စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၄)
.
.
.
" အန်ကယ်ပြောတဲ့ နေရာတွေလည်း ကျွန်တော်
သွားရှာတာ နှံ့နေပြီ။အန်ကယ် စဥ်းစားမိတဲ့ တခြားနေရာတွေရော ရှိသေးလား...။မိုးကချုပ်နေပြီ၊သားပါ ပါသွားလို့ ကျွန်တော် စိုးရိမ်မိတယ် "
" သမီး သွားတတ်မယ့်နေရာတွေက အန်ကယ်
သိတာ အကုန်ပါပဲ။တခြား စဥ်းစားမိတာလည်း
မရှိတော့ဘူး။အန်ကယ်လည်း မြေးနဲ့မို့ ပိုစိတ်ပူတယ် သားမာန် "
" စိတ်မပူပါနဲ့ အန်ကယ်။ကျွန်တော် တွေ့အောင်ရှာမှာပါ "
" လေးလေး အစ်မ အိမ်ကနေ ထွက်သွားလို့ဆို.. "
" ဟုတ်တယ်။ သားရသော် ရေ... မင်း မမကြောင့်
အန်ကယ် စိတ်ပူနေရပြီ "
" သူက ဘယ်သူလဲ အန်ကယ် "
"လင်းသုဒြာ" နဲ့ အသက်သိပ်မကွာလောက်တဲ့
ကောင်လေးက အန်ကယ်နဲ့ ရင်းနှီးပုံရတာမို့...
မာန်, ခပ်ကျုံ့ကျုံ့ မျက်ခုံးတန်းတွေနှင့် ကောင်လေးကိုကြည့်ရင်း... အန်ကယ့်ကို မေးလိုက်သည်။
" ဟုတ်သားပဲ... သားမာန်နဲ့ သားရသော် က
တစ်ခါမှ မတွေ့ဖူးသေးဘူးဘဲ။ရသော် က အန်ကယ့်ရဲ့ တူလေးပါ။ရသော့်အမေက အန်ကယ့်ညီမအရင်းလေ။ရသော့်မိဘတွေက မရှိကြတော့ဘူး။အန်ကယ်ကပဲ စောင့်ရှောက်ပြီး မွေးထားတာ။သားရသော် နူတ်ဆက်လိုက်အုံး။သားအစ်မရဲ့ အမျိုးသားပဲ။နာမည် က အဂ္ဂမာန် လို့ ခေါ်တယ် "
" ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ် ဗျ။
ကျွန်တော့်ကို လေးလေးလိုပဲ ရသော် လို့ ခေါ်လို့ရပါတယ် ဗျ။အစ်မ အမျိုးသားဆိုတော့... အစ်ကို က ကျွန်တော့် အစ်ကိုပဲပေါ့ "
မောင်နှမတော်တယ်ဆိုပေမယ့်... ကောင်လေးသည် ကိုယ့်ရဲ့ချာတိတ်မလေးလောက် မဆိုးပေ။
အတော်လေးကို ရိုးသားပြီး၊ယဥ်ကျေးပုံလည်းရသည်။
" အင်း... ငါက မင်း အစ်မအမျိုးသားဆိုတော့
အစ်ကိုပဲပေါ့ "
" ဟို... အစ်မနဲ့ ကွာရှင်းထားတယ်မလား။အခုလာတာ အစ်မနဲ့ ပြန်ပေါင်းဖို့လား... အစ်ကို က "
ကောင်လေးစကားကြောင့် မာန့်, နူတ်ခမ်းတစ်ဖက် က အပေါ်ကိုတွန့်တက်သွားသည်။
" မင်း အစ်မ က အရင်ကတည်းက အစ်ကို့အမျိုးသမီး၊အခုလည်း အစ်ကိုအမျိုးသမီးပဲ "
မာန်, စကားကြောင့် ကောင်လေးမျက်နှာမှာ
အံ့ဩမှုတွေ ထင်ဟပ်သွားသည်။
" ဒါဆို ကွာရှင်းထားတယ်ဆိုတာ က တကယ် မဟုတ်ဘူးလား...။ဟို ကျွန်တော် သေချာမသိလို့
မေးကြည့်တာပါ။အိမ်မှာလည်း အစ်မ က အစ်ကို့အကြောင်း ပြောတာ မကြိုက်လို့... လေးလေးကိုလည်း ကျွန်တော် မမေးဘဲ နေနေတာပါ။အခုက
စကားကြုံလို့... မေးကြည့်တာပါ "
" အဲ့တုန်းက ကွာရှင်းတယ်လို့ပဲ ပြောတာပါ။တကယ်က ကွာရှင်းစာချုပ်မှာ အစ်ကို လက်မှတ်မထိုးထားပါဘူး။မင်း အစ်မလူဆိုးမလေး ပဲ
လက်မှတ်ထိုးတာ "
" ဪ... ဒါဆို အစ်မကောက်တေး က သူ့ဘာသာ လက်မှတ်ထိုးပြီး၊သူ့ဘာသာ ကွာရှင်းနေတာပေါ့။ကျွန်တော် က တကယ်ကွာရှင်းထားတာ မှတ်လို့။တူလေးကို အရမ်းသနားနေတာ။တကယ်က မကွာရှင်းထားဘူးတဲ့လား။ ငါ့ အစ်မ စွာစိလန် ကောက်တေးကတော့လေ တကယ့်စံပဲ ဟားဟား... "
ကောင်လေး က သူ့အစ်မကို ကောက်တေးလို့ပြောပြီး ရယ်နေတော့... သူမနှင့်အတူနေစဥ် ခဏခဏ
စိတ်ကောက်နေတတ်သည့် ပုံရိပ်လေးတွေက မျက်လုံးထဲ ပြန်မြင်လာမိသည်။သူမ ပုံရိပ်လေးတွေကြောင့်ပဲ မာန်,သည်လည်း ပြုံးမိပြန်၏။
အန်ကယ်ကတော့ ဘာမှဝင်မပြောပေမဲ့...
သူ့သမီးနှင့် မြေးကို စိတ်ပူနေတဲ့ ပုံပင်။
" ရသော် မင်း အစ်မ သွားတတ်တဲ့ နေရာလေးတွေ သိလား။အစ်ကို ရှာနေတာ တစ်မြို့လုံးနှံ့နေပြီ မတွေ့ဘူး၊ဖြစ်နေတယ်။အခု ဘယ်ကို လိုက်ရှာရမှန်း မသိဖြစ်နေလို့... မင်း သိတဲ့ နေရာရှိရင်
ပြောပါအုံး "
" တစ်မြို့လုံးတောင် နှံ့နေပြီလား... အစ်ကို "
" ဟုတ်တယ်ကွ။သား အစ်ကို ရှာနေတာ မင်းအစ်မ အိမ်ကနေ ထွက်သွားကတည်းကပဲ။သားရသော်ကိုသာ ပွဲရုံမှာ အလုပ်ရှုပ်နေလို့... ပြန်လာခါနီးလေးမှ လေးလေး က ဖုန်းဆက်လိုက်တာ "
" အဲ့လိုလား...၊တစ်မြို့လုံးတောင် အနှံ့ရှာတာတောင် မတွေ့သေးဘူးဆိုတော့... အစ်မ က ဘယ်မှာများ သွားပုန်းနေပါလိမ့် "
ဆိုကာ... ကောင်လေးသည် ခဏငြိမ်သက်ပြီး
စဥ်းစားနေလေရဲ့။
" အစ်ကို ကလောမှာ အစ်မ အသစ်ဆောက်ထားတဲ့ အိမ်လေးဆီကိုရော ရောက်ပြီးပြီလား...။အဲ့ဘက်ကိုတော့ မရှာရသေးဘူးမလား... "
" ကလောမှာ အိမ်ရှိသေးတာလား... အန်ကယ် "
" ရှိတယ် သားမာန်။မြေကွက်လေးက နေရာကောင်းပြီး၊စျေးသက်သက်သာသာလေးနဲ့ ရလို့
သမီးကဝယ်လိုက်တယ်။အိမ်ငှားစားဖို့ တစ်ထပ်အိမ်လေးကို အဲ့မြေကွက်မှာ ဆောက်တယ်။ပြီးသွားတော့ မကြာသေးဘူး။အန်ကယ်လည်း အဲ့ကို
တစ်ခါပဲ ရောင်သေးတော့... သတိက မေ့သွားတာ။သားမာန် အဲ့ကို သွားကြည့်ပေးပါလား။သမီးရှိနေလောက်တယ် "
" ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားလိုက်မယ်။ရသော် အစ်ကိုနဲ့လိုက်ခဲ့ပေနိုင်မလား "
" ရတာပေါ့ အစ်ကို။သွားမယ်လေ "
ယောက်ဖ က ရှေ့ကနေ တက်ကြွစွာ ထွက်သွားတော့... ယောက္ခထီး ကို စိတ်မပူဖို့ ပြောပြီးမှ မာန်, ကားဆီကို ထွက်လာခဲ့သည်။
မာန်,က လမ်းမသိတာမို့... ယောက်ဖကိုသာ မောင်းခိုင်းလိုက်သည်။
.
.
.
" ဒီနေ့တော့ ကြက်ကြော်လေးနဲ့ပဲ ထမင်းစားတော့နော် သားသား။နောက်နေ့ကျရင် မေမေ စျေးသွာ
းပြီး သေချာ ချက်ကျွေးမယ်နော် "
" စျေးမသွားလဲ... ရပါတယ် မေမေ။သားသား က
ကြက်ကြော်နဲ့ စားရတာကို ကြိုက်တယ်။နောက်နေ့လဲ ကြက်ကြော်နဲ့ပဲ ကျွေးလည်း သားသား စားလို့ရတယ်။အသီး၊အရွက်ကြော်ကြီးတွေကို သားသား က မကြိုက်ဘူး။ကြက်ကြော်ကိုပဲ ကြိုက်တာ "
" အဟင်း "
ကြက်ကြော် ကြိုက်တဲ့ သားစကားကြောင့်...
