My Step-mom's EX becomes My H...

بواسطة Yellowish_One

162K 7.7K 283

Book Version ဖြစ်ပါတယ် Original Version လည်းရှိတာမို့ နှစ်သက်ရာကိုဖတ်ရှုနိုင်ပါတယ် Book Version ျဖစ္ပါတယ္ ... المزيد

Prologue
Gift Items Detail
Book + Gift Items + Merch Set
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၄၀)
ဇာတ်သိမ်းပိုင်း
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၃)

အပိုင်း - (၂၉)

888 73 1
بواسطة Yellowish_One

ညနေစောင်းတဲ့အထိ ပြန်မလာသေးတဲ့မြတ်ကြောင့် ကိုလင်းတစ်ယောက် စိတ်မ အေးနိုင်ဘဲ ဆေးရုံအဝင်ပေါက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျှော်နေမိ သည်။ ဘာမှန်းမသိရသေးတဲ့အခြေအနေဖြစ်တာကြောင့် ပိုးကိုအသိပေးလို့ကလည်း မ ဖြစ်ပြန်။ စိတ်မြန်လက်မြန်ရှိလှတဲ့ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးမို့။

ကိုလင်းစောင့်နေတုန်းမှာပဲ နေ့လယ်က မြတ်ကိုခေါ်သွားတဲ့ကားက ဆေးရုံရဲ့အဝင် ပေါက်မှာ ရပ်လာခဲ့သည်။ ကိုလင်းလည်း ချက်ချင်းဆိုသလိုပဲ ကားနားကို အလင်းလို အလျင်နဲ့ အမြန်လျှောက်လာသည်။ ' ဘာတွေဖြစ်လာလဲ ' လို့ မေးစရာမလိုအောင်ပင် ကားပေါ်က ဆင်းလာတဲ့မြတ်က မျက်နှာတစ်ခုလုံး သွေးတစ်စက်မှ မရှိတော့သလိုပင် ဖြူဖျော့လို့နေသည်။

" မြတ်... မင်း အဆင်ပြေရဲ့လား "

သူမေးလိုက်တော့ ခံစားချက်မဲ့နေတဲ့မျက်လုံးတွေနဲ့ ကြည့်လာပြီး အသက်မပါသလို ခေါင်းတစ်ချက်သာ ညိတ်ပြလာသည်။ သတိုးရှန်ခိုက်ရဲ့အဖေက ဘယ်လောက်တောင် ပြောလိုက်တာမို့လို့လဲ။ မေးစရာတွေ သိချင်တာတွေ အများကြီးရှိနေပေမယ့်လည်း အခု ချိန်မှာ မြတ်က ဖြေချင်စိတ်ရှိမယ်လို့ မထင်မိတာကြောင့် ကိုလင်းလည်း ဘာမှဆက် မမေးတော့ဘဲ မြတ်ဘေးနားမှာသာ အရိပ်အခြေကြည့်ပြီး ရပ်နေလိုက်သည်။

" ကိုလင်း ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ရမလား "

" ဟမ်.. အင်း... ရတယ်လေ.. ရတယ် .. ခဏစောင့် ငါ ကားသော့သွားယူလိုက်ဦး မယ် "

ကားမောင်းလာတဲ့တစ်လျှောက်လုံး ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်လာခဲ့တဲ့မြတ် က အိမ်ရာဝင်းထဲကိုဝင်တော့ ကိုလင်းကို စကားပြောလာသည်။

" ကိုလင်း "

" အင်း.. ပြောလေ "

" ဒီနေ့ကိစ္စကို မပိုးကို မပြောပါနဲ့ဦး ... ကိုလင်းပဲ သိထားပေးပါ "

" အေးပါကွာ... မင်း တစ်ယောက်တည်းနေလို့ အဆင်ပြေရဲ့လား... ငါ အဖော်နေ ပေးရမလား "

