ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.5K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း(၆၉)
12.6K 612 12
By maiyuri18
ဝင်ခဲ့တော့ ! ဆိုတဲ့ အစ်ကိုမင်းမြတ်စကားသံ အဆုံး ချပ်ဖာကြီးမ၍ သယ်လာသော အိမ်အကူများကြောင့် အံ့ဩမှင်သက်လျှက် ။
ကိုယ်ရံတော်တချို့ မ, လာသော ကတ်ထူချပ်ဖာတွေကြောင့် ကျွန်တော်တို့မှာ ဘာတွေလဲဟု သိလိုစိတ်ဖြင့် ဖင်တကြွကြွ။ အပါးကိုကြည့်တော့ သိနေသည့်အလား သားငယ်ကို ကြည့်ပြီး ခေါင်းရမ်း၍ ရယ်မောနေပြန်သည်။ သားငယ်ဒယ်ဒီဆိုသူကတော့ ခပ်ပြုံးပြုံးဖြင့် ဒီကိစ္စမသိတာ ကျွန်တော်တယောက်တည်းလား ။
" ဘာ....ဘာတွေလဲ မမ "
" မမလည်း မသိဘူး ၊ ဖိုးသားလေးအတွက်ဆိုပြီး Germany ကနေ မနေ့ညနေ flight နဲ့ ရောက်လာတာ "
" ဟမ်....."
သားအတွက်ရည်ရွယ်ပြီး ပြည်ပက ဘယ်အရာတွေများလဲ ဆိုတာ သိလိုစိတ်တွေ တဖွားဖွား။ ပြည်ပထုတ် ကလေး ကစားစရာ၊ အဝတ်အစား ၊ အသုံးအဆောင်ဆိုတာ သားငယ်အမြဲထိတွေ့ဝတ်ဆင်နေကြဆိုပေမယ့် ခုလို သားငယ်အတွက်သီးသန့်ဆိုပြီး ကတ်ထူဖာကြီး၊ ငယ်တွေကြည့်ပြီး သားကိုတော့မနိုင်ဘူးဟု သက်ပြင်းဖွဖွ ချမိသည်။
အစ်ကိုမင်းမြတ်ရင်ခွင်ထဲကနေ လက်ခုပ်လေးဖွဖွတီးပြီး တူအရီးနှစ်ယောက်ဘာတွေတွတ်ထိုးနေတယ်မသိ သားငယ်က အစ်ကိုနား, နားကပ်၍ ပြောနေဟန် ။
" ဘာတွေ သက်ပြင်းချနေပြန်လဲ ငါ့မောင်ရယ် ၊ အိမ်တော်မှာ ဖိုးသားလေး အတွက်ဆိုတာကလွဲ သုံးရမယ့် အကြောင်းအရာ အပြင်မရှိဘူး နော် ဘာမှမဖြစ်ဘူး ၊ အစ်ကိုက တကူးတက ကိုမှာယူထားတာမို့ ဖိုးသားလေး ဘယ်လောက်ပျော်နေလဲ ကြည့်လိုက်"
" ဟုတ်တယ်သမီး...မြေးငယ် အပြုံးရယ်သံတွေကြောင့်ပဲ တို့အိမ်တော်က ပြန်အသက်ဝင်ရတာလေ "
" ဟုတ်ကဲ့ပါအပါး "
အားနာစိတ်တွေနှင့် ပေါ်ပေါ်တင်ထားသော ကျွန်တော်လက်ကို အသာဆုပ်ကိုင်ကာ ခေါင်းညိမ့်၍ ပြုံးပြသည်။
အားလုံးအဆင်ပြေတယ်ဆိုတဲ့သဘော။
Company မှ စာရင်းချုပ်တွေကိုတင်ပြရန် အိမ်တော်သို့လာကြသော ကိုလင်းနှင့် ဖိုင်တွဲများကိုကာ ဝင်လာကြသော ဝန်ထမ်းအကြီးအကဲ တစ်ချို့တို့ကြောင့် ထသွားရဟန်၊ နေရာဖယ်ပေးရန်ပြင်တော့ မမနဲ့အေးဆေး စကားပြောနေဆိုပြီး ဘယ်ဘက်နားထင်စပ်လေးကို ခပ်ဖွဖွနမ်းကာ အလုပ်ကိစ္စများဆွေးနွေးနေကြ အိမ်တော်၏ သီးသန့်ဘန်ဂလိုဆီ ထွက်သွားသည်။
ဆေးရုံကပြန်လာသည့် မမကိုအားနာသောကြောင့် အစ်ကိုမင်းမြတ်ဆီက သားသားကိုခေါ်ကာ သားအဖနှစ်ယောက် ပန်းခြံလေးဆီသို့ စကားတွေပြောကာ ထွက်လာခဲ့မိသည်။
ရေကူးချင်ကြောင်း ဂျီကြနေသော သားသားနှင့် ရေမထိချင်သော ကျွန်တော်တို့ သားအဖကို အပေါ်ထပ် ဝရံတာကနေ၍ အပါးကကြည့်ကာ လူယုံတချို့( သို့မဟုတ်) အတိုင်ပင်ခံရှေ့နေ့တွေဖြင့်စကားစမည်ပြောနေပြန်သေးသည်။
ဘာအလုပ်မှမလုပ်ရသည့်ကျွန်တော်က မားမား၏ နာရေးကိစ္စကြောင့် ကိတ်ဆိုင်လေးက်ိုတာဝန်ခံကိုသာအပ်ထားပြီး ရံဖန်ရံခါ သားငယ်ဒယ်ဒီမှ ကူလုပ်ပေးသောကြောင့် အလုပ်မရှိယောင်ချာချာ။ တခါတလေ ပြောမရ ပိတ်ငေါက်ပစ်ချင်စရာ သားသားရဲ့ ဂျီကျမူတွေကို လက်လန်တယ်။
အလိုလိုက်သူများလို့ပျက်စီးနေသော ကောင်းစစ်ဟန်သာ။
" ပါးပါး....ရေအတူတူ ကူးရအောင် လို့..ဟင့်..."
