အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

670K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၂၁)

9.7K 345 50
By KaterinaKaterina248

နောက်ပိုင်းမဟာတို့ နေ့စဥ်မဟုတ်ပေမယ့် ရက်တော်တော်များများတွေ့ဖြစ်ကြသည်။ တွေ့တိုင်းလဲ အေးစက်နေတဲ့ ဧကရီ့ကိုကြည့်ပီး သူ အားကိုမရ။ သူမပြောသလိုပဲ သူ့ကို ဟိုငတိမကြောင့် လက်မခံနိုင်တာတော့တာလား။ လောလောဆယ်လဲ ကွဲဖို့ကွာဖို့က အဆင်မပြေသေးတာ သူအသိဆုံး.....ပါးစပ်ထဲကလေပူတွေကို မှုတ်ထုတ်လိုက်ပီး ညနေက ဧကရီပြောတဲ့စကားတွေကိုကြားယောင်နေမိသည်။

ညနေက ဧကရီ့ကို သူပြန်လိုက်ပို့ရင်း ကားပေါ် နှစ်ယောက်ထဲရှိနေတာနဲ့ သူ့ရင်ထဲက စကားတွေထုတ်ပြောမိသည်။ ရင်ထဲမခံစားနိုင်လို့ပြောချင်ပေမယ့် နှစ်ဦးထဲအတွေ့ကိုမခံတဲ့ ဧကရီ့ကြောင့် လူတွေရှေ့ အတော်မျိုသိပ်ထားရသည်။ ညနေကမှ ပြန်ပို့ဖို့ အတော်ပြောယူလိုက်ပီး အခွင့်ရေးရခဲ့လို့ ကားပေါ်ရောက်တာနဲ့ သူ့ဘက်ကပဲ စကားစကာ

"ဧကရီ ကိုယ်တို့ အရင်လို ပြန်ပြေလည်ရအောင်ကွာ...."

"...."

"ခုပြသနာတွေက အကုန်ရှင်းလို့ရတယ် ကိုယ်တို့ခုလိုကြီးဖြစ်နေတာကြီးက အဆင်မပြေဘူး နော် ဧကရီ နော်..."

"...."

သူ ပြေလည်ရာပြေလည်ကြောင်းတွေ တောင်းပန်တိုးလျှိုးသံနဲ့ပြောပေမယ့် တင်းတင်းစေ့ထားတဲ့ ဧကရီ့နှုတ်ခမ်းနီနီလေးတွေကတော့ ပြေလျော့မလာခဲ့.....စိတ်ရှုပ်ရှုပ်နဲ့ အခါခါသက်ပြင်းများချကာ ရှေ့ကိုကြည့်ကာ ကားပဲအာရုံစိုက်မောင်းနေလိုက်သည်။

ခနအကြာမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်က ဧကရီ....

"အချိန်တွေ အများကြီးရခဲ့တာတောင် ဧကရီတို့ မနီးစပ်ခဲ့ဘူးနော် အဟင်း ရီတော့ရီရတယ် တခါမှမမြင်ဖူးတဲ့သူနဲ့ကျ အဟင်းးးးး"

"ဧကရီကလဲ အဲ့တယောက်အကြောင်းမပြောပါနဲ့ကွာ"

သူစိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်တော့ ဧကရီသူ့ဘက်ကိုလှည့်လာပီး

"မပြောလို့မရဘူး နေ..... ခုက နေက သူနဲ့လက်ထက်ထားတာ သူနဲ့တရားဝင်ယူထားတာလေ"

"ဒါက ဧကရီလဲသိနေတာပဲလေ မဖြစ်သာလို့လေ မဟုတ်ရင် ဒီချိန်လောက်ဆို ကိုယ်နဲ့လက်ထပ်တာ ဧကရီဖြစ်နေပီ"

"ခု ချိန်လောက်ဆို....အဟင်းးး အဲ့ရှေ့က အချိန်တွေက ရော"

"ဟင်...."

"ဟုတ်တယ်လေ ဧကရီတို့အချိန်တွေအများကြီးရခဲ့တာပဲလေ "

ဧကရီ့စကားကြောင့် သူအံ့သြရသလို ဘာကိုဆိုလိုတယ်ဆိုတာကို တဆက်ထဲမှာပဲ ပေါ်လာခဲ့သည်။ သူကားမောင်းရင်း ဧကရီ့ဘက်လှည့်ကြည့်လိုက်တော့ သူ့ဆီကအကြည့်လွှဲကာ တဖက်ကိုလှည့်သွားတဲ့ ဧကရီ.