ကားပေါ်ကဆင်းဖို့ပြင်နေတဲ့မြတ်ကို ကိုလင်းမေးလိုက်တော့ သူ့ဘက်ကို ပြန်လှည့် လာပြီး ခေါင်းညိတ်ပြလာသည်။

" ဒီနေ့တစ်ရက်တော့ ကျွန်တော်တစ်ယောက်တည်းပဲ နေချင်လို့ "

ကားပေါ်ကဆင်းပြီး တရွေ့ရွေ့နဲ့ လမ်းလျှောက်သွားတဲ့မြတ်ကို ကိုလင်း သက်မော မချနိုင်ဘဲ မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ကြည့်နေမိသည်။ ဒီလောက်စိတ်ထား နူးညံ့ပြီး အေးအေးဆေးဆေးနေတတ်တဲ့ကောင်လေးကို ကံကြမ္မာက ဘာလို့များမျက်နှာ သာမပေးရတာလဲ။

မေတ္တာရောအချစ်ပါ ငတ်မွတ်တောင့်တခဲ့ရတဲ့ကောင်လေးကို သတိုးရှန်ခိုက် လို လူနဲ့ ဆုံစည်းခွင့်ရခဲ့တုန်းက ထုတ်မပြောဖြစ်ခဲ့ပေမယ့် သူရောပိုးပါ အတိုင်းမသိဝမ်းသာ ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက တစ်စုံတစ်ယောက်ရဲ့ချစ်ခြင်း မေတ္တာတွေကို

လက်ခံပေးဖို့ ထိုက်တန်တယ်မလား။

| { | {

နှစ်ပတ်လည်ပွဲကိုတောင် ပြီးအောင်မစောင့်တော့ဘဲ ချက်ချင်းလေဆိပ်ကို ဆင်း သွားတဲ့ခိုက်ကြောင့် အဂ္ဂလည်း မနေသာတော့ဘဲ လေဆိပ်အထိ လိုက်လာတော့သည်။ လေဆိပ်ရောက်တော့ နားနေဆောင်မှာ နာရီတကြည့်ကြည့်နဲ့ တောင်လျှောက်မြောက် လျှောက်လုပ်နေတဲ့ရှန်ခိုက်ကိုတွေ့လိုက်တော့ အဂ္ဂ သူ့အနားကို အမြန်လျှောက်လာ သည်။

ရှန်ခိုက်ကတော့ သူ့ကိုသတိမထားမိဘဲ မိုးထိဘွားကသာ ခေါင်းညိတ်ပြီး ခရီးဦး ကြိုပြုလာသည်။ မိုးထိဘွားကို သူအသိအမှတ်ပြုခေါင်းညိတ်ပြလိုက်ပြီး ရှန်ခိုက်အနားကို သွားလိုက်သည်။

" ရှန်ခိုက်... ဘာတွေဖြစ်လို့လဲ "

ရှန်ခိုက်ရဲ့ပခုံးတစ်ဖက်ပေါ် လက်တင်ပြီး‌မေးလိုက်တော့ သူ့ကိုသတိမထားမိတဲ့ ရှန်ခိုက်က ခေါင်းလှည့်ကြည့်လာသည်။ ရှန်ခိုက် စိတ်လှုပ်ရှားနေတဲ့ပုံစံကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

အရင်ဂိုဏ်းချုပ်လက်ထက် သူတို့နှစ်ယောက် ငယ်သားဘဝတုန်းက အသက်နဲ့ လောင်းကြေးထပ်ပြီး အန္တရာယ်တွေကြားထဲမှာ ပြေးလွှာခဲ့စဉ်ကတောင် ရှန်ခိုက်က အမြဲတမ်း အေးတိအေးစက် မျက်နှာထားမျိုးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်ချည်းသာ။

