Uni
နောက်တစ်ရက်မှာ ဆရာJungkookက အိမ်ပြောင်းဖို့ပြင်ဆင်နေတော့ပြီ။ Taehyungစိတ်ထဲမှာ Jungkookကိုယုံကြည်စိတ်ရှိတာမလို့ Jungkookပြောသွားတဲ့စကားလုံးတိုင်းကိုလည်း အတည်တွေးမိပြီးယုံကြည်စိတ်ရှိနေတော့သည်။ ဖူးစာမပါရင်တောင် ပြန်တွေ့အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားမိတဲ့ခံယူချက်ကလည်း Taehyungရဲ့အတွင်းစိတ်တစ်နေရာမှာကိန်းအောင်းနေတယ်။
--
ဆရာJungkookပြောင်းသွားတဲ့နေ့ကိုရောက်လာတော့ ခံစားရလားဆိုတော့ ပိုလို့တောင်ခံစားရပါသည်။စိတ်ရှိတိုင်းဆို မထွက်သွားပါနဲ့ ဖက်တွယ်စုတ်ကိုင်ထားမိမှာပေမဲ့ ကိုယ့်ကိုယုံကြည်တယ်မလားဆိုတဲ့ ဆရာJungkookရဲ့စကားကိုနားထဲပြန်ကြားယောင်မိတိုင်း တင်းခံထားမိတယ်။ အကောင်းဆုံးအချိန်တွေရောက်လာဖို့ အဆိုးဆုံးအချိန်တွေကို အားတင်းပြီးဖြတ်ကျော်ရမှာပဲလေ။
ကျောင်းမှာလည်း အရင်လိုခင်မင်ရင်းနှီးတဲ့လူလိုတောင်မနေမိကြတော့...သာမန်ဆရာတပည့်ဆက်ဆံရေးဆိုတဲ့ဘောင်လေးကြားမှာအပိတ်ခံထားရပြန်သည်။ အချစ်ကိုခုငယ်ရွယ်တဲ့အချိန်ခါမို့လို့ ရူးမိုက်မိတာပါလို့ပြောဆိုပစ်တင်နိုင်ပေမဲ့ Taehyungအတွက်အချစ်ဦးဖြစ်တဲ့လူကို နောက်ဆုံးအချစ်တစ်သက်အချစ်အဖြစ် တွေးမှတ်ထားမိတာပင်။
သူငယ်ချင်းဖြစ်တဲ့Sunghoonကအနားကနေ နှစ်သိမ့်အားပေးပေမဲ့ ခံစားနေရတာကအပေါ်ယံမှမဟုတ်ဘဲ အတွင်းထဲကနစ်သိမ့်အောင်ခံစားရတာမလို့ နှစ်သိမ့်စကားများက အတွင်းဒဏ်ရာကိုတော့ မကုနိုင်ပါဘူးလေ။
---
စာသင်နှစ်ကုန်ဖို့ နောက်ဆုံးစာမေးပွဲကြီးကိုရောက်လာပြီ။ အကုန်လုံးက ကျောင်းအချိန်ပြီးဆုံးမှာမလို့ ပျော်နေကြပေမဲ့ ထိုလူတွေထဲမှာTaehyungကတော့်မပါခဲ့ပါလေ။ အိမ်မှာတွေ့ခွင့်မရတော့တဲ့ မြတ်နိုးရသူကိုတွေ့ဖို့အခွင့်အရေးက ကျောင်းတတ်ချိန်ပဲရှိတယ်။
"Taehyung..."
ပြတင်းပေါက်ကနေ အပြင်ဘက်ကချယ်ရီပွင့်ဖက်တွေကြွေနေတာကို ကြည့်နေချိန် ဘေးကလာခေါ်တဲ့အသံ။ ထိုအသံပိုင်ရှင်က နှစ်ယောက်မရှိတဲ့မြတ်နိုးရသူအသံပါလေ။
"ဟုတ် ဆရာJungkook"
"ကိုယ်နောက်နှစ်ကျပြောင်းရွှေ့ခွင့်လွှာတင်ထားတယ်.."
