Hotel California(Complete)

By rachelphoo

868K 47.3K 2.5K

Age gap story ​ရေး​နေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plus​​ပေးချင်ပါတယ် More

Intro
Intro(zawgyi)
A/N
Part1
Part2
Part3
Part4
Part5
Part7
Part8
Part9
Part10
Linn Yate Nyo's Tatoo
Part11
Part12
Part13
Part14
Part15
Part16
Part17
Part18
Part19
Part20
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28
Part29
Part30( Final)
Part30(Final-Zawgyi)
Acknowledgement
Extra(Happy Valentine Day)
After Marriage
Book Announcement🌹
Price/LG/GA/Arts
First&Last
Hellooo
New Fiction(ညရဲ့အလင်း)
Extra(Uni&Zawgyi)
Bonus Extra(U&Z)

Part6

23.6K 1.5K 89
By rachelphoo

'​​ဘေဘီ ​အောက်မှာကိုယ်​ရောက်​နေပြီ​နော်'

သီချင်းတိုက်ပြီး​နောက် အဖွဲသား​တွေနဲ့ ​​သောက်ဖြစ်​​နေတုန်း ဝင်လာတဲ့စာတို​ကြောင့် ​သောက်လက်စ ဘီယာဘူးကို ချလိုက်ရသည်။

"ဟာ့ ငါတို့​ကောင် ​စော​စောစီးစီး လက်နက်ချ​နေပြီလား"

"သွားစရာရှိ​သေးတယ်ဗျ၊​နောက်ရက်မှ ​အေး​ဆေးထပ်ဝိုင်းကြတာ​ပေါ့"

"ဘာလဲ ဟို ရှိန်းဆိုတဲ့​ကောင်​​လေးနဲ့ ဒိတ်မလို့လား"

"နားစမ်းပါ၊တခြားသွားစရာရှိလို့
သွားပြီ ကို​​ဝေကြီး၊ကျွန်​တော် ကားထားခဲ့မယ်​နော်"

"​ဟေ ​အေး​အေး ထားခဲ့​လေ၊မင်းက ကားထားခဲ့ပြီး ဘယ်လိုသွားမလို့လဲ"

"ကို​ဝေကြီးရာ လင်းရိပ်ညိုမျက်နှာ ဒီ​နေ့ပြုံးချင်ချင်ဖြစ်​နေတာ သတိမထားမိဘူးလား
ဒိတ်တာထက်ပိုတဲ့ ချစ်သူရ​နေပြီ​နေမှာ​ပေါ့၊ပခုလည်း လာကြိုလို့​နေမှာ​ပေါ့"

"​ဟေ ​ဇော်မင်း​​ပြောတာ ဟုတ်သလား ​ကောင်​လေး"

"ချစ်သူမရပါဘူးဗျာ၊အ​ဖေတစ်​​ယောက် ​ထပ်ရထားတာ
အခုလည်း အ​ဖေလာကြို​နေလို့ သွားပြီဗျို့"

ကျွန်​တော့်စကားအဆုံးမှာ အာ​မေဋိတ်သံ​တွေနဲ့အတူ ရယ်​နေကြသည့်သူ​တွေကို လက်ပြနှုတ်ဆက်ရင်း ၆လွှာက​နေ ဆင်းလာလိုက်သည်။
ဒီ​​နေ့မှပဲ ​ခြေလှမ်း​တွေက ပို၍တက်ကြွမြန်ဆန်​နေသလို
လမ်းတစ်ဖက်ခြမ်းမှာ ရပ်ထားတဲ့ကား​ပေါ်က​နေ လက်လှမ်းပြသူ​ကြောင့် ​သောက်လက်စစီးကရက်အတိုကို အစည်ခံထိ​အောင် ဖွာရှိုက်လိုက်ပြီး ​မြောင်းထဲပစ်ချလိုက်သည်။
ဂစ်တာအိတ်ကို ပြန်ပြင်လွယ်ရင်း ကားရှိရာတစ်ဖက်လမ်းကိုကူးလိုက်​ပြီး​ ကားထဲဝင်ထိုင်​တော့ လူကိုပြုံးလို့ကြည့်​နေတဲ့ မျက်လုံး​တွေနဲ့ ထိပ်တိုက်​တွေ့ဆုံရသည်။

"မူး​နေပြီလား"

"မမူးပါဘူး၊ဘီယာ၃ဘူးပဲ ​သောက်ရ​သေးတယ် ခင်ဗျား​ရောက်လာတာ"

ဂစ်တာအိတ်ကို​နောက်ခန်းထဲ လှမ်းထားရင်း ​မေးခွန်းကိုလည်းအ​ဖြေမပျက်
​လော​လောလတ်လတ်ရှိုက်ထားသည့် စီးကရက်နံ့တချို့က အ​​ပေအ​တေ​လေးရဲ့ နှုတ်ခမ်းမှာ ရ​နေဆဲပင်ရှိ​​သေးသည်။

"ဘယ်သွားပြီး ဘာစားချင်လဲ"

"မစားချင်ပါဘူးဗျာ၊ကျုပ်က အစားမမက်ဘူး
အရည်ပဲမက်တာ အဟွန်း"

"​တော်​တော် အရည်​တော့ ထပ်မ​သောက်​တော့နဲ့
တခြားဟာ စဉ်းစား"

"​အဲဒါ​တွေ​နောက်မှစဉ်းစားမယ်၊ခင်ဗျား အချိန်ရရင် ကျွန်​တော့်ကို ၁၅လမ်းဖက်လိုက်ပို့​ပေး
ဂစ်တာကြိုးဝယ်စရာရှိလို့"

"ရပါ့ဗျာ ရပါ့၊သခင်​လေးက ဒီလိုလိုက်ပို့ခိုင်းတာ လိုချင်လွန်းလို့ ဒီအထိ​​ရောက်လာရတာပါ"

ပိုပိုကဲကဲ​တွေ​ပြော​နေသည့်ဘဲကြီးကို ​ခေါင်းအသာရမ်းလို့သာ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ ကြည့်မိလိုက်သည်။
​​ကော်လံတီရှပ်နက်ပြာ​ရောင်နဲ့စတိုင်ပန်အဖြူကို ရိုးရှင်းစွာဝတ်ထားပြီး လက်မှာလည်း Rolexနာရီတစ်လုံးသာ ပတ်ထားသည့်ဘဲကြီးက  မြင်တာနဲ့ကို gentle manမှန်း သိသာ​စေသည့် ရုပ်ရည်ပုံစံမျိုးပင်။
သူ့လို ဂျစ်ပစီပုံနဲ့ဘဲကြီးပုံက အ​ရှေ့အ​နောက်၊​တောင်နဲ့​မြောက်ပင်။
မတူညီတဲ့အရာနှစ်ခုရဲ့ ​​ပေါင်းစပ်မှုက လက်ရာ​​မြောက်လွန်းရင်လည်း လူ​တွေအရူးအမူးသ​ဘောကျကြတာ ထုံးစံပင်။
ကျွန်​တော်တို့နှစ်​ယောက်ရဲ့ ​ပေါင်းစပ်မှုကလည်း လက်ရာ​မြောက်လွန်းသည့် ​ပေါင်းစပ်မှုမျိုးဖြစ်မယ်လို့ ​တွေးမိ​တော့ ကိုယ့်အ​တွေးနဲ့ကိုယ်ရယ်ချင်သား။

​ပြည်လမ်းအတိုင်း​မောင်းလာသည့်ကားက ​ဆေး(၁)​ရှေ့ကဖြတ်သည့်အခါ ​ဘေးက​ကောင်​​လေးကို လှည့်ကြည့်မိသည်။
​ရေဒီယိုကလာ​နေသည့် သီချင်းရဲ့သံစဉ်အတိုင်း လက်​တွေလှုပ်​နေသည့်​ကောင်​လေးက​တော့ ကားမှန်က​နေ အပြင်ကို ​ငေး​နေပြီး ​ကျောင်းကို​တော့ တစ်ချက်​​တွေခနဲကြည့်လိုက်တာ သတိထားမိလိုက်သည်။ဒီ​​ကောင်​လေးပုံ​လေးနဲ့ အဖြူ​ရောင်ဂျူတီကုတ်နဲ့ဆို သိပ်ကိုလိုက်ဖက်​နေမှာကို မြင်​ယောင်မိ​တော့ ဆန္ဒ​တွေ၊​​လောဘ​တွေနဲ့အတူ ဆရာဝန်မဖြစ်​တော့ရင်ဆိုတဲ့ နှ​မြောစိတ်ကပါ လျှံတက်လို့လာရသည်။

"​​ဘေဘီ ​ဆေး​ကျောင်းဒုတိယနှစ်ပြီးထားတာဆို"

အ​မေးသ​ဘောနဲ့စကားစ​တော့ လူကိုလှည့်ကြည့်လာပြီး တစ်ချက်ပြုံးသည်။

"ခင်ဗျားလည်း ကျုပ်အ​ကြောင်း အကုန်စုံစမ်းထား​တော့တာပဲ​​နော်"

"ချစ်မိ​တော့လည်း အရာရာစိတ်ဝင်စားမိတာ​ပေါ့ကွာ၊ဒါနဲ့ ကိုယ်တကယ်သိချင်တာပါ စာ​မေးပွဲလည်း​အောင်တာကို ဘာလို့ ​ကျောင်းဆက်မတက်​တော့တာလဲ
​​ငွေ​ကြေးမတတ်နိုင်တာလည်း မဟုတ်ဘဲနဲ့"

"ဒီလိုပါပဲဗျာ၊အိမ်ကဘိုး​တော်ကိုရွဲ့ရင်း မတက်ဖြစ်​တော့တာ"

"ဒါဆို ၁၀တန်း​အောင်​တော့ ​ဆေးလိုင်းကိုဘာလို့​ရွေးခဲ့တာလဲ၊​ဘေဘီ့ကြည့်ရတာ အိမ်ကခိုင်းတာနဲ့ မတက်ချင်ဘဲ​ရွေးမယ့်သူမှ မဟုတ်တာ"

ဒီနှစ်ထဲမှာ ကိုယ်တိုင်​မေ့ထားတဲ့​အ​ဖြေကို ပြန်လည်တူးဆွ ​မေးခွန်းထုတ်လာတဲ့သူ​ကြောင့် သူ အပြင်ကိုသာ ​​ငေး​နေမိလိုက်သည်။
တကယ်ဆို သူစွန့်လွှတ်ဖို့ပြင်ဆင်ထားပြီးပြီပဲ​လေ။

"​ဖြေ​လေ​ ​ဘေဘီရဲ့၊ကိုယ်တကယ်သိချင်လို့ပါ"

"ဆရာဝန်မဖြစ်ချင်ဘဲ​တော့ AllDပါ​အောင် တကူးတက ဘယ်စာလုပ်​နေပါ့မလဲဗျာ"

​ကွေ့ဝိုက်​နေတဲ့အ​ဖြေဖြစ်​ပေမယ့် လိုရင်းကဆရာဝန်ဖြစ်ချင်ခဲ့တယ်ဆိုတဲ့ အ​ဖြေပဲမို့ တည်ကြည် ​ခေါင်းတညိတ်ညိတ်နဲ့ပဲ ​နောက်​​မေးခွန်းကို ဆက်​မေးလိုက်မိသည်။

"ဒါဆို ဘာလို့ဆက်မတက်​တော့တာလဲ"

"ဒီတက်တူး​လေ ပထမဆုံးထိုးဖြစ်တာ ဒုတိယနှစ်​စာ​မေးပွဲ​တွေပြီး​တော့"

ဘယ်ဖက်လက်ခုံးနားက ဂီတသံစဉ်ပုံတက်တူးကို ​ထောင်ပြလာတာမို့ လှည့်ကြည့်ပြီး ​ခေါင်းညိတ်ပြ​တော့ ​ပြောလက်စ'စကားကို ဆက်၍လာသည်။

"ပြီး​တော့ ဒီနား​ပေါက်၃ခု၊ဒါလည်း အဲ့အချိန်မှာ ထပ်​ဖောက်ဖြစ်တာ
ကျွန်​တော်ကြိုက်လို့​လေ အဲ့လိုနားကွင်း​တွေဝတ်ရတာ၊ပြီး​တော့ ဒီလို တက်တူးထိုးရတာ
အစက​တော့ ​ကျောင်းပြန်ဖွင့်ရင် ဒီတက်တူးကို ​မမြင်​အောင်ဖုံးထားမယ်၊နားကွင်း​တွေ ဖြုတ်ထားမယ်၊အဲ့လို စိတ်ကူးတာ​ပေါ့
ဒါ​ပေမယ့် အဲ့ညကအ​ဖေနဲ့ရန်ဖြစ်​တော့ ဆရာဝန်လုပ်မယ့်​ကောင်က ဒီလို​တွေလုပ်စရာလား၊ပတ်ဝန်းကျင်က မင်းကိုဘယ်လိုကဲ့ရဲ့ကြမလဲနဲ့ ​​နားပူပြီးကွဲထွက်မတတ် ​ပြောတာ​လေ
အဲ့မှာတင် တစ်ခါထဲဆုံးဖြတ်ပြီး အ​ဖေ့ကို​ပြောလိုက်တာ ဆရာဝန်မလုပ်​တော့ဘူးလို့
အ​ဖေက​တော့ သူ့ကိုစိတ်ဆိုးလို့ ခဏတဖြုတ်ရွဲ့​ပြောတယ်ထင်လား မသိဘူး
ကျွန်​တော်က​တော့ အဲ့လိုသူများစိတ်တိုင်းကျ ​နေ​ပေးရမှာမျိုးဆို မလိုချင်​တော့လို့ မတက်​တော့ဘူး ဆုံးဖြတ်လိုက်တာ
​နောက်ရက်​တွေ ဒီတက်တူး​တွေပါ ဆက်ထိုးဖြစ်သွားတာပဲ။​ကျောင်းပြန်ဖွင့်​တော့လည်း မတက်ဖြစ်ဘူး၊ဒါပါပဲ"

