နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

698K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 36.1

3.5K 609 0
By KimHsuYoon99

Unicode

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာတာနဲ့အမျှ ခဲယ်လ်တစ်နဲ့ တခြားသူတွေကို မတွေ့ရသေးပါဘူး။  နောက်ဆုံးတော့ ပိုင်မုနဲ့ အန်းချီလော့တို့က ကူကယ်ရာမဲ့စွာနဲ့ ပြေးထွက်ခါနီးမှာမှ ခဲယ်လ်တစ်က ပြန်လာခဲ့ပါတယ်။

  "ဘာလို့ အခုမှပြန်လာတာလဲ" သူဒဏ်ရာမရပဲ လုံလုံခြုံခြုံပြန်လာတာကိုမြင်ခဲ့ပြီး သူ(ခဲယ်လ်တစ်)ကတော့ ပိုင်မုက တစ်နေကုန် စိတ်ဆိုးနေမှာကိုပဲ စိုးရိမ်မိတယ်။ ဒါပေမယ့် တပေါက သူ့အစ်ကိုကြီးနားကို တန်းတန်းမတ်မတ်လာခဲ့ပြီး ဒဏ်ရာရမရ စစ်ဆေးနေပုံပါပဲ။

"အစ်ကိုကြီး လိန်းကျယ်ဘယ်မှာလဲ" အန်းချီလော့က လိန်းကျယ်ရဲ့ပုံရိပ်ကို မမြင်တဲ့အခါ ကမန်းကတန်းမေးလိုက်တယ်။

"အပြန်လမ်းမှာ တစ်ခုခုဖြစ်ခဲ့ပြီး လိန်းကျယ် ဒဏ်ရာရသွားတယ်" ခဲယ်လ်တစ်ကပြောပြီး သူ့သားကောင်ကို ချလိုက်တယ်။

"အစ်ကိုကြီး၊ သူဘယ်မှာရှိနေတာလဲ၊ သူ ဆိုးဆိုးရွားရွား နာကျင်နေလား" အန်းချီလော့က သူ့နှလုံးသားက လည်ချောင်းထဲမှာ ရောက်လုနီးနေပြီလို့ ခံစားလိုက်ရပြီး ခဲယ်လ်တစ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ရင်း စိတ်အားထက်သန်စွာ မေးလိုက်တယ်။

"မစိုးရိမ်ရပါဘူး ဒဏ်ရာနည်းနည်းပဲရတာပါ သူ ပတ်တီးစည်းဖို့ ကြီးမြတ်တဲ့စုန်းမဆီသွားတာ မကြာခင်ပြန်လာလိမ့်မယ် " ခဲယ်လ်တစ်က သူ့လက်ကို ပုတ်ပြီး စိတ်သက်သာရာရစေဖို့ အချက်ပြခဲ့ပါတယ်။ လိန်းကျယ်ရဲ့ဒဏ်ရာက မပြင်းထန်ဘူးလို့ကြားတဲ့အခါ အန်းချီလော့က စိတ်သက်သာရာရသွားတယ်။

"အစ်ကိုကြီး လိန်းကျယ်က ဒဏ်ရာရသွားတာလား ဘယ်လိုဒဏ်ရာရသွားတာလဲ"

"ငါတို့ ပြန်လာတုန်းက အာနာဂါမြစ်ထဲမှာ ဒဏ်ရာရနေတဲ့ ကျားတောင်ပံ orc တစ်ကောင်ကို တွေ့လိုက်ရတယ် လိန်းကျယ်နဲ့ငါ သူ့ကို ကယ်လိုက်တော့ လိန်းကျယ်ရဲ့ လက်က မြစ်ရေကို ထိမိသွားပြီး မြောပါလာတဲ့ သစ်ကိုင်းနဲ့ ခြစ်မိသွားတယ် သူပြန်လာတော့ မင်း စိတ်ပူမှာ ကြောက်တာကြောင့်မို့ သားကောင်နဲ့ ငါ့ကိုပြန်လာခိုင်း ပြီး မင်းကို ပြောခိုင်းလိုက်တာ ဒဏ်ရာရနေတဲ့ ကျားတောင်ပံမျိုးနွယ် orc ကို ဆေးကုဖို့ ကြီးမြတ်တဲ့စုန်းမဆီကို ခေါ်သွားပြီး သူ့ကိုလည်းပဲ ဒဏ်ရာကို ပတ်တီး နဲ့ စည်း‌ပေးထားတယ် " သူ့စကားကို နားထောင်ပြီးနောက် အန်းချီလော့က စိတ်သက်သာရသွားတဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး တံခါးဆီကို ပြေးသွားကာ ပတ်ပတ်လည်ကို အဆက်မပြတ်ကြည့်နေခဲ့တယ်။

ခဲယ်လ်တစ်ရဲ့ ခန္ဓာကိုယ် စိုလာတာကို မြင်လိုက်ရလို့ ပိုင်မုက သူသောက်ဖို့ ပြင်ဆင်ထားတဲ့ ဂျင်းစွပ်ပြုတ်ပန်းကန်ကို ယူလာခဲ့တယ်။  စကားတစ်ခွန်းမှ မပြောဘဲနဲ့ ခဲယ်လ်တစ်က သူ့ပန်းကန်ကို ကောက်ယူပြီး သောက်လိုက်တယ်။

  "ပိုင်မု ဒါကဘာလဲ၊ အရသာက အရမ်းထူးဆန်းတယ်" ခဲယ်လ်တစ်က ပိုင်မုကိုကြည့်ပြီး စွပ်ပြုတ်သောက်ပြီးနောက်မှာ မေးလိုက်တယ်။

"ဒါက ဂျင်းစွပ်ပြုတ်ပါ အအေးမိတာနဲ့ ဖျားနာတာကို ကာကွယ်နိုင်တယ် "

" အိုး " ခဲယ်လ်တစ်က နည်းနည်းရူးကြောင်ကြောင်နိုင်တယ်လို့ ခံစားရတယ် ၊ ဒီဂျင်းစွပ်ပြုတ်က ပူနေသေးတယ် ၊ ပိုင်မုက အပူပေးထားခဲ့တာ ဟုတ်တယ်မဟုတ်လား။ သူက သူ့ကို ဂရုစိုက်ပေးနေတာလား?