"အာ ဟုတ်လား.."
ပြောင်းရွှေ့ခွင့်လွှာတဲ့..နောက်နှစ်မှာသူ့ကိုတွေ့ဖို့အခွင့်အရေးမရှိတော့တာလို့ပြောတာမျိုး။ အဝေးကိုတစ်ခါလွှင့်ထွက်သွားမိရင် ပြန်ဖမ်းဆုတ်ဖို့ခက်သလို..တဖြည်းဖြည်းနဲ့ဝေးကွာပြီးလည်းပျောက်ကွယ်သွားတတ်ပြန်တယ်။
"ကိုယ်မရှိတဲ့အချိန်ပျော်အောင်နေ..စာကိုကြိုးစားနော်..သူငယ်ချင်းနဲ့လည်းတည့်အောင်နေနော်..ကိုယ်ပြောဖူးတယ်မလား..ဘာပဲဖြစ်လာဖြစ်လာကိုယ့်ကိုယုံကြည်ပေးပါဆိုတာ"
"ဟုတ် မှတ်မိပါတယ်.."
မှတ်မိတာပေါ့..ဘာပဲဖြစ်လာဖြစ်လာယုံကြည်ပေးဆိုတဲ့စကားကို မှတ်မိတာပေါ့.။ မှတ်မိလို့ပဲ ယုံကြည်ပြီးအဝေးတစ်နေရာကနေ ရှိနေရပ်တန့်နေခဲ့တာလေ။
"ကိုယ်ပြောတာကိုအမြဲမှတ်ထားပေးနော်..ဖူးစာမပါလာတာတောင် ကိုယ်က ဖူးစာပါလာအောင် စီမံပေးပါမှာမလို့လေ"
"ဟုတ်ကဲ့ပါ"
"အင်း ဂရုစိုက်နေနော်"
တစ်ယောက်သောသူရဲ့ရှေ့ရေးကိုတွေးတောပေးပြီး အဝေးကိုထွက်သွားပေးရမှာ။ ပြတ်သွားတဲ့အချိန်ကတည်းက တစ်မှိုင်မှိုင်ဖြစ်နေတဲ့ကောင်လေးကိုကြည့်ရတာ အားမရပေ။ အရင်လိုပျော်ပျော်နေတတ်တဲ့ကောင်လေးကိုပဲ မြင်ချင်တာ။ ကိုယ့်ကိုခဏတာမေ့ပြီး ပျော်အောင်နေဖို့ ခုလိုမျိုးပြောင်းရွှေ့လွှာတင်ခဲ့တာလေ..။
----
နောက်နှစ်တွေကျတော့ ဆရာJungkookနဲ့မတွေ့ရတော့။ဆရာJungkookက Busanဆိုတဲ့ သူ့ရဲ့ဇာတိမြို့မှာပဲ ဆရာပြန်လုပ်နေပြီတဲ့လေ။ တက္ကသိုလ်ဝင်ခွင့်အတန်းကိုရောက်ပြီဖြစ်တဲ့Taehyungမှာလည်း အရင်ကထက်စာကိုပိုကြိုးစားနေပြီ။ စာလုပ်ရတာတွေများလားလို့..ချစ်ရသူကိုမေ့သွားလားလို့မေးရင်တော့ ဟင့်အင်လို့ပဲဖြေပေးမိမှာ။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ ကျောက်ဆစ်ထုသွင်းထားတာမိုလို့ အဖန်တစ်ရာလောက်အလုပ်ရှုပ်နေတောင် မေ့ဖို့ဆိုတာမဖြစ်နိုင်.။
********
2 years later-
