အေဗလင် ဆွဲထားတဲ့ ပန်းချီကားကို Lotus killer's art ဆိုပြီး လေလံ တင်လိုက်တာ billion နဲ့ ချီပြီး ကို ရောင်းထွက်သွားခဲ့သော်လည်း ပြင်သစ်အစိုးရက လူသတ်သမားကို အားပေးအားမြှောက် ပြုသည် ဆိုသော ပုဒ်မနဲ့ ပန်းချီကားကို နိုင်ငံတော် ပိုင် အဖြစ် ပြန်သိမ်းကာ ပြတိုက်ကို လှူလိုက်သည်။
နိုင်ငံတကာက Lotus killer ကို ပထမဆုံး အာရုံစိုက်လာကြတာ ဒီပန်းချီကားကြောင့် ဖြစ်သည်။
Lotus killer သတ်လောက်အောင်ထိ အေဗလင် ဘာများ သွားရှုပ်ခဲ့ပါသနည်း။ဘယ်သူမှ ရေရေရာရာ တပ်အပ် မပြောနိုင်။
++++
ခမ်းနော့ဝ် နန်းနွယ်အခန်း ကို တစ်ချက်ရှိုးလိုက်သည်။
ကိုးနောင်က ကလေးတွေနဲ့ ကြက်ပျံ ဝက်ပျံ ဆော့ပေးနေသည်။
ကိုးနွယ်က စိတ်မပါသော်လည်း သူ့ အစ်မ ဆော့ခိုင်း၍ မတတ်သာကာ ဆော့ပေးနေရဟန်။
Ok. . .အားလုံး clear။
တတိယထပ်က ကိုးနောင်ရဲ့ အလုပ်ခန်းကို သွားလိုက်သည်။ကျွန်းတံခါးမကြီးကို ဖြည်းဖြည်းလေး ဖွင့်ကာ နံရံပေါ်က ခလုတ်နီနီလေးများကို လိုက်ရှာမိ၏။
သို့သော် ခလုတ်နီတွေ မရှိတော့ပေ။
ခမ်းနော့ဝ် ဇဝေဇဝါဖြစ်သွားသည်။
ခမ်းနော့ဝ် လျှို့ဝှက်ခန်းထဲ ဝင်လာတာ ကိုးနောင် သိများ သွားလေသလား။
ခမ်းနော့ဝ် အခန်းထဲ မှာ ရှိတဲ့ စာအုပ်စင်ကြီးငါးစင် ကို မွှေရှာလိုက်သည်။
စင်ကြီးတွေ အားလုံးက အကန့် သုံးကန့် စီ ရှိသည်။ပထမ ဆုံး အကန့် အားလုံး တွေ မှာ ဗုဒ္ဓကျမ်းဂန်တွေ တန်းစီပြီး ထားထားသည်။မဟာ ဗုဒ္ဓဝင်ကျမ်းစ ဆုံး ၊လူသေ လူဖြစ် ကျမ်း၊ဝိပဿနာရှူနည်း ကျမ်း၊ပြီး ပိဋိကတ် သုံးပုံနှင့် ဆရာတော် ဘုရားကြီးတွေရဲ့ အတ္ထုပ္ပတ်တိ ကျမ်းဂန်တွေ။
ဘုန်းကြီးကျောင်းထက်တောင် စုံသေး၏။
ဒုတိယ အကန့်မှာကျ သမ္မာကျမ်း စာအုပ်တွေ။တတိယအကန့်မှာကျ ကိုရ်ရကျမ်း စာအုပ်တွေ။
တစ်ဆိတ် ကိုးနောင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်နေတာလား။
ခမ်းနော့ဝ် က တစ်အုပ်ချင်းစီ လျှောက်ရှာ ကြည့်သည်။တစ်ခု ခု တော့ သေချာပေါက် ရှာတွေ့ လောက်သည်။
ဒုတိယ အကန့်ရဲ့ အလယ်လောက်မှာ ဖိုင်တွဲ တစ်တွဲ။ဖွင့်ကြည့်တော့ ဪ. . . ဓာတ်ပုံတွေပဲ။
ကိုးနောင် England မှာ တက္ကသိုလ်တက်နေတုံးက ပုံတွေ။
ခမ်းနော့ဝ် ပြုံးလိုက်သည်။ဒီလို ပုံတွေက ရှားရှားပါးပါး တွေ့ရခဲသည်။
စာသင်ခန်းထဲ မှာထိုင်ပြီး ဘောပင်ကိုက်နေတဲ့ပုံတောင် ပါသေးသည်။
အိုမို. . အိုမို. . ငါ့ယောက်ျား တယ် ခရုတီ နေပါလား။
ပုံတွေက အများကြီး ဖြစ်သည်။
ကိုးနောင် အိပ်နေတဲ့ပုံတွေကော၊ကော်ဖီ သောက်နေတဲ့ပုံတွေကော၊အီဖယ်တာဝါကို ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံရိုက်နေတဲ့ ပုံတွေကော။
နောက်တစ်ခါကျ ကိုးနောင်က ဖင်တုံးလုံးနဲ့ ဘောင်းဘီ လဲနေတဲ့ ပုံတွေ။ရေချိုးနေတဲ့ပုံတွေ။
ကိုးနောင် ဘာလို့ သူ့ ပုံ သူ ပြန်ရိုက်နေပါလိမ့်။
ခမ်းနော့ဝ် ကြာကြာ မစဉ်စားပါ။ကိုးနောင်က နဂိုကတည်းက ဂေါက်သီး ဖြစ်သည်။သူ့ ရုပ်သူ ပြန်ကြွေ နေလို့ နေမှာပေါ့။
သို့သော် ကိုးနောင် အိမ်သာ ထဲမှာ သေးပေါက်နေတဲ့ ပုံကို တွေ့လိုက်ရစဉ်
ခမ်းနော့ဝ်မှာ ဒီပုံတွေဟာ ကိုးနောင်
ကိုယ့် ဘာ သာ ရိုက်ထားသော ပုံတွေ မဟုတ်ဘဲ သူများ ချောင်းရိုက်ထားသော ပုံတွေ ဖြစ်ကြောင်း သိလိုက်ရသည်။
ကျစ်. . . စိတ်ထဲ ဘဝင် မကျတော့ပေ။တစ်ကိုယ်လုံး မပြောနဲ့၊ မခို့တရို့ပေါ်သွားတဲ့ ခြေသလုံးလေးတောင် သူ များ ကြည့်ရင် သဝန်တိုလွန်းလို့ သေတော့မည်။
ဖိုင်ရဲ့ နောက်ဆုံး ဘက်မှာ ပြင်သစ် လိုလား
စပိန်လိုလား မသိ ရေးထားသော စာတွေ။ ခမ်းနော့ဝ် ဖုန်းနဲ့ ဓာတ်ပုံ ရိုက်လိုက်သည်။Googleမှာ ရှာရမည်။
ဖိုင်ကို နေရာတကျ ပြန်ထားပြီး ဆက်ရှာသည်။
တတိယ အကန့်က နောက်ဆုံး အကန့်တွင် ကိုးနောင် ဆယ်တန်းတုံးက လွယ်အိတ်လေး ပြန်တွေ့သည်။