"ဒါနဲ့၊ မင်းအခုပြောတာကို နားထောင်ကြည့်ရတာ၊ လူတွေကို ကယ်တင်ဖို့သွားရင်တောင် အချိန်အကြာကြီးမယူရဘူးမဟုတ်ဘူးလား"

"အပြင်မှာ မိုးသည်းသည်းထန်ထန်ရွာနေတာက ကိုယ်တို့ရဲ့ ပျံသန်းမှုအမြန်နှုန်းကို ထိခိုက်စေတယ် အနံ့ခံအာရုံနဲ့ အကြားအာရုံကိုလည်းပဲ အမဲလိုက်နေတဲ့အတောအတွင်း အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်တာကြောင့် ပုံမှန်ထက် ပိုကြာသွားတာ " အင်း ၊ ဒါက အကြောင်းပြချက်ဖြစ်ပုံရတယ် ၊ ပိုင်မုက ခေါင်းညိတ်လိုက်တယ်။

  "မင်း ခေါင်းပေါ်က မိုးရေတွေကို သုတ်လိုက်" ပိုင်မုက သူ့ကို အဝတ်တစ်ထည် ပေးလိုက်တယ်။ ခဲယ်လ်တစ်က အဝတ်ကိုယူကာ ရေရွှဲနစ်နေတဲ့ ခေါင်းကိုခါလိုက်တယ်။ ထို့နောက် အဝတ်ကိုယူပြီး အလျဉ်းသင့်သလို သုတ်လိုက်တယ်။ 

" မင်းက ခွေးကလေးပဲ ၊ ငါလုပ်‌ပေးတာကိုပဲ ကြည့်လိုက်တော့" မဟုတ်ဘူး ၊ သူက ခြင်္သေ့ပါ။  ခဲယ်လ်တစ်က ခွေးတစ်ကောင်က ဘာလဲဆိုတာကို မသိပေမယ့်လည်း ပိုင်မုရဲ့ ခန္ဓာကိုယ်က မိုးရေတွေနဲ့ စိုစွတ်နေတာကို မြင်လိုက်ရပြီး စာမေးပွဲအောင်ဖို့ ရည်ရွယ်ချက်နဲ့  ပြုံးပြလိုက်တယ်။

"ယူလာခဲ့ " ပိုင်မုက ခဲယ်လ်တစ် နှစ်ကြိမ်မြောက် သုတ်နေတာကို တွေ့လိုက်ရပြီး သူ့ခေါင်းပေါ်က အဝါရောင်ဆံပင်တွေက စိုရွှဲနေဆဲပါပဲ။ ဒါနဲ့ သူက ခေါင်းသုတ်ဖို့ မရည်ရွယ်ခဲ့တဲ့ပုံပဲ ။  သူက လက်ဆန့်လိုက်ပြီး အ၀တ်ကို တောင်းလိုက်တယ်။

"ဘာကိုလဲ" ခဲယ်လ်တစ်က သူ့ကိုကြောင်တောင်တောင် ကြည့်နေတယ်။  စကားတစ်ခွန်းမှ မပြောဘဲ ပိုင်မုက သူ့လက်ထဲက အဝတ်ကို တိုက်ရိုက်ယူလိုက်ပြီး ဆံပင်တွေကို ဂရုတစိုက်သုတ်ပေး လိုက်တယ်။ ခဲယ်လ်တစ်က မျက်လုံးတွေကို မှိတ်လိုက်ပြီး ဆံပင်တွေကတဆင့် ပြေးနေတဲ့ ပိုင်မုရဲ့လက်ချောင်းတွေကို ခံစားလိုက်ရတယ်။ ပိုင်မုက သူ့ကို အခု လက်ခံလိုက်ပြီလား။  သူ့ကို ဝန်ခံဖို့ အချိန်ရှာရမလား။

"ဒီရက်တွေမှာ အေးနေတာ မင်းဆံပင်မခြောက်ရင် ဖျားဖို့လွယ်တယ်" ပိုင်မုက ပြောလဲပြောသလို ခဲယ်လ်တစ်ရဲ့ ဆံပင်တစ်ဝက်ခြောက်သွားတဲ့အထိတိုင်အောင်  သူ့ကို ကျွမ်းကျင်စွာ ကူညီပေးခဲ့တယ်။ 

"အစ်ကိုကြီးပိုင်မု၊ သား အရမ်းဗိုက်ဆာနေပြီ အစ်ကိုကြီးတို့အားလုံး အဆင်ပြေကြလား စားဖို့ပြင်လို့ရပြီလား "အနားယူရမှာက သေချာပေါက်ပေမယ့် ခြင်္သေ့လေးက ဗိုက်ဆာနေပြီဖြစ်လို့ သူတို့နှစ်ယောက်ကြားက လေထုကို နှောင့်ယှက်ကာ သူတို့ကို ‌သနားစရာကောင်းလောက်အောင် ကြည့်နေခဲ့တယ်။

