ဒဏ္ဍာရီထဲက ဖူရှင်း {republish...

By WinChoDaoist

233K 9.2K 799

ရီဖူရှင်း More

အပိုင်း(၁) မှ (၁၀) အထိ
အပိုင်း(၁၁) မှ (၂၀) အထိ
အပိုင်း ၂၁ မှ ၃၀ အထိ
အပိုင်း ၃၁ မှ ၄၀ အထိ
အပိုင်း ၄၁ မှ ၅၀ အထိ
အပိုင်း ၅၁ မှ ၆၀ အထိ
အပိုင်း ၆၁ မှ ၇၀ အထိ
အပိုင်း ၇၁ မှ ၈၀ အထိ
အပိုင်း ၈၁ မှ ၉၀ အထိ
အပိုင်း ၉၁ မှ ၁၀၀ အထိ
အပိုင်း ၁၀၁ မှ ၁၁၀ အထိ
အပိုင်း ၁၁၁ မှ ၁၂၀ အထိ
အပိုင်း ၁၂၁ မှ ၁၃၀ အထိ
အပိုင်း ၁၃၁ မှ ၁၄၀ အထိ
အပိုင်း ၁၄၁ မှ ၁၅၀ အထိ
အပိုင်း ၁၅၁ မှ ၁၆၀ အထိ
အပိုင်း ၁၆၁ မှ ၁၇၀ အထိ
အပိုင်း ၁၇၁ မှ ၁၈၀ အထိ
အပိုင်း ၁၈၁ မှ ၁၉၀ အထိ
အပိုင်း ၁၉၁ မှ ၂၀၀ အထိ
အပိုင်း ၂၀၁ မှ ၂၁၀ အထိ
အပိုင်း ၂၁၁ မှ ၂၂၀ အထိ
အပိုင်း ၂၂၁ မှ ၂၃၀ အထိ
အပိုင်း ၂၃၁ မှ ၂၄၀ အထိ
အပိုင်း ၂၄၁ မှ ၂၅၀ အထိ
အပိုင်း ၂၅၁ မှ ၂၆၀ အထိ
အပိုင်း ၂၆၁ မှ ၂၇၀ အထိ
အပိုင်း ၂၇၁ မှ ၂၈၀ အထိ
အပိုင်း ၂၈၁ မှ ၂၉၀ အထိ
အပိုင်း ၂၉၁ မှ ၃၀၀ အထိ
အပိုင်း ၃၀၁ မှ ၃၁၀ အထိ
အပိုင်း ၃၁၁ မှ ၃၂၀ အထိ
အပိုင်း ၃၂၁ မှ ၃၃၀ အထိ
အပိုင်း ၃၃၁ မှ ၃၄၀ အထိ
အပိုင်း ၃၄၁ မှ ၃၅၀ အထိ
အပိုင်း ၃၅၁ မှ ၃၆၀ အထိ
အပိုင်း ၃၆၁ မှ ၃၇၀ အထိ
အပိုင်း ၃၇၁ မှ ၃၈၀ အထိ
အပိုင်း ၃၈၁ မှ ၃၉၀ အထိ
အပိုင်း ၃၉၁ မှ ၄၀၀ အထိ
အပိုင်း ၄၀၁ မှ ၄၁၀ အထိ
အပိုင်း ၄၁၁ မှ ၄၂၀ အထိ
အပိုင်း ၄၂၁ မှ ၄၃၀ အထိ
အပိုင်း ၄၃၁ မှ ၄၄၀ အထိ
အပိုင်း ၄၄၁ မှ ၄၅၀ အထိ
အပိုင်း ၄၅၁ မှ ၄၆၀ အထိ
အပိုင်း ၄၆၁ မှ ၄၇၀ အထိ
အပိုင်း ၄၇၁ မှ ၄၈၀ အထိ
အပိုင်း ၄၈၁ မှ ၄၉၀ အထိ
အပိုင်း ၄၉၁ မှ ၅၀၀ အထိ
အပိုင်း ၅၀၁ မှ ၅၁၀ အထိ
အပိုင်း ၅၁၁ မှ ၅၂၀ အထိ
အပိုင်း ၅၂၁ မှ ၅၃၀ အထိ
အပိုင်း ၅၃၁ မှ ၅၄၀ အထိ
အပိုင်း ၅၄၁ မှ ၅၅၀ အထိ
အပိုင်း ၅၅၁ မှ ၅၆၀ အထိ
အပိုင်း ၅၆၁ မှ ၅၇၀ အထိ
အပိုင်း ၅၇၁ မှ ၅၈၀ အထိ
အပိုင်း ၅၈၁ မှ ၅၉၀ အထိ
အပိုင်း ၅၉၁ မှ ၆၀၀ အထိ
အပိုင်း ၆၀၁ မှ ၆၁၀ အထိ
အပိုင်း ၆၁၁ မှ ၆၂၀ အထိ
အပိုင်း ၆၂၁ မှ ၆၃၀ အထိ
အပိုင်း ၆၃၁ မှ ၆၄၀ အထိ
အပိုင်း ၆၄၁ မှ ၆၅၀ အထိ
အပိုင်း ၆၅၁ မှ ၆၆၀ အထိ
အပိုင်း ၆၆၁ မှ ၆၇၀ အထိ
အပိုင်း ၆၇၁ မှ ၆၈၀ အထိ
အပိုင်း ၆၈၁ မှ ၆၉၀ အထိ
အပိုင်း ၆၉၁ မှ ၇၀၀ အထိ
အပိုင်း ၇၀၁ မှ ၇၁၀ အထိ
အပိုင်း ၇၁၁ မှ ၇၂၀ အထိ
အပိုင်း ၇၂၁ မှ ၇၃၀ အထိ
အပိုင်း ၇၃၁ မှ ၇၄၀ အထိ
အပိုင်း ၇၄၁ မှ ၇၅၀ အထိ
အပိုင်း ၇၅၁ မှ ၇၆၀ အထိ
အပိုင်း ၇၆၁ မှ ၇၇၀ အထိ
အပိုင်း ၇၇၁ မှ ၇၈၀ အထိ
အပိုင်း ၇၈၁ မှ ၇၉၀ အထိ
အပိုင်း ၇၉၁ မှ ၈၀၀ အထိ
အပိုင်း ၈၀၁ မှ ၈၁၀ အထိ
အပိုင်း ၈၁၁ မှ ၈၂၀ အထိ
အပိုင်း ၈၂၁ မှ ၈၃၀ အထိ
အပိုင်း ၈၃၁ မှ ၈၄၀ အထိ
အပိုင်း ၈၄၁ မှ ၈၅၀ အထိ
အပိုင်း ၈၅၁ မှ ၈၆၀ အထိ
အပိုင်း ၈၆၁ မှ ၈၇၀ အထိ
အပိုင်း ၈၇၁ မှ ၈၈၀ အထိ
အပိုင်း ၈၈၁ မှ ၈၉၀ အထိ
အပိုင်း ၈၉၁ မှ ၉၀၀ အထိ
အပိုင်း ၉၀၁ မှ ၉၁၄ အထိ
အပိုင်း ၉၁၆ မှ ၉၂၉ အထိ (စာစဉ် ၆၃)
စာစဉ် ၆၄
စာစဉ် ၆၅
စာစဉ် ၆၆
စာစဉ် ၆၇
စာစဉ် ၆၈
စာစဉ် ၆၉
စာစဉ် ၇၀
စာစဉ် ၇၁
စာစဉ် ၇၂
စာစဉ် ၇၃
စာစဉ် ၇၄
စာစဉ် ၇၅
စာစဉ် ၇၆
စာစဉ် ၇၇
စာစဉ် ၇၈
စာစဉ် ၇၉
စာစဉ် ၈၀
စာစဉ်(၈၁)
စာစဉ်(၈၂)
စာစဉ်(၈၃)
စာစဉ်(၈၄)
စာစဉ်(၈၅)
စာစဉ်(၈၆)
စာစဉ်(၈၇)
စာစဉ်(၈၈)
စာစဉ်(၈၉)
စာစဉ်(၉၀)
စာစဉ်(၉၁)
စာစဉ်(၉၂)
စာစဉ်(၉၃)
စာစဉ် ၉၄
စာစဉ် ၉၅
စာစဉ် ၉၆
အပိုင်း (၁၃၈၂) မှ အပိုင်း (၁၃၈၅) အထိ
စာစဉ် ၉၇
စာစဉ် (၉၈)
စာစဉ် (၉၉)
စာစဉ် (၁၀၀)
စာစဉ် (၁၀၁)
စာစဉ် (၁၀၂)
စာစဉ် (၁၀၃)
စာစဉ် (၁၀၄)
စာစဉ် (၁၀၅)
စာစဉ် (၁၀၆)
စာစဉ် (၁၀၇)
စာစဉ် (၁၀၈)
စာစဉ် (၁၀၉)
ကြေညာချက်
စာစဉ် (၁၁၀)
စာစဉ် (၁၁၁)
စာစဉ် (၁၁၂)
စာစဉ် (၁၁၃)
စာစဉ် (၁၁၄)
စာစဉ် (၁၁၅)
စာစဉ် (၁၁၆)
စာစဉ် (၁၁၇)
စာစဉ် (၁၁၈)
စာစဉ် (၁၁၉)
စာစဉ် (၁၂၀)
စာစဉ် (၁၂၁)
စာစဉ် (၁၂၂)
စာစဉ် (၁၂၃)
စာစဉ် (၁၂၄)
စာစဉ် (၁၂၅)
စာစဉ် (၁၂၆)
စာစဉ် (၁၂၇)
စာစဉ် (၁၂၈)
စာစဉ် (၁၂၉)
စာစဉ် (၁၃၀)
စာစဉ် (၁၃၁)
စာစဉ် (၁၃၂)
စာစဉ် (၁၃၃)
စာစဉ် (၁၃၄)
စာစဉ် (၁၃၅)
စာစဉ် (၁၃၆)
စာစဉ် (၁၃၇)
စာစဉ် (၁၃၈)
စာစဉ် (၁၃၉)
စာစဉ် (၁၄၀)
စာစဉ် (၁၄၁)
စာစဉ် (၁၄၃)
စာစဉ် (၁၄၄)
စာစဉ် (၁၄၅)
စာစဉ် (၁၄၆)
စာစဉ် (၁၄၇)
စာစဉ် (၁၄၈)
စာစဉ် (၁၄၉)
စာစဉ် (၁၅၀)
စာစဉ် (၁၅၁)
စာစဉ် (၁၅၂)
စာစဉ် (၁၅၃)
စာစဉ် (၁၅၄)
စာစဉ် (၁၅၅)
စာစဉ် (၁၅၆)
စာစဉ် (၁၅၇)
စာစဉ် (၁၅၈)
စာစဉ် (၁၅၉)
စာစဉ် (၁၆၀)
စာစဉ် (၁၆၁)
စာစဉ် (၁၆၂)
စာစဉ် (၁၆၃)
စာစဉ် (၁၆၄)
စာစဉ် (၁၆၅)
စာစဉ် (၁၆၆)
စာစဉ် (၁၆၇)
စာစဉ် (၁၆၈)
စာစဉ် (၁၆၉)

စာစဉ် (၁၄၂)

1K 31 2
By WinChoDaoist

အပိုင်း(၂၀၁၄)စိတ်၀မ်းကွဲခြင်း

တုန်းဟွာကျောင်းတော်သည် တုန်းဟွာနယ်မြေအတွင်း၌ အကောင်းဆုံးသော ပညာရေးဆိုင်ရာ ကျောင်းတော်တစ်ခုဖြစ်သည်။ အခြားကျောင်းတော်များက ၎င်းကို မယဉ်နိုင်ကြပေ။ ထိုနေရာ၌ ကျင့်ကြံနေသော တန််ခိုးရှင်တို့မှာ စတင် ကျင့်ကြံသူများ မဟုတ်သလို အလယ်အလတ်အဆင့်ကျင့်ကြံ သူများလည်း မဟုတ်ကြဘဲ အထူးချွန်ဆုံး တန်ခိုးရှင်များသာ ဖြစ်ပေသည်။

ကျောင်းတော်၏ အဓိကပုဂ္ဂိုလ်ကြီးများက သူတို့၏ ဘေးတွင် ထားကာ သင်ကြားပြသပေးခဲ့ရန် ရွေးချယ်ထားသည့် ထူးချွန်ပြောင်မြောက်လှသော တန်ခိုးရှင်အချို့မှ လွဲ​လျှင် တုန်းဟွာကျောင်းတော်၌ သင်ကြားနေသော အလားအလာရှိ တပည့်များ၏ အဆင့်မှာ ရှန့်ထိုအဆင့်တွင်ဖြစ်သည်။ ထိုရှန့်ထိုအဆင့်များသည် သာမန်ထက် သာလွန်နေသူများ ဖြစ်ကြပြီး သူတို့သည် ကမ္ဘာလောက၌ တွယ်ငြိနေမှုအားလုံးကို ခဝါချကာ လမ်းစဉ်ကို သက်သေပြ၍ ရှန့်ထိုအဆင့်သို့ ဝင်ရောက်ကာ တုန်းဟွာကျောင်းတော်၏ စမ်းသပ်ချက်များကို ကျော်ဖြတ်နိုင်ခဲ့ကြသူများ ဖြစ်၏။

တုန်းဟွာအတွင်းမှ ထိုထိပ်တန်းကျောင်းတော်သည် အနာဂတ်မျိုးဆက်သစ်များကို ပျိုးထောင်ရန်သာမဟုတ်ဘဲ တုန်းဟွာကောင်းကင်ကို အနာဂတ်၌ အုပ်စိုးနိုင်မည့် အရည်အချင်းရှိသော ထိပ်သီးပုဂ္ဂိုလ်များကို ပျိုးထောင်ပေသည်။

တုန်းဟွာကျောင်းတော်မှ ထွက်လာသော သူများသည် တဖြေးဖြေး တုန်းဟွာနယ်မြေ၏ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ပြီး အလွန်ထူးခြားပြောင်မြောက်သော ကျင့်ကြံခြင်းများ ရှိကြသည်။

ရီဖူရှင်းနှင့် အခြားသူများသည် တုန်းဟွာကျောင်းတော် အတွင်းသို့ ခြေချလိုက်ကြသည်။ ထိုကျောင်းတော်သည် ရီဖူရှင်း ယခင်က ရောက်ခဲ့ဖူးသော အခြားသော ကျောင်းတော်များနှင့် အလွန် ကွာခြားနေပေသည်။ အခြားကျောင်းတော်များအတွင်းတွင် ထိုနေရာမှ တပည့်များက ကျောင်းဝန်းအတွင်း နေရာအနှံ့လိုက် ဟိုဟိုဒီဒီလျှောက်သွားနေတတ်ကြသည်။ သို့သော်လည်း တုန်းဟွာကျောင်းတော်က ကွဲပြားခြားနားပေသည်။ သူတို့သည် ထိုကျောင်းဝန်းအတွင်း၌ မည်သည့် တပည့်ကိုမှ မမြင်တွေ့ကြပေ။ ဤအဆင့်မှ တပည့်များအတွက် သူတို့သည် ကျောင်းဝန်းအတွင်း အားလပ်စွာနှင့် လျှောက်သွားနေမည့်အစား သူတို့၏ အချိန်များကို ကျင့်ကြံခြင်းတွင် အသုံးချရန် ပို၍ လိုလားကြသည်။

ထို့အပြင် ဤကျောင်းတော်သည် မြို့တစ်မြို့ကဲ့သို့ပင် အကန့်အသတ်မဲ့ ကြီးမားလှသည်။ ကျောင်းတော်အတွင်းနှင့် အဝေးသို့ ကြည့်လိုက်လျှင် များပြားလှသော ခမ်းနားထည်ဝါသည့် အဆောက်အအုံများကို ရှေးဟောင်းတောင်ထွတ်များ၏ အပေါ်တွင် တည်ဆောက်ထားသည်။ ရေတံခွန်များ၊ မျောလွင့်နေသော တိမ်တိုက်တို့နှင့် ပေါကြွယ်ဝသော ဝိညာဉ်စွမ်းအားများရှိနေပြီး တစ်ခါတစ်ရံ၌ မြင့်မြတ်သားရဲအချို့ကိုပင် မြင်တွေ့နိုင်ပေသည်။

မော့ကြည့်လိုက်သည့်အခါ သူတို့ပေါ်တွင် မျောလွင့်နေသော အဆောက်အဦးများနှင့် ကျွန်းများကို တွေ့ရပေသည်။ ၎င်းတို့သည် အလွန်အစွမ်းထက်သော တန်ခိုးရှင်များ ကျင့်ကြံနေသော နေရာများဖြစ်ကြသည်။ တိမ်တိုက်များနှင့် မြူနှင်းများကြားတွင် ၎င်းက အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည့် လောက ဗိမာန်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်းက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ၎င်းသည် ကောင်းကင်ဒေသ အတွင်း၌ ထိပ်သီး ကျောင်းတော်တစ်ခုဖြစ်သည်။ ၎င်းက နတ်ဘုရားများ၏ ကျင့်ကြံရာနေရာတစ်ခု၌ အလားတူပေသည်။ မဟာလမ်းစဉ်စွမ်းအားများက ထိုမျောလွင့်နေသော ကျွန်းများတွင် များပြားလှစွာရှိနေပြီး မဟာလမ်းစဉ် အရှိန်အဝါများကလည်း နေရာအနှံ့၌ ရှိနေခဲ့ကာ ကျယ်ပြောပြီး အဆုံးမဲ့သော တုန်းဟွာကျောင်းတော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အဝေးတွင် အဆုံးမဲ့ ကျယ်ပြောလှသော နတ်တောင်တန်းများရှိပြီး အလွန် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ ရီဖူရှင်းသည် ထိုနေရာက သာမန်လူများ မည်သည့်အခါမှ မရောက်ရှိနိုင်သော လျှို့ဝှက်ကျင့်ကြံရန် နေရာများ ဖြစ်သည်ကို သိရှိပေသည်။ တုန်းဟွာကျောင်းတော်သည် တုန်းဟွာနယ်မြေအတွင်း၌ အကောင်းဆုံးကျင့်ကြံခြင်း အရင်းအမြစ်များရှိသည့် နေရာတစ်ခုဖြစ်သည်။

ထိုကျောင်းတော်ကို တည်ထောင်ခဲ့သည့် မူလအရင်းအမြစ်မှာ တလောကလုံးကို ကျင့်ကြံရေးပညာရပ်များ ဖြန့်ဝေပေးချင်သည့် အရှင်ဒွန်ဟောင်၏ ဆန္ဒမှ ဖြစ်တည်လာခြင်းဖြစ်ပေသည်။ ထိုကျောင်းတော်ကို နယ်မြေသခင်အိမ်တော်က အုပ်ချုပ်ကာ ၎င်းတို့ အနောက်တွင် ထောက်ပံ့နေသော အင်အားစုမှာ အရှင်ဒွန်ဟောင်ကိုယ်တိုင်ပင် ဖြစ်သည်ဟု ပြောနိုင်သည်။ နှစ်ပေါင်းရာချီအတွင်း ထိုကျောင်းတော်သည် တုန်းဟွာနယ်မြေ၌ ပထမဆုံး တည်ထောင်ခဲ့သော ကျောင်းတော်တစ်ခု ဖြစ်သည်။

ထိုနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးသူမှာ ရီဖူရှင်းတစ်ယောက်တည်းသာမဟုတ်ဘဲ သူတို့ထဲမှ အများစုကလည်း ကျောင်းတော်အတွင်းသို့ ရောက်လာသည်မှာ ပထမဆုံးပင် ဖြစ်တော့သည်။ သူတို့သည် အရှေ့က မြင်ကွင်းများကို ကြည့်ရင်း အလွန်ပင် အတွေးနက်နေကြတော့သည်။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်တစ်ပါးက သူ၏ နတ်အာရုံကို ထိုနေရာတဝိုက်တို့ လွှတ်၍ စူးစမ်းလေ့လာချင်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူက အလွန် သိချင်စိတ်ဖြစ်နေသော်လည်း သူ၏ လုပ်ရပ်မှာ ကျောင်းတော်အတွင်း၌ ကျင့်ကြံနေသော အစွမ်းထက်ပုဂ္ဂိုလ်များကို ဒေါသထွက်သွားစေပေသည်။

"နေရာကောင်းတစ်ခုပဲ။ တုန်းဟွာနယ်မြေရဲ့ နံပါတ်တစ် သန့်စင် မြင့်မြတ်နယ်မြေတစ်ခုဖြစ်နေတာ မဆန်းတော့ပါဘူး။" လီချန်ရှန်းက အပြုံးနှင့်ပြောလိုက်ပြီး သူ၏ ချီးကျူးမှုကို ထုတ်ဖော်ပြသလိုက်သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် သူ၏ ဆရာဖြစ်သူ ဆေးအင်ပါယာမှ ဟိုးတစ်ချိန်က တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထူးခြားသောနေရာ တစ်ခုအဖြစ်မှတ်ယူနိုင်သော ထိုစောင့်ကြည့်မျှော်စင်သည် ထူးခြားသောနောက်ခံရှိသည့် တုန်းဟွာကျောင်းတော်၏
ဂုဏ်သတင်းနှင့် ယဉ်လိုက်လျှင် အတော်ပင် ဝေးကွာလွန်းသောနေရာ၌
ရှိနေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အခြေခံအုတ်မြစ်မှာ ထူးခြားခြင်းမရှိပေ။

"လောကရဲ့နိဗ္ဗာန်ဘုံပဲ။ ဒီလိုနေရာမျိုးမှာ ကျင့်ကြံရတာက တကယ့်ကို စိတ်လက် ချမ်းသာစရာပါပဲ" ကျန်းယွဲ့လီက သူမ၏ စိတ်ခံစားချက်ကို ဖော်ပြလိုက်သည်။

"ကျုပ်ကြားတာတော့ မြူနှင်းဝေနတ်နန်းတော်က အရမ်းကို ကြမ်းတမ်းပြီး အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်ရှိတယ်။ အဲဒီမှာ တစ်နှစ်ပတ်လုံး နှင်းတွေ ကျဆင်းနေတယ်တဲ့။ ဒါပေမယ့် အဲဒီနေရာက တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို အထောက်အကူပြုတယ်လို့ပြောတယ်။ အဲဒါ အမှန်ပဲလား။" လီချန်ရှန်းက မေးလိုက်သည်။ ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်.. မြူနှင်းဝေနတ်နန်းတော်ရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က တုန်းဟွာနယ်မြေရဲ့ အဆိုးဆုံး ပတ်ဝန်းကျင်တစ်ခုဖြစ်တဲ့ ဖုန်ဆိုးမြေနတ်နန်းတော်နဲ့ ယဉ်နိုင်တယ်လို့ ပြောလို့ရတယ်။"

"ဒါပေမယ့် အဲဒီမှာ အရည်အချင်းပြည့်ဝတဲ့ နတ်မိမယ်တွေ အများကြီးရှိတယ်။ နန်းတော်သခင် ကိုယ်တိုင်က တုန်းဟွာနယ်မြေမှာ အရမ်းကို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။" လီချန်ရှန်းက မြှောက်ပင့်ပြောဆိုလိုက်သည်။ ဓားနတ်မိမယ်က ကျိန်းသေပေါက်ပင် တုန်းဟွာနယ်မြေ၏ ဒဏ္ဍာရီတစ်ပါးဖြစ်သည်။

"ကျုပ်တို့ ဘယ်ကိုသွားကြမှာလဲ။" လီချန်ရှန်းက လိန်ချင်းဟန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒီ​​​​နေရာကို" လိန်ချင်းဟန်က လေဟာနယ်ထဲ၌ မျောလွင့်နေသော ကျွန်းများရှိနေသည့် နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ထိုနေရာ၌ အဆောက်အဦးများလည်း ရှိနေ၏။ မျောလွင့်နေသော ကျွန်းများကြားတွင် တစ်ခုမှာ အလွန်ပေါ်လွင် ထင်ရှားပေသည်။ ကောင်းကင်ထက်တွင် မြင့်မားသော နန်းတော်တစ်ခု တည်ရှိနေပြီး ထိုနန်းတော်မှာ ကောင်းကင်နှင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေခဲ့သည်။

လီချန်ရှန်း၏ မျက်လုံးများက ထိုနေရာသို့ ရောက်ရှိသွားပြီး သူ့ အကြည့်တို့က လေဟာနယ်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ထက်ရှသော အကဲဖြတ်မှုတို့ကို ပေးလိုက်သည်။ သူက ထိုစံအိမ်အား ကြည့်၍ ပြောလိုက်သည်။ "ဒါက တုန်းဟွာစံအိမ်လား။"

"အင်း" လိန်ချင်းဟန်က ခေါင်းညိတ်လိုက်သည်။

"မဟာအင်ပါယာက ကောင်းကင်ဒေသရဲ့ နယ်မြေတွေကို စုစည်းပြီးတဲ့အခါမှာ စာအုပ်တွေ သိမ်းဆည်းလို့ရမယ့် ​နေရာကို တည်ထောင်ခဲ့တယ်။ ကျုပ်ကြားတာတော့ အဲ့ဒီစာအုပ်တွေ သိုလှောင်ထားတဲ့ နေရာနှစ်ခုလုံးက တုန်းဟွာကောင်းကင်မှာ ရှိတာတဲ့။ တစ်ခုကနယ်မြေသခင်ရဲ့အိမ်တော်ဖြစ်ပြီး နောက်တစ်ခုက တုန်းဟွာကျောင်းတော် ဖြစ်တယ်လို့ ပြောကြတယ်။ အဲဒီ စာအုပ်တွေ သိုလှောင်ထားတဲ့ နေရာနှစ်ခုကြားမှာ ဘာတွေ ကွာခြားမှုရှိလဲ။" လီချန်ရှန်းက မေးလိုက်သည်။

ရီဖူရှင်းထံ၌ စိတ်ဝင်စားသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကောင်းကင်ဒေသသို့ရောက်ရှိပြီးနောက် တုံ့ယွမ်အိမ်တော်၌ ပထမဆုံး အခြေချခဲ့သည်။ ထိုအချိန်၌ သူသည် ကောင်းကင်ဒေသအတွင်းရှိ ကုန်းမြေတိုင်း၌ ထိုသို့သော သန့်စင်မြင့်မြတ်နယ်မြေမျိုး တစ်ခုစီရှိသည်ကို သိရှိခဲ့ပြီး ဖြစ်ကာ တုန်းဟွာကောင်းကင်သည်လည်း ချို့ယွင်းချက်မရှိပေ။

တုန်းဟွာကောင်းကင်တွင် အလွန် ထူးခြားသော စာအုပ်သိမ်းဆည်းရာ နေရာနှစ်ခုရှိပြီး တစ်ခုမှာ နယ်မြေအိမ်တော်သခင် ဖြစ်ကာ နောက်တစ်ခုမှာ တုန်းဟွာကျောင်းတော်ဖြစ်ပုံရပေသည်။

"တုန်းဟွာကျောင်းတော်က ရှန့်ထိုအဆင့်အထက် အဆင့်မြင့် တန်ခိုးရှင်တွေနဲ့ ပိုပြီး သင့်တော်ပေမယ့် နယ်မြေသခင်အိမ်တော်ကတော့ ပိုပြီးတော့ အခြေခံကျတယ်။ ကျောင်းတော်ရဲ့ စာအုပ်တွေကို အပြင်လူကို မပြသတာကြောင့်မို့လို့ အဲဒါတွေကို အသုံးပြုတဲ့သူက နယ်မြေသခင်အိမ်တော်ကထက် ပိုပြီးတော့ နည်းပါတယ်။" လိန်ချင်းဟန်က ရှင်းပြလိုက်သည်။

လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ တုန်းဟွာကျောင်းတော်၏ တပည့်များသာလျှင် တုန်းဟွာကျောင်းတော် စာအုပ်သိုလှောင်ရာ နေရာသို့ ဝင်ရောက်ရန် အခွင့်အရေးရှိပြီး ထိုအခွင့်အရေး ရရှိသူများက သိပ်မများလှပေ။

"သွားကြစို့။" လိန်ချင်းဟန်က ပြောလိုက်ပြီး ချက်ချင်းပင် လေထဲသို့ တက်ကာ ထိုနေရာသို့ ဦးတည်လိုက်သည်။ နှစ်ဖက်အဖွဲ့က သူမနောက်သို့ လိုက်ပါလာပြီး မကြာခင်၌ ထိုမျောလွင့်နေသော ကျွန်းစုဆီသို့ ​ရောက်လာကြသည်။ ထိုစာအုပ်သိုလှောင်ရာ နေရာမှာ ကျွန်းပေါ်တွင် အသိသာဆုံး အထင်ရှားဆုံး အဆောက်အအုံ တစ်ခု ဖြစ်ပေသည်။

ထိုမျောလွင့်နေသော ကျွန်းပေါ်တွင် ခမ်းနားထည်ဝါသော ခြံဝန်းများနှင့် ကျယ်ပြန့်သော မြေနေရာ တစ်ခုရှိသည်။ ထိုအချိန်၌ တန်ခိုးရှင်များက ထိုနေရာတွင် စုစည်းနေကြပြီး အသက်ဝင်လှသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။ တုန်းဟွာကျောင်းတော်၏ အပြင်ဘက် သူတို့ရောက်လာစဉ်က တွေ့ရှိခဲ့သော တုန်းဟွာကျောင်းတော်၏ အပြင်ဘက်နှင့် အတွင်းဘက်မှ မြင်ကွင်းက အတော်လေးကို ခြားနားပေသည်။

ရီဖူရှင်းနှင့် အခြားသူတို့ ရောက်လာသောအခါ သူတို့က အချို့ ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့ခဲ့သည်။ ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များလည်း ဤနေရာသို့ ရောက်ရှိနေကြသည်။ သူတို့၏ မင်းသား ယန်ဟန်ရှင်းနှင့် ယန်တုန်းရန်တို့ နှစ်ယောက်လုံးလည်း ရှိနေသည်။ သူတို့အပြင် ရီဖူရှင်းက လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များကိုလည်း မြင်တွေ့ခဲ့သည်။ လင်းဟယ်က ထိုနေရာ၌ ရှိနေပြီး ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များနှင့် စကားပြောဆိုနေခဲ့သည်။ ကြည့်ရသည်မှာ သူတို့နှစ်ဖက် အဖွဲ့က အတော်လေး ခင်မင်ရင်းနှီးကြပုံရလေသည်။

၎င်းကို ကြည့်၍ ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်မှုတို့ ဖြတ်​ပြေးသွားသည်။ နောက်ဆုံးတစ်ခေါက် လိပ်နတ်ဘုရားကျွန်းစုတွင် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက သူတို့ ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် ရင်ဆိုင်နေရစဉ် ပါဝင်လာကာ သူတို့ကို အကျပ်အတည်းသို့ တွန်းပို့ခဲ့သည်။ သူသည် ဤတစ်ကြိမ်၌ သူတို့က အလွန် ရင်းနှီးနေသည်ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့အပြင် သူက လင်းဟယ်က အလွန် စက်ဆုပ်ရွံရှာနေပြီး သေစေချင်နေသည်။ သို့သော်လည်း တုန်းဟွာကောင်းကင်တွင် သူက ထိုကိစ္စမျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများသည်လည်း သူတို့ကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။ ရီဖူရှင်းအပေါ်သို့ ထားသော လင်းဟယ်၏ အမုန်းတရားများမှာ သူတို့၏ နောက်ဆုံးတိုက်ပွဲပြီးသည့်နောက်တွင် ပို၍ အားကောင်းလာခဲ့သည်။

ရီဖူရှင်း အနီးတဝိုက်တွင် ရှိနေသရွေ့ သူက မည်သည့်အခါမှ ခေါင်းမော့နိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များနှင့်အတူ လျှောက်လာသည်ကို မြင်သောအခါ လင်းဟယ်က ပို၍ပင် ဒေါသထွက်လာသည်ကို ခံစားလိုက်ရ၏။

သို့သော် သူက လျင်မြန်စွာပင် သူ၏ ခံစားချက်များကို ချုပ်ထိန်းလိုက်ကာ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ "နတ်မိမယ်တို့ အားလုံးကို နှုတ်ဆက်ပါတယ်။"

ကျန်းယွဲ့လီနှင့် အခြားသူများက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ လင်းဟယ်က ချင်းချင်းကို ကြည့်ကာပြောလိုက်၏။ "ချင်းချင်း မင်းလာမယ်လို့ ကြားခဲ့တာကြောင့် ဒီကို နည်းနည်းပိုစောပြီး လာခဲ့တာ နောက်ဆုံးတော့ ကျုပ် မင်းကို တွေ့ခွင့်ရခဲ့ပြီ။"

"ယဉ်ကျေးလွန်းနေပါပြီ။" ချင်းချင်းက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ သူမသည် ဤနှစ်တစ်လျှောက်လုံး၌ လင်းရှောင်နန်းတော်က သူမတို့ကို မိတ်ဆွေကောင်းများအဖြစ် ဆက်ဆံခဲ့သည်ကို ကျေးဇူးတင်မိသည်။ လင်းဟယ်က သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမြဲပင် ထိန်းသိမ်းချင်နေခဲ့သည်။ သို့သော်လည်း သူမသည် ယခင် လိပ်နတ်ဘုရားကျွန်းစု၌ ဖြစ်ခဲ့သည့် ကိစ္စရပ်များ အပေါ်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ သူမက လင်းဟယ်သည် မာနကြီးကာ တစ်ကိုယ်ကောင်းဆန်သည်ကို သိရှိထားခဲ့ပြီး ဖြစ်သော်လည်း တခြားထက် သူတို့အား ချဉ်းကပ်ရသည့် ရည်ရွယ်ချက်မှာ သီးသန့်ရှိနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်မိသည်။ မြူနှင်းဝေနတ်နန်းတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဖန်တီးထားချင်သည့် သူတို့၏ ရည်ရွယ်ချက်က ရိုးရှင်းပုံမရပေ။

သူသည် ချင်းချင်း၏ လေသံအတွင်းမှ အကွာအဝေးကို ခံစားမိလိုက်ပုံရလေသည်။ လင်းဟယ်၏ ရီဖူရှင်းအပေါ် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒက ပို၍ အားကောင်း ပို၍ အားကောင်းလာခဲ့၏။

ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များက ကျန်းယွဲ့လီနှင့် တခြားလူများကို ကြည့်လိုက်သည်။ ယန်ဟန်ရှင်းက ပြောလိုက်၏။ "လိပ်နတ်ဘုရားကျွန်းစုမှာတုန်းက နတ်မိမယ်တို့နဲ့ တွေ့ခဲ့ရပေမယ့် စကားပြောဖို့ အခွင့်အရေး သိပ်မရှိခဲ့ဘူး။ ကျုပ်က နတ်မိမယ်ကျန်းကို လေးစားနေခဲ့တာကြာပြီ။ အခု တုန်းဟွာကောင်းကင်မှာ နတ်မိမယ်ဆီကနေပြီးတော့ လမ်းညွှန်မှုတချို့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။"

"မင်းသားက အရမ်းမြှောက်ပင့်လွန်းနေပါပြီ။ ကျွန်မတို့က တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာ ရှိနေတာ ကြောင့်မို့လို့ လမ်းညွှန်ပေးတယ်ဆိုတဲ့ စကားမျိုးကို ပြောစရာမလိုပါဘူး။" ကျန်းယွဲ့လီက ပြန်ဖြေလိုက်သည်။

"ကွာခြားချက်က နည်းနည်းပဲ ရှိတာပါ။" ယန်ဟန်ရှင်းက ပြောလိုက်သည်။ သူ၏ ကျင့်ကြံခြင်းက အဆင့်ကိုးတွင် ရှိနေကာ အမှန်တကယ်၌ ကျန်းယွဲ့လီထက် ပို၍ မြင့်မားပေသည်။ သို့သော်လည်း ကျန်းယွဲ့လီ၏ မဟာလမ်းစဉ်က ပြီးပြည့်စုံသည့်အတွက်ကြောင့် ၎င်းမှာ သူ ယဉ်နိုင်သော တစ်စုံတစ်ခု မဟုတ်ပေ။ သူ ရန်ဟောင် အတားအဆီးကို ဖြတ်ကျော်နိုင်သည်မှ အပ ကျန်းယွဲ့လီကို အနိုင်တိုက်ခိုက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

***

အပိုင်း(၂၀၁၅)သန့်စင်မြင့်မြတ်နယ်မြေ၏ မြင်ကွင်းများ

ထိုအခိုက်တွင် သူတို့၏ အနီးမှ လူတစ်စု ဖြတ်လျှောက်လာခဲ့သည်။ ထိုသူတို့အားလုံးက အလွန် အထင်ကြီးလောက်စရာပင် ဖြစ်သည်။ သူတို့သည် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့ကို ခေါင်းဆောင်လာသူမှာ အသက် လေးဆယ် ငါးဆယ်ခန့်ရှိသောလူကြီးတစ်ယောက်ဖြစ်ပြီး ဆရာသခင်တစ်ယောက်၏ အရှိန်အဝါမျိုးရှိသည်။ သူက သူ့ အနီးတဝိုက်ရှိ လူများကို ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ဒီကို ရောက်လာကြတဲ့ တုန်းဟွာနယ်မြေရဲ့ ကုန်းမြေအသီးသီးက ငယ်ငယ်ရွယ်ရွယ် လူစွမ်းကောင်းလေးတွေနဲ့ တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ မထင်မိဘူး။ ကျုပ်က လျှိုချင်ကျူးပါ။ ကြိုဆိုပါတယ်။"

"အဲဒီတော့ ခင်ဗျားက လျှိုချင်ကျူးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။" လီချန်ရှန်းနှင့် အခြားသူများက အရိုအသေပေးလိုက်ကြသည်။ အများစုမှာ တုန်းဟွာနယ်မြေ၏ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော လျှိုချင်ကျူး အမည်ကို ကြားဖူးကြသည်။ သူ၏ ကျင့်ကြံဆင့်မှာ ရန်ဟောင်အဆင့် အထွတ်အထိပ်တွင် ရှိနေပြီး မဟာလမ်းစဉ် ကန့်သတ်မှုကို ချိုးဖျက်လွတ်မြောက်ရန် ခြေတစ်လှမ်းသာ ကျန်တော့ပေသည်။ သူ၏ မဟာလမ်းစဉ် နားလည်သဘောပေါက်နိုင်မှုက ထူးခြားသာလွန်ပေသည်။ သူသည် တုန်းဟွာကျောင်းတော်၏ အရေးကြီးဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

"ကျောင်းတော်က သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒါကြောင့် ခင်ဗျားတို့အားလုံးကို ကျုပ် ဧည့်ခံပေးဖို့ မလိုအပ်ပေမယ့် ဘာလို့ ကျုပ်တို့အတူတူ ကျောင်းထဲမှာ လျှောက်မကြည့်ကြရမှာလဲ။" လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။.

လူတိုင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကျုပ်တို့က တုန်းဟွာကျောင်းတော်ရဲ့ ကျော်ကြားမှုကို အတော်လေး လေးစားမိကြတာမို့ အခုလို လာရောက်လည်ပတ်ကြတာပါ။ ဒါကြောင့် ကျောင်းတော်ထဲမှာ လျှောက်သွားပြီး လှည့်ပတ်ကြည့်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။"

"သိပ်ကောင်းတယ်။ ကျုပ် ခင်ဗျားတို့ကို လမ်းပြပေးပါ့မယ်။ ကျေးဇူးပြုပြီး လိုက်လာခဲ့ကြပါ။" လျှိုချင်ကျူးက ပြောလိုက်ပြီး လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားကြပေသည်။ သူတို့က ကောင်းကင်၌ တည်ရှိနေသော ရှေးဟောင်းအဆောက်အအုံတစ်ခုရှေ့သို့ ရောက်သောအခါ ပြောလိုက်သည်။ "ဒါက တုန်းဟွာစံအိမ်ပဲ။ ခင်ဗျားတို့အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဒီနေရာက အထဲမှာ ကျမ်းစာလိပ်တွေ အများကြီးရှိတဲ့ စာကြည့်တိုက်တစ်ခုပဲ။ အဲဒီထဲက အများစုမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မဟာအင်ပါယာရဲ့ အမိန့်နဲ့ ကူးထားတဲ့ လက်ရေးမူတွေ ရှိတယ်။ အကုန်လုံးက ဂန္တဝင်လက်ရာတွေပဲ။ ဒါပေမယ့် ကျုပ်တို့က အဲဒါတွေကို အပြင်လောကဆီ မဖြန့်ဘူး။ နားလည်ဖို့ မျှော်လင့်ပါတယ်။"

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က တုန်းဟွာကျောင်းတော်မှ တပည့်များ မဟုတ်သောကြောင့် တုန်းဟွာစံအိမ်သို့ မဝင်ရောက်နိုင်ပေ။

"ဒါပေမယ့် ကျောင်းတော်ထဲမှာ ခင်ဗျားတို့ သွားလို့ရတဲ့ အံ့သြစရာနေရာတွေ အများကြီးရှိပါသေးတယ်။ အဲဒီနေရာတွေကို ကျုပ် လိုက်ပို့ပေးမယ်။" လျှိုချင်ကျူးကို ဆက်ပြောလိုက်ပြီး သူက ပြန်လှည့်ကာ အခြားနေရာသို့ လျှောက်သွားခဲ့သည်။ အားလုံးသော တန်ခိုးရှင်များက သူ့နောက်သို့ လိုက်ပါသွားသည်။ ထိုအချိန်၌ လင်းဟယ်က ချင်းချင်းဘေးသို့ သွားကာ ပြောလိုက်သည်။ "ကျောင်းတော်က တကယ်ကို ခမ်းနားတဲ့ နေရာတစ်ခုပဲ။ ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ ရတနာတွေ အများကြီးရှိတယ်။ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် ဘယ်နေရာမဆို သွားကြည့်လို့ရတယ်။"

ချင်းချင်းက ခေါင်းညိတ်လိုက်သည်။ "တုန်းဟွာကျောင်းတော်က တုန်းဟွာနယ်မြေအတွင်း ကျင့်ကြံဖို့အတွက် အထင်ကရ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒီနေရာမှာ ကျင့်ကြံဖို့အတွက် အခြေအနေတွေက ပြီးပြည့်စုံတာကြောင့် လူအများကြီး မနာလိုဖြစ်ကြတယ်။ တုန်းဟွာနယ်မြေအတွင်း တုန်းဟွာအိမ်တော်ရဲ့ ကျော်ကြားတဲ့ လူအများစုက တုန်းဟွာကျောင်းတော်က ထွက်လာတာတို့ ပြောကြတာ မဆန်းပါဘူး။"

တုန်းဟွာနယ်မြေသခင်အိမ်တော်သည် တုန်းဟွာကျောင်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ ကျောင်းတော်မှ ထွက်လာသော တန်ခိုးရှင်အများစုက နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ အဖွဲ့ဝင်များ ဖြစ်လာကြသည်။ ၎င်းသည် သူတို့အား ပို၍ မြင့်မားသော အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးကို ပေးစွမ်းပေသည်။

ထိုသည်မှာ ယခင်ကသာဖြစ်လျှင် လင်းဟယ်က အနည်းငယ် ကြွားဝါနေမည်ဖြစ်သော်လည်း ယခု ထိုသို့လုပ်ရန် အခြေအနေ၌ ရှိမနေပေ။ သူက တုန်းဟွာ ကျောင်းတော်၏ တန်ခိုးရှင်တစ်ဦး ဖြစ်နေလျှင်ပင် သူက ရီဖူရှင်း၏ ရိုက်နှက်ခြင်းကို ဆိုးဆိုးဝါးဝါး ခံခဲ့ရသည်။ လင်းရှောင်နန်းတော်၏ အခြားတန်ခိုးရှင်များက ဝင်မစွက်ဖက်ခဲ့လျှင် သူ့ထံ၌ ပို၍ ဆိုးဝါးသော အရာများ ဖြစ်ပေါ်လာပေလိမ့်မည်။

လူစုက ကျောင်းတော်၏ အထက်ကောင်းကင်တွင် ပျံသန်းသွားနေသည်။ ထိုကျယ်ပြောသော လေဟာနယ်တခွင်တွင် မျောလွင့်နေသော ကျွန်းစုများစွာ ရှိသည်။ လျှိုချင်ကျူးက သူတို့အဖွဲ့အား ထိုနေရာများအကြောင်း မိတ်ဆက်ပေးသည်။ "ဒီမျောလွင့်နေတဲ့ ကျွန်းစုတွေမှာ ကျောင်းတော်ရဲ့ အကြီးအကဲတွေ ကျင့်ကြံကြပြီး ကျောင်းတော်က တချို့ တပည့်တွေလည်း ကျင့်ကြံကြတယ်။ ဒါပေမယ့် ကျောင်းတော်က တပည့်တွေက ကျွန်းတွေကို သူတို့ရဲ့ ကျင့်ကြံရေးနေရာအဖြစ် သိမ်းပိုက်နိုင်ဖို့ စိန်ခေါ်ကြရတယ်။ သူတို့က ပြင်းထန်တဲ့ စမ်းသပ်မှုကို ဖြတ်သန်းပြီးနောက်မှသာ အဲဒီနေရာကို ပိုင်ဆိုင်နိုင်ကြတယ်။ ကျွန်းတွေပေါ်မှာ သူတို့ ကောင်းကောင်း ကျင့်ကြံနိုင်အောင် ကာကွယ်ရေးဝင်္ကပါတွေ ထားရှိပြီး တိုက်ခိုက်ဖို့ ခက်ခဲတယ်။ ထိုဝင်္ကပါတွေက သူတို့ကို လွှမ်းခြုံထားပြီး ဘယ်သူ့ရဲ့ နတ်အာရုံကမှ အဲဒီထဲကို ကျူးကျော်ဖို့ မဖြစ်နိုင်ဘူး။"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ထိုနေရာမှာ ကျင့်ကြံခြင်းအတွက် ပြိုင်ဘက်ကင်း နေရာတစ်ခုပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်၍ သူတို့ ကျင့်ကြံရေးအတွက် အသုံးပြုနိုင်သည်လား။

သို့သော်လည်း ထိုသို့သောအရာမျိုးမှာ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များသာလျှင် မျှော်လင့်နိုင်ကြပေသည်။ သာမန်တပည့်များက ထိုအခွင့်အရေးမျိုး မည်သည့်အခါမှ ရှိလိမ့်မည် မဟုတ်ပေ။

သူတို့က ထိုနေရာကို ဖြတ်သန်းသွားပြီး အစဉ်လိုက်တည်ရှိနေသော ရှေးဟောင်းတောင်များ ရှိနေသည့် နေရာတစ်ခုသို့ ရောက်လာကြသည်။ ကြီးမားသော ဝင်္ကပါတစ်ခုနှင့် ဖုံးလွှမ်းထားသော တောင်ထွတ်များအကြား ကျယ်ပြောသော အကွာအဝေးတို့ ရှိကာ မြင့်မားသော စင်မြင့်တစ်ခုလည်း ရှိသည်။ လူအများက ထိုစင်မြင့်ထက်၌ ယဉ်ပြိုင်နေကြသည်။

"ဒါက ကျောင်းတော်ရဲ့ လမ်းစဉ်ဖွေရှာစင်မြင့်ပါ။ ကျောင်းသားတွေက အချိန်တိုင်း ဒီနေရာမှာ ယဉ်ပြိုင်ဖို့ လာတတ်ကြပြီး တစ်ခါတစ်လေကျတော့ ကျုပ်တို့ ဒီမှာ ပွဲတော်တွေ ကျင်းပကြတယ်။" လျှိုချင်ကျူးက ဆက်ပြောလိုက်သည်။ လူတိုင်းသည် ထိုအကြောင်းကို စတင်တွေးတောလာကြ၏။