ထမင်းခွံ့ရင်း... ဒြာ အသံထွက်ကာ ရယ်မိ၏။
" သားသားအရွယ်က ထမင်းနဲ့ ဟင်းကို အရဟာမျှတအောင် စားရတော့မယ့် အရွယ်လေ။နေ့တိုင်းကြီး ဆီတွေနဲ့ကြော်ထားတဲ့ အစားကိုပဲ စားနေရင်၊ဖွံ့ဖြိုးပြီး ကြီးထွားသင့်တာတွေက မကြီးထွားလာဘဲနဲ့ ကြာလာတဲ့ အခါမှာ ကိုယ်ခံအားတွေ ကျဆင်းလာပြီး၊ ရောဂါတွေ ရလိမ့်မယ်။အဲ့အခါ သားသား စားချင်တာလဲ မစားရတော့ဘူး။ဆော့ချင်တိုင်းလည်း မဆော့ရတော့ဘူး။မကျန်းမာတဲ့ ကလေးလေးဖြစ်သွားရင် အိမ်ထဲမှာပဲ နေရတော့မှာ။အပြင်ကိုလည်း လျှောက်မလည်နိုင်တော့ဘူး။သားသား က မကျန်းမာတဲ့ ကလေးလေး မဖြစ်ချင်ဘူးမလား... "
" ဟင့်အင်း... မဖြစ်ချင်ဘူး "
" ဒါဆို ကျန်းမာတဲ့ ကလေးလေးဖြစ်ချင်ရင်
ဘာလုပ်ရမလဲဆိုတာ သားသား သိတယ်မလား..."
" ဟုတ် သားသား သိတယ်။ ကျန်းမာတဲ့ ကလေးလေးဖြစ်ဖို့... ထမင်းကို ကြက်ကြော်နဲ့ပဲ မစားပဲ၊တခြား ဟင်းတွေနဲ့ပါ စားရမှာ။သားသား ပြောတာ ဟုတ်လား... မေမေ "
" အင်း... ဟုတ်တယ်။သားသား က ကျန်းမာတဲ့ ကလေးဖြစ်ဖို့ ထမင်းစားတိုင်း၊အသိီးအရွက်နဲ့အသား၊ငါး၊ပဲအမျိုးမျိုးကို နေ့စဥ် အဟာရမျှတအောင် စားရမယ်။အဲ့ဒါမှ ကျန်းမာတဲ့ ကလေးလေးဖြစ်လာမှာ "
" အာ့ဆို အသီး၊အရွက်နဲ့အသားတွေကို သားသား နေ့တိုင်း စားတော့မယ်နော် မေမေ "
" အဟင်း.. ဟုတ်ပါပြီ။ မေမေ က မနက်ဖြန် စျေးသွားပြီး သားသား ကို အရဟာစုံအောင် ချက်ကျွေးမယ် ဟုတ်လား... "
" ဟုတ်ကဲ့ "
" ရေသောက်ပြီး၊ခဏလေး ထိုင်နေအုံးနော်။မေမေ သားသားနဲ့အိပ်ဖို့ အိပ်ရာခင်းလိုက်အုံးမယ် "
" ဟုတ်ကဲ့ "
သားကို ဆိုင်ကနေ ဝယ်လာတဲ့ ထမင်းနဲ့ ကြက်ကြော်လေးကို သေချာခွံ့ကျွေးအပြီးမှာတော့...
သားမိနှစ်ယောက် အိပ်ဖို့ အတွက်... လမ်းနဲ့သင့်ပြီး တွေ့တဲ့ ဆိုင်ကနေ ဝင်ဝယ်လာရတဲ့... အိပ်ရာခင်းနဲ့ စောင်လေးရယ်၊ခြင်ထောင်လေးနဲ့ ခေါင်းအုံးလေးနှစ်လုံးကိုချပြီး အိပ်ရာခင်းကျင်းလိုက်သည်။
အိမ်လေးက ဆောက်ပြီးတာ မကြာသေးသလို...
စဆောက်ကတည်းက အိမ်အငှားထားဖို့ ဆောက်ထားတာမို့... အိမ်လေးထဲမှာ အိမ်ထောင်ပရိဘောဂပစ္စည်းတို့က ဘာမှရှိနေမပါဘူး။
သားမိနှစ်ယောက် အိပ်ဖို့တောင် လာရင်းနဲ့ ဝယ်လာခဲ့လို့သာ အဆင်ပြေတာ။မဟုတ်ရင် ဒီညအဖို့
သားမိနှစ်ယောက် ဘာမှမရှိဘဲ ကြမ်းပြင်မှာ ဒီတိုင်း အိပ်ရတော့မှာ။
သားလေးကို အရင်လိုမွေ့ရာထူထူလေးနဲ့ မဟုတ်ဘဲ ကြမ်းပြင်မှာ ဂွမ်းဂပ်အပါးလေး ခင်းပြီး သိိပ်ရတော့မှာမို့.... ဒြာ စိတ်လည်းမကောင်းဖြစ်မိသည်။
သားလေးအတွက် စိတ်မကောင်းဖြစ်ရတော့...
ဟို ဦးအဂ္ဂမာန်ဆိုတဲ့ လူကြီးကိုလည်း စိတ်တိုမိ၏။
အဲ့လူကြီးသာ ဒြာ,ရှိတဲ့နေရာကို ပြန်မလာရင်၊
ဘာမှအပြည့်အစုံ မရှိတဲ့နေရာမှာ သားလေးနဲ့ အခုလို အိပ်ရမည် မဟုတ်။
တကယ်ပါ... ဒြာ လေ အဲ့လူအကြောင်း ပြန်စဥ်းစားမိတိုင်း ဒေါသထွက် စိတ်တိုရပါသည်။အဲ့လူ
မြန်မာပြည်ကနေ မြန်မြန် ပြန်ပါစေလို့သာ ဆုတောင်းပါတယ်။
" မေမေ သားသား ဖက်အိပ်တဲ့ အရုပ်လေးလည်း
မရှိဘူးနော် "
ခြင်ထောင်ထဲ ဝင်ပြီး အိပ်ဖို့ သားလေးကို နေရာချပေးစဥ်... သားက ညတိုင်း ဖက်အိပ်တဲ့ ဝက်ဝံရုပ်လေးကို မတွေ့လို့ထင်ပါရဲ့... သူ့အရုပ်လေး
မရှိတာကို ပြောသည်။
ဒြာ သားရဲ့ခေါင်းလေးကို ခေါင်းအုံးပေါ် သေချာတင်ပေးရင်း...
" ဒီညတော့ ဝတ်ဝံရုပ်လေး အစား... မေမေ့ကို သားသားက ဖက်အိပ်တော့နော်။မနက်ကျမှ မေမေ က ဝတ်ဝံရုပ်အသစ်လေး ဝယ်ပေးမယ်နော် "
" အသစ်ဝယ်ရင် သားသားရဲ့ ဝက်ဝံရုပ်လေးကို ဖက်မအိပ်ရတော့ဘူးလား... မေမေ "
" အသစ်ဝယ်ပေးမယ့် အရုပ်က ဒီအိမ်မှာနေတုန်း
သားသား ဖက်အိပ်ဖို့... မေမေ က ဝယ်ပေးမှာ။အောင်ပန်း က အိမ်ကို ပြန်တဲ့အခါ သားသား အရင်အရုပ်လေးနဲ့ရော၊အသစ်ဝယ်တာလေးနဲ့ရော
သားသား ဖက်အိပ်လို့ရတယ် "
" ဒါဆို သားသားမှာ ဝက်ဝံရုပ်လေးက နှစ်ရုပ်တောင်ဖြစ်သွားမှာပေါ့ နော်... မေမေ "
" အင်းပေါ့... "
" ဟီး... ပျော်စရာကြီး "
သားက အရုပ်အသစ်ထပ်ရမယ်ဆိုလို့... ပျော်သွားလေသည်။ဒြာလည်း သားလေးပျော်နေတာကို ကြည့်ပြီး ပျော်ရပါသည်။
သားလေးက အိပ်ရာထဲရောက်ပြီး... သိပ်မကြာခင်မှာ အိပ်ပျော်သွားသည်။ဒြာကတော့ အတွေးပေါင်းစုံနှင့် အိပ်လို့မပျော်နိုင် ဖြစ်နေရသည်။အိပ်ရာ အပြောင်းအလဲကြောင့်လည်း ပါမည်။
ဆောင်းရာသီမို့ ကလော၏ ညချမ်းက အလွန်မင်ချမ်းနေပါ၏။
စောင်နှစ်ထည်ကို ထပ်ကာ သားမိနှစ်ယောက်ပူးကပ်ပြီး၊ခြုံအိပ်နေပေမဲ့... ချမ်းအေးတာက
လျော့မသွားပေ။
သားလေးက အိပ်နေရင်း အေးလို့.... ဒြာ့ရင်ခွင်ထဲ တိုးတိုးဝင်လာလေ... သားလေးအတွက် မတွေးဘဲ အလောတလျင်နဲ့ ဆုံးဖြတ်ချက်ချပြီး. ။ အိမ်ကနေ ထွက်လာမိတာကို နောင်တပင် ရချင်လာမိသည်။
" တူတူ... တူတူ... တူတူ "
ဘယ်သူ ဆက်တာပါလိမ့်။
ရသော် ဆက်တာပဲ။
တစ်ညနေလုံး ဖေဖေ့ဆီ က ဖုန်းတွေ ဆက်တိုက်ဝင်နေပေမဲ့ ဒြာ မကိုင်ဘဲနေခဲ့သည်။ကိုင်ရင် အိမ်ပြန်လာဖို့ပဲ ပြောမယ်ဆိုတာ သိလို့... မကိုင်ဘဲနေတာဖြစ်သည်။
အခုက ညဘက်ရောက်မှ မောင်ဖြစ်သူက ဆက်လာတာမို့... ခြောက်လတစ်ခါ ကျောက်ကပ်ဆေးနေရတဲ့ ဖေဖေ့ကျန်းမာ ကို စိတ်ပူမိတာကြောင့်...
မောင်လေး ဆက်လာတဲ့ ဖုန်းကို ကိုင်လိုက်သည်။
" ဟယ်လို ရသော် "
" အစ်မ အိမ်တံခါးဖွင့်ပေးအုံး။ငါ အေးလို့ သေတော့မယ်။မြန်မြန် လာဖွင့်ပေး "
" နင် ရောက်နေတာလား...။အိမ်မှာမနေဘဲ ဘာလို့
လိုက်လာရတာလဲ ငသော် "
" ခဏပဲလာတာ။ကျွန်တော် အစ်မ ကို စကားပြောပြီး ပြန်မှာမို့... မြန်မြန်သာ တံခါးလာဖွင့်ပေး အစ်မ "
" အင်း... ခဏစောင့် "
ဒြာ ဖုန်းချပြီ... သားလေးမနိုးအောင် အိပ်ရာထဲကနေ ဖြေးဖြေးချင်း ထလိုက်သည်။ခြံသော့နဲ့
အိမ်သော့တွေက ပျောက်ရှတာမျိုးရှိ အခက်မတွေ့ရအောင်၊သုံးလေးချောင်း အပိုလုပ်တာ ရှိတာမို့...