"ကောင်းပြီလေ၊ လိန်းကျယ် ပြန်လာပြီးရင် စားစရာတွေကို အပူပြန်ပေးပြီး စားကြမယ်" ပိုင်မုက ခြင်္သေ့လေးရဲ့ ရှုပ်ပွနေတဲ့ ရွှေရောင်ခေါင်းလေးကို ပွတ်သပ်လိုက်တယ်။ဒါက ခံစားရတာကောင်းသားလေးပဲ။

"အစ်ကိုကြီး၊ လိန်းကျယ်ကိုတွေ့ဖို့ ကြီးမြတ်တဲ့စုန်းမဆီကို ကျွန်တော့်ကို ဘာလို့ မခေါ်သွားတာလဲ" အန်းချီလော့က အချိန်အတော်ကြာအောင် လိန်းကျယ်ပြန်လာတာကို မတွေ့တာကြောင့် ခဲယ်လ်တစ်ကို ပြောလိုက်တယ်။

"သူ အဆင်ပြေတယ် စိတ်မပူပါနဲ့ အပြင်မှာ မိုးအရမ်းရွာနေလို့ အပြင်ထွက်ပြီး ရေစိုသွားရင် နေမကောင်းဖြစ်လိမ့်မယ်" ခဲယ်လ်တစ်က သဘောမတူပါဘူး။ မိန်းမပျိုတွေရဲ့ ခန္ဓာကိုယ်က orc လောက် မသန်မာဘူး။  ဒီလိုရာသီဥတုမျိုးက အပြင်ထွက်ဖို့ မသင့်တော်ပါဘူး။  အအေးမိပြီး အဖျားရှိခဲ့ရင် မင်းမအီမသာဖြစ်လိမ့်မယ်။

"ဒါပေမယ့် သူဘာလို့ အခုထိမလာသေးတာလဲ အစ်ကိုကြီး၊ ကျွန်တော် စိတ်ပူတယ်" အန်းချီလော့က သူ့အစ်ကိုကို အသနားခံလျက် ကြည့်လိုက်တယ်။

"မသွားပါနဲ့၊ မင်းတွေ့ရဖို့ ငါကူညီပေးမယ်" ခဲယ်လ်တစ်က သူ့ညီငယ်စိတ်ပူနေတာကိုကြည့်ပြီး သည်းမခံနိုင်တော့ဘဲ သွားကြည့်ဖို့ သဘောတူလိုက်တယ်။

ပိုင်မုက တစ်ဖက်က စိုစွတ်နေတဲ့ အဝတ်ကို ကြည့်လိုက်တယ်။ အဲ့ဒါက  အခု အသုံးမဝင်တော့ဘူး။ သူ ဂျင်းစွပ်ပြုတ် များများလုပ်ရမယ်။

ခဲယ်လ်တစ်က ဂူပေါက်ဝကို လမ်းလျှောက်သွားရင်း ပျံသန်းလာတဲ့ ရင်းနှီးတဲ့သူ တစ်ဦးကို တွေ့လိုက်ရပြီးနောက် ဂူထဲကို ပြန်ဝင်လာခဲ့တယ်။ ဆက်တိုက်အပြင်ကို ကြည့်နေတဲ့ အန်းချီလော့က ပျံသန်းလာတဲ့သူက လိန်းကျယ်ဖြစ်တာကို သဘာဝကျကျ မြင်လိုက်ရတယ်။ ဒီတစ်ကြိမ်မှာတော့ သူက  စိတ်သက်သာရာရသွားတယ်။

လိန်းကျယ် ဂူထဲကို ဝင်လာတဲ့အခါ အန်းချီလော့က သူ့ကို နှုတ်ဆက်ပြီး ဂရုတစိုက်နဲ့ စစ်ဆေးဖို့ သူ့လက်မောင်းကို ဆွဲလိုက်တယ်။  သူ့ညာဖက်လက်မောင်းမှာ ပတ်ထားတဲ့ အ၀တ်စတစ်ထည်ကို တွေ့လိုက်ရပြီး အထဲဘက်မှာတော့ သွေးတွေ စီးကျနေတုန်းပါပဲ။ ပိုင်မုက လိန်းကျယ်ရဲ့ဒဏ်ရာကိုကြည့်လိုက်တဲ့အခါ အံ့အားသင့်သွားတယ်။ကြီးမြတ်တဲ့စုန်းမက တကယ်ကို ခေတ်နဲ့အညီ  တိုးတက်လာခဲ့တာပဲ။

  " နာလား  မနာဘူးလား ငါ့ကိုပေးကြည့်ပါဦး " အန်းချီလော့က သူ့ကို နှုတ်ဆက်ပြီး လိန်းကျယ်ရဲ့ လက်မောင်းကို ဂရုတစိုက်နဲ့ စစ်ဆေးဖို့ ဆွဲယူလိုက်တယ်။

"ဒါက သေးငယ်တဲ့ ဒဏ်ရာကလွဲလို့ ဘာမှမဟုတ်ပါဘူး" လိန်းကျယ်က ပြုံးလိုက်တယ်။ သူ့ချစ်သူလေးနဲ့ ဆက်ဆံရေးအတွက် ဒီဒဏ်ရာက အရမ်းအသုံးဝင်တယ်။  လိန်းကျယ် ဘာမှမဖြစ်နေတာကို အန်းချီလော့ မြင်တာကြောင့် သူက သူ့ကိုဂျင်းစွပ်ပြုတ်တစ်ပန်းကန် ယူလာပေးခဲ့တယ်။

