။ ဒီမွာေနလို႔ရပါတယ္ "

ေျခသံေဖ်ာ့ေဖ်ာ့ဟာ သူ႔အနားကိုခ်ဥ္းကပ္လာတယ္။ ၾကမ္းျပင္ေပၚမွာ တျပန္႔တက်ဲစီျဖစ္ေနတဲ့ ေဆးဘူးေတြကိုမျမင္သလိုေက်ာ္ခြလာတဲ့ စီနီယာက သူ႔ေဘးကခုံေပၚမွာတင္ထားတဲ့ ေဆးလိပ္ျပာခြက္ထဲမွာ ေသာက္လက္စေဆးလိပ္မီးကိုသတ္လိုက္တယ္။ ဖန္ၾကည္ေရာင္ျပာခြက္ထဲမွာ ထိုးေခ်ထားတဲ့ စီးကရက္တိုေတြက ျပာေတြဖုံးေနၿပီး တြန္႔တြန္႔ေၾကေၾကနဲ႔။ ျပာမႈန္မႈိင္းေတြက အစြန္႔ပယ္ခံေတြလိုပဲ။

" ေဆာရီး အစ္ကိုက ဒီတစ္ခ်ိန္ပဲေဆးလိပ္ေသာက္လို႔ရတာမလို႔ "

စီးကရက္ေငြ႕ေတြရဲ႕ အနံ႔ကိုသူလက္မခံႏိုင္မွန္း စီနီယာဟာ သတိထားမိတယ္။ အဲ့တာေၾကာင့္မလို႔လည္း သူဘာမွမေျပာပါဘဲနဲ႔ ေျဖရွင္းခ်က္ေပးလာတာ။

" ဟုတ္ ရပါတယ္ဗ် "

" ဒီမွာပဲ ရပ္ေနေတာ့မွာလား? အထဲဝင္ေလ "

" ဗ်ာ? အာ ဟုတ္...ဟုတ္ကဲ့ဗ် "

အဝင္အဝကိုေမးေငါ့ျပရင္းေမးလာတဲ့ စီနီယာက သူ႔ရဲ႕တုံ႔ဆိုင္းေနမႈကို စိတ္မရွည္ဟန္နဲ႔။

" ေကာ္ဖီေသာက္မလား "

မ​ေသာက္ေတာ့ပါဘူးလို႔ျငင္းလိုက္ခ်င္ေပမယ့္ ေလာေလာလတ္လတ္မိုးမိထားတာမလို႔ ခႏၶာကိုယ္က အေႏြးဓာတ္လိုေနတာေတာ့ အမွန္ပဲ။

" ဟုတ္ ေသာက္မယ္ဗ် "

ေခါင္းတညိတ္ညိတ္နဲ႔ မီးဖိုေခ်ာင္လို႔ထင္ရတဲ့ အခန္းကန္႔ထားတဲ့ေနရာေလးကိုဝင္သြားတယ္။ တကယ္ကို အေရွ႕မွာထားထားတဲ့ ပန္းခ်ီကားေတြကို နည္းနည္းေလးမွ စိတ္မခ်တဲ့ပုံစံမရွိဘဲ အေနာက္ဘက္ကို ေအးေအးလူလူဝင္သြားတာ။

စီနီယာထိုင္ခိုင္းထားတဲ့ေနရာမွာ ထိုင္ေနရင္းနဲ႔မွ သူဖြထားခဲ့မိတဲ့ ေဆးဘူးေတြကိုသတိရသြားၿပီး ျပန္သြားစီထားဖို႔လုပ္ရတယ္။ ကာယကံရွင္ကေတာ့ ဘာမွမေျပာေပမယ့္ ဒီအတိုင္းထားလိုက္လို႔မေကာင္းဘူးမလား။

သူေဆးဘူးေတြ ေနရာတက်ျပန္ထားၿပီးတဲ့အထိ စီနီယာက ျပန္ထြက္မလာေသးဘူး။ ဟယ္ခ်န္းရွိေနေသးတာကိုေရာ သတိရရဲ႕လား။

ထိုင္ခုံေပၚျပန္ထိုင္ဖို႔အေတြးကို ခဏတာေသြဖယ္လိုက္ၿပီး အခန္းအႏွံ႔မွာေထာင္ထားတဲ့ပန္းခ်ီကားေတြကိုလိုက္ၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။ ဒီအတိုင္းထိုင္ေနရတာ ပ်င္းဖို႔ေကာင္းလြန္းတယ္။ ညိဳညစ္ညစ္အေရာင္ေပါက္ေနတဲ့ အျဖဴေရာင္နံရံေတြက ေငးၾကည့္စရာမွမေကာင္းတာ။

