坠欢重拾(Myanmar Translation)

Por 5ZS-9499-4399

2.8K 103 3

Title-坠欢重拾 Author-不真不嗑的ViVi Chapters-19 Mais

Chapter-1(Unicode)
Chapter-1(Zawgyi)
Chapter-2(Unicode)
Chapter-2(Zawgyi)
Chapter-3(Unicode)
Chapter_3(Zawgyi)
Chapter-4(Unicode)
Chapter-4(Zawgyi)
Chapter-5(Unicode)
Chapter-5(Zawgyi)
Chapter-6(Unicode)
Chapter-6(Zawgyi)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-8(Zawgyi)
Chapter-9(Unicode)
Chapter-9(Zawgyi)
Chapter-10(Unicode)
Chapter-10(Zawgyi)
Chapter-11(Unicode)
Chapter-11(Zawgyi)
Chapter-12(Unicode)
Chapter-12(Zawgyi)
Chapter-14(Unicode)
Chapter-14(Zawgyi)
Chapter-15(Unicode)
Chapter-15(Zawgyi)
Chapter-16(Unicode)
Chapter-16(Zawgyi)
Chapter-17(Unicode)
Chapter-17(Zawgyi)
Chapter-18(Unicode)
Chapter-18(Zawgyi)
Chapter-19(Unicode)
Chapter-19(Zawgyi)
Chapter-20(Unicode)
Chapter-20(Zawgyi)
Note

Chapter-7(Zawgyi)

25 1 0
Por 5ZS-9499-4399


"Shit!..အဲ့ဒါက Liu Yaowenနဲ့ Song Yaxuanမဟုတ်ဘူးလား"

"ဟုတ်လို့လား"

"သူတို့နှစ်ယောက်က variety showကို
အတူတူရိုက်နေကြတာ?"

"လွန်ခဲ့တဲ့နှစ်တွေတုန်းက လမ်းခွဲခံထားတာကို သူတို့နှစ်ယောက်ကအလုပ်အတူတူလုပ်တော့နေရမခက်ဘူးလား??ကြည့် သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက် စကားမပြောကြဘူး"

"နင်က Companyထုတ်ပြန်ထားတဲ့သတင်းကိုလည်းယုံတာဘဲလား"

----------

Supermarketထဲမှာ ဈေးဝယ်ထွက်နေကြတဲ့
နှစ်ယောက်က သူတို့နှစ်ယောက်ဘေးမှာ
အတင်းတုတ်နေကြသည့်Passerbyတွေရဲ့စကားတွေကိုကြားနေရသည်။

Song Yaxuanက သူရဲ့အေးဆေးနေတဲ့မျက်နှာပေါ်မှာနှာခေါင်းပေါ်တဲ့အထိMaskကိုဆွဲချထား၏။
Song Yaxuanက ဘာကိုမျှမကြားသယောင် နှင်းဆီပန်းတစ်စည်းကိုလက်တွန်းလှည်းထဲကိုထည့်လိုက်တယ်။

Liu Yaowenက ခဏလောက်တွေးတောပြီးတော့
သူရဲ့လက်ကိုSong Yaxuanရဲ့ပုခုံးပေါ်တင်လိုက်၏။

ဘေးနားလေးမှ ပြောဆိုသံတွေကျယ်လာတဲ့အခါမှာ
Liu Yaowenက သူရဲ့လက်ကိုSong Yaxuanရဲ့ခေါင်းအားထိလိုက်ပြီး ဆံပင်တွေကိုပွတ်သပ်လိုက်၏။

Liu Yaowenရဲ့စိတ်ထဲက​​နေတွေးလိုက်တာက ငါးနှစ်ကြာသွားတော့ Song Yaxuanရဲ့ဆံပင်က နည်းနည်းပါးသွားပြီးတိုသွားတယ်။ဒါပေမယ့် သူကမနေနိုင်စွာဘဲ Song Yaxuanရဲ့ဆံပင်တွေကိုဖွနေလိုက်တယ်။