ရသော် က အိမ်ကနေ ယူလာတဲ့ သော့နဲ့ ခြံတံခါးကို
ဖွင့်ပြီး၊ခြံထဲကို ဝင်လာတာပဲနေမယ်။
လူပဲ ဝင်လာတာမို့ ကားကိုတော့ ခြံအပြင်မှာ ရပ်ထားခဲ့တယ်ထင်ပါရဲ့။ကားသံကိုလည်း မကြားရလို့လေ။
" ချပ်! သားသား အိပ်နေတယ် ဖြေးဖြေး ဝင်လာ "
ဒြာ တံခါးဖွင့်ရင်းနဲ့ ပြောလိုက်တော့...
" ကျွန်တော် မဝင်ဘူး အစ်မ "
" နင် မဝင်ရင် ဘာလို့... တံခါးဖွင့်ခိုင်းနေသေးလဲ။ကားထဲကနေ ဖုန်းနဲ့ ပြောပါလား။အေးပါတယ်ဆိုမှ လူကို အိပ်ရာထဲကနေ ထလာရအောင် လုပ်တယ် "
ဒြာ အေးအေးနဲ့ စောင်ထဲကနေ ထွက်လာရတာမို့
မောင်ဖြစ်သူ ကို စိတ်တိုကာ ဆူငေါက်ပစ်လိုက်သည်။
ဒြာ ဘယ်လောက် ဆူဆူ "ရသော်"ဆိုတဲ့ မောင်လေး က စိတ်ကောက်ခြင်းမရှိဘဲ... အမြဲတမ်း စပ်ဖြဲဖြဲရုပ်လေးနဲ့ ပြန်နောက်တတ်စမြဲ။အခုလည်း သူ့လက်အေးအေးကြီးနဲ့ ဒြာ့ပါးနှစ်ဖက်ကို ဆွဲဖျစ်လာပြီး...
" ကျွန်တော့်အစ်မကလေ ကျွန်တော့်ကို တစ်နေ့မဆူရရင် မနိုင်သောဘဲနော်။တံခါးဖွင်ခိုင်းတာက
ဒီတိုင်း အလကား ဖွင့်ခိုင်းနေတာ မဟုတ်ဘူး။အစ်မနဲ့အတူ နေမယ့် သူ့ကို လာပို့တာ။အဲ့ဒါကြောင့်
တံခါးဖွင့်ခိုင်းတာ ဟုတ်ပြီလား... "
ရသော် က ဒြာ ပါးလေးကို ဖျစ်ကာပြောတော့...
ဒြာ အဖျစ်ခံထားရတဲ့ ပါးပေါ်က ရသော့်လက်တွေကို ဖယ်ချရင်း...
" ငါနဲ့ နေမယ့် သူဆိုတာ... ဘယ်သူလဲ "
" ငါ "
ဒြာ အသံလာရာ ဆီကို ကြည့်လိုက်တော့...
အကွယ်ကနေ ထွက်လာတဲ့ ဦးအဂ္ဂမာန် ကို တွေ့လိုက်ရတာမို့... လူက မျက်လုံးပြူးတဲ့အထိ လန့် သွားရသည်။
" ဟင်! ဦးအဂ္ဂမာန် မလာနဲ့။ရှင့်ကို ဒြာ့ အိမ်ထဲအဝင်မခံနိုင်ဘူး။ရသော် နင် အခုချက်အချင်း
သူ့ကို ပြန်ခေါ်သွားစမ်း။သွား... "
ဒြာ ပါးစပ်ကနေလည်း ပြောသလို... လက်နှစ်ဖက်ကလည်း အိမ်ဝင်ပေါက် တံခါးမကြီးကို အတင်းပြန်ပိတ်လိုက်သည်။
" "လင်းသုဒြာ" မင်း က သိပ်ဆိုးနေပါလား... ဟမ် "
သူက ပြောရင်းနဲ့ တံခါးပိတ်နေတဲ့ ဒြာ့လက်တွေကို အတင်းချုပ်ကိုင်ပြီး... ဒြာ မယှဥ်နိုင်တဲ့ သူ့ခန္ဓာကိုယ်ကြီးဖြင့် အထဲကို အတင်းတိုးဝင်လာတော့သည်။
" ဟင်! ရှင် ရှင် ဝင်မလာနဲ့လို့ ပြောနေ! "
" ယောက်ဖ မင်း ပြန်လိုက်တော့။ငါ ဒီည မင်းအစ်မနဲ့ အိပ်လိုက်တော့မယ်။မနက်ကျမှ ပြန်လာမယ် "
" အိုကေ အစ်ကို။အစ်မ ကျွန်တော် ပြန်ပြီ၊ကောင်းသောညလေးပါ "
" ရသော် ကောင်စုတ်လေး သူ့ကို ပြန်ခေါ်သွား! "
ရသော် စိတ်တိုနေပြီဖြစ်တဲ့ အစ်မ ကို ယောက်ဖ
အစ်ကိုနဲ့ ထားခဲ့ပြီး၊ကားဆီ မြန်မြန် ပြန်လာခဲ့လိုက်သည်။ မဟုတ်ရင် ပြန်ပေါင်းထုပ်ရတော့မယ့် အစ်မလင်မယားကြားမှာ သူက ကလန့်ဖြစ်နေမှာလေ။
အဲ့တော့ အလိုက်တသိနဲ့ သူတို့ အနားကနေ ပြန်ထွက်လာခဲ့လိုက်တာ။
" ဘုတ် ဘုတ် ရှင့် ကို မလာနဲ့ လို့ ပြောတယ်မလား။ဘုတ် ဘုတ် ရှင့် ကို သိပ်မုန်းတယ်။ရှင့် ကို မမြင်ချင်ဘူး။ဘုတ် ဘုတ် ထွက်သွား... ဘုတ်! အင့်! ရှင် ရှင် ဘာ ဘာလုပ်မလို့လဲ... "
ကိုယ့်ရင်ဘက်ကိုတော့ စိတ်ရှိသလို ထုရိုက်ပြီး ပြောဆိုနေတုန်းက ကျားမလေးအလား... ရန်ထောင်နေတဲ့ သူမ။
ကိုယ်က သူမ ထုရိုက်နေတဲ့ လက်နှစ်ဖက်ကို
ချုပ်ကိုင်ပြီး... တံခါးဘေးက နံရံဆီ သူမကိုယ်လေးကို ဖိကပ်လိုက်တော့... ဘာမှတောင် သူမ ကို မလုပ်ရသေးပါနဲ့... ကြောက်လန့်နေလိုက်တာများ... မုဆိုးထောင်ချောက်ထဲမှာ မိနေတဲ့ ယုန်သူငယ်လေးကို ဖြစ်လို့...။
မာန်, ဆိုတာကလည်း သူမ ကြောက်တိုင်း ဘယ်တုန်းကမှ အသာတကြည် လွတ်ပေးရိုး
ထုံစံမရှိခဲ့ပါဘူး။
သူက ဒြာ့ကို မျက်တောင်မခတ်တမ်း စူးစိုက်ပြီးကြည့်နေတာမို့... ဒေါသလည်းဖြစ် စိတ်လည်းတိုလာရသည်။
" ရှင် ဒြာ့ ကို ဘာလုပ်မို့... အခုလိုမျိုး ချုပ်ကိုင်ထားတာလဲ။ဒြာ့ လက်တွေကို လွှတ်ပေး... "
လက်ရှည်အနွေးထည်အဝါအပါးလေးကို ညဝတ်ဂါဝန်အင်္ကျီ အစိမ်းပုတ်ရောင်လေးပေါ်မှာ ထပ်ဝတ်ထားတဲ့ သူမ က နံရံမှာ ဖိကပ်ခံထားရလို့ မာန်, ကို တော်တော်လေး ဒေါသထွက်နေတဲ့ ပုံပင်။
မာန်,နှင့် နံရံကြားမှာ ရှိနေပြီး... ဒေါသကြောင့် အသက်ရှူနူန်းပြင်းလို့... ရွှေရင်အစုံက နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့... သူမမျက်နှာဘေး လည်တိုင်အနား မျက်နှာကို တိုးကပ်လိုက်ပြီး...
" လက်ထပ်ထားတဲ့ လင်မယားနှစ်ယောက် အကြာကြီးနေမှ ပြန်တွေ့ရင် ဘာလုပ်ကြမယ်လို့
မင်း ထင်လဲ... "
နား,အနားကပ်ပြီး ပြောလာတဲ့ သူ့စကားကြောင့် မျက်နှာတပြင်လုံး ထူပူသွားရတဲ့ ဒြာ။သူ့ကို ဒြာ စိတ်တိုလွန်းလို့... နူတ်ခမ်းလေးကို ပြတ်လုမတတ် ကိုက်ပစ်လိုက်ပြီး...
