💛 Players ( part - 13 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
"မင်း ဘယ်ရောက်နေတာလဲ စည်း ရုံးမလာတာကြာပြီ"
"ငါဒီမှာ ခရီးတစ်ခုထွက်နေရလို့ကွာ ဒက်ဒီ့ကိစ္စပါ"
"Aww အေးပါကွာ ဘီယာသွားသောက်ရအောင် ခေါ်မလို့ take care သားကြီး"
တန်ခိုးဖုန်းချသွားသည့်အခါသူ ဖုန်းကိုစားပွဲပေါ်ပြန်ချလိုက်ရင်း ရေဘူးကိုဖွင့်ကာ မသောက်ဖြစ်သေးဘဲ မှန်ပြတင်းတံခါးမှတစ်ဆင့် အပြင်ဘက်ကိုငေးကြည့်မိသည်။
Fullerton Hotelက သူဒီကိုရောက်တိုင်း အမြဲတည်းဖြစ်သည့်hotelဖြစ်ကာ သွေးကလည်းဒီကိုလာမည်ဟုဆိုသည်။
တန်ခိုးကိုရွေးချယ်ခဲ့ပြီးမှ ဘာကြောင့်သူနဲ့တွေ့ဖို့လာခဲ့မလဲ မစဉ်းစားတတ်ပေမယ့် သွေးကိုချစ်မိသည်အဖြစ်က နောက်ဆုတ်ဖို့မလွယ်သည်မို့ မှားမှန်းသိနေလျက် ရှေ့ကိုဆက်တိုးနေမိသည်။
ဒေါက်!! ဒေါက်!! ဒေါက်!!
တံခါးခေါက်သံကြောင့် သူ ရေဘူးကိုပြန်ပိတ်ကာ သွားဖွင့်လိုက်တော့ သွေးက maskတစ်ခုတပ်ထားပြီး အခန်းဝရောက်နေ၏။
ဒါဟာ သူနဲ့သွေးရဲ့နှစ်ယောက်ချင်းတွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်ကာ တန်ခိုးအပေါ် ယုတ်မာရာကျနေပြီလားဟု အတွေးဖြင့်တွေဝေသွားမိသည်။
"အဲ့လိုပဲကြည့်နေတော့မှာလား"
"၀င်လေ"
သွေး အခန်းထဲရောက်လာတော့မှ သူ တံခါးကိုlockချပြီး မှားနေပြီလားဆိုသည့်အတွေးကို မောင်းထုတ်ရင်း ဒီဘက်ပြန်လှည့်လိုက်သည်။
သွေးကတော့ သူ့လိုအတွေးများနေပုံမရဘဲ အေးအေးလူလူဖြင့် maskကိုချွတ်ကာ မွေ့ရာပေါ်မှာ ခြေချင်းချိတ်ပြီးထိုင်နေရင်း သူ့ကိုကြည့်နေ၏။
"ရှင် ကျောင်းတက်တော့မှာဆို ဘယ်တော့လဲ"
"နည်းနည်းလိုပါသေးတယ် မင်းဘာစားမလဲ လှမ်းမှာလိုက်လေ"
"ပြီးမှပဲမှာတော့မယ် အခု သွေး ရှင်နဲ့စကားပြောချင်နေတာ ရှင့်မှာမေးချင်တာတွေ သိပ်များနေမယ်ထင်လို့"
သူ ခေါင်းညိတ်ပြလိုက်ကာ ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သွေးနဲ့မနီးမဝေးမှာထိုင်လိုက်သည်။
အခန်းမီးရောင်ကြောင့် သူမမျက်နှာလေးဝါညက်နေသလို နီးနီးကပ်ကပ်မြင်နေရ၍ သူ့ရင်ခုန်သံတွေကိုလည်း ပြန်ကြားနေရ၏။
ထို့အတူ ဒီမျက်နှာလေးကိုမှ အပိုင်ရသွားသောတန်ခိုးကိုလည်း ပြင်းစွာမနာလိုမိသွားခဲ့ကာ သူသာပိုင်ခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ…
"မင် တန်ခိုးကိုရွေးခဲ့တာမဟုတ်ဘူးလား သွေး"
"ဟုတ်တယ် သူ့ကိုအရမ်းသဘောကျပေမယ့် သွေးက သာမာန်အင်ဂျင်နီယာတစ်ယောက်နဲ့ လက်ထပ်ချင်တာမဟုတ်ဘူး"
"ဒါဆို မင်းကတန်ခိုးကိုမချစ်ဘဲ ဒီအတိုင်းစံနှုန်းတွေနဲ့ ရွေးခဲ့တာပေါ့ မင်းပြောပါဦး ငါကရော.. ငါ့ကိုရော ဘာလို့အခွင့်အရေးတွေပေးနေတာလဲ"
"ရှင်တို့နှစ်ယောက်လုံးအမှတ်တူတယ်လေ ရှင့်ကိုဘာလို့မရွေးခဲ့တာလဲဆိုတော့ ရှင်က သွေးကိုမှဦးစားမပေးတတ်ခဲ့ဘဲ ကိုကတော့ အဲ့လိုမျိုးမရှိပေမယ့် သူ့နောက်ခံက အင်း.. နည်းနည်း"
"ငါ့ရဲ့အသိုင်းအဝိုင်းလောက် မပြည့်စုံဘူးလို့ပြောချင်တာလား အဲ့ဒါဆိုထပ်မေးဦးမယ် မင်းတို့လက်ထပ်ပြီးရင် မင်းကို ပြည့်စုံတဲ့အခြေအနေနဲ့မထားနိုင်ဘူးလို့ တန်ခိုးကို အထင်သေးလိုက်တာလား"
"အထင်သေးတာမဟုတ်ဘူး သူက အင်ဂျင်နီယာဘဝကိုစွန့်လွှတ်မှာမဟုတ်ဘူး သူက သူ့ကိုယ်သူယုံကြည်နေတာ သွေးကတော့ လက်ဆုပ်လက်ကိုင်ရှိထားတာကိုပဲ ယုံကြည်တယ်"
"ဒါဆို အက္ခရာကိုတော့ မင်းဘာလို့လောင်းကြေးထပ်ခဲ့တာလဲ မင်း တန်ခိုးအပေါ် ငြိတွယ်နေတာလည်းမဟုတ်ဘဲနဲ့.."
