ဘာမှ မဟုတ်ပါဘူး အပိုင်း ၁၀၀ပြည့်အောင် ရေးပြီးသွားတော့ ကိုယ်ပျော်နေလို့ တင်ပေးလိုက်တာပါ၊ အပိုင်းခွဲထားတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ တိုမယ်နော် မနက်ဖြန်က သပ်သပ် တစ်ပိုင်း ထပ်တင်ပေးမယ်နော်
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
ယန်ချီ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ "မဟုတ်ဘူးလေ!"
"မင်း ရူးနေတာလား!"
ယန်ချီရဲ့ နောက်မှ လိုက်လာသော သစ်အယ်သီးရောင် ဆံပင်နဲ့ ဆယ်ကျော်သက်သည် ရှဲ့စန်း ကို ဒေါသတကြီးနဲ့ ကြည့်နေသည်။
"အားချီ !သူ့မိသားစုရဲ့ ဘိုးဘေး က အမှားလုပ်မိပြီး ကြံ့ပျံ သတ္တဝါအားလုံး ကို နေ့ချင်းညချင်း ပျောက်ကွယ်သွားအောင် လုပ်ခဲ့လို့ မျိုးဆက်ပေါင်း များစွာ က အလွယ်တကူ မတွေ့နိုင်ခဲ့ဘူး။ သူ့မိသားစုနဲ့ ကြံ့ပျံသားရဲ ကို ကမ္ဘာ့ရန်သူ ဖြစ်အောင် လုပ်ချင်နေတာလား?"
သစ်အယ်သီးရောင် ဆံပင်နဲ့ ဆယ်ကျော်သက်၏ ရင်ဘတ်သည် ဒေါသနှင့် တဟုန်းဟုန်း တောက်လျက် ရှေ့သို့ လှမ်းလာပြီး
"သူတို့ မိသားစု အားလုံး က ကြံ့ပျံသားရဲ သခင်တွေ! ဆက်နွယ်တာ က သားရဲသခင်တွေ အတွက် ဘယ်လောက်တောင် အရေးကြီးလဲ ဆိုတာကို မင်းမသိပါဘူး။ ဒီတစ်ခါမှာ အမှားတစ်ခု ထပ်ဖြစ်ရင် ဘယ်အချိန်မှာ ကြံ့ပျံသားရဲ ကို ထပ်တွေ့ရမလဲ ဆိုတာ ဘယ်သူသိမှာလဲ!"
မိုင်နဲ က သူ့အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "နောက်ဆုတ်" ဟု သတိပေးသည်။
ချီရှောင်း က ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားသော အခါ လူငယ်သည် တစ်ခုခုပြောရန် ပြင်လိုက်သည်။
ရှဲ့စန်း က အဲဒီ့ထက် ပိုတဲ့ အကြောင်းပြချက် ရှိသေးလားလို့ တွေးမိပြီး "ဘာဖြစ်နေတာလဲ?"
ကြံ့ပျံသားရဲ က သက်ပြင်းချလိုက်သည်။ {"အချို့သောသားရဲတွေ လူသား ဖြစ်လာတဲ့ နောက်မှာ၊လူ့အဖွဲ့အစည်း က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နည်းပညာတွေ ပိုတိုးတက် မြင့်မားလာခဲ့တယ်။ ဘဝ က အေးချမ်းသာယာတဲ့ အချိန်တစ်ခုရှိခဲ့ပြီး အချို့သော လူတွေ အတွက် အရေးကြီးဆုံး ဆိုတဲ့ အဓိပ္ပါယ် က - တိုက်ပွဲဝင်တာတဲ့။ ဆက်နွယ်သားရဲတွေရဲ့ တည်ရှိမှု ပျောက်ဆုံးသွားခဲ့တယ်။ အထူးသဖြင့် အဆင့်မြင့် ဆက်နွယ်သားရဲတွေ...၊ အဆင့်နိမ့် ဆက်နွယ်သားရဲတွေ ကို အိမ်မွေး တိရစ္ဆာန်တွေ အဖြစ် အသုံးပြုကြပေမယ့် အဆင့်မြင့်တဲ့ ဆက်နွယ်သားရဲတွေ က အိမ်မွေးတိရစ္ဆာန်တွေ အဖြစ် မသင့်တော်ဘူးလေ။ အဲဒီ့အခါ စွမ်းအားရှိပြီး မြင့်မြတ်တဲ့ မိသားစုတွေ က အဆင့်မြင့် ဆက်နွယ်သားရဲတွေ ကို တိုက်ခိုက်ခိုင်းခြင်းနဲ့ ဖျော်ဖြေရေး လုပ်လာကြတယ်"}
"ငါ့ရဲ့ ဘိုးဘေး က တိုက်ပွဲတစ်ခုမှာ ဆက်နွယ်သားရဲ ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေခဲ့တယ်။ အဲဒီ့ ဆက်နွယ်သားရဲ က သန်မာတယ်၊ သူ က သူ့ရဲ့ ကြံ့ဦးချိုကို ဖြတ်ပေးဖို့ ဘိုးဘေး သားရဲသခင် ကို တောင်းဆိုခဲ့တယ်"
ရှဲ့စန်း၏ နှလုံး တင်းကျပ်လာသည်။ "သူပြောတဲ့အတိုင်း လုပ်ခဲ့တာလား?"