" ပါး ရေချိုးပြီးပြီ သားရယ်....နောက်နေ့မှ ကူးကြမယ်လေ....နော် "
" ဟင်းအင်း အခု ရေကူးချင်တာ...အခု ကူးမှာ ....ပါးလို့ ....ဟင့်."
မျက်ဝန်းဝိုင်းဝိုင်းတို့က အရည်လဲ့စွာ လက်တစ်ဖက်ဖြင့် ပွတ်သပ်၍ ငိုချင်နေသော သားကို ဒီတစ်ခါအလိုမလိုက်ချင်။
" ပါးပါး...ပြောနေတယ်လေ ကောင်းစစ်...."
" ဟင့်.....အီးဟီး....ပါးပါး..သားကို အော်တယ်.....ဒယ်ဒီ! "
ပြာလဲ့နေသော ဟန်သာအိမ်တော်ရေကူးကန်ကြီးအနီး ဖင်ကိုထိုင်ချကာ ကောက်ကွေးပြီး အာပြဲအောင်အော်ငိုနေသောသားငယ်ကို နောက်တစ်ခါမဆိုးရအောင် မျက်မှောင်ကုတ်၍ ကြည့်ပေးနေမိသည်။
" သားငယ်....ဘာလို့လဲ....ကလေး..."
" ဟင့်...ဒယ်ဒီ....! "
သူ့ဖခင်အသံကြားလို့ ဖခင်ခြေသလုံးကို တင်းကျပ်နေအောင် ဖက်ပြီး ပွေ့ချီခေါ်ရန်လက်လှမ်းသော ငဂျစ်ကောင်။
" ပြော...သားငယ် ဘာလုပ်ချင်လဲ ၊ ဘာလိုချင်လဲ ဒယ်ဒီကိုပြောနော်...တိတ် မငိုရဘူးလေ သားရာ...ပြော ဒယ်ဒီက အကုန်ဖြစ်အောင် လုပ်ပေးမယ် ..."
သူ့ပုခုံးပေါ် ခေါင်းမှောက်ကာ ဒီအဖေကို ဆန္ဒပြနေသော ကောင်းစစ်တို့သားအဖကို လက်နှစ်ဖက် ပိုက်သာ တစ်ချက်မှ မာန်မလျော့ပဲ အသာစိုက်ကြည့်ပေးနေမိသည်။
" အင့်.....ပါး...ပါးပါးက သားသားနဲ့ ..အင့်...ရေမကူးချင်ဘူးတဲ့...အီးဟီး...ဒယ်ဒီ..."
" ဟုတ်လား.....မငိုပါနဲ့တော့ ...ဒယ်ဒီ လိုက်ကူးပေးမယ်လေ...ဘယ်လိုလဲ "
သူ့ဒယ်ဒီ ရေလိုက်ကူးပေးမယ်ဆိုကာမှ ရှေ့ဘက်လှည့်ကာ ကိုယ်ကိုတစ်ချက်ကြည့်ပြီး တကယ်လား! ဟူသော စကားသံတိုးတိုးလေးဖြင့် သူ့ဒယ်ဒီမျက်နာကိုမော့ကြည့်နေသူ။
" တကယ်ပေါ့....လာ ..ဒယ်ဒီတို့အတူ နေကူးကြမယ်..."
တဝါးဝါး လက်ခုပ်ထတီးကာ ပျော်ရွှင်နေသော ကောင်းစစ်ဟန်သာ ။
အနီးနားက အိမ်အကူမလေးကိုသားအတွက် ရေကူးရင် အသုံးပြုကြ ရေကူးဝတ်စုံလေး ယူစေကာ သားအဖနှစ်ယောက်ရေကူးကြမယ့် အခြေအနေကို မသိသလို ၊ မဆိုင်သလို လက်ပိုက်ကာ အနီးနားကထိုင်ခုံပေါ်ထိုင်၍ ကြည့်နေမိသည်။
အိမ်အကူမလေး လာချပေးသော carrot juice ကိုတစ်ငုံသောက်ကာ ရေကူးရန် ဆိုင်းပြင်နေသော ကဲကဲသဲသဲ သားအဖနှစ်ယောက်ကို ကြည့်မိသည်။
ရေကူးဝတ်စုံ ဘောင်းဘီအကြပ်လေးနှင့် ထင်ပေါ်နေသော ဝမ်းဗိုက်ကြွက်သားမြောင်းများ၊ တောင့်တင်းခိုင်မာသော ခြေသလုံးကြွက်သွားများနှင့် ထိုလူကို မသိစိတ်အာရုံကနေ စေ့စေ့စိုက်စိုက်ကြည့်နေမိသည်။
ရေကူးမျက်မှန်ကိုယ်ဆီနဲ့ ပဲများချင်နေကြသော ဒီအသားအဖ ။
" ကလေး....ရေကူးရအောင်လေ ကိုယ်တို့နဲ့ "
ဆံပင်ကို အပေါ်သပ်တင်ကာ အနီးနားကြွက်သားတောင့်တင်းကြောင်းလာကြွားနေသော ထိုလူကို ခေါင်းရမ်းကာ သဘောမတူကြောင်း ပြသမိသည်။
" ပါး....ပါးပါး....လို့....."
" ခုမှ...လာ ပါးပါး မနေနဲ့....ကောင်းစစ် ...ဟွန့်..."