​ကောင်​လေးရဲ့စကား​တွေထဲမှာ ဆရာဝန်လုပ်ဖို့ကို စိတ်ကုန်သွားပြီဆိုတဲ့ စကားမပါ​တာကို သတိပြုမိတဲ့​နောက် ​တွေးမိတာက လူကြီး​တွေကိုရွဲ့ရင်း ဒီ​ကောင်​လေး ဆိုးသထက်ဆိုး​နေတယ်ဆိုတာပါပဲ။

"​​​ကျောင်းက ထုတ်စာမလာ​သေးဘူးမဟုတ်လား"

"အင်း ​နောက်နှစ်လည်းဆက်မတက်မှ သူတို့ထုတ်မှာ​​ပေါ့"

"ကိုယ်က​တော့ ​ဘေဘီ့ကို ​ကျောင်းပြန်တက်​စေချင်တာပဲကွာ၊ဆရာဝန်ဆိုတာ အမှတ်မီတိုင်းလည်း ဝါသနာပါကြတာမဟုတ်သလို၊ဝါသနာပါတိုင်းလည်း အ​ကြောင်းအမျိုးမျိုး​ကြောင့် တက်ခွင့်ရတာမဟုတ်ဘူး​လေ
​ဘေဘီက ဝါသနာလည်းပါ၊​​နောက်ခံလည်းပူစရာမလို၊အားလုံးအဆင်​ပြေ​နေတဲ့ အ​နေအထားမှာ လမ်းတစ်ဝက်​ရောက်​နေတဲ့ ကိုယ့်အိပ်မက်ကို ဆက်ကြိုးစားသင့်တယ်လို့ ကိုယ်က​တော့ထင်တယ်
တခြားသူ​တွေကို အရွဲ့တိုက်ရင်း ကိုယ့်ဘဝကြီးကို ကိုယ်တိုင်​ရေစုန်​မျှောပစ်တာက အဲ့လူ​တွေကို အရှုံး​ပေးလိုက်တာနဲ့ အတူတူပဲ​ပေါ့
ကိုယ်က​တော့ ​ဘေဘီ့ကို အရှုံးမ​ပေး​စေချင်ဘူးကွာ"

"​ဆေး​ကျောင်း​ရှေ့က ဖြတ်လာမိတာ မှားပြီထင်ပါတယ်ဗျာ၊ဂစ်တာဆိုင်ကိုပဲ သွားပါ​တော့ ဦးတည်ကြည်နန္ဒရာ"

စကားလွှဲသွားသည့်​ကောင်​လေး​ကြောင့် သူလည်း အလိုက်သင့် ရယ်ရင်းငြိမ်​နေလိုက်​တော့သည်။
ဒါမျိုးက တစ်ခါတည်း​ပြောလို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်ဘဲ​လေ၊နားဝင်​အောင် အကြိမ်ကြိမ်​လျှော့​ပြောရတဲ့ ကိစ္စမျိုးပဲမို့ ဒီတစ်ကြိမ်ကို​တော့ သူဒီ​လောက်နဲ့ပဲ ရပ်ဖို့ဆုံးဖြတ်လိုက်သည်။
ဒီ​နေ့အ​ခြေအ​နေအရ​ဆို သူ့တာထွက်က အ​ခြေအ​နေမဆိုး၊​ကောင်​​လေးစိတ်ထဲမှာ အ​တွေးတချို့ ​ရောက်သွားတာ၊သူ့ရဲ့ဆရာဝန်အိပ်မက်ကို မစွန့်လွှတ်ချင်​သေးတာ လူကဲခတ်မညံ့တဲ့သူ ရိပ်စားမိပါသည်။

လမ်းမ​တော်ကို​ရောက်​တော့ ​​မြို့ထဲရဲ့ထုံးစံအတိုင်း ဘေဘီညွှန်ပြသည့် ဂစ်တာဆိုင်​ရှေ့မှာ ကားပါကင်မရှိ​နေ။ရှိတဲ့​နေရာအလွတ်ကလည်း ​​​​​နေရာဦးထားတာမို့ ပါကင်​နေရာကိုသာ အရင်လိုက်ရှာရ​တော့သည်။

"အဲဒါ​တွေ​ကြောင့် မြို့ထဲကိုမလာချင်တာ၊ပါကင်တစ်​နေရာရဖို့ကို မလွယ်ဘူး
ကားကဘယ်​နေမှန်းမသိဘဲ ​နေရာဦးထားတဲ့သူ​တွေလည်း ​သေရင်​တောင် ကျွတ်ပါ့မလားမသိဘူး
အခု​တော့ ​လမ်းပြန်​လျှောက်ရဦးမယ် တ​စ်ကွေ့တစ်ပါတ်ကြီး"

ပါကင်ရသည့်​​နေရာနှင့် ဆိုင်နှင့်က ခပ်လှမ်းလှမ်းဖြစ်​နေတာမို့ မ​ကျေမနပ်သမျှကို တဗျစ်ဗျစ်တ​တောက်​တောက်​ပြော​နေသည့် ကိုစိတ်တို​လေး
လူကလည်း မ​ကျေမနပ်ဖြစ်ပြီး မှုန်ကုပ်​နေတာမို့
အသည်းတယားယားနဲ့ ပါးကိုလိမ်ဆွဲမိရင်းပဲ

"ကဲပါကွာ ဒီအထာ​တွေလည်း သိလျက်နဲ့၊တမင်စိတ်တိုစရာရှာမ​နေနဲ့
အခုလို​နေရာရလိုက်တာပဲ ကံ​ကောင်းတယ်မှတ်
လမ်းမ​လျှောက်ချင်ရင်​ပြော၊​​ကျောပိုးဆိုလည်း ဖြစ်တယ်"

စိတ်မကြည်မှန်းသိလို့ တမင်စ​နေတဲ့သူကို ဂြိုဟ်ကြည့်ကြည့်ရင်းပဲ ကား​ပေါ်ကဆင်းလိုက်မိသည်။
တရုတ်တန်းရဲ့ ည​နေ​စျေးတန်းက စ​ခါစမို့ လူ​တွေက ကျိုးတိုးကျဲတဲနဲ့ အရှိန်ယူ​နေကြတုန်း ရှိ​​သေးသည်။​နောက်တစ်နာရီ​လောက်ဆိုရင်​တော့ ဘယ်ကထွက်လာမှန်းမသိသည့် လူအုပ်​တွေနဲ့ ရန်ကုန် night lifeကို အသက်ဝင်​စေဦးမည်။

နှစ်​ယောက်အတူယှဉ်လျက်​လျှောက်တုန်း လက်ကိုဆုပ်ကိုင်လာသူ​ကြောင့် ​​ဘေးကလူကိုကြည့်မိ​တော့ မျက်စိတစ်ဖက်မှိတ်ရင်း ပြုံးပြပြီး

"လူကွဲသွားမှာစိုးလို့"ဟု အဓိပ္ပါယ်မရှိ​သော ဆင်​ခြေကို ​ပေးလာ​သေးသည်။
ဟုတ်တယ် ဒီကမလည်မဝယ်၊သူငယ်နှပ်စား​လေးဆို​တော့ ​ပျောက်သွားနိုင်တာ​ပေါ့။

ဂစ်တာအတွက် ကြိုးစမ်းရင်း ​တပ်ကြည့်​နေ​တော့ ဘဲကြီးက တစ်ဆိုင်လုံးကဂစ်တာ​တွေရဲ့ အမျိုးအစား​တွေကို လိုက်ကြည့်​နေ​သည်။
လိုအပ်တာဝယ်ပြီးတဲ့​နောက် ကို​ဝေကြီးမိတ်​ဆွေ ဆိုင်ရှင်က သူ့​ဘော်ဒါကို ​လူကြုံပါးချင်တာရှိသည်ဆို​​ပြီး ပထမထပ်ကို တက်သွားတာမို့ ထိုင်ရင်း​စောင့်ရ​သေးသည်။
ထိုအချိန် ဆိုင်ထဲဝင်လာသည့် အမျိုးသမီးတစ်ဦးနဲ့အတူ ပါလာသည့်​ခွေးစုတ်ဖွား​လေး၊ကြိုးနဲ့ဆွဲထားတဲ့ကြားကကို သူကရုန်းချင်၊​ဟောင်ချင်​သေးသည်။ကျွန်​တော်တို့က သူ့ကိုကြည့်မှန်းသိ​လေ၊သူက မာန်ပိုဖီပြ​လေ့နဲ့ အသံ​တွေ ဇွတ်​ပေး​၊ဇွတ်စွာ​နေ​တော့တာဖြစ်သည်။
ကြည့်​နေရင်း ​ဘေးက​ကောင်​လေးကို သတိတရစချင်လာတာမို့

"လင်းရိပ်ညိုအငယ်စား​လေးပဲ"

"ဘာဗျ"

သူ့ကို​ပြော​တော့ ချက်ချင်းထွက်လာတဲ့ ရန်လိုတဲ့အသံ၊လူကို ​ပေ​စောင်း​စောင်းကြည့်ရင်း

"ခင်ဗျား​တော့ နာ​တော့မယ်"ဟု ​​ကြောက်စရာ​ကောင်း​အောင် ကြိမ်းဝါးလာ​သေးသည်။

"​​ဘေဘီလည်း ဒီိနားတင် အရိုက်ခံချင်ပြီထင်တယ်​​နော်"

"ဟိတ်လူ ခင်ဗျား​နော်"ဆိုပြီး မျက်နှာ​လေးရဲလာသူ​ကြောင့် သူ့မှာချစ်အားပိုစွာကြည့်ရင်း ရယ်ရပြန်သည်။
နှစ်​ယောက်က တိုးတိုးကျိတ်ကျိတ် ကျီစယ်​နေ​လေ ဟို​ခွေး​ပေါက်စ​ဟောင်​လေနဲ့ ပိုင်ရှင်လည်း မတားနိုင်ဖြစ်​နေ​​တော့သည်။
အင်မတန်စွာ​နေတဲ့ ​ခွေးကိုကြည့်ရင်း

"တကယ် တကယ်၊လင်းရိပ်ညိုမှလင်းရိပ်ညိုပဲ
တစ်ချိန်လုံး မာန်ဖီပြီးစွာ​​နေလိုက်တာကွာ အာ့!"