အစကတော့ ရှန်ခိုက်တစ်ယောက် အနောက်တိုင်းက အလှလေးတွေကို ရိုးသွားလို့ အသစ်အဆန်းအနေနဲ့ လက်တည့်စမ်းကြည့်တယ်လို့သာ သူထင်ထားခဲ့တာ အခုလို ဖုန်း ကောလ်တစ်ခုကပင် ရှန်ခိုက်လိုလူကို မျက်နှာအနေအထားပျက်စေသည်ဆိုတော့ ဒီ အမျိုးသားငယ်က တော်ရုံလူမဟုတ်မှန်း အဂ္ဂ အတတ်သိလိုက်သည်။

" ကိုယ် ပြန်မှဖြစ်မယ် "

" ဂိုဏ်းနှစ်ပတ်လည်က ဘယ်လိုလုပ်မှာလဲ "

" ကိုအဂ်ရှိနေတာပဲ "

" ဒါပေမဲ့ မင်းက ခေါင်းဆောင်လေ... ငါတို့စည်းကမ်းတွေကို မင်းလည်းသိနေတာ ပဲ... နှစ်ရက်လောက်ပဲလိုတော့တာ.. အဲ့ဒါပြီးမှ ပြန်လို့မရဘူးလား "

" ဂိုဏ်းမှာ ကိုယ်မရှိတော့ရင် နောက်ထပ် ခေါင်းဆောင်တစ်ယောက် ရှိလာမှာပဲ... ဒါပေမဲ့ ရှားမှာက ကိုယ်တစ်ယောက်ပဲရှိသလို ကိုယ့်မှာလည်း ရှားတစ်ယောက်ပဲရှိတာ... ဖြစ်နိုင်ရင် နာရီပိုင်းတောင်မစောင့်ချင်ဘူး... ချက်ချင်းကိုပြန်ချင်တာ "

ရှန်ခိုက် ဂိုဏ်းခေါင်းဆောင်နေရာကိုရောက်ဖို့ ဘယ်လိုတွေကျော်ဖြတ်လာရတယ် ဆိုတာ သူအသိဆုံးပဲဖြစ်သည်။ ဒီလိုခက်ခက်ခဲခဲနဲ့ ရလာတဲ့နေရာကိုတောင် စွန့်လွှတ်နိုင် တဲ့အထိ ချစ်တတ်သွားတဲ့ရှန်ခိုက်ကို အဂ္ဂ လေးစားသွားရသည်။ ရှန်ခိုက်က တကယ်ကို ချစ်တတ်သွားပြီပဲ။

" အိုကေ... နှစ်ပတ်လည်အတွက် ငါ အကောင်းဆုံးဖြစ်အောင် စီစဉ်ထားလိုက် မယ်... မင်း ပြန်လာမယ့်အချိန်ကို စောင့်နေမယ်... အဲ့ဒါကြောင့် မင်းနှလုံးသားလေးကို အပိုင်သိမ်းလာခဲ့... မင်းတစ်ယောက်တည်း အဆင်မပြေရင် ငါတို့ဂိုဏ်းတစ်ခုလုံး လိုက် လာခဲ့မယ်... "

ကိုအဂ်စကားကြောင့် ခိုက် ရယ်မိသွားသည်။ ကိုလင်းဖုန်းဆက်လာကတည်းက သူ့ စိတ်တွေရှုပ်ထွေးပြီး နောက်ကျိနေခဲ့တာ။ သူအစိုးရိမ်ဆုံးက ရှားတစ်ခုခု ဖြစ်သွားမှာကို ပင်။ ဒယ်ဒီကိုလည်း အဲ့လောက်ထိ ခြေလှမ်းသွက်လိမ့်မယ်လို့ သူ မထင်မိခဲ့တာလည်း ပါသည်။ ခိုက်နဲ့ ကိုအဂ် စကားပြောနေတုန်းမှာပဲ မိုးထိဘွားက သွားဖို့အချိန်ကျပြီဆိုကာ ခိုက်ကို လာခေါ်သည်။

" ကိုယ် သွားတော့မယ်.. ကိုအဂ်.. ဂျီ့ကိုလည်း အပ်ခဲ့မယ်... "