Liu Yaowenက Song Yaxuanရဲ့ဆံပင်တွေကို
ဖွရတာကိုအရမ်းစွဲလမ်းတာကြောင့် လက်ကိုဖယ်မသွားဘဲတောက်လျှောက်ပွတ်သတ်ကာ ဖွနေတော့တယ်။ဘေးနားလေးကအသံတွေက ပိုကျယ်လောက်လာပြီး Passerbyတွေကဖုန်းတွေထုတ်လာတဲ့အခါမှာတော့ Song YaxuanကLiu Yaowenကိုလှည့်ကြည့်လာတယ်။

"မင်းဘာလုပ်နေတာလဲ"

Liu Yaowenရဲ့မျက်နှာမှာ ဟန်ဆောင်ထားတာတွေမရှိသလို တစ်ယောက်ယောက်ရဲ့​မေးခွန်းကြောင့် အရူးလေးလိုကြောင်တောင်တောင်ဖြစ်သွားတယ်။သူက ရင်းနှီးနေတဲ့လူရဲ့အသံtoneကြောင့်မူးဝေသွားရပေမယ့် ရိုရိုသေသေပြန်ဖြေလိုက်တယ်။

"ဆံပင်တွေ ပွနေလို့"

Song Yaxuanက ဘာမှမပြောဘဲ
အသံတိတ်စိုက်ကြည့်နေပြီးမှ ပြန်လှည့်သွား၏။

"အကြောင်းပြချက်ပြောင်းလိုက်ပါ့လား
ဒီတစ်ခွန်းတည်းဘဲပြောရတာမပြင်းဘူးလား
ငါတော့ကြားရတာပြင်းလာပြီ"

------------

"Oh!"

Yaowenက သူနှာခေါင်ထိပ်ကိုထိလိုက်ပြီးတော့
Song Yaxuanကိုပြန်ဖြေလိုက်တယ်။

"နောက်တစ်ခါဆိုရင်ပြောင်းဖြေဖို့ငါသတိထားလိုက်ပါမယ်"

Song Yaxuanက အပြုံးတစ်ခုဖြင့်တုံ့ပြန်လိုက်သည်။

Liu Yaowenက ငယ်ငယ်လေးကတည်းက
ဆယ်ကျော်သက်အထိ ထို့အ​ပြင်ယခုတောင်မှလေ့လာရတာကိုကြိုက်နှစ်သက်တဲ့က​လေးလေးဘဲဖြစ်တယ်။သူက Song Yaxuanနားကိုတိုးကပ်သွားလိုက်ပြီးတော့"မင်းရဲ့ဆံပင်ပေါ်မှာတစ်ခုခုရှိနေတယ်ဆိုရင်ရော..ဒါက အကျိုးအကြောင်းသင့်တယ်လို့ငါထင်တယ်"

Song Yxuanက ဒီလိုပေါက်တက်ကရနဲ့ရူးတူးတူး
ပေါတောတောမေးခွန်းတွေကို မကြားရတာအချိန်ကြာပြီမို့လို့ ခဏလောက်တော့စဉ်းစားလိုက်ရတယ်။

"ဟုတ်တာပေါ့"

Liu Yaowenနဲ့ Song Yaxuanက စကားတစ်ပြောပြောနဲ့သစ်သီးတွေထားထားတဲ့ eraဘက်ကိုလျှောက်လာကြတယ်။Liu Yaowenက ရုတ်တရက်ကြီးရပ်လိုက်ပြီး သူရှေ့မှာရှိတဲ့ lစပျစ်သီးစိမ်းတစ်ဘူးကို တွန်းလှည်းထဲသို့တိတ်တိတ်လေးထည့်လိုက်တယ်။

Song Yaxuanက Liu Yaowenကိုအပြုံးတွေပါဝင်တဲ့အကြည့်တွေနဲ့ကြည့်နေ၏။

သူတို့နှစ်ယောက်က စကားတွေအများကြီးမပြောပေမယ့် တစ်ယောက်ကစကားတစ်ခွန်းပြောလိုက်
တစ်ယောက်က ပစ္စည်းတွေကိုလှည်းထဲထည့်လိုက်နှင့် လေထုကတော်တော်လေးကိုပျော်ရွှင်စရာကောင်းနေတယ်။