ဧကရီ ဒီစကားတွေကို မပြောဖို့ မိမိကိုယ်ကိုယ်အရမ်းထိန်းချုပ်ခဲ့တာ....ကိုယ့်ကို တချိန်သူလိုလိုလားလားလက်ထပ်ခွင့်တောင်းမှာကို မျှော်လင့်ခဲ့မိတာ ဧကရီတဦးတည်းဖြစ်မည်မထင်။ မိန်းကလေးတိုင်းကတော့ သူတကယ်ချစ်တဲ့သူနဲ့ဆို အချိန်တခုရောက်ရင် အိမ်ထောင်တခုထူထောင်ချင်ကြတာပဲလေ....သို့သော် ကိုယ်ကမိန်းကလေးဆိုတော့ ထိုစကားတွေကို ပေါ်တင်ကြီးပြောလို့လဲအဆင်မပြေ ပြောလို့ရရင်တောင် မပြောချင်။ သူကိုယ့်ကို ခွင့်တောင်းလာမယ့်အချိန်ကိုလဲ ရင်ခုန်စွာမျှော်လင့်မိသေးသည်။ ဒီနှစ်ပိုင်းတွေမှာ ဝေယံတို့ပင် မင်္ဂလာဆောင်သွားပေမယ့် သူ့ဘက်ကတော့ ထိုအကြောင်းကိုစကားပဲ မစခဲ့။ သူမလဲ မိန်းကလေးပဲလေ ဒီလောက် နှစ်တွေအများကြီးတွဲလာခဲ့တဲ့ ချစ်သူနဲ့ နီးစပ်ချင်တာပေါ့ ဝေယံတို့ဆို ၆ လလောက်တွဲပီးယူသွားကြတာ....မိန်းမကြိုက်တော့ မျှော်ရတာဆိုသလိုပေါ့

မဟာ ဧကရီ့စကားကြောင့် ခေါင်းထဲက ဦးနှောက်တောင် ဖြေမရတဲ့ ချည်လုံးကြီးတလုံးအဖြစ်ပြောင်းသွားသလားတောင် ထင်မှတ်မိသည်။ ဧကရီ့ရင်ထဲ ဒီလိုခံစားနေရမယ်လို့လဲ သူတခါမှမတွေးမိခဲ့.....မတွေးခဲ့ဆို ဧကရီကလဲ လက်ထပ်ဖို့ ဘာဖို့ မပြောခဲ့ဘူးလေ အေးဆေးပဲသူလဲထင်ခဲ့တာ။ တချိန်သူ့ရဲ့အိမ်ထောင်ဖက်ကတော့ ဧကရီပဲဆိုတာ အရမ်းသေချာခဲ့သည်မဟုတ်လား။ မဟာတို့မျိုးရိုးထုံးစံအရ အသက် ၃၀ ရောက်မှ လုပ်ငန်းတွေအမွေတွေကို ဆက်ခံခွင့်ရသည်။ မဟာတောင် ဟိုတလောကမှ ဆက်ခံသူ တရားဝင်ဖြစ်လာပီး လုပ်ငန်းအားလုံးဆက်ခံခွင့်ရခဲ့တာလေ။ မဟာ့အတွက် ခုယူလဲ သူ့ဇနီး နောက်မှယူလဲ သူ့ဇနီးဖြစ်မှာဆိုပေမယ့် The Greatest Sun ရဲ့ သားနဲ့ လက်ထပ်တဲ့မိန်းကလေးဆိုတာထက် The Greatest Sun ရဲ့ဥက္ကဌနဲ့ဇနီးဆိုတဲ့ ဂုဏ်မျိုးရစေချင်သည်။ သူ့စိတ်ထဲတော့ ဒါတွေရှိခဲ့ပေမယ့် ဧကရီကလဲ ဒီလက်ထပ်ဖို့ကိစ္စနဲ့ပတ်သတ်ရင် စကားပင်မစဖူးတဲ့သူမလို့ အေးဆေးပင်သတ်မှတ်ပီး သူ့ဘက်ကလဲ ထုတ်မပြောခဲ့.....သို့သော် သူ့အ​တွေးအကုန်လုံးကတော့ ဧကရီ့အတွက်ဆိုတာတော့ ဘုရားနဲ့သူပဲသိမည့်ကိစ္စပင်မလား။

"ဧကရီ ကိုယ်ဘယ်ကနေ ဘယ်လိုစရှင်းပြရမှန်းမသိပေမယ့်...."

