"ဒိုယောင်းငယ် ၊အပြင်စာတွေက မင်းကို ဗိုက်မပြည့်စေဘူးနော်။"
ဂျွန်ကယူ စားပွဲပေါ်က ရေညှိထမင်းထုပ်ကို ကြည့်ရင်း ပြောလိုက်မိသည်။ဒိုယောင်းငယ်၏ အစားအသောက်ကို စီစဉ်ပေးနေတဲ့ မေမေဟာ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားတာကြောင့် ဂရုမစိုက်နိုင်။
"ဗိုက်မပြည့်ပေမယ့် စားလို့ကောင်းတယ် ကိုကို။"
"ဒိုယောင်းငယ်"
"ဟင်"
ဂျွန်ကယူ ဒိုယောင်းငယ်၏ ဘေးဘက်က ကုတင်ပေါ်မှာ ထိုင်ချလိုက်ရင်း တစ်ခုခုကို မေးရန် သက်ပြင်းချလိုက်မိ၏။
"မင်း ရိန်းရန်နီ ကို သိလား။မြစိမ်းရောင် မျက်ဝန်းတွေရှိတယ်လေ။"
"သိတယ်"
"သိရင် ကိုကို့ကို ပြောပြပါလား။"
ဂျွန်ကယူ ပြာပြာသဲသဲဖြင့် ပြောလိုက်တော့သည်။သူ ရိန်းရန်နီ အကြောင်းကို သိချင်နေတာ။အထူးသဖြင့် ဟာရူတို ဆီက မဟုတ်ပဲနဲ့။
"သူက အဆိုတော်လေ။ဟာရူတို တို့ အင်တာတိန်းမန့်က ပွဲဦးထွက်တာ။ပြီးတော့ ကိုကိုနဲ့လည်း အရမ်းခင်တယ်။"
"ဘာလို့ ငါ မမှတ်မိရတာလဲ ဒိုယောင်းငယ်"
ဂျွန်ကယူ ဘယ်လိုမှ တွေးဆ၍ မရနိုင်။ဘာကြောင့် သတိမရတော့တာပါလိမ့်။
"အဲ့တာတွေက ကိုကို အက်ဆီးဒန့် မဖြစ်ခင်က အကြောင်းတွေ။သိလည်း ကိုကို စိတ်ချမ်းသာရမှာ မဟုတ်ဘူး။ကိုကို မေ့နေလို့ အခုလို အရာအားလုံးက အဆင်ပြေနေတာ။"
"ငါမေ့နေလို့ အခုလို အဆင်ပြေနေတာ ဟုတ်လား ဒိုယောင်းငယ်။ဘာကြောင့်လဲ ဘာကြောင့်မို့လို့ အခုလိုတွေ မှားယွင်းနေရတာလဲ ။ ငါလည်း မကြာခင် အရူးထောင် ရောက်တော့မယ်နဲ့တူပါရဲ့။"
ဂျွန်ကယူ လက်နှစ်ဖက်ဖြင့် ခေါင်းကို ဖိချလိုက်ရင်း အော်ဟစ်ကာ ပြောလိုက်မိသည်။အရူးတစ်ယောက်လိုပဲ။ဂျွန်ကယူဟာ အရူးတစ်ယောက်လို ချာချာလည်နေပြီ။
"ကိုကို သတိထားစမ်း။ကိုကို ဘာဖြစ်လာတာလဲ ကျွန်တော့်ကို ပြောစမ်း။"
"ရိန်းရန်နီက ငါ့ကို ကိုကိုလို့ ခေါ်ပြီး ပြေးဖက်တယ်။ပြီးတော့ သူ့ကို မမှတ်မိလို့ အပြစ်တင်တယ်။ပြီးတော့ ပြီးတော့ သူ့လက်ကို ဖန်ကွဲစနဲ့ လှီးဖြတ်မလို့ ....။ငါကြောက်တယ်။ငါ သွေးဆိုရင် အရမ်းကြောက်တာ အကုန်သိကြရက်နဲ့။အနီရောင်တွေ့ရင်တောင် အသက်ရှုဖို့ ခက်နေတာကို ...။ငါလေ သိပ်ကြောက်တာပဲ။ဒီအကြောင်းကိုလေ ဟာရူတိုကို ပြန်မပြောနဲ့နော်။သူသိရင်လေ ငါ့ကို ပြောမှာ။"
မျက်လုံးတွေက ဂနာမငြိမ်စွာ ၃၆၀ ဒီဂရီ ဖြစ်အောင် ပတ်လည်ဖြစ်နေ၏။မျက်ဝန်းထောင့်က စီးကျလာတဲ့ မျက်ရည်တွေကိုလည်း တယုတယသုတ်ပေးသူက ဒိုယောင်းငယ်။
ဂျွန်ကယူမှာ ဒီလို နားမလည်ခြင်းများစွာနဲ့ အိုမင်းသွားဖို့ ကံပါလာသလား မပြောတက်။တကယ်ပါပဲ အရင်လို ပြန်ဖြစ်ချင်တယ်။ဒီအတိုင်းလေးပဲ မေ့ပျောက်ခြင်းတွေ မရှိတဲ့ နေရာမှာ နေချင်တယ်။
"ကိုကို ၊ကိုကို့ကို ကျွန်တော် တစ်ခုပြောမယ်။ကိုကို အသေအချာ နားထောင်ရမယ်။"
"ဘာပြောမှာလဲ ဒိုယောင်းငယ်"
"ဟာရူတိုနဲ့ ဝေးဝေးနေ ကိုကို။ကျွန်တော် သတိပေးထားရက်နဲ့ ဝေးဝေးမနေရင် ကိုကို ခံစားရလိမ့်မယ်။ကိုကိုသိရဲ့လား ကိုကိုက ဟာရူတိုရဲ့ ကြိုးဆွဲရာ အရုပ်ဖြစ်နေပြီဆိုတာကိုလေ"
ဂျွန်ကယူ ခေါင်းမငြိမ့်မိ။ဟာရူတိုကို သိပ်ခင်တွယ်တာကြောင့် ဝေးဝေးနေရမယ်ဆိုတာ ထင်သလောက် လွယ်ကူမှာ မဟုတ်ပေ။
"ငါ့မှာ ဟာရူတို တစ်ယောက်ပဲရှိတာကို ဒိုယောင်းငယ် သိရက်သားနဲ့။"
"ကိုကို့မှာ ကျွန်တော်ရော ဖေဖေရော ရှိနေတယ် မဟုတ်ဘူးလား။"
"မတူဘူးဆိုတာ ဒိုယောင်းငယ် သိရက်သားနဲ့။ကိုကိုက ဟာရူတိုကို ချစ်တာလေ။သူနဲ့ အတူတူ အိုမင်းချင်တာ။"
ဂျွန်ကယူ မဖြစ်နိုင်တဲ့ စကားတစ်ခွန်းကိုပြောရင်း ခေါင်းငုံ့လိုက်မိသည်။ဒါ ဂျွန်ကယူ့ ဘက်က ဖြစ်တည်လာတဲ့ ခံစားချက်အချို့ပါပဲ။
