'LOTUS KILLER' {Ongoing}
By Mary_koe552005
146K 11.3K 1.2K
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More
1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories
16
2.9K 266 6
By Mary_koe552005
နိုဝင်ဘာလရဲ့ ချမ်းမြမြ ဆောင်းညဝယ် အေဗလင်က သူ့ရှေ့က မလှမ်းမကန် ခုံမှာ ထိုင်နေတဲ့ ဉာဏ်ကိုးနောင်ကို ချောင်းကြည့်နေခဲ့သည်။
ကိုးနောင်က လည်ပိတ်ဆွယ်တာ အထူ နို့စိမ်းရောင်ကို ဝတ်ဆင်ထားပြီး ခြေတစ်ဖက်ချိတ်ကာ ထိုင်နေသည်။အာရုံက လက်ထဲက ကင်မရာကို သာ စူးစိုက်နေလျက်။
ပါရီမြို့လယ်သည် ဆောင်းည ရှိုးပွဲများနဲ့ စည်ကားလျက်ရှိသည်။ခရစ်စမတ်သစ်ပင်များပေါ် နှင်းဖြူဖြူများ ဖွေးလျက်။
ကိုးနောင်က ထ လိုက်ကာ စင်ပေါ်က အဆိုတော်မလေးကို ဓာတ်ပုံရိုက်နေသည်။
ရှည်လျားသော အရပ်အမောင်းက ဝါးပင်လေးလို ဖြောင့်စင်းစွာ။ကင်မရာကိုင်ထားတဲ့ လက်ချောင်းလေးများက ရှည်သွယ် ဝင်းမွတ်စွာ။
အေဗလင် စိတ်ထဲ မရိုးမယွ ဖြစ်လာသည်။သောက်ထားတဲ့ ဘီယာတန်ခိုးကြောင့် သွေးက ခပ်ရဲရဲ။
ကိုးနောင်ကို လိုချင်သည်။အရမ်း လိုချင်သည်။စောက်ရမ်းကို လိုချင်သည်!!!။
ကိုးနောင် ကို ရလျှင် သူ့ အိပ်ခန်းထဲကနေ တစ်သက်လုံး ပေးထွက်မှာ မဟုတ်တော့ပေ။
အေဗလင် သွေးကြွနေသည်။
ကြည့်လေ ကြည့်လေ သည်းမခံနိုင်တော့တာနဲ့ ကိုးနောင် အနားကို သွားကာ ခါးကို ဖက်ဖို့ အရှိန်နဲ့ ပြေးလာသည်။
ကိုးနောင်အရပ်က အတော်လေး ရှည်သည်။အေဗလင် အရပ်တောင် သူ့ပုခုံးလောက်ပဲ ရှိသည်။ပြေးလာတာ အရှိန်လွန်သည့် အပြင် ကိုးနောင်က အနောက် ကျောပေး လှည့်လိုက်တာကြောင့် လက်က ခါး မရောက်ဘဲ တင်ပါးဆီ ရောက်ကာ ချော်ထွက်သွားသည်။
'ဖြန်း' ဆိုသည့် အသံက ကျယ်လောင်စွာ။
အသံကျယ်ကျယ်ကြောင့် လူတွေက သူတို့ နှစ်ယောက်ဆီ ဝိုင်းကြည့်လာကြသည်။
ကိုးနောင်က သူ့ကို လှည့်ကြည့်သည်။သူ့ ဘဝ တွင် အဲ့ အကြည့်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပေ။
ဗလာဖြစ်နေတဲ့ မျက်ဝန်းသေတွေက ကြက်သီးထစရာ ကောင်းလွန်းအောင် အေးခဲနေသည်။ဗလာ မျက်ဝန်း၊ မာကျော တည်တံ့လွန်းတဲ့ မျက်နှာ။
အေဗလင် ဆောင်းရာသီဝယ် ချွေး ပင် ပြန်လာရသည်။ကိုးနောင် ရုတ်တရက်ကြီး ဘာဖြစ်သွားမှန်း သူ မသိ။
သို့သော် ထူးဆန်းစွာနဲ့ နောက်နေ့ ညနေ 7နာရီတွင် ကိုးနောင်က အေဗလင် ကို 'သူ့ ပုံတူ ဆွဲပေးမလား' လို့ လာ ကမ်းလှမ်းခဲ့သည်။
သေချာတာပေါ့။ဒါမျိုး အေဗလင် သေတာတောင် ငြင်းမည် မဟုတ်ပေ။
++++
ကျွီခနဲ တိုက်ခန်း တံခါးကြီး ကို ဆွဲဖွင့်လိုက်သည်။
အေဗလင်ရဲ့ တိုက်ခန်းက အတော်လေး ကျယ်သည်။
အေဗလင်  နောက်ကလူကို မြူးထူးစွာ ကြည့်လိုက်သည်။ကိုးနောင်က အိမ်ကို စူးစမ်းနေရာမှ သူ့ကို ပြုံးပြသည်။သူ့ အပြုံးက နည်းနည်းတော့ စိတ္တဇဆန်သည်။
ကိုးနောင်က ခေါင်းစွပ်ပါတဲ့ အင်္ကျီပေါ် အနက်ရောင် long coat ကြီး ထပ်ဝတ်ထားသည်။လူတစ်ကိုယ်စာ  coatရှည်ကြီးက လူတစ်ကာနဲ့ မလိုက်ဖက်သော်လည်း ကိုးနောင်ရဲ့ မြင့်မားလှ‌သော အရပ်မောင်းကြောင့် လိုက်ဖက်ညီကာ ကြည့်ကောင်းသည်။ကိုးနောင်က လက်အိတ် အနက်ကို တစ်ချိန်လုံး စွပ်ထားသည်။
"Ok. . .  Welcome to my home . . ."
"ခင်ဗျား အိမ်က ပြတိုက်ကြီး ကျနေတာပဲ. . . ‌ပန်းချီကားတွေနဲ့ ချည်း ပြည့်နေတယ်"
အေဗလင် အိမ်ဧည့်ခန်းဝယ် ထောင်ထားတဲ့ ပန်းချီကားတွေ၊ ဆွဲလက်စ ကြမ်းပေါ် လဲကျနေတဲ့ ပန်းချီကားတွေ၊ပြန့်ကြဲနေတဲ့ ဆီဆေး အရောင်တွေ၊အမှိုက်တွေနဲ့ ဖရိုဖရဲ ။
ပွစိတက်‌နေသည်မှာ ခြေပင် ကောင်းကောင်းချ မရ။
"ဂျွတ်"
ကိုးနောင်က ပန်းချီကားတစ်ကားကို တက်နင်းမိသွားသည်။
"Sorry "
"ရပါတယ်. . . ပြဿနာ မရှိပါဘူးကွာ. . ."
အေဗလင်က ပန်းချီကားတွေကို ထိရင် စိတ်ဆိုးသော်လည်း ဉာဏ်ကိုးနောင် မို့ ဗွေ မယူတော့ပေ။
"ငါ သန့်ရှင်းရေး မလုပ်တာ တစ်နှစ်လောက်ရှိပြီ . . .အဟား. . . မင်း ကို အားနာလိုက်တာ. . .ဆိုတော့ ငါ့ ပန်းချီဆွဲခန်းက ဒီအခန်းပဲ. . ."