"တော်ပါတော့ နေ ရယ် ထားလိုက်ပါတော့"

"အဲ့လိုထားလို့ ပီးသွားမယ့်ကိစ္စမှမဟုတ်ဘဲ"

"What's done is done ပဲလေ နေ....ဘာမှပြန်ပြင်လို့မရတော့ဘူး"

"ခုက ဘာတွေများဖြစ်သွားလို့လဲကွာ အချိန်တန်ရင်ပီးသွားမယ့်ကိစ္စကို"

"အင်း အဲ့အချိန်ကိုပြောပါဦး ဘယ်အချိန်လဲ"

"ဧကရီက ကိုယ့်ကိုမစောင့်နိုင်ဘူးလား"

"စောင့်ခဲ့ပီးပီလေ ဆယ်စုနှစ်တခုစာလောက် စိတ်ရှည်ရှည်နဲ့စောင့်ခဲ့ပီးပီလေ"

"ခုက ခနပဲလေကွာ"

"မတူတော့ဘူးလေ အရင်က ကိုယ့်ချစ်သူနဲ့ပေါင်းဖို့စောင့်ရတာ ခုက...."

"ခုက ဘာကွာသွားလို့လဲ"

"ခုက သူများနဲ့ကွာရှင်းပီးမှ ကိုယ့်ဆီလာမယ့်လူကို စောင့်ရတာလေ ဧကရီ့အနေနဲ့ ဘယ်လောက်အောက်လဲ စဥ်းစားကြည့်ပါဦး"

ပြောရင်းဆိုရင်း ဒေါသတွေပါလာတာမလို့ မဟာ အဲ့နေရာမှာပဲ စကားစရပ်လိုက်တော့သည်။ ဧကရီ့စိတ်ထဲ ဟိုးအရင်က ကိစ္စတွေရော ခုကိစ္စတွေရောပေါင်းပီး ဘယ်လောက်တောင် ခံရခက်နေလဲဆိုတာ သူလဲ နားလည်သင့်သလောက်နားလည်တာမလို့....

"ဧကရီရယ် ကိုယ်ကလေ ဧကရီ့ကို သာမန်လူတွေထက်ပိုကောင်းတဲ့ဘဝမှာပဲထားချင်တာ"

"ခုကရော အဲ့လိုဘဝ ရမနေလို့လား"

"မဟုတ်ဘူးလေ ကိုယ်အရင်က လက်ထပ်ခွင့်တောင်းဖို့ အကြိမ်ကြိမ်စဥ်းစားသေးတယ်.... ဒါမဲ့ကွာ အရင်က ကိုယ့်အခြေနေနဲ့ဆို ခုက ဆက်ခံသူ လုပ်ငန်းဦးစီးသူဖြစ်နေပီလေ...."

"....."

"ကိုယ်နဲ့လက်ထပ်တဲ့အခါကျ The Greatest Sun ရဲ့ ဆက်ခံသူရဲ့ဇနီးဖြစ်စေချင်တာ ဧကရီ့အသိုင်းဝိုင်းမှာလဲ ဧကရီပိုပီး မျက်နှာရတာပေါ့ ကိုယ်က အဲ့လိုစဥ်းစားခဲ့တာ"

"ဧကရီက တောင်းဆိုဖူးလို့လား"

"မတောင်းဆိုပေမယ့်ကွာ....."

ဧကရီသိပါတယ်....သူရော ကိုယ်ရောက ပြည့်စုံပီးသားသူတွေမလို့ ထွေထွေထူးထူးဖြည့်ဆည်းပေးစရာတွေကမရှိ။ ဒီဂုဏ်ဒြပ်တွေပဲ ကြည့်တဲ့ သူတို့လူကုန်ထံအသိုင်းဝိုင်းမှာ သူများထက်သာလွန်တဲ့ သူများတွေက လေးစားအားကျရတဲ့ ဘဝပေးချင်တယ်ဆိုတာသိပေမယ့် ဧကရီအဲ့တာတွေလိုချင်ခဲ့တာမှမဟုတ်တာ....ကိုယ့်ချစ်သူနဲ့ တူတူကြိုးစားမယ် ပျော်မယ်.. တခြားဟာတွေက အချိန်တန်ရင် သူ့အလိုလိုဖြစ်လာမယ့်ကိစ္စတွေပဲလေ..