"အတွေးတွေ လွဲမှားနေပြီပဲ ကိုကို။ကိုကို မကြာခင် နာကျင်ရတော့မယ်။မတားဆီးနိုင်လို့ အခုကတည်းက ကျွန်တော် တောင်းပန်ပါတယ် ။"
"မင်းပြောနေတဲ့ စကားတွေကို ငါ တကယ်နားမလည်နိုင်တော့ဘူး ဒိုယောင်းငယ်။"
ဂျွန်ကယူ သက်ပြင်းသာချလိုက်မိသည်။ဒိုယောင်းငယ်က ဘာအတွက်ကြောင့် အခုလိုတွေပြောနေရတာပါလိမ့်။ဘာပဲ ဖြစ်ဖြစ်ပေါ့ ဂျွန်ကယူ အရာရာကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးသား။
"နားမလည်နိုင်လည်း ကျွန်တော် တောင်းပန်တာကို အသိအမှတ်ပြုပေး။"
ဂျွန်ကယူ ရယ်လိုက်မိသည်။ဘာကို တောင်းပန်တာမှန်းမသိပဲ အသိအမှတ်ပြုပေးရမယ်တဲ့။ဂျွန်ကယူ ခေါင်းမငြိမ့်သလို ခေါင်းလည်း မခါခဲ့။
စတော်ဘယ်ရီလုံးလေးလို အုပ်ကျနေသည့် ခေါင်းလုံးလုံးလေးကိုသာ တယုတယ ဖွဖွလေးပုတ်ပေးလိုက်တော့သည်။
ဒိုယောင်းငယ်ကလည်း ဟာရူတိုလိုပဲ တစ်ခုတစ်ခုဆို မြိုသိပ်တတ်တယ်။တစ်ခုခုဆို ကြိတ်မှိတ်ပြီး ဖြေရှင်းတက်တယ်။
>>>။
ဧည့်ခန်း တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်လွန်းလှပါ၏။ကင်မ်ဒိုဂျွန်း တစ်ယောက် ခေါင်းကို ခါလိုက်ရင်း တစ်ခုခုကို ပြောဖို့ အားယူနေရသည်။
"ကင်မ်ဂျွန်ကယူ မင်းအသက်က မငယ်တော့ဘူး။ အဲ့တာကြောင့် မြို့တော်ဝန်ယွန်းနဲ့ စေ့စပ်ပေးဖို့ စီစဉ်ထားတယ်"
"ဖေဖေ၊ကိုကိုနဲ့မြို့တော်ဝန် ယွန်းဆိုရင် လုံးဝ မဖြစ်နိုင်ဘူး ။ကျွန်တော် လက်မခံဘူး "
ဒိုယောင်း ထမင်းစားပွဲကို ဖိချလိုက်ရင်း ပြောလိုက်သည်။ကိုကို့ကို လုံးဝ အခြားသူဆီကို ထိုးမပေးနိုင်ပါ။နောက်ဆုံး မတက်နိုင်တဲ့ အဆုံးမှာတောင် ကိုကို့ကို ဒိုယောင်းပဲ စောင့်ရှောက်မှာ။
"ကျွန်တော်က ချို့ယွင်းချက်ရှိတဲ့ သူ။မြို့တော်ဝန် ယွန်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ကျွန်တော် ခြေငြိမ်အောင် အခုလို အရာတွေနဲ့ မတုတ်နှောင်ပါနဲ့ ဖေဖေ။"
ကိုကိုကလည်း ငြင်းရှာပါသည်။ကိုကို့ကို စောင့်ရှောက်ဖို့ အခြားသူ မလိုအပ်ဘူး။ဒိုယောင်း ကိုကို့ကို စောင့်ရှောက်နိုင်တယ်။
"အဲ့တာဆိုရင် ဟာရူတိုနဲ့ ဝေးအောင်နေလေ ကင်မ်ဂျွန်ကယူ။"
ဂျွန်ကယူ သက်ပြင်းချလိုက်သည်။နှစ်ခုတည်းက တစ်ခု ရွေးရမည့်အလုပ်ကို မနှစ်သက်သူ ပီပီ အခုလည်း နှစ်ခုစလုံးကို မရွေးချယ်မိ။
"ဟာရူတိုနဲ့ ဘာလို့ ဝေးဝေးနေရမှာလဲ ဖေဖေ။ကျွန်တော့်ကို ရှင်းပြရင် ကျွန်တော် နားလည် လောက်မှာပါ။"
"မင်း သိလို့ မဖြစ်တဲ့ အရာတွေ အများကြီးရှိတယ် ဂျွန်ကယူ ။ဟာရူတိုဆိုတာ မျက်စိစုံမှိတ်ပြီး မယုံသင့်တဲ့သူ အဖြစ် ထိပ်ဆုံးမှာ ထားသင့်တယ်။"
"ဖေဖေ့ကို စကားကို နားထောင်လိုက်ပါ ကိုကို"
ဂျွန်ကယူ နားမလည်နိုင်။ဘာအတွက်ကြောင့် ဂျွန်ကယူကို ဟာရူတိုနဲ့ ဝေးဝေးနေခိုင်းရတာလဲ။ကောင်းတဲ့ အငွေ့အသက်တွေ ပျောက်ရှသွားပြီး သက်ပြင်းကို ကျယ်လောင်စွာ ချလိုက်မိသည်။
"ကင်မ်ဂျွန်ကယူက ဘယ်နေရာမှ ဘောင်မဝင်သလို၊မိသားစုမှာလည်း ဘောင်မဝင်ခဲ့ဘူး။"
"ဘောင်ဝင်ဖို့ မင်းကိုယ်မင်း အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားလိုက် ကင်မ်ဂျွန်ကယူ။မင်းကို ကင်မ်ဒိုယောင်းထက် ငါပိုပြီး မျှော်လင့်ခဲ့ရတာ။နောက်ဆုံး ငါရလိုက်တာက မှတ်ဉာဏ် အားနည်းတဲ့ မင်းကိုတဲ့"
ကင်မ်ဂျွန်ကယူ စားလက်စကို ဖြတ်ကာ မျက်နှာကို မော့ချီလိုက်မိသည်။ဘာအတွက်ကြောင့် အခုလိုတွေ ဖြစ်နေလဲ ဂျွန်ကယူ မသိပေမယ့် ဒီလို အခြေအနေကို သိပ်မုန်းတယ်။
"ကျွန်တော်က ဝဋ်လည်တာနဲ့ တူပါရဲ့။ဖေဖေ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့လို့ အားနာပေမယ့် ကျွန်တော်က ကျွန်တော့် ခြေထောက်ပေါ် ကျွန်တော် ရပ်တည်နိုင်နေပြီ"
