For My Lovely Panda And Su Py...

Por Kim_Haesoo_07

1.9K 159 99

[short story and One shot collection] birthday present for My friends panda and bada happy birthday panda and... Mรกs

Park jimin
Is
My boyfriend[Final]
โ˜พ24 ๐˜ฉ๐˜ฐ๐˜ถ๐˜ณ๐˜ด ๐˜ธ๐˜ช๐˜ต๐˜ฉ ๐˜ฉ๐˜ช๐˜ฎ๐Ÿ’˜โ˜ฝ[Unicode]
๐ŸƒThe Sound Of The Sea๐ŸŒŠ//Unicode//
๐ŸƒThe Sound Of The Sea๐ŸŒŠ//Zawgi//
Happy birthday Bada!!!!

24 ๐˜ฉ๐˜ฐ๐˜ถ๐˜ณ๐˜ด ๐˜ธ๐˜ช๐˜ต๐˜ฉ ๐˜ฉ๐˜ช๐˜ฎ๐Ÿ’˜[Zawgi]

108 5 0
Por Kim_Haesoo_07


Bada
ငါလေ လူတစ်ယောက်နဲ့ခင်နေတယ်သိလား
ဒါပေမယ့် သူနဲ့ငါနဲ့က မတွေ့ဖူးသေးဘူး

Jiah
Onlineကလား?

Bada
Inn..

Ara
သူက ကိုရီးယားလား? ချောရောချောလား

Bada
အင်း သူက ပြင်သစ်မှာနေ"တာ ကိုရီးယားပဲ

Haesoo
နင်တို့က ဒီတိုင်းခင်တာပဲလား ချစ်သူတွေအဆင့်ထိရောက်နေပြီလား

Bada
ငါ အဲ့တာကို မသိသေးဘူး။ ဒါပေမယ့် သူနဲ့တစ်ရက်လေးတောင်စကားမပြောရရင် ငါမနေနိုင်တော့ဘူး  သူ့ဆီကmessageလေးရောက်တာနဲ့ပဲငါကရင်ခုန်နေတာကို ဘယ်လိုလုပ်ရမလဲ ငါသူ့အပေါ်ချစ်မိသွားတာလား?

Jiah
အဲ့တာကို ဘာလို့ငါတို့ကို လာမေးနေတာလဲ
အဲ့မေးခွန်းရဲ့အဖြေက နင့်ဆီမှာပဲ ရှိမှာလေ။

Haesoo
သတိတော့ထားဦးbada.. ငါက လူလိမ်ဖြစ်မှာဆိုးလို့ပါ onlineက မယုံရဘူးလေ သိတယ်မလား?

Bada
Inn ဒါပေမယ့် ငါတို့က သိတာ(၂)နှစ်ရှိပြီ။

Ara, jiah, haesoo
ဘာ!!???

Jiahတို့သုံးယောက်လုံး အလန့်တကြားအော်မိလိုက်သည်။

Haesoo
Yarr နင်ဘာလို့ ငါတို့ကိုဖုံးကွယ်ထားရတာလဲ

Bada
အဲ့လိုမဟုတ်ပါဘူး ငါက ဒီတိုင်း မပြောဖြစ်တာပါ။ အခုကျတော့ နင်တို့ကို ပြောပြသင့်တယ်ထင်လို့

Ara
ဘာဖြစ်လို့လဲ ပွင့်"လင်း"ပြော သူက နင့်ကို တစ်ခု"တောင်းဆိုထားလို့လား

Bada
Inn..အဲ့တာက သူက ငါ့မွေးနေ့ကျရင် ငါ့ကို လာတွေ့မယ်တဲ့ ငါသူ့ကိုသွားတွေ့သင့်လား

Jiah
အဲ့တာက နင့်သဘောပဲလေ။ နင့်စိတ်က သူ့ကိုယုံကြည်ရင်သွားတွေ့ မယုံကြည်ရင်တော့ သွားမတွေ့နဲ့ ။

Bada
အဲ့တာက ငါသူ့ကိုယုံကြည်ပေမယ့် မယုံကြည်ဘူး

Haesoo
ဘာစကားကြီးလဲ?

Bada
သူ့ကို ငါယုံကြည်ပေမယ့်လည်း ကြောက်နေတယ် ။ဘာလို့လည်းဆိုတော့ သူကပြောဖူးတယ်သူ့မှာချစ်ရတဲ့မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။

Ara
ငါတော့ နင့်သဘောအတိုင်းပဲ လုပ်စေချင်တယ်။
နင့်စိတ်ထဲက အတိုင်းပဲလုပ်ပါ။ နှလုံးသားစေရာကိုလိုက်ပါ။

Jiah
အမယ် ကဗျာတွေဆန်လို့ပါလား

Ara
ငါအတည်ပြောနေတာ!

Haesoo
ဘာလား နင်လည်းရည်းစားရနေပြီလားAra
အဲ့တာကြောင့် ဒီစကားတွေထွက်လာတာပေါ့။

Ara
မဟုတ်ပါဘူး ငါကbadaကို အကြံပေးရုံပဲ။

Bada
အေးပါ အေးပါ နင်ကအကြံပေးကောင်းတဲ့အတွက် ဒီဝိုင်းကို နင့်ကို ရှင်းခွင့်ပေးလိုက်မယ်။

Haesoo
ထောက်ခံတယ်။

Ara
Yarrဘာမှလည်းမဆိုင်ဘူး။

Jiah
Araရယ် နှလုံးသားစေရာကို လိုက်စမ်းပါ နင့်နှလုံးသားက ရှင်းခိုင်းနေတယ်မလား

Ara
Yarr နင်တို့ကတော့!!!!

Araတစ်ယောက် စူပုတ်"နဲ့ ပိုက်ဆံထုတ်လိုက်ရတော့သည်။အားလုံးစားစရာတွေကို အမြန်လက်စသတ်ကာစားပြီးနောက် ပြန်ထကြဖို့အလုပ်...

Haesoo
အော်ဒါနဲ့ အဲ့လူနာမည်က ဘာလဲ နင်သိလား?

Bada
Inn..သူ့နာမည်က Kim taehyungတဲ့....။
.
.
.
.
.
.
.
.
.
.
.
.
.
.
*တင်လ်*

Bada, haesooတို့နဲ့လျှောက်လည်ပြီး အိမ်ပြန်ရောက်တော့ ရေမိုးချိုးကာ အိပ်ရာဝင်ဖို့လုပ်တော့သည်။

အိပ်ရာပေါ်‌တက်ပြီးလှဲကာ ဖုန်းသုံးနေတုန်းmessageဝင်လာသည်။

နာရီကိုလှမ်းကြည့်လိုက်တော့ ည၉နာရီ။
ဒီအချိန်မှာ စာလှမ်းပို့တာဆိုလို့ taehyung shiပဲရှိသည်။

[H/s-နာမည်မှာ *ဒါလေးတွေသုံးထားရင်messageပါနော်]

*Taehyung*
အိပ်နေပြီလား

*Bada*
အိပ်တော့မလို့ taehyung shiရောဘာလုပ်နေလဲ

*Taehyung*
Inn..ဒီနေ့နေမကောင်းလို့ အိပ်ရာထဲပဲနေနေတာ
အလုပ်အများကြီးလုပ်မိလို့ ပင်ပန်းသွားတာလို့ဆရာဝန်ကပြောတယ်

*Bada*
Inn ဂရုစိုက် ဆေးသောက် နွေး"ထွေး"နေ

ဒီတိုင်းသာမန်စာလုံးလေးတွေကို
ရိုက်ပြီးပို့လိုက်ပေမယ့်နေမကောင်းဘူးဆိုတော့ စိတ်က နည်း"တော့ ပူမိသွားတာကို badaဝန်ခံပါတယ်။

*Taehyung*
Bada shiဒီနေ့က April 1ရက်နော်

*Bada*
Nae

*Taehyung*
9ရက်တောင်‌လိုသေးတာပဲ

*Bada*
ဘာကိုလဲဟင်?

