အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

671K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၁၉)

9.3K 349 56
By KaterinaKaterina248

"Happy Birthday ဦးနေမင်းမဟာ မွေးနေ့မှစပီး အမြဲ ပျော်ရွှင်ပါစေ"

ဆုတောင်းစာနဲ့အတူ ဘူးအညိုလေးတဘူး သူ့အလုပ်စားပွဲပေါ်မှာမနက်ခင်းအစောအလုပ်သွားမလို့ပြင်တုံးတွေ့လိုက်ရသည်။ ဘယ်သူရှိဦးမလဲ ဟိုငတိမပဲနေမှာပေါယ။ ဘယ်ကနေ ဘယ်လို သူ့မွေးနေ့မှန်းသိတာလဲ။ ဘယ်လိုသိသိထက် သူကအစောကြီးဆုတောင်းပေးလိုက်တာနဲ့တင် ကျက်သရေက ယုတ်ပီ....ခါတိုင်းဆို ည ၁၂ ထိုးတာနဲ့ ဆုတောင်းပေးနေကျ ဧကရီက ဒီနှစ်တော့ မနက် ၈ နာရီထိုးတော့မယ် message တစောင်ရောက်မလာသေး။ သူသက်ပြင်းခိုးချကာ ရှေ့မှာတွေ့ရတဲ့ဘူးအညိုလေးကို ဖွင့်မယ်အလုပ် ဟိုငတိမပေးတာသိနေတော့ စိတ်မဝင်စားနေဘူးဆိုတဲ့အသိက ပေါ်လာပြန်တာနဲ့ပဲ ပြန်ချကာ ကုမ္ပဏီကိုပဲထွက်ခဲ့လိုက်တော့သည်။

"Happy Birthdayy......"

"ဟာ မင်းတို့ကွာ မပြောမဆိုနဲ့......"

"ပြောရင် ငြင်းနေဦးမှာ မလုပ်ချင်ဘူး ဘာညာ"

"ကဲ ကဲ make a wish"

မဟာ ရုတ်တရက် သူ့ရုံးခန်းထဲကို ဖောင်းခနဲမြည်သံနဲ့အတူ နှင်းပွင့်လို အဖြူဖတ်တွေကျလာတော့ ဘာများလဲပေါ့ လူအုပ်လိုက်ဝင်လာတော့မှ ဟိုကောင်တွေဆိုတာသိရတော့သည်။ တကယ်တမ်းကျတော့လဲ သူ့ရုံးခန်းကို ခုလိုဝင်လာနိုင်တာ သူ့သူငယ်ချင်းတွေကလွဲရင် ဘယ်သူမှမရှိ....ဒါတောင် သူတို့တွေက သာမန်ချိန်ဆို PA ကတဆင့်ပဲ အကြောင်းကြားပီးမှဝင်တတ်တဲ့သူတွေ.....

မဟာ မေဖြူကိုင်ထားတဲ့ ရွှေရောင်ကိတ်ပေါ်က ဖယောင်းတိုင် ၃ တိုင်ကို မှုတ်လိုက်ပီး ခနငြိမ်နေလိုက်သည်။ တကယ်တမ်းတော့ သူဒါမျိုးတွေကိုမကြိုက် ကလေးကလားဆန်လွန်းသည်ထင်သည်။ ငြိမ်မနေရင်လဲ ဟိုကောင်တွေရဲ့ ပူညံပူညံလုပ်မည်ကို နားမခံနိုင်တာကြောင့် ဆုတောင်းသလိုလိုနဲ့ နေနေရသည်။ ခနအကြာ သူဆုတောင်းပီးပီဆိုတာကို ယုံလောက်မှ အကုန်လုံး သူ့ရုံးခန်းထဲက ဆိုဖာမှာဝင်ထိုင်ကာ ကိတ်ခွဲစားကြသည်။ ဘယ်လောက်ကလေးဆန်လိုက်လဲ အဲ့တာသာကြည့်.....အသက်က ၃၀ ပြည့်နေပီ လူစုပီး ဖယောင်းတိုင်မှုတ် ကိတ်ခွဲစားတုံး....ဒါတော်သေးသည်ပြောရမည်....မနှစ်က ဝေယံ့မွေးနေ့တုံးကဆို ကိတ်က cream တွေနဲ့ပါ အချင်းချင်းသုပ်ကြသေးတာ

"ဘာတွေ ဆုတောင်းလဲ သားကြီး "

"ဘာလို့ပြောပြရမှာလဲ"

"မပြောလဲသိပီးသားး"

"မင်းက.....?"