ဂျွန်ကယူ ထိုမျှသာ ပြောရင်း ထမင်းဝိုင်းက ထလိုက်မိသည်။ဒိုယောင်းငယ်ကလည်း တစ်ဆက်တည်းမှာ ထရပ်လေ၏။
အရာတောင် မယွင်းတဲ့ ဒိုယောင်း၏ ထမင်းပန်းကန်က စားပွဲထက်မှာ အေးစက်လို့ နေချေပြီ။
"ကင်မ်ဒိုယောင်း ပြန်ထိုင်စမ်း"
"ဆောရီး ဖေဖေ ကျွန်တော် ဗိုက်မဆာဘူး"
ဂျွန်ကယူ ဒိုယောင်း၏ စကားကို နားထောင်ရင်း အရှေ့ကနေ ထွက်ခွာလိုက်သည်။တကယ်တမ်းတော့ ဂျွန်ကယူဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားရဦးမည်။
>>>။
Ongredients University
Seoul, South Korea
"အလုပ်သင်ဆင်းမယ့် ကုမ္ပဏီ ရွေးပြီးပြီလား အစ်ကို။"
"ရွေးပြီးပြီ ဂျောင်းဝူ"
ဂျွန်ကယူ ပြုံးလိုက်ရင်း ဘေးမှာ ထိုင်နေသော ဂျောင်းဝူကို ပြောလိုက်တော့သည်။အားလပ်ချိန်တိုင်း ဂျောင်းဝူက အမြဲတမ်း ဂျွန်ကယူကို တွယ်ကပ်တက်သည်။
သို့ပေမယ့် သူ့ဘေးက ပါးဖောင်းဖောင်းလေးက သိပ်သဘောမကျသည့်ပုံပင်။
"ကျွန်တော့် အဖေရဲ့ ကုမ္ပဏီကို လာခဲ့ပါလား ။ 2PARK Group လေ အစ်ကိုရဲ့။"
"ဟင့်အင်း ငါ Watanabe Groupကို ရွေးထားပြီးသားကွ။"
"ဝမ်းနည်းစရာကြီး။"
နှုတ်ခမ်းတွန့်သွားတဲ့ ဂျောင်းဝူကြောင့် ဂျွန်ကယူ ဘာမှ မပြောမိ။အဝေးကနေ လှမ်းလာနေသည့် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကြောင့် သက်ပြင်းချလိုက်မိသည်။
မင်းနဲ့ ဝေးဝေးနေရမှာလား ဟာရူတို။
"နောက်မှ ဝမ်းနည်း ဂျောင်းဝူ။ငါတို့ရဲ့ စီနီယာလည်း ရောက်တော့မယ် ထင်တယ်။"
"စီနီယာက ဒီနေရာမှာ ချိန်းထားတာကို။"
ဂျွန်ကယူ ထိုနှစ်ယောက် တွတ်ထိုးနေသော စကားများအရ ဟာရူတို ဘေးမှာ ကပ်ပါလာသော ကင်မ်ဒိုယောင်းကြောင့် သိလိုက်ပါပြီ။ဒီနှစ်ယောက်ရဲ့ စီနီယာက ဒိုယောင်းငယ်များလား။
ဂျွန်ကယူ ခုံဝိုင်းလေးထဲက ထွက်ကာ မတ်တပ်ရပ်လိုက်တော့ ဂျောင်းဝူရော ဂျောင်ဟွမ်းပါ လိုက်ရပ်တာကြောင့် မျက်မှောင် ကြုံ့လိုက်မိသည်။
"ကိုကိုက သူတို့နဲ့ သိနေတာလား။"
ဒိုယောင်းငယ် စကားကြောင့် ဂျွန်ကယူ ခေါင်းသာ ငြိမ့်ပြလိုက်သည်။အနည်းငယ် မျက်နှာ မကောင်းသော ဟာရူတိုကို ဂျွန်ကယူ ဘာမှ မမေးတော့ပဲ နှစ်ယောက်စလုံးကို ကျော်ချလိုက်တော့သည်။
ကင်မ်ဂျွန်ကယူနဲ့ ဟာရူတိုက အချိန်အကြာကြီး အတူရှိခဲ့တယ် ဆိုပေမယ့် ဒိုယောင်းငယ်နဲ့ ဟာရူတို ရှိသည့် အချိန်က ပိုများသည်ထင်ပါရဲ့။
ဂျွန်ကယူဆိုတာ အမြဲနောက်မှာ ကျန်နေခဲ့သည့် မှတ်တိုင်တစ်ခုသာသာပါပဲ။ဖြဲစုတ်ပြီး လွှင့်ပစ်တဲ့ စက္ကူစလေး တစ်စလို ကြေမွနေတဲ့ နှလုံးသားတစ်စုံကိုတော့ ပိုင်ဆိုင်ထားပါသေးတယ်။
"ကင်မ်ဂျွန်ကယူ၊ ခင်ဗျား ဘာဖြစ်နေတာလဲ။"
"အဲ့တာကို ငါက မင်းကို မေးရမယ့် မေးခွန်းထင်တယ်"
မိမိပုခုံးကို ကိုင်လိုက်သော လက်ဖဝါးကို ဖယ်ချလိုက်ရင်း အရှေ့ကနေသာ မြန်မြန်လျှောက်နေမိသည်။ဟာရူတိုဆိုတာ တစ်ကိုယ်ကောင်း သိပ်ဆန်တာ သူသိတာပေါ့။
"ရိန်းရန်နီ ကိစ္စပြီးကတည်းက ခင်ဗျား ကိုယ့်ကို ရှောင်ဖယ်နေတာ မဟုတ်လား။ပြီးတော့ ကိုယ်က အလုပ်များတယ် ။ခင်ဗျားကို အချိန်မပေးလို့ စိတ်ကောက်နေတာလား။"
"အလကားနေတိုင်း စိတ်ကောက်နေတယ်လို့ ထင်တဲ့ မင်းက သိပ်ကို အိုဗာဖြစ်နေပြီ။"
"ကင်မ်ဂျွန်ကယူ"
ဂျွန်ကယူ လေပူတွေကို မှုတ်ထုတ်လိုက်ရင်း ဘတ်စ်ကား မှတ်တိုင်နားမှာ ခြေအစုံကို ရပ်တန့်လိုက်မိတော့သည်။
တကယ်တော့ ဘတ်စ်ကား စီးဖို့အတွက်တော့ မဟုတ်ခဲ့။နှင်းတွေ ကျလာတာကြောင့်ပင်။နှင်းကျလာတာ ကောင်းပေမယ့် ဂျွန်ကယူ့ နှလုံးသားတွေက အေးစက်ကာ ထုံကျင်နေပြီ။
"ဖေဖေက မင်းနဲ့ ဝေးဝေးနေဖို့ ပြောတယ်။"
"အင်း"
"ဒိုယောင်းငယ်ကလည်း မင်းနဲ့ ဝေးဝေးနေတဲ့။"
"အဲ့ဒီ့တော့..."