*Taehyung*
Bada shiနဲ့တွေ့ရဖို့လေ badaလည်းအိပ်ချင်နေလောက်ပြီထင်တယ် ကျွန်တော်လည်းဆေးသောက်ထားတာမို့ Good night bada shi🌃
အိမ်မက်လှ"မက်ပါစေ

*Bada*
Nae good night taehyung shi..ကောင်း"အနားယူပါ။

Badaကဒီလိုစကားပြောပြီးသွားတိုင်း taehyungကလိုင်းဆင်းသွားတတ်သည်။
Badaကတော့ လိုင်းလေး နည်း"ပါး"ဆက်သုံးရင်းအိပ်ဖို့ ဖုန်းကို ကုတင်ဘေးက စားပွဲပေါ်တင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

ဒါပေမယ့် အိပ်မပျော်ပေ။စိတ်က taehyungဆီကိုသာရောက်နေသည်။

Bada pov-
Taehyung shi...ဆေးရောကောင်း"သောက်ထားပါ့မလား အာ..ငါက ဘာလို့စိတ်ပူပေးမိတာလဲ ငါကရော သူ့အပေါ်ရိုးသားရဲ့လား? ဒီတိုင်း
၂နှစ် ခင်လာတာဆိုတော့ မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ စိတ်ပူပေးမိတာပါ ဟုတ်တယ် အဲ့လိုပဲ။
ဘာလို"နဲ့ taehyung shiနဲ့ခင်လာတာ နှစ်နှစ်တောင်ရှိလာပြီပဲ။ သူနဲ့စခင်ခဲ့တုန်းကဆိုရင်....

Badaရဲ့မှတ်ဉာဏ်တွေက badaရဲ့ပုံရိပ်ထဲမှာပြန်ပေါ်လာတော့သည်။

ထိုနေ့က badaတစ်ယောက် မှတ်"ရ" သူ့အမေကိုစိတ်ကောက်ပြီး အခန်းထဲအောင်းနေတာဖြစ်သည်။ အဲ့မှာ ဘာမှလည်း လုပ်စရာမရှိတာနဲ့ အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်နေတုန်း messageဝင်သံကြားလိုက်ရလို့ ချက်ချင်းထပြီးဖုန်းကိုကြည့်လိုက်တော့ unknown numberဖြစ်နေသည်။ ဒါပေမယ့် ကိုယ့်ကိုသိတဲ့လူများလားလို့ စာပြန်မိလိုက်သည်။

*Taehyung*
မင်းလေး မလား?

စာလေးက တစ်မျိုးဖြစ်နေတာမို့ badaပြုံးမိလိုက်သေးသည်။

*Bada*
မင်းလေး ဆိုတာဘယ်သူ့ကိုပြောတာလဲ?

Keyboardပေါ်မှာ လက်ကိုပြေးလွှားပြီးရိုက်ကာbadaစာပြန်လိုက်သည် ။

အင်းး ဒါလေးက သူတို့နှစ်ယောက်ရဲ့ ပထမဆုံးဆက်သွယ်မှုလေးဖြစ်ခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် စတင်ရစ်ပတ်ခဲ့တဲ့ ဆက်သွယ်မှုလေးပေါ့။

အဲ့နေ့က taehyungလူမှားခဲ့သည်။တကယ်တော့badaဖုန်းနံပါတ်ရဲ့နောက်ဆုံးတစ်လုံးကကိုမှားပို့မိ၍ badaဆီ ဝင်လာခြင်းပင်။
အဲ့နေ့ပြီးတော့ နောက်တစ်နေ့ taehyungကသေချာပြန်တောင်းပန်ပြီး မိတ်ဆြွေဖစ်ကြဖို့ပြောသည် ။badaကလည်း အစတုန်းကငြင်းပေမယ့်နောက်တော့ တဖြည်း" taehyungနဲ့ ဖုန်းထဲမှာ မိတ်ဆွေအဖြစ် လက်ခံလိုက်တော့သည်။

အဲ့ကနေ တစ်ရက်ပြီးတစ်ရက် စကားတွေပြောရင်းနဲ့ ပိုမိုခင်မင်ရင်းနှီးလာခဲ့တာ အခု၂နှစ်တောင်ရှိသွားပြီပဲ။

Badaအတွေးတွေကို လက်စဖြတ်လိုက်တော့အိပ်ပျော်သွားတော့သည်။

Taehyungဆိုတဲ့ကောင်လေးရဲ့ အိမ်မက်လှ"မက်ပါစေဆိုတဲ့ဆုတောင်းပြည့်ကာ badaတစ်ယောက် အိမ်မက်ချို"လေးတွေ မက်နေခဲ့တော့သည်။

‧͙⁺˚*💕・༓☾24 𝘩𝘰𝘶𝘳𝘴 𝘸𝘪𝘵𝘩 𝘩𝘪𝘮☽༓・*💕˚⁺‧͙
တဖြည်း"နဲ့အချိန်တွေကုန်လာပြီး bada‌မွေးနေ့ရောက်ဖို့၂ရက်ပဲ လိုတော့သည်။

*Taehyung*
Bada သိလား ကျွန်တော် ကိုရီးယားရောက်နေပြီ

*Bada*
ဟင် ဟုတ်လား အလုပ်ကိစ္စလား

*Taehyung*
အင်း အလုပ်ကိစ္စရော တစ်စုံတစ်ယောက်ရဲ့မွေးနေ့ကို လာဂုဏ်ပြုပေးပြီး အတူကုန်ဆုံးဖို့ရော

*Bada*
အာ..badaကိုလာတွေ့ဦးမှာပဲ ဒါနဲ့taehyungကbadaကို တွေ့ဖူးလို့လား

Bada pov-
Taehyungပုံကိုသာ ကျွန်မဆီပို့ခဲ့ပေမယ့် ကျွန်မပုံကိုတော့ ကျွန်မတစ်ခါမြှပန်မပို့ပေးခဲ့ပါ။

*Taehyung*
Bada shiရဲ့ပုံ တစ်ပုံလောက်ပို့ပေးလို့ရမလား
အဲ့တာမှ လာတွေ့လို့ရမှာလေ

*Bada*
အဲ့တာဆို instagramကိုလာခဲ့ မဟုတ်ဘူး ကျွန်မပို့ထားလိုက်မယ် ကြည့်လိုက်

*Taehyung*
Inn bada shiကို တကယ်ပဲအပြင်မှာတွေ့ချင်နေပြီ

*Bada*
ကျွန်မလည်း taehyung shiကိုတွေ့ချင်မိပါတယ်။ taehyungလို အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့မိတ်ဆွေမျိုးက ပထမဆုံးပဲလေ

*Taehyung*
အာ..အဲ့လိုလား

Bada pov-
ကျွန်မဘာလို့ အဲ့လိုပြောမိလိုက်လဲမသိဘူး ကိုယ့်ကိုကိုယ် လိမ်ညာမိလိုက်သလိုတောင် ခံစားလိုက်ရသည်။ ဟုတ်တယ် taehyungကမိတ်ဆွေပဲလေ အဲ့ထိပဲ ဟုတ်တယ်မလား

*Bada*
Good night taehyung shi

*Taehyung*
Nae ကောင်း"အိပ်ပါ အိမ်မက်လှ"မက်ပါစေ bada

Taehyungရဲ့ထိုmessageကို replyမပြန်မိတော့။badaထူးဆန်းနေပြီ။ သူ့အပေါ်ကို မိတ်ဆွေတစ်ယောက်အဖြစ်ထက် ပိုနေမိတာလား? ဘာဖြစ်လို့ခုနကစကားက taehyungကိုဝမ်းနည်းစေတယ်လို့ ခံစားမိနေပါလိမ့် ဟာ..
တော်ပြီ taehyungကို ငါ့ပုံမပို့ပေးရသေးဘူးဘဲ

ဟုတွေးရင်း instagramထဲဝင်ကာ taehyungကို ရိုက်ထားတာတွေထဲက အလှဆုံးလို့ထင်မိတဲ့ပုံကိုရွေးပို့ပေးလိုက်မိသည်။

ခဏအကြာမှာtaehyung replyပြန်ခဲ့သည်။ထိုreplyအားဖတ်ပြီးနောက် badaပါးမို့"လေးတွေ နီရဲသွားခဲ့သည်။