ဆောင်းရာသီရဲ့အအေးဒဏ်ကတဖြည်းဖြည်းမြင့်လာပြီ။ လမ်းမထက်ရဲ့ဘေးတစ်ဖက်ဆီမှာလည်း ချယ်ရီပင်တွေလည်း ပွင့်နေပြီ။ ကောင်းကင်အပြာရောင်ကြီးရဲ့အောက်မှာ ချယ်ရီပန်းတွေရဲ့အလှက ပန်းချီးကားတစ်ချပ်လိုရှု့မောဖွယ်ရာ..။ ချယ်ရီပင်တွေမြင်တိုင်း တစ်ယောက်သောသူနဲ့ပြတ်သွားလို့ ချယ်ရီပင်အောက်မှာငိုခဲ့တာကို ခုထိအမှတ်ရနေဆဲ။ ဆရာJungkookနဲ့အဆက််အသွယ်မရတာကတော့..Seoulကနေ Busanကိုပြောင်းသွားကတည်းကပင်။
Taehyungနဲ့Sunghoonက တက္ကသိုလ််First yearတတ်နေပြီဖြစ်သည်။ တက္ကသိုလ်ချင်းတူပေမဲ့ မေဂျာတော့ကွဲတယ်။ တစ်ယောက်နဲ့တစ်ယောက်ဝါသနာပါတာတွေမတူတော့လည်း မေဂျာယူတဲ့အပိုင်းမှာကွဲကုန်ကြတာလေ။ ခုလည်း တက္ကသိုလ်က ကန်တင်းမှာချိန်းထားတာမလို့..သွားနေတာ။
တက္ကသိုလ်ကန်တင်းက Taehyungတတ်နေတဲ့မေဂျာနဲ့က အတော်အသင့်ဝေးတယ်။ Sunghoonရဲ့မေဂျာနဲ့ကျ ခြေလှမ်းသုံးလေးလှမ်းပြီးတာနဲ့ ကန်တင်းကိုရောက်ပြီလေ။ ခုချိန်ဆိုရင် Sunghoonလည်းရောက်နေလောက်ပြီမလို့ ခြေလှမ်းကိုသာမန်ထက်ခပ်မြန်မြန်လျှောက်လာလိုက်တယ်။
ကန်တင်းမှာက နေ့လည်ပိုင်းအချိန်ဆိုတော့ လူတော့နည်းနည်းရှုတ်တယ်။ Sunghoonကိုမတွေ့တာမလို့ မျက်လုံးကလျင်လျင်ထားပြီးရှာနေရသည်။ ကိုယ်ကပဲမမြင်တာလား..သူပဲမရောက်သေးတာလားပဲ။ နောက်ဆုံးမှ လက်လှမ်းကာပြပြီးခေါ်တဲ့Sunghoonကိုမြင်ရသည်။ သူက ထောင့်ဆုံးဝိုင်းမှာထိုင်နေတာမလို့ တော်တော်နဲ့ရှာမတွေ့ခဲ့တာ။
"စောင့်နေရတာကြာပြီလား..."
"မကြာသေးပါဘူး.."
Sunghoomဘက်ကသာ မကြာသေးပါဘူးလို့..ပြောနေတာ စားပွဲပေါ်ကစားထားတဲ့ဟာတွေက တောင်လိုတောင် တခမ်းတနားပုံနေပြီ။
"မနက်ဖြန်ငါ့မွေးနေ့နော်.."
"အမ်..အဲ့ဒီတော့ Kim Taehyungဆိုတဲ့ငါက Park Sunghoonဆိုတဲ့မင်းမွေးနေ့ကို ဘာလုပ်ပေးရမလဲ"
သူ့မွေနေ့ကိုမမှတ်မိဘူးထင်လို့ ပြောလာတဲ့Sunghoonကို Taehyungခပ်နောက်နောက်ပြောရင်းစလိုက်သည်။ ပြေးကြည့်မှ သူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိတဲ့လူရဲ့မွေးနေ့ကို မေ့နေစရာလား။
"မွေးနေ့ကို လာရုံပဲလာခဲ့..ငါ့မွေးနေ့က ငါ့ပွဲမဟုတ်ဘဲမင်းရဲ့ပွဲဖြစ်အောင် ငါစီစဥ်ထားတယ်.."