"အန်းချီလော့ ဒါက ဘာလဲ?" လိန်းကျယ်က ပန်းကန်ကို ကောက်ယူလိုက်ပြီး  ထူးဆန်းစွာနဲ့ မေးလိုက်တယ်။(T/N-ယောက်ဖတွေလို့ မပြောရဘူးနော် မေးတာကအစ ခဲယ်လ်တစ်နဲ့တစ်ပုံစံတည်းပဲ ><)

"ဒါက အအေးမိတာနဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ ဂျင်းစွပ်ပြုတ်ပါ မြန်မြန်သောက်လိုက်" အန်းချီလော့ရဲ့ မျက်လုံးအောက်မှာ လိန်းကျယ်က ရုပ်ဆိုးတဲ့အရာတစ်ပန်းကန်လုံးကို တစ်ကျိုက်တည်းနဲ့ ပြီးအောင် သောက်ချလိုက်တယ်။  ထို့နောက် အန်းချီလော့က လိန်းကျယ်ကို ပိုင်မု သူ့အစ်ကို့ကို လုပ်ပေးသလိုမျိုး ထိုင်စေပြီး ဆံပင်သုတ်ဖို့ အဝတ်တစ်ထည်ကို ယူကာ လိန်းကျယ်အား ဂရုစိုက်လိုက်တယ်။

  "အဲ့ဒီကျားတောင်ပံorc ဘယ်လိုနေလဲ" ခဲယ်လ်တစ်က မေးလိုက်တယ်။  "ဒဏ်ရာက နည်းနည်းလေး ပြင်းထန်ပေမယ့် လေ့ကျင့်မှု များများလုပ်ရင် သက်သာပျောက်ကင်းနိုင်တယ်လို့ ကြီးမြတ်တဲ့စုန်းမက ပြောတယ်"

"မျိုးနွယ်စုခေါင်းဆောင်ကို ငါပြောပြီးပြီ ဖြစ်နိုင်တာက orc တစ်ကောင်က သူ့မျိုးနွယ်စုနဲ့ သိပ်မဝေးတဲ့ အရပ်ကို တစ်ကောင်တည်း ရောက်လာပြီး အဲဒါကို စမ်းသပ်မှုတစ်ခုလို့ သူမသိခဲ့ဘူးလား ဒါမှမဟုတ် မျိုးနွယ်စုထဲက နှင်ထုတ်ခံရတဲ့ orcပဲလားပေါ့"

"မျိုးနွယ်စုက နှင်ထုတ်ခံရတာလား" ဒီနေရာက လူတွေက မျိုးနွယ်စုထဲကနေလည်း  နှင်ထုတ်ခံရတတ်တာပဲလား။ပိုင်မုက  အရမ်းအံ့သြသွားတယ်။

  "အင်း မင်းအမှားကြီးတစ်ခုလုပ်မိရင်  မိန်းမပျိုတွေနဲ့ ပြသနာရှိနေရင် မျိုးနွယ်စုထဲကထုတ်ခံရမှာပဲ"ခဲယ်လ်တစ်က  ခေါင်းညိတ်လိုက်တယ်။

"အိုး  "

“စားလို့ရပြီလား သားဗိုက်ဆာနေပြီလို့ ”  အမေ့ခံလိုက်ရတဲ့ တပေါက သူတို့ဘာသာသူတို့ စကားပြောနေတဲ့ လူအနည်းငယ်ကို ဒေါသတကြီး ကြည့်လိုက်တယ်။

နောက်ထပ်နှစ်ရက်အကြာမှာ မိုးတိတ်သွားပြီး ကြာရှည်စွာ ပျောက်ဆုံးနေတဲ့ နေရောင်က ကုန်းမြေပေါ်ကို တစ်ဖန် တောက်ပလာခဲ့တယ်။  မိုးရေတွေနဲ့  ဆေးကြောထားခံရတဲ့ ကမ္ဘာမြေကြီးက အသက်၀င်မှုအပြည့်ရှိနေတယ်။ တောထဲက သစ်ပင်တွေက ဖုန်တွေ ဆေးကြောခံလိုက်ရတာကြောင့်  ပိုပြီး အစိမ်းရောင်တောက်ပလာခဲ့ပါတယ်။

Paid groupမှာတော့ chapter 41ထိ တင်ပြီးသွားပါပြီ ။ daily updateပေးတာပေါ့နော် အဲ့မှာတော့ ။ free နဲ့ နည်းနည်းကွာသွားအောင်ပါ ။

Zawgyi code

အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ ကုန္လြန္လာတာနဲ႕အမွ် ခဲယ္လ္တစ္နဲ႕ တျခားသူေတြကို မေတြ႕ရေသးပါဘူး။  ေနာက္ဆုံးေတာ့ ပိုင္မုနဲ႕ အန္းခ်ီေလာ့တို႔က ကူကယ္ရာမဲ့စြာနဲ႕ ေျပးထြက္ခါနီးမွာမွ ခဲယ္လ္တစ္က ျပန္လာခဲ့ပါတယ္။

  "ဘာလို႔ အခုမွျပန္လာတာလဲ" သူဒဏ္ရာမရပဲ လုံလုံၿခဳံၿခဳံျပန္လာတာကိုျမင္ခဲ့ၿပီး သူ(ခဲယ္လ္တစ္)ကေတာ့ ပိုင္မုက တစ္ေနကုန္ စိတ္ဆိုးေနမွာကိုပဲ စိုးရိမ္မိတယ္။ ဒါေပမယ့္ တေပါက သူ႕အစ္ကိုႀကီးနားကို တန္းတန္းမတ္မတ္လာခဲ့ၿပီး ဒဏ္ရာရမရ စစ္ေဆးေနပုံပါပဲ။