" ပါးပါး လို့....တူတူကူးရအောင် ဒယ်ဒီခေါ်ပေး..."
" ဟုတ်သားပဲ ကလေးရာ...ကိုယ်တို့..."
" မကူးဘူးပြောနေတယ်လေ...ခင်များတို့...."
ကိုယ်ရှေ့ရပ်နေသော ကြည့်မရသည့် သားအဖ နှစ်ယောက်ကို လက်ပိုက်ကာ ခြေတစ်ဖက်နောက်ဆုတ်ရင်း ပြောနေမိသည်။
အ့.....ခနဲမြည်သံနှင့်အတူ အေးစက်သော ရေလွှာထုကို ပြုတ်ကျသွား​မည်ထင်သော ခန္ဓာကိုယ်လေးကို ခါးကနေ သိမ်းပွေ့ကာ ထိန်းပေးထားသည့်အမျိုးသား ။
" ကလေး ..လဲမယ်....ပတ်ဝန်းကျင်ကို သတိထားမှာပေါ့ ကလေးရ....."
" အင်း.....လွတ်တော့....."
" မလွတ်ပေါင်ဗျာ.....လာပါ ကိုယ်တို့သားအဖနှင့်င့်ရေကူးကြအောင်....."
"...ဟာ...မကူးဘူးလို့....ခင်များ....."
ဗွမ်း....ခနဲ မြည်သံနှင့်အတူ ကိုယ်ခန္ဓာကို သိမ်ဖက်ကာ ရေထဲပွေ့ချသူကြောင့် ရှက်စိတ်ရော၊ ဒေါသရောပွမ်းကာ အော်ငေါက်မည့်အလုပ် ၊ မျက်နှာပေါ်က ရေတွေသပ်ချကာ တစ်ဖက်လူကို ပိတ်ငေါက်ပစ်မည် ကြံရွယ်ကာမှ နဖူးပေါ် တည့်တည့် ရလာသော အနမ်းတစ်ပွင့်။
" မွ....ပါးပါးကို ချစ်တယ်လေ သားသား က...."
ရေကူးအလယ် ကိုယ့်မျက်နှာနှင့်အနီး သူ့ဒယ်ဒီ လက်ပေါ်ကနေ ကိုယ်နဖူးကို လာနမ်းရိူက်သူ ကောင်းစစ်ဟန်သာကြောင့် ဒေါသကိုမြိုသိပ်ကာ သားငယ်ပါးပြင်လေးကို နမ်းပေးမိသည်။
ဖြစ်ချင်တာ ဖြစ်ရလို့ ကျေနပ်နေသော သားဆိုးလေးက ကောင်းစစ်ဟန်သာ။
————————————————————————————————————————————-
" ဖြစ်ပါ့မလား အပါး "
" ဘာလို့မဖြစ်ရမှာလဲ သားငယ် ၊ အပါးမြေးက ကားကိုပဲ မက်မောခုံမင်နေတာမို့ အပါးကတော့ ခု project ကို company advisor တွေရှေ့ ချပြပြီးပြီ သူတို့လည်းထောက်ခံကြတယ် အကောင်အထည်ဖော်ဆောင်ရွက်တော့မှာ "
" အဲလိုမဟုတ်ဘူး အပါးရယ် ၊သားငယ်က motor car တွေကိုစိတ်ဝင်စားတယ်ဆိုပေမယ့် motor car company တစ်ခု ထောင်ဖို့ထိတော့ မဖြစ်သင့်ဘူးလေ အပါးရယ် နောက်ပြီး ဒါက Jack နှင့်သား ကျွမ်းကျင်တဲ့အပိုင်း မဟုတ်တော့ နည်းနည်း ပြန်စဉ်းစားပါအုံးလား အပါး "
အပါးစိတ်ကူးက မြေးငယ်ဝါသနာကို အခြေခံထားတယ်ဆ်ိုပေမယ့် ခုအပါးချပြတဲ့ project ကိုတော့ အကောင်အထည်မဖော်ချင်သေးပါ ၊ အချိန်ယူလေ့လာပြီး ဖက်စပ် အစုရှယ်ရာဝင်တွေ လုပ်ငန်းပိုင်းကျွမ်းကျင်သူတွေ ၊ ပြည်ပမှာ လက်တွေ့လုပ်ကိုင်နေသူတွေကို ခေါ်ယူပြီး စတင်ဖို့ဆိုတာ မလွယ်တဲ့ နည်းမို့အပါးကို နားချနေမိသည်။
မိသားစု စကားဝိုင်းဆိုရပေမယ့် Jack တို့စုံတွဲက ဂျာမဏီ ကို တစ်လောကထွက်သွားပြီ ၊ မမဧကရီ ဆေးပညာလေ့လာဖို့နှင့် Jack စီးပွါးရေးကိစ္စလေ့လာရန်ဆိုသည့် ခေါင်းစဉ်အောက်ကနေ ဟန်သာအုပ်စုတစ်ခုလုံးကို ကိုယ်လက်ထဲ ထည့်ခဲ့သည်။ အပါးပါ နေ့စဉ် ရုံးတက်ပြီး ကူညီနေသော်လည်း ကိုယ်တစ်ယောက်တည်း အားဖြင့် အုပ်စုတစ်ခုလုံးကို ထိမ်းသိမ်းရတာ ကိုယ်ပိုင်ချိန်ရဖို့မနည်းရုန်းကန်နေရပြီ။