မဟာ မင်းက ဘယ်လိုများသိမှာလဲ ဆိုတဲ့အကြည့်နဲ့ ဝေယံ့ကိုကြည့်တော့ ပြုံးပြုံးကြီးနဲ့ သူပြောတာ ဂရုမစိုက်တော့ဘဲ ကိတ်မုန့်ကို အရသာခံစားနေတော့သည်။ သူဲ ဘာမှဆက်မပြောတော့ဘဲ တကယ်တမ်းဆုတောင်းရင်တောင် ဘာဆုတောင်းရမလဲ စဥ်းစားနေမိသည်။ ခုနက ဆုတောင်းဆိုတုံးက စိတ်မဝင်စားဘဲ ခုမှ ပြန်ဆုတောင်းချင်လာသည်။ တောင်းချင်မိတဲ့ဆု ပြည့်ချင်မိတဲ့ဆုကတော့.........တွေးရင်း မဟာပြုံးလိုက်ပြန်သည်။

"ဘာတွေပြုံးနေတာလဲ......"

မင်းသိန်းအမေးကို မဟာ ပြုံးပြုံးကြီးနဲ့ ခေါင်းခါပြလိုက်တော့

"ရတယ် မပြောချင်လို့....ဒါမဲ့ ညကျရင်တော့ ဘားသွားမယ်....မင်းစပွန်နော်"

"ဟင်.....ဘာဆိုင်လဲ သူများတွေဆို ကိုယ့်မွေးနေ့မှာ ကောင်းမှုကုသိုလ်လုပ်ကြ မရှိဆင်းရဲသားတွေကို လှူကြတာ မင်းတို့ကျမှ..... "

"ဘာနေနေကွာ ညကျ တာရာ့လဲခေါ်ခဲ့"

"ဘာကိစ္စခေါ်ရမှာလဲ ဟေ့ ဟေ့ မင်းတို့နော် ဒါ ငါ့မွေးနေ့ ငါ့ကိုစိတ်ရှုပ်အောင်မလုပ်နဲ့"

မဟာမခေါ်ရင်တောင် ဝေယံတို့လင်မယားသွားဝင်ခေါ်မလို့ဟာ တခြားနေ့ဆို ကိစ္စမရှိပေမယ့် ဟုတ်သည်....သူ့မွေးနေ့တော့ လျှော်ပေးလိုက်ဦးမည်ပေါ့။

"အေးပါကွာ မင်းသဘော မင်းသဘော"

.......

တာရာ အောက်မှာ ညနေစာ ချက်ပြုတ်နေရင်း အပေါ်တက်ပီးခေါ်တော့မလို့ မီးဖိုထဲကအထွက် ဟိုလူ အိမ်ပေါ်ထက်က ဆင်းလာတာတွေ့လိုက်ရသည်။ အမလေး ရေမွှေးပုလင်းလိုက်များလောင်းချထားသလားပဲ မွှေးကြိုင်နေတာများ တနေရာရာသွားမလို့ထင်တယ်.....

"ဟို.....အပြင်သွားမလို့လား"

"အင်း...."

"အော်.....အင်း အင်း....ညကျရင်ကော အစောပြန်လာမှာလား"

"ဘာကိစ္စလဲ"

"ဟင့်အင်း....ဒီတိုင်းမေးတာရယ်"

သူမကို စိတ်ရှုပ်သလိုကြည့်နေတဲ့သူ့ကို တာရာ လက်ကရေတွေကို အဝတ်တခုနဲ့သုပ်ရင်းပဲ ပြောလိုက်သည်။ သူ့မွေးနေ့မလို့ အပြင်သွားမလို့ထင်ပါရဲ့.....မဧကရီပြန်လာတာလားမသိဘူး။ စိတ်ထဲတွေးပီးမှ ပြန်လာတော့ရော ဘာလုပ်လို့ရမှာလဲ.....သူ့ချစ်သူမွေးနေ့ သူပြန်လာတာပဲလေပေါ့။
သူမကို ခနကြာစိုက်ကြည့်ပီး ထွက်သွားတဲ့ သူ့နောက်ကျောကိုပဲ မျက်စိတဆုံးကြည့်နေမိတဲ့သူမ သူ့ကားထွက်သွားမှ မီးဖိုထဲပြန်ဝင်ပီး သိမ်းစရာရှိတာ သိမ်းရင်း လုပ်လက်စတွေကို လက်စသတ်လိုက်တော့တယ်။ တကယ်တော့ အစထဲက သူအိမ်မှာရှိမယ်လို့ကို မျှော်လင့်မထားတာ ဒါပေမယ့်လဲ သူရှိနေရင် အဆင်ပြေပြေ စားလို့ ရအောင်ဆိုပီး ဒီညသေချာလေးချက်ထားတာ သူ့မွေးနေ့မလို့လဲ ပါတာပေါ့..... သူ့မွေးနေ့မှန်းလဲ facebook ပေါ်မှာ ပလူပျံအောင်ဆုတောင်းပေးနေကြမှသိတာရယ်....သူတို့က နာမည်ကြီးတွေ လူသိများတဲ့သူတွေမလို့ သူမရှာကြည့်လိုက်တော့ တန်းတွေ့တာပဲ။ တခါမှ သူ့ wall ထဲဝင်မကြည့်ဖူးတဲ့ တာရာ ခုသူ့မွေးနေ့ကျမှ ဆုတောင်းပေးတဲ့ပုံတွေထဲ အများဆုံးက သူနဲ့သူ့ချစ်သူ မဧကရီတို့ပုံတွေချည်းဆိုတော့ ဟိုး ငယ်ငယ်ထဲကပုံတွေကနေ ခုလက်ရှိထိသူတို့အတွဲပုံတွေကို စုံနေအောင်တွေ့ရသည်။ အမှန်တိုင်းပြောရရင် တာရာ မနက်ပိုင်းထဲက ပုံတွေထိုင်ကြည့်နေတာ စျေးတောင် နေ့လည်တော်တော်နေမြင့်မှ သွားခဲ့ရသည်။ အရင်ကတော့ အလုပ်ပိတ်ရက်တွေလဲ ဟိုလူနဲ့မတွေ့ချင်တာမလို့ အမြဲအလုပ်သွားခဲ့တာ ခုတော့ အိမ်မှုကိစ္စတွေနဲ့ဗျာများနေတာမလို့ရော ကိုယ်ဝန်နဲ့ကျ နဲနဲနားချင်တာမလို့ရော ပိတ်ရက်တွေဆို အမြဲအနားယူနေတတ်ပီ။ ခုလဲ သူ့မွေးနေ့နဲ့ပိတ်ရက်က တိုက်လို့ ဟင်းကောင်းကောင်းလေးချက်ကျွေးချင်တာနဲ့ တနေ့လည်လုံး စျေးသွားလိုက် google မှာ ရှာလိုက်ဖွေလိုက်နဲ့ချက်နေတာ ခု​တော့ ရေခဲသေတ္တာထဲထည့်ပီး နောက်နေ့မှစားရတော့မည်။ ဒီညလဲ ပြန်လာမှာမဟုတ်ဘူးနဲ့တူတယ်.....