* မင်းရဲ့မျက်ဝန်းလှ"လေးတွေကို သဘောကျမိသွားပြီ *  ဆိုသောကြောင့်ဖြစ်လေသည်။

သူ့ရဲ့ဒီreplyလေး တစ်ခုနဲ့တင် ရင်ခုန်ဖို့အတော်လုံလောက်သွားပြီ။

Bada pov-
Taehyung shi..ရှင်က ဘာလို့ ကျွန်မအပေါ်အဲ့လောက်တောင် ပြုစားနိုင်ရတာလဲရှင်?
.
.
.
.
.
.
.
.
.
.
.
.
.
.
Haesoo
ဒါနဲ့ မနက်ဖြန်နင့်မွေးနေ့မလား ဟိုလူက နင့်ကိုတကယ်လာတွေ့မှာတဲ့လား

Bada
Inn ထင်တာပဲ

Jiah
နင်ကရော သူ့ဆီသွားတွေ့မှာမလား

Bada
Inn ငါသွားတွေ့ချင်တယ် ငါသူ့အပေါ်ခံစားချက်တွေမရိုးသားတော့ဘူးထင်တယ်

Ara
ဒါနဲ့ နင့်မှာသူ့ပုံရှိလို့ ငါတို့ကို ပြကြည့်

Bada
Innရှိတယ် ခဏလေး ငါပြမယ်

Badaလည်း သူ့ဖုန်းကိုထုတ်ပြီး taehyungပို့ထားတဲ့သူ့ရဲ့ ဓာတ်ပုံလေးတြွေပလိုက်သည်။

Jiah
Yarr..ဒါက ချောတာထက်တောင်ပိုနေပြီပဲ တကယ်ပဲ သူကဘာလဲဟ

Ara
နတ်သားလေး နတ်သက်ကြွတောထက်ချောနေပါလား နင်က ဒီလိုကောင်လေးမျိုးကို ဝှက်ထားတယ်ပေါ့

Haesoo
ဒါ ....ဒါ..

Bada
ဘာဖြစ်လို့လဲ နင်သိလို့လား

Haesoo
သူက ငါသိတယ် ခဏလေး ဘယ်မှာပါလိမ့်
အာ..ဟုတ်တယ် ငါမနေ့ကမှ တွေ့လိုက်တာ ငါ့အဖေရုံးခန်းမှာ ငါ့အဖေကပြောတယ် ပြင်သစ်
V brand ပိုင်ရှင်လို့..

Bada
V brand? တကယ်ကြီး သူကအဲ့လောက် ချမ်းသာတယ်ပေါ့

Jiah
သူက နင့်ကိုအဲ့တာတွေမပြောပြဖူးဘူးလား

Bada
Inn..

Ara
နင် ကံကောင်းတာပဲbadaရဲ့ တကယ်လို့သူသာ ချစ်ခွင့်ပန်ခဲ့မယ်ဆိုရင် နင်ဘယ်လိုလုပ်မှာလဲ

Bada
မဖြစ်နိုင်ဘူး သူငါ့ကိုပြောဖူးတယ် သူ့မှာအရမ်းချစ်ရတဲ့မိန်းကလေးရှိတယ်တဲ့ သူက ဘယ်သူနဲ့မှမတူအောင်ထူးခြားတဲ့လူတဲ့ နောက်ပြီး ငါတို့ကဒီတိုင်း မိတ်ဆွေသာ"ပါပဲဟာ အဲ့ထက်လည်း မပိုသင့်ဘူး မလား

Haesoo
ဒါပေမယ့် နင်သူ့အပေါ်ခံစားချက်ရှိတယ်ဆိုနောက်ပြီး ဘယ်ယောကျာ်းလေးမှ ကိုယ်မချစ်တဲ့ ကိုယ်မသိတဲ့ မိန်းကလေးကို အားနေယားနေပြီးစာတွေထိုင်ပို့နေမလား နောက်ပြီး အခုtaehyungက v brandပိုင်ရှင်နော် သူ့လို မအားမလပ်အလုပ်များတဲ့သူက နင့်ကို နေ့တိုင်းအချိန်မှန် စာတွေပို့နေတာ သေချာတယ် သူလည်းနင့်အပေါ်ခံစားချက်ရှိနေတယ်

Bada
ငါလည်းသေချာ မသိတော့ဘူးဟာ

Badaသက်ပြင်းချပြီးပြောလိုက်သည်။

Bada pov-
မသေချာတဲ့ ကိစ္စအပေါ်မျှော်လင့်ချက်တွေ မထားချင်ဘူး ရိုက်ချခံရမှာဆိုးလို့အဲ့လိုပဲ ကျွန်မရဲ့မသေချာမရေရာတဲ့ခံစားချက်တွေကိုလည်း taehyungဆီ မဖွင့်ပြချင်ပါဘူး။ ကျွန်မတို့က ဒီတိုင်း onlineပေါ်က ခင်တဲ့မိတ်ဆွေသက်"ပဲလေ
.
.
.
.
.
.
.
.
.
.
.
.

*Taehyung*
Happy birthday Bada shi..

*Bada*
Taehyungက မအိပ်သေးဘူးလား ည၁၂နာကီထိုးနေပြီ

*Taehyung*
အင်း birthday wishဖို့စောင့်နေတာ badaအတွက် ပထမဆုံးbirthday wishတဲ့သူဖြစ်ချင်လို့

*Bada*
အဲ့လိုဆိုတော့လည်း ကျေးဇူးတင်ပါတယ်taehyung shi

*Taehyung*
မလိုပါဘူး မနက်ဖြန်ကျရင် တွေ့ကြမယ်နော် အာ ဒီနေ့လို့ ပြောလို့ရနေပြီပဲ Good night bada shi
😴🌃

*Bada*
Nae!

Badaတစ်ယောက်အိပ်ပျော်သွားပြီး ခဏအကြာဖုန်းသံကြောင့်နိုးလာသည်။

* I still wonder wonder beautiful story
Wonder wonder best past *

နာရီကြည့်လိုက်တော့ မနက်2နာရီ။ ဆက်တဲ့လူကိုကြည့်လိုက်တော့haesoo..

Bada pov-
အားး လူအိပ်ချိန်လေ ဘာလို့ဖုန်းဆက်ရတာလဲ ဒီအရူးမကတော့

*[Bada
Inn ဘာလဲ!

Haesoo
Happy birthday Bada Ah..

Bada
ဒါက မနက်မှပြောလည်းရတယ်လေ အရူးမရဲ့ လူအိပ်ချိန်ကြီးကို

Haesoo
ဘာပဲဖြစ်" ဆက်ချင်လို့ဆက်တာနင်အရင်ကဆို ဒီချိန်အိပ်မှမအိပ်သေးတာ ထားပါတော့။ ငါကနင့်ကိုbirthday wishပေးပြီးပြီမို့လို့ နင်ငါ့ကိုကျွေးဖို့ပဲကျန်တော့တယ် ဒါပဲ]~တီ

Bada pov-
ဒီအရူးမကတော့ ပြောချင်ရာပြောပြီး လူကို အိပ်ရေးပျက်အောင်လုပ်သွားတယ်။ တော်ပြီဆက်အိပ်တာပဲကောင်းတယ် အိပ်လို့ကောပျော်ပါဦးမလား မသိပါဘူး

Badaလည်း အိပ်လို့မပျော်လောက်တော့ပေမယ့် ရအောင်အိပ်မယ်ဆိုပြီး ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော်သွားတော့သည်။🙂

မိနစ်(၂၀)ကြာပြီးနောက်..

* I still wonder wonder beautiful story
Wonder wonder best past *

Bada
အားးရှ် ဘာဖြစ်ပြန်ပြီလဲ

ကြည့်လောက်တော့ ဒီတစ်ခါAra..ဒီဟာမတွေက‌တော့ အိပ်ကောင်းခြင်းမအိပ်ရအောင်  လုပ်နေတော့တာပဲ

*[Bada
ဘာလဲဟ!! ငါအိပ်နေတယ်လို့

Ara
ဒီနေ့ နင့်မွေးနေ့ရောက်ပြီလေ ငါ့ကိုမုန့်ကျွေးဖို့
မမေ့ဖို့ လှမ်းပြောတာ

Bada
ငါ့ကို happy birthdayလေးတောင် မပြောပေးတော့ဘူးလား အရူးမရဲ့🙂

Ara
နောက်နှစ်မှပေါင်းပြောတော့မယ် ငါ့ကိုကျွေးဖို့မမေ့နဲ့နော်

Bada
မကျွေးဘူး!! ငါအိပ်နေတာကို သာသနာဖျက်လို့ဒါပဲ  ]~တီ

အမြန်ပြန်ချလိုက်သော်လည်း Araရဲ့ 'မကျွေးလည်းစားမှာပဲ' ဆိုတဲ့ အသံကိုကြားဖြစ်အောင်ကြားလိုက်သေးတယ်။

Bada pov
တော်တော့ စိတ်လျှော့ စိတ်လျှော့ တော်ကြာ ငါ့ရဲ့နူးညံ့တဲ့စိတ်လေးတွေ ခွေးစိတ်ပေါက်တော့မယ် ဟူးး ဆက်အိပ်ကြရအောင်...