ကိတ်မူန့်ဆိုင်လေးကို ဇေယျာဝင်းထက်ဖြင့် အလှည့်ကြ ထိုင်ပေးသော်လည်း တခါတရံကလေးငယ်တို့သားအဖက အပါးရဲ့ဖိတ်ခေ့ါ်မူကြောင့် company ကို အလည်ရောက်လာတက်သည်။ သားငယ် မူကြိုပိတ်ရက်များမှာ အပါးဖြင့် ရုံးတက်နေသော သားငယ်က ဥက္ကဌကြီး နားနေခန်းဟာ သားငယ် စိတ်ကြိုက်ကစားရာ အားကစားခန်းမအလား အပါးက သားငယ်စိတ်ကြိုက်အကုန်ခွင့်ပြုထားသည်။ တခါတလေ သားငယ်နှင့်အပြိုင် ကစားနေသော ဥက္ကဌကြီးကို PA တွေ၊ စီမံမူးတွေ၊ company lawyer တွေက စောင့်ဆိုင်းပြီး ဆွေးနွေးတင်ပြရသည့်အဖြစ်။
အပါးက မြေးငယ်ကို လက်ပေါ်က မချသလို အစ်ကိုမင်းမြတ် ဂျာမဏီထွက်သွားတာမို့ အပါးအနားနေ့ရော ညပါ ခိုကပ်နေသော သားငယ်က ကိုယ့်ကိုပါ နည်းနည်းစိမ်းသက်သွားသလိုခံစားရသည်။
" ဒီ project က အရမ်း အရင်းအနှီးများမယ် အပါး ၊ ဟန်သာအုပ်စုက မိသားစုပိုင်ဆိုပေမယ့် ပြည်ပ ကား တင်/သွင်း လောက်ပဲ စတင်ကြည့်ပါလား အပါး "
" အဲ့ကိစ္စ သားကြီး သွားလေ့လာနေတယ် ...သူပြန်လာရင် အကောင်အထည်ဖော် ဖို့အတွက် သားကိုအပါးက ချပြတာ "
" အော်.....တင်/သွင်းလောက်ဆို သား ကိုမျိုးတို့အဖွဲ့တိုင်ပင်ပြီး အပါးကို project ကုန်ကျစရိတ်တွေ၊ နေရာနဲ့ service ပိုင်းတွေ တင်ပြပေးပါ့မယ် "
"သားငယ်က အပါးကို အထင်သေးလိုက်တာပဲ "
" ဗျာ...."
" ဒီ project ကို အပါးကိုယ်တိုင်ကိုင်တွယ်မယ် သားက အုပ်စုကြီးရဲ့ လုပ်ငန်းတွေသာ နိုင်အောင်ကိုင်တွယ်ပါကွာ ခုတောင်ကိုယ်ပိုင်ချိန်မရှိနေတာ...."
" ဟုတ်ကဲ့ပါအပါး အုပ်စု တာဝန်ကိုတော့ သားပုခုံးပေါ် စိတ်ချလက်ချ ထားခဲ့ပါအပါး "
" ဟုတ်ပါပြီ အပါးလည်း စီစဉ်နေတုန်းပါ ....ဒါနဲ့ နေ့လည် မြေးငယ်တို့သားအဖ လာမယ်ပြောတယ် ကိုယ်ရံတချို့လွှတ်ပြီး ကြိုခိုင်းထားတယ် သားငယ် "
" ဟုတ်လားအပါး ...ဒါဆို အပြင်မှာ နေ့လည်စာ အပြင်စားမလား အပါး ၊ သားစီစဉ်လိုက်မယ် "
" အောက်ထပ်က ဆ်ိုင်ခန်းတွေဆီ တို့မိသားစု အလည်သွားကြတာပေါ့ "
" ဟုတ်ကဲ့ပါအပါး ..."
အနားမှာ ရှိနေတဲ့ ကိုလင်းက ခေါင်းတစ်ချက်ညိမ့်ပြီး အားလုံးကိုစီစဉ်လိုက်ပါ့မယ် ဆိုတဲ့သဘောဖြင့် အခန်းထဲကထွက်သွားသည်။
အပြုံးဖြင့် ခေါင်းညိမ့်ကာ လက်ခံပေးနေသည့်အပါးက သားငယ်အပေါ်မျှော်လင့်ချက်အရမ်းကြီးလွန်းသလို ၅ နှစ်အရွယ် သားငယ် ဝါသနာကို အရင်းပြုပြီး ကား company ထောင်ပေးသည်အထိ ။
သားငယ်က ဖိုးကံကောင်းလေး ။
အပါးရုံးခန်းက ထွက်လာပြီး ကိုယ်ပိုင်ရုံးခန်းမှာ secretary လေးတွေ တင်ပြထားသော ဖိုင်တစ်ချို့ကို လက်ခံဆွေးနွေးပြီးမနက်ပိုင်း meeting တွေ ပြီးပြတ်အောင်ဖြတ်၍ နေ့ လည် တစ်နာရီလောက်ကိုယ်ပိုင်အချိန်ကျန်အောင် ခေါင်းစိုက် ကာ တွန်းလုပ်နေမိသည်။
ကလေးငယ်အနား ကပ်ဖို့အရေး အလုပ်ကိုအချိန်ရမျှ ဖြို၍သားငယ်တို့အလာကို အောက်ထပ် မှာသွားကြို ချိန်ရရင်ကောင်းမည် တစ်ချက်တွေးပြီး ခြေချမိသည်က department ဆိုင်ရာများ၏ meeting ခန်းမထဲ။