" လက်ထပ်ထားတဲ့ လင်မယားနှစ်ယောက် အကြာကြီးနေမှ ပြန်တွေ့ရလို့... ချစ်ကြည်နူးကြမယ်ဆိုရင်တောင်၊အဲ့ဒီလင်မယားတွေက ဒြာတို့ မဟုတ်တဲ့ သူများ လင်မယားတွေပဲ ဖြစ်လိမ့်မယ်။ရှင်နဲ့ ဒြာကတော့... ချစ်ကြည်နူးစရာ အကြောင်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။နောက်ပြီး လူကို ပိုင်စိုးပိုင် နင်းနဲ့ လက်ထပ်ထားတယ်လို့ ပြောနေရအောင်၊ရှင်နဲ့ ဒြာ ကွာရှင်းထားတာ နှစ်နဲ့ချီနေပြီဆိုတာကို မေ့နေတာလား။ခဏခဏ အဓိပ္ပါယ်မရှိတဲ့... စကားတွေပြောပြီး၊ဒြာ့ ကို နှောက်ယှက်နေတာကို ရပ်တန့်လိုက်ပါတော့။ဒြာ ရှင့်ကြောင့် အရမ်းပင်ပန်းနေပြီ ဥိီးအဂ္ဂမာန် "
" ကိုယ့်သားနဲ့ ကိုယ့်မယားရှိတဲ့ နေရာကို လာတာက အနှောက်အယှက် ပေးတယ်ဖြစ်ရောလား။ကိုယ့်သားကို ကိုယ်မသိအောင် မွေးထားပြီး၊ကိုယ့်အပေါ်မှာ သစ်စိမ်းချိုး ချိုးနေတဲ့..မင်း က အရမ်းကို ဆိုးနေတာပဲ "
" ဟုတ်တယ်။ ဒြာ က ဆိုးတယ်။ရှင့်ရဲ့ အေးစက်စက် အပြုအမူတွေနဲ့ ဥပေက္ခာပြုတာကို ခံရလွန်းလို့... "လင်းသုဒြာ" ဆိုတဲ့ ကျွန်မ က သိပ်ကိုဆိုးသွမ်းနေတာ။အဲ့ဒါကြောင့် ရှင့်အတွက် သိပ်ဆိုးတဲ့ ဒြာ့အနားကနေ ထွက်သွားပေးပါ "
" မင်းဆီ ကို လာတာ... မင်းနဲ့သားနဲ့အတူနေဖို့
လာခဲ့တာ။ထွက်သွားဖို့... လာခဲ့တာ မဟုတ်ဘူး။
နောက်ပြီး ကိုယ် က ဥပေက္ခာပြုထားရင်၊မင်း က
ကိုယ်ချစ်လာအောင် လုပ်ယူလေ။အဲ့လို မလုပ်ဘဲ
သိပ်ဆိုးခဲ့တော့... ကိုယ် က မင်း ကို ထားခဲ့တာပေါ့။အခုလည်း အချိန် နောက်မကျသေးလို့...
မင်း သာ ကြိုးစားရင် ကိုယ့်အချစ်ကို ရနိုင်သေးတယ်။ကြိုးစားကြည့်ပါလား... ကံကောင်းရင် ကိုယ်အချစ်ကို မင်းတစ်ယောက်တည်း အပိုင်ရနိုင်တယ် "
အကြောကြီးနဲ့ ပြောနေတဲ့ သူ့စကားတွေကြောင့်..
ဒြာ နူတ်ခမ်းလေးကို မဲ့ပစ်လိုက်၏။
" ရှင့်ကို ချစ်ခဲ့လို့... ရှင့်အချစ်ကို အရယူဖို့ ကြိုးစားခဲ့တဲ့ ဒြာ့မှာ... ရှင့်ဆီက ပြန်ရတာက ဥပေက္ခာတွေနဲ့ နာကျင်စရာတွေကြီးပဲ။ဒြာ့အတွက် အမြဲ အေးစက်နေတဲ့... ရှင့်အချစ်ကို နောက်ထပ် ရယူဖို့ ကြိုးစားရအောင် ဒြာ က အရူးမဟုတ်ဘူး။နောက်ထပ် ရှင့်ကို ဒြာ ဘယ်တောမှ ထပ်မချစ်တော့ဘူး "
" အဟင်း... ကိုယ်မိန်းမ က မာနခဲလေးပဲ "
" ဒြာ က ရှင့် မိန်းမ မဟုတ်ဘူး "
မာန်, စကားကို ဒေါသမျက်နှာလေးနဲ့ ချက်ချင်းပဲ တုံ့ပြန်ပြောလာတဲ့ မာနခဲ သူမ။
" ကိုယ့်ကို မချစ်လို့ မုန်းနေရင်တောင်... ကိုယ်တို့
သားလေးအတွက် ကိုယ့်ကို မင်း ပြန်ပေါင်းရလိမ့်မယ်။မင်းအတွက်ပဲ မတွေးဘဲ ကိုယ့်ကို လိုအပ်တဲ့ သားလေးအတွက်ကိုပါ ထည့်တွေးပြီးမှ မင်း
ရဲ့ ဆုံးဖြတ်ချ "
" ဒြာ့သားလေးအတွက် ဒြာ ရှိရင် ရပြီ။အဖေဆိုတဲ့ ရှင့် ကို ဒြာ့သားလေးက မလိုအပ်ဘူး။ရှင့် ကို
မလိုအပ်အောင်လည်း ဒြာ က သားလေးကို မွေးမြူမှာ။ဒြာ့အတွက်လည်း ရှင် က မလိုအပ်တဲ့ လူတစ်ယောက်ပဲ။အဲ့ဒါကြောင့် ဒြာတို့ သားမိအနားကနေ ရှင် ထွက်သွား... "
" အဟွန့်... သား က ကိုယ့်ကို မလိုအပ်အောင်
မွေးမယ်တဲ့လား။မင်းကလေ... အလျော့ပေးလို့ မရတာထက်၊အလျော့ပေးဖို့ အတွေးကို တွေးလို့မရအောင်ကိုပဲ ဆိုးလွန်းတာပဲ။မင်းက သိပ်ဆိုးလေလေ... ကိုယ်ကလည်း မင်းအပေါ်မှာ အလျော့ပေးပြီး နူးညံ့ပေးဖို့ အတွေးမရှိလေဘဲ "လင်းသုဒြာ" "
" ရှင် ဘာလုပ်ပြန်တာလဲ! "
ရုတ်တရက် သူက ဒြာ့ ကို ပွေ့ချီလိုက်တာမို့...
အလွန်မင် ထိတ်လန့်သွားတဲ့ ဒြာ။
မာန့်, လက်ပေါ်မှာ ထိတ်လန့်ကြောက်ရွံနေတဲ့ မျက်နှာလေးနှင့် ရှိနေတဲ့... သူမ အား မခို့တရို့အပြုံးနဲ့ စိုက်ကြည့်ကာ...
" ကိုယ့်ကို မလိုအပ်တဲ့ မင်း ကို... ကိုယ့်ကို လိုအပ်လာအောင် လုပ်မလို့ "
" ဘာ! ရှင် ယု-တ်မာဖို့ မကြံနဲ့နော်။ ဒြာ့ ကို အခုချပေး "
" မင်း ချပေးခိုင်းတိုင်း ချပေးဖို့... အတွေးရှိရင် မင်း ကို ပွေ့တောင်မချိီဘူး။သားလေး အိပ်နေတာ
မနိုးစေချင်ရင်... မင်း နူတ်ခမ်းလေးတွေကို ပိတ်ထားပြီး ငြိမ်ငြိမ်နေ "
" ကိုယ့်အပေါ် မကောင်းတာ လုပ်ဖို့ ကြံနေတာကို
သိရဲ့နဲ့ ငြိမ်နေစရာလား... "
" အာ့! ချာတိတ် ကိုယ်နာတယ်ကွ "
" မင်းတော့... ဒီည ကောင်းကောင်းကြီး ကို ကိုယ့်လက်စာ မိပြီ မှတ် "
နာတယ်ပြောလည်း လွတ်မပေးဘဲ...
ရင်ဘတ်ကိုသာ ချွန်ထက်နေသော သွားလေးတွေနှင့် ဖိကိုက်နေတာမို့... မာန်, သူမကိုယ်လေးကို ပွေ့ချီပြီး... တစ်ခန်းထဲသာ ရှိသည့် အိပ်ခန်းလေးဆီ ခြေလှမ်းကြဲတွေဖြင့် လျှောက်သွားလိုက်သည်။
ကလေးအမေသာ ဖြစ်လာတယ်၊အရင်ကထက်
တောင်မှ သိပ်ဆိုးလာတဲ့ သူမ။ မာန့်အနေနဲ့ သူမအပေါ် အလျော့ပေးဖို့ အတွေးသည်လည်း လုံးဝကို မရှိတော့ပါဘူး။
.
.
.
ဂရုထဲ Shareသွားပေးနော်။
နောက်အခန်းမှာ သကြားခဲ ကျွေးပါမယ်🤣
အချိုလေးကျွေးကာ😂အခါးလေးက်ိုပါ အဆစ်ထည့်ကျွေးတတ်တာတော့ သိတယ်ဟုတ်😂
#ကိုးအမရာမောင်
စည္းခ်က္မညီေသာ ရင္ခုန္သံ
အခန္း (၄)
.
.
.
" အန္ကယ္ေျပာတဲ့ ေနရာေတြလည္း ကြၽန္ေတာ္
သြားရွာတာ ႏွံ႕ေနၿပီ။အန္ကယ္ စဥ္းစားမိတဲ့ တျခားေနရာေတြေရာ ရွိေသးလား...။မိုးကခ်ဳပ္ေနၿပီ၊သားပါ ပါသြားလို႔ ကြၽန္ေတာ္ စိုးရိမ္မိတယ္ "
" သမီး သြားတတ္မယ့္ေနရာေတြက အန္ကယ္
သိတာ အကုန္ပါပဲ။တျခား စဥ္းစားမိတာလည္း
မရွိေတာ့ဘူး။အန္ကယ္လည္း ေျမးနဲ႕မို႔ ပိုစိတ္ပူတယ္ သားမာန္ "
" စိတ္မပူပါနဲ႕ အန္ကယ္။ကြၽန္ေတာ္ ေတြ႕ေအာင္ရွာမွာပါ "
" ေလးေလး အစ္မ အိမ္ကေန ထြက္သြားလို႔ဆို.. "
" ဟုတ္တယ္။ သားရေသာ္ ေရ... မင္း မမေၾကာင့္
အန္ကယ္ စိတ္ပူေနရၿပီ "
" သူက ဘယ္သူလဲ အန္ကယ္ "
"လင္းသုျဒာ" နဲ႕ အသက္သိပ္မကြာေလာက္တဲ့
ေကာင္ေလးက အန္ကယ္နဲ႕ ရင္းႏွီးပုံရတာမို႔...
