လူဆိုးကောင် (completed)
By AyeMon687
126K 9K 987
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ More
🤍အပိုင်းတစ်🤍
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းငါး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းရှစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍
အချပ်ပိုနှစ်🤎
🤍အပိုင်းတစ်ဆယ့်နှစ်🤍
4.3K 387 20
By AyeMon687
( Unicode )
( အပိုင်းတစ်ဆယ့်နှစ် )
အဖြစ်အပျက်တွေဖြစ်ပြီး နှစ်ရက်ကြာသွားခဲ့သည့်တိုင် သူနဲ့ဂျွန်ဂျောင်ကုရဲ့ကောလဟာလသတင်းတွေဟာရပ်သွားခဲ့ခြင်းမရှိသေးပါဘူး။ဆေးရုံပရဝုဏ်အတွင်း၌ တီးတိုးပြောနေကြဆဲမို့ သူတောင် ဒီအခြေအနေမှာနေသားတကျဖြစ်နေခဲ့ပါပြီ။
ငြင်းရအောင်လည်း သူတို့ပတ်သတ်မှုက
ထင်သလောက်ကင်းရှင်းနေတာမျိုးမရှိ။
အဲ့လိုဆိုပေမယ့်လည်း ချစ်သူတွေမဟုတ်ကြပြန်ဘူးလေ။အဲ့တာကြောင့်မို့ ဒီအခြေအနေပေါ်မှာ ခေါင်းလည်းမခါသလို ခေါင်းလည်း
မငြိမ့်ခဲ့ဘဲမေးခွန်းတွေကြားကနေ ရှောင်​ပြေးနိုင်ခဲ့ပါတယ်။
••••••• လူဆိုးကောင် •••••••
* ကျွန်တော်လာခဲ့ပါ့မယ်...စီနီယာ *
စီနီယာကင်နှင့် ဖုန်းပြောပြီးနောက် ဂျူတီကုတ်ကိုဆွဲချွတ်လိုက်ရင်း စာတမ်းပြုစုထားတဲ့ ဖိုင်တစ်တွဲကိုကောက်ပွေ့လိုက်လျက် စီနီယာအိမ်လိုက်သွားဖို့လုပ်ရသည်။
စီနီယာ ဆေးရုံကိုရောက်မလာတာဒီနေ့နဲ့ဆို နှစ်ရက်ရှိနေပြီ။စာတမ်းတင်ရမယ့်ရက်ကလည်းနီးနေပြီကိုစီနီယာက ဒီလိုတွေရောက်
မလာမှတော့သူကဘယ်သူနဲ့တိုင်ပင်ရပါ့ရမလဲ။
* ဘယ်သွားမှာလဲ *
ဒေါက်တာသည် ဆေးရုံထဲကထွက်ဖို့အလုပ်တွင် အလောတကြီးပြေးဝင်လာသောဂျွန်ဂျောင်ကုနဲ့ ဆေးရုံအဝင်ဝမှာထိပ်တိုက်ဆုံလေသည်။ထို့အပြင် အလောကြီးနေတဲ့ဒေါက်တာ့ပုံစံကိုကြည့်ပြီး မျက်မှောင်ကုပ်နေလိုက်တာများ လူကိုအစိမ်းလိုက်မြိုချတော့မယ့်ဆိုက်နဲ့။
* ငါမအားဘူး *
* ဒါဘယ်လဲလို့ မောင့်ကိုဖြေပေးခဲ့ဦး *
* အရစ်မရှည်စမ်းပါနဲ့ ငါတကယ်အရေးကြီးနေလို့ *
မောင့်ပခုံးတွေကို တစ်ချက်ပုတ်ပေးလိုက်ပြီး
သူအလျင်နေလိုကြောင်းကို မျက်ခုံးတစ်ဖက်ပင့်ပြမိရင်း ခပ်ပြတ်ပြတ်ပဲဖြေမိတယ်။မောင်ကတော့ စူပုတ်ပုတ်ဖြင့်အလိုမကျသလိုလိုက်ကြည့်နေခဲ့ပြီး အနည်းငယ်လိပ်တင်နေတဲ့
သူ့အင်္ကျီခါးစကို ဆွဲဆန့်ပေးလာခဲ့တယ်။
ပြီးတော့ သူ့လက်ထဲက ဖိုင်တစ်ထပ်ကိုစူးစမ်းသလိုစိုက်ကြည့်လာခဲ့ပြီး မျက်ခုံးတန်းတွေကိုပိုတွန့်ချိုးပစ်လိုက်သည်။ဂျွန်ဂျောင်ကုဟာလေ သူအားနေတယ်ဆိုတိုင်း ဒေါသထွက်ဖို့ပဲသိ်တယ်။
လူဆိုးကောင်လို့ပြောရင်လည်းမကြိုက်ဘူး!