စလို့ပင်မဆုံး​သေး၊လက်​မောင်းဆီပစ်ဝင်လာသည့် လက်သီး​ကြောင့် အီစိမ့်သွားရသည်။
တကယ်ကို အထိမခံ​ရွှေပန်းကန်​လေး

ဆိုင်ကပြန်ထွက်လာချိန်မှာ​တော့ ၆နာရီ​ကျော်ဖြစ်​နေပြီး လမ်းတစ်​လျှောက်မှာလည်း ​စျေးသည်၊​စျေးဝယ်​တွေနဲ့ အပြည့်ဖြစ်​နေ​လေပြီ။
​ပေါ်လာသည့် စိတ်ကူး​ကြောင့်

"​ဘေဘီ ဂစ်တာနဲ့အဲ့အိတ်ထားပြီးရင် ကိုယ်တို့ တရုတ်တန်းပတ်ကြမလား"

"အင်း ပတ်​​လေ"

ဘာမဆို ဘွင်းဘွင်းရှင်းရှင်း​ပြောသည့် ​ကောင်​လေးရဲ့ထုံးစံအတိုင်း ဘာဖြစ်တာ​တွေ၊ဒါဖြစ်တာ​တွေနဲ့ အီလည်​နေတာမျိုးမရှိ။
တိုတိုတုတ်တုတ်အ​ဖြေ​ပေးပြီး ပြီးသွားတာမျိုးပင်။ဒါကိုက လင်းရိပ်ညို​လေးရဲ့ ဆွဲ​ဆောင်မှုတစ်မျိုးထင်ပါရဲ့။

တည်ကြည်တရုတ်တန်းကို ​​ဒီလိုပတ်ဖြစ်တာ နယူး​ယော့မသွားခင် ​စီးပွား​ရေးတက္ကသိုလ်တက်​နေစဉ်ကာလက ​​နောက်ဆုံးဖြစ်သည်။​​နောက်ပိုင်း ကားနဲ့ဖြတ်သွားမိတာရှိ​ပေမယ့် ဒီလိုတကူးတက​တော့ မပတ်ဖြစ်။
အခု​တော့ သူမြတ်နိုးရ၊ချစ်ရတဲ့ အ​ပေအ​တေ​လေးရဲ့ လက်ကိုဆွဲရင်း တရုတ်တန်းရဲ့ ​မုန့်သည်​တွေဆီ တစ်​ခါပြန်လည်​ခြေချမိ​တော့သည်။

"ခဏ၊ကျွန်​တော် ဒီမုန့်ဝယ်ဦးမယ်"
"ဦး​လေး လမုန့်​တွေက တစ်ခုဘယ်​လောက်လဲ"

"တစ်ခု၅၀၀ပါ သား​လေး"

"ဒါဆို ကျွန်​တော့်ကို ၄ခု​ပေး၊ဘဲဥငန်အရသာနှစ်ခုနဲ့ပဲပါတဲ့ဟာနှစ်ခု
ပူတင်းပါတာ မထည့်နဲ့​နော်"

​စျေးသည်ဦး​လေးကို ​ပြေ​ပြေလည်လည်​ပြောရင်း လိုချင်တာဝယ်​နေသည့် ​ဘေဘီ့ပုံစံ​လေးက တစ်မျိုးချစ်စရာ​ကောင်းပြန်သည်။
​​ပြောတဲ့​လေသံကအစ ချိုသာ​နေပြီး မျက်နှာကလည်း လမုန့်တွေကိုကြည့်ရင်း အနည်းငယ်ပြုံး​နေဟန်​ပေါ်သည်။မျက်နှာ​ကြောက မာတင်းမ​နေ။
သူထင်တာမမှား၊ဒီ​ကောင်​​လေးက ပတ်ဝန်းကျင်ကို အရွဲ့တိုက်ရင်းသာ လူဆိုးလုပ်​နေတာ၊သူ့နဂိုစိတ်က ​ပျော့​ပြောင်းပြီး ကြင်နာတတ်တာမျိုးဖြစ်သည်။

ကျသင့်​ငွေ၂​ထောင်ကို သူ့ထက်အရင်ထုတ်​ပေး​တော့ ကျွန်​တော့်ကို ​ပေ​စောင်း​စောင်း ကြည့်လာသည်။

"ကိုယ်လည်း ပြာကျသွားပါဦးမယ် ​ဘေဘီရာ၊အသာကြည့်ပါ"

"ခင်ဗျား အမ်းဘဲကြီးစတိုင်လုပ်မ​နေနဲ့
ကျုပ်ဘာကျုပ်ဝယ်စားလို့ရတယ်"

သူကြိုက်တဲ့မုန့်မြင်ပြီး ​ပျော်သွားချိန်နဲ့ သူ့အ​ကြောင်းတချို့​ပြောပြီး စိတ်​ပျော့ချိန်ကသာ ကျွန်​တော်လို့ ထွက်လာတာဖြစ်သည်။
တခြားအချိန်မှာ​တော့ ခင်ဗျား​​တွေ၊ကျုပ်​တွေ ပြန်ဖြစ်သွားတာပင်။
သူကလည်း ထိုအသုံးအနှုန်း​လေးကိုမှ မကြားရရင် ​​နေသာထိုင်သာရှိတယ်​​တောင် မထင်​တော့။

"၂၀၀၀​လောက် ရှင်း​​ပေးတာနဲ့​တော့ အမ်းဘဲစတိုင်လို့ မ​ပြောနဲ့ကွာ၊ကိုယ်လည်း ရှိုးပဲ့တယ်
​ဘေဘီ့အတွက် တိုက်​တွေ၊ကား​တွေဝယ်​ပေးမှ အဲ့လိုသုံးချင်သုံး ဟုတ်ပလား"

"ဟုတ် ​​ဖေ​ဖေ​လေး၊​နောက်မ​ပြော​တော့ပါဘူး"

ရွဲ့တဲ့တဲ့ပြန်​ပြောသူ​ကြောင့် သူရယ်ရပြန်သည်။အရင်က တစ်​နေ့တစ်ခါ​တောင် မရယ်ဖြစ်​သောသူက အခု​တော့ အနှီ​ပြောမ​ကောင်းဆိုမ​ကောင်း ​ကျေးဇူးနဲ့ ဒီတစ်ရက်အတွင်းမှာ ​တော်​တော်ရယ်ဖြစ်​နေပါပြီ။

"ဟိတ်လူ ကျွန်​​တော်ဝက်သားတုတ်ထိုးစားဦးမယ် ခဏ"

"ဟင် မသန့်ရင်ဘယ်လိုလုပ်မလဲ၊​ဘေဘီစားချင်ရင် ကိုယ်ဟိုတယ်က မြန်မာchefတစ်​ယောက်ကို လုပ်ခိုင်း​ပေးမယ်​လေ"

"ဟာ မစားချင်ပါဘူး အဲ့လိုတကူးတကကြီး
ဒီမှာပဲစားမှာ၊ခင်ဗျား မထိုင်ချင် ကား​ပေါ်သွား​နေ"

"​နေစရာလား"ဆိုပြီး သူကအရင် တုတ်ထိုးဆိုင်ကခုံပု​လေးဆီ သွားထိုင်တဲ့သူ​ကြောင့် ရယ်ရခက်၊ငိုရခက်
ဒီဘဲကြီးက ဒီလိုလည်း က​လေးဆန်တတ်ပြန်သေးတာပဲ။

"​ဘေဘီ အဲ့ဒါကအဆီများတယ်၊သီချင်းဆိုရင် ပြသနာတက်ဦးမယ်"

"​ဘေဘီ ကလီစာ​တွေသိပ်မစားနဲ့၊ဗိုက်​တွေ​​အောင့်ဦးမယ်​​နော်"

"​ဟာ ဘေဘီ ဝက်မြှီးကြီးစားမလို့လား"

"​ဘေဘီ အချဉ်​တွေတအားမတို့နဲ့​နော်၊ဗိုက်နာမယ်"

ဆက်တိုက်နီးပါး ထွက်​ပေါ်လာသည့် စကားသံ​တွေ​ကြောင့် ကျွန်​တော်လည်း ထူပူစိတ်တိုလာရသလို၊ဆိုင်ရှင်အစ်မကြီးကလည်း ပြုံးပြုံးကြီး ကြည့်​နေ​လေပြီ။ဒီလူ ဒီလို​နေရာလည်းမ​ရှောင် ​ဘေဘီချင်းထပ်​အောင်​ခေါ်​နေ​တော့တာပဲ။
ကိုယ်စားဖို့​ရွေးသမျှကလည်း သူ့အတွက်စိုးရိမ်စရာ​တွေချည်း ဖြစ်​နေတာ၊ဘာစားရမှန်း​တောင် မသိ​တော့။

"ခင်ဗျား ဘယ်လိုဖြစ်​နေတာလဲ ဦးတည်ကြည်နန္ဒရဲ့၊ ကျုပ်က​​လေး မဟုတ်ပါဘူးဗျ"

"ပြီး​ရော ပြီး​ရော၊အဲဒါဆိုလည်း စား
​နေမ​ကောင်းမှ နာနာ​လေးရိုက်!!"

'အဟွတ် အဟွတ် အဟွတ်'

"ဟာ ​ဘေဘီသီးသွားတာလား၊​ရေ​နွေ​လေး​သောက်လိုက်ဦး"

​ချောင်းဆိုးပြီးသီး​တော့လည်း ​ခြေမကိုင်မိလက်မကိုင်မိနဲ့ ဖြစ်​နေပြန်တဲ့သူ
လူကိုသီးပြီး​သေမလိုဖြစ်​စေတဲ့ တရားခံကလည်း သူ့ရဲ့ ​​ဘေးဘီမကြည့် ​ပြောတဲ့စကား​တွေပါပဲ
ဒီဲဘဲကို သူပြန်ရိုက်မှပဲ နား​အေး​တော့မည်ထင်သည်။မဟုတ်ရင် သူ​ပြောမနိုင်တိုင်း ဒီစကားပဲ ထုတ်သုံး​နေတာ လူ​ရှေ့သူ​ရှေ့မှာ အဆင်မ​ပြေ​တော့။

မျက်နှာ​လေးရဲပြီး လူကိုစားမလို၊ဝါးမလိုကြည့်​နေတဲ့ ​ကောင်​လေး​ကြောင့် သူဘာမှားလဲ ​သေချာပြန်စဉ်းစားရ​သေးသည်။
ရိုက်မယ်​ပြောလို့ ရှက်ပြီးသီးသွားတာဖြစ်မယ်​ကို စဉ်းစားမိ​တော့ ကိုယ့်ပါးစပ်ကိုယ်အသာပြန်ပိတ်ရပြန်သည်။တကယ်​တော့ သူရိုက်မယ်​ပြောတာက က​လေး​တွေကို ဆူသလို၊ခြိမ်း​ခြောက်သလို ရိုးရိုးစကားအဖြစ်သုံးတာဖြစ်ပြီး မနက်ကလို ရည်ရွယ်တာ မဟုတ်ရိုးအမှန်မှန်း သူနဲ့ဘုရားသာ အသိဆုံးပင်။

"​​ဘေဘီ အဆင်​ပြေရဲ့လား၊လည်​ချောင်းက"

တုတ်ထိုးဆိုင်ကပြန်ထလာ​​တော့ စိတ်ပူ​နေဟန်နဲ့ ​မေးလာတဲ့သူ
စိတ်ကုန်လက်ကုန်ကြည့်မိရင်း

"ခင်ဗျားပါးစပ်ကြီးသာ ပိတ်​ပေးထားရင် အကုန်အဆင်​ပြေ​နေပြီ သိလား"

"ဟားဟား ​ဘေဘီကကွာ၊ကိုယ့်ထက်အကြီးကို တစ်ချိန်လုံး ဆူပူမာန်မဲ​နေ​တော့တာပဲ"

"ကျုပ်က ပါးစပ်ကတင်​ပြောတာ၊ခင်ဗျားက လက်ပါပြီး ​ေ_ာက်ရူးထချင်​နေတာလည်း ထည့်​ပြောဦး"

"အား တကယ်အသည်းယားလာပြီကွာ မရ​တော့ဘူး ကဲ"

"အွန်း"

'ပြွတ်'

ရှုပ်ယှက်ခတ်​နေတဲ့ လူ​တွေကြား လမ်းမအလယ်မှာ ဒီလိုအနမ်းခံရမယ်လို့ တစ်ခါမှပင်မ​တွေးဖူးခဲ့
ကိုယ်တိုင်လည်း ဘယ်ရည်းစားကိုမှ လမ်းမအလယ်မှာ ဒီလိုအရူးထပြီး မနမ်းဖူးခဲ့
အခု​တော့ လမ်းမအလယ်မှာတင် ပါးနှစ်ဖက်ကို ဖိကိုင်ပြီး စူ​ထော်သွားတဲ့နှုတ်ခမ်း​​တွေကို အနမ်းခံလိုက်ရတာ သူ့​သွေး​​တွေပင် ​ပြောင်းပြန်စီးဆင်းသွားသလို
မဖြစ်​တော့၊သူ ဒီဘဲကို မထင်ရင်မထင်သလို အကန်​တွေ​ပြောတာ ​ရှောင်မှဖြစ်​တော့မည်
ကိုယ်​ပြောသမျှ သူ့ကိုကျီစယ်ပြီး ပန်းနဲ့​ပေါက်​နေတယ်အမှတ်နဲ့ အသည်းယားပြီး လူကြားမ​ရှောင်နမ်း​နေတာကြီးက အဆင်မ​ပြေ​တော့၊သိတဲ့သူ တစ်​ယောက်​​ယောက်မြင်သွားရင် သူ့ရဲ့လူမိုက်သိက္ခာ​တွေ ကျရချည်ရဲ့။

"ဦးတည်ကြည်နန္ဒ ခင်ဗျားအရှက်ကိုမရှိဘူး"

"အွန် ဘာကိုရှက်ရမှာလဲ၊​ဘေဘီပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆို ဘာကိုရှက်​နေတာလဲ"

"ဟာ့ တူမလား ခင်ဗျား"

"အဟွန်း တူပါတယ်၊တကယ်​တော့ ​​ဘေဘီက ပတ်ဝန်းကျင်ကို ဂရုစိုက်ပါတယ်၊ဂရုစိုက်လို့ပဲ ​ပြောသမျှကို လိုက်ခံစားပြီး အရွဲ့တိုက်တာ​တွေလုပ်​နေတာ​ပေါ
ကိုယ်ကျ ကိုယ်မှန်တယ်ထင်ရင်၊ဘယ်သူ့ကိုမှ မထိခိုက်ရင် ပတ်ဝန်းကျင်ကို ​ခေါင်းထဲကို မထည့်ဘူး ​ဘေဘီရဲ့"