အစွမ်းထက် ပုဂ္ဂိုလ်အမြောက်အမြား စုစည်းလာကြသောအခါ သူတို့က အချင်းချင်း ယဉ်ပြိုင်ရန် မတွေးဘဲ မည်သို့ နေပါမည်နည်း။

"ဟိုကို ကြည့်လိုက်။" လျှိုချင်ကျူးက ညွှန်ပြလိုက်သည်။ နီးကပ်စွာ တည်ရှိနေသည့် တောင်ထွတ်နှစ်ခုကြားတွင် ရှင်းလင်းကာ တိတ်ဆိတ်နေပြီး ယဉ်မရအောင် ကြီးမားလှသော ရှေးဟောင်းမှန်ကြီးတစ်ချပ် ရှိနေသည်။ တစ်စုံတစ်ယောက်က ဂရုတစိုက်မကြည့်လျှင်ပင် ထိုကြီးမားလှသော အရာတစ်ခုကို အလွယ်တကူ မြင်တွေ့နိုင်ပေလိမ့်မည် ဖြစ်သည်။

"ကောင်းကင်ဝင်ရိုးနတ်ကြေးမုံပဲ။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးက ဘယ်လောက်အားကောင်းတယ်ဆိုတာ ဆုံးဖြတ်နိုင်ပြီး လူတိုင်း ကြည့်လို့ရတယ်။ ကျင့်ကြံရေးလောကထဲမှာ ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးနဲ့ ချို့ယွင်းချက်ရှိတဲ့ နတ်ဝင်ရိုးဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်။ ဘယ်သူကမှ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို အဆင့်မခွဲခြားနိုင်ပေမယ့် တချို့ကတော့ တခြားသူတွေထက် အားကောင်းနေကြတယ်မလား။" လျှိုချင်ကျူးက သူ့ကိုယ်သူ ပြောနေသလိုမျိုး တိုးသက်စွာ ပြောလိုက်သည်။ "တချို့ကတော့ တကယ်ပဲ သန်မာကြတယ်။ လူတိုင်းရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးတွေက ခွန်အားပမာဏချင်း မတူညီကြဘဲ တချို့တွေကြားက ကွာခြားမှုက အတော်လေးကို ကြီးမားတယ်။ ဒါပေမယ့်လည်း နတ်ဝင်ရိုးတွေ ပြီးပြည့်စုံတယ်ဆိုကတည်းက သူတို့ကြားက ကွာခြားမှုကို ခပ်ရေးရေးပဲ ခံစားနိုင်ပြီး အလွယ်တကူ မမြင်တွေ့နိုင်မှာတော့ သေချာတယ်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ မဟာလမ်းစဉ်နတ်ဝင်ရိုးတွေရဲ့ ခွန်အားကို ကွဲပြားခြားနားမှုကို သေချာသိနိုင်တယ်။ အဲဒါက အရမ်းအဖိုးတန်တယ်။ ဒီကြေးမုံက ဘယ်ကလာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူတို့ရဲ့ မဟာလမ်းစဉ်နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်တာနဲ့ ကြေးမုံက အသက်ဝင်လာပြီး နတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာလိမ့်မယ်။ ကျုပ်တို့ရဲ့ မှန်းဆချက်အရတော့ ကြေးမုံမှာ အလင်းစက်ဝန်းကိုးခု ရှိတယ်။ ဒါပေမယ့် ဘယ်သူကမှ အားလုံးထွက်ပေါ်လာအောင် မလုပ်နိုင်ကြဘူး။ ဒါကြောင့် ဒါက ခန့်မှန်းချက်တစ်ခုသာသာပဲ။ တချို့က ပြောကြတာတော့ ဒီခန့်မှန်းချက်က မှားနေတယ်တဲ့။ အဲဒီအလင်းစက်ဝန်းကို အကုန်လုံး ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း ဘယ်သူမှ မရှိကြဘူးလေ။"

သူ၏ စကားလုံးများက လူတိုင်းကို စိတ်လှုပ်ရှားလာစေသည်။ လူအများက သွားပြီး ကြိုးစားကြည့်ချင်လာကြပေသည်။

"အများဆုံး အလင်းစက်ဝန်းဘယ်နှခုလောက် ပေါ်လာဖူးလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ လူတိုင်းက လျှိုချင်ကျူးကို ကြည့်လိုက်ကြ၏။ သူတို့က သိသာစွာပင် ထိုမေးခွန်း အဖြေကို သိချင်နေကြသည့်အတွက် စူးစမ်းလိုစိတ်များနှင့် ကြည့်နေကြပေသည်။

"ခြောက်ခု" လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ "အဲဒါကြောင့်ပဲ လူအများက အလင်းစက်ဝန်းက ကိုးခုမရှိနိုင်ဘဲ အဲဒီခြောက်ခုက နတ်ဝင်ရိုးတစ်ခုအတွက် အများဆုံး သတ်မှတ်ချက် ဖြစ်ရင်ဖြစ် မဟုတ်ရင် ခုနစ်ခုလောက်ပဲ ရှိရမယ်လို့ ပြောကြတယ်။"

"အဲဒါက ဒုနယ်မြေသခင်လား။" ကျန်းယွဲ့လီက မေးလိုက်သည်။

"ဟုတ်တယ်။" လျှိုချင်ကျူးက ခေါင်းညိတ်ကာ ပြောလိုက်၏။ ကျောင်းတော်၏ တန်ခိုးရှင်များအားလုံးက စစ်ဆေးကြည့်ကြပြီး ဖြစ်လေသည်။

ကျန်းယွဲ့လီက ကြေးမုံကို ကြည့်လိုက်သည်။ သူမသာလျှင် မဟုတ်ဘဲ အများစုက စမ်းသပ်ရန် ကြိုးစားကြည့်ချင်ကြပေသည်။ သူတို့၏ နတ်ဝင်ရိုးက အလင်းစက်ဝန်း မည်မျှ ထုတ်လွှတ်နိုင်မည်ကို မြင်တွေ့လိုကြပေသည်။

"ကြည့်ရတာ ခင်ဗျားတို့အားလုံးမှာ တူညီတဲ့ အတွေးတွေ ရှိနေကြမယ် ထင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ဖို့ အချိန်တချို့တော့ ယူရမယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ နတ်ဝင်ရိုးက ပြီးပြည့်စုံမနေရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက တုံ့ပြန်မှုရှိမှာ မဟုတ်ဘူး။" လျှိုချင်ကျူးက သူတို့ကို သတိပေးလိုက်သည်။ လူအများက တွေဝေသွားကြသော်လည်း လင်းဟယ်၊ ချင်းချင်း၊ ယန်တုန်းရန်နှင့် အခြားလူများကဲ့သို့ အများစုမှာ ပြီးပြည့်စုံသော နတ်ဝင်ရိုးရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့က အလယ်အလတ် ရန်ဟောင်များသာလျှင် ဖြစ်ကြပေသည်။

"ကျုပ်တို့ တခြားနေရာတွေ အရင်သွားကြည့်ကြမယ်။ ခင်ဗျားတို့အားလုံးက အဝေးက လာခဲ့ကြတာမို့ ကျောင်းတော်အတွင်းက မြင်ကွင်းတွေကို မြင်ချင်ကြမှာပဲ။ အားလုံးကြည့်ပြီး ပြန်လာတဲ့အခါကျ ဘယ်ကို ပြန်သွားချင်လဲဆိုတာ ဆုံးဖြတ်ကြတာပေါ့။" လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ သူက အိမ်ရှင်တစ်ယောက်အနေနှင့် တာဝန်ကျေရန် အကောင်းဆုံး လုပ်ဆောင်နေ၏။ ထိုဧည့်သည်များ အားလုံးက အဝေးမှ လာကြသူများ ဖြစ်ကြသည်။

လူတိုင်းက ၎င်းကို သဘောတူကြပြီး ကျောင်းတော်အတွင်း လှည့်ပတ်ကြည့်ရန် သူ့နောက်သို့ လိုက်ပါသွားကြပေသည်။

ဤနေရာသည် အပြင်မှ မြင်ရသည်နှင့် မတူနိုင်ပေ။ ၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး ကြိုတင်မှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။ ထိုကျယ်ပြောသော နေရာကြီးမှာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပေသည်။ ထိုနေရာကို မြို့တော်ကြီးတစ်ခုဟု ပြောနိုင်ပြီး တုန်းဟွာကျောင်းတော်သည် ကြီးမားကျယ်ပြန့်သော နေရာကြီးတစ်ခုအား ပိုင်ဆိုင်ထားပေသည်။

"ဒါက ဘယ်နေရာလဲ။ အရမ်းလှတာပဲ။" ချင်းချင်းက နေရာတစ်ခုကို မော့ကြည့်ကာ ပြောလိုက်သည်။ ထိုနေရာတွင် မရေတွက်နိုင်အောင် တောက်ပသည့် ကြာဖူးကြာနွယ်များက ပန်းပင်လယ်ကြီးတစ်ခုကဲ့သို့ ပွင့်လန်းနေကြသည်။ ထိုနေရာ၌ ပန်းများဝန်းရံထားသော စံအိမ်များ၊ စင်မြင့်များ ရှိသည့်အပြင် ကျောက်တုံးဥယျာဉ်များနှင့် ရေကန်များလည်း ရှိသည်။ ထိုသည်မှာ လူသားလောကရှိ နတ်ဘုရားနယ်မြေတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

"အဲဒီနေရာက ကျောင်းတော်ရဲ့ စီနီယာတွေ ကျင့်ကြံကြတဲ့ နေရာပဲ။" လင်းဟယ်က ပြောလိုက်သည်။ ထိုကျွန်းမျောများပေါ်၌ လူတိုင်း ကျင့်ကြံနိုင်ကြခြင်း မဟုတ်ပေ။ ကျောင်းတော်၏ စီနီယာများက ဤနေရာ၌ အများအပြားရှိကြပေသည်။

ချင်းချင်းက ငုံ့ကြည့်လိုက်သည်။ ထိုကဲ့သို့ လှပသော နေရာတွင် မည်သို့သော ပုဂ္ဂိုလ်များ ကျင့်ကြံနေကြလိမ့်မည်နည်း။

တုန်းဟွာကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များမှာ အပြင်လူများနှင့် ရင်းနှီးခြင်း မရှိကြပေ။ အများစုမှာ ထိုနေရာအတွင်း တိတ်တိတ်ဆိတ်ဆိတ်နှင့် နှိမ့်ချစွာ နေထိုင်ပြီး ကျင့်ကြံနေကြပေသည်။.

စံအိမ်များထဲမှ တစ်ခု၏ အရှေ့ရှိ ပန်းပင်လယ်အတွင်း ချင်းချင်းသည် တန်ခိုးရှင်တစ်စုကို မြင်တွေ့နိုင်ပေသည်။ သူတို့က သူမ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။ ထိုနေရာ၌ အရေးအကြောင်းများနှင့် ဆံပင်များပင် ဖြူနေပြီဖြစ်သော အမျိုးသမီးအိုကြီးတစ်ယောက် ရှိနေသည်။ သို့သော် သူမက မတ်မတ်ရပ်နေပြီး အလွန် တည်ငြိမ်သော အမူအရာနှင့် ရှိနေသည်။ သူမက ကမ္ဘာလောက၏ အပြင်ဘက်တွင် တည်ရှိနေသလို ထင်မှတ်ရပေသည်။

"ဒီနေရာမှာ စီနီယာအတော်များများက သူတို့ကိုယ်သူတို့ သန့်စင်နေကြတယ်။ ကျုပ်တို့ သူတို့ကို မနှောက်ယှက်သင့်ဘူး။" လျှိုချင်ကျူးက ပြောလိုက်သည်။ လူတိုင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်သွားကြသည်။ သိပ်မကြာခင်မှာပင် သူတို့သည် နောက်ထပ် ထူးခြားသော အဆောက်အအုံတစ်ခုအား မြင်တွေ့လိုက်ရသည်။ ၎င်းက ဖန်သားနှင့် ပြုလုပ်ထားသော နတ်နန်းတော်တစ်ခုကဲ့သို့ ထင်မှတ်ရပြီး ပြီးပြည့်စုံကာ လှပပေသည်။

ရှေ့သို့ ဆက်သွားရင်း ရှေးဟောင်းတောင်ထွတ်များအကြား ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသော ဓားစွမ်းအားများနှင့် ပြည့်နေသည်ကို မြင်လိုက်ရ၏။ သူတို့သည် ချောက်ကမ်းပါးတစ်ခုတွင် ထိုင်၍ မျက်လုံးများမှိတ်ကာ ကျင့်ကြံနေသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်တွေ့လိုက်ကြရသည်။ သူက ဓားတောင်ထွတ်တွင် ရှိနေခြင်း ဖြစ်လေသည်။

ရီဖူရှင်းက ဆက်သွားလေ သူ၏ စိတ်ထဲ၌ အံ့သြမှုများနှင့် ပြည့်နှက်လာလေ ဖြစ်သည်။ ကြည့်ရသည်မှာ တုန်းဟွာကျောင်းတော်အတွင်းမှ မည်သည့် တန်ခိုးရှင်မဆို အပြင်လောက၌ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နိုင်ပေသည်။ ထိုနေရာသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို အမှန်တကယ် လွှမ်းမိုးထားနိုင်ပေသည်။

"စီနီယာအစ်ကို အပြင်လောကသားတွေက ဒီလူတွေအကြောင်း တကယ် သေချာ မသိကြဘူးမလား။" သူက လီချန်ရှန်းကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

"တချို့က သိတယ်.. တချို့က မသိဘူး။ ဒါပေမယ့် မင်း သေချာတွေးကြည့်ရင် ဒါက သိပ်မထူးဆန်းဘူး။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို မအုပ်စိုးခင် ပရမ်းပတာအချိန်အတွင်းမှာ မရေတွက်နိုင်တဲ့ လူစွမ်းကောင်းတွေ အများကြီးရှိတယ်။ အဲဒီရှေးခေတ်က လူအများအပြားက ရှင်သန်နေတုန်းပေမယ့် သူတို့ အခု ဘယ်မှာလဲ။ သေချာပေါက် နေရာအနှံ့ကို ရောက်သွားကြတာပေါ့။ တုန်းဟွာကျောင်းတော်က သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေတာကြောင့် အဲဒီလိုလူမျိုးတွေ အများကြီး ဒီနေရာမှာ ရှိနေကြတာ ပုံမှန်ပဲလေ။" လီချန်ရှန်းက ရီဖူရှင်းအား ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်များမှာ တိုက်ပွဲအတွင်း မသေဆုံးခဲ့လျှင် သူတို့က နေနှင့်လကဲ့သို့ ရှင်သန်နေကြပေလိမ့်မည်။ ထိုလူအိုကြီးများက အသက်အရှည်ကြီး နေထိုင်ခဲ့ကြသည်မှာ သိသာလှသည်။.

ဤနေရာက မူလဘုံမဟုတ်ပေ။ ကောင်းကင်ဒေသက အလွန် ကျယ်ပြောလှပြီး အဆုံးမရှိသော နယ်မြေအတွင်း၌ အစွမ်းထက် တန်ခိုးရှင် မည်မျှများများ ပုန်းကွယ်နေမည်ကို မည်သူသိနိုင်ပါမည်နည်း။

ထိုအချိန်၌ သူတို့က ကျက်တီးမြေတစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာက အမှောင်နယ်မြေတစ်ခုဖြစ်ကာ အသံတစ်ခုတစ်လေပင် ကြားရခြင်း မရှိပေ။ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ မြေပြင်က နက်မှောင်နေပြီး ကောင်းကင်အတွင်း မြူဆိုင်းနေသော လေထုက လွှမ်းခြုံထားကာ ငြိမ်သက်သော အရှိန်အဝါကို ထုတ်လွှတ်ပေးနေသည်။

လူတိုင်းသည် သက်သောင့်သက်သာ မဖြစ်မှုကို ခံစားလိုက်ကြရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက သူတို့ ရှေ့၌ ထွက်ပေါ်လာသည်။ မုန်တိုင်းအတွင်း နှိုင်းယဉ်မရအောင် ကြီးမားလှသည့် အနက်ရောင် ရှေးဟောင်းခေါင်းလောင်းကြီးတစ်ခု ရှိနေပေသည်။ သူတို့ ခေါင်းလောင်းကြီးအနားသို့ ရောက်လာသည်နှင့် သူတို့၏ နှလုံးသားများက တုန်ယင်လာသလို ခံစားလိုက်ကြရပေသည်။

"ကြောက်စရာပဲ။" လူတိုင်းက ၎င်းကို မော့ကြည့်လိုက်ကြ၏။ ကြောက်မက်ဖွယ် မုန်တိုင်းက တိမ်တိုက်များသို့တိုင် ရောက်ရှိလာသည်။ ထိုနေရာတစ်ခုလုံးသည် ကမ္ဘာပျက်ကပ်ကို ရင်ဆိုင်နေရသည့် ကမ္ဘာတစ်ခုနှင့် အလားသဏ္ဌာန်တူပေသည်။

"ဒါက နတ်ဘုရားသတ်ခေါင်းလောင်းပဲ။" လျှိုချင်ကျူးက သူတို့ကို ပြောလိုက်သည်။ "ဒီနေရာမှာ ခင်ဗျားတို့ ကျင့်ကြံနိုင်တယ်။ သေဆုံးခြင်းမဟာလမ်းစဉ်နဲ့ အသံလှိုင်းစွမ်းအားတို့ကို ကျင့်ကြံနေရင်း ဝိညာဉ်စွမ်းအင်ကိုပါ တည်ငြိမ်အောင် လုပ်လို့ရတယ်။ ခေါင်းလောင်းသံ ထွက်လာရင် မိုင်ပေါင်းထောင်ချီ အကွာအဝေးအတွင်းမှာ ရှိတဲ့ သက်ရှိအားလုံး ဖျက်ဆီးခံရတာကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါက အဖိုးတန်တဲ့ လက်နက်ကိရိယာ တစ်ခုပဲ။ ဒါပေမယ့် အဲဒါက အချိန်အကြာကြီးကတည်းက အသံမမြည်တော့တာ။ ကျုပ်ဘက်ကလည်း ဒီခေါင်းလောင်းကို ဘယ်တော့မှ ထပ်မမြည်တော့ဖို့ မျှော်လင့်တယ်။"

လူတိုင်းက သူ ဆိုလိုသည်အား နားလည်သည်။ ထိုခေါင်းလောင်း အသံ ပြန်မြည်လာမည့်အချိန်မှာ တုန်းဟွာကျောင်းတော်က ဆိုးဝါးသော ပျက်စီးခြင်းနှင့် ရင်ဆိုင်ရသည့် အချိန်ဖြစ်သည်။ သူတို့က ထိုခေါင်းလောင်းကို အရေးတကြီးကိစ္စတစ်ခုခု ရှိမှသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လာသောအခါ လူမည်မျှများများ သေဆုံးလိမ့်မည်ကို ခန့်မှန်း၍ မရနိုင်အောင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူက ထိုခေါင်းလောင်းကို နောက်တစ်ကြိမ် ပြန်မမြည်တော့ဖို့ မျှော်လင့်နေသည်ဟု ပြောနိုင်သည်။

***

အပိုင်း(၂၀၁၆)ကျောင်းတော်၌ လမ်းစဉ်ကိုရှာဖွေခြင်း

"သွားကြစို့။ " လျှိုချင်ကျူးက ပြောလိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးကို ဦးဆောင်ပြီး အခြားတစ်နေရာသို့ ထွက်ခွာသွားခဲ့သည်။ သူတို့က ပို၍ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာလေ လေဟာနယ်ထဲမှ စွမ်းအားများက ပို၍ နက်နဲလာလေ ဖြစ်သည်။ သူတို့က တခါတရံ ကျောင်းတော်မှ တန်ခိုးရှင်များနှင့် တွေ့ဆုံခဲ့ကြသော်လည်း ထိုတန်ခိုးရှင်များ၏ အထက်ကို ဝင်္ကပါဖြင့် ကာရံကာ အပြည့်အဝချိတ်ပိတ်ထားခဲ့သည်။

အဝေးတွင် တောင်တန်းများဖြင့် ကာဆီးထားခံရသော လူသူကင်းမဲ့နေသည့် နေရာတစ်ခု ရှိသေးသည်။ တောင်တန်းများ၏ အခြားတစ်ဖက်ကို မြူများဖြင့် လွှမ်းခြုံထားသည်။ ရီဖူရှင်းနှင့် အခြားသူများသည် မြူနှင်းများအလယ်မှထွက်လာသော အသံတစ်ခုကို ခပ်ဝါးဝါးကြားနိုင်ကြပေသည်။

"အဲဒါက ဘာလဲ။" ချင်းချင်းက တောင်တန်းဆီသို့ ကြည့်ရှုကာ မေးလိုက်သည်။ မြူနှင်းတို့ကို ဖြတ်ကာ သူမသည် အလွန်ကြီးမားသော ကောင်းကင်မျှော်စင်တစ်ခုကို ခပ်ဝါးဝါး မြင်တွေ့ခဲ့သည်။ ၎င်းက တောင်တန်းတစ်ခုထက် ပို၍ မြင့်မားပေသည်။ ထိုမျှော်စင်ထက်တွင် မရေတွက်နိုင်သော မှော်အက္ခရာများ တောက်ပနေသည်။ ထိုနေရာမှ နတ်အလင်းများက မြူနှင်းတို့အား ထိုးဖောက်နေခဲ့သည်။ လူအုပ်ကြီးသည် ထိုထူးဆန်းသော အခြေအနေအား အဝေးမှပင် မြင်တွေ့ကြရပေသည်။ ထိုမျှော်စင်ဘက်မှ အားနည်းသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ ဖျော့တော့သော အသံတစ်ခုက ထိုနေရာမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

"အဒီမျှော်စင်ကလည်း ရတနာတစ်ခုပဲ။" လျှိုချင်ကျူးက ပြောလိုက်သည်။ သူက ထပ်မရှင်းပြတော့ဘဲ အခြားနေရာတစ်ခုသို့ ဦးတည်လိုက်၏။

"အဲဒါက တားမြစ်နေရာပဲ။" လင်းဟယ်က ချင်းချင်းကို ခပ်တိုးတိုး ပြောပြလိုက်သည်။ သူက အခြားလူများကို သတိပေးနေခြင်းဟုလည်း ထင်မှတ်ရ၏။ လူအုပ်ကြီးက ချက်ချင်းပင် သတိထားလိုက်ကာ ထိုမျှော်စင်ဘက်သို့ ထပ်မကြည့်ကြတော့ပေ။ ၎င်းက တားမြစ်နေရာဖြစ်ရာ သူတို့ စစ်ဆေးကြည့်သည်ကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့၏ သိချင်စိတ်က ပို၍ပင် ကြီးမားလာပေသည်။ သူတို့က အတွင်း၌ မည်သည်တို့ ရှိနေသည်ကို သိချင်နေကြပေ၏။

"စီနီယာအစ်ကို ကြည့်ရတာ အဲဒီကနေ နတ်ဆိုးချီတွေ ထွက်လာနေပုံပဲ။" ရီဖူရှင်းက လီချန်ရှန်းအား သူ၏ အတွေးတို့ကို ပို့လွှတ်လိုက်သည်။ သူက ထိုနေရာမှ ထွက်ပေါ်နေသော နတ်ဆိုးချီတို့ကို ခံစားမိပေသည်။ ကြည့်ရတာ ထိုမျှော်စင်ကို ချိပ်ပိတ်သည့် စွမ်းအားက ၎င်းချီများကို အပြည့်အဝ မတားဆီးထားနိုင်ပုံပင်။

လီချန်ရှန်း၏ မျက်လုံးများ၌ ထူးဆန်းသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး သူ့တွင် အတွေ့အကြုံပေါင်းများစွာ ရှိသည်။ အချိန်အကြာကြီး နေထိုင်လာခဲ့ပြီးသည့်အတွက် သူက များစွာသော ကိစ္စရပ်များကို ကြုံတွေ့ဖူးပြီး သိရှိသောအရာများလည်း များပြားလှသည်။ အချို့ကိစ္စများမှာ ကိုယ်တိုင်ကြုံတွေ့ဖူးမှသာသိနိုင်ကြပေသည်။ ကောလာဟလများ၌ အမှန်တရားတချို့ ပါဝင်နေသည်။

"ကြည့်ရတာ အဲဒါက နတ်ဆိုးချိပ်ပိတ်မျှော်စင် ဖြစ်မယ်။" လီချန်ရှန်းက ပြောလိုက်သည်။ "အဲဒါကို အစွမ်းထက် နတ်ဆိုးတွေ ဖိနှိပ်ဖို့ အသုံးပြုတယ်။"

ရီဖူရှင်းထံ၌ ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။ တုန်းဟွာကျောင်းတော်က မည်သည့်အတွက် အစွမ်းထက်နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင် ဖိနှိပ်ထားရန် လိုအပ်သနည်း။

သို့သော်လည်း လီချန်ရှန်းက ထပ်မပြောတော့သည့်အတွက် ရီဖူရှင်းလည်း ထပ်မမေးတော့ပေ။

သူတို့က ရှေ့သို့ ဆက်သွားကြပြီး နောက်ထပ် နတ်သစ်ပင်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုနတ်သစ်ပင်ကြီး၏ အကိုင်းအခက်တို့က အပြင်သို့ ဖြန့်ကျက်နေကာ ကြီးမားသော တောအုပ်တစ်ခုသဖွယ် ဖြစ်တည်နေသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် ဖျက်ဆီးခြင်းစွမ်းအားတို့က ထိုတောအုပ်အတွင်း အမှန်တကယ် ပါဝင်နေသည်။ ၎င်းသည် ရီဖူရှင်းထံ၌ ကိုးယို့ကားယားအကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သစ်ပင်များသည် အသက်နှင့် ကြွယ်ဝသော အသက်စွမ်းအားတို့ကို ကိုယ်စားပြုသည်။ သို့သော်လည်း သူ့ရှေ့မှ သစ်ပင်၌ ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။

"အဲဒါက သေဆုံးခြင်းသစ်သားပဲ။ အဲဒီမှာ ဝိညာဉ်ရှိနေခဲ့ပြီ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ရှေ့ကို ဆက်သွားရင် လျှို့ဝှက်နယ်မြေတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ်။ ခင်ဗျားတို့အားလုံး စိတ်ဝင်စားရင် တစ်ချက်သွားကြည့်ကြမလား။"

လူအုပ်ကြီးက ပြန်မတုံ့ပြန်နိုင်ခင် အဝေးမှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က ပြန်လှည့်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ လျှိုချင်ကျူးသည်လည်း သူ၏ စွမ်းအားကို ထုတ်လွှတ်ကာ အပြင်ဘက်သို့ ဖြန့်ကျက်လိုက်၏။ သိပ်မကြာခင်၌ သူသည် ထိုအသံများ ထွက်ပေါ်လာသော အုတ်အော်သောင်းနင်း ဖြစ်နေသည့် နေရာကို မြင်လိုက်ရသည်။

အခြားလူများက သူ့ထံသို့ ကြည့်လိုက်ကြ၏။ သူတို့က မည်သည်တို့ ဖြစ်နေသည်အား သိချင်သော်လည်း သူတို့၏ နတ်အာရုံတို့ကို အလွယ်တကူ မထုတ်လွှတ်နိုင်သည့်အတွက် မသိနိုင်ပြပေ။

"ဖုန်းဆိုးမြေနတ်နန်းတော်က တန်ခိုးရှင်တွေ ရောက်လာကြတာ။ သူတို့က လမ်းစဉ်ဖွေရှာစင်မြင့်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှာ ရောက်နေခဲ့ပြီ။" လျှိုချင်ကျူးက ရှင်းပြလိုက်သည်။ လူအုပ်ကြီးထံ၌ ထူးဆန်းသော အကြည့်တို့ ထွက်ပေါ်လာသည်။ ကွယ်ဝှက်စွာ နေထိုင်တတ်သော ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များက တုန်းဟွာကျောင်းတော်သို့ ရောက်လာသည်လား။

ယခုမတိုင်ခင် ကျောင်းတော်မှ လူများသည် ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များ ရောက်လာသည်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတို့က တစ်ဖက်လူတို့ ရောက်လာမည်ကို သိရှိခြင်း မရှိကြချေ။ ယခု သူတို့က မဖိတ်ခေါ်ဘဲ ရောက်လာပုံရလေသည်။

"တစ်ချက်လောက် သွားကြည့်ရအောင်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူတို့သည်လည်း ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို အလွန် စိတ်ဝင်စားနေကြပေသည်။ ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များက လမ်းစဉ်ဖွေရှာစင်မြင့်ကို မည်သည့်အတွက် ရောက်လာကြသနည်း။

"ကောင်းပြီ။" လျှိုချင်ကျူးက ခေါင်းညိတ်လိုက်သည်။ ထိုလူစုက ချက်ချင်းပင် နောက်သို့လှည့််ကာ အလွန် လျင်မြန်လှသော အရှိန်နှင့် ထွက်ခွာသွားကြပေသည်။

ထိုသည်မှာ သူတို့သာမကပေ။ နေရာအသီးသီးမှ လူအများသည်လည်း ယင်းအခြေအနေကို ကြားသိကြ၏။ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက လေထုကို ဖြတ်သန်းကာ တောင်တန်းများမှ လျှောက်ထွက်လာကြသလို ကျွန်းမျောများအထက်မှ ဆင်းသက်လာသည်များလည်း ရှိသည်။ သူတို့အားလုံးက တူညီသော နေရာသို့ ဦးတည်လိုက်ကြ၏။

မကြာခင်၌ တန်ခိုးရှင်များက လမ်းစဉ်ဖွေရှာစင်မြင့်ဆီသို့ ရောက်လာကြသည်။ တိမ်တိုက်များသို့တိုင် ရောက်အောင် မြင့်မားသည့် ရှေးဟောင်းတောင်ထွတ်များက လမ်းစဉ်ဖွေရှာစင်မြင့်အား ဝန်းရံထားသည်။ တစ်ဖက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တန်ခိုးရှင်တစ်စုက ထိုနေရာ၌ ရပ်နေကြသည်။ သူတို့တွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိနေ၏။ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါတို့က မွန်းကြပ်ဖွယ် ကောင်းလှပေသည်။

သူတို့နှင့် မျက်စောင်းထိုး၌ ရှိနေသော တောင်တန်းထိပ်တွင် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ရပ်နေကြသည်။

လက်ရှိ၌ သူတို့ကြားရှိ လမ်းစဉ်ဖွေရှာစင်မြင့်ထက်တွင် ရန်ဟောင်နှစ်ပါးက တိုက်ပွဲတစ်ခု ဆင်နွှဲနေပေသည်။ ထိုတိုက်ပွဲက ပြင်းထန်လှသည်။

လျှိုချင်ကျူးက ချက်ချင်းပင် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ရပနေရာသို့ ဦးတည်လိုက်သည်။ အခြားတန်ခိုးရှင်များက မတူညီသော နေရာများတွင် နေရာယူလိုက်ကြ၏။ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက တောင်ထွတ်တစ်ခုတွင် ဆင်းသက်လိုက်ကြသည်။ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များက တောင်ထွတ်တစ်ခုကို ရွေးချယ်လိုက်ကြပြီး လင်းရှောင်နတ်နန်းတော်မှ တန်ခိုးရှင်များက သူတို့ဘေးရှိ တောင်ထွတ်ပေါ်တွင် နေရာယူလိုက်သည်။

သူတို့အားလုံးက မတူညီသော နေရာ၌ ရပ်နေကြ၏။

ထိုအခိုက်အတန့်တွင် ပြင်းထန်သော ထိခတ်သံတစ်ခုကို ကြားလိုက်ရ၏။ လမ်းစဉ်ဖွေရှာစင်မြင့်ကို လွှမ်းခြုံထားသော ဝင်္ကပါက တောက်ပသော အလင်းတို့ဖြင့် လင်းလက်လာကာ ရန်ဟောင်နှစ်ပါး၏ ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတို့မှ ထွက်ပေါ်လာသည့် စွမ်းအားတို့ကို တားဆီးလိုက်သည်။ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်က နောက်သို့ လွင့်ထွက်သွားသည်။ သူက အလွန် နာကျင်နေပုံပေါ်သည်။

'သူတို့က တကယ့်ကို လမ်းစဉ်တိုက်ပွဲဆင်နွှဲနေကြတာပဲ။' လူအုပ်ကြီးက တွေးလိုက်ကြပြီး ထူးဆန်းသည့် အကြည့်တို့က သူတို့ မျက်နှာထက် ထွက်ပေါ်လာသည်။ လျှိုချင်ကျူးက သူတို့ကို ကြည့်ကာ ပြောလိုက်၏။ "ခင်ဗျားတို့ ဖုန်းဆိုးမြေနတ်နန်းတော်က တန်ခိုးရှင်တွေ ဒီကို လာမယ်ဆိုတာ ကျုပ်တို့ကို ဘာလို့ အကြောင်းမကြားရတာလဲ။ ဒါမှ ကျုပ်တို့ ဘက်က ပို၍ ဧည့်ဝတ်ကျေနိုင်မှာလေဗျာ။"

"အလုပ်ရှုပ်ခံဖို့ မလိုပါဘူး။ အကြောင်းမကြားဘဲ လာလည်း ကွာခြားသွားတာ မရှိပါဘူး။ ကျူးကျော်လာတာကို ခွင့်လွှတ်ပေးပါ။" ဖုန်းဆိုးမြေနတ်နန်းတော်မှ အကြီးအကဲတစ်ယောက်က ပြန်ဖြေလိုက်သည်။

"ခင်ဗျားတို့အားလုံးက အဝေးကလာခဲ့ကြတဲ့ ဧည့်သည်တွေပဲ။ မကြာသေးခင်ကပဲ ကျုပ်က ဧည့်သည်တွေကို ကျောင်းတော်တစ်ပတ် လိုက်ပြနေခဲ့သေးတာ။ အခု ဖုန်းဆိုးမြေနတ်နန်းတော်က ကျင့်ကြံသူတွေ ရောက်လာတာဆိုတော့ ကျုပ် ဘာများလုပ်ပေးရမလဲ။ ဘာပဲဖြစ်ဖြစ် ပြောလို့ရပါတယ်။" လျှိုချင်ကျူးက ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဘာမဆို ကူညီနိုင်တာလား။" အေးစက်သည့် အသံတစ်ခုက ပြောလိုက်ပြီး ထိုလေသံထဲ၌ မောက်မာသော အရှိန်အဝါတို့ လျှံကျနေသည်။ လူအုပ်ကြီး၏ အကြည့်က ထိုလူထံသို့ ကျရောက်သွားလေသည်။ ထိုသူက ဖုန်းဆိုးမြေနတ်နန်းတော်၏ ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နောက်လာမည့် ပျက်စီးခြင်းနတ်ဘုရား 'ပျက်စီးခြင်း' ဖြစ်သည်။ သူက လက်ရှိ ပျက်စီးခြင်းနတ်ဘုရား ၏ ဆက်ခံသူလောင်းလျာ ဖြစ်ပေသည်။

"ကျုပ် ဘာကိုမှ ကတိမပေးနိုင်ပေမယ့် တတ်နိုင်သမျှတော့ အကောင်းဆုံး ကြိုးစားပေးသွားမှာပါ။" လျှိုချင်ကျူးက 'ပျက်စီးခြင်း' ၏ လေသံကို ဂရုမထားဘဲ ပြန်ဖြေလိုက်သည်။ လျှိုချင်ကျူးက ပုံမှန်အတိုင်း ပြုံးလိုက်၏။ သူသည် တစ်ဖက်လူက မည်သို့သော တောင်းဆိုမှုမျိုး လုပ်လာမည်ကို အမှန်တကယ် သိချင်နေခဲ့သည်။

'ပျက်စီးခြင်း' က တောင်ထွတ်ပေါ်တွင် ရပ်လိုက်သည်။ သူ၏ အနက်ရောင်ဝတ်ရုံက လေထဲ၌ တဖျတ်ဖျတ် လွင့်နေ၏။ သူ၏ အလွန် ထက်ရှသော အကြည့်များက လျှိုချင်ကျူးပေါ်သို့ ကျရောက်သွားသည်။ လျှိုချင်ကျူးက စီနီယာတစ်ယောက် ဖြစ်လျှင်ပင် 'ပျက်စီးခြင်း' က သူ့အပေါ် လေးစားမှုမရှိပေ။ သူက ပြောလိုက်၏။ "ဒီနေ့ ကျုပ် တုန်းဟွာကျောင်းတော်ရဲ့ လမ်းစဉ်ဖွေရှာစင်မြင့်ကို လာတာ နင်ဟွာကို စိန်ခေါ်ဖို့ပဲ။"

နင်ဟွာ...

နင်ဟွာသည် တုန်းဟွာနယ်မြေအတွင်း ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ တုန်းဟွာနယ်မြေရှိ ဤမျိုးဆက်များအတွင်း အထူးချွန်ဆုံးဟု ဆိုနိုင်ပေသည်။ သူက တုန်းဟွာနယ်မြေသခင် အိမ်တော်မှ ဒုနယ်မြေသခင်ပင် ဖြစ်သည်။ သူ့တွင် ဘွဲ့ဂုဏ်ထူးပေါင်းများစွာ ရှိပြီး သူနှင့် သက်ဆိုင်သော ဒဏ္ဍာရီများစွာ ရှိပေသည်။

'ပျက်စီးခြင်း' က အမှန်တကယ်ပင် တုန်းဟွာကျောင်းတော်သို့ နင်ဟွာကို ရှာရန် လာခဲ့သည်လား။

သို့သော်လည်း ၎င်းက နားလည်နိုင်ဖွယ်ဖြစ်သည်။ ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ 'ပျက်စီးခြင်း' သည်လည်း အလွန် အစွမ်းထက်သူ ဖြစ်သည်။ သာမန် တန်ခိုးရှင်တို့က 'ပျက်စီးခြင်း' နှင့် တွေ့ဆုံရန် မထိုက်တန်ပေ။

တုန်းဟွာကျောင်းတော်တွင် များပြားလှသော တန်ခိုးရှင်များ ရှိကြသည်။ သို့သော်လည်း သူတို့ထဲမှ အနည်းငယ်ကသာ 'ပျက်စီးခြင်း' တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီပေသည်။ သူသည် တုန်းဟွာနယ်မြေ ဒုသခင် နင်ဟွာအတွက် အထူးလာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

လျှိုချင်ကျူးက ပြုံးကာ ပြောလိုက် သည်။ "ခုတလော နင်ဟွာ ဘယ်မှာ ကျင့်ကြံနေလဲဆိုတာ ကျုပ်တို့တောင် မသိဘူး။ ခင်ဗျား သူနဲ့ တွေ့ခဲ့ရင် စိန်ခေါ်နိုင်ပါတယ်။"

လျှိုချင်ကျူးက ချက်ချင်းပင် ထိုတောင်းဆိုချက်ကို နင်ဟွာထံ လွှဲပြောင်းပေးလိုက်သည်။

ပထမဆုံးအနေနှင့် တစ်ဖက်လူက နင်ဟွာအား ရှာတွေ့ရန် လိုအပ်ပေသည်။

နင်ဟွာက 'ပျက်စီးခြင်း' ၏ တောင်းဆိုချက်ကို လက်ခံမခံမှာ ကာယကံရှင်၏ ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။ သို့သော် အဝေးမှ လာခဲ့ရသော 'ပျက်စီးခြင်း' အတွက် စိတ်ပျက်လက်ပျက် ပြန်သွားရနိုင်ချေ ပိုများပေသည်။

နင်ဟွာက သူကိုယ်တိုင် ထွက်ပေါ်လာခြင်းမှ မဟုတ်လျှင် လက်ရှိတွင် မည်သူမှ သူ့အား မရှာနိုင်ကြပေ။

ကျောင်းတော်မှ လူအများသည် ထို 'ပျက်စီးခြင်း' က မောက်မာဝံ့ကြွားနေသည်ဟု ယုံကြည်ကြပေသည်။ 'ပျက်စီးခြင်း' က လက်ရှိ အထူးချွန်ဆုံး ပုဂ္ဂိုလ်လေးယောက်အတွင်းမှ တစ်ယောက် ဖြစ်သော်လည်း သူတို့ မျက်လုံးထဲ၌ သူနှင့် နင်ဟွာကြားမှ ကွာခြားချက်က အလွန် ကြီးမားလှသည်။ နင်ဟွာက အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးတွင် ရှိနေပြီး သူက အမြဲ နံပါတ်တစ်ပင် ဖြစ်သည်။ ထိုသည်မှာ တုန်းဟွာနယ်မြေအတွင်းမှ အထူးချွန်ဆုံး လေးယောက်တွင်လည်း ပါအဝင်ဖြစ်သည်။ နင်ဟွာက ပထမဆိုသည်မှာ ငြင်းပယ်မရနိုင်သည့် အမှန်တရားပင် ဖြစ်သည်။

"ဒီလိုဆိုရင် ကျုပ် ဒီနေ့ တုန်းဟွာကျောင်းတော်ကို ရောက်နေလက်စနဲ့ ကျောင်းတော်က တန်ခိုးရှင်တွေရဲ့ လမ်းစဉ်ကို တွေ့ကြုံရဖို့ မျှော်လင့်ပါတယ်။" 'ပျက်စီးခြင်း' က ဆက်ပြောလိုက်သည်။ သူ၏ အသံက အလွန် မောက်မာကာ စော်ကားမော်ကားနိုင်လှသည်။

တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက သူ၏ သဘောထားကြောင့် အလွန် မကျေမနပ် ဖြစ်သွားကြသည်။ ထို 'ပျက်စီးခြင်း' က အမှန်တကယ်ပင် စိတ်ကြီးဝင်နေသူ ဖြစ်၏။ နင်ဟွာက မရှိနေသည့်အတွက် သူသည် ကျောင်းတော်၏ တန်ခိုးရှင်များအား စိန်ခေါ်ချင်နေသည်။ သူ၏ မဟာလမ်းစဉ်က ချို့ယွင်းချက်ကင်းသည်။ ကျောင်းတော်၌ သူ့အား စိန်ခေါ်နိုင်သောသူ မည်မျှများများ ရှိပါမည်နည်း။

ကျောင်းတော်တစ်ခုလုံးတွင် လူနည်းစုသာ ရှိပေလိမ့်မည်။ 'ပျက်စီးခြင်း' ၏ စရိုက်မှာ ထိုအပြုအမူကြောင့် သိသာထင်ရှားလာပေသည်။

ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ တန်ခိုးရှင် များက အခြားတန်ခိုးရှင်များကို စိန်ခေါ်ရန် ရောက်လာကြပြီး သူတို့၏ မာနကို စိန်ခေါ်နေပေသည်။

"ကောင်းပြီ။"

"ဒီလိုဆိုမှတော့ ကျုပ်တို့က ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပေါ့။"

ရန်ဟောင်အချို့က တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြသည်။ သူတို့က တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့သည်လည်း ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ အထူးချွန်ဆုံး ပုဂ္ဂိုလ်က မည်မျှ အစွမ်းထက်ကြောင်း သိချင်ကြပေသည်။

လမ်းစဉ်ဖွေရှာစင်မြင့်ကို ဝန်းရံထားသော တောင်ထွတ်များရှိ လေထုက ချက်ချင်းပင် အလွန် တင်းမာလာတော့၏။

***

အပိုင်း(၂၀၁၇)သေဆုံးခြင်းလက်ချောင်း

တုန်းဟွာကျောင်းတော်အတွင်း လူများက တစ်ယောက်ပြီး တစ်ယောက် အဆောတလျင် ရောက်လာကြပေသည်။ သူတို့သည် တောင်ထိပ်များတွင် ရပ်လိုက်ကြကာ ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ တန်ခိုးရှင်များအား ကြည့်လိုက်သည်။

ထိုလူများအားလုံးက မရင်းနှီးကြပေ။ ထို့ကြောင့် သူတို့က ယခုအ​ကြောင်းအား သိပ်ဂရုမစိုက်ကြချေ။ ဤတစ်ကြိမ်၌ တုန်းဟွာကျောင်းတော်က အင်အားစုများ အားလုံးကို ဖိတ်ကြားရသော ရည်ရွယ်ချက်မှာ တုန်းဟွာနယ်မြေအတွင်းရှိ ရန်ဟောင်များစွာ၏ ကျင့်ကြံခြင်းစွမ်းရည်ပမာဏကို သိရှိရန် ဖြစ်သည်။

ထို့ကြောင့် ဤသို့သော အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပေသည်။

'ပျက်စီးခြင်း' ရပ်နေသော တောင်ထွတ်အနီးဝန်းကျင်ရှိ လေဟာနယ်က အလွန်ပင် တင်းကျပ်နေခဲ့သည်။ အုံ့မှိုင်းသော အရိပ်တစ်ခုက တောင်ဝန်းကျင်ရှိ လေဟာနယ်ကို လွှမ်းခြုံထားသည်။ အနက်ရောင်လေပွေက ထိုနေရာကို ရစ်ပတ်နေကာ ပျက်စီးယိုယွင်းမှုနှင့် ဖျက်ဆီးခြင်း အငွေ့အသက်တို့ကို ဖန်တီးထားသည်။ ၎င်းက အလွန် မသက်မသာဖြစ်စေသော အရှိန်အဝါ ဖြစ်၏။

"နင်ဟွာ ဒီနေရာမှာ မရှိဘူးဆိုတော့ တုန်းဟွာကျောင်းတော်က ဘယ်သူများ ကျုပ်နဲ့ တိုက်ခိုက်ချင်လဲ။" 'ပျက်စီးခြင်း' က မေးလိုက်သည်။ သူ၏ အသံက လေဟာနယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး အလွန် ယုံကြည်ချက် ရှိနေသည်။

ဤနေရာက တုန်းဟွာနယ်မြေတစ်ခုလုံးတွင် ထိပ်တန်းကျောင်းတော်ဖြစ်သော တုန်းဟွာကျောင်းတော်၏ ပိုင်နက်ဖြစ်သော်လည်း 'ပျက်စီးခြင်း' က ထိုသို့သော မောက်မာသည့် အမူအရာမျိုး ပြုမူနေသည်။

အဝေးရှိ လေဟာနယ်အတွင်း လူအများသည် မျောလွင့်နေသော ကျွန်းများပေါ်၌ ရပ်ကာ လမ်းစဉ်ဖွေရှာစင်မြင့်ကို ဝန်းရံထားသော တောင်ထိပ်များအနီးဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။ ပျက်စီးခြင်းနတ်ဘုရား ၏ ဆက်ခံသူသည် တုန်းဟွာနယ်မြေတခွင်လုံး၌ အထူးချွန်ဆုံး လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ပုံမှန်အားဖြင့် လူအများသည် ဤမျိုးဆက်၏ 'ပျက်စီးခြင်း' က မည်မျှ သန်မာအားကောင်းသည်ကို မြင်တွေ့လိုကြ၏။

အပြင်လောကတွင် သူတို့လေးယောက်ကြား နင်ဟွာက နံပါတ်တစ် ဖြစ်ကာ ကျန်းယွဲ့လီက နံပါတ်နှစ်၊ 'ပျက်စီးခြင်း' က နံပါတ်သုံးနှင့် မကြာသေးခင်က အဆင့်မြင့်ရန်ဟောင် အဖြစ်သို့ ရောက်ရှိလာသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျုံးချန်က ထိုအဆင့်သတ်မှတ်ချက်အတွင်းမှ နောက်ဆုံးလူ ဖြစ်သည်။