"ဟမ်..ဘယ်လိုကြီးလဲ မင်းစီစဥ်ထားတာက ဘယ်လိုမျိုးမလို့လဲ"
"အင်းး အတိအကျပြောရရင် ငါစီစဥ်တာဆိုတာထက် ငါ့ရည်းစားလေးMinhoက အကြံဉာဏ်ပေးတာလေ"
"ရားး ရည်းစားရှိကြောင်းကြီးထည့်ထည့်မကြွားစမ်းပါနဲ့"
"ချစ်တာကို မင်းကလည်း"
Sunghoonနဲ့Minhoက တက္ကသိုလ်စတတ်ကတည်းကတွဲနေကြတာလေ။ အရင်ကတော့ မတည့်လိုက်တဲ့နှစ်ယောက်က ခုတော့ချစ်လိုက်တာများတစ်ယောက်ကိုတစ်ယောက်မျက်လုံးအောက်ကတောင် အပျောက်မခံတဲ့အထိ။ချစ်လိုက်ကြပုံက ဘေးကမြင်နေရတဲ့Taehyungတောင် စိတ်ညစ်လာမိတာ။
"မင်းမွေးနေ့က ဘယ်နေရာမှာလုပ်မှာလဲ..လက်ဆောင်က ငါကကြိုတွေးထားပြီးသား.."
"လက်ဆောင်တွေမလိုပါဘူး..မင်းလာရင်ကိုကျေနပ်ပါပြီ.."
"အလကားအပိုတွေ..လက်ဆောင်မပါလာရင် ဘေးနားကပြောင်းဖူးပေါက်ပေါက်ဖောက်သလို တပေါက်ပေါက်ပြောနေလိုက်မှာများ "
"အဲ့ဒါကလည်းအဲ့ဒါပေါ့ဟဲဟဲ"
အရင်ကဆို ဟာသတွေပြောတတ်တဲ့လူက Taehyungပေမဲ့ ဆရာJungkookနဲ့ပြတ်သွားပြီးတဲ့နောက်မှာ Taehyungကအရင်ကလောက်ကြီးပျော်ပျော်မနေတော့ဘူး။ ခုတော့ Sunghoonကပဲ ပျော်ပျော်နေပြီ..
ဟာသတွေပြောနေတော့တာပင်။
"ငါနဲ့ပြီးကျရင် Mallသွားမှာလိုက်ခဲ့အုံး"
"အာ မရဘူး..ငါက Minhoနဲ့Dateဖို့ချိန်းထားတာ"
"ရားး မင်းငါ့ကိုဂရုလည်းစိုက်ပါအုံး ..ရည်းစားရကတည်းက Minho..Minhio Minhoနဲ့ပါးစပ်ကတစ်ချက်တောင်မချဘူး.."
ရည်းစားရသွားကတည်းက Minhoနာမည်ကိုလေပေါ်တဖူးဖူးမြှောက်နေအောင်တင်ထားတဲ့Sunghoonကိုလည်း Taehyungအမြင်အတော်ကတ်လှပြီ။
ခဏလောက်ကြာတော့..Sunghoonကို သူ့ရည်းစားကလာခေါ်သွားတော့ ကန်တင်းမှာTaehyungတစ်ယောက်တည်းကျန်နေခဲ့သည်။ အိမ်အပြန်လမ်းမှာ Mallကိုဝင်ပြီး..လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖြစ်တယ်။ Sunghoonမွေးနေ့အတွက်ကတော့ ..Luxury နာရီလက်ဆောင်ပေးဖို့ဝယ်ထားပြီးသားဖြစ်တယ်။ Sunghoonရဲ့မွေးနေ့မှာတုန်းက လက်ဆောင်ပေးဖို့ တစ်ယောက်သောသူနဲ့အတူတူစျေးဝယ်ထွက်တာကို တွေးမိပြန်တော့ လွမ်းမိပြန်တယ်။ဆရာJunhkookကတော့ နေသားကျသွားတာလား..မေ့နိုင်သွားတာလားမသိတော့..အဆက်အသွယ်လေးတောင် တစ်ကြိမ်တစ်ခါမလုပ်ခဲ့ဘူး။
