တာရာ မျက်စိရှေ့ကမြင်နေရတဲ့ အဖြူရောင်သေ င်္ဘာကြီးကိုကြည့်ပီး အတော်ထိတ်လန့်လာသည်။ ကြီးလဲအတော်ကြီးသည့်အပြင် သူမကမ်းစပ်ကနေစီးလာတဲ့ စက်လှေနဲ့ လားလားမှမဆိုင် ထည်ဝါလွန်းသည်။ ခုနက ကမ်းစပ်ကနေ အတန်ငယ်ဝေးတဲ့ သေ င်္ဘာရပ်ထားတဲ့နေရာထိ စက်လှေစီးလာရတာတောင် အတော်ကြောက်နေတာ ခုလိုဟာကြီးပေါ် တနေကုန် တညလုံးနေရမှာတွေးပီး ပိုကြောက်လာတော့သည်။
"လာလေ တာရာ မကူးရဲလို့လား"
စက်လှေအသေးကနေ သေ င်္ဘာပေါ်တက်ဖို့ တံတားအသေးတခုထိုးပေးထားတာ လက်ကိုင်ပါပေမယ့် အဲ့တာကိုပင်ကူးရမှာကြောက်နေတာ လက်တွေကိုချွေးတွေပျံနေပီ။ သူမကလွဲရင် ကျန်တဲ့သူတွေက ဟိုဘက်က သေ င်္ဘာပေါ်ရောက်ကုန်ပီ....ဒီဘက်ခြမ်းမှာ သူမ တဦးတည်းသာကျန်ခဲ့သည်။
မဟာ ဟိုဘက်ခြမ်းကိုကူးပီး တဖက်မှာကျန်နေခဲ့တဲ့ ငတိမကို ပန်းချီလှမ်းခေါ်နေသံကြားလို့လှည့်ကြည့်မိတော့ မသိရင် ခု သူတက်နေရတာ ထွက်တာနဲ့မြုပ်မယ့် တိုက်တန်းနစ်သေ င်္ဘာကြီးပေါ်ကျလို့ ဖြစ်ပျက်နေတာ....
"သွားခေါ်လိုက်ဦး မဟာ ဟိုမှာ....မကူးရဲဘူးနေမယ်"
"သွားချင် မင်းသွားပါ့လား မသွားဘူး"
မဟာ ဝေယံ့ကို ကလေးများရန်ဖြစ်သလိုရန်တွေ့ကာ ထွက်သွားတော့သည်။ သူသာနေနိုင်ပေမယ့် ဝေယံကတော့မနေနိုင်....ဟိုနှစ်ယောက်နားသွားကာ ကူညီရပေဦးမည်။
"ဘာတဲ့လဲ မကူးရဲလို့လား"
"ဟုတ်တယ် ကို....ကြောက်နေတာလားမသိဘူး"
"ညီမ အကိုလာခေါ်ပေးရမလား"
ဟင်...ကိုယ့်ဘာသာကြောက်နေတာနဲ့ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ကိုဝေယံ့စကားကြောင့် အားတက်မိရသည်ကတော့အမှန်။ သို့သော် သူမကို လာခေါ်ဖို့ထိတော့ မတောင်းဆိုရဲ...မတောင်းဆိုသင့်တာမလို့ ဖြစ်ချင်ရာဖြစ်စိတ်ဒုံးဒုံးချပီးသာ တဖက်ကို တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့ စတင်လှမ်းကာကူးတော့သည်။ တံတားက တကယ်က တိုတိုလေးရယ်ဆိုပေမယ့် စက်လှေနဲ့ သေ င်္ဘာကြား တိုက်ရိုက်ဆက်ထားတဲ့ ယာယီတံတားမလို့ သိပ်ခိုင်မာလှသည်မဟုတ်....ဟိုဘက်ကိုမရောက်ခင် အလယ်မှာ အောက်က ရေပြင်ကိုကြည့်ပီး တွေးမိသေးသည်။ သတ်သေရင်တောင် ရေထဲခုန်ချသတ်သေဖို့တော့ ဘယ်တော့မှမတွေးတော့ဘူးဟုသာ။
"Finally......"