ဒါကLiu Yaowenလိုချင်တဲ့ဘဝပုံစံလေးဘဲဖြစ်တယ်။အရမ်းကြီးအလုပ်မရှုပ်တဲ့လုပ်ငန်းတစ်ခု...
ဖရိုဖရဲဖြစ်နေတဲ့ကမ္ဘာကြီးနဲ့ အဆက်အသွယ်မလုပ်ဘဲSong Yaxuanနဲ့ သူသာ။

အလုပ်ကဆင်းလို့ နေဝင်ချိန်မှာအိမ်ပြန်ရင်း
အိမ်မှာ စားသောက်ကုန်တွေလုံလုံလောက်လောက်မရှိတာကြောင့် သူနဲ့SongYaxuanက
Supermarketမှာ တွန်းလှည်းတွန်းရင်း ရေခဲသေတ္တာထဲကိုဖြည့်စရာစားစရာတွေသွားဝယ်ကြပြီး သူရဲ့မတောက်တခေါက်ချက်ပြုတ်စွမ်းရည်နဲ့ ညစာချက်စားမယ်။

အရမ်းကောင်းတာဘဲ...

"မင်းရဲ့wechatကနေ ဒီဟင်းပွဲတွေအပြင်
သူတို့ဘာလိုသေးလဲလို့လှမ်းမေးကြည့်လိုက်အုံး"

Song Yaxuanရဲ့စကားကို
ခေါင်းငြိမ့်နားထောင်လိုက်ပြီး သူရဲ့Long coatထဲမှမေ့လျော့ခြင်းခံထားရတဲ့ဖုန်းလေးကိုယူပြီး
Lockဖွင့်လိုက်တယ်။

Weiboရဲ့chat boxကိုဖွင့်လိုက်တာနဲ့
Ding Chengxinနာမည်မှာ အနီရောင်အစက်နဲ့
စာတစ်စောင်ပို့ထားတာကိုတွေလိုက်ရတယ်။

Liu Yaowenက Ding Changxingရဲ့textboxထဲကိုဝင်ပြီးတွန်းလှည်းကိုဓာတ်ပုံရိုက်လိုက်ကာ ဘာလိုသေးလဲလို့စာရိုက်ပို့လိုက်တယ်။ပြီးတော့မှ Ding Chengxinကသူကိုပို့ထားတဲ့ လျစ်လျူခံထားရသော စာကိုဖတ်လိုက်သည်။

[Ding Ge:အခုဘဲ ငါရေသောက်ရင်းနဲ့ ရေမှောက်သွားလို့မင်းတို့အခန်းထဲကို တစ်ရှူးဝင်ရှာတာ...
ထပ်ပြီးရေတစ်ခွက်လုံး အိပ်ရာပေါ်ကိုမှောက်ကျသွားတယ်]

[Ding Ge:အိပ်ရာတစ်ခုလုံးက စိုရွဲသွားတာ
သုံးဖို့အစဉ်မပြေတော့ဘူး ငါတောင်းပန်ပါတယ်]

---------

Liu Yaowenက စာအကုန်လုံးကိုဖတ်ပြီးတဲ့အခါမှာတော်တော်လေးရယ်ချင်စရာကောင်းတယ်လို့
ခံစားလိုက်ရသည်။

[Boeing 767:ဘာလို့ တစ်ရှူးကို
ကျွန်တော်တို့အခန်းထဲဝင်ရှာတာတုန်း]

တစ်ဖက်ကလူက ဒီမေးခွန်းအတွက်အဖြေကို
ကြိုစဉ်းစားထားပုံရသည်။ချက်ချင်းဘဲစာပြန်ပို့လာ၏။

[Ding Ge:လျှောက်လမ်းပေါ်မှောက်သွားတာဆိုတော့မင်းတို့အခန်းကအနီးဆုံးလေ]

ဟုတ်ပြီ...