တစ်လ တစ်ခါ မိမိတာဝန်ယူထားရသော နေရာအလိုက် စီစဉ်ညွှန်ကြားမူအလိုက် ဆောင်ရွက်ချက်များကို သက်ဆိုင်ရာဌာန အကြီးအကဲဆီမှာ တင်ပြချက်များကို ဆွေးနွေးရန် ၊ ဝန်းထမ်းများ၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန် ခေါင်းစဉ်အောက်က ဟန်သာအုပ်စု၏ ဝန်ထမ်းများ၏ တောင်းဆိုချက်များကို ပြန်လည်နားထောင်ဖြေရှင်းပေးရသည်။
သက်ဆိုင်ရာ ဌာနအကြီးအကဲများ၏ တင်ပြချက်များကိုအကောင်းဆုံး သုံးသပ်ကာ ဝေဖန်မူများ၊ မှာကြားမူများကို ပြောကြား၍ အဆုံးသတ်ပေးမိသည့် meeting သည်ကား အချိန်ကာလအားဖြင့်နေ့လည်အချိန်။
အနီးနားက PAကို သားငယ်တ်ု့ရောက်ပြီလား တစ်ချက်မေး၍ ကျယ်သော ခြေလှမ်းများဖြင့် ခပ်မြန်မြန်လျှောက်လှမ်းမိသည်က company အောက်ထပ် ။ လမ်းတစ်လျှောက် ဝန်ထမ်းအားလုံး၏ ခေါင်းညိမ့်နူတ်ဆက်မူကို လက်ခါပြ၍ မိမိ လာရခြင်းအကြောင်းသည်ကား အနက်ရောင် limited edition ကားနက်ကြီးများ ဆိုက်ရောက်ရာ ဝင်ပေါက်ဆီသို့ ။
အနက်ရောင်ဝတ်စုံတူများ ဝတ်ဆင်၍ ဘေးတစ်ချက်ဆီက တန်းဆီနေရာယူထားကြသော company ဝင်ပေါက်မှာ ဝန်ထမ်းများက မည်သည့်အရေးကြီး ပုဂ္ဂိုလ်လာမလဲဆိုတာ ဝိုင်း၍ ငေးနေချိန် အိမ်တော်၏အယုံကြည်ရဆုံး ကိုယ်ရံတော်တစ်ဦး၏ ကားတံခါးကိုဖွင့်ပေးကာ ခါးကိုင်း၍ နူတ်ဆက်စဉ် ထွက်ပေါ်လာသော လူနှစ်ဦး။
ကျောင်းပိတ်ရက်မို့ အပါးဆီ လာချင်လို့ ဂျီကျနေသော ကောင်းစစ်ကိုလာပို့ခြင်းက နေ ဟန်သာအုပ်စုဆိုင်ဘုတ်အောက် ခြေစုံရပ်မိသည်။ မြင့်မားလွန်းသော အထပ်မြင့်အဆောက်ဦးတွေကို ငေးမောပြီး တချိန်က ခြေချဖူးသော နာကျင်ဖွယ်အကြောင်းအရာတွေကိုမမေ့မလျော့ အောက်မေ့တသမူဖြင့် ဒုတိယအကြိမ် ခြေမချချင်သောအရပ် သားငယ်ဆန္ဒတစ်ခုကြောင့် ခြေချမိပြန်ပြီ။
ဘယ်တော့မှ မရှိနေချင်သောနေရာ မမေ့လျော့ပါသော အတိတ်အကြောင်းအရာေတွေကြောင့် နှလုံးသားအောက်နားက အနာကတဆစ်ဆစ်ထိုးအောင့်လာသလို ပြီးဖျောက်ထားသော အတိတ်ဒဏ်ရာတွေကလည်းအနာကင်းမသေပဲ ပြည်တည်ချင်လာသလို အောက်မျက်မျကိ။
" ပါးပါး ..."
အနက်ရောင်ကားကြီးထဲမှာ သားငယ်ကိုဖိနပ်ပြင်စီးပေးနေရင်းအတိတ်အကြောင်းအရာတွေကို အောက်မေ့တမ်းတမိသည်ကား ကိုယ်ဘေးမှာမျက်နှာငယ်ဖြင့် ကိုယ့်မျက်နှာကိုမော့ကြည့်နေသည့် သားသား။
" အင်း....ပါးပါးတို့ ဖိုးဖိုးကြီးဆီသွားကြမယ်လေ ..."
သားငယ်ရဲ့ အပေါ်ဝတ်လေးကို ပြင်ပေးနေရင် နဖူးအလယ်ကျရောက်လာသော သားငယ်၏ အနမ်းနွေးနွေးတို့က ကိုယ့်ပင်ပမ်းမူကိုနားလည်နေသရောင်၊ နှစ်သိမ့်ခြင်းမမည်သော သားငယ်ဆီက နွေးထွေးမူလေးက တကယ့်ခွန်အားအပြည့်။
အပြုံးလေးပေါ်အောင် သားငယ်ကိုပြုံးပြပြီး ကားတံခါးလပ်၍ ခေါင်းငုံ့ကြိုနေသူတွေကိုတစ်ချက်ကြည့်ပြီးမြေပြင်ပေါ် ညာခြေအချ သားငယ်* အမည်ခေါ်၍ အပြုံးရွှင်ရွှင်ဖြင့် ကိုယ်ဆီ လက်လှမ်းနေပါသော သားငယ်ဒယ်ဒီ။
" ဒယ်ဒီ !!!"