နောက်ဆုံး မျက်စိစုံမှိတ်ပီး ခပ်သွက်သွက်လျှောက်လိုက်တာ မပန်းချီရဲ့ ဝမ်းသာအားရထအော်သံနဲ့ သူမပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်လိုက်တဲ့ အထိအတွေ့ရမှ သူမ အသက်မသေဘဲ တဖက်ကိုရောက်လာတာကို သိလိုက်ရသည်။ ရေကတော့ အလွန်ကြောက်တဲ့ထဲပါသည်မလို့ ဒီလောက်ကတောင် သူမအတွက် စိန်ခေါ်မှုအကြီးကြီးဖြစ်ခဲ့သည်။
သေ င်္ဘာပေါ်မှာ ဟိုတယ်တခုစာလောက်ကိုကျယ်သည်။ ကုန်းပတ်ပေါ်မှာ ရေကူးကန်ကြီးကြီးတခုအပြင် ဘောလီဘောကွင်း tennis ကွင်းတွေတောင်ပါသေးသည်။ အေးဆေးအနားယူနေကြတဲ့သူတွေလဲအများကြီးဆိုပေမယ့် ပျားပန်းခတ်လောက်အောင်တော့ လူများနေသည်မဟုတ်။ ဇိမ်ခံရတဲ့နေရာမလို့ တော်ရုံလူတွေတော့ လာနိုင်မည်မထင်....ခုဆို ပိုင်ရှင်ရဲ့မိသားစုဝင်ဖြစ်တဲ့ ကိုမင်းသိန်းပါလာလို့ ခရီးသည်တချို့ကိုတောင်လျှော့ချထားသေးသည်လို့တောင်ကြားသည်။ အခန်းတွေအများကြိီးရှိပေမယ့် အကုန်တော့ပြည့်မနေ....
အထဲတွင်လဲ စားသောက်ခန်းမ ကပွဲခန်းမနဲ့ ကာစီနိုဝိုင်းတွေပြည့်နေတဲ့ ခန်းမတွေလဲရှိသေးသည်။ ဧည့်သည်တွေသိပ်မပါလာတာမလို့ ကာစီနိုဝိုင်းနဲ့ ကပွဲခန်းမကတော့ ပိတ်ထားသည်ဆိုသည်။ ကျန်တဲ့ဟာတွေကတော့ ပုံမှန်အတိုင်း....
သူမတို့အားလုံး မနက်စာမစားရသေးတာမလို့ သေ င်္ဘာပေါ်ရောက်ရောက်ချင်း စားသောက်ခန်းမထဲဝင်ပီး မနက်စာစားကြတော့သည်။ စားသောက်ခန်းမမှာဆို buffet စနစ်နဲ့ ကြိုက်တာယူစားလို့ရတဲ့အပြင် စားချင်တာကို စားဖိုမှူးတွေက ချက်ချင်းပဲ ရှေ့မှာချက်ပေးသည်။ ကိုယ်တိုင်ဝင်ချက်လဲ ရသေးသည်။ တော်တော့်ကို Luxury ဆန်တဲ့နေရာပေကိုး။
တာရာ မပန်းချီရှင်းပြသမျှကို ခေါင်းတငြိမ့်ငြိမ့်နဲ့ လိုက်ကြည့်နေရပေမယ့် စိတ်ထဲတော့ သိပ်မဝင်စားလှ။ ဒါတွေက တကယ်တော့ သူမနဲ့ ဘာမှသက်ဆိုင်တဲ့နေရာတွေမဟုတ်...ခုတောင် ဟိုလူ့အကြောင်းပြုပီးလိုက်ပါလာရတာ ဟိုလူနဲ့ ကိစ္စပြတ်ရင် တညကို ဒေါ်လာထောင်နဲ့ချီကုန်ကျတဲ့နေရာမှာ လာအနားယူဖို့က တွေးတောင်မတွေးတတ်တဲ့အရာမလား။ တစ်နာရီကျော်ကျော်လိုက်ပြအပီး မပန်းချီလဲ သူမကို အနားယူတော့ဟုဆိုကာ ကိုဝေယံနဲ့အတူထွက်သွားသည်။ ခုမှ သူမလဲ ကုန်းပတ်ပေါ်တက်လာကာ ဘေးဘီဝဲရာကိုလှည့်ပတ်ကြည့်မိတော့သည်။
ဟူးးးးးး တကယ်တမ်းရောက်လာတော့လဲ သိပ်တော့အကြောက်ကြီးမဟုတ်တော့။ ဘေးဘီဘယ်နေရာကြည့်ကြည့် ရေပြင်ကိုသာ ပြာလဲ့လဲ့မြင်ရသည်ကတော့ တွေးကြည့်ရင် အနည်းငယ်ခြောက်ခြားစရာကောင်းသည်။ကျန်တာကတော့ သူမကြိုက်တဲ့ ပင်လယ်အနံ့ကို တဝကြီးရှူခွင့်ရသည်။ သေ င်္ဘာဦးပိုင်းကနေ မတ်တပ်ရပ်လိုက်တော့ တိုက်လာတဲ့လေလေးတွေကို ဦးဦးဖျားဖျားရလိုက်သည့်နှယ် အေးလဲအေးသလို လန်းလဲလန်းသွားသည်။ ခုချိန်သူမခေါင်းထဲက အရာရာကို ထုတ်ထားမိတော့သည်။ ဘာမှလဲမတွေးချင်သလို ဘာမှလဲ စိတ်ထဲမထားချင်တော့.....