ကိုးနောင် က ပန်းချီခန်းထဲက ပြတင်းပေါက်မှာ လှမ်းမြင်နေရတဲ့ အီဖယ်တာဝါကို ငေးမောကြည့်လိုက်သည်။အီဖယ်တာဝါက မိုးည အောက်မှာ လင်းလက်စွာ။
"ပုံဆွဲမယ်လေ. . ."
အေဗလင်က အရမ်း စိတ်လှုပ်ရှားလျက်။
ကိုးနောင်က ဆိုဖာ ပေါ်မှာ လက်ပိုက်ပြီး ထိုင်လိုက်သည်။
"ဧည့်သည်ကို ညစာ အရင် မကျွေးတော့ဘူးလား"
ကိုးနောင် က လေပြည်အေးလို အသံနဲ့ မေးသည်။
"Oh. . . ok. . . အမ်း . . . စပါတာကီ စား မလား"
"အင်း. . ."
လေ အလျင် လို ချက်ပြုတ်ပြီးသကာလ အေဗလင်က ကိုးနောင်ကို ခေါ်လိုက်သည်။
သို့သော် ကိုးနောင်က ပုံဆွဲပြီးမှ စားရအောင် လို့ ပြောပြန်သည်။
အိုကေ. . .အကုန်လုံး မင်း သဘော တိုင်းပဲ ပေါ့။
"ဆွဲမယ်ဆို ဆွဲလေ. . ."
အေဗလင်က Canvas ကို သေချာချိန် စုတ်တံကို Colour plateပေါ်တင်လိုက်သည်။
"နေဦး. . .မင်း position မှားနေတယ်"
အေဗလင်က ကိုးနောင် ခေါင်းကို နည်းနည်းစောင်းလိုက်သည်။
ကိုးနောင် မျက်နှာကို အပေါ်စီးကနေ ကြည့်မိချိန် စိတ် ထိန်းမရစွာ ပါးကို ဖိကပ်နမ်းလိုက်သည်။
ကိုးနောင်က ငြိမ်ခံနေ၍ အေဗလင် နှုတ်ခမ်းကို နမ်းရန် ကြံလိုက်စဉ် ကိုးနောင်က တွန်းလိုက်သည်။
အေဗလင် ပုံဆက် ဆွဲသည်။
ရုတ်တရက် ကိုးနောင်က ခါးကိုင်းကာ လက်နှစ်ဖက်ကို ယှက်၊လက်ပေါ် မေးတင် လိုက်သည်။သူ့ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ဘေးတိုက် ကွေးညွှတ် သွားလျက်
"ကျွန်တော်ကို ချစ်တယ်မလား "
ဟု ကောက်ကာငင်ကာ မေးသည်။
အေဗလင်ရဲ့ စုတ်တံကိုင်ထားတဲ့ လက်တွေ တင်းကြပ်သွားသည်။
"အင်း. . ."
တိတ်တခိုး ဝန်ခံသံအဆုံး ကိုးနောင်က ရယ်သည်။
"ဘယ်လောက်ထိ ချစ်လဲ. . ."
"ပင်လယ်ကြီး လောက် . . ."
အေဗလင်က ကဗျာဆန်ဆန် ရွှတ်နောက်နောက် ဖြေသည်။
"ပင်လယ်လောက်ပဲ ချစ်တာလား"
"ကောင်းကင်ကြီးလောက်ကွာ"
"ကောင်းကင်ကြီးလောက်ပဲ ချစ်တာလား"
ချစ်သူရည်းစား အချစ်ကျီစယ်နေသလို
အေဗလင် ခံစားသွားရသည်။
"ကျွန်တော့်အတွက်ဆို အသက်ကို ပေးနိုင်လောက်တဲ့ထိ. . .ရော ချစ်. . .လား"
ထိုမေးခွန်းကို အေဗလင် မျက်လုံးတည့်တည့် စိုက်ကြည့်ကာ မေးသည်။သူ့အကြည့်များက ခန္ဓာကိုယ်ကို အတိုင်းတိုင်း ထွင်းဖောက်နေသလို။
"ချစ်တယ် မင်းတွက်ဆို အရာအားလုံးပေးနိုင်တယ်. . ."
"တကယ်"
"တကယ် တကယ်"
ကိုးနောင်က ပြုံးလိုက်သည်။ထို အပြုံးသည် ကမ္ဘာပေါ်မှာ အလှဆုံး အပြုံးလို့ တောင် အေဗလင်တင်စားလိုက်ချင်သည်။
အေဗလင်အနားသို့ တဖြည်းဖြည်း တိုးကပ်လာကာ နဖူးကို ဖွဖွလေး နမ်းသည်။
"မျက်လုံးမှိတ်. . . 1 2 3 လို့ ရေမယ်. . .3 မရောက်မချင်း မျက်လုံးမဖွင့်ရဘူးနော် . . ."
အေဗလင်က အသံချိုချိုကို နာခံစွာ မျက်လုံးမှိတ်လိုက်သည်။အေဗလင် နောက်ဆုံး တွေ့လိုက်ရတာ မျက်တောင် ရှည်ကြီးများ ကာရံထားတဲ့ တလဲ့လဲ့တောက်ပနေတဲ့ မျက်လုံးစိမ်းစိမ်း များကိုသာ။
"1"
ကိုးနောင် မက်တပ်ရပ်လိုက်တာကို အေဗလင် ခံစားမိသည်။
"2"
တစ်ခုခု လှုပ်ရှားသွားသည်။
"3!!"
"ဝုန်း ဒုတ် ဒုံး ဒုံး. . . "
အေဗလင်ခေါင်းကို ပုဆိန်နဲ့ တစ်ချက်တည်း ခုတ်ချလိုက်သည်။ဖြန်းခနဲ သွေးစတွေ
ကိုးနောင် မျက်နှာကို လာစင်သည်။ကိုးနောင်က သွေးစကို လျှာ နဲ့ လျက်ကြည့်သည်။ထင်သလောက်လည်း အရသာ မရှိပေ။
ကိုးနောင်က ‌အကြောတစ်ချက်ဆန့်လိုက်ကာ coatကို ချွတ်လိုက်ပြီး ဆိုဖာပေါ် တစ်ရေး အိပ်လိုက်သည်။မသိရင် ပေါ့ပေါ့ပါးပါး ပျော်ပွဲစား ထွက်လာသလို။
အိပ်နေရာမှ ထလာသောအခါ 9နာရီ။
လဲကျနေသော ခေါင်းမပါသည့် ကိုယ်ကြီးက ကြည့်မကောင်း၍ နည်းနည်း အလှဆင်ပေးချင်စိတ်ပေါက်လာတာကြောင့် ထိုင်ခုံ တစ်ခုပေါ် တင်ပေးလိုက်သည်။အပ်နဲ့ အပ်ချည်ကို သုံး၍ လက်တစ်ဖက်ကို စုတ်တံနဲ့ တွဲချုပ်ကာ လက်တစ်ဖက်ကို colour plate နဲ့ တွဲချုပ်ပေးလိုက်သည်။‌သွေးတွေ ပေနေတဲ့ Canvasပြားကို ဘေးမှာ ချပေးလိုက်သည်။
"လှသွားပြီ"
ဉာဏ်ကိုးနောင်လည်း designer လုပ်တတ်သည်။
ဗိုက်ဆာလာတာကြောင့် အေဗလင်ရဲ့ မီးဖိုခန်းထဲ ဝင်လာတော့ အေဗလင် လုပ်ထားတဲ့ စပါတာကီ ကို မြင်သည်။
အိမ်ရှင် ကို မကျွေးဘဲ သူ ချည်းစားရင် အားနာစရာ အင်မတန် ကောင်းတာကြောင့် အေဗလင် ခေါင်းပြတ်ကြီးကို ဆွဲယူလာကာ ထမင်းစားပွဲပေါ် တင်လိုက်သည်။
ပြီး စပါတာကီ နှစ်ပွဲထဲက တစ်ပွဲကို ခေါင်းပြတ်ကြီးရှေ့ ချပေးလိုက်သည်။
"အချို့ ဘာသာရေး အယူဆတွေက အစိမ်းသေ သေပြီးရင် တန်း မကျွတ်ကြဘူးလို့ ပြောကြတယ်. . . ဟုတ် မဟုတ်တော့ ကျွန်တော်လည်း မသေဘူးလို့ မသိဘူးဗျ . . .တကယ်လို့ ခု မကျွတ်သေးရင် စပါတာကီလေး အရင် သုံးဆောင်သွားပါဦး. . .စားပြီးမှ အေးအေးဆေးဆေး ဘဝကူးပေါ့. . . အချိန်တွေ အများကြီး ရှိပါသေးတယ်. . ."