မာန္, ခပ္က်ဳံ႕က်ဳံ႕ မ်က္ခုံးတန္းေတြႏွင့္ ေကာင္ေလးကိုၾကည့္ရင္း... အန္ကယ့္ကို ေမးလိုက္သည္။
" ဟုတ္သားပဲ... သားမာန္နဲ႕ သားရေသာ္ က
တစ္ခါမွ မေတြ႕ဖူးေသးဘူးဘဲ။ရေသာ္ က အန္ကယ့္ရဲ႕ တူေလးပါ။ရေသာ့္အေမက အန္ကယ့္ညီမအရင္းေလ။ရေသာ့္မိဘေတြက မရွိၾကေတာ့ဘူး။အန္ကယ္ကပဲ ေစာင့္ေရွာက္ၿပီး ေမြးထားတာ။သားရေသာ္ ႏူတ္ဆက္လိုက္အုံး။သားအစ္မရဲ႕ အမ်ိဳးသားပဲ။နာမည္ က အဂၢမာန္ လို႔ ေခၚတယ္ "
" ဟုတ္ကဲ့။ ေတြ႕ရတာ ဝမ္းသာပါတယ္ ဗ်။
ကြၽန္ေတာ့္ကို ေလးေလးလိုပဲ ရေသာ္ လို႔ ေခၚလို႔ရပါတယ္ ဗ်။အစ္မ အမ်ိဳးသားဆိုေတာ့... အစ္ကို က ကြၽန္ေတာ့္ အစ္ကိုပဲေပါ့ "
ေမာင္ႏွမေတာ္တယ္ဆိုေပမယ့္... ေကာင္ေလးသည္ ကိုယ့္ရဲ႕ခ်ာတိတ္မေလးေလာက္ မဆိုးေပ။
အေတာ္ေလးကို ရိုးသားၿပီး၊ယဥ္ေက်းပုံလည္းရသည္။
" အင္း... ငါက မင္း အစ္မအမ်ိဳးသားဆိုေတာ့
အစ္ကိုပဲေပါ့ "
" ဟို... အစ္မနဲ႕ ကြာရွင္းထားတယ္မလား။အခုလာတာ အစ္မနဲ႕ ျပန္ေပါင္းဖို႔လား... အစ္ကို က "
ေကာင္ေလးစကားေၾကာင့္ မာန့္, ႏူတ္ခမ္းတစ္ဖက္ က အေပၚကိုတြန့္တက္သြားသည္။
" မင္း အစ္မ က အရင္ကတည္းက အစ္ကို႔အမ်ိဳးသမီး၊အခုလည္း အစ္ကိုအမ်ိဳးသမီးပဲ "
မာန္, စကားေၾကာင့္ ေကာင္ေလးမ်က္ႏွာမွာ
အံ့ဩမႈေတြ ထင္ဟပ္သြားသည္။
" ဒါဆို ကြာရွင္းထားတယ္ဆိုတာ က တကယ္ မဟုတ္ဘူးလား...။ဟို ကြၽန္ေတာ္ ေသခ်ာမသိလို႔
ေမးၾကည့္တာပါ။အိမ္မွာလည္း အစ္မ က အစ္ကို႔အေၾကာင္း ေျပာတာ မႀကိဳက္လို႔... ေလးေလးကိုလည္း ကြၽန္ေတာ္ မေမးဘဲ ေနေနတာပါ။အခုက
စကားႀကဳံလို႔... ေမးၾကည့္တာပါ "
" အဲ့တုန္းက ကြာရွင္းတယ္လို႔ပဲ ေျပာတာပါ။တကယ္က ကြာရွင္းစာခ်ဳပ္မွာ အစ္ကို လက္မွတ္မထိုးထားပါဘူး။မင္း အစ္မလူဆိုးမေလး ပဲ
လက္မွတ္ထိုးတာ "
" ဪ... ဒါဆို အစ္မေကာက္ေတး က သူ႕ဘာသာ လက္မွတ္ထိုးၿပီး၊သူ႕ဘာသာ ကြာရွင္းေနတာေပါ့။ကြၽန္ေတာ္ က တကယ္ကြာရွင္းထားတာ မွတ္လို႔။တူေလးကို အရမ္းသနားေနတာ။တကယ္က မကြာရွင္းထားဘူးတဲ့လား။ ငါ့ အစ္မ စြာစိလန္ ေကာက္ေတးကေတာ့ေလ တကယ့္စံပဲ ဟားဟား... "
ေကာင္ေလး က သူ႕အစ္မကို ေကာက္ေတးလို႔ေျပာၿပီး ရယ္ေနေတာ့... သူမႏွင့္အတူေနစဥ္ ခဏခဏ
စိတ္ေကာက္ေနတတ္သည့္ ပုံရိပ္ေလးေတြက မ်က္လုံးထဲ ျပန္ျမင္လာမိသည္။သူမ ပုံရိပ္ေလးေတြေၾကာင့္ပဲ မာန္,သည္လည္း ၿပဳံးမိျပန္၏။
အန္ကယ္ကေတာ့ ဘာမွဝင္မေျပာေပမဲ့...
သူ႕သမီးႏွင့္ ေျမးကို စိတ္ပူေနတဲ့ ပုံပင္။
" ရေသာ္ မင္း အစ္မ သြားတတ္တဲ့ ေနရာေလးေတြ သိလား။အစ္ကို ရွာေနတာ တစ္ၿမိဳ႕လုံးႏွံ႕ေနၿပီ မေတြ႕ဘူး၊ျဖစ္ေနတယ္။အခု ဘယ္ကို လိုက္ရွာရမွန္း မသိျဖစ္ေနလို႔... မင္း သိတဲ့ ေနရာရွိရင္
ေျပာပါအုံး "
" တစ္ၿမိဳ႕လုံးေတာင္ ႏွံ႕ေနၿပီလား... အစ္ကို "
" ဟုတ္တယ္ကြ။သား အစ္ကို ရွာေနတာ မင္းအစ္မ အိမ္ကေန ထြက္သြားကတည္းကပဲ။သားရေသာ္ကိုသာ ပြဲ႐ုံမွာ အလုပ္ရႈပ္ေနလို႔... ျပန္လာခါနီးေလးမွ ေလးေလး က ဖုန္းဆက္လိုက္တာ "
" အဲ့လိုလား...၊တစ္ၿမိဳ႕လုံးေတာင္ အႏွံ႕ရွာတာေတာင္ မေတြ႕ေသးဘူးဆိုေတာ့... အစ္မ က ဘယ္မွာမ်ား သြားပုန္းေနပါလိမ့္ "
ဆိုကာ... ေကာင္ေလးသည္ ခဏၿငိမ္သက္ၿပီး
စဥ္းစားေနေလရဲ႕။
" အစ္ကို ကေလာမွာ အစ္မ အသစ္ေဆာက္ထားတဲ့ အိမ္ေလးဆီကိုေရာ ေရာက္ၿပီးၿပီလား...။အဲ့ဘက္ကိုေတာ့ မရွာရေသးဘူးမလား... "
" ကေလာမွာ အိမ္ရွိေသးတာလား... အန္ကယ္ "
" ရွိတယ္ သားမာန္။ေျမကြက္ေလးက ေနရာေကာင္းၿပီး၊ေစ်းသက္သက္သာသာေလးနဲ႕ ရလို႔
သမီးကဝယ္လိုက္တယ္။အိမ္ငွားစားဖို႔ တစ္ထပ္အိမ္ေလးကို အဲ့ေျမကြက္မွာ ေဆာက္တယ္။ၿပီးသြားေတာ့ မၾကာေသးဘူး။အန္ကယ္လည္း အဲ့ကို
တစ္ခါပဲ ေရာင္ေသးေတာ့... သတိက ေမ့သြားတာ။သားမာန္ အဲ့ကို သြားၾကည့္ေပးပါလား။သမီးရွိေနေလာက္တယ္ "
" ဟုတ္ကဲ့ ကြၽန္ေတာ္ အခုပဲ သြားလိုက္မယ္။ရေသာ္ အစ္ကိုနဲ႕လိုက္ခဲ့ေပနိုင္မလား "
" ရတာေပါ့ အစ္ကို။သြားမယ္ေလ "
ေယာက္ဖ က ေရွ႕ကေန တက္ႂကြစြာ ထြက္သြားေတာ့... ေယာကၡထီး ကို စိတ္မပူဖို႔ ေျပာၿပီးမွ မာန္, ကားဆီကို ထြက္လာခဲ့သည္။
မာန္,က လမ္းမသိတာမို႔... ေယာက္ဖကိုသာ ေမာင္းခိုင္းလိုက္သည္။
.
.
.
" ဒီေန႕ေတာ့ ၾကက္ေၾကာ္ေလးနဲ႕ပဲ ထမင္းစားေတာ့ေနာ္ သားသား။ေနာက္ေန႕က်ရင္ ေမေမ ေစ်းသြာ
းၿပီး ေသခ်ာ ခ်က္ေကြၽးမယ္ေနာ္ "
" ေစ်းမသြားလဲ... ရပါတယ္ ေမေမ။သားသား က
ၾကက္ေၾကာ္နဲ႕ စားရတာကို ႀကိဳက္တယ္။ေနာက္ေန႕လဲ ၾကက္ေၾကာ္နဲ႕ပဲ ေကြၽးလည္း သားသား စားလို႔ရတယ္။အသီး၊အ႐ြက္ေၾကာ္ႀကီးေတြကို သားသား က မႀကိဳက္ဘူး။ၾကက္ေၾကာ္ကိုပဲ ႀကိဳက္တာ "
" အဟင္း "
ၾကက္ေၾကာ္ ႀကိဳက္တဲ့ သားစကားေၾကာင့္...
ထမင္းခြံ႕ရင္း... ျဒာ အသံထြက္ကာ ရယ္မိ၏။
" သားသားအ႐ြယ္က ထမင္းနဲ႕ ဟင္းကို အရဟာမွ်တေအာင္ စားရေတာ့မယ့္ အ႐ြယ္ေလ။ေန႕တိုင္းႀကီး ဆီေတြနဲ႕ေၾကာ္ထားတဲ့ အစားကိုပဲ စားေနရင္၊ဖြံ႕ၿဖိဳးၿပီး ႀကီးထြားသင့္တာေတြက မႀကီးထြားလာဘဲနဲ႕ ၾကာလာတဲ့ အခါမွာ ကိုယ္ခံအားေတြ က်ဆင္းလာၿပီး၊ ေရာဂါေတြ ရလိမ့္မယ္။အဲ့အခါ သားသား စားခ်င္တာလဲ မစားရေတာ့ဘူး။ေဆာ့ခ်င္တိုင္းလည္း မေဆာ့ရေတာ့ဘူး။မက်န္းမာတဲ့ ကေလးေလးျဖစ္သြားရင္ အိမ္ထဲမွာပဲ ေနရေတာ့မွာ။အျပင္ကိုလည္း ေလွ်ာက္မလည္နိုင္ေတာ့ဘူး။သားသား က မက်န္းမာတဲ့ ကေလးေလး မျဖစ္ခ်င္ဘူးမလား... "
" ဟင့္အင္း... မျဖစ္ခ်င္ဘူး "
" ဒါဆို က်န္းမာတဲ့ ကေလးေလးျဖစ္ခ်င္ရင္
ဘာလုပ္ရမလဲဆိုတာ သားသား သိတယ္မလား..."