မဟာ မနက်စာစားပီး တယောက်ထဲနေချင်လို့ သေ င်္ဘာဦးပိုင်းကို လာခဲ့ပါတယ်ဆို တယောက်ထဲ အရသာခံနေတဲ့ဟိုငတိမကိုတွေ့လိုက်ရသည်။ လက်နှစ်ဖက်က ရှေ့က ဘောင်ကိုကိုင်ထားပီး မျက်လုံးများမှိတ်ကာ ဘာတွေတွေးနေသည်မသိ။ ခပ်ပြင်းပြင်းတိုက်ခတ်နေသည့်လေကြောင့် ဝတ်ထားတဲ့ အသားရောင်အရင့်ဂါဝန်က ခန္ဓာကိုယ်ပေါ်မှာ ကပ်နေပီး သူမကောက်ကြောင်းကအထင်းသား။ ဧကရီ့လို စွဲမက်ဖွယ်ကောင်းလှတဲ့ ကောက်ကြောင်းကို မမြင်ဖူးသူဆို ဒီငတိမကို လှသည်ဟုထင်ရလောက်သည်။ လေတွေတိုက်နေတာကြောင့်မလို့ တဝက်စည်းထားတဲ့ဆံပင်က အနောက်ကို တလူလူနဲ့လွင့်နေသေးသည်။ ဒီငတိမကို ဒီလောက်ငေးနေမိတဲ့ သူ့ကိုယ်သူလဲ သတိမထားမိ....
တာရာကိုယ့်ကို တစုံတဦးက ကြည့်နေသလိုခံစားရတာမလို့ မသိမသာနောက်လှည့်ကြည့်တော့ နောက်တည့်တည့်ကမဟုတ်ပေမယ့် ဘေးတစောင်းအနေအထားကနေ သူမကို ကြည့်နေတဲ့ ဟိုလူကြီး...သူ့ပုံစံအတိုင်း ဘောင်းဘီအိတ်နှစ်ဖက်ထဲကို လက်ထည့်ကာ ခပ်မတ်မတ်ရပ်နေပီး သူမကို ဘာတွေကြည့်နေမှန်းမသိ။ နောက်ကျောမလုံလွန်းလို့ တဖက်လှည့်ထားပေမယ့် ခုနကလို စိတ်ထဲကနေ လွတ်လပ်မနေတော့။
သူ့ကိုမမြင်ချင်ယောင်ဆောင်နေတဲ့ ငတိမကို စိတ်ထဲအူယားလာသည်။ ရုပ်ရည် ပညာ ဥစ္စာ အရည်အချင်းတွေကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ရပေမယ့် တယောက်သောငတိမက သူ့ကိုမမြင်ချင်ယောင်တောင်ဆောင်နေသေးသည်။
တာရာ ဟိုလူသူ့ဘာသာ မကြာခင်ထွက်သွာယမှာပါလို့ပဲတွေးပီး သူ့ကိုစိတ်ထဲမထားတော့ဘဲ ရှေ့တည့်တည့်ကိုသာဆက်ကြည့်နေနေလိုက်တာ သူမဘေးကနေ အရိပ်လိုကွယ်သွားမှဘဲ ဟိုလူမပြန်လှည့်သွားတဲ့အပြင် သူမဘေးမှာ လာရပ်နေတာသိလိုက်ရသည်။ ဘာလာလုပ်ပြန်တာလဲ....ဗရမ်းဗတာတွေလာပြောလို့ကတော့ သေ င်္ဘာဦးကနေ တွန်းချပစ်ဖို့လဲ ဝန်မလေးတဲ့အခြေနေမှာ သူနဲ့ဝေးဝေးနေတာကောင်းသည်။ သူမတွန်းမချတောင် သူကတွန်းချရင်ချနေမှာ....စိတ်ထဲ မကြေလည်တဲ့အစိုင်ခဲတွေကိုယ်စီက ဘယ်လောက်တောင်ကြီးထွားနေပီလဲ မှန်းဆမရတော့။ သို့သော် သူလာမှ ရုတ်တရက်ကြီးရှောင်ထွက်သွားဖို့ရာကတော့ ကိုးယို့ကားနားနိုင်လွန်းလှတာမလို့ ရပ်နေမြဲတော့ဆက်ရပ်နေရသည်။
ကိုယ်တော်က သူမဘေးက လွတ်နေတဲ့နေရာတန်းပေါ်ကို လက်နှစ်ဖက်ထောက်လျက်..အဝေးကိုကြည့်နေသည် ခနအကြာတော့ ဘေးကသူမကိုငုံ့ကြည့်ပီး
"မင်း ဘာဖြစ်ချင်တာလဲ"