"အစ္ကိုႀကီး လိန္းက်ယ္ဘယ္မွာလဲ" အန္းခ်ီေလာ့က လိန္းက်ယ္ရဲ႕ပုံရိပ္ကို မျမင္တဲ့အခါ ကမန္းကတန္းေမးလိုက္တယ္။

"အျပန္လမ္းမွာ တစ္ခုခုျဖစ္ခဲ့ၿပီး လိန္းက်ယ္ ဒဏ္ရာရသြားတယ္" ခဲယ္လ္တစ္ကေျပာၿပီး သူ႕သားေကာင္ကို ခ်လိဳက္တယ္။

"အစ္ကိုႀကီး၊ သူဘယ္မွာရွိေနတာလဲ၊ သူ ဆိုးဆိုး႐ြား႐ြား နာက်င္ေနလား" အန္းခ်ီေလာ့က သူ႕ႏွလုံးသားက လည္ေခ်ာင္းထဲမွာ ေရာက္လုနီးေနၿပီလို႔ ခံစားလိုက္ရၿပီး ခဲယ္လ္တစ္ရဲ႕ လက္ေမာင္းကို ဆုပ္ကိုင္ရင္း စိတ္အားထက္သန္စြာ ေမးလိုက္တယ္။

"မစိုးရိမ္ရပါဘူး ဒဏ္ရာနည္းနည္းပဲရတာပါ သူ ပတ္တီးစည္းဖို႔ ႀကီးျမတ္တဲ့စုန္းမဆီသြားတာ မၾကာခင္ျပန္လာလိမ့္မယ္ " ခဲယ္လ္တစ္က သူ႕လက္ကို ပုတ္ၿပီး စိတ္သက္သာရာရေစဖို႔ အခ်က္ျပခဲ့ပါတယ္။ လိန္းက်ယ္ရဲ႕ဒဏ္ရာက မျပင္းထန္ဘူးလို႔ၾကားတဲ့အခါ အန္းခ်ီေလာ့က စိတ္သက္သာရာရသြားတယ္။

"အစ္ကိုႀကီး လိန္းက်ယ္က ဒဏ္ရာရသြားတာလား ဘယ္လိုဒဏ္ရာရသြားတာလဲ"

"ငါတို႔ ျပန္လာတုန္းက အာနာဂါျမစ္ထဲမွာ ဒဏ္ရာရေနတဲ့ က်ားေတာင္ပံ orc တစ္ေကာင္ကို ေတြ႕လိုက္ရတယ္ လိန္းက်ယ္နဲ႕ငါ သူ႕ကို ကယ္လိုက္ေတာ့ လိန္းက်ယ္ရဲ႕ လက္က ျမစ္ေရကို ထိမိသြားၿပီး ေျမာပါလာတဲ့ သစ္ကိုင္းနဲ႕ ျခစ္မိသြားတယ္ သူျပန္လာေတာ့ မင္း စိတ္ပူမွာ ေၾကာက္တာေၾကာင့္မို႔ သားေကာင္နဲ႕ ငါ့ကိုျပန္လာခိုင္း ၿပီး မင္းကို ေျပာခိုင္းလိုက္တာ ဒဏ္ရာရေနတဲ့ က်ားေတာင္ပံမ်ိဳးႏြယ္ orc ကို ေဆးကုဖို႔ ႀကီးျမတ္တဲ့စုန္းမဆီကို ေခၚသြားၿပီး သူ႕ကိုလည္းပဲ ဒဏ္ရာကို ပတ္တီး နဲ႕ စည္း‌ေပးထားတယ္ " သူ႕စကားကို နားေထာင္ၿပီးေနာက္ အန္းခ်ီေလာ့က စိတ္သက္သာရသြားတဲ့ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး တံခါးဆီကို ေျပးသြားကာ ပတ္ပတ္လည္ကို အဆက္မျပတ္ၾကည့္ေနခဲ့တယ္။

ခဲယ္လ္တစ္ရဲ႕ ခႏၶာကိုယ္ စိုလာတာကို ျမင္လိုက္ရလို႔ ပိုင္မုက သူေသာက္ဖို႔ ျပင္ဆင္ထားတဲ့ ဂ်င္းစြပ္ျပဳတ္ပန္းကန္ကို ယူလာခဲ့တယ္။  စကားတစ္ခြန္းမွ မေျပာဘဲနဲ႕ ခဲယ္လ္တစ္က သူ႕ပန္းကန္ကို ေကာက္ယူၿပီး ေသာက္လိုက္တယ္။

  "ပိုင္မု ဒါကဘာလဲ၊ အရသာက အရမ္းထူးဆန္းတယ္" ခဲယ္လ္တစ္က ပိုင္မုကိုၾကည့္ၿပီး စြပ္ျပဳတ္ေသာက္ၿပီးေနာက္မွာ ေမးလိုက္တယ္။

"ဒါက ဂ်င္းစြပ္ျပဳတ္ပါ အေအးမိတာနဲ႕ ဖ်ားနာတာကို ကာကြယ္နိုင္တယ္ "

" အိုး " ခဲယ္လ္တစ္က နည္းနည္း႐ူးေၾကာင္ေၾကာင္နိုင္တယ္လို႔ ခံစားရတယ္ ၊ ဒီဂ်င္းစြပ္ျပဳတ္က ပူေနေသးတယ္ ၊ ပိုင္မုက အပူေပးထားခဲ့တာ ဟုတ္တယ္မဟုတ္လား။ သူက သူ႕ကို ဂ႐ုစိုက္ေပးေနတာလား?