ကိုးနောင်က ထိုင်ခုံ တစ်ခုံ ဆွဲယူကာ အေဗလင် နေရာလို့ သတ်မှတ်ပေးလိုက်သည်။
အေဗလင် ‌သောက်နေကျ အရက်ပုလင်းကို ခေါင်းပြတ်ကြီး ဘေး ထားလိုက်သည်။
ပြီး စပါတာကီ နောက်တစ်ပွဲကို တစ်စက်မှ မကျန်အောင် ကိုးနောင် အကုန် စားပစ်သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ဝယ် ခေါင်းပြတ်ကြီးက ခြောက်ခြား ဖွယ်ရာ။မျက်လုံးနေရာကနေ သွေးမျက်ရည်တွေ စီးကျလာသည်။
ကိုးနောင်က စားပြီးသွားသောအခါ ယဉ်ကျေးမှု ရှိစွာ ပန်းကန်တွေ အကုန် ဆေးပေးခဲ့သည်။
အိမ်ဧည့်ခန်းက ရှုပ်ပွနေတာ အမြင်မတော်လို့ သပ်သပ်ရပ်ရပ် ဖြစ်အောင် သန့်ရှင်းရေးလည်း လုပ်ပေးခဲ့သေးသည်။
ဟိုရှင်း ဒီရှင်း လုပ်ရင်း အော်ပါရာ သီချင်းခွေ တွေ့တာနဲ့ ကောက်ဖွင့် ကြည့်တော့ ဘာတွေ ဆိုနေမှန်း မသိသော်လည်း နားထောင် ကောင်းလို့ ဖွင့်ထားလိုက်သည်။
ကိုယ့် အိမ် ကိုယ့်ယာ လိုမျိုး အိမ်ထဲကို လျှောက်သွားနေသည်။
အေဗလင် သည် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးဟု ထင်ချင် ထင်နေပေမည်။
တကယ်က အေဗလင် ချစ်တာ ကိုးနောင် မျက်နှာကိုသာ။‌
အေဗလင်မှ သူ့ကို ချစ်တယ်လို့ ဆိုခဲ့တာ မဟုတ်ပေ။ချစ်တယ် ဆိုတဲ့ စကားကို ကိုးနောင် ခဏ ခဏ ကြားခဲ့ဖူးသည်။သို့သော် သူတို့ အားလုံး ချစ်တာ ကိုးနောင် ခန္ဓာကိုယ် ကိုသာ။
လူ 100%မှာ 60%သည် ဉာဏ်ကိုးနောင်ကို သိပ်လှသည် ဟု ငေးမော ဆိုကြသည်။30%က သိပ်တော်တာပဲ ဟု ချီးကျူးကြသည်။အကြောင်းသိတဲ့ 9%က သိပ် ကြောက်စရာ ကောင်းတာပဲ ဟု ပြောကြသည်။
သူ့ကို ဘာကြီးဖြစ်နေနေ ချစ်ပါသည် ဆိုသော နောက်ဆုံး 1%ကို ဘဝမှာ တစ်ခါလောက်တော့ တွေ့ဖူးချင်လှသည်။
သို့သော် သူ့ အကြောင်းကို သိရင် သူ့ အနား ဘယ်သူမှ နေချင်ကြမှာ မဟုတ်ပေ။
အမှန်တရားက နည်းနည်းတော့ ခါးသည်။
အေဗလင် အိပ်ခန်း အခန်းတံခါးကို ဖွင့်လိုက်သောအခါ ကိုးနောင် မျက်နှာက တည်သွားသည်။
တစ်ခန်းလုံး သူ့ ပုံတွေ ချည်း ပဲ ဖြစ်သည်။
အခန်းထဲက ဓာတ်ပုံတွေ အကုန် ဖြုတ်ယူပြီး စုလိုက်ကာ အိတ်တစ်ခုထဲ ထည့်လိုက်သည်။
အချို့ပုံတွေက ရိုင်းစိုင်းပြီး နှာဗူးကျသည်။
ပြီး diary စာအုပ် တစ်အုပ်ကို ‌တွေ့တော့ ဖတ်ကြည့်ရာ အေဗလင်က သူ့ပေါ်ထားတဲ့ ခံစားချက်တွေ ရေးထားတာ ဖြစ်နေသည်။ကျစ်. . . stalk မလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဟိုး အစတည်းက ဝန်ခံရင်. . .စောစောစီးစီး ခရစ်တော်ဆီမှာ အိပ်မပျော်ရတော့ပေ။
Diary စာအုပ်ထဲက အချို့သက်‌သေ စကားလုံးတွေကို ဖြဲပစ်လိုက်သည်။
တစ်ခန်းလုံး စစ်ဆေးနေတုံး ကုတင် ခေါင်းရင်း ပေါ်မှာ သူ့ အပြာရောင် အတွင်းခံ ဘောင်းဘီကို တွေ့လိုက်ရသည်။ဘောင်းဘီကို ဆွဲမလိုက်သောအခါ ဘောင်းဘီမှာ ချွဲကျိကျိ အရည်တွေ ကပ်နေလေသည်။
ကိုးနောင် မျက်လုံးတွေက တဖြည်းဖြည်း နီရဲလာကာ မေးကြောတွေ ထောင်လာသည်။‌
လောကမှာ ဉာဏ်ကိုးနောင် အမုန်းဆုံးက သူလည်း ဘာမှ မလုပ်ပါဘဲ သူ့ကို တဏှာ မျက်လုံးနဲ့ အရသာလာခံကြသော လူတွေကိုပင်။
ဉာဏ်ကိုးနောင် မုန်းသည်။သေလောက်အောင် မုန်းသည်။
လူတွေက သူ ဘာမှ မလုပ်ပါဘဲ သူ့ကို ဘာလို့တဏှာရာဂမီးနဲ့ပဲ လာ လာ ကြည့်‌နေကြလဲ မသိ။တစ်ခါတစ်လေ ဉာဏ်ကိုးနောင်သည် ကိုယ့်မျက်နှာကို ဓားနဲ့ အစိမ်းလိုက်သာ လှီးပစ်ချင်မိသည်။
လှပခြင်းသည် ဘုရားပေးတဲ့ ဆုလာဒ် ဖြစ်သည်။တစ်ချိန်တည်းမှာပင် ပြစ်ဒဏ်လည်း ဖြစ်သည်။
အေဗလင် ကိုးနောင်ရဲ့ အဆောင်ထဲ ခိုးဝင်တာကို ဉာဏ်ကိုးနောင် သည်းခံနိုင်သည်။အေဗလင် ဓာတ်ပုံတွေ ခိုးရိုက်လည်း ဉာဏ်ကိုးနောင် သည်းခံနိုင်သည်။ကုတင် အောက်မှာ CCTV တွေ တပ်သွားလည်း ဉာဏ်ကိုးနောင် သည်းခံနိုင်သည်။