{"ဟုတ်တယ်"} ဟု ကြံ့ပျံက တိုးတိုးလေး ပြောသည်။{ "ငါ့ရဲ့ ဘိုးဘေး က သူ့အသက်ကို အသေခံတာနဲ့ ဆက်နွယ်တာကို အဆုံးသတ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ မျိုးနွယ်စု အားလုံး က တောထဲကို ပြန်သွားကြပြီး ရှုပ်ထွေးပွေလီတဲ့ လူသားတွေနဲ့ ဆက်နွယ်ဖို့ မလုပ်ကြတော့ဘူး။ လူသူဝေးတဲ့ နေရာကိုပဲ နှစ်သက်ကြတော့တယ်"}
ဟု ကြံ့ပျံက ဆိုသည်။
{"ဒီလို အခြေအနေမျိုးမှာ သူနဲ့ တွေ့တာ က ဘုရားသခင်ရဲ့ အလိုပါ။ ငါ့ရဲ့ စိတ် အခြေအနေ က မကောင်းတဲ့ အတွက် ဆက်နွယ်လိုက်တာ က ငါ့အတွက် ကောင်းပါတယ်။ ငါ သူ့ကို အခွင့်အရေးပေးမယ်။ သူသာ သန်မာရင် ငါ သူနဲ့ ဆက်နွယ်မယ်။ ငါတို့မျိုးနွယ်နဲ့ ဆက်ဆံရေးကို သူတို့ ဘယ်လိုတောင် အဆုံးသတ်ခဲ့ကြလဲ?၊ အခုလည်း ဒီနည်း အတိုင်းပဲ ပြန်စကြရလိမ့်မယ်"}
ရှဲ့စန်း အတွင်းစိတ်ထဲတွင် တုန်လှုပ်သွားပြီး ကြည့်ရဆိုးတဲ့ အမူအရာ ရှိနေသော ယန်ချီ ကို ကြည့်လိုက်သည်။
"ဒါက ဘာကို ဆိုလိုတာလဲ?"
ယန်ချီ၏ လက်ဖဝါးများ က လက်သီးကို တင်းတင်း ဆုပ်ထားတာကြောင့် သူ့လက်ဖျံရှိ သွေးကြောများ ပေါ်နေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ကြံ့ချို မရှိရင် သူ ဘယ်လုပ်မလဲ?"
ရှဲ့စန်း က "သူ့ဦးချိုတွေ က ပြောင်းသွားပြီ။ ဖြတ်မှ ရမယ်။ တကယ်လို မင်း မဆက်နွယ်ချင်ရင် ငါ သူ့ကို ပြုစု စောင့်ရှောက်ထားမယ်"
"မဟုတ်ဘူး!!! ငါ သူ့ကို ဂရုစိုက်ပေးမယ်!" ယန်ချီ က ပြတ်ပြတ်သားသား ပြောသည်။
"ဒါဆို မင်းရဲ့ အရည်အချင်း အပေါ် မူတည်တယ်။ အရင်ဆုံး သူ့ရဲ့ဦးချိုကို ဖြတ်ပစ်ရမယ်"
ရှဲ့စန်း က အက်ဒမ်ကို စိတ်ထဲမှာ ("ဘယ်လောက် ဖြတ်ရမှာလဲ။ ပြန်ပေါက်နိုင်ပေမယ့် တတ်နိုင်ရင် လျှော့ဖြတ်ပေးပါ")
အက်ဒမ်က ("အဖျား ဆို အဆင်ပြေပါတယ်။ စွမ်းအင်ကို အချွန်ဆုံး နေရာမှာ စုစည်းထားတယ်")
ရှဲ့စန်း သက်ပြင်းချကာ ယန်ချီရဲ့ အဖြေကို စောင့်နေလိုက်သည်။
ယန်ချီ က ကြံ့ပျံ သားရဲဆီ ကို လျှောက်သွားလိုက်သည်။
"မင်း ငါ့ကို တကယ် လုပ်စေချင်တာလား?"