"အဲ့ဒါကအရံအစီအစဥ်ပါ သူ သွေးအပေါ်သစ္စာရှိ မရှိ စမ်းသပ်ခြင်းလည်းဖြစ်သလို မလိုတော့ဘူးဆိုရင်လည်း အကြောင်းပြလို့ရတယ်လေ"
သူ သွေးရဲ့အကြံအစည်ကို လန့်လည်းလန့်သွားမိသလို စိတ်ပျက်ခြင်းလည်းဖြစ်မိရင်း ဆံပင်တွေကိုဆွဲဖွပစ်လိုက်မိသည်။
ဘယ်လိုဆုံးဖြတ်ချက်နှင့် လုပ်ခဲ့သလဲမသိပေမယ့် သူမရဲ့အတ္တတစ်ခုတည်းနှင့် ခရာရော၊ တန်ခိုးပါ လမ်းမှားတော့မည်ဖြစ်ကာ…
"တန်ခိုးလိုကောင်ကို ရန်သွားမစခိုင်းသင့်ဘူး သွေး မင်း တန်ခိုးအကြောင်းမသိလို့လား"
"ခရာကလည်း အလျှော့ပေးမှာမဟုတ်ဘူး သိပ်အကြောက်အလန့်မရှိတဲ့မိန်းမ သူ့မှာချစ်တတ်တဲ့စိတ်လည်းမရှိဘူး သူ့ခေါင်းထဲမှာရှိတာက တစ်ခုတည်းရယ် Harvardတက္ကသိုလ်ပဲ"
လောင်းကြေးကို အခုမှတိတိကျကျသိလိုက်ရသလို ရဲရင့်သည်ဟုထင်ခဲ့မိသော အက္ခရာသည်လည်း သွေးလိုပင်၊ အတ္တတစ်ခုအတွက် ကြံစည်ရဲ၊ ရှေ့တိုးရဲသည့်မိန်းကလေး။
နှစ်ယောက်လုံးဟာ အနိုင်ရလိုမှုကိုယ်စီဖြင့် အတ္တကြီးကြသောညီအစ်မဟုပြောလျှင် လွန်မည်မထင်။
"မင်း ငါ့ကိုဘာလို့လာတွေ့တာကရော"
"သွေးကလာတွေ့တာလား ရှင်ကလာတွေ့တာလား ကိုစည်း"
သူ ဘာမှထပ်မပြောနိုင်။
သူမက လာခဲ့ပါလို့မဖိတ်ခေါ်ခဲ့သလို ဒီကိုရောက်ရင်တွေ့မှာလားဟု မေးခဲ့မိသူက သူသာဖြစ်သည်။
ကိုယ်သာလျှင် သူမ,ပေးသောအခွင့်အရေးတွေထဲ မျောပါသွားခဲ့ပြီး လမ်းအမှားကိုလျှောက်ဖို့ စတင်ကြိုးစားခဲ့မိသူသာ…
"ရှင် အခုထိဆုံးဖြတ်မရဖြစ်နေပြန်ပြီလား"
စိတ်ပျက်သလိုလေသံလေးဖြင့် သွေး မျက်နှာလေးတင်းသွားပြီး မွေ့ရာပေါ်ချထားသည့် ပိုက်ဆံအိတ်လေးကိုကောက်ယူကာ ပြန်ဖို့ပြင်တော့ သူဆုံးဖြတ်ချက်ချလိုက်သည်။
သွေးရဲ့လက်တစ်ဖက်ကိုဆွဲကာ သူမတစ်ကိုယ်လုံးပါလာသည်အထိဆွဲယူပြီး ခါးလေးကိုသိမ်းဖက်ကာ မျက်နှာလေးတစ်ခုလုံးကို ဖိကပ်နမ်းမိသည်။
တစ်ချိန်လုံးမျှော်လင့်ခဲ့ရသည့်၊ စိတ်ကူးယဥ်ခဲ့ရသည့် သူမနှုတ်ခမ်းတွေကို မက်မက်မောမောနမ်းပစ်မိတော့ သွေးကမျက်နှာလေးလွှဲကာ သူ့ရင်ဘတ်ကိုတွန်းထုတ်ဖို့ကြိုးစား၏။
ထို့ကြောင့် လက်နှစ်ဖက်လုံးကို ချုပ်ကိုင်ပစ်လိုက်ကာ သူမကိုယ်လေးကိုပွေ့ယူလိုက်ပြီး သွေးနဲ့အတူ မွေ့ယာနုနုပေါ်လဲကျခဲ့သည့်အခါ သူမမျက်နှာလေးမဲ့သွားသည်။
"ငါမင်းကိုချစ်တယ် သွေး.. မင်းငါ့ကိုရွေးလိုက်လို့ ငါ့ရှေ့ရောက်လာတာလို့ပဲ ငါယူဆလိုက်ပြီမင်းကိုငါပိုင်တယ်"
"ဟင့်အင်း မဟုတ်ဘူး"
"ဒါဆိုဘာလို့ ငါနဲ့အမြဲဆက်သွယ်ခဲ့တာလဲ"
ရုန်းဖယ်ပစ်နေသော သွေးလက်ကလေးတွေကို ခပ်တင်းတင်းဖိဆုပ်ပစ်လိုက်တော့ သူမ,ငြိမ်ကျသွားတော့ သွေးရဲ့အကြည့်တွေ သူ့မျက်နှာထက် စူးနင့်လာသည်။
တဆတ်ဆတ်တုန်ယင်နေသော သူမနှုတ်ခမ်းလေးကိုငုံ့နမ်းရင်း လက်ကလေးတွေကို သူ့ပခုံးပေါ်တင်ပေးလိုက်သည့်အခါ သွေးဟာ သူ့ကိုမငြင်းတော့ဘဲ မျက်လုံးလေးတွေ မှိတ်သွားခဲ့သည်။
အနမ်းတွေပြင်းရှလာသည့်အခါ သွေးကိုယ်ပေါ်က အဝတ်တွေကို ချွတ်ယူလွှင့်ပစ်ရင်း သူမကိုယ်လေးထဲဝင်ရောက်ဖို့ကြိုးစားသည့်အခါ သွေးက ညည်းသံလေးဖြင့် မငြင်းဆန်ခဲ့။
သူ့ပခုံးတွေကို ကယောင်ကတမ်းဖက်တွယ်ကာ သူ့လှုပ်ရှားမှုတွေထဲမှာ ညည်းညူသံတွေဖြင့် သာယာနစ်မွန်းနေခဲ့၍ ထိုနေ့ကတစ်ရက်လုံး သူမကိုပြန်မလွှတ်ဖြစ်တော့…
သူမရဲ့ကြည်ဖြူသော ခွင့်ပြုခြင်းကို အခွင့်အရေးယူသလိုဖြစ်ချင်လည်း ဖြစ်ပါစေတော့...
တန်ခိုးအပေါ်မှာ သူမှားခဲ့သည်ဆိုရင်တောင်မှ ထိုအမှားကိုသာ ထပ်ခါထပ်ခါကျူးလွန်နေမိသည်ကတော့....
💛💛▫▫▫💛💛
"နားလည်လား"
သူမေးလိုက်သည့်စကားအဆုံးမှာ ခရာခေါင်းလေးညိတ်ပြရင်း စကေးတချို့ကို စိတ်တွက် တွက်နေမိသည်။
သူဟာ မရာညွှန်းသလောက် ပညာရပ်ပိုင်းမှာ တော်သူဖြစ်ပြီး အားနည်းချက်ဆို၍ ပစ္စည်းဥစ္စာမပြည့်စုံခြင်းသာဖြစ်သည်။
သို့ပေမယ့်ထိုမပြည့်စုံမှုက ကွန်ဒိုနှင့်ကားနှင့်မို့ လူတန်းစေ့နေနိုင်သည်ပဲဖြစ်ကာ အခြေအနေကြီးသောမရာကတော့ သိပ်သဘောကျမှာမဟုတ်။