လူတွေ အများကြီးရှေ့မှာ တင်ပါးကို လာရိုက်တာနဲ့ ဘောင်းဘီပေါ်ကို ညစ်ညစ်ညမ်းညမ်းအရည်ဖြူဖြူတွေ စွန့် ထုတ်ထားတာကိုတော့ သည်းမခံနိုင်ပေ။
ပန်းချီဆွဲခန်းထဲက အေဗလင်ရဲ့ ခေါင်းမပါ ခန္ဓာကြီးဆီ လျှောက်သွားပြီး အေဗလင် အရာကို ပုဆိန်နဲ့ ခုတ်ချလိုက်သည်။
ပြီး မီးဖိုခန်းထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လှမ်းကာ စားပွဲပေါ်က ခေါင်းပြတ်ကြီးကို ပုဆိန်နဲ့ ခုတ်ချပစ်လိုက်သည်။ကွဲအက်သွားတဲ့ ခေါင်းခွံကို ဆွဲဖြဲ ပစ်လိုက်သည်။
‌အမှောင်အောက်ဝယ် အနက်ရောင် ခေါင်းစွပ်ကို စွပ်ထားကာ တစ်ကိုယ်လုံး စွေးစွေးနက်အောင် ဝတ်ဆင်ထားသော အမျိုးသား‌ငယ်သည် ခပ်ရေးရေး ပေါ်လာသော ဦးနှောက်ဖြူဖြူတွေကို မီးဖိုချောင်သုံး ဓားနဲ့ ပါးပါး လေး လှီးချနေသည်။
အစိမ်းတောက်တောက် မျက်ဝန်းများက ခံစားချက်မဲ့စွာ။တစ်စက်မှ ညှာတာ သနားခြင်းမရှိ။
သီချင်းပင် ဆိုညည်း နေလိုက်သေး၏။
ခေါင်းရဲ့ ပါးစပ်ကြီးကို ဖြဲကားကာ ဖြတ်လာတဲ့ လိင်အင်္ဂါကို မဆံ့မပြဲ တစ်ဆုံးထိ ထိုးထည့်လိုက်သည်။
သူ့ မိထွေးက ပြောခဲ့ဖူးသည်။
"နင်က မကောင်းဆိုးဝါး" တဲ့။
ငယ်စဉ်က ထိုစကားကြားလျှင် စိတ်ဆိုးမိသည်။
ခု တော့ ကလျာမွန် မှန်သည်။
ဉာဏ်ကိုးနောင်က မကောင်းဆိုဝါး ဖြစ်သည်။မွေးမလာသင့်တဲ့ သတ္တဝါ ဖြစ်သည်။
ကိုးနောင် ရဲ့ ပထမဆုံး သားကောင်က ဝဏ္ဏမောင် မဟုတ်ပေ။သူ၏ ချစ်လှစွာသော မိထွေး ကလျာမွန်ဖြစ်သည်။
ထိုစဉ်က ကိုးနောင် အသက် 12သာ ရှိသေးသည်။
ကလျာမွန်က လှေကား နားမှာ အရက်သောက်နေခဲ့ပြီး မူးရူးလာချိန်ဝယ် ကိုးနောင်က အနောက်ကနေ လှေကားပေါ်မှ တွန်းချပစ်လိုက်သည်။
အမှန်က ကိုးနောင်သည် ကလျာမွန်ကို သေစေဖို့ မရည်ရွယ်ခဲ့ပေ။ဒီတိုင်း ထိခိုက် ဒဏ်ရာ ရစေလိုခြင်းသာ။
သို့သော် လှေကားပေါ် တလိမ့်ခေါက်ကွေး အရှိန်နဲ့ ပြုတ်ကျသွားသော ကလျာမွန်သည် နံရံနဲ့ ခေါင်းနဲ့ ဆောင့်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်။
ကလျာမွန် မျက်လုံးတွေက ပြူးကျယ်ကာ အပြင်ကို အယ်ထွက်နေပြီး ပါးစပ်ထဲမှ သွေးတွေ စီးကျလာသည်။ခေါင်းကနေ သွေးတွေ တရှိန်ထိုး စီးဆင်းကျလာကာ ကြွေပြားဖြူဖြူသည် သွေးချင်းချင်းရဲသွားသည်။
ကိုးနောင် မျက်လုံးထဲ ထိုမြင်ကွင်းက အရမ်းကို လှပနေလေသည်။
ထိုအချိန်မှ စ၍ ကိုးနောင် ဦးနှောက်ထဲ လူတစ်ယောက်ကို လွယ်လွယ် သတ်လို့ ရပါလား ဟူသော အတွေးက စီးဝင်လာသည်။
"ကိုကို. . . မေမေ က သေသွားတာလားဟင်"
ဆတ်နွယ်က ဝက်ဝံရုပ်လေး ဖက်ကာ လှေကားအောက်ကို ငုံ့ကြည့်နေသည်။သူ့ ညအိပ်ဝတ်စုံက သူနဲ့ မတော်၍ အင်္ကျီက အပေါ်တက်နေကာ ဗိုက်ခေါက် ဆူဆူလေး ထွက်နေသည်။
"ဒါပေါ့"
ကိုးနောင် အသံထဲတွင် ပျော်ရွှင်မှုတွေက မဖုံးနိုင် မဖိနိုင်။
ဆတ်နွယ် မျက်လုံးထဲ မျက်ရည်လေးတွေ ဝဲတက်လာသည်။
ကိုးနောင်က ဆတ်နွယ် မျက်ရည်တွေကို အံဩတကြီး ကြည့်ပြီး
"ဘာ ငိုစရာ အကြောင်း ရှိလို့လဲ"
"သူက သား မေမေလေ"
ဪ . . . ကလျာမွန်လို လူတောင် သေရင် ငိုပေးမယ့် သူ ရှိသေး၏။သူ့တွက်ကော. . . သူသေရင်ကော။အဘယ်သူသည် ငိုပေးပါအံ့နည်း။
"ကိုကို သေရင်လည်း ငိုပေးဦးနော် အငယ်"
ကိုးနောင်က တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်သည်။
သူ လို မကောင်းဆိုးဝါးကောင် သေရင် ငိုပေးမဲ့သူ မရှိလောက်ပေ။