'ပျက်စီးခြင်း' က သွေးနားထင်ရောက်နေသောသူ ဖြစ်လျှင်ပင် လူတိုင်းသည် ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ တန်ခိုးရှင်က မည်မျှ အစွမ်းထက်သည်ကို သိချင်နေကြဆဲ ဖြစ်သည်။

ပျက်စီးခြင်းနတ်ဘုရားနန်းတော် သည် တုန်းဟွာနယ်မြေအတွင်း ဖုန်းဆိုးမြေ၌ တည်ရှိသည်။ ၎င်းက တုန်းဟွာနယ်မြေ၏ အဓိကနယ်မြေမှ အလွန်ဝေးကွာသော နေရာတွင် တည်ရှိသည်။ မတူညီသည့် ကုန်းမြေအားလုံးမှ အင်အားစုများသည် အချင်းချင်း ကြားဖူးနားဝ ရှိကြသော်လည်း သူတို့၏ အင်အားအတိအကျကို လူနည်းစုသာ သိရှိကြသည်။ အဆုံးမှာတော့ သူတို့အားလုံး စုစည်းနိုင်မည့် နေရာနှင့် အခွင့်အရေးက ရှားပါးလှပေသည်။

ယခု အင်အားစုများက နယ်မြေသခင်၏ ဖိတ်ခေါ်ချက်ဖြင့် တုန်းဟွာကောင်းကင်သို့ ရောက်ရှိနေကြရာ သူတို့က မည်သို့ စိတ်အားမထက်သန်ဘဲ နေပါမည်နည်း။

ကျန်းယွဲ့လီ၊ ချင်းချင်းနှင့် မြူနှင်းဝေနတ်နန်းတော်မှ ကျန်သော ကျင့်ကြံသူများက ထိုနေရာသို့ အပြည့်အဝ အာရုံစူးစိုက်ထားကာ 'ပျက်စီးခြင်း' ကို ကြည့်ရှူရန် စိတ်လှုပ်ရှားနေကြသည်။

ထိုအခိုက်တွင် အဆင့်မြင့် ရန်ဟောင်တန်ခိုးရှင်တစ်ဦးက တုန်းဟွာကျောင်းတော်မှ လမ်းလျှောက်ထွက်လာခဲ့၏။ ထိုသူမှာ သက်လတ်ပိုင်းအရွယ် အဆင့်ရှစ်ရန်ဟောင်တစ်ဦး ဖြစ်သည်။ သူက ကျောင်းတော်တွင် ထိပ်သီးအဆင့်တစ်ဦး မဟုတ်သော်လည်း 'ပျက်စီးခြင်း' က အဆင့်ခုနစ်ရန်ဟောင်တစ်ဦးသာ ဖြစ်သည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားလျှင်ပင် ကျောင်းတော်က အဆင့်ကိုးရန်ဟောင် ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦးကို ချက်ချင်း စေလွှတ်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူက ထွက်လာရခြင်း ဖြစ်ပေသည်။

သူ လျှောက်ထွက်လာသည်ကို မြင်သောအခါ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကြသည်။ 'ပျက်စီးခြင်း' နှင့် ရင်ဆိုင်ရန် ထွက်လာသော ထိုလူမှာလည်း အစွမ်းထက်သည့်သူတစ်ယောက် ​ဖြစ်သောကြောင့် လက်ခံနိုင်သော ဆုံးဖြတ်ချက်ဖြစ်ပေသည်။

"ကျေးဇူးပြုပြီး" အဆင့်ရှစ်ရန်ဟောင်က တောင်ထိပ်ပေါ်ရှိ 'ပျက်စီးခြင်း' ကို ပြောလိုက်သည်။

'ပျက်စီးခြင်း' ၏ ခန္ဓာကိုယ်က ရှေ့သို့ ရွေ့သွားကာ လမ်းစဉ်ဖွေရှာစင်မြင့်၏ အထက် လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ သူက ပြိုင်ဘက်ကို မကြည့်ဘဲ တောင်ထွတ်နှစ်ခုကြားရှိ နေရာကို မျက်နှာချင်းဆိုင်ထားသည်။ ထိုနေရာ၌ ဖောက်ထွင်းမြင်ရသော မှန်တစ်ချပ် ရှိနေ၏။ ထိုမှန်ကို ဖြတ်ကာ လှိုင်းဂယက်လေးများက အဆက်မပြတ် စီးဆင်းနေပုံရသည်။ ၎င်းက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံပင် ဖြစ်သည်။

တုန်းဟွာကျောင်းတော်၏ ကျင့်ကြံသူများက ထိုနေရာ၌ လမ်းစဉ်ကို မရှာဖွေခင် သူတို့၏ နတ်ဝင်ရိုးက ပြီးပြည့်စုံနေသော သူများဖြစ်ပါက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို အသုံးပြုကာ သူတို့၏ နတ်ဝင်ရိုး အဆင့်ကို တိုင်းတာ၍ မည်မျှ အားကောင်းသန်မာသည်ကို သိရှိနိုင်ကြပေသည်။

'ပျက်စီးခြင်း' လမ်းလျှောက်လာပြီး ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို ကြည့်လိုက်ကာ သူ၏ နတ်ဝင်ရိုးက နတ်ကြေးမုံကို အလင်းမည်မျှများများ ထုတ်လွှတ်စေနိုင်မည်ကို သိချင်နေခဲ့သည်။

သူ့အား စိန်ခေါ်လာသည့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်က သူ့ကို မ
နှောက်ယှက်ဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူက ဆက်လျှောက်မလာခဲ့ပေ။ သူ၏ နတ်ဝင်ရိုးက ပြီးပြည့်စုံခြင်း မရှိလေရာ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက သူ့ကို တုံ့ပြန်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် နတ်ဝင်ရိုးကို အဆင့်ခွဲခြားရန် မလိုအပ်ပေ။ အစကတည်းက သူ့ဘက်မှ အရေးနိမ့်နေပြီး ဖြစ်သည်။

"'ပျက်စီးခြင်း' ရဲ့ နတ်ဝင်ရိုးက ဘယ်လောက် အားကောင်းမယ်ထင်လဲ။" လူအများက 'ပျက်စီးခြင်း' ကို စူးစိုက်ကြည့်လိုက်ကြသည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါလှိုင်းတစ်ခု ထွက်ပေါ်လာ၏။ သူ့အထက်တွင် မဟာလမ်းစဉ်၏ အနက်ရောင် ရှေးဟောင်းသစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။ ၎င်း၏ အမြစ်များက တွယ်နေခဲ့ပြီး ကျယ်ပြောသော နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ချက်ချင်းပင် နတ်ကြေးမုံက သူ့ခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်လာ၏။ မှန်ထဲတွင် အနက်ရောင် သစ်ပင်တစ်ပင် ပေါ်ပေါက်လာသည်။ 'ပျက်စီးခြင်း' ၏ ခန္ဓာကိုယ်ကို နတ်အလင်းတို့က လွှမ်းခြုံထားသည်။ ကြေးမုံနှင့် သူက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသလို ထင်မှတ်ရသည်။ နတ်အလင်းက နတ်ကြေးမုံထက် ပေါ်ပေါက်လာပြီး အလွှာတစ်ခု ပေါ်ထွန်းလာပေသည်။ လူအများက ထိုနေရာသို့ စိုက်ကြည့်နေကြသည်။

"ပေါ်လာပြီ။" လူတိုင်းက နတ်ကြေးမုံကို စိုက်ကြည့်​နေကြပြီး အလွန် လျင်မြန်စွာပင် ရှေးဟောင်းသစ်ပင်အနီး၌ ဒုတိယအလွှာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် ၎င်းက ရပ်တန့်သွားခြင်း မရှိသေးပေ။ နတ်အလင်းတတိယအလွှာ စီးဆင်းလာသောအခါ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများထံမှ အသံတချို့ ထွက်ပေါ်လာသည်။ အချို့က ထိုအကြောင်းကို ဆွေးနွေးနေကြ၏။

"အဆင့်သုံးဝင်ရိုး" အဝေးမှ လူအများက ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ ၎င်းမှာ အဆင့်သုံးနတ်ဝင်ရိုးက အားမကောင်း၍ မဟုတ်ပေ။ သို့သော် သူတို့ သိထားသည့်အတိုင်းဆိုလျှင် ၎င်းက 'ပျက်စီးခြင်း' ၏ အစွမ်းထက်ဆုံး နတ်ဝင်ရိုး မဟုတ်ပေ။ သူ့တွင် အဓိက နတ်ဝင်ရိုး နှစ်ခု ရှိသည်။ ပျက်စီးခြင်းနတ်နန်းတော်ရှိ 'ပျက်စီးခြင်း' မျိုးဆက်တိုင်းသည် 'ဖျက်ဆီးခြင်း' နတ်ဝင်ရိုးကို ဖွဲ့စည်းရန် လိုအပ်ပေသည်။ ထိုသည်မှာ 'ပျက်စီးခြင်း' ၏ ပင်မနတ်ဝင်ရိုး ဖြစ်သည်။

ထိုရှေးဟောင်းသစ်ပင်ကပင် နတ်အလင်းသုံးလွှာ ထုတ်လွှတ်နေခဲ့သည်။ ဆိုလိုသည်မှာ သူ၏ 'ဖျက်ဆီးခြင်းဝင်ရိုး' က သေချာပေါက် နတ်အလင်းသုံးလွှာထက် ကျော်လွန်လိမ့်မည် ဖြစ်သည်။

အမှန်တကယ်ပင် နတ်အလင်းသုံးလွှာ ထွက်ပေါ်ပြီးနောက် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှ ရောင်စဉ်တို့က စီးဆင်းမှု ရပ်တန့်သွားသည်။

သို့သော် 'ပျက်စီးခြင်း' က မရပ်တန့်ခဲ့ပေ။ သူ့ထံမှ ပို၍ အားကောင်းသော အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ထိုကျဆင်းလာသော အရှိန်အဝါတို့က ရှေးကျ၍ မြင့်မြတ်ပေသည်။ သူ့ထံမှ အကန့်အသတ်မဲ့ ဖျက်ဆီးခြင်းစွမ်းအားများ ထွက်ပေါ်နေသည်ကို ဝိုးတဝါး ခံစားမိနိုင်ကြပေသည်။ အနက်ရောင်ဖျက်ဆီးခြင်းနတ်နန်းတော်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းက အနည်းငယ် နူးညံ့သိမ်မွေ့ပုံရသော်လည်း နတ်ကြေးမုံက ချက်ချင်းဖမ်းမိခဲ့သည်။ နတ်ကြေးမုံ၏ အလင်း တို့က နတ်နန်းတော်ပေါ်သို့ ဖြာကျနေပြီး မျက်စိကျိန်းလောက်အောင်ပင် ဖြစ်နေသည်။

နတ်အလင်းလွှာများက အနီးတဝိုက်တွင် ရစ်ဝဲနေသည်။ အချိန်တခဏအတွင်း နတ်ကြေးမုံအတွင်း နတ်အလင်းလွှာသုံးခု ပေါ်ပေါက်လာသည်။ ခမ်းနားထည်ဝါသော အလင်းတို့ကလေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တောင်ထိပ်ကို ရောင်ပြန်ဟပ်နေသည်။ လူအများက အံ့သြတုန်လှုပ်မှုအပြည့်နှင့် ကြည့်လိုက်ကြသည်။

ထို့အပြင် ယခုအခါ၌ အရာအားလုံးက မရပ်တန့်သေးပုံရလေသည်။ အလွန် လျင်မြန်စွာဖြင့် စတုတ္ထနတ်အလင်း ထွက်ပေါ်လာသည်။ ၎င်းက ပို၍ပင် ခမ်းနားထည်ဝါပေသည်။ နတ်ကြေးမုံပေါ်ရှိ ရောင်ဝါများက ပို၍ပင် တောက်ပလာကာ မျက်စိကျိန်းလုနီးပါး ဖြစ်လာခဲ့သည်။

"အထင်ကြီးလောက်ပဲ။" တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက မှတ်ချက်ချလိုက်သည်။ နတ်အလင်း၏ စတုတ္ထအလွှာက ထွက်ပေါ်လာသော်လည်း ထိုနေရာ၌ မရပ်တန့်သေးပေ။ သူက အမှန်တကယ် ပျက်စီးခြင်းနတ်ဘုရားနန်းတော် ၏ ဆက်ခံသူ ပီသပေသည်။


လင်းရှောင်နန်းတော်ရှိရာဘက်တွင် လင်းဟယ်၏ မျက်လုံးများက ထိုနေရာသို့ ကြည့်နေခဲ့သည်။ သူ၏ စိတ်အခြေအနေက ယခု သူမြင်နေရသော မြင်ကွင်းကြောင့် အနှောက်အယှက် ဖြစ်သွားခဲ့သည်။ သူသည် ယခင်က သူ၏ နတ်ဝင်ရိုးကို စမ်းသပ်ခဲ့ဖူးသည်။ ထိုအချိန်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံသည် နတ်အလင်း သုံးလွှာကိုသာ ထုတ်လွှတ်နိုင်ခဲ့၏။ တုန်းဟွာကျောင်းတော်မှ စီနီယာများ၏ တွက်ချက်မှုအရ နတ်ဝင်ရိုးအဆင့်က ပိုမြင့်လေ ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်သည့် အခွင့်အရေးများလေ ဖြစ်သည်။

အခြားတစ်ဖက်တွင် ထိုသူ၏ နတ်ဝင်ရိုးအဆင့်က မြင့်မားသည့်အတွက် သူက အဆင့်မြင့်ရန်ဟောင်အဆင့်သို့ ချိုးဖျက်ရောက်ရှိသောအခါ ပြီးပြည့်စုံသော မဟာလမ်းစဉ်အဖြစ် ကျန်ရစ်နေမည့် အခွင့်အရေးက ပို၍ မြင့်မားသည်ဟု ဆိုလိုပေသည်။

တုန်းဟွာကျောင်းတော်၏ စီနီယာတချို့သည်လည်း သူတို့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ တိတ်ဆိတ်စွာ တွေးတောနေကြသည်။ ကြည့်ရသည်မှာ ကျန်းယွဲ့လီနှင့် ကျုံးချန်၏ နတ်ဝင်ရိုးသည်လည်း အဆင့်နိမ့်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူတို့က စီနီယာများ၏ မှန်းဆချက် မှန်ကန်ကြောင်း သက်သေပြပေးပေလိမ့်မည်။ လူတစ်ယောက်၏ မဟာလမ်းစဉ်က ပြီးပြည့်စုံသောအခါ အဆင့်မြင့်ရန်ဟောင်တစ်ပါး၏ နတ်ဝင်ရိုးသည် အနည်းဆုံး အဆင့်သုံး ရှိပေလိမ့်မည်။ ၎င်းသည် နတ်ကြေးမုံအတွင်း အနည်းဆုံး နတ်အလင်းသုံးလွှာ ထွက်ပေါ်စေလိမ့်မည်။

ထိုသည်မှာ သက်သေပြချက်မရှိဘဲ ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်လှသည်။ ထိုအရေအတွက်များသည် သေချာသည့် စည်းမျဉ်းများအတွင်း ရှိနေခဲ့၏။

"နတ်အလင်းလွှာ ငါးခု ရှိနေပြီ။" လူအများက မှန်ကို ကြည့်လိုက်ကြသည်။ 'ပျက်စီးခြင်း' ၏ နတ်ဝင်ရိုးအဆင့်သည် နင်ဟွာမှအပ တုန်းဟွာကျောင်းတော်ရှိ အခြားတပည့်များထက် ပို၍ မြင့်မားပေသည်။

နတ်ကြေးမုံမှ အလင်းက မျက်စိဖမ်းစားလောက်အောင် မှင်တက်ဖွယ်ကောင်းပေသည်။ သို့သော်လည်း အဆုံးမှာတော့ နတ်အလင်းခြောက်လွှာ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ ဆိုလိုသည်မှာ 'ပျက်စီးခြင်း' ၏ နတ်ဝင်ရိုးက နင်ဟွာထက် နိမ့်ကျနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများသည် ထိုအဖြေအား အနည်းငယ် လက်ခံနိုင်ခြင်း ဖြစ်ပေသည်။

အဆုံးမှာတော့ 'ပျက်စီးခြင်း' က အလွန် ကျော်ကြားနေပြီး ဖြစ်သည်။ တုန်းဟွာနယ်မြေ၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်လေးယောက်၏ ဂုဏ်သတင်းမှာ နေ့ခင်းဘက်၏ နေမင်းကဲ့သို့ပင် ထင်ရှားလှသည်။

သို့သော် 'ပျက်စီးခြင်း' အမူအရာမဲ့စွာနှင့် ရှိနေခဲ့သည်။ သူက နတ်အလင်းလွှာငါးခုအတွက် ကျေနပ်နေခြင်းရှိမရှိကို မည်သူမှ မသိကြပေ။ သူက နတ်ဝင်ရိုး၏ အလင်းများကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက လေထဲကို ဖြတ်ကာ လျှောက်လာပြီး တုန်းဟွာကျောင်းတော်မှ အဆင့်ရှစ်တန်ခိုးရှင်၏ အရှေ့တွင် ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက်က လေဟာနယ်အတွင်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။

ရှေးဟောင်းတောင်ထွတ်များ ဝန်းရံခံထားရသည့် လမ်းစဉ်ဖွေရှာစင်မြင့်က အလွန်ကျယ်ဝန်းလှသည်။ ထိုသည်မှာ တိုက်ပွဲဲဝင်သူများကို စိတ်ကြိုက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ဖန်တီးပေးထားခြင်း ဖြစ်သည်။

"ခင်ဗျား ဘာလုပ်နိုင်လဲဆိုတာ ပြ။" 'ပျက်စီးခြင်း' က သူ့ပြိုင်ဘက်ကို ပြောလိုက်သည်။ ချက်ချင်းပင် အဆင့်ရှစ် တန်ခိုးရှင်၏ နတ်ဝင်ရိုးက ထွက်ပေါ်လာသည်။ ၎င်းက ကျောက်တံတိုင်းကြီးတစ်ခုကဲ့သို့ အလွန်ကြီးမား၍ အဆုံးအစမဲ့သော ရွှေရောင်ပန်းချီကားတစ်ချပ် ဖြစ်သည်။ ၎င်းက ထက်ရှသော ခံစားချက်ကို ပေးစွမ်းပေသည်။

ချက်ချင်းပင် အဆုံးမဲ့ ရွှေရောင်အလင်းများက ကောင်းကင်တွင် ထွက်ပေါ်လာပြီး မဟာလမ်းစဉ် နတ်ဝင်ရိုး ပန်းချီကားပေါ်တွင် တောက်ပသော အလင်းတို့ ဖြစ်တည်လာ၏။ ဝင်္ကပါတစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာပုံရသည်။ ရွှေရောင်ပုံရိပ်များက ထိုဝင်္ကပါအနီး စီးဆင်းလာ၏။ တောက်ပသော ရွှေရောင်အလင်းတန်းများက သတ်ဖြတ်ရန် ရည်ရွယ်ချက်များကို မြှုပ်နှံကာ 'ပျက်စီးခြင်း' ဆီသို့ တည်မတ်စွာ ဆင်းသက်လာ၏။.

'ပျက်စီးခြင်း' ထံမှ အရှိန်အဝါတို့က ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလာသည်။ ဖျက်ဆီးခြင်းစွမ်းအားတို့က ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး တလောကလုံးကို မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ သူ့ခန္ဓာကိုယ်ထက်၌ အနက်ရောင်သစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။ သစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များက အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကျက်လာကာ မရေတွက်နိုင်သော ခြေတံလက်တံများကဲ့သို့ သူ့အနီးဝန်းကျင် လေဟာနယ်တွင် ထွက်ပေါ်လာ၏။

ရွှစ်... ရွှစ်...

စူးရှသည့် ထိုးဖောက်သံက အဝေးသို့ပင် ပဲ့တင်ထပ်လာသည်။ ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုက 'ပျက်စီးခြင်း' အထက်တွင် ပေါ်ပေါက်လာပြီး ရွှေရောင်အလင်းများက မဟာလမ်းစဉ်စွမ်းအင်စီးကြောင်းကဲ့သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ သို့သော်လည်း အနက်ရောင် ဖျက်ဆီးခြင်း နတ်အလင်းတို့က 'ပျက်စီးခြင်း' ထံမှ အထက်သို့ ထိုးတက်လာ၏။ မဟာလမ်းစဉ် စွမ်းအင်လှိုင်းများ ဖြစ်သည့် ရွှေရောင်နှင့် အနက်ရောင် နတ်အလင်းတို့က လေဟာနယ်အတွင်း ထိပ်တိုက်တွေ့သွားခဲ့ကြသည်။ ထိုထိပ်တိုက်တွေ့မှုမှ ဖျက်ဆီးခြင်းကပ်ဘေး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

တုန်းဟွာကျောင်းတော်မှ ရန်ဟောင်များက လေထဲတွင် လွင့်မျောနေသည်။ မဟာလမ်းစဉ်၏ နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ရွှေရောင်ချပ်ဝတ်တစ်ခုက သူ့ခန္ဓာထက် ထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ကို ပေးစွမ်းနေသည်။ အဆုံးမဲ့ နတ်အလင်းတို့က သူနှင့်အတူ အောက်သို့ ကျဆင်းလာသည်။ နောက်တခဏ၌ သူ၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်တွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်တို့နှင့် အလင်းတန်းတစ်ခုက 'ပျက်စီးခြင်း' ထံသို့ တိုက်ရိုက်တိုးဝင်လာ၏။ ၎င်းသည် ပတ်ဝန်းကျင်တခွင်ကို လွှမ်းခြုံထားသည့် အနက်ရောင် ဖျက်ဆီးခြင်း အလင်းတို့ကိို ထိုးဖောက်သွားလေသည်။

ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး လောကတခွင်ကို မီးခိုးရောင်အဖြစ် ပြောင်းလဲသွားစေသည်။ သူ၏ ပြိုင်ဘက်က သူ့အနားသို့ ကပ်လာသည်ကို မြင်သည့်အခါ၌ပင် 'ပျက်စီးခြင်း' က မတုံ့ပြန်ခဲ့ပေ။ သူက မလှုပ်ရှားဘဲ ထိုနေရာ၌ ရပ်နေခဲ့၏။ နတ်အလင်းက နှိုင်းယဉ်၍ မရအောင် လျင်မြန်လှသော်လည်း ထိုအခိုက်၌ 'ပျက်စီးခြင်း' က လှုပ်ရှားမှုပြုလိုက်သည်အား သတိထားမိလိုက်ကြသည်။ သူက လက်ကို မြှောက်ကာ ရှေ့သို့ ညွှန်ပြလိုက်၏။

ရွှေရောင်အလင်းက ရပ်တန့်သွားပြီး ရွှေရောင်ပုံရိပ်ယောင်များက လေထဲ၌ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း လက်ချောင်းတစ်ချောင်းသာ အရှေ့တွင် ပေါ်ပေါက်လာ၏။ လက်ချောင်းထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ထိုပတ်ဝန်းကျင်အတွင်းရှိ အနက်ရောင်သတ်​ဖြတ်ခြင်းစွမ်းအင်တို့က လက်ချောင်းအတွင်း စုပ်ယူခံလိုက်ရသည်။ ကြောက်မက်ဖွယ် အနက်ရောင်အလင်းတို့က ကောင်းကင်ကို ထိုးဖောက်သွားသည်။

"အဲဒါ သေဆုံးခြင်းလက်ချောင်းပဲ။ ဂရုစိုက်။" တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက်က သတိပေးလိုက်သည်။ သို့သော်လည်း အလွန် နောက်ကျသွားပြီ ဖြစ်၏။ သေဆုံးခြင်းလက်ချောင်း ထွက်ပေါ်လာသည့်အခါ အရာအားလုံး သေဆုံးသွားမည် ဖြစ်သည်။

ဘုန်း...

ကြောက်ရွံ့တုန်လှုပ်ဖွယ် အမှောင်ထုက ပတ်ဝန်းကျင်တခွင်လုံးကို လွှမ်းခြုံသွားသည်။ ရွှေရောင်နတ်အလင်းသည်ပင် ဝါးမြိုခံလိုက်ရ၏။ လူအုပ်ကြီးသည် ပုံရိပ်တစ်ခုပ အပြင်ဘက်သို့ လွင့်စင်သွားပြီး ဝင်္ကပါနှင့် တိုက်မိသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ အသံတစ်ခု ပဲ့တင်ကာ ထွက်လာပြီး ဝင်္ကပါအား ပြင်းထန်စွာ တုန်ယင်သွားသည်။

တလောလုံးက အရောင်အဆင်းကင်းမဲ့သွားပုံရလေသည်။ အနက်ရောင်အလင်းတန်းများက လေဟာနယ်ကို ဖြတ်သန်းသွားသည်။ 'ပျက်စီးခြင်း' ၏ အရှေ့တွင် အလင်းတန်းများ ပေါ်ပေါက်လာသည်။ ထိုဖျက်ဆီးခြင်းစွမ်းအားများ စီးဆင်းလာသည့်အခါ လူတိုင်း၏ နှလုံးသားများက အေးစက်လာခဲ့သည်။

သေဆုံးခြင်းလက်ချောင်းက ပျက်စီးခြင်းနတ်ဘုရားနန်းတော် ၏ အန္တိမစွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းတွင် ထိတ်လန့် ကြောက်ရွံ့ဖွယ် စွမ်းအားများ ပါဝင်နေသည်။

လက်တစ်ချောင်းနှင့်ပင် တိုက်ခိုက်သော်ငြား အဆင့်ရှစ် ရန်ဟောင်၏ အသက်စွမ်းအားက အလွန် အားနည်းလာခဲ့သည်။ သူ၏ မဟာလမ်းစဉ်က ထိခိုက်မှုအများအပြား ရရှိသွား၏။ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားလေသည်။

***

အပိုင်း(၂၀၁၈)ပျက်စီးခြင်းဝင်ရိုး

အဆင့်ရှစ်တန်ခိုးရှင်က လက်ချောင်းတစ်ခုကြောင့် ရှုံးနိမ့်ခဲ့သည်။

တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက 'ပျက်စီးခြင်း' ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မှုန်မှိုင်းမှုများ ရှိနေခဲ့သည်။ မဟာလမ်းစဉ်အရှိန်အဝါတို့က နေရာအသီးသီး၌ ရပ်နေသော တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များအနီးတွင် စီးဆင်းနေသည်။ သူ၏ အဝတ်များက တဖျတ်ဖျတ်လွင့်နေပြီး သူတို့က 'ပျက်စီးခြင်း' အား တိုက်ခိုက်ရန် စိန်ခေါ်ချင်နေပုံရသည်။

ဤ 'ပျက်စီးခြင်း' က ပျက်စီးခြင်းနတ်နန်းတော်အတွင်း ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ သူက အလွန် မောက်မာဝံ့ကြွားလှသည်။

"အဆင့်ကိုး တန်ခိုးရှင်ကို ခင်ဗျားတို့ စေလွှတ်နိုင်ရင် အကောင်းဆုံးပဲ။" 'ပျက်စီးခြင်း' က တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ တုန်းဟွာကျောင်းတော်မှ အဆင့်ရှစ်ရန်ဟောင် တပည့်ပင် သူနှင့် ယဉ်နိုင်စွမ်း မရှိချေ။ သူက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသည်။ သူသည် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှ နတ်အလင်းငါးလွှာထိ ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူ့ထက် အဆင့်တစ်ဆင့်သာ မြင့်သူက သူ၏ ပြိုင်ဘက်ဖြစ်ရန် လုံလောက်မှု မရှိပေ။

ထို့အပြင် ထိုလက်ချောင်းက အန္တိမတိုက်ခိုက်မှု ဖြစ်ပါသော်လည်း သူ၏ အစစ်အမှန် ခွန်အားကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။ သူက သာမန်အတိုင်း လက်ညွှန်လိုက်ခြင်းသာ ဖြစ်သည်။ သူက ပျက်စီးခြင်းနတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်လျှင် သူ၏ ပြိုင်ဘက်သည် နတ်ဝင်ရိုး၏ စွမ်းအားတစ်ခုတည်းကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ သူ၏ ပြိုင်ဘက်သည် တိုက်ရိုက်ဖျက်ဆီးခံရလိမ့်မည်ဖြစ်ကာ သူသည်ပင် လှုပ်ရှားရန်လိုလိုက်လိမ့်မည် မဟုတ်ပေ။ သူနှင့် သူ၏ ပြိုင်ဘက်က တူညီသော အဆင့်၌ပင် ရှိမနေဟု ဆိုနိုင်ပေသည်။

အခြားသော တန်ခိုးရှင်များကလည်း ၎င်းကို နားလည်ကြပေသည်။ ပျက်စီးခြင်းနတ်ဝင်ရိုးက နတ်ဘုရားအဆင့်နီးပါး သမိုင်းကြောင်း ရှိပေသည်။ အဆင့်ရှစ်တန်ခိုးရှင်တစ်ယောက်သည်ပင် ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်သွားရသည်။ သို့သော်လည်း သူက အဆင့်ခုနစ်ရန်ဟောင်တစ်ပါးသာ ဖြစ်သည့်အတွက် အဆင့်ကိုးရန်ဟောင်အား စေလွှတ်ခြင်းက မသင့်တော်ပေ။

အဆင့်ရှစ်ရန်ဟောင်က စင်မြင့်ထက်မှ ထွက်ခွာသွားပြီးနောက် တုန်းဟွာကျောင်းတော်က အဆင့်ကိုး တန်ခိုးရှင်ကို စေလွှတ်ရလိမ့်မည် ဖြစ်သည်။

"ကြည့်ရတာ 'ပျက်စီးခြင်း' က တုန်းဟွာကောင်းကင်အတွင်းက ထိပ်သီးအဆင့်တွေကို စိန်ခေါ်ချင်နေပုံပဲ။" လီချန်ရှန်းက တောင်ထွတ်တစ်ခုပေါ်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့်အတူ ရပ်​နေရင်း တီးတိုးပြောလိုက်သည်။ နင်ဟွာက ထိပ်သီး တန်ခိုးရှင်လေးယောက်အကြား နံပါတ်တစ် ဖြစ်သည်။ သူ့တွင် အလွန် မြင့်မားသော ဂုဏ်သတင်း ရှိသည်။ အခြားတစ်ဖက်တွင် 'ပျက်စီးခြင်း' က တတိယအဆင့်၌ ရှိနေသူ ဖြစ်သည်။ အစွမ်းထက်ဆုံးနှင့် အကျော်ကြားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အနေနှင့် သူက နင်ဟွာကို သေချာပေါက် တွေ့ဆုံချင်လိမ့်မည်ဖြစ်သည်။

သူသာ တုန်းဟွာကျောင်းတော်မှ လူအားလုံးကို အနိုင်ယူနိုင်ခဲ့လျှင် နင်ဟွာက ဖိအားဖြစ်ကာ ထွက်လာရတော့မည် ဖြစ်ပေသည်။

"သူက သတ္တမဆင့်ပဲ ရှိသေးတာ။ ကျွန်တော့် အထင်တော့ ဒါက စိန်ခေါ်မှုတစ်ခုပဲ။ တုန်းဟွာကျောင်းတော်က တစ်စုံတစ်ယောက်က သူ့ကို ရပ်တန့်နိုင်စွမ်း ရှိသင့်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။ 'ပျက်စီးခြင်း' ၏ မဟာလမ်းစဉ်က ပြီးပြည့်စုံပြီး သူ့ တိုက်ခိုက်ရေးစွမ်းအားကသာ သန်မာလျှင် ပြီးပြည့်စုံသော မဟာလမ်းစဉ်မရှိသည့် အဆင့်ကိုးမှ ကျင့်ကြံသူအား သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်။

သို့သော်လည်း ဤနေရာက တုန်းဟွာကျောင်းတော် ဖြစ်သည်။ လင်းဟယ်ကဲ့သို့ လူမျိုးကအများကြီး မရှိလျှင်ပင် ရှိတော့ ရှိနိုင်ပေသည်။ သူတို့လိုလူများအတွက် သူတို့၏ မဟာလမ်းစဉ် ၌ ချို့ယွင်းချက်တို့ ပေါ်ပေါက်လာလျှင်ပင် သူတို့က အစွမ်းထက်နေဆဲ ဖြစ်သည်။ သူတို့အား ပုံမှန်ရန်ဟောင်တစ်ပါးအဖြစ် သတ်မှတ်၍ မရနိုင်ပေ။ သူတို့က အဆင့်နှစ်ခုကြားတွင် ရှိနေသူများ ဖြစ်၏။ ထို့အပြင် ဤသည်မှာ တုန်းဟွာကျောင်းတော်ဖြစ်ပြီး တုန်းဟွာနယ်မြေ၏ ထိပ်တန်းကျင့်ကြံရေးနေရာ ဖြစ်သည်။ ထိုနေရာ၌ သေချာပေါက် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိပေသည်။

ထို့​ကြောင့် ရီဖူရှင်း၏ အမြင်အရ 'ပျက်စီးခြင်း' က တုန်းဟွာကျောင်းတော်မှ လူအားလုံးကို အနိုင်ယူလိုလျှင် သူက အနည်းဆုံး အဆင့်ရှစ်သို့ရောက်ရှိနေရမည် ဖြစ်သည်။

"အင်း" လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ "တုန်းဟွာနယ်မြေရဲ့ ထိပ်တန်းကျင့်ကြံရေးနေရာတစ်ခုအတွက် ဒီနေရာမှာ အစွမ်းထက် တန်ခိုးရှင်တွေ ရှားပါးမှာ မဟုတ်ဘူး။ ကျုပ်တို့ အရင်က မျက်မြင်တွေ့ဖူးတယ်။ တချို့ တန်ခိုးရှင်တွေက ကျောင်းတော်ထဲမှာ ပုန်းကွယ်နေကြတာ။ တုန်းဟွာကျောင်းတော်ထဲက တချို့ အဆင့်အတန်း မြင့်မားတဲ့ ကျင့်ကြံသူတွေရဲ့ ခွန်အားကို အထူးတလည်ပြောနေစရာ မလိုဘူး။ သူတို့က အရမ်းအားကောင်းတယ်။ အကြီးပိုင်းမျိုးဆက်ကလူတွေ ဝင်ကူညီစရာမလိုဘူး။ ဒါပေမယ့် 'ပျက်စီးခြင်း' ကို ရှုံးအောင် လုပ်နိုင်တဲ့သူ သိပ်မရှိဘူး။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
'ပျက်စီးခြင်း' က အမှန်တကယ် အားကောင်းလှသည်။ ယခု သူ တွေ့မိသမျှ ကောင်းကင်ဒေသအတွင်း ထိပ်သီးအဆင့် ပုဂ္ဂိုလ်များမှာ သာမန် ရန်ဟောင်များ မဟုတ်ကြပေ။ နင်ဟွာ၊
'ပျက်စီးခြင်း' နှင့် ကျန်လူများမှာ တုန်းဟွာနယ်မြေအတွင်း အထူးချွန်ဆုံး တန်ခိုးရှင်များ ဖြစ်ကြသည်။

ထိုအခိုက်တွင် တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ ထွက်လာခဲ့သည်။ လူတိုင်းက ထိုလူကို ကြည့်လိုက်ကြပြီး မျှော်လင့်ထားသလိုပင် အဆင့်ကိုး ရန်ဟောင်တစ်ပါး ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အဝေးမှ ဓားတစ်လက်ကျဆင်းလာသည်။ ၎င်းသည် လေထဲ​တွင် ပျံသန်းနေပြီး အသံတစ်ခုက နောက်မှ လိုက်ပါလာသည်။ "ကျုပ် ပြိုင်ပါရစေ။"

ထိုအသံက အလွန် တည်ငြိမ်နေပြီး ၎င်းသည် လူများကို လုံခြုံသလို ခံစားရစေသည်။ ယင်းအသံက ဓားမှ ထွက်ပေါ်လာသလို ထင်မှတ်ရသည်။

တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက ခေါင်းမော့ကြည့်လိုက်သည့်အခါ ဓားတစ်လက်ကို မြင်တွေ့လိုက်ရပြီး သူတို့​က ချက်ချင်းပင် မည်သူ့ဓားဖြစ်ကြောင်း သိလိုက်ကြသည်။

"ကောင်းပြီ။" အစပိုင်းတွင် တွေဝေခြင်းမရှိဘဲ လမ်းလျှောက်ထွက်လာသော အဆင့်ကိုး တန်ခိုးရှင်က နောက်ရောက်လာသူအား သူ့နေရာကို ယူခွင့်ပေးကာ ထွက်ခွာသွားတော့သည်။

သိသာစွာပင် သူက အသစ်ရောက်လာသူ၏ ခွန်အားကို အလွန်ယုံကြည်ပုံရသည်။

ကောင်းကင်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူက မျောလွင့်နေသော ဓားပေါ်တွင် ရပ်နေကာ 'ပျက်စီးခြင်း' အား ငုံ့ကြည့်လိုက်သည်။

သူက အသက်မငယ်တော့ဘဲ ငါးဆယ် ခြောက်ဆယ်ခန့်ရှိ လူတစ်ယောက် ဖြစ်သည်။ သူက အချိန်ကြာမြင့်စွာကပင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ သူ၏ ဆံပင်ကို သူ့နောက်တွင် ရှင်းလင်းသပ်ရပ်စွာ ချည်နှောင်ထားသည်။ သူက အလွန် ရိုးရှင်းသော အပြာရောင်ဖျော့ဖျော့ကို ဝတ်ဆင်ထားသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် သာမန်ဖြစ်သော်လည်း သူ့တွင် ထူးခြားပြောင်မြောက်လှသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ သူက ရုပ်ဝတ္ထုအရာအားလုံးကို စွန့်လွှတ်ကာ မူလအစစ်အမှန်သို့ ပြန်လည်ရောက်ရှိသွားသော အခြေအနေဖြစ်ပုံရသည်။

"စီနီယာအစ်ကို" တုန်းဟွားကျောင်းတော်မှ လူအများက သူ့အား ကျယ်လောင်စွာ မိတ်ဆက်လိုက်သည်။ သူတို့က လေထဲမှ ပုံရိပ်ကို ကြည့်ကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။ သူတို့က ထိုစီနီယာအပေါ် လေးစားမှုထားကြသည်မှာ သိသာပေသည်။

ရီဖူရှင်းထံ၌ စိတ်ဝင်စားသော အမူအရာတို့ ဖြစ်ပေါ်လာသည်။ ထိုစီနီယာက အတော်ပင် အသက်ကြီးနေပြီ ​ဖြစ်၏။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည့် ထိပ်သီးအဆင့် ရန်ဟောင်တစ်ပါးဖြစ်သော်လည်း သူက တုန်းဟွာကျောင်းတော်၏ တပည့်တစ်ယောက်သာ ဖြစ်ကာ အကြီးအကဲ မဟုတ်သေးပေ။ ၎င်းက အတော်လေး စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

သို့သော်လည်း ထိုသည်မှာ ပုံမှန်ပင် ဖြစ်သည်။ တုန်းဟွာနယ်မြေ၏ ထိပ်တန်းကျင့်ကြံရေးနေရာတစ်ခု အနေနှင့် သေချာပေါက် အသက်အရွယ် ကန့်သတ်ထားလိမ့်မည် မဟုတ်ပေ။ ဤနေရာသို့ သင်ကြားပြသမှု ခံယူရန် လာကြသူများမှာ အတော်လေး အိုမင်းနေနိုင်ပေသည်။

"ဓားသမားတစ်ယောက်ပဲ။" လီချန်ရှန်းက လေထဲတွင် မျောလွင့်နေသော ထိုသူကို ကြည့်ကာ မည်သူဖြစ်သည်အား မှတ်မိသွားပုံပေါ်သည်။ သူက ခပ်တိုးတိုး ​ပြောလိုက်၏။ "လိပ်နက် ဓားအင်ပါယာပဲ။"

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူအချို့က လိပ်နက် ဓားအင်ပါယာအကြောင်းကို ကြားဖူးကြသော်လည်း သူတို့က သူ၏ တိုက်ခိုက်မှုကိုတော့ မျက်မြင်မတွေ့ဖူးကြပေ။

ထိုလိပ်နက် ဓားအင်ပါယာက အလွန်ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်ကာ အစွမ်းထက်လှသည်။ သူက လွန်ခဲ့သော နှစ်များစွာကပင် အဆင့်ကိုးရန်ဟောင် ဖြစ်လာခြင်း ဖြစ်သည်။ သူက ယခု ရန်ဟောင် အထွတ်အထိပ်အဆင့်သို့ ရောက်နေနိုင်ပေသည်။ လူအများသည် လိပ်နက် ဓားအင်ပါယာက မဟာလမ်းစဉ် ကန့်သတ်မှုကို ချိုးဖောက်၍ နောက်တစ်ဆင့်သို့ တက်နိုင်မည့် အခွင့်အရေးရှိလိမ့်မည်ဟု ထင်မှတ်ကြသည်။ သို့သော် ထိုသည်မှာ ဖြစ်နိုင်ချေသာ ဖြစ်ကာ ထိုအဆင့်သို့ တက်ရောက်ရန်မှာ အလွန် ခက်ခဲပေသည်။

'ပျက်စီးခြင်း' က လေထဲမှ လိပ်နက် ဓားအင်ပါယာကို မော့ကြည့်လိုက်ပြီး သူ၏ အမူအရာက မပြောင်းမလဲပင် ရှိနေရင်း ပြောလိုက်သည်။ "ကျေးဇူးပြုပြီး...။"

သူ ပြောပြီးသွားသည်နှင့် မရေတွက်နိုင်သော မီးခိုးရောင်အလင်းတန်းများက 'ပျက်စီးခြင်း' ထံမှ လေထဲသို့ စီးဆင်းလာသည်။ ကျယ်ပြောသော ကောင်းကင်နှင့် မြေကြီးသည် ထိုစွမ်းအင်များနှင့် ချိပ်ပိတ်ခံထားရသလို ထင်မှတ်ရသည်။ တစ်ချိန်တည်းတွင် လိပ်နက် ဓားအင်ပါယာ၏ အနီး၌ ပြင်းထန်လှသည့် ဓားစွမ်းအားများ ထွက်ပေါ်လာသည်။ ဓားများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်အတွင်း မျောလွင့်နေသည်။ ဓားတိုင်း၏ အပေါ်တွင် ပန်းချီတစ်ချပ် ရှိနေသလို ထင်မှတ်ရသည်။ ကောင်းကင်ထက်တွင် ဓားအလင်းလွှာတစ်ခုပေါ်ပေါက်လာကာ ထောင်သောင်းချီသော နတ်ဓားများက နေရာအနှံ့ ထွက်ပေါ်လာ၏။

ဘုန်း...

မဟာလမ်းစဉ်နယ်မြေအတွင်း
'ပျက်စီးခြင်း' က တိုက်ခိုက်မှုကို အစပျိုးလိုက်သည်။ မရေတွက်နိုင်သော အနက်ရောင်အလင်းတန်းများက လိပ်နက် ဓားအင်ပါယာဆီသို့ တိုးဝင်သွားသည်။ ထိုအနက်ရောင်အလင်းများတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ သို့သော်လည်း လိပ်နက် ဓားအင်ပါယာအနီးရှိ ဓားများက သူ့အနီးတွင် လှည့်ပတ်​နေကာ ထိုဓားများက သာမန်ထက် ပို၍ များပြားလာသည်။ လိပ်နက် ဓားအင်ပါယာကို ကန့်သတ်ဓားနယ်မြေတစ်ခုက လွှမ်းမိုးလာသည်။ ထို့နောက် ကြီးမားလှသော အနက်ရောင်လိပ်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။

ထိုဓားများက လိပ်နက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အနက်ရောင်အလင်းတန်းများက တည့်မတ်စွာ ရိုက်ခတ်လာလျှင်ပင် ယင်းတို့ကို ချိုးဖျက်နိုင်စွမ်းမရှိပေ။

ပိုမိုများပြားသော ဓားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ဖွဲ့စည်းလာပြီး လိပ်နက်ကြီး၏ ခန္ဓာကိုယ်ကို ပို၍ ကြီးမားလာ​စေသည်။ ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ကြီးမားသော ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ လေးလံ၊ မှိုင်းညို့ပြီး သတ်ဖြတ်ခြင်းတို့ ပါဝင်နေသည့် စွမ်းအားသည် လိပ်နက် ဓားဝင်္ကပါမှ အပြင်ဘက်သို့ ထိုးဖောက်လာကာ အောက်ဘ​က်ရှိ လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

'ပျက်စီးခြင်း' က သူ့ခေါင်းကို မော့လိုက်၏။ လေဟာနယ်အထက်တွင် အဆုံးမဲ့ ကြီးမားလှသည့် လိပ်နက်တစ်ကောင်က ကောင်းကင်ကို ပိတ်ကွယ်တားဆီးထား၏။ သူတို့က လမ်းစဉ်ဖွေရှာစင်မြင့်တွင် မဟုတ်သော်လည်း လိပ်နက်စွမ်းအားများက ပို၍ အားကောင်းလာသည်။

သူ၏ မဟာလမ်းစဉ်စွမ်းအား နယ်ပယ်ကလည်း ပိုကျယ်ပြန့်လာ၏။ အကန့်အသတ်မဲ့ ဖျက်ဆီးခြင်းစွမ်းအားများက ကောင်းကင်တွင် လွှမ်းခြုံထားပြီး လိပ်နက် ဓားဝင်္ကပါအား လွှမ်းမိုးလိုက်သည်။ 'ပျက်စီးခြင်း' ၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်​နေပြီး အထက်သို့ ဆက်လက်မြင့်တက်လာနေသည်။ သူက လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လျှင် လက်ချောင်းထိပ်၌ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ဘုန်း...

၎င်းသည် သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ သူ လက်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်ပြီး သေဆုံးခြင်းလက်ချောင်းကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် အကန့်အသတ်မဲ့ ဖျက်ဆီးခြင်းစွမ်းအားများက ပေါက်ကွဲထွက်လာသည်။ ထိုလက်ချောင်းမှ အနက်ရောင်အလင်းတန်းများက လေထဲတွင် ထွက်ပေါ်လာသည်။ ယင်းတို့က လေထဲသို့ ထိုးထွက်သွားပြီး ပြိုင်ဘက်ထံ တိုးဝင်သွားသည်။

တစ်ချိန်တည်းတွင် အလင်းဓားများ အောက်သို့ ကျဆင်းလာ၏။ လိပ်နက် ဓားဝင်္ကပါမှ ဓားများက တစ်လက်ပြီးတစ်လက် အဆက်မပြတ် ကျဆင်းလာကာ လေဟာနယ်တစ်ခုလုံးကို ဖိနှိပ်ထားသည်။ ကောင်းကင်မှ လိပ်နက်က ခပ်တိုးတိုး အော်ဟစ်လိုက်၏။ လိပ်နက် ဓားအင်ပါယာက အောက်သို့ ညွှန်ပြလိုက်သည်။ ချက်ချင်းပင် အဆုံးမဲ့ ကြီးမားလှသော လိပ်နက်က အောက်သို့ ထိုးဆင်းလာ၏။ ဓားဝင်္ကပါက ကျဆင်းလာပြီး သေဆုံးခြင်းလက်ချောင်းနှင့် ထိခတ်သွားသည်။

ထိုအလင်းတန်းနှစ်ခု တွေ့ဆုံသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ တစ်ချိန်တွင် ပျက်စီးသွားလေသည်။ လိပ်နက် ဓားဝင်္ကပါ၏ လွှမ်းမိုးနိုင်သော စွမ်းအားတို့က အောက်သို့ ထိုးဆင်းလာပြီး 'ပျက်စီးခြင်း' ကို နောက်သို့ ဆုတ်ခွာသွားစေသည်။

မရေတွက်နိုင်သော အနက်ရောင် အကိုင်းအခက်များက လေထဲရှိ ဓားဝင်္ကပါနှင့် တွေ့ဆုံသွားသော်လည်း အားလုံးက ပျက်စီးသွားခဲ့သည်။

ခရက်...

ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး 'ပျက်စီးခြင်း' ၏ အထက်တွင် အနက်ရောင်နတ်နန်းတော်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းတွင် ပျက်စီးခြင်းအရှိန်အဝါတို့ သယ်ဆောင်ထားသည်။ ယင်းသည် သူ၏ အဓိက နတ်ဝင်ရိုးဖြစ်သော ပျက်စီးခြင်းဝင်ရိုးဖြစ်သည်။

ဘုန်း!.. ကောင်းကင်ထက်တွင် အရာအားလုံး မှောင်မည်းသွားသည်။ လောကတစ်ခုလုံးတွင် အမှောင်ထုက ကြီးစိုးနေပြီး ကမ္ဘာကြီး အဆုံးသတ်သွားတော့မလိုပင် ဖြစ်သည်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် ပျက်စီးခြင်းစွမ်းအား၊ ဖျက်ဆီးခြင်းအရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်။ မရေတွက်နိုင်သော အနက်ရောင် သံကွင်းဆက်ကြိုးများက နတ်နန်းတော်မှ ထွက်ပေါ်လာကာ ကောင်းကင်သို့တိုင် ရောက်ရှိပြီး လိပ်နက် ဓားအင်ပါယာဆီသို့ တိုးဝင်လာသည်။

ထိုသံကွင်းဆက်ကြိုးများက လေဟာနယ်တစ်ခုလုံးကို ချိပ်ပိတ်ထားကာ ကောင်းကင်နှင့် မြေကြီး အဘက်ဘက်မှ လွှမ်းခြုံလာသည်။

'ပျက်စီးခြင်း' က အောက်ဘက်မှာ ရပ်နေခဲ့သည်။ သူက ပျက်စီးခြင်းဝင်ရိုး၏ အရှိန်အဝါတို့နှင့် လွှမ်းခြုံခံထားရပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုအခိုက်အတန့်တွင် အဆုံးအစမဲ့ ကြီးမားလှသော လိပ်နက်ကြီးက ဖျက်ဆီးခြင်းအနက်ရောင်လောကအတွင်း ချိပ်ပိတ်ခံထားရပုံရလေသည်။

"ပျက်စီးခြင်းကပ်ဘေး"

'ပျက်စီးခြင်း' က ပြောလိုက်သည်။ ချက်ချင်းပင် ထောင်သောင်းချီသော အလင်းတန်းများက ပျက်စီးခြင်းဝင်ရိုးမှ ပေါက်ကွဲထွက်လာသည်။ အလင်းတန်းများသည် လိပ်နက် ဓားအင်ပါယာဆီသို့ တိုးဝင်သွားသည်။ ထိုမြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

***

အပိုင်း(၂၀၁၉)နတ်ဝင်ရိုးအဆင့်များ

လမ်းစဉ်ဖွေရှာတောင်ထွတ်၏ အပေါ်တွင် နေရာအနှံ့မှ တန်ခိုးရှင်များအားလုံးက တိုင်ပွဲမြေပြင်သို့ အာရုံစူးစိုက်နေကြသည်။ ဖျက်ဆီးခြင်း မြင်ကွင်းက ကျောချမ်းဖွယ်ပင် ဖြစ်၏။

ကောင်းကင်အထက်တွင် ကြီးမားလှသော လိပ်နက် ဓားဝင်္ကပါပေါ်သို့ ကျရောက်လာသည့် ဖျက်ဆီးခြင်း မုန်တိုင်းက အဆက်မပြတ် ကျရောက်လာသည့်အတွက် ၎င်းကို တုန်ခါလာစေသည်။ မျက်စိ ကျိန်းလောက်သော အလင်းများက လိပ်နက် ဓားအင်ပါယာထံမှ ထွက်ပေါ်လာသည်။ ကြီးမားလှသော လိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဓား၀င်္ကပါ အတွင်းသို့ ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် အနက်ရောင် လိပ်ကြီးက တဖြည်းဖြည်း ကြီးမားလာပြီး ဓားအရည်အတွက်ကလည်း တိုးမြင့်လာသည်။

ဖျက်ဆီးခြင်းမုန်တိုင်းက ပျောက်ကွယ်မသွားပဲ အောက်သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ ထို့အပြင် ၎င်းတို့က သံကွင်းဆက်ကြိုးများ အဖြစ်သို့ ပြောင်းလဲသွားပြီး လိပ်နက်ဓားဝင်္ကပါကို ရစ်ပတ်လိုက်ကာ ဓား၀င်္ကပါ တစ်ခုလုံးကို ချိတ်ပိတ်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် ပျက်ဆီးခြင်းဝင်ရိုးက မဟာလမ်းစဉ်၏ အဆုံးမဲ့ စွမ်းအားများကို ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ချိတ်ပိတ်လိုက်သည်။

'ပျက်စီးခြင်း' က သူ၏ ပျက်ဆီးခြင်း ဝင်ရိုးအောက်တွင် ရပ်နေခဲ့သည်။ ပျက်ဆီးခြင်းရောင်ဝါများက သူ့ကို လွှမ်းခြုံထားပြီး သူသည် ကြောက်မက်ဖွယ် အနက်ရောင်ချပ်၀တ်နှင့် ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရပေသည်။ သူ၏ ခန္ဓာကိုယ်က ကြီးမားလှပြီး ဖျက်ဆီးခြင်း စစ်နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ကာ ဖျက်ဆီးခြင်း မုန်တိုင်းက လိပ်နက် ဓား ဝင်္ကပါအနီးတွင် ချိန်းကြိုးများသဖွယ် ရစ်ပတ်နေပြီး သူ၏ ထိန်းချုပ်မှုအတွင်းသို့ အပြည့်အဝ ကျရောက်သွားသည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ချက်ချင်းပင် အကန့်အသတ်မဲ့သော ဖျက်ဆီးခြင်းအလင်းများထံမှ အစွမ်းထက်လှသော ဖျက်ဆီးခြင်းစွမ်းအားများ ထွက်ပေါ်လာကာ ဓားဝင်္ကပါအား ​ချေမှုန်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လိပ်နက် ဓား၀င်္ကပါက ၎င်း၏ ကန့်သတ်နယ်မြေကို ဖန်တီးလိုက်ပြီး လိပ်နက် ဓားအင်ပါယာသည် သူ့ကိုယ်သူ ကန့်သတ်နယ်မြေအတွင်း၌ ပိတ်လှောင်ထားသည်။ အမှန်တကယ်ပင်သူက ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား တိုက်ရိုက်ရင်ဆိုင်ချင်နေသည်။

မဟာလမ်းစဉ်တုန်ခါသံများက ထွက်ပေါ်လာပြီး လိပ်နက် ဓား၀င်္ကပါက တုန်ယင်လာသည်။ ၎င်းက အမှန်တကယ် ဖိနှိပ်ခံနေရပေသည်။ ကြီးမားလှသော ဓားဝင်္ကပါကြီးတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ၎င်းသည် လေဟာနယ်တစ်ခုလုံးကို အလွန် လေးလံသွားစေပြီး ထွက်ပြေးရန်ပင် ခက်ခဲလှပေသည်။

စစ်နတ်ဘုရားအဖြစ် ပြောင်းလဲထားသည့် 'ပျက်စီးခြင်း' သည် ထိုပြင်းထန်လှသည့် စွမ်းအားကို တောင့်ခံရင်း သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ့ မျက်လုံးများမှ ကြောက်မက်ဖွယ် အနက်ရောင် အလင်းတို့ကို ထုတ်လွှတ်နေသည်။ ကောင်းကင်ထက်တွင် ပျက်စီးခြင်း နတ်ဝင်ရိုးက ထောင်ပေါင်းများစွာသော ဖျက်ဆီးခြင်း မုန်တိုင်းတို့ကို ထုတ်လွှတ်နေကာ အဆုံးမဲ့ လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံထား၏။ ထိုဖျက်ဆီးခြင်း မုန်တိုင်းများသည် ချက်ချင်းပင် 'ပျက်စီးခြင်း'၏ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားသည်။ ထိုအခိုက်အတန့်တွင် သူသည် အစွမ်းထက် သေဆုံးခြင်း လက်ချောင်း၏ စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်ဟု ထင်မှတ်ရသည်။

သို့သော်လည်း သူ့ကို ရစ်ပတ်နေသော ဖျက်ဆီးခြင်းမုန်တိုင်းတို့က တစ်ခုတည်း အဖြစ်သို့ ​ပေါင်းစည်းသွားသည်။ သန်းပေါင်းများစွာသော ဖျက်ဆီးခြင်း မုန်တိုင်းတို့က သူ၏ လက်ဝါးထက်တွင် စုစည်းလာပြီး အလွန် ပြင်းထန်လှသည့် ကပ်ဘေးမုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုဖျက်ဆီးခြင်း ကပ်ဘေး၏ ကြောက်မက်ဖွယ်ရာ မုန်တိုင်းက တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားသည်။ သူ၏ လက်တွင် အနက်ရောင် နတ်ဆိုးဓားတစ်လက် ထွက်ပေါ်လာသည်။

အကန့်အသတ်မဲ့ ဖျက်ဆီးခြင်းအလင်းတို့က ဓားကို ရစ်ပတ်နေပြီး အနက်ရောင် အလင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဖျက်ဆီးခြင်း စွမ်းအားက အသက်ရှုရပ်လောက်အောင် စိမ့်ထွက်နေခဲ့သည်။

ဓားကို ကြည့်ရင်း တုန်းဟွာကျောင်းတော်မှ အားလုံးသော တန်ခိုးရှင်များက ဤမျက်လုံးထဲ၌ လေးနက်သော အကြည့်သို့ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဓားနည်းစနစ်သည် ဖျက်ဆီးခြင်းနတ်နန်းတော်အတွင်းသို့ ကျဆင်းလာခဲ့သည်။ 'ပျက်စီးခြင်း' က သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်ပီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအား တစ်ခုက တိမ်တိုက်များအတွင်းသို့ တည့်မက်စွာ တိုးဝင်သွားခဲ့သည်။

စစ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲထားသော သူက ဖျက်ဆီးခြင်း ဓားသွားဖြင့် လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင် လေဟာနယ်က အမှောင်စွမ်းအင် ဖျက်ဆီးခြင်း အလင်းများကြောင့် နှစ်ခြမ်း ကွဲထွက်သွားသလို ထင်မှတ်လိုက်ပေသည်။ ထိုခုတ်ပိုင်းချက်က လေဟာနယ်ကိုပင် ခုတ်ဖြတ်သွားနိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် လိပ်နက်ဓားအင်ပါယာ၏ မျက်လုံးများက လေးနက်လာသည်။ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော လိပ်နက် ဓားဝင်္ကပါမှ အဆုံးအစမဲ့သော ဓားစွမ်းရည်များ ထွက်ပေါ်လာပြီး ဓားတစ်လက်အတွင်းသို့ ပေါင်းစည်းသွားကာ သူ၏ ဘေး၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်များက ဓားချိပ်စည်း သဏ္ဍာန် ပုံဖော်ခဲ့ကာ ဓားဝင်္ကပါကို လိပ်နက် ဓားတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။

သူက အောက်သို့ ငုံ့ကြည့်လိုက်လျှင် အလွန်တောက်ပသော အလင်းများပေါက်ကွဲထွက်လာသည်။ ထိုအလင်းတို့မှာ ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်သော ဓားစွမ်းအားများပင် ဖြစ်လေသည်။ သူက လိပ်နက်ဓားကို ကိုင်ဆွဲထားသော အခါ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိပေသည်။

ဖျက်ဆီးခြင်း အလင်းနှစ်ခုက ကောင်းကင်ထဲ၌ အချင်းချင်း ထိခတ်သွားကြသည်။ ဓားနှင့် ဓားပြားကြီးတို့က အချင်းချင်း ခုတ်ပိုင်းမိသွားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ် လှုပ်ရှားမှုများ ဖြစ်ပေါ်လာကာ ဝင်္ကပါများက ပြတ်စီးသွားပုံရလေသည်။ အဆုံးမဲ့ ဖျက်ဆီးခြင်း ကပ်ဘေးစွမ်းအားများက လိပ်နက်ဓား၀င်္ကပါ၏ ခုခံကာကွယ်မှုအတွင်းသို့ တည့်မတ်စွာ ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် လိပ်နက်ကြီးတစ်ကောင်၏ ပုံရိပ်က လိပ်နက် ဓားအင်ပါယာ၏ နောက်ကျော၌ ထွက်ပေါ်လာသည်။ ၎င်းသည် ကြီးမားသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"စီနီယာအစ်ကို။" လူအများက လိပ်နက်ဓားအင်ပါယာကို ကြည့်လိုက်ကြသည်။ ဖျက်ဆီးခြင်း မုန််တိုင်းက လိပ်နက် ဓားဝင်္ကပါဆီသို့ တည့်မတ်စွာ တိုးဝင်လာနေသည်။ လိပ်နက်ပုံရိပ် အပေါ်တွင် ဖျက်ဆီးခြင်းအလင်းလှိုင်းတို့ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို သက်ရောက်လာစေသည်။

သို့သော်လည်း သူ၏ ရှည်လျားသော ဝတ်ရုံကြီးက တဖျတ်ဖျတ် လွင့်နေကာ အံ့သြထိတ်လန့်ဖွယ်ကောင်းသော မဟာလမ်းစဉ်အရှိန်အဝါတို့ကို အပြင်ဘက်သို့ ထုတ်လွှတ်ထားသည်။ သူက နောက်သို့ ခြေလှမ်းတစ်ဝက်မျှပင် ဆုတ်ခွာရန် ငြင်းဆန်နေခဲ့သည်။ သူ၏ မျက်လုံးများတွင် နတ်အလင်းများကဲ့သို့ တောက်ပနေပြီး သူက အောက်ဘက်ရှိ လေဟာနယ်ကို စိုက်ကြည့်နေခဲ့သည်။

အဆုံးမဲ့ ဓားစွမ်းအင် များမှာ ဖျက်ဆီးခြင်းဓားသွားကို ဖြတ်သန်းသွားပြီး အနက်ရောင် ပုံရိပ်ကို တည့်မတ်စွာ ရိုက်ခတ်သွားခဲ့သည်။ လိပ်နက် ဓားအင်ပါယာသည် သူ၏ ပြိုင်ဘက်က ဆုတ်ခွာမသွားလျှင် သူသည်လည်း နောက်သို့ ဆုတ်ခွာလိမ့်မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက် ပြတ်သားသော မျက်ဝန်းများနှင့် တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

'ပျက်စီးခြင်း'က သူ၏ ခေါင်းကို မော့လိုက်ပြီး သူ၏ ပိတုန်းရောင် မျက်လုံးများက လေထဲရှိပုံရိပ်ပေါ်တွင် အာရုံစိုက်ထားလိုက်သည်။ တုန်ခါ သံကြီးတစ်ခုက သူ့ခန္ဓာကိုယ််မှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာနေပြီး သူ့ပါးစပ်၏ ထောင့်မှ လတ်ဆတ်သော သွေးများ စီးကျလာခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများတွင် ဆုံးဖြတ်ချက်များနှင့် ပြတ်သားနေခဲ့၏။ သူက ထိုအဖြစ်ကြောင့်နှင့် စိတ်အနှောက်အယှက်အဖြစ်ခံမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လိပ်နက် ဓားအင်ပါယာထံမှ လွန်စွာ တောက်ပသော အလင်းရောင်သို့ ဖြာကျလာသည်။ လိပ်နက်ကြီး၏ ပုံရိပ်က နောက်တစ်ကြိမ် လင်းလက် သွားပြန်တာ သူက စကားလုံးတစ်လုံးကို ပြောထုတ်လိုက်သည်။ "ကျိုးပျက်စမ်း။"

သူက ပြောလိုက်သည်နှင့် အက်ကွဲသည့်အသံတစ်ခုက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်းဓားသွားက တစ်လက်မချင်း အက်ကွဲလိုက်လာ၏။ တစ်ချိန်တည်းမှာပင် သူ့ဓားသည်လည်း အက်ကွဲကာ ပျက်စီးသွားခဲ့သည်။ သူတို့ နှစ်ယောက်စလုံးသည် ပေါက်ကွဲမှုကြောင့် တစ်ချိန်တည်းတွင် အနောက်သို့ လွင့်စင်သွားခဲ့သည်။

သူတို့နှစ်ယောက်ရပ်တန့်လိုက်သောအခါ သူတို့၏ အရှိန်အဝါများက မတည်မငြိမ် ဖြစ်နေခဲ့သည်။ လိပ်နက်ဓား အင်ပါယာ၏ ဝတ်ရုံက ဆုတ်ဖြဲခံထားရပြီး သူ၏ ဆံပင်ရှည်များကလည်း ရှုပ်ထွေးနေကာ လေထဲတွင် လွင့်မျောနေသည်။

'ပျက်စီးခြင်း'က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ၏ အကြည့်များက သူ့ ဆန့်ကျင်ဘက်တွင် ရပ်နေသော ပုံရိပ်ပေါ်တွင် တည်မြဲနေခဲ့သည်။

"ဒါကို ကံကောင်းတယ်လို့ ပြောကြရအောင်။ မင်းရဲ့ အဆင့်က ဒီထက် နည်းနည်းပိုမြင့်နေခဲ့ရင် ကျုပ် ဒီတိုက်ခိုက်မှုကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ နောက်နှစ်အနည်းငယ် ​ကြာတဲ့အခါ ကျုပ် ကျိန်းသေ ရှုံးနိမ့်လိမ့်မယ်။" လိပ်နက် ဓားအင်ပါယာက ပြောလိုက်သည်။ သူသည် အနည်းငယ် နှိမ့်ချစွာ နေထိုင်တတ်ပုံရသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး ထိပ်တန်းရန်ဟောင်တစ်ပါး ဖြစ်လာသော်လည်း အဆင့်ခုနစ်ရန်ဟောင် ဂျူနီယာလေးတစ်ယောက်နှင့် တိုက်ခိုက်ရာတွင် အရေးသာခြင်း မရှိခဲ့ပေ။ ပြီးပြည့်စုံသော မဟာလမ်းစဉ်မှ ထိုတိုက်ပွဲစွမ်းရည်ကို ပေးစွမ်းခဲ့ခြင်း ​ဖြစ်သည်။ သူ၏ အလားအလာက အမှန်တကယ်ပင် အကန့်အသတ်မဲ့လှသည်။

"ရှုံးတာက ရှုံးတာပဲ။ ကံနဲ့ မဆိုင်ဘူး။"
'ပျက်စီးခြင်း' ၏ အသံက အေးစက်နေကာ အမြဲ ထိုကဲ့သို့ ဖြစ်နေသလိုပင် ဖြစ်၏။ သူက အမြဲလိုလို အေးစက်ကာ ခံစားချက်မဲ့သည့် ပုံနှင့်ဖြစ်သော်လည်း သူ တိုက်ပွဲတွင် ရှုံးကြောင်း ဝန်ခံခဲ့သည်။

သူက ထိုကိစ္စနှင့် ပတ်သတ်ပြီး စိတ်ပျက်အားလျော့လိမ့်မည် မဟုတ်ပေ။ သူက မာနကြီးက နင်ဟွာနှင့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များအား စိန်ခေါ်ချင်နေလျှင်ပင် သူက မရှုံးနိုင်ဟု အမှန်တကယ် ယုံကြည်နေခြင်း မဟုတ်ပေ။ ဤနေရာမှာ တုန်းဟွာနယ်မြေ၏ ထိပ်တန်းအဆင့် ကျောင်းတော်တစ်ခု ဖြစ်သည်။ သူက မောက်မာဝံ့ကြွားသော်လည်း မျက်စိစုံမှိတ်ကာ ယုံကြည်ချက်လွန်ကဲနေခြင်း မဟုတ်ပေ။

သူတို့နှစ်ယောက်က သက်ဆိုင်ရာ တောင်ထွတ်များသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ 'ပျက်စီးခြင်း' က တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းနေသည်။ သူက ယခု တိုက်ပွဲတွင် ဒဏ်ရာအများအပြား ရရှိခဲ့သည်။ ထိုဒဏ်ရာများက အပေါ်ယံတွင် မ​မြင်နိုင်သော်လည်း သူ့ကဲ့သို့သော လူမျိုးပင် သွေးအန်ရလေရာ သူရရှိခဲ့သည့် ဒဏ်ရာများက အသေးအဖွဲမဟုတ်ပေ။ ထို့ကြောင့် သူက ခေတ္တမျှ အနားယူကာ ခွန်အား ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။

လျှိုချင်ကျူးက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "ပျက်စီးခြင်းနတ်နန်း​တော်က သူတို့နယ်မြေရဲ့ အုပ်ချုပ်သူပဲ။ ဒီမျိုးဆက်ရဲ့ ပျက်စီးခြင်းနတ်ဘုရားဆက်ခံသူက တကယ်ပဲ အစွမ်းထက်တယ်။ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက သက်ဆိုင်ရာ ကုန်းမြေတွေက ကိုယ်စားပြုသူတွေပဲ။ မင်းတို့ ဒီအခွင့်အရေးကို အသုံးချပြီး အချင်းချင်း ယှဉ်လို့ရတယ်။ မင်းတို့မှာ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ရှိရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို အသုံးပြုပြီး မင်းတို့ နတ်ဝင်ရိုးအဆင့်ကို စစ်ဆေးလို့ရတယ်။"

လူအများသည် မြူနှင်းဝေနတ်နန်းတော်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်သို့ ကြည့်လိုက်သည်။ သူတို့က ကျန်းယွဲ့လီနှင့် ကျုံးချန်ကို ကြည့်နေကြခြင်း ဖြစ်သည်။

လူတိုင်းသည် 'ပျက်စီးခြင်း' ၏ လွှမ်းမိုးနိုင်သော ခွန်အားကို မြင်တွေ့ပြီး ဖြစ်သည်။ ၎င်းနှစ်ယောက်က 'ပျက်စီးခြင်း' နှင့် အဆင့်တူတွင် ရှိနေသည့်အတွက်ကြောင့် လူတိုင်းက သူတို့၏ ခွန်အား မည်မျှ သန်မာမည်ကို သိချင်နေကြသည်။ 'ပျက်စီးခြင်း' က သူ၏ နတ်ဝင်ရိုးအဆင့်ကို အကဲဖြတ်ပြီး ဖြစ်သည်။ သို့ဆိုလျှင် ကျန်းယွဲ့လီနှင့် ကျုံးချန်တို့၏ နတ်ဝင်ရိုးက နတ်အလင်းအလွှာ မည်မျှ ထုတ်လွှတ်နိုင်မည်နည်း။

လူအများက အလွန် သိချင်စိတ်ပြင်းပြနေကြသည်။

ထိုသည်ကို ကြည့်ရင်း လျှိုချင်ကျူးက ပြုံးကာ ​ပြောလိုက်သည်။ "လူတိုင်းက နတ်မိမယ်ကျန်းနဲ့ ကျုံးချန်ကို သိချင်နေကြပုံပဲ။ ခင်ဗျားတို့ နှစ်​ယောက်က လူတိုင်းရဲ့ သိချင်စိတ်ကို ဖြည့်စည်းမပေးချင်ဘူးလား။"

ကျန်းယွဲ့လီက ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ကျက်သရေရှိ ထည်ဝါစွာ ရပ်နေခဲ့ပြီး သူမ၏ တောက်ပသော မျက်လုံးများက ကျုံးချန်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီလိုဆို ကျုံးချန် အရင်သွားကြည့်ရင်ရော ဘယ်လိုလဲ။"

သိသာစွာပင် သူက မငြင်းဆန်ခဲ့ပေ။ သူမအတွက် ထိုအရာမျိုးက ဖုံးကွယ်ထားရန် မလိုပေ။ ထို့အပြင် သူမက သူမ၏ နတ်ဝင်ရိုးအဆင့်ကို အနည်းငယ် သိချင်စိတ် ဖြစ်မိပေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်တွင် လူတိုင်းက အရှေ့ရှိ ကျုံးချန်ကို ကြည့်လိုက်ကြသည်။ လီချန်ရှန်းက ပြုံးကာ ပြောလိုက်၏။ "ညီလေးကျုံး ကံကောင်းပါစေ။"

"ကောင်းပါပြီ။" ကျုံးချန်က ခေါင်းညိတ်ကာ တည်ငြိမ်စွာ လျှောက်ထွက်လာ၏။ သူ၏ ပုံရိပ်က မျောလွင့်သွားကာ လမ်းစဉ်ဖွေရှာစင်မြင့်ထက် ဆင်းသက်၍ ရှေးဟောင်းတောင်ထွတ် နှစ်ခုကြားရှိ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို မျက်နှာချင်းဆိုင်လိုက်သည်။

နောက်တခဏတွင် ကျုံးချန်သည် သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်၏။ ၎င်းသည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖိနှိပ်ခြင်း အရှိန်အဝါတို့ ပါဝင်နေသည့် ကျောက်စာချပ်တစ်ခု ဖြစ်လေသည်။

သူ၏ နတ်ဝင်ရိုးက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ ပေါ်ပေါက်လာသည်။ အလင်းများက ကျုံးချန်ပေါ်၌ တောက်ပနေပြီး နတ်ကြေးမုံအတွင်း ရောင်ပြန်ဟပ်လာသည်။ အလင်းလွှာများ ပေါ်ပေါ်လာသည့်အခါ လူအများက အာရုံစိုက်လိုက်ကြ၏။

ကျုံးချန်သည်လည်း ကြေးမုံကို ကြည့်နေခဲ့သည်။ သူ့ကို သူ့ဆရာက ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက သူ့ဆရာနှင့် အတော်လေး တူညီပြီး သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုကြောင့် သူ၏ နတ်ဝင်ရိုးအဆင့်က မည်သို့ နိမ့်နိုင်ပါမည်နည်း။

လူတိုင်း၏ အကြည့်များအောက်မှာပင် နတ်အလင်းတို့က တောက်ပလာသည်။ မကြာခင်၌ နတ်အလင်းငါးလွှာ ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက အလွန် တောက်ပနေပေသည်။ လူတိုင်းက တိတ်တဆိတ် အံ့သြသွားခဲ့ကြသည်။ ကျုံးချန်နှင့် 'ပျက်စီးခြင်း' က အတူတူပင် ဖြစ်သည်။ သူတို့၏ မဟာလမ်းစဉ်နတ်ဝင်ရိုးအဆင့်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ အလင်းလွှာငါးခု ဖြစ်ပေါ်လာစေသည်။

အဝေးတွင် ရှိနေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က အစက ကျုံးချန်၏ နတ်ဝင်ရိုးအဆင့်က 'ပျက်စီးခြင်း' ထက် နိမ့်နေမည်ကို စိုးရိမ်နေကြသော်လည်း ကြည့်ရသည်မှာ သူတို့ အကဲပိုသွားပုံပင်။ ထိုသို့သော ကျင့်ကြံရေးအဆင့်မျိုးနှင့် ကျုံးချန်က တစ်ဖက်လူထက် မည်သို့ နိမ့်ကျပါမည်နည်း။

ကျုံးချန်က အတော်လေး တည်ငြိမ်နေသည်။ သူက အံ့အားသင့်ခြင်း မရှိသလို စိတ်ပျက်ခြင်းလည်း မရှိပေ။ သူက ခေါင်းမော့ကာ ကျန်းယွဲ့လီအား ပြုံးကြည့်ကာ ပြောလိုက်သည်။ "နတ်မိမယ်ကျန်း ကျေးဇူးပြုပြီး..."

သူက ပြောပြီးသွားသည်နှင့် ကိုယ့်နေရာကိုယ် ပြန်လာခဲ့သည်။ လီချန်ရှန်းက သူ့နောက်ကျောက်ု ပုတ်လိုက်၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် တုန်းဟွာနယ်မြေအတွင်း အလွှမ်းမိုးနိုင်ဆုံး လေးယောက်ထဲမှ တစ်ယောက်အဖြစ် ပါဝင်ရန် လွယ်ကူသည် မဟုတ်ပေ။

ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်ပြီး သူမ၏ ပုံရိပ်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင်သို့ ဆင်းသက်လာသည်။ သူမ၏ နတ်ဝင်ရိုးက ဓားတစ်လက်သဏ္ဌာန် ရှိသည်။ သူမ၏ ဓားထွက်ပေါ်လာသောအခါ လေဟာနယ်တစ်ခုလုံး အေးခဲသွားသယောင် ခံစားလိုက်ရသည်။ ၎င်းသည် အလွန် အေးစက်သော အေးစိမ့်လရိပ်ဓားသွား ဖြစ်သည်။ ဓားက အေးခဲနေသော လမင်းတစ်စင်းကဲ့သို့ ဖြစ်သည်။ ၎င်းမှ အလင်းတို့ ထွက်ပေါ်လာပြီး လူတိုင်းသည် အရိုးထဲထိ အေးစိမ့်နေသော အေးခဲသည့် အရှိန်အဝါကို ခံစားမိလိုက်ကြသည်။

ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း ဓားထွက်ပေါ်လာသောအခါ ရေခဲနှင့် နှင်းများက နတ်ကြေးမုံအတွင်း ထွက်ပေါ်လာပြီး မှန်တစ်ခုလုံးကို အဖြူရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ထိုမှန်သည် ဓား၏ အေးစက်သော စွမ်းအားတို့ကို ခံစားမိလိုက်ပုံရသည်။

နတ်အလင်းလွှာတို့က ထွက်ပေါ်လာပြီး ရလဒ်မှာ ကျုံးချန်၊ 'ပျက်စီးခြင်း' တို့နှင့် အတူတူပင် ဖြစ်သည်။ ယင်း၌ နတ်အလင်းငါးလွှာရှိပေသည်။ တန်ခိုးရှင်သုံးယောက်၌ တူညီသော နတ်ဝင်ရိုးအဆင့် ရှိကြသည်။ ထိုသည်မှာ တုန်းဟွာကျောင်းတော်၏ ခန့်မှန်းချက်ဖြစ်သော ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့် ရန်ဟောင်တစ်ပါး၏ နတ်ဝင်ရိုးအဆင့်က အလင်းလွှာ လေးခုမှ ခြောက်ခုအထိ ရှိနိုင်ပေသည်။

နင်ဟွာ၏ နတ်ဝင်ရိုးက အဆင့်ခြောက်ရှိပြီး ကျန်သုံးယောက်မှာ အဆင့်ငါးချင်း အတူတူဖြစ်ကြသည်။

ကြည့်ရှုနေသူများ၏ ရင်ထဲ၌ လှိုင်းဂယက်လေးများ ထနေခဲ့သည်။ အမှန်တကယ်ပင် နင်ဟွာအား မည်သူမှ မဖိနှိပ်နိုင်ကြပေ။ သူတို့အားလုံးက သူ့ထက် အားနည်းပေသည်။ သို့သော်လည်း သူတို့သုံးယောက်က အချင်းချင်း မရင်းနှီးကြပေ။ ဤသည်က သူတို့၏ တိုက်ပွဲစွမ်းရည်နှင့် မပတ်သတ်ဘဲ သူတို့၏ နတ်ဝင်ရိုးအဆင့်ကိုသာ ဖော်ပြခြင်း ဖြစ်သည်။

တူညီစွာပင် ကျန်းယွဲ့လီသည်လည်း စိတ်ခံစားချက်တစ်စုံတစ်ရာ မပြသဘဲ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များ ရှိနေသည့်နေရာသို့ ပြန်လာခဲ့သည်။

သူမက နင်ဟွာနှင့် အဆင့်မတူသည့်အတွက် နှမြောစရာကောင်းလျှင်ပင် နင်ဟွာက မည်သည့်အတွက် အကျော်ကြားဆုံး ဖြစ်နေရသနည်းဟူသည့် အကြောင်းပြချက်ရှိသည်။ သူတို့သည် ယခင်က အချင်းချင်း လုံးဝ မတိုက်ခိုက်ခဲ့ဖူးသော်လည်း သူမက သူ့အမည်အား အကြိမ်များစွာ ကြားဖူးသည်။

"မဆိုးဘူး။" လျှိုချင်ကျူးက ချီးမွမ်းလိုက်သည်။ "တုန်းဟွာနယ်မြေရဲ့ အကျော်ကြားဆုံး လေးယောက်ထဲမှာ သုံးယောက်က ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုး အဆင့်ငါးမှာ ရှိတယ်။ တကယ့်ကို ထိုက်တန်ပါပေတယ်။ အခု ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ရှိပြီး ကိုယ့် နတ်ဝင်ရိုးအဆင့်ကိုယ် သိချင်တဲ့သူများ ရှိသေးလား။"

အဆင့်မြင့်ရန်ဟောင်များကြားတွင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်သူ ရှားပါးသော်လည်း အလယ်အလတ်နှင့် အဆင့်နိမ့်ရန်ဟောင်များကြားတွင် အများအပြား ရှိပေသည်။ ထိုလူများကြားတွင် ကျုံးချန်တို့ သုံးယောက်နှင့် နတ်ဝင်ရိုးအဆင့် တူသူ သို့မဟုတ် သူတို့နှင့် နီးစပ်သော နတ်ဝင်ရိုး အဆင့်လေး ရှိသူများလည်း ရှိနိုင်ပေသည်။

***

အပိုင်း(၂၀၂၀)အကဲဖြတ်ခြင်း

အမျိုးမျိုးသော တောင်ထွတ်များပေါ်တွင် ကျင့်ကြံသူများအားလုံးက ထိုဝန်းကျင်ရှိ လူများကို ကြည့်လိုက်ကြ၏။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ စမ်းသပ်စစ်ဆေးကြပြီး ဖြစ်တာကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရန် မလိုအပ်တော့ပေ။

အခြားကျင့်ကြံသူများအတွက် တုန်းဟွာကျောင်းတော်သို့ ပထမဆုံးခြေချလာခြင်း ဖြစ်သည်။ သူတို့အတွက် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက အရှေ့၌ ရပ်နိုင်ရန် အခွင့်အရေးက ရှားပါးလှပေရာ ကိုယ်ပိုင်နတ်ဝင်ရိုးအဆင့်ကို အကဲဖြတ်ကြည့်သင့်ပေသည်။

"မြူနှင်းဝေနတ်နန်းတော်ရဲ့ အဓိကနတ်မိမယ် သုံးယောက်မှာ ကျန်တဲ့ နှစ်ယောက်ကလည်း ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားတယ်။ သေချာပေါက် ခင်ဗျားတို့ရဲ့ နတ်ဝင်ရိုးအဆင့်ကလည်း နိမ့်ကျမှာ မဟုတ်ဘူး။ စမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားလား။" တုန်းဟွာကျောင်းတော်၏ တပည့်တစ်ယောက်က ပြောလိုက်သည်။

မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်၏ တိုက်ရိုက်တပည့် သုံးယောက်လုံးက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ကြသည်။ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သည့် ကျန်းယွဲ့လီအပြင် ချင်းချင်းနှင့် ချူးဟန်ရှီတို့သည်လည်း အလယ်အလတ် ရန်ဟောင်များ ဖြစ်ကြ၏။ ကောလာဟလများတွင် သူတို့က နတ်ဘုရားများ၏ အလေးပေးခြင်းခံသော ထူးချွန်သည့် အမျိုးသမီးများ ဖြစ်သည်ဟု ပြောကြသည်။

မြူနှင်းဝေနတ်နန်းတော်တွင် ထိုအမျိုးသမီးသုံးယောက်က ဓားနတ်မိမယ်၏ ရာထူးကို ဆက်ခံရန် အလားအလာ ရှိပေသည်။

ကျန်းယွဲ့လီက ဦးစီးဦးဆောင်ဖြစ်နေလျှင်ပင် ချင်းချင်းနှင့် ချူးဟန်ရှီတို့ကလည်း နိမ့်ကျသည်ဟု မဆိုလိုပေ။ ဤနေရာ၌ သူတို့၏ နတ်ဝင်ရိုးကို စမ်းသပ်စစ်ဆေးခြင်းက ထူးကဲသော နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

"ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အင်ပါယာရီကလည်း ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးနဲ့ အစွမ်းထက် တိုက်ပွဲစွမ်းရည် ရှိတယ်။ ပြီးတော့ သူ့မှာ နတ်ဝင်ရိုးအများကြီး ပိုင်ဆိုင်ထားသေးတယ်။ သူ့ရဲ့ နတ်ဝင်ရိုးအဆင့်က တကယ်ကို မြင့်မှာပဲ။" လင်းရှောင်နန်းတော်မှ လင်းဟယ်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။

သူသည် ယခင်တစ်ခေါက်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည်။ အနာဂတ်မှ ရီဖူရှင်း မည်သည့်နေရာသို့ သွားသွား လူတိုင်းက သူတို့နှစ်ယောက်ကို နှိုင်းယဉ်လိမ့်မည် ဖြစ်သည်။ သူက ရီဖူရှင်း၏ နတ်ဝင်ရိုးကို အကဲဖြတ်ခိုင်းစေလိုခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိ၏။ ပထမတစ်ခုမှာ ရီဖူရှင်း၏ နတ်ဝင်ရိုးက မည်သည့်အဆင့်တွင် ရှိပြီး မည်မျှ အားကောင်းသန်မာသည်ကို မြင်တွေ့လိုခြင်း ဖြစ်သည်။ ဒုတိယမှာ ရီဖူရှင်းက အမှန်တကယ် ထိုမျှ ထူးချွန်နေလျှင် သူ့အား ရင်ဆိုင်မည့်သူ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုလည်း ရှိနေသည်။ သူတို့က ရီဖူရှင်းအား ကြည့်လိုက်ကြ၏။ သိသိသာသာပင် သူတို့သည်လည်း ရီဖူရှင်း၏ မဟာလမ်းစဉ် နတ်ဝင်ရိုးက မည်သည့််အဆင့်ရှိကြောင်း သိချင်နေကြသည်။

"ကျုပ်က အတော်လေး သာမန်ပါပဲ။ ဒါကြောင့် ကျုပ်ရဲ့ နတ်ဝင်ရိုးကလည်း သာမန်ပဲ ဖြစ်လိမ့်မယ်။ ပျက်စီးခြင်းနတ်နန်းတော်၊ ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ လင်းရှောင်နန်းတော်နဲ့ မြူနှင်းဝေနတ်နန်းတော်က အဆင့်မြင့်နတ်ဝင်ရိုးကို ပိုင်ထားတဲ့ ထိပ်သီးအဆင့် တန်ခိုးရှင်တွေ အများကြီးရှိတယ်။ ကျုပ်အတွက်ကတော့ ဒီလို ခမ်းနားတဲ့ စင်မြင့်ပေါ် ခြေချဖို့ မထိုက်တန်သေးပါဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်ပြီး အလွန် နှိမ့်ချနေဟန် ရှိသည်။

သို့သော်လည်း သူ့အပြုံး၏ နောက်တွင် လင်းယန်အား သတ်လိုသည့် ရည်ရွယ်ချက်မှာ မယိမ်းမယိုင် ရှိနေဆဲပင် ဖြစ်၏။

"အင်ပါယာရီ၊ ခင်ဗျားက ဘယ်လိုဟာသ လုပ်ရမလဲ သိပ်သိတာပဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တိုက်ပွဲမှာပဲ ဖြစ်ဖြစ် လိပ်နတ်ဘုရားကျွန်းစုက တိုက်ပွဲမှာပဲ ဖြစ်ဖြစ် အင်ပါယာရီက ဒီလောက် ထူးချွန်ခဲ့တာပဲ။" လင်းဟယ်က သူ၏ သဘောထားအမှန်ကို အကောင်းဆုံး ကြိုးစား ဖုံးကွယ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက သူသည် လုံလောက်အောင် မထိုက်တန်ဟု ပြောခဲ့သည်။ သူ့ကဲ့သို့ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သူတစ်ယောက်အနေနှင့် သူက ပို၍ပင် ထိုက်တန်ခြင်း မရှိနိုင်သည်မဟုတ်ပါလား။

"အဲဒီ တိုက်ပွဲနှစ်ခုလား။ မင်း အဲဒီတိုက်ပွဲတွေကို ထည့်တွက်လို့ မရဘူး။ ဖြစ်နိုင်တာတော့ ကျုပ်နဲ့ တွေ့ခဲ့တဲ့ ပြိုင်ဘက်ကြောင့် ဖြစ်လိမ့်မယ်။" အပြုံးနှင့် တုန့်ပြန်လိုက်သော ရီဖူရှင်း၏ စကားများက လင်းဟယ်နှင့် ယန်တုန်းရန်တို့ နှစ်ယောက်လုံးကို အေးစက်သည့် အမူအရာများ ဖြစ်သွားစေသည်။ ရီဖူရှင်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့အား ကျိန်ဆဲနေသည်။

သူက ပြိုင်ဘက်ကြောင့်ဟု ပြောသောအခါ သူဆိုလိုသည့် အဓိပ္ပါယ်မှာ သူ၏ အရည်အချင်းက အလွန် ထူးချွန်ပြောင်မြောက်နေသည်မဟုတ်သော်လည်း သူ့ပြိုင်ဘက်များက အားနည်းသောကြောင့် အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။ သူက လင်းဟယ်နှင့် ယန်တုန်းရန်တို့မှာ မည်သည့်အရည်အချင်းမှ မရှိဟု ဆိုလိုနေပေသည်။

"ကျွန်မ ကြိုးစားကြည့်မယ်။" ထိုအချိန်၌ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းချင်းက လျှောက်ထွက်လာပြီး ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။ သို့မှသာ အငြင်းပွားနေခြင်း ရပ်တန့်သွားပေသည်။

ချင်းချင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက ပြိုင်ဘက်ကင်းပေသည်။ ၎င်းက အမှန်တကယ်ပင် မှန်တစ်ချပ်ဖြစ်သည်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း နောက်ထပ် မှန်တစ်ချပ် ပေါ်လာသည်မှာ ထူးဆန်းသော်လည်း နတ်ကြေးမုံအတွင်းရှိ နတ်အလင်းလွှာတို့က စတင်စီးဆင်းလာသည်။ ချင်းချင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည်လည်း ထူးခြားလှကာ အဆင့်လေးတွင် တည်ရှိပေသည်။

အဆင့်လေးသို့ ရောက်ရှိနိုင်ရာ အလွန် ထူးချွန်နေခဲ့ပြီး ဖြစ်သည်။ သူမက ကျန်းယွဲ့လီ၊ 'ပျက်စီးခြင်း' နှင့် ကျုံးချန်တို့ထက် အနည်းငယ် နိမ့်ကျသော်လည်း ထိုသို့အဆင့်မျိုး ရရှိခြင်းမှာ တုန်းဟွာကျောင်းတော်တွင်ပင် အလွန်ရှားပါးသော အခြေအနေ ဖြစ်သည်။ နတ်ကြေးမုံအတွင်း အဆင့်ခြောက် နတ်အလင်းကို ဖြစ်ပေါ်လာစေခဲ့သည့် နင်ဟွာမှလွဲလျှင် ကျန်းယွဲ့လီနှင့် ကျန်နှစ်ယောက်ကဲ့သို့ အလင်းလွှာငါးခု ဖြစ်ပေါ်လာစေနိုင်သူ မရှိပေ။ ထို့ကြောင့် ထိုအဆင့်များကြား၌ ကွာဟချက်ကြီး ရှိနေသည်။

မဟာလမ်းစဉ်နတ်ဝင်ရိုး အဆင့်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်မားစေနိုင်သည်။ ထိုဖြစ်ရပ်က အလွန် ရှားပါးသော်လည်း နောက်ဆုံး အရည်အသွေးက တိုးတက်လာသောအဆင့်နှင့်အတူ မြင့်မားလာခြင်းမရှိသည်လည်း ဖြစ်နိုင်ပေသည်။ ကျင့်ကြံသူများက သူတို့၏ မဟာလမ်းစဉ်နတ်ဝင်ရိုးများအား ပြီးပြည့်စုံနေစေရန် အဆက်မပြတ် ကြိုးစားနေကြရပြီး သူတို့အား ပို၍ အစွမ်းထက်လာစေသည်။

ချင်းချင်း စမ်းသပ်ပြီးသည့်အခါ ချူးဟန်ရှီသည်လည်း လျှောက်ထွက်လာ၏။ ချင်းချင်းကဲ့သို့ နတ်အလင်းလေးလွှာက နတ်ကြေးမုံထဲတွင် ပေါ်ပေါက်လာသည်။

"မြူနှင်းဝေဓားနတ်မိမယ်ရဲ့ တပည့်သုံးယောက် ပီသပါပေတယ်။ နတ်မိမယ်သုံးယောက်လုံးမှာ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှိကြတာပဲ။" လျှိုချင်ကျူးက ပြောလိုက်သည်။ လူအများက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ နတ်ဝင်ရိုး အဆင့်ငါးနှင့် အဆင့်လေးနှစ်ယောက် ဖြစ်သည်။ ထိုအဆင့်ပါရမီက အလွန် ထူးချွန်ပြောင်မြောက်လှသည်။

မြူနှင်းဝေနတ်နန်းတော်သည် တုန်းဟွာနယ်မြေအတွင်း ထိပ်ဆုံး အင်အားစုသုံးခုအတွင်းတွင် ပါဝင်သည်။ ဓားနတ်မိမယ်သည်လည်း အစွမ်းထက် ထိပ်သီးတန်ခိုးရှင် သုံးယောက်တွင် စာရင်းဝင်ပေသည်။ ယခု သူမ၏ တပည့်သုံးယောက်ကလည်း သူမထံမှ အရာအားလုံးကို ဆက်ခံခဲ့ပုံရလေသည်။

"ကျုပ် ကြိုးစားကြည့်မယ်။" ထိုအချိန်တွင် နောက်ထပ် ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာ၏။ ထိုသူမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်တုန်းရန်ပင် ဖြစ်၏။ သူ့တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ် ရှိသည့်အတွက် သူ၏ မဟာလမ်းစဉ် နတ်ဝင်ရိုးအဆင့်ကို စမ်းသပ်လိုပေသည်။

ယန်တုန်းရန်က နတ်ကြေးမုံရှေ့သို့ လျှောက်သွားခဲ့ရာ ထိတ်လန့်ဖွယ် နဂါးအော်မြည်သံတို့ ထွက်ပေါ်လာသည်။ မြင့်မြတ်သော ရွှေရောင်နဂါးတစ်ကောင်က သူ့အား ရစ်ပတ်ထားသည်။ ရွှေရောင်နဂါးက နတ်ကြေးမုံအတွင်း ပေါ်ပေါက်လာသည်။

အလွန် လျင်မြန်စွာပင် ယန်တုန်းရန်က ရလဒ်ကို မြင်တွေ့လိုက်ရသည်။ နတ်အလင်းသုံးလွှာက တောက်ပလာ၏။