ကြံ့ပျံသားရဲက ခေါင်းညိတ်လိုက်သည်။ ယန်ချီ ခဏလောက် တိတ်ဆိတ်သွားပြီး သူ့ကျောပိုးအိတ်မှ ဓားထက်ထက် တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ကြံ့ပျံသားရဲ သည် ဦးချိုကို နိမ့်စေရန်အတွက် ၎င်း၏ခေါင်းကို မြေကြီးပေါ်တွင် ချထားသည်။
ရှဲ့စန်း အမြန် ပြေးသွားလိုက်သည် ။ သူ အက်ဒမ် ပြောတဲ့အတိုင်း ထိပ်ဖျားကို တိုင်းလိုက်ကာ အလျား ဆယ်စင်တီမီတာခန့် ရှိသော အရာတစ်ခု ပြုလုပ်ခဲ့သည်။
"ဒီလောက် ဖြတ်မယ်!"
ယန်ချီ၏ မျက်နှာ အမူအရာ အနည်းငယ် ပျော့သွားသည်။ သူက ဓားလက်ကိုင် ကို ဆုပ်ကိုင်လိုက်ပြီး စက္ကန့်ဝက်လောက် ငြိမ်နေလိုက်သည်။ ထို့နောက် ငုံ့ကြည့်ကာ ကြံ့ချို ကို ဖြတ်ရန် လက်ကို မြှောက်လိုက်သည်။ ချိုက သူ့လက်ထဲ ရောက်သွားတော့ သူ့မျက်နှာ က ပြောင်းလဲသွားပြီး ဒီနေရာမှာ ရှိနေတာ ကို အံ့သြသွားသည်။
ရှဲ့စန်း က လှမ်းပြောသည်။ "ငါ့ကို ပေးပါ"
ယန်ချီ တုံ့ဆိုင်းသွားသည်။ ကြံ့ပျံသားရဲ က ခေါင်းကို မြှောက်လိုက်ပြီး ရှဲ့စန်း ဆီသို့ ဆောင့်တွန်းလိုက်သည်။ သူ ခြေလှမ်းနှစ်လှမ်း၍ တိုက်မိကာ ရှဲ့စန်း ကို အံ့အားသင့်စွာ ကြည့်ပြီး ကြံ့ဦးချိုကို ပေးလိုက်သည်။
အက်ဒမ် အရမ်းစိတ်လှုပ်ရှားသွားတယ်။
("ကောင်းလိုက်တာ!")
ရှဲ့စန်း သူ၏ ညာဘက်ပခုံးပေါ်ရှိ ပျိုးနီပန်းရဲ့ အပူချိန်မြင့်တက်လာသည် ကို ခံစားလိုက်ရသည်။ အပူတွေ က သူ့လက်ထဲရှိ ကြံ့ချိုဆီကနေ သူ့ပုခုံးအထိ ပြေးဝင်သွားပြီး ဦးချိုဆီက စွမ်းအင်တွေ တဟုန်ထိုး ထွက်သွားသည်။ မကြာခင် ပျိုးနီပန်းသည် ငြိမ်သက်သော အနေအထား သို့ ပြန်ရောက်သွားပြီး ကြံ့ဦးချိုသည် ငွေရောင် ပြောင်းသွားခဲ့သည် ။
သူ ခဏ စဉ်းစားပြီး ဦးချိုကို ယန်ချီအား ပေးလိုက်သည်။
"အမှတ်တရ အဖြစ် သိမ်းထားလို့ရတယ်!"
ယန်ချီ၏ မျက်နှာ အမူအရာ အနည်းငယ် လှုပ်သွားသည်။ သတိကြီးကြီးနဲ့ ယူလိုက်ပြီး ကျောပိုးအိတ်ထဲ သေသေချာချာ ထည့်လိုက်သည်။
ကြံ့ပျံ သားရဲက မြေပြင်ပေါ်ကနေ ထပြီး ယန်ချီကို ကြည့်ကာ အော်လိုက်သည်။ အော်ဟစ်သံ က နိမ့်ကျနေသည်။
ချီရှောင်း၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ပျော်ရွှင်မှုတွေရော စိုးရိမ်မှုတွေရော ရှိခဲ့သည်။
မိုင်နဲ က ရှဲ့စန်း အနောက် ကို ရွှေ့လိုက်သည်။ အလယ်မှာ ကြံ့ပျံသားရဲနှင့် ယန်ချီတို့သာ ကျန်ရစ်ခဲ့သည်။
အချိန်တို အတွင်းမှာပင် ယန်ချီ၏ နဖူးတွင် ချွေးအလွှာများ ပေါ်လာကာ သူ့ပါးပြင်များ တဖြည်းဖြည်းနီလာပြီး တင်းမာလာသည်။ အသံ တစ်ဝက်လောက်သာ ထွက်နိုင်ပြီး မျက်နှာ ဖြူဖျော့သွားသည်။ ခြေထောက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်လိုက်သည်။
ရှဲ့စန်း ကို အော်ပြသည့် "မူးးး" က ဘာကိုဆိုလိုသည်ကို နားမလည်သောကြောင့် သူ့ဗိုက်ကို ထိရန် ကြံ့ပျံသားရဲထံ ချဉ်းကပ်လိုက်သည်။
{"သူ က တော်တယ်"} ကြံ့ပျံ သားရဲရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။ ရှဲ့စန်း အံ့သြသွားသည်။ စွမ်းအင်ကို စုပ်ယူခဲ့ပြီးပြီ မဟုတ်ဘူးလား?