ဆယ်တန်းတုံးက ခဏ ခဏ ငှားခဲ့ဖူးတဲ့ သင်္ချာစာအုပ်လေးကို တွေ့တော့ ငယ်က အငွေ့အသက်တွေ လွှမ်းခြုံလာရသည်။
ဆွဲထုတ်လိုက်တော့ သင်္ချာစာအုပ်နဲ့ အတူ စာအုပ်ပါးလေး တစ်အုပ် ထွက်ကျလာသည်။
ဒီစာအုပ်။
"သတ်ရန် ဆိုတဲ့ ခေါင်းစဉ်အောက် အဖေ၊ဒေါက်တာ၊နဂါးနက်၊ပေါက်ဖော်" လို့ ရေးထားတဲ့ စာအုပ်။
(A/N အပိုင်း5 မှာ ပါ ပါတယ် မမှတ်မိ ပြန်ကြည့်ပါ )
ခု ပြန်တွေ့လိုက်ရစဉ်မူ 'အဖေ' ကို ကော်ရရှင် နဲ့ ဖျက်ထားသည်။'ဒေါက်တာ၊နဂါးနက်၊ပေါက်ဖော်' ကိုကျ အမှန်ခြစ်တွေ ခြစ်ထားကာ 'Done' ဟု ရေးထားသည်။
အောက်က လက်ရေးဆက်တွေနဲ့ English လို ရေးထားပြန်သည်။ဖတ်မရ၊ဝါးနေပြီ။
နောက်တစ်မျက်နှာမှာမူ ဓာတ်ပုံတစ်ပုံကို စာမျက်နှာ အပြည့် ကပ်ထားသည်။လူတစ်ယောက် ပြုံးနေတဲ့ပုံ။
သို့သော် အဲ့ ဓာတ်ပုံကို တစ်ခုခုနဲ့ အပိုင်းပိုင်း ခြစ်ထားသဖြင့် အပေါ်ပိုင်းက ပျက်စီးကာ သွားဖြူဖြူတွေ ပဲ မြင်ရလေသည်
ပုံရဲ့ အောက်ခြေမှာ Sai ဆိုပြီး လက်မှတ်ထိုးထားသည်။
ဉာဏ်ကိုးနောင် နဲ့ တွေ့မှပဲ ခမ်းနော့ဝ်မှာ စုံထောက် စိတ်ပင် ပေါက်လာရသည်။
ဉာဏ်ကိုးနောင်သည် လျှို့ဝှက်ချက် များလွန်းသောသူ ဖြစ်သည်။
"ဘာလုပ်နေတာလဲ"
ကိုးနောင်က တံခါးဝကို မှီပြီး လက်ပိုက်ကာ ကြည့်နေသည်။
ခမ်းနော့ဝ်က ဟီး ခနဲ တစ်ချက် ရယ်ပြလိုက်သည်။ဘာလုပ်နေတာလဲ ဆိုသော မေခွန်းကို ဖြေဆိုရန် သူ့ထံ ခိုင်ခံ့သော အဖြေ မရှိ။
"အမ်း ငါ. . .ငါရဲ့ ဇာတ်ကားခွေ ရှာနေတာ ဟီး ဟီး. . ."
"ဘာကားလဲ"
"ကိုရီးယားကား ထင်တာပဲ"
"ဇာတ်ကား နာမည်က "
"ဇာတ်ကား နာမည်က အမ်း အင်း romance ကား romance ကား တော့ သိတယ် ဪ. . . F4 . . . F4 ကား ရှာနေတာ. . . မကြည့်ရတာ ကြာလို့လေ. . "
"ဪ. . .fbက ရှာလည်း ရနေတာပဲ အပင်ပန်းခံနေတယ်"
"မရဘူး မရဘူး ငါက TVနဲ့ပဲ ကြည့်ချင်တာ"
"ဖုန်းနဲ့ TVနဲ့ကို join ပြီး ကြည့်ပေါ့"
"အောက်စက်ကိုပဲ ခွေထိုး ကြည့်ချင်တာ. . .ခွေလေး ရှာမိပါတယ် ငါ့ကို ပုလိပ်စစ် စစ်နေသလိုပဲ တော်ပြီ"
"ခွေလိုချင် ခွေ ဆိုင် သွားပေါ့. . ."
"မသွားချင်လို့ပေါ့"
ကိုးနောင်က ခမ်းနော့ဝ် ဆီ ရောက်လာကာ လက်ထဲက စာအုပ်ပါးကို စွေ့ကနဲ ဆွဲယူသွားသည်။
ခမ်းနော့ဝ်က ခြေဖျားထောက်လိုက်ကာ ကိုးနောင် လက်ထဲက စာအုပ်ကို မမှီမကန်း ညွှန်ပြလိုက်ရင်း
"အဲ့ ဓာတ်ပုံက ဘယ်သူလဲ Sai လို့လည်း လက်မှတ် ထိုးထားသေးတယ်. . .ဧကန်န ငါ့ ပုံကို တိတ်တိတ်လေး သိမ်းထားတာလား. . ."
"ခမ်းနော့ဝ် ပုံ ဆိုမှ တော့ ဒီလို ဓားနဲ့ ခြစ်ပါ့မလား. . .ကိုယ်က မကျေနပ်တဲ့ သူတွေရဲ့ ပုံကို အဲ့လိုပဲ ဖျက်ထားတတ်တယ်. . . "
ကိုးနောင် ရယ်လိုက်ပြီး စာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်၊လွယ်အိတ်ကို ပြန်သိမ်းသည်။
"ကလေးတွေကော"
"စာကျက်နေတယ် "
ကိုးနောင်က နီညိုရောင် ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်ပြီး MacBook ကို ဖွင့်လိုက်သည်။ဆံပင် နောင်လှန်သိမ်းကာ မျက်မှန်တပ်ထား၍ ကိုးနောင်က လူကြီးလေးလို။
နေဦး. . .ကိုးနောင်က လူကြီးပဲလေ။
ခမ်းနော့ဝ် ကိုးနောင့် Macbook screen ကို ထောက်လှမ်းရေး လုပ်လိုက်တော့ F4 ကား။ဂူဂျွန်ဖြိုးရဲ့ ဆံပင် လိမ်ကောက်ကောက်က screen ပေါ်မှာ အခန့်သား။ကိုးနောင်က သူ့ကို F4ကား ရှာပေးနေတာလား။
"ရပြီ. . . F4 ကား . . .ကိုယ် ခမ်းနော့ဝ် ဖုန်းထဲ လှမ်းပို့လိုက်ပြီ"
'တောင်' ဆိုသည့် အသံလေးနဲ့ ခမ်းနော့ဝ် ဖုန်းထဲ 'Baby Coe sent you massage' ဆိုပြီး Noti တက်လာသည်။
"Baby Coe . . . ကိုယ့်ကို လား. . ."
ကိုးနောင် က သူ့ကို သူ လက်ညှိုး ညွှန်လျက်။
ပြီးတော့ တဖြည်းဖြည်း ပြုံးလိုက်ကာ ဆိုဖာ ပေါ်ကို နောက်မှီ၍ အူလှိုက်သည်းလှိုက် ရယ်တော့သည်။
"ရား အူးဝါး . . . ဆက်ရယ်နေရင် nickname ပြောင်းပစ်မှာနော်. . ."