လုပ်နေတဲ့ပုံစံကိုက ဣန္ဒြေတစ်ဆတ်မရှိဘဲနဲ့။
* ဟိုလူကြီးဆီလား? *
ဂျီမင်ဟာ မည်သို့မျှအဖြေပြန်မပေးခဲ့ပါ။အဲ့အစား အလျင်အမြန်ပြေးထွက်ရန် ပြင်လိုက်သည်နှင့် မောင်ကသူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲထားတယ်။
* မောင်လိုက်ပို့မယ် *
* မလိုပါဘူးဆို နေခဲ့ *
* စကားတွေအရမ်းမများနဲ့ မောင့်ဂျီမင် *
* ဘယ်အချိန်ထိငါ့ကိစ္စတွေထဲ ဝင်ပါနေဦးမှာလဲ?မင်းအလုပ်မပြီးသေးဘူးမလား?နေခဲ့ပါ *
လက််မောင်းပေါ်က ဆုပ်ကိုင်ထားဆဲမောင့်လက်ချောင်းတွေကို ခပ်ဖြည်းဖြည်းချင်းပဲ
ဆွဲဖြုတ်ချပေးလိုက်ပြီးနောက် ဒေါက်တာပြေးထွက်သွားခဲ့သည်။ထုံးစံအတိုင်း မောင်ဟာ ဒေါက်တာ့အပေါ်ဆို ကလေးဆန်ချင်နေသေးမှန်းသိသာတယ်။
မင်းနဲ့တော့ခက်ပါတယ် ဂျွန်ဂျောင်ကုရယ်။
•••••••• လူဆိုးကောင် ••••••••
စီနီယာရဲ့ခြံရှေ့ရောက်တော့ ကားကိုတစ်ဖက်လမ်းမှာရပ်ထားခဲ့လိုက်ပြီး ဖိုင်တစ်ပွေ့နဲ့အတူ ခြံတံခါးဘဲလ်ကို နှိပ်လိုက်ရသည်။ရိုးရိုးရှင်းရှင်းအိမ်လေး၏အပြင်အဆင်ကိုကြည့်ရုံနဲ့တင် စိတ်ကိုအေးချမ်းစေတယ်လေ။
* စီနီယာ..! *
လန့်ပြီး အော်လိုက်မိပေမယ့် စီနီယာကတော့အေးအေးလူလူပြုံးပြလာခဲ့တယ်။ဒါနဲ့ စီနီယာရဲ့မျက်နှာက ဘာလို့အဲ့လောက်ထိတောင်
ဒဏ်ရာရနေတာလဲ...။
* ဘာရပ်လုပ်နေတာလဲ ဝင်ခဲ့လေ *
ခြံတံခါးလာဖွင့်ပေးပြီး စီနီယာက အရင်ပြန်ဝင်သွားခဲ့တယ်။ကြောင်တောင်တောင်ရပ်နေဆဲသူ့ကို စီနီယာကလှည့်ပြုံးပြဖို့လည်းမမေ့ လျော့ခဲ့ပါ။သူလည်း ဘာတစ်ခုမှအတွေးများမနေတော့ဘဲ စီနီယာရဲ့ခြံလေးထဲကိုခြေချလိုက်မိသည်။
စီနီယာရဲ့လမ်းပြမှုနဲ့ စီနီယာတို့ဧည့်ခန်းထဲကိုပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါ။သပ်သပ်ရပ်ရပ်အပြင်အဆင်လေးတွေက မျက်လုံးမလွှဲချင်စရာပါပဲ။ပန်းချီကားတော်တော်များများကိုလည်း နံရံတွေထက််မှာချိတ်ဆွဲထားသေးတယ်။စီနီယာက ပန်းချီကားတွေစုရတာကိုသဘောကျတာလား...။
* စာတမ်းလာပြတာလား ကိုယ့်ကိုပေးဖတ်ကြည့်လေ *
* ဟုတ်ကဲ့ *
စီနီယာရှေ့ဆို ပတ်ခ်ဂျီမင်က တကယ်ကိုလိမ္မာတဲ့ကလေးလေးတစ်ယောက်လိုပါပဲ။ဖိုင်တွဲတွေကို လက်လေးနှစ်ဖက်နဲ့သေချာကိုင်ပြီး စီနီယာထံထိုးပေးလာတာကြောင့်
ဒေါက်တာ့ကို စီနီယာက သဘောတကျမျက်လုံးလေးတွေနဲ့လှမ်းကြည့်လာတယ်။
ရိုရိုကျိုးကျိုးလေးပေမို့ စီနီယာကင်သည်
ပြုံးမိသွားပြီး ဖိုင်တွေကြားမှနေခိုးကြည့်နေခဲ့ပါသည်။ဒီဆရာဝန်လေးပတ်ခ်ဂျီမင်ကို စိတ်ရင်းနဲ့နှစ်သက်ရပါတယ်။သူ့ဘဝတွင် ပထမဆုံးအနေနဲ့ မြတ်နိုးမိသွားတဲ့ယောကျာ်းလေးတစ်ယောက်ဆိုလည်းမမှားနိုင်ပါဘူး။
* ဟို..စီနီယာမျက်နှာက ... *
* ခိုက််မိထားရုံပါ။အထွေအထူးမဟုတ်ပါဘူး*