အက်ဒမ် က ("အဲဒါ စွမ်းအင်ရဲ့ သက်ရောက်မှု ကြောင့်လေ။ စွမ်းအင်က အခု မင်းဆီမှာ ရှိတယ်။ မင်း သူ့ဘေးမှာ ရှိနေလို့ မင်း သူနဲ့ ဆက်သွယ်လို့ ရနေတာလေ"
အဲဒီ့ အချိန်မှာ အပေါ်ကနေ လင်းယုန်ငှက်ရဲ့ အော်သံ ထွက်ပေါ်လာသည်။ မော့ပြီး ကြည့်လိုက်တော့ လင်းယုန်ငှက်သည် လေထဲတွင် ပျံဝဲနေပြီး ညာဘက်ကို ကြည့်နေတာ တွေ့လိုက်ရသည်။ မကြာမီခင် ကျားကြီးနှင့် ဆင်ကြီး နှစ်ကောင်သည် ညာဖက်ခြမ်းမှ ပေါ်လာပြီး ကြံ့ပျံ သားရဲဆီသို့ တိုက်ရိုက် ပြေးသွားကြသည်။
ရှဲ့စန်း အကြံ တစ်ခုရပြီး မျက်တောင် ခတ်လိုက်သည်။
( "မင်း ပြောသလို ဆိုရင် အခြားသူတွေကလည်း စွမ်းအင်ရဲ့ သက်ရောက်မှု ခံထားရနိုင်တယ်။ ဒါဆို ငါ သူတို့ အနားမှာ ရှိနေရင် ငါ သူတို့နဲ့လည်း ဆက်သွယ်လို့ရမလား?")
("အင်း") အက်ဒမ်က အတည်ပြုခဲ့သည်။
ရှဲ့စန်း ပျံသန်းနေသော လင်းယုန်သားရဲ ကို ကြည့်ပြီးနောက် ဧရာမ ကျားသားရဲနှင့် ဧရာမ ဆင်သားရဲတွေ ကို ကြည့်လိုက်သည်။ ဒါက နည်းနည်း မိုက်တယ် လို့ သူ ဘာကြောင့် ထင်နေမိတာလဲ?
_______________________________________________________________
Pay Group အကြောင်း Message မှာ လာမေးလို့ရပါတယ်နော်၊ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် (◍•ᴗ•◍)🤎🤎🤎
Zawgyi version
ဘာမွ မဟုတ္ပါဘူး အပိုင္း ၁၀၀ျပည့္ေအာင္ ေရးၿပီးသြားေတာ့ ကိုယ္ေပ်ာ္ေနလို႔ တင္ေပးလိုက္တာပါ၊ အပိုင္းခြဲထားတာ ျဖစ္တဲ့အတြက္ နည္းနည္းေတာ့ တိုမယ္ေနာ္ မနက္ျဖန္က သပ္သပ္ တစ္ပိုင္း ထပ္တင္ေပးမယ္ေနာ္
Chapter 47.2: စြမ္းအင္ျပန္လည္ ရယူျခင္း
ယန္ခ်ီ၏ မ်က္ႏွာ ႐ုတ္တရက္ ေျပာင္းလဲသြားသည္။ "မဟုတ္ဘူးေလ!"
"မင္း႐ူးေနတာလား!" ယန္ခ်ီရဲ႕ ေနာက္မွ လိုက္လာေသာ သစ္အယ္သီးေရာင္ ဆံပင္နဲ႔ ဆယ္ေက်ာ္သက္သည္ ႐ွဲ႕စန္း ကို ေဒါသတႀကီးနဲ႔ ၾကည့္ေနသည္။
"အားခ်ီ !သူ႕မိသားစုရဲ႕ ဘိုးေဘး က အမွားလုပ္မိၿပီး ၾကံ့ပ်ံ သတၱဝါအားလုံး ကို ေန႔ခ်င္းညခ်င္း ေပ်ာက္ကြယ္သြားေအာင္ လုပ္ခဲ့လို႔ မ်ိဳးဆက္ေပါင္း မ်ားစြာ က အလြယ္တကူ မေတြ႕ႏိုင္ခဲ့ဘူး။ သူ႕မိသားစုနဲ႔ ၾကံ့ပ်ံသားရဲကို ကမ႓ာ့ရန္သူ ျဖစ္ေအာင္ လုပ္ခ်င္ေနတာလား?"