"ကောင်းပါတယ် ခုတော့ သူများယောက်ျားနဲ့နောက်ကွယ်မှာပတ်သတ်နေရတာ ဂုဏ်တော်တော်ရှိနေပီ"

ဧကရီ့ရဲ့ရွဲ့ပြောလိုက်တဲ့စကားကြောင့် မဟာ ဒီနားတင် ရပ်ပီး ဆက်မပြောသင့်တော့တာ သိလိုက်ပီ.....ဧကရီ့ရင်ထဲက ခံစားချက်တွေကို သိတာမလို့ သူမကိုလဲအပြစ်မဆိုချင်။ တဘဝလုံး သူများထက် သာလွန်ကောင်းမွန်တဲ့ဘဝမှာနေလာရပီးမှ ခုချိန်ကျ သူများယောက်ျားနဲ့ ပတ်သတ်မိလို့ မိဘတွေကအစ အဝေးပို့ထားတာခံရတော့ သူမသိက္ခာအတော်ထိခိုက်တယ်လို့ ခံစားနေရတာ။ ခု​တောင် သူမပြန်လာတာ သူမမိဘတွေကို မသိစေချင်....အဲ့လိုဘဝကြီးနဲ့ သူမတခြားသူတွေ မိဘတွေကအစ မျက်နှာချင်းမဆိုင်ချင်တာ ကိုယ်ချင်းစာပေးနိုင်သည်မဟုတ်တောင် နားလည်ပေးနိုင်သည်မလား။ ဟိုတယောက်နဲ့လဲ ခုထိမကွာရှင်းဘူးဆိုတာ သူ့မှာလဲ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေသေးတာမလို့လေ....

ခုတလော ဟိုလူကြီးမျက်နှာ ကြည့်ရတာ မသာမယာနဲ့....အိမ်တော့ အတော်ကပ်သည်ပြောရမည်။ တာရာ ခြံထဲက နှင်းဆီပန်းတွေခူးရင်း ခပ်လှမ်းလှမ်းက ကျောက်ခုံလေးပေါ်မှာထိုင်နေတဲ့ သူ့ကိုကြည့်ကာ တွေးမိပြန်သည်။ ဟော့တော်....သူမ သူ့ကိုကြည့်နေတာ သိသွားပုံရတယ် သူမကို စိုက်ကြည့်နေတော့ တာရာ့မှာ လန့်ပီး အယောင်ယောင်အမှားမှားနဲ့ မပွင့်သေးတဲ့ အဖူးတွေပါ ညှပ်မိသွားသေးသည်။

ကိုယ့်ဘာသာကိုယ်မှ ဘူနေပါတယ်ဆို ဟိုဘက်ကနေ လှမ်းကြည့်နေတဲ့ ငတိမကြောင့် အာရုံနောက်ရသေးသည်။ သူပြန်ကြည့်လိုက်မှ လှစ်ခနဲ အိမ်ထဲပြေးဝင်သွားတော့သည်။

"ဦးနေမင်းမဟာ...."

အပြင်ထွက်မလို့အလုပ်နောက်ကနေ လှမ်းခေါ်လိုက်တဲ့သူမကြောင့် မဟာ လှည့်ကြည့်တော့ သူ့​နောက်မှာ ရပ်နေပီး လက်နှစ်ဖက်ကိုပွတ်နေတဲ့ ငတိမ

"ဘာလဲ"

"ဟို...."