ကလျာမွန်သေတာကို ရဲတွေက အရက်မူးပြီး လှေကားပေါ်က ပြုတ်ကျတာ ဟု ကောက်ချက်ချခဲ့သည်။မူးယစ်‌ဆေးသုံးထားသည့် လက္ခဏာတွေပါ ရှာတွေ့ခဲ့တာမို့ ထို အဆိုပြုကောက်ချက်ချထားမှုသည် ပိုမို ခိုင်မာလာသည်။
ပြီး ဆတ်နွယ်က "အမေက လှေကားပေါ်ကနေ အရက်မူးပြီး ပြုတ်ကျသွားတာပါ" လို့ ထွက်ဆိုပေးသည်။ပြီး ကိုးနောင်ကို ပြေးဖက်လိုက်သည်။မွေးရကျိုးနပ်တဲ့ သားလေးဆတ်နွယ်က မွေးအမေထက် အစ်ကို ကိုသာ ပိုချစ်သည်။
တဖြည်းဖြည်းနဲ့ နံနက် 3နာရီ ထိုးလာလေပြီ။
ကိုးနောင်က ဓာတ်ပုံတွေ အကုန်လုံးနဲ့ သံသယ ဖြစ်‌စရာ အထောက်ထား အားလုံးကို ယူဆောင်လိုက်ပြီး coat ပြန်ဝတ်သည်။
ထို့ပြင် ပြန်ခါနီး ရဲတွေ တလွဲအပို စဉ်းစားမိအောင် အေဗလင် အင်္ကျီတွေကို ယူပြီး ပန်းချီခန်းထဲ က ဆိုဖာပေါ် ပရမ်းပတာ ထားပစ်ခဲ့သည်။
ပြီးတော့ အေဗလင် နဖူးပေါ် ဓားနဲ့ ကြာပုံ ခြစ်ထားခဲ့သည်။
"နောင်ဘဝ ဖြူစင်စွာ ရှင်သန်ရပြီး. . .ချစ်တဲ့သူနဲ့ ညားပါစေ"
ကိုးနောင်က အေဗလင် ခေါင်းပြတ်ကြီးကို
တော့တာ ပြလိုက်ရင်း
"တွေ့ရတာ စိတ်ပျက်စရာပဲ. . .နောက် ဘယ်တော့မှ  ပြန်မတွေ့ဘဲ နေကြရအောင်. . . Bye"
တိုက်ခန်းတံခါးကို စေ့ပိတ်ခဲ့လိုက်သည်။
ပြီးရင် ဘယ်မှ ထွက်မပြေးပေ။
စုတ်တီးစုတ်ပဲ့ အင်္ကျီလေး လဲပြီး မျက်နှာကို ပေပွနေအောင်လုပ်၊ အေဗလင် တိုက်ခန်းအောက်ခြေက အိမ်ယာမဲ့ တွေနဲ့ အတူ ရော အိပ်နေလေသည်။
နံနက် 6နာရီခန့်တွင် သတင်းစာပို့သမားလေးက အာကျယ် အာကျယ်နဲ့ အေဗလင်ကို ခေါ်သည်။ထူးသံ မကြား၍ အိမ်ထဲထိ ဝင်ကြည့်ကာ 'အား' ဆိုသော အော်သံကြီးနဲ့ အတူ ပြန်ထွက်လာသည်။
မကြာခင် အနီရောင် မီးလေး မှိတ်တုတ်တုတ်နဲ့ ရဲကားတွေ ရောက်ချလာသည်။ရဲတွေ လာပြီး ခဏအကြာ သတင်းထောက်တွေက အလှူ စတုဒိသာ ဝေတာကို ငမ်းငမ်းတက် လာလုကြသလို လှုပ်စိ လှုပ်စိ အုံလိုက်ကျင်းလိုက် တပ်ချီပြီး ရောက်လာသည်။
ကိုးနောင်က ‌အိမ်ခြေယာမဲ့ အဖိုးကြီးထဲက ပီဇာကို လုစားရင်း ဖြစ် ပျက် သမျှကို ရုပ်ရှင် ကြည့်သလို ကြည့်နေသည်။
ပြီး လည်လေး တဆန့်ဆန့်၊ခြေဖျားလေး ထောက်ပြီး စပ်က စုနေသေး၏။ပြီး မျက်လုံးပြူးပြူးနဲ့ 'ဘာဖြစ်ကြတာလဲဟင် ဘာဖြစ်ကြတာလဲဟင်' ဆိုပြီး မေးနေသေးသည်။
"လူသတ်မှုတဲ့"
"အာ. . . လူသတ်မှုလား. . . ကြောက်စရာကြီးနော်"
ကိုးနောင်က ပါးစပ်ကို လက်နဲ့ အုပ်ကာ ဝိုး ဆိုပြီး လုပ်နေသည်။
မကြာခင် ရဲတွေက အိမ်ခြေယာမဲ့ တွေဆီ လျှောက်လာပြီး ညက ဘာ မြင်လဲ၊ဘာ‌တွေ့လဲ ဟု လာစုံစမ်းသည်။
အိမ်ခြေယာမဲ့ အဖိုးကြီးက ပီဇာကို လုနေသော ကိုးနောင်ရဲ့ လက်ကို ဘတ်ကနဲ ရိုက်လိုက်ရင်း
"အမ်း အထွေထူးတော့ မရှိပါဘူး. . .ညတုံးက . . . အနက်ရောင်ခေါင်းစွပ်နဲ့ လူငယ်တစ်ယောက် ပုဆိန်ကြီး ကိုင်ပြီး အောက်ကို ဆင်းလာတာတော့ တွေ့တယ်"
"ခင်ဗျား. . . ပုဆိန်ကြီး ကိုင်ပြီး ထွက်လာတာ တွေ့ရဲ့သားနဲ့ ဘာကိစ္စ ရဲ မတိုင်ရတာလဲ. . ."
ရဲက ဟောက်သည်။
"ရဲမှူးတောင် ဒီလောက် လူသတ်မှုကြီး ဖြစ်နေတာကို နံနက်မှ သိတဲ့ ဥစ္စာ . . . ကျွန်တော်လည်း အားအားယားယား ထကြည့်မနေပါဘူး. . .ဟဲ့ ခွေးမသားရဲ့ ငါ့ ပီဇာတွေ အကုန်မစားနဲ့. . ."
အဖိုးကြီးက ‌ရဲကို ပြန် ချေပရင်း ကိုးနောင်ကို အော်လွှတ်သည်။
ရဲ အာရုံက စုတ်တီးစုတ်ပြတ်နဲ့ ပေပွနေတဲ့ အိမ်ခြေယာမဲ့ထက်ပင် အိမ်ခြေရာမဲ့ ပုံစံ ပေါက်နေသော ကိုးနောင် ဆီ ရောက်လာသည်။
"မင်းရော ဘာမြင်သေးလဲ"
ကိုးနောင်က အနံ့ဆိုးလှတဲ့ ပီဇာချပ်ကို ဝါးရင်း ဟီးခနဲ ရယ်လိုက်သည်။
"ဘာမှ မြင်ဘူး . . . စကားမစပ် လမ်းကြုံ စားပါဦးလား ဗိုက်ဆာတုံး စားရင် အရမ်းစားကောင်းတာ. . . ဟီး. ."