Song Yaxuanက Liu Yaowenစာရိုက်နေတာအကြာကြီးရှိနေပြီဆိုပေမယ့် သူကိုဘာထပ်ဝယ်ရအုံးမယ်ဆိုတာကိုမပြောသေးတာကြောင့် မေးလိုက်သည်။

"မင်းမေးပြီးပြီလား"

Liu Yaowenက Ding Chengxinနဲ့ပြောနေတာကိုမြန်မြန်ဘဲအဆုံးသတ်လိုက်ပြီးတော့ Song Yaxuanကိုအရင်ဆုံးဂရုတစ်စိုက်နဲ့ပြန်ဖြေလိုက်တယ်။

"မေးထားတုန်းဘဲ ဘာမှတော့ပြန်မဖြေသေးဘူး"

[Boeing 767:Ding Ge အကိုက26နှစ်တောင်ရှိပြီ ရေသောက်တုန်းလား]

သူကိုပြောပြတဲ့အကြောင်းအရာက ပုံမှန်ကျပေမယ့်
သူကတော့ မကြားချင်ယောင်ဆောင်ပြီးတော့
နည်းနည်းလေးထိုးနှက်လိုက်အုံးမည်။

တစ်ဖက်ကလူက ခဏတိတ်ဆိတ်သွားပြီးတော့မှ
ဒေါသထွက်စွာနဲ့ ကျိန်ဆဲလုနီးပါးစာပြန်လာခဲ့သည်။

[Ding Ge:မင်းတို့ဝယ်ထားတဲ့ အဲ့ပစ္စည်းတွေက
လုံလောက်နေပြီ ထပ်ဝယ်ချင်ရင်လည်းလေးယောက်အိပ်ဆိုဖာကြီးဝယ်ခဲ့လိုက်]

[Ding Ge:ငါပါးစပ်ကပေါက်နေတာ]

တစ်ဖက်Villaမှာရှိနေတဲ့ Ding Chengxinက
ဖုန်းကိုစားပွဲခုံပေါ်ပစ်တင်လိုက်ပြိးတော့
သူရဲ့လှီးလက်စ ခရမ်းချည်သီးတွေကိုလှီးနေတော့
သည်။လှီးနေရင်းနဲ့ ပါးစပ်ကနေ
"ကလေးတွေက ဆိုးတာလား ကောင်းတာလား
ဘာလိုဆုံးမရမှန်းကိုမသိတော့ဘူး"ဟူ၍ရေရွတ်နေ၏။

Liu Yaowenက သူရဲ့ဖုန်းကို အိတ်ကပ်ထဲပြန်သိမ်းပြီးSong Yaxuanလက်ထဲက တွန်းလှည်းကိုယူကာပြုံးပြလိုက်တယ်။

"Ding Geက ဝယ်ထားတာတွေကလုံလောက်တယ်တဲ့ မင်းစားချင်တာရှိသေးလား"

"ဟင့်အင်း"

Song Yaxuanက ခေါင်းရမ်းပြသည်။

"ဒါဆိုပြန်ကြမယ်လေ"

----------

အိမ်ပြန်လမ်းမှာ သူတို့ဝယ်လာတဲ့စားစရာအိတ်ကကြီးတာကြောင့်Taxiငှါးလိုက်ရတော့၏။Cameramanတွေထဲကတစ်ယောက်ကသူတို့နဲ့အတူတူလိုက်ချင်ပေမယ့် Song Yaxuanကကားပေါ်မတက်ခင်မှာဘဲ တောင်းဆိုလိုက်တယ်။

"ကျွန်တော်ပင်ပန်းနေလို့ အခုဆက်မရိုက်လို့ရမလား"

Cameramanနှစ်ယောက် တွန်းအားမပေးဘဲ
လက်ခံလိုက်ပြီးတော့Taxiနောက်ထပ်တစ်ကားငှါးလိုက်တော့တယ်။

ကားထဲက အရမ်းကိုတိတ်ဆိတ်နေတယ်။
ကားသမားက ကားမောင်းနေရင်းနဲ့ဆေးလိပ်သောက်နေတာကြောင့် ကားထဲမှာရှိတဲ့လူတွေကို
အသက်ရှုရကျပ်လာစေတယ်။