ပစ္စည်းတွေအကုန်ဝယ်ပြီးတော့..အဆောင်ကိုပြန်လာတယ်။ အဆောင်မှာက First yearတတ်ကတည်းကနေဖြစ်တော့တာ။ အိမ်မှာလည်း မနေချင်တာကြောင့်မိုလို့။ ခုချိန်ထိတစ်ယောက်သောသူရဲ့ စောင့်နေပါဆိုတဲ့စကားကိုယုံကြည်နေသေးသည်။
-----
နောက်တစ်နေ့ညနေပိုင်းမှာ Sunghoonမွေးနေ့ကိုသွားဖို့စပြင်ဆင်ရတော့တယ်။ လူငယ်တွေချည်းပဲဖိတ်ပြီးပြင်ဆင်ထားတဲ့မွေးနေ့မလို့ အရမ်းကြီးသေချာသပ်သပ်ရပ်ရပ်ဝတ်ဆင်နေစရာမလိုဘူး။ ဆောင်းတွင်းညနေစောင်းကအသည်းခိုက်အောင်ချမ်းနေတာပင်။ အနွေးထည်ထူထူတစ်ထည်ကိုကောက်ဝတ်လိုက်ပြီး..ထွက်လာလိုက်သည်။ Christmasလဆိုတော့ နေရာတော်တော်များမှာ မီးအလှဆင်တာတွေရော..အိမ်ရှေ့ဝန်းမှာ Christmasပစ္စည်းတွေနဲ့ပါအလှဆင်ထားကြတယ်။
Sunghoonပြောတဲ့မွေးနေ့လုပ်မယ့်နေရာက အရမ်းကြီးအလှမ်းမဝေးတာမလို့ ခြေလျင်သာလျှောက်သွားတော့သည်။
ဟိုရောက်တော့ လူအတော်များများတောင်ရောက်နေပြီ။သီချင်းသံမြုးမြူးလေးကို ဖွင့်ထားတဲ့မွေးနေ့ပါတီက အတော်ကိုသစ်လွင်နေသည်။ မွေးနေ့ရှင်ကြီနဲ့တွေ့ဖို့ လိုက်ရှာရတယ်။
"Hey Sunghoon..Happy birthday "
"ရောက်လာပြီလား"
"အေး..ဒီမှာလက်ဆောင်."
"မင်းကလည်း လက်ဆောင်တွေမလိုပါဘူးဆို.."
"အဲ့ဒါဆို မယူဘူးလား"
"ဟီး အားနာလို့ယူထားလိုက်မယ်"
တကယ်ပါ..မယူတာလည်းမဟုတ်ပါဘဲ စကားပုလ္လင်ခံနေပြန်တာမလို့ ပြန်နောက်လိုက်တော့ လက်ဆောင်ကိုအတင်းဆွဲယူသွားတဲ့မွေးနေ့ရှင်ပါလေ။ အသက်၁၉နှစ်တောင်ပြည့်သွားပြီတဲ့လေ။ မွေးနေ့တိုင်းအတူတူဖြတ်သန်းဖြစ်တဲ့ တစ်ဦးတည်းသောသူငယ်ချင်းဆိုလို့ Sunghoonပဲရှိတယ်။
"ကိတ်မခွဲခင် Supriseလုပ်စရာရှိတယ်"
"ဟမ် ဘာလုပ်မှာလဲ"
မနေ့ကပြောထားတဲ့Supriseဆိုတဲ့ဟာကို အကြောင်းစပြန်လာတဲ့Sunghoonကို Taehyungနားမလည်တော့ ။ မွေးနေ့ရှင်က အခြားလူကို Supriseလုပ်ဖို့ အဲ့ဒီလောက် စိတ်တတ်ကြွနေတာလည်းမသိဘူး။