" ဟုတ္ သားသား သိတယ္။ က်န္းမာတဲ့ ကေလးေလးျဖစ္ဖို႔... ထမင္းကို ၾကက္ေၾကာ္နဲ႕ပဲ မစားပဲ၊တျခား ဟင္းေတြနဲ႕ပါ စားရမွာ။သားသား ေျပာတာ ဟုတ္လား... ေမေမ "
" အင္း... ဟုတ္တယ္။သားသား က က်န္းမာတဲ့ ကေလးျဖစ္ဖို႔ ထမင်းစားတိုင်း၊အသိီးအရွက်နဲ့အသား၊ငါး၊ပဲအမျိုးမျိုးကို ေန႕စဥ္ အဟာရမွ်တေအာင္ စားရမယ္။အဲ့ဒါမွ က်န္းမာတဲ့ ကေလးေလးျဖစ္လာမွာ "
" အာ့ဆို အသီး၊အ႐ြက္နဲ႕အသားေတြကို သားသား ေန႕တိုင္း စားေတာ့မယ္ေနာ္ ေမေမ "
" အဟင္း.. ဟုတ္ပါၿပီ။ ေမေမ က မနက္ျဖန္ ေစ်းသြားၿပီး သားသား ကို အရဟာစုံေအာင္ ခ်က္ေကြၽးမယ္ ဟုတ္လား... "
" ဟုတ္ကဲ့ "
" ေရေသာက္ၿပီး၊ခဏေလး ထိုင္ေနအုံးေနာ္။ေမေမ သားသားနဲ႕အိပ္ဖို႔ အိပ္ရာခင္းလိုက္အုံးမယ္ "
" ဟုတ္ကဲ့ "
သားကို ဆိုင္ကေန ဝယ္လာတဲ့ ထမင္းနဲ႕ ၾကက္ေၾကာ္ေလးကို ေသခ်ာခြံ႕ေကြၽးအၿပီးမွာေတာ့...
သားမိႏွစ္ေယာက္ အိပ္ဖို႔ အတြက္... လမ္းနဲ႕သင့္ၿပီး ေတြ႕တဲ့ ဆိုင္ကေန ဝင္ဝယ္လာရတဲ့... အိပ္ရာခင္းနဲ႕ ေစာင္ေလးရယ္၊ျခင္ေထာင္ေလးနဲ႕ ေခါင္းအုံးေလးႏွစ္လုံးကိုခ်ၿပီး အိပ္ရာခင္းက်င္းလိုက္သည္။
အိမ္ေလးက ေဆာက္ၿပီးတာ မၾကာေသးသလို...
စေဆာက္ကတည္းက အိမ္အငွားထားဖို႔ ေဆာက္ထားတာမို႔... အိမ္ေလးထဲမွာ အိမ္ေထာင္ပရိေဘာဂပစၥည္းတို႔က ဘာမွရွိေနမပါဘူး။
သားမိႏွစ္ေယာက္ အိပ္ဖို႔ေတာင္ လာရင္းနဲ႕ ဝယ္လာခဲ့လို႔သာ အဆင္ေျပတာ။မဟုတ္ရင္ ဒီညအဖို႔
သားမိႏွစ္ေယာက္ ဘာမွမရွိဘဲ ၾကမ္းျပင္မွာ ဒီတိုင္း အိပ္ရေတာ့မွာ။
သားေလးကို အရင္လိုေမြ႕ရာထူထူေလးနဲ႕ မဟုတ္ဘဲ ၾကမ္းျပင္မွာ ဂြမ္းဂပ္အပါးေလး ခင္းၿပီး သိိပ္ရေတာ့မွာမို႔.... ျဒာ စိတ္လည္းမေကာင္းျဖစ္မိသည္။
သားေလးအတြက္ စိတ္မေကာင္းျဖစ္ရေတာ့...
ဟို ဦးအဂၢမာန္ဆိုတဲ့ လူႀကီးကိုလည္း စိတ္တိုမိ၏။
အဲ့လူႀကီးသာ ျဒာ,ရွိတဲ့ေနရာကို ျပန္မလာရင္၊
ဘာမွအျပည့္အစုံ မရွိတဲ့ေနရာမွာ သားေလးနဲ႕ အခုလို အိပ္ရမည္ မဟုတ္။
တကယ္ပါ... ျဒာ ေလ အဲ့လူအေၾကာင္း ျပန္စဥ္းစားမိတိုင္း ေဒါသထြက္ စိတ္တိုရပါသည္။အဲ့လူ
ျမန္မာျပည္ကေန ျမန္ျမန္ ျပန္ပါေစလို႔သာ ဆုေတာင္းပါတယ္။
" ေမေမ သားသား ဖက္အိပ္တဲ့ အ႐ုပ္ေလးလည္း
မရွိဘူးေနာ္ "
ျခင္ေထာင္ထဲ ဝင္ၿပီး အိပ္ဖို႔ သားေလးကို ေနရာခ်ေပးစဥ္... သားက ညတိုင္း ဖက္အိပ္တဲ့ ဝက္ဝံ႐ုပ္ေလးကို မေတြ႕လို႔ထင္ပါရဲ႕... သူ႕အ႐ုပ္ေလး
မရွိတာကို ေျပာသည္။
ျဒာ သားရဲ႕ေခါင္းေလးကို ေခါင္းအုံးေပၚ ေသခ်ာတင္ေပးရင္း...
" ဒီညေတာ့ ဝတ္ဝံ႐ုပ္ေလး အစား... ေမေမ့ကို သားသားက ဖက္အိပ္ေတာ့ေနာ္။မနက္က်မွ ေမေမ က ဝတ္ဝံ႐ုပ္အသစ္ေလး ဝယ္ေပးမယ္ေနာ္ "
" အသစ္ဝယ္ရင္ သားသားရဲ႕ ဝက္ဝံ႐ုပ္ေလးကို ဖက္မအိပ္ရေတာ့ဘူးလား... ေမေမ "
" အသစ္ဝယ္ေပးမယ့္ အ႐ုပ္က ဒီအိမ္မွာေနတုန္း
သားသား ဖက္အိပ္ဖို႔... ေမေမ က ဝယ္ေပးမွာ။ေအာင္ပန္း က အိမ္ကို ျပန္တဲ့အခါ သားသား အရင္အ႐ုပ္ေလးနဲ႕ေရာ၊အသစ္ဝယ္တာေလးနဲ႕ေရာ
သားသား ဖက္အိပ္လို႔ရတယ္ "
" ဒါဆို သားသားမွာ ဝက္ဝံ႐ုပ္ေလးက ႏွစ္႐ုပ္ေတာင္ျဖစ္သြားမွာေပါ့ ေနာ္... ေမေမ "
" အင္းေပါ့... "
" ဟီး... ေပ်ာ္စရာႀကီး "
သားက အ႐ုပ္အသစ္ထပ္ရမယ္ဆိုလို႔... ေပ်ာ္သြားေလသည္။ျဒာလည္း သားေလးေပ်ာ္ေနတာကို ၾကည့္ၿပီး ေပ်ာ္ရပါသည္။
သားေလးက အိပ္ရာထဲေရာက္ၿပီး... သိပ္မၾကာခင္မွာ အိပ္ေပ်ာ္သြားသည္။ျဒာကေတာ့ အေတြးေပါင္းစုံႏွင့္ အိပ္လို႔မေပ်ာ္နိုင္ ျဖစ္ေနရသည္။အိပ္ရာ အေျပာင္းအလဲေၾကာင့္လည္း ပါမည္။
ေဆာင္းရာသီမို႔ ကေလာ၏ ညခ်မ္းက အလြန္မင္ခ်မ္းေနပါ၏။
ေစာင္ႏွစ္ထည္ကို ထပ္ကာ သားမိႏွစ္ေယာက္ပူးကပ္ၿပီး၊ၿခဳံအိပ္ေနေပမဲ့... ခ်မ္းေအးတာက
ေလ်ာ့မသြားေပ။
သားေလးက အိပ္ေနရင္း ေအးလို႔.... ျဒာ့ရင္ခြင္ထဲ တိုးတိုးဝင္လာေလ... သားေလးအတြက္ မေတြးဘဲ အေလာတလ်င္နဲ႕ ဆုံးျဖတ္ခ်က္ခ်ၿပီး. ။ အိမ္ကေန ထြက္လာမိတာကို ေနာင္တပင္ ရခ်င္လာမိသည္။
" တူတူ... တူတူ... တူတူ "
ဘယ္သူ ဆက္တာပါလိမ့္။
ရေသာ္ ဆက္တာပဲ။
တစ္ညေနလုံး ေဖေဖ့ဆီ က ဖုန္းေတြ ဆက္တိုက္ဝင္ေနေပမဲ့ ျဒာ မကိုင္ဘဲေနခဲ့သည္။ကိုင္ရင္ အိမ္ျပန္လာဖို႔ပဲ ေျပာမယ္ဆိုတာ သိလို႔... မကိုင္ဘဲေနတာျဖစ္သည္။
အခုက ညဘက္ေရာက္မွ ေမာင္ျဖစ္သူက ဆက္လာတာမို႔... ေျခာက္လတစ္ခါ ေက်ာက္ကပ္ေဆးေနရတဲ့ ေဖေဖ့က်န္းမာ ကို စိတ္ပူမိတာေၾကာင့္...