ဂျင်းနက်ဘောင်းဘီတိုလေးကို အပေါ်ဝတ် ဂျင်းကုတ်နက်ပြာ ဖက်ရှင်ဖြင့် လမ်းထွက်လာသော ကောင်းစစ်က အပေါ်ကအဝိုင်းဦးထုပ်လေးဖြင့် တန်ဆာထပ်ဆင်၍ အလှဖော်ကျူးထားမိသည်။
မြင်သူတိုင်း လှည့်ပြန်ငေးချင်လောက်အောင် ချစ်စရာ သားငယ်က ကော့နက်ထူထဲသော မျက်တောင်ရှည်တွေကာရံထားသည်မို့ ပါးမို့မို့ထက် အနမ်းခြွေချင်သူ အများအပြား၊ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်၍ မာန်ပါပါဂိုက်ပေးကြမ်းနေသော သားသားကိုကြည့်ပြီး ထွေးပွေ့ဖြစ်ညစ်ချင်စိတ်တွေ ထိမ်းမရသည်မို့ သားငယ်မျက်နှာအနီး ဒူးတစ်ထောက် ထိုင်ချကာ သားငယ်ကိုယ်လုံးလေးကို သိမ်းကျုံးဖက်ပြီး ပါးနှစ်ဖက်ကို နှစ်နှစ်ဝင်ဝင် နမ်းရိူက်မိသည်။
" ဒယ်ဒီက အားကြီး နမ်းတာပဲ ..ဟွန့် .."
" သားငယ်က ချစ်စရာကောင်းလွန်းနေလို့ ဒယ်ဒီ မထိမ်းနိုင်ဘူး ဗျ"
" လာ ပါးပါး ၊ ဖိုးဖိုးဆီ သွားကြမယ်.."
" ဟား...ဒါက ဒယ်ဒီကို ပလစ်တာလား သားငယ် "
"ဒယ်ဒီနော်....."
" သားငယ်ကို မစ ပါနဲ့တော့ နေပူတယ် "
လက်လေးတစ်ဖက်ကို နဖူးထိပ်ကာပြီး နေအပူရှိန်ကြောင့် နီစပ်စပ်ဖြစ်နေသော ကလေးငယ်အသားအရည်ကိုကြည့်ပြီး နေ့လည်ချိန် ပူလွန်းလှသော နေရောင်ခြည်ကို ဒေါသထွက်မိသည်။
ကျစ်~
" လာ အပါးစောင့်နေပြီ ကလေးငယ် "
သားငယ်ကိုလက်တစ်ဖက်က ပွေ့ပြီး ကလေးငယ်ဘယ်ဘက်လက်ကလေးဆွဲကာ ၅လွှာဆီက အပါးရုံးချုပ်ဌာနဆီသို့ ။
ဘေးတစ်ဖက်ဆီက အနက်ရောင်ဝတ်စုံပြည့်ဖြင့် ဘယ်ညာ တစ်လျှောက်ဝန်းရံလိုက်လာနေသော ကိုယ်ရံတော် တွေကိုကြည့်ပြီး သားငယ်က ခပ်ပြုံးပြုံး အပါးကိုသာ တမ်းတ၍ ဓါတ်လှေကားတွင်း စကားတွေဖောင်ဖွဲ့ကာ လိုက်ပါလာပြန်သည်။
၅လွှာမြောက်တစ်ခုလုံးကို အပါးရုံးချုပ်နှင့် သားငယ် ကစားကွင်း အဖြစ်ပြောင်းလဲ သတ်မှတ်သည်က သိပ်မကြာသေး။ မြေးငယ်ပါလာရင် မပျင်းရလေအောင် ရုံးခန်းတွင်း/ပြင်ကို သားငယ်အကြိုက်ပြုပြင်ပြောင်းလဲ အပါးကိုယ်တိုင်စီမံကာ ဖန်တီးထားသည်။
" ဖိုးဖိုး....."
အပါးရုံးခန်းတွင်းခြေချမိသည်နှင့် အပါးဆီ လုံးတစ်နေအောင်ပြေးသွားသော ကောင်းစစ်ကို ကြည့်ပြီး ဘေးနားရပ်နေသည့် ကလေးငယ် ပုခုံးလေးကို နာခေါင်းနှစ်ဝင်အောင်တစ်ချက်နမ်းရိူက်မိသည်။
ကလေးအဖေ ကိုယ်သင်းရနံ့လေးကို တမ်းတသည်မို့ ။
" ခင်များ......"
" ကိုကို ပင်ပမ်းတယ် ကလေးငယ်ဆီက ခွန်အားလိုတယ်လေ "
" အပါးရှိတယ်လေ...."
" ဒါဆို ကိုယ်ရုံးခန်းသွားရအောင်..လာ...."