ဂျွန်ကယူ အေးစက် အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း လမ်းမဆီကို ငေးကြည့်လိုက်မိသည်။
"ငါ့ ဆုံးဖြတ်ချက်ကတော့ မင်းနဲ့ပဲ သက်ဆိုင်တယ် ဟာရူတို။"
"ကိုယ်နဲ့ ဘာမှ မဆိုင်ဘူးလို့တော့ ထင်တယ် ကင်မ်ဂျွန်ကယူ။"
"ငါက မင်းမျက်လုံးထဲမှာ အားနည်းတယ်လို့ ထင်နေတာလား။"
ဂျွန်ကယူ ရဲ့ စိတ်တွေ ထွေပြားနေပါ၏။ဆုံးဖြတ်ချက် မှန်သမျှကို ချမှတ်ပေးသူက ဟာရူတို ဖြစ်တာကြောင့် အခုတစ်ခေါက်လည်း သူ့ကိုပဲ ဆုံးဖြတ်စေချင်တယ်။
"ကိုယ် စေ့စပ်တော့မယ် ကင်မ်ဂျွန်ကယူ"
မထင်မှတ်ထားသည့် စကားတစ်ခွန်းက ရင်ဘတ်တစ်ခုလုံးကို ဓားတွေနဲ့ ခပ်စိတ်စိတ်မွှန်းလိုက်သလိုပင်။လောဘကြီးမိတာ နောက်ဆုံးတော့ နာကျင်ရတာပါပဲ။
"မြန်လိုက်တာ ဟာရူတို။ငါ့ကိုတောင် မိတ်ဆက်မပေးဘူး။"
ဂျွန်ကယူ နှုတ်ခမ်းကို ဖိကိုလိုက်မိသည်။သူ့ဘက်ကသာ တစ်ဖက်သက်အနေနဲ့ ချစ်ခဲ့မိတာပဲ။
"စေ့စပ်တဲ့ နေ့ကျရင် သိရမှာပေါ့။သူ့ကို ကိုယ်က သိပ်သဘောကျတယ်။မင်းလည်း သဘောကျလောက်မယ်နဲ့ တူပါရဲ့။"
ဟန်ဆောင်နေရသည့် မျက်ဝန်းတွေ အောက်က ရေငွေ့တွေဟာ အအေးဒဏ်အောက်မှာ အံတုကာ ပြိုကျလုနီးနီး။
"မင်းသဘောကျရင် ငါသဘောကျမှာပေါ့။"
ဆောက်တည်ရာမဲ့နေတဲ့ စကားလုံးတွေဟာ ဟိုဟိုသည်သည်။ရပ်တန့်သွားတဲ့ ရန်ခုန်သံတွေဟာလည်း ဂယောက်ဂယက်နှင့်။
"ဒါပေမယ့် ငါမင်းကို အခြားသူလက်ထဲကို ထည့်မပေးချင်ဘူး။ငါ့မှာ မင်းပဲ ရှိတာလေ။"
နာကျင်လိုက်တာ။ဂျွန်ကယူ့ကို နာကျင်အောင်လုပ်နိုင်တဲ့သူက ဟာရူတို တစ်ယောက်တည်းပဲ ရှိတာ။အခုတော့ မျှော်လင့်ချက်တွေရော အနာဂတ်တွေပါ မဲ့ကုန်ပြီ။
"ကိုယ်က ခင်ဗျားဘေးမှာ အချိန်တိုင်း ရှိမနေနိုင်ဘူးလေ"
"ငါသိတယ်။နောက်ဆုံး အချိန်ထိ ငါ နားလည်တယ်။ငါ မယုံနိုင်သေးတာ"
မယုံကြည်နိုင်ခြင်းတွေဟာလည်း နှလုံးသားကနေ မြစ်ဖျားခံလာခဲ့တယ်။ကိုယ်က အချစ်တွေ ပေးနေပါလျှက်နှင့် အချစ်တွေ ပြန်မရပဲ လက်လွှတ်လိုက်ရတဲ့ ခံစားချက်က သိပ်ကို နာကျင်ရတာ။
ဟာရူတိုဟာလည်း ဂျွန်ကယူ ဖမ်းဆုပ်မရတဲ့ တိမ်စိုင်ငယ်လေး တစ်ခုလိုပါပဲ။ချစ်နေရက် မြတ်နိုးရက်နဲ့ ကိုင်တွယ်လို့မရတဲ့ စိတ္တဇနာမ်လေးကြောင့် အသည်းကွဲရပြန်ပါပြီ။
ချစ်သူ မရှိပဲနဲ့ အသည်းကွဲရတာလောက် နာကျင်ရတဲ့ ခံစားချက်က ဒီကမ္ဘာမှာ မရှိတော့ဘူး ထင်ပါရဲ့။ကင်မ်ဂျွန်ကယူ မင်းက သိပ်ကို လောဘကြီးတာပဲ။
"တောင်းပန်ပါတယ်"
တောင်းပန်ပါတယ် ဆိုတဲ့ စကားသံနဲ့အတူ ဂျွန်ကယူရဲ့ လေးလံနေတဲ့ စိတ်တွေဟာလည်း လေတွေလိုပဲ ပျောက်ကွယ်သွားပြန်တယ်။
ခံစားရ ခက်လိုက်တာ။အသက်ရှူလို့ မဝတော့ သလိုပဲ။
>>>။
ဆက်ရန်
HMUE
Dec 9/22
(A/N မြန်မြန်သွားနိုင်တုန်းလေး သွားထားရအောင်။နောက်ရက်ကျရင် update က ရှယ်နောက်ကျတော့မှာ။
ကြုံတုန်းလေးပြောခဲ့မယ် ဟာရူတိုက သူ့ကိုကို ကို သိပ်ချစ်တာ<3)
ZAWGYI
"ဒိုေယာင္းငယ္ ၊အျပင္စာေတြက မင္းကို ဗိုက္မျပည့္ေစဘူးေနာ္။"
ဂြၽန္ကယူ စားပြဲေပၚက ေရညႇိထမင္းထုပ္ကို ၾကည့္ရင္း ေျပာလိုက္မိသည္။ဒိုေယာင္းငယ္၏ အစားအေသာက္ကို စီစဥ္ေပးေနတဲ့ ေမေမဟာ ႏိုင္ငံျခားကို အလုပ္ကိစၥနဲ႔ သြားတာေၾကာင့္ ဂ႐ုမစိုက္ႏိုင္။
"ဗိုက္မျပည့္ေပမယ့္ စားလို႔ေကာင္းတယ္ ကိုကို။"
"ဒိုေယာင္းငယ္"
"ဟင္"
ဂြၽန္ကယူ ဒိုေယာင္းငယ္၏ ေဘးဘက္က ကုတင္ေပၚမွာ ထိုင္ခ်လိုက္ရင္း တစ္ခုခုကို ေမးရန္ သက္ျပင္းခ်လိုက္မိ၏။