ကိုးနောင်က မျက်နှာပိုးသတ်ကာ
"မပြောင်းနဲ့ ချစ်စရာလေး . . .ကိုယ့် ကို မင်းပဲ Baby Coeလို့ ခေါ်တယ်. . .ဟား ဟား ဟ့"
"ရယ်နေလိုက် အူပြတ်ပြီး သေတော့မှာ. . ."
"မသေဘူး. . .ကိုယ်က စူပါမန်းလေ. . ."
"အတွင်းခံကို အပြင်ထုတ်ဝတ်တဲ့ ကောင်ဇိုးလေး ကိုးပေါ့ . . .တော်ပြီကွာ သွားတော့မယ် မင်းနဲ့ မနေတော့ဘူး. . . "
ခမ်းနော့ဝ်က မတ်တပ်ရပ်ကာ အင်္ကျီကို ခါပြီး ထွက်သွားတော့ ကိုးနောင်က ခမ်းနော့ဝ် ခါးကို စွေ့ကနဲ ပွေ့ချီကာ ဆိုဖာပေါ် ပြန်လှဲချပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းသည်။ကိုးနောင် ရင်ဘတ်နဲ့ ခမ်းနော့ဝ် ကျောလေး က လေတိုးမရအောင် ပူးကပ်နေလျက်။ကိုးနောင်က ခမ်းနော့ဝ် ပုခုံးကို မေး တင်လိုက်ပြီး
"ခန္ဓာကိုယ် သေးသေးလေးနဲ့ ဒေါသအရမ်းကြီးတာပဲ. . ."
ခမ်းနော့ဝ်ကို တင်းကြပ်နေအောင် ဖက်တော့ ကိုးနောင် ရင်ခွင်ထဲ ခမ်းနော့ဝ် မြှုပ်နေသည်။
"ကိုယ် မင်းကို ရတာ အရမ်း ကံကောင်းတာပဲ. . ."
" အရက်မူးနေတာလား. . ."
"မူးပါဘူးဗျာ. . .ကိုယ့်အရင်ဘဝက ကောင်းမှုကုသိုလ်ပိစိလေး ရှိလို့ ခမ်းနော့ဝ်အချစ်ကို ရတာလား မသိဘူး. . ."
"မင်း မမူးတာ သေချာပါတယ်နော်. . ."
"မမူးပါဘူးဆို. . .အကောင်း ပြောနေတဲ့ဟာ ဖြတ်မပြောနဲ့ ဖီးလ် ငုတ်တယ်. . .Baby Coe
စကားပြောနေရင် ဖြတ်မပြောရဘူး"
ကိုးနောင်က သူပေးထားတဲ့ Nickname ကို အတော် သဘောကျနေဟန်။သူ့ ကိုသူ Baby Coe လို့တောင် ပြောင် ပြီး နာမ်စားသုံးနေသေး၏။
"ဟုတ် ဟုတ်. . ."
"တော်ပြီ ပြောတော့ဘူး အကိုစိုင်းဆိုင်ခမ်းနော့ဝ်က ကျွန်တော်ကို ဆို အရမ်း အနိုင်ကျင့်တာပဲ. . ."
ကိုးနောင်က ဟွန့်ကနဲ ချစ်စဖွယ် နှာမှုတ်လိုက်ကာ ပြောသည်။ပြီး ခမ်းနော့ဝ် ဂုတ်ပိုးကို ကုန်းကိုက်လိုက်ကာ
"မကျေနပ်လို့ လက်စားချေတာ. . .ဘာဖြစ်ချင်လဲ ပြော အဟွန့်. . . "
"အတော် ထိန်းမနိုင် သိမ်းမနိုင် အူမြူးနေတာပဲ"
"ဟုတ်တယ် ကိုယ်နေ့တိုင်း အူမြူးနေတာ အရမ်းပျော်လို့. . . အရမ်း အရမ်း ကို ပျော်နေလို့ . . ပျော်လွန်းလို့ ထီ ငါးထောင် ဖိုး ထိုးခဲ့သေးတယ် . . . ခမ်းနော့ဝ် ကိုယ့် ကို တကယ်ချစ်ရိုး မှန်ရင် ထီပေါက်ပါစေ လို့ သစ္စာဆိုခဲ့တာ. . ."
ကိုးနောင်က လက်ငါးချောင်း ထောင်ပြသည်။
"ထီ မပေါက်ရင် ငါတော့ သွားပြီ"
"သွားပါနဲ့ ကိုယ်နဲ့ပဲ နေ. . . ကိုယ့် ကို ဆက် ချစ်ပေးတာ ကျေးဇူးတင်ပါတယ်. . .ပြီးတော့ ကိုယ့်ကို ပျော်စရာကောင်းတဲ့ မိသားစုလေး ဖန်တီး ပေးလို့ အရမ်း ကျေးဇူးတင်တာပဲ. . ."
ရုတ်တရက် ကိုးနောင်က အတည်ပေါက်ကြီး ဆိုလာသောအခါ ခမ်းနော့ဝ် ရင်ထဲ အနွေးစီးကြောင်းလေး ဖြတ်စီးသွားသည်။
"မင်းကလည်း ရုတ်တရက်ကြီး ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး. . . ကျေးဇူးတင်စရာ မလိုပါဘူး အချစ်ဆိုတာ ဒီလိုပဲ. . . အကယ်၍ တစ်လောကလုံးက မှန်ပြီး မင်းက မှားနေရင်တောင် ငါ့အတွက် မင်း မှားပုံ မှားနည်းက မှန်တယ်. . .ဘာလို့လဲ ဆိုတော့ ငါ မင်းကို အရမ်း ချစ်လို့ပေါ့. . ."