"တစ်ကယ်လို့ မင်းအိပ်ချင်ရင်အိပ်လိုက်
မင်းနိုးလာမှ ရိုက်ကူးရေးလုပ်ရမှာလေ"

Liu Yaowenက အဖြေပြန်ပေးသံမကြားတာကြောင့်လှည့်ကြည့်လိုက်ပြီးနောက်မှာ ဘာမှဆက်မပြောတော့ပေ။ခဏကြာတော့ Liu Yaowenက တစ်စုံတစ်ခုကိုမြင်လိုက်ရ၏။Song Yaxuanရဲ့အင်္ကျီမှအမှုန်လေးက Song Yaxuanရဲ့နှာတံထိပ်မှာတင်ကျန်နေသည်။

Liu Yaowenက Song Yaxuanကိုစိတ်မသက်မသာ​ဖြစ်သွားမှာ စိုးရိမ်တာကြောင့်ထိုအမှုန်လေးကိုဖယ်ရှားဖို့လက်ကိုဆန့်တန်းလိုက်သည်။

Liu Yaowenရဲ့လှုပ်ရှားမှုက အရမ်းကိုညင်သာလွန်း၏။သူကSong Yaxuanကိုဖန်အရုပ်ကလေးအဖြစ်သတ်မှတ်ထားပုံရ၏။သူရဲ့လှုပ်ရှားမှုက နည်းနည်းလောက်ကြမ်းတမ်းသွားလျှင်ဖြင့် Song Yaxuanကိုကွဲကြေသွား​စေမိမှာစိုးရိမ်နေ၏။

နည်းနည်းလောက်နီးလိုက်

ဒီထက်နည်းနည်းလောက်လေး

ဖမ်းမိပြီ!

မျက်လုံးမှိတ်ကာအနားယူနေတဲ့ကောင်လေးက
နောက်ဆုံးမှာ​တော့ သူအရှေ့မှာတစ်စုံတစ်ရာကသူကိုလာထိနေကြောင်းကိုသတိထားလိုက်မိသည်။

Song Yaxuanက မျက်လုံးဖွင့်လိုက်တာနဲ့တစ်ချိန်တည်းမှာဘဲ အောက်စိုက်ကာငိုက်ချထားတဲ့ခေါင်းကိုလည်းမော့လိုက်လေသည်။တိုက်ဆိုင်စွာနဲ့ ရုတ်တရက်မို့အနောက်ပြန်ဆုတ်ချိန်မရသေးသည့် Liu Yaowenရဲ့လက်ချောင်းထိပ်တွေက Song Yaxuan၏နှုတ်ခမ်းနှင့်ထိကပ်သွားတော့သည်။

ကားအနောက်ခန်းမှ ကောင်လေးနှစ်ယောက်က
ခဏတာထိတ်လန့်သွားကြ၏။

သူရဲ့လက်တွေက အေးနေတာလား...
ဒါမှမဟုတ် Song Yauxanရဲ့နှုတ်ခမ်းလေးက
အေးနေတာလားဆိုတာLiu Yaowenက ချက်ချင်းမပြောနိုင်ဘူး။ဒါပေမယ့်Liu Yaowenရဲ့လက်တွေက အေးနေတာဖြစ်နိုင်တယ်။

ဘာလို့လဲဆိုတော့ အတိတ်တုန်းက
သူတို့နှစ်ယောက်အတူတူဖက်ပြီးအိပ်ရင်
Liu Yaowenလက်တွေက အမြဲတမ်းအေးနေတတ်သည်။ထိုအခါ၌ Liu Yaowenက Song Yaxuanရဲ့Pajamasကိုလှန်တင်ပြီး သူရဲ့လက်ကိုSong Yaxuanရဲ့ဗိုက်လေး​ပေါ်မှာ တင်ထားလေ့ရှိသည်။

အဲ့လိုအခါတိုင်း Song Yaxuanကနေရခက်လာပြီး
စိတ်မရှည်ဖြစ်လာတာကြောင့်သူဗိုက်ပေါ်က Liu Yaowenရဲ့လက်ကိုဆွဲဖယ်ပြီးအော်လေ့ရှိသည်။

"Liu Yaowen မင်းအရမ်းရှုပ်တာဘဲ"