"မြို့ထဲမှာ တိုက်ခန်းနဲ့ကားနဲ့နေနိုင်တာက အထင်ကြီးစရာမှာမဟုတ်ဘဲ ခရာရယ် ဖေဖေတို့တောင် ငါ့ကိုအဲ့လိုမထားခဲ့ဘူး သူက ဖေဖေတို့ထက်တောင်ပိုပြီးအဆင့်မြင့်မြင့်ထားနိုင်ရမှာ"
အစစအရာရာပြည့်စုံသည့်လူရယ်လို့ မရှိသေးဘူးဆိုတာ မရာမသိလို့ ခုလိုလုပ်နေသလားတော့ သေချာနားမလည်ပါ။
ဘယ်လောက်ပြည့်စုံသောလူဖြစ်နေပါစေ၊ အပြစ်တစ်ခုခု သို့မဟုတ် ချို့ယွင်းချက်၊ အားနည်းချက်ဆိုတာတော့ ရှိစမြဲပဲမဟုတ်လား…
မရာ့ကိုလောဘကြီးသည်ဟုပြောရင် ခရာလွန်နေမလားမသိပေမယ့် မရာက တကယ်လောဘကြီးတာဖြစ်သည်။
"မဆိုးဘူး မင်းနားလည်လွယ်သားပဲ"
"ကိုကြီး ရှင်းပြတာလွယ်လို့ပါ"
ခရာ့ဘက်က လေးစားမှုကိုအခြေခံသော ရင်းနှီးမှုဖြင့် ကိုကြီးဟု ခေါင်းစဥ်တပ်လာတော့လည်း ကိုကြီးက သဘောကျသလိုဖြင့် မငြင်း။
တခြားသူတွေလို ဆရာလို့လည်းမသုံးချင်သည်က သူဟာ ကိုယ့်ဆရာလည်းမဟုတ်သလို ဆရာလို့ခေါ်ရသည့်အရွယ်လည်းမဟုတ်။
ကိုကြီးက ခရာ့ကိုခေါင်းအစခြေအဆုံးကြည့်ရင်း ခနဲ့သလိုပြုံးကာ.…
"မင်းပိန်သွားတယ်ထင်တယ် ဘာလဲ ဆိုဒ်အင်ဂျင်နီယာလုပ်ရတာ ပင်ပန်းလား"
မေးလာပုံကိုက မင်းမလုပ်နိုင်ပါဘူးဆိုသည့် အထင်သေးလိုမှုတွေနှင့်မို့ ခရာမျက်နှာလေးမော့ချီပစ်လိုက်သည်။
ပင်ပန်းတာကတော့ အမှန်ပဲဖြစ်ကာ ညဘက်တွေဆို စာတမ်းရေးဖို့နေနေသာသာ၊ ခေါင်းအုံးပေါ်ခေါင်းချသည်နှင့် ချက်ချင်းအိပ်ပျော်သွားခဲ့ပြီး မနက်ဆိုကုန်းရုန်းထရသည်။
ကိုယ့်ဘာသာ ရှေ့နေလုပ်နေချိန်က ဒီလိုအလုပ်တွေကိုလုပ်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးချေ။
"ပန်းတော့ပန်းတယ် အရင်အလုပ်က အရိပ်ထဲမှာပဲ laptopလေးနှိပ်နေရတာလေ အပျင်းတစ်နေတာကြာသွားလို့ထင်တယ်"
"ပင်ပန်းရင် ခဏသွားနားလိုက်"
"ရတယ် ခရာ ကိုကြီးနောက်ကလိုက်မယ်"
တကယ်လည်း သူမက သူဘယ်သွားသွား၊ ဘာပဲလုပ်လုပ် နောက်ကတကောက်ကောက်လိုက်နေ၍ ဒါကိုလွှတ်ထားသည့်ကုမ္ပဏီကိုလည်း စိတ်ထဲထူးဆန်းနေမိသည်။
မခင်ချိုကိစ္စကတည်းက အက္ခရာဟာ အကောင်ကြီးကြီးတစ်ယောက်ရဲ့ အရှိန်အဝါအောက်မှာရှိမှန်းသိပေမယ့် Decoratorက သူ့နေရာသူမရှိဘဲ Engineerနောက် တကောက်ကောက်လိုက်ခွင့်ရအောင် သူမက ဘာမို့လို့လဲ...
"Decoratorလုပ်နေပြီး ကိုကြီးနောက်လျှောက်လိုက်နေတာကို ကုမ္ပဏီကလွှတ်ထားတယ်လို့ တွေးနေတာလား"
သူမဟာ အမြင်စူးသူလား၊ ဒါမှမဟုတ် ရမ်းသမ်းပြောရင်းမှန်သွားသလား၊ သေချာမသိပေမယ့် သူမပြောတာကတော့ အမှန်ပဲဖြစ်သည်။
ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး သူမကိုတမင်မေးဆတ်ကာ…
"မင်းနောက်ကလူရဲ့ပါဝါကတော့ အတော်ကြီးပုံပဲ"
"အင်း အဲ့ဒါကြောင့်ပဲ အက္ခရာက VVIPဖြစ်နေတာ ဒါပေမယ့် ခရာက မခိုကပ်ဘဲနဲ့ အလုပ်ကြိုးစားတဲ့VVIPလေးပါ"
သူမစကားကြောင့် သဘောတကျရယ်မိသွားကာ ထိုသို့မရယ်ဖြစ်သည်မှာကြာခဲ့ပြီမှန်း သတိရလိုက်သလို သွေးကိုလည်း သူသတိရလိုက်သည်။
ဖုန်းပြန်ဆက်မယ်ဆိုပြီး သွေးဖုန်းမဆက်သည်မှာ ၁၀ရက်နီးပါးရှိပြီမို့ နေနိုင်လိုက်တာဟုလည်း နာနာကျင်ကျင်တွေးမိသည်။
စည်း ခရီးထွက်သွားသည်မှာလည်း တစ်ပတ်နီးပါးရှိပြီမို့ သူတို့နှစ်ယောက်အတူရှိနေလောက်သည် ဆိုသည့်အတွေးဖြင့် ရင်ထဲခါးသွားမိသည်။
"ဒါနဲ့ ကိုကြီး အအေးလေးဖြစ်ဖြစ်သောက်ချင်လားလို့ ခရာသွားဝယ်မလို့လေ သောက်မယ်ဆို မှာလိုက်ပါလား"
"မမှာတော့ဘူး ကိုယ်အအေးမသောက်တတ်ဘူး"
သူမက okဆိုသည့်ပုံလေးဖြင့် လက်ထောင်ပြကာ လက်သမားတစ်စုနှင့် အအေးဆိုင်လေးဆီသွားကြကာ ဘာတွေပြောကြလဲမသိဘဲ ရယ်မောသွားကြသေးသည်။
ဒါရိုက်တာတွေကိုတောင် ခေါင်းညိတ်စေနိုင်သည့် အက္ခရာက အောက်ခြေလူတန်းစားဖြစ်သော လက်သမားတွေနှင့်လည်း တရင်းတနှီးနေတတ်သည်ကလည်း ထူးဆန်းသည့်အကျင့်ဖြစ်သည်။
မာန်မာနမရှိ၊ ပလွှားမှုမရှိ၊ ပကတိရိုးစင်းသော အဖြူထည်သက်သက်စိတ်ကလေး...