သူက ရလဒ်ကို လက်ခံရန် ခက်ခဲနေပုံရကာ ထပ်မံစောင့်ဆိုင်းနေသည်။ သို့သော်လည်း နောက်ထပ်အလင်းတစ်လွှာက ထပ်မပေါ်လာတော့ပေ။ သူ၏ နတ်ဝင်ရိုးက ချင်းချင်းနှင့် ချူးဟန်ရှီထက် နိမ့်ကျပေသည်။

တခဏကြာပြီးနောက် ယန်တုန်းရန်က အမှန်တရားကို လက်ခံလိုက်ရသည်။ သူက ပြန်လှည့်ပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုရှိနေသည့် တောင်ထိပ်သို့ တိတ်ဆိတ်စွာ ပြန်လှည့်သွားတော့သည်။

"မင်း စမ်းသပ်ကြည့်ဖို့ အစီအစဉ်မရှိဘူးလား။" ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ ရပ်နေရာတွင် လီချန်ရှန်းက ရီဖူရှင်းအား အသံတိုးတိုးနှင့် မေးလိုက်သည်။ သူက ရီဖူရှင်းအား ပြုံးကြည့်လိုက်သည်။

ရီဖူရှင်းက အနည်းငယ် တွေဝေနေပုံရ၏။ လူအနည်းငယ်က ကြိုးစားကြည့်ပြီး ဖြစ်သည်။ သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့ထက် ပို၍ အစွမ်းထက်မည်ဟု ခံစားရပေသည်။ လူတိုင်းနှင့် ယှဉ်လျှင် သူ၏ မဟာလမ်းစဉ် နတ်ဝင်ရိုးက အရေအတွက် အများဆုံး ဖြစ်၏။ သူ့တွင် သက်စောင့်ဝိညာဉ်အများအပြား ရှိပေရာ သူက မဟာလမ်းစဉ် နတ်ဝင်ရိုးအများကြီးအား ဖွဲ့စည်းနိုင်ပေသည်။

သို့သော်လည်း သူ့နတ်ဝင်ရိုးအဆင့်ကို စမ်းသပ်သည့််အခါ အားလုံးက ထိုမျှ မြင့်မားနေလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ၏ ကမ္ဘာ့သစ်ပင်မှ ဖွဲ့စည်းထားသော နတ်ဝင်ရိုးကလွဲလျှင် အခြားသော နတ်ဝင်ရိုးအားလုံးကို သက်စောင့်ဝိညာဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

'ပျက်စီးခြင်း' ၊ ကျန်းယွဲ့လီနှင့် သူတို့ကဲ့သို့လူများက သာမန် မဟုတ်ကြပေ။ ကျုံးချန်သည် သူ၏ နတ်ဝင်ရိုးကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကောင်းကင်ရတနာဖြင့် ဖွဲ့စည်းထားသည့်အတွက် အလွန် အစွမ်းထက်ပေသည်။

ထို့ကြောင့် ရီဖူရှင်းက သူ၏ နတ်ဝင်ရိုးအဆင့်ကို အကြမ်းဖျင်းခန့်မှန်းကြည့်ခဲ့ပြီး ဖြစ်သည်။

"အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဆက်ခံသူက ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးကို ပိုင်ထားတာပဲ။ စမ်းမကြည့်ချင်ဘူးလား။" ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူဖြစ်ကြောင်း မှတ်မိကြပေသည်။

ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ကိုယ်စားပြုသည်။

ရီဖူရှင်းက ခေါင်းကိုမော့ကာ တစ်ဖက်လူအား ကြည့်လိုက်သည်။ သူ့နောက်မှ တုံ့လိုင်နတ်မိမယ်၏ မျက်လုံးထဲ၌ အေးစက်မှုတို့ဖြင့် ရှိနေခဲ့၏။ ကြည့်ရသည်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ရီဖူရှင်းအား အလွယ်တကူ လွှတ်မပေးနိုင်ဟု ကြေညာမောင်းခတ်နေသလိုပင် ဖြစ်သည်။

"ကောင်းပြီလေ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ "လူတိုင်းက ကျုပ်ထက် ပိုပြီးတောင် သိချင်နေမှတော့ စမ်းကြည့်ရတာပေါ့။"

သူပြောပြီးသည်နှင့် ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က လမ်းစဉ်ဖွေရှာစင်မြင့်ထက်သို့ ဆင်းသက်လာပြီး တောင်စွန်းနှစ်ခုကြားမှ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။

"အင်ပါယာရီ၊ ခင်ဗျားမှာ နတ်ဝင်ရိုးတွေ အများကြီးရှိတယ်။ ဘယ်တစ်ခုကို စစ်ဆေးကြည့်ဖို့ ရည်ရွယ်ထားလဲ။" ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်က မေးလိုက်သည်။

"ခင်ဗျား ဘယ်တစ်ခုကို မြင်ချင်လဲ။" ရီဖူရှင်းက ပြန်မေးလိုက်သည်။

"ဘာလို့အားလုံး မစစ်ဆေးကြည့်ရတာလဲ။" တန်ခိုးရှင်က ပြောလိုက်၏။

ရီဖူရှင်းက ပြန်မဖြေခဲ့ပေ။ ချင်းချင်းနှင့် မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းအား အာရုံစိုက်နေကြသည်။ သူတို့သည် ရီဖူရှင်းက မရိုးရှင်းကြောင်း သိကြပေသည်။ သူက တိုက်ပွဲနှစ်ခုနှင့် နာမည်ကျော်ကြားလာပြီး သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့သည်။ သို့သော်လည်း ထိုထိပ်သီးအင်အားစုများအကြား၌ သူသည် ခွဲခြားခံနေရဆဲ ဖြစ်၏။

တုန်းဟွာကျောင်းမှ နတ်ဝင်ရိုးစစ်ဆေးမှုကို လုပ်ဆောင်ခဲ့လျှင် ရီဖူရှင်း၏ ပါရမီနှင့် အရည်အချင်းအရ အနာဂတ်၌ မည်မျှထိ မြင့်မြင့်သွားနိုင်မည်ကို သိရှိနိုင်ပေလိမ့်မည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ နောက်ထပ် ကျုံးချန်တစ်ယောက် ဖြစ်လာလိမ့်မည်လား။

ရွှေရောင်အလင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်မှ စတင် တောက်ပလာကာ နတ်ဆင်တစ်ကောင်၏ အသွင်သဏ္ဌာန်က စတင်ဖြစ်တည်လာသည်။ ထိုရွှေရောင်နတ်ဆင်သည် နှိုင်းယှဉ်မရအောင် ကြီးမားလှသည်။ ချက်ချင်းပင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ နတ်ဆင်တစ်ကောင်၏ အရိပ်က နတ်ကြေးမုံထဲတွင် ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းတွင် နတ်အလင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ဖြစ်တည်လာသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက ထူးခြားလှကြောင်း ခံစားမိလိုက်သည်။ ၎င်းသည် မဟာလမ်းစဉ်စွမ်းအားသဏ္ဌာန်များ အားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိပုံရလေသည်။

အလွန် လျင်မြန်စွာပင် နတ်အလင်းလွှာများ ထွက်ပေါ်လာ၏။ ချက်ချင်းပင် နတ်အလင်းသုံးလွှာက သူ့အနီးတွင် ထွက်ပေါ်လာသည်။ လူအများက ၎င်းကို အာရုံစိုက်နေကြသည်။

ခဏအကြာတွင် နတ်အလင်းလွှာ လေးခုမြောက်ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များနှင့် လင်းရှောင်နတ်နန်းတော်မှ တန်ခိုးရှင်များကဲ့သို့ လူအများ၏ အကြည့်များက ပို၍ လေးနက်လာကြပေသည်။ နတ်အလင်းလေးလွှာကို ရရှိရန်မှာ မလွယ်ကူပေ။ ချင်းချင်းနှင့် ချူးဟန်ရှီတို့ကလည်း ထိုအဆင့်၌ ရှိကြ၏။

"အဲဒါ ရပ်မသွားသေးဘူးဟ။" တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက ထိုနေရာသို့ စိုက်ကြည့်နေကြသည်။ နောက်ထပ် နတ်အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး နတ်ဆင်အနီးတွင် ရစ်ပတ်သွား၏။ နတ်အလင်းငါးလွှာ ထွက်ပေါ်လာသည်နှင့် အနီးဝန်းကျင်ရှိ တောင်ထွတ်အားလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

အလင်းငါးလွှာ...။ ၎င်းက 'ပျက်စီးခြင်း' ကျန်းယွဲ့လီနှင့် ကျုံးချန်တို့နှင့် တူညီပေသည်။ ထို့အပြင် သူက အလယ်အလတ် ရန်ဟောင်သာ ရှိသေးသည်။ သူသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်မြင့် ရန်ဟောင်တစ်ပါး၏ လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ပေသည်။ ၎င်းက သူသည် နောက်ထပ် ကျုံးချန်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

အနာဂတ်တွင် သူက သေချာပေါက် 'ပျက်စီးခြင်း' နှင့် သူကဲ့သို့ လူများ၏ အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

လင်းဟယ်၏ မျက်လုံးများက အနည်းငယ်ထက်ရှလာပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များထံ၌လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။ ကျန်းယွဲ့လီသည်လည်း အနည်းငယ် အံ့သြသွားခဲ့သည်။ ရီဖူရှင်း၏ နောက်ကျောကို အနီးကပ်ကြည့်နေမိပြီး သူမသည် ထိုအမျိုးသား၏ ကြီးမားသော အလားအလာအား သတိပြုမိသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ပို၍ မြင့်မားလာတော့မည်လား။

နတ်အလင်းငါးလွှာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့၏။ ရီဖူရှင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့သြသွားခြင်း မရှိပေ။ အရာအားလုံးက သူ၏ ခန့်မှန်းချက်အတွင်း၌သာ ရှိနေခဲ့သည်။ ဤနတ်ဝင်ရိုးက သူ၏ ဒုတိယမြောက် သက်စောင့်ဝိညာဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ၎င်း၏ အဆင့်က သိပ်မမြင့်သည်မှာ သဘာဝကျပေသည်။ 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီနှင့် အခြားလူများ၏ အဆင့်သို့ ရောက်သည့်သူကပင် ရှားပါးနေပြီ ဖြစ်သည်။

ထို့နောက် သူ့တွင် ရှိနေသော အခြားနတ်ဝင်ရိုးအနည်းငယ်သည်လည်း တူညီသောအဆင့်၌ ရှိနိုင်ပေသည်။ သူသည် သူ၏ ပင်မဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော လဝင်ရိုးက မည်သည့်အဆင့် ရှိမည်ကို သူမသိပေ။ ၎င်းက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း ပေါ်ပေါက်လာသောအခါ အလင်းလွှာခြောက်ခုကို ဖြစ်ပေါ်စေလိမ့်မည်လား။

သို့မဟုတ် ထိုအရာထက် ပိုနိုင်သည်လား။

ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက အကန့်အသတ် မည်မျှပင်ဖြစ်စေ ၎င်းက အဖိုးတန်သော ရတနာတစ်ခုဖြစ်ကာ အမှန်တကယ် ထူးခြားလှသော ပစ္စည်းတစ်ခု ဖြစ်လေသည်။

***

အပိုင်း(၂၀၂၁)ပြိုင်စံရှားနတ်ဝင်ရိုး

လမ်းစဉ်ဖွေရှာတောင်ထွတ်ပေါ်မှ ကျင့်ကြံသူများက ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ နတ်ဝင်ရိုး၏ အဆင့်ကို မျက်မြင်တွေ့ပြီးသည့်အခါ သူတို့သည် ရီဖူရှင်းက သူ့ထက် ကျင့်ကြံဆင့်မြင့်သော လင်းဟယ်နှင့် ယန်တုန်းရန်တို့အား မည်သို့ ရှုံးနိမ့်စေခဲ့ကြောင်း နားလည်သဘောပေါက်သွားသည်။ ထူးကဲလှသော နတ်ဝင်ရိုးအဆင့်နှင့် သူ၏ မဟာလမ်းစဉ် စွမ်းအားက သေချာပေါက် မြင့်မားပေလိမ့်မည်။

"အင်ပါယာရီက ဓားနဲ့ပတ်သတ်ပြီး အစွမ်းထက်တာ မဟုတ်ဘူးလား။" ရီဖူရှင်း၏ ထိုနတ်ဝင်ရိုးကို ကြည့်ကာ အလွန်စိတ်ဝင်စားနေပုံရသော တစ်စုံတစ်ယောက်က မေးလိုက်၏။

ယခင်က ရီဖူရှင်းသည် လင်းဟယ်နှင့် ယန်တုန်းရန်ကို ရှုံးနိမ့်စေခဲ့သော ထိုတိုက်ပွဲနှစ်ခုလုံးတွင် ထူးကဲသာလွန်လှသော ဓားစွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက ပြန်မဖြေခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှ ဓားစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သော ဓားလမ်းစဉ်စွမ်းအားများ ပေါ်ပေါက်လာခဲ့သည်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံတွင် အဆုံးမဲ့ဓားစွမ်းအင်လှိုင်းများ ဖြစ်တည်လာသော်လည်း ၎င်းတို့က ကု့ချင်းသဏ္ဌာန် ဖြစ်ပေါ်လာခဲ့၏။ ဓားနှင့် ကု့ချင်းနှစ်ခုကို ပေါင်းစပ်၍ နှစ်ခုပေါင်းမှ တစ်ခုတည်း ဖြစ်လာခဲ့သည်။

နတ်အလင်းလွှာက တောက်ပလာပြီး နတ်ဆင်ဝင်ရိုးကဲ့သို့ပင် အချိန်မဆိုင်းဘဲ နတ်အလင်းလွှာ ငါးလွှာပေါ်ပေါက်လာခဲ့သည်။ လူတိုင်းက ထိုနေရာသို့ စိုက်ကြည့်နေခဲ့ကြ၏။ မျှော်လင့်ထားသလိုပင် နောက်ထပ် နတ်အလင်းလွှာ ငါးလွှာပင် ဖြစ်ပေသည်။ နတ်ဝင်ရိုးတိုင်းက နတ်အလင်းငါးလွှာ ပေါ်ပေါက်ခဲ့သည်မှာ 'ပျက်စီးခြင်း'ထက်ပို၍ အားကောင်းသန်မာနေသည် မဟုတ်ပါလား။

'ပျက်စီးခြင်း'၏ ပထမဝင်ရိုးသည် ရှေးဟောင်းနတ်သစ်ပင် တစ်ပင်ဖြစ်ပြီး နတ်အလင်းသုံးလွှာကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ရီဖူရှင်း၏ နတ်ဝင်ရိုးတိုင်းက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့ရာ သူသည် 'ပျက်စီးခြင်း'ထက်ပို၍ သာလွန်နေခဲ့ပြီ ဖြစ်၏။

ဆိုလိုသည်မှာ သူက 'ပျက်စီးခြင်း' ကျန်းယွဲ့လီ၊ ကျုံးချန်တို့ထက်ပို၍ သာလွန်သော နတ်ဝင်ရိုးရှိသည်ဟု ဆိုလိုပေသည်။ သူသည် နင်ဟွာတစ်ယောက်တည်း ထက်သာ နိမ့်ကျသည်။

သို့ဆိုလျှင် ရီဖူရှင်း၏ အနာဂတ်သည် 'ပျက်စီးခြင်း' ထက်ပို၍ မြင့်မားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ဆိုလိုနေသည်လား။

ထိုသူ၏ အနာဂတ်မှာ မှန်းဆ၍ မရနိုင်အောင် ဖြစ်ပေလိမ့်မည်။ မည်သူကမှ တိကျသေချာသော ဖြစ်နိုင်ချေကို ပြောနိုင်စွမ်းမရှိပေ။

မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များရှိရာ နေရာတွင် နတ်မိမယ်များက ကျန်းယွဲ့လီအား ကြည့်လိုက်သည်။ မြူနှင်းဝေနတ်နန်းတော်၏ အဓိက နတ်မိမယ် သုံးပါးလုံးကို အခြားတစ်ယောက်၏ နတ်ဝင်ရိုးအဆင့်က ကျော်တက်သွားခဲ့သည်။ ၎င်းသည် မျှော်လင့်မထားခဲ့မိသော အဖြစ်အပျက်ဖြစ်ကာ ကျန်းယွဲ့လီကိုယ်တိုင်ပင် ရီဖူရှင်း ရှိနေရာသို့ စိုက်ကြည့်နေ၏။

သူမသည် ရီဖူရှင်းနှင့် လင်းဟယ်ကြားမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ ထိုစွမ်းအားနှစ်ခုအပြင် ရီဖူရှင်းသည် အခြားသော မဟာလမ်းစဉ် စွမ်းအားများ၌လည်း ကျွမ်းကျင်ပိုင်နိုင်သေး၏။ သူမသည် သူ့တွင် ထုတ်ဖော်ပြသခြင်း မပြုရသေးသော အခြားနတ်ဝင်ရိုးများ ရှိနေသေးသည်ဟု ခံစားမိပေသည်။

ထိုအချိန်တွင် ရီဖူရှင်းက ဆက်လက်စစ်ဆေးရန် ရည်ရွယ်ချက်မရှိတော့ဘဲ သူ၏ အရှိန်အဝါတို့အား ရုတ်သိမ်းလိုက်၏။ သိသာစွာပင် သူသည် သူ၏နတ်ဝင်ရိုးများကို ဆက်လက်စစ်ဆေးရန် ဆန္ဒမရှိတော့ပေ။ ၎င်းသည် ရီဖူရှင်းက လောကကြီးအား ထိတ်လန့်တုန်လှုပ်အောင် မလုပ်လိုသဖြင့် တစ်စုံတစ်ခုအား ကွယ်ဝှက်ထားသည်ဟု ခံစားမိပေသည်။

သူ၏ ဖုံးကွယ်ထားသော နတ်ဝင်ရိုးသည် နင်ဟွာနှင့်ပင် ယှဉ်နိုင်စွမ်းရှိနိုင်သည်လား။

ထို့အပြင် သူ၏ နတ်ဝင်ရိုးနှစ်ခုလုံးက အဆင့်ငါးတွင် ရှိသော်လည်း ရီဖူရှင်း၏ အမူအရာက အလွန် တည်ငြိမ်နေသည်။ သူသည် ပျော်ရွှင်ခြင်းမရှိသလို စိတ်ပျက်သွားခြင်းလည်း မရှိပေ။ ၎င်းက သူသည် တစ်စုံတစ်ခုကို သာမန်အတိုင်း လုပ်ဆောင်ခဲ့သည့်အလား...။ အရာအားလုံးက သူ၏ ခန့်မှန်းချက်အတွင်း၌သာ ရှိနေပြီး မည်သည့် ထူးခြားမှုမှ မရှိသလိုပင် ဖြစ်သည်။ ရီဖူရှင်းက သူ၏ နတ်ဝင်ရိုး မည်မျှအားကောင်းသည်ကို သိရှိနေပြီးသည့်အလား...။

"အင်ပါယာရီက ဆက်ပြီး မစမ်းသပ်တော့ဘူးလား။" ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ "အင်ပါယာရီမှာ နောက်ထပ် မဟာလမ်းစဉ် နတ်ဝင်ရိုးတစ်ခု ရှိသေးတယ်မလား။"

ရီဖူရှင်းက စကားပြောလာသည့် ထိုလူကို ကြည့်လိုက်သည်။ သူ့တွင် အမှန်တကယ် မဟာလမ်းစဉ် နတ်ဝင်ရိုး ထပ်ရှိသေးကာ တစ်ခုထက် ပိုပေသည်။

သို့သော် သူက သေချာပေါက် ထိုအကြောင်းကို ပြောပြမည် မဟုတ်။ ဤအခြေအနေ၌ သူ့နတ်ဝင်ရိုးအားလုံးကို ထုတ်ဖော်ပြသရန် မလိုအပ်ပေ။

ထို့ကြောင့် သူက အလုပ်ရှုပ်ခံ၍ ပြန်မဖြေတော့ချေ။ မည်သို့ပင်ဖြစ်စေ ထိုလူသည် သူ၏ နတ်ဝင်ရိုးများကို ထုတ်ပြရန် မေးနေခြင်းက ကောင်းသော ရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။

"ကြည့်ရတာ ဒီနေ့ရဲ့ နတ်ဝင်ရိုးတွေထဲမှာ အင်ပါယာရီက အစွမ်းထက်ဆုံး ပိုင်ဆိုင်ထားသူ ထင်ပါရဲ့။ ဒါ အတော်လေး အံ့အားသင့်စရာပဲ။" လျှိုချင်ကျူးက ပြောလိုက်သည်။ သူသာမက တုန်းဟွာကျောင်းတော်မှ အားလုံးသော ကျင့်ကြံသူများသည်လည်း အတော်လေး အံ့အားသင့်နေကြသည်။ သူတို့သည် 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့သာ အစွမ်းထက် နတ်ဝင်ရိုးအား ပိုင်ဆိုင်မည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူတို့ထက် သာလွန်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြပေ။

သို့သော်လည်း ရီဖူရှင်းက ၎င်းကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။

ကြည့်ရသည်မှာ ယခု တုန်းဟွာနယ်မြေ၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်များနှင့် နင်ဟွာမှအပ ရီဖူရှင်း၏ နတ်ဝင်ရိုးက အသန်မာဆုံး ဖြစ်ပေလိမ့်မည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထိုကျင့်ကြံသူသည် အမှန်တကယ် မရိုးရှင်းလှပေ။

"အစ်ကိုရီရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးက တကယ်ကို ပြိုင်ဘက်ကင်း ထူးခြားတာပဲ။ ဒီနေရာမှာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ စုဝေးနေကြတာ တစ်ယောက်ယောက်ကများ အစ်ကိုရီရဲ့ မဟာလမ်းစဉ် အတွေ့အကြုံကို မလိုချင်ကြဘူးလား။" လင်းဟယ်က မေးလိုက်သည်။ သူ့စကားများကို ကြားသည့်အခါ အိန္ဒြေတစ်ခွဲသားနှင့် ရှိနေသော လူအများ၏ ခန္ဓာကိုယ်တို့မှ ခပ်ရေးရေး အရှိန်အဝါတို့ ထွက်ပေါ်လာသည်။

ရီဖူရှင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးများက ယနေ့ရှိနေခဲ့သော ရန်ဟောင်အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ပြိုင်ဘက်ကင်းပေသည်။ ထို့ကြောင့် အင်အားစုအမျိုးမျိုးမှ လူများမှာ ထိုကိစ္စနှင့် ပတ်သတ်၍ အတွေးတချို့ ရှိကြပေသည်။ ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များပင် ရီဖူရှင်းကို အံ့အားတသင့်နှင့် ကြည့်နေကြသည်။

ပျက်စီးခြင်းနတ်နန်းတော်မှ 'ပျက်စီးခြင်း' သည် ရီဖူရှင်း၏ ပုံရိပ်ကို စူးစိုက်စွာ ကြည့်နေ၏။ သို့သော်လည်း သူ၏ ကျင့်ကြံဆင့်နှင့် အဆင့်အတန်းအရ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့အား စိန်ခေါ်လျှင်ပင် ရီဖူရှင်းကို စိန်ခေါ်လိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ ရီဖူရှင်းက အဆင့်မြင့်ရန်ဟောင်သို့ ခြေမချနိုင်ခင်အထိ ဖြစ်သည်။

"လိပ်နတ်ဘုရားကျွန်းစုမှာတုန်းက ကျုပ်တို့ တိုက်ပွဲ မပြီးသေးဘူး။ ကျုပ်တို့ နောက်တစ်ခါထပ်တိုက်ကြရင်ရော။ ကျုပ်ဘက်က စိတ်မရှိပါဘူး။" ရီဖူရှင်းက ခေါင်းကိုမော့ကာ အထင်အမြင်သေးခြင်းနှင့် ခြိမ်းခြောက်မှုတို့ ပါဝင်နေသော အမူအရာတို့နှင့် လင်းဟန်ထံသို့ ကြည့်လိုက်သည်။ ထိုမျက်လုံးများက လင်းဟယ်အား စိတ်မသက်မသာဖြစ်စေပြီး သူ့အား နောက်တစ်ခါ တိုက်ခိုက်ရန် သွေးဆောင်နေသည်။

သို့သော်လည်း သူသည် ယခင်တစ်ကြိမ်က အကြီးအကျယ် ထိခိုက်ခံစားခဲ့ရပြီး ဖြစ်သည်။ အဆုံးတွင် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းအား ရပ်တန့်ရန် ဝင်ရောက်စွက်ဖက်ခဲ့ရသည်။ သူတို့ ယနေ့ တဖန် တိုက်ခိုက်ကြပြီး သူက နောက်ထပ် ရှုံးနိမ့်သွားလျှင် မည်သို့ ဖြစ်မည်နည်း။

ထိုသို့ဖြစ်ခဲ့လျှင် သူ၏ ဂုဏ်သိက္ခာကို မည်ကဲ့သို့ ဆက်လက် ထိန်းသိမ်းရပါမည်နည်း။

အဆုံးမှာတော့ သူသည်လည်း တုန်းဟွာကျောင်းတော်၏ ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

လင်းဟယ်က ချက်ချင်း ပြန်မဖြေသောကြောင့် ရီဖူရှင်းက သူ့အား ဆက်ကြည့်နေပြီး လူတိုင်းကလည်း သူ့အဖြေကို စောင့်ဆိုင်းနေကြသည်။ အလွန် ကိုးယို့ကားယားနိုင်သော ခံစားချက်များနှင့် သူက ပြောလိုက်၏။ "လိပ်နတ်ဘုရားကျွန်းစုမှာ တိုက်ခိုက်တုန်းက ရလဒ်ကို ဆုံးဖြတ်ပြီးခဲ့ပြီ။ နောက်ထပ် တိုက်ပွဲတစ်ခု မလိုအပ်တော့ဘူး။"

ရီဖူရှင်းက သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် လင်းဟယ် ရပ်နေသောနေရာနှင့် မနီးမဝေးမှ တန်ခိုးရှင်တစ်ယောက် ထွက်လာသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ငယ်ရွယ်ပုံပေါ်သည်။ သူ၏ ကျင့်ကြံဆင့်က လင်းဟယ်နှင့်အတူတူဖြစ်ပြီး ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

သူ၏ ထွက်ပေါ်လာမှုက တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများကို အံ့အားသင့်စေသည်။ ရီဖူရှင်းအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် လိန်ချင်းဟန်သည်လည်း အံ့သြသော အမူအရာတို့ ထုတ်ဖော်ပြသလာသည်။

ကောင်းကင်ဓား လိန်ခွမ်ရှန်းနှင့် လီချန်ရှန်းတို့က အတူအကွ ရှိနေကြပြီး သူတို့သည်လည်း ထိုသူအား သတိပြုမိကြပေသည်။ သူက တုန်းဟွာကျောင်းတော်တွင် အလွန် ကျော်ကြားပြီး သူ၏ ခွန်အားက လင်းဟယ်ထက် သာလွန်သည်။

"ဂရုစိုက်။ ဒီလူကို ခုန်းရှောင်းလို့ ခေါ်တယ်။ သူက တုန်းဟွာကောင်းကင်ရဲ့ ဂျူနီယာတန်းထဲမှာ အစွမ်းထက်သူတစ်ယောက်ပဲ။ ပြောကြတာတော့ သူက ဥဒေါင်းနတ်ဆိုးရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်တဲ့။ သူက တုန်းဟွာကျောင်းတော်က လူတွေထဲမှာ အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က လင်းဟယ်ရဲ့ အထက်မှာ ရှိတယ်။" လိန်ခွမ်ရှန်းက ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

ရီဖူရှင်းက လမ်းလျှောက်လာသူကို မော့ကြည့်လိုက်သည်။ ထိုသူက ရှေးဟောင်းတောင်ထွတ်၏ အရှေ့သို့ မျောလွင့်လာပြီးနောက် ဝင်္ကပါဖြင့် လွှမ်းခြုံခံထားရသော နေရာသို့ ရောက်လာခဲ့၏။ သူက လမ်းစဉ်ဖွေရှာစင်မြင့်ထက်တွင် ရပ်လိုက်ကာ ရီဖူရှင်းကို ကြည့်၍ ပြောလိုက်သည်။ "ကျုပ် နာမည် ခုန်းရှောင်း။ တုန်းဟွာကျောင်းတော်ရဲ့တပည့်တစ်ယောက်ပဲ။ ကျုပ်ရဲ့ ကျင့်ကြံဆင့်က အဆင့်ငါးမှာ ရှိတယ်။ အင်ပါယာရီမှာ ထူးခြားသာလွန်တဲ့ တိုက်ပွဲစွမ်းရည်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ဒီနေ့ နတ်ကြေးမုံရှေ့မှာ ခင်ဗျားရဲ့ နတ်ဝင်ရိုးက အဆင့်မြင့်ဆုံးတွေထဲက တစ်ခုဖြစ်တယ်လို့ ပြသခဲ့တာကြောင့် ကျုပ်က အင်ပါယာရီရဲ့ လမ်းစဉ်ကို တွေ့ကြုံခံစားကြည့်ချင်မိတယ်။"

ခုန်းရှောင်းက ရီဖူရှင်းအား စိန်ခေါ်ရန် ရောက်လာသည်ကို ကြည့်ကာ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများ၏ အကြည့်တို့ ပိုမိုလေးနက်လာသည်။ သူ့ အရည်အချင်းအရ ခုန်းရှောင်းသည် တုန်းဟွာကျောင်းတော်မှ တပည့်များအားလုံးကြား ထိပ်သီးငါးယောက်ကြား သေချာပေါက် အဆင့်ဝင်ပေလိမ့်မည်။ သူသည် ယခင်က သူ၏ နတ်ဝင်ရိုးကို စမ်းသပ်ခဲ့ဖူးကာ အဆင့်လေးတွင် ရှိနေကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် တုန်းဟွာကျောင်းတော်မှ စီနီယာများသည် ခုန်းရှောင်း၏ နတ်ဝင်ရိုးက အဆင့်ငါးအထိ မြင့်တက်လာနိုင်သော အခွင့်အရေးရှိကာ ပို၍ သန်မာလာနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် သူသည် နင်ဟွာ၏ ခြေလှမ်းအတိုင်း လိုက်နိုင်စွမ်းရှိသည်အထိ ထူးချွန်ကာ နောက်ထပ် ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်မြင့်ရန်ဟောင်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။

ခုန်းရှောင်းက ရီဖူရှင်းကို စိန်ခေါ်ရန် ထွက်လာသောအခါ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

သူ၏ စကားများကို ကြားပြီးနောက် ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများရှိရာသို့ လှည့်ကြည့်လိုက်သည်။ လီချန်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "တုန်းဟွာကျောင်းတော်က တုန်းဟွာနယ်မြေအတွင်းမှာ ထိပ်တန်းကျောင်းတော်တစ်ခုပဲ။ ဒီနေရာမှာ အရည်အချင်းရှိတဲ့ တန်ခိုးရှင်တွေနှင့် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဒါက ကြုံတွေ့ဖို့ ခက်ခဲတဲ့ အခွင့်အရေးတစ်ခုပဲ။ လျှို့နျန် မင်းမှာ အခွင့်အရေးရလာပြီဆိုတော့ ဘာလို့ အချင်းချင်း ပညာမဖလှယ်ရမှာလဲ။"

"ကောင်းပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ခုန်းရှောင်း၏ လေထဲမှ ပုံရိပ်ကို မော့ကြည့်ကာ သူက ပြောလိုက်၏။ "ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။"

"ကျေးဇူးပြုပြီး..." ခုန်းရှောင်းက ပြန်ဖြေလိုက်သည်။ သူ့နှုတ်ဖျားမှ စကားများ ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးအကြား အစိမ်းရောင်နတ်အလင်းတန်းများ ပေါ်ပေါက်လာပြီး ထိုလေဟာနယ်တစ်ခုလုံးကို အရောင်စွန်းသွားစေသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်မှ နတ်အလင်းတို့ စီးဆင်းလာပြီး သူ့ခန္ဓာကိုယ်က နတ်ခန္ဓာတစ်ခုကဲ့သို့ တောက်ပလာ၏။

"ဂရုစိုက်။ ခုန်းရှောင်းက အလွန် အစွမ်းထက်သော ခွန်အားနှင့် အရှိန်ကို ပိုင်ဆိုင်ထားပြီး ပုံရိပ်ယောင်စွမ်းရည်မှာ ကျွမ်းကျင်တယ်။" လိန်ခွမ်ရှန်းက ရီဖူရှင်းအား စိတ်ပူနေသည့်အတွက် သတိပေးလိုက်သည်။

အစိမ်းရောင်နတ်အလင်းများက ကျယ်ပြောသော နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး လေဟာနယ်က တွန့်လိမ်ရှုံ့တွလာသလို ထင်မှတ်ရသည်။

ဘုန်း...

အစိမ်းရောင် အလင်းတန်းများကို လိုက်ကာ ခုန်းရှောင်း၏ ခန္ဓာကိုယ်က အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ ရီဖူရှင်းက သူ့လက်ကို မြောက်ကာ လက်သီးတစ်ချက် ထုတ်လွှတ်လိုက်သည်။ ရွှေရောင်နတ်အလင်းတို့ လင်းလက်လာကာ နတ်ဆင်အော်မြည်သံခပ်တိုးတိုး ထွက်ပေါ်လာသည်။ နတ်ဆင်က လေဟာနယ်ကို အက်ကွဲသွားစေကာ သူ၏ မဟာလမ်းစဉ်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မှတ်ရပေသည်။

ခရက်....

ထိတ်လန့်ဖွယ် အသံတစ်ခုက ပဲ့တင်ထပ်လာသည်။ လေဟာနယ်က တစစီကွဲထွက်သွားသလို ထင်မှတ်ရသည်။ ရီဖူရှင်းက နောက်သို့ ဆုတ်ခွာသွားရပြီး ထိုအစိမ်းရောင်နတ်အလင်းတို့က လျှပ်စီးကဲ့သို့ သူ့ထံ တိုးဝင်လာသည်။ ရီဖူရှင်းသည် နှိုင်းယှဉ်မရသော ဖျက်ဆီးခြင်းစွမ်းအားကို ခံစားမိသည်။

ရီဖူရှင်းက လေထဲသို့ အဆောတလျင်ဆုတ်ခွာကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ နတ်ဆင်က သူ့အနီးတွင် ထွက်ပေါ်လာကာ မဟာလမ်းစဉ် အသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည်။ သူသည် လွှမ်းမိုးနိုင်သော ခွန်အားများကို စုစည်းထားပြီး သူ၏ မျက်လုံးများက အနည်းငယ် နတ်ဆိုးဆန်လာသည်။ သူသည် ထိုအစိမ်းရောင်အလင်းတန်းများကို ဟန့်တားရန် လုပ်ဆောင်လိုက်၏။ ပြင်းထန်လှသော အရှိန်နှင့် သူက နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် နောက်ထပ် ပြင်းထန်သော ထိခတ်မှုကို ဖြစ်ပေါ်လာစေ၏။

အစိမ်းရောင်အလင်းများက ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်ပတ်နေပြီး လေဟာနယ်တစ်ခုလုံးကို သီးခြားခွဲထုတ်နေ၏။ လေဟာနယ်သည် အစိမ်းရောင်နတ်အလင်းများအောက်တွင် မူလအနေအထားမှ ပျက်ယွင်းသွားသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ သူက အဆက်မပြတ်တိုက်ခိုက်မှုများကို ပြုလုပ်ရင်း သူ့ပုံရိပ်က နေရာအနှံ့တွင် ရှိနေသလို ထင်မှတ်ရပေသည်။

လူအုပ်ကြီးသည် ထိုသူနှစ်ယောက်က စက္ကန့်ပိုင်းအတွင်း မရေတွက်နိုင်အောင် တိုက်ခိုက်မှု ပြုလုပ်နေကြသည်ကိုသာ မြင်နိုင်သည်။ သူတို့ လိုက်ကြည့်ရန်အတွက် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုက အလွန် မြန်ဆန်နေခဲ့သည်။ ရီဖူရှင်းက နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။ လေဟာနယ်ကို ထိုးဖောက်သည့် ထိုအစိမ်းရောင်အလင်းတို့ကို လိုက်ကာ နောက်ထပ် ကျယ်လောင်သော ထိခတ်သံကြီး ပဲ့တင်ထပ်လာပြန်သည်။ တိုးသက်သည့် အသံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်က လမ်းစဉ်ဖွေရှာစင်မြင့်ထက်သို့ ဆင်းသက်လာသည်။

နှစ်ဖက်လုံးမှ သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ ရီဖူရှင်းက လေထဲတွင် ရပ်နေသည့် ခုန်းရှောင်းကို မော့ကြည့်လိုက်သည်။ သူတို့အနီး လေဟာနယ်က အစိမ်းရောင်လောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နတ်အလင်းတို့ လှည့်ပတ်နေကာ ခုန်းရှောင်းက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုတိုင်းက လူတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ ထိုအဆက်မပြတ်တိုက်ခိုက်မှုများသည် ရီဖူရှင်း၏ လက်မောင်းများကိုပင် ထုံကျင်လာစေသည်။ ထိုစွမ်းအားများက သူ့လက်မောင်းအတွင်း ဝင်ရောက်လာကာ သူ့လက်၊ ခန္ဓာကိုယ်နှင့် လမ်းစဉ်ကိုပင် ဖျက်ဆီးပစ်လိုနေ၏။

"ခုန်းရှောင်းရဲ့ တိုက်ခိုက်မှုက တကယ့်ကို ထူးချွန်ပြောင်မြောက်တာပဲ။" တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ချီးမွမ်းလိုက်ကြသည်။

"သူနဲ့ အဆင့်တူတဲ့ လူမှမဟုတ်ရင် သူတို့က ခုန်းရှောင်းရဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒီလူက ခုန်းရှောင်းလောက် ကျင့်ကြံဆင့်မရှိပေမယ့် အခုထိ မထိခိုက်ဘဲ ရှိနေတုန်းပဲ။ သူက တကယ် အစွမ်းထက်တယ်။" တစ်စုံတစ်ယောက်က ချီးမွမ်းလိုက်သည်။

***

အပိုင်း(၂၀၂၂)လေးစားခြင်း

သူတို့နှစ်ယောက် မည်မျှသန်မာကြောင်းကို လူတိုင်းက အသိအမှတ်ပြုရန် လုံလောက်သည်။ ခုန်းရှောင်းသည် တုန်းဟွာကျောင်းတော်၏ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့တွင် ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည် ပိုင်ဆိုင်ထားသည်။ သူက ရီဖူရှင်းထက် ကျင့်ကြံခြင်း အဆင့်တွင် အရေးသာနေသော်လည်း ရီဖူရှင်း၏ နတ်ဝင်ရိုးက ပို၍သာလွန်သည်။

လေဟာနယ်အထက်တွင် ခုန်းရှောင်းက သူ၏ ခေါင်းကိုငုံ့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းများက လေဟာနယ်အတွင်း သူတို့ကို ဝန်းရံထားပြီး သူ့အား လှည့်ပတ်နေသည်။ အစိမ်းရောင်အလင်းများ သွားသည့်နေရာတိုင်းတွင် လေဟာနယ်က ပြိုကွဲသွားသလို ထင်မှတ်ရသည်။ ဤသည်မှာ သူ၏ မဟာလမ်းစဉ်စွမ်းအား ဖြစ်၏။

တောက်ပသော အစိမ်းရောင်အလင်းများက ခုန်းရှောင်း၏ ခန္ဓာကိုယ်အနီးတွင် ပို၍ပင် လှည့်ပတ်လာသည်။ ၎င်းကို ကြည့်၍ ရီဖူရှင်းက လက်များကို လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ဓားစွမ်းအားများက ကောင်းကင်သို့တိုင် ထိုးဖောက်ထွက်ပေါ်လာသည်။ ၎င်းသည် လေဟာနယ် တစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့လာပြီး နားစည်ကို ထွင်းဖောက်လုမတတ် ဓားရိုက်ခတ်သံများ ပဲ့တင်ထပ်သံက တစ်ခါပြီးတစ်ခါ ထွက်ပေါ်လာ၏။ အဆုံးမဲ့ ဓားစွမ်းအားများက ပြင်းထန်စွာ ဖြစ်တည်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် လေဟာနယ်အထက်ရှိ အစိမ်းရောင် အလင်းများနှင့် ထိခတ်သွားသည်။

ဘုန်း...

သိန်းသန်းချီသော နတ်ဓားများက ခုန်းရှောင်းဆီသို့ အရူးအမူး ပြေးဝင်သွားသည်။ ခုန်းရှောင်း၏ ဘေးဝန်းကျင်တွင် ရှိနေသော အစိမ်းရောင် အလင်းများက ကြောက်မက်ဖွယ် လှည့်ပတ်လာသည်။ ၎င်းက ထက်ရှသော ဓားစွမ်းအားများနှင့် ထိခတ်သွားပြီး အားလုံးကို ဖြိုခွင်းဖျက်ဆီးပစ်လိုက်သည်။

ရီဖူရှင်း၏ အနီးတွင် သိန်းသန်းချီသည့် နတ်ဓားများ ထွက်ပေါ်လာကာ ကောင်းကင်သို့ တည့်မတ်စွာ ပြေးဝင်သွား၏။ ဓားလမ်းစဉ်သည် အထက်တွင် စီးဆင်းနေသည့် ဓားမြစ်တစ်ဆင်းကဲ့သို့ ခုန်းရှောင်းထံ တိုးဝင်သွားသည်။

ထိုအချိန်တွင် ခုန်းရှောင်းက အောက်သို့ ခြေလှမ်းလိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ချက်ချင်းပင် သူတို့နှစ်ယောက်၏ ကြားတွင် အစိမ်းရောင် နတ်အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။

သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် ရီဖူရှင်းကလည်း လှုပ်ရှားလိုက်သည်။ သန်းချီသည့် နတ်ဓားများက အထက်သို့ ထိုးတက်လာပြီး အစိမ်းရောင် နတ်အလင်းဆီသို့ ရိုက်ခတ်သွားသည်။

အဆုံးမဲ့ အစိမ်းရောင် စွမ်းအင်လှိုင်းများက အဆက်မပြတ် ဖျက်ဆီးခံလိုက်ရပြီး မဟာလမ်းစဉ်သည်လည်း ပြိုကွဲသွားသည်။ အလွန် တောက်ပသော အစိမ်းရောင်အလင်းများသည်လည်း ပိတ်ဆို့ခံထားရသည်။ တခဏအတွင်းတွင် ၎င်းတို့က အပိုင်းအစများ အဖြစ်သို့ ကွဲကြေသွားပြီး ရီဖူရှင်း၏ ဓားသည်လည်း ပျက်စီးသွားသည်။ ပုံရိပ်တစ်ခုက လေထဲသို့ ဆုတ်ခွာသွားရသည်။ ထိုပုံရိပ်သည် ခုန်းရှောင်းပင်ဖြစ်၏။

"ဒါက ဘာဓားစနစ်လဲ။" ခုန်းရှောင်းက ရီဖူရှင်းကို မေးလိုက်သည်။ သူ၏ တိုက်ခိုက်မှုက မည်မျှ အစွမ်းထက်သည်ကို သူကိုယ်တိုင် သိရှိနေသော်လည်း သူသည် ဓားတစ်ချက်နှင့် သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာ နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။

"လျှို့နျန်" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ လူများသည် အံ့အားသင့်သော အမှုအရာတို့ကို ထုတ်ဖော်ပြသလာသည်။ ဤပုဂ္ဂိုလ်၏ အမည်သည် 'လျှို့နျန်' ဖြစ်ကာ ထိုဓားနည်းစနစ်၏ အမည်ကလည်း သူ၏ အမည်ပင်ဖြစ်၏။ ၎င်းက အလွန် သမာရိုးကျ ဟုတ်မနေပေ။ အားလုံးသော ကျင့်ကြံသူများသည် ထိုဓားချက်ကို ထုတ်လွှတ်လိုက်သည့်အခါ မဟာလမ်းစဉ်၏ စွမ်းအင်များက တန်ပြန်လာသည်ကို ခံစားမိလိုက်ကြသည်။ အရာအားလုံးကို ဖျက်ဆီး ခံလိုက်ရသလို ထင်မှတ်ရသည်။

"တကယ်မဆိုးဘူးပဲ။" ခုန်းရှောင်းက ချီးမွမ်းလိုက်သည်။ သူက လေထဲသို့ တက်သွားပြီး သူ၏ အမူအရာ မတုန်မလှုပ်ပင် ရှိနေကာ ရီဖူရှင်း၏ အနိုင်ယူခြင်း ခံရသည့်တိုင် သူ့ထံ၌ ပြင်းထန်သော ယုံကြည်ချက်တို့ ရှိနေဆဲ ဖြစ်၏။ သူ့ရှေ့မှ လူက အလွန် ထူးခြားပြောင်မြောက်လှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် သူသည်လည်း ထိုသို့ပင် မဟုတ်ပါလား။ သူတို့နှစ်ယောက်တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားကြသည်။ သူ၏ မြင့်မားသော ကျင့်ကြံအဆင့်နှင့် သူသည် ရှုံးနိမ့်ရန် အကြောင်းပြချက်မရှိပေ။

ဘုန်း...