" ရှန်ခိုက် ... မင်းကကွာ "

ခိုက် စကားကြောင့် ကိုအဂ်မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်မို့ ခိုက် ကိုအဂ်ပခုံးကို ဖွဖွထိုးပြီး နှုတ်ဆက်လိုက်တော့သည်။

" မိုးထိဘွား... ထက်ဖြိုးကို ဖုန်းဆက်ပြီး ရှားကို စောင့်ကြည့်ခိုင်းထားလိုက်... လေဆိပ်ကို လာကြိုဖို့လည်း စီစဉ်ခိုင်းထားလိုက်... ငါ တစ်မိနစ်တောင် မစောင့်ချင်ဘူး "

" ဟုတ်.. ဟုတ်ကဲ့ အစ်ကိုလေး.. ကျွန်တော် စီစဉ်ထားလိုက်ပါမယ် "

နာရီနှစ်ဆယ်လောက်ခရီးကို မိနစ်နှစ်ဆယ်လောက်နဲ့ ရောက်ချင်နေတဲ့အစ်ကို လေးကြောင့် မိုးထိဘွားလည်း လမ်းခရီးတစ်လျှောက်လုံး အရိပ်အခြေကြည့်ပြီးတော့သာ နေ,နေရသည်။ အခန့်မသင့်ရင် ဒေါသတွေက သူ့ဘက်ကို မြားဦးလှည့်လာနိုင်တယ် မလား။

လေယာဉ်ဆိုက်ရောက်ဖြစ်သည်နှင့် အစ်ကိုလေးက မိုးထိဘွားကိုပင် မစောင့်တော့ ပဲ အသင့်စောင့်နေတဲ့ကားကို ကိုယ်တိုင်ပဲ အရှိန်ပြင်းပြင်းနဲ့သာ မောင်းနှင်သွားတော့ သည်။

မိုးထိဘွားကတော့ ထက်ဖြိုးကို အမြန်ဆုံးဆက်သွယ်ပြီး ဒါရိုက်တာလာနေပြီဖြစ် ကြောင်းနှင့် သူလည်း အနောက်ကနေလိုက်လာပြီဆိုတာကို ပြောရသည်။ ထက်ဖြိုးက အစ်ကိုလေး ပုံမှန်စိတ်နဲ့နေ,နေရင်တောင်မှ တုန်နေအောင်ကြောက်နေတဲ့သူမို့ အခုလို ပုံစံမျိုးနဲ့သာတွေ့ရင် အကြောက်လွန်ပြီး နေရာမှာတင် အသက်ထွက်သွားနိုင်သည်။

(❁'◡'❁)

ခိုက် ကားကိုတရကြမ်း မောင်းလာခဲ့ပြီး အိမ်ရာဝင်းထဲရောက်တော့ ကားပါကင်ရောက်အောင်ပင် မရပ်နိုင်တော့ဘဲ အောက်မှာစောင့်နေတဲ့ထက်ဖြိုးကို သော့လှမ်းပစ် ပေးလိုက်ပြီး အပေါ်ကိုအမြန်တက်သွားတော့သည်။ အခန်းတံခါးကို passwordရိုက်ပြီး ဖွင့် လိုက်တော့ တစ်အိမ်လုံးမှောင်မည်းလို့နေသည်မို့ ခိုက် ရင်ထဲထိတ်လန့်သွားရသည်။

ထက်ဖြိုးက မနေ့ညကတည်းကနေ အခုချိန်ထိ အောက်ဘက်ကို လုံးဝဆင်းမလာ ကြောင်း ပြောပြထားသည်မို့ အခန်းထဲမှာ ရှားရှိနေမှာတော့သေချာသည်။ ခိုက် မီးတွေကို အမြန်ဖွင့်လိုက်တော့ ရှားက ဧည့်ခန်းထဲမှာ စိတ်ဝိဉာဉ်လွင့်နေတဲ့လူတစ်ယောက်လို ထိုင် နေသည်မို့ ခိုက် ချက်ချင်းပဲ ရှားအနားကို အမြန်သွားလိုက်သည်။