ပုခုံး​လေးကို ခပ်ဖွဖွဖက်ရင်း၊ ​စိုလက်လက်မဟူရာမျက်လုံး​လေး​တွေကို စိုက်ကြည့်ရင်း သူ​ပြော​တော့ ​​​ခေတ္တအ​ရောင်​ပြောင်ပြီး မှိန်ကျသွားတဲ့ မျက်လုံး​လေး​တွေ
​ခဏ​လေးပါပဲ၊ဟန်​ဆောင်​ကောင်းတဲ့​ကောင်​လေးက အကြည့်​တွေကို​ရှောင်ရင်း လမ်းတစ်ဖက်ကို ​ကြည့်ပြီး

"ဒူး ဒူးရင်းသီးစားမယ်၊ဟိုမှာ ဒူးရင်းသီး​တွေ"

"အဟွန်း စား​စေဗျာ၊ လာ သွားမယ်"

ရုန်းဖယ်ခြင်းမပြု​တော့တဲ့ လက်က​လေးကို ဆုပ်ကိုင်ရင်း ဒူးရင်းသီးသည်​တွေရှိရာဆီ ​လျှောက်လာခဲ့လိုက်သည်။

"ယိုးဒယားသီး၊​မော်လမြိုင်သီး အစုံရှိတယ်​​နော်
မြည်းကြည့်လို့လည်း ရတယ်၊စိတ်ကြိုက်​ရွေး​ပေးတယ်
ဒီက အချစ်ငှက်​လေးနှစ်​ကောင်​ရော ဘယ်အသီးယူမလဲ"

ဒူးရင်းသီး​သည်ကြီးရဲ့ အ​ပြော​ကြောင့် ​မျက်နှာကို ​ရေ​​နွေးပူပူနဲ့ အပက်ခံရသလို ခံစားလိုက်ရသည်။ဒီ​လောက် အရှက်မရှိနမ်း​နေမှ​တော့ မမြင်ဘဲ​နေပါ​တော့မလား။တရားခံကို မ​ကျေမနပ်နဲ့ကြည့်​တော့ ပုခုံးကိုအသာတွန့်ရင်းသာ ရယ်​​နေပြီး

"ဦး​လေး ကျွန်​တော့်​ကောင်​လေးက အစားဂျီး(​ချေး)များလို့ ချိုအီ​မွှေး​နေမယ့် အ​ကောင်ဆုံးအလုံးသာ ​ရွေး​ပေးပါဗျ"

"​​အေး​အေး ​ရွေး​​ပေးမယ်​နော့၊​ဒူးရင်းသီးစားပြီး ​ကောင်​လေးပိုချစ်​​အောင် ဦး​လေးကူညီ​မယ် ငါ့တူ​ရေး"

​ပျော်​ပျော်​နေတတ်ပုံရတဲ့ ဒူးရင်းသီးသည်ဦး​လေးနဲ့ အရှက်တစ်စက်မှမရှိတဲ့ ဘဲနာကြီးကြား လင်းရိပ်ညိုမှာ ဘာစကားမှကို မ​ပြောနိုင်​တော့

"​ငါ့တူ​လေး မြည်းကြည့်ပါဦး၊ဒီအလုံးက ရှယ်ဆိုမှရှယ်ပဲ"

"​​နေ ​နေ ရတယ် ဦး​လေး၊ကျွန်​တော်မမြည်း​တော့ဘူး၊အဲဒါပဲ ထည့်​ပေးလိုက်ပါ"

"​ဟေ ဖြစ်သလားကွဲ့၊မြည်းကြည့်ပါဦးလား
​တော်​နေ(​တော်ကြာ) မင့်အကြိုက်မဟုတ်မှ ဒီကတူကြီးက ဦး​လေးကို စိတ်ဆိုး​နေပါဦးမယ်"

"ဟာ ဦး​လေးရယ်၊အဲဒါပဲ ထည့်​ပေးပါ၊ရပါတယ်ဆိုဗျာ"

ဒီဦး​လေးကြီးက တည်ကြည်နန္ဒဆိုတဲ့ ဘဲနာကြီးများ ပိုက်ဆံ​ပေးပြီး တမင်​ခေါ်ထားလားထင်ရ​အောင်ကို ဘဲနာကြီးနဲ့ အတိုင်အ​ဖောက်ညီ​​နေ​တော့တာ။သူ့မှာသာ မျက်နှာ​တွေပူပြီး စိတ်​တွေအိုက်၊အ​ငွေ့ပျံချင်​နေတာ ထိုဦး​လေးကြီးနဲ့ ဘဲနာကြီးက​တော့ ပြုံးပြုံး၊ပြုံးပြုံးနဲ့

"မင်းဂွတ်သီး​ရော ယူကြဦးမလား၊ကြက်​မောက်သီးလည်း ရှိတယ်​နော"

"ယူမယ် ​ဦး​လေး၊​အ​ကောင်းဆုံး​တွေသာ ​ရွေးထည့်​​ပေးလိုက်"

"​အေး​အေး ထည့်​ပေးမယ်ဗျာ၊ငါ့တူ​လေး ဟန်ကျသကွာ၊ချစ်သူ​ကောင်​လေးက အ​ကောင်းဆုံး​တွေချည်း ​​ပေးချင်​နေတာ"

"ဟားဟား ဦး​လေးတစ်ဆိုင်လုံး​တောင် ကျွန်​တော်ဝယ်ချင်လာပြီဗျာ
ဦး​လေးက အမှန်​တွေလည်းသိ၊အ​ပြောလည်း​ကောင်း ဟားဟား"

ဒူးရင်းသီးသည်ကြီး​ပြောသမျှကို တဟားဟားရယ်ရင်း ဘဲနာကြီး သ​ဘောကျ​နေသမျှ သူ့မှာ​တော့ ​ခေါင်းသာဖြုတ်ထားလိုက်ချင်စိတ် ​ပေါက်​​​နေရသည်။
ကွမ်းဂျိုး(ကျိုး)​တွေအရဲသားနဲ့ သ​ဘောတကျပြုံး​နေတဲ့ ဦး​လေးကြီးကလည်း နှစ်​ယောက်ကိုကြည့်ပြီး သ​ဘောကျ​နေပုံနဲ့ ​ခေါင်းတညိမ့်ညိမ့်
မြို့လည်​​ခေါင်မှာ ကျင်လည်​နေသူမို့ ကိုယ်​တွေလိုအတွဲ​တွေအ​ကြောင်း သူရင်းနှီး​နေမှာမဆန်း၊ဒါ​ပေမယ့် နှစ်​ယောက်ကို လိုက်ဖက်လွန်းတယ်ဆိုတဲ့ အကြည့်နဲ့ တပြုံးပြုံးဖြစ်​နေတာကြီးက​တော့ ဦး​လေးကြီး လွန်ကိုလွန်ပါတယ်။
အားလုံးရဲ့တရားခံ ဘဲနာကြီးကို မကြည်ကြည့်နဲ့ကြည့်​တော့ ​ခေါင်းကိုခပ်ဖွဖွအုပ်မိုးရင်း ​မေး​ငေါ့ပြပုံက

"ဘာဖြစ်လဲ"ဆိုတဲ့သ​​ဘော

တကယ်​တော့ လူဆိုးက ကျွန်​တော်မဟုတ်ဘူး၊အဲဒီဘဲနာကြီး။

တရုတ်တန်းရဲ့ ဆိုင်​တွေကြား ဟို​​ငေးဒီ​ငေး ​​ငေးရင်း လမ်း​လျှောက်ဖြစ်ပြီး ဘာဆိုင်​တွေ့​တွေ့ လက်ညှိုးထိုးပြီး 'စားမလား'​မေး​နေသူ​ကြောင့် သူ့မှာ ​ခေါင်းကိုတွင်တွင်ခါပြ​နေရ​ပြန်သည်။
လက်ထဲမှာလည်း အထုပ်​ပေါင်း၁​​သောင်း​လောက် ဖြစ်​နေပြီမဟုတ်လား​လေ။

"​ဘေဘီ ခုနကလမုန့်ဝယ်​တော့ ပူတင်းပါတာ မထည့်နဲ့​ပြောတာ​လေ၊​ဘေဘီက ပူတင်းမကြိုက်ဘူးလား
မနက်ကကျ အကုန်စားသလားလို့"

"ပူတင်းကြိုက်တယ်၊ပူတင်းအဆာသွပ်ထားတဲ့မုန့်​တွေပဲ မကြိုက်တာ"

တည်ကြည်တစ်​ယောက် ​ခေါင်းတညိတ်ညိတ်နဲ့သာ သူ့​ကောင်​လေးအကြိုက်​တွေကို လိုက်မှတ်​နေရသည်။ဘာကြိုက်တတ်လဲ ​မေးမရသည့် ​ကောင်​လေးရဲ့အကြိုက်​တွေကို ဒီလိုဝယ်ရင်းနဲ့ပဲ သူမှတ်မှရပါလိမ့်မည်။

'​​ဝေါ ​ဝေါ ​ဝေါ'

"ဟာ ​သောက်ကျိုးနဲ မိုးရွာလာပြီ"

​​​မေလရဲ့ပထမအပတ်သာရှိ​သေး​ပြီး မ​ပြောမဆိုရွာချတဲ့ ရန်ကုန်မိုးရဲ့ ထုံးစံက စတင်လာပုံရသည်။
သည်းထန်လာတဲ့ မိုးစက်​တွေနဲ့အတူ အားလုံးလည်း ကိုယ်စီအလုပ်ရှုပ်ကုန်ကြပြီး သူတို့နှစ်​ယောက်မှာလည်း ကားရှိရာကို အ​ပြေးအလွှား​သွားရသည်။
ကားဆီ​ရောက်​တော့ ​​နှစ်​ယောက်လုံး မိုး​ရေစက်လက်နဲ့ ​ဟောဟဲဆိုက်​နေကြပြီ

သို့​သော် နှစ်​ယောက်လုံး​ပျော်​နေသည်
ကားထဲကို​တောင် ချက်ချင်းမဝင်ဖြစ်ဘဲ၊တွဲထားတဲ့လက်​တွေမဖြုတ်ဖြစ်ဘဲ တစ်​ယောက်ကိုတစ်​ယောက်ကြည့်ရင်း ရယ်မိတဲ့အထိ သူတို့​ပျော်​နေကြသည်။

A/N
Daily update​နေတဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်​နေမိပြီ:
Please kindly leave cmt&vote
Love u all
Rachel
29Nov,2022
●●●●●●●●●●●●●●●●●●●●●●●●●●●●●●

'​​ေဘဘီ ​ေအာက္မွာကိုယ္​ေရာက္​ေနၿပီ​ေနာ္'

သီခ်င္းတိုက္ၿပီး​ေနာက္ အဖြဲသား​ေတြနဲ႔ ​​ေသာက္ျဖစ္​​ေနတုန္း ဝင္လာတဲ့စာတို​ေၾကာင့္ ​ေသာက္လက္စ ဘီယာဘူးကို ခ်လိုက္ရသည္။

"ဟာ့ ငါတို႔​ေကာင္ ​ေစာ​ေစာစီးစီး လက္နက္ခ်​ေနၿပီလား"

"သြားစရာ႐ွိ​ေသးတယ္ဗ်၊​ေနာက္ရက္မွ ​ေအး​ေဆးထပ္ဝိုင္းၾကတာ​ေပါ့"

"ဘာလဲ ဟို ႐ွိန္းဆိုတဲ့​ေကာင္​​ေလးနဲ႔ ဒိတ္မလို႔လား"

"နားစမ္းပါ၊တျခားသြားစရာ႐ွိလို႔
သြားၿပီ ကို​​ေဝႀကီး၊ကြၽန္​ေတာ္ ကားထားခဲ့မယ္​ေနာ္"

"​ေဟ ​ေအး​ေအး ထားခဲ့​ေလ၊မင္းက ကားထားခဲ့ၿပီး ဘယ္လိုသြားမလို႔လဲ"

"ကို​ေဝႀကီးရာ လင္းရိပ္ညိဳမ်က္ႏွာ ဒီ​ေန႔ျပဳံးခ်င္ခ်င္ျဖစ္​ေနတာ သတိမထားမိဘူးလား
ဒိတ္တာထက္ပိုတဲ့ ခ်စ္သူရ​ေနၿပီ​ေနမွာ​ေပါ့၊ပခုလည္း လာႀကိဳလို႔​ေနမွာ​ေပါ့"

"​ေဟ ​ေဇာ္မင္း​​ေျပာတာ ဟုတ္သလား ​ေကာင္​ေလး"

"ခ်စ္သူမရပါဘူးဗ်ာ၊အ​ေဖတစ္​​ေယာက္ ​ထပ္ရထားတာ
အခုလည္း အ​ေဖလာႀကိဳ​ေနလို႔ သြားၿပီဗ်ိဳ႕"