ရဲ အရာရှိက ခေါင်းတရမ်းရမ်းနဲ့ ထွက်သွားသည်။
Lotus killer သည် မျက်ခွက် အလွန် ပြောင်သည်။
တိုင်မီ တုံး ကလည်း သတ်ပြီး ရဲစခန်းကို ဖုန်းလှမ်းဆက်သည်။ခု အေဗလင်ကျ ပြန်လည်း သတ်ပြီး ဘယ်မှ မပြေးဘဲ အခင်းနေရာမှာ မုန့် လာ စားနေသည်။
အရိုးရှင်းဆုံးသည် အဆန်းကြယ်ဆုံး ဖြစ်သည် ဆိုသော သီအိုရီကို ကိုးနောင် လက်ကိုင်ထားသည်။
ကိုးနောင်က အခြား killer တွေလို အမှုကို တအားကြီး ရှုပ်ထွေးသွားအောင် သဲလွန်စ အမှားတွေ အများကြီး မထားခဲ့ပေ။
ရဲတွေကသာ ပေရှည်ပြီး အဝေးကြီးတွေ စဉ်းစားနေတာ ဖြစ်သည်။
ရဲတွေ အဖြစ်က သင်္ချာတွက်နေသော ကျောင်းသား တစ်ယောက်နဲ့ ဆင်တူ၏။
ကျောင်းသားလေးသည် ခက်ခဲနက်နဲလွန်းသော ပုစ္ဆာရှုပ် ကြီးတွေကို တွက်ရဖန် များလာသောအခါ 1+1 ပေးထားသော ပုစ္ဆာကို အဖြေ 4ဟု လည်းကောင်း၊ 5ဟု လည်းကောင်း တစ်ခါတစ်ရံ 11ဟု လည်းကောင်း ယောင်ယမ်း ကြောင်အန်းစွာ မှားရေးမိတတ်ကြပေသည်။ခက်တာတွေ တွက်ရတာ များလွန်းတော့ လွယ်လွန်းတဲ့ပုစ္ဆာက သူ့ကို ‌‌မျက်စိ လျှံ‌စေသည်။
ထို့အတူ ရဲတွေလည်း အမှုက လွယ်နေတော့ မျက်စိ လျှံ ကုန်ကြသည်။
ကျွတ် . . . ကျွတ် . . .အ လိုက်တာ။
++++
ကိုးနောင် အသက် 12နှစ်တွင် မိထွေးဖြစ်သူ ကလျာမွန်ကို သတ်ခဲ့သည်။17နှစ်တွင် ဝဏ္ဏမောင်၊ 18နှစ် ပြည့်ခါနီးတွင် သက်ငယ်မုဒိန်းသမား တိုင်မီ၊ 18နှစ်တွင် မာဖီးယားဂိုဏ်း ခေါင်း‌ဆောင် အလက္ဇန္ဒား၊19တွင် ပြင်သစ် နှာဗူးပန်းချီဆရာ အေဗာလင်၊ 20နဲ့ 21တွင် ဂျပန် နဂါးနက် ယာကူဇာဂိုဏ်း တစ်ဂိုဏ်းလုံးကို ဗုံးခွဲ မီးရှို့ သတ်ခဲ့သည်။
22၊23 တွင်လည်း တစ်နှစ်မှ မရိုးရပေ။
နောက်ဆုံး victimက စိတ်ရောဂါကု ဒေါက်တာ မင်းစည်သူ ဖြစ်သည်။
ဒီလောက်ဆို ကိုးနောင်ကို အကုသိုလ်များလွန်းလို့ အဝီစိကတောင် လက်မခံလောက်ပေ။
သို့သော် သူ အသက် 23 နှစ် ကျော်တွင် ငယ်ငယ်က ကွဲသွားသော စိုင်းဆိုင်ခမ်းနော့ဝ် ဆိုသော အာဗြဲကြီးနဲ့ အရယ်သန်လွန်းလှသော ကောင်လေးကို ပြန်တွေ့ခဲ့သည်။
ထိုချိန်မှပဲ အေဗလင် ခံစားချက် အချို့ကို နားလည်မိခဲ့သည်။သဘောကျမိသွားရင် ပိုင်ဆိုင်ချင်တယ်ဆိုသော ခံစားချက်။
စိုင်းဆိုင်ခမ်းနော့ဝ်နဲ့ တွေ့တော့ ကိုးနောင် ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့သည်။
ဉာဏ်ကိုးနောင်ရဲ့ ခြောက်ကပ် တိတ်ဆိတ်နေသော ဘဝ သည် စိုပြည် လန်းဆန်းလာသည်။သေနေသော မျက်ဝန်းတွေက ရယ်မြူးရိပ်သန်းလာပြီး တည်တံ့နေတဲ့ မျက်နှာက သွားတန်းလေးများ ပေါ်သည်ထိ ရယ်မောတတ်လာသည်။
နောက်ဆုံးတော့ ကျန်နေတဲ့ 1%ကို ကိုးနောင် ရှာတွေ့ခဲ့ပါသည်။
ထို 1% လေးသည် စကား အလွန်များပြီး လေတိုက်ရင်တောင် အလကားနေ ရယ်နေတတ်သော ပေါပေါတောတော ဒေါက်တာလေး ဖြစ်သည်။
++++
ကိုးနောင်က skinship အရမ်း မုန်းသော သူမျိုး ဖြစ်သည်။လက်ကို ကြာကြာ လာကိုင်ရင်တောင် ဒေါသ ထွက်သည်။
သို့သော် ခမ်းနော့ဝ်သည်မူ သူ့ တစ်ကိုယ်လုံးကို နေ့တိုင်း ဟိုကိုင် ဒီကိုက် နေရမှ နေသာထိုင်သာ အလွန်ရှိ၏။
အားနေရင် ခါးကို အားနဲ့ လာလာ ညှစ်သည်။လက်မောင်းကိုလည်း ခို စီးနေသည်။မတ်တပ်ရပ်နေရင် နောက်ကနေ သိုင်းဖက်ကာ ခွတက်သည်။အိပ်နေရင် ကိုယ်ပေါ် တက်လာကာ ရင်ခွင်ထဲ လှုပ်လှုပ် လှုပ်လှုပ် တိုး အိပ်သည်။
မျက်တောင်တွေကို အစစ်လား ဆိုပြီး လက်နဲ့ လာဆွဲကာ 'လှလိုက်တာ' ဆိုပြီး မျက်ခွံကို နမ်းသည်။နားရွက်ဖျားကို သွားနဲ့ ဖွဖွလေး တတိတိ ကိုက်သည်။
အလကားနေ ပါးကို ချိုင့်ဝင်တဲ့ ထိ နမ်းသည်။နမ်းရုံမက နီရဲတဲ့ထိ ဆွဲ စုပ်သည်။နှုတ်ခမ်းတွေကို တုတ်ထိုးချိုချဉ်စားသလို လျက်ကာ ဝါးနေသည်။ပုခုံးကို ကိုက်သည်။လက်မောင်းကိုလည်း လာကိုက်သည်။ပေါင်ကို လာ စုပ်သည်။
ခြေသလုံးနဲ့ ခြေဖမိုးလည်း သွားရာ အကွင်းလိုက်ကြီးဖြစ်သည်။ကျော‌‌တွေ ထိပါ Marking ရာ နီနီတွေ ပြည့်နှက်စွာ။ချိုင်းထိတောင် အလွတ်မပေးပေ။
နောက်ဆုံး ဟိုနေရာ တောင် သွားရာ ကြီး ရှိသေးသည်။
ပါပီ သေပြီး ဝင်စားတာလား မသိ။
တော်တော် သွား ယားနေရှာသည်။
ကိုးနောင်က သူ့ တင်ပါးလာထိရင် နားထင်သွေးကြောတွေထိပါ ထောင်တက်လာထိ၊ တစ်ဖက်သူကို နုတ်နုတ်စင်းပစ်လာတဲ့ထိတိုင် သွေးအေးရက်စက်စွာ သတ်ချင်စိတ် ပေါက်လာသော်လည်း ခမ်းနော့ဝ် လိုက် ကိုက် တဲ့ စကေးက သူ့ တင်ပါးမှာတောင် သွားရာကြီးနဲ့ ဖြစ်သည်။
"ဟီး ဟီး ကိုက်မိသွားပြီ ဆောတီး ဆောတီး. . .ချစ်စရာလေးမို့ အူယားပြီး ယောင်သွားတာ. . . ချိတ်ဆိုးနဲ့နော်. . . "
ခမ်းနော့ဝ်က ကိုးနောင်လည်တိုင်ကို ဖက်လိုက်ကာ စပ်ဖြီးဖြီး လုပ်နေသည်။
ကိုးနောင် မျက်ခုံးတွေ တွန့်ချိုးသွားသော်လည်း မျက်လုံးကို စုံမှိတ်ပြီး တင်းကြပ်လာသော စိတ်အစုံကို လွှတ်ချလိုက်ကာ
"အင်း. . . သဘော သဘော. . ."