" စီနီယာ ပန္းခ်ီဆြဲတတ္မွန္းမသိခဲ့ဘူး "

လြန္ခဲ့တဲ့မိနစ္အနည္းငယ္ကတင္ စီးကရက္လိပ္ကိုကိုင္ထားတဲ့ စီနီယာရဲ႕လက္ေခ်ာင္းေတြမွာ ပန္းခ်ီေဆးေရာင္ေတြေပေနတာ သူေတြ႕ခဲ့တယ္။ အ႐ိုင္းဆန္တယ္။ ဒါေပမယ့္ ေသေသသပ္သပ္နဲ႔ပဲ။

ပန္းခ်ီကားေတာ္ေတာ္မ်ားမ်ားက ရႉခင္းပုံေတြမ်ားတယ္။ ဆိုးလ္ၿမိဳ႕ရဲ႕ ညဘက္မီးေရာင္ေတြက ဒီေလာက္ထိလွတတ္မွန္း ပန္းခ်ီကားေတြကတစ္ဆင့္ သူသိသြားခဲ့တယ္။ ဆြဲထားၿပီးသမွ် ပန္းခ်ီကားတိုင္းရဲ႕ ေအာက္ဘက္အစြန္ဆုံးအနားမွာ စီနီယာရဲ႕ ဖန္တီးမႈဆိုတာကိုသက္ေသျပထားတဲ့ လက္မွတ္တစ္ခုစီရွိတယ္။

" အမ္(မ္)(M) ေအ(A) အာ(R) ေက(K) "

လက္ေရးဆက္ပုံစံနဲ႔ လွလွပပေရးထိုးထားတဲ့ စာလုံး​ေလးလုံး။

" မာ့ခ္(MARK) "

သူ႔မ်က္ခုံးေတြပင့္တက္သြားရတယ္။ ဖုံးကြယ္ျခင္းတစ္ခုခုကို ခံစားလိုက္ရတယ္။ မွန္းဆရခက္ခဲတယ္။

သူ႔ရဲ႕ေျခလွမ္းေတြကို ေနာက္တစ္ေနရာကိုေ႐ႊ႕လိုက္တယ္။ သူ႔ေျခလွမ္းေတြရပ္တန္႔သြားတာက ဘာေဆးစက္မွျခယ္သထားျခင္းမရွိေသးတဲ့ ကင္းဗက္စေရွ႕မွာ။ ၾကည့္ရတာ အခုမွ စဆြဲဖို႔လုပ္ထားတဲ့ပုံပဲ။ ကင္းဗက္စရဲ႕ေဘးမွာ ပန္းခ်ီေဆးေရာင္ေတြနဲ႔ စုတ္တံတစ္ခုျပင္ဆင္ထားတာေတြ႕ရတယ္။ ေတြေဝျခင္းမရွိ ေဆးအနက္ေရာင္ထဲႏွစ္ထားတဲ့ စုတ္တံကိုသူဆြဲယူလိုက္တယ္။ ဘာရည္႐ြယ္ခ်က္ေၾကာင့္ ဆြဲယူလိုက္မိလဲ သူ႔ကိုယ္သူေတာင္ေသခ်ာမသိဘူး။

" ဘာလုပ္ေနတာလဲ? "

" အမယ္ေလး! "

ကင္းဗက္စအေပၚမွာ တဝဲလည္လည္ျဖစ္ေနတဲ့ စုတ္တံကိုကိုင္ထားတဲ့ သူ႔ရဲ႕လက္ေခ်ာင္းေတြက အေနာက္က ႐ုတ္တရက္ထြက္လာတဲ့ စီနီယာ့အသံေၾကာင့္ အလန္႔တၾကားျဖစ္သြားၿပီး ကင္းဗက္စအေပၚကို စုတ္တံနဲ႔ဆြဲျခစ္လိုက္မိသြားတာပဲ။

" စီ...စီနီယာ ကြၽန္ေတာ္ေတာင္းပန္ပါတယ္! ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္! ကြၽန္ေတာ့္မုန္႔ဖိုးထဲက ျပန္ေလ်ာ္ေပးပါ့မယ္ စီနီယာ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်! "

ပန္းခ်ီပညာရပ္ကို စိတ္မဝင္စားေပမယ့္ ကင္းဗက္စေတြရဲ႕ ေဈးကေပါ့ေသးေသးမဟုတ္တာေတာ့ ဟယ္ခ်န္းေကာင္းေကာင္းႀကီးသိပါသည္။