အချစ်သည် လူကို မျက်ကန်းဖြစ်စေသည်။
အချစ်သည် အမှားကို အမှန်ဖြစ်အောင် လှည့်စားနိုင်သည်။
ပထမ ခမ်းနော့ဝ်သည် အနှီဉာဏ်ကိုးနောင် ဆိုသော စက်စက်ယိုအောင် တစ်မူထူး လှလွန်းတဲ့ ပုဂ္ဂိုလ်ကြီးကို ပုထုဇဉ် ပီပီ လိုချင် တက်မက်စိတ်နဲ့ ချစ်ခဲ့မိသည်။
သို့သော် တဟုန်းဟုန်း ကျွမ်းလောင်နေသော ရာဂမီးများသည် အချိန်တစ်ခုရောက်သောအခါ ရှဲခနဲ ငြိမ်းသွားပြီး ခံစားချက် အသစ်တစ်ခု ပေါ်လာသည်။ထိုခံစားချက်မှာ အတ္တတွေလည်း မရှိ၊ညစ်ထွေးလွန်းတဲ့ ရာဂတွေလည်း မရှိ၊ဒီ အတိုင်းအေးမြလွန်းသော မေတ္တာ သည်သာ ဖြစ်၏။
ထိုမေတ္တာ ယှဉ်လာသော အခါ ကိုးနောင်ကို လှလို့ ချစ်တာ မဟုတ်တော့ပေ။ဒီအတိုင်း ကိုးနောင်ရဲ့ ဖြစ်တည်မှုကိုသာ မြတ်နိုးမိလေသည်။ဉာဏ်ကိုးနောင်ကို ဉာဏ်ကိုးနောင် မလို့ကို ချစ်ရပါ၏။
ကိုးနောင်သည် လှသည်။ချစ်သောအခါ ပို၍ လှလေသည်။
ဘာလုပ် လုပ် လှနေသည်။
ထိုင်နေလည်း လှသည်။ထနေလည်း လှသည်။မျက်တောင်လေး ခတ်လိုက်လည်းလှသည်။ပြုံးလိုက်လည်း လှသည်။ခပ်တည်တည် နေလည်း လှသည်။ခေါင်းလေး စောင်းလိုက်လည်း လှသည်။ခေါင်း လေး ပင့်လိုက်လည်း လှသည်။လက်လေး မြှောက်လိုက်လည်း လှသည်။ခြေထောက်လေး ချိတ်လိုက်လည်း လှသည်။
အို. . .နောက်ဆုံး ကိုးနောင်ရဲ့ ချီးသေး ကစ လှလေသည်။
ထိုစဉ် အနောက်က ရှိုက်သံ တစ်ချက် ကြားလို့ လှည့် ကြည့်လိုက်ရာ ကိုးနောင် မျက်ခမ်းစပ်တွေ နီနေ၏။မျက်တောင်ရှည်ကြီး တွေက စိုစွတ်နေသည်။
"ဟ့ ဟ့ ဉာဏ်ကိုးနောင် မင်း ငိုနေတာလား ဟ . . .အယ်ဗျာ တကယ်ကြီး ငိုနေတာပဲ. . ."
"မငိုပါဘူးဆို. . .သွား လာ မကြည့်နဲ့ ရှက်တယ်"
"ခစ် ခစ် ခစ် ကိုးနောင် ငါ တော်ကီ ကောင်းတယ်မလား ဟိ ဟိ. . ."
"ကောင်းတယ်"
ကိုးနောင် ခမ်းနော့ဝ်ကို တင်းကြပ် နေအောင် ဖက်လိုက်သည်။
ခမ်းနော့ဝ် အသက်ရှူကြပ်သွားတာကြောင့်
" ငါ့ကို သေအောင် သတ်နေတာလား!. . ."
ဖြေသံ မကြားလို့ လှည့်လိုက်တော့ ကိုးနောင်က မျက်လွှာချပြီး ခပ်တိုးတိုး လေသံနဲ့
"ကိုယ် မင်းကို ဘယ်တော့မှ မသတ်ဘူး ဘယ်တော့မှပဲ. . . ကိုယ် သာ အသေခံလိုက်မယ်. . .မင်းကို ဘယ်သူမှ မထိရဘူး"
ခမ်းနော့ဝ် ရင်ထဲ ဒိန်းကနဲ အလုံးကြီး ဆောင့်တက်သွား၏။
"ကိုယ် ကတိပေးတယ်. . ."
"ကိုးနောင်. . ဟေ့. . . ငါက စတာပါကွာ. . ."
"စနဲ့"
"စဘူး စဘူး . . .ငါတို့ F4 ကား အတူ ကြည့်ကြမလား. . . "
ခမ်းနော့ဝ်က စကား လမ်းကြောင်း လွှဲလိုက်သည်။
ကိုးနောင်က MacBook ကို ဖွင့်လိုက်သည်။ခမ်းနော့ဝ် က ကိုးနောင် ပေါင်ပေါ် ဇိမ်လေးနဲ့ လှဲ အိပ်လိုက်သည်။
"ကိုးနောင် မင်း အဲ့ Profile ကြီး ခုထိ မပြောင်းသေးဘူးလား "
ကိုးနောင် psychoမှန်း 16နှစ် လုံး လုံး ခမ်းနော့ဝ် မရိပ်မိခဲ့သည့် အကြောင်းရင်းများစွာထဲဝယ် ကိုးနောင်ရဲ့ ပေါတောတော အူကြောင်ကြောင် လုပ်ရပ်တွေ ကြောင့် လည်း ပါ၏။
ခမ်းနော့ဝ်က 12ရာသီ စခွီ ထနေတဲ့ type ဖြစ်သည်။သူ့နဲ့ ပေါင်းတာများပြီး ကိုးနောင်ပါ စခွီဓာတ်ကူးသွားတာလားတော့မသိ။
ကိုးနောင်က အေးတိအေးစက် နိုင်ကာ စကားနည်းသလောက် တစ်ခါတစ်လေကျလည်း ပေါတောတော နိုင်သည်။သို့သော် ဒါသည် ခမ်းနော့ဝ်နဲ့သာ ဖြစ်ကြောင်း ကိုးနောင်
မပြောပြလည်း ခမ်းနော့ဝ် သိပါ၏။
ခမ်းနော့ဝ် နဲ့ ကိုးနောင် ညအိပ် ခရီးထွက်ရတိုင်း ခမ်းနော့ဝ် က ကိုးနောင်ကို
"ကား အကြာကြီး စီးရမှာမို့ တွေ့ကရာ အကုန်မစား နဲ့လို့ " ဟု အထပ်ထပ်အခါခါ မှာသည်။
သို့သော် ကိုးနောင်က ကားမထွက်ခင်ကတည်းက
"ဇီးသီးသည် အဒေါ်ကြီး ခဏလောက်"
"ပြောင်းဖူးသည် ညီလေး လာဦး "
"မြေပဲပြုတ်သည် "၊"ချဉ်ပေါင်းသည်" စုံစိနေအောင် ခေါ်၏။အသည် မမြင်မှာစိုးလို့ နဂိုရှည်တဲ့ ကလန်ကလား အရပ်ကို ခြေဖျားထောက်ကာ လက်လေး တယပ်ယပ်နဲ့ ခေါ်နေသည်။
ခမ်းနော့ဝ် မျက်စောင်းထိုးကြည့်လျှင် မျက်လွှာလေး ချကာ မုန့်လေးကို မြုံစိ မြုံစိ စားနေသည်။လစ်ရင်တော့ ပြောင်းဖူးကို အလုံးလိုက် ဆတ်ကနဲ ကိုက်စားသည်။
ပြီး ကားပေါ် ရောက်လို့ နာရီ အနည်းငယ်ကြာ
"ခမ်းနော့ဝ် ကိုယ် ချီးပါချင်လာပြီ ထွက်ကျတော့မယ် မရတော့ဘူး"
"ငါ ပြောတယ်လေ အသားကုန် မျိုစို့မနေနဲ့လို့"
ဆူလိုက်တော့ မျက်မှောင် ကုတ်သွားသည်။
မတတ်သာသည့် အဆုံး
"ကားဆရာ ရေ ခဏ ခဏ ကျွန်တော့် အမျိုးသား ဝမ်းသွားချင်နေလို့" ဟု အားနာပါးနာ သွားပြောပေးရသည်။ကားထဲက လူတွေ က ပြုံးစိစိ။
ပြီး အဲ့လိုတွေ ဖြစ်မှာစိုးလို့ ခရီးသွားရင် ဘာမှ ဝယ်မစားခိုင်းရင်လည်း ကား ထွက်ပြီး 15မိနစ် မပြည့်သေး 'ကိုယ် ဗိုက်ဆာတယ် ' ဆိုပြီး ဂျစ်တိုက်ပြန်သည်။
"အဲ့တာ ငါက ဘယ်လို လုပ်ပေးရမှာလဲဟာ. . . မင်း ဆာ တတ်ရင် မုန့်ဝယ်ထားပေါ့"
"ခမ်းနော့ဝ်ပဲ မဝယ်ရဘူးဆိုပြီးတော့"
မျက်နှာငယ်လေးနဲ့ ကားပြတင်းမှန်ကို ခေါင်း မှီနေသည်။
ကျစ်. . .ဒီ ယောက်ျားနဲ့။
ဘေးက ကလေးလေး ဆီ ခမ်းနော့ဝ် မျက်နှာချိုသွေးကာ
"သမီး မုန့်လေး ဦးကို ကျွေးပါလား"
ကောင်မလေးက ငိုတော့မယ့် မျက်နှာဖြစ်သွားသည်။
ခမ်းနော့ဝ်က တစ်ထောင်တန် တစ်ရွက် ထုတ်ပေးလိုက်သည်။
"မုန့်ဖိုး ပေးမယ်လေနော် မုန့်လေးပေး"
ခက်ခက်ခဲခဲ တစ်ရာတန်မုန့်ကို တစ်ထောင် ပေးဝယ်ပြီး သကာလ ကိုးနောင်ကို ပေးလိုက်ရာ မုန့်ကို ချက်ချင်း ဖောက်ပြီး နတ်သုဒ္ဓါလို အားရပါးရ စားလေသည်။
"ဪ ဖြစ်ရလေ တော်တော် ဗိုက်ဆာနေတာပဲ ရော့ ရေလေးနဲ့ မျှောသောက် . . . ခဏ ကြာရင် မိတ္ထီလာမှာ ကားခဏ ရပ်လိမ့်မယ်. . .အဲ့ကျမှ အဝတီးတော့ . . ."