"အပြင်မှာ မင်းကိုလူတစ်ယောက်စောင့်နေတယ်"
"ဘယ်သူလဲ"
"သိချင်ရင်သွားကြည့်လေ"
"တအားအလုပ်ရှုတ်အောင် လုပ်နေတာပဲ"
"ခုကျ အလုပ်ရှုတ်တယ်ပြောပြီး..ပြီးမှကျေးဇူးတင်တယ်လာပြောမှာကြိုသိနေတယ်နော်"
"Sorry ပါ..ကျေးဇူးဘယ်တော့မှမတင်ဘူး"
Sunghoonပြောတဲ့အတိုင်း အပြင်ကိုထွက်လာတော့..လူတစ်ယောက်မှမရှိ။ ဆေးထိုးလိုက်ပြန်ပြီထင်သည်။ ကိုယ်ကလည်းကိုယ်ပဲ Park Sunghoonစကားကို ယုံကြည်မိတာကိုက မှားတာပဲ။
"ပွမ် ပွမ် ပွမ်"
အထဲကိုပြန်ဝင်မလို့တွေးနေတုန်း ကားဟွန်းသံကြားလိုက်ရသည်။ကားတစ်စီးပေါ်ကဆင်းလာတဲ့လူတစ်ယောက်။ ညမှောင်နေပြီမလို့ ဘယ်သူဘယ်ဝါလည်းဆိုတာ သဲသဲကွဲကွဲမမြင်ရပေ။ ထိုလူက ကိုယ့်ဆီကိုဦးတည်နေတဲ့ခြေလှမ်းတွေနဲ့လျှောက်လာတယ်။ နီးကပ်လာတဲ့ထိုလူရဲ့ မျက်နှာက လမ်းမီးတိုင်ရဲ့မီးရောင်အောက်မှာတဖြည်းဖြည်းထင်ရှားလာသည်။ မြင်နေရတဲ့ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်ဖြစ်နေမိတယ်။ ထိုလူနဲ့မတွေ့ရတဲ့2နှစ်ဆိုတဲ့အချိန်ကာလမှာ အရမ်းလွမ်းခဲ့ရတာလေ။
"Taehyung"
ထပ်ကြားလိုက်ရတဲ့ ထိုလူဆီကအသံဟာ သေချာပေါက်မြတ်နိုးရသောသူဖြစ်နေတယ်ဆိုတာ သက်သေပြလိုက်သလို။ ဘယ်ကမှန်းမသိတဲ့မျက်ရည်များဟာ စီးကျလာတော့တယ်။ ဝမ်းနည်းလို့လား..ဝမ်းသာလို့လားဆိုတာတော့ Taehyungကိုယ်တိုင်တောင် အဖြေထုတ်မရတာပင်။
"ဟော ကိုယ့်ကောင်ဆိုးတပည့်လေးက ငိုနေတာလား"
"ဟင့် အီးဟီး"
ကောင်ဆိုးတပည့်လေးလို့ ခေါ်တဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာ Taehyungအောင်ငိုပစ်မိတော့တယ်။ သူအကြာကြီးစောင့်နေရတဲ့လူက ခုသူ့ရှေ့ကိုပြန်ရောက်လာပြီ။ ယုံကြည်ပေးပါပြန်လာခဲ့မယ်ဆိုတဲ့စကားကိုယုံခဲ့မိတာမမှားခဲ့ပေ။
"မငိုပါနဲ့ တိတ်ပါကွာ"
"အဟင့် ကိုကိုက ၂နှစ်ကြီးတောင် အကြာကြီးပဲ ထားခဲ့တာလေ"
"ဟုတ်ပါတယ်..ကိုယ်မှားတာပါ..ခုလောလောဆယ် ကိုယ်နဲ့တစ်နေရာလိုက်ခဲ့အုံး"
"ဟင် ဘယ်ကိုလဲ.."
"ကိုယ့်ကို ယုံတယ်မလား .."