သစ္အယ္သီးေရာင္ ဆံပင္နဲ႔ ဆယ္ေက်ာ္သက္၏ ရင္ဘတ္သည္ ေဒါသႏွင့္ တဟုန္းဟုန္း ေတာက္လ်က္ ေ႐ွ႕သို႔ လွမ္းလာၿပီး
"သူတို႔ မိသားစု အားလုံး က ၾကံ့ပ်ံသားရဲ သခင္ေတြ! ဆက္ႏြယ္တာ က သားရဲသခင္ေတြ အတြက္ ဘယ္ေလာက္ေတာင္ အေရးႀကီးလဲ ဆိုတာကို မင္းမသိပါဘူး။ ဒီတစ္ခါမွာ အမွားတစ္ခု ထပ္ျဖစ္ရင္ ဘယ္အခ်ိန္မွာ ၾကံ့ပ်ံသားရဲ ကို ထပ္ေတြ႕ရမလဲ ဆိုတာ ဘယ္သူသိမွာလဲ!"
မိုင္နဲ က သူ႕အား ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ကာ "ေနာက္ဆုတ္" ဟု သတိေပးသည္။
ခ်ီေ႐ွာင္း က ေျခလွမ္း အနည္းငယ္ ေနာက္ျပန္ဆုတ္သြားေသာ အခါ လူငယ္သည္ တစ္ခုခုေျပာရန္ ျပင္လိုက္သည္။
႐ွဲ႕စန္း က အဲဒီ့ထက္ ပိုတဲ့ အေၾကာင္းျပခ်က္ ႐ွိေသးလားလို႔ ေတြးမိၿပီး "ဘာျဖစ္ေနတာလဲ?"
ၾကံ့ပ်ံသားရဲ က သက္ျပင္းခ်လိုက္သည္။ {"အခ်ိဳ႕ေသာသားရဲေတြ လူသား ျဖစ္လာတဲ့ ေနာက္မွာ၊လူ႕အဖြဲ႕အစည္း က လ်င္ျမန္စြာ ဖြံ႕ၿဖိဳးတိုးတက္လာၿပီး နည္းပညာေတြ ပိုတိုးတက္ ျမင့္မားလာခဲ့တယ္။ ဘဝ က ေအးခ်မ္းသာယာတဲ့ အခ်ိန္တစ္ခု႐ွိခဲ့ၿပီး အခ်ိဳ႕ေသာ လူေတြ အတြက္ အေရးႀကီးဆုံး ဆိုတဲ့ အဓိပၸါယ္ က - တိုက္ပြဲဝင္တာတဲ့။ ဆက္ႏြယ္သားရဲေတြရဲ႕ တည္႐ွိမႈ ေပ်ာက္ဆုံးသြားခဲ့တယ္။ အထူးသျဖင့္ အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ...၊ အဆင့္နိမ့္ ဆက္ႏြယ္သားရဲေတြ ကို အိမ္ေမြး တိရစၧာန္ေတြ အျဖစ္ အသုံးျပဳၾကေပမယ့္ အဆင့္ျမင့္တဲ့ ဆက္ႏြယ္သားရဲေတြ က အိမ္ေမြးတိရစၧာန္ေတြ အျဖစ္ မသင့္ေတာ္ဘူးေလ။ အဲဒီ့အခါ စြမ္းအား႐ွိၿပီး ျမင့္ျမတ္တဲ့ မိသားစုေတြ က အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ ကို တိုက္ခိုက္ခိုင္းျခင္းနဲ႔ ေဖ်ာ္ေျဖေရး လုပ္လာၾကတယ္"}
"ငါ့ရဲ႕ ဘိုးေဘး က တိုက္ပြဲတစ္ခုမွာ ဆက္ႏြယ္သားရဲ ကို ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရေစခဲ့တယ္။ အဲဒီ့ ဆက္ႏြယ္သားရဲ က သန္မာတယ္၊ သူ က သူ႕ရဲ႕ ၾကံ့ဦးခ်ိဳကို ျဖတ္ေပးဖို႔ ဘိုးေဘး သားရဲသခင္ ကို ေတာင္းဆိုခဲ့တယ္"
႐ွဲ႕စန္း၏ ႏွလုံး တင္းက်ပ္လာသည္။ "သူေျပာတဲ့အတိုင္း လုပ္ခဲ့တာလား?"