"အွန်း"
စားပြီးသောအခါ ခမ်းနော့ဝ် ဘက်ကို လှည့်လာကာ ဟီးခနဲ ရယ်ပြသည်။နောက် 'ကိုယ် ဗိုက်ဝ သွားပြီ' ဆိုပြီး ပြောကာ ခမ်းနော့ဝ်လက်လေးကိုဆွဲ ပါးမှာကပ်၍ တစ်ချိုးတည်း အိပ်တော့သည်။
နောက်ပိုင်းဆေးစစ်ကြည့်မှ ကိုးနောင်က အစာအိမ်ရောဂါ ရှိကြောင်း တွေ့ရသည်။အဆာ လုံးဝ မခံပေ။ဗိုက်ဆာရင် လက်တွေ တုန်လာတတ်သည်။
ခမ်းနော့ဝ်နဲ့ ကိုးနောင်နဲ့ ပေါင်းလာတဲ့ 8နှစ်တာ သက်တမ်း အတွင်းမှာ ကိုးနောင်ရဲ့ မျက်နှာမျိုးစုံကို ခမ်းနော့ဝ် မြင်တွေ့ခဲ့ရသည်။
မရယ်မပြုံးနဲ့ အေးတိအေးစက် လည်း နိုင်သည်။မျက်လုံးသေတွေနဲ့ တစ်နေရာထဲကို ငေးမောနေတာလည်း ရှိသည်။ရှားရှားပါးပါး တ ဟိ ဟိ နဲ့ အူမြူးနေတာလည်း ရှိသည်။ပြီးရင် မျက်မှောင်ကြီးကုတ်ပြီးတစ်ယောက်တည်းလည်း ကြိတ်စိတ်ကောက်နေတတ်တဲ့ချိန်လည်း ရှိသည်။တစ်ခါတစ်လေကျ ကလေးလည်း ဆန်ပြန်သည်။ယောက်ျားတစ်ယောက် ယူလိုက်တာ ဗားရှင်း မျိုးစုံ အဆစ် ပါလာပုံ ပင်။
ကိုးနောင် စိတ်က မှန်းမရ။မျောက်စိတ်။
ကိုးနောင်ကို ဟာသ memeတိုလေး ပြလိုက်ပါသည်။မရယ်ဘဲ မျက်နှာသေကြီးနဲ့ ကြည့်နေသည်။ပြီး ညသန်းခေါင်ယံ တစ်ရေးနိုး ကျမှ တ ဟား ဟား နဲ့ ထရယ်သည်။
"ဟဲ့ ဟဲ့ ဟဲ့ ဘာဖြစ်တာတုံး မီးလောင်တာလား သူခိုး ကပ်တာလား. ."
"ကိုယ်လေ နေ့လယ်တုံးက ခမ်းနော့ဝ်ပြတဲ့ memeကို နားလည် သွားပြီ . . .ဟား ဟား ဟား အရမ်း ရယ်ရတာပဲ"
"စပ. . .ကန့်တော့ ကန်တော့ လန့်သွားတာပဲ"
သူ မကြိုက်ရင် နာမည်ကြီး ဈေးကြီး Brand ဖြစ်နေစေဦး လျစ်လျူရှူတတ်ပြီး သူကြိုက်ရင်တော့ ဘုရားပွဲ ထဲက အရုပ်ကိုပင် တားမရ ဆီးမရ မရမက ဝယ်လာတတ်သည်။
ခု လည်း ကိုးနောင် Fb profile ကို တစ်ချက်ကြည့်ပါလေ။
ဟက်စကီခွေး စိတ်ကောက်နေတဲ့ပုံဖြစ်သည်။
ခမ်းနော့ဝ် ပို့စ်တစ်ခု share လိုက်ရင် အဲ့ ဟက်စကီ profile ကြီးနဲ့ အိမ်က လင်တော်မောင်က လက်မ ကြီး တကားကားနဲ့ postတိုင်း react လာ လာ ပေးတတ်သည်။
အသည်းလေး ပေးပါ ပြောလည်း လက်မ ကြီးတကားကား။စိတ်တိုတိုနဲ့ ပါးကို နှုတ်ခမ်းနဲ့ ချိုင့်ခွက်သွားတဲ့ ထိ ထိုး ပစ်လိုက်သည်။မှတ်ကရော။
ခမ်းနော့ဝ်က profile မှာ မိသားစုလေးယောက်ပုံ ထားတတ်ပေမယ့် ကိုးနောင်က တော့ ခွေးပုံရယ် ကြောင်ပုံရယ်ပဲ ပတ်ထားသည်။အာဝု နဲ့ မြောင့် ကို ခမ်းနော့ဝ်ထက်ကို စွဲလမ်းနေပုံ။
ကိုးနောင် က ဇာတ်ကား ကြည့်နေရင်း နေကြာစေ့ အခွံခွာကာ အဆံကို ခမ်းနော့ဝ် ပါးစပ်ထဲ ထည့်ပေးသည်။
"အာ "
ဆိုပြီး ခမ်းနော့ဝ် ပါးစပ်နဲ့ နှာခေါင်းနေရာမှားကာ နှာခေါင်းထဲ နေကြာစေ့တွေ လာထည့်ပေးနေသည်။
" ဇာတ်ကားပဲ ကြည့်မနေနဲ့ ပါးစပ်က ဒီမှာဟ"
"ကိုယ် သိတယ် ခမ်းနော့ဝ် နှာခေါင်းနဲ့ နေကြာစေ့ စားတတ်လား စမ်းကြည့်တာ"
"မစားတတ်ဘူး ငါက ဖင်နဲ့ပဲ စားတတ်တယ်. . ."