"ရော့ ကိုကြီးဖို့ လီမွန်တီး"
"ဝယ်လာသေးတယ် အအေးမသောက်ပါဘူးဆို"
"အအေးမဟုတ်ပါဘူး ရေခဲမပါဘူး လီမွန်တီးသောက်တာက အဆီလည်းကျတယ် အဖန်ဓာတ်လေးနည်းနည်းပါတော့ ခံတွင်းလည်းရှင်းတယ် ပြီးတော့"
"Ok သောက်လိုက်တော့မယ် ပေး"
အက္ခရာက ရယ်ကျဲကျဲဖြင့် လီမွန်တီးဘူးကိုလှမ်းပေးတော့ သူမ ပြောသလိုမအေးဘဲ ဖန်ဖန်လေးဖြစ်ကာ သောက်လို့လည်းကောင်းသည်။
မယ်မင်းကြီးမကတော့ လီမွန်တီးသောက်နေသော သူ့ကိုကြည့်နေပုံက ချီးမွှမ်းခံချင်သည့် ကလေးတစ်ယောက်နှင့် တူနေသည်။
"အင်း ကောင်းသားပဲ ကျေးဇူးပဲအက္ခရာ"
"မလိုပါဘူး ဟိုကဖျော်ပေးလိုက်တုန်းက မကောင်းဘူး ခရာယူလာလိုက်လို့ အရမ်းကောင်းသွားတာ ဆရာကြီးကိုလေးစားလို့ပါ"
လက်အုပ်လေးချီပြီး ပြောင်ချော်ချော်လုပ်တော့ မျက်မှာရူးသော အက္ခရာကိုကြည့်ပြီး သူ့မှာ သဘောတကျရယ်မိပြန်သည်။
အနေအထိုင် ပွင့်လင်းသွက်လက်သလို ပေါက်ကရတွေပြောတတ်၊ လုပ်တတ်သည့်သူမက တကယ်ကို လက်လန်ရမည့်မိန်းကလေးဖြစ်သည်။
💛💛▫▫▫💛💛
Laptopထဲမှာ mailရောက်နေကြောင်း Notiတက်နေ၍ Laptop Screenကိုစူးစိုက်ကြည့်နေမိရင်း စိတ်တွေကမငြိမ်ဘဲ သွေးအကြောင်းသိနေသည့်တိုင် ထိုmailကိုဖတ်ဖို့ စိတ်ရော၊ လူပါတုန်လှုပ်နေခဲ့သည်။
ထိုအချိန်ဖုန်းဝင်လာ၍ ငုံ့ကြည့်လိုက်တော့ HBLဟု အတိုကောက်မှတ်ထားသည့်အစ်ကို့နံပါတ်။
"ငါပို့လိုက်တာ ကြည့်ပြီးပြီလား ဘုန်းတန်ခိုး"
လောလောဆယ် စကားပြောဖို့စိတ်မပါပေမယ့် ဖုန်းဆက်ခဲသောအစ်ကိုက ကိုယ်တိုင်ဆက်လာ၍ ကိုင်လိုက်သည့်အခါ အစ်ကိုကခနဲ့သလိုမေးလာ၏။
"မကြည့်ရသေးဘူး အစ်ကို"
"မကြည့်ရသေးတာလား မကြည့်ရဲတာလား"
သူ ပြန်မဖြေဘဲနှုတ်ဆိတ်နေလိုက်တော့ အစ်ကို့ဆီကရယ်သံသဲ့သဲ့ထွက်လာကာ ထိုအသံသည် တစ်သက်လုံးရင်းနှီးနေခဲ့သည့် လှောင်ရယ်သံ။
အစ်ကိုကတော့ အမြဲတမ်းမာကျောခဲ့သူမို့ သူ့ရဲ့တုန်လှုပ်နေမှုကို ဟားတိုက်ပြီးရယ်မည်ဆို ရယ်သင့်ပါ၏။
"မျက်နှာပြောင်ရတာ မမောဘူးလား အစ်ကို"
"မမောဘူးကွ ခုလိုမိန်းမတစ်ယောက်အတွက်နဲ့ မင်းအသည်းကွဲနေတာကိုဟားရတာ ပိုပြီးတော့တောင် မမောချင်စရာကောင်းသေးတယ်
ထားပါ.. ငါ့ရဲ့တစ်ဦးတည်းသောညီလေးဆိုတော့လည်း မပြောင်တော့ပါဘူး မင်းပြတ်ပြတ်သားသားလုပ်စမ်းပါကွာ မင်းရဲ့ကစားပွဲစလိုက်တော့"
"ဘာလုပ်မလို့လဲ"
"မင်း ဘယ်လောက်လည်သလဲ ငါကြည့်မယ်လေ မင်းရဲ့ကစားပွဲက စိတ်ဝင်စားစရာမကောင်းဘဲ ခပ်ညံ့ညံ့ဆိုရင်တော့ ထက်ဘုန်းလျှံရဲ့ညီလို့ တစ်သက်လုံးမပြောနဲ့ ငါရှက်တယ်"
"ဖြစ်ရလေတယ် ကျွန်တော်ကအစ်ကို့ညီပါ အစ်ကို့ကိူမကျော်နိုင်ရင်တောင် နောက်ကျကျန်မနေစေရဘူး ကျွန်တော်ဖုန်းချလိုက်တော့မယ် အစ်ကို"
"Ok ငါပို့ထားတာကိုတော့ ကြည့်လိုက်ပါဦး Canonနဲ့ရိုက်ထားတာနော် အဲ့ဒီCameraက မှောင်ခိုဈေးကွက်မှာတောင် မြန်မာငွေ13သိန်းခွဲပေးရတယ် ရုပ်ထွက်ကတော့ကြည်သလားမမေးနဲ့"
"အစ်ကို"
"အေးပါ ဖုန်းချပါပြီ ဒါပဲ"
သူ့ကင်မရာကောင်းကြောင်း ကြွားနေသေးသည့်အစ်ကို့ကြောင့် သူပြုံးရုံသာပြုံးကာ ဖုန်းချလိုက်ပြီး mailကိုဖွင့်ကြည့်လိုက်သည့်အခါ သွေးနဲ့စည်းတို့နှစ်ယောက်ပုံတွေ တက်လာလေသည်။
လက်ချင်းချိတ်ထားပုံ၊ သွေးရဲ့ပခုံးလေးကိုဖက်ထားပုံ၊ Hotelထဲကအတူထွက်လာပုံတွေ အစရှိသဖြင့် တော်တော်များသည်။
အဝတ်အစားတွေလည်း မတူတာမို့ တွေ့တာကတစ်ခါနှစ်ခါမကလောက်ဘဲ ပုံတိုင်းမှာ သွေးမျက်နှာလေးပြုံးပျော်နေပုံက ရင်ထဲကို စူးတစ်ချောင်းစိုက်ဝင်သလို နင့်သွားစေသည်။
"နှစ်ယောက်လုံး ပျော်နေတာပဲ"
ထိုင်ခုံမှာမှီထိုင်ပစ်လိုက်ရင်း ခြောက်ကပ်ကပ်တစ်ချက်ရယ်လိုက်ကာ စီးကရက်နှင့်မီးခြစ်ကို ကောက်ယူလိုက်ပြီး ဝရံတာကိုထွက်လာခဲ့သည်။
ဝမ်းနည်းတာမဟုတ်ပေမယ့် ခံပြင်းနာကြည်းသော အမုန်းတစ်ရပ်ကြောင့် မျက်ရည်တွေဝဲလာရင်း စီးကရက်ငွှေ့တွေကို မှုတ်ထုတ်ပစ်လိုက်သည်။
တစ်ယောက်က အချစ်ဆုံးသူငယ်ချင်း
တစ်ယောက်က သူချစ်ရတဲ့ကောင်မလေး...
ခွင့်လွှတ်နိုင်လား ဘုန်းတန်ခိုး..
မင်း အဲ့ဒီနှစ်ယောက်ကို ဘာမှမဖြစ်ခဲ့သလို ခွင့်လွှတ်နိုင်သလား…
"ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်ရမယ်… ဒါပေမယ့် ငါ့အပေါ်ဒီလိုလုပ်ခဲ့တဲ့ အဲ့ဒီနှစ်ယောက်ကို ဒီအတိုင်းစွန့်ပစ်လိုက်ဖို့ကလည်း လွယ်လွန်းနေတယ်"
သူ နှုတ်ခမ်းတွန့်ရုံမျှ အေးတိအေးစက် ပြုံးလိုက်မိလေသည်။
💛💛▫▫▫💛💛
Part 14 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
💛 Players ( part - 13 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
"မင္း ဘယ္ေရာက္ေနတာလဲ စည္း ရံုးမလာတာၾကာၿပီ"
"ငါဒီမွာ ခရီးတစ္ခုထြက္ေနရလို႔ကြာ ဒက္ဒီ့ကိစၥပါ"
"Aww ေအးပါကြာ ဘီယာသြားေသာက္ရေအာင္ ေခၚမလို႔ take care သားႀကီး"
တန္ခိုးဖုန္းခ်သြားသၫ့္အခါသူ ဖုန္းကိုစားပဲြေပၚျပန္ခ်လိုက္ရင္း ေရဘူးကိုဖြင့္ကာ မေသာက္ျဖစ္ေသးဘဲ မွန္ျပတင္းတံခါးမွတစ္ဆင့္ အျပင္ဘက္ကိုေငးၾကၫ့္မိသည္။
Fullerton Hotelက သူဒီကိုေရာက္တိုင္း အၿမဲတည္းျဖစ္သၫ့္hotelျဖစ္ကာ ေသြးကလည္းဒီကိုလာမည္ဟုဆိုသည္။
တန္ခိုးကိုေရြးခ်ယ္ခဲ့ၿပီးမွ ဘာေၾကာင့္သူနဲ႔ေတြ့ဖို႔လာခဲ့မလဲ မစဉ္းစားတတ္ေပမယ့္ ေသြးကိုခ်စ္မိသည္အျဖစ္က ေနာက္ဆုတ္ဖို႔မလြယ္သည္မို႔ မွားမွန္းသိေနလ်က္ ေရ႔ွကိုဆက္တိုးေနမိသည္။
ေဒါက္!! ေဒါက္!! ေဒါက္!!