သို႔ေသာ္ စီနီယာက ဘာတစ္ခြန္းမွမေျပာဘဲ အျဖဴေရာင္ကင္းဗက္စေပၚမွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတဲ့ အနက္ေရာင္အစင္းေၾကာင္းႀကီးကိုၾကည့္ရင္း ႏႈတ္ခမ္းတြန္႔႐ုံၿပဳံးတယ္။

" လက္မွတ္ထိုးလိုက္ "

" ဗ်ာ? "

ေကာ္ဖီခြက္ႏွစ္ခြက္ကို ေဘးကစားပြဲခုံအရွည္ေပၚတင္လိုက္တဲ့ စီနီယာက ခပ္စစအၿပဳံးနဲ႔။

" မင္းဖန္တီးလိုက္တဲ့ မင္းရဲ႕လက္ရာျဖစ္သြားၿပီေလ ေအာက္ဘက္ရဲ႕ ဘယ္ဘက္ေဒါင့္စြန္းမွာ ဒီဟာနဲ႔ မင္းရဲ႕လက္မွတ္ကိုထိုးလိုက္ "

စုတ္တံအေသးေလးတစ္ခုကို ကမ္းေပးလာတယ္။

" ဗ်ာ ဒီအစင္းေၾကာင္းႀကီးကိုေလ? "

" အစ္ကို႔ကိုယုံပါ လက္မွတ္ထိုးလိုက္ "

ဘာမွေထြေထြထူးထူးစဥ္းစားမေနေတာ့ဘဲ ကမ္းေပးလာတဲ့စုတ္တံကို လက္ႏွစ္ဖက္နဲ႔ေသခ်ာယူလိုက္ၿပီး စီနီယာေျပာတဲ့ေနရာမွာပဲ သူ႔လက္မွတ္ကိုထိုးလိုက္တယ္။

သူလက္မွတ္ထိုးတာကို ေဘးကလက္ပိုက္ၾကည့္ေနတဲ့ စီနီယာက သူစုတ္တံကိုေဘးမွာခ်လိုက္တာနဲ႔ တၿပိဳင္တည္း ကင္းဗက္စအနားကိုတိုးကပ္လာတာမလို႔ ေဘးကိုအလိုက္တသိေရွာင္ဖယ္ေပးလိုက္ရတယ္။ ထို႔ေနာက္ သူ႔ရဲ႕ခပ္ေသာ့ေသာ့လက္ေရးကို ေသခ်ာအာ႐ုံတစိုက္ၾကည့္ရင္း သေဘာတက်ၿပဳံးတယ္။ သူ႔မွာေငးခနဲပဲ။ စီနီယာက ၿပဳံးရင္ၾကည့္ေကာင္းတယ္ဆိုတာ သိေပမယ့္ ဒီတစ္ေခါက္အၿပဳံးက ၾကည့္ေကာင္းတာထက္ပိုတယ္။ သူ႔မွာ ေငးမဝႏိုင္ျဖစ္ရတယ္။

" ဟယ္...ခ်န္း "

" ဗ်ာ "

သူ႔လက္မွတ္ကို စိုက္ၾကည့္ၿပီး ေလသံခပ္တိုးတိုးေလးေရ႐ြတ္တယ္။ ဒါေပမယ့္ နားပါးတဲ့ဟယ္ခ်န္းက ၾကားျဖစ္ေအာင္ၾကားသြားေတာ့ ဘာမွမဟုတ္ပါဘူးဆိုတဲ့ပုံစံနဲ႔ သူ႔ကိုေခါင္းခါျပလာတယ္။

" အာ ဟုတ္သား...ဒီမွာ ေကာ္ဖီ "

ေကာ္ဖီခြက္ကို သတိတရနဲ႔သူ႔ကိုေပးလာတဲ့ စီနီယာ။

" ပူတယ္ေနာ္ သတိထား "

" ဟုတ္ကဲ့ဗ် "

အနားကိုတိုးကပ္လာတဲ့ စီနီယာ့ဆီက ေကာ္ဖီနံ႔ခပ္သင္းသင္းကိုရတယ္။ အရင္လို သစ္သီးရနံ႔ေလးမဟုတ္တဲ့ စီနီယာ့ကိုယ္သင္းနံ႔က ဒီေန႔မွပိုၿပီးစြဲေဆာင္မႈရွိေနသလိုမ်ိဳး။ လူတစ္ေယာက္ရဲ႕ ကိုယ္သင္းရနံ႔က လြယ္လြယ္ကူကူေျပာင္းတတ္လို႔လား။ သူခဏတာ ေတြေဝသြားတယ္။