ရွဲ့ဖြေသော်လည်း ကိုးနောင်က ပါးစပ်ကို လက်နဲ့ အုပ်ကာ အလွန်မင်း အံ့ဩသွားဟန် အိုက်တင် လုပ်ပြနေသည်။
ခဏ အကြာ ခမ်းနော့ဝ်ဆံပင်ကို လက်နဲ့ ဆွဲဖွရင်း
"အဲ့မင်းသားလို ဆံပင် လိမ်လိမ် လေး လုပ်ပါလား"
"လီမင်ဟိုမို့ အဲ့ကေနဲ့ လှနေတာ ငါ လိုက်ညှပ်ရင် ငှက်မ က ဉ တောင် ဉ သွားလောက်တယ် မထော်မနန်းတွေ ဖြစ်ကုန်မှာ "
"ဒါပေါ့နော် ကိုယ့် ခမ်းနော့ဝ်က မွေးရာပါ ရုပ်ဆိုးတယ်"
++++
နာရီ အတော်ကြာသွားသည်။
မင်းသားနဲ့ မင်းသမီး ကမ်းခြေမှာ လမ်းသလား နေတဲ့ အခန်း ကို ကြည့်ပြီး ကိုးနောင်က
"ကိုယ့်တို့ 6မိုင် သွားရအောင်" ဟု ရုတ်တရက်ကြီး ထပြော၏။
"အသားမဲတယ်"
"အိမ်မှာ နေရတာ ပျင်းစရာကြီး"
"အပြင်လေး ဘာလေး သွားပေါ့ အဝေးကြီး မသွားချင်တောင် လမ်းလေးထွက် လျှောက်ပေါ့. . ."
"လျှောက်ချင်ဘူး"
ကိုးနောင်က ခေါင်းရမ်းပြသည်။
ကျစ်. . . ။ကြေးကို များတယ်။
သို့သော် ဒီယောက်ျားသည် အလိုလိုက်ပေးချင်စရာ ကောင်းတော့ ခက်တော့ ခက်သား။
"အဲ့တော့ 6မိုင် သွားမယ်ဆို ဘယ်နေ့ သွားကြမလဲ ငါ ခွင့်ယူမို့. . ."
ကိုးနောင်က မျက်ဆံ စိမ်းစိမ်းလေးကို ထောင့်ကပ်ကာ ပါးတစ်ဖက်ကို လေထိုးရင်း
"တစ်ဖက်ခါ သွားမလား"
"အင်း operation မရှိပါစေနဲ့ ဆုတောင်းတယ်. . .ကလေးတွေကို 6မိုင် သွားမယ့် အကြောင်း မပြောနဲ့ဦး . . . လိုက်မပို့ဖြစ်ခဲ့ရင် ပြဿနာ ရှာနေမယ်"
"ဟုတ်ပြီ"
ခမ်းနော့ဝ် ဇာတ်ကား ထဲ ဈာန်ဝင်သွားသည်။
ဇာတ်ရှိန်တက်လာစဉ် MacBook ကို ဆတ်ကနဲ ပိတ်ပစ်လိုက်သော ကိုးနောင်ကြောင့် ခမ်းနော့ဝ် မျက်စောင်းက ဒိုင်းကနဲ။
"ဂူဂျွန်ဖြိုးကို ပဲ ကြည့်နေတာ. . . "
"ဂူဂျွန်ဖြိုးက ဇာတ်လိုက်မင်းသားလေ သူ မကြည့်လို့ ငါက ဘယ်သူ ကြည့်ရမှာလဲ"
"ကိုယ်နဲ့ ဂူဂျွန်ဖြိုးနဲ့ ဘယ်သူ့ ပို ချစ်လဲ"
"သေချာပေါက် မင်းကိုပေါ့ ဟိ ဟိ"
ခမ်းနော့ဝ်က ပြီတီတီ ရယ်ကျဲကျဲ မျက်နှာဘေးနဲ့ လက်မြှောက်ကာ ကိုးနောင် ရင်ဘတ်ကို ပုတ်လိုက်ပြီး
"မင်းက နို့ တိုက်တယ်လေ"
ကိုးနောင် မျက်နှာ စူပုတ်ချင်သွားပြီး ရင်ဘတ်ပေါ်က ခမ်းနော့ဝ် လက်ကို ဆွဲဖယ်လိုက်သည်။သူ့ပုံစံက ကျားဖြူဖြူလေး တစ်ကောင် လိုချင်တာမရလို့ စူပုတ်ပုတ် လုပ်နေသလို။
"ဟင့်အင်း ဖယ် ကျွန်တော်ကို မယုတ်မာနဲ့"
" သိရဲ့သားနဲ့ လာမမေးနဲ့လေ "
"မေးမှာပဲ"
ကိုးနောင်က ခမ်းနော့ဝ်ကို ဆိုဖာပေါ် လှဲချပြီး အပေါ်စီးကနေ နမ်းရှိုက်လိုက်သည်။
ခံတွင်းထဲတွင် ကိုးနောင် လျှာက ကျွမ်းကျင်စွာ ရစ်ပတ်နေပြီး နှုတ်ခမ်းသားများကို နူးနူးညံ့ညံ့ စားသုံးသည်။
ပြီး ခမ်းနော့ဝ် ကို ပေါင် ပေါ် တင်လိုက်ကာ သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် လုပ်လိုက်သည်။
မျက်မှန်အောက်က မျက်လုံးစိမ်းစိမ်းများက မြူးရွှင်နေသည်။ပြုံးနေတာကြောင့် သွားတန်းညီညီလေးက ဖြူဝင်းနေသည်။ပါးလေးက မို့တက်နေသည်။
တော်တော်လှပါသည်။
ခမ်းနော့ဝ် ကိုးနောင် မျက်မှန်ကို ဆွဲချွတ်လိုက်ပြီး မျက်ခွံပေါ်ကို နမ်းလိုက်သည်။ကိုးနောင် မျက်တောင်ရှည်ကြီးတွေက ခမ်းနော့ဝ် နှုတ်ခမ်းကို ရှတတ လေး ပွတ်တိုက်သွားလေသည်။
"လှလိုက်တာ"
"ဟင်. . ."
"လှတယ်လို့ မင်းလေ ဒီလောက် လှပြီး ချောနေတာ Exတွေ ဘာတွေ ရှိမှာပေါ့နော်"
"ရှိတာပေါ့ ဘောလုံးတစ်ကွင်းစာလောက်ရှိတယ်. . ."
"တော်တော် ယွခဲ့တာပဲ"
"ဒါပေါ့"
"ပထမဆုံး ရည်းစားဦး နာမည်က"
"စိုင်းဆိုင်ခမ်းနော့ဝ်. . ."