Badaဒီတစ်ခါတော့ ခေါင်းအုံးကိုသေချာလေး ပြင်ဆင်ကာ ပြန်အိပ်ဖို့ ခေါင်းလေး တင်ဖို့ရှိသေး..

* I still wonder wonder beautiful story
wonder wonder Best past *

ဖုန်းကို ပစ်ပေါက်ပြီး ခွဲလိုက်ချင်စိတ်တွေပေါက်သွားပေးမယ့် အသစ်မဝယ်နိုင်သေးတာမို့ စိတ်ကိုလျှော့လိုက်ရသည်။

Bada pov
ဟိုဟာမနှစ်ယောက်ပြီးပြီဆိုတော့ ဟိုအရူးမjiahပဲကျန်တော့တယ်။ ဒီဟာမတွေ တမင်သက်"ကို လုပ်နေတာပဲဖြစ်မယ်..

*[Bada
ဘာလဲ!!! နင်ဘာထပ်ပြောဦးမလို့လဲ jiahမ!

ဒေါသတကြီးနဲ့ပြန်အော်ပြောလိုက်ပေမယ့် ဒီတစ်ခါထွက်လာတဲ့အသံက ခပ်ဩဩလေးနဲ့ နားထောင်ပြီးရင်း နားထောင်ချင်နေတဲ့အသံမျိုးလေး..နောက်ပြီး ယောကျာ်းလေးတစ်ယောက်ရဲ့အသံ

???
စိတ်ကြီးလားချည်လား bada shi.. ကျွန်တော်က
Jiahမ မဟုတ်ပါဘူး taehyungပါ

Bada
Taehyung shi..

Badaဖုန်းကိုကိုင်ပြီးရင်တွေခုန်လာသည်။taehyungရဲ့အသံက အရမ်းကို ရင်ခုန်ချင်စရာကောင်းနေတယ်။taehyungနဲ့ခင်တာ ၂နှစ်ရှိပြီဆိုပေမယ့် တစ်ခါမှ ဖုန်းမပြောဖူးသေး။

Taehyung
အင်း ကျွန်တော် badaရဲ့အိမ်ရှေ့မှာ

Bada
ဟမ်!??

Badaရင်ခုန်စိတ်တွေပျောက်ပြီး တအံ့တဩနဲ့ ပြတင်းပေါက်နေကြည့်လိုက်မိသည်။

ကားအမဲလေးကိုမှီပြီးရပ်ကာ ဖုန်းကိုင်ထားတဲ့လူတစ်ယောက် အရပ်ကလည်းအရှည်ကြီး ‌ပုံစံကလည်း ခပ်မိုက်"နဲ့ အမှောင်ထဲမှာဆိုတော့ ရုပ်က မသဲမကွဲနဲ့သိပ်မမြင်ရ။

Bada
ရှင် ဘာလာလုပ်တာလဲ

ကြောက်လန့်တကြားနဲ့မေးမိလိုက်သည်။တော်ကြာommaမြင်သွားမြှဖင့်

Taehyung
မင်းကိုလာခေါ်တာ

Bada
ဘာကြောင့်လဲ ကျွန်မကို ဘာကိစ္စနဲ့လဲ

Taehyung
ဒီနေ့ကမင်းမွေးနေ့မို့လို့ မင်းငါနဲ့အတူရှိပေးရမယ်bada shi..

Bada
အတင်းအကျပ်ကြီးပါလား ရှင်က ရှင့်ကိုယ်ရှင်ယုံကြည်မှုရှိတယ်ပေါ့ ကျွန်မလိုက်မလိုက်ဆိုတာကိုလေ

Taehyung
အင်း ငါသိတယ် မင်းငါ့နောက်ကို လိုက်မယ်ဆိုတာကို မင်းမလိုက်ရင် ငါမင်းအိမ်ထဲချက်ချင်းဝင်လာပြီး မင်းအမေကို လာပြောမှာ Badaကိုလာခိုးတာပါဆိုပြီး

Bada
Yarr ရှင်မလုပ်ရဲပါဘူး

Taehyung
တကယ်အဲ့လိုထင်လား

Badaကြည့်နေရင်းနဲ့ပင် taehyungက ကားကိုမှီနေရာကနေ badaတို့ခြံနားထိရောက်လာပြီး ခြံကိုခွကျော်လိုက်သည်။badaလည်း ထိုမြင်ကွင်းကိုမြင်တော့ ပြာ"သလဲနဲ့ ဖုန်းကနေ လှမ်းတားရတော့သည်။

Bada pov-
Taehyung shiကဘာလို့ဖုန်းထဲကtaehyungနဲ့မတူရတာလဲ ဖုန်းထဲကtaehyungကဒီလိုတွေမလုပ်ဘူး

Bada
ရပ်လိုက်! တော်တော့ ကျွန်မလာခဲ့မယ်

Taehyung
မင်းကို စောင့်နေမယ်နော် bada shi..]~တီ

သူဖုန်းချသွားသည်။badaစိတ်တွေ မလုံမလဲနဲ့ဖြစ်နေပြီး အရမ်းလည်းလှုပ်ရှားနေပြီ။

Bada pov-
ငါတကယ်သွားရမှာလား taehyungကအဲ့လိုလူမျိုးတော့မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား?

Badaရဲ့လက်တွေက သူ့ရဲ့ကျောပိုးအိတ်ကိုလွယ်ပြီးသားပင်။ အဲ့အိတ်ထဲမှာ ပိုက်ဆံကအစမုန့်တွေအဆုံးအကုန်ပါသည်။

Bada pov-
Ommaတောင်းပန်ပါတယ် တစ်ခါလေးပဲမှားမိတာပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်

စိတ်ထဲကနေလည်း သူ့အမေကို ခဏခဏတောင်းပန်မိနေတော့သည်။

ထို့နောက် spy‌တွေလမ်းလျှောက်သလို ညင်"သာ"လေး ခြေဖျားလေးထောက်ကာ လျှောက်ရင်း အောက်ထပ်ကို ဆင်းလာရတော့တယ်။

အောက်ထပ်ရောက်တော့လည်း ဖြေး"ချင်း ဟိုကြည့်ဒီကြည့်နဲ့ တံခါးကို တိုးတိုးလေးဖွင့်ကာနောက်ဆုံးတော့ အပြင်ရောက်သွားတော့လေသည်။

အပြင်ရောက်သွားတော့မှ သက်ပြင်းကို ဟူးခနဲမြည်အောင် ချလိုက်မိသည်။

Taehyung
မင်းကမဆိုးပါဘူး ခိုးထွက်လာတာတော်သားပဲbada

အမှောင်ထဲကထွက်လာပြီး ပြောတဲ့taehyungကိုbada ပိုးစိုးပက်စက်ပြောဖို့လုပ်ခဲ့ပေမယ့် taehyungရဲ့မျက်နှာကို ကြည့်ပြီးနောက် ပြောစရာစကားတွေ ဆွံ့အသွားတော့သည်။

Bada pov-
ဘာလို့ ဓာတ်ပုံထဲကထက် အဆပေါင်းများစွာချောနေရတာလဲ နောက်ပြီး‌နေပါဦး ယောကျာ်းလေးတစ်ယောက်ရဲ့အသားက အဲ့လောက်ထိနူးညံ့တဲ့ပုံပေါက်စရာ လိုလို့လား ဘာလို့ မျက်နှာအစိတ်အပိုင်းတွေ အားလုံးကလည်း အဲ့လောက်
ထိ ပြည့်စုံနေရတာလဲ!!