"မင္း ရိန္းရန္နီ ကို သိလား။ျမစိမ္းေရာင္ မ်က္ဝန္းေတြ႐ွိတယ္ေလ။"
"သိတယ္"
"သိရင္ ကိုကို႔ကို ေျပာျပပါလား။"
ဂြၽန္ကယူ ျပာျပာသဲသဲျဖင့္ ေျပာလိုက္ေတာ့သည္။သူ ရိန္းရန္နီ အေၾကာင္းကို သိခ်င္ေနတာ။အထူးသျဖင့္ ဟာ႐ူတို ဆီက မဟုတ္ပဲနဲ႔။
"သူက အဆိုေတာ္ေလ။ဟာ႐ူတို တို႔ အင္တာတိန္းမန္႔က ပြဲဦးထြက္တာ။ၿပီးေတာ့ ကိုကိုနဲ႔လည္း အရမ္းခင္တယ္။"
"ဘာလို႔ ငါ မမွတ္မိရတာလဲ ဒိုေယာင္းငယ္"
ဂြၽန္ကယူ ဘယ္လိုမွ ေတြးဆ၍ မရႏိုင္။ဘာေၾကာင့္ သတိမရေတာ့တာပါလိမ့္။
"အဲ့တာေတြက ကိုကို အက္ဆီးဒန္႔ မျဖစ္ခင္က အေၾကာင္းေတြ။သိလည္း ကိုကို စိတ္ခ်မ္းသာရမွာ မဟုတ္ဘူး။ကိုကို ေမ့ေနလို႔ အခုလို အရာအားလုံးက အဆင္ေျပေနတာ။"
"ငါေမ့ေနလို႔ အခုလို အဆင္ေျပေနတာ ဟုတ္လား ဒိုေယာင္းငယ္။ဘာေၾကာင့္လဲ ဘာေၾကာင့္မို႔လို႔ အခုလိုေတြ မွားယြင္းေနရတာလဲ ။ ငါလည္း မၾကာခင္ အ႐ူးေထာင္ ေရာက္ေတာ့မယ္နဲ႔တူပါရဲ႕။"
ဂြၽန္ကယူ လက္ႏွစ္ဖက္ျဖင့္ ေခါင္းကို ဖိခ်လိုက္ရင္း ေအာ္ဟစ္ကာ ေျပာလိုက္မိသည္။အ႐ူးတစ္ေယာက္လိုပဲ။ဂြၽန္ကယူဟာ အ႐ူးတစ္ေယာက္လို ခ်ာခ်ာလည္ေနၿပီ။
"ကိုကို သတိထားစမ္း။ကိုကို ဘာျဖစ္လာတာလဲ ကြၽန္ေတာ့္ကို ေျပာစမ္း။"
"ရိန္းရန္နီက ငါ့ကို ကိုကိုလို႔ ေခၚၿပီး ေျပးဖက္တယ္။ၿပီးေတာ့ သူ႕ကို မမွတ္မိလို႔ အျပစ္တင္တယ္။ၿပီးေတာ့ ၿပီးေတာ့ သူ႕လက္ကို ဖန္ကြဲစနဲ႔ လွီးျဖတ္မလို႔ ....။ငါေၾကာက္တယ္။ငါ ေသြးဆိုရင္ အရမ္းေၾကာက္တာ အကုန္သိၾကရက္နဲ႔။အနီေရာင္ေတြ႕ရင္ေတာင္ အသက္႐ႈဖို႔ ခက္ေနတာကို ...။ငါေလ သိပ္ေၾကာက္တာပဲ။ဒီအေၾကာင္းကိုေလ ဟာ႐ူတိုကို ျပန္မေျပာနဲ႔ေနာ္။သူသိရင္ေလ ငါ့ကို ေျပာမွာ။"
မ်က္လုံးေတြက ဂနာမၿငိမ္စြာ ၃၆၀ ဒီဂရီ ျဖစ္ေအာင္ ပတ္လည္ျဖစ္ေန၏။မ်က္ဝန္းေထာင့္က စီးက်လာတဲ့ မ်က္ရည္ေတြကိုလည္း တယုတယသုတ္ေပးသူက ဒိုေယာင္းငယ္။
ဂြၽန္ကယူမွာ ဒီလို နားမလည္ျခင္းမ်ားစြာနဲ႔ အိုမင္းသြားဖို႔ ကံပါလာသလား မေျပာတက္။တကယ္ပါပဲ အရင္လို ျပန္ျဖစ္ခ်င္တယ္။ဒီအတိုင္းေလးပဲ ေမ့ေပ်ာက္ျခင္းေတြ မ႐ွိတဲ့ ေနရာမွာ ေနခ်င္တယ္။
"ကိုကို ၊ကိုကို႔ကို ကြၽန္ေတာ္ တစ္ခုေျပာမယ္။ကိုကို အေသအခ်ာ နားေထာင္ရမယ္။"
"ဘာေျပာမွာလဲ ဒိုေယာင္းငယ္"
"ဟာ႐ူတိုနဲ႔ ေဝးေဝးေန ကိုကို။ကြၽန္ေတာ္ သတိေပးထားရက္နဲ႔ ေဝးေဝးမေနရင္ ကိုကို ခံစားရလိမ့္မယ္။ကိုကိုသိရဲ႕လား ကိုကိုက ဟာ႐ူတိုရဲ႕ ႀကိဳးဆြဲရာ အ႐ုပ္ျဖစ္ေနၿပီဆိုတာကိုေလ"
ဂြၽန္ကယူ ေခါင္းမၿငိမ့္မိ။ဟာ႐ူတိုကို သိပ္ခင္တြယ္တာေၾကာင့္ ေဝးေဝးေနရမယ္ဆိုတာ ထင္သေလာက္ လြယ္ကူမွာ မဟုတ္ေပ။
"ငါ့မွာ ဟာ႐ူတို တစ္ေယာက္ပဲ႐ွိတာကို ဒိုေယာင္းငယ္ သိရက္သားနဲ႔။"
"ကိုကို႔မွာ ကြၽန္ေတာ္ေရာ ေဖေဖေရာ ႐ွိေနတယ္ မဟုတ္ဘူးလား။"
"မတူဘူးဆိုတာ ဒိုေယာင္းငယ္ သိရက္သားနဲ႔။ကိုကိုက ဟာ႐ူတိုကို ခ်စ္တာေလ။သူနဲ႔ အတူတူ အိုမင္းခ်င္တာ။"
ဂြၽန္ကယူ မျဖစ္ႏိုင္တဲ့ စကားတစ္ခြန္းကိုေျပာရင္း ေခါင္းငုံ႔လိုက္မိသည္။ဒါ ဂြၽန္ကယူ႕ ဘက္က ျဖစ္တည္လာတဲ့ ခံစားခ်က္အခ်ိဳ႕ပါပဲ။
"အေတြးေတြ လြဲမွားေနၿပီပဲ ကိုကို။ကိုကို မၾကာခင္ နာက်င္ရေတာ့မယ္။မတားဆီးႏိုင္လို႔ အခုကတည္းက ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ။"
"မင္းေျပာေနတဲ့ စကားေတြကို ငါ တကယ္နားမလည္ႏိုင္ေတာ့ဘူး ဒိုေယာင္းငယ္။"
ဂြၽန္ကယူ သက္ျပင္းသာခ်လိုက္မိသည္။ဒိုေယာင္းငယ္က ဘာအတြက္ေၾကာင့္ အခုလိုေတြေျပာေနရတာပါလိမ့္။ဘာပဲ ျဖစ္ျဖစ္ေပါ့ ဂြၽန္ကယူ အရာရာကို ရင္ဆိုင္ဖို႔ ဆုံးျဖတ္ထားၿပီးသား။