ဒါပေမယ့် Song Yaxuanအော်ပြီးသွားရင်လည်း
Liu Yaowenက ဗိုက်ကလေးကိုပြန်လာကိုင်တာကြောင့်Song Yaxuanက လျစ်လျူထားလိုက်ရတော့တယ်။

လူတွေအများကြီးက သူကဒီRelationshipအပေါ်မှာအချိန်အရမ်းပေးပြီးတော့ ထိန်းသိမ်းဖို့အတွက်
အရမ်းကြိုးစားနေတယ်လို့ ပြောကြသည်။
ကလေးဘဝကတည်းက မကြောက်ရွံတဲ့လူရှိသလား။

Liu Yaowenကတော့ မဟုတ်ပါ...

သူက သတ္တိတွေနဲ့မွေးဖွားလာတာမဟုတ်သလို
ကြောက်ရွံမှုမရှိတဲ့လူလည်းမဟုတ်ရပါဘူး။
သူငယ်ငယ်ကတည်းကသဘောကျရတဲ့Song Yaxuanရဲ့ အလိုလိုက်မှုတွေနဲ့ဂရုစိုက်မှုအသေးအမွှားလေးတွေကြောင့်မို့လို့သူက သန်မာပြီး ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာ
ဖြစ်သည်။အခြားသူတွေမြင်တဲ့ သတ္တိအပြည့်နဲ့
Liu Yaowenပေါ့။

လူတွေတော်တော်များများက သူတို့နှစ်ယောက်ရဲ့
Relationshipမှာ သူကသာတစ်ဖက်စောင်းနင်း
သဘောကျနေသူဖြစ်တယ်ပေါ့။ဒါပေမယ့်
Song Yaxuanရဲ့သူအပေါ်မှာထားတဲ့ခံစားချက်တွေကသူကနေ Song Yaxuanအပေါ်ရှိတဲ့ခံစားချက်တွေထက်မနည်းဘူးဆိုတာသူသိတယ်။

Liu Yaowenရဲ့လက်က Song Yaxuanရဲ့နှုတ်ခမ်းပေါ်မှာတင်ထားတုန်းသာဖြစ်ပြီး Song Yauxanကနေရတာနည်းနည်းထူးဆန်းနေသလိုခံစားရ၏။ဒါကြောင့် သူရဲ့နှုတ်ခမ်းကိုဖိဖို့ပြင်လိုက်ပြင်လိုက်ပေမယ့် ရုတ်တရက်ကြီး Liu Yaowen၏လက်ချောင်းများကSong Yaxuanရဲ့ပါးစပ်ထဲကိုရောက်သွားတယ်။

"အာ တောင်းပန်ပါတယ်"
Song Yaxuanက သူရဲ့ပါးစပ်ကိုဟပေးလိုက်ပြီး
ခေါင်းကိုပြန်တည့်လိုက်တယ်။

Liu Yaowenကရပါတယ်လို့ပြောပြီး သူရဲ့လက်ကိုအိတ်ကပ်ထဲထိုးထည့်လိုက်၏။

Song Yaxuanရဲ့နှုတ်ခမ်းတွေကဘယ်အချိန်မှာမဆိုနွေးထွေးနေတယ်။အေးခဲနေတဲ့ ရာသီဥတုမှာတောင် Song Yaxuanရဲ့နှုတ်ခမ်းကနွေးနေတတ်တယ်။Liu Yaowenက ရှင်းလင်းစွာကောင်းကောင်းသိပါတယ်။

Song Yaxuanရဲ့နှုတ်ခမ်းတွေကဘယ်လောက်နွေးနွေးသူရဲ့လက်ကတော့ အမြဲတမ်းအေးစက်နေတယ်လေ။

Liu Yaowenက Song Yaxuanကိုနမ်းရတာ
နှစ်သက်တယ်။

အထူးသဖြင့်ရေချိုးခန်းထဲကနေ ဆံပင်ဖရိုဖရဲနဲ့ထွက်လာတဲ့Song Yaxuanကိုနမ်းရတာပို့လို့တောင်ကြိုက်သေးတယ်။