ဆယ်တန်းတုံးကတည်းက ရတနာပုံကျောင်းမှာ ကောက်ရခဲ့တဲ့ ရည်းစားလေးက ခုတော့ သူ့ယောက်ျား ဖြစ်လာလေသည်။
"နောက်ဆုံး ကကော"
"စိုင်းဆိုင်ခမ်းနော့ဝ်ပဲ "
"မယုံဘူး. . .ငါ မတိုင်ခင် ငါ့ရှေ့ က တစ်ယောက်က ဘယ်သူလဲ"
"ရှိဘူး အလကား စတာ"
ခမ်းနော့ဝ်က လက်ကို သေနတ်လို လုပ်လိုက်ကာ ကိုးနောင် နားထင်ကို ထောက်လိုက်ပြီး
"ဟေ့ ကောင်လေး အမှန်တိုင်း ဝန်မခံရင် သေနတ် နဲ့ ပစ်လိုက်မှာနော်"
"ဟား ဟ့ မပြောဘူး အသေခံလိုက်မယ်"
"တကယ်မပြောဘူးနော်"
ခမ်းနော့ဝ်က ခေါင်းငုံ့လိုက်ကာ ကိုးနောင် ရှပ်အင်္ကျီကို လှန်ပြီး ခေါင်းတိုးဝင်သည်။ဝမ်းဗိုက် ကြွက်သား အမြှောင်းမြှောင်းတွေကို ကိုက်ပစ်လိုက်ပြီး ခါးကို ကလိ ထိုးလိုက်သည်။
"ဒီက အကိုက ကျွန်တော့်ကို အချိန်တိုင်း ယုတ်မာဖို့ပဲ ကြံနေသလိုပဲနော်. . ."
ကိုးနောင် ရှပ် လည်ပင်းပေါက်ထဲက
ခမ်းနော့ဝ် ခေါင်းလုံးလုံးလေး ပြူထွက်လာပြီး
"ဝါး ဟား ဟား "
" ကိုယ့် အင်္ကျီတွေ အကုန် လည်ပင်းကျယ်ကုန်ပြီ"
"ငြိုငြင်တာလား"
"ဟင့်အင်း"
ကိုးနောင်က တကယ် ချစ်မဝလေး ဖြစ်သည်။ကြာလေ ပို တိုး ချစ်လေ ဖြစ်သည်။ခမ်းနော့ဝ်တွက် ကိုးနောင်ရဲ့ အပြုံးသည်သာ နှလုံးအားတိုးဆေးဖြစ်သည်။
သူ့ ကိုးနောင်သည် ရူပါ၊ဉစ္စာ၊ပညာ အကုန်ပြည့်စုံပါသည်။တစ်ခု ပဲ။အဲ့ တစ်ခုသာ ပြဿနာ အတော်ရှိသည်။
++++
"မောင်ရေ"
မာန်သွေးရောင် သတိ အနေအထားနဲ့ ကျောကို မတ်ကနဲ ထားလိုက်သည်။မင်းရှင်မော် မလိုအပ်ပဲ ကြင်နာညင်သာနေရင် အန္တရာယ် ရှိသည်။
"မောင့်ကိုလေ ပြစရာ ရှိတယ် "
မျက်စိရှေ့ ရောက်လာတဲ့ ဖုန်း screen ပေါ်က နာရီ တစ်လုံး။
"နာရီလေးက မလှဘူးလား"
" ဝယ်မပေးဘူးနော်"
မာန်သွေးရောင်က ဝတ္ထုရေးနေရင်း ပြန်ဖြေသည်။
"နောက်တစ်ပတ် ကိုယ့် မွေးနေ့နော်. . . မွေးနေ့ကို ဘာမှ မရဘဲ အထီး ကျန်ကျန် မဖြတ်သန်းချင်ဘူး"
"မောင့်ကို မွေးနေ့ကျ ဖရီး သုံးဆောင်လိုက်ပါ"
"ကန်တော့ပါစေ"
မာန်သွေးရောင် စာရေးခန်းက စာရွက်တွေ ဘောပင် မှင် အကုန်တွေ ခဲတံ တိုနန့်န့န့်တွေနဲ့ ရှုပ်ပွနေသည်။
လူကလည်း ငှက်သိုက်ကေ၊စွပ်ကျယ်အင်္ကျီနဲ့။
အချိန်တွေ နောက်ပြန်လှည့်လို့ရရင် ဒီငနဲ ကို မင်းရှင်မော် မယူပါ။တော်ကီ တစ်ပေါက်မှာ မျောမပါခဲ့သင့်ပေ။
မာန်သွေးရောင်က သက်ပြင်းချလိုက်ကာ မင်းရှင်မော်ကို မော့ကြည့်သည့်။
"နာရီက ဘယ်လောက်တဲ့လဲ"
အချိန်တွေသာ နောက်ပြန်လှည့်လို့ ရရင်လည်း မင်းရှင်မော်သည် မာန်သွေးရောင်ဆိုသော လူသားကလေး ပေါ်မှာ ဒုတိယပ္ပိ ကျရှုံး မှာပဲ ဖြစ်၏။သူ့ ယောက်ျားလေးက အင်မတန် အလိုက်သိတတ်၏။
"သိန်းတစ်ရာ"
"မောင့် ဉ သာ ဖြုတ်ရောင်း လိုက်တော့. . ."
"မောင့် မောင်လို့ "
"ရှင်မော်က ဈေးကို လည်း ကြည့်ဦးလေကွာ အသုံးနဲ့ အဖြုန်းဆိုတာ ရှိသေးတယ်လေ. . ."
မာန်သွေးရောင်က ရွှေရောင်ကိုင်း မျက်မှန်လေးကို အသာပင့် လေသံအေးအေးလေးနဲ့ ရှင်းပြသည်။
"လျှာမရှည်နဲ့ မင်းဟာလေ 8နှစ် ငယ်လို့ သာပဲ. . . 8နှစ် များကြီး ရင် အိမ်ဦးခန်းမှာ ထိုင် ရှိခိုးနေရလောက်တယ်"
မင်းရှင်မော်က လက်အုပ်ချီပြသည်။
မာန်သွေးရောင် မျက်နှာတစ်ဖက်လှည့်သွားပြီး စကား ဆက်မပြောတော့ပေ။
"မောင်လို့. . . မင်း ဘဏ်ကဒ်ထဲ မှာ အများကြီး ရှိနေတာပဲကို နည်းနည်းလောက် ဝယ်ပေးလိုက်လည်း မွဲတေသွားမှာ ကျလို့. . .သုံးသင့်တာ သုံးပစ်လိုက်. . . သေရင် ကိုယ့် နောက် မပါဘူးလေ"
မင်းရှင်မော်က မျက်တောင်လေးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး သနားစရာ မျက်နှာဘေးလေး လုပ်သည်။
" နိုးပါ"
"ဝယ်မပေးရင် ကွာမယ်"
"ဘိုင့်"
"မင်းပြောခဲ့တဲ့ စကားရှိပါတယ်. . . ရှင်မော်သာ လိုချင် မြင်းမိုရ်တောင်ကို လှေကားလုပ်ပြီး ဓူဝံကြယ်ကို ဆွတ်ပေးပါ့မယ်တဲ့ . . . ရလည်းရော လမ်းထိပ်က မုန့်ဟင်းခါးတောင် ဈေးကြီးလို့ ဝယ်မတိုက်ဘူး. . .မင်းလို ကပ်စီးနှဲတဲ့ ယောက်ျားနဲ့ ဘဝ ဆက်တိုင်း ဝေးပါစေ. . ."