" ရှား... "

" ငါ့ကို မထိနဲ့ "

သူ့ဆီကို အကြည့်တစ်ချက်မှ ပို့မလာဘဲ နံရံကိုသာ စိုက်ကြည့်နေတဲ့ရှားကြောင့် ပခုံးနှစ်ဖက်ကိုကိုင်ပြီး သူ့ဘက်ကိုလှည့်ခိုင်းမလို့လုပ်လိုက်ပေမယ့် ရှားဆီက အေးစက်မာ ကျောလွန်းတဲ့အသံ ထွက်လာတာကြောင့် ခိုက် လက်တို့လေထဲမှာပဲ ရပ်တန့်သွားရ သည်။ ခိုက်ဘက်ကိုလှည့်လာတဲ့ရှားရဲ့မျက်နှာလေးက ခိုက် ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ပုံစံမျိုးဖြစ်နေသည်။

မနေ့ညက တစ်ညလုံးမအိပ်ဘဲ နေ,နေသလားဆိုတာ မေးစရာမလိုအောင်ပင် အောက်မျက်ရစ်တွေကသက်သေပြနေသည်။ ဖောင်းအစ်နေတဲ့အပေါ်မျက်ခွံတွေကြောင့် ဘယ်လောက်တောင် ငိုထားလဲဆိုတာ ခိုက် စိတ်ကူးနဲ့ပင်တွေးမကြည့်နိုင်ခဲ့။

ဒီလူသားလေး တစ်ပါးသူအတွက် ငိုခဲ့တုန်းကတောင် သူ့ရင်ထဲကနာကျင်ခဲ့ရတာ။ အခုတော့ ဒီ အမျိုးသားကို ငိုအောင်လုပ်မိတဲ့တရားခံက သူကိုယ်တိုင်ဖြစ်နေခဲ့သည်မို့ ခိုက် ရင်ထဲမချိ အောင်ပင် ဖြစ်နေရသည်။

" ရှား... ကိုယ် ရှင်းပြမယ် "

" ဘာကိုရှင်းပြမှာလဲ... မင်းရဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းလား... ဒါမှမဟုတ် မင်းတို့မိသားစုအရှုပ်တော်ပုံထဲ အကြောင်းမဲ့ဆွဲထည့်ခံရတဲ့ကောင်လေးတစ်ယောက် အ ကြောင်းလား "

" ရှား... "

ရှားပြောလိုက်တဲ့အကြောင်းအရာတွေကြောင့် ခိုက် အံ့ဩသွားရသည်။ ဒယ်ဒီ ရှား ကိုလာတွေ့တယ်လို့ ကိုလင်းဖုန်းဆက်တုန်းက ခိုက် တွေးထားမိသည်က ရှားနဲ့ သူ့ကိုခွဲဖို့ အတွက် ခိုက်ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းပြောပြပြီး ရှားကို ခြိမ်းခြောက်မယ်လို့သာ ထင်ထားခဲ့တာ။ အခုတော့ကိစ္စတွေက သူ ထင်သလောက် ရိုးရှင်းမနေဘူးဘဲ။

(ရွှေမဉ္ဇူ... ခင်ဗျားလက်ချက်မှ ဟုတ်ရဲ့လား...)