"ဟီး ဟီး ငါ့ ‌ယောက်ျားက ချစ်စရာလေး ပူတူးတူးလေး . . .အူးမွ"
အဲ့လို ညာ ညာ ပြောပြော ပြီး သူ့ တစ်ကိုယ်လုံး ကို မမျိုချရုံ တစ်မယ် ဝါးစားနေသည်။
Skinship အလွန် မုန်းတဲ့ ကိုးနောင်သည်
စိုင်းဆိုင်ခမ်းနော့ဝ် နဲ့ ကျမှ နို့ပါ ကြိတ်မှိတ် အစို့ခံပေးရသည်။မတတ်နိုင်။
ခမ်းနော့ဝ် ပူဆာလွန်းရင် ဉာဏ်ကိုးနောင် မနေနိုင်။
ဉာဏ်ကိုးနောင်မှာ ခမ်းနော့ဝ်ကြောင့် ရင်ဘတ်တွေ ကြိမ်းစပ်နေသည်။သူ့ အင်္ကျီ အကပ်ဝတ်ရင် ရင်ဘတ်ထိပ်က စပ်ဖျင်းဖျင်း ဖြစ်နေသည်။
"ကိုယ့် တကိုယ်လုံးက မင်း အပိုင်"လို့  ဝတ္ထုတွေထဲက စာသား အတိုင်း ကော်ပီ ကူး၊ အာချောင် ပြောလိုက်တိုင်း ခမ်းနော့ဝ် မျက်လုံးတွေ ဘလင်း ဘလင်း တောက်သွားပြီး သူ့ တစ်ကိုယ်လုံး ခေါင်းစ ခြေဆုံး စိတ်ကြိုက် နမ်းရှိုက်တတ်သည်။နံနက်လင်းရင် အနီရောင် Markingရဲရဲ တွေ တစ်ကိုယ်လုံး အနှံ့။နှုတ်ခမ်းတွေက ပေါက်နေသည်။ရင်ဘတ်တွေက သွေးစို့နေသည်။
ကိုးနောင် ဘယ်တုံးက ခန္တီတရားနဲ့ ပြည့်စုံသွားလည်းတော့ မသိပေ။ကိုးနောင်လို ကောင်က ခမ်းနော့ဝ်ရဲ့နေ့တိုင်း ကလိနေတဲ့ ဒဏ်တွေကို အသာတကြည် မငြိုငြင်ဘဲ သည်းခံပေးသည်။
ကိုးနောင်မှာ သူ့ကို အခြားသူတွေ နှာဗူး မျက်စိနဲ့ လာ လာ ကြည့်ရင် သည်းမခံနိုင်သော်လည်း ခမ်းနောဝ့် လာကြည့်ရင်မူ အင်မတန်မှကို ကြည်ဖြူသည်။
အဲ့လို လာ မကြည့်မှသာ 'စိတ်ကုန်သွားတာ လား၊ငါ့ကို မကြိုက်တော့တာလား' လို့ စိတ္တဇ ဖြစ်ရ၏။
ထို့ကြောင့် လာ မကြည့် ကြည့်အောင် လည်း မြူစွယ်သည်။
ကိုးနောင်ရဲ့လှပကျော့ရှင်းလွန်းသော ရုပ်ရည်သွင်ပြင်သည် မဖိတ်ခေါ်သော စိတ်ရှုပ်စရာ ဒုက္ခများကို ဆောင်ကြဉ်းပေးတတ်သော်လည်း တကယ် လိုချင် သဘောကျသူနဲ့ တွေ့သောအခါ အလွန် အသုံးဝင်သည်။
ကိုးနောင် စိုင်းဆိုင်ခမ်းနော့ဝ်ကို သဘောကျသည်။
ခမ်းနော့ဝ် မျက်နှာမြင်ရင်ကို ဘာမှ မဟုတ်ဘဲ ရယ်ချင်နေသည်။ခမ်းနော့ဝ်က ပျော်ပျော်နေတတ်သူ ဖြစ်ပြီး သူ့ အနားက သူတွေကိုလည်း ပျော်စေသည်မှာ သူ့ အားသာချက် ဖြစ်၏။
အမြဲ အူမြူးနေသော အနှီ ဒေါက်တာငယ်သည် ငယ်စဉ်ကတည်းက ကိုးနောင် အာရုံကို လာ လာ ဖမ်းစားသည်။
ကိုးတန်းတုံးက သူ အတန်းထဲကို စ ဝင်လာခဲ့စဉ် ပထမဆုံး သူ မြင်ခဲ့ရသည်မှာ ရှေ့ဆုံးကနေ တည့်တည့်ထိုင်ပြီး သွားရည် တမြားမြားနဲ့ အိပ်နေသော ဆံပင် စုတ်ဖွားနဲ့ ရုပ်ဆိုးဆိုး ကောင်လေး ဖြစ်သည်။
စုတ်ဖွား က စကားတအားများပြီး စွာကျယ်စွာကျယ် တအားလုပ်သည်။ပြီး တစ်တန်းလုံး တိတ်ဆိတ်နေတဲ့ ချိန် အာဗြဲကြီးနဲ့ စာအော်တတ်သည်။တစ်ခါတစ်လေ မှားအော်သေးသည်။သင်္ချာချိန်ကို bioတွေ အော်လို့ အော်နေသည်။
ဒါမဲ့ သူ့မှာ သူငယ်ချင်းတွေ အများကြီး ရှိပြီး တစ်တန်းလုံးက သူ့ကို ချစ်ကြသည်။
ခမ်းနော့ဝ်ရဲ့ ကမ္ဘာမှာ နွေးထွေးတဲ့ လေထုရှိပြီး ကိုးနောင် ကမ္ဘာမှာတော့ အေးစက် တဲ့ လေထုသာ ရှိသည်။
ကိုးနောင်က အမြဲ တစ်ယောက်တည်း နေတတ်သည့် အကျင့်ရှိပြီး ဘယ်သူနဲ့ မှ စကားမပြောချင် အဖတ်မလုပ်ချင်စေကာမူ ထိုစုတ်ဖွားနဲ့တော့ သူငယ်ချင်း ဖြစ်ချင်ခဲ့သည်။သို့သော် စုတ်ဖွား က သူ့ကို အမြဲ ဂြိုဟ်ကြည့် ကြည့်နေသည်။
ပြီး တစ်စုံတစ်ယောက်ကို ကိုးနောင် ဘယ်လို စ မိတ်ဆက်ရမလဲ မသိ။