အစမရှိ အဆုံးမရှိသူ့စကားကြောင့် ကျမက တရာဝန်မကြီးဖြစ်ချင်တာ အင်ဂျင်နီယာကြီးဖြစ်ချင်တာလို့ထပြောရမှာလားတောင်စဥ်းစားမိသေးသည်။ သို့သော် အဲ့တာမေးတာမဟုတ်တာမလို့ ဘာဖြေရမှန်းမသိတာနဲ့ ငြိမ်နေတော့
"မင်း ဘဝမှာ ဖြစ်ချင်တာ လိုချင်တာ လုပ်ချင်တာတွေမရှိဘူးလား"
"ဘာလို့လဲ"
သူမေးနေတဲ့ပုံက အေးဆေးမလို့ သူမကို တမင်ရှာကြံပီး ရစ်နေတာမျိုးတော့ မဖြစ်နိိုင်တာကြောင့် သူမကလဲ အေးဆေးပင်ပြန်မေးလိုက်သည်။
"အော် ဒီလိုပါပဲ.....မင်းလဲတချိန် ကိုယ့်လမ်းကိုလျှောက်မှာဆိုတော့ မင်းမှာလဲရည်မှန်းချက်တွေ အိပ်မက်တွေရှိမှာပဲလေ"
"Aww...."
"တခုမှမရှိဘူးလား"
"ရှိတာပေါ့....တခုတောင်မကဘူး...."
"ဘာတွေလဲ...."
သူများအကြောင်းလာစပ်စုရအောင်လဲ သူနဲ့ကိုယ်က ကိုယ့်အတွေးတွေ ကိုယ့်အကြောင်းတွေ ဖလှယ်လေ့ရှိကြတဲ့ ဆက်ဆံရေးမျိုးမဟုတ်။ သူ့အကြောင်းတောင် ကိုယ်စိတ်မဝင်စားတာ သူကျ မျက်နှာပြောင်တိုက်ပီးလာမေးသေးတယ်.....
မဟာ တကယ်တော့ တယောက်ထဲရပ်နေတဲ့ သူမကိုမြင်လိုက်တော့ သူမနဲ့ စကားပြောချင်စိတ်က အလိုလိုပေါ်လာခဲ့သည်။ ဖြစ်ခဲ့သမျှက မကောင်းတဲ့ကိစ္စတွေချည်းပဲဆိုရင်တောင် သူမက သူ့ရဲ့လက်ရှိမှာတော့ တရားဝင်ဇနီးပဲလေ....ဒါတောင် သူ့ကို ခုချိန်ထိ ဘာကိစ္စနဲ့မှပြသနာမရှာခဲ့ ပြသနာရှာဖို့မပြောနဲ့ ပတ်ပတ်သတ်သတ်ပင်မလုပ်ခဲ့....သူ့ဘာသာသူနေချင်သလိုနေတာလဲ နားလည်ပေးတာလား မပြောရဲလို့လားမသိ တခွန်းမှမပြော။ ယုတ်စွဆုံး သူ့အရင်ရည်းစားနဲ့ ပတ်သတ်နေဆဲဆိုတာကိုပင် အရေးမလုပ်ခဲ့ ဘာတခွန်းမှဝင်မပြောခဲ့။ ဇနီးမယားအခွင့်ရေးတွေမပြောနဲ့ ငွေရေးကြေးရေးတောင်မပတ်သတ်....ထမင်းတောင် သူ့အိမ်ကမစား။ အရင်က ထင်ခဲ့မိတဲ့ ငွေမက်သူ ချူဆီလို့သတ်မှတ်တာတောင် ဟုတ်ပါ့မလား သံသယပြန်ဝင်ရတဲ့ထိပင်။ သို့သော် ရှင်းရှင်းလင်းလင်းတော့ မသိရသေးခင် အလုံးစုံတော့မယုံရဲတာကလဲတဖက်မှာရှိသေးသည်။ ခုတော့ အေးဆေးခရီးသွားနေတာမလို့ သူမကို စိတ်ထဲရှိတဲ့အတိုင်းမေးမိသည်။ သူဖြစ်ချင်တာတော့ သူမလိုချင်တာရှိလျှင် လုပ်ပေးနိုင်ရင် လုပ်ပေးလိုက်မည်။ သူ့ကိုခုထိ အရှက်မခွဲ လူသိရှင်ကြားမျက်နှာပျက်စရာတွေထမလုပ်တဲ့အတွက် တန်ရာတန်ကြေးအနေနဲ့ဆိုရင်တောင်တန်သည်ပေါ့။
သူ့အမေးကြောင့် သူ့ကို တချက်ပဲ မော့ကြည့်ပီး မျက်နှာလွှဲသွားတဲ့သူမ ရှေ့က ပင်လယ်ပြင်ကိုကြည့်ပီး တည်ငြိမ်စွာပဲ ပြန်ဖြေခဲ့သည်။
"အင်း ရှိတာပေါ့....."