"ပြောစရာရှိတာ အမြန်ပြော မပြောရင် ငါသွားတော့မယ်"

"ဟို...ဒီနေ့က တာရာ့ရဲ့မွေးနေ့ ဟီး အဲ့တာ"

"အဲ့တာ ဘာဖြစ်လဲ မင်းကိုကောက်တွေ့တဲ့ရက်မလား "

ပြောချင်တာက သူ့မွေးနေ့အစစ်မဟုတ်ဘူး လာစွန့်ပစ်တဲ့နေ့ပေါ့. စိတ်ထဲတေည့ မကောင်းပေမယ့် အနည်းဆုံး သူမပြောပြတာကို သူမှတ်မိပါတယ်လေဆိုတဲ့စိတ်နဲ့သာ ဖြေသိမ့်လိုက်ရသည်။

"အင်း.... အဲ့တာ ည အစောပြန်လာမှာလား"

"ပြန်လာပီး ဘာလုပ်ရမှာလဲ"

"ဟင်....အဲ့လိုတော့ ထွေထွေထူးထူးမရှိပါဘူး....ဦးနေမင်းမဟာကြိုက်တဲ့ဟင်းတွေချက်ထားမယ်လေ"

"ငါကြိုက်တယ်ပြောဖူးလို့လား"

"မပြောပေမယ့် အများကြီးစားတယ်လေ"

"ကိုယ့်ဘာသာဗိုက်ဆာလို့စားတာတောင် သူ့ဟင်းကြိုက်တယ်ဖြစ်ရသေး အံ့သြစရာ"

သူမနှင့်ဖက်ပီး တခွန်းမကျမ်ပြန်ပြောနေတဲ့ အဲ့လူကြီးကို တကယ်နားကိုမလည်နိုင်တော့ပေ။ တခါတလေလေး လိုက်လျောညီထွေပြောပေးလိုက်လို့ သူ့အသားပဲ့ပါသွားတာမှမဟုတ်တာ။ ခုလဲ သူမမေးနေတာကို အင်း မလုပ် အဲ မလုပ်နဲ့ ထွက်သွားပီ.....

မဟာ ဧကရီနဲ့မတွေ့ရတာ တပတ်လောက်ရှိပီမလို့ ခုအရမ်းသတိရပီး တွေ့ချင်တာကြောင့် ဝေယံတို့နဲ့တွေ့ဖို့ဆိုပီးအကြောင်းပြကာ ထွက်လာတော့ ဧကရီက ပန်းချီတို့ မေဖြူတို့နဲ့ salon သွားတယ်တဲ့။ အမျိုးသမီးတွေ အဲ့လိုနေရာရောက်ရင် ဘယ်လောက်ကြာတတ်လဲသိသူတွေမလို့ သူတို့ချည်းပဲဆုံကြရတော့သည်။

"မဟာ တာရာကော နေကောင်းလား"

ရောက်တတ်ရာရာပြောနေကြရင်း ရုတ်တရက်ထမေးလိုက်တဲ့ ဝေယံ့ကြောင့် မဟာ မျက်နှာပျက်သွားသည်။ မကြားချင်ပါဘူးဆို အဲ့တယောက်အကြောင်း

"မသိဘူးလေ မင်းသိချင် သွားမေးပါလား"

"ဟိုနေ့က မြို့ထဲက ဆေးခန်းတခုမှာ တွေ့လိုက်လို့...တယောက်ထဲလာတာဆိုတော့ သူများကိုလိုက်ပြပေးတာတော့မဟုတ်လောက်ဘူးလားလို့လေ"

"မင်းပဲ စိတ်ပူနေ ဟိုက အကောင်းကြီး သူ့ဘာသာ ကိစ္စရှိလို့နေမှာပေါ့ စိတ်ဝင်စားမနေနဲ့"

"မင်းကလဲကွာ ဝေယံကအကောင်းမေးတာကို"

ဘာလဲ မင်းတို့က နှစ်ယောက်တယောက်ဆိုပီး ငါ့ကိုအနိုင်ကျင့်တာလား"

"ဟား ဟား.....မဟုတ်ရပါဘူးကွာ"

မဟာ ဆူပုတ်ပုတ်နဲ့ပြောလိုက်မှ ဝေယံကော မင်းသိန်းကော ရီမောကာ ခုနက စကားပြတ်သွားတော့တယ်။