သူေတြးေနတုန္းက ေကာ္ဖီပူပူကိုေမာ့ေသာက္လိုက္တဲ့ စီနီယာေၾကာင့္ သူ႔အေတြးထဲက ေမးခြန္းရဲ႕အေျဖကိုရသြားတယ္။

ေကာ္ဖီအနံ႔ေတြစြဲေနတာပဲ။

" စီနီယာ့ အႏုပညာနာမည္က မာ့ခ္လားဗ်? "

မိုးသံတေျဖာက္ေျဖာက္ကလြဲလို႔ က်န္တာဘာအသံမွ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနတဲ့ေလထုကို ဟယ္ခ်န္းက မႏွစ္သက္တာေၾကာင့္ ထိုေလထုကိုၿဖိဳခြင္းဖို႔ႀကိဳးစားတယ္။

" ဘာရယ္? "

" စီနီယာအရင္တုန္းက ေျပာဖူးတယ္ေလ။ စီနီယာရဲ႕ ေနာက္ထပ္နာမည္တစ္ခုက မာ့ခ္ဆိုတာ။ အဲ့တာ စီနီယာ့အႏုပညာနာမည္လားလို႔ ေမးတာပါဗ် "

မိုး႐ြာသံေၾကာင့္ သူ႔အသံကိုေသခ်ာမၾကားလိုက္တာထင္လို႔ ဟယ္ခ်န္းေနာက္တစ္ခါေသခ်ာျပန္ေျပာလိုက္တယ္။

သူ႔ကိုစိုက္ၾကည့္လာတဲ့ မ်က္ဝန္းေတြက ခ်က္ခ်င္းလက္ငင္းကိုေျပာင္းလဲတယ္။ ေသခ်ာဂ႐ုမစိုက္မိရင္ ေျခေခ်ာ္က်မိႏိုင္တဲ့ တြင္းနက္ႀကီးလိုမ်ိဳး။ တစ္ဝက္ေက်ာ္ေလာက္က်န္ေသးတဲ့ ေကာ္ဖီခြက္ကိုစားပြဲေပၚတင္လိုက္ၿပီး ဘူးထဲက စီးကရက္တစ္လိပ္ကိုထပ္ထုတ္လိုက္တဲ့ စီနီယာက ေငးေငးေမာေမာနဲ႔။

" ဟုတ္လား...အစ္ကိုက အဲ့လိုေျပာခဲ့တာလား? "

ဟယ္ခ်န္း အေယာင္ေယာင္အမွားမွားနဲ႔ စီနီယာ့ကို ေခါင္းညိတ္ျပလိုက္တယ္။ ဒီေန႔စီနီယာက သူ႔အတြက္တအားထူးဆန္းေနလြန္းတယ္။

သူေခါင္းညိတ္ျပတာကို ခပ္ေတြေတြေငးၾကည့္ေနတဲ့ စီနီယာက စီးကရက္လိပ္ကိုမီးညႇိလိုက္တယ္။

" အင္း ဟုတ္တယ္။ မာ့ခ္က အစ္ကို႔ရဲ႕ အႏုပညာနာမည္ေလ။ ပန္းခ်ီဆြဲတဲ့ေနရာမွာပဲ သုံးတဲ့နာမည္မလို႔ ဟယ္ခ်န္းကို လွ်ိဳ႕ဝွက္ထားေစခ်င္တယ္ "

ေဆးလိပ္ေငြ႕ေတြကို မႈတ္ထုတ္လိုက္ရင္း စီနီယာကေျပာတယ္။ ေဆးလိပ္ေငြ႕ကို မခံႏိုင္တဲ့သူကေတာ့ တဟြတ္ဟြတ္နဲ႔ ေခ်ာင္းထဆိုးေတာ့တာပဲ။

" ဟုတ္ကဲ့ ကြၽန္ေတာ္ဘယ္သူ႔ကိုမွ ျပန္မေျပာပါဘူးဗ် "

စီးကရက္လိပ္ကိုကိုင္ေျမႇာက္ထားတဲ့ ျဖဴေဖ်ာ့ေနတဲ့လက္မွာ ေသြးေၾကာစိမ္းေတြက ခပ္ထင္းထင္းရယ္။ ၾကပ္ခိုးမႈိင္းစြဲေနတဲ့ မီးေရာင္ေတြက အဲ့ဒီေသြးေၾကာစိမ္းေတြကို လွစ္ဟင္းျပေနတယ္။