"ဒါနဲ႕၊ မင္းအခုေျပာတာကို နားေထာင္ၾကည့္ရတာ၊ လူေတြကို ကယ္တင္ဖို႔သြားရင္ေတာင္ အခ်ိန္အၾကာႀကီးမယူရဘူးမဟုတ္ဘူးလား"

"အျပင္မွာ မိုးသည္းသည္းထန္ထန္႐ြာေနတာက ကိုယ္တို႔ရဲ႕ ပ်ံသန္းမႈအျမန္ႏႈန္းကို ထိခိုက္ေစတယ္ အနံ႕ခံအာ႐ုံနဲ႕ အၾကားအာ႐ုံကိုလည္းပဲ အမဲလိုက္ေနတဲ့အေတာအတြင္း အတိုင္းအတာတစ္ခုအထိ သက္ေရာက္နိုင္တာေၾကာင့္ ပုံမွန္ထက္ ပိုၾကာသြားတာ " အင္း ၊ ဒါက အေၾကာင္းျပခ်က္ျဖစ္ပုံရတယ္ ၊ ပိုင္မုက ေခါင္းညိတ္လိုက္တယ္။

  "မင္း ေခါင္းေပၚက မိုးေရေတြကို သုတ္လိုက္" ပိုင္မုက သူ႕ကို အဝတ္တစ္ထည္ ေပးလိုက္တယ္။ ခဲယ္လ္တစ္က အဝတ္ကိုယူကာ ေရ႐ႊဲနစ္ေနတဲ့ ေခါင္းကိုခါလိုက္တယ္။ ထို႔ေနာက္ အဝတ္ကိုယူၿပီး အလ်ဥ္းသင့္သလို သုတ္လိုက္တယ္။ 

" မင္းက ေခြးကေလးပဲ ၊ ငါလုပ္‌ေပးတာကိုပဲ ၾကည့္လိုက္ေတာ့" မဟုတ္ဘူး ၊ သူက ျခေသၤ့ပါ။  ခဲယ္လ္တစ္က ေခြးတစ္ေကာင္က ဘာလဲဆိုတာကို မသိေပမယ့္လည္း ပိုင္မုရဲ႕ ခႏၶာကိုယ္က မိုးေရေတြနဲ႕ စိုစြတ္ေနတာကို ျမင္လိုက္ရၿပီး စာေမးပြဲေအာင္ဖို႔ ရည္႐ြယ္ခ်က္နဲ႕  ၿပဳံးျပလိုက္တယ္။

"ယူလာခဲ့ " ပိုင္မုက ခဲယ္လ္တစ္ ႏွစ္ႀကိမ္ေျမာက္ သုတ္ေနတာကို ေတြ႕လိုက္ရၿပီး သူ႕ေခါင္းေပၚက အဝါေရာင္ဆံပင္ေတြက စို႐ႊဲေနဆဲပါပဲ။ ဒါနဲ႕ သူက ေခါင္းသုတ္ဖို႔ မရည္႐ြယ္ခဲ့တဲ့ပုံပဲ ။  သူက လက္ဆန့္လိုက္ၿပီး အ၀တ္ကို ေတာင္းလိုက္တယ္။

"ဘာကိုလဲ" ခဲယ္လ္တစ္က သူ႕ကိုေၾကာင္ေတာင္ေတာင္ ၾကည့္ေနတယ္။  စကားတစ္ခြန္းမွ မေျပာဘဲ ပိုင္မုက သူ႕လက္ထဲက အဝတ္ကို တိုက္ရိုက္ယူလိုက္ၿပီး ဆံပင္ေတြကို ဂ႐ုတစိုက္သုတ္ေပး လိုက္တယ္။ ခဲယ္လ္တစ္က မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ဆံပင္ေတြကတဆင့္ ေျပးေနတဲ့ ပိုင္မုရဲ႕လက္ေခ်ာင္းေတြကို ခံစားလိုက္ရတယ္။ ပိုင္မုက သူ႕ကို အခု လက္ခံလိုက္ၿပီလား။  သူ႕ကို ဝန္ခံဖို႔ အခ်ိန္ရွာရမလား။

"ဒီရက္ေတြမွာ ေအးေနတာ မင္းဆံပင္မေျခာက္ရင္ ဖ်ားဖို႔လြယ္တယ္" ပိုင္မုက ေျပာလဲေျပာသလို ခဲယ္လ္တစ္ရဲ႕ ဆံပင္တစ္ဝက္ေျခာက္သြားတဲ့အထိတိုင္ေအာင္  သူ႕ကို ကြၽမ္းက်င္စြာ ကူညီေပးခဲ့တယ္။ 

"အစ္ကိုႀကီးပိုင္မု၊ သား အရမ္းဗိုက္ဆာေနၿပီ အစ္ကိုႀကီးတို႔အားလုံး အဆင္ေျပၾကလား စားဖို႔ျပင္လို႔ရၿပီလား "အနားယူရမွာက ေသခ်ာေပါက္ေပမယ့္ ျခေသၤ့ေလးက ဗိုက္ဆာေနၿပီျဖစ္လို႔ သူတို႔ႏွစ္ေယာက္ၾကားက ေလထုကို ႏွောင့္ယွက္ကာ သူတို႔ကို ‌သနားစရာေကာင္းေလာက္ေအာင္ ၾကည့္ေနခဲ့တယ္။