မဟာအိမ်ပြန်ရောက်တော့ တော်တော်ညဥ့်နက်နေပီ .... မနက်တစ်နာရီလောက်ပင်ရှိပီ။ သူ့ကို ထုံးစံအတိုင်း အိမ်ရှေ့က ဒန်းပေါ်ထိုင်စောင့်နေတဲ့ ငတိမကိုတွေ့လိုက်တော့မှ သူ့ကိုညနေက စောစောပြန်လာဖို့ပြောတာ သတိရ​တော့သည်။ မေ့နေတော့ရော ဘာဖြစ်လဲနော် သူနဲ့က အနေသာကြီးမလား.....သူအိမ်ထဲဝင်သွားတော့ နောက်ကနေ သော့ခတ် တံခါးပိတ်ကာ လိုက်လာတဲ့သူမ.....အိမ်က ညမလို့မီးပိတ်ထားပါတယ်ဆို ခေါင်းငုံ့ပီးလျှောက်လာတာ လှေခါးရင်းက ဖိနပ်ကုန်ချွတ်နေတဲ့ သူ့ပင်မမြင် ဝင်တိုက်ရော

"အင့်...."

ကုန်းပီးဖိနပ်ချွတ်နေပါတယ်ဆို နောက်ကနေ ဝင်တိုက်ထည့်လိုက်တဲ့ သူမကြောင့် မဟာ ရှေ့ကို ဟပ်ထိုးလဲကျမလိုတောင်ဖြစ်သွားသည် တော်သေးသည် လှေခါးလက်ရမ်းကိုအမီဆွဲလိုက်နိုင်လို့

"အာာ ဦးနေမင်းမဟာ ကန်တော့ ကန်တော့"

"မင်း ဘယ်လိုတွေဖြစ်နေတာလဲ မမြင်ဘူးလား"

" မှောင်နေတော့မမြင်မိလိုက်လို့"

"မမြင်ရင်လဲ မီးဖွင့်လေ"

"မီးပျက်နေတယ် ဦးနေမင်းမဟာရဲ့"

သူတို့လို private ရပ်ကွက်ထဲမှာ မီးပျက်တယ်ဆိုတာ အဓိပ္ပါယ်လုံးဝမရှိတာမလို့ သူမကို မှောင်ကြီးမဲမဲထဲမှာတောင် မျက်မှောင်ကျုံ့ကာကြည့်လိုက်မိသေးသည်။ သူ့ကိုသေချာပေါက်မြင်သွားတဲ့ သူမက

"တလလောက်တောင်ရှိတော့မယ် ဓာတ်အားလိုင်းအဆင့်မြှင့်နေလို့ အပိုင်းလိုက်မီးဖြတ်မယ်ဆိုပီး လာပြောထားတယ်"

"မီးပျက်လဲ အင်ဗာတာတွေ မီးစက်တွေက ဘာလုပ်ဖို့လဲ"

"ဘယ်နားမှာရှိလို့ ဘယ်လိုပြောင်းရမလဲမှမသိတာအဲ့တာတွေက ကားဂိုထောင်ဘေးမှာတော့ မီးစက်ကြီးတွေ့တယ် မလုပ်တတ်ဘူးလေဘာမှ"

"ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ"

နဂိုကမှ စိတ်မကြည်ပါဘူးဆို အူတိအူကြောင်သူမကြောင့် ပိုစိတ်တိုရသည်။ မီးအားချိန်းတဲ့အခန်းထဲဝင်ပီး အင်ဗာတာmood ပြောင်းပီးတော့ တအိမ်လုံးလင်းချင်းသွားသည်။ အခန်းထဲရောက်ပီး ရေချိုးခန်းထဲ ရေဝင်ချိုးမှ သူမပြောတာကို ဘာရယ်မဟုတ် ပြန်တွေးမိသည်။ သူမ ဒီလိုပဲ အမှောင်ထဲမှာ တယောက်ထဲ နေနေရတာကြာပီလားဆိုတဲ့အတွေးက ဖျောက်မရတော့....သို့သော် ကြာကြာကြီးတော့ ခေါင်းထဲစွဲမနေအား ညဥ့်နက်နေပီမလို့ အိပ်ရာထဲပစ်ဝင်ခွေကာ အိပ်ပစ်လိုက်တော့သည်။

တာရာ ဝရံတာဘက်ထွက်ကာ သာနေတဲ့လမင်းကြီးကိုကြည့်ပီး ထိုင်နေတာ ဟိုလူ အိပ်ရာထဲဝင်သွားထဲက။ လက်ထဲမှာလဲ cupcake သေးသေးလးတခု ဖယောင်းတိုင်သေးသေးလေးတတိုင်စိုက်လျက်.....မီးတော့မထွန်းရသေး