"ရှိရင်ပြောလေ ဘာတွေလဲ ငါလုပ်ပေးနိုင်တာရှိရင်......"
"ဦးနေမင်းမဟာ မလုပ်ပေးနိုင်ဘူး....အဲ့တော့ထားလိုက်ပါ အရေးကြီးတဲ့ကိစ္စတွေလဲမဟုတ်ဘူးလေ"
မပြောချင်ရင်တောင် ဇွတ်မမေးဘဲနေမလို့ဟာ သူမလုပ်ပေးနိုင်ဘူးဆိုတဲ့စကားကြောင့်ပိုသိချင်စိတ်ဖြစ်တာတော့ ငြင်းမရ။ ဘာကိစ္စမလို့ ဘယ်လောက်ကြီးကျယ်နေလို့လဲ သူ့ဟာက
"ဘာကိစ္စ ငါက လုပ်မပေးနိုင်ရမှာလဲ"
သူမ မပြောမချင်းမေးတော့မည်ဆိုတာသိလိုက်ပီ။ သူမကိုယ်တိုင်ကလဲ စကားလုံးရွေးတာမှားသွားသည်။ သူမစကားကြောင့် သူမခံချိမခံသာဖြစ်ပီး ရအောင်မေးလေတော့ စိတ်ကိုအဆုံးစွန်ထိလျှော့ကာ သက်ပြင်းတချက်ချလျက် သူမ တဘဝလုံးလိုချင်ခဲ့တာတွေကို ထုတ်ပြောရတော့မည်။
"ကျမ အိမ်ဆိုတာ လိုချင်တယ် မိသားစု လိုချင်တယ် ပီးတော့ ကျမကိုချစ်မယ့် ကျမကလဲချစ်မယ့်သူလိုချင်တယ်"
ဟင်....အဆန်းပါလား....သူမကိုကြည့်တော့လဲ အေးဆေးတည်ငြိမ်နေတာ လိမ်ညာနေတဲ့ပုံမပေါက်။ ဒါလေးတွေများ နောက်ကဟာတွေတော့သူမလုပ်ပေးတတ်ပေမယ့် အိမ်ကတော့ သူဖန်တီးပေးလို့ရသည်လေ။ တိုက်ခန်းတခန်းလောက်ပေးလိုက်ရင်ကို ကျေနပ်လောက်ပါပီ။
"အိမ်ဆိုတာ ကြီးမှလား တိုက်ခန်းဆိုရင်ကော"
မဟာ သူ့အတွေးနဲ့သူ ပြန်မေးလိုက်တော့ ရှေ့ကိုပဲတောက်လျှောက်ကြည့်နေတဲ့သူမ သူ့ဘက်ကိုပြန်လှည့်လာသည်။ ပီးတော့ ခေါင်းကို ဖြေးညင်းစွာ ခါရမ်းရင်း
"ဟင့်အင်း....."
"ဘယ်လောက်ကြီးကြီးလိုချင်တာလဲ"
"ကျမလိုချင်တဲ့ အိမ်ဆိုတာ တိုက်တွေတာတွေနဲ့ဆောက်ထားတဲ့ အိမ်မျိုးမဟုတ်ဘူး ဦးနေမင်းမဟာ...ကျမလိုချင်တဲ့ အိမ်ဆိုတာ ကိုယ့်ကိုနွေးထွေးမှု လုံခြုံမှုပေးနိုင်တဲ့ နေရာလေးတခုရယ်ပါ....တိုက်ကြီး အကြီးကြီးဖြစ်စရာလဲမလိုဘူး....အမိုးအကာရှိပီး ကိုယ်ပင်ပန်းတဲ့အချိန်ဖေးမပေးတဲ့မိသားစုရှိမယ် ပျော်စရာဆို တူတူပျော်လို့ရမယ့်သူတွေရှိမယ်ဆိုရပီ"
"ဒါကတော့ ငါလဲ....."
သူ မလုပ်ပေးနိုင်သိသားမလို့.....