"ေကာင္းၿပီေလ၊ လိန္းက်ယ္ ျပန္လာၿပီးရင္ စားစရာေတြကို အပူျပန္ေပးၿပီး စားၾကမယ္" ပိုင္မုက ျခေသၤ့ေလးရဲ႕ ရႈပ္ပြေနတဲ့ ေ႐ႊေရာင္ေခါင္းေလးကို ပြတ္သပ္လိုက္တယ္။ဒါက ခံစားရတာေကာင္းသားေလးပဲ။

"အစ္ကိုႀကီး၊ လိန္းက်ယ္ကိုေတြ႕ဖို႔ ႀကီးျမတ္တဲ့စုန္းမဆီကို ကြၽန္ေတာ့္ကို ဘာလို႔ မေခၚသြားတာလဲ" အန္းခ်ီေလာ့က အခ်ိန္အေတာ္ၾကာေအာင္ လိန္းက်ယ္ျပန္လာတာကို မေတြ႕တာေၾကာင့္ ခဲယ္လ္တစ္ကို ေျပာလိုက္တယ္။

"သူ အဆင္ေျပတယ္ စိတ္မပူပါနဲ႕ အျပင္မွာ မိုးအရမ္း႐ြာေနလို႔ အျပင္ထြက္ၿပီး ေရစိုသြားရင္ ေနမေကာင္းျဖစ္လိမ့္မယ္" ခဲယ္လ္တစ္က သေဘာမတူပါဘူး။ မိန္းမပ်ိဳေတြရဲ႕ ခႏၶာကိုယ္က orc ေလာက္ မသန္မာဘူး။  ဒီလိုရာသီဥတုမ်ိဳးက အျပင္ထြက္ဖို႔ မသင့္ေတာ္ပါဘူး။  အေအးမိၿပီး အဖ်ားရွိခဲ့ရင္ မင္းမအီမသာျဖစ္လိမ့္မယ္။

"ဒါေပမယ့္ သူဘာလို႔ အခုထိမလာေသးတာလဲ အစ္ကိုႀကီး၊ ကြၽန္ေတာ္ စိတ္ပူတယ္" အန္းခ်ီေလာ့က သူ႕အစ္ကိုကို အသနားခံလ်က္ ၾကည့္လိုက္တယ္။

"မသြားပါနဲ႕၊ မင္းေတြ႕ရဖို႔ ငါကူညီေပးမယ္" ခဲယ္လ္တစ္က သူ႕ညီငယ္စိတ္ပူေနတာကိုၾကည့္ၿပီး သည္းမခံနိုင္ေတာ့ဘဲ သြားၾကည့္ဖို႔ သေဘာတူလိုက္တယ္။

ပိုင္မုက တစ္ဖက္က စိုစြတ္ေနတဲ့ အဝတ္ကို ၾကည့္လိုက္တယ္။ အဲ့ဒါက  အခု အသုံးမဝင္ေတာ့ဘူး။ သူ ဂ်င္းစြပ္ျပဳတ္ မ်ားမ်ားလုပ္ရမယ္။

ခဲယ္လ္တစ္က ဂူေပါက္ဝကို လမ္းေလွ်ာက္သြားရင္း ပ်ံသန္းလာတဲ့ ရင္းႏွီးတဲ့သူ တစ္ဦးကို ေတြ႕လိုက္ရၿပီးေနာက္ ဂူထဲကို ျပန္ဝင္လာခဲ့တယ္။ ဆက္တိုက္အျပင္ကို ၾကည့္ေနတဲ့ အန္းခ်ီေလာ့က ပ်ံသန္းလာတဲ့သူက လိန္းက်ယ္ျဖစ္တာကို သဘာဝက်က် ျမင္လိုက္ရတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူက  စိတ္သက္သာရာရသြားတယ္။

လိန္းက်ယ္ ဂူထဲကို ဝင္လာတဲ့အခါ အန္းခ်ီေလာ့က သူ႕ကို ႏႈတ္ဆက္ၿပီး ဂ႐ုတစိုက္နဲ႕ စစ္ေဆးဖို႔ သူ႕လက္ေမာင္းကို ဆြဲလိုက္တယ္။  သူ႕ညာဖက္လက္ေမာင္းမွာ ပတ္ထားတဲ့ အ၀တ္စတစ္ထည္ကို ေတြ႕လိုက္ရၿပီး အထဲဘက္မွာေတာ့ ေသြးေတြ စီးက်ေနတုန္းပါပဲ။ ပိုင္မုက လိန္းက်ယ္ရဲ႕ဒဏ္ရာကိုၾကည့္လိုက္တဲ့အခါ အံ့အားသင့္သြားတယ္။ႀကီးျမတ္တဲ့စုန္းမက တကယ္ကို ေခတ္နဲ႕အညီ  တိုးတက္လာခဲ့တာပဲ။

  " နာလား  မနာဘူးလား ငါ့ကိုေပးၾကည့္ပါဦး " အန္းခ်ီေလာ့က သူ႕ကို ႏႈတ္ဆက္ၿပီး လိန္းက်ယ္ရဲ႕ လက္ေမာင္းကို ဂ႐ုတစိုက္နဲ႕ စစ္ေဆးဖို႔ ဆြဲယူလိုက္တယ္။