သူမခုဆို ၁၈ နှစ်ပြည့်ပီ....ဒါသူမတကယ်မွေးဖွားခဲ့တဲ့ရက်မဟုတ်ပေမယ့်လဲပေါ့။ သူမကို မွေးခဲ့တဲ့မိဘတွေကကော ခုချိန်ထိ အသက်ရှိထင်ရှားရှိသေးလား.....ရှိနေရင်ကော သူမကို တခါတလေလေးဖြစ်ဖြစ် သတိမရလောက်ဘူးလား.....သူမကိုတွေ့ချင်စိတ်တွေဘာတွေရော ရှိဘူးလား....အဲ့လိုတွေးလိုက်တော့ သူမကကိုယ်တိုင်ကရော မိဘတွေဆိုတဲ့သူတွေကို တွေ့ချင်လား သတိရလားဆိုတော့ သတိရတယ်ဆိုတာတော့မှန်ပေမယ့် တွေ့ချင်စိတ်တော့ မရှိပေ။ ကိုယ့်ကိုမလိုချင်လို့မှ စွန့်ပစ်ခဲ့တဲ့သူတွေကို စိတ်နာတာမဟုတ်ပေမယ့် ကိုယ့်ကိုစွန့်ပစ်ရလောက်တဲ့ထိ ကိုယ့်ကြောင့် သူတို့မှာ ဒုက္ခများခဲ့တယ်ဆိုရင်တော့ သူမလုံးဝပြန်မတွေ့ချင်တော့ပေ....ထပ်ပီးဒုက္ခမပေးချင်တော့တာပေါ့။ ပီးတော့ ကိုယ့်အတွက်ဆိုတာမျိုးမဟုတ်တဲ့ပတ်ဝန်းကျင် ကိုယ့်ကိုမလိုလားတဲ့ပတ်ဝန်းကျင်မျိုးမှာလဲ မနေချင်ပေ။

မဟာ တော်တော်နဲ့ အိပ်မရတော့ ဟိုလှိမ့်ဒိလှိမ့်နဲ့ အိပ်ရာထဲမှာနေရတာ ကျောပင်ပူလာသည်။ ဝရံတာဘက်ထွက်ပီး လေအေးအေးလေး တိုက်ခံရင်ကောင်းမလားတွေးနေတုံး အပြင်ထွက်တဲ့တံခါးက ဟ နေသည်ကိုမြင်လိုက်ရသည်။ ဘယ်သူလဲပေါ့.....ခြေသံဖော့ပီး အသာထကြည့်မှ

"မင်း ဘာလုပ်နေတာလဲ"

"ဟင်....ဦးနေမင်းမဟာ..မအိပ်သေးဘူးလား"

သူ့မြင်မှာ ထိုင်နေရာကနေ ကုန်းရုန်းပီးထလာတဲ့ငတိမ လက်ထဲမှာ ကိတ်ကလေးသေးသေးလေးနဲ့ အော်.....ဟုတ်သား သူ့မွေးနေ့ပဲ

"ငါမေးတာအရင်ဖြေစမ်းပါ...."

"အင်း....ဒီလိုပါပဲအိပ်မရလို့ လျှောက်ကြည့်နေတာ"

"ဘာကိုလဲ"

"ကောင်းကင်ကြီးလေ"

သူမပြောလို့ သူလဲ အယောင်ယောင်အမှားမှားနဲ့ မိုးပေါ်မော့ကြည့်လိုက်သေးသည်။ ကောင်းကင်မှာ ထိုင်ကြည့်နေရလောက်အောင်လဲ သာနေတာ လမင်းကြီးပဲရှိသည်။ တိမ်နဲနဲဖုန်းနေတာမလို့နေမယ် ကြယ်တွေတောင်သိပ်မတွေ့ရ

"လက်ထဲက ကိတ်ကဘာလဲ တယောက်ထဲမွေးနေ့လာလုပ်နေတာလား"

လက်ထဲက cupcake လေးကိုကြည့်ပီး မေးလိုက်တော့ သူ့ကိုကြည့်နေတဲ့သူမအကြည့်တွေ လွှဲသွားပီး