" ဘယ်လိုဖြစ်နေလဲ ခင်များ "
အခန်းတံခါးဝရပ်နေသော အနွေးလုံးလေး သိမ်းဖက်ထားချင်တာ ကားပေါ်က စဆင်းစဉ်ကတည်းက ၊ ဘာကြောင့်ရယ်မမေးနဲ့ ချစ်လွန်းလို့ဆိုတာ စကားအပိုမရှိခဲ့မှန်း ခုလက်ခံလိုက်ပြီ။
အဝါရောင် shirt ကို အပေါ်က ဂျင်းအဖြူလေးနှင့် နက်ပြာရောင်ဂျင်းပျော့ ကြိုးလေးဖြင့် တွဲဖက်ဝတ်ဆင်ထားသော ကလေးအဖေလေးက မြင်သူ ပစ်မှားချင်စရာအတိ ။ အဖြူရောင် ဂျင်းကုတ်ကလေးက ခါးတိုမို့ လက်တစ်ဖက်မြှောက်ရင် ခါးသိမ်သိမ်လေးကိုမြင်ရသည်အထိ အဘယ်ကြောင့် သည်ကလေးအဖေက ဝတ်စားဆင်ယင်မူ သေချာမပြင်ခဲ့နည်းဟုဆိုတာ ဖက်နမ်းမွေ့ယမ်းပြစ်ချင်သည်အထိ အပြစ်ကြီးကြီးပေးချင်သည်။
အနှီးကလေးအဖေလေး အခန်းနံရံဘက်တိုးကပ်လေ ခြေတစ်လှမ်းကပ်၍ လိုက်နေသည်မို့ ရှက်စိတ်ဖြင့်နီရဲနေသော မျက်နှာပေါ်ဝယ် အလိုမကျခြင်းတွေက အခိုးအငွေ့အဖြစ် ကိုယ့်ဆီ ပစ်ကြည့်နေပြီ။
ဆိုဖာပေါ်မှာ လေဘေးဖြောင့်နေသော အပါးတို့မြေးအဖိုးမမြင်အောင် နောက်ဘက်ဆီကနေ ကွေ့ဝှက်၍ လက်တစ်ဖက်ဖြင့် သေးသွယ်သောခါးအလှက်ို တစ်ချက်ဖြစ်ညစ်မိတော့ တွန့်တက်သွားသောကိုယ်လေးနှင့် နီရဲနေသော မျက်စောင်းလှလှတို့ က ကျွန်တော်ဆီ အခစားဝင်လာမိသည်။
"သားငယ်လေး နေကောင်းရဲ့လား "
" ဟုတ် ..ဟုတ်ကဲ့ပါ အပါး "
" သား နားချင်ရင် Jackson အခန်း လိုက်သွားလို့ရတယ်နော် ....ခဏနေ အပါး ဆင်းလာခဲ့မယ် "
" ဟုတ်ကဲ့ဗျ "
" ဒါဆိုသားခေါ်သွားပြီ အပါး "
" သားငယ်လေးကို ဂရုစိုက်ပေးပါ "
" ဟုတ်ကဲ့ပါ...အပါး "
အမိန့်ရသည်မို့ လက်သေးသေးလေးကို ဆွဲကာ ဆင်းခေါ်လာမိသည်က တတိယထပ်မြောက် ရုံးခန်းရှိရာသို့ ။ မျက်နှာမကောင်းသော ကလေးငယ်က အတိတ်ပုံရိပ်တွေ လွှမ်းနေသည်ဆိုတာ မြင်နေရသည်။
" ဘာ....ဘာလုပ်တာလဲ ခင်များ....."
အညိုရောင်ဆိုဖာပေါ် ထိုင်ခိုင်း၍ အနီးနားဒူးထောက်ချသော ထိုလူကိုကြည့်ပြီး တအံ့တဩမေးမိသည်။ ကြိုးပြယ်စပြုနေသော ဖိနပ်ကြိုးလေးကို မြဲမြံအောင် ပြန်လည်ချည်ပေးနေတဲ့ သူကို အပေါ်စီးကနေ မြင်ကွင်းတချို့ကို စ်ုက်ကြည့်မိသည်။
" ကိုကို တောင်းပန်တယ်နော် "
" ဘာတွေပြောနေလဲ "
ဒူးပေါ်ယှက်တင်ထားသော လက်နှစ်ဖက်ကို အုပ်ကိုင်၍ တိုးလျိုးတောင်းပန်နေသော မျက်ဝန်းနက်တွေကြောင့် ဘာပြောရမယ် စကားစရှာမတွေ့ခဲ့ ။ အကြည့်လွဲ၍ ခေါင်းလွှဲနေမိသည်။
" ကိုယ်ကြောင့်နာကျင်ခဲ့ရတာတွေအတွက် ကိုကိုတောင်းပန်တယ် ကလေးငယ် ၊ ကိုယ်ကို ကလေးအသိစိတ်ကနေ ရာနူန်းပြည့်လက်မခံနိုင်သေးတာ သိပေမယ့်ကိုယ် ကြိုးစားမယ်ကွာ ၊ကလေးစိတ်၊ ကလေး အတွေးထဲ ကိုယ်အကြောင်းတွေ ကြောင့် ဂုဏ်ယူပြုံးပျော်နိုင်တဲ့အထိ ကိုကိုကြိုးသားမယ်ကလေးရာ ..."
"............."
တောင်းပန်ရိပ်တွေဖြင့် တစ်ခွန်းခြင်း ဆိုနေသော ထိုလူစကားတွေကြောင့် ခေါင်းကိုငုံ့ချကာ မျက်ရည်မဝဲမိအောင် အောက်နူတ်ခမ်းကို ဖွဖွကိုက်၍ ထိမ်းထားမိသည်။ သူစကားကြောင့်လား ၊ အတိတ်အရိပ်တွေထဲက ရုံးမထွက်နိုင်သလား ကိုယ်တိုင်မသိခဲ့ ။
ပေါက်ကွဲအော်ဟစ်ပါစေ ဆိုပြီး ကလေးငယ်အနား ထိုင်ချပြီး တောင်းပန်တော့မှ ငိုရိူက်နေသည့်အလား တစ်ချက်တွန့်သွားသော ကလေးငယ် ကိုယ်လေးကြောင့် မေးဖျားကနေ အသာမ၍ မော့ကြည့်စေမိတော့ ရစ်သိုင်းနေတဲ့ မျက်ရည်ကြည်တွေကြောင့် အယောင်ယောင်အမှားမှား စိတ်တွေ ကယောက်ကယက် ဖြစ်ကုန်ပြီ။
" မငိုပါနဲ့တော့ ကလေးရယ်....၊ ကိုယ်ကြောင့် မင်းလေး ငိုရတာများခဲ့ပါပြီ..."
ကိုယ့်ပါးပြင်ပေါ်က ကြွေကျချင်နေသော မျက်ရည်စက်ကလေးတွေကို လက်နှစ်ဖက်အုပ်ကိုင်ပြီး ညင်သာနူးညံ့သောခပ်ထူထူနူတ်ခမ်းတို့ဖြင့် ဖယ်ရှားနေသော သူ့လက်ဖဝါးကြီးတွေကြားက ထိတွေ့နမ်းရိူက်ခံရသည်ကား နေထိုင်ရခက်စွာ ။
" ဖယ်ပေးတော့ ..အင့်...."