စီနီယာက ဘာမှမဖြစ်ထားသလိုမျိုးပေါ့ပေါ့ပါးပါးဖြေလာခဲ့ပြီး စာတမ်းတွေကိုပြန်ဖတ်နေခဲ့ပေမယ့် သူ့မှာသာ မနေတတ်မထိုင်တတ်တွေဖြစ်လာရပြီး ပေါင်ပေါ်ကလက်ချောင်းတွေချင်းကုတ်ဖဲ့နေခဲ့မိပါလိမ့်မယ်။
ခိုက််မိထားတာတဲ့လား?ဒါကိုဘယ်လိုလုပ်ပြီးများယုံရမှာလဲ။ချော်လဲလို့ ဆောင့်မိထားတာမျိုးမှမဟုတ်ဘဲ ပါးတစ်ခြမ်းလုံးညိုမည်းစွဲနေတာက လူမြင်လို့တောင်မကောင်းဘူး။
ဒါကြီးက ရိုးရိုးသားသားခိုက်မိထားတာမဟုတ်ဘူးလေ။ပြီးတော့ အဲ့ဒါဘယ်သူ့လက်ချက်လဲ ငါသိတယ်။ဒီအရူးကတော့.!ဘယ်တော့များမှ အသိတရားရမှာလဲ။
ငါစီနီယာကိုအားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။
* စီနီယာ *
ဂျီမင်သည် အားတုံ့အားနာလှမ်းကြည့်လာခဲ့တယ်။သူ့နည်းတူ စီနီယာကင်သည်လည်းလှမ်းကြည့်လာခဲ့တာမို့ ဆုံရပ်တစ်ခုတွင်
ထိုမျက်ဝန်းနှစ်စုံဟာ ခလုတ်တိုက်ခဲ့ကြလေတော့သည်။
* ပြောလေ ဂျီမင် *
ဘာများပြောလာမလဲလို့ နားထောင်ပေးနေခဲ့ပေမယ့် အတော်ကြာသည်အထိငြိမ်နေဆဲဖြစ်လို့ စီနီယာဘက်ကပဲစပြီး စကားထောက်ပေးလိုက်ရတော့တယ်။ဂျီမင်ကတော့ လက်သည်းထိပ်လေးတွေအချင်းချင်းကုတ်ဖဲ့နေမိခဲ့ပြီး စီနီယာအားမဝမရဲလေးဖြင့်မော့ကြည့်လာခဲ့ပြီးနောက်...
* တောင်းပန်ပါတယ် စီနီယာ *
သူ့တောင်းပန်ခြင်းအပေါ် နားမလည်နိုင်ဟန်မျက်ဝန်းတွေနဲ့စိုက်ကြည့်လာရုံကလွဲလို့ စီနီယာကဘာတစ်ခုမှမေးလာခြင်းမျိုးမရှိပါဘူး။
* ဂျွန်ဂျောင်ကု ကိုယ်စားပါ..။သူ့လုပ်ရပ်အတွက် စီနီယာကပဲ သဘောထားကြီးပေးပါ *
ထိုအခါ စီနီယာက သဘောကျတာတွေ့လိုက်သလိုမျိုး ခပ်ဟဟရယ်လာခဲ့ပြန်တယ်။
* စီနီယာစိတ်ဆိုးနေမယ်ဆိုတာသိပါတယ်...။
အဲ့အရူးက ဒီအရွယ်ကြီးထိမရင့်ကျက်သေးတော့လေ စီနီယာကပဲ... *
ဂျီမင်က စကားကိုထပ်မဆက်တော့ကာ လည်တိုင်လေးကိုမနေတတ်သလိုလေးကုတ်ပြန်သည်။အနေခက်နေတဲ့ပုံစံလေးကိုက တစ်မျိုးလေးသစ်လွင်နေတာမျိုး။ချုံ့ငုံပြောရရင်တော့ ပတ်ခ်ဂျီမင်က နှစ်သက်စရာတွေနဲ့ချည်းသာ ပြည့်နှက်နေတဲ့လူသားလှလှလေးပဲဖြစ်ပါလိမ့်မည်။
* ကိုယ်က ခွင့်လွှတ်ပေးရမယ်ဆိုပါတော့ *
* ဟုတ်ကဲ့ အဲ့လိုသဘောပါပဲစီနီယာ။ဂျွန်ဂျောင်ကုက နည်းနည်းကလေးဆန်တော့
စီနီယာအပေါ်မှာ ဝတ္တရားနှောင့်ယှက်မှုတွေရှိကောင်းရှိခဲ့မှာပါ။အဲ့ဒီအတွက်လည်း
သူနောက်ထပ် အမှားတွေထပ်မလုပ်မိစေဖို့ သူ့ကိုပြောထားလိုက်ပါ့မယ် *
ဂျွန်ဂျောင်ကုဆီအထိုးခံလိုက်ရတာနဲ့ပတ်သတ်ပြီး ကိုယ် မင်း-လူကို ဗွေမယူပါဘူး။
လူတိုင်းက အချစ်နဲ့ထိတွေ့ရင်မှားတတ်ကြတာ ကိုယ်နားလည်တယ်လေ။ဒါပေမယ့်
အဲ့တစ်ယောက်အစား ဘာကြောင့်တောင်းပန်ပေးနေရသလဲပဲ ကိုယ်သိချင်တယ်။
ဒါလား အဲ့တစ်ယောက်ကို မင်းမုန်းနေတာ။
* သူငယ်ချင်းအတွက်တော်တော်လေးစိတ်ပူနေတာလား။မစိုးရိမ်ပါနဲ့ မင်းသူငယ်ချင်းကို
ကိုယ်ဘာမှမလုပ်ပါဘူး *
အခု ငါ့ပုံစံက အရမ်းကြီးသိသွားတာလား။
စီနီယာမျက်လုံးထဲ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိလား။
