Peculiarly System [Completed ]
By MaLaKaoYa
855K 90.3K 2.8K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(12.7)
2.6K 332 11
By MaLaKaoYa
မနက်ခင်းမှာ ချစ်ရသူနဲ့နှစ်ယောက်အတူ နိုးထလာရတဲ့ခံစားချက်က အလွန်ကြည်နူးဖို့ကောင်းတယ်မဟုတ်လား။
ညကျမှအခန်းခွဲအိပ်မယ်ဆိုတဲ့ ဘန်က ပြောပြီးကတည်းက အိပ်ပျော်သွားလိုက်တာ ဒီမနက်ရောက်တဲ့အထိ မနိုးသေးပါဘူး။
ဂျက်ဖရီက ဘန့်ကို ငေးကြည့်နေရာမှ ပါးလေးကို အနမ်းတစ်ချက်ပေးကာ မွှေးကြူလိုက်ရင်း နူးနူးညံ့ညံ့နဲ့ စကားဆိုလိုက်သည်။
" ဟန်နီ ထတော့လေ ''
" နိူးနေပါပြီ..မျက်စိတွေက မပွင့်သေးတာပါ ဒါလင်ရာ ''
အိပ်ချင်မူးတူး လေသံနဲ့ ပြောလာတဲ့ဘန်ရဲ့ နူတ်ခမ်းပါးလေးကို ဂျက်ဖရီက တစ်ချက်ဆွဲစုပ်လိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။
ထို့နောက် ဂျက်ဖရီက နူတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး   အသည်းယားစွာ ပွေ့ချီလိုက်တဲ့အခါ ဘန့်ရဲ့ မျက်လုံးလေးတွေက ဖျက်ခနဲ ပွင့်လာခဲ့သည်။
" ဂျက်ဖရီ.. ဘာလုပ်တာလဲ ၊ ချပေး''
" မနက်ဖြန်ညမှ ချပေးမယ်နော်''
" ဘာပြောတာလဲ.. အောက်ကိုချပေးဖို့ပြောနေတာလေ ''
" မသိပါဘူး..ကိုယ်က ''
" တော်တော့..ဒါနဲ့   မနက်ဖြန်ညကဘာမို့လို့လဲ ''
" ကိုယ်နဲ့ဟန်နီနဲ့ရဲ့ မင်္ဂလာဦးညလေ''
" ဘယ်သူကဆောင်မယ်ပြောလို့လဲ ''
နှာခေါင်းလေးရှုံ့ကာ အောင့်စူစူနဲ့ မျက်စောင်းထိုးရင်းပြောလာတဲ့ဘန့်ရဲ့ ပါးလေးကို ဂျက်ဖရီက တစ်ဖန်ထပ်နမ်းပြန်သည်။
အခန်းလေးထဲမှာ ရယ်သံတွေက ဆူဆူညံလို့နေပါရဲ့။
........
မနက်စာစားပြီးတဲ့အချိန်ကနေစပြီး ဂျက်ဖရီက အလုပ်တွေရှုပ်နေတော့တာမို့ ဘန်က အခန်းထဲမှာ ငြိမ်ငြိမ်လေးနေပြီး Kitty နဲ့စကားစမြည်ပြောမိသည်။
ယခုဆို ညနေဘက်တောင်ရောက်လုနေပြီဖြစ်သည်။ ရယ်စရာမောစရာတွေ ထွေရာလေးပါးလျှောက်အတင်းပြောပြီးမှ Kitty က တစ်ခုခုကို သတိရသွားလေဟန်ဖြင့် သက်ပြင်းချလေသည်။
' Host ထူးဆန်းတာတွေဖြစ်ပျက်သွားတယ် စိတ်တော့မကောင်းပါဘူး '
' ဘာကိုလဲ '
စကားပလ္လင်ခံနေသော Kitty ကို ရှောင်းကျန့်က မေးလိုက်ပေမယ့် အတန်ကြာသည်အထိ Kitty က စကားမပြောဘဲ ငြိမ်နေလေသည်။
သူတို့က ရောက်တတ်ရာရာစကားတွေပြောပြီး အပျင်းပြေလျှောက်ပြောနေကြတာမဟုတ်လား။
ယခု Kitty ဖြစ်သွားတဲ့ပုံစံကြောင့် ရှောင်းကျန့်က မျက်ခုံးတွေ့ကျိုးတွန့်လာရသည်။
' Kitty ဘာဖြစ်တာလဲ ပြောလေ '
' ဧကရာဇ်ရဲ့ ဝိညာဉ်တစ်ပိုင်းလေ ၊ ပျောက်နေတဲ့အပိုင်းကို ကျွန်တော်တွေ့ပြီ '
' အဲ့တာ ပျော်စရာကောင်းတာပေါ့ ၊ ဘာလို့မင်းက စိတ်မကောင်းဖြစ်....'