" ကိုယ် နမ်းချင်သေးတယ် ကလေး...."
#မမအတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care all
———————————————————————————————————————————
Zawgyi
" ဘာ....ဘာတွေလဲ မမ "
" ဟမ်....."
" ဟုတ်ကဲ့ပါအပါး "
" သားငယ်....ဘာလို့လဲ....ကလေး..."
" ဟင့်...ဒယ်ဒီ....! "
" ပါး....ပါးပါး....လို့....."
" အင်း.....လွတ်တော့....."
ရေကူးအလယ် ကိုယ့်မျက်နှာနှင့်အနီး သူ့ဒယ်ဒီ လက်ပေါ်ကနေ ကိုယ်နဖူးကို လာနမ်းရိုက်သူ ကောင်းစစ်ဟန်သာကြောင့် ဒေါသကိုမြိုသိပ်ကာ သားငယ်ပါးပြင်လေးကို နမ်းပေးမိသည်။
-
" ဖြစ်ပါ့မလား အပါး "
အပါးစိတ်ကူးက မြေးငယ်ဝါသနာကို အခွခေံထားတယျဆျိုပမေယျ့ ခုအပါးချပြတဲ့ project ကိုတော့ အကောင်အထည်မဖော်ချင်သေးပါ ၊ အချိန်ယူလေ့လာပြီး ဖက်စပ် အစုရှယ်ရာဝင်တွေ လုပ်ငန်းပိုင်းကျွမ်းကျင်သူတွေ ၊ ပြည်ပမှာ လက်တွေ့လုပ်ကိုင်နေသူတွေကို ခေါ်ယူပြီး စတင်ဖို့ဆိုတာ မလွယ်တဲ့ နည်းမို့အပါးကို နားချနေမိသည်။
" ဗျာ...."
" အောက်ထပ်က ဆျိုငျခနျးတှဆေီ တို့မိသားစု အလည်သွားကြတာပေါ့ "
" ဟုတ်ကဲ့ပါအပါး ..."
" ပါးပါး ..."
" ဒယ်ဒီ !!!"
မြင်သူတိုင်း လှည့်ပြန်ငေးချင်လောက်အောင် ချစ်စရာ သားငယ်က ကော့နက်ထူထဲသော မျက်တောင်ရှည်တွေကာရံထားသည်မို့ ပါးမို့မို့ထက် အနမ်းခြွေချင်သူ အများအပြား၊ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်၍ မာန်ပါပါဂိုက်ပေးကြမ်းနေသော သားသားကိုကြည့်ပြီး ထွေးပွေ့ဖြစ်ညစ်ချင်စိတ်တွေ ထိမ်းမရသည်မို့ သားငယ်မျက်နှာအနီး ဒူးတစ်ထောက် ထိုင်ချကာ သားငယ်ကိုယ်လုံးလေးကို သိမ်းကျုံးဖက်ပြီး ပါးနှစ်ဖက်ကို နှစ်နှစ်ဝင်ဝင် နမ်းရိုက်မိသည်။
"ဒယ်ဒီနော်....."
ကျစ်~
" ဖိုးဖိုး....."
အပါးရုံးခန်းတွင်းခြေချမိသည်နှင့် အပါးဆီ လုံးတစ်နေအောင်ပြေးသွားသော ကောင်းစစ်ကို ကြည့်ပြီး ဘေးနားရပ်နေသည့် ကလေးငယ် ပုခုံးလေးကို နာခေါင်းနှစ်ဝင်အောင်တစ်ချက်နမ်းရိုက်မိသည်။
" ခင်များ......"
" အပါးရှိတယ်လေ...."
" ဟုတ် ..ဟုတ်ကဲ့ပါ အပါး "
" ဟုတ်ကဲ့ဗျ "
" ဟုတ်ကဲ့ပါ...အပါး "
" ဘာ....ဘာလုပ်တာလဲ ခင်များ....."
" ဘာတွေပြောနေလဲ "
"............."
ပေါက်ကွဲအော်ဟစ်ပါစေ ဆိုပြီး ကလေးငယ်အနား ထိုင်ချပြီး တောင်းပန်တော့မှ ငိုရိုက်နေသည့်အလား တစ်ချက်တွန့်သွားသော ကလေးငယ် ကိုယ်လေးကြောင့် မေးဖျားကနေ အသာမ၍ မော့ကြည့်စေမိတော့ ရစ်သိုင်းနေတဲ့ မျက်ရည်ကြည်တွေကြောင့် အယောင်ယောင်အမှားမှား စိတ်တွေ ကယောက်ကယက် ဖြစ်ကုန်ပြီ။
ကိုယ့်ပါးပြင်ပေါ်က ကြွေကျချင်နေသော မျက်ရည်စက်ကလေးတွေကို လက်နှစ်ဖက်အုပ်ကိုင်ပြီး ညင်သာနူးညံ့သောခပ်ထူထူနူတ်ခမ်းတို့ဖြင့် ဖယ်ရှားနေသော သူ့လက်ဖဝါးကြီးတွေကြားက ထိတွေ့နမ်းရိုက်ခံရသည်ကား နေထိုင်ရခက်စွာ ။
" ဖယ်ပေးတော့ ..အင့်...."
#Take care all
Continue Reading
You'll Also Like
443K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...
294K 20.1K 69
87.3K 774 1
** AN EXO FANFICTION Little Red ... fell... for the Wolf...
610K 6.2K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...