"ထားလိုက်ပါ ကံပါရင် ရလာမှာပေါ့....ခုတော့ ကျမကို ခွင့်ပြုဦး ကျမသွားလိုက်ဦးမယိ"
သူမသူ့ကိုနှုတ်ဆတ်စကားဆိုအပီး လှည့်အထွက် နောက်ကနေ သူ့အသံက ထွက်လာသေးသည်။
"မင်းနဲ့ငါ အခန်းက တူတူပဲ....တခြားအခန်းတွေရှိပေမယ့် renovation လုပ်နေလို့တဲ့ အခန်းတွေသုံးမရဘူးဆိုလို့"
"အော်....."
ဒီလောက် ခရီးသွားလူတွေနည်းနေတာတောင် ဒီသေ င်္ဘာကြီးမှာ သူမအတွက်အခန်းပိုတခန်းမှမရှိတာကို အံ့သြရသည်။ ပီးတော့ အခန်းတွေပြင်ရအောင်ကလဲ ခရီးသည်တွေနဲ့ ခရီးသွားနေတဲ့အချိန်ကျမှလား အားနေတုံးပြင်ပေါ့.....အတွေးတွေအများကြီးရှိပေမယ့် စောဒကမတက်ချင်တာမလို့ သူမ ခေါင်းပဲအသာငြိမ့်ပြပီး အခန်းထဲကိုပဲ ပြန်ခဲ့တော့သည်။
............
မဟာ တနေကုန် အပြင်မှာပဲ မင်းသိန်းတို့ ဝေယံတို့နဲ့ စကားပြောလိုက် ရေကူးလိုက်နဲ့နေနေတာ ညကျမှ ညစာစားပီးမှ အခန်းပြန်ဖြစ်တော့သည်။ ဝေယံ့မိန်းမ ပန်းချီနဲ့ မေဖြူလဲတနေကုန်ပျောက်နေတာမလို့ မေးတော့မှ သူတို့က girls' out လုပ်နေကြသည်တဲ့....ဒါဆို ညစာလဲ ဟိုငတိမနဲ့တူတူစားပီးပီနေမှာ....အတွေးနဲ့ အခန်းထဲဝင်လာတော့ အခန်းထဲက ဆိုဖာတခုပေါ်မှာ ထိုင်လျက်အိပ်ပျော်နေတဲ့ ငတိမ....ဒီအခန်းထဲမှာတော့ ဟိုတယ်မှာလို ခုံအရှည်လဲမရှိ...အခန်းတွေကလဲ ဟိုတယ်လောက်မကျယ်။ ဒီပုံစံဆို ညဘယ်လိုအိပ်မလဲဆိုတာ နေ့ခင်းက သတိမရလို့မတွေးမိပေမယ့် နောက်နာရီအနည်းငယ်ဆို အိပ်ရတော့မှာမလို့ ခုမှစတွေးမိတော့သည်။ တွေးနေတုံး သူ့ဖုန်းက တရစပ်မြည်လာတာ ဟိုငတိမတောင်နိုးသွားသည်။ screen ပေါ်က အသံပုံ အီမိုဂျီလေးကြောင့် ဒါ ဧကရီ့ဆီကဆိုတာ သိလိုက်ပီး ခုနကအတွေးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကာ ဝမ်းသာလုံးဆို့သွားသည်။ ခေါ်တော့လဲ video call တဲ့ ချစ်ရတဲ့သူမျက်နှာလေးကို မမြင်ရတာကြာတော့ လွမ်းနေတာ သေတော့မယ်လေ။ သူချက်ချင်းပဲကိုင်လိုက်တော့ ဧကရီ့အလိုမကျသံက စူးခနဲထွက်လာသည်။
"နေ....ခရီးသွားတာ ဟိုကောင်မလေးပါတယ်ဆို"
"ဟင်.... အဲ့...."