ကြၽန္​ေတာ္႕စကားအဆုံးမွာ အာ​ေမဋိတ္သံ​ေတြနဲ႔အတူ ရယ္​ေနၾကသည့္သူ​ေတြကို လက္ျပႏႈတ္ဆက္ရင္း ၆လႊာက​ေန ဆင္းလာလိုက္သည္။
ဒီ​​ေန႔မွပဲ ​ေျခလွမ္း​ေတြက ပို၍တက္ႂကြျမန္ဆန္​ေနသလို
လမ္းတစ္ဖက္ျခမ္းမွာ ရပ္ထားတဲ့ကား​ေပၚက​ေန လက္လွမ္းျပသူ​ေၾကာင့္ ​ေသာက္လက္စစီးကရက္အတိုကို အစည္ခံထိ​ေအာင္ ဖြာ႐ိႈက္လိုက္ၿပီး ​ေျမာင္းထဲပစ္ခ်လိုက္သည္။
ဂစ္တာအိတ္ကို ျပန္ျပင္လြယ္ရင္း ကား႐ွိရာတစ္ဖက္လမ္းကိုကူးလိုက္​ၿပီး​ ကားထဲဝင္ထိုင္​ေတာ့ လူကိုျပဳံးလို႔ၾကည့္​ေနတဲ့ မ်က္လုံး​ေတြနဲ႔ ထိပ္တိုက္​ေတြ႕ဆုံရသည္။

"မူး​ေနၿပီလား"

"မမူးပါဘူး၊ဘီယာ၃ဘူးပဲ ​ေသာက္ရ​ေသးတယ္ ခင္ဗ်ား​ေရာက္လာတာ"

ဂစ္တာအိတ္ကို​ေနာက္ခန္းထဲ လွမ္းထားရင္း ​ေမးခြန္းကိုလည္းအ​ေျဖမပ်က္
​ေလာ​ေလာလတ္လတ္႐ိႈက္ထားသည့္ စီးကရက္နံ႔တခ်ိဳ႕က အ​​ေပအ​ေတ​ေလးရဲ႕ ႏႈတ္ခမ္းမွာ ရ​ေနဆဲပင္႐ွိ​​ေသးသည္။

"ဘယ္သြားၿပီး ဘာစားခ်င္လဲ"

"မစားခ်င္ပါဘူးဗ်ာ၊က်ဳပ္က အစားမမက္ဘူး
အရည္ပဲမက္တာ အဟြန္း"

"​ေတာ္​ေတာ္ အရည္​ေတာ့ ထပ္မ​ေသာက္​ေတာ့နဲ႔
တျခားဟာ စဥ္းစား"

"​အဲဒါ​ေတြ​ေနာက္မွစဥ္းစားမယ္၊ခင္ဗ်ား အခ်ိန္ရရင္ ကြၽန္​ေတာ္႕ကို ၁၅လမ္းဖက္လိုက္ပို႔​ေပး
ဂစ္တာႀကိဳးဝယ္စရာ႐ွိလို႔"

"ရပါ့ဗ်ာ ရပါ့၊သခင္​ေလးက ဒီလိုလိုက္ပို႔ခိုင္းတာ လိုခ်င္လြန္းလို႔ ဒီအထိ​​ေရာက္လာရတာပါ"

ပိုပိုကဲကဲ​ေတြ​ေျပာ​ေနသည့္ဘဲႀကီးကို ​ေခါင္းအသာရမ္းလို႔သာ မႏိုင္ဘူးဆိုတဲ့အၾကည့္နဲ႔ ၾကည့္မိလိုက္သည္။
​​ေကာ္လံတီ႐ွပ္နက္ျပာ​ေရာင္နဲ႔စတိုင္ပန္အျဖဴကို ႐ိုး႐ွင္းစြာဝတ္ထားၿပီး လက္မွာလည္း Rolexနာရီတစ္လုံးသာ ပတ္ထားသည့္ဘဲႀကီးက  ျမင္တာနဲ႔ကို gentle manမွန္း သိသာ​ေစသည့္ ႐ုပ္ရည္ပုံစံမ်ိဳးပင္။
သူ႕လို ဂ်စ္ပစီပုံနဲ႔ဘဲႀကီးပုံက အ​ေ႐ွ႕အ​ေနာက္၊​ေတာင္နဲ႔​ေျမာက္ပင္။
မတူညီတဲ့အရာႏွစ္ခုရဲ႕ ​​ေပါင္းစပ္မႈက လက္ရာ​​ေျမာက္လြန္းရင္လည္း လူ​ေတြအ႐ူးအမူးသ​ေဘာက်ၾကတာ ထုံးစံပင္။
ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ရဲ႕ ​ေပါင္းစပ္မႈကလည္း လက္ရာ​ေျမာက္လြန္းသည့္ ​ေပါင္းစပ္မႈမ်ိဳးျဖစ္မယ္လို႔ ​ေတြးမိ​ေတာ့ ကိုယ့္အ​ေတြးနဲ႔ကိုယ္ရယ္ခ်င္သား။

​ျပည္လမ္းအတိုင္း​ေမာင္းလာသည့္ကားက ​ေဆး(၁)​ေ႐ွ႕ကျဖတ္သည့္အခါ ​ေဘးက​ေကာင္​​ေလးကို လွည့္ၾကည့္မိသည္။
​ေရဒီယိုကလာ​ေနသည့္ သီခ်င္းရဲ႕သံစဥ္အတိုင္း လက္​ေတြလႈပ္​ေနသည့္​ေကာင္​ေလးက​ေတာ့ ကားမွန္က​ေန အျပင္ကို ​ေငး​ေနၿပီး ​ေက်ာင္းကို​ေတာ့ တစ္ခ်က္​​ေတြခနဲၾကည့္လိုက္တာ သတိထားမိလိုက္သည္။ဒီ​​ေကာင္​ေလးပုံ​ေလးနဲ႔ အျဖဴ​ေရာင္ဂ်ဴတီကုတ္နဲ႔ဆို သိပ္ကိုလိုက္ဖက္​ေနမွာကို ျမင္​ေယာင္မိ​ေတာ့ ဆႏၵ​ေတြ၊​​ေလာဘ​ေတြနဲ႔အတူ ဆရာဝန္မျဖစ္​ေတာ့ရင္ဆိုတဲ့ ႏွ​ေျမာစိတ္ကပါ လွ်ံတက္လို႔လာရသည္။

"​​ေဘဘီ ​ေဆး​ေက်ာင္းဒုတိယႏွစ္ၿပီးထားတာဆို"

အ​ေမးသ​ေဘာနဲ႔စကားစ​ေတာ့ လူကိုလွည့္ၾကည့္လာၿပီး တစ္ခ်က္ျပဳံးသည္။

"ခင္ဗ်ားလည္း က်ဳပ္အ​ေၾကာင္း အကုန္စုံစမ္းထား​ေတာ့တာပဲ​​ေနာ္"

"ခ်စ္မိ​ေတာ့လည္း အရာရာစိတ္ဝင္စားမိတာ​ေပါ့ကြာ၊ဒါနဲ႔ ကိုယ္တကယ္သိခ်င္တာပါ စာ​ေမးပြဲလည္း​ေအာင္တာကို ဘာလို႔ ​ေက်ာင္းဆက္မတက္​ေတာ့တာလဲ
​​ေငြ​ေၾကးမတတ္ႏိုင္တာလည္း မဟုတ္ဘဲနဲ႔"

"ဒီလိုပါပဲဗ်ာ၊အိမ္ကဘိုး​ေတာ္ကို႐ြဲ႕ရင္း မတက္ျဖစ္​ေတာ့တာ"

"ဒါဆို ၁၀တန္း​ေအာင္​ေတာ့ ​ေဆးလိုင္းကိုဘာလို႔​ေ႐ြးခဲ့တာလဲ၊​ေဘဘီ့ၾကည့္ရတာ အိမ္ကခိုင္းတာနဲ႔ မတက္ခ်င္ဘဲ​ေ႐ြးမယ့္သူမွ မဟုတ္တာ"

ဒီႏွစ္ထဲမွာ ကိုယ္တိုင္​ေမ့ထားတဲ့​အ​ေျဖကို ျပန္လည္တူးဆြ ​ေမးခြန္းထုတ္လာတဲ့သူ​ေၾကာင့္ သူ အျပင္ကိုသာ ​​ေငး​ေနမိလိုက္သည္။
တကယ္ဆို သူစြန္႔လႊတ္ဖို႔ျပင္ဆင္ထားၿပီးၿပီပဲ​ေလ။

"​ေျဖ​ေလ​ ​ေဘဘီရဲ႕၊ကိုယ္တကယ္သိခ်င္လို႔ပါ"

"ဆရာဝန္မျဖစ္ခ်င္ဘဲ​ေတာ့ AllDပါ​ေအာင္ တကူးတက ဘယ္စာလုပ္​ေနပါ့မလဲဗ်ာ"

​ေကြ႕ဝိုက္​ေနတဲ့အ​ေျဖျဖစ္​ေပမယ့္ လိုရင္းကဆရာဝန္ျဖစ္ခ်င္ခဲ့တယ္ဆိုတဲ့ အ​ေျဖပဲမို႔ တည္ၾကည္ ​ေခါင္းတညိတ္ညိတ္နဲ႔ပဲ ​ေနာက္​​ေမးခြန္းကို ဆက္​ေမးလိုက္မိသည္။

"ဒါဆို ဘာလို႔ဆက္မတက္​ေတာ့တာလဲ"

"ဒီတက္တူး​ေလ ပထမဆုံးထိုးျဖစ္တာ ဒုတိယႏွစ္​စာ​ေမးပြဲ​ေတြၿပီး​ေတာ့"

ဘယ္ဖက္လက္ခုံးနားက ဂီတသံစဥ္ပုံတက္တူးကို ​ေထာင္ျပလာတာမို႔ လွည့္ၾကည့္ၿပီး ​ေခါင္းညိတ္ျပ​ေတာ့ ​ေျပာလက္စ'စကားကို ဆက္၍လာသည္။

"ၿပီး​ေတာ့ ဒီနား​ေပါက္၃ခု၊ဒါလည္း အဲ့အခ်ိန္မွာ ထပ္​ေဖာက္ျဖစ္တာ
ကြၽန္​ေတာ္ႀကိဳက္လို႔​ေလ အဲ့လိုနားကြင္း​ေတြဝတ္ရတာ၊ၿပီး​ေတာ့ ဒီလို တက္တူးထိုးရတာ
အစက​ေတာ့ ​ေက်ာင္းျပန္ဖြင့္ရင္ ဒီတက္တူးကို ​မျမင္​ေအာင္ဖုံးထားမယ္၊နားကြင္း​ေတြ ျဖဳတ္ထားမယ္၊အဲ့လို စိတ္ကူးတာ​ေပါ့
ဒါ​ေပမယ့္ အဲ့ညကအ​ေဖနဲ႔ရန္ျဖစ္​ေတာ့ ဆရာဝန္လုပ္မယ့္​ေကာင္က ဒီလို​ေတြလုပ္စရာလား၊ပတ္ဝန္းက်င္က မင္းကိုဘယ္လိုကဲ့ရဲ႕ၾကမလဲနဲ႔ ​​နားပူၿပီးကြဲထြက္မတတ္ ​ေျပာတာ​ေလ
အဲ့မွာတင္ တစ္ခါထဲဆုံးျဖတ္ၿပီး အ​ေဖ့ကို​ေျပာလိုက္တာ ဆရာဝန္မလုပ္​ေတာ့ဘူးလို႔
အ​ေဖက​ေတာ့ သူ႕ကိုစိတ္ဆိုးလို႔ ခဏတျဖဳတ္႐ြဲ႕​ေျပာတယ္ထင္လား မသိဘူး
ကြၽန္​ေတာ္က​ေတာ့ အဲ့လိုသူမ်ားစိတ္တိုင္းက် ​ေန​ေပးရမွာမ်ိဳးဆို မလိုခ်င္​ေတာ့လို႔ မတက္​ေတာ့ဘူး ဆုံးျဖတ္လိုက္တာ
​ေနာက္ရက္​ေတြ ဒီတက္တူး​ေတြပါ ဆက္ထိုးျဖစ္သြားတာပဲ။​ေက်ာင္းျပန္ဖြင့္​ေတာ့လည္း မတက္ျဖစ္ဘူး၊ဒါပါပဲ"

​ေကာင္​ေလးရဲ႕စကား​ေတြထဲမွာ ဆရာဝန္လုပ္ဖို႔ကို စိတ္ကုန္သြားၿပီဆိုတဲ့ စကားမပါ​တာကို သတိျပဳမိတဲ့​ေနာက္ ​ေတြးမိတာက လူႀကီး​ေတြကို႐ြဲ႕ရင္း ဒီ​ေကာင္​ေလး ဆိုးသထက္ဆိုး​ေနတယ္ဆိုတာပါပဲ။

"​​​ေက်ာင္းက ထုတ္စာမလာ​ေသးဘူးမဟုတ္လား"

"အင္း ​ေနာက္ႏွစ္လည္းဆက္မတက္မွ သူတို႔ထုတ္မွာ​​ေပါ့"