မဟာ ဆုံနေကျ ဘားကိုရောက်တော့ ဟိုကောင်တွေက ဝီရိယကြီးစွာ သူ့ကိုစောင့်နေပီဖြစ်သည်။
မသိရင် မစားနိုင်မသောက်နိုင်တဲ့ကောင်တွေကျလို့.....

"တကယ်ကြီးခေါ်မလာဘူးပေါ့...."

တော်တော်ဇွဲကောင်းတဲ့ကောင်ဟုသာ ဝေယံ့ကို စိတ်ထဲကမှတ်ချက်ချလိုက်မိသည်။

"ရောက်နေတာကြာပီလား လမ်းတွေပိတ်နေလို့ကွာ ဆောရီး"

ပြောချင်တာတွေ စိတ်ထဲရှိပေမယ့် တယောက်တခွန်း ပြန်ပြောနေရမယ့် အရွယ်တွေမဟုတ်တာမလို့ စကားလမ်းကြောင်းသာလွှဲလိုက်တော့သည်။ နောက်တော့လဲ အရာရာမေ့မေ့ပျောက်နဲ့ ရောက်တတ်ရာရာတွေသာပြောရင်း ရီလိုက်မောလိုက်နဲ့ ပျော်စရာအခိုက်အတံ့လေးများကိုဖန်တီးလိုက်ကြသည်။ သူတို့က အတွဲကိုယ်စီနဲ့ ကိုယ်က တယောက်ထဲမလို့ ဧကရီ့ကို သာမန်ထက်ပိုပီး သတိလဲရသလို အရမ်းလဲတွေ့ချင်မိသည်။

"မမဧကရီတောင် နောက်လထဲ ပြန်လာမှာနော့် တလလောက်တော့နေမှာနဲ့တူတယ် ဟုတ်တယ်မလား ကိုမဟာ"

"ဟင်....."

ပန်းချီ့ဆီက ရုတ်တရက်ကြားလိုက်ရတဲ့သတင်း
ကြောင့် မဟာ ပါးစပ်အဟောင်းသားဖြစ်တဲ့ထိ အံ့သြသွားမိသည်။ သူ့ချစ်သူတယောက်လုံး ပြန်လာမယ့် ကိစ္စကို သူတစက်ကလေးမှ မသိရသေး။ ခုနောက်ပိုင်း ဧကရီ့အကြောင်းဆို သူများပြောမှသိရသည်ကများသည်။ သူ့ကိုသာ အလုပ်တွေများလို့ စာလုပ်စရာရှိလို့ဆိုပီး အဆက်သွယ်ဖြတ်ထားတာ ပန်းချီတို့ မေဖြူတို့နဲ့ကျ ပုံမှန်အဆက်သွယ်လုပ်သည်တဲ့။ ခုလိုသိရတော့ မဟာ ကိုယ့်ချစ်သူပြန်လာမှာမလို့ ပျော်တာက တပိုင်း ကိုယ့်ကိုမပြောလို့ ဝမ်းနည်းတာကတပိုင်းနဲ့ ခံစားချက်က အီလည်လည်ကြီး....