ရုတ်တရက် ဧကရီ့စကားကြောင့် မဟာ ဖြေစရာအဖြေမရှိတော့ပေ။ သူမပါလာတာ ဧကရီက ဘယ်လိုလုပ်သိသွားတာလဲ။ ဧကရီက မရစ်တတ်ပေမယ့် သဝန်တိုတတ်လွန်းလို့ ဝေယံတို့မင်းသိန်းတို့လဲ သွားပြောမှာ မဟုတ်တာသိသည်။
"ဖြေလေ နေ....ဘာလဲ ခု အခန်းထဲမှာလဲ သူရှိနေတာလား"
"မဟုတ်...မဟုတ်ပါဘူး ကိုက ဧကရီ့ကိုလွမ်းနေလို့ ရုတ်တရက် ဘာပြန်ဖြေရမယ်မသိဖြစ်သွားတာ"
"အဆက်စပ်မရှိနဲ့....မယုံဘူး ပြ အခန်းထဲကို "
ခုမှ ကွိုင်တော့သည်။ ဧကရီကလဲ ဇွတ်ကိုလှည့်ပတ်ပြခိုင်းနေတာဟိုငတိမကလဲ အခန်းထဲတွင်ရှိသေးသည်။
တာရာ အခြေနေကိုနားလည်လိုက်ပီမလို့ ကိုယ့်ဘာသာ စက်ကွင်းလွတ်အောင်ရှောင်ဖို့သာ ဘယ်လိုလုပ်ရမလဲတွေးမိနေတော့သည်။ သူတို့ဘာသာရန်ဖြစ်တာ အကြောင်းမဟုတ် ကြားက သူမ မပါချင်။ သူမကြောင့်ဆိုတဲ့ ခေါင်းစဥ်အောက်မှာလဲ မဖြစ်စေချင်။ ဒါ့ကြောင့်ပဲ အိပ်ရာပေါ်ဟိုလူထိုင်ချလိုက်တာနဲ့ သူမချက်ချင်းထပီး ခြေသံဖော့ကာ အပြေးတပိုင်းအခန်းပြင်ထွက်ခဲ့သည်။ အခန်းတံခါးကိုလဲ အသံမမြည်အောင်သတိထားပိတ်ရသေးသည်။ အခန်းပြင်ရောက်မှသာ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ အပြင်ရောက်ခါမှ သတိရတယ် ဖိနပ်တောင်ပါမလာ။ ဟင်းးးး ကိုယ့်ယောက်ျားဆိုသူက သူ့ချစ်သူနဲ့ ဖုန်းပြောတာ ကိုယ်ရှိရင်ပြသနာတတ်မှာမလို့ ကိုယ်က ဖိနပ်မပါ ဘာမပါရှောင်ပြေးခဲ့ရတဲ့အဖြစ်.....ကိုယ်နဲ့က ဆိုင်သာဆိုင်ပီး သူများကပိုင်နေတဲ့အဖြစ်ဆိုတော့လဲ.....အချိန်တန်ရင်ကွာရှင်းရမှာပဲလေ ဒါတွေက အချိန်တခုရောက်ရင် သူ့နေရာအမှန်သူပြန်ရောက်သွားရမယ့်သူတွေပဲဥစ္စာ......အတွေးပေါင်းစုံနဲ့ ခြေဦးတည့်ရာထွက်လာတာ စိမ့်ခနဲဖြစ်သွားမှ ကုန်းပတ်ပေါ်ရောက်နေမှန်းသတိရမိတော့သည်။ ညမလို့ကော လေတွေတိုက်နေတာမလို့ အကျီအပါးလေးနဲ့သူမ ချမ်းလွန်းလှသည်။ ရုတ်တရက်မလို့ အနွေးထည်တောင်မယူခဲ့ရ ပြန်လဲမသွားချင်သေးတာမလို့ လက်နှစ်ဖက်ကို တင်းတင်းပိုက်ပီးသာ ကောင်းကင်ကိုကြည့်နေလိုက်သည်။ ကောင်းကင်မှာတော့ ကြယ်တွေစုံနေလိုက်တာများ သူတို့က အဖော်နဲ့အပေါင်းနဲ့ ငါကျတယောက်ထဲဆိုပီးတောင် စိတ်ထဲ မနာလိုဖြစ်လိုက်သေးသည်။