ေမာင္ေလး ဆက္လာတဲ့ ဖုန္းကို ကိုင္လိုက္သည္။
" ဟယ္လို ရေသာ္ "
" အစ္မ အိမ္တံခါးဖြင့္ေပးအုံး။ငါ ေအးလို႔ ေသေတာ့မယ္။ျမန္ျမန္ လာဖြင့္ေပး "
" နင္ ေရာက္ေနတာလား...။အိမ္မွာမေနဘဲ ဘာလို႔
လိုက္လာရတာလဲ ငေသာ္ "
" ခဏပဲလာတာ။ကြၽန္ေတာ္ အစ္မ ကို စကားေျပာၿပီး ျပန္မွာမို႔... ျမန္ျမန္သာ တံခါးလာဖြင့္ေပး အစ္မ "
" အင္း... ခဏေစာင့္ "
ျဒာ ဖုန္းခ်ၿပီ... သားေလးမနိုးေအာင္ အိပ္ရာထဲကေန ေျဖးေျဖးခ်င္း ထလိုက္သည္။ၿခံေသာ့နဲ႕
အိမ္ေသာ့ေတြက ေပ်ာက္ရွတာမ်ိဳးရွိ အခက္မေတြ႕ရေအာင္၊သုံးေလးေခ်ာင္း အပိုလုပ္တာ ရွိတာမို႔...
ရေသာ္ က အိမ္ကေန ယူလာတဲ့ ေသာ့နဲ႕ ၿခံတံခါးကို
ဖြင့္ၿပီး၊ၿခံထဲကို ဝင္လာတာပဲေနမယ္။
လူပဲ ဝင္လာတာမို႔ ကားကိုေတာ့ ၿခံအျပင္မွာ ရပ္ထားခဲ့တယ္ထင္ပါရဲ႕။ကားသံကိုလည္း မၾကားရလို႔ေလ။
" ခ်ပ္! သားသား အိပ္ေနတယ္ ေျဖးေျဖး ဝင္လာ "
ျဒာ တံခါးဖြင့္ရင္းနဲ႕ ေျပာလိုက္ေတာ့...
" ကြၽန္ေတာ္ မဝင္ဘူး အစ္မ "
" နင္ မဝင္ရင္ ဘာလို႔... တံခါးဖြင့္ခိုင္းေနေသးလဲ။ကားထဲကေန ဖုန္းနဲ႕ ေျပာပါလား။ေအးပါတယ္ဆိုမွ လူကို အိပ္ရာထဲကေန ထလာရေအာင္ လုပ္တယ္ "
ျဒာ ေအးေအးနဲ႕ ေစာင္ထဲကေန ထြက္လာရတာမို႔
ေမာင္ျဖစ္သူ ကို စိတ္တိုကာ ဆူေငါက္ပစ္လိုက္သည္။
ျဒာ ဘယ္ေလာက္ ဆူဆူ "ရေသာ္"ဆိုတဲ့ ေမာင္ေလး က စိတ္ေကာက္ျခင္းမရွိဘဲ... အၿမဲတမ္း စပ္ၿဖဲၿဖဲ႐ုပ္ေလးနဲ႕ ျပန္ေနာက္တတ္စၿမဲ။အခုလည္း သူ႕လက္ေအးေအးႀကီးနဲ႕ ျဒာ့ပါးႏွစ္ဖက္ကို ဆြဲဖ်စ္လာၿပီး...
" ကြၽန္ေတာ့္အစ္မကေလ ကြၽန္ေတာ့္ကို တစ္ေန႕မဆူရရင္ မနိုင္ေသာဘဲေနာ္။တံခါးဖြင္ခိုင္းတာက
ဒီတိုင္း အလကား ဖြင့္ခိုင္းေနတာ မဟုတ္ဘူး။အစ္မနဲ႕အတူ ေနမယ့္ သူ႕ကို လာပို႔တာ။အဲ့ဒါေၾကာင့္
တံခါးဖြင့္ခိုင္းတာ ဟုတ္ၿပီလား... "
ရေသာ္ က ျဒာ ပါးေလးကို ဖ်စ္ကာေျပာေတာ့...
ျဒာ အဖ်စ္ခံထားရတဲ့ ပါးေပၚက ရေသာ့္လက္ေတြကို ဖယ္ခ်ရင္း...
" ငါနဲ႕ ေနမယ့္ သူဆိုတာ... ဘယ္သူလဲ "
" ငါ "
ျဒာ အသံလာရာ ဆီကို ၾကည့္လိုက္ေတာ့...
အကြယ္ကေန ထြက္လာတဲ့ ဦးအဂၢမာန္ ကို ေတြ႕လိုက္ရတာမို႔... လူက မ်က္လုံးျပဴးတဲ့အထိ လန့္ သြားရသည္။
" ဟင္! ဦးအဂၢမာန္ မလာနဲ႕။ရွင့္ကို ျဒာ့ အိမ္ထဲအဝင္မခံနိုင္ဘူး။ရေသာ္ နင္ အခုခ်က္အခ်င္း
သူ႕ကို ျပန္ေခၚသြားစမ္း။သြား... "
ျဒာ ပါးစပ္ကေနလည္း ေျပာသလို... လက္ႏွစ္ဖက္ကလည္း အိမ္ဝင္ေပါက္ တံခါးမႀကီးကို အတင္းျပန္ပိတ္လိုက္သည္။
" "လင္းသုျဒာ" မင္း က သိပ္ဆိုးေနပါလား... ဟမ္ "
သူက ေျပာရင္းနဲ႕ တံခါးပိတ္ေနတဲ့ ျဒာ့လက္ေတြကို အတင္းခ်ဳပ္ကိုင္ၿပီး... ျဒာ မယွဥ္နိုင္တဲ့ သူ႕ခႏၶာကိုယ္ႀကီးျဖင့္ အထဲကို အတင္းတိုးဝင္လာေတာ့သည္။
" ဟင္! ရွင္ ရွင္ ဝင္မလာနဲ႕လို႔ ေျပာေန! "
" ေယာက္ဖ မင္း ျပန္လိုက္ေတာ့။ငါ ဒီည မင္းအစ္မနဲ႕ အိပ္လိုက္ေတာ့မယ္။မနက္က်မွ ျပန္လာမယ္ "
" အိုေက အစ္ကို။အစ္မ ကြၽန္ေတာ္ ျပန္ၿပီ၊ေကာင္းေသာညေလးပါ "
" ရေသာ္ ေကာင္စုတ္ေလး သူ႕ကို ျပန္ေခၚသြား! "
ရေသာ္ စိတ္တိုေနၿပီျဖစ္တဲ့ အစ္မ ကို ေယာက္ဖ
အစ္ကိုနဲ႕ ထားခဲ့ၿပီး၊ကားဆီ ျမန္ျမန္ ျပန္လာခဲ့လိုက္သည္။ မဟုတ္ရင္ ျပန္ေပါင္းထုပ္ရေတာ့မယ့္ အစ္မလင္မယားၾကားမွာ သူက ကလန့္ျဖစ္ေနမွာေလ။
အဲ့ေတာ့ အလိုက္တသိနဲ႕ သူတို႔ အနားကေန ျပန္ထြက္လာခဲ့လိုက္တာ။
" ဘုတ္ ဘုတ္ ရွင့္ ကို မလာနဲ႕ လို႔ ေျပာတယ္မလား။ဘုတ္ ဘုတ္ ရွင့္ ကို သိပ္မုန္းတယ္။ရွင့္ ကို မျမင္ခ်င္ဘူး။ဘုတ္ ဘုတ္ ထြက္သြား... ဘုတ္! အင့္! ရွင္ ရွင္ ဘာ ဘာလုပ္မလို႔လဲ... "
ကိုယ့္ရင္ဘက္ကိုေတာ့ စိတ္ရွိသလို ထုရိုက္ၿပီး ေျပာဆိုေနတုန္းက က်ားမေလးအလား... ရန္ေထာင္ေနတဲ့ သူမ။
ကိုယ္က သူမ ထုရိုက္ေနတဲ့ လက္ႏွစ္ဖက္ကို
ခ်ဳပ္ကိုင္ၿပီး... တံခါးေဘးက နံရံဆီ သူမကိုယ္ေလးကို ဖိကပ္လိုက္ေတာ့... ဘာမွေတာင္ သူမ ကို မလုပ္ရေသးပါနဲ႕... ေၾကာက္လန့္ေနလိုက္တာမ်ား... မုဆိုးေထာင္ေခ်ာက္ထဲမွာ မိေနတဲ့ ယုန္သူငယ္ေလးကို ျဖစ္လို႔...။
မာန္, ဆိုတာကလည္း သူမ ေၾကာက္တိုင္း ဘယ္တုန္းကမွ အသာတၾကည္ လြတ္ေပးရိုး
ထုံစံမရွိခဲ့ပါဘူး။
သူက ျဒာ့ကို မ်က္ေတာင္မခတ္တမ္း စူးစိုက္ၿပီးၾကည့္ေနတာမို႔... ေဒါသလည္းျဖစ္ စိတ္လည္းတိုလာရသည္။
" ရွင္ ျဒာ့ ကို ဘာလုပ္မို႔... အခုလိုမ်ိဳး ခ်ဳပ္ကိုင္ထားတာလဲ။ျဒာ့ လက္ေတြကို လႊတ္ေပး... "
လက္ရွည္အႏြေးထည္အဝါအပါးေလးကို ညဝတ္ဂါဝန္အကၤ်ီ အစိမ္းပုတ္ေရာင္ေလးေပၚမွာ ထပ္ဝတ္ထားတဲ့ သူမ က နံရံမွာ ဖိကပ္ခံထားရလို႔ မာန္, ကို ေတာ္ေတာ္ေလး ေဒါသထြက္ေနတဲ့ ပုံပင္။
မာန္,ႏွင့္ နံရံၾကားမွာ ရွိေနၿပီး... ေဒါသေၾကာင့္ အသက္ရႉႏူန္းျပင္းလို႔... ေ႐ႊရင္အစုံက နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနတဲ့... သူမမ်က္ႏွာေဘး လည္တိုင္အနား မ်က္ႏွာကို တိုးကပ္လိုက္ၿပီး...
" လက္ထပ္ထားတဲ့ လင္မယားႏွစ္ေယာက္ အၾကာႀကီးေနမွ ျပန္ေတြ႕ရင္ ဘာလုပ္ၾကမယ္လို႔
မင္း ထင္လဲ... "
နား,အနားကပ္ၿပီး ေျပာလာတဲ့ သူ႕စကားေၾကာင့္ မ်က္ႏွာတျပင္လုံး ထူပူသြားရတဲ့ ျဒာ။သူ႕ကို ျဒာ စိတ္တိုလြန္းလို႔... ႏူတ္ခမ္းေလးကို ျပတ္လုမတတ္ ကိုက္ပစ္လိုက္ၿပီး...