"နားမလည္ႏိုင္လည္း ကြၽန္ေတာ္ ေတာင္းပန္တာကို အသိအမွတ္ျပဳေပး။"
ဂြၽန္ကယူ ရယ္လိုက္မိသည္။ဘာကို ေတာင္းပန္တာမွန္းမသိပဲ အသိအမွတ္ျပဳေပးရမယ္တဲ့။ဂြၽန္ကယူ ေခါင္းမၿငိမ့္သလို ေခါင္းလည္း မခါခဲ့။
စေတာ္ဘယ္ရီလုံးေလးလို အုပ္က်ေနသည့္ ေခါင္းလုံးလုံးေလးကိုသာ တယုတယ ဖြဖြေလးပုတ္ေပးလိုက္ေတာ့သည္။
ဒိုေယာင္းငယ္ကလည္း ဟာ႐ူတိုလိုပဲ တစ္ခုတစ္ခုဆို ၿမိဳသိပ္တတ္တယ္။တစ္ခုခုဆို ႀကိတ္မွိတ္ၿပီး ေျဖ႐ွင္းတက္တယ္။
>>>။
ဧည့္ခန္း တစ္ခုလုံး အပ္က်သံပင္ မၾကားရေအာင္ တိတ္ဆိတ္လြန္းလွပါ၏။ကင္မ္ဒိုဂြၽန္း တစ္ေယာက္ ေခါင္းကို ခါလိုက္ရင္း တစ္ခုခုကို ေျပာဖို႔ အားယူေနရသည္။
"ကင္မ္ဂြၽန္ကယူ မင္းအသက္က မငယ္ေတာ့ဘူး။ အဲ့တာေၾကာင့္ ၿမိဳ႕ေတာ္ဝန္ယြန္းနဲ႔ ေစ့စပ္ေပးဖို႔ စီစဥ္ထားတယ္"
"ေဖေဖ၊ကိုကိုနဲ႔ၿမိဳ႕ေတာ္ဝန္ ယြန္းဆိုရင္ လုံးဝ မျဖစ္ႏိုင္ဘူး ။ကြၽန္ေတာ္ လက္မခံဘူး "
ဒိုေယာင္း ထမင္းစားပြဲကို ဖိခ်လိုက္ရင္း ေျပာလိုက္သည္။ကိုကို႔ကို လုံးဝ အျခားသူဆီကို ထိုးမေပးႏိုင္ပါ။ေနာက္ဆုံး မတက္ႏိုင္တဲ့ အဆုံးမွာေတာင္ ကိုကို႔ကို ဒိုေယာင္းပဲ ေစာင့္ေ႐ွာက္မွာ။
"ကြၽန္ေတာ္က ခ်ိဳ႕ယြင္းခ်က္႐ွိတဲ့ သူ။ၿမိဳ႕ေတာ္ဝန္ ယြန္းနဲ႔ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ကြၽန္ေတာ္ ေျခၿငိမ္ေအာင္ အခုလို အရာေတြနဲ႔ မတုတ္ေႏွာင္ပါနဲ႔ ေဖေဖ။"
ကိုကိုကလည္း ျငင္း႐ွာပါသည္။ကိုကို႔ကို ေစာင့္ေ႐ွာက္ဖို႔ အျခားသူ မလိုအပ္ဘူး။ဒိုေယာင္း ကိုကို႔ကို ေစာင့္ေ႐ွာက္ႏိုင္တယ္။
"အဲ့တာဆိုရင္ ဟာ႐ူတိုနဲ႔ ေဝးေအာင္ေနေလ ကင္မ္ဂြၽန္ကယူ။"
ဂြၽန္ကယူ သက္ျပင္းခ်လိုက္သည္။ႏွစ္ခုတည္းက တစ္ခု ေ႐ြးရမည့္အလုပ္ကို မႏွစ္သက္သူ ပီပီ အခုလည္း ႏွစ္ခုစလုံးကို မေ႐ြးခ်ယ္မိ။
"ဟာ႐ူတိုနဲ႔ ဘာလို႔ ေဝးေဝးေနရမွာလဲ ေဖေဖ။ကြၽန္ေတာ့္ကို ႐ွင္းျပရင္ ကြၽန္ေတာ္ နားလည္ ေလာက္မွာပါ။"
"မင္း သိလို႔ မျဖစ္တဲ့ အရာေတြ အမ်ားႀကီး႐ွိတယ္ ဂြၽန္ကယူ ။ဟာ႐ူတိုဆိုတာ မ်က္စိစုံမွိတ္ၿပီး မယုံသင့္တဲ့သူ အျဖစ္ ထိပ္ဆုံးမွာ ထားသင့္တယ္။"
"ေဖေဖ့ကို စကားကို နားေထာင္လိုက္ပါ ကိုကို"
ဂြၽန္ကယူ နားမလည္ႏိုင္။ဘာအတြက္ေၾကာင့္ ဂြၽန္ကယူကို ဟာ႐ူတိုနဲ႔ ေဝးေဝးေနခိုင္းရတာလဲ။ေကာင္းတဲ့ အေငြ႕အသက္ေတြ ေပ်ာက္႐ွသြားၿပီး သက္ျပင္းကို က်ယ္ေလာင္စြာ ခ်လိုက္မိသည္။
"ကင္မ္ဂြၽန္ကယူက ဘယ္ေနရာမွ ေဘာင္မဝင္သလို၊မိသားစုမွာလည္း ေဘာင္မဝင္ခဲ့ဘူး။"
"ေဘာင္ဝင္ဖို႔ မင္းကိုယ္မင္း အရင္လို ျပန္ျဖစ္ဖို႔ ႀကိဳးစားလိုက္ ကင္မ္ဂြၽန္ကယူ။မင္းကို ကင္မ္ဒိုေယာင္းထက္ ငါပိုၿပီး ေမွ်ာ္လင့္ခဲ့ရတာ။ေနာက္ဆုံး ငါရလိုက္တာက မွတ္ဉာဏ္ အားနည္းတဲ့ မင္းကိုတဲ့"
ကင္မ္ဂြၽန္ကယူ စားလက္စကို ျဖတ္ကာ မ်က္ႏွာကို ေမာ့ခ်ီလိုက္မိသည္။ဘာအတြက္ေၾကာင့္ အခုလိုေတြ ျဖစ္ေနလဲ ဂြၽန္ကယူ မသိေပမယ့္ ဒီလို အေျခအေနကို သိပ္မုန္းတယ္။
"ကြၽန္ေတာ္က ဝဋ္လည္တာနဲ႔ တူပါရဲ႕။ေဖေဖ ေမွ်ာ္လင့္ထားတဲ့အတိုင္း မျဖစ္ခဲ့လို႔ အားနာေပမယ့္ ကြၽန္ေတာ္က ကြၽန္ေတာ့္ ေျခေထာက္ေပၚ ကြၽန္ေတာ္ ရပ္တည္ႏိုင္ေနၿပီ"
ဂြၽန္ကယူ ထိုမွ်သာ ေျပာရင္း ထမင္းဝိုင္းက ထလိုက္မိသည္။ဒိုေယာင္းငယ္ကလည္း တစ္ဆက္တည္းမွာ ထရပ္ေလ၏။
အရာေတာင္ မယြင္းတဲ့ ဒိုေယာင္း၏ ထမင္းပန္းကန္က စားပြဲထက္မွာ ေအးစက္လို႔ ေနေခ်ၿပီ။