* ဟင်..မဟုတ်ပါဘူး။ကျွန်တော်ကိုဘာလို့
အဲ့လိုထင်ရတာလဲ။သူ့ကြောင့်မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်က ..ကျွန်တော့်စိတ်ရင်းအမှန်နဲ့တောင်းပန်တာပါ။အဲ့ဒါအပြင် တစ်ခြားဘာမှမရှိပါဘူး *
ခပ်ပြုံးပြုံးနှုတ်ခမ်းပါးတစ်စုံနဲ့အတူ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့နားထောင်ပေးနေသည့်စီနီယာကြောင့် သူတို့စကားဝိုင်းလေးမှာ အေးအေးချမ်းချမ်းရှိခဲ့ပါ၏။၎င်းနောက် စီနီယာက စာတမ်းဖတ်နေရာမှနေ အာရုံလွှဲလာခဲ့ပြီး သူ့အဖို့ပါအဖန်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလာခဲ့သည်။
အကြမ်းရည်ငဲ့ထားတဲ့ ကြွေပန်းကန်လုံးလေးကို တိုးပေးလေသည့်အခါ ဂျီမင်၏ လက်ချောင်းလှလှလေးများက တရိုတသေဖြင့်လက်ခံယူရှာတယ်။ဒီကလေးဟာ တကယ်လိမ္မာတဲ့ကလေးယောက်အဖြစ် ရင်ထဲတိတ်တဆိတ်မှတ်ချက်ပြုရင်း တစ်ခါပြုံးမိပြန်တယ်။
အကြမ်းရည်အားအရသာခံလျက် သောက်နေသူလေးကို စီနီယာကလည်း တစ်စက္ကန့်မဆိုင်း အကဲခတ်နေခဲ့သည်။အဲ့ဲဒီနောက်တွင်တော့ ဂျီမင်၏ ရင်တွင်းတစ်နေရာနက်နက််မှာဖုံးဝှက်ထားတဲ့အမှန်တရားတစ်ခုကိုလည်း
သူဟာရှာတွေ့သွားခဲ့တယ်။
* ဂျီမင်အနေနဲ့ကိုယ့်ဆီက ခွင့်လွှတ်မှုရမှတကယ်ကျေနပ်မှာလား?။ဒါဆိုရင် ကိုယ်
တစ်ခု​ေလာက်တောင်းဆိုကြည့်လို့မလား *
ဂျီမင်ခွင့်လွှတ်မှုတောင်းခံနေတာ ဘယ်သူ့အတွက်လဲ ကိုယ်သိတယ်။သိတာမို့လို့ နည်းနည်းလေးညစ်ကြည့်လို့ဖြစ်တယ်မလား။
ကိုယ်တောင်းဆိုမှာနဲ့ပတ်သတ်ပြီး ဂျီမင်ဘက်က အဆင်မပြေဘူးငြင်းရင် ကိုယ်လက်လျှော့မှာပါ။
* ဟုတ်ကဲ့..စီနီယာ တောင်းဆိုသမျှကို ကျွန်တော်လိုက်လျောနိုင်ဖို့ကြိုးစားပါ့မယ်။အဲ့တာက ဘယ်လောက်ခက်ခက်?!...ကျွန်တော်ကြိုးစားမှာပါ *
သူ့စကားကြောင့် စီနီယာ၏မျက်ခုံးတန်းတွေမှာ ပင့်ခနဲမြှောက်တက်သွားရတဲ့အထိပင်။
ဒါလား ဂျွန်ဂျောင်ကုကို မုန်းနေတာ..!ဒါလားမျက်မုန်းကျိုးနေတာ..!။
ကိုယ်လည်းမင်းကို လက်လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး။စပြီးသဘောကျကတည်းက လွယ်လွယ်နဲ့လက်လျော့ပေးဖို့သဘောကျခဲ့တာမှမဟုတ်ဘဲ။ဒေါက်တာပတ်ခ်ကို အဆုံးအရှုံးခံဖို့ကကိုယ့်အတွက်လည်း လွယ်ကူမနေဘူး။
ဂျွန်ဂျောင်ကုလည်း သူ့ရင်ခုန်သံအတွက််
မင်းထံတိမ်းညွှတ်ခွင့်ရိှသလို ကိုယ်လည်း
ကိုယ့်အချစ်အတွက် ချစ်ပြခွင့်တော့ရှိသေးတယ်မလား...။ကိုယ်တို့နှစ်ယောက်လုံးမြတ်နိုးနေမိတဲ့လူက မင်းဖြစ်နေရုံပါပဲ။ဘယ်သူကမှမမှားခဲ့ကြပါဘူး။.................။
စီနီယာနမ်ဂျွန်းသည် အကြမ်းရည်ခွက်ကိုနှုတ်ခမ်းနားတေ့ထားပေမယ့်လည်း ထိုအကြမ်းရည်ကိုမသောက်သေးပါ။ပါးချိုင့်ချိုင့်ထင်းကလေးများပေါ်အောင်ပြုံးလိုက်ပြီး
အကြမ်းရည်ခွက်ကိုပြန်ချထားလိုက်ကာ...