သားေခ်ာ့ေတးတစ္ပုဒ္လိုမ်ိဳး တေျဖာက္ေျဖာက္နဲ႔က်ဆင္းေနတဲ့ မိုးစက္ေတြ တျဖည္းျဖည္းနဲ႔ရပ္တန္႔လာတယ္။ ပတ္ဝန္းက်င္က ၾကည္လင္စျပဳလာၿပီ။

" မင္းက ဘယ္လိုျပန္မွာလဲ ဟယ္ခ်န္း? "

မိုးတိတ္သြားတဲ့ ပတ္ဝန္းက်င္ကိုၾကည့္ရင္း စီနီယာကေမးတယ္။ ဟယ္ခ်န္း ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္လိုက္တယ္။ ဒီအခ်ိန္သူျပန္လို႔ရရင္ေတာင္ အေဆာင္တံခါးပိတ္သြားေလာက္ၿပီ။ မတတ္ႏိုင္ဘူး။ ေဒၚေလးရဲ႕အိမ္မွာပဲ ေရွ႕မ်က္ႏွာ ေနာက္ထားၿပီးအိပ္ရမွာပဲ။

" ဒီအခ်ိန္ဆို အေဆာင္တံခါးေတြပိတ္ၿပီမလား? "

" ဗ်ာ "

" မင္း အဆင္ေျပမယ္ဆိုရင္ ဒီမွာပဲအိပ္လို႔ရပါတယ္။ အစ္ကိုက ကိစၥမရွိဘူး အားမနာနဲ႔ "

ဟယ္ခ်န္း ခဏေတာ့ၿငိမ္သက္သြားတယ္။ ဒီေန႔တစ္ရက္တည္းမွာတင္ သူစီနီယာ့အေပၚ အေတာ္ေလးအေႂကြးတင္ေနတာမလို႔ ဒီကမ္းလွမ္းမႈကို လက္မခံခ်င္တာေတာ့အမွန္ပဲ။ ဒါေပမယ့္ ေဒၚေလးရဲ႕အိမ္ကိုသြားရမွာက သူ႔ကို စိတ္ေရာကိုယ္ေရာပင္ပန္းေစလိမ့္မယ္။

စိတ္လိုလက္ရသက္ျပင္းတစ္ခုကိုခ်လိုက္ရင္း သူေခါင္းညိတ္လိုက္တယ္။

" ဟုတ္ကဲ့ စီနီယာ။ ကြၽန္ေတာ္ တကယ္ေက်းဇူးတင္ပါတယ္ဗ် "

ခပ္႐ိုး႐ိုးေက်းဇူးတင္စကားတစ္ခုနဲ႔ စီနီယာရဲ႕ကမ္းလွမ္းမႈကို သူလက္ခံလိုက္တယ္။ စီနီယာဟာ သူ႔ကိုေဝ့ဝဲၾကည့္ရင္း ၿပဳံးပါရဲ႕။

" အဲ့တာဆို ဒီမွာခဏေနဦးေနာ္။ အစ္ကို မင္းအတြက္ေနရာလုပ္ေပးမယ္ "

ေျပာေျပာဆိုဆိုနဲ႔ ထသြားတဲ့စီနီယာက ေနရာအလြန္အမင္းယူထားတဲ့ပန္းခ်ီကားအခ်ိဳ႕ကို တစ္ခုနဲ႔တစ္ခုထပ္ၿပီး သိမ္းဆည္းတယ္။ သူထၿပီး ကူလုပ္ေပးဖို႔ျပင္ေပမယ့္ အဲ့ဒီေနရာမွာပဲထိုင္ေနဆိုတဲ့ စီနီယာရဲ႕ ေျခဟန္လက္ဟန္စကားေၾကာင့္ ခပ္ၿငိမ္ၿငိမ္ေလးပဲ ျပန္ထိုင္ေနလိုက္ရတယ္။

" ရၿပီ တကယ္လို႔မင္းနားခ်င္လာရင္ အဲ့မွာဝင္လွဲလိုက္ေနာ္။ အစ္ကို သြားေတာ့မယ္ "

ဆိုဖာတစ္လုံးကို လက္ညႇိဳးထိုးျပၿပီး ပစၥည္းေတြကိုထုပ္ပိုးထားတဲ့အိတ္ကို ေက်ာမွာလြယ္ရင္း ေျပာလာတဲ့စီနီယာေၾကာင့္ ဟယ္ခ်န္းအေၾကာင္းအရင္းမရွိ မတ္တပ္ထရပ္လိုက္တယ္။

" ဘယ္ကိုသြားမလို႔လဲဗ် "

" အိမ္ျပန္မလို႔ေလ "