တံခါးေခါက္သံေၾကာင့္ သူ ေရဘူးကိုျပန္ပိတ္ကာ သြားဖြင့္လိုက္ေတာ့ ေသြးက maskတစ္ခုတပ္ထားၿပီး အခန္းဝေရာက္ေန၏။
ဒါဟာ သူနဲ႔ေသြးရဲ့ႏွစ္ေယာက္ခ်င္းေတြ့ဆံုသၫ့္ ပထမဆံုးအႀကိမ္ျဖစ္ကာ တန္ခိုးအေပၚ ယုတ္မာရာက်ေနၿပီလားဟု အေတြးျဖင့္ေတြေဝသြားမိသည္။
"အဲ့လိုပဲၾကၫ့္ေနေတာ့မွာလား"
"၀င္ေလ"
ေသြး အခန္းထဲေရာက္လာေတာ့မွ သူ တံခါးကိုlockခ်ၿပီး မွားေနၿပီလားဆိုသၫ့္အေတြးကို ေမာင္းထုတ္ရင္း ဒီဘက္ျပန္လွၫ့္လိုက္သည္။
ေသြးကေတာ့ သူ႔လိုအေတြးမ်ားေနပံုမရဘဲ ေအးေအးလူလူျဖင့္ maskကိုခၽြတ္ကာ ေမြ့ရာေပၚမွာ ေျခခ်င္းခ်ိတ္ၿပီးထိုင္ေနရင္း သူ႔ကိုၾကၫ့္ေန၏။
"ရွင္ ေက်ာင္းတက္ေတာ့မွာဆို ဘယ္ေတာ့လဲ"
"နည္းနည္းလိုပါေသးတယ္ မင္းဘာစားမလဲ လွမ္းမွာလိုက္ေလ"
"ၿပီးမွပဲမွာေတာ့မယ္ အခု ေသြး ရွင္နဲ႔စကားေျပာခ်င္ေနတာ ရွင့္မွာေမးခ်င္တာေတြ သိပ္မ်ားေနမယ္ထင္လို႔"
သူ ေခါင္းညိတ္ျပလိုက္ကာ ထိုင္ခံုတစ္လံုးကို ဆဲြယူၿပီး ေသြးနဲ႔မနီးမေဝးမွာထိုင္လိုက္သည္။
အခန္းမီးေရာင္ေၾကာင့္ သူမမ်က္ႏွာေလးဝါညက္ေနသလို နီးနီးကပ္ကပ္ျမင္ေနရ၍ သူ႔ရင္ခုန္သံေတြကိုလည္း ျပန္ၾကားေနရ၏။
ထို႔အတူ ဒီမ်က္ႏွာေလးကိုမွ အပိုင္ရသြားေသာတန္ခိုးကိုလည္း ျပင္းစြာမနာလိုမိသြားခဲ့ကာ သူသာပိုင္ခဲ့ရင္ေရာ ဘယ္လိုျဖစ္သြားမလဲ…
"မင္ တန္ခိုးကိုေရြးခဲ့တာမဟုတ္ဘူးလား ေသြး"
"ဟုတ္တယ္ သူ႔ကိုအရမ္းသေဘာက်ေပမယ့္ ေသြးက သာမာန္အင္ဂ်င္နီယာတစ္ေယာက္နဲ႔ လက္ထပ္ခ်င္တာမဟုတ္ဘူး"
"ဒါဆို မင္းကတန္ခိုးကိုမခ်စ္ဘဲ ဒီအတိုင္းစံႏႈန္းေတြနဲ႔ ေရြးခဲ့တာေပါ့ မင္းေျပာပါဦး ငါကေရာ.. ငါ့ကိုေရာ ဘာလို႔အခြင့္အေရးေတြေပးေနတာလဲ"
"ရွင္တို႔ႏွစ္ေယာက္လံုးအမွတ္တူတယ္ေလ ရွင့္ကိုဘာလို႔မေရြးခဲ့တာလဲဆိုေတာ့ ရွင္က ေသြးကိုမွဦးစားမေပးတတ္ခဲ့ဘဲ ကိုကေတာ့ အဲ့လိုမ်ိဳးမရိွေပမယ့္ သူ႔ေနာက္ခံက အင္း.. နည္းနည္း"
"ငါ့ရဲ့အသိုင္းအဝိုင္းေလာက္ မျပၫ့္စံုဘူးလို႔ေျပာခ်င္တာလား အဲ့ဒါဆိုထပ္ေမးဦးမယ္ မင္းတို႔လက္ထပ္ၿပီးရင္ မင္းကို ျပၫ့္စံုတဲ့အေျခအေနနဲ႔မထားႏိုင္ဘူးလို႔ တန္ခိုးကို အထင္ေသးလိုက္တာလား"
"အထင္ေသးတာမဟုတ္ဘူး သူက အင္ဂ်င္နီယာဘဝကိုစြန႔္လႊတ္မွာမဟုတ္ဘူး သူက သူ႔ကိုယ္သူယံုၾကည္ေနတာ ေသြးကေတာ့ လက္ဆုပ္လက္ကိုင္ရိွထားတာကိုပဲ ယံုၾကည္တယ္"
"ဒါဆို အကၡရာကိုေတာ့ မင္းဘာလို႔ေလာင္းေၾကးထပ္ခဲ့တာလဲ မင္း တန္ခိုးအေပၚ ၿငိတြယ္ေနတာလည္းမဟုတ္ဘဲနဲ႔.."
"အဲ့ဒါကအရံအစီအစဥ္ပါ သူ ေသြးအေပၚသစၥာရိွ မရိွ စမ္းသပ္ျခင္းလည္းျဖစ္သလို မလိုေတာ့ဘူးဆိုရင္လည္း အေၾကာင္းျပလို႔ရတယ္ေလ"
သူ ေသြးရဲ့အႀကံအစည္ကို လန႔္လည္းလန႔္သြားမိသလို စိတ္ပ်က္ျခင္းလည္းျဖစ္မိရင္း ဆံပင္ေတြကိုဆဲြဖြပစ္လိုက္မိသည္။
ဘယ္လိုဆံုးျဖတ္ခ်က္ႏွင့္ လုပ္ခဲ့သလဲမသိေပမယ့္ သူမရဲ့အတၲတစ္ခုတည္းႏွင့္ ခရာေရာ၊ တန္ခိုးပါ လမ္းမွားေတာ့မည္ျဖစ္ကာ…
"တန္ခိုးလိုေကာင္ကို ရန္သြားမစခိုင္းသင့္ဘူး ေသြး မင္း တန္ခိုးအေၾကာင္းမသိလို႔လား"
"ခရာကလည္း အေလ်ွာ့ေပးမွာမဟုတ္ဘူး သိပ္အေၾကာက္အလန႔္မရိွတဲ့မိန္းမ သူ႔မွာခ်စ္တတ္တဲ့စိတ္လည္းမရိွဘူး သူ႔ေခါင္းထဲမွာရိွတာက တစ္ခုတည္းရယ္ Harvardတကၠသိုလ္ပဲ"
ေလာင္းေၾကးကို အခုမွတိတိက်က်သိလိုက္ရသလို ရဲရင့္သည္ဟုထင္ခဲ့မိေသာ အကၡရာသည္လည္း ေသြးလိုပင္၊ အတၲတစ္ခုအတြက္ ႀကံစည္ရဲ၊ ေရ႔ွတိုးရဲသၫ့္မိန္းကေလး။