"ကိုမဟာမသိသေးဘူးလား မမဧကရီက ပြောပီးပီတောင်ထင်နေတာ"

"အင်း မသိသေးဘူး"

မဟာ မသိသေးတာကြောင့် အံ့အားသင့်သွားပုံက သိသာလွန်းတာမလို့ ဖုံးကွယ်ဖို့လဲ မကြိုးစားတော့ပါ....မသိသေးဘူး ပေါ်တင်ပေါ့။

"ဟာ ပန်းချီကလဲကွာ နောက်ပီ.....ဧကရီက မဟာ့ကို surprise check လား ရိုးရိုး surprise လား ဘာနေနေ surprise လုပ်မှာမလို့ ကြိုမပြောတာနေမှာပေါ့"

"အာ.....spoil မိသွားပီ ဆောရီးး ဟီးဟီး"

"မဟုတ်တာ ရပါတယ် ကိစ္စမရှိဘူးရယ်"

ဝေယံက ဝင်ထိန်းပြောပေမယ့် သူ့မျက်နှာကတော့ ဖုံးမရအောင်ကိုသိသာနေပီ။ ကျန်တဲ့စကားဝိုင်းကဟာတွေကို အာရုံက မရတော့....ဧကရီသူ့ကိုဘာလို့ခုလိုဆက်ဆံသလဲဆိုတာပဲ စိတ်ထဲ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်နေမိတော့သည်။ မျှော်လင့်ချက်သေးသေးလေးကတော့ ဝေယံပြောတာဖြစ်ပါစေပေါ့....သူ့ကို မပြောပဲ တိတ်တိတ်လေးပြန်လာပီး သူ့အခြေနေကို check မယ် ဒါမှမဟုတ် သူ့ကို ဝမ်းသာအောင် ရုတ်တရက်ပြန်လာမယ်ပေါ့။ ဘယ်လိုနေနေ ဘယ်ပုံနဲ့ပဲ ဖြစ်ဖြစ် နောက်ဆုံး ပြန်လာရင်ကို ရပီ.....သူဧကရီ့ကို အရမ်းတွေ့ချင်သည်။ လွမ်းတဲ့အကြောင်းတွေ ဖက်ထားပီးပြောပြချင်သည်။ အရင်ကလို သူ့ကိုဆိုးတာလေးတွေ ခံချင်သည်။
မွေးနေ့ဆိုပီး ဘာပစ္စည်း ညာပစ္စည်းမရချင်ပေမယ့် မွေးနေ့လက်ဆောင်ဆိုပီး ရုတ်တရက်ပြန်ချလာဖို့ကိုတော့ တိတ်တခိုးမျှော်လင့်မိသည်။

မဟာ ထိုညကတော့ ဟိုကောင်တွေနဲ့ သောက်တတယ်ဆိုရုံ တခွက် နှစ်ခွက်လောက်ပဲသောက်ကာ အိမ်အစောပြန်ခဲ့သည်။ ဧကရီဖုန်းခေါ်မလား ခေါ်ရင်သူ မူးရူးနေတဲ့အချိန်နဲ့မတိုးချင်တာမလို့ အများကြီးတောင်မသောက်ခဲ့ပေ။ သူအိမ်ရောက်တော့ ကားသံကြားလို့ထင်ပ အိမ်ထဲကနေ ငတိမထွက်လာသည်။ ဘာစကားမှမပြောချင်တာမလို့ သူ့ကိုကျော်ပီး အိမ်ထဲဝင်ကာ အခန်းထဲတန်းဝင်ခဲ့တော့သည်။

တာရာ မှုန်ကုပ်ကုပ်နဲ့အိမ်ပြန်လာတဲ့သူ့ကိုကြည့်ပီး တခုခုမမြင်မကြည်တာ ရှိနေလား မိမိကိုယ်ကို ပြန်ကြည့်မိသေးသည်။ အမြင်မကြည်ရအောင်လဲ သူ့ဘာမှမလုပ် စကားတောင်မပြောတဲ့ဟာကို....သူ့ဟာသူ ကိစ္စရှိလို့နေမှာပါဆိုပီးပဲ စိတ်လျှော့တွေးကာ အခန်းထဲဝင်ခဲ့တော့သည်။

"မင်း စားပီးပီလား"

"ဟင်....."

အခန်းထဲ ရောက်တာနဲ့ သူမအိပ်ခန်းထဲဝင်တော့မယ်ပြင်တုံး နောက်ကအသံပေါ်လာလို့ အလန့်တကြားလှည့်ကြည့်မိတော့ သူ့အဝတ်လဲခန်းထဲက ထွက်လာတဲ့ ဟိုလူကြီး....အဝတ်စားတောင်လဲပီးပီ။ မေးတာကလဲ မထင်ထားတာမလို့ သူ့ကိုလှည့်ကြည့်ပီး ကြောင်နေတုံး သူမကို ဘာလဲဆိုပီး မျက်ခုံးပင့်ပြတော့မှ သူမလဲ သေသေချာချာလေး ပြုံးပြလိုက်မိသည်။ သူကိုယ့်ကို ကောင်းကောင်းမွန်မွန်မေးတယ်ဆိုတာ ရှားတယ်မလား....