" ဗ်ာ? အဲ့တာဆို ကြၽန္ေတာ္က ဒီမွာတစ္ေယာက္တည္းေပါ့ "

" မေနရဲလို႔လား? "

" အာ အဲ့လိုေတာ့မဟုတ္ပါဘူးဗ် "

ေနရခက္စြာသူေျဖလိုက္တယ္။ စီနီယာဟာ အသက္ရႉရႈိက္ရင္း ႏႈတ္ခမ္းေပၚမွာ မခ်ိၿပဳံးတစ္ခုကိုတည္တယ္။

" အစ္ကိုရွိေနရင္ မင္းပိုၿပီးေနရခက္လိမ့္မယ္ "

" ရပါတယ္ဗ်! ကြၽန္ေတာ္ေနရမခက္ပါဘူး "

ခပ္ျမန္ျမန္ေျပာလိုက္တဲ့ သူ႔ရဲ႕စကားအဆုံးမွာ စီနီယာက မ်က္ခုံးတစ္ဖက္ပင့္ရင္း သူ႔ကိုစိုက္ၾကည့္လာတယ္။

" ဆိုလိုတာက အစ္ကို႔ကိုဒီမွာေနခိုင္းတာလား? "

" ဟို...ကြၽန္ေတာ္ေျပာခ်င္တာ ဒါက စီနီယာ့ေနရာေလ။ အခုေတာင္ စီနီယာ့အေပၚေက်းဇူးတင္စရာေတြမ်ားေနၿပီကို ကြၽန္ေတာ့္အတြက္ ေနရာပါဖယ္ေပးစရာမလိုပါဘူးဗ် "

ဆိုင္ခန္းေလးက က်ဥ္းက်ဥ္းေလးရယ္။ သူ႔အတြက္ဆိုၿပီး ဖယ္လိုက္ရတဲ့ေနရာေၾကာင့္ ေဆးေရာင္စုံပန္းခ်ီကားေတြက ျဖစ္သလို ဟိုနားထပ္၊ ဒီနားထပ္ျဖစ္သြားတယ္။ အနားသတ္ေတြစုတ္ျပတ္ေနတဲ့ ခပ္ေဟာင္းေဟာင္းဆိုဖာတစ္လုံးအေပၚ သူလွဲလိုက္တယ္။ သက္ေတာင့္သက္သာေတာ့မျဖစ္လွေပမယ့္ ထူးျခားစြာပင္ စိတ္က်ဥ္းက်ပ္မႈကိုေတာ့မျဖစ္ေစဘူး။ မနက္ျဖန္က ေက်ာင္းပိတ္ရက္ျဖစ္ေနေသးလို႔သာ ေတာ္ေသးတယ္ေျပာရမယ္။ ဟယ္ခ်န္းက အိပ္ရာအေျပာင္းအလဲဆို ေတာ္ေတာ္နဲ႔အိပ္ေပ်ာ္ဖို႔မလြယ္တတ္တဲ့ လူစားမ်ိဳး။

ေက်ာမွာလြယ္ထားတဲ့အိတ္ကို ခုံေပၚမွာတင္လိုက္ၿပီး စီနီယာက ေလးတိေလးကန္နဲ႔ဆိုင္အေရွ႕မွာထြက္ၿပီး အဝင္အဝေလွကားထစ္ေလးမွာ ငုတ္တုတ္ထိုင္တယ္။ တစ္ေနရာတည္းမွာ အတူရွိေနတယ္ဆိုတဲ့ ခံစားခ်က္ေၾကာင့္ သူ႔ကိုေနရခက္မွာစိုးလို႔ထင္တယ္။ သူ စပ္ဖ်င္းဖ်င္းျဖစ္ခ်င္လာတဲ့ မ်က္လုံးေတြကို မွိတ္ခ်လိုက္တယ္။ အိပ္ေပ်ာ္သြားလိုသြားျငား။ ဒါေပမယ့္ ထင္တဲ့အတိုင္းပါပဲ။ သူဟာ အိပ္လို႔မရခဲ့ဘူး။ နာရီေပါင္းမ်ားစြာၾကာတာေတာင္ မ်က္လုံးေတြက အလြန္အမင္းအားအင္ျပည့္ဝေနတဲ့အတိုင္းပဲ။