အဆုံးမဲ့ တောက်ပသော နတ်အလင်းများက ချက်ချင်း အပြင်ဘက် လေဟာနယ်ကို ဖြတ်သန်း၍ ထိုးဖောက်လာပြီး လူအများသည် အလိုအလျောက်ပင် သူတို့၏ လက်များကို ဆန့်ထုတ်၍ မျက်လုံးများအား ကာကွယ်လိုက်ကြသည်။ ၎င်းက အလွန် မျက်စိကျိန်းဖွယ် ကောင်းလှသည်။ တခဏမျှကြာပြီးနောက် သူတို့က လက်များကို ဖယ်ကာ ခုန်းရှောင်းအား ကြည့်လိုက်ကြသည်။

သူ့အနောက်တွင် နှိုင်းယဉ်၍ မရအောင် တောက်ပလှသည့် အလွန် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်ကြီးက တောက်ပကာ မြင့်မြတ်ဟန်ရှိသည့် ဒေါင်းတစ်ကောင်၏ ပုံရိပ်ပင် ဖြစ်သည်။ ၎င်းက သူ၏ အတောင်များကို ဆန့်ထုတ်လိုက်သည့် အခါ နေကို အရိပ်ကျသွားပြီး ကောင်းကင်အား တိုက်ရိုက် လွှမ်းခြုံသွားသည်။ ၎င်း၏ အတောင်ပံများပေါ်တွင် မရေတွက်နိုင်အောင် များပြားသည့် မျက်လုံးများ ပေါ်ပေါက်လာပြီး ၎င်းတို့က စူးရှတောက်ပသည့် နတ်အလင်းတို့ကို ထုတ်လွှတ်လိုက၏။

ရီဖူရှင်းသည်လည်း ခေတ္တမျှမင်တက်သွားသည်။ နောက်တခဏတွင် သူသည် ကောင်းကင်၌ ပြည့်နှက်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ သူ၏ အမြင်က ဝေဝါးသွားပြီး ထုတ်လွှတ်ထားသော နတ်အာရုံသည် တူညီစွာ ဖြစ်လာသည်။ မရေတွက်နိုင်သော မျက်လုံးများတွင် သူ့အား ပုံရိပ်ယောင်အတွင်းသို့ ဆွဲယူနိုင်သည့် ကြောက်မက်ဖွယ် မှော်စွမ်းအားများ ပါဝင်နေသည်။ သူသည် ခုန်းရှောင်း၏ ပုံရိပ်ယောင်များကို မြင်တွေ့လိုက်ရပြီး မျက်လုံးတိုင်း၏ အရှေ့၌ ခုန်းရှောင်းတစ်ယောက်စီ ရှိနေသကဲ့သို့ ထင်မှတ်ရသည်။

"ပုံရိပ်ယောင်တွေ။" အသံတစ်ခုက ရီဖူရှင်း နှလုံးသားထဲတွင် ပဲ့တင်ထပ်လာသည်။ နောက်တခဏ၌ မရေတွက်နိုင်သော မျက်လုံး အစုံများမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ကို ထုတ်လွှတ်လာသည်။ ၎င်းတို့က ထက်ရှလှပြီး အစိမ်းရောင်ဓားများကဲ့သို့ သူ့ထံ ထိုးဖောက်တိုးဝင်လာ၏။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ကောင်းကင်ဓား လိန်ခွမ်ရှန်းက မည်သည့်အတွက်ကြောင့် ထိုလူကို သတိထားရန် သူ့အား နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ကြောင်း သဘောပေါက်သွားသည်။

ခုန်းရှောင်းက အမှန်တကယ်ပင် လင်းဟယ်ထက် အန္တရာယ်ပိုများလှသည်။

လက်ရှိတွင် သူက ပြိုင်ဘက်၏ မဟာလမ်းစဉ်နယ်မြေအတွင်းတွင် ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။ ဥဒေါင်းနတ်ဆိုး မဟာလမ်းစဉ် နတ်ဝင်ရိုးက ပေါ်ပေါက်လာပြီး ခုန်းရှောင်းသည် ထိုနယ်မြေတစ်ခုလုံး၏ အကြွင်းမဲ့ ထိန်းချုပ်မှုကို ရရှိသွားသလို ထင်ရသည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော တောင်ထိပ်မှ ကျင့်ကြံသူများသည် သူက အန္တရာယ်အတွင်း ကျရောက်နေပြီဟု တွေးထင်လိုက်ကြသည်။ ခုန်းရှောင်းက အလွန်ပင် အန္တရာယ်များလှသည်။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများအတွက် သူတို့သည် ခုန်းရှောင်း၏ စွမ်းရည်ကို နားလည်သောကြောင့် အလွန် မအံ့သြခဲ့ကြပေ။

ခုန်းရှောင်းကို အနိုင်ယူရန်မှာ ရီဖူရှင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေလိမ့်မည်။

ထိုအခိုက်အတန့်တွင် အကန့်အသတ်မဲ့ အစိမ်းရောင် နတ်အလင်းများက ရီဖူရှင်းထံသို့ ပြေးဝင်လာခဲ့ပြီး လူတိုင်းသည် ရီဖူရှင်း၏ အထက်၌ လတစ်စင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုပေါ်ပေါက်လာခဲ့သော လမှ အလွန်အေးစက်လှသော လရောင်များ ဖြာထွက်နေကာ နေရာတစ်ခွင်လုံးတွင် နှင်းများကျဆင်းလာသကဲ့သို့ ထင်မှတ်ရပေသည်။ လရောင်နတ်အလင်းက ထိုနေရာတစ်ခုလုံးကို ထွန်းလင်းကာ လွှမ်းခြုံထားပြီး အစိမ်းရောင်အလင်းများနှင့် တိုက်ရိုက်ထိတွေ့မိသည်။

လူအုပ်ကြီးသည် ထိုလရောင်အလင်းများ၏ အောက်တွင် မဟာလမ်းစဉ်စွမ်းအားများ ပါဝင်နေသည့် အစိမ်းရောင်နတ်အလင်းများက ချက်ချင်း ပြိုကွဲပျက်စီးသွားသည်ကို ထိတ်လန့်စွာ မြင်တွေ့ရသည်။ အစိမ်းရောင်အလင်းများနှင့် လရောင်တို့သည် မည်သည်မှ မကျန်တော့အောင်ပင် ပြိုကွဲပျက်စီးသွားလေသည်။

"ဒါက..." တန်ခိုးရှင်များသည် ထိတ်လန့်သော အမူအရာတို့ ဖြစ်ပေါ်လာ၏။ ၎င်းက နောက်ထပ် နတ်ဝင်ရိုးတစ်ခု ဖြစ်သည်။

ယခင်က ရီဖူရှင်းသည် မဟာလမ်းစဉ် လနတ်ဝင်ရိုးကို မည်သည့်အခါကမှ ဖော်ပြခြင်း မရှိခဲ့ပေ။

ထို့အပြင် ၎င်းက သူ၏ ယခင်နတ်ဝင်ရိုးများထက်ပို၍ သန်မာနေသည်ဟု ထင်ရသည်။ လရောင် တစ်ခုတည်းနှင့်ပင် အစိမ်းရောင်နတ်အလင်းများကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။ သူတို့ နှစ်ယောက်က သူတို့၏ နတ်ဝင်ရိုးများနှင့် တိုက်ပွဲဆင်နွှဲနေကြပေသည်။ သူတို့က လက်ရှိတွင် တူညီသော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်။ ခုန်းရှောင်းက ကျင့်ကြံခြင်းတွင် အားသာချက်ရှိပြီး ရီဖူရှင်းက နတ်ဝင်ရိုးအဆင့်၌ အားသာချက်ရှိသည်။ သူ၏ နတ်ဝင်ရိုးခွန်အားကိုသာ မှီခိုပြီး ရီဖူရှင်းသည် ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့် အားသာမှုကို တန်ပြန်ကာ တိုက်ရိုက်တားဆီးပိတ်ပင်လိုက်နိုင်သည်။

ယခင်က သူသည် ကောင်းကင်ဝင်ရိုး နတ်ကြေးမုံရှေ့၌ သူ၏ နတ်ဝင်ရိုးနှစ်ခုကိုသာ စမ်းသပ်စစ်ဆေးခဲ့ပြီး နတ်အလင်းလွှာငါးခုကို ထုတ်လွှတ်နိုင်ခဲ့သည်။ သို့သော်လည်း သူသည် ဤနတ်ဝင်ရိုးကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။ ယခုထုတ်ဖော်လာသည့် နတ်ဝင်ရိုးသည် နတ်အလင်း ငါးလွှာထက်ပို၍ သာလွန်နိုင်စွမ်းရှိပြီး သူက တုန်းဟွာကျောင်းတော်အတွင်း၌ ထိပ်တန်းအဆင့်တန်ခိုး ဖြစ်လာနိုင်ပေသည်။ အလင်းခြောက်လွှာ...။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူအချို့က ထိုကဲ့သို့ တွေးမိလိုက်ကြသည်။

ကျန်းယွဲ့လီနှင့် ချင်းချင်းတို့သည် ယခင်က သူတို့ မြင်တွေ့ဖူးခဲ့သည့် ရီဖူရှင်းနှင့် လင်းဟယ်ကြားမှ တိုက်ပွဲကို ပြန်တွေးမိလိုက်သည်။ ထိုအေးစက်သော စွမ်းအားများက ဤနတ်ဝင်ရိုးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထို့အပြင် ရီဖူရှင်းသည် သူ၏ နတ်ဝင်ရိုးကို တမင်သက်သက်ကွယ်ဝှက်ထားခဲ့ပြီး ၎င်း၏ အဆင့်ကို စမ်းသပ်ခဲ့ခြင်းမရှိပေ။ မည်သည့်အတွက်ကြောင့်နည်း။

သူသည် သူ၏ နတ်ဝင်ရိုးက ကျောင်းတော်မှ မှတ်တမ်းကို ချိုးဖျက်သာလွန်သွားမည်ကို စိုးရိမ်နေခဲ့သည်လား။

လက်ရှိ ဤနေရာတွင် ရောက်ရှိနေသည့် ကျင့်ကြံသူများတွင် ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်ကဲ့သို့ အင်အားစုများ ပါဝင်နေကာ ၎င်းတို့က သူ့အပေါ်တွင် ချစ်ကြည်ရင်းနှီးမှုမရှိကြပေ။ ထို့ကြောင့် သူမသည် ရီဖူရှင်းက မည်သည့်အတွက် သူ၏ ထူးချွန်မှုများအား မပြသလိုသည်ကို နားလည်နိုင်သည်။

'ပျက်စီးခြင်း'၊ ကျုံးချန်နှင့် လီချန်ရှန်းတို့သည်လည်း တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေရင်း အတွေးတစ်ချို့ရှိနေသည်။

အခြေအနေက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီဖြစ်၏။

အထက်လေထဲတွင် အစိမ်းရောင် နတ်အလင်းများက ရီဖူရှင်း ထုတ်လွှတ်လိုက်သော လရောင်များနှင့် ထိပ်တိုက်တွေ့သွားကြသည်။ ၎င်းတို့ အချင်းချင်း ဖျက်ဆီး ချေမှုန်းလိုက်ကြပြီး ညီမျှသော မျှခြေတစ်ခု ဖြစ်ပေါ်လာသလို ထင်မှတ်ရသည်။ သူတို့သည် မည်သူကမှ တဖက်လူ၏ မဟာလမ်းစဉ်စွမ်းအားကို ချိုးဖျက်နိုင်ခြင်းမရှိကြပေ။

သို့သော်လည်း ခုန်းရှောင်းသည် ရီဖူရှင်း ရင်ဆိုင်လာရသမျှ ပြိုင်ဘက်များတွင် အစွမ်းအထက်ဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။

လင်းဟယ်နှင့် ယန်တုန်းရန် နှစ်ယောက်လုံးက သူ့ထက်ပို၍ နိမ့်ကျကြသည်။

ခုန်းရှောင်းသည် တိုက်ပွဲ၏ အလယ်တွင် ရပ်တည်နေခဲ့ပြီး လဝင်ရိုးမှ ထုတ်လွှတ်ထားသည့် အေးစက်သော အရှိန်အဝါတို့က သူ၏ မဟာလမ်းစဉ် သီးခြားနယ်မြေတစ်ခုလုံးကို တိုက်စားနေသည်အား သိရှိခဲ့ရသည်။ သူသည် အလွန်အေးခဲလှသည့် စွမ်းအားတို့ကို ခံစားနေမိသည်။ ၎င်းတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို ထိုးဖောက်လာသည့် သဏ္ဌာန်မဲ့စွမ်းအားများဖြစ်ပြီး ထိုသီးခြားနယ်မြေ၏ ထိန်းချုပ်မှုကို ချိုးဖြတ်ရန် ကြိုးစားနေ၏။

ဥဒေါင်းနတ်ဆိုး၏ ငှက်မွေးများပေါ်တွင် မရေတွက်နိုင်သော မျက်လုံးအစုံတို့က တချိန်တည်း တောက်ပလာပြီး စူးရှသော နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က ခုန်းရှောင်း၏ ခန္ဓာကိုယ် အရှေ့တွင် စုစည်းလာကြ၏။ ချက်ချင်းပင် ခုန်းရှောင်းသည် နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟု ထင်မှတ်ရကာ ခမ်းနားထည်ဝါလှသော အမြင်ကို ပေးစွမ်းနေသည်။

သူက လက်များကို အတူတကွ လှုပ်ရှားလိုက်သည့်အချိန်တွင် အဆုံးမဲ့ အစိမ်းရောင် နတ်အလင်းများက သူ၏ လက်သီးနှစ်ဖက်တွင် စုစည်းလာပြီး အစိမ်းရောင်နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

နောက်တခဏ၌ သူက လှုပ်ရှားလိုက်သည်။

သို့သော်လည်း ရီဖူရှင်းသည် တစ်ခုခုက လုံးဝ မတူကွဲပြားပြီး အနန္တမျက်လုံးအစုံများမှ အလင်းတန်းများက သူ့ထံသို့ တိုးဝင်လာသည်အား မြင်တွေ့လိုက်ရ၏။ မရေတွက်နိုင်သော ခုန်းရှောင်း၏ ပုံရိပ်များက သူ့ထံသို့ တစ်ချိန်တည်းတွင် လမ်းလျှောက်လာသည်။ ထိုပုံရိပ်ယောင်များ၏ တိုက်ခိုက်မှုကြောင့် သူသည် လဝင်ရိုးကို ထုတ်လွှတ်လိုက်ပြီး ပြိုင်ဘက်၏ တုက်ခိုက်မှုများကို အဆက်မပြတ် ခံယူနေရသည်။

ထိုသို့ ပြုလုပ်ရင်းနှင့် ရီဖူရှင်းသည် ရုတ်တရက် အလွန်ပြင်းထန်လှသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။

သူ၏ မျက်လုံးများက နတ်ဆိုးဆန်လာ၏။ သူ၏ မျက်လုံးတစ်စုံက ပုံရိပ်အားလုံးကို ဖြတ်ကာ မြင်ရပြီး ပြိုင်ဘက်၏ မဟာလမ်းစဉ်ပုံရိပ်ယောင် စွမ်းအားကို ခုခံနေသည်။ သူသည် ပြိုင်ဘက်၏ အစိမ်းရောင် အလင်းတန်းများကို ခပ်ဝါးဝါး ခံစားလိုက်မိလိုက်သည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲသွားသည်။ ၎င်းတို့က နတ်မျက်လုံးများကဲ့သို့ ထင်မှတ်ရသည်။ အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးများမှ ထိုးထွက်လာသည်။ ရီဖူရှင်းထံသို့ ပြေးဝင်လာသည့် ခုန်းရှောင်းသည် သူ့ကိုယ်သူ ပုံရိပ်ယောင်များ အတွင်းသို့ ကျရောက်သွားစေခဲ့သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် မျက်ဝန်းမှော်ပညာနှင့် ဖန်တီးထားသည့် လေဟာနယ် လောကအတွင်းသို့ ကျရောက်သွားသည်။

သူ၏ ရှေ့တွင် အဆုံးမဲ့လေဟာနယ် တစ်ခုက သူ့ကို အလွှာလွှာအထပ်ထပ် ပိတ်ဆို့တားဆီးခဲ့သည်။

၎င်းက သူနှင့် တူညီသောစွမ်းရည် တစ်ခု ပင်ဖြစ်၏။

သို့သော်လည်း ခုန်းရှောင်းက တွေဝေမနေခဲ့ပေ။ အကြွင်းမဲ့ စွမ်းအားများက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ဥဒေါင်း၏ နတ်အတောင်ပံများက တဖျက်ဖျက်ခတ်လိုက်ပြီး မရေတွက်နိုင်သည့် အမွေးအတောင်များကို ထက်ရှသော ဓားများအဖြစ်သို့ ချက်ချင်း ဖွဲ့စည်းပစ်လိုက်သည်။ နှိုင်းယှဉ်၍ မရအောင် တောက်ပသည့် အစိမ်းရောင်နတ်အလင်းများက လေဟာနယ်ကို ပြင်းထန်သော စွမ်းအားများနှင့် ထိုးဖောက်လာသည်။ အလွှာချင်းထပ်နေသော လေဟာနယ်များက ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရကာ ပျက်စီးသွား၏။ အကြွင်းမဲ့စွမ်းအားသည် မည်သည့် မဟာလမ်းစဉ်နယ်မြေကိုမဆို ဖျက်ဆီးရန် လုံလောက်သည်။ ထိုအခိုက်အတန့်တွင် ခုန်းရှောင်းသည် နီးသော်လည်း ဝေးကွာသည်ဟူသည့် အဓိပ္ပာယ်ကို နားလည်သွားသည်။ သို့သော်လည်း အစိမ်းရောင် အလင်းများက ဆက်လက်၍ သွားနေခဲ့ပြီး ၎င်းတို့ ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ အရာအားလုံးက မည်သည်မှ မကျန်ခဲ့အောင် ဖျက်ဆီးခံလိုက်ရသည်။

ဘုန်း...

ခုန်းရှောင်းသည် နောက်ဆုံး၌ မျက်ဝန်းမှော်ပညာလောကမှ လွတ်မြောက်သွားသည်ဟု ခံစားလိုက်ရသည်။ အလွန်တောက်ပသည့် အစိမ်းရောင်နတ်ဓားအလင်းများက အရာအားလုံးကို ဖြတ်သန်းထိုးဖောက်ကာ လရောင်လွှမ်းခြုံထားသည့် နေရာသို့ ဝင်ရောက်လာသည်။ အလွန်အေးစက်သည့် အရှိန်အဝါတစ်ခုက ကျဆင်းလာပြီး သူ့ဝိညာဉ်ကို ထိုးဖောက်ကာ သူ့အနီးလေဟာနယ်ကို အေးခဲသွားစေသည်။

ထက်ရှသော လေသံတစ်ခုက လေဟာနယ်ကို ဖြတ်သန်းလာသည့် နတ်ဓားမှ ထွက်ပေါ်လာသည်။ ခုန်းရှောင်းသည် သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်အား အသုံးပြုရန် ခက်ခဲသည်အား မည်သည့်အခါကမှ မတွေ့ခဲ့ဖူးပေ။ ၎င်းက သူ၏ သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်၏။ သူ့ထက် ကျင့်ကြံဆင့်မြင့်သော တန်ခိုးရှင်နှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ တိုက်ခိုက်မှုက ရေကို ဖြတ်သကဲ့သို့ ချောမွေ့နေဆဲ ဖြစ်သည်။ သူသည် ယနေ့ကဲ့သို့သော အခြေအနေမျိုးနှင့် မည်သည့်အခါကမှ မကြုံတွေ့ဖူးပေ။

သူသည် မျက်ဝန်းမှော်ပညာအား ချိုးဖျက်နိုင်ခဲ့ပြီဟု တွေးထင်ခဲ့သော်လည်း သူက နောက်ထပ် မဟာလမ်းစဉ် ကန့်သတ်နယ်မြေတစ်ခုသို့ ထပ်ကာ ဝင်ရောက်သွားပုံရသည်။ ထိုအကြွင်းမဲ့ကန့်သတ်နယ်မြေအတွင်း သူသည် စကြဝဠာပတ်လမ်းနှင့် လေဟာနယ်အတွင်း မျောလွင့်နေသော လတစ်စင်းကို မြင်တွေ့လိုက်ရသည်။ ၎င်းက ကြယ်များဖြင့် ပြည့်နေသော ရှုထောင့်တစ်ခုသို့ ရောက်ရှိသွားပုံရသည်။ မရေတွက်နိုင်သော ဂြိုလ်ပတ်လမ်းများနှင့် ဆင်အော်မြည်သံတို့ကလည်း ပဲ့တင်ထပ်နေသေးသည်။ လရောင်က သူ့ပေါ်သို့ ဖြာကျနေပြီး အလွန်အေးစက်သော အရှိန်အဝါကို သယ်ဆောင်ထားသည်။ သူ၏ ဓားစွမ်းအားက ကြယ်စင်များစွာ ရှိနေသည့် ရှုထောင့်အား ခုတ်ပိုင်းကာ ဂြိုလ်တစ်ခုစီကို ကွဲကြေသွားစေသော်လည်း သူသည် အဆုံးသို့ မည်သည့်အခါမှ မရောက်ရှိနိုင်သကဲ့သို့ပင်။

သူ ရောက်ရှိနေသော မဟာလမ်းစဉ် ကန့်သတ်နယ်မြေက ရီဖူရှင်း၏ အစွမ်းထက်ဆုံး နတ်ဝင်ရိုးဖြစ်သည့် အကြွင်းမဲ့မဟာလမ်းစဉ်နယ်မြေ ဖြစ်သည်။

နှိုင်းယှဉ်မရအောင် ကြီးမားသော လက်ဝါးတစ်ခုက အစိမ်းရောင်နတ်ဓားထံသို့ အဆက်မပြတ် ကျရောက်လာသည်။ ကြယ်စုံသည့် ထိုနေရာတွင် အက္ခရာများ ရေးထွင်းထားသည့် မရေတွက်နိုင်သော ကျောက်စာချပ်များက လက်ဝါးနှင့်အတူ ဖိနှိပ်ခြင်းစွမ်းအားကို ထုတ်လွှတ်ကာ ကျဆင်းလာသည်။ နတ်ခန္ဓာနှင့် နတ်ဆင်များလည်း လိုက်ပါလာ၏။ တောက်ပသော ဗုဒ္ဓအလင်းသည် သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်အား ဖိနှိပ်နေသည်။

လောကဖိနှိပ်ခြင်းလမ်းစဉ်လား ဟု ခုန်းရှောင်းက တွေးလိုက်သည်။ သို့သော်လည်း ထိုသည်က လောကဖိနှိပ်ခြင်းလမ်းစဉ်နှင့် သိပ်မတူညီပေ။

အစိမ်းရောင်နတ်ဓားက လေဟာနယ်၊ နတ်ခန္ဓာများနှင့် ကျောက်စာချပ်များအား ဖြိုခွင်းလိုက်သော်လည်း ၎င်းက အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရာအားလုံးက ပြန်လည် ငြိမ်သက်သွားသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေခဲ့ခြင်းမှလွဲလျှင် သူသည် ထိုနေရာမှ မည်သည့်အခါကမှ မရွှေ့ခဲ့ဖူးသလို ကြောက်မက်ဖွယ် တိုက်ပွဲအား မည်သည့်အခါကမှ မတွေ့ကြုံခဲ့သလိုပင် ဖြစ်သည်။

သို့သော်လည်း သူ့ပါးစပ်ထောင့်မှ သွေးတို့စီးကျနေခဲ့ပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည့်အတွက် ထိုတိုက်ခိုက်မှုက မည်မျှ အစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်သည်။

ခုန်းရှောင်းသည် ရီဖူရှင်းကို ရှုပ်ထွေးနေသော အမူအရာနှင့် ငုံ့ကြည့်လိုက်၏။ ထို့နောက် သူက အနည်းငယ် ဦးညွှတ်၍ ပြောလိုက်သည်။ "အနာဂတ်မှာ သူ ထိပ်ဆုံးကို ရောက်ရှိတဲ့အခါ သူ့ကို စိန်ခေါ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကျုပ် လေးစားမိမှာ အမှန်ပဲ။"

ထိုသို့ပြောပြီးနောက် သူက ချက်ချင်းပင် ပြန်လှည့်ထွက်သွားသည်။

အပိုင်း(၂၀၂၃)ဂုဏ်သတင်းကျော်ကြားခြင်း

ခုန်းရှောင်းသည် အခြားသူများ အသိပြန်မဝင်ခင်မှာပင် ထွက်ခွာသွားသည်။ သူတို့အားလုံးက သူ၏ ဆုတ်ခွာသွားသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

ခုန်းရှောင်းက ဤတိုက်ပွဲ၌ ရှုံးနိမ့်သွားသည်မှာ သံသယဖြစ်ရန်ပင် မလို။ သူက ရှုံးနိမ့်သွားရုံသာမက အပြည့်အဝ အနိုင်ယူခံလိုက်ရခြင်း ဖြစ်သည်။ လူအများသည် သူ၏ နောက်ဆုံးစကားမှ အဓိပ္ပါယ်မျိုးစုံ ကောက်ယူနိုင်၏။

သူက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည့်အခါ တုန်းဟွာမှ မည်သူက သူ့အား ယှဉ်နိုင်ပါမည်နည်း။

ထို 'အမြင့်' ဟူသည်မှာ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာခြင်း သို့မဟုတ် အစွမ်းထက် ကျင့်ကြံသူဆရာသခင်တစ်ယောက် ဖြစ်လာခြင်းကို ဆိုလိုသည်လား။

ထို့အပြင် သူ ရည်ညွှန်းသည်မှာ တုန်းဟွာကျောင်းတော်လား တုန်းဟွာနယ်မြေလား။

မည်သူကမှ သေချာမသိပေ။ သို့သော်လည်း အဆင့်မြင့်ရန်ဟောင်ဟု ဆိုလိုလျှင် တုန်းဟွာကျောင်းတော်တွင်း အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်ကာ အစွမ်းထက် ကျင့်ကြံသူဆရာသခင်ဟု ဆိုလိုပါက တုန်းဟွာနယ်မြေတစ်ခုလုံးတွင် လွှမ်းမိုးနိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှစ်ခုလုံးက မြင့်မားသော ချီးမြှောက်မှုပင် ဖြစ်၏။

ခုန်းရှောင်းသည် ဤတိုက်ပွဲကြောင့် ရီဖူရှင်းအပေါ်တွင် မြင့်မားသော လေးစားမှု ဖြစ်ပေါ်လာသည်မှာ သိသာလှသည်။ သူသည် တုန်းဟွာကျောင်းတော်တွင်သာမက တုန်းဟွာနယ်မြေ၌ပင် ရီဖူရှင်းနှင့် ယှဉ်နိုင်သူ ရှိလာရန်မှာ ခက်ခဲကြောင်း ယုံကြည်ထားသည်။

လူအုပ်ကြီးသည် သာမန်လူက ရီဖူရှင်းအား ချီးမွမ်းလျှင် သိပ်ပြီး အလေးထားမည် မဟုတ်သော်လည်း ခုန်းရှောင်းက တုန်းဟွာကျောင်းတော်၏ ထိပ်သီးအဆင့် တန်ခိုးရှင်များထဲမှ တစ်ယောက်ဖြစ်ကာ အနာဂတ်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မည်မှာ သေချာနေသည့် သူဖြစ်သည်။ သူက အဆင့်ငါးရှိသော ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်၏။ လက်ရှိရောက်နေသော သူများက ခုန်းရှောင်းအပေါ် လေးစားမှုရှိကြပြီး ဖြစ်သည်။

ထိုသို့သောသူမျိုးက ရီဖူရှင်းနှင့် တိုက်ခိုက်ပြီးနောက် ဤကဲ့သို့ မှတ်ချက်ပေးခဲ့ရာ လူအများက အလေးအနက် မှတ်ယူကာ ရီဖူရှင်းအား နောက်ထပ် ကြည့်လိုက်ကြသည်။

သူတို့က တိုက်ပွဲအစမှအဆုံးတိုင် စောင့်ကြည့်နေခဲ့ကြသော်လည်း ခုန်းရှောင်းကဲ့သို့ အစမှအဆုံးတိုင် အသေးစိတ် သိရှိခဲ့ကြခြင်း မဟုတ်ပေ။ တိုက်ခိုက်မှုအားလုံးသည် ခုန်းရှောင်းကို ပစ်မှတ်ထားခဲ့ပြီး သူသည်သာလျှင် မဟာလမ်းစဉ် ကန့်သတ်နယ်မြေကို ရင်ဆိုင်ခဲ့ရသောသူ ဖြစ်သည်။ မည်သူကမှ ခုန်းရှောင်းထက်ပို၍ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ နောက်ဆုံးတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော အခက်အခဲက အပြင်လူများ မည်သည့်အခါမှ နားမလည်နိုင်သောအရာဖြစ်သည်။

ခုန်းရှောင်း၏ ခွန်အားကို မည်သူကမှ မငြင်းဆန်နိုင်ပေ။ သူ၏ နောက်ဆုံး တိုက်ခိုက်မှုက ကမ္ဘာမြေကိုပင် အက်ကွဲသွားစေနိုင်သည်။ အစိမ်းရောင်နတ်အလင်းများက မိုင်ပေါင်းထောင်ချီဝေးကွာသည့် ရန်သူများကို ချက်ချင်း တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ၎င်းသည် ဟန့်တားခံလိုက်ရပြီး တိုတောင်းသော အကွာအဝေးအဖြစ် လျှော့ချခံလိုက်ရသည်။ ခုန်းရှောင်းသည် ထိုအချိန်၌ အလွန်များပြားသော စွမ်းအားများကို ရင်ဆိုင်ခဲ့ရသည်။ မဟာလမ်းစဉ် ဒြပ်စင်စွမ်းအားများအပါအဝင် မဟာလမ်းစဉ် သီးခြားနယ်မြေနှင့် အခြားသော တိုက်ခိုက်မှုများလည်း ပါဝင်သည်။

ထိုတိုက်ခိုက်မှုပြီးနောက် ခုန်းရှောင်းသည် ရီဖူရှင်းက မဟာလမ်းစဉ်နတ်ဝင်ရိုး တစ်ခုထက်ပို၍ ပိုင်ဆိုင်ထားသော ပါရမီရှင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အရည်အချင်းရှိသော တန်ခိုးရှင်များသည် မဟာလမ်းစဉ် နတ်ဝင်ရိုး အမျိုးအစားများစွာကို ကျင့်ကြံနိုင်သော်လည်း လူတိုင်းက ထိုကဲ့သို့ သန်မာအားကောင်းကြလိမ့်မည် မဟုတ်။ ထို့အပြင် မဟာလမ်းစဉ် နတ်ဝင်ရိုးတိုင်းက မတူညီသောအဆင့်များ ရှိနိုင်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ပို၍ သန်မာသော တစ်ခုကို အာရုံစိုက်ကာ ကျင့်ကြံတတ်ကြသည်။

ရီဖူရှင်းတွင်လည်း ဦးစားပေး ကျင့်ကြံထားသည့် နတ်ဝင်ရိုး ရှိနိုင်သည်။ ရီဖူရှင်း၏ အားအနည်းဆုံး နတ်ဝင်ရိုးသည်ပင် အဆင့်ငါးတွင် ရှိနေပြီး ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအား အလင်းလွှာငါးခု ထုတ်လွှတ်လာအောင် လုပ်ဆောင်နိုင်သည်။ သူသည် မကုန်ခမ်းနိုင်သော မှင်တက်အံ့သြဖွယ်ခွန်အားတို့ကို ပို၍ ပြသလာသည်။ ထိုသည်က ခုန်းရှောင်းအား ကြောက်ရွံ့သလို ခံစားလာရစေသည်။ သူ၏ တွေ့ရှိချက်အရ ၎င်းသည် သေချာပေါက် အဆင့်ခြောက်တွင် ရှိနိုင်ပြီး နင်ဟွာထက် အဆင့်နိမ့်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ရီဖူရှင်းက အဆင့်လေးရန်ဟောင်တစ်ပါးသာ ဖြစ်၏။ သူသည် အနာဂတ်တွင် မည်မျှထိ အစွမ်းထက်လာနိုင်မည်နည်း။

ထိုသည်မှာ ခုန်းရှောင်းက အလုံးစုံလက်ခံယုံကြည်ကာ အရာအားလုံးကို လွှတ်ချ၍ ထွက်ခွာသွားရသည့် အကြောင်းရင်းပင် ဖြစ်၏။ ခုန်းရှောင်းကဲ့သို့သော လူမျိုးကို ဦးညွှတ်လာအောင် လုပ်ရန်မှာ မလွယ်ကူသော အရာဖြစ်သည်။

လူအုပ်ကြီးက ရီဖူရှင်းကို စိုက်ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် မတူညီသော အတွေးများ ရှိနေသည်။ သို့သော်လည်း သူတို့အားလုံး နားလည်သဘောပေါက်ခဲ့သည့် အရာတစ်ခုမှာ ရီဖူရှင်း၏ ပါရမီနှင့် မွေးရာပါစွမ်းရည်က အဓိကအင်အားစုများမှ ပါရမီရှင်ကျင့်ကြံသူများထက် သာလွန်နေခြင်းကိုပင် ဖြစ်သည်။ သူက 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး လူတစ်ယောက်ပင် ဖြစ်သည်။

ခုန်းရှောင်းသည် ရီဖူရှင်းက နင်ဟွာနှင့် တစ်တန်းတည်း ရှိနေသည်ဟုပင် တွေးမိသည်။

သူတို့သည် ယခင်က နာမည်မရှိခဲ့သော ထိုလူက ထိုမျှထိ ထူးချွန်ပြောင်မြောက်လှသူဖြစ်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဤတန်ခိုးရှင်က ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လင်းဟယ်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက ရီဖူရှင်းကို ရက်စက်သော အကြည့်တို့နှင့် ကြည့်နေကြသည်။

သူတို့သည် ရီဖူရှင်းအား ဆက်၍ သည်းမခံနိုင်တော့ပေ။

'သူက သေချင်နေတာပဲ' ဟု ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်ဟန်ရှင်းက တွေးလိုက်သည်။ သူသည် ရီဖူရှင်းအား လမ်းလျှောက်နေသော လူသေတစ်ယောက်ကဲ့သို့ သဘောထားကာ ကြည့်လိုက်သည်။ သူက ရီဖူရှင်းသာ မည်သည့် အလေးထားလောက်စရာ အရည်အချင်းကိုမှ မပြသခဲ့ဘဲ အရည်အချင်းနည်းပါးသော တန်ခိုးရှင်ဖြစ်နေခဲ့လျှင် သူက ရီဖူရှင်းအား အသက်ရှင်ခွင့်ပေးမိဦးမည် ဖြစ်သည်။

သို့သော် ယခုတွင် ရီဖူရှင်းက အလွန် ထူးချွန်နေပေရာ သေခြင်းတရားနှင့် တွေ့ဆုံရတော့မည် ဖြစ်ပေသည်။

လင်းဟယ်သည်လည်း သူ့ကို အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။

ပျက်စီးခြင်းနတ်ဘုရားနန်းတော်တွင် 'ပျက်စီးခြင်း' သည်ပင် ယခုအခါ၌ ရီဖူရှင်းအား လေးနက်စွာ ကြည့်နေခဲ့ပြီ ဖြစ်၏။ သူတို့က လောက၏ အထွတ်အထိပ်ရောက်အောင် ချီတက်နေစဉ် ထူးချွန်လှသော မျိုးဆက်သစ် လူငယ်လေးများကလည်း သူတို့နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။ သူတို့သည် မည်သူက တုန်းဟွာနယ်မြေ၏ အနာဂတ်အား မည်သူက လွှမ်းမိုးနိုင်မည်ကို စောင့်ကြည့်သင့်သည်။

နင်ဟွာ.... သူက မည်သည့်အဆင့်တွင် ရှိနေသနည်း။

ကျန်းယွဲ့လီသည်လည်း အတွေးနက်နေခဲ့သည်။ ကြည့်ရသည်မှာ သူမ၏ မှန်းဆချက်က မှန်ကန်ပုံပင်။ ရီဖူရှင်းက လင်းဟယ်နှင့် တိုက်ခိုက်စဉ်အတွင်း သူ၏ ခွန်အား အပြည့်အဝကို မထုတ်ဖော်ခဲ့ပေ။ သူသည် ယနေ့ ခုန်းရှောင်းနှင့် တိုက်ခိုက်ရာ၌ ယခင်ကထက် သိသာစွာ ပိုအစွမ်းထက်ပေသည်။

သူ၏ ခွန်အားသည် တွေ့ဆုံရသည့် ပြိုင်ဘက်နှင့် လိုက်ကာ သန်မာလာနိုင်သည်။

သို့ဆိုလျှင် သူ၏ အကန့်အသတ်က မည်သည့်နေရာ၌ ရှိသနည်း။

သူမသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လီချန်ရှန်းနှင့် ကျုံးချန်တို့ ရှိနေရာကို ကြည့်လိုက်သည်။ ရီဖူရှင်းက သူတို့နှင့် ပူးပေါင်းထားသည့်အတွက် သူတို့၏ ခွန်အားက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ရီဖူရှင်းအား အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ တုန်းဟွာနယ်မြေအတွင်းမှ လူတိုင်းသည် သူတို့နှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရန်ငြိုးရန်စကို သိရှိကြပေသည်။

"ရန်ဟောင်ရီက ဒီတိုက်ပွဲအတွင်းမှာ နောက်ထပ် မဟာလမ်းစဉ် နတ်ဝင်ရိုးတစ်ခုကို ပြသခဲ့တယ်။ အဲဒါက အရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနဲ့ စမ်းသပ်ဖူးပြီး နတ်အလင်းငါးလွှာ ထွက်ခဲ့တဲ့ နတ်ဝင်ရိုးနှစ်ခုထက် သာလွန်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့ မစမ်းကြည့်ရတာလဲ။" လင်းဟယ်က ပြောလိုက်သည်။ သူက ရီဖူရှင်း၏ စွမ်းအားများကို ထုတ်ဖော်ပြသဖို့ရာ အကြိမ်ပေါင်းများစွာ မေးမြန်းရန် ကြိုးစားနေခဲ့သည်။

လင်းဟယ်အား မသိသည့် လူများက လင်းဟယ်သည် ရီဖူရှင်းအား လေးစားအားကျနေသည်ဟု ထင်မှတ်ကြသည်။

ချင်းချင်းက လင်းဟယ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူမက အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူမက ယခင် လိပ်နတ်ဘုရားကျွန်းစုတွင် ရှိစဉ်က လင်းဟယ်သည် ရီဖူရှင်းအား ကောင်းကင်သို့တိုင် ရောက်ရှိအောင် ချီးကျူးမြှောက်ပင့်ရင်း ရီဖူရှင်းကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေရန် ကြိုးစားခဲ့သည်အား မြင်တွေ့ခဲ့ဖူးပြီးဖြစ်ရာ လင်းဟယ်၏ အပြုအမူအပြောအဆိုများကို သူမက မယုံကြည်ပေ။ လင်းဟယ်သည် လင်းရှောင်နန်းတော်၏ သခင်လေးဖြစ်ကာ သာမန်ထက် မြင့်မားသာ အဆင့်အတန်းရှိသည်။ သူက ထိုကဲ့သို့ လုပ်ဆောင်နေရန် မလိုပေ။

သို့ဆိုလျှင် သူက မည်သို့ဖြစ်၍ ထိုကဲ့သို့ ပြုမူနေပါသနည်း။

ရိုးရှင်းစွာပင် သူက ရီဖူရှင်းအား မုန်းတီးသည့်အတွက်ကြောင့် ရီဖူရှင်းကို အလွန်အကျူး မြှောက်ပင့်ပြောဆိုနေခြင်းမှ ရှေးဟောင်းတော်ဝင် ယန်မိသားစုက ရီဖူရှင်းကို ရင်ဆိုင်ရန် လှုံ့ဆော်ပေးနေသည်လား။

ရီဖူရှင်းက အဝေးမှနေ၍ လင်းဟယ်အား ရွံ့ရှာမုန်းတီးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက တုန်းဟွာကျောင်းတော်၏ တန်ခိုးရှင်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "တုန်းဟွာကျောင်းတော်က တကယ့်ကို ကျင့်ကြံရေးအတွက် အကောင်းဆုံးနေရာ ပီသပါတယ်။ ကျုပ်က မတော်တဆ အနိုင်ရသွားခဲ့ရုံပါ။ အစ်ကိုခုန်းက တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့ အပြာရောင်အလင်းက ကောင်းကင်ကိုတောင် ဖြိုခွဲနိုင်တယ်။ ကျုပ်သာ အကောင်းဆုံး မကြိုးစားခဲ့ရင် ရှုံးသွားလိမ့်မယ်။ ဒီတိုက်ပွဲကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။"

ရီဖူရှင်းက တိုက်ပွဲ၌ အနိုင်ရခဲ့လျှင်ပင် သူ၏ နှိမ့်ချသော စကားများက တုန်းဟွာကျောင်းတော်၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးခြင်း ဖြစ်သည်။ ထို့အပြင် ခုန်းရှောင်းသည်လည်း အမှန်တကယ် လေးစားဖွယ်ရာ တိုက်ခိုက်သူတစ်ဦး ဖြစ်ပြီး သူ့အား အနိုင်ယူရန် မလွယ်ကူခဲ့ပေ။ အခြားလူများသာဖြစ်လျှင် ဥဒေါင်းနတ်မျက်လုံးများအောက်၌ ရှုံးနိမ့်သွားခဲ့မည် ဖြစ်သည်။ အပြာရောင် နတ်အလင်းတွင် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေပြီး ရီဖူရှင်းကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပေသည်။ ရီဖူရှင်းသည် ခုန်းရှောင်း၏ တိုက်ခိုက်မှုအား တားဆီးရန် အင်အားအတော်လေး စိုက်ထုတ်ခဲ့ရပြီး ထို့နောက်မှသာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

"ရန်ဟောင်ရီ၊ ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ခုန်းရှောင်းက ခင်ဗျားထက် ကျင့်ကြံခြင်းအဆင့်မှာ အရေးသာတယ်လေ။ တုန်းဟွာကျောင်းတော်မှာ ခင်ဗျားနဲ့ ကျင့်ကြံဆင့်တူတဲ့ လူတွေထဲ ယဉ်နိုင်တဲ့သူ ရှိမှာမဟုတ်ပါဘူးဗျာ။" လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ ခုန်းရှောင်းက ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ တုန်းဟွာကျောင်းတော်မှ ဆက်လက်၍ လမ်းစဉ်ရှာဖွေရန် ရည်ရွယ်ချက် မရှိတော့ပေ။

သူတို့က အဆင့်ခြောက်နှင့်အထက် ရန်ဟောင်ကို စေလွှတ်ရန်မှာ မသင့်တော်ချေ။

ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများရှိရာ တောင်ထွတ်သို့ ပြန်လာခဲ့သည်။

"ဒီတစ်ကြိမ် တုန်းဟွာကျောင်းတော်ကို လာလည်တာ အတွေ့အကြုံတွေ အများကြီး ရလိုက်ပါတယ်။ ကျုပ်တို့ကို ဧည့်ခံပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။" လီချန်ရှန်းက တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများရှိရာဘက်သို့ အရိုအသေပေးကာ ပြောလိုက်သည်။ "ကျုပ်တို့ ဒီထက်ပိုပြီး မနှောက်ယှက်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။"

အဆုံးမှာတော့ ဤနေရာသည် တုန်းဟွာကျောင်းတော်၏ ပိုင်နက်နယ်မြေသာ ဖြစ်၏။ သည်နေရာက ကျင့်ကြံခြင်းအတွက် လျှို့ဝှက်နယ်မြေ ဖြစ်လျှင်ပင် လီချန်ရှန်းနှင့် သူ့လူများက ကျန်နေရစ်ရန် မဖြစ်နိုင်ပေ။ ရီဖူရှင်းက လမ်းစဉ်ဖွေရှာတောင်ထွတ်တွင် သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသရန် ဖိအားပေးခံခဲ့ရသည်။ ထို့ကြောင့် သူတို့က အနှေးနှင့်အမြန် ထွက်ခွာသွားသင့်ပေသည်။

"ကောင်းပါပြီ။" လျှိုချင်ကျူးက ကန့်ကွက်ခြင်းမရှိပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "တုန်းဟွာကောင်းကင်မှာ ကောင်းမွန်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ချင်းဟန် သူတို့ကို လိုက်ပို့ပေးလိုက်ပါဦး။"

"ဟုတ်ကဲ့။" လိန်ချင်းဟန်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့် အခြားလူများကို လမ်းပြခေါ်သွားသည်။ သူမသည် သူတို့အား ကျောင်းသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်တွေ့ပြီးနောက် သူမသည် အလွန်ပင် ထိတ်လန့်ကာ တုန်လှုပ်သွားသည်။

သူမသည် ရီဖူရှင်းက ခုန်းရှောင်းကိုပင် ရှုံးနိမ့်စေနိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ကြည့်ရသည်မှာ လိန်ယန်၏ စကားများက မှန်ကန်ပုံရသည်။ သူမက ရီဖူရှင်းအား လျှော့တွက်မိလေသည်။

အခြားသော ရှေးဟောင်းတောင်ထွတ်တစ်ခုမှ မြူနှင်းဝေနတ်နန်းတော်၏ တန်ခိုးရှင်များကလည်း နှုတ်ဆက်စကားဆိုလိုက်ကြသည်။ လူအုပ်ကြီးက လူစုခွဲသွားကြပြီးနောက် လူအများက တုန်းဟွာနယ်မြေမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။

သူတို့ လမ်းလျှောက်နေစဉ် ရီဖူရှင်းသည် အနောက်မှ အသံတစ်ခုကို ကြားလိုက်ရ၏။ "ရန်ဟောင်ရီ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။"

ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် ကျန်းယွဲ့လီအား မြင်တွေ့လိုက်ရသည်။ သူက ပြောလိုက်၏။ "ဘာများကူညီပေးရမလဲ။"

"ဘာမှတော့ မဟုတ်ပါဘူး။ ရှင့်ရဲ့ လနတ်ဝင်ရိုးမှာ ဘယ်လို မဟာလမ်းစဉ် စွမ်းအားမျိုး ပါဝင်နေလဲဆိုတာ သိချင်တာနဲ့ မေးကြည့်မလို့ပါ။" ကျန်းယွဲ့လီက ပြောလိုက်သည်။ သူမသည် ရီဖူရှင်း၏ အဆင့်နှင့် တူညီသော်လည်း ရီဖူရှင်း၌ အဆင့်မြင့်သော လမ်းစဉ် ရှိသည်ဟု အာရုံခံနိုင်ပေသည်။ သူမက ၎င်းအား မည်သည့်အခါကမှ မတွေ့ကြုံဖူးလျှင်ပင် ဝေဝေဝါးဝါး ခန့်မှန်းမိပေသည်။

"ယင်စွမ်းအားပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူသည် လူအများကလည်း သတိပြုမိလိမ့်မည်ဟု ယူဆမိသည်။

"ကျေးဇူးတင်ပါတယ်။" ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်၏။ ၎င်းက သူမ မျှော်လင့်ထားသလိုပင် ဖြစ်သည်။

"ရပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"ရန်ဟောင်ရီ ရှင်က ယင်စွမ်းအားမှာ ကျွမ်းကျင်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဆေးပညာသင်ခဲ့တယ်။ ပြီးတော့ ဆေးအင်ပါယာရဲ့ ညွှန်ကြားချက်ကိုလည်း ရရှိထားသေးတယ်။ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုကိုပါ ပေါင်းလိုက်ရင် ရှင့်အနာဂတ်က အကန့်အသတ်မဲ့ပဲ။ တုန်းဟွာနယ်မြေမှာ နောက်ထပ် ကျင့်ကြံသူဆရာသခင်တစ်ယောက် ပေါ်လာတော့မယ် ထင်တယ်။" ကျန်းယွဲ့လီက ပြောလိုက်သည်။

တုန်းဟွာနယ်မြေလားဟု ရီဖူရှင်းက တွေးလိုက်သည်။ သူသည် အရင်ဆုံး တုန်းဟွာနယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန် လိုအပ်ပေသည်။ ထို့နောက်တွင်မှ သူ့ကို တုန်းဟွာနယ်မြေ၏ ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်ပေလိမ့်မည်။

ထို့နောက် သူတို့က ထွက်ခွာသွားခဲ့သည်။ ရီဖူရှင်းနှင့် အခြားသူများက လိန်မိသားစုသို့ ပြန်ရောက်လာစဉ်တွင် ပိုမိုများပြားသော တန်ခိုးရှင်များကလည်း တုန်းဟွာကောင်းကင်သို့ ရောက်ရှိလာကြပေသည်။

တုန်းဟွာကျောင်းတော်မှ အဖြစ်အပျက်များက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ ပါးစပ်ဖျားတွင် 'ရီလျှို့နျန်' ဟူသော အမည် ရောက်ရှိနေခဲ့တော့သည်။

***

အပိုင်း(၂၀၂၄)တုန်းဟွာအခမ်းအနား

ဓားအင်ပါယာ လျှို့နျန်အဖြစ် လူသိများသော ရီလျှို့နျန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ တပည့်တစ်ယောက်ဖြစ်သည်။ သူက တုံ့လိုင်နတ်မိမယ်နောက်သို့ လိုက်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များကို တစ်ချက်တည်းနှင့် ချေမှုန်းကာ တော်ဝင်ယန်မင်းသား ယန်တုန်းရန်အား အနိုင်ယူခဲ့သည်။