" ပြောလေ... ဘာလို့ မပြောတော့တာလဲ... အရင်လို စကားလှလှလေးတွေနဲ့ ငါ့ကို ညာပါဦးလား "

ခိုက် ဦးနှောက်ကို အလုပ်ပေးနေတုန်းမှာပဲ ရှားက သူ့ကိုဒေါသတကြီးနဲ့ အော်ဟစ် ပြီးပြောလာသည်။ လက်နှစ်ဖက်ကလည်း ခိုက်ရဲ့အင်္ကျီကို ဆွဲရင်းရမ်းရင်းနဲ့ ထုရိုက်လို့နေ သည်။ မျက်ဝန်းထဲကနေ မျက်ရည်စတို့ကလည်း ရစ်သိုင်းလာပြီး ပါးပြင်ထက်ကို ကျ ဆင်းလာပြန်သည်။

" ကိုယ် တောင်းပန်ပါတယ်... ကိုယ် တကယ်ကို တောင်းပန်ပါတယ် "

" မတောင်းပန်နဲ့... မတောင်းပန်နဲ့လို့... မဟုတ်ဘူးလို့ငြင်းလေ... မင်းအဖေပြော တာတွေက မဟုတ်ဘူးလို့ငြင်းလေ ... မင်းပြောရင် ဘာဖြစ်ဖြစ်ယုံပေးမှာမို့... ဘာဖြစ်ဖြစ် ယုံပေးမှာမို့ မဟုတ်ဘူးလို့ပဲ ငြင်းပေးပါ... "

နာကျင်ရခြင်းရဲ့ မူလအရင်းအမြစ်က ခိုက်ကိုယ်တိုင်ဖြစ်နေသည်ကြောင့် မြတ်နိုးရ တဲ့နှလုံးသားငယ်ကို ပွေ့ဖက်ခြင်းလည်းမပြုနိုင် နှစ်သိမ့်ခြင်းငှာ မစွမ်းသာတဲ့အခါ အ သက်ရှူရတဲ့အခိုက်အတန့်တိုင်းက ကျိန်စာတစ်ခုလိုပင်။ ဓားနဲ့ထိုးမှ သေနတ်နဲ့ပစ်မှ သွေးထွက်နာကျင်ရတာမဟုတ်ဘဲ ချစ်ရသူရဲ့မျက်ရည်စတွေကလည်း နှလုံးသားကို သွေး စိမ်းရှင်ရှင်ထွက်စေသည်။

" တွေ့ဆုံခြင်းတွေမှာ မရိုးသားခဲ့ပေမယ့် ရှားကိုတော့ တကယ်ချစ်မိသွားတာပါ "

" အဟက်.. ဘာလဲ ဒါက မင်းတို့ကစားပွဲထဲကအရုပ်လေးအတွက် နှစ်သိမ့်ဆုလား"

" မဟုတ်ဘူး ရှား... ကိုယ် မင်းကို ဘယ်တုန်းကမှ အရုပ်တစ်ရုပ်လို့ သဘောမထား ခဲ့ဘူး... ဟုတ်တယ် ရွှေမဉ္ဇူကို စိတ်အနှောင့်အယှက်ပေးချင်လို့ မင်းကို ချဉ်းကပ်ခဲ့တာ ကို ကိုယ်ဝန်ခံတယ်...

ဒါပေမဲ့ မင်းရှိတဲ့ဆေးခန်းကို ကိုယ်ဒဏ်ရာတွေနဲ့ ရောက်မလာခင်ကတည်းက မင်း ကို ချစ်မိသွားခဲ့တာ... ဒယ်ဒီနဲ့ သတင်းတွေစထွက်ကတည်းက ကိုယ် သူ နဲ့ပတ်သက်ပြီး စုံစမ်းခဲ့တာ...

မင်းအကြောင်းကို မင်းနဲ့လူချင်းမတွေ့ခင် ငါးလလောက်ကတည်းက ကိုယ် နေ့တိုင်း စုံစမ်းခဲ့တာ... အစကတော့ မင်းနဲ့တွဲပြပြီး သူ့ကို နည်းနည်းစိတ်အနှောင့်အယှက်ပေး ချင်ရုံပဲ...