ႏွစ္ေယာက္လံုးဟာ အႏိုင္ရလိုမႈကိုယ္စီျဖင့္ အႂတၲကီးၾကေသာညီအစ္မဟုေျပာလ်ွင္ လြန္မည္မထင္။
"မင္း ငါ့ကိုဘာလို႔လာေတြ့တာကေရာ"
"ေသြးကလာေတြ့တာလား ရွင္ကလာေတြ့တာလား ကိုစည္း"
သူ ဘာမွထပ္မေျပာႏိုင္။
သူမက လာခဲ့ပါလို႔မဖိတ္ေခၚခဲ့သလို ဒီကိုေရာက္ရင္ေတြ့မွာလားဟု ေမးခဲ့မိသူက သူသာျဖစ္သည္။
ကိုယ္သာလ်ွင္ သူမ,ေပးေသာအခြင့္အေရးေတြထဲ ေမ်ာပါသြားခဲ့ၿပီး လမ္းအမွားကိုေလ်ွာက္ဖို႔ စတင္ႀကိဳးစားခဲ့မိသူသာ…
"ရွင္ အခုထိဆံုးျဖတ္မရျဖစ္ေနျပန္ၿပီလား"
စိတ္ပ်က္သလိုေလသံေလးျဖင့္ ေသြး မ်က္ႏွာေလးတင္းသြားၿပီး ေမြ့ရာေပၚခ်ထားသၫ့္ ပိုက္ဆံအိတ္ေလးကိုေကာက္ယူကာ ျပန္ဖို႔ျပင္ေတာ့ သူဆံုးျဖတ္ခ်က္ခ်လိုက္သည္။
ေသြးရဲ့လက္တစ္ဖက္ကိုဆဲြကာ သူမတစ္ကိုယ္လံုးပါလာသည္အထိဆဲြယူၿပီး ခါးေလးကိုသိမ္းဖက္ကာ မ်က္ႏွာေလးတစ္ခုလံုးကို ဖိကပ္နမ္းမိသည္။
တစ္ခ်ိန္လံုးေမ်ွာ္လင့္ခဲ့ရသၫ့္၊ စိတ္ကူးယဥ္ခဲ့ရသၫ့္ သူမႏႈတ္ခမ္းေတြကို မက္မက္ေမာေမာနမ္းပစ္မိေတာ့ ေသြးကမ်က္ႏွာေလးလႊဲကာ သူ႔ရင္ဘတ္ကိုတြန္းထုတ္ဖို႔ႀကိဳးစား၏။
ထို႔ေၾကာင့္ လက္ႏွစ္ဖက္လံုးကို ခ်ဳပ္ကိုင္ပစ္လိုက္ကာ သူမကိုယ္ေလးကိုေပြ့ယူလိုက္ၿပီး ေသြးနဲ႔အတူ ေမြ့ယာႏုႏုေပၚလဲက်ခဲ့သၫ့္အခါ သူမမ်က္ႏွာေလးမဲ့သြားသည္။
"ငါမင္းကိုခ်စ္တယ္ ေသြး.. မင္းငါ့ကိုေရြးလိုက္လို႔ ငါ့ေရ႔ွေရာက္လာတာလို႔ပဲ ငါယူဆလိုက္ၿပီမင္းကိုငါပိုင္တယ္"
"ဟင့္အင္း မဟုတ္ဘူး"
"ဒါဆိုဘာလို႔ ငါနဲ႔အၿမဲဆက္သြယ္ခဲ့တာလဲ"
ရုန္းဖယ္ပစ္ေနေသာ ေသြးလက္ကေလးေတြကို ခပ္တင္းတင္းဖိဆုပ္ပစ္လိုက္ေတာ့ သူမ,ၿငိမ္က်သြားေတာ့ ေသြးရဲ့အၾကၫ့္ေတြ သူ႔မ်က္ႏွာထက္ စူးနင့္လာသည္။
တဆတ္ဆတ္တုန္ယင္ေနေသာ သူမႏႈတ္ခမ္းေလးကိုငံု႔နမ္းရင္း လက္ကေလးေတြကို သူ႔ပခံုးေပၚတင္ေပးလိုက္သည့္အခါ ေသြးဟာ သူ႔ကိုမျငင္းေတာ့ဘဲ မ်က္လံုးေလးေတြ မိွတ္သြားခဲ့သည္။
အနမ္းေတျြပင္းရွလာသၫ့္အခါ ေသြးကိုယ္ေပၚက အဝတ္ေတြကို ခၽြတ္ယူလႊင့္ပစ္ရင္း သူမကိုယ္ေလးထဲဝင္ေရာက္ဖို႔ႀကိဳးစားသၫ့္အခါ ေသြးက ညည္းသံေလးျဖင့္ မျငင္းဆန္ခဲ့။
သူ႔ပခံုးေတြကို ကေယာင္ကတမ္းဖက္တြယ္ကာ သူ႔လႈပ္ရွားမႈေတြထဲမွာ ညည္းၫူသံေတျြဖင့္ သာယာနစ္မြန္းေနခဲ့၍ ထိုေန့ကတစ္ရက္လံုး သူမကိုျပန္မလႊတ္ျဖစ္ေတာ့…
သူမရဲ့ၾကည္ျဖဴေသာ ခြင့္ျပဳျခင္းကို အခြင့္အေရးယူသလိုျဖစ္ခ်င္လည္း ျဖစ္ပါေစေတာ့...
တန္ခိုးအေပၚမွာ သူမွားခဲ့သည္ဆိုရင္ေတာင္မွ ထိုအမွားကိုသာ ထပ္ခါထပ္ခါက်ူးလြန္ေနမိသည္ကေတာ့....
💛💛▫▫▫💛💛
"နားလည္လား"
သူေမးလိုက္သၫ့္စကားအဆံုးမွာ ခရာေခါင္းေလးညိတ္ျပရင္း စေကးတခ်ိဳ႕ကို စိတ္တြက္ တြက္ေနမိသည္။
သူဟာ မရာၫႊန္းသေလာက္ ပညာရပ္ပိုင္းမွာ ေတာ္သူျဖစ္ၿပီး အားနည္းခ်က္ဆို၍ ပစၥည္းဥစၥာမျပၫ့္စံုျခင္းသာျဖစ္သည္။
သို႔ေပမယ့္ထိုမျပၫ့္စံုမႈက ကြန္ဒိုႏွင့္ကားႏွင့္မို႔ လူတန္းေစ့ေနႏိုင္သည္ပဲျဖစ္ကာ အေျခအေနႀကီးေသာမရာကေတာ့ သိပ္သေဘာက်မွာမဟုတ္။
"ၿမိဳ႔ထဲမွာ တိုက္ခန္းနဲ႔ကားနဲ႔ေနႏိုင္တာက အထင္ႀကီးစရာမွာမဟုတ္ဘဲ ခရာရယ္ ေဖေဖတို႔ေတာင္ ငါ့ကိုအဲ့လိုမထားခဲ့ဘူး သူက ေဖေဖတို႔ထက္ေတာင္ပိုၿပီးအဆင့္ျမင့္ျမင့္ထားႏိုင္ရမွာ"
အစစအရာရာျပၫ့္စံုသၫ့္လူရယ္လို႔ မရိွေသးဘူးဆိုတာ မရာမသိလို႔ ခုလိုလုပ္ေနသလားေတာ့ ေသခ်ာနားမလည္ပါ။
ဘယ္ေလာက္ျပၫ့္စံုေသာလူျဖစ္ေနပါေစ၊ အျပစ္တစ္ခုခု သို႔မဟုတ္ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ဆိုတာေတာ့ ရိွစၿမဲပဲမဟုတ္လား…