"ယုံလို့ပဲ. ခုချိန်ထိစောင့်နေပေးတာလေ"
"ဟုတ်ပါတယ်.. ကိုယ့်တပည့်ဆိုးလေးက လိမ္မာလိုက်တာ"
ကလေးချော့သလို ချော့နေတဲ့လူကြီးက တကယ်ကိုယ့်ကိုကလေးလိုဆက်ဆံနေတော့တာ။ ဆရာJungkookက လိုက်ခဲ့ဆိုလို့ ဆရာJungkookကားနဲ့လိုက်လာလိုက်တယ်။ Sunghoonပြောတဲ့Supriseဆိုတာဒါကိုပြောနေတာဖြစ်မယ်။ ကားမောင်းနေတဲ့ဆရာJungkookရဲ့ဘေးမှာလိုက်စီးရတဲ့ခံစားချက်က ဟိုးအရင်ကလိုကျောင်းအတူတူသွားရတဲ့ခံစားချက်လိုပင်။ အရင်ကလိုပဲ ခံစားချက်လည်းမပြောင်းဘဲ ဘေးနားမှာရှိနေတာ။
ကားရပ်သွားတဲ့နေ့ရာကပန်းခြံတစ်နေရာမှာ။ ကားပေါ်ကအရင်ဆင်းသွားတဲ့ဆရာJungkookက ကားတံခါးကိုလာလှပ်ပေးသည်။ အရင်လိုပဲဂရုစိုက်နေဆဲဖြစ်တဲ့ဆရာJungkookကလည်း ပြောင်းလဲသွားတာဘာမှမရှိပေ။
ကားပေါ်ကနေဆင်းလာပြီး..ပန်းခြံကခုံတန်းပေါ်မှာအတူတူထိုင်ဖြစ်တယ်။ ညဘက်ဆိုတော့ ပန်းခြံထဲကလူတွေတော့သိပ်မများဘူး။
"Taehyungလေး"
နာမည်ကိုခေါ်လိုက်ပြီး လက်တစ်ဖက်ကိုရုတ်တရက်ဆုတ်ကိုင်လာတဲ့ဆရာJungkookကြောင့် ဘာများပြောမှာလဲဆိုပြီးနည်းနည်းတောင်စိတ်ထဲတုန်လှုပ်မိတယ်။
"ကိုယ်နဲ့တွဲပေးနိုင်မလား..ကိုယ်Taehyungကိုချစ်တယ် ဒီစကားကို ပြောတာနောက်ကျပေမဲ့ အရင်ကတည်းကပြောချင်ခဲ့တာပါ..Taehyungလည်း တွေးတောတတ်တဲ့အရွယ်ရောက်ပြီပဲ. ကိုယ့်ကိုပြန်ချစ်သင့်မချစ်သင့်တွေးတတ်မှာပါ..ကိုယ်ဘက်က ဘာပဲဖြစ်လာဖြစ်လာအနားမှာပဲနေပေးပြီး အဆုံးထိရှိသွားမှာမလို့ ကိုယ့်ကိုယုံကြည်လို့ရပါတယ်..အရမ်းချစ်တယ်Taehyung..ကိုယ့်ကိုချစ်လား"
"ဗျာ"
ပြန်ပြီးရည်းစားစကားပြောလာတဲ့ဆရာJungkookကြောင့် Taehyungမှာပါးစပ်ဟောင်းလောင်းနဲ့ အာမေဋိတ်သံတစ်လုံးသားထွက်လာနိုင်တော့တယ်။ ရုတ်တရက်ကြီးဆိုတော့ Taehyungဘက်ကလည်း အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်သွားခဲ့တာပင်။
"ဘာကိုဗျာလဲ..ကိုယ့်ကိုချစ်တယ်ဆိုYesကိုရွေး..ကိုယ်နဲ့တွဲမယ်ဆိုYeahကိုရွေး..Yes or Yeah"
"ဟာ..ကိုကိုကလည်း အဲ့ဒီလိုကြီးမပြောနဲ့လေ..အဲ့ဒီတုန်းကငယ်သေးလို့ငြင်းမှာစိုးလို့ ရွေးခိုင်းတာလေဗျာ"