{"ဟုတ္တယ္"} ဟု ၾကံ့ပ်ံက တိုးတိုးေလး ေျပာသည္။{ "ငါ့ရဲ႕ ဘိုးေဘး က သူ႕အသက္ကို အေသခံတာနဲ႔ ဆက္ႏြယ္တာကို အဆုံးသတ္ခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ မ်ိဳးႏြယ္စု အားလုံး က ေတာထဲကို ျပန္သြားၾကၿပီး ႐ႈပ္ေထြးေပြလီတဲ့ လူသားေတြနဲ႔ ဆက္ႏြယ္ဖို႔ မလုပ္ၾကေတာ့ဘူး။ လူသူေဝးတဲ့ ေနရာကိုပဲ ႏွစ္သက္ၾကေတာ့တယ္"}
ဟု ၾကံ့ပ်ံက ဆိုသည္။
{"ဒီလို အေျခအေနမ်ိဳးမွာ သူနဲ႔ေတြ႕တာ က ဘုရားသခင္ရဲ႕ အလိုပါ။ ငါ့ရဲ႕ စိတ္ အေျခအေန က မေကာင္းတဲ့ အတြက္ ဆက္ႏြယ္လိုက္တာ က ငါ့အတြက္ ေကာင္းပါတယ္။ ငါ သူ႕ကို အခြင့္အေရးေပးမယ္။ သူသာ သန္မာရင္ ငါ သူနဲ႔ ဆက္ႏြယ္မယ္။ ငါတို႔မ်ိဳးႏြယ္နဲ႔ ဆက္ဆံေရးကို သူတို႔ ဘယ္လိုေတာင္ အဆုံးသတ္ခဲ့ၾကလဲ?၊ အခုလည္း ဒီနည္း အတိုင္းပဲ ျပန္စၾကရလိမ့္မယ္"}
႐ွဲ႕စန္း အတြင္းစိတ္ထဲတြင္ တုန္လႈပ္သြားၿပီး ႐ုပ္ဆိုးေသာ အမူအရာ ႐ွိေနတဲ့ ယန္ခ်ီ ကို ၾကည့္လိုက္သည္။ "ဒါက ဘာကို ဆိုလိုတာလဲ?"
ယန္ခ်ီ၏ လက္ဖဝါးမ်ား က လက္သီးကို တင္းတင္း ဆုပ္ထားတာေၾကာင့္ သူ႕လက္ဖ်ံ႐ွိ ေသြးေၾကာမ်ား ေပၚေနသည္။
"ဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? ၾကံ့ခ်ိဳမ႐ွိရင္ သူ ဘယ္လုပ္မလဲ?"
႐ွဲ႕စန္း က "သူ႕ဦးခ်ိဳေတြ က ေျပာင္းသြားၿပီ။ ျဖတ္မွ ရမယ္။ တကယ္လို မင္း မဆက္ႏြယ္ခ်င္ရင္ ငါ သူ႕ကို ျပဳစု ေစာင့္ေ႐ွာက္ထားမယ္"
"မဟုတ္ဘူး ငါ သူ႕ကို ဂ႐ုစိုက္ေပးမယ္!" ယန္ခ်ီ က ျပတ္ျပတ္သားသား ေျပာသည္။
"ဒါဆို မင္းရဲ႕ အရည္အခ်င္း အေပၚ မူတည္တယ္။ အရင္ဆုံး သူ႕ရဲ႕ဦးခ်ိဳကို ျဖတ္ပစ္ရမယ္"
႐ွဲ႕စန္း က အက္ဒမ္ကို စိတ္ထဲမွာ ("ဘယ္ေလာက္ ျဖတ္ရမွာလဲ။ ျပန္ေပါက္ႏိုင္ေပမယ့္ တတ္ႏိုင္ရင္ ေလွ်ာ့ျဖတ္ေပးပါ")
အက္ဒမ္က ("အဖ်ား ဆို အဆင္ေျပပါတယ္။ စြမ္းအင္ကို အခြၽန္ဆုံး ေနရာမွာ စုစည္းထားတယ္")
႐ွဲ႕စန္း သက္ျပင္းခ်ကာ ယန္ခ်ီရဲ႕ အေျဖကို ေစာင့္ေနလိုက္သည္။
ယန္ခ်ီ က ၾကံ့ပ်ံ သားရဲဆီ ကို ေလွ်ာက္သြားလိုက္သည္
။
"မင္း ငါ့ကို တကယ္ လုပ္ေစခ်င္တာလား?"