Badaတစ်ယောက်taehyungဆီမှာ ခဏတာနစ်မျောသွားတော့သည်။

Taehyung
ကိုယ်ချောတာသိပေမယ့် အဲ့လောက်ထိကြည့်စရာမလိုဘူးထင်တယ်

Bada
Nae! ကျွန်..ကျွန်မကလား မဟုတ်..မဟုတ်ပါဘူး။ ကျွန်မက ဒီတိုင်း မျက်လုံးဖွင့်ပြီး အိပ်ပျော်သွားလို့ ဟုတ်တယ် ကျွန်..ကျွန်မက အဲ့လိုအိပ်တတ်တယ်လေ

Taehyung
အော် အဲ့လိုလား

Bada
Inn ဒါနဲ့ ကျွန်မကို ခေါ်ပြီး ဘာလုပ်မှာလဲ

Taehyungကbadaစကားကို မဖြေဘဲ badaရဲ့မျက်နှာနားကိုကပ်လိုက်ပြီး သူ့ရဲ့ခပ်ဩဩအသံလေးဖြင့်...

" ကိုယ် ဘာလုပ်မယ်ထင်နေတာလဲ "

Badaကtaehyungကို ရင်ဘတ်ကနေတွန်းပြီး

Bada
ဘာမှမထင်ပါဘူး

ဆိုတဲ့စကားကို သူမရင်ဘတ်ထဲက အဆက်မပြတ်ခုန်နေတဲ့အကောင် လျစ်လျူရှုပြီးပြန်ပြောခဲ့တော့သည်။

Taehyung
ကားပေါ်တက်!

Bada
ဘယ်ကိုသွားမှာလဲ

Taehyung
မင်းကို ပျော်ရွှင်စေမယ့်နေရာ?

Bada
တကယ်လား ဘယ်နေရာလဲ!

Taehyung
Bada shiဒီတိုင်းပဲ ကားပေါ်သာတက်လိုက်ပါ

Badaကtaehyungကို မျက်စောင်းပြန်ထိုးပြီး
Taehyungဖွင့်ပေးတဲ့ သူ့ရဲ့ကားအမဲလေးပေါ်ကိုတက်လိုက်သည်။

ကားက တော်"ဈေးကြီးပုံရသည်။ ဟုတ်သားပဲ
သူက V brandပိုင်ရှင်ပဲလေ ဒီလောက်ကတော့သူ့အတွက်အပျော့ပဲပေါ့

ကားက ကောင်းလွန်းလို့လားမသိဘူး နောက်ခုံလေးကိုမှီလိုက်တာနဲ့ အိပ်ပျော်သွားပြန်သည်။
ဒီတစ်ခါတော့ နှစ်"ခြိုက်" အိပ်ရကောင်းပါရဲ့..။

‧͙⁺˚*💕・༓☾24 𝘩𝘰𝘶𝘳𝘴 𝘸𝘪𝘵𝘩 𝘩𝘪𝘮☽༓・*💕˚⁺‧͙

" Bada shi..bada shi..ထတော့ "

Badaရဲ့နားထဲမှာ အရင်ommaရဲ့အသံထက် ခပ်ဩဩအသံလေးကို ကြားလိုက်ရတယ်။ အဲ့တာနဲ့မှတ်ဉာဏ်တွေကို recall ပြန်ခေါ်ကြည့်တော့..

Bada pov-
ဟုတ်သားပဲ ငါtaehyung shiနဲ့လိုက်လာတာပဲ

Bada
Nae! ထပါပြီ

Bada ကားပေါ်မှာအိပ်ခဲ့တာဆိုပေမယ့်လည်းအိပ်ရာထကာစမို့ ဆံပင်တွေက ရှုပ်ပွနေသည်။

Bada pov-
ဘယ်လိုတောင် ငါ့ရဲ့အိပ်ရာထပုံစံကို အားး taehyung shiမြင်သွားပြီလား

Badaကြည့်လိုက်တော့ taehyungက ကားအပြင်ကနေ ပြောနေတာ နောက်ပြီး ကားတံခါးဖွင့်ဖို့ လုပ်နေတယ်။

Bada
အားး မဖွင့်နဲ့!!

Taehyung
ဘာလို့လဲ

Bada
ဟိုဘက် ခဏလှည့်!!!

Taehyung
မင်းသဘောပါပဲ

Taehyungက ဟိုဘက်လှည့်သွားတော့..badaသူယူလာတဲ့ကျောပိုးအိတ်ထဲက wet tissueရယ်ခေါင်းဖြီးရယ် မှန်ရယ်ကို ထုတ်ပြီး အလျင်အမြန်ဖြီးသလိုက်ရသည်။ ပြီးတော့ sun creamဘူးကိုပါထုတ်လိမ်းလိုက်သည်။

Bada pov-
ဟူးး တော်သေးတာပေါ့ ငါ့ရဲ့ခုနကရုပ်ကို သူမမြင်သွားလို့ ငါ့ရဲ့မှော်ဆန်တဲ့လွယ်အိတ်ကလေးပါလာလို့လည်းတော်သေး ဟူးးးးးးး

Bada
ရပြီ..

Taehyung
အမြန်လာ

Bada
ဟင် ဒါက ဟန်မြစ်ပဲမဟုတ်ဘူးလား ဟမ်!! အခုမှနေထွက်တာလား

Taehyung
လှတယ်မလား

Bada
ဝါးးးးး ဒီလောက်ထိလှလား အိုးးနေမင်းကြီးက အခုမှ အဲ့လိုလေး ထွက်လာတာလား..

ကလေးတစ်ယောက်တစ်ဖွယ် အော်ဟစ်ကာလက်ညှိုးတထိုးထိုးနဲ့ပြောနေတဲ့badaကို ကြည့်ပြီး taehyungပြုံးမိသွားပြီး badaကိုစိုက်ကြည့်နေမိတယ်။

Bada pov-
ငါ့ကို ဘာလို့တစ်ယောက်ယောက် စိုက်ကြည့်နေသလိုခံစားလိုက်ရတာပါလိမ့်

Bada, taehyungကိုကြည့်လိုက်တော့လည်း သူလည်းနေထွက်တာကို ကြည့်နေတာ။

Bada pov-
ငါ စိတ်ထင်တာများလား?

သူမ မမြင်ခင် taehyungလှည့်လိုက်တာကိုတော့ သူမ မသိလိုက်ချေ။

Taehyungနဲ့bada နေလုံးကြီးတစ်ခုလုံး ကောင်း"ထွက်လာတဲ့အထိ အတူတူရပ်ကြည့်နေခဲ့ကြသည်။

Taehyung
Happy birthday ပါbada‌ မွေးဖွားလာပေးလို့ကျေးဇူးတင်ပါတယ်

Bada
အမယ် taehyung shiကလည်း တကယ်ဆို မွေးပေးလို့ကျေးဇူးတင်ရမှာက badaရဲ့ ommaကိုပါ ဟာ ဟုတ်သားပဲ!! Omma!!!! ကျွန်မတော့ သေနေ့စေ့ပြီထင်တယ် အားးရှ်

Taehyung
ဘာဖြစ်လို့လဲ

Bada
Ommaမသိအောင် ခိုးထွက်လာတာလေ ommaအခုဆို ကျွန်မပျောက်နေမှန်းသိနေလောက်ပြီ!! အားးး သွားပါပြီ ခဏ!! ခဏလေး ကျွန်မဟန်းဖုန်းရော ကျွန်မဟန်းဖုန်း...

Badaမျက်လုံးထဲမှာ ဖုန်းအားအမြဲတမ်းသွင်းထားတဲ့နေရာမှာ သွင်းထားခဲ့တဲ့ ဖုန်းလေး ပြန်ပေါ်လာသည်။

Bada
အီးး ဟီးး သွားပါပြီ ဖုန်းကျန်ခဲ့ပြီ!!!
အဲ့တာ ရှင့်ကြောင့်..အားး Kim taehyung!! တကယ်ပါပဲ!!! ကျွန်မကို ရှင်ခြိမ်းခြောက်လို့!!!
အီးးးဟီးးး ကျွန်မ အခု ဘယ်ကနေ အသက်ထွက်ရမှန်းတောင်မသိတော့ဘူး တကယ်ပါပဲ။

Taehyung
ကိုယ့် ဖုန်းနဲ့ဆက်ကြည့်လေ...