ရှောင်းကျန့်သည်စကားကို ခဏရပ်တန့်လိုက်ပြီး မျက်လုံးတွေ ပြူးကျယ်ကာ Kitty ကို ကြည့်လာခဲ့သည်။
ထို့နောက် အံ့သြဘနန်းလေသံကျယ်ကျယ်ဖြင့်ဆက်ပြောလာခဲ့သည်ကား..
'မဟုတ်မှလွဲ..  ဒီကမ္ဘာထဲမှာလား '
' ဟုတ်တယ် ..ဗန်ပိုင်းယား အန်ဒရူးရဲ့ ကိုယ်ထဲကို ဝင်သွားတယ် '
Kitty က လေသံပျော့ပျော့နဲ့ ထောက်ခံပေးလာတော့ ရှောင်းကျန့်က ကိုယ့်နဖူးကို ပြန်ရိုက်ပြီး မြည်တွန်တောက်တီးတော့သည်။
' သောက်ကျိုးနည်းမှုကလည်းဟေ့..အရမ်းအရမ်းဆန်းကြယ်လွန်းတယ် '
' Host နောက်ထပ် ကမ္ဘာနှစ်ခုပဲကျန်တော့တယ်'
' အင်းပါ ၊ အခု ငါ ဂျက်ဖရီဆီသွားလိုက်အုန်းမယ်..ဂျက်ဖရီက ခုဘယ်နားမှာရှိနေလဲ သိလား
kitty '
' ဟုတ်ကဲ့.. Host ! လသာဆောင်မှာ အန်ဒရူးနဲ့ စကားပြောနေတယ်'
' ဘာ!!'
ရှောင်းကျန့်သည် Kitty ရဲ့စကားအဆုံး လသာဆောင်ကို ထွက်လာခဲ့တော့သည်။
...........
ဂျက်ဖရီက အန်ဒရူး၏ မျက်နှာကို မမှိတ်မသုန်ကြည့်ပြီး ဒေါသတွေအလိပ်လိပ်ထွက်နေသည်။
ဘယ်လိုသတ္တိနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ဘန်လေးကို ပေးပါလို့ တောင်းဆိုနေတာပါလိမ့်။
မနက်ဖြန်ဆိုရင် သူက ဘန်နဲ့ မင်္ဂလာဆောင်တော့မှာလေ ။ဒါကို ဒီ ဖုတ်ကောင်က ဘာတွေလာဖြစ်နေတာလဲ။
အန်ဒရူးသည်လည်း ဘန်ကိုမရရင် မပြန်ဘူးဆိုတဲ့ သဘောဆောင်သည့် အကြည့်နဲ့ ကလေးဆိုးကြီးလို လုပ်နေတာမို့ စိတ်ဆင်းရဲစရာအတော်ကောင်းနေသည်။
လသာဆောင်မှာ နှစ်ယောက်သားအကြည့်စစ်ခင်းနေတုန်း ရောက်လာသူကြောင့် သူတို့နှစ်ဦးက အကြည့်တွေချက်ချင်းနူးညံ့သွားကြတော့သည်။
" ဘန် ''
သံပြိုင်ခေါ်သံအဆုံးမှာ စိတ်ဆင်းရဲနေသော ဘန်ရဲ့အကြည့်တစ်ချက်ကို ရလိုက်တာမို့ နှစ်ယောက်စလုံးငြိမ်နေဖို့ပဲ တတ်နိုင်သည်။
ရှောင်းကျန့်က Kitty ရဲ့ အပြောကြောင့် အန်ဒရူးခန္ဓာကိုယ်ထဲမှာ အရှင်ဝမ်ရဲ့ ဝိညာဉ်တစ်ပိုင်းရောက်ရှိလာကြောင်းသိလိုက်ရသည်။
ဘယ်လိုပါလိမ့် ။ သူထွက်ပြေးလာချိန်မှာ အိပ်ပျော်နေတဲ့ အန်ဒရူးရဲ့ ကိုယ်ထဲကို  အရှင်ဝမ်ရဲ့ဝိညာဉ်အငွေ့တန်းတွေဝင်သွားခဲ့လေသတဲ့။
စိတ်ဆင်းရဲစရာပါပဲ။
စောမင်းလတ်ဘဝတုန်းကလည်း သူ့ချစ်သူမှာ ညစာမစားလိုက်ရဘူး။
ဒီဘဝလည်း ညစာမစားရတော့ဘူး။
စိတ်မကောင်းပေမယ့် သူ့အတွက် အရမ်းသက်သာတာပေါ့လေ။
" ဂျက်ဖရီနဲ့အန်ဒရူး ''
" ဒါလင်လို့ပဲခေါ်ပါကွာ ဟန်နီ ''
" ဒယ်ဒီလို့ပဲခေါ်လေ ဘေဘီ ''
နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပြိုင်ပြိုင်ဆိုင်ဆိုင်ရှိလှတာကြောင့် ဘန်က ပိုမိုနားထင်ကိုက်ခေါင်းကိုက်လာရတော့သည်။