"အင်း စားပီးပီ....ပြန်မလာဘူးထင်လို့ ခုနကပဲစားလိုက်တာ  စောင့်တော့စောင့်သေးတယ်"

"Aww....အင်း ပီးတာပဲ စားပီရင်"

စောင့်သေးတယ်ဆိုလို့ အချိန်ပြန်ကြည့်တော့ ၁၁ နာရီထိုးနေပီ ဘယ်ချိန်ထိစောင့်နေတာလဲ သူ့ကို....သူနဲ့ တူတူညစာပြန်လာစားမယ်လို့ ထင်နေတာလား သူက

တာရာ ပြန်မလာဘူးဆိုတာသိပေမယ့် ပြန်လာခဲ့ရင်ဆိုပီး စောင့်တော့စောင့်လိုက်သေးသည်။ ၁၀ နာရီလောက်ထိစောင့်ပေမယ့် မလာတာမလို့ ပြန်မလာတဲ့သူကြီးကို အငတ်ခံပီးစောင့်နေရအောင် ကိုယ်က သူ့အတွက်ဘာမှမလဲမဟုတ်.....ကိုယ်အငတ်ခံတာသိလဲ ပြန်လာမယ့်သူမဟုတ် ပီးတော့ ကိုယ်က စောင့်ရှောက်ရမယ့် ကလေးလေးဗိုက်ထဲရှိသေးသည်။ ခုလိုစောင့်နေတာတောင်လွန်လှပီဆိုပီး ဆက်မစောင့်ပဲ ကိုယ့်ဘာသာပဲစားလိုက်တာ။ ဒါမဲ့ ဘာလို့မေးတာလဲ သူ့ကိုစောင့်စေချင်လို့လား စောင့်နေမှာ သိလို့လား ဘာလို့လာမေးရတာလဲ။ သူမဘာသာစားစားမစားစား စိတ်ထဲ မရှိတဲ့သူကမေးတော့ သူက ပြန်ပီး သိချင်လိုက်သေးသည်။ လက်ဆုံမစားရလို့ စိတ်ဆိုးမယ့်သူလဲမဟုတ်တာမလို့လေ။

"ဘာလို့လဲ ဗိုက်ဆာလို့လားးး"

"အော် အဲ့လိုလဲမဟုတ်ပါဘူး....."

"အင်း အင်း အဲ့ဆို ရာရာ သွားအိပ်တော့မယ်"

"အင်.....နေဦးလေ..."

"ဘာခိုင်းမလို့လဲ"

"ဟို..... ဗိုက်မဆာဘူးပြောပေမယ့် တခုခု...နဲနဲတော့ တခုခုစားချင်တယ်"

တာရာ သူပြောတာ ခုမှနားလည်တော့သည်။ ဘယ့်နှယ့် ကိုယ့် အိမ်ပဲဥစ္စာ ဗိုက်ဆာတယ် ဘာလုပ်ပေးဆိုပီးနေတာပဲကို။ တော်သေး ငါ့ကိုမေးလို့ ငါ့များ သဘောထားပျော့ပြောင်းပီလားလို့ အူကြောင်ကြောင်မတွေးမိလို့ မဟုတ်ရင် တော်တော်တုံးတာပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်မိဦးမှာ....သူဆိုတာ ဘယ်တုံးက တာရာ့အပေါ် သဘောထားပျော့ပြောင်းခဲ့ဖူးလို့လဲ။

မဟာ တကယ်က ဘာမှစားချင်စိတ်မရှိ။ သို့သော် တယောက်ထဲနေရမှာ စိတ်ထဲတမျိုးမလို့ ငတိမကို ဝင်မအိပ်စေချင် သူ့နားမှာ တခုခုလုပ်ရင်း ရှိနေစေချင်သည်။ သူပြောပီးတော့ ငတိမအောက်ဆင်းသွားသည်။ ခနအကြာတော့ လက်ထဲ ကိတ်မုန့်သေးသေးလေးတလုံးနဲ့ နို့တခွက်ယူကာ ပြန်တက်လာသည်။

"ဗိုက်သိပ်မဆာရင် နွားနို့နဲ့ ကိတ်လေးပဲစားလိုက်လေ....ထမင်းစားချင်ရင်တော့ ဟင်းတွေသိမ်းထားတာ ရှိတယ်နွှေးပေးမယ်"

"ရတယ်....မနွှေးနဲ့"

"အင်း အင်း အဲ့ဆို ရာရာ သွားတော့မယ်လေ ဦးနေမင်းမဟာလဲ အေးဆေးအနားယူလိုက်ပါဦး"

သူ့ရှေ့ ကိတ်နဲ့ နို့ချပေးပီး ထွက်သွားမယ်ပြင်တော့ သူစိတ်ဆိုးလာသည်။ ဘာလို့ ဒီလောက်တောင်လောနေတာလဲ....ဘယ်သူနဲ့ချိန်းထားလို့လဲ.... ဖုန်းပြောဖို့ ဘာဖို့ပေါ့။

"ဘာတွေအရေးကြီးနေလို့ အတင်း အခန်းထဲ ဝင်ချင်နေရတာလဲ မင်းက"

"ဟင်....."