ကိုးနောင်စာသင်ခန်းထဲ ဝင်လာရင် အမြဲတစေ တစ်ခန်းလုံးနီးပါး မျက်စိစွေ ကြည့်ကြသော်လည်း ထို စုတ်ဖွားကမူ စာကိုသာ သဲကြီးမဲကြီး ကျက်သည်။
ကိုးနောင်မှာ ပေးလာတဲ့ ရည်းစားစာတွေကို နာမည်ကြည့်ပြီး စိုင်း ဆိုသော အစ စကားလုံးကိုမှ မတွေ့ရရင် နာမည်အဆုံးထိ ဖတ်မနေဘဲ လွှတ်ပစ်သည်။ခမ်းနော့ဝ် များ သူ့ကို စာ ပေးမလားလို့ စောင့်နေခဲ့ပေမယ့် ခမ်းနော့ဝ်သည်မူ သူ့ ဘက် အီး တောင် လှည့်မပေါက်ပေ။
နောက်ဆုံး ကျောင်းအုပ်ဆရာမကြီးကို ခမ်းနော့ဝ်ဘေး နေရာ ပြောင်းပေးဖို့ တောင်းဆိုခဲ့သည်။အုပ်ကြီးက သူ့ကို မယုံသင်္ကာသလို ကြည့်စဉ် မျက်လွှာလေးချပြီး စာ မေးချင်လို့ ဟု လီဆယ် လိုက်သည်။
"ဪ . . . ထူးချွန် ကျောင်းသားကြီးက စာ မရတဲ့ ချိန်လည်း ရှိသားပဲ. . ."
အုပ်ကြီးက ရွဲ့တဲ့တဲ့ ပြောသော်လည်း နေရာ ပြောင်းပေးခဲ့သည်။
နောက် မကြာခင် ခမ်းနော့ဝ်က သူ့ကို စာလာ ပေးသည်။အဲ့နေ့က သူ အရမ်းပျော်သွားတာ သူပဲ သိသည်။ချက်ချင်းကို ခေါင်းငြိမ့် မို့ဟာ အိန္ဒြေထိန်းပြီး မူနေရသည်။
ဖွင့်ဖတ်တော့ ခမ်းနော့ဝ် လက်ရေး မဟုတ်၍ စိတ်ညစ်သွားသော်လည်း နောက်ဆုံးတော့ ထိုစုတ်ဖွားနဲ့ ရည်းစား ဖြစ်သွားသည်။
7နှစ်တာ ကွဲကွာသွားတဲ့ အချိန်တွေမှာ သူစိမ်းတွေလို သွေးအေး သွားစေကာမူ ကိုးနောင်ပိုက်ဆံအိတ်ထဲမှာ ခမ်းနော့ဝ်ရဲ့ မှတ်ပုံတင်လုပ်တုံးက ရိုက်ထားတဲ့ ပေတိပေစုတ် အိပ်ချင်မူးတူးဓာတ်ပုံ ကို အမြဲသိမ်းထားပြီး ဘယ်သွား သွား အဆောင် လို ယူသွားသည်။
ကိုးနောင်သည် သူ တစ်ယောက်တည်းကိုပဲ အမြတ်တနိုး ငေးကြည့်နေတတ်သော
ခမ်းနော့ဝ်ရဲ့ မျက်လုံးတွေကို သဘောကျသည်။ကိုးနောင် ဘာလုပ်လုပ် လက်မ ထောင်ပြ‌တတ်သော ခမ်းနော့ဝ်ကို သဘောကျသည်။
သုခ တွေကို အတူတူ စံစားပြီး ဒုက္ခတွေကို ဝေမျှ လို့ရတဲ့ ကမ္ဘာပေါ်က တစ်ယောက်တည်းသောသူကို ကိုးနောင် အရမ်း သဘောကျပါသည်။
ဉာဏ်ကိုးနောင် ဘယ်လိုပဲ သွေးအေးရက်စက်လွန်းတဲ့ Psychopath serial killer ကြီး ဖြစ်နေပါစေဦး အိမ်မှာတော့ ပိုက်ချီ၊ငုံ‌ထွေးထားမတတ် အချစ်ခံရသည်။။
တစ်လောကလုံးတွက် နတ်ဆိုး ဖြစ်ပေမယ့် အိမ်က ဒေါက်တာလေးအတွက်တော့ Baby Coe သာ ဖြစ်သည်။အိမ်က ကလေးနှစ်ကောင်တွက် သူက Heroကြီး ဖြစ်သည်။
6 နှစ်တာ ကာလ အပြီး ကမ္ဘာပေါ်တွင် Lotus killer ‌မသောင်းကျန်းတော့ဘဲ ခြေအလွန် ငြိမ်သွားသည်။
Lotus killer သည် အရင်လို အထီးကျန် အဖော်မဲ့ တစ်ယောက်တည်းမဟုတ်တော့ပေ။သူ့မှာ ပျော်ရွှင်စရာကောင်းသော မိသားစု လေး တစ်ခု ရှိခဲ့လေပြီ. . . ။
______________________________________
12.15 p.m
29.11.2022(Tuesday)
Mary_Koe
5078
Please give me feedback 😉😚
Zawgyi
အေဗလင် သွေးကြွနေသည်။
++++
"Ok. . .  Welcome to my home . . ."
"ဂျွတ်"
"Sorry "
"ပုံဆွဲမယ်လေ. . ."
"အင်း. . ."
"ဆွဲမယ်ဆို ဆွဲလေ. . ."
အေဗလင် ပုံဆက် ဆွဲသည်။
အေဗလင်ရဲ့ စုတ်တံ ကိုင်တဲ့ လက်တွေ တင်းကြပ်သွားသည်။
"အင်း. . ."
"ဘယ်လောက်ထိ ချစ်လဲ. . ."
"ပင်လယ်ကြီး လောက် . . ."
"တကယ်"
"တကယ် တကယ်"
"1"
"2"
"3!!"
"ဝုန်း ဒုတ် ဒုံး ဒုံး. . . "
"လှသွားပြီ"