"မေွးနေ့ကပီးသွားပီ....မစားရသေးလို့ ခုစားရမလားစဥ်းစားနေတာ သွားတိုက်ပီးပီဆိုတော့ သွားပြန်ဆင်းတိုက်ရမှာလဲ ရှိသေးတော့လေ"

တာရာတမင်ကို ရှောင်ဖြေလိုက်တာ မွေးနေ့မှာ သူမ ခုလိုအထီးကျန်နေတာကို မသိစေချင်.....သိနေရင်တောင် သူမပါးစပ်က ကိုယ်တိုင်ထုတ်မပြောချင်ဘူးလေ။

သူမပြောမှစဥ်းစားမိတယ် ဟုတ်သား သူမကိုအောက်ထပ်က ရေချိုးခန်းပဲသူသုံးခိုင်းထားတာ ဒီအိမ်ရောက်ထဲကပဲ။

"မသိပါဘူး birthday song ဆိုဖို့ လူလိုနေတယ်ထင်တာ"

"ဟင့်အင်း ပီးသွားပီ"

လက်ထဲက ကိတ်မုန့်ကိုကြည့်ကာ ခေါင်းကိုဖြေးညှင်းစွာ ရမ်းပြတဲ့သူမကိုကြည့်ပီး သူ့စိတ်ထဲတမျိုးတော့ ဖြစ်မိသည်။ သူ့မွေးနေ့တုံးကတောင် အထီးကျန်ကျန်မနေချင်ခဲ့တာ ဒါတောင် သူ့အတွက်ဆို အမြဲအဆင်သင့်ရှိတဲ့ ဟိုကောင်တွေရှိသေးတယ်မလား....ဒါဆိုသူမကရော...

"ခိုင်းစရာမရှိရင် ရာရာ အိပ်တော့မယ်လေ..."

"အော် အင်းးး အင်း...."

သူမ သူ့ရှေ့က အထွက်

"ဒါနဲ့လေ ညနေက မေ့သွားတာ အလုပ်များနေလို့"

ပထမဆုံးအကြိမ် မဟာ သူမကို လိမ်ပြောလိုက်ခြင်းပင်။ တကယ်ဆို အကြောင်းပြချက်မပေးဘဲ မလာချင်လို့မလာတာဆိုပီးနေလို့ရပေမယ့် သူ့ကိုစောင့်နေခဲ့မှာ သေချာတာမလို့......

"အင်း ရပါတယ် အရေးမကြီးဘူးရယ်"

သူ့ကိုပင်ပြန်မကြည့်တော့ဘဲ ထိုမျှသာပြောပီးထွက်သွားတဲ့သူမကို မျက်စိတဆုံးကြည့်မိလိုက်သေးသည်။ ဘယ်လိုမိန်းကလေးလဲကွာ နားလည်ရခက်လိုက်တာ...သူပြောဖူးသလို သူနဲ့အဆင်တကယ်ပြေချင်နေတာလား ဘာကိစ္စနဲ့ ပြေချင်ရတာလဲ ဟူးးးးးး လူကသာ တုံဏိဘာဝေနဲ့ ခန့်မှန်းရ နားလည်ရတော့ အတော်ခက်သည်ပင်။

Continue Reading

You'll Also Like

446K 9.5K 79
Fb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်
13.2K 169 17
စာရေးသူ စပြီးရေးဖြစ်တဲ့ normal Fic လေး ပါ။ အိမ်နီးနားချင်း အတူတူ ကြီးပြင်းလာကြတဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းလေးပါ။နှစ်ယောက်လုံးက တဦးတည်းသော သားနှင့် တဦး...
129K 4.4K 18
[ Unicode ] '' တေးသဘော ... တေးက မောင့်အတွက် အရေးကြီးဆုံး ဖြစ်တည်မှုလေးမို့ မောင့်ရဲ့ အရာအားလုံးက တေးရဲ့ သဘောအတိုင်းပဲ ... '' [ Zawgyi ] ...
173K 5.3K 70
တောင်ပေါ်ဒေသကအုပ်ချုပ်သူလူတန်းစား‌ေတာင်ပိုင်းအကြီးအကဲရဲ့သား ဖြစ်သူမျိုးရိုးမြင့်သခင်လေး..ဆောင်းဦးခိုက်..... ‌မြောက်ပိုင်းသူ‌‌ေလးမိန်းမပျိုလေးခဂါဦး ...