* ကိုယ်နဲ့အတူ ကော်ဖီသောက်ပေးပါ *
ထိုသို့ပြောလာခဲ့၏။
ခွက်ထဲရှိလက်ကျန်အကြမ်းရည်တွေကို အကုန်မော့သောက်ပစ်လိုက်ပြီးနောက် စီနီယာကင်ကို အထူးအဆန်းပါလားဟူသော
သဘောဆောင်သည့်မျက်ဝန်းကျဥ္းလေးတွေနဲ့မော့ကြည့်လာခဲ့ရင်း ပြုံးပြပြန်သည်။
စီနီယာ တောင်းဆိုမယ်ဆိုတာက ဒါလား။
ဘာတွေများပြောမလဲဆိုပြီး ကျွန်တော်ဖြင့် အများကြီးတွေးတောနေလိုက်ရတာ။စီနီယာကရုပ်တည်ကြီးနဲ့အဲ့လိုလည်းနောက်တတ်သေးတာပဲလား။
သူခပ်သွက်သွက်ပဲ ခေါင်းငြိမ့်ပြလိုက်မိတယ်ထင်တယ်။ငြင်းစရာမရှိဘဲနဲ့ ဘာလို့ငြင်းရမှာလဲ။ကော်ဖီအတူသောက်ကြတာများလွယ်လွယ်လေးကို အခုတောင်တစ်စားပွဲတည်းထိုင်ပြီးသောက်နေကြတာမဟုတ်ဘူးလား။
* ဂျီမင်ထင်နေသလို...ကိုယ်နဲ့တစ်ခါလောက်သောက်ပေးရုံလောက်နဲ့မပြီးသွားဘူးနော်။နေ့တိုင်း..ကိုယ်တို့အားလပ်ချိန်တိုင်း ဒီကပတ်ခ်ဂျီမင်က ကိုယ့်ရဲ့ကော်ဖီသောက်​ေဖာ်လုပ်ပေးရမှာ *
ဟိုကောင်လေးနောက်္မပါသွားဖို့ဆို ကိုယ်လည်းကြိုးစားခွင့်တော့ရှိသေးတယ်မလား။ဂျွန်ဂျောင်ကုကချစ်ပေးသလိုမျိုး ကိုယ်ကလည်းချစ်ရပါတယ်ပတ်ခ်ဂျီမင်။
အကြမ်းရည်ခွက်အား ထိန်းကိုင်ထားသည့်လက်ချောင်းလေးတွေမှာ တန့်သွားခဲ့လေတော့သည်။အဲ့ဒီနောက် သူ စီနီယာကိုလှမ်းကြည့်မိလိုက်ပုံပါပဲ။
သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့စီနီယာကြောင့် ဘယ်လိုအဖြေမျိုးပြန်ပေးရမလဲကို ဦးနှောက်ကအလျင်အမြန်အလုပ်လုပ်ရတော့သည်။
ငါဒီလိုလုပ်မယ်ဆို ဂျွန်ဂျောင်ကုစိတ်ဆိုးမှာလား?။
* ဟုတ်ကဲ့..စီနီယာတောင်းဆိုတာကို ကျွန်တော်မငြင်းပါဘူး *
ကော်ဖီလေးအတူတူသောက်ရုံပဲကို ဘာမှကြီးကြီးကျယ်ကျယ်တွေဖြစ်ပြနေစရာမလိုဘူးထင်တာပဲ။ပြီးတော့ စီနီယာဆိုတာက လူကြီးလူကောင်းတစ်ယောက်။ကျွန်တော်လေးစားရတဲ့လူတစ်ယောက်ဆိုလည်းမမှားဘူး။
* ဂျီမင်..ကိုယ့်ကိုမငြင်းသေးဘူးမလား?...