သူ့အမေးကို နားမလည်သလိုနဲ့ သူ့ကိုကြည့်နေတဲ့ ငတိမကိုကြည့်ပီး သူပိုစိတ်ဆိုးလာသည်။

"ချိန်းထားတာရှိလို့ အဲ့လောက်တောင်သွားချင်နေတာလား"

"ဘယ်သူနဲ့လဲ ဘယ်နားမှာလဲ"

ကဲ အဲ့တာသာကြည့် သူစိတ်တိုတာအဲ့တာမျိုးတွေ သူမေးနေတာကို ကြောင်တောင်တောင်နဲ့ပြန်မေးနေသေးတယ်။

"ဘယ်နားမှာလဲ မင်းပဲသိမှာပေါ့ အတင်းကိုသွားချင်နေတာ"

တာရာ အပြစ်မရှိအပြစ်ရှာနေတဲ့သူ့ကိုကြည့်တာ စိတ်ရှုပ်လာသည်။ သူပဲအရင်က သူ့မြင်ကွင်းကနေ ပျောက်အောင်နေစေချင်တာဆို အဲ့ကြောင့် တော်ရုံသူ့အနားမနေတာကို ခုက ဘာဖြစ်ရတာလဲ.....စိတ်ရှုပ်ပေမယ့် သီးခံ သီးခံ တာရာရေ....ကိုယ့်ကိုယ်ကို သတိလဲပေး မျက်နှာကလဲ အတတ်နိုင်ဆုံးပြုံးရင်း

"ဘာခိုင်းစရာရှိသေးလို့လဲ ခိုင်းစရာရှိရင် ပြောလေ ရာရာလုပ်ပေးမှာပေါ့"

"...."

"ပီးတော့ ရာရာက ဒီအချိန်ကြီးဘယ်သူနဲ့ချိန်းထားရမှာလဲ...."

ဒီအချိန်မဟုတ်ရင် တခြားအချိန်ဆို ချိန်းဦးမှာပေါ့.....သူမစကားကြောင့် မဟာ သူမကို ကြည့်လိုက်တော့ သူ့အကြည့်ကိုနားလည်သွားဟန်နဲ့

" တခြားအချိန်ဆိုလဲ ချိန်းချိန်မရှိဘူး အချိန်ရှိလဲမချိန်းဘူး.....လောလောဆယ်က ကျမက လူလွတ်မှမဟုတ်တာ ဘယ်လိုအခြေနေပဲ ဖြစ်ဖြစ် ကျမစောင့်ထိန်းရမယ့်ဝတ္တရားတွေရှိတာပဲလေ"

သူဆက်ပြောမယ့်စကားတွေထွက်မလာတော့အောင်ကို အဆုံးစွန်ထိပြောပစ်လိုက်သည်။ မဟုတ်ရင် သူရစ်နေတာနဲ့ တာရာအိပ်ရမယ့်ပုံမပေါ်တော့။ တာရာသူ့ကို ပြောပီး သူဘာမှပြန်မပြောခင် အချိုသာဆုံးထပ်ပြုံးပြကာ သူ့ရှေ့ကနေလှည့်ထွက်လိုက်တော့

"ကိတ်ပေးတုံးကပေးပီး ဘယ်မှာလဲ ဖယောင်းတိုင်"

"ဟင်....."

သူ့စကားကြောင့် အံ့သြလွန်းတာနဲ့ မျက်လုံးတွေပါပြူးပီး သူ့ကိုနောက်ပြန်လှည့်ကြည့်မိသည်။ သူကတော့ သူမဟုတ်သလိုနဲ့.....အသက်ကဖြင့် ဘယ်အရွယ်ရှိနေပီလဲ ဖယောင်းတိုင်မှုတ်ပီး မွေးနေ့ကိတ်ခွဲချင်သေးတာလားးး

"ဖယောင်းတိုင်တော့ မရှိဘူးလေ....လိုချင်ရင်တော့ ဘုရားစင်မှာထွန်းတဲ့ အတိုင်အသေးလေးတွေတော့ရှိတယ် ယူမလား"

သပ်သပ်ရစ်နေတာမလို့ တမင်ကိုပြောပစ်လိုက်တာ။

"အဲ့ ဖယောင်းတိုင်သွားယူ....."

"ဟင်....."

သူသိသားပဲ သူ့ကို တမင်ပြောနေတာဆိုတာ....သူကလဲ မဟာ ပါ သူဂျစ်ရင် နှစ်ဆလောက်ကို ပြန်ဂျစ်ချင်တာ....

ဒီလိုနဲ့နောက်ဆုံးတော့ ဘုရားစင်မှာထွန်းတဲ့ဖယောင်တိုင်ပေါက်စနဲ့ ကိတ်ရခွဲတော့မည်ပေါ့....ဝေယံတို့သာသိရင်သူ့ကို ဘယ်လောက်လှောင်လိုက်မလဲ။

"ရော့.....ကိတ်ကသေးလို့ တတိုင်ပဲယူလာတာ ရတယ်မလား"

"ရတယ်...."

"အဲ့ဆို...."