Song Yaxuanရဲ့ မျက်ခုံးမွှေးလေးကိုနမ်းမယ်၊
ပြီးတော့ နှာတံချွန်ချွန်လေးကနေတစ်ဆင့်
သူရဲ့မှဲ့နက်ကလေး သူရဲ့ချွန်ထက်နေတဲ့မေးရိုး...
နောက်ဆုံးမှာတော့ Song Yaxuanရဲ့ဝှက်ထားတဲ့
လျှာဖျားလေးအထိ။

အဲ့ဒီအချိန်မှာဘဲ Song Yaxuanပါးစပ်ဟလိုက်တာကိုတွေ့လိုက်ရပြီး Liu Yaowenကထိုအရာလေးကိုမြင်လိုက်ရတယ်။

Liu Yaowenက ထိုအရာလေးပေါ်မှာရှိတဲ့
အနွေးဓာတ်ကိုကောင်းကောင်းသိတယ်။

အထူးသဖြင့် ထိုပန်းရောင်လေးရဲ့ပိုင်ရှင်က
သူဆီကနေ ရင်းရင်းနှီးနှီးအနမ်းခံနေရတဲ့အခါမှာ
ပါးဖွေးဖွေးလေးတွေအပါအဝင် တစ်ကိုယ်လုံးနီရဲနေ
တတ်တာကိုလည်း Liu Yaowenကသိတယ်။

Liu Yaowenက သူရဲ့အိတ်ကပ်ထဲမှာရှိတဲ့လက်တွေကိုကျစ်ကျစ်ဆုတ်ရင်း စိတ်ထိန်းလိုက်သည်။

ရုတ်တရက် သူတို့နှစ်ယောက်ထိုင်နေတဲ့
ထိုင်ခုံကြားမှာချထားတဲ့လက်က နွေးသွားသလို
ခံစားလိုက်ရတာကြောင့် အောက်ကိုငုံကြည့်လိုက်တော့Liu Yaowenက အံသြသွားရသည်။

သူရဲ့လက်ပေါ်မှာ Song Yaxuanရဲ့သွယ်လျတဲ့
လက်ကနေရာယူထားတယ်။Song Yaxuanက
ထိုလှုပ်ရှားမှုကတစ်ခုခုမှားနေသလိုမခံစားရဘဲ ပြူတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုကြည့်နေတယ်။

Liu Yaowenက နုနုညံညံပြုံးလိုက်ပြီး
သူရဲ့လက်ကိုဆွဲမထုတ်လိုက်ပါဘူး။သူရဲ့လက်ကို Song Yaxuanရဲ့လက်ထဲမှာညင်ညင်သာသာဘဲ ထည့်ထားလိုက်၏။

နွေးထွေးပြီးတော့ သက်သောင့်သက်သာရှိသည်။

----------

[Small Theater]

Third Generationအဖွဲ့မှကလေးများHot searchကိုမြင်သွားသောအခါ...

"အမလေး! အမေရေ"

Su Xinhaoက weiboပွတ်နေတုန်းမှာဘဲ
တစ်ခုခုကိုရှာဖွေတွေ့ရှိသွားတာကြောင့်
သူ့ဘေးနားလေးမှာထိုင်နေတဲ့ Zhang Jiကို
အားကုန်ရိုက်ချလိုက်တော့သည်။

Zhang Jiက Su Xinhaoရဲ့လက်သီးတွေကိုရှောင်ရင်းအော်တော့သည်။

"မင်းရူးနေတာလား ဘာလို့မင်းအဖေကိုရိုက်ရတာလဲ"

Su Xingaoက ဂရုမစိုက်ဘဲ
Zhang Jiရှေ့ကို ဖုန်းထိုးပေးလိုက်တယ်။

Screenပေါ်မှာ သူတို့Companyကဖော်ပြထားတဲ့
ဒုတိယအဖွဲ့ကပြန်လည်ပေါင်းစည်းတော့မည့်
အကြောင်းကိုရေးထားသည်။