ဒါပေမဲ့ အချစ်လို့မသိသေးတဲ့အချိန်မှာပဲ မင်းကို ချစ်မိသွားတယ်... မင်းကို ပိုင် ဆိုင်ချင်မိသွားတယ်... အဲ့ဒါကြောင့်လည်း ကိုယ့်ဘဝမှာ အမြဲ နောင်တရနေမယ့် အရာ တစ်ခုကို ကိုယ်ကျူးလွန်မိခဲ့တယ်... မင်းကို ဆေးခတ်ခဲ့မိတာက ကိုယ့်ဘဝရဲ့ တစ်ခု တည်းသောနောင်တပဲ... မင်းထင်ထားတာထက် ကိုယ် မင်းကိုပိုပြီး မြတ်နိုးရတာပါကွာ "

ရှင်းပြချက်အရှည်ကြီးရဲ့အဆုံးမှာ ခိုက် ကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့ပါးပြင် ထက်မှာ မျက်ရည်စတို့ စီးကျလာသည်။ ရှားကတော့ သူ့ကိုတွေတွေကြီးသာ ငေးကြည့် နေတော့သည်။ မျက်လုံးတွေကလည်း ခံစားချက်တို့ ကင်းမဲ့နေခဲ့သည်။

" မင်း ဘာပြောပြော ငါ မယုံတော့ဘူး "

" ရှား ယုံအောင် ကိုယ် ဘယ်လိုသက်သေပြရမလဲ "

" ငါတို့ အဆုံးသတ်လိုက်ကြရအောင် "

" ဘာကို အဆုံးသတ်မှာလဲ... ရှား ... ကိုယ် မင်းကို ဘယ်တော့မှ လက်လွှတ်ပေးမှာ မဟုတ်ဘူး "

ခိုက်‌ ပြောလိုက်တော့ ရှားက မဲ့ပြုံးတစ်ချက်ပြုံးပြီး ခိုက်ကို အေးစက်စက်အကြည့် တွေနဲ့ ကြည့်လို့လာသည်။ ရှားရဲ့အပြုအမူတစ်ခုချင်းစီတိုင်းက သူ့နှလုံးသားကို မီး လောင်တိုက်သွင်းနေသလိုပင်။

" မင်းတို့လူချမ်းသာတွေက ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုပြီး ထင်နေတာပဲ... အဖေ ဖြစ်သူက ငွေပေးပြီး သားအနားက ထွက်သွားခိုင်းတယ်... သားဖြစ်သူက ငွေတွေနဲ့လမ်း ခင်းပြီး သူ့အနားကို မရောက်,ရောက်အောင် ခေါ်ထားတယ်... ငွေများတရားနိုင်ဆိုတဲ့ စကားက ရှေးလူကြီးတွေ အလကားထားခဲ့တာ မဟုတ်ဘူးပဲ... "

ရှားနှုတ်ခမ်းပါးက ထွက်လာတဲ့စကားလုံးတိုင်းက သူ့ခံစားချက်တွေကို ဓားနဲ့မွှန်း ပြီး ဆားနဲ့သိပ်နေသလိုပင်။ မျက်စိရှေ့မှာ မြင်နေရပါလျက်နဲ့ ဝေးကွာနေရတဲ့ခံစားချက် ကို ခိုက် မုန်းမိလာသည်။

" မင်း ထင်သလို မဟုတ်ပါဘူးကွာ... မင်းကို ငွေနဲ့သိမ်းထားတာ မဟုတ်ပါဘူး.. မင်းကို အကောင်းဆုံး ဖြည့်ဆည်းပေးချင်တဲ့စိတ်ပဲရှိတာပါ "

" ဘာလဲ... ငါ့အတွက် အကောင်းဆုံးဆိုပြီး တစ်ဖက်သားရဲ့ ခြေထောက်ကို ရိုက်ချိုး ထားတာမျိုးလား "

ရှားစကားကြောင့် ခိုက် ရှားကို မျက်မှောင်ကြုတ်ပြီး ကြည့်မိသွားသည်။

သတိုးရှန်ခိုက်... မင်းက တစ်ခါတစ်လေကျတော့ ငါ့ကိုလျှော့တွက်လွန်းတယ်... တစ်ချို့အကြောင်းအရာတွေက ငါမသိခဲ့တာမဟုတ်ဘဲ မင်းဖြစ်နေလို့ ငါလျစ်လျူရှုပေးခဲ့ တာ...