" လက္ထပ္ထားတဲ့ လင္မယားႏွစ္ေယာက္ အၾကာႀကီးေနမွ ျပန္ေတြ႕ရလို႔... ခ်စ္ၾကည္ႏူးၾကမယ္ဆိုရင္ေတာင္၊အဲ့ဒီလင္မယားေတြက ျဒာတို႔ မဟုတ္တဲ့ သူမ်ား လင္မယားေတြပဲ ျဖစ္လိမ့္မယ္။ရွင္နဲ႕ ျဒာကေတာ့... ခ်စ္ၾကည္ႏူးစရာ အေၾကာင္း ဘယ္ေတာ့မွ ရွိလာမွာ မဟုတ္ဘူး။ေနာက္ၿပီး လူကို ပိုင္စိုးပိုင္ နင္းနဲ႕ လက္ထပ္ထားတယ္လို႔ ေျပာေနရေအာင္၊ရွင္နဲ႕ ျဒာ ကြာရွင္းထားတာ ႏွစ္နဲ႕ခ်ီေနၿပီဆိုတာကို ေမ့ေနတာလား။ခဏခဏ အဓိပ္ပါယ်မရှိတဲ့... စကားေတြေျပာၿပီး၊ျဒာ့ ကို ႏွောက္ယွက္ေနတာကို ရပ္တန့္လိုက္ပါေတာ့။ျဒာ ရွင့္ေၾကာင့္ အရမ္းပင္ပန္းေနၿပီ ဥိီးအဂ္ဂမာန် "
" ကိုယ့္သားနဲ႕ ကိုယ့္မယားရွိတဲ့ ေနရာကို လာတာက အႏွောက္အယွက္ ေပးတယ္ျဖစ္ေရာလား။ကိုယ့္သားကို ကိုယ္မသိေအာင္ ေမြးထားၿပီး၊ကိုယ့္အေပၚမွာ သစ္စိမ္းခ်ိဳး ခ်ိဳးေနတဲ့..မင္း က အရမ္းကို ဆိုးေနတာပဲ "
" ဟုတ္တယ္။ ျဒာ က ဆိုးတယ္။ရွင့္ရဲ႕ ေအးစက္စက္ အျပဳအမူေတြနဲ႕ ဥေပကၡာျပဳတာကို ခံရလြန္းလို႔... "လင္းသုျဒာ" ဆိုတဲ့ ကြၽန္မ က သိပ္ကိုဆိုးသြမ္းေနတာ။အဲ့ဒါေၾကာင့္ ရွင့္အတြက္ သိပ္ဆိုးတဲ့ ျဒာ့အနားကေန ထြက္သြားေပးပါ "
" မင္းဆီ ကို လာတာ... မင္းနဲ႕သားနဲ႕အတူေနဖို႔
လာခဲ့တာ။ထြက္သြားဖို႔... လာခဲ့တာ မဟုတ္ဘူး။
ေနာက္ၿပီး ကိုယ္ က ဥေပကၡာျပဳထားရင္၊မင္း က
ကိုယ္ခ်စ္လာေအာင္ လုပ္ယူေလ။အဲ့လို မလုပ္ဘဲ
သိပ္ဆိုးခဲ့ေတာ့... ကိုယ္ က မင္း ကို ထားခဲ့တာေပါ့။အခုလည္း အခ်ိန္ ေနာက္မက်ေသးလို႔...
မင္း သာ ႀကိဳးစားရင္ ကိုယ့္အခ်စ္ကို ရနိုင္ေသးတယ္။ႀကိဳးစားၾကည့္ပါလား... ကံေကာင္းရင္ ကိုယ္အခ်စ္ကို မင္းတစ္ေယာက္တည္း အပိုင္ရနိုင္တယ္ "
အေၾကာႀကီးနဲ႕ ေျပာေနတဲ့ သူ႕စကားေတြေၾကာင့္..
ျဒာ ႏူတ္ခမ္းေလးကို မဲ့ပစ္လိုက္၏။
" ရွင့္ကို ခ်စ္ခဲ့လို႔... ရွင့္အခ်စ္ကို အရယူဖို႔ ႀကိဳးစားခဲ့တဲ့ ျဒာ့မွာ... ရွင့္ဆီက ျပန္ရတာက ဥေပကၡာေတြနဲ႕ နာက်င္စရာေတြႀကီးပဲ။ျဒာ့အတြက္ အၿမဲ ေအးစက္ေနတဲ့... ရွင့္အခ်စ္ကို ေနာက္ထပ္ ရယူဖို႔ ႀကိဳးစားရေအာင္ ျဒာ က အ႐ူးမဟုတ္ဘူး။ေနာက္ထပ္ ရွင့္ကို ျဒာ ဘယ္ေတာမွ ထပ္မခ်စ္ေတာ့ဘူး "
" အဟင္း... ကိုယ္မိန္းမ က မာနခဲေလးပဲ "
" ျဒာ က ရွင့္ မိန္းမ မဟုတ္ဘူး "
မာန္, စကားကို ေဒါသမ်က္ႏွာေလးနဲ႕ ခ်က္ခ်င္းပဲ တုံ႕ျပန္ေျပာလာတဲ့ မာနခဲ သူမ။
" ကိုယ့္ကို မခ်စ္လို႔ မုန္းေနရင္ေတာင္... ကိုယ္တို႔
သားေလးအတြက္ ကိုယ့္ကို မင္း ျပန္ေပါင္းရလိမ့္မယ္။မင္းအတြက္ပဲ မေတြးဘဲ ကိုယ့္ကို လိုအပ္တဲ့ သားေလးအတြက္ကိုပါ ထည့္ေတြးၿပီးမွ မင္း
ရဲ႕ ဆုံးျဖတ္ခ် "
" ျဒာ့သားေလးအတြက္ ျဒာ ရွိရင္ ရၿပီ။အေဖဆိုတဲ့ ရွင့္ ကို ျဒာ့သားေလးက မလိုအပ္ဘူး။ရွင့္ ကို
မလိုအပ္ေအာင္လည္း ျဒာ က သားေလးကို ေမြးျမဴမွာ။ျဒာ့အတြက္လည္း ရွင္ က မလိုအပ္တဲ့ လူတစ္ေယာက္ပဲ။အဲ့ဒါေၾကာင့္ ျဒာတို႔ သားမိအနားကေန ရွင္ ထြက္သြား... "
" အဟြန့္... သား က ကိုယ့္ကို မလိုအပ္ေအာင္
ေမြးမယ္တဲ့လား။မင္းကေလ... အေလ်ာ့ေပးလို႔ မရတာထက္၊အေလ်ာ့ေပးဖို႔ အေတြးကို ေတြးလို႔မရေအာင္ကိုပဲ ဆိုးလြန္းတာပဲ။မင္းက သိပ္ဆိုးေလေလ... ကိုယ္ကလည္း မင္းအေပၚမွာ အေလ်ာ့ေပးၿပီး ႏူးညံ့ေပးဖို႔ အေတြးမရွိေလဘဲ "လင္းသုျဒာ" "
" ရွင္ ဘာလုပ္ျပန္တာလဲ! "
႐ုတ္တရက္ သူက ျဒာ့ ကို ေပြ႕ခ်ီလိုက္တာမို႔...
အလြန္မင္ ထိတ္လန့္သြားတဲ့ ျဒာ။
မာန့္, လက္ေပၚမွာ ထိတ္လန့္ေၾကာက္႐ြံေနတဲ့ မ်က္ႏွာေလးႏွင့္ ရွိေနတဲ့... သူမ အား မခို႔တရို႔အၿပဳံးနဲ႕ စိုက္ၾကည့္ကာ...
" ကိုယ့္ကို မလိုအပ္တဲ့ မင္း ကို... ကိုယ့္ကို လိုအပ္လာေအာင္ လုပ္မလို႔ "
" ဘာ! ရွင္ ယု-တ္မာဖို႔ မႀကံနဲ႕ေနာ္။ ျဒာ့ ကို အခုခ်ေပး "
" မင္း ခ်ေပးခိုင္းတိုင္း ခ်ေပးဖို႔... အေတြးရွိရင္ မင္း ကို ပွေ့တောင်မချိီဘူး။သားလေး အိပ္ေနတာ
မနိုးေစခ်င္ရင္... မင္း ႏူတ္ခမ္းေလးေတြကို ပိတ္ထားၿပီး ၿငိမ္ၿငိမ္ေန "
" ကိုယ့္အေပၚ မေကာင္းတာ လုပ္ဖို႔ ႀကံေနတာကို
သိရဲ႕နဲ႕ ၿငိမ္ေနစရာလား... "
" အာ့! ခ်ာတိတ္ ကိုယ္နာတယ္ကြ "
" မင္းေတာ့... ဒီည ေကာင္းေကာင္းႀကီး ကို ကိုယ့္လက္စာ မိၿပီ မွတ္ "
နာတယ္ေျပာလည္း လြတ္မေပးဘဲ...
ရင္ဘတ္ကိုသာ ခြၽန္ထက္ေနေသာ သြားေလးေတြႏွင့္ ဖိကိုက္ေနတာမို႔... မာန္, သူမကိုယ္ေလးကို ေပြ႕ခ်ီၿပီး... တစ္ခန္းထဲသာ ရွိသည့္ အိပ္ခန္းေလးဆီ ေျခလွမ္းႀကဲေတြျဖင့္ ေလွ်ာက္သြားလိုက္သည္။
ကေလးအေမသာ ျဖစ္လာတယ္၊အရင္ကထက္
ေတာင္မွ သိပ္ဆိုးလာတဲ့ သူမ။ မာန့္အေနနဲ႕ သူမအေပၚ အေလ်ာ့ေပးဖို႔ အေတြးသည္လည္း လုံးဝကို မရွိေတာ့ပါဘူး။
.
.
.
ဂ႐ုထဲ Shareသြားေပးေနာ္။
ေနာက္အခန္းမွာ သၾကားခဲ ေကြၽးပါမယ္
အခ်ိဳေလးေကြၽးကာ😂အခါးလေးက်ိုပါ အဆစ္ထည့္ေကြၽးတတ္တာေတာ့ သိတယ္ဟုတ္😂
#ကိုးအမရာေမာင္