Zhang Jiက အံအားသင့်သွားပြိး
Comment boxကိုဖွင့်ကြည့်လိုက်တော့ Su Xinhaoနဲ့တူညီစွာ "အမေရေ"ဟုအကျယ်ကြီးအော်လိုက်၏။

သူတို့နှစ်ယောက်ရဲ့အသံက ကျယ်လွန်းလို့
ထောင့်မှာ ရေသောက်နေတဲ့ Zhang Zeyuကတောင်ပြေးပြီးလာကြည့်တယ်။

"ဘာကြီးမို့လို့လဲ ဘာလို့ဘုရားတနေကြတာတုန်း"

ငါးမိနစ်ကြာပြီးတဲ့အခါမှာတော့
တစ်ခန်းလုံးမှာ အာမေဋိတ်အသံနဲ့ပြည့်နှက်သွား၏။

ငါးမိနစ်ထပ်မံကြာသွားတဲ့အခါမှာတော့
အခန်းထဲကလူတွေက စိတ်ငြိမ်သွားကြတယ်။

Su Xinhaoက တိတ်ဆိတ်နေတာကို
စကားတစ်ခုနဲ့ဖျက်ဆီးလိုက်တယ်။

"သူတို့နှစ်ယောက်က ပျက်သွားကြပြီမလား"

သေချာပေါက်ပျက်သွားကြပြီပေါ့။

Zhan Zeyuက အရင်ကအကြောင်းကို
ဝင်ပြောခဲ့တယ်။

"မင်းတို့မှတ်မိကြသေးလား
လွန်ခဲ့တဲ့ငါးနှစ်က စီနီယာLiu Yaowenက
စီနီယာSong Yaxuanကိုရှာဖို့
Companyတစ်ခုလုံးကိုပြေးလွှားနေခဲ့တာလေ"

သူတို့ဘေးမှာထိုင်နေတဲ့ Zhu Zhixinက
ခေါင်းငြိမ့်ပြီး​တော့ ဝင်ပြော၏။

"Companyကိုတောင်ပြောင်းပြန်လှန်ပြီးရှာလို့ရရင်ရှာအုံးမယ့်ပုံစံနဲ့လေ"

Su Xinhaoက မျက်မှောင်ကြုံလိုက်ပြီးတော့
"သူတို့တွေကအလုပ်အတူတူလုပ်လို့ရသေးလို့လား"

"လမ်းခွဲလိုက်တာနဲ့ အလုပ်အတူတူမလုပ်တော့ဘူး
ဆိုတာကသက်ဆိုင်တာမှမဟုတ်ဘဲ"

Zhang Jiက Su Xinhaoရဲ့ဖုန်းကိုကိုင်ထားကာ
Videoတစ်ပုဒ်ကိုရှာနေပုံပေါ်၏။
သူက နည်းနည်းလောက်ရှာပြီးတဲ့အခါမှာတော့
Weiboရဲ့နေရာတစ်ခုအလယ်မှာရှာတွေ့သွား၏။

"မင်းတို့စီနီယာLiu Yaowenရဲ့အသစ်ထွက်တဲ့
ရုပ်ရှင်တွေ့ဆုံပွဲကိုကြည့်ပြီးပြီလား"

"ငါမြင်လိုက်ရတာကလေ
သူတို့နှစ်ယောက်ကထပ်ပြီးတွဲကြမယ်ဆိုရင်တောင်
ဘယ်သူကိုမှ ထူးဆန်းတယ်လို့ခံစားစေမှာမဟုတ်ဘူး"

"မင်းက သူတို့နှစ်ယောက်ထပ်ပြီးချစ်မိသွားနိုင်ခြေ ရာခိုင်နှုန်းကိုသိချင်တယ်ဆိုရင် 100%ဆိုတဲ့Patternကကျော်လွန်သွားလိမ့်မယ်"

----------

Continuar a ler

Também vai Gostar

1.2K 75 6
I don't own this story.I fully credit to original author and translators. This story has 72 chapters. This story of English translation is completed.
959K 59.2K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.2M 53.8K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
11.7K 634 30
Everyone has their opinions of what is right compared to what is wrong. Of course, when life gets hard, it can sometimes make it a little harder to b...