" ဟုတ်ပြီ.. ဒယ်ဒီ နဲ့ ဒါလင် နှစ်ယောက်စလုံးက အခုပြဿနာတက်နေကြတယ်ပေါ့? အကြောင်းအရင်းက ဘန့်ကြောင့်?? ''
သူ့ရဲ့ မေးခွန်းလေးကို ဂျက်ဖရီနဲ့ အန်ဒရူးက ခေါင်းလေးညိတ်ပြလာပေမယ့် မျက်လုံးတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အကြည့်စစ်ခင်းနေကြတုန်းဖြစ်သည်။
" ဆိုတော့ ဘန်က ဒယ်ဒီခေါ်တဲ့နောက်ကိုပြန်မလိုက်ချင်ဘူး ''
အန်ဒရူးရဲ့ ဝမ်းနည်းသွားတဲ့ပုံစံလေးကြောင့် ဘန်က ရင်ထဲမှာ ဆစ်ခနဲ နာကျင်သွားရပြီး ဂျက်ဖရီက တစ်ခြမ်းစောင်းအပြုံးကြီးနဲ့ပီတိဖြာနေလေသည်။
သို့သော် ထိုအပြုံးသည် ကြာကြာမခံလိုက်ပေ။
" ဘန်က ဒါလင့်ကိုလည်း လက်မထပ်ပါဘူး ''
" ဘယ်လို? "
ဂျက်ဖရီက အံ့သြသလို မေးမြန်းလာပြီး မျက်ဝန်းတို့မှာလည်း မယုံကြည်နိုင်ခြင်းများစွာက ပြည့်နှက်လို့နေသည်။
" ဟန်နီ.. ကိုယ့်မိဘတွေကိုတောင်ပြောပြီးပြီ ၊ ကိုယ်တို့တွေ မနက်ဖြန် လက်ထပ်ကြမယ်ဆိုတာ သူတို့လက်ခံတယ်လေ ၊ အစေခံတွေတောင်မှ မင်္ဂလာပွဲခန်းမကို ပြင်ဆင်နေကြပြီလေ ''
".......''
"မနေ့ကအထိအကောင်းကြီးပါ .. ဘာလို့အခုမှ ဒီလိုလုပ်ရတာလဲ ''
ဘန်ရဲ့ ပုခုံးကို ကိုင်လှုပ်ပြီး ဂျက်ဖရီက ဒေါသတကြီး ဆိုနေစဉ်မှာ အန်ဒရူးကလည်း ငြိမ်သက်နေတဲ့ ဘန်ကို ငေးကြည့်နေမိသည်။
" ဘန်..ဒယ်ဒီ့ကိုပြောပါ ၊ ဘန့်မှာ ဘယ်လိုအနှောက်အယှက်ရှိနေလို့လဲ ''
အန်ဒရူးရဲ့စကားကြောင့် ဘန်က နူးနူးညံ့ညံ့နဲ့ ပြုံးလိုက်ပြီး...
" တောင်းပန်ပါတယ်.. ဘန့်မှာ ပြောပိုင်ခွင့်မရှိပါဘူး ''
ဘယ်ပြောလို့ရမလဲ၊
ပြောရင် ငါ့ကို မင်းတို့က အရူးလို့ထင်သွားမှာပေါ့။
ရှောင်းကျန့် (ဘန်)က စိတ်ထဲကနေ တွေးပြီး အပြင်ပန်းမှာတော့  မချိပြုံးလေးပြုံးနေလိုက်သည်။
#####
Zawgyi
" ဟန်နီ ထတော့လေ ''
" နိုးနေပါပြီ..မျက်စိတွေက မပွင့်သေးတာပါ ဒါလင်ရာ ''
" မသိပါဘူး..ကိုယ်က ''
........
' ဘာကိုလဲ '
kitty '
' ဘာ!!'
...........
" ဘန် ''
စိတ်ဆင်းရဲစရာပါပဲ။
" ဂျက်ဖရီနဲ့အန်ဒရူး ''
" ဘယ်လို? "
".......''
ဘယ်ပြောလို့ရမလဲ၊
#####
Continue Reading
You'll Also Like
367K 14.3K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
16.2K 742 9
ငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်
565K 48.7K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...
115K 10K 49
????This is not Translation. ????This is my 2nd Own creation. 21ရာစုမှ လင်းခေတ်တရာ ဟာ ခါးပိုက်နှိုက်တစ်ယောက်နောက်ကိုလိုက်ရင်း ဓားထိုးခံရကာ သေသွားတာကြ...