Bada
အားး ဟုတ်သားပဲ..

အခုမှbadaစိတ်သက်သာရာရသွားတဲ့ပုံနဲ့
နောက်ကျတော့ ချက်ချင်း စိတ်ပျက်သွားတဲ့ပုံဖြစ်သွားပြန်သည်။

Taehyung
အဲ့တာဘာဖြစ်သွားပြန်တာလဲ

Bada
ဟို..ကျွန်မ ကျွန်မသူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်တွေကို အလွတ်မရဘူး☹️

Taehyung
မင်းကတော့ ထားလိုက် မင်းအမေကို ကိုယ်လိုက်ရှင်းပေးမယ်

Bada
ရှင်က ဘယ်လိုပြောမှာလဲ 'ကျွန်တော်သူ့ကိုခိုးပြေးသွားပြီး ပြန်လာအပ်တာပါလို့ပြောမှာလား' ခေါ်သွားတဲ့အချိန်က အချိန်မတော်ကြီးလေ

Taehyung
အမ်? မင်းကို လာတောင်းမယ်လေ

Bada
Nae!!!

Taehyung
ကိုယ်က စတာပါ မပူနဲ့ကိုယ်ကြည့်ဖြေရှင်းပေးမယ် အခုတော့ breakfastအရင်သွားစားကြရအောင်

Bada
ကျွန်မလည်း ဗိုက်ဆာနေပြီ ဒါနဲ့ ကျွန်မရှင်းရမှာလား ကျွန်မမွေးနေ့ဆိုတော့လေ

Taehyung
အမ်...မလိုပါဘူး ကိုယ်ကျွေးမယ်

Bada
Taehyung shi..ဘာလို့ 'ကိုယ်''ကိုယ်' နဲ့ပြောနေရတာလဲ အရင် 'ကျွန်တော်' 'ကျွန်တော်' လို့ပြောတာလေ

Taehyung
ဘာလို့လဲဆိုတော့ ဒီနေ့က badaရဲ့မွေးနေ့လေ အဲ့တာကြောင့် အဲ့လိုပြောတာ

Bada
ဘာမှလည်း မဆိုင်သလိုပဲ

Taehyung
တော်ပါတော့ မင်းစကားမပြောနဲ့တော့ အမြန် သွားစားရအောင်

ဟုဆိုကာ badaရဲ့လက်ကိုဆွဲကာ ကားပေါ်ထိလိုက်ပို့သည်။

Bada pov-
ဘာလဲ taehyung shiလူကိုရင်ခုန်အောင်
.
.
.
.
.
.
.
.
.
.
.
Taehyung
ရော့ ‌ဒါလေးစားကြည့်

Bada
အင်းးး အရသာရှိတယ် အရမ်းပဲ

Taehyung
အင်း ကြည့်ရတာ မင်းလောက်တော့ အရသာရှိမယ့်ပုံမပေါ်ဘူး

Bada
အဟွတ် အဟွတ်

Taehyungစကားကြောင့် badaသီးသွားတော့သည် ။

Taehyung
ကိုယ်ပြောတာက မင်းပန်းကန်ထဲကဟာကိုပါ မင်းကဘာတွေထင်နေတာလဲ

Bada
အာ..အာ...အဲ့တာကို ကျွန်..ကျွန်မကလည်း အဲ့တာပဲထင်တာပါ

Badaတစ်ယောက်မျက်နှာကြီးနီရဲကာပြောနေသည်ကို taehyungရီပြီး ထိုင်ကြည့်နေတော့သည်။

Bada pov
ငါက ဘာလို့ မဟုတ်တာတွေ သွားထင်နေရတာလဲ တကယ်ပါပဲ..

Taehyung
စားပြီးပြီလား ကိုယ်တို့နောက်တစ်နေရာသွားရအောင်

Bada
အယ် ဘယ်သွားမှာလဲ

Taehyung
ကစားကွင်း

Bada
Nae!!!!
.
.
.
.
.
.
.
.
.
Taehyung
Bada shiဟိုကို ကြည့်လိုက် ပျော်စရာကောင်းမယ်မထင်ဘူးလား

Bada
Inn..ဒါပေမယ့် taehyung shi.. taehyung shiက ဘာလို့ ဒီကိုလာရတာလဲ

Taehyung
ကိုယ် ဒီကိုလာတာဘာဖြစ်လို့လဲ ကလေးဆန်တယ်ထင်လို့လား

Bada
အဲ့လိုမဟုတ်ပါဘူး

Taehyung
မင်း အဲ့လိုထင်နေပါတယ်

Bada
အာ..ဟုတ်တယ်

Taehyung
အာ..အဲ့လိုကိုးး

Taehyungချက်ချင်း မျက်နှာပျက်သွားပေမယ့်သူအပြုံးနဲ့ပြန်ဖုံးလိုက်နိုင်ခဲ့တယ်။

Taehyung
ဟိုဘက်သွားရအောင် ဟိုနားမှာ ဘီးကုပ်လေးတွေရှိတယ်

Bada
Inn...

~~~~~

Taehyung
Badaကဒါလေးတပ်

Bada
ကျွန်မ ဒီလိုတွေလုပ်ရတာမကြိုက်ဘူး

Taehyung
Badaက ဖုန်းထဲကနဲ့ ကွဲပြားတာပဲ

Bada
Taehyungကောပဲ

Taehyung
ဒါက ကျွန်တော့်ရဲ့ပုံစံအစစ်လေ ဖုန်းထဲကပုံစံနဲ့မတူဘူး ကွဲပြားတယ်မလား အဲ့တာကြောင့် ကျွန်တော့်ရဲ့ accတွေမှာတော့ သူငယ်ချင်းတွေများပေမယ့် အပြင်မှာဆိုရင် ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့လူ မရှိဘူး ကျွန်တော့်ရဲ့ပုံစံအမှန်ကို မြင်တိုင်း စိတ်ပျက်သွားကြတာကြီးပဲ

Bada
Taehyungကချောပါတယ် အဲ့တာကိုဘာလို့လဲ

Taehyung
အဲ့တာက ချောတာ မချောတာနဲ့ မဆိုင်ဘူး ချောလို့ ခင်တယ်ဆိုရင် အပေါ်ယံပဲပေါ့ bada ကိုတော့ ယုံကြည်ချင်မိတယ်

Bada
Nae? ဘာကိုလဲ

Taehyung
ဘာမှမဟုတ်တော့ဘူး ကျွန်တော်တို့ ဟိုဟာသွားစီးရအောင်..

Taehyungတစ်ယောက်badaလက်ကိုဆွဲပြီး ရိုလာကိုစတာနားကို ခေါ်သွားခဲ့သည်။

~~~~~~

Taehyung
ဝါးးးးးး ပျော်ပေမယ့် ကြောက်ဖို့ကောင်းလိုက်တာ!!

Bada
ဒါကို တစ်ခါမှ မစီးဖူးဘူးလား!!!!