ကြာကြာနေရင် သူရောကိုယ်ရောဒေါသတွေထွက်လာတော့မှာမလို့ အမြန်ရှောင်တော့မယ်အလုပ်

"မင်းသွားရင် ဘယ်သူက သီချင်းဆိုပေးမှာလဲ...."

" ဖယောင်းတိုင်ထွန်းလေ.... "

"ဆိုလေ .....Happy birthday to you လောက်တော့ ရတယ်မလား "

စသဖြင့် အစုံကို သူဖြစ်ချင်တာတွေခိုင်းတော့သည်။ ကဲပါလေ သူ့မွေးနေ့ပါပဲ နေပါစေလေဆိုပီး စိတ်လျှော့ကာ သူ့စိတ်တိုင်းကျနေပေးရတော့သည်။ ကိတ်ကိုယူကာ ဝရံတာဘက်ထွက်သွားလို့ နောက်ကနေလိုက်သွားရသေးသည်။ ကိတ်ကိုဖယောင်းတိုင်ထွန်း...သူမကို သီချင်းဆိုခိုင်းပီး သူက ဖူးခနဲနေအောင်မှုတ်လိုက်သည်။ ဖယောင်းတိုင်မမှုတ်ခင်သူက ဆုတောင်းသေးတာဗျ.. သူ့ချစ်သူနဲ့ မြန်မြန်ပေါင်းရပါစေဆိုပီးနေမှာပေါ့......သူ ဖယောင်းတိုင်မှုတ် ဆုတောင်းပီးတဲ့ထိ တာရာနေပေးပီး ထကာ ပြန်တော့မယ်အလုပ်.... သူမလုပ်ပေးစရာ ဘာမှမကျန်တော့တာပဲ

"မသွားနဲ့ဦး...."

"ဘာခိုင်းမလို့လဲ ပြောလေ"

"ဟင့်အင်း ဒီတိုင်းပဲ ထိုင်နေ....ငါ အရမ်း အထီးကျန်နေတယ် တယောက်ယောက်ကို စကားပြောချင်တယ်"

သူ့စကားကြောင့် တာရာ အထဲမဝင်ခိုင်းပဲ မျိုးစုံကြိုးခုံရစ်နေတာကို သဘောပေါက်တော့သည်။ သူအထီးကျန်နေတာဆိုပဲ....သူ့ချစ်သူကကော အဆင်မပြေကြပြန်ဘူးလား.... တာရာ အလိုက်တသိပဲ ဘာမှမမေးဘဲ သူ့နားမှာ ပြန်ထိုင်လိုက်သည်။...တော်တော်နဲ့တော့ နှစ်ယောက်သား စကားမပြောဖြစ်....ခနအကြာမှ သူက စပီး

"မမေးဘူးလား ဘာလို့အထီးကျန်တာလဲလို့"

"အင်း....ဘာလို့လဲ"

သူမေးခိုင်းမှ ဝတ်ကျေတမ်းကျေမေးတဲ့သူမကို ခုချိန်အပြစ်ရှာချင်စိတ်မရှိ

"ဒီလိုပါပဲ....."

မေးတော့လဲ ပြောပြတာကျလို့ ဒီလိုပါပဲတဲ့....သူ့ချစ်သူကြောင့်နေမှာပေါ့...ဒါမျိုးကိစ္စက ဘယ်ပြောပြချင်မလဲ အတူနေတာမလို့ အလုံးစုံမသိရင်တောင် တချို့တလေတော့ သိထားသည်မလို့ ဘာမှဆက်မမေးခဲ့

"မင်း မွေးနေ့က ဘယ်တော့လဲ"

"အတိအကျတော့မသိဘူး လာပစ်သွားတုံးကလဲ ဘာမွေးစာရင်းဘာမှ မပါလာတော့ မသိရဘူး"

"အဲ့တော့ မွေးနေ့ကျကော"

" ဂေဟာကို လာပို့တဲ့နေ့က မွေးနေ့ပဲပေါ့....သူတို့တွေမလိုချင်လို့ စွန့်ပစ်လိုက်ပီး ဘဝအသစ်တခုရောက်သွားတဲ့နေ့ပေါ့ အဲ့တာမွေးနေ့ပဲမလား မွေးတဲ့နေ့မဟုတ်ပေမယ့် ပြန်မွေးဖွားတဲ့နေ့လို့သတ်မှတ်လို့ရတယ်လေ"

"အဲ့ကျမွေးနေ့လုပ်တော့ ဘယ်ရက်လုပ်လဲ"

"မလုပ်ဘူးလေ....လာပို့တုံးက February လကြီး အဲ့တုံးက ခန့်မှန်းခြေ တလသားလောက်ရှိမယ် ၃ ပတ်လောက်လဲ ဖြစ်ရင်ဖြစ်မှာပေါ့....အဲ့တော့ January ထဲမှာမွေးခဲ့တယ်ထင်တာပဲ အတိအကျတော့ မသိဘူးပေါ့"

" မွေးနေ့ကျ January မှာလုပ်တာလား February မှာလုပ်တာလား"

"ဟင့်အင်း...ဘယ်လမှာမှမလုပ်ဘူး....ကျမတို့က ဂေဟာကလေ ဦးနေမင်းမဟာရယ် ဘယ်လိုလို့ အဲ့လို အပိုငွေကုန်တဲ့အရာတွေ လုပ်လို့ရမှာလဲ....မွေးနေ့ဆိုတာ ဂေဟာမှာ သူများလာလုပ်မှ ကြုံဖူးတာ....ကိုယ်တိုင်တော့ စိတ်တောင်မကူးဖူးဘူး"

"Aww....."