"ဒါက ေသးငယ္တဲ့ ဒဏ္ရာကလြဲလို႔ ဘာမွမဟုတ္ပါဘူး" လိန္းက်ယ္က ၿပဳံးလိုက္တယ္။ သူ႕ခ်စ္သူေလးနဲ႕ ဆက္ဆံေရးအတြက္ ဒီဒဏ္ရာက အရမ္းအသုံးဝင္တယ္။  လိန္းက်ယ္ ဘာမွမျဖစ္ေနတာကို အန္းခ်ီေလာ့ ျမင္တာေၾကာင့္ သူက သူ႕ကိုဂ်င္းစြပ္ျပဳတ္တစ္ပန္းကန္ ယူလာေပးခဲ့တယ္။

"အန္းခ်ီေလာ့ ဒါက ဘာလဲ?" လိန္းက်ယ္က ပန္းကန္ကို ေကာက္ယူလိုက္ၿပီး  ထူးဆန္းစြာနဲ႕ ေမးလိုက္တယ္။(T/N-ေယာက္ဖေတြလို႔ မေျပာရဘူးေနာ္ ေမးတာကအစ ခဲယ္လ္တစ္နဲ႕တစ္ပုံစံတည္းပဲ ><)

"ဒါက အေအးမိတာနဲ႕ ေရာဂါေတြကို ကာကြယ္နိုင္တဲ့ ဂ်င္းစြပ္ျပဳတ္ပါ ျမန္ျမန္ေသာက္လိုက္" အန္းခ်ီေလာ့ရဲ႕ မ်က္လုံးေအာက္မွာ လိန္းက်ယ္က ႐ုပ္ဆိုးတဲ့အရာတစ္ပန္းကန္လုံးကို တစ္က်ိဳက္တည္းနဲ႕ ၿပီးေအာင္ ေသာက္ခ်လိဳက္တယ္။  ထို႔ေနာက္ အန္းခ်ီေလာ့က လိန္းက်ယ္ကို ပိုင္မု သူ႕အစ္ကို႔ကို လုပ္ေပးသလိုမ်ိဳး ထိုင္ေစၿပီး ဆံပင္သုတ္ဖို႔ အဝတ္တစ္ထည္ကို ယူကာ လိန္းက်ယ္အား ဂ႐ုစိုက္လိုက္တယ္။

  "အဲ့ဒီက်ားေတာင္ပံorc ဘယ္လိုေနလဲ" ခဲယ္လ္တစ္က ေမးလိုက္တယ္။  "ဒဏ္ရာက နည္းနည္းေလး ျပင္းထန္ေပမယ့္ ေလ့က်င့္မႈ မ်ားမ်ားလုပ္ရင္ သက္သာေပ်ာက္ကင္းနိုင္တယ္လို႔ ႀကီးျမတ္တဲ့စုန္းမက ေျပာတယ္"

"မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ငါေျပာၿပီးၿပီ ျဖစ္နိုင္တာက orc တစ္ေကာင္က သူ႕မ်ိဳးႏြယ္စုနဲ႕ သိပ္မေဝးတဲ့ အရပ္ကို တစ္ေကာင္တည္း ေရာက္လာၿပီး အဲဒါကို စမ္းသပ္မႈတစ္ခုလို႔ သူမသိခဲ့ဘူးလား ဒါမွမဟုတ္ မ်ိဳးႏြယ္စုထဲက ႏွင္ထုတ္ခံရတဲ့ orcပဲလားေပါ့"

"မ်ိဳးႏြယ္စုက ႏွင္ထုတ္ခံရတာလား" ဒီေနရာက လူေတြက မ်ိဳးႏြယ္စုထဲကေနလည္း  ႏွင္ထုတ္ခံရတတ္တာပဲလား။ပိုင္မုက  အရမ္းအံ့ၾသသြားတယ္။

  "အင္း မင္းအမွားႀကီးတစ္ခုလုပ္မိရင္  မိန္းမပ်ိဳေတြနဲ႕ ျပသနာရွိေနရင္ မ်ိဳးႏြယ္စုထဲကထုတ္ခံရမွာပဲ"ခဲယ္လ္တစ္က  ေခါင္းညိတ္လိုက္တယ္။

"အိုး  "

“စားလို႔ရၿပီလား သားဗိုက္ဆာေနၿပီလို႔ ”  အေမ့ခံလိုက္ရတဲ့ တေပါက သူတို႔ဘာသာသူတို႔ စကားေျပာေနတဲ့ လူအနည္းငယ္ကို ေဒါသတႀကီး ၾကည့္လိုက္တယ္။

ေနာက္ထပ္ႏွစ္ရက္အၾကာမွာ မိုးတိတ္သြားၿပီး ၾကာရွည္စြာ ေပ်ာက္ဆုံးေနတဲ့ ေနေရာင္က ကုန္းေျမေပၚကို တစ္ဖန္ ေတာက္ပလာခဲ့တယ္။  မိုးေရေတြနဲ႕  ေဆးေၾကာထားခံရတဲ့ ကမၻာေျမႀကီးက အသက္၀င္မႈအျပည့္ရွိေနတယ္။ ေတာထဲက သစ္ပင္ေတြက ဖုန္ေတြ ေဆးေၾကာခံလိုက္ရတာေၾကာင့္  ပိုၿပီး အစိမ္းေရာင္ေတာက္ပလာခဲ့ပါတယ္။

Paid groupမွာေတာ့ chapter 41ထိ တင္ၿပီးသြားပါၿပီ ။ daily updateေပးတာေပါ့ေနာ္ အဲ့မွာေတာ့ ။ free နဲ႕ နည္းနည္းကြာသြားေအာင္ပါ ။

Continue Reading

You'll Also Like

601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
130K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
11.7K 1.4K 21
သိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.