ရိုလာကိုစတာပေါ်မှာ လေတိုးသံတွေနဲ့မို့အော်ပြောနေရတယ်။

Taehyung
Inn ပထမဆုံးပဲ!!!

~~~~~

Taehyung
Badaက ချောကလက် ကိုယ်က ‌စတော်ဘယ်ရီ

ရိုလာကိုစတာကိုစီးပြီး ရေခဲမုန့်ဆိုင်မှာ ရေခဲမုန့်ဝင်စားကြတော့သည်။

Bada
နေပါ‌ဦး ဒါပြီးရင် ဘယ်သွားဖို့ရှိသေးလဲ

Taehyung
နေ့လည်စာ သွားစားကြဦးမယ်လေ

Bada
အဲ့လောက်တောင် အချိန်ရှိသွားပြီလို့လား?

Taehyung
အင်း ရိုလာကိုစတာစီးဖို့ တန်းစီတဲ့နေရာမှာ ကြာသွားတာဖြစ်မယ်

Bada
Inn..အဲ့တာဆိုလည်း သွားရအောင်

*******

Taehyung
စားကောင်းတယ်မလား ဒီဆိုင်က

Bada
Inn..မနက်ကဆိုင်ထက်ပိုကောင်းတယ်

Taehyung
Badaကြိုက်ရင် ပြီးရော

Bada
Taehyung shiပုံစံက နေမကောင်းဘူးလား

Taehyung
မဟုတ်ပါဘူး badaစိတ်ထင်လို့နေမှာ

Bada
Inn ဖြစ်နိုင်ပါတယ်။

Taehyung
မြန်"စားbada ကိုယ်တို့သွားစရာရှိသေးတယ်
အခုတောင် နေ့လည်၁နာရီထိုးတော့မယ်

Bada
ဟင် သွားစရာက ကျန်သေးတာလား

Taehyung
Inn..

Bada
Taehyung shiဘာဖြစ်လို့အဲ့လောက်တောင် အမြန်သွားချင်နေရတာလဲ

Taehyung
Badaနဲ့ပေးတွေ့ပေးစရာလူရှိလို့လေ

Bada
အာ..အဲ့လိုလား

Taehyung
Inn

Bada
ကျွန်မစားလို့ပြီးပြီဆိုတော့ သွားရအောင်

နှစ်ယောက်သား အတူတူ taehyungရဲ့ကားမဲလေးနဲ့အတူ ခရီးနှင်လာကြရပြန်သည်။
ဒီနေ့တစ်နေ့လုံး သူနဲ့အတူ ဖြတ်သန်းရမှာတဲ့လား
ဘာလို့ ငါကရော အဲ့လိုတွေလိုက်လုပ်မိနေပါလိမ့်
အမှန်တိုင်းပြောရရင် ကျွန်မသူ့ကို ချစ်မိ‌နေတယ်
ဒါက မထူးဆန်းပါဘူး တစိမ်းယောကျာ်းလေးတစ်ယောက်နဲ့ တစ်စိမ်းကောင်မလေးတစ်ယောက်က နှစ်နှစ်ကျော် ဖုန်းထဲမှာခင်လာကြတာက သာမန်ဆက်ဆံရေးဖြစ်နိုင်ပါ့တော့မလား?
သေချာတယ် ဖွင့်မပြောကြပေမယ့်လည်း မိန်းကလေးဘက်ကဒါမှမဟုတ် ယောကျာ်းလေးဘက်ကတော့ သူငယ်ချင်းဆိုတဲ့ စည်းကို မသိမသာဖြတ်ကျော်ပြီးနေပြီဆိုတာကိုပေါ့။

‧͙⁺˚*💕・༓☾24 𝘩𝘰𝘶𝘳𝘴 𝘸𝘪𝘵𝘩 𝘩𝘪𝘮☽༓・*💕˚⁺‧͙

ကားကမောင်းရင်း တဖြည်း" ကားတွေနည်းသွားတဲ့လမ်းလေးပေါ်ရောက်လာတယ်။ တဖြည်း"ကျေးလက်ကို ခံစားလိုက်ရသလိုပဲ။
၃နာရီကျော် ကြာအောင်မောင်းလိုက်ရပြီးနောက်..ချယ်ရီ‌ပင်လေးတွေ စီပြီးစိုက်ထားတဲ့ လမ်းလေးတစ်ခုထဲရောက်လာခဲ့တယ်။
ဆောင်းရာသီမဟုတ်တဲ့အတွက် ပန်းတွေတော့ဖူးပွင့်လို့ မနေခဲ့ပါဘူး။

Taehyung
Bada shi ဒီကနေ လမ်းဆင်းလျှောက်ရမယ်ထင်တယ်။

Bada
Nae

Taehyungက ကားလေးကို အဲ့နားလေးမှာပဲ ထိုးရပ်ခဲ့ပြီး လမ်းအတူလျှောက်ခဲ့ကြသည်။
ခြောက်သွေ့နေတဲ့ ချယ်ရီပင်တွေကြားထဲမှာပေါ့။

အတော်ကြာလျှောက်ပြီးနောက်.. မြေမို့မို့လေးတစ်ခုရှေ့မှာ taehyungတို့ရပ်လိုက်ကြသည်။

Taehyung
ဒါ ကိုယ့်အမေပါ bada

Bada
Nae?

Taehyung
ကိုယ့်အမေက ကိုယ်၈နှစ်လောက်ကတည်းက သေသွားခဲ့တာလေ badaနဲ့ပေးတွေ့ချင်မိလို့

Bada
အာ...ကျွန်မက min badaပါ အန်တီရှင့်
Taehyungရဲ့သူငယ်ချင်းပါ

90°bowပြီးbadaနှုတ်ဆက်လိုက်တော့ taehyungကပြန်ပြုံးပြတယ်။
Badaကတော့ ထိုအပြုံးထဲမှာ နစ်မြှပ်သွားတယ်။

Taehyung
Ommaမတွေ့တာ ကြာပြီနော် သားကြီးလာတယ်မလား ဒီကြားထဲလာမတွေ့နိုင်လို့လည်း တောင်းပန်ပါတယ်နော် ommaကြိုက်တဲ့ ချယ်ရီတွေ ပွင့်တဲ့ချိန်တော့ သားနဲ့အတူ"ကြည့်ရအောင်သားလည်း ဒီနေရာလေးကို အရမ်းကြိုက်လို့လေ
ချစ်တယ် omma.appaကလည်း ommaကိုချစ်ပါတယ်တဲ့

Taehyungက ငိုသံကိုထိန်းပြီးပြောနေတော့ badaမနေနိုင်ဘဲ ဖက်ပေးမိလိုက်သည်။

Bada
Taehyung shiက သားကောင်းတစ်ယောက်ပါ
အန်တီကလည်း ကောင်းတဲ့နေရာမှာရောက်ပြီး မိသားစုအသစ်တွေတောင် ရနေလောက်ပြီမို့ ဝမ်းမနည်းပါနဲ့

Taehyung
ကိုယ် ဝမ်းနည်းတာက အဲ့တာမဟုတ်ပါဘူး
အာ..ညနေ၄နာရီတောင် ထိုးနေပြီ ကျွန်တော်တို့အချိန်မရှိတော့ဘူး ပြန်ကြရအောင်

Bada
Inn

Taehyung
ကျေးဇူးပါbada ကျွန်တော့်ကို ဒီလိုမျိုးပွေ့ဖက်ပေးလို့

Bada
မလိုပါဘူး

အပြန်လမ်းတစ်လမ်းလုံးတိတ်ဆိတ်လို့နေတယ်။အပြန်ကျတော့ ကားပိတ်တာနဲ့ဘာနဲ့ဆိုတော့ ၃နာရီခွဲကျော်"လောက်ထိမောင်းလိုက်ရသည်။

အဲ့တာကနေ ညစာစားဖို့သွားတော့ ည(၈)နာရီကျော်သွားပြီ။

Taehyung pov-ဒီနေ့ကျမှ အချိန်တြွေမန်နေသလိုပဲ

အတူ"ညစာစားကြပြီး hanမြစ်မှာ ပြန်ထိုင်ကြတော့သည်။အချိန်ကတော့ ည၉နာရီကျော်နေပြီ။

Taehyung
Badaသိလား ကျွန်တော်ချစ်တဲ့မိန်းကလေးကလေ

Bada
Inn

Badaစိတ်ထဲ တစ်မျိုးကြီးတော့ဖြစ်သွားသည်။သူ့ကိုရှေ့မှာထားပြီး သူ့ကိုချစ်ကြောင်းပြောနေသည်ဆိုတော့ သေချာသည် ထိုမိန်းကလေးက သူမဟုတ်တော့ပေ။

Taehyung
ကျွန်တော်တို့က တွဲလို့မရဘူး

Bada
ဘာလို့လဲ

Taehyung
ဒီတိုင်း တွဲလို့မရတာ

Bada
သူက မချစ်လို့လား

Taehyung
မဟုတ်ဘူး သူ့ဘက်ကလည်းခံစားချက်ရှိပါတယ်ဒါပေမယ့် တွဲလို့မရနိုင်ဘူးလေ ဒါနဲ့ bada

Bada
Nae!

Taehyung