"ကင္မ္ဒိုေယာင္း ျပန္ထိုင္စမ္း"
"ေဆာရီး ေဖေဖ ကြၽန္ေတာ္ ဗိုက္မဆာဘူး"
ဂြၽန္ကယူ ဒိုေယာင္း၏ စကားကို နားေထာင္ရင္း အေ႐ွ႕ကေန ထြက္ခြာလိုက္သည္။တကယ္တမ္းေတာ့ ဂြၽန္ကယူဟာ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ဖို႔ ႀကိဳးစားရဦးမည္။
>>>။
Ongredients University
Seoul, South Korea
"အလုပ္သင္ဆင္းမယ့္ ကုမၸဏီ ေ႐ြးၿပီးၿပီလား အစ္ကို။"
"ေ႐ြးၿပီးၿပီ ေဂ်ာင္းဝူ"
ဂြၽန္ကယူ ျပဳံးလိုက္ရင္း ေဘးမွာ ထိုင္ေနေသာ ေဂ်ာင္းဝူကို ေျပာလိုက္ေတာ့သည္။အားလပ္ခ်ိန္တိုင္း ေဂ်ာင္းဝူက အၿမဲတမ္း ဂြၽန္ကယူကို တြယ္ကပ္တက္သည္။
သို႔ေပမယ့္ သူ႕ေဘးက ပါးေဖာင္းေဖာင္းေလးက သိပ္သေဘာမက်သည့္ပုံပင္။
"ကြၽန္ေတာ့္ အေဖရဲ႕ ကုမၸဏီကို လာခဲ့ပါလား ။ 2PARK Group ေလ အစ္ကိုရဲ႕။"
"ဟင့္အင္း ငါ Watanabe Groupကို ေ႐ြးထားၿပီးသားကြ။"
"ဝမ္းနည္းစရာႀကီး။"
ႏႈတ္ခမ္းတြန္႔သြားတဲ့ ေဂ်ာင္းဝူေၾကာင့္ ဂြၽန္ကယူ ဘာမွ မေျပာမိ။အေဝးကေန လွမ္းလာေနသည့္ အရပ္႐ွည္႐ွည္ႏွင့္ လူတစ္ေယာက္ေၾကာင့္ သက္ျပင္းခ်လိုက္မိသည္။
မင္းနဲ႔ ေဝးေဝးေနရမွာလား ဟာ႐ူတို။
"ေနာက္မွ ဝမ္းနည္း ေဂ်ာင္းဝူ။ငါတို႔ရဲ႕ စီနီယာလည္း ေရာက္ေတာ့မယ္ ထင္တယ္။"
"စီနီယာက ဒီေနရာမွာ ခ်ိန္းထားတာကို။"
ဂြၽန္ကယူ ထိုႏွစ္ေယာက္ တြတ္ထိုးေနေသာ စကားမ်ားအရ ဟာ႐ူတို ေဘးမွာ ကပ္ပါလာေသာ ကင္မ္ဒိုေယာင္းေၾကာင့္ သိလိုက္ပါၿပီ။ဒီႏွစ္ေယာက္ရဲ႕ စီနီယာက ဒိုေယာင္းငယ္မ်ားလား။
ဂြၽန္ကယူ ခုံဝိုင္းေလးထဲက ထြက္ကာ မတ္တပ္ရပ္လိုက္ေတာ့ ေဂ်ာင္းဝူေရာ ေဂ်ာင္ဟြမ္းပါ လိုက္ရပ္တာေၾကာင့္ မ်က္ေမွာင္ ၾကဳံ႕လိုက္မိသည္။
"ကိုကိုက သူတို႔နဲ႔ သိေနတာလား။"
ဒိုေယာင္းငယ္ စကားေၾကာင့္ ဂြၽန္ကယူ ေခါင္းသာ ၿငိမ့္ျပလိုက္သည္။အနည္းငယ္ မ်က္ႏွာ မေကာင္းေသာ ဟာ႐ူတိုကို ဂြၽန္ကယူ ဘာမွ မေမးေတာ့ပဲ ႏွစ္ေယာက္စလုံးကို ေက်ာ္ခ်လိုက္ေတာ့သည္။
ကင္မ္ဂြၽန္ကယူနဲ႔ ဟာ႐ူတိုက အခ်ိန္အၾကာႀကီး အတူ႐ွိခဲ့တယ္ ဆိုေပမယ့္ ဒိုေယာင္းငယ္နဲ႔ ဟာ႐ူတို ႐ွိသည့္ အခ်ိန္က ပိုမ်ားသည္ထင္ပါရဲ႕။
ဂြၽန္ကယူဆိုတာ အၿမဲေနာက္မွာ က်န္ေနခဲ့သည့္ မွတ္တိုင္တစ္ခုသာသာပါပဲ။ၿဖဲစုတ္ၿပီး လႊင့္ပစ္တဲ့ စကၠဴစေလး တစ္စလို ေၾကမြေနတဲ့ ႏွလုံးသားတစ္စုံကိုေတာ့ ပိုင္ဆိုင္ထားပါေသးတယ္။
"ကင္မ္ဂြၽန္ကယူ၊ ခင္ဗ်ား ဘာျဖစ္ေနတာလဲ။"
"အဲ့တာကို ငါက မင္းကို ေမးရမယ့္ ေမးခြန္းထင္တယ္"
မိမိပုခုံးကို ကိုင္လိုက္ေသာ လက္ဖဝါးကို ဖယ္ခ်လိုက္ရင္း အေ႐ွ႕ကေနသာ ျမန္ျမန္ေလွ်ာက္ေနမိသည္။ဟာ႐ူတိုဆိုတာ တစ္ကိုယ္ေကာင္း သိပ္ဆန္တာ သူသိတာေပါ့။
"ရိန္းရန္နီ ကိစၥၿပီးကတည္းက ခင္ဗ်ား ကိုယ့္ကို ေ႐ွာင္ဖယ္ေနတာ မဟုတ္လား။ၿပီးေတာ့ ကိုယ္က အလုပ္မ်ားတယ္ ။ခင္ဗ်ားကို အခ်ိန္မေပးလို႔ စိတ္ေကာက္ေနတာလား။"
"အလကားေနတိုင္း စိတ္ေကာက္ေနတယ္လို႔ ထင္တဲ့ မင္းက သိပ္ကို အိုဗာျဖစ္ေနၿပီ။"
"ကင္မ္ဂြၽန္ကယူ"
ဂြၽန္ကယူ ေလပူေတြကို မႈတ္ထုတ္လိုက္ရင္း ဘတ္စ္ကား မွတ္တိုင္နားမွာ ေျခအစုံကို ရပ္တန္႔လိုက္မိေတာ့သည္။
တကယ္ေတာ့ ဘတ္စ္ကား စီးဖို႔အတြက္ေတာ့ မဟုတ္ခဲ့။ႏွင္းေတြ က်လာတာေၾကာင့္ပင္။ႏွင္းက်လာတာ ေကာင္းေပမယ့္ ဂြၽန္ကယူ႕ ႏွလုံးသားေတြက ေအးစက္ကာ ထုံက်င္ေနၿပီ။
"ေဖေဖက မင္းနဲ႔ ေဝးေဝးေနဖို႔ ေျပာတယ္။"
"အင္း"
"ဒိုေယာင္းငယ္ကလည္း မင္းနဲ႔ ေဝးေဝးေနတဲ့။"
"အဲ့ဒီ့ေတာ့..."