မင်းရှင်မော်က မာန်သွေးရောင် ပုခုံးကို ဘုန်းကနဲ ထုလိုက်သည်။
"အ့. . .ရှင်မော် နာတယ်. . . ဆတ်နွယ်နဲ့ တိုင်မယ် ဒါ အိမ်တွင်း အကြမ်းဖက်မှု. . ."
မာန်သွေးရောင် က ဘောပင် အဖုံးကို သွားနဲ့ ဖိကိုက်လိုက်ရင်း မင်းရှင်မော်ကို မျက်စောင်းထိုးသည်။
"ဪ. . . အာ့တာဆို မင်း ကို စအို အကြမ်းဖက်မှု နဲ့ တရားစွဲမယ်. . . မင်း လုပ်လို့ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေကို ရေတွက်ပြီး တရားရုံးကို တင်ပြမယ်. . ."
အပေါ်ထပ်မှာ နှစ်ယောက်သား ကြိတ်ကြိတ် ရန်ဖြစ်နေကြတာ ဖြစ်သည်။အိမ်အမိုးမှာ မျက်နှာကျက်တပ်ထားသော်လည်း ပူလွန်းလှတာကြောင့် မင်းရှင်မော်က နှီး ယပ်တောင် တဖြတ်ဖြတ်။စိတ်ပေါက်ရင် နှီးယပ်တောင်နဲ့ မာန်သွေးရောင်ကို လှမ်းပေါက်သည်။
"ဒယ်ဒီ . . စအို အကြမ်းဖက်မှု ဆိုတာ ဘာကို ပြောတာလဲ"
အသံ ကြည်ကြည်လေးက မေးလာသောသူ ကား ရှင်မာန်။ရှင်မာန်က ကဒ်ဖြူလေး ကိုင်ကာ အိမ်ပေါ်ကို အပြေးတက်လာရာမှ ထိုထူးဆန်းလှသော စကားလုံးကို ကြားမိခြင်းပင်။
မာန်သွေးရောင် နဲ့ မင်းရှင်မော် မျက်လုံးချင်း စကားပြောလိုက်ကြသည်။
"မင်း သား မေးနေပြီ ငါ ဘာပြောလိုက်ရမလဲ" ဟူ၍။
"သား အာ့တာက ဘာမှ မဟုတ်ဘူး ဒီတိုင်း ဒယ်ဒီက မင်း ဖေကို စနေတာ . . .သားလက်ထဲက ဘာကြီးတုံး. . ."
မင်းရှင်မော်က ရှင်မာန်ခေါင်းကို ပုတ်လိုက်ကာ အမြန်စကား လွှဲသည်။
ရှင်မာန်က စာအုပ်ပုံကြားထဲ မရမက ထိုင်ချလိုက်ပြီး
"Report card ဟီး ဟီး သား အဆင့် 30ရတယ်"
မာန်သွေးရောင်က ပြုံးလိုက်ကာ
"ဝါး တော်လိုက်တာ အတန်းထဲမှာ လူဘယ်နှယောက် ရှိတာလဲ. . ."
"30"
မာန်သွေးရောင် အပြုံးက ဆတ်ကနဲ ရပ်သွားသည်။
ညည်းတွားသည့် လေသံနှင့်
"နောက်ဆုံး လို့သာ ပြောလိုက်ပါတော့ သားရယ်"
"တစ်နေ့ တစ်နေ့ ဂိမ်းပဲ ဆော့နေတာကိုး စာမှ မလုပ်တာ . . . နေဦး "
မင်းရှင်မော်က ပြောရင်းပင် မာန်သွေးရောင် နံဘေး ကပ်သွားသည်။သူတို့နှစ်ယောက်သည် အချိန်တိုင်း သတ်နေကြပေမယ့် နှစ်ယောက်ကြား တတိယလူ ဝင်လာသောအခါ အလွန်တရာ ကို စည်းလုံးညီညွတ်ကြလေသည်။
"မင်း သားက ဆယ်လီကြီးဗျ. . ရှင်မာန် လွယ်အိတ်ထဲမှာ ရည်းစားစာတွေ အများကြီးပဲ. . . ကောင်မလေးတွေက ကိုကို ရှင်မာန် ဆိုပြီး သဲသဲလှုပ်"
ရှင်မာန်က မျက်နှာကြီး ရဲတက်လာသည်။
"ဒယ်ဒီကလည်း. . . "
" ငယ်ငယ်လေးနဲ့ အတတ်ကောင်းတွေ တတ်နေတာ. . .အဟား ဒါမဲ့ အဖေ နားလည်ပါတယ် အဖေ ငယ်ငယ်တုံးက သားလိုပဲ ဝိုင်းဝိုင်းလည်နေတာ. . ."
မင်းရှင်မော်က ဝါးလုံးကွဲ ထရယ်ကာ
"မင်း ငယ်ငယ်တုံးက ကတုံးနဲ့ ဖင်တုံးလုံး ကြက်ဖခွပ်တိုင်း ဆော့နေတဲ့ပုံလေး Public မှာ official ချ ပြ လိုက်ရမလား . . . စာရေးဆရာ မာန်သွေးရောင်ရဲ့ လွမ်းဆွေး ဖွယ် ငယ်ဘဝ ဆိုတဲ့ captionလေးနဲ့. . . မွေးနေ့ ရောက်မှ ဆေးထိုးမို့ဟာ မအောင့်နိုင်တော့ဘူး သွေးရောင်လေးရယ်. . .ဟင်း ဟင်း ဟင်း"
မာန်သွေးရောင်က မင်းရှင်မော် ပုခုံးစွန်းကို နမ်းလိုက်ပြီး ခါးကို ဖက်၊သနားစရာ လေသံသေးသေးလေးနဲ့
"ဒီမောင်ကို ရက်စက်တော့မှာလား အချစ်ရယ်. . ."
"အေး"
ရှင်မာန်က ရုတ်ချည်း ထ ရပ်ကာ
" သား သွားတော့မယ် . . . ဒါနဲ့ ရန်ပဲ ဖြစ်ကြပါလား ဒီလိုမျိုး ချစ်ကြည်နူးနေတာ ကြည့်ရတာ နည်းနည်း အဆင်မပြေဘူး"
ပြောကာမှပဲ မင်းရှင်မော်က မာန်သွေးရောင်ပါးကို ဖြတ်ကနဲ နမ်းလိုက်သည်။
"သား တကယ် သွားပြီ"
"သွေးရောင် ရှင်မာန်ထွက်သွားပြီ . . . ဟား ဟား ဟား. . .သူများကို စိတ်ကင်ဆာ ပေးရတာ အရမ်း သဘောကျတာပဲ. . ."
မာန်သွေးရောင်က လက်မ ထောင်ပြသည်။
"မောင် ကောပဲ အချစ်. . ."
_______________________________
7.38a.m
22.11.2022(Wed)
Mary_Koe
Please give me feedback 😉😚
Zawgyi
++++
Ok. . .အားလုံး clear။