အင်ပါယာရှီက သူ့လမ်းစဉ်အား သက်သေပြစဉ် လိပ်နတ်ဘုရားကျွန်းစု၌ ရီလျှို့နျန်သည် လင်းရှောင်နန်းတော်မှ လင်းဟယ်နှင့် တိုက်ခိုက်ကာ ပြောစမှတ်တွင်လောက်စရာ အနိုင်ကို ရရှိခဲ့၏။

ယခုတွင် တုန်းဟွာကျောင်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ယဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ရီဖူရှင်းက သူ၏ အရည်အချင်းကို တဖန်ပြသခဲ့၏။ ကျော်ကြားသော တန်ခိုးရှင်သုံးယောက်ဖြစ်သည့် 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့ စမ်းသပ်သောအခါ သူတို့၏ နတ်ဝင်ရိုးများက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့သည်။ ရီဖူရှင်း၏ နတ်ဝင်ရိုး နှစ်ခုလုံးက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့ပြီး သူ့ကို ထိုကျော်ကြားသော တန်ခိုးရှင်သုံးယောက်နှင့် အဆင့်တူစေခဲ့သည်။

ထို့နောက် သူက တုန်းဟွာကျောင်းတော်၏ ပါရမီရှင် ကျင့်ကြံသူ ခုန်းရှောင်းနှင့် ယဉ်ပြိုင်ခဲ့သည်။ သူက ခုန်းရှောင်းကို အနိုင်ယူခဲ့ရုံမျှမက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့တွင် စမ်းသပ်ခဲ့သော နတ်ဝင်ရိုးများထက် ပို၍ သန်မာသည့် မဟာလမ်းစဉ်နတ်ဝင်ရိုးတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ သူသည် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှ နတ်အလင်းခြောက်လွှာကို ထုတ်လွှတ်အောင် စွမ်းဆောင်နိုင်သည့် နင်ဟွာနှင့်ပင် ယဉ်နိုင်စွမ်းရှိနိုင်သော်လည်း ထိုနတ်ဝင်ရိုးကို ယခင် အကဲဖြတ်စစ်ဆေးမှု၌ မထုတ်ဖော်ပြခဲ့ပေ။

ထို့အပြင် တုန်းဟွာကျောင်းတော်မှ ထွက်လာသော သတင်းအားလုံးက အမှန်ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ထိုမိုးကျရွှေကိုယ် ပါရမီရှင် ကျင့်ကြံသူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တုန်းဟွာကောင်းကင်သို့ ရောက်လာခြင်း ဖြစ်သည်။

လူအများသည် ဓားအင်ပါယာလျှို့နျန်က တုန်းဟွာနယ်မြေသခင်အိမ်တော်သို့ ဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် သူ၏ ပါရမီနှင့် အရည်အချင်းအရ သူ့ရည်မှန်းချက်က ပြည့်ဝမည်မှာ သံသယဝင်ရန် မလိုပေ။ သူက နယ်မြေသခင်အိမ်တော်သို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်လျှင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မည်သူကမှ သူနှင့် ရင်ဆိုင်နိုင်စွမ်းရှိလိမ့်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုအား တိုက်ရိုက်ခြိမ်းခြောက်ကာ တုံ့လိုင်နတ်ဘုရားအကြီးအကဲအတွက် လက်စားချေရန်မှာပင် သူ့ထိန်းချုပ်မှုအတွင်း ရှိနေပေလိမ့်မည်။

ပြောရလျှင် တုန်းဟွာကျောင်းတော်သို့ ခရီးစဉ်ပြီးသည့်နောက် ရီဖူရှင်း၏ ဂုဏ်သတင်းက ကျော်ကြားမြင့်တက်လာလေသည်။ မရေတွက်နိုင်သော လူများသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျုံးချန်အပြင် နောက်ထပ် ပေါ်ပေါက်လာသည့် အစွမ်းထက် ပါရမီရှင်တစ်ယောက်အကြောင်း ပြောဆိုနေကြပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရှည်ကြာသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော အရင်းအမြစ်တို့ မရှိလျှင်ပင် ယခုအချိန်က သူတို့၏ အထွတ်အထိပ်အချိန်အခါပင် ဖြစ်သည်။

ထိုအချိန်၌ ရီဖူရှင်းက တုန်းဟွာကောင်းကင်အတွင်း လှည့်ပတ်သွားလာနေကာ ရှုခင်းများကို ခံစားကြည့်ရှုနေသည်။

သူသည် မည်သည်ကိုမှ လုပ်စရာမရှိဘဲ ရှားပါးလှသော အားလပ်ချိန်လေးကို ရရှိထားရာ ပျော်ရွှင်စွာ အနားယူနေတော့သည်။

ရှားရှင်းယွန်၊ လိန်ယန်နှင့် လိန်ရှီးတို့သည်လည်း သူ့နောက်မှ လမ်းလျှောက် လိုက်ပါလာကြသည်။ လိန်ရှီးသည် သူတို့ လိန်မိသားစုသို့ ပြန်ရောက်သည့်နေ့မှစကာ အချို့သော လမ်းညွှန်မှုများ ရရှိရန် သူ့ထံသို့ လာရောက်မေးမြန်းတတ်သည်။ ရီဖူရှင်းက သဘောထားကြီးသော သူတစ်ယောက်ဖြစ်ကာ ကျင့်ကြံခြင်းနှင့် ပတ်သတ်သော အချို့အတွေးများ မျှဝေပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းဟူသည်မှာ ပုဂ္ဂိုလ်လေး ကိစ္စပင်ဖြစ်၍ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွင် အများဆုံး မူတည်နေသည်။

"စီနီယာ ကျွန်မတို့ လာတဲ့ လမ်းတလျှောက် စီနီယာ့အကြောင်း ပြောနေတဲ့ လူတွေ အများကြီး တွေ့ခဲ့တယ်။" လိန်ရှီးက ခပ်တိုးတိုး ပြောလိုက်သည်။ သူတို့က မည်သည့်နေရာကို သွားသွား လူအများက ရီလျှို့နျန်အကြောင်း ပြောဆိုနေကြသည်ကို ကြားနေရပေသည်။ ရီလျှို့နျန်က တုန်းဟွာကောင်းကင်တွင် ဒဏ္ဍာရီတစ်ပါး ဖြစ်လာပုံပေါ်၏။

ရီဖူရှင်းက မတုံ့ပြန်ဘဲ ဘာသိဘာသာ ရှိနေခဲ့သည်။ ရှားရှင်းယွန်က သူ့အား ဘေးမှ တစ်ချက်လှမ်းကြည့်လိုက်၏။

လိန်ယန်က ရီဖူရှင်း၏ အမူအရာမဲ့သော မျက်နှာကို သတိပြုမိပြီးနောက် ရှားရှင်းယွန်အား မေးလိုက်သည်။ "သခင်မလေး ခင်ဗျားတို့ တကယ်ပဲ စိတ်မလှုပ်ရှားကြဘူးလား။"

လိန်ယန်သည်ပင် ရီဖူရှင်း တုန်းဟွာကောင်းကင်၌ ကျော်ကြားလာသည့်အခါ အတော်လေး စိတ်လှုပ်ရှားမိ၏။ ရီဖူရှင်းက မတုန်မလှုပ်ဘဲ ကျန်ရစ်နေသည်မှာ သူ၏ ရန်ဟောင်အဆင့် ကျင့်ကြံခြင်းကြောင့်ပေလား။

"သူက အသားကျနေပြီ။" ရှားရှင်းယွန်က ထိုသို့ အခေါ်ခံရသည်အား ထူးဆန်းသလို ခံစားရသော်လည်း သူ့အား မပြင်ပေးတော့ပေ။ သူမက ရီဖူရှင်း၏ ပုံရိပ်ကို ကြည့်နေရင်း လိန်ယန်အား ပြန်ဖြေလိုက်သည်။

"သူက အသားကျနေပြီလား။" လိန်ယန်က ရေရွတ်နေသည်။

ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး ထပ်မရှင်းပြတော့ပေ။ မူလဘုံတွင် ရီဖူရှင်း၏ အမည်အား မကြားဖူးသူ မရှိချေ။ တုန်းဟွာကောင်းကင်သည် ပိုမိုများပြားသော ပါရမီရှင်များနှင့် သန်မာသော တန်ခိုးရှင်များစွာ ရှိနေသော ဖြစ်သည်။ သို့ဆိုလျှင်ပင် ရီဖူရှင်းက အားလုံးထဲမှာ အတောက်ပဆုံး ဖြစ်သည်။

ထို့အပြင် ရီဖူရှင်းက အတိတ်မှာ ကျန်ရစ်နေခဲ့သူ မဟုတ်ပေ။ သူသည် အလယ်အလတ်အဆင့် ရန်ဟောင်သို့ ရောက်အောင် ကျင့်ကြံခဲ့ပြီး ထိပ်ဆုံး၌ မြဲမြဲမြံမြံ ချီတက်နေခဲ့သည်။

လိန်ယန်က လိန်ရှီး၏ လက်မောင်းအား တို့လိုက်၏။ လိန်ရှီးက ကြည့်လိုက်သော်လည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားကာ ရှားရှင်းယွန်အား မေးလိုက်သည်။ "သခင်မလေး ရှင်ကရော တပည့်တချို့ လက်မခံချင်ဘူးလား။ ကျွန်မက ရှင့်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြီး ရှင့် လမ်းညွှန်မှုအောက်မှာ ကျင့်ကြံချင်ပါတယ်။ ဒါဆို ရှင်လည်း ကိစ္စတိုင်းကို ကိုယ်တိုင် လိုက်လုပ်စရာမလိုတော့ဘူးလေ။"

ရှားရှင်းယွန်က ဆွံ့အသွား၏။ သိသာစွာပင် သူတို့က ရီဖူရှင်းထံမှ အငြင်းခံလိုက်ရသည့်အတွက် သူမမှတဆင့် ရီဖူရှင်းနှင့် ရင်းနှီးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ရှန့်ထိုအဆင့်မှ ကျင့်ကြံသူများအနေနှင့် သူမ၏ တပည့်အဖြစ်လက်ခံရန် မျက်နှာပြောင်တိုက်မေးမြန်းဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှားရှင်းယွန်သည် ရီဖူရှင်းက ဤနေရာ၌ မည်သည့်တပည့်မှ လက်ခံလိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။

သူက ဤနေရာ၌ ကိုယ့်ကိုယ်ကိုယ်ပင် အနိုင်နိုင်ကာကွယ်ရန် ကြိုးစားရမည် ဖြစ်သည်။ သူက တပည့်များကို သင်ကြားပေးရန် မည်သို့ အချိန်ရှိပါမည်နည်း။ သူက ဆေးအင်ပါယာကဲ့သို့ ကောင်းကင်ဒေသတွင် ခြေကုပ်ယူနိုင်သည့် အခြေအနေမဖြစ်မချင် စဉ်းစားနိုင်လိမ့်မည် မဟုတ်ပေ။

"မင်းတို့ စီနီယာတွေက ငါ့ထက် သာတာပဲ။ ငါက ဘယ်လို သင်ပေးနိုင်မှာလဲ။" ရှားရှင်းယွန်က တိုးသက်စွာ ပြန်ဖြေလိုက်သည်။

"သခင်မလေး ကလည်း လုပ်နိုင်စွမ်းကို ဖုံးကွယ်ထားတဲ့ အရည်အချင်းရှိ တန်ခိုးရှင်တစ်ယောက်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ ကျွန်တော် မြင်ဖူးသမျှထဲမှာ အချောဆုံးနဲ့ ကျက်သရေအရှိဆုံးပဲ။ သခင်မလေးနဲ့ စီနီယာက တကယ့်ကို နတ်ဖက်တဲ့စုံတွဲတွေပါဗျာ။ ဒါကြောင့် ကျွန်တော့်ကို သင်ပေးနိုင်မှာပါ။" လိန်ယန်က သူ၏ မာနအပါအဝင် မည်သည့်တန်ဖိုးမဆို ပေး၍ ရှေ့သို့ဆက်သွားရန် အသင့်ဖြစ်နေသည်။ သူက ရီဖူရှင်းကို လေးစားကြည်ညိုပြီး သူ့ထံမှ သင်ယူလေ့လာချင်သည်။ သူ၏ မိသားစုများနှင့် စီနီယာများသည် သူ့အကြံကြံကို ကြားသည့်အခါ အလွန် အားပေးကြသည်။

ရှားရှင်းယွန်က သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက်အက်ကွဲသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ပြောလိုက်၏။ "တကယ်တော့ ငါက သူ့မိန်းမ မဟုတ်ဘူး။"

"အာ..." လိန်ယန်က မျက်တောင်ခတ်ကာ ဇဝေဇဝါ ဖြစ်သွားသော်လည်း မကြာခင်၌ ပြန်လည်တုံ့ပြန်လာကာ ပြောလိုက်သည်။ "ဒါဆိုရင် ခင်ဗျားက သူရဲ့ အနာဂတ်ဇနီး ဖြစ်ရမယ်။"

ရီဖူရှင်းက လိန်ယန်အား စကား ပြောလာသည်။ ရှားရှင်းယွန်က သူ့အား ကြည့်လိုက်၏။ "အဲဒီ အတွေးတွေကို ရပ်လိုက်တော့။ ကျုပ်ဒီအချိန်မှာ တပည့်လက်ခံမှာ မဟုတ်ဘူး။"

လိန်ယန်၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အကြည့်တချို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူက ထပ်ပြောလိုက်သည်။ "အနာဂတ်မှာ တပည့် လက်ခံမယ်ဆိုရင် ကျွန်တော့်ကို အရင်ဆုံး စဉ်းစားပေးပါ။"

"ကောင်းပြီ" ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

"အဲဒါက ဘယ်နေရာလဲ။" ရီဖူရှင်းက အရှေ့တွင် မြင်နေရသော တိမ်များသို့တိုင် မြင့်မားသည့် နန်းတော် တစ်ခုကို ကြည့်ကာ မေးလိုက်သည်။ တန်ခိုးရှင်များက နန်းတော်ခြေရင်း၌ စုစည်းနေကြပြီး ရန်ဟောင် အဆင့်များလည်း အများအပြား ပါဝင်နေသည်။

ရီဖူရှင်းသည် အဝေးမှ လူအများကြီး ထပ်လာနေကြသည်ကို သတိပြုမိခဲ့၏။

"တည်းခိုခန်းအဖြစ် လုပ်ကိုင်နေတဲ့ တုန်းဟွာ ကောင်းကင်စံအိမ်တစ်ခုပါ။ ဒါပေမယ့် တုန်းဟွာကောင်းကင်အတွင်းမှာ ရှိတဲ့ ထိပ်တန်းကောင်းကင်စံအိမ်တွေက လူတိုင်း ဝင်ရောက်နိုင်တာမျိုး မဟုတ်ဘူး" လိန်ယန်က ပြောလိုက်သည်။

"ကြည့်ရတာ အကျော်အမော်တစ်ယောက် ဒီနေရာကို ရောက်နေတယ် ထင်တယ်။" ရီဖူရှင်းက ထို နန်းတော်ဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ လူအများကြီးလည်း ကောင်းကင်စံအိမ်၏ အောက်ဘက်တွင် စုစည်းနေကြပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"ထိုက်ဟွာတောင်" ရီဖူရှင်းသည် သူတို့ ပြောနေသော စကားများအား ကြားပြီးနောက် ရေရွတ်လိုက်သည်။ သူက ပြန်စဉ်းစားပြီးနောက် မည်သူလာနေသည်အား သတိပြုမိလိုက်၏။

တုန်းဟွာနယ်မြေ၌ အဓိကကုန်းမြေခုနစ်ခု ရှိပြီး ကျွန်းနှစ်ကျွန်းနှင့် တောင်တစ်တောင် ရှိသည်။ အဓိကကုန်းမြေခုနစ်ခုတွင် နေထိုင်သော ထိပ်သီးအင်အားစုအများအပြားရှိသည်။ တုန်းဟွာကောင်းကင်တွင် နယ်မြေသခင်အိမ်တော်၊ လင်းရှောင်နန်းတော်နှင့် တုန်းဟွာကျောင်းတော်တို့ ရှိပြီး တုန်းရှောင်းကုန်းမြေတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၊ မြောက်ပိုင်း အဖြူရောင်နှင်းမြို့တော်တွင် မြူနှင်းဝေနတ်နန်းတော်၊ ယန်ယွင်ကုန်းမြေတွင် ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ ပျက်စီးခြင်းကုန်းမြေတွင် ပျက်စီးခြင်းနတ်နန်းတော်၊ လော့ထျန်းကုန်းမြေတွင် ရှေးဟောင်းတော်ဝင် ကျန်းကလန်မိသားစု တို့ ရှိပြီး နန်ဟွာကုန်းမြေ၌ နန်ဟွာကလန် တည်ရှိသည်။

တုန်းဟွာနယ်မြေအတွင်း အဓိကကုန်းမြေ ခုနစ်ခုလုံးမှာ ထိပ်သီးအင်အားစုများ ရှိကြသည်။ ထို့အပြင် ကျွန်းနှစ်ခုနှင့် တောင်တစ်လုံး ကျန်နေသေး၏။

ကျွန်းနှစ်ခုမှာ နတ်သမုဒ္ဒရာကုန်းမြေ၏ လိပ်နတ်ဘုရားကျွန်းစု နှင့် ဖမ်းလိုင်ကုန်းမြေ၏ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖြစ်သည်။

ထို့အပြင် ထိုက်ဟွာတောင်သည် တုန်းဟွာကုန်းမြေအတွင်း တစ်ခုတည်းသော တောင်ဖြစ်၏။

ထိုနေရာများ အားလုံးသည် တုန်းဟွာနယ်မြေအတွင်း လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များ ကျင့်ကြံရာ နေရာများ ဖြစ်ကြသည်။

ထိုက်ဟွာတောင်ကို မည်သည့် ကလန် မည်သည့် မိသားစုကမှ ထိန်းချုပ်ထားခြင်း မရှိသော်လည်း ထိုက်ဟွာကောင်းကင်အရှင်ဟူသော ကျင့်ကြံသူဆရာသခင်တစ်ယောက် ကျင့်ကြံရာ နေရာ ဖြစ်သည်။ သူသည် နက်နဲလှသည့် စွမ်းအားနှင့် တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း တပည့်များ မွေးမြူ၍ သူ၏ သြဇာအာဏာကို အပြင်လောက၌ ကြီးထွားစေမည့်အစား သူက သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ နှစ်မြှုပ်ထားလေသည်။

ထိုက်ဟွာကောင်းကင်အရှင်အပြင် ထိုက်ဟွာတောင်၌ ကျော်ကြားသူ နောက်တစ်ယောက် ရှိသေး၏။ ပြောကြသည်မှာ ထိုက်ဟွာအရှင်၏ သမီး နတ်မိမယ်ထိုက်ဟွာသည် အလွန် အရည်အချင်းရှိပြီး မှင်တက်ဖွယ် လှပသည်ဟု ဆိုကြသည်။ သူမသည် မြင်သူတိုင်း ရင်သပ်ရှုမောဖွယ် ပြိုင်ဘက်ကင်းသည့် အလှလေး ဖြစ်သည်ဟု ဆိုကြသည်။ အချို့သော လူများက သူမကို တုန်းဟွာနယ်မြေတွင် အဆင့်မြင့်ဆုံး နတ်မိမယ်တစ်ပါးဟု ခေါ်ကြသည်။

မည်သို့ပင်ဖြစ်စေ ထိုက်ဟွာတောင်က အမြဲ တသီးတသန့် ရှိကာ မည်သူကမှ သူတို့အား အလွယ်တကူ မနှောက်ယှက်ရဲသည့်အတွက် ထိုက်ဟွာနတ်မိမယ်အား တွေ့ဖူးသူမှာ သိပ်မများလှပေ။ သို့ဆိုလျှင်ပင် သူမ၏ ဂုဏ်သတင်းက ကြီးမားကာ သူမအကြောင်း ကောလာဟလများက ပျံ့နှံ့လျက်ရှိသည်။

"ထိုက်ဟွာကောင်းကင်အရှင်နဲ့ နတ်မိမယ်ထိုက်ဟွာတို့လည်း ဒီမှာ ရောက်နေတာလား။" လိန်ရှီးနှင့် လိန်ယန်တို့နှစ်ယောက်လုံးက အံ့အားသင့်သွားကြသည်။ "ကြည့်ရတာ နယ်မြေသခင်က သူတို့ကို ဖိတ်လိုက်တာ ထင်တယ်။"

ရီဖူရှင်းသည် ထိုက်ဟွာကောင်းကင်အရှင်က အင်ပါယာရှီ မဟာလမ်းစဉ် နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်စဉ်ကပင် ထွက်ပေါ်မလာခဲ့သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ဤတစ်ကြိမ်၌ နယ်မြေသခင်က သူတို့အား ဖိတ်ကြားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သူတို့ရှေ့မှ အခြားသူများသည်လည်း နယ်မြေသခင်က တုန်းဟွာနယ်မြေအတွင်းမှ အတော်ဆုံး တန်ခိုးရှင်များကို မည်သို့ ဖိတ်ခေါ်ခဲ့ကြောင်း ဆွေးနွေးနေကြသည်။ သူက ထိုသို့ ကျိန်းသေ လုပ်ဆောင်နိုင်သူ တစ်ယောက် ဖြစ်၏။

"နတ်မိမယ်ထိုက်ဟွာက တကယ်ပဲ ကောလာဟလတွေထဲကလို လှလား။" လိန်ရှီးက မေးလိုက်သည်။

"ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ တန်ခိုးရှင်တစ်ယောက်က လောကကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်တာကြောင့် ပိုပြီး လှပလာတယ်။ အဲဒါကပဲ ကျင့်ကြံသူတွေကြားမှာ လှပတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေရတာပဲ။ နတ်မိမယ်ထိုက်ဟွာက အရည်အချင်း ရှိနိုင်ပေမယ့် ဒီလောကမှာ တကယ် ပြိုင်ဘက်ကင်းတာ ဘယ်သူမှမရှိလောက်ဘူးလားလို့။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

"ဟုတ်တယ်.. သခင်မ... နတ်မိမယ်ရှားကလည်း အရမ်းလှတယ်။" လိန်ရှီးက ပြောလိုက်သည်။

ရီဖူရှင်းက လိန်ရှီး၏ စကားများကို ကြားသောအခါ ခေတ္တမျှ မှင်တက်သွားသည်။ ထို့နောက် သူက ပြုံးလိုက်၏။ လိန်ရှီးသည် သူ၏ သာမန်မှတ်ချက်လေးမှ အဓိပ္ပါယ်အား နားလည်မှုလွဲသွားခြင်းပင် ဖြစ်သည်။ သူက ထူးချွန် လှပသော အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုအထဲတွင် မင်းသမီးတုန်းဟွမ်လည်း ပါဝင်သည်။ အမျိုးသမီး အများစုက သူမကဲ့သို့ ခမ်းနားထည်ဝါသော တော်ဝင်အရှိန်အဝါတို့ မရှိချေ။

"ဒါပေမယ့် နတ်မိမယ်ထိုက်ဟွာက အရမ်း ဆွဲဆောင်မှုရှိရမယ်။ ပြီးတော့ သူမက နတ်တေးသွားသံစဉ်ကို ကျင့်ကြံတယ်။ သူမကို တွေ့ချင်လွန်းလို့ တစ်ပိုင်းသေနေကြတဲ့သူတွေ ဘယ်လောက်များများရှိလဲ ပြောဖို့တောင် မဖြစ်နိုင်ဘူး။ နောက်ဆုံးတော့ အခု အခွင့်အရေးတစ်ခု ရလာပြီ ထင်တယ်။" လိန်ရှီးက အတော်လေး တက်ကြွသော အသံနှင့် ပြောလိုက်သည်။

ထိုအချိန်၌ တန်ခိုးရှင်တစ်စု ကောင်းကင်စံအိမ်သို့ လျှောက်လာကာ ပြောလိုက်သည်။ "ကျုပ်တို့က နယ်မြေသခင်ရဲ့ အမိန့်အရ ကောင်းကင်အရှင်နဲ့ နတ်မိမယ်တို့ အိမ်တော်မှာ အနားယူဖို့ လာဖိတ်ခေါ်တာပါ။"

"ဒါက မလိုအပ်ပါဘူး။ ကျုပ်တို့ ဒီမှာလည်း အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး နယ်မြေသခင်ကို ကျုပ်အစား ကျေးဇူးတင်စကား ပြောပေးပါ။ သူ့ကို သွားပြီး အနှောက်အယှက် မပေးတော့ပါဘူး။" ထိုက်ဟွာကောင်းကင်အရှင်က ပြန်ဖြေလိုက်သည်။ သူက တုန်းဟွာနယ်မြေသခင်အိမ်တော်တွင် မနေလိုပေ။ သူက တိတ်ဆိတ်ငြိမ်သက်မှုနှင့်သာ အသားကျနေ၍ ဖြစ်နိုင်သည်။

"ကောင်းပါပြီ။ ဒါဆို ကျုပ်တို့ ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်။" တစ်ယောက်က ပြောလိုက်သည်။ "နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကောင်းကင်အရှင်က ဒီကို ရောက်လာပြီဆိုတော့ စားသောက်ပွဲကို စတင်လို့ရပြီ။ ဒါကြောင့်မို့ နောက်သုံးရက်နေရင် နယ်မြေသခင်အိမ်တော်ကို လာရောက်မယ်ဆို ကျုပ်တို့ ဝမ်းမြောက်မိမှာပါ။"

"အချိန်ကျလာရင် သေချာပေါက်သွားမှာပါ။" ထိုက်ဟွာကောင်းကင်အရှင်က ပြန်ဖြေလိုက်သည်။ လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှုကြောင့် တက်ကြွလာခဲ့၏။ နောက်ဆုံး၌ တုန်းဟွာစားသောက်ပွဲက နောက်သုံးရက်အတွင်း ကျင်းပတော့မည် ဖြစ်သည်။ ၎င်းက မည်မျှ အံ့သြဖွယ် ကောင်းလိမ့်မည်နည်း။

ကြည့်ရသည်မှာ သူတို့က ထိုက်ဟွာကောင်းကင်အရှင်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ရပေမည်။

နယ်မြေသခင်အိမ်တော်သည် နေရာတိုင်းမှ တန်ခိုးရှင်များ၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်ပုံရလေသည်။ ထိပ်သီးတန်ခိုးရှင်အားလုံး ရောက်လာသည့်အခါ သူတို့က စားသောက်ပွဲကို စတင် ကျင်းပမည် ဖြစ်သည်။ အခြားသော အင်အားစုများက တဖြေးဖြေး စုစည်းလာခဲ့ပြီး ယခု ထိုက်ဟွာကောင်းကင်အရှင်လည်း ရောက်လာပြီဖြစ်သည်။

ရီဖူရှင်းက ထိုနေရာမှ ကြည့်နေခဲ့သည်။ ထိုအခမ်းအနားက သုံးရက်အတွင်း ကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် နယ်မြေသခင်အိမ်တော်သည် တုန်းဟွာကောင်းကင်တစ်ခုလုံးကို တစ်ရက်အတွင်း သတင်းပေးလိမ့်မည် ဖြစ်သည်။

***

အပိုင်း(၂၀၂၅)ရောက်ရှိလာခြင်း

နယ်မြေသခင်အိမ်တော်၏ အမိန့်အရ တုန်းဟွာကောင်းကင်တွင် စားသောက်ပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။ လူတိုင်းက ထိုစားသောက်ပွဲ ကျင်းပမည်မှာ အနှေးနှင့်အမြန် ဖြစ်မည်ကို သိသော်လည်း ထိုသတင်း ထွက်ပေါ်လာသည့်အခါ အတော်လေး ပွက်လောရိုက်သွားဆဲပင် ဖြစ်သည်။

ဤတစ်ကြိမ်၌ သူတို့က တုန်းဟွာနယ်မြေ၏ အစွန်အဖျားတိုင်းမှ ထိပ်သီးပုဂ္ဂိုလ်များအား မြင်တွေ့ရမည့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်လိမ့်မည် ဖြစ်သည်။ ဤရက်များအတွင်း လာရောက်ကြသော အရည်အချင်းရှိ ထင်ရှားသည့် မည်သည့်သူမျိုးမဆို ယခင်က မြင်တွေ့ရန် ခက်ခဲသူများ ဖြစ်ကြသည်။ သို့သော်လည်း ယခု တုန်းဟွာစားသောက်ပွဲတွင် သူတို့အားလုံးကို တစ်စုတစ်စည်းတည်း တွေ့ရန် အခွင့်အရေး ရပြီဖြစ်သည်။

နောက်ဆုံးတစ်ခေါက် နတ်သမုဒ္ဒရာကုန်းမြေမှ လိပ်နတ်ဘုရားကျွန်းစုတွင် ထိပ်သီးပုဂ္ဂိုလ်အမြောက်အမြား စုစည်းခဲ့သော်လည်း ကုန်းမြေအများအပြားကို ​ဖြတ်သန်း၍ ထိုနေရာသို့ လူတိုင်း မရောက်နိုင်ခဲ့ကြပေ။ ဤတစ်ကြိမ်၌ တုန်းဟွာစားသောက်ပွဲသည် တုန်းဟွာကောင်းကင်၌ အကြီးအကျယ် ကျင်းပမည် ဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်ကျင်းပခဲ့သော ထိုသို့ အခမ်းအနားမျိုးမှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ကျင်းပခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းအတွက် သူတို့က အနည်းငယ် စိတ်လှုပ်ရှားနေကြပေသည်။

ထပ်ပြောရလျှင် သူတို့က ထိုထိပ်တန်း ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်သည့်အပြင် အထွတ်အထိပ် ရန်ဟောင်အများအပြားနှင့် ကျော်ကြားသည့် တန်ခိုးရှင် လေးယောက်ကိုလည်း မြင်တွေ့နိုင်ပေသည်။ ပြီးပြည့်စုံသော မဟာလမ်းစဉ် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် လူငယ်ပါရမီရှင်များ၏ တည်ရှိမှုက သဘောကျဖွယ်ပင် ဖြစ်သည်။ သူတို့သည် ကလန်များမှ မျိုးဆက်များဖြစ်သလို ရှေး​ဟောင်းတော်ဝင်မိသားစုများ၏ မင်းသားမင်းသမီးများနှင့် နှင်းမြို့တော်၏ နတ်မိမယ်များ ဖြစ်ကြသည်။

သူတို့က ထိုသူများကို မမြင်ဖူးသော်လည်း ကောလာဟလများစွာက တုန်းဟွာကောင်းကင်တွင် ပျံ့နှံ့နေပြီး ဖြစ်သည်။

တုန်းဟွာနယ်မြေတွင် နံပါတ်တစ်ဖြစ်သော နင်ဟွာအပြင် 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီ၊ ကျုံးချန်နှင့် လတ်တလောမှ ကျော်ကြားလာသော ဓားအင်ပါယာလျှို့နျန်နှင့် ယခုလေးတင် တုန်းဟွာကောင်းကင်သို့ ဝင်လာသည့် နတ်မိမယ်ထိုက်ဟွာတို့ကိုလည်း မြင်တွေ့နိုင်ကြပေမည်။

သတင်းများ ထွက်ပေါ်လာပြီးနောက် တုန်းဟွာကောင်းကင်မှ လူများသည် ဗဟိုဒေသတွင် စုဝေးလာကြကာ အခမ်းအနားတက်ရောက်ရန် နယ်​မြေသခင်အိမ်တော်သို့ သွားဖို့ရာ ပြင်ဆင်နေကြသည်။ ဤတစ်ကြိမ်၌ တုန်းဟွာနယ်မြေတစ်ခုလုံးအတွက် ကျင်းပသော ပွဲတော်တစ်ခု ဖြစ်သည်။

အချိန်သုံးရက်မှာ မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံး၌ စားသောက်ပွဲ ကျင်းပသည့် ရက်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေ့ မနက်အစောပိုင်းတွင် လိန်မိသားစုက အလွန် အလုပ်များနေခဲ့သည်။ လိန်မိသားစု ကလန်ခေါင်းဆောင်က စောစောထကာ အခမ်းအနားအား စူးစမ်းလေ့လာရန် လူတစ်စုအားခေါ်သွားရန် ပြင်ဆင်နေသည်။

အိမ်တော်အတွင်း ရီဖူရှင်းနှင့် အခြားလူများ စုစည်းနေကြသည်။

"ဆေးအင်ပါယာ မလာဘူးလား။" ရီဖူရှင်းက လီချန်ရှန်းကို မေးလိုက်သည်။

"ဆရာက အဲဒီကို တိုက်ရိုက်သွားလိမ့်မယ်။" လီချန်ရှန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ "ဆရာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ကြိုပြောလို့မရဘူး။ သူက အာကာသခရီးသွားဝင်္ကပါကို သုံးစရာမလိုဘူး။ ဖြစ်နိုင်တာက သူ ဟိုဟိုဒီဒီ လမ်းလျှောက်သွားချင်လို့ ထင်တယ်။ အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိပ်သီးပုဂ္ဂိုလ်များက သူတို့နှင့် မတူသည့်အတွက် ကုန်းမြေများကို ဖြတ်သန်းသွားလာရန် အချိန် သိပ်ယူရမည်မဟုတ်ပေ။

"နယ်မြေသခင်အိမ်တော်က တုန်းဟွာ စားသောက်ပွဲကျင်းပဖို့ ကြေညာခဲ့တယ်။ ကြည့်ရတာ သူတို့က အဲဒီစားသောက်ပွဲမှာ နယ်​မြေသခင်အိမ်တော်မှာ ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီတဲ့သူကို ရွေးချယ်မယ် ထင်တယ်။ ဒါပေမယ့် မင်းရဲ့ ဂုဏ်သတင်းနဲ့ ခွန်အားအရဆို အရည်အချင်းပြည့်မီမှာ ပြောနေစရာတောင် မလိုဘူး။ မင်းက ရွေးချယ်ပွဲမှာ ဝင်မပါတောင် တုန်းဟွာကျောင်းတော်မှာ တိုက်ခိုက်ခဲ့တာကတင် အရည်အချင်း ပြည့်မီနေပြီးသား။" လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။

နယ်မြေသခင်အိမ်တော်မှ ရွေးချယ်ပွဲသည် အစွမ်းထက်တန်ခိုးရှင်များကို ရွေးချယ်ရန် ဖြစ်သည်။ ရီဖူရှင်းက အလွန်ထူးချွန်လှရာ နယ်မြေသခင်အိမ်တော်က သူ၏ ဝင်​ရောက်မှုအား ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့လျှင် သူသည် စည်းမျဉ်းများကို လိုက်နာကာ အခြားရွေးချယ်ခံများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

"လူတိုင်းအသင့်ဖြစ်ပြီလား။" ထိုအချိန်၌ လိန်မိသားစုခေါင်းဆောင်က သူတို့ဘက်သို့ လျှောက်လာကာ မေးလိုက်သည်။ သူသည် လိန်မိသားစု၏ အဓိကကလန်မှ တန်ခိုးရှင်များကို အခမ်းအနားအား လေ့လာရန် ခေါ်ဆောင်လာခဲ့သည်။

"အင်း၊ ကျုပ်တို့ အခု သွားလို့ရပြီ။" လီချန်ရှန်းက ပြန်တုန့်ပြန်လိုက်သည်။

"ကောင်းပြီ။ ဒါဆို ကျုပ်တို့ သွားကြတာပေါ့။ အခု နယ်မြေသခင်အိမ်တော်မှာ တန်ခိုးရှင်တွေ အတော်များများ ရောက်နေလောက်ပြီ။" လိန်မိသားစုခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်ပြီး လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူတိုင်းက လေထဲသို့ ခြေလှမ်းကာ နယ်​မြေသခင်အိမ်တော်သို့ ဦးတည်လိုက်သည်။

ထိုစဉ် တုန်းဟွာကောင်းကင်အထက်၌ တန်ခိုးရှင်သန်းပေါင်းများစွာ လေထဲတွင် ခရီးဆက်​နေကြပြီး တူညီသော နေရာသို့ ဦးတည်နေကြသည်။ ထိုမြင်ကွင်းက ခမ်းနားထည်ဝါပြီး ကောင်းကင်ဒေသ၏ နယ်မြေဆယ့်ရှစ်ခုမှ အဓိကကုန်းမြေများတွင် တန်ခိုးရှင်များစွာ ရှိကြောင်း ရီဖူရှင်းအား သတိပြုမိစေသည်။

အဆင့်မြင့် ကျင့်ကြံခြင်းလောကတွင်ပင် ထိုမြင်ကွင်းက ခမ်းနားလှပေသည်။

ကောင်းကင်ဒေသ၏ နယ်မြေသခင်အိမ်တော်သည် ထိပ်ဆုံးသို့ ရောက်လုနီးနီးပင် ဖြစ်သည်။ တော်ဝင်နန်းတော်မှ လွဲပြီး ၎င်းကို ကောင်းကင်ဒေသအတွင်း ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောနိုင်သည်။

...

တုန်းဟွာနယ်မြေသခင်အိမ်တော်သည် 'တုန်းဟွာကောင်းကင်' ဟု အစောဆုံးခေါ်တွင်ခဲ့သော နေရာဖြစ်သည်။ နောက်ပိုင်းမှသာ တုန်းဟွာကုန်းမြေတစ်ခုလုံးအား တုန်းဟွာကောင်းကင်ဟု ခေါ်ခြင်း ဖြစ်သည်။

သို့သော် နယ်မြေသခင်အိမ်တော် ကိုယ်တိုင်က တုန်းဟွာကောင်းကင် ဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

နယ်မြေသခင်အိမ်တော်ကို တုန်းဟွာကောင်းကင်ဟု ခေါ်သည်မှာ မူလက ကောင်းကင်နန်းတော် ဖြစ်သောကြောင့် ဖြစ်လေသည်။

နယ်မြေသခင်အိမ်တော်က ပုံမှန်အုပ်ချုပ်မှုနှင့် ကွဲပြားပြီး ကျင့်ကြံခြင်းအတွက် အကောင်းဆုံး သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းက အဆုံးမဲ့ ကျယ်ပြောပြီး ကောင်းကင်နန်းတော်ကို နတ်အရောင်အဝါတို့နှင့် လွှမ်းခြုံထားသည်မှာ ဒဏ္ဍာရီလာ နယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်လေသည်။

ထိုအချိန်တွင် နယ်မြေသခင်အိမ်တော်၏ အပြင်ဘက်၌ တန်ခိုးရှင်များနှင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်အထက်တွင် တောက်ပသော အလင်းက ကောင်းကင်ဘုံကိုးဆင့်မှ ကျဆင်းလာပြီး တိမ်များက ရုတ်တရက် ဖယ်ခွာသွားခဲ့သည်။ အိမ်တော်အထက်ရှိ မြူများက ပျောက်ပျယ်သွားပြီး ကောင်းကင်ဘုံကိုးဆင့်အထက် မြင်ကွင်းများကို မပီဝိုးတဝါး မြင်လာရသည်။

"ဟိုဘက်မှာ" လူတိုင်းသည် အလွန် ခမ်းနားထည်ဝါသော ကောင်းကင်ဘုံကိုးဆင့်နန်းတော်ကို မြင်တွေ့လိုက်ကြရသည်။

"တုန်းဟွာနန်းတော်" လူတိုင်းက ရေရွတ်လိုက်ကြသည်။ နယ်​မြေသခင်အိမ်တော်တွင် တုန်းဟွာနန်းတော်သည် နယ်မြေသခင် အလုပ်လုပ်ရာ နေရာဖြစ်သည်။ ယခု ၎င်းက သူတို့၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။ နတ်နန်းတော်သည် ယခင်က တိမ်များထဲတွင် ပုန်းကွယ်နေခဲ့သော်လည်း ယခုတွင် လောကအတွင်း ထုတ်ဖော်ပြသလာပြီ ဖြစ်၏။

တုန်းဟွာနန်းတော်တွင် ကျောက်တိုင်အချို့က ကောင်းကင်သို့တိုင် ရောက်ရှိပြီး နဂါးများနှင့် ဖီးနစ်များကို ရေးထွင်းထားကာ ပလ္လင်များက မတူညီသော နေရာများတွင် ရှိနေခဲ့သည်။ ၎င်းတို့က သိသာစွာပင် တုန်းဟွာကောင်းကင်မှ အရေးကြီးဆုံး ပုဂ္ဂိုလ်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။

တုန်းဟွာနန်းတော်နောက်ဘက်တွင် ဘုံကိုးဆင့်ကောင်းကင်မှ နတ်ရေတံခွန်က ကျဆင်းလာနေသည်။ ထိုသို့ ခမ်းနားထည်ဝါသော မြင်ကွင်းသည် စိတ်ကူးများထဲတွင်သာ တည်ရှိနိုင်သော်လည်း ယခု အမှန်တကယ် တွေ့ကြုံနေရပြီ ဖြစ်၏။

ဘုံကိုးဆင့်ကောင်းကင်၏ နတ်ရေတံခွန်နောက်ဘက်တွင် နတ်တောင်တန်းကို မပီဝိုးတဝါးမြင်နိုင်ပြီး မြင်ကွင်းက အနည်းငယ် ဝေဝါးနေခဲ့သည်။ ၎င်းသည် နယ်မြေသခင်အိမ်တော်၏ ရှုမြင်ကွင်းတစ်ခု ဖြစ်နိုင်ပြီး ကံမကောင်းစွာနှင့် သူတို့က မမြင်တွေ့နိုင်ကြပေ။ နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကျင့်ကြံသူများသာ အထဲမှမြင်ကွင်းကို မြင်တွေ့နိုင်ကြပေသည်။

ထိုအခိုက်အတန့်တွင် ဘုံကိုးဆင့်ကောင်းကင်အထက် တုန်းဟွာနန်းတော်မှ ကြီးမားသော လှေကားတစ်ခု ထွက်ပေါ်လာကာ ၎င်းက ခမ်းနားအံ့ချီးဖွယ်ပင် ​ဖြစ်၏။

တုန်းဟွာနန်းတော်၏ အနိမ့်ပိုင်းတွင် ကောင်းကင်နှစ်လွှာအဖြစ် ခွဲခြားထားပြီး အလွှာတစ်ခုချင်းစီတွင် ထိုင်ခုံများစွာ ပြင်ဆင်ထားခဲ့သည်။ အမြင့်ပိုင်းသို့ ရောက်လေ ခုံများက နည်းပါးသွားလေဖြစ်ကာ အမြင့်၌ ထိုင်နိုင်သူက သိပ်မများလှပေ။

ထိုအချိန်တွင် လှေကားအထက်မှ မရေတွက်နိုင်သော နတ်မိမယ်များ ဆင်းသက်လာခဲ့သည်။ သူတို့၏ အဝတ်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ ​လှေကားတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြ၏။ ထိုစဉ် တစ်စုံတစ်ယောက်က နယ်မြေသခင်အိမ်တော်၏ အောက်ဘက် ကောင်းကင်အလွှာများသို့ ဆင်းသက်လိုက်ကာ စားသောက်ပွဲတွင် ပါဝင်လာသည့် ကျင့်ကြံသူများအား ကြိုဆိုလိုက်သည်။

တုန်းဟွာနန်းတော်ရှေ့တွင် အစွမ်းထက်တန်ခိုးရှင်များ ထွက်ပေါ်လာခြင်းနှင့်အတူ စောင့်ကြပ်သူအများအပြားလည်း ပေါ်ပေါက်လာ၏။ သူတို့၏ မျက်လုံးများက အဆုံးမဲ့လေဟာနယ်ကို နယ်မြေသခင်အိမ်တော်၏ အောက်ဘက် လေဟာနယ်ကို ကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီနေ့ နယ်မြေသခင်က တုန်းဟွာအခမ်းအနားကို ကျင်းပပေးပြီး အခမ်းအနား ကြည့်ရှုဖို့ လူတိုင်းကို ခွင့်ပြုတယ်။ ဘုံကိုးဆင့်ကောင်းကင်အောက်မှာ တစ်လောကလုံးက ရန်ဟောင်တွေကိုလည်း လက်ခံနေစဉ်မှာ နယ်မြေသခင်က နန်းတော်အတွင်းက တုန်းဟွာနယ်မြေရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်လိမ့်မယ်။ နေရာတွေကိုတော့ ကျင့်ကြံခြင်းအဆင့်နဲ့ ခွဲခြားနိုင်တယ်။ ဘုံကိုးဆင့်ကောင်းကင်မှာ ထိုင်ခုံတွေ အများကြီး ရှိပေမယ့် အခု တုန်းဟွာနယ်မြေ နေရာအနှံ့ကနေ ရောက်လာတဲ့ တန်ခိုးရှင်တွေက များလွန်းတယ်။ ဒါကြောင့် တစ်ခုခု အမှားအယွင်း ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ။

မရေတွက်နိုင်သော တန်ခိုးရှင်များက ခေါင်းညိတ်လိုက်ကြသည်။ ယခုတစ်ကြိမ် လာရောက်သော ရန်ဟောင်များက များပြားလေရာ သူတို့က နားလည်နိုင်ပေသည်။ အနည်းဆုံး တုန်းဟွာကောင်းကင်မှ ရန်ဟောင်များသည် အခမ်းအနားကို လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည်။ ထိုကောင်းကင်အလွှာများသည် ရောက်ရှိလာသော ရန်ဟောင်များအားလုံးကို ဝင်ဆံ့ရန် မလွယ်ကူလှပေ။

"ရန်ဟောင်အဆင့်က လူတွေ အခုချိန်ကစပြီး လှေကားကနေ တက်လို့ အခမ်းအနားကို ကြည့်ရှုနိုင်ဖို့ သွားလို့ရပါပြီ။" ရုတ်တရက် လူအများသည် ရှေ့သို့ စတင်ရွေ့လျားလိုက်ကြသည်။ သူတို့အားလုံးက ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။ သူတို့က ​လှေကားမှ တက်ကာ မတူညီသော နေရာများသို့ သွားခဲ့ကြသည်။

အဆင့်ကိုးရန်ဟောင်များသည် ဘုံကိုးဆင့်ကောင်းကင်၌ တုန်းဟွာနန်းတော်၌ အနီးဆုံးဖြစ်ပြီး လာမည့် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။

ထိိုစဉ်၌ အဝေးမှ တန်ခိုးရှင်တစ်စုက လေထဲတွင် ခရီးဆက် လာနေသည်။ သူတို့၏ အရှိန်အဝါများက ထူးခြားလှပြီး ထည်ဝါသော ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့ ထွက်ပေါ်လာသည့်အခါ သူတို့အား နှုတ်ဆက်ရန် တစ်စုံတစ်ယောက်က ချက်ချင်း ရှေ့ထွက်လာခဲ့သည်။

"လင်းရှောင်နန်းတော်က လူတွေ ရောက်လာပြီ။" လူအများက စူးစမ်းလေ့လာနေကြသည်။ ထိပ်သီးအင်အားစုများတွင် တုန်းဟွာကောင်းကင်၏ လင်းရှောင်နန်းတော်မှ လူများက ပထမဆုံးရောက်ရှိလာသူများ ဖြစ်သည်။

"လင်းရှောင်နန်းတော်က တန်ခိုးရှင်တွေ စားသောက်ပွဲကို တက်ရောက်ပြီး အခမ်းအနားကို လေ့လာဖို့ ရောက်လာတာပဲ။" လေထဲတွင် သူတို့နှင့် တွေ့ဆုံရန် ရောက်လာသည့် အကြီးအကဲက ပြောလိုက်သည်။