မရာ့ကိုေလာဘႀကီးသည္ဟုေျပာရင္ ခရာလြန္ေနမလားမသိေပမယ့္ မရာက တကယ္ေလာဘႀကီးတာျဖစ္သည္။
"မဆိုးဘူး မင္းနားလည္လြယ္သားပဲ"
"ကိုႀကီး ရွင္းျပတာလြယ္လို႔ပါ"
ခရာ့ဘက္က ေလးစားမႈကိုအေျခခံေသာ ရင္းႏွီးမႈျဖင့္ ကိုႀကီးဟု ေခါင္းစဥ္တပ္လာေတာ့လည္း ကိုႀကီးက သေဘာက်သလိုျဖင့္ မျငင္း။
တျခားသူေတြလို ဆရာလို႔လည္းမသံုးခ်င္သည္က သူဟာ ကိုယ့္ဆရာလည္းမဟုတ္သလို ဆရာလို႔ေခၚရသၫ့္အရြယ္လည္းမဟုတ္။
ကိုႀကီးက ခရာ့ကိုေခါင္းအစေျခအဆံုးၾကၫ့္ရင္း ခနဲ႔သလိုႃပံုးကာ.…
"မင္းပိန္သြားတယ္ထင္တယ္ ဘာလဲ ဆိုဒ္အင္ဂ်င္နီယာလုပ္ရတာ ပင္ပန္းလား"
ေမးလာပံုကိုက မင္းမလုပ္ႏိုင္ပါဘူးဆိုသၫ့္ အထင္ေသးလိုမႈေတြႏွင့္မို႔ ခရာမ်က္ႏွာေလးေမာ့ခ်ီပစ္လိုက္သည္။
ပင္ပန္းတာကေတာ့ အမွန္ပဲျဖစ္ကာ ညဘက္ေတြဆို စာတမ္းေရးဖို႔ေနေနသာသာ၊ ေခါင္းအံုးေပၚေခါင္းခ်သည္ႏွင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားခဲ့ၿပီး မနက္ဆိုကုန္းရုန္းထရသည္။
ကိုယ့္ဘာသာ ေရ႔ွေနလုပ္ေနခ်ိန္က ဒီလိုအလုပ္ေတြကိုလုပ္ရမည္ဟု တစ္ခါမွမေတြးခဲ့ဖူးေခ်။
"ပန္းေတာ့ပန္းတယ္ အရင္အလုပ္က အရိပ္ထဲမွာပဲ laptopေလးႏိွပ္ေနရတာေလ အပ်င္းတစ္ေနတာၾကာသြားလို႔ထင္တယ္"
"ပင္ပန္းရင္ ခဏသြားနားလိုက္"
"ရတယ္ ခရာ ကိုႀကီးေနာက္ကလိုက္မယ္"
တကယ္လည္း သူမက သူဘယ္သြားသြား၊ ဘာပဲလုပ္လုပ္ ေနာက္ကတေကာက္ေကာက္လိုက္ေန၍ ဒါကိုလႊတ္ထားသၫ့္ကုမၸဏီကိုလည္း စိတ္ထဲထူးဆန္းေနမိသည္။
မခင္ခ်ိဳကိစၥကတည္းက အကၡရာဟာ အေကာင္ႀကီးႀကီးတစ္ေယာက္ရဲ့ အရိွန္အဝါေအာက္မွာရိွမွန္းသိေပမယ့္ Decoratorက သူ႔ေနရာသူမရိွဘဲ Engineerေနာက္ တေကာက္ေကာက္လိုက္ခြင့္ရေအာင္ သူမက ဘာမို႔လို႔လဲ...
"Decoratorလုပ္ေနၿပီး ကိုႀကီးေနာက္ေလ်ွာက္လိုက္ေနတာကို ကုမၸဏီကလႊတ္ထားတယ္လို႔ ေတြးေနတာလား"
သူမဟာ အျမင္စူးသူလား၊ ဒါမွမဟုတ္ ရမ္းသမ္းေျပာရင္းမွန္သြားသလား၊ ေသခ်ာမသိေပမယ့္ သူမေျပာတာကေတာ့ အမွန္ပဲျဖစ္သည္။
ထို႔ေၾကာင့္ ေခါင္းညိတ္ျပလိုက္ၿပီး သူမကိုတမင္ေမးဆတ္ကာ…
"မင္းေနာက္ကလူရဲ့ပါဝါကေတာ့ အေတာ္ႀကီးပံုပဲ"
"အင္း အဲ့ဒါေၾကာင့္ပဲ အကၡရာက VVIPျဖစ္ေနတာ ဒါေပမယ့္ ခရာက မခိုကပ္ဘဲနဲ႔ အလုပ္ႀကိဳးစားတဲ့VVIPေလးပါ"
သူမစကားေၾကာင့္ သေဘာတက်ရယ္မိသြားကာ ထိုသို႔မရယ္ျဖစ္သည္မွာၾကာခဲ့ၿပီမွန္း သတိရလိုက္သလို ေသြးကိုလည္း သူသတိရလိုက္သည္။
ဖုန္းျပန္ဆက္မယ္ဆိုၿပီး ေသြးဖုန္းမဆက္သည္မွာ ၁၀ရက္နီးပါးရိွၿပီမို႔ ေနႏိုင္လိုက္တာဟုလည္း နာနာက်င္က်င္ေတြးမိသည္။
စည္း ခရီးထြက္သြားသည္မွာလည္း တစ္ပတ္နီးပါးရိွၿပီမို႔ သူတို႔ႏွစ္ေယာက္အတူရိွေနေလာက္သည္ ဆိုသၫ့္အေတြးျဖင့္ ရင္ထဲခါးသြားမိသည္။
"ဒါနဲ႔ ကိုႀကီး အေအးေလးျဖစ္ျဖစ္ေသာက္ခ်င္လားလို႔ ခရာသြားဝယ္မလို႔ေလ ေသာက္မယ္ဆို မွာလိုက္ပါလား"
"မမွာေတာ့ဘူး ကိုယ္အေအးမေသာက္တတ္ဘူး"
သူမက okဆိုသၫ့္ပံုေလးျဖင့္ လက္ေထာင္ျပကာ လက္သမားတစ္စုႏွင့္ အေအးဆိုင္ေလးဆီသြားၾကကာ ဘာေတြေျပာၾကလဲမသိဘဲ ရယ္ေမာသြားၾကေသးသည္။
ဒါရိုက္တာေတြကိုေတာင္ ေခါင္းညိတ္ေစႏိုင္သၫ့္ အကၡရာက ေအာက္ေျခလူတန္းစားျဖစ္ေသာ လက္သမားေတြႏွင့္လည္း တရင္းတႏွီးေနတတ္သည္ကလည္း ထူးဆန္းသၫ့္အက်င့္ျဖစ္သည္။
မာန္မာနမရိွ၊ ပလႊားမႈမရိွ၊ ပကတိရိုးစင္းေသာ အျဖဴထည္သက္သက္စိတ္ကေလး...