မဟာ ဟိုငတိမအခန်းထဲက ထွက်သွားတော့မှသက်ပြင်းအလုံးလိုက်ကြီးကျသွားတော့သည်။ ရစ်လိုက်တဲ့ ဧကရီ့ကို အခန်းထဲ နှံ့အောင်လိုက်ပြရသေးသည်။ ဘာမှမတွေ့တာတောင် သိပ်ကျေနပ်သည့်ပုံမပေါက် ဆူပုတ်နေသေးသည်။ ထိုသို့စိတ်ဆိုးတာ မဟာ သိပ်ချစ်သည်။ အနားရှိရင် ကိုက်ပါပစ်လိုက်မိဦးမှာသေချာသည်။ အဆက်သွယ်ဖြတ်ထားတာထက် ခုလို ရစ်ခံရတာကို ပျော်သည်။ သူ့ကို သဝန်တိုလို့ ကျေနပ်သည်။ သူ့အပေါ်ဆိုးလို့ အချစ်ပိုရသည်။ ကြာကြာတော့မပြောလိုက်ရပါ အတန်းပြန်စပီဆိုလို့ မခွဲချင်ခွဲချင်နဲ့ ခွဲရပြန်သည်။ ခနခနဖုန်းဆက်ဖို့ တဖွဖွပြောခဲ့ပေမယ့် အင်းဆိုတဲ့ တလုံးတောင်သူမဆီက ပြန်မကြားခဲ့.....။
ဧကရီ ဖုန်းချသွားတာတောင်ကြာပီ ဟိုငတိမက အခန်းထဲ ပြန်ပေါ်မလာသေး။ သူပြောလို့မပီးသေးလို့ပြန်ဝင်မလာတာလားဆိုပီး လိုက်ခေါ်ရမလားစဥ်းစားလိုက်တော့လဲ စိတ်က ဒွိဟဖြစ်ရသေးသည်။ အတန်ကြာ စဥ်းစားပီးမှ အသိပေးရုံပဲကို လာချင်လာမလာချင်နေ ဒါသူ့သဘောပဲလေဆိုပီး သူမကို လိုက်ခေါ်ဖို့ ကုန်းပတ်ပေါ်တက်သွားတော့သည်။ သိပ်မရှာလိုက်ရပါ လူရှင်းနေတဲ့ ကုန်းပတ်ပေါ်မှာ ထိုင်နေတဲ့သူမကို တွေ့လိုက်ရသည်။ အနွေးထည်လဲမပါ ဖိနပ်လဲမပါ....ဒီလောက်အေးနေတာကို ရူးနေလားတွေးမိတော့ အော်.....ရုတ်တရက်ထသွားတာမလို့ ဘာမှယူချိန်မရတာနေမယ်လို့တွေးမိလိုက်ပီး အပြစ်ပြောချင်စိတ်လျော့သွားသည်။
"ဟေးး ဟေးး ထ ထ အခန်းထဲသွားတော့ သွား"
"ဟင်.... ပီးပီလား"
"အင်.... အင်း အင်း သွားတော့"
ရုတ်တရက်သူမအမေးကြောင့် သူကြောင်သွားရင်း ပြောမိပြောရာသာ ပြန်ပြောမိလိုက်သည်။ လက်ထပ်ထားတဲ့ ယောက်ျားက သူ့ရည်းစားနဲ့ဖုန်းပြောတာကို ပီးပီလားတဲ့ သူက အပြင်မှာ ထွက်စောင့်ပေးနေတာပေါ့.....
တာရာလဲ အရမ်းအေးနေတာကြောင့် သူ့ကိစ္စပီးတော့ အခန်းထဲ အမြန်ပြန်ဝင်လာခဲ့ပီး တဘက်တထည်ဆွဲခြုံကာ ခုနကသူမထိုင်နေတဲ့ခုံပေါ်ထိုင်ချလိုက်တော့သည်။ အခန်းထဲရောက်တော့ အချမ်းကအတော်သက်သာသွားလို့တော်သေးသည်။ နောက်တခါဆို ဟိုလူဖုန်းလာတာနဲ့ တဘက်တထည်တော့ရအောင်ဆွဲယူရမယ်ဆိုတဲ့ အသိက ရင်ထဲစွဲသွားပီ။
မဟာ ကုတင်ပေါ်မှာ မအိပ်သေးမယ့် စောင်ထဲဝင်ပီး ဖုန်းသုံးနေသည်။ ခုံပေါ်မှာ ထိုင်အိပ်နေတဲ့သူမ ဘယ်လောက်ထိအိပ်နိုင်မှာလဲ.....မအိပ်နိုင်ရင်ရော သူနဲ့တူတူလာအိပ်မှာလား သူကတော့ ဆင်းမအိပ်နိုင်တာသေချာတယ်။ အတွေးများနဲ့တော်တော်နဲ့တော့ အိပ်မရ။
သို့သော် သူမနက်လင်းမှသိလိုက်ရတာ သူ့နားကို တညလုံးဟိုငတိမ မလာခဲ့ပေ။
တာရာလဲ စိတ်ထဲဆုံးဖြတ်ထားတာ ခုံပေါ်ထိုင်အိပ်ရလို့ ညောင်းပီး သေရင်တောင် ဟိုလူနဲ့တော့ တူတူတအိပ်ရာထဲသွားမအိပ်နိုင်။ သေရင်သေပါစေ သူနဲ့တော့ ထပ်မပတ်သတ်ချင် မနီးစပ်ချင်တော့ပါ။ ထိုညကတော့ တဘဝလုံး ညောင်းကိုက်တဲ့ဝေဒနာကို ခံစားရတဲ့ညဖြစ်ခဲ့သည်။ သို့သော်တန်ပါသည်။