ၾကံ့ပ်ံသားရဲက ေခါင္းညိတ္လိုက္သည္။ ယန္ခ်ီ ခဏေလာက္ တိတ္ဆိတ္သြားၿပီး သူ႕ေက်ာပိုးအိတ္မွ ဓားထက္ထက္ တစ္ေခ်ာင္းကို ထုတ္ယူလိုက္သည္။ ၾကံ့ပ်ံသားရဲ သည္ ဦးခ်ိဳကို နိမ့္ေစရန္အတြက္ ၎၏ေခါင္းကို ေျမႀကီးေပၚတြင္ ခ်ထားသည္။
႐ွဲ႕စန္း အျမန္ ေျပးသြားလိုက္သည္ ။ သူ အက္ဒမ္ ေျပာတဲ့အတိုင္း ထိပ္ဖ်ားကို တိုင္းလိုက္ကာ အလ်ား ဆယ္စင္တီမီတာခန္႔႐ွိေသာ အရာတစ္ခု ျပဳလုပ္ခဲ့သည္။
"ဒီေလာက္ ျဖတ္မယ္!"
ယန္ခ်ီ၏ မ်က္ႏွာ အမူအရာ အနည္းငယ္ ေပ်ာ့သြားသည္။ သူက ဓားလက္ကိုင္ကို ဆုပ္ကိုင္လိုက္ၿပီး စကၠန္႔ဝက္ေလာက္ ၿငိမ္ေနလိုက္သည္။ ထို႔ေနာက္ ငုံ႔ၾကည့္ကာ ၾကံ့ခ်ိဳကို ျဖတ္ရန္ လက္ကို ေျမႇာက္လိုက္သည္။ ခ်ိဳက သူ႕လက္ထဲ ေရာက္သြားေတာ့ သူ႕မ်က္ႏွာက ေျပာင္းလဲသြားၿပီး ဒီေနရာမွာ ႐ွိေနတာကို အံ့ၾသသြားသည္။
႐ွဲ႕စန္း က လွမ္းေျပာသည္။ "ငါ့ကို ေပးပါ"
ယန္ခ်ီ တုံ႔ဆိုင္းသြားသည္။ ၾကံ့ပ်ံသားရဲ က ေခါင္းကို ေျမႇာက္လိုက္ၿပီး ႐ွဲ႕စန္း ဆီသို႔ ေဆာင့္တြန္းလိုက္သည္။ သူ ေျခလွမ္းႏွစ္လွမ္း၍ တိုက္မိကာ ႐ွဲ႕စန္း ကို အံ့အားသင့္စြာ ၾကည့္ၿပီး ၾကံ့ဦးခ်ိဳကို ေပးလိုက္သည္။
အက္ဒမ္ အရမ္းစိတ္လႈပ္႐ွားသြားတယ္။ ("ေကာင္းလိုက္တာ!")
႐ွဲ႕စန္း သူ၏ ညာဘက္ပခုံးေပၚ႐ွိ ပ်ိဳးနီပန္းရဲ႕ အပူခ်ိန္ျမင့္တက္လာသည္ ကို ခံစားလိုက္ရသည္။ အပူေတြ က သူ႕လက္ထဲ႐ွိ ၾကံ့ခ်ိဳဆီကေန သူ႕ပုခုံးအထိ ေျပးဝင္သြားၿပီး ဦးခ်ိဳဆီက စြမ္းအင္ေတြ တဟုန္ထိုး ထြက္သြားသည္။ မၾကာခင္ ပ်ိဳးနီပန္းသည္ ၿငိမ္သက္ေသာ အေနအထား သို႔ ျပန္ေရာက္သြားၿပီး ၾကံ့ဦးခ်ိဳသည္ ေငြေရာင္ ေျပာင္းသြားခဲ့သည္ ။
သူ ခဏ စဥ္းစားၿပီး ဦးခ်ိဳကို ယန္ခ်ီအား ေပးလိုက္သည္။
"အမွတ္တရ အျဖစ္ သိမ္းထားလို႔ရတယ္!"