ဂြၽန္ကယူ ေအးစက္ အေငြ႕ေတြကို မႈတ္ထုတ္လိုက္ရင္း လမ္းမဆီကို ေငးၾကည့္လိုက္မိသည္။
"ငါ့ ဆုံးျဖတ္ခ်က္ကေတာ့ မင္းနဲ႔ပဲ သက္ဆိုင္တယ္ ဟာ႐ူတို။"
"ကိုယ္နဲ႔ ဘာမွ မဆိုင္ဘူးလို႔ေတာ့ ထင္တယ္ ကင္မ္ဂြၽန္ကယူ။"
"ငါက မင္းမ်က္လုံးထဲမွာ အားနည္းတယ္လို႔ ထင္ေနတာလား။"
ဂြၽန္ကယူ ရဲ႕ စိတ္ေတြ ေထြျပားေနပါ၏။ဆုံးျဖတ္ခ်က္ မွန္သမွ်ကို ခ်မွတ္ေပးသူက ဟာ႐ူတို ျဖစ္တာေၾကာင့္ အခုတစ္ေခါက္လည္း သူ႕ကိုပဲ ဆုံးျဖတ္ေစခ်င္တယ္။
"ကိုယ္ ေစ့စပ္ေတာ့မယ္ ကင္မ္ဂြၽန္ကယူ"
မထင္မွတ္ထားသည့္ စကားတစ္ခြန္းက ရင္ဘတ္တစ္ခုလုံးကို ဓားေတြနဲ႔ ခပ္စိတ္စိတ္မႊန္းလိုက္သလိုပင္။ေလာဘႀကီးမိတာ ေနာက္ဆုံးေတာ့ နာက်င္ရတာပါပဲ။
"ျမန္လိုက္တာ ဟာ႐ူတို။ငါ့ကိုေတာင္ မိတ္ဆက္မေပးဘူး။"
ဂြၽန္ကယူ ႏႈတ္ခမ္းကို ဖိကိုလိုက္မိသည္။သူ႕ဘက္ကသာ တစ္ဖက္သက္အေနနဲ႔ ခ်စ္ခဲ့မိတာပဲ။
"ေစ့စပ္တဲ့ ေန႔က်ရင္ သိရမွာေပါ့။သူ႕ကို ကိုယ္က သိပ္သေဘာက်တယ္။မင္းလည္း သေဘာက်ေလာက္မယ္နဲ႔ တူပါရဲ႕။"
ဟန္ေဆာင္ေနရသည့္ မ်က္ဝန္းေတြ ေအာက္က ေရေငြ႕ေတြဟာ အေအးဒဏ္ေအာက္မွာ အံတုကာ ၿပိဳက်လုနီးနီး။
"မင္းသေဘာက်ရင္ ငါသေဘာက်မွာေပါ့။"
ေဆာက္တည္ရာမဲ့ေနတဲ့ စကားလုံးေတြဟာ ဟိုဟိုသည္သည္။ရပ္တန္႔သြားတဲ့ ရန္ခုန္သံေတြဟာလည္း ဂေယာက္ဂယက္ႏွင့္။
"ဒါေပမယ့္ ငါမင္းကို အျခားသူလက္ထဲကို ထည့္မေပးခ်င္ဘူး။ငါ့မွာ မင္းပဲ ႐ွိတာေလ။"
နာက်င္လိုက္တာ။ဂြၽန္ကယူ႕ကို နာက်င္ေအာင္လုပ္ႏိုင္တဲ့သူက ဟာ႐ူတို တစ္ေယာက္တည္းပဲ ႐ွိတာ။အခုေတာ့ ေမွ်ာ္လင့္ခ်က္ေတြေရာ အနာဂတ္ေတြပါ မဲ့ကုန္ၿပီ။
"ကိုယ္က ခင္ဗ်ားေဘးမွာ အခ်ိန္တိုင္း ႐ွိမေနႏိုင္ဘူးေလ"
"ငါသိတယ္။ေနာက္ဆုံး အခ်ိန္ထိ ငါ နားလည္တယ္။ငါ မယုံႏိုင္ေသးတာ"
မယုံၾကည္ႏိုင္ျခင္းေတြဟာလည္း ႏွလုံးသားကေန ျမစ္ဖ်ားခံလာခဲ့တယ္။ကိုယ္က အခ်စ္ေတြ ေပးေနပါလွ်က္ႏွင့္ အခ်စ္ေတြ ျပန္မရပဲ လက္လႊတ္လိုက္ရတဲ့ ခံစားခ်က္က သိပ္ကို နာက်င္ရတာ။
ဟာ႐ူတိုဟာလည္း ဂြၽန္ကယူ ဖမ္းဆုပ္မရတဲ့ တိမ္စိုင္ငယ္ေလး တစ္ခုလိုပါပဲ။ခ်စ္ေနရက္ ျမတ္ႏိုးရက္နဲ႔ ကိုင္တြယ္လို႔မရတဲ့ စိတၱဇနာမ္ေလးေၾကာင့္ အသည္းကြဲရျပန္ပါၿပီ။
ခ်စ္သူ မ႐ွိပဲနဲ႔ အသည္းကြဲရတာေလာက္ နာက်င္ရတဲ့ ခံစားခ်က္က ဒီကမ႓ာမွာ မ႐ွိေတာ့ဘူး ထင္ပါရဲ႕။ကင္မ္ဂြၽန္ကယူ မင္းက သိပ္ကို ေလာဘႀကီးတာပဲ။
"ေတာင္းပန္ပါတယ္"
ေတာင္းပန္ပါတယ္ ဆိုတဲ့ စကားသံနဲ႔အတူ ဂြၽန္ကယူရဲ႕ ေလးလံေနတဲ့ စိတ္ေတြဟာလည္း ေလေတြလိုပဲ ေပ်ာက္ကြယ္သြားျပန္တယ္။
ခံစားရ ခက္လိုက္တာ။အသက္႐ွဴလို႔ မဝေတာ့ သလိုပဲ။
>>>။
ဆက္ရန္
HMUE
Dec 9/22
(A/N ျမန္ျမန္သြားႏိုင္တုန္းေလး သြားထားရေအာင္။ေနာက္ရက္က်ရင္ update က ႐ွယ္ေနာက္က်ေတာ့မွာ။
ၾကဳံတုန္းေလးေျပာခဲ့မယ္ ဟာ႐ူတိုက သူ႕ကိုကို ကို သိပ္ခ်စ္တာ<3)