မင်းအတွက် ငါဘယ်လောက်တောင် တွေးထားခဲ့လဲ မင်းသိလား... ဆရာဝန်တစ် ယောက်ဖြစ်နေပါလျက်နဲ့ မင်း လူသတ်ခဲ့ရင်တောင် ငါက အလောင်းဖျောက်ပေးမယ်ဆို ပြီး တွေးမိလောက်တဲ့ မင်းအပေါ် ချစ်မိသွားတဲ့ကောင်ပါ "

ခိုက် ဘာမှမပြောနိုင်တော့ဘဲ ရှားကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိ သည်။ ဒီလူသားလေးရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲဆိုတာ သူ လုံးဝမခန့်မှန်း နိုင်တော့။ ဥတုရှားမြတ်က သူ ထင်ထားတာထက်ကို ပိုပြီးသွေးအေးလွန်းနေသည်။

" အချစ်ကို ကိုးကွယ်တာတော့မဟုတ်ပေမယ့် မင်းမှာဖွင့်ပြောဖို့ အခွင့်အရေးတွေရှိ နေပါလျက်နဲ့ နောက်ဆုံးအချိန်အထိ ငါ့ကိုညာထားခဲ့တဲ့မင်းကို ငါလုံးဝခွင့်မလွှတ်ဘူး... "

" မင်းနဲ့ဝေးရမှာစိုးပြီး ကိုယ် သတ္တိနည်းခဲ့တာပါ "

" မင်း ဘယ်လိုလူမျိုးလဲဆိုတာ ငါ ကောင်းကောင်းသိတာမို့ မင်း လက်ထဲကနေ ပြေးလည်းမလွတ်နိုင်ဘူးဆိုတာ ငါ သိထားပြီးသား... စိတ်ချ.. မင်းတို့ရဲ့မိသားစုအားပြိုင် မှုထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူက ငါပဲဖြစ်စေရမယ် "

ရှားက ခိုက်မျက်နှာကို တည့်တည့်ကြည့်ပြီးပြောလာခဲ့ပေမယ့် ရှား ဘာကိုဆိုလိုချင် မှန်း ခိုက် အမှီလိုက်မတွေးနိုင်။ ရှားရဲ့မျက်ဝန်းတွေက တွေ့နေကြအတိုင်း နူးညံ့မနေဘဲ စူးရှပြီးပြတ်သားလို့နေသည်။

" ရှား... ဘာကိုပြောချင်တာလဲ... ဒီကစားပွဲကို မင်းကိုချစ်မိသွားကတည်းက ကိုယ် အဆုံးသတ်လိုက်တာ ကြာပြီ "

" ဟင့်အင်း... ဒီကစားပွဲကအခုမှစမှာ... သတိုးရှန်ခိုက်.. မင်း ငါ့ကို ပထမဆုံးမေးခဲ့

တဲ့ ရွေးချယ်မှုကို ငါ အခုရွေးမယ်... "

" ဘာကိုလဲ... ရှား "

" ငါ မင်းနဲ့ လက်ထပ်မယ် "

" ရှား!!! ... မင်း ဘာတွေပြောနေတာလဲ... မင်းသိလား "

" သိပ်သိတာပေါ့... အဲ့ဒါကြောင့်လည်း ဒုတိယမေးခွန်းကိုပါ ထပ်ပြီးရွေးချယ်ပေး မယ်... အခုပဲ လက်ထပ်ကြတာပေါ့ "

(❁'◡'❁)(❁'◡'❁)(❁'◡'❁)

واصل القراءة

ستعجبك أيضاً

5.3M 717K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
307K 16.5K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
199K 2.2K 16
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
122K 13.6K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...