သူမစကားကြောင့် သူ့စိတ်ထဲ တမျိုးတော့ဖြစ်သွားသည်။ ငယ်စဥ်ကတော့ မွေးနေ့တွေကို နေရာပေါင်းစုံမှာ ကျင်းပဖူးသည်။ ဟိုတယ် ကစားကွင်း ပန်းခြံ ကျောင်း စားသောက်ဆိုင်....အဲ့တာတွေအပြင် ဘိုးဘွားရိပ်သာတို့ မိဘမဲ့ဂေဟာတို့တောင်ပါသေးသည်။ သူမပြောမှ ပြန်စဥ်းစားမိတော့ သူအဲ့တုံးက မွေးနေ့ကျင်းပနေတုံးက အဲ့မိဘမဲ့ဂေဟာက ကလေးတွေ မွေးနေ့ဆိုတာမကျင်းပရမှန်း အဆုံးစွန်ပြောရရင် မွေးနေ့ဆိုတာသိတောင်သိခွင့်မရတဲ့သူတွေရှိမှန်းသိလိုက်ရသည်။ ပြန်စဥ်းစားကြည့်ရင် စိတ်တော့မကောင်း သူတို့တွေမရနိုင်တာကို သူတို့ရှေ့မှာ ကြွားပြသလိုများဖြစ်ခဲ့သလားပေါ့.....ခြေကျိုးနေသူရှေ့မှာ ခုန် ခုန်ပီး ကြွားပြသလိုပေါ့

" ဂေဟာမှာ မွေးနေ့လာလုပ်ရင်တော့ ပျော်စရာကောင်းပါတယ်...လက်ဆောင်တွေလဲရတယ် မုန့်တွေလဲအများကြီးစားရတယ်လေ"

သူမစကားအဆုံးမှာ မှိုင်ကျသွားတဲ့သူ့ကြောင့် တာရာ ခပ်မြူးမြူးလေးပြန်ပြောလိုက်သည်။ သူမကြောင့်တော့ သူ့စိတ်ထဲတမျိုးဖြစ်သွားမှာ မလိုလားပေ။ သူတို့လိုလူချမ်းသာတွေက မိဘမဲ့ဂေဟာမှာ မွေးနေ့ဆိုတာလုပ်ဖူးကြမှာပဲလေ

"နာမည်ကကော ဘယ်သူပေးတာလဲ"

"ရာရာ့ကိုတွေ့တဲ့ညက ကြယ်တွေစုံလို့ တာရာလို့ပေးခဲ့တာတဲ့ ဆရာမကြီးပြောတာပဲ ....ပြန်တွေးရင် တော်သေးတယ် ပလူတွေစုံမနေလို့ တော်ကြာ မယ်ပလူတို့ဘာတို့ဖြစ်နေမှ ကြားမကောင်းဘူးလေ "

"ဟား ဟား"

သူမစကားကြောင့် မဟာ သဘောကျစွာ ရယ်မိလိုက်သည်။

ဟင် သူရယ်နေတာလား.....သူမကြောင့်....? မျက်လုံးများမှိတ်သည်အထိ သဘောကျစွာရယ်နေတဲ့သူ့ကို သူမလဲ ပြုံးကာ ပြန်ကြည့်နေမိသည်။

Ring.......

သူ့ ဖုန်းမြည်သံကြားတော့ ဘေးချထားတဲ့ဖုန်းကို ယူကာ ကြည့်လိုက်ပီးး......ခုနကထက်ပိုရွှင်တဲ့မျက်နှာနဲ့ ဖုန်းကိုကြည့်နေတော့ သိလိုက်ပီ.... သူ့ချစ်သူနေမယ်..... တာရာလဲ အလိုက်သိစွာနဲ့ပဲ သူ့ကို အသံတိတ်ပြုံးပြ နှုတ်ဆက်ပီး ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်ခဲ့တော့သည်။

ပျော်ရွှင်ပါစေ လူကြီးရေ......မွေးနေ့မှာကော နောင်အမြဲတမ်းကော....



Continue Reading

You'll Also Like

449K 9.5K 79
Fb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်
5.3M 714K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
398K 11.1K 21
မာနကြီးပြီး အချစ်ကို စိတ်မ၀င်စားတဲ့ မိုးစျေ နဲ့ အဖေသဘောမတူတဲ့ကြားကမိုးစျေကို ရအောင်လက်ထပ်ခဲ့တဲ့ ခခ... လက်ထပ်ပြီးတဲ့နောက် မိုးစျေရဲ့ မိသားစု အပေါ်မှ...