ဂျီမင်ပြန်ပေးမယ့်အဖြေကို ကိုယ်ဖြင့်မျှော်လင့်ခွင့်ရှိသေးလား *
ဂျီမင်၏နားရွက်ဖျားလေးနှစ်ဖက်မှာ ချက်ချင်းပင် နီရဲဆွေးလာခဲ့ပြီး ရှက်ရှက်ရွံရွံအပြုံးနုလေးများနှင့် မျက်နှာလေးလွှဲသွားရှာသည်။ရှက်နေတာလေးကအစ နှစ်သက်ချင်စရာလေးပေမို့ စီနီယာကပြုံး၍ပဲစိုက်ကြည့်နေခဲ့တယ်။
* စီနီယာကို ကျွန်တော်ငြင်းမှာမဟုတ်ပါဘူး *
သူ့စကားကြောင့် စီနီယာမျက်နှာလေးကပြုံးသွားသည်။
* ရပါတယ် ကိုယ်အရမ်းမလောပါဘူး။
အခုမဟုတ်တောင် တဖြည်းဖြည်းချင်းတော့ ကိုယ့်ကိုမင်းရင်ထဲနေရာပေးကြည့်ပါ...။ *
စီနီယာကိုမငြင်းပါဘူးဆိုတဲ့စကားက ဂျီမင်၏စိတ်ရင်းအမှန်ပါ။အခြေအနေတစ်ခုဆီကနေ ရှောင်ပြေးချင်လို့အလွယ်တကူပြောလိုက်တာမျိုးမဟုတ်ခဲ့ရပါဘူး။စီနီယာကို ငြင်းဆိုဖို့ဘယ်တုန်းကမှသူ့စိတ်ထဲမရိှခဲ့ဖူးဘူးလေ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက စီနီယာကိုပဲရွေးချယ်ဖို့ သူ့စိတ်ကပြင်ဆင်ထားခဲ့ပြီးသား။ဂျွန်ဂျောင်ကုသာ သူ့ရှေ့ထပ်မပေါ်လာခဲ့ရင်
စီနီယာကို သူ့ရင်ခုန်သံတွေပေးအပ်ပြီးနေလောက်ပါပြီ။အဲ့လောက်အထိကို စီနီယာနဲ့ရှေ့ဆက်ဖို့သူတွေးထားခဲ့တာ။
ဘဝတစ်ခုရှေ့ဆက်ဖို့အတွက် လူတစ်ယောက်ရဲ့အချစ်ကအရေးပါသလို ဦးနှောက်ရဲ့ဆုံးဖြတ်ခြင်းကလည်းအရေးကြီးတယ်ဆိုတာမေ့မထားကြပါနဲ့။
နေပါဦး!! ငါအခုဘာတွေလုပ်နေမိတာလဲ?
ငါလှေလံနှစ်ဖက်နင်းနေမိပြီလား။ဂျွန်ဂျောင်ကု​ကိုရင်ခုန်နေပြီး အခုစီနီယာကိုအခွင့်အရေးထပ်ပေးလိုက်တာတဲ့လား။ဒီအခြေအနေမှာ ငါတော့ရူးသွားလို့ရရင် သိပ်ကောင်းမှာပဲ။
အလန့်တကြားထိုင်နေရာကနေ မတ်တတ်ထရပ်လိုက်မိတာကြောင့် စီနီယာကနားမလည်ဟန်မျက်ဝန်းတွေနဲ့မော့ကြည့်လာခဲ့သည်။
* ပြန်တော့မလို့လား *
* ဟုတ်ကဲ့ လူနာကြည့်စရာလေးတွေရှိသေးလို့ *
* ကောင်းပြီလေ ကိုယ်လိုက်ပို့ပေးမယ် *
* ရတယ်စီနီယာ..!ကျွန်တော့်မှာကားပါပါတယ် *
သူဘာကြောင့် အသည်းအသန်ငြင်းလိုက်ရတာပါလိမ့်။စီနီယာလိုက်ပို့တာကိုမြင်ပြီး
ဂျွန်ဂျောင်ကု လာဂျစ်မှာစိုးလို့များလား။ဟုတ်တယ်..!အဲအရူး ကဂျီကဂျောင်လာကျမှာစိုးလို့။
* ကိုယ်သိပါတယ် ကိုယ်ပြောချင်တာက
ခြံရှေ့ထိလိုက်ပို့ပေးမယ်လို့ *
သူ့အမူအရာတွေက စီနီယာရှေ့မှာအရမ်းကြီးအကဲဆတ်နေတဲ့ပုံပေါက်သွားသလားမသိချင်တော့ပါဘူး။ကိုယ်ကိုတိုင်လည်း မဟုတ်တာဘာတစ်ခုမှမလုပ်ထားခဲ့ဘဲနဲ့ ဘာလို့လိပ်ပြာမလုံသလိုခံစားနေရတာပါလိမ့်။
အခုမှအစပဲရှိသေးတယ် တော်တော်လေး
ရင်မောနေရတာက ဟုတ်တော့မဟုတ်သေးပါဘူး။စီနီယာနဲ့အကြောင်းတွေကို ဂျွန်ဂျောင်ကုသာသိသွားကြည့် သူလိုက်နှောက်ယှက်တော့မှာအသေအချာတယ်။ငါတော့
ရူးသာရူးလိုက်ချင်တယ်။
စီနီယာက ကားနားအထိလိုက်ပို့ပေးတာဖြစ်လို့ စီနီယာကိုကျေးဇူးတင်စကားအထပ်ထပ်ဆိုခဲ့ရင်း ဂျွန်ဂျောင်ကုရိှရာရပ်ဝန်းဆီသို့ပြန်လာခဲ့ရတယ်။ကိုယ်ကိုယ်တိုင်ရှုပ်ခဲ့မိတဲ့
ဒီဇာတ်လမ်းမှာ ဘယ်သူ့ကိုလက်တွဲသင့်သလဲမဆုံးဖြတ်တတ်ပေမယ့် ဘယ်သူ့ကိုမှလည်းမထိခိုက်စေချင်ပြန်ဘူး။
••••••• လူဆိုးကောင် ••••••••
စီနီယာအိမ်ကနေ ပြန်ရောက်သည်နှင့်ဂျောင်ကုအခန်းထဲကို သူရောက်နေပြီ။ဒီလူဆိုးဟာလေပြဿနာတွေဖန်တီးရတာကိုမှ စွဲလန်းနေလို့ရမလား။
* မောင့်အခန်းကို လာလည်တယ်ဆိုတော့..