"ကိုယ္က​ေတာ့ ​ေဘဘီ့ကို ​ေက်ာင္းျပန္တက္​ေစခ်င္တာပဲကြာ၊ဆရာဝန္ဆိုတာ အမွတ္မီတိုင္းလည္း ဝါသနာပါၾကတာမဟုတ္သလို၊ဝါသနာပါတိုင္းလည္း အ​ေၾကာင္းအမ်ိဳးမ်ိဳး​ေၾကာင့္ တက္ခြင့္ရတာမဟုတ္ဘူး​ေလ
​ေဘဘီက ဝါသနာလည္းပါ၊​​ေနာက္ခံလည္းပူစရာမလို၊အားလုံးအဆင္​ေျပ​ေနတဲ့ အ​ေနအထားမွာ လမ္းတစ္ဝက္​ေရာက္​ေနတဲ့ ကိုယ့္အိပ္မက္ကို ဆက္ႀကိဳးစားသင့္တယ္လို႔ ကိုယ္က​ေတာ့ထင္တယ္
တျခားသူ​ေတြကို အ႐ြဲ႕တိုက္ရင္း ကိုယ့္ဘဝႀကီးကို ကိုယ္တိုင္​ေရစုန္​ေမွ်ာပစ္တာက အဲ့လူ​ေတြကို အ႐ႈံး​ေပးလိုက္တာနဲ႔ အတူတူပဲ​ေပါ့
ကိုယ္က​ေတာ့ ​ေဘဘီ့ကို အ႐ႈံးမ​ေပး​ေစခ်င္ဘူးကြာ"

"​ေဆး​ေက်ာင္း​ေ႐ွ႕က ျဖတ္လာမိတာ မွားၿပီထင္ပါတယ္ဗ်ာ၊ဂစ္တာဆိုင္ကိုပဲ သြားပါ​ေတာ့ ဦးတည္ၾကည္နႏၵရာ"

စကားလႊဲသြားသည့္​ေကာင္​ေလး​ေၾကာင့္ သူလည္း အလိုက္သင့္ ရယ္ရင္းၿငိမ္​ေနလိုက္​ေတာ့သည္။
ဒါမ်ိဳးက တစ္ခါတည္း​ေျပာလို႔ရတဲ့ ကိစၥမ်ိဳးမွ မဟုတ္ဘဲ​ေလ၊နားဝင္​ေအာင္ အႀကိမ္ႀကိမ္​ေလွ်ာ့​ေျပာရတဲ့ ကိစၥမ်ိဳးပဲမို႔ ဒီတစ္ႀကိမ္ကို​ေတာ့ သူဒီ​ေလာက္နဲ႔ပဲ ရပ္ဖို႔ဆုံးျဖတ္လိုက္သည္။
ဒီ​ေန႔အ​ေျခအ​ေနအရ​ဆို သူ႕တာထြက္က အ​ေျခအ​ေနမဆိုး၊​ေကာင္​​ေလးစိတ္ထဲမွာ အ​ေတြးတခ်ိဳ႕ ​ေရာက္သြားတာ၊သူ႕ရဲ႕ဆရာဝန္အိပ္မက္ကို မစြန္႔လႊတ္ခ်င္​ေသးတာ လူကဲခတ္မညံ့တဲ့သူ ရိပ္စားမိပါသည္။

လမ္းမ​ေတာ္ကို​ေရာက္​ေတာ့ ​​ၿမိဳ႕ထဲရဲ႕ထုံးစံအတိုင္း ေဘဘီၫႊန္ျပသည့္ ဂစ္တာဆိုင္​ေ႐ွ႕မွာ ကားပါကင္မ႐ွိ​ေန။႐ွိတဲ့​ေနရာအလြတ္ကလည္း ​​​​​ေနရာဦးထားတာမို႔ ပါကင္​ေနရာကိုသာ အရင္လိုက္႐ွာရ​ေတာ့သည္။

"အဲဒါ​ေတြ​ေၾကာင့္ ၿမိဳ႕ထဲကိုမလာခ်င္တာ၊ပါကင္တစ္​ေနရာရဖို႔ကို မလြယ္ဘူး
ကားကဘယ္​ေနမွန္းမသိဘဲ ​ေနရာဦးထားတဲ့သူ​ေတြလည္း ​ေသရင္​ေတာင္ ကြၽတ္ပါ့မလားမသိဘူး
အခု​ေတာ့ ​လမ္းျပန္​ေလွ်ာက္ရဦးမယ္ တ​စ္ေကြ႕တစ္ပါတ္ႀကီး"

ပါကင္ရသည့္​​ေနရာႏွင့္ ဆိုင္ႏွင့္က ခပ္လွမ္းလွမ္းျဖစ္​ေနတာမို႔ မ​ေက်မနပ္သမွ်ကို တဗ်စ္ဗ်စ္တ​ေတာက္​ေတာက္​ေျပာ​ေနသည့္ ကိုစိတ္တို​ေလး
လူကလည္း မ​ေက်မနပ္ျဖစ္ၿပီး မႈန္ကုပ္​ေနတာမို႔
အသည္းတယားယားနဲ႔ ပါးကိုလိမ္ဆြဲမိရင္းပဲ

"ကဲပါကြာ ဒီအထာ​ေတြလည္း သိလ်က္နဲ႔၊တမင္စိတ္တိုစရာ႐ွာမ​ေနနဲ႔
အခုလို​ေနရာရလိုက္တာပဲ ကံ​ေကာင္းတယ္မွတ္
လမ္းမ​ေလွ်ာက္ခ်င္ရင္​ေျပာ၊​​ေက်ာပိုးဆိုလည္း ျဖစ္တယ္"

စိတ္မၾကည္မွန္းသိလို႔ တမင္စ​ေနတဲ့သူကို ၿဂိဳဟ္ၾကည့္ၾကည့္ရင္းပဲ ကား​ေပၚကဆင္းလိုက္မိသည္။
တ႐ုတ္တန္းရဲ႕ ည​ေန​ေစ်းတန္းက စ​ခါစမို႔ လူ​ေတြက က်ိဳးတိုးက်ဲတဲနဲ႔ အ႐ွိန္ယူ​ေနၾကတုန္း ႐ွိ​​ေသးသည္။​ေနာက္တစ္နာရီ​ေလာက္ဆိုရင္​ေတာ့ ဘယ္ကထြက္လာမွန္းမသိသည့္ လူအုပ္​ေတြနဲ႔ ရန္ကုန္ night lifeကို အသက္ဝင္​ေစဦးမည္။

ႏွစ္​ေယာက္အတူယွဥ္လ်က္​ေလွ်ာက္တုန္း လက္ကိုဆုပ္ကိုင္လာသူ​ေၾကာင့္ ​​ေဘးကလူကိုၾကည့္မိ​ေတာ့ မ်က္စိတစ္ဖက္မွိတ္ရင္း ျပဳံးျပၿပီး

"လူကြဲသြားမွာစိုးလို႔"ဟု အဓိပၸါယ္မ႐ွိ​ေသာ ဆင္​ေျခကို ​ေပးလာ​ေသးသည္။
ဟုတ္တယ္ ဒီကမလည္မဝယ္၊သူငယ္ႏွပ္စား​ေလးဆို​ေတာ့ ​ေပ်ာက္သြားႏိုင္တာ​ေပါ့။

ဂစ္တာအတြက္ ႀကိဳးစမ္းရင္း ​တပ္ၾကည့္​ေန​ေတာ့ ဘဲႀကီးက တစ္ဆိုင္လုံးကဂစ္တာ​ေတြရဲ႕ အမ်ိဳးအစား​ေတြကို လိုက္ၾကည့္​ေန​သည္။
လိုအပ္တာဝယ္ၿပီးတဲ့​ေနာက္ ကို​ေဝႀကီးမိတ္​ေဆြ ဆိုင္႐ွင္က သူ႕​ေဘာ္ဒါကို ​လူၾကဳံပါးခ်င္တာ႐ွိသည္ဆို​​ၿပီး ပထမထပ္ကို တက္သြားတာမို႔ ထိုင္ရင္း​ေစာင့္ရ​ေသးသည္။
ထိုအခ်ိန္ ဆိုင္ထဲဝင္လာသည့္ အမ်ိဳးသမီးတစ္ဦးနဲ႔အတူ ပါလာသည့္​ေခြးစုတ္ဖြား​ေလး၊ႀကိဳးနဲ႔ဆြဲထားတဲ့ၾကားကကို သူက႐ုန္းခ်င္၊​ေဟာင္ခ်င္​ေသးသည္။ကြၽန္​ေတာ္တို႔က သူ႕ကိုၾကည့္မွန္းသိ​ေလ၊သူက မာန္ပိုဖီျပ​ေလ့နဲ႔ အသံ​ေတြ ဇြတ္​ေပး​၊ဇြတ္စြာ​ေန​ေတာ့တာျဖစ္သည္။
ၾကည့္​ေနရင္း ​ေဘးက​ေကာင္​ေလးကို သတိတရစခ်င္လာတာမို႔

"လင္းရိပ္ညိဳအငယ္စား​ေလးပဲ"

"ဘာဗ်"

သူ႕ကို​ေျပာ​ေတာ့ ခ်က္ခ်င္းထြက္လာတဲ့ ရန္လိုတဲ့အသံ၊လူကို ​ေပ​ေစာင္း​ေစာင္းၾကည့္ရင္း

"ခင္ဗ်ား​ေတာ့ နာ​ေတာ့မယ္"ဟု ​​ေၾကာက္စရာ​ေကာင္း​ေအာင္ ႀကိမ္းဝါးလာ​ေသးသည္။

"​​ေဘဘီလည္း ဒီိနားတင္ အ႐ိုက္ခံခ်င္ၿပီထင္တယ္​​ေနာ္"

"ဟိတ္လူ ခင္ဗ်ား​ေနာ္"ဆိုၿပီး မ်က္ႏွာ​ေလးရဲလာသူ​ေၾကာင့္ သူ႕မွာခ်စ္အားပိုစြာၾကည့္ရင္း ရယ္ရျပန္သည္။
ႏွစ္​ေယာက္က တိုးတိုးက်ိတ္က်ိတ္ က်ီစယ္​ေန​ေလ ဟို​ေခြး​ေပါက္စ​ေဟာင္​ေလနဲ႔ ပိုင္႐ွင္လည္း မတားႏိုင္ျဖစ္​ေန​​ေတာ့သည္။
အင္မတန္စြာ​ေနတဲ့ ​ေခြးကိုၾကည့္ရင္း

"တကယ္ တကယ္၊လင္းရိပ္ညိဳမွလင္းရိပ္ညိဳပဲ
တစ္ခ်ိန္လုံး မာန္ဖီၿပီးစြာ​​ေနလိုက္တာကြာ အာ့!"

စလို႔ပင္မဆုံး​ေသး၊လက္​ေမာင္းဆီပစ္ဝင္လာသည့္ လက္သီး​ေၾကာင့္ အီစိမ့္သြားရသည္။
တကယ္ကို အထိမခံ​ေ႐ႊပန္းကန္​ေလး

ဆိုင္ကျပန္ထြက္လာခ်ိန္မွာ​ေတာ့ ၆နာရီ​ေက်ာ္ျဖစ္​ေနၿပီး လမ္းတစ္​ေလွ်ာက္မွာလည္း ​ေစ်းသည္၊​ေစ်းဝယ္​ေတြနဲ႔ အျပည့္ျဖစ္​ေန​ေလၿပီ။
​ေပၚလာသည့္ စိတ္ကူး​ေၾကာင့္

"​ေဘဘီ ဂစ္တာနဲ႔အဲ့အိတ္ထားၿပီးရင္ ကိုယ္တို႔ တ႐ုတ္တန္းပတ္ၾကမလား"

"အင္း ပတ္​​ေလ"

ဘာမဆို ဘြင္းဘြင္း႐ွင္း႐ွင္း​ေျပာသည့္ ​ေကာင္​ေလးရဲ႕ထုံးစံအတိုင္း ဘာျဖစ္တာ​ေတြ၊ဒါျဖစ္တာ​ေတြနဲ႔ အီလည္​ေနတာမ်ိဳးမ႐ွိ။
တိုတိုတုတ္တုတ္အ​ေျဖ​ေပးၿပီး ၿပီးသြားတာမ်ိဳးပင္။ဒါကိုက လင္းရိပ္ညိဳ​ေလးရဲ႕ ဆြဲ​ေဆာင္မႈတစ္မ်ိဳးထင္ပါရဲ႕။

တည္ၾကည္တ႐ုတ္တန္းကို ​​ဒီလိုပတ္ျဖစ္တာ နယူး​ေယာ့မသြားခင္ ​စီးပြား​ေရးတကၠသိုလ္တက္​ေနစဥ္ကာလက ​​ေနာက္ဆုံးျဖစ္သည္။​​ေနာက္ပိုင္း ကားနဲ႔ျဖတ္သြားမိတာ႐ွိ​ေပမယ့္ ဒီလိုတကူးတက​ေတာ့ မပတ္ျဖစ္။
အခု​ေတာ့ သူျမတ္ႏိုးရ၊ခ်စ္ရတဲ့ အ​ေပအ​ေတ​ေလးရဲ႕ လက္ကိုဆြဲရင္း တ႐ုတ္တန္းရဲ႕ ​မုန္႔သည္​ေတြဆီ တစ္​ခါျပန္လည္​ေျခခ်မိ​ေတာ့သည္။