ဒီနေ့က badaရဲ့မွေးနေ့မလား ကျွန်တော်badaစီက တစ်ခုတောင်းလို့ရနိုင်မလား

Bada
Nae ဘာကြီး *အွတ်စ်*

ရုတ်တရက်ဖိကပ်ကာ နမ်းခံလိုက်ရတဲ့bada..

အနမ်းကြောတွေကြာရှည်ပြီး ပတ်ဝန်းကျင်ကိုမေ့တဲ့အထိ အနမ်းယဉ်ကြောမှာ ပိတ်မိခဲ့သည်။
ချိုမြိန်တယ်လို့ပြောတယ် အနမ်းကို badaက ဘာလို့ ခါးသက်တယ်လို့ ထင်နေမိပါလိမ့်။
ဒါပေမယ့် အဲ့တာက ကော်ဖီတစ်ခွက်လိုပဲ ခါးသက်ပေမယ့် သောက်ပြီးရင်း သောက်ချင်နေတဲ့အရာ။

Badaအသက်ရှုတွေကျပ်လာပြီး taehyungကိုတွန်းထုပ်တော့မှ taehyungကလွှတ်တယ် ။

ရင်ခုန်သံတွေက အဆက်မပြတ် မြည်ဟီးနေသည်။သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံနဲ့တင် ဟန်မြစ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသလိုပဲ။

Taehyung
တောင်းပန်ပါတယ်bada ကျွန်တော်တို့ဒီမှာတင် အဆုံးသတ်ရအောင်

Bada
ဘာကိုပြောတာလဲ

စတောင်မစတင်ရသေးတဲ့ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်မယ်တဲ့

Taehyung
ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးလက်ဆောင်လို့သဘောထားလိုက်ပါ

Bada
ဘာတွေပြောနေတာလဲ taehyung shi..

Taehyung
နှုတ်ဆက်ပါတယ်

Taehyungကချက်ချင်းမတ်တပ်ရပ်လိုက်ပေမယ့် သူမူမမှန်ပဲ ပြန်ပြိုလဲကျသည်။နှာခေါင်းကလည်းသွေးတွေယိုကျလာတော့သည်။

Bada
Taehyung!!!

Taehyung
B..ba..da...

Bada
Taehyung shiဘာဖြစ်တာလဲ!!!!

Taehyung
ချစ်...ချစ်..တယ်

ပြောရင်း မျက်လုံးတွေမှိတ်ကျသွားသည်

Bada
ကျွန်မကို မနောက်ပါနဲ့ taehyung!!!! ဆေးရုံကားခေါ်ပေးကြပါ တစ်ယောက်ယောက်...

လူတွေဝိုင်းလာသည်။ ဆေးရုံကားကလည်းမကြာမီရောက်လာသည်။taehyungကို ဆေးရုံခေါ်သွားသည်။

ပုံရိပ်တွေအားလုံးဝေဝါးနေပေမယ့် taehyungရဲ့ဖြူဖျော့နေတဲ့မျက်နှာလေးကတော့ ထင်ရှားစွာမြင်နေရသေးတယ်။

ဆေးရုံရောက်တော့taehyungကို အရေးပေါ်အခန်းထဲခေါ်သွားသည်။taehyungဆရာဝန်ဆိုတဲ့လူရောက်လာပြီး ပြောသည်။

သွေးကင်ဆာ နောက်ဆုံးအဆင့်တဲ့ taehyungက..

မဟုတ်ဘူး မဟုတ်ဘူးမလား!!!

နောက်နေတာ ဒါတွေအကုန်အလိမ်အညာတွေကြီးပဲ!!

Kim taehyung!!! ရှင်ပြောတော့၂၄နာရီလုံးအတူရှိပေးမယ်ဆို

အရေးပေါ်ခန်းထဲမှာ နှလုံးရိုက်စက်သံတွေကြားနေရတယ်။တစ်ယောက်ထဲ အဲ့အခန်းရဲ့ရှေ့မှာ အရူးတစ်ယောက်လို ‌ငိုကြွေးနေခဲ့သည်။

အချိန်ကတဖြည်း" ၁၁နာရီခွဲနေပြီ။ အခုထိ အရေးပေါ်အခန်းက မထွက်လာကြသေးဘူး။

သူတို့taehyungကို မရမကကယ်နေကြတယ်။

တဖြည်း"နဲ့လက်တန်ရှည်နဲ့လက်တန်တို တစ်ထပ်တည်းကျသွားတဲ့အချိန် အခန်းထဲကနေ တီဆိုတဲ့ အသံထွက်ပေါ်လာပြီး....... " လူနာ ကင်မ်ထယ်ယောင်း သေဆုံးချိန်၁၂နာရီ" ဆိုတဲ့အသံကြားပြီးနောက် badaရဲ့လောကကြီး အမှောင်ဖုံးသွားသလို ခံစားသွားရတော့သည်။

‧͙⁺˚*💕・༓☾24 𝘩𝘰𝘶𝘳𝘴 𝘸𝘪𝘵𝘩 𝘩𝘪𝘮☽༓・*💕˚⁺‧͙

5နှစ်ကြာပြီးနောက်

တစ်ဖန်ရောက်လာပြန်တဲ့နွေဦး
တစ်ဖန်ရောက်လာပြန်တဲ့ ဒီနေ့..

အရင်က ကိုယ့်မွေးနေ့ကို မုန်းမိခဲ့တယ်
သူသေ‌ဆုံးသွားတဲ့နေ့ကစပြီး...

သူက အချစ်ဦး
သူက အချစ်ဆုံး
နောက်ပြီး သူက ကျွန်မရဲ့နောက်ဆုံးအချစ်

အဲ့လိုပါပဲ ကျွန်မကလည်း သူ့ရဲ့အချစ်ဦး
သူရဲ့အချစ်ဆုံး
သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ကြောင်းကို သူ့ရဲ့ဒိုင်ယာရီကနေ သိခဲ့ရသည်။

Taehyungက အရမ်းချစ်တတ်ခဲ့တာပဲ။
အခုတော့ ဒီနေ့ကို badaတန်ဖိုးထားမိလာပါပြီ။

အဲ့နေ့က ၂၄နာရီလေးက အပျော်ရွှင်ဆုံး
အဝမ်းနည်းဆုံးနဲ့ အထူးခြားဆုံးနေ့လေးလေ။

နောက်ပြီး ပိုထူးခြားသွားစေတာက အဲ့၂၄နာရီလေးကသူနဲ့အတူပထမဆုံးကုန်ဆုံးခဲ့တာမို့လို့

ဟုတ်တယ် သူနဲ့အတူကုန်ဆုံးခဲ့တဲ့ ပထမဆုံးနဲ့နောက်ဆုံး၂၄နာရီလေးပေါ့။

    _The End_

#written by Kim Haesoo
Seဖြစ်သွားလို့ စိတ်မဆိုးပါနဲ့badaရေ
ဟီး"

ကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။
လိုအပ်ချက်လေးတွေရှိရင်လည်း ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်😚

Happy birthday bada 🎂🥳

Seguir leyendo

Tambiรฉn te gustarรกn

706K 54.9K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
714K 59.4K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.4K 292 15
" แ€žแ€แ€บแ€™แ€พแ€แ€บแ€แ€ปแ€€แ€บแ€†แ€ญแ€ฏแ€แ€ฌแ€€แ€ผแ€ฎแ€ธแ€€แ€ญแ€ฏแ€™แ€ฏแ€”แ€บแ€ธแ€œแ€ฌแ€•แ€ผแ€ฎ Kim แ€›แ€šแ€บ แ€„แ€ซแ€แ€ญแ€ฏแ€ทแ€€แ€ผแ€ฌแ€ธแ€™แ€พแ€ฌแ€…แ€Šแ€บแ€ธแ€แ€…แ€บแ€แ€ฏแ€กแ€€แ€ผแ€ฎแ€ธแ€€แ€ผแ€ฎแ€ธแ€แ€ฌแ€ธแ€‘แ€ฌแ€ธแ€žแ€œแ€ญแ€ฏแ€˜แ€ฒ " " แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€™แ€ปแ€ญแ€ฏแ€ธแ€€ Jung แ€€แ€ญแ€ฏแ€…แ€ฑแ€ฌแ€„แ€บแ€ทแ€›แ€พแ€ฑแ€ฌแ€€แ€บแ€•แ€ฑแ€ธแ€™แ€พแ€ฌแ€™แ€ญแ€ฏแ€ท แ€•แ€ผแ€Šแ€บแ€žแ€ฐแ€แ€ฝแ€ฑแ€€...