မောင့်ကို အဲ့လောက်တောင်လွမ်းနေတာလား *
* အရူးစကားတွေ တော်ပါ။မင်း အဲ့လိုလုပ်ခဲ့တာကောင်းလား *
* ကောင်းတယ်လေ *
* ဂျောင်ကု! *
* ဗျာ *
မောင်ဟာ သူ့ထုံးစံအတိုင်း ဂျီမင်းကိုပြုံးစိစိမျက်နှာလေးနဲ့လှမ်းကြည့်နေပြီး ဆံပင်တိုတိုတွေကိုလည်းခဏတိုင်းဆိုသလိုသပ်တင်နေသေးတာပါ။
ဆိုဖာပေါ်လှဲချအိပ်တော့မတတ် ခွေခွေခေါက်ခေါက်ထိုင်နေသူမောင်သည် သူ့မျက်လုံးထဲမှာတော့တစ်စက်လေးမှအပိုးကျိုးမနေဘူး။
* မင်းကိုခွင့်လွှတ်ပေးဖို့ အစ်ကို့ကို ငါတောင်းပန်ခဲ့တယ် *
* မောင်တောင် မတောင်းပန်တဲ့ကိစ္စ!မင်းက ဘာလို့လဲ *
* အားနာလို့လေ *
မောင့်ကိုမှ တည့်တည့်ကြီးစိုက်ကြည့်လာတဲ့ဂျီမင်းမျက်ဝန်းလှလှလေးကြောင့် မောင့်ရင် နာရပြန်တယ်။စကားလေးတစ်ခွန်းတည်းပါ.. ဒါပေမယ့် မောင့်ကို နာကျင်စေတယ်။
ဒဏ်ရာရှိနေဆဲ၊သွေးမတိတ်သေးတဲ့မောင့်ဝဲဘက်ရင်ကို ထပ်ခါထပ်ခါထိုးနှက်ရမှကျေနပ်နိုင်မယ်ဆိုလည်း တစ်သက်လုံးမျက်ကွယ်ပြုထားလိုက်ပါတော့ မောင့်ဂျီမင်..။
* အားနာတယ်?အဲ့လူကို မင်းကအားနာတယ်ပေါ့။ဒါဆို ​ေမာင်ကိုရော.?မင်းနည်းနည်းလေးလောက်တောင် အားနာခဲ့ဖူးလား *
* ဟင်။ဘာကိုလဲ *
* ဒီလောက်နှစ်တွေကြာသွားခဲ့တဲ့အထိ မင်းအနားမှာပဲ ကပ်တွယ်နေခဲ့တဲ့မောင့်ကို! မင်းမျက်နှာကိုပဲငေးကြည့်နေခဲ့တဲ့မောင့်ကိုရော မင်း အားနာစိတ်ဖြစ်ဖူးရဲ့လား *
အားနာတာပေါ့။အသေအချာပါပဲ။ကိုယ့်ကိုရူးသွားမတတ်ချစ်နေတဲ့လူကို ပြန်မချစ်ပေးနိုင်လို့ ပိုပြီးတောင်အားနာရတယ်။
* အဲ့တာကြောင့် ငါ့ဆီမလာခဲ့ပါနဲ့လို့ အစကတည်းကပြောခဲ့သားပဲ။ငါ့အစား တစ်ခြားတစ်ယောက်ဆီ မင်းအချစ်တွေကိုပေးလိုက်ပါလို့ ငါမပြောခဲ့လို့လား။ငါမင်းကိုမလိုအပ်ဘူး မင်းအချစ်ကိုရောပဲ။ *
ထပ်ပြီးတော့ ရင်နာရပြန်ပြီပေါ့။မောင်မှ ရင်မကွဲရင် ဘယ်ကောင်ကွဲပါဦးမလဲ။မောင့်ဂျီမင်က အသည်းမာတာထက်ပိုပါတယ်။
* ကိုယ်ရည်ရွယ်ထားတဲ့သူဆီကိုမှ မဟုတ်ရင်ဘယ်သူ့ဆီကိုမှမပေးပစ်လိုက်ရဘူးလို့ မောင့်မေမေက မှာထားဖူးတယ် *
* လက်မခံချင်တဲ့သူရဲ့လက်ထဲကိုတော့ ဘယ်အရာမှအတင်းထိုးထည့်ပေးလို့မရဘူး။မင်းမေမေက အဲ့ဒါကိုပါ ထည့်ပြောပြဖို့မေ့သွားတဲ့ပုံပဲ *
မောင့်အခန်းထဲကမထွက်ခင် မောင့်ကိုပြန်လှည့်ကြည့်မိတော့ မောင်ရဲ့ ညိုးညိုးငယ်ငယ်မျက်လုံးလေးတွေနဲ့ ဆုံရတယ်။မောင်အဲ့လိုနာကျင်နေလို့မရဘူးလေ။မောင်ဝမ်းနည်းရင်