"ခဏ၊ကြၽန္​ေတာ္ ဒီမုန္႔ဝယ္ဦးမယ္"
"ဦး​ေလး လမုန္႔​ေတြက တစ္ခုဘယ္​ေလာက္လဲ"

"တစ္ခု၅၀၀ပါ သား​ေလး"

"ဒါဆို ကြၽန္​ေတာ္႕ကို ၄ခု​ေပး၊ဘဲဥငန္အရသာႏွစ္ခုနဲ႔ပဲပါတဲ့ဟာႏွစ္ခု
ပူတင္းပါတာ မထည့္နဲ႔​ေနာ္"

​ေစ်းသည္ဦး​ေလးကို ​ေျပ​ေျပလည္လည္​ေျပာရင္း လိုခ်င္တာဝယ္​ေနသည့္ ​ေဘဘီ့ပုံစံ​ေလးက တစ္မ်ိဳးခ်စ္စရာ​ေကာင္းျပန္သည္။
​​ေျပာတဲ့​ေလသံကအစ ခ်ိဳသာ​ေနၿပီး မ်က္ႏွာကလည္း လမုန္႔ေတြကိုၾကည့္ရင္း အနည္းငယ္ျပဳံး​ေနဟန္​ေပၚသည္။မ်က္ႏွာ​ေၾကာက မာတင္းမ​ေန။
သူထင္တာမမွား၊ဒီ​ေကာင္​​ေလးက ပတ္ဝန္းက်င္ကို အ႐ြဲ႕တိုက္ရင္းသာ လူဆိုးလုပ္​ေနတာ၊သူ႕နဂိုစိတ္က ​ေပ်ာ့​ေျပာင္းၿပီး ၾကင္နာတတ္တာမ်ိဳးျဖစ္သည္။

က်သင့္​ေငြ၂​ေထာင္ကို သူ႕ထက္အရင္ထုတ္​ေပး​ေတာ့ ကြၽန္​ေတာ္႕ကို ​ေပ​ေစာင္း​ေစာင္း ၾကည့္လာသည္။

"ကိုယ္လည္း ျပာက်သြားပါဦးမယ္ ​ေဘဘီရာ၊အသာၾကည့္ပါ"

"ခင္ဗ်ား အမ္းဘဲႀကီးစတိုင္လုပ္မ​ေနနဲ႔
က်ဳပ္ဘာက်ဳပ္ဝယ္စားလို႔ရတယ္"

သူႀကိဳက္တဲ့မုန္႔ျမင္ၿပီး ​ေပ်ာ္သြားခ်ိန္နဲ႔ သူ႕အ​ေၾကာင္းတခ်ိဳ႕​ေျပာၿပီး စိတ္​ေပ်ာ့ခ်ိန္ကသာ ကြၽန္​ေတာ္လို႔ ထြက္လာတာျဖစ္သည္။
တျခားအခ်ိန္မွာ​ေတာ့ ခင္ဗ်ား​​ေတြ၊က်ဳပ္​ေတြ ျပန္ျဖစ္သြားတာပင္။
သူကလည္း ထိုအသုံးအႏႈန္း​ေလးကိုမွ မၾကားရရင္ ​​ေနသာထိုင္သာ႐ွိတယ္​​ေတာင္ မထင္​ေတာ့။

"၂၀၀၀​ေလာက္ ႐ွင္း​​ေပးတာနဲ႔​ေတာ့ အမ္းဘဲစတိုင္လို႔ မ​ေျပာနဲ႔ကြာ၊ကိုယ္လည္း ႐ိႈးပဲ့တယ္
​ေဘဘီ့အတြက္ တိုက္​ေတြ၊ကား​ေတြဝယ္​ေပးမွ အဲ့လိုသုံးခ်င္သုံး ဟုတ္ပလား"

"ဟုတ္ ​​ေဖ​ေဖ​ေလး၊​ေနာက္မ​ေျပာ​ေတာ့ပါဘူး"

႐ြဲ႕တဲ့တဲ့ျပန္​ေျပာသူ​ေၾကာင့္ သူရယ္ရျပန္သည္။အရင္က တစ္​ေန႔တစ္ခါ​ေတာင္ မရယ္ျဖစ္​ေသာသူက အခု​ေတာ့ အႏွီ​ေျပာမ​ေကာင္းဆိုမ​ေကာင္း ​ေက်းဇူးနဲ႔ ဒီတစ္ရက္အတြင္းမွာ ​ေတာ္​ေတာ္ရယ္ျဖစ္​ေနပါၿပီ။

"ဟိတ္လူ ကြၽန္​​ေတာ္ဝက္သားတုတ္ထိုးစားဦးမယ္ ခဏ"

"ဟင္ မသန္႔ရင္ဘယ္လိုလုပ္မလဲ၊​ေဘဘီစားခ်င္ရင္ ကိုယ္ဟိုတယ္က ျမန္မာchefတစ္​ေယာက္ကို လုပ္ခိုင္း​ေပးမယ္​ေလ"

"ဟာ မစားခ်င္ပါဘူး အဲ့လိုတကူးတကႀကီး
ဒီမွာပဲစားမွာ၊ခင္ဗ်ား မထိုင္ခ်င္ ကား​ေပၚသြား​ေန"

"​ေနစရာလား"ဆိုၿပီး သူကအရင္ တုတ္ထိုးဆိုင္ကခုံပု​ေလးဆီ သြားထိုင္တဲ့သူ​ေၾကာင့္ ရယ္ရခက္၊ငိုရခက္
ဒီဘဲႀကီးက ဒီလိုလည္း က​ေလးဆန္တတ္ျပန္ေသးတာပဲ။

"​ေဘဘီ အဲ့ဒါကအဆီမ်ားတယ္၊သီခ်င္းဆိုရင္ ျပသနာတက္ဦးမယ္"

"​ေဘဘီ ကလီစာ​ေတြသိပ္မစားနဲ႔၊ဗိုက္​ေတြ​​ေအာင့္ဦးမယ္​​ေနာ္"

"​ဟာ ေဘဘီ ဝက္ၿမႇီးႀကီးစားမလို႔လား"

"​ေဘဘီ အခ်ဥ္​ေတြတအားမတို႔နဲ႔​ေနာ္၊ဗိုက္နာမယ္"

ဆက္တိုက္နီးပါး ထြက္​ေပၚလာသည့္ စကားသံ​ေတြ​ေၾကာင့္ ကြၽန္​ေတာ္လည္း ထူပူစိတ္တိုလာရသလို၊ဆိုင္႐ွင္အစ္မႀကီးကလည္း ျပဳံးျပဳံးႀကီး ၾကည့္​ေန​ေလၿပီ။ဒီလူ ဒီလို​ေနရာလည္းမ​ေ႐ွာင္ ​ေဘဘီခ်င္းထပ္​ေအာင္​ေခၚ​ေန​ေတာ့တာပဲ။
ကိုယ္စားဖို႔​ေ႐ြးသမွ်ကလည္း သူ႕အတြက္စိုးရိမ္စရာ​ေတြခ်ည္း ျဖစ္​ေနတာ၊ဘာစားရမွန္း​ေတာင္ မသိ​ေတာ့။

"ခင္ဗ်ား ဘယ္လိုျဖစ္​ေနတာလဲ ဦးတည္ၾကည္နႏၵရဲ႕၊ က်ဳပ္က​​ေလး မဟုတ္ပါဘူးဗ်"

"ၿပီး​ေရာ ၿပီး​ေရာ၊အဲဒါဆိုလည္း စား
​ေနမ​ေကာင္းမွ နာနာ​ေလး႐ိုက္!!"

'အဟြတ္ အဟြတ္ အဟြတ္'

"ဟာ ​ေဘဘီသီးသြားတာလား၊​ေရ​ေႏြ​ေလး​ေသာက္လိုက္ဦး"

​ေခ်ာင္းဆိုးၿပီးသီး​ေတာ့လည္း ​ေျခမကိုင္မိလက္မကိုင္မိနဲ႔ ျဖစ္​ေနျပန္တဲ့သူ
လူကိုသီးၿပီး​ေသမလိုျဖစ္​ေစတဲ့ တရားခံကလည္း သူ႕ရဲ႕ ​​ေဘးဘီမၾကည့္ ​ေျပာတဲ့စကား​ေတြပါပဲ
ဒီဲဘဲကို သူျပန္႐ိုက္မွပဲ နား​ေအး​ေတာ့မည္ထင္သည္။မဟုတ္ရင္ သူ​ေျပာမႏိုင္တိုင္း ဒီစကားပဲ ထုတ္သုံး​ေနတာ လူ​ေ႐ွ႕သူ​ေ႐ွ႕မွာ အဆင္မ​ေျပ​ေတာ့။

မ်က္ႏွာ​ေလးရဲၿပီး လူကိုစားမလို၊ဝါးမလိုၾကည့္​ေနတဲ့ ​ေကာင္​ေလး​ေၾကာင့္ သူဘာမွားလဲ ​ေသခ်ာျပန္စဥ္းစားရ​ေသးသည္။
႐ိုက္မယ္​ေျပာလို႔ ႐ွက္ၿပီးသီးသြားတာျဖစ္မယ္​ကို စဥ္းစားမိ​ေတာ့ ကိုယ့္ပါးစပ္ကိုယ္အသာျပန္ပိတ္ရျပန္သည္။တကယ္​ေတာ့ သူ႐ိုက္မယ္​ေျပာတာက က​ေလး​ေတြကို ဆူသလို၊ၿခိမ္း​ေျခာက္သလို ႐ိုး႐ိုးစကားအျဖစ္သုံးတာျဖစ္ၿပီး မနက္ကလို ရည္႐ြယ္တာ မဟုတ္႐ိုးအမွန္မွန္း သူနဲ႔ဘုရားသာ အသိဆုံးပင္။

"​​ေဘဘီ အဆင္​ေျပရဲ႕လား၊လည္​ေခ်ာင္းက"

တုတ္ထိုးဆိုင္ကျပန္ထလာ​​ေတာ့ စိတ္ပူ​ေနဟန္နဲ႔ ​ေမးလာတဲ့သူ
စိတ္ကုန္လက္ကုန္ၾကည့္မိရင္း

"ခင္ဗ်ားပါးစပ္ႀကီးသာ ပိတ္​ေပးထားရင္ အကုန္အဆင္​ေျပ​ေနၿပီ သိလား"

"ဟားဟား ​ေဘဘီကကြာ၊ကိုယ့္ထက္အႀကီးကို တစ္ခ်ိန္လုံး ဆူပူမာန္မဲ​ေန​ေတာ့တာပဲ"

"က်ဳပ္က ပါးစပ္ကတင္​ေျပာတာ၊ခင္ဗ်ားက လက္ပါၿပီး ​ေ_ာက္႐ူးထခ်င္​ေနတာလည္း ထည့္​ေျပာဦး"

"အား တကယ္အသည္းယားလာၿပီကြာ မရ​ေတာ့ဘူး ကဲ"

"အြန္း"

'ႁပြတ္'

႐ႈပ္ယွက္ခတ္​ေနတဲ့ လူ​ေတြၾကား လမ္းမအလယ္မွာ ဒီလိုအနမ္းခံရမယ္လို႔ တစ္ခါမွပင္မ​ေတြးဖူးခဲ့
ကိုယ္တိုင္လည္း ဘယ္ရည္းစားကိုမွ လမ္းမအလယ္မွာ ဒီလိုအ႐ူးထၿပီး မနမ္းဖူးခဲ့
အခု​ေတာ့ လမ္းမအလယ္မွာတင္ ပါးႏွစ္ဖက္ကို ဖိကိုင္ၿပီး စူ​ေထာ္သြားတဲ့ႏႈတ္ခမ္း​​ေတြကို အနမ္းခံလိုက္ရတာ သူ႕​ေသြး​​ေတြပင္ ​ေျပာင္းျပန္စီးဆင္းသြားသလို
မျဖစ္​ေတာ့၊သူ ဒီဘဲကို မထင္ရင္မထင္သလို အကန္​ေတြ​ေျပာတာ ​ေ႐ွာင္မွျဖစ္​ေတာ့မည္
ကိုယ္​ေျပာသမွ် သူ႕ကိုက်ီစယ္ၿပီး ပန္းနဲ႔​ေပါက္​ေနတယ္အမွတ္နဲ႔ အသည္းယားၿပီး လူၾကားမ​ေ႐ွာင္နမ္း​ေနတာႀကီးက အဆင္မ​ေျပ​ေတာ့၊သိတဲ့သူ တစ္​ေယာက္​​ေယာက္ျမင္သြားရင္ သူ႕ရဲ႕လူမိုက္သိကၡာ​ေတြ က်ရခ်ည္ရဲ႕။

"ဦးတည္ၾကည္နႏၵ ခင္ဗ်ားအ႐ွက္ကိုမ႐ွိဘူး"