ယန္ခ်ီ၏ မ်က္ႏွာ အမူအရာ အနည္းငယ္ လႈပ္သြားသည္။ သတိႀကီးႀကီးနဲ႔ ယူလိုက္ၿပီး ေက်ာပိုးအိတ္ထဲ ေသေသခ်ာခ်ာ ထည့္လိုက္သည္။
ၾကံ့ပ်ံ သားရဲက ေျမျပင္ေပၚကေန ထၿပီး ယန္ခ်ီကို ၾကည့္ကာ ေအာ္လိုက္သည္။ ေအာ္ဟစ္သံ က နိမ့္က်ေနသည္။
ခ်ီေ႐ွာင္း၏ မ်က္ႏွာ အမူအရာ ႐ုတ္တရက္ ေျပာင္းလဲသြားသည္။ ေပ်ာ္႐ႊင္မႈေတြေရာ စိုးရိမ္မႈေတြေရာ ႐ွိခဲ့သည္။
မိုင္နဲ က ႐ွဲ႕စန္း အေနာက္ ကို ေ႐ႊ႕လိုက္သည္။ အလယ္မွာ ၾကံ့ပ်ံသားရဲႏွင့္ ယန္ခ်ီတို႔သာ က်န္ရစ္ခဲ့သည္။
အခ်ိန္တို အတြင္းမွာပင္ ယန္ခ်ီ၏ နဖူးတြင္ ေခြၽးအလႊာမ်ား ေပၚလာကာ သူ႕ပါးျပင္မ်ား တျဖည္းျဖည္းနီလာၿပီး တင္းမာလာသည္။ အသံ တစ္ဝက္ေလာက္သာ ထြက္ႏိုင္ၿပီး မ်က္ႏွာ ျဖဴေဖ်ာ့သြားသည္။ ေျခေထာက္ေတြ ေပ်ာ့ေခြသြားၿပီး ေျမျပင္ေပၚ ဒူးတစ္ဖက္ ေထာက္လိုက္သည္။
႐ွဲ႕စန္း ကို ေအာ္ျပသည့္ "မူးးး" က ဘာကိုဆိုလိုသည္ကို နားမလည္ေသာေၾကာင့္ သူ႕ဗိုက္ကို ထိရန္ ၾကံ့ပ်ံသားရဲထံ ခ်ဥ္းကပ္လိုက္သည္။
{"သူ က ေတာ္တယ္"} ၾကံ့ပ်ံ သားရဲရဲ႕ အသံက သူ႕စိတ္ထဲမွာ ေပၚလာသည္။ ႐ွဲ႕စန္း အံ့ၾသသြားသည္။ စြမ္းအင္ကို စုပ္ယူခဲ့ၿပီးၿပီ မဟုတ္ဘူးလား?
အက္ဒမ္ က ("အဲဒါ စြမ္းအင္ရဲ႕ သက္ေရာက္မႈ ေၾကာင့္ေလ။ စြမ္းအင္က အခု မင္းဆီမွာ ႐ွိတယ္။ မင္း သူ႕ေဘးမွာ ႐ွိေနလို႔ မင္း သူနဲ႔ ဆက္သြယ္လို႔ ရေနတာေလ"
အဲဒီ့ အခ်ိန္မွာ အေပၚကေန လင္းယုန္ငွက္ရဲ႕ ေအာ္သံ ထြက္ေပၚလာသည္။ ေမာ့ၿပီး ၾကည့္လိုက္ေတာ့ လင္းယုန္ငွက္သည္ ေလထဲတြင္ ပ်ံဝဲေနၿပီး ညာဘက္ကို ၾကည့္ေနတာ ေတြ႕လိုက္ရသည္။ မၾကာမီခင္ က်ားႀကီးႏွင့္ ဆင္ႀကီး ႏွစ္ေကာင္သည္ ညာဖက္ျခမ္းမွ ေပၚလာၿပီး ၾကံ့ပ်ံ သားရဲဆီသို႔ တိုက္႐ိုက္ ေျပးသြားၾကသည္။
႐ွဲ႕စန္း အၾကံ တစ္ခုရၿပီး မ်က္ေတာင္ ခတ္လိုက္သည္။( "မင္း ေျပာသလို ဆိုရင္ အျခားသူေတြကလည္း စြမ္းအင္ရဲ႕ သက္ေရာက္မႈ ခံထားရႏိုင္တယ္။ ဒါဆို ငါ သူတို႔ အနားမွာ ႐ွိေနရင္ ငါ သူတို႔နဲ႔လည္ဴ ဆက္သြယ္လို႔ရမလား?")
("အင္း") အက္ဒမ္က အတည္ျပဳခဲ့သည္။
႐ွဲ႕စန္း ပ်ံသန္းေနေသာ လင္းယုန္သားရဲကို ၾကည့္ၿပီးေနာက္ ဧရာမ က်ားသားရဲႏွင့္ ဧရာမ ဆင္သားရဲမ်ား ကို ၾကည့္လိုက္သည္။ ဒါက နည္းနည္း မိုက္တယ္ လို႔ သူဘာေၾကာင့္ ထင္ေနမိတာလဲ?
_______________________________________________________________
Pay Group အေၾကာင္း Message မွာ လာေမးလို႔ရပါတယ္ေနာ္၊ အားလုံးကို ေက်းဇူးတင္ပါတယ္႐ွင့္ (◍•ᴗ•◍)🤎🤎🤎