"ေရာ့ ကိုႀကီးဖို႔ လီမြန္တီး"
"ဝယ္လာေသးတယ္ အေအးမေသာက္ပါဘူးဆို"
"အေအးမဟုတ္ပါဘူး ေရခဲမပါဘူး လီမြန္တီးေသာက္တာက အဆီလည္းက်တယ္ အဖန္ဓာတ္ေလးနည္းနည္းပါေတာ့ ခံတြင္းလည္းရွင္းတယ္ ၿပီးေတာ့"
"Ok ေသာက္လိုက္ေတာ့မယ္ ေပး"
အကၡရာက ရယ္က်ဲက်ဲျဖင့္ လီမြန္တီးဘူးကိုလွမ္းေပးေတာ့ သူမ ေျပာသလိုမေအးဘဲ ဖန္ဖန္ေလးျဖစ္ကာ ေသာက္လို႔လည္းေကာင္းသည္။
မယ္မင္းႀကီးမကေတာ့ လီမြန္တီးေသာက္ေနေသာ သူ႔ကိုၾကၫ့္ေနပံုက ခ်ီးမႊမ္းခံခ်င္သၫ့္ ကေလးတစ္ေယာက္ႏွင့္ တူေနသည္။
"အင္း ေကာင္းသားပဲ ေက်းဇူးပဲအကၡရာ"
"မလိုပါဘူး ဟိုကေဖ်ာ္ေပးလိုက္တုန္းက မေကာင္းဘူး ခရာယူလာလိုက္လို႔ အရမ္းေကာင္းသြားတာ ဆရာႀကီးကိုေလးစားလို႔ပါ"
လက္အုပ္ေလးခ်ီၿပီး ေျပာင္ေခ်ာ္ေခ်ာ္လုပ္ေတာ့ မ်က္မွာရူးေသာ အကၡရာကိုၾကၫ့္ၿပီး သူ႔မွာ သေဘာတက်ရယ္မိျပန္သည္။
အေနအထိုင္ ပြင့္လင္းသြက္လက္သလို ေပါက္ကရေတြေျပာတတ္၊ လုပ္တတ္သၫ့္သူမက တကယ္ကို လက္လန္ရမၫ့္မိန္းကေလးျဖစ္သည္။
💛💛▫▫▫💛💛
Laptopထဲမွာ mailေရာက္ေနေၾကာင္း Notiတက္ေန၍ Laptop Screenကိုစူးစိုက္ၾကၫ့္ေနမိရင္း စိတ္ေတြကမၿငိမ္ဘဲ ေသြးအေၾကာင္းသိေနသၫ့္တိုင္ ထိုmailကိုဖတ္ဖို႔ စိတ္ေရာ၊ လူပါတုန္လႈပ္ေနခဲ့သည္။
ထိုအခ်ိန္ဖုန္းဝင္လာ၍ ငံု႔ၾကၫ့္လိုက္ေတာ့ HBLဟု အတိုေကာက္မွတ္ထားသၫ့္အစ္ကို႔နံပါတ္။
"ငါပို႔လိုက္တာ ၾကၫ့္ၿပီးၿပီလား ဘုန္းတန္ခိုး"
ေလာေလာဆယ္ စကားေျပာဖို႔စိတ္မပါေပမယ့္ ဖုန္းဆက္ခဲေသာအစ္ကိုက ကိုယ္တိုင္ဆက္လာ၍ ကိုင္လိုက္သၫ့္အခါ အစ္ကိုကခနဲ႔သလိုေမးလာ၏။
"မၾကၫ့္ရေသးဘူး အစ္ကို"
"မၾကၫ့္ရေသးတာလား မၾကၫ့္ရဲတာလား"
သူ ျပန္မေျဖဘဲႏႈတ္ဆိတ္ေနလိုက္ေတာ့ အစ္ကို႔ဆီကရယ္သံသဲ့သဲ့ထြက္လာကာ ထိုအသံသည္ တစ္သက္လံုးရင္းႏွီးေနခဲ့သၫ့္ ေလွာင္ရယ္သံ။
အစ္ကိုကေတာ့ အၿမဲတမ္းမာေက်ာခဲ့သူမို႔ သူ႔ရဲ့တုန္လႈပ္ေနမႈကို ဟားတိုက္ၿပီးရယ္မည္ဆို ရယ္သင့္ပါ၏။
"မ်က္ႏွာေျပာင္ရတာ မေမာဘူးလား အစ္ကို"
"မေမာဘူးကြ ခုလိုမိန္းမတစ္ေယာက္အတြက္နဲ႔ မင္းအသည္းကဲြေနတာကိုဟားရတာ ပိုၿပီးေတာ့ေတာင္ မေမာခ်င္စရာေကာင္းေသးတယ္
ထားပါ.. ငါ့ရဲ့တစ္ဦးတည္းေသာညီေလးဆိုေတာ့လည္း မေျပာင္ေတာ့ပါဘူး မင္းျပတ္ျပတ္သားသားလုပ္စမ္းပါကြာ မင္းရဲ့ကစားပဲြစလိုက္ေတာ့"
"ဘာလုပ္မလို႔လဲ"
"မင္း ဘယ္ေလာက္လည္သလဲ ငါၾကၫ့္မယ္ေလ မင္းရဲ့ကစားပဲြက စိတ္ဝင္စားစရာမေကာင္းဘဲ ခပ္ညံ့ညံ့ဆိုရင္ေတာ့ ထက္ဘုန္းလ်ွံရဲ့ညီလို႔ တစ္သက္လံုးမေျပာနဲ႔ ငါရွက္တယ္"
"ျဖစ္ရေလတယ္ ကၽြန္ေတာ္ကအစ္ကို႔ညီပါ အစ္ကို႔ကိူမေက်ာ္ႏိုင္ရင္ေတာင္ ေနာက္က်က်န္မေနေစရဘူး ကၽြန္ေတာ္ဖုန္းခ်လိုက္ေတာ့မယ္ အစ္ကို"
"Ok ငါပို႔ထားတာကိုေတာ့ ၾကၫ့္လိုက္ပါဦး Canonနဲ႔ရိုက္ထားတာေနာ္ အဲ့ဒီCameraက ေမွာင္ခိုေဈးကြက္မွာေတာင္ ျမန္မာေငြ13သိန္းခဲြေပးရတယ္ ရုပ္ထြက္ကေတာ့ၾကည္သလားမေမးနဲ႔"
"အစ္ကို"
"ေအးပါ ဖုန္းခ်ပါၿပီ ဒါပဲ"
သူ႔ကင္မရာေကာင္းေၾကာင္း ႂကြားေနေသးသၫ့္အစ္ကို႔ေၾကာင့္ သူႃပံုးရံုသာႃပံုးကာ ဖုန္းခ်လိုက္ၿပီး mailကိုဖြင့္ၾကၫ့္လိုက္သည့္အခါ ေသြးနဲ႔စည္းတို႔ႏွစ္ေယာက္ပံုေတြ တက္လာေလသည္။
လက္ခ်င္းခ်ိတ္ထားပံု၊ ေသြးရဲ့ပခံုးေလးကိုဖက္ထားပံု၊ Hotelထဲကအတူထြက္လာပံုေတြ အစရိွသျဖင့္ ေတာ္ေတာ္မ်ားသည္။
အဝတ္အစားေတြလည္း မတူတာမို႔ ေတြ့တာကတစ္ခါႏွစ္ခါမကေလာက္ဘဲ ပံုတိုင္းမွာ ေသြးမ်က္ႏွာေလးႃပံုးေပ်ာ္ေနပံုက ရင္ထဲကို စူးတစ္ေခ်ာင္းစိုက္ဝင္သလို နင့္သြားေစသည္။
"ႏွစ္ေယာက္လံုး ေပ်ာ္ေနတာပဲ"
ထိုင္ခံုမွာမွီထိုင္ပစ္လိုက္ရင္း ေျခာက္ကပ္ကပ္တစ္ခ်က္ရယ္လိုက္ကာ စီးကရက္ႏွင့္မီးျခစ္ကို ေကာက္ယူလိုက္ၿပီး ဝရံတာကိုထြက္လာခဲ့သည္။
ဝမ္းနည္းတာမဟုတ္ေပမယ့္ ခံျပင္းနာၾကည္းေသာ အမုန္းတစ္ရပ္ေၾကာင့္ မ်က္ရည္ေတြဝဲလာရင္း စီးကရက္ေငႊ့ေတြကို မႈတ္ထုတ္ပစ္လိုက္သည္။
တစ္ေယာက္က အခ်စ္ဆံုးသူငယ္ခ်င္း
တစ္ေယာက္က သူခ်စ္ရတဲ့ေကာင္မေလး...
ခြင့္လႊတ္ႏိုင္လား ဘုန္းတန္ခိုး..
မင္း အဲ့ဒီႏွစ္ေယာက္ကို ဘာမွမျဖစ္ခဲ့သလို ခြင့္လႊတ္ႏိုင္သလား…
"ခြင့္မလႊတ္ႏိုင္ရင္ စြန႔္လႊတ္ရမယ္… ဒါေပမယ့္ ငါ့အေပၚဒီလိုလုပ္ခဲ့တဲ့ အဲ့ဒီႏွစ္ေယာက္ကို ဒီအတိုင္းစြန႔္ပစ္လိုက္ဖို႔ကလည္း လြယ္လြန္းေနတယ္"
သူ ႏႈတ္ခမ္းတြန႔္ရံုမ်ွ ေအးတိေအးစက္ ႃပံုးလိုက္မိေလသည္။
💛💛▫▫▫💛💛
Part 14 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997