ဆိုဖာေပၚမွာလွဲေနရာေန ခပ္ျဖည္းျဖည္းထထိုင္လိုက္ၿပီး မ်က္စိကစားၾကည့္ေတာ့ စီနီယာက အခုထိအျပင္မွာထိုင္ေနတုန္းပဲ။ တစ္ခ်က္တစ္ခ်က္စီးကရက္အနံ႔ကိုရတယ္။ အ႐ြယ္ေရာက္ၿပီးသား စီနီယာက ေဆးလိပ္ေသာက္တတ္ေလာက္မယ္ဆိုတာသိေပမယ့္ ဒီလိုမ်ိဳး အခန္းထဲထိေဆးလိပ္နံ႔စြဲေအာင္ေသာက္မယ္လို႔ေတာ့ မထင္ထားမိခဲ့ဘူး။

" မအိပ္ေသးဘူးလား? "

ေလအေဝ့မွာ ေကာ္ဖီအနံ႔နဲ႔ဆင္တူတဲ့ ကိုယ္သင္းရနံ႔ကို သိမ့္ခနဲရတယ္။ ရွတတ စကားဆိုသံရယ္။ လက္ေခ်ာင္းေတြေပၚက ေျခာက္ေသြ႕ေနတဲ့ ေဆးေရာင္ေတြ။ သူမရင္းႏွီးခဲ့ဘူး။

" ဟုတ္ အိပ္မေပ်ာ္လို႔ဗ်။ စီနီယာကေရာ မအိပ္ေသးဘူးလား? "

စီနီယာ့ေဘးမွာပဲ သူဝင္ထိုင္လိုက္တယ္။ စိတ္ၾကည္ေစတဲ့ သစ္သီးရနံ႔ေလးကေတာ့ ေပ်ာက္ကြယ္လို႔ေနတယ္။

" အစ္ကိုလည္း မင္းလိုပါပဲ။ အိပ္မေပ်ာ္လို႔ "

ေဆးလိပ္ေငြ႕ေတြကို မႈတ္ထုတ္ရင္းေျဖလာတယ္။ မ်က္ဝန္းနက္ေတြက ေလ်ာ့တိေလ်ာ့ရဲႏိုင္တယ္။ အေလးအနက္မရွိတာမ်ားလား? သူျမင္ေနရတဲ့ ေလ်ာ့ရဲမႈေတြက စိတ္ဝင္စားမႈကို ခပ္တိုးတိုးေလးဆြတယ္။

" စီနီယာ "

" အင္း "

" ေကာ္ဖီႀကိဳက္လားဗ်? "

" ႀကိဳက္တယ္ "

" ေရခဲေခ်ာင္းေရာ? "

" ႀကိဳက္တယ္ "

" တစ္ခုပဲ ေ႐ြးရမယ္ဆိုရင္ေရာ စီနီယာ ဘာကိုေ႐ြးမလဲဗ်? "

" ေကာ္ဖီအရသာ ေရခဲေခ်ာင္း "

" ဗ်ာ "

ဟယ္ခ်န္း ေယာင္တိေယာင္ေတာင္နဲ႔ စီနီယာ့ကိုလွည့္ၾကည့္လိုက္တယ္။ ေကာ္ဖီအရသာနဲ႔ ေရခဲေခ်ာင္းဆိုတာရွိလို႔လား? သူ႔ရဲ႕ ေၾကာင္အသြားတဲ့ပုံစံကိုျမင္ေတာ့မွ စီနီယာက သေဘာတက်ထရယ္တယ္။

" ဒီအတိုင္းစတာ။ အစ္ကိုက ေရခဲေခ်ာင္းမႀကိဳက္သလို အခ်ိဳလည္းမႀကိဳက္ဘူး။ ေကာ္ဖီလိုမ်ိဳး ခါးသက္သက္အရသာမ်ိဳးေတြကိုပဲ ပိုသေဘာက်တာ "

" စီနီယာက ေရခဲေခ်ာင္းမႀကိဳက္ဘူးလားဗ်? "

သူအမွတ္တမဲ့ မ်က္ေမွာင္ေတာင္ၾကဳတ္မိသြားသလိုပဲ။ ဟိုတစ္ေန႔ကေလးတင္ သူနဲ႔အတူ ေရခဲေခ်ာင္းစားခဲ့တာကို။ စီနီယာကိုယ္တိုင္ေ႐ြးခဲ့တဲ့အရသာကလည္း ခ်ိဳရဲေနတဲ့ ဖရဲသီးအရသာ။

" အာ...အဲ့တာက "

သူဇေဝဇဝါျဖစ္ေနတဲ့ပုံကို ဖ်တ္ခနဲလွည့္ၾကည့္ရင္းရိပ္မိသြားပုံပဲ။ ဒီေန႔မွ စီနီယာက အေျပာနဲ႔အလုပ္မညီသလိုျဖစ္ေနတယ္။