"လူတိုင်းပဲ ကျေးဇူးပြုပြီး" သူတို့ကို နှုတ်ဆက်သည့် လူက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး တုန်းဟွာနန်းတော်အောက် စင်မြင့်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် မတူညီသော အပိုင်းများ ပိုင်းခြားကာ အခမ်းအနားကို ပြင်ဆင်ထားသည်။ ဘုံကိုးဆင့်ကောင်းကင်အထက် နန်းတော်တွင် အဓိကအင်အားစုများမှ ကျင့်ကြံသူများကို ထားရှိပေသည်။ သူတို့ကဲ့သို့ လူများပင်လျှင် နန်းတော်အတွင်းသို့ မသွားနိုင်ဘဲ ခန်းမအောက်ဘက်တွင်သာ နေနိုင်ကြသည်။

ထိုအချိန်တွင် အခြားသော ကျင့်ကြံသူတစ်စု အဝေးမှ လာနေသည်ကို မြင်လိုက်ကြရ၏။ သူတို့က နတ်မိမယ်တစ်စု ဖြစ်သည်။

"မြောက်ပိုင်း အဖြူရောင်နှင်းမြို့တော်က နတ်မိမယ်တွေ ရောက်လာပြီ။"

"မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်တွေရဲ့ အရှိန်အဝါက နှင်းလိုအေးစက်တယ်လို့ ပြောကြတယ်။ အဲဒါက သူတို့ရဲ့ ကျင့်ကြံခြင်းကြောင့် ဖြစ်နိုင်ပေမယ့် သူတို့က အရမ်းကို လှပနေကြတယ်။" လူအုပ်ကြီးက သဘောကျနှစ်သက်မှုများကို ပြသကာ ပြောဆိုလိုက်ကြသည်။

"မြူနှင်းဝေနတ်နန်းတော်က အခမ်းအနားတက်ရောက်ဖို့ ရောက်လာပါတယ်။" ကျန်းယွဲ့လီက ပြောလိုက်သည်။ သူတို့သည် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များနှင့် တူညီသော နေရာတွင် နေရာချထားခံရပေသည်။

ထို့နောက် နှစ်ဖက်အဖွဲ့က အချင်းချင်း အရိုအသေပေးလိုက်ကြကာ ကိုယ့်နေရာကိုယ် ထိုင်လိုက်ကြသည်။

ထို့နောက် တုန်းဟွာကျောင်းတော်၏ တန်ခိုးရှင်များ ရောက်ရှိလာမှုက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

တုန်းဟွာကျောင်းတော်သည် တုန်းဟွာကောင်းကင်၏ ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်သည်။ အစွမ်းထက် တန်ခိုးရှင်များက ​ကျောင်းတော်အတွင်း အများအပြားရှိကာ တုန်းဟွာကောင်းကင်မှ လူတိုင်းက လေးစားအားကျကြပေသည်။ တုန်းဟွာကျောင်းတော်သည် ထူးချွန်ထက်မြက်သော ကျင့်ကြံသူများကို မွေးထုတ်ပေးရာ နေရာ ဖြစ်သည်။

"နင်ဟွာက တုန်းဟွာကျောင်းတော်နဲ့အတူ ပါမလာဘူး။" တုန်းဟွာနယ်မြေ၏ ဒုနယ်​မြေသခင် မပါလာကြောင်း တစ်စုံတစ်ယောက်က သတိပြုမိလိုက်သည်။

"ဒုနယ်မြေသခင်က နယ်​မြေသခင်အိမ်တော်ကို ပြန်ရောက်ပြီးနေလောက်ပြီ။ သူက နယ်မြေသခင်နဲ့အတူ တုန်းဟွာနန်းတော်မှာ ထွက်ပေါ်လာလိမ့်မယ်။" တစ်ယောက်က ပြောလိုက်ပြီး သူ့အနီးရှိ လူများက ခေါင်းညိတ်ထောက်ခံလိုက်သည်။ နင်ဟွာ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအရ သူက တုန်းဟွာနန်းတော်၌ ပေါ်ထွက်လာခြင်းက လက်ခံနိုင်ဖွယ်ပင် ဖြစ်သည်။

ထို့နောက် နန်ဟွာကလန်မှ တန်ခိုးရှင်များ၊ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ရှေးဟောင်းတော်ဝင် ကျန်းကလန်မိသားစုတို့ ဆက်တိုက်ရောက်ရှိလာသည်။ သူတို့၏ ထွက်ပေါ်လာမှုက လူတိုင်းကို အာရုံစိုက်စေခဲ့သည်။

နောက်ဆုံး၌ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များလည်း ရောက်လာကြပေသည်။

***

အပိုင်း(၂၀၂၆)စုဝေးပွဲ

ရီဖူရှင်းနှင့် တခြားလူများ ရောက်လာသောအခါ လီချန်ရှန်းက လက်နှစ်ဘက်ကို ဆုပ်ကာ လှေကားထစ်တွင်ရှိနေသော တန်ခိုးရှင်များအား နှုတ်ဆက်သည် "ဝမ်ရှန့်မျှော်စင်ကလည်း အခန်းအနားကို တက်ရောက်လပါတယ်"

"ဝမ်ရှန့်မျှော်စင်"

လူအများအပြားက လီချန်ရှန်းဘေး၌ ရပ်နေသော ကျုံးချန်နှင့် ရီဖူရှင်းအား လှမ်းကြည့်လိုက်ကြသည်။

"အဲဒါ ကျုံးချန်ပဲ..." တစ်ယောက်က တီးတိုးပြောသည်။

"ဘယ်ဘက်က အဖြူရောင်ဆံပင်လူငယ်က ဓားအင်ပါယာလျှို့နျန်ပဲဖြစ်မယ်. သူက တည်ငြိမ်ပြီးတော့ ဆွဲဆောင်မှုရှိပုံရတယ်" တစ်ယောက်က မှတ်ချက်ချရာ အမျိုးသမီးကျင့်ကြံသူတချို့က ရီဖူရှင်းအား မထူးတလေ လှမ်းကြည့်ကြ၏။ ကောလာဟလများကား မှန်ကန်၏။ သူသည် ရုပ်ရည်နှင့် ကိုယ်နှုတ်အမူအရာ ကောင်းမွန်သည်သာမက သူ့ပါရမီမှာလည်း ပြိုင်စံရှားသည်။ သူ့တွင် လမ်းစဉ်လက်တွဲဖော်ရွေးချယ်ပြီးပြီလား သူတို့ သိလိုကြ၏။

ဤသည်ကပင် ကျင့်ကြံခြင်းလောကဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ရုပ်ရည်က ထူးထူးခြားခြား ကောင်းမွန်နေလျှပင် ပါရမီနိမ့်ပါက မည်သူမှ အရေးလုပ်မည် မဟုတ်ပေ။ ထိုက်ဟွာနတ်မိမယ်ကို ဥမာထား၍ ကြည့်နိုင်သည်။ သူမသည် လူမြင်ကွင်းကို သိပ်မထွက်သော်လည်း သူမ၏ကျော်ကြားမှုက သာလွန်မြင့်မား၏။ အကြောင်းကား သူမ၏ရုပ်ရည်အပြင် မြင့်မားသော ပါရမီနှင့်စွမ်းရည်တို့ကြောင့်လည်း ဖြစ်သည်။

"တုန်းဟွာကျောင်းတော်မှာ ဖြစ်ပျက်ခဲ့တာတွေက အမှန်တွေလို့ ကြားတယ်နော်။ ဓားအင်ပါယာရီလျှို့နျန်က ကျန်းယွဲ့လီနဲ့ တခြားလူတွေထက် ပိုစွမ်းတယ်တဲ့။ သူ့နတ်ဝင်ရိုးက နင်ဟွာနဲ့အဆင့်တူလောက် ရှိလောက်တယ်" တစ်ယောက်က တီးတိုးပြောသည်။ တုန်းဟွာကျောင်းတော်မှ အဖြစ်အပျက်မှာ မှားယွင်းစရာမရှိသော်လည်း လူအများစုမှာ ထိုစကားကိုကြားကာ အံ့အားသင့်ကြရဆဲဖြစ်သည်။

မည်သို့ဆိုစေ ထိုလူများ၏ကျော်ကြားမှုမှာ တုန်းဟွာကုန်းမြေတွင် အမြင့်ဆုံးဖြစ်ကာ နင်ဟွာကား နံပါတ်တစ်ဟု လူသိများသည်။ အနာဂတ်တွင် သူသည် တုန်းဟွာကုန်းမြေ၏အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်လာနိုင်ချေ ရှိ၏။

ယခု ရီဖူရှင်း၏နတ်ဝင်ရိုးသည် နင်ဟွာနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း ကောလာဟလများ ထွက်လာရာ လူအများက ထိုကိစ္စနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားနေကြချေသည်။

"အားလုံး ကျေးဇူးပြုလို့..." အပေါ်မှ တစ်ယောက်က သူတို့အား လာရောက်ကြိုဆိုသည်။

လီချန်ရှန်းနှင့် တခြားလူများကလည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။ ကလန်ခေါင်းဆောင်လိန်က ကောင်းကင်ဘုံကိုးခုမှ တန်ခိုးရျင်များကိုကြည့်ကာ အခြေအနေကို နားလည်လိုက်၏။ သူက ပြောသည် "ခင်ဗျားတို့ရဲ့ ဘုံအလိုက် တက်သွားကြပါ။ ရန်ဟောင်အဆင့်အောက်ကလူတွေကတော့ အောက်ကနေပဲ အခန်းအနားကို စောင့်ကြည့်ကြပါ"

"အာ..." လိန်ရိန်နှင့် လိန်ရှီးတို့က စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့က အောက်မှသာ ကြည့်ခွင့်ရတော့မည် ဖြစ်သည်။ သူတို့၏အဒေါ် လိန်ချင်းဟန်သည်ပင် တုန်းဟွာကျောင်းတော်မှ လူများနှင့် အပေါ်ကို တက်သွားခွင့်ရသည်။

သို့သော် သူတို့၏ကျင့်ကြံဆင့်မှာ နိမ့်သေးရာ မည်သို့မှ မတတ်နိုင်ပေ။

"အကြီးအကဲ... ကျုပ်တို့က အဖော်နည်းနည်း ခေါ်သွားလို့ ရမလား" ရီဖူရှင်းက သူတို့အား လာကြိုသူကို မေးလိုက်သည်။

တစ်ဘက်လူက ရီဖူရှင်းအား လေးနက်စွာ ကြည့်ကာ သူ၏နောက်ခံကို ထည့်သွင်းစဉ်းစားနေဟန်ရသည်။ ခဏကြာလျှင် သူက ပြောသည် "သေချာတာပေါ့"

အင်အားစုအတော်များများက ဤသို့နည်းဖြင့် လူတချို့ ခေါ်ဆောင်သွားခြင်းမှာ ပုံမှန်ကိစ္စ ဖြစ်သည်။

"ကျေးဇူးပါ..." ရီဖူရှင်းက သူ့အား ကျေးဇူးတင်လိုက်ကာ လိန်ယန်နှင့် လိန်ရှီးက အား ပြောသည် "မင်းတို့လည်း အတူလိုက်ခဲ့လေ"

"အင်း..." နှစ်ယောက်သား စိတ်လှုပ်ရှားစွာ ပြုံးလိုက်ကြ၏။ သူတို့ကား ကလန်ခေါင်းဆောင်နေရာထက်ပင် မြင့်သော နေရာမှ ကြည့်ရတော့မည် ဖြစ်သည်။

ကလန်ခေါင်းဆောင်လိန်က သူတို့အား အပြုံးတစ်ချက်ဖြင့် ကြည့်သည်။ ဤကလေးများကား အတော်ကံကောင်းသည်။

သူတို့အုပ်စုက လူငယ်နှစ်ယောက်နှင့်အတူ အပေါ်ကို တက်သွားကြသည်။ လူအများအပြားက စွမ်းအားမြင့်တန်ခိုးရှင်များနှင့် သိကျွမ်းနိုင်ရန် မျှော်လင့်ကြ၏။

ထို့ကြောင့် သူတို့အတွက် အောက်တွင် ရပ်နေခြင်းက အသုံးမဝင်ပေ။ သူတို့က ကောင်းကင်၏အမြင့်ဆုံးနေရာကို လှမ်းမြင်နိုင်သော်လည်း ၎င်းက မလုံလောက်ပေ။ အလွန်ကွာဝေးသော နေရာမှ ကြည့်နေရခြင်းက အခန်းအနားတွင် ကိုယ်တိုင်ပါဝင်ရသည့် ခံစားချက်ကို မပေးပေ။ အကယ်၍ သူတို့သာ အပေါ်မှ ကြည့်ခွင့်ရပါက သူတို့သည် တုန်းဟွာမိတ်ဆုံစားပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရသည့် ခံစားချက်ကို ပေးပေမည်။

ရီဖူရှင်းတို့သည်လည်း တုန်းဟွာနန်းတော်အောက်မှ နေရာသို့ ရောက်လာ၏။ ထိုနေရာကား ကျယ်ပြောကာ လူတစ်ထောင်ခန့်ကို အလွယ်တကူ ဧည့်ခံနိုင်သည်။ အင်အားစုများမှ လူများသည် ကိုယ်စီ ထိုင်နေကြပြီဖြစ်သည်။ ဖိတ်ကြားထားသော လူတိုင်း မိတ်ဆံစားပွဲသို့ တက်ရောက်လာသည်ဟု ပြောနိုင်သည်။ ဤသည်က ကုန်းမြေခေါင်းဆောင်အပေါ် ထားရှိသော သူတို့၏လေးစားမှုဖြစ်သည်။

ရီဖူရှင်း ရောက်လာသည်ကိုမြင်လျှင် လင်းဟယ်က စိတ်ဝင်တစားဖြင့် ကြည့်ကာ ပြောသည် "အစ်ကိုရီလည်း ရောက်လာပြီပဲ"

လင်းဟယ်၏မျက်နှာပြောင်တိုက်မှုကိုကြည့်ကာ ရီဖူရှင်းကား ဆွံ့အရသည်။ လင်းဟယ်က သူ့အား ကြည့်ကာ ဝိုင်ခွက်အား မြှောက်လျှက် ပြုံးပြနေသည်ကို တွေ့ရ၏။ သူ၏မျက်လုံးများက ရီဖူရှင်းအား လွန်စွာ မသက်မသာ ဖြစ်စေသည်။

လင်းဟယ်တွင် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ရီဖူရှင်း ကောင်းကောင်း နားလည်သည်။

"အင်ပါယာရီ..." တခြားတစ်ဘက်တွင် ချင်းချင်းနှင့် မြူခိုးဝေနတ်နန်းတော်မှ လူများက ရီဖူရှင်းကို တလေးတစား နှုတ်ဆက်ကြသည်။

"နတ်မိမယ်တို့နဲ့ ထပ်တွေ့ရပြီ" ရီဖူရှင်းက ပြုံးလျှက် သူတို့အား ပြန်နှုတ်ဆက်၏။ သူတို့၏အပြန်အလှန်ပြောစကားများက တခြားလူများကို အံ့အာသင့်စေသည်။ နတ်မိမယ်လေးများ၏အပြုအမူနှင့် သဘောထားများအရ သူတို့နှင့်ရီဖူရှင်းတို့သည် ကျုံးချန် သို့မဟုတ် လီချန်ရှန်းတို့ထက်ပင် ရင်းနှီးနေဟန်ရ၏။

"အစ်ကိုရီ..." ဘေးမှ တစ်ယောက်က လှမ်းခေါ်လျှက် ရီဖူရှင်းကလည်း သူ့အား ပြန်ကြည့်ပြီး ပြုံးလျှက် နှုတ်ဆက်သည် "အစ်ကိုကျန်း..."

ရီဖူရှင်းအား လှမ်းခေါ်လိုက်သူကား လျှိုထျန်းကုန်းမြေ၊ ရှေးဟောင်းတော်ဝင်ကျန်းမိသားစုမှ ကျန်းကျိုးမင်ဖြစ်သည်။

"တုန်းဟွာကျောင်းတော်တိုက်ပွဲမှာ အစ်ကိုရီ နာမည်ကျော်ကြားလာတယ်လို့ ကျုပ် ကြားတယ်။ ကံမကောင်းတာက အစ်ကိုရီရဲ့တိုက်ပွဲကို ကြည့်ဖို့ ကျုပ် အဲဒီမှာ မရှိလိုက်တာပဲ" ကျန်းကျိုးမင်က ပြုံးလျှက်ပြောသည်။

"ကျုပ် ကံကောင်းသွားတာပါ" ရီဖူရှင်းက နှိမ့်ချစွာ ပြောသည်။

"အနိုင်ရတယ်ဆိုတာ သန်မာတာကြောင့်ပါပဲ။ ကံကောင်းတယ်ဆိုတာ မရှိဘူး" တုန်းဟွာကျောင်းတော်မှ ခုန်းရှောင်းသည်လည်း ရောက်လာခဲ့သည်။ သူက မည်နှာတည်ကြီးဖြင့် ပြောသည် "အဲဒီတိုက်ပွဲမှာ ကံတရားမပါဘူး"

ခုန်းရှောင်း၏စကားကိုကြားလျှင် ကျန်းကျိုးမင်က မည်သို့မှ ဆက်မပြောပေ။ သူ့အနေဖြင့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ထိုတိုက်ပွဲကို မည်သို့ သဘောထားသည်ကို နားမလည်ပေ။

"အင်ပါယာခုန်းရဲ့တိုက်ပွဲစွမ်းရည်က ထူးခြားဆန်းကြယ်တယ်။ တကယ်လို့ သူသာ နောက်ထပ် ပညာရပ်တချို့ကို တပ်ကျွမ်းထားရင် ရှုံးသွားတဲ့လူက ကျုပ်ပဲဖြစ်မှာ" ရီဖူရှင်းက ပြုံးသည်။

"မင်းက မဟာလမ်းစဉ်အမျိုးမျိုးမှာ ကျွမ်းကျင်ပြီးတော့ မင်းရဲ့နတ်ဝင်ရိုးဟာလည်း ထူးခြားကောင်းမွန်တယ်။ ငါက အနိုင်ရဖို့ မျှော်လင့်ချက် မရှိဘူး။ တကယ်လို့သာ မင်းရဲ့နတ်ဝင်ရိုးကို နတ်ဝင်ရိုးကြေးမုံရှေ့မှာ စမ်းသပ်စစ်ဆေးခဲ့ရင် အဆင့်ငါးထက်တော့ ကျော်လိမ့်မယ်" ခုန်းရှောင်းက ပြောလျှင် ဧည့်ခံပွဲမှ လူများက ရီဖူရှင်းကို စိတ်ဝင်တစား ကြည့်ကြသည်။

အဆင့်ငါးကို ကျော်လွန်သည်ဟု ဆိုပါက အဆင့်ခြောက် မဟုတ်ပါလား။

၎င်းကား နန်ဟွာ၏နတ်ဝင်ရိုးအဆင့်ဖြစ်သည်။

ရီဖူရှင်း၏နတ်ဝင်ရိုးသည် နန်ဟွာထက် မနိမ့်ကျဟု ခုန်းရှောင်း ယုံကြည်သည်။

ထို့အပြင် ခုန်းရှောင်းနှင့် နန်ဟွာတို့နှစ်ယောက်လုံးသည် တုန်းဟွာကျောင်းတော်တွင် ကျင့်ကြံကြရာ ခုန်းရှောင်း၏အကဲဖြတ်မှုက အနည်းနှင့်အများ တိကျပေမည်။

ခုန်းရှောင်း၏စကားကိုကြားလျှင် လင်းဟယ်က အနည်းငယ် ခေါင်းငုံ့လိုက်၏။ သို့သော်လည်း သူ့မျက်လုံးများတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ထိုအခိုက်တွင် လူတိုင်းက အဆုံးမဲ့သောလေဟာနယ်အား ခြုံလွှမ်းလာသော ဖိအားကို ခံစားမိကြသည်။ ကုန်းမြေသခင်၏အိမ်တော်ဝင်းထဲမှ အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု သက်ဆင်းလာခဲ့ပြီး အသံတစ်သံကို ကြားရသည် "ဂုဏ်သရေရှိ လူကြီးမင်းတွေ ရောက်လာကြပြီပဲ။ ကျေးဇူးပြုလို့ ကြွပါ"

အသံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခုသည် တုန်းဟွာနန်းတော်သို့ ကျဆင်းလာကာ လူတစ်စု ပေါ်လာသည်။ ပြောလိုက်သူကား တုန်းဟွာကုန်းမြေသခင်ဖြစ်ကာ သူ့ဇနီးမှာ တုန်းဟွာနန်းတော်၏ပင်မထိုင်ခုံ၌ ရှိနေသည်။ သူတို့ဘေးတွင်ကား မျက်လုံးထဲ၌ နတ်အလင်းများ ထွက်ပေါ်နေသော ထူးခြားဆန်းပြားသော လူငယ်တစ်ဦး ရှိ၏။ သူသည်ကား တုန်းဟွာကုန်းမြေ၏ နံပါတ်၁ ပါရမီရှင်ဖြစ်သော နန်ဟွာ ဖြစ်သည်။

အောက်တွင် မရေမတွက်နိုင်သောလူများမှာ ကုန်းမြေသခင်၊ သူ့ဇနီးနှင့် နန်ဟွာတို့ကို မြင်တွေ့ရ၍ စိတ်လှုပ်ရှားနေကြသည်။ တုန်းဟွာကောင်းကင်တွင်ပင် သူတို့သည် ကုန်းမြေသခင်ကို မြင်တွေ့ရန် မလွယ်ကူပေ။ နန်ဟွာကိုပင် မြင်တွေ့ရန် ခက်ခဲ၏။

ကုန်းမြေသခင်ပေါ်လာလျှင် ကောင်းကင်ထက်တွင် အရပ်မျက်နှာအသီးသီးမှ နတ်အလင်းများ တောက်ပလာခဲ့သည်။ အရပ်မျက်နှာတစ်ခုတွင် အနက်ရောင်အလင်းတစ်ခု ကျဆင်းလာခဲ့ကာ အရှိန်အဝါကြီးသော ပုဂ္ဂိုလ်တစ်ဦး ရပ်နေ၏။ သူသည်ကား ပျက်စီးခြင်းနတ်ဘုရားနန်းတော်မှ ပျက်စီးခြင်းနတ်ဘုရားဖြစ်သည်။

တခြားအရပ်တစ်ခုတွင် အေးစက်သော အငွေ့အသက်များနှင့်အတူ မြူနှင်းများ ဝေဆာနေ၏။ အလွန်လှပသော အမျိုးသမီးတစ်ဦး ထိုနေရာတွင် ရှိနေသည်။ ဤတွင် မြူခိုးဝေနတ်နန်းတော်မှ နတ်မိမယ်များအားလုံး ထရပ်ကြသည်။ ဤတွင် လူတိုင်းက ထိုအမျိုးသမီးမှာ မြူခိုးဝေနတ်နန်းတော်မှ ဓားနတ်မယ်ဖြစ်ကြောင်း သိလိုက်ကြရ၏။

တချိန်တည်းတွင် နတ်အလင်းများ တုန်းဟွာနန်းတော်သို့ အဆက်မပြတ် ကျဆင်းလာခဲ့ကာ အသံများ တစ်သံပြီးတစ်သံ ကြားကြရသည်။ ထိုလူများအားလုံးသည် လေထဲမှ ထွက်ပေါ်လာသည့်အလား...။ သူတို့အားလုံးမှာ ကြီးမားသော အရှိန်အဝါများကို ပိုင်ဆိုင်ကြသည်။ သူတို့သည် အလွန်ဝေးကွာသော အရပ်တွင်သာ ရှိသော်လည်း တုန်းဟွာနန်းတော်ထဲတွင် ရောက်နေပြီးသည့်အလား၊ သူတို့က ကြီးမားသော အကွာအဝေးကို တခဏတည်းဖြင့် ဖြတ်သန်းနိုင်သည့်အလား ထင်မှတ်ရသည်။

ထိပ်သီးပုဂ္ဂိုလ်များ ရောက်လာခြင်းက ကုန်းမြေသခင်အိမ်တော်အောက်မှ လူအုပ်ကြီးကို ပိုမို၍ လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။

"ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ထားတာ ရှေးဟောင်းတော်ဝင်ယန်မိသားစုက အင်ပါယာယန်ပဲ။ အပြာရောင်ဝတ်လူက နန်ဟွာကလန်ခေါင်းဆောင်ပဲ။ ကြည့်လိုက်... တုန်းဟွာကျောင်းအုပ်လည်း ရောက်နေပြီ..." သူတို့က ဧည့်ခံပွဲခန်းမထဲသို့ ဝင်လာသော ထိပ်သီးတန်ခိုးရှင်များကိုကြည့်ကာ တီးတိုးပြောနေကြသည်။ လူအများစုအတွက် ထိုထိပ်သီးတန်ခိုးရှင်များကို မြင်တွေ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အဖြူရောင်ဝတ်အဘိုးအိုတစ်ဦး ရောက်လာသည်။ သူကား တည်ငြိမ်အေးချမ်းသော ဟန်အမူအရာရှိကာ လူအများအား သက်တောင့်သက်သာဖြစ်စေသော အငွေ့အသက်များ ပိုင်ဆိုင်၏။

သူ့ဘေးတွင်ကား အလွန်ချောမောသော မိန်းမပျိုတစ်ဦး ရှိနေသည်။ သူမက လူတိုင်း၏အာရုံကို ဖမ်းစားခဲ့၏။ ကောင်းကင်ကိုးလွှာမှ ရန်ဟောင်များသည်ပင် စိတ်မငြိမ်မသက်ဖြစ်ရသည်။

ထိုက်ဟွာကောင်းကင်အရှင် ရောက်လာပြီဖြစ်သည်။

ထိုက်ဟွာနတ်မိမယ်၏ကျော်ကြားမှုက အလဟသ မဟုတ်ပေ။

မြူခိုးဝေနတ်နန်းတော်မှ နတ်မိမယ်များသည်ပင် သူမနှင့်ယှဉ်လျှင် ဖျော့တော့ရသည်။ လူတိုင်းက ထိုက်ဟွာနတ်မိမယ်၏အလှတရားကို တိတ်တခိုး ချီးကျူးရ၏။

"ကောင်းကင်အရှင်လည်း ရောက်လာပြီပဲ" တုန်းဟွာနန်းတော်မှ တစ်ယောက်က ပြောသည်။ ထိုက်ဟွာကောင်းကင်အရှင်ကား ပြင်ပလောကသို့ ထွက်ခဲကာ သူသည် နောက်ဆုံးအကြိမ်က လိပ်နတ်ဘုရားကျွန်းစုသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။

"ကျုပ်တို့က အင်ပါယာရှီနဲ့ တခြားလူတွေကို စောင့်ဖို့ပဲ လိုတော့တယ်" ကုန်းမြေသခင်ကလည်း ပြုံးလျှက်ပြောသည်။ ထိုစဉ်မှာပင် နောက်ထပ် လူနှစ်ယောက် ရောက်လာသည်။ သူတို့ကား အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့ဖြစ်သည်။

သူတို့ရောက်လာခြင်းက ကုန်းမြေသခင်အား ပြုံးရွှင်စေကာ သူက ပြောသည် "အင်ပါယာရှီနဲ့ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့ ရောက်လာပြီ။ တုန်းဟွာမိတ်ဆုံစားပွဲမှာ ဖိတ်ထားတဲ့လူအားလုံး စုံပြီ"

ထိပ်သီးအင်အားစုများနှင့် ထိပ်သီးတန်ခိုးရှင်များအားလုံး စုရုံးရောက်ရှိနေပြီဖြစ်သည်။ ဤသို့သော အချိန်အခါမျိုးကား ရှားပါးသည်။ ကုန်းမြေသခင်၏အဆင့်အတန်းတစ်ခုကသာ ထိုလူများကို စုစည်းနိုင်ခြင်းဖြစ်သည်။

***

အပိုင်း(၂၀၂၇)ဧည့်ခံပွဲစကြမယ်

ကုန်းမြေသခင်ခြံဝင်း၌ မြင်ကွင်းကား စည်ကားသိုက်မြိုက်နေသည်။ ဤကား တုန်းဟွာကုန်းမြေအတွင်း၌ နှစ်ငါးဆယ်အတွင်း ပထမဆုံး အကြိမ် သည်မျှ စည်ကားခြင်းဖြစ်သည်။ တုန်းဟွာကုန်းမြေမှ အင်အားစုတိုင်း ဤပွဲကို တက်ရောက်ကြ၏။ အဆင့်နိမ့်ရန်ဟောင်များသည် အခန်းအနား၏အောက်မှသာလျှင် စောင့်ကြည့်ခွင့်ရှိ၏။

ကုန်းမြေသခင်က တုန်းဟွာနန်းတော်မှ တန်ခိုးရှင်များကိုကြည့်ကာ ပြောသည် "အားလုံး... ထိုင်ကြပါ"

အားလုံးက ခေါင်းညိတ်ကာ ကိုယ်စီ ထိုင်ခံနေရာများတွင် ထိုင်လိုက်ကြ၏။ တုန်းဟွာနန်းတော်မှ ထိုင်ခုံများမှာ အဆင့်နှင့်ခွဲခြားထားခြင်းမရှိပေ။ ထိုသို့စီစဉ်ရန်မှာ အလွန်ခက်ခဲပေမည်။

"နင်ဟွာ... အောက်ဆင်းပြီးတော့ ဧည့်သည်တွေကို ဧည့်ခံလိုက်" ကုန်းမြေခေါင်းဆောင်က သူ့နောက်မှ နင်ဟွာကို ပြောသည်။

"သမီးလည်း သွားလိုက်..." ထိုက်ဟွာကောင်းကင်အရှင်က ထိုက်ဟွာနတ်မိမယ်ကို ပြောသည်။ လက်ထောက်ကုန်းမြေခေါင်းဆောင်က ထိပ်သီးတန်ခိုးရှင်များအားလုံးကို ဧည့်ခံနေချိန်တွင် သူ့သမီး ထိုက်ဟွာနတ်မိမယ်က သည်နေရာတွင် ထိုင်နေရန် အဆင်မပြေပေ။ တခြားလူများက ဘာမှ မပြောလျှင်ပင် ဓလေ့ထုံးတန်းများကို လေးစားလိုက်နာရန် လိုပေသည်။

နင်ဟွာက ခေါင်းညိတ်ကာ ထိုက်ဟွာနတ်မိမယ်ကို ပြောသည် "နတ်မိမယ်...ကျေးဇူးပြုလို့..."

"ကျေးဇူးပဲ..." ထိုက်ဟွာနတ်မိမယ်က ခေါင်းညိတ်ကာ နင်ဟွာနောက်မှ လိုက်သွားသည်။ သူတို့က လှေကားထစ်အောက်မှ ရီဖူရှင်းတို့ရှိနေရာ ရင်ပြင်သို့ လျှောက်သွားလိုက်ကြသည်။ ထိုအခိုက်တွင် အားလုံး၏မျက်လုံးများက ပြိုင်စံရှားပါရမီရှင်နှစ်ဦးဖြစ်သော နင်ဟွာနှင့် ထိုက်ဟွာနတ်မိမယ်တို့အား ကြည့်နေကြသည်။

သူတို့နှစ်ဦးလုံးသည် တုန်းဟွာကုန်းမြေတွင် အလွန်နာမည်ကျော်ကြားသူများဖြစ်ကြ၏။ အထူးသဖြင့် နင်ဟွာကို လူအများက သိပ်မြင်ဖူးခြင်းမရှိသော်လည်း သူ့ကျော်ကြားမှုက စီနီယာများထက် မနိမ့်ပေ။ ယခု သူတို့နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေခြင်းကို လူတိုင်းက မြင်ကြရာ သူတို့မှာ မိုးကောင်းကင်မှ တွဲဖက်သော စုံတွဲအလား လိုက်ဖက်ညီလှကြောင်း တွေးတောမိကြသည်။ သူတို့သာ လမ်းစဉ်လက်တွဲဖော်များ ဖြစ်လာပါက လူအများစိတ်ဝင်စားသော ပုံပြင်တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

"နတ်မိမယ်...ကျေးဇူးပြုလို့ထိုင်ပါ" နင်ဟွာက ထုံခုံတစ်နေရာကို ရွေးကာ ပြောသည်။ တခြားလူများနှင့်မတူသည်ကား ထိုက်ဟွာနတ်မိမယ်တွင် အဖော်မပါပေ။ မည်သို့ဆိုစေ ထိုက်ဟွာတောင်ကား သူမ၏အဖော် ကျင့်ကြံရာ နေရာတစ်ခုသာဖြစ်သည်။ သူတို့က အင်အားစုတစ်ခုမဟုတ်ရာ အပေါင်းအဖော် မရှိပေ။

နင်ဟွာသည်ကား တုန်းဟွာကျောင်းတော်မှ လူများထိုင်နေရာသို့ သွားထိုင်သည်။ သူ၏အဆင့်အတန်းအရ သီးသန့်ထိုင်နိုင်သော်လည်း သူသည် တုန်းဟွာကျောင်းတော်သားတစ်ဦးလည်းဖြစ်၏။

"ကျုပ်က လက်ထောက်ခေါင်းဆောင်ကို တွေ့တိုင်း စိတ်ကြေနပ်စရာ ကောင်းလှတယ်။ သူ အနာဂတ်မှာ ခင်ဗျားထက် အောင်မြင်မှာ သေချာတယ်" တခြားလူများကိုသာ ထိုသို့ ချီးကျူးပါက ကုန်းမြေသခင်က သဘောမကျဖြစ်နိုင်သော်လည်း ယခုမူ သူ့သားကို ချီးကျူးခြင်းဖြစ်ရာ တစ်ဘက်လူက သေချာပေါက် စိတ်ကြေနပ်ပေမည်။

"ကျုပ်လည်း ဒီလို မျှော်လင့်ထားတာပဲ။ ဒါပေမဲ့ အကုန်လုံးက သူ့အပေါ်မှာပဲ မူတည်နေတယ်" ကုန်းမြေသခင်က ပြုံးလျှက်ပြောသည် "သူ့အကြောင်းကို တော်လောက်ပြီ။ ဒီနေ့က တုန်းဟွာကုန်းမြေရဲ့ပထမဆုံး လူစုံတက်စုံ တွေ့ဆုံကြတာပဲ။ လူတိုင်းက ထိုက်ဟွာကောင်းကင်အရှင်ရဲ့ ရင်နှစ်သည်းချာ ရတနာကို ဒီနေ့မှာ ကံကောင်းပြီး တွေ့ခွင့်ရကြတာပဲ။ ကျုပ်က ထိုက်ဟွာကောင်းကင်အရှင်ကို ဒီလိုသမီးမျိုးရှိတဲ့အတွက် တကယ်ပဲ အားကျရတယ်"

"ခေါင်းဆောင်က ရက်ရောလွန်းနေပြီ"

တုန်းဟွာနန်းတော်မှ လူအများအပြားက ရယ်မောလိုက်ကြသည်။ ကျင့်ကြံသူများအတွက် သူတို့၏မျိုးဆက်များအား သူတို့၏ခြေရာကို ဆက်ခံစေလိုခြင်းက ပုံမှန်သာဖြစ်သည်။

"မဟာအင်ပါယာက ကောင်းကင်ဒေသကို စုစည်းပြီးနောက်မှာ ပိုထူးချွန်တဲ့လူငယ်မျိုးဆက်တွေ အဆက်မပြတ် ထွက်ပေါ်လာတာပဲ။ မကြာခင် သူတို့လေးတွေက ကျုပ်တို့ကို အစားထိုးသွားလိမ့်မယ်" ကုန်းမြေသခင်က ပြောလျှင် တခြားလူများကလည်း ခေါင်းညိတ်ကြသည်။

အင်ပါယာရှီက ပြောသည် "အမှန်ပဲ... ကောင်းကင်ဒေသစုစည်းပြီး နှစ်တစ်ရာကြာပြီးနောက်မှာ အပြောင်းအလဲတွေက သိသာလွန်းတယ်။ အနာဂတ်မှာ ပိုသာလွန်တဲ့ မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာတော့မှာပဲ"

အားလုံးက အောက်မှ လူငယ်များကို လှမ်းကြည့်ကြသည်။ မိုးကြိုးပြစ်ဒဏ်ကောင်ကင်အရှင်၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာကာ သူ့အား ပြုံးလျှက် ခေါင်းညိတ်သည်။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့အား ခေါင်းညိတ်ပြသည်ကိုမြင်လျှင် ရီဖူရှင်းက ထရပ်ကာ အနည်းငယ် ဦးညွှတ်သည်။ ကောင်းကင်အရှင်သည် သူ့အား ရိုးရှင်းသော စိတ်သဘောဖြင့် အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း ရီဖူရှင်းက နားလည်သည်။

အင်ပါယာရှီကလည်း ရီဖူရှင်းကို ခဏမျှ ကြည့်လိုက်ကာ အကြည့်လွှဲသွားသည်။ သူသည်လည်း ရီဖူရှင်းအား မှတ်မိပေသည်။ လိပ်နတ်ဘုရားကျွန်းစုတွင် ရီဖူရှင်းက အလွန်ကောင်းမွန်သော စွမ်းရည်အား ပြသခဲ့၏။

သို့သော်လည်း တကယ်တမ်း လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သူကား အင်ပါယာရှီဖြစ်သည်။ သူသည် တုန်းဟွာကုန်းမြေတွင် နတ်ဘုရားကဒ်ဘေးကို ပထမဆုံး ကျော်ဖြတ်နိုင်သူဖြစ်သည်။ သူ၏လက်ရှိစွမ်းရည်သည် ကုန်းမြေသခင်နှင့်ပင် မတိမ်းမယိမ်းဖြစ်နိုင်သည်ဟု ကောလာဟလများက ဆိုသည်။

သူသည် နတ်ဘုရားကဒ်ဘေးကို ရင်ဆိုင်ရာတွင် နတ်သမုဒ္ဒရာတစ်ခုလုံးသည် မိုးကြိုးစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်ဟု ကောလာဟလများက ဆိုသည်။

ထူးခြားသည်ကား သူ၏အရှိန်အဝါနှင့် အငွေ့အသက်များမှာ ပိုမို၍ သဘာဝဆန်လာခဲ့ကာ တစ်ဘက်သားအား သက်တောင့်သက်သာဖြစ်စေသော ခံစားချက်ကိုသာပေးသည်။ ကံမကောင်းသည်ကား အင်ပါယာရှီသည် တပည့်လက်မခံတော့ပေ။

မဟုတ်လျှင် အင်ပါယာရှီ၏တပည့် ဖြစ်လာနိုင်သူ မည်သူမဆို တုန်းဟွာကုန်းမြေ၌ စွမ်းအားမြင့် ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ထိုအချိန်တွင် ကုန်းမြေခေါင်းဆောင်က အောက်မှ လူများကိုကြည့်ကာ ပြုံးလျှက်ပြောသည် "ဒီနေ့ အင်အားစုတိုင်းက အခန်းအနားကို တက်လာကြတာမြင်တော့ ကျုပ် အတိုင်းမသိဝမ်းသာမိပါတယ်။ တုန်းဟွာကုန်းမြေမှာ နောက်ဆုံးအခန်းအနားလုပ်ခဲ့တာ နှစ်ငါးဆယ်ရှိခဲ့ပြီ။ တစ်နှစ်ပြီးတစ်နှစ် တုန်းဟွာကုန်းမြေက ပိုပြီး သန်မာလာတယ်။ ဒါကြောင့် ကျုပ်က ဒီအခွင့်အရေးကိုယူပြီးတော့ လူငယ်မျိုးဆက်တွေ ဘယ်လောက် ထူးချွန်လဲဆိုတာ သိချင်မိတယ်။ နောက်တစ်ခုက ကုန်းမြေသခင်အိမ်တော်မှာ တန်ခိုးရှင်အရေအတွက် နည်းနေပြီဖြစ်တယ်။ ဒါကြောင့် ဒီအခွင့်အရေးမှာ ကျုပ်က သင့်တော်တဲ့လူတချို့ကိုလည်း အိမ်တော်သခင်သို့ ဝင်ရောက်ဖို့ ဖိတ်ကြားသွားမှာပဲဖြစ်တယ်"

ကောင်းကင်ကိုးလွှာတွင် တန်ခိုးရှင်အများအပြားသည် ထိုစကားကို ကြားကာ စိတ်ဝင်တစား ဖြစ်သွားကြသည်။ သည်တစ်ကြိမ် အခန်းအနားတွင် ကုန်းမြေသခင်အိမ်တော်က လူတချို့ ခေါ်သွားမည်ဖြစ်သည်ကို သူတို့ ခန့်မှန်းမိပြီးဖြစ်သည်။

တစ်ဘက်တွင် ကုန်းမြေသခင်အိမ်တော်သည် မဟာအင်ပါယာ၏အထောက်အပုံရှိသော အင်အားစုတစ်ခုဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် ကုန်းမြေသခင်အိမ်တော်သို့ ဝင်ရောက်နိုင်သူ မည်သူမဆို ပြင်ပလောကနှင့် မတူခြားနားသော ကျင့်ကြံခြင်းအဆင့်အတန်းကို ရရှိပေမည်။

တစ်ဘက်တွင် သူတို့သည် အထူးတာဝန် တချို့ကိုလည်း ထမ်းဆောင်ရပေမည်။

"မဟာအင်ပါယာက ကောင်းကင်ဒေသကို စုစည်းခဲ့တာ နှစ် ၃၀၀ ကျော် ရှိလာခဲ့ပြီ။ ဒီနှစ် ၃၀၀ ကျော်အတွင်းမှာ မဟာအင်ပါယာက ကျင့်ကြံခြင်းပညာရပ်တွေကို ထွန်းကားအောင် အမြဲအားပေးနေခဲ့တယ်။ ပရမ်းပတာခေတ်ကာလကနေ ဘေးကင်းလုံခြုံတဲ့ နယ်မြေတွေ ဖြစ်လာဖို့ ကြိုးစားခဲ့တယ်။ တစ်ဘက်မှာလည်း ပိုမိုအရည်အချင်းရှိတဲ့ တန်ခိုးရှင်တွေ ထွက်ပေါ်လာခဲ့တယ်။ အနာဂတ်မှာလည်း ကောင်းကင်ဒေသဟာ ပိုပြီး အောင်မြင်ထွန်းကားလာဖို့ ကျုပ်မျှော်လင့်တယ်"

ကုန်းမြေသခင်က ဆက်လက်၍ ပြောသည်။ သူ၏အသံက သိပ်ကျယ်လောင်ခြင်းမရှိသော်လည်း ကျယ်ပြောသော နေရာတစ်ခုလုံးမှ လူတိုင်း ကြားကြရသည်။

ကုန်းမြေသခင်ကား မဟာအင်ပါယာ၏တိုက်ရိုက်ခန့်အပ်ခြင်းခံရသူဖြစ်ရာ မဟာအင်ပါယာကို တိုက်ရိုက်ကိုယ်စားပြုသည်။ သူ၏အမိန့်တော်များကို ထမ်းဆောင်ပေးရသည်။

"ကဲ... ကျုပ်က တုန်းဟွာကုန်းမြေက တန်ခိုးရှင်တွေနဲ့အတူ တစ်ခွက်သောက်ပါ့မယ်" ကုန်းမြေသခင်က ခွက်ကို မြှောက်ကာ သောက်လိုက်သည်။ တခြားလူများကလည်း ခွက်ကိုမြှောက်ကာ သောက်ကြ၏။

ကုန်းမြေသခင်က လက်ဝှေ့ယမ်းသည်တွင် အားလုံး တိတ်ဆိတ်သွားသည်။ သူက ဆက်ပြောသည် "ဒီနေရာမှာ တုန်းဟွာကုန်းမြေက ထိပ်သီးတန်ခိုးရှင်တွေ အကုန် စုစည်းနေတယ်။ နောက်ပိုင်း ခင်ဗျားတို့ အခွင့်အရေးရရင် မင်းတို့က ထိပ်သီးတန်ခိုးရှင်တွေဆီမှာ လမ်းညွှန်မှု တောင်းခံသင့်တယ်။ ဒါက ဒီဧည့်ခံပွဲက ပေးတဲ့ အကောင်းဆုံး အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်"

ထိုသို့ပြောပြီးနောက် ကုန်းမြေသခင်က တုန်းဟွာနန်းတော်သခင်ထံသို့ ခွက်မြောက်ကာ ပြောသည် "ခင်ဗျားတို့အားလုံးအတွက် တစ်ခွက်သောက်ပါရစေ..."

အားလုံးကလည်း ခွက်မြှောက်ကာ ပြောသည် "ခေါင်းဆောင်က အရမ်းရက်ရောပါပေတယ်"

သူတို့ကလည်း ကိုယ်စီ သောက်လိုက်ကြ၏။

"ခင်ဗျားတို့ထဲက တချို့ဟာ တပည့် လက်မခံဘူးဆိုပေမဲ့ ဒီဧည့်ခံပွဲဟာ တုန်းဟွာကုန်းမြေက အတော်ဆုံး ပါရမီရှင်တွေကိုလည်း ဖိတ်ကြားထားတာ ဖြစ်တယ်။ ခင်ဗျားတို့သာ စိတ်ဝင်စားရင် ဘာလို့ လက်မခံဘဲ နေမလဲ။ ကုန်းမြေသခင်အိမ်တော်က ခင်ဗျားတို့နဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူး" ကုန်းမြေသခင်က ပြုံးလျှက်ပြောသည်။

သူ၏စကားက လူအများအပြားကို ဆွဲဆောင်စေသည်။ သူတို့က ကုန်းမြေသခင်အိမ်တော်ကို ဝင်ရောက်ခွင့်ရမည်သာမက ထိပ်သီးတန်ခိုးရှင်များထံတွင် တပည့်ခံရန် အခွင့်အလမ်းလည်း ရှိသေးသည်။

"ဒါပေါ့... တကယ်လို့ ထူးချွန်သူတွေ ထွက်ပေါလာတဲ့အခါ လင်းရှောင်နန်းတော်ကလည်း သေချာပေါက် သူတို့တွေကို ဖိတ်ကြားမှာပေါ့" လင်းရှောင်နန်းတော်သခင်က ပြုံးလျှက်ပြောသည်။ လင်းရှောင်နန်းတော်နှင့် ကုန်းမြေသခင်အိမ်တော်တို့သည် တုန်းဟွာနန်းတော်၌ တည်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်းမြေသခင်အား လင်းရှောင်နန်းတော်က သေချာပေါက် များစွာ အလေးထား ဦးစားပေးဟန်ရှိနေသည်။

"ခင်ဗျားတို့အားလုံးနောက်ကိုလိုက်ပြီး ကျင့်ကြံနိုင်တာက ကုန်းမြေသခင်အိမ်တော်ကို ဝင်တာထက် အများကြီးသာတာပေါ့" ကုန်းမြေသခင်က ပြုံးလျှက်ပြောသည်။

"သင့်တော်တဲ့ လူငယ်တွေ တွေ့ရင် မြူခိုးဝေနန်းတော်ကလည်း ခေါ်ယူပါ့မယ်" ဓားနတ်မယ်က ပြောသည်။ သို့သော်လည်း မြူခိုးဝေနတ်နန်းတော်ကို ဝင်ရန်မှာ သေချာပေါက် တင်းကြပ်ပေမည်။

ထို့နောက်တွင် ကုန်းမြေသခင်က ကြေနပ်သော အမူအရာဖြင့် ပြောသည် "ကဲ မင်းတို့အားလုံးလည်း ကြားပြီပဲ။ ဒါက ကြီးမားတဲ့ အခွင့်အလမ်းပဲ။ ဒါကို မလွဲချော်စေနဲ့..."

*** 

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
702K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
636K 71.1K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...