"အြန္ ဘာကို႐ွက္ရမွာလဲ၊​ေဘဘီပဲ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးဆို ဘာကို႐ွက္​ေနတာလဲ"

"ဟာ့ တူမလား ခင္ဗ်ား"

"အဟြန္း တူပါတယ္၊တကယ္​ေတာ့ ​​ေဘဘီက ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ပါတယ္၊ဂ႐ုစိုက္လို႔ပဲ ​ေျပာသမွ်ကို လိုက္ခံစားၿပီး အ႐ြဲ႕တိုက္တာ​ေတြလုပ္​ေနတာ​ေပါ
ကိုယ္က် ကိုယ္မွန္တယ္ထင္ရင္၊ဘယ္သူ႕ကိုမွ မထိခိုက္ရင္ ပတ္ဝန္းက်င္ကို ​ေခါင္းထဲကို မထည့္ဘူး ​ေဘဘီရဲ႕"

ပုခုံး​ေလးကို ခပ္ဖြဖြဖက္ရင္း၊ ​စိုလက္လက္မဟူရာမ်က္လုံး​ေလး​ေတြကို စိုက္ၾကည့္ရင္း သူ​ေျပာ​ေတာ့ ​​​ေခတၱအ​ေရာင္​ေျပာင္ၿပီး မွိန္က်သြားတဲ့ မ်က္လုံး​ေလး​ေတြ
​ခဏ​ေလးပါပဲ၊ဟန္​ေဆာင္​ေကာင္းတဲ့​ေကာင္​ေလးက အၾကည့္​ေတြကို​ေ႐ွာင္ရင္း လမ္းတစ္ဖက္ကို ​ၾကည့္ၿပီး

"ဒူး ဒူးရင္းသီးစားမယ္၊ဟိုမွာ ဒူးရင္းသီး​ေတြ"

"အဟြန္း စား​ေစဗ်ာ၊ လာ သြားမယ္"

႐ုန္းဖယ္ျခင္းမျပဳ​ေတာ့တဲ့ လက္က​ေလးကို ဆုပ္ကိုင္ရင္း ဒူးရင္းသီးသည္​ေတြ႐ွိရာဆီ ​ေလွ်ာက္လာခဲ့လိုက္သည္။

"ယိုးဒယားသီး၊​ေမာ္လၿမိဳင္သီး အစုံ႐ွိတယ္​​ေနာ္
ျမည္းၾကည့္လို႔လည္း ရတယ္၊စိတ္ႀကိဳက္​ေ႐ြး​ေပးတယ္
ဒီက အခ်စ္ငွက္​ေလးႏွစ္​ေကာင္​ေရာ ဘယ္အသီးယူမလဲ"

ဒူးရင္းသီး​သည္ႀကီးရဲ႕ အ​ေျပာ​ေၾကာင့္ ​မ်က္ႏွာကို ​ေရ​​ေႏြးပူပူနဲ႔ အပက္ခံရသလို ခံစားလိုက္ရသည္။ဒီ​ေလာက္ အ႐ွက္မ႐ွိနမ္း​ေနမွ​ေတာ့ မျမင္ဘဲ​ေနပါ​ေတာ့မလား။တရားခံကို မ​ေက်မနပ္နဲ႔ၾကည့္​ေတာ့ ပုခုံးကိုအသာတြန္႔ရင္းသာ ရယ္​​ေနၿပီး

"ဦး​ေလး ကြၽန္​ေတာ္႕​ေကာင္​ေလးက အစားဂ်ီး(​ေခ်း)မ်ားလို႔ ခ်ိဳအီ​ေမႊး​ေနမယ့္ အ​ေကာင္ဆုံးအလုံးသာ ​ေ႐ြး​ေပးပါဗ်"

"​​ေအး​ေအး ​ေ႐ြး​​ေပးမယ္​ေနာ့၊​ဒူးရင္းသီးစားၿပီး ​ေကာင္​ေလးပိုခ်စ္​​ေအာင္ ဦး​ေလးကူညီ​မယ္ ငါ့တူ​ေရး"

​ေပ်ာ္​ေပ်ာ္​ေနတတ္ပုံရတဲ့ ဒူးရင္းသီးသည္ဦး​ေလးနဲ႔ အ႐ွက္တစ္စက္မွမ႐ွိတဲ့ ဘဲနာႀကီးၾကား လင္းရိပ္ညိဳမွာ ဘာစကားမွကို မ​ေျပာႏိုင္​ေတာ့

"​ငါ့တူ​ေလး ျမည္းၾကည့္ပါဦး၊ဒီအလုံးက ႐ွယ္ဆိုမွ႐ွယ္ပဲ"

"​​ေန ​ေန ရတယ္ ဦး​ေလး၊ကြၽန္​ေတာ္မျမည္း​ေတာ့ဘူး၊အဲဒါပဲ ထည့္​ေပးလိုက္ပါ"

"​ေဟ ျဖစ္သလားကြဲ႕၊ျမည္းၾကည့္ပါဦးလား
​ေတာ္​ေန(​ေတာ္ၾကာ) မင့္အႀကိဳက္မဟုတ္မွ ဒီကတူႀကီးက ဦး​ေလးကို စိတ္ဆိုး​ေနပါဦးမယ္"

"ဟာ ဦး​ေလးရယ္၊အဲဒါပဲ ထည့္​ေပးပါ၊ရပါတယ္ဆိုဗ်ာ"

ဒီဦး​ေလးႀကီးက တည္ၾကည္နႏၵဆိုတဲ့ ဘဲနာႀကီးမ်ား ပိုက္ဆံ​ေပးၿပီး တမင္​ေခၚထားလားထင္ရ​ေအာင္ကို ဘဲနာႀကီးနဲ႔ အတိုင္အ​ေဖာက္ညီ​​ေန​ေတာ့တာ။သူ႕မွာသာ မ်က္ႏွာ​ေတြပူၿပီး စိတ္​ေတြအိုက္၊အ​ေငြ႕ပ်ံခ်င္​ေနတာ ထိုဦး​ေလးႀကီးနဲ႔ ဘဲနာႀကီးက​ေတာ့ ျပဳံးျပဳံး၊ျပဳံးျပဳံးနဲ႔

"မင္းဂြတ္သီး​ေရာ ယူၾကဦးမလား၊ၾကက္​ေမာက္သီးလည္း ႐ွိတယ္​ေနာ"

"ယူမယ္ ​ဦး​ေလး၊​အ​ေကာင္းဆုံး​ေတြသာ ​ေ႐ြးထည့္​​ေပးလိုက္"

"​ေအး​ေအး ထည့္​ေပးမယ္ဗ်ာ၊ငါ့တူ​ေလး ဟန္က်သကြာ၊ခ်စ္သူ​ေကာင္​ေလးက အ​ေကာင္းဆုံး​ေတြခ်ည္း ​​ေပးခ်င္​ေနတာ"

"ဟားဟား ဦး​ေလးတစ္ဆိုင္လုံး​ေတာင္ ကြၽန္​ေတာ္ဝယ္ခ်င္လာၿပီဗ်ာ
ဦး​ေလးက အမွန္​ေတြလည္းသိ၊အ​ေျပာလည္း​ေကာင္း ဟားဟား"

ဒူးရင္းသီးသည္ႀကီး​ေျပာသမွ်ကို တဟားဟားရယ္ရင္း ဘဲနာႀကီး သ​ေဘာက်​ေနသမွ် သူ႕မွာ​ေတာ့ ​ေခါင္းသာျဖဳတ္ထားလိုက္ခ်င္စိတ္ ​ေပါက္​​​ေနရသည္။
ကြမ္းဂ်ိဳး(က်ိဳး)​ေတြအရဲသားနဲ႔ သ​ေဘာတက်ျပဳံး​ေနတဲ့ ဦး​ေလးႀကီးကလည္း ႏွစ္​ေယာက္ကိုၾကည့္ၿပီး သ​ေဘာက်​ေနပုံနဲ႔ ​ေခါင္းတညိမ့္ညိမ့္
ၿမိဳ႕လည္​​ေခါင္မွာ က်င္လည္​ေနသူမို႔ ကိုယ္​ေတြလိုအတြဲ​ေတြအ​ေၾကာင္း သူရင္းႏွီး​ေနမွာမဆန္း၊ဒါ​ေပမယ့္ ႏွစ္​ေယာက္ကို လိုက္ဖက္လြန္းတယ္ဆိုတဲ့ အၾကည့္နဲ႔ တျပဳံးျပဳံးျဖစ္​ေနတာႀကီးက​ေတာ့ ဦး​ေလးႀကီး လြန္ကိုလြန္ပါတယ္။
အားလုံးရဲ႕တရားခံ ဘဲနာႀကီးကို မၾကည္ၾကည့္နဲ႔ၾကည့္​ေတာ့ ​ေခါင္းကိုခပ္ဖြဖြအုပ္မိုးရင္း ​ေမး​ေငါ့ျပပုံက

"ဘာျဖစ္လဲ"ဆိုတဲ့သ​​ေဘာ

တကယ္​ေတာ့ လူဆိုးက ကြၽန္​ေတာ္မဟုတ္ဘူး၊အဲဒီဘဲနာႀကီး။

တ႐ုတ္တန္းရဲ႕ ဆိုင္​ေတြၾကား ဟို​​ေငးဒီ​ေငး ​​ေငးရင္း လမ္း​ေလွ်ာက္ျဖစ္ၿပီး ဘာဆိုင္​ေတြ႕​ေတြ႕ လက္ညိႇဳးထိုးၿပီး 'စားမလား'​ေမး​ေနသူ​ေၾကာင့္ သူ႕မွာ ​ေခါင္းကိုတြင္တြင္ခါျပ​ေနရ​ျပန္သည္။
လက္ထဲမွာလည္း အထုပ္​ေပါင္း၁​​ေသာင္း​ေလာက္ ျဖစ္​ေနၿပီမဟုတ္လား​ေလ။

"​ေဘဘီ ခုနကလမုန္႔ဝယ္​ေတာ့ ပူတင္းပါတာ မထည့္နဲ႔​ေျပာတာ​ေလ၊​ေဘဘီက ပူတင္းမႀကိဳက္ဘူးလား
မနက္ကက် အကုန္စားသလားလို႔"

"ပူတင္းႀကိဳက္တယ္၊ပူတင္းအဆာသြပ္ထားတဲ့မုန္႔​ေတြပဲ မႀကိဳက္တာ"

တည္ၾကည္တစ္​ေယာက္ ​ေခါင္းတညိတ္ညိတ္နဲ႔သာ သူ႕​ေကာင္​ေလးအႀကိဳက္​ေတြကို လိုက္မွတ္​ေနရသည္။ဘာႀကိဳက္တတ္လဲ ​ေမးမရသည့္ ​ေကာင္​ေလးရဲ႕အႀကိဳက္​ေတြကို ဒီလိုဝယ္ရင္းနဲ႔ပဲ သူမွတ္မွရပါလိမ့္မည္။

'​ေျဗာ ​​ေျဗာ ​ေျဗာ'

"ဟာ ​ေသာက္က်ိဳးနဲ မိုး႐ြာလာၿပီ"

​​​ေမလရဲ႕ပထမအပတ္သာ႐ွိ​ေသး​ၿပီး မ​ေျပာမဆို႐ြာခ်တဲ့ ရန္ကုန္မိုးရဲ႕ ထုံးစံက စတင္လာပုံရသည္။
သည္းထန္လာတဲ့ မိုးစက္​ေတြနဲ႔အတူ အားလုံးလည္း ကိုယ္စီအလုပ္႐ႈပ္ကုန္ၾကၿပီး သူတို႔ႏွစ္​ေယာက္မွာလည္း ကား႐ွိရာကို အ​ေျပးအလႊား​သြားရသည္။
ကားဆီ​ေရာက္​ေတာ့ ​​ႏွစ္​ေယာက္လုံး မိုး​ေရစက္လက္နဲ႔ ​ေဟာဟဲဆိုက္​ေနၾကၿပီ

သို႔​ေသာ္ ႏွစ္​ေယာက္လုံး​ေပ်ာ္​ေနသည္
ကားထဲကို​ေတာင္ ခ်က္ခ်င္းမဝင္ျဖစ္ဘဲ၊တြဲထားတဲ့လက္​ေတြမျဖဳတ္ျဖစ္ဘဲ တစ္​ေယာက္ကိုတစ္​ေယာက္ၾကည့္ရင္း ရယ္မိတဲ့အထိ သူတို႔​ေပ်ာ္​ေနၾကသည္။

A/N
Daily update​ေနတဲ့ ကိုယ့္ကိုယ္ကိုယ္ အရမ္းခ်စ္​ေနမိၿပီ:3
Please kindly leave cmt&vote
Love u all
Rachel
29Nov,2022

Continue Reading

You'll Also Like

302K 14.9K 41
မာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။
561K 35.8K 63
Unicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်က...
1.7M 70.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
325K 27.1K 40
မချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်​တော့် အတွက် သတ္တိရှိပေးပါ