" အရမ္းမႀကိဳက္တာေတာ့ မဟုတ္ပါဘူး။ ဒီအတိုင္း...တခါတေလ ပူအိုက္ေနတဲ့အခ်ိန္မွာဆိုရင္ေတာ့ စားတယ္ "

ဘယ္ကိုမွ အရာမေရာက္ေနတဲ့ သူတို႔ရဲ႕စကားဝိုင္းပါပဲ။ စီနီယာ့လက္ထဲက စီးကရက္လိပ္ကလည္း မီးမၿငိမ္းေသးသလို သူကလည္း အထဲျပန္ဝင္ဖို႔စိတ္ကူးမရွိေသးဘူး။ ဘာလို႔လဲမသိေပမယ့္ သူ႔ေဘးကလူမွာ သံလိုက္ဓာတ္သေဘာရွိသလိုပဲ။ ဆြဲငင္တတ္တယ္။ စိတ္ဝင္စားစရာေကာင္းတယ္။

" ဒါနဲ႔ စီနီယာ- "

" တစိတ္ေလာက္ ဟယ္ခ်န္း "

" ဗ်ာ "

" အစ္ကို႔ကို မာ့ခ္လို႔ပဲေခၚေပးလို႔ရမလား? "

သူ ေတြေဝသြားတယ္။ သူ႔ေဘးကလူကေတာ့ ညရႈခင္းကို ေငးေနတုန္းပဲ။ ေလျပည္သဲ့သဲ့က စီနီယာရဲ႕ဆံႏြယ္ေတြကို အဖ်ားခတ္တယ္။

" အခု ဒီေနရာမွာေတာ့ အစ္ကိုက မင္းရဲ႕စီနီယာမဟုတ္ဘူးေလ "

မင္းရဲ႕ စီနီယာလည္းမျဖစ္ခ်င္ဘူးဆိုတဲ့ ခပ္တိုးတိုးေရ႐ြတ္သံကို တိတ္ဆိတ္ေနတဲ့ေလထုထဲမွာ ၾကားျဖစ္ေအာင္ ၾကားသြားတဲ့ဟယ္ခ်န္းက မၾကားခ်င္ေယာင္ပဲေဆာင္လိုက္တယ္။

" အစ္ကို မင္ေဟ်ာင္း "

" ဟင့္အင္း "

မခ်ိၿပဳံးတစ္ခုနဲ႔ ေခါင္းကိုခပ္ေလးေလးခါတယ္။

" မာ့ခ္လို႔ပဲေခၚေပးပါ။ ဒီေနရာ...ဒီအခန္းထဲမွာေတာ့ အစ္ကို႔ကို မာ့ခ္လို႔ပဲ ေခၚေစခ်င္တယ္ "

သူဘာမွျပန္မေျပာမိဘူး။ အဲ့ဒီလူကေတာ့ စီးကရက္လိပ္ကို ထပ္ၿပီးရႈိက္ဖြာတယ္။ ေလျပည္ညင္းတစ္ေဝ့မွာေတာ့ ေသာက္လက္စစီးကရက္လိပ္ဟာ ေနာက္ဆုံးအေနနဲ႔ မီးရဲသြားတယ္။ တစ္စတစ္စေသသြားတဲ့ စီးကရက္လိပ္ကိုပစ္ခ်လိုက္တဲ့ အဲ့ဒီလူက လမ္းမီးတိုင္ေတြကို တိတ္တဆိတ္ေငးေနတုန္းပဲ။

" မာ့ခ္ "

ရိပ္ခနဲေကာ့တက္သြားတဲ့ ႏႈတ္ခမ္းေဒါင့္စြန္းကို သူဖမ္းမိခဲ့တယ္။ သိပ္ၾကည့္ေကာင္းတယ္။

" ကြၽန္ေတာ္ေတာ့ ေက်ာင္းပိတ္ရက္တိုင္း ဒီကိုပဲလာျဖစ္ေတာ့မယ္ထင္တယ္ဗ် "

ညေလျပည္မွာ ရယ္သံေတြလြင့္တယ္။ မိုးေရစက္ေတြက တိတ္ဆိတ္ေနခဲ့တယ္။ ဒီလူသားရဲ႕ ေဘးမွာေတာ့ သူဟာလုံၿခဳံစြာနဲ႔ပဲ။

-To Be Continue

Continue Reading

You'll Also Like

393K 6.3K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
182K 9.8K 44
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...
167K 4.9K 51
matilda styles, will you be my valentine? (please reject me so i can move on) ⋆ ˚。⋆୨💌୧⋆ ˚。⋆ IN WHICH christopher sturniolo falls for nepo baby or...
1.1M 61.5K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...