"ဟော ကိုယ်လည်း Taehyungဆီကအငြင်းခံရမှာစိုးလို ရွေးခိုင်းတာပဲလေ..Yes or Yeah"
"ဟာ ဒါပေမဲ့..အင်းပါ..ချစ်တယ် အရမ်းချစ်တယ်"
"ကိုယ်လည်းချစ်တယ်"
နှစ်ယောက်သားရဲ့မျက်လုံးချင်းစုံသွားမိချိန် နှုတ်ခမ်းနှစ်စုံဟာလည်းထပ်တူကျသွားတယ်။ အချစ်ရဲ့သက်သေဖြစ်တဲ့အနမ်းတွေကို နှစ်ဦးသားပုံဖော်နေမိကြတယ်။
အချစ်ကိုယုံလားဆို ယုံတာပေါ့..ခုလိုယုံခဲ့လို့ ကိုကိုပြန်လာမယ့်အချိန်ထိစောင့်နေခဲ့တာလေ။
ညဘက်ဆောင်းတွင်းရဲ့အအေးဒဏ်ကြားမှာ ကောင်လေးနှစ်ယောက်ရဲ့အနမ်းတွေဟာလှပနေတော့တယ်။
Taehyungအတွက် အချစ်ဆိုတာထက် ဆရာJungkookကိုပိုယုံကြည်မိခဲ့တာပင်။ အချစ်ကိုလည်းယုံကြည်ပေမဲ့ ကိုယ့်ကိုယုံကြည်ပေးပါဆိုတဲ့စကားကြောင့်သာ Taehyungစောင့်နေနိုင်ခဲ့တာပင်။
ဘာပဲဖြစ်လာဖြစ်လာဆရာJungkookက Taehyungရဲ့အယုံကြည်ရဆုံးတစ်ဦးတည်းသောလူသားဖြစ်နေမှာပင်။ Yes or Yeahလို့မေးပြီး အဖြေတောင်းခဲ့တဲ့ချာတိတ်ကောင်လေးရဲ့အချစ်တွေဟာ ထာဝရတည်မြဲနေမည်။
-----end---
Yes or Yeah လေးကပြီးသွားပါပြီ။
နောက်ဆုံးအချိန်ထိလိုက်ဖတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ Yes or Yeahလေးပေါ်မှာဝေဖန်ချင်တာဖြစ်ဖြစ် ခံစားရတဲ့ခံစားချက်လေးဖြစ်ဖြစ်ပြောပြပေးသွားပါ့လား။ နောက်Fic အသစ်လေးနဲ့မကြာခင် ပြန်လာခဲ့မှာပါ။
Love you all💙
Thanks for vote and RL
#bliawnk
Zawgyi
--
---
"Taehyung..."
"ဟုတ် ဆရာJungkook"
"အာ ဟုတ်လား.."
"ဟုတ် မှတ်မိပါတယ်.."
"ဟုတ်ကဲ့ပါ"
"အင်း ဂရုစိုက်နေနော်"
----
********
2 years later-
"မကြာသေးပါဘူး.."
"ချစ်တာကို မင်းကလည်း"
-----
"ရောက်လာပြီလား"
"အေး..ဒီမှာလက်ဆောင်."
"အဲ့ဒါဆို မယူဘူးလား"
"ဟမ် ဘာလုပ်မှာလဲ"
"ဘယ်သူလဲ"
"ပွမ် ပွမ် ပွမ်"
"Taehyung"
"ဟင့် အီးဟီး"
"မငိုပါနဲ့ တိတ်ပါကွာ"
"ဟင် ဘယ်ကိုလဲ.."
"ကိုယ့်ကို ယုံတယ်မလား .."
"Taehyungလေး"
"ဗျာ"
"ကိုယ်လည်းချစ်တယ်"
-----end---
Love you all💙
Thanks for vote and RL
#bliawnk