သူ့လည်း....။
             • • • • •  လူဆိုးကောင် • • • • •
ဒီရက်ပိုင်းထဲ စီနီယာနဲ့တွေ့ဖြစ်နေတာပိုများလာတယ်။ကတိပေးထားတာလည်းရှိတော့ ကော်ဖီအတူသောက်ရင်း အချိန်ပေးဖြစ်ကြတာလည်းပါတယ်။ဂျွန်ဂျောင်ကုသိရင် လွယ်မှာမဟုတ်ပေမယ့် အခုထိလည်းမသိသေးပါဘူး။
ဂျွန်ဂျောင်ကုနဲ့ဆက်ဆံရေးလား?ဘာမှကိုမထူးဘူး။အဲ့အရူးနဲ့ငါ့ရဲ့ ရင်ခုန်ရတဲ့အခိုက်အတန့်လား?ရှိကိုမရှိတာ။ရင်ခုန်ရမယ့်အစား အချိန်ပြည့်ရန်ဖြစ်နေရတာနဲ့ပဲ အချိန်တွေကုန်နေခဲ့ကြတာ ဘယ်လောက်ကြာနေပြီလဲ။
ဂျွန်ဂျောင်ကုကတော့ အရင်အတိုင်းအကြောပြောင်နေဆဲ..!မျက်နှာပြောင်တိုက်နေဆဲလူမို့
အားတိုင်း" ဗူး " !အားတိုင်း"ရူး "နေလို့
"ဗူးရူး"လေးလို့ အမြင်ကပ်စနိုးနဲ့ခေါ်ဖြစ်နေပါတယ်။
ညညတွေဆိုလည်း သူ့အခန်းကြီးကိုပစ်ပစ်ထားခဲ့ဘူး ငါ့အခန်းမှာလာအိပ်တတ်သေးတာ။ငါ့မှာ မောင်းထုတ်လို့လည်းမရ။ဆွဲထုတ်လို့လည်းမရနဲ့ တော်တော်လေးစိတ်ရှုပ်ဖို့ကောင်းတာပါဆို။
အခန်းပတ်ချ်ဝေါ့ကို သူသိနေတာကသိပ်ဆိုးတဲ့အချက်ပဲ။ဒါနဲ့ဆို ပတ်ချ်ဝေါ့ပြောင်းထားတာ ၄ကြိမ်မြောက်ရှိနေပြီ။ပြန်ပြောင်းဖို့လား?ဟင့်အင်း အလုပ်ရှုပ်ခံပြီးပြောင်းမနေချင်တော့ပါဘူး။ထပ်ပြောင်းလည်း အဲ့အရူးက မသိတော့မှာကျနေတာပဲ။
နေ့ဘက်တွေဆို ငါ့ရုံးခန်းထဲမှာ လာဂျစ်နေတတ်တဲ့လူဆိုးကောင်က ညဘက်တွေဆို
ငါ့အခန်းကဆိုဖာမှာခွေခေါက်ပြီး လာရစ်တတ်သေးတာတွေကို ငါမကြိုက်ပေမယ့်လည်း မမောင်းထုတ်နိုင်ခဲ့ပါဘူး။
စကားလုံးကြမ်းကြမ်းတွေနဲ့အော်ထုတ်မိတိုင်း မျက်ရည်အဝိုင်းသားနဲ့ လူကိုစိုက်စိုက်ကြည့်တတ်တာက ပြဿနာသိပ်မရှိပေမယ့် "မောင့်ကိုမအော်ပါနဲ့ "..လို့ ဝမ်းနည်းသံကြီးနဲ့ပြောတာကိုတော့ ငါတကယ်ခံနိုင်ရည်မဲ့ရတာပါပဲ။
မောင်းထုတ်ဖို့ကြိုးစားလိုက်တိုင်းမှာ " မောင်က ချစ်လို့ပါ "..ဟု မျက်နှာငယ်လေးနဲ့
ပြန်ပြန်ချော့တတ်သေးတာ။လုပ်ချင်ရာလျှောက်လုပ်ပြီးရင် " မောင်တောင်းပန်ပါတယ် "..ဆိုပြီး မျက်နှာငယ်လေးနဲ့ လာလာ
ချွဲတဲ့ဒဏ်ကိုလည်း အမှန်တိုင်းပြောရရင် ငါစိတ်ကုန်လှပါပြီ။
အဲ့တာကြောင့်မို့ လုပ်ချင်ရာလုပ်ပါစေ..!နေချင်သလိုနေပါစေ..!ဆိုပြီး ဘေးမဲ့ပေးထားလိုက်ရတော့တာလေ။"မောင်တောင်းပန်ပါတယ် "လို့ သူ့ပါးစပ်ကတစ်ခါပြောတိုင်း
ငါကလည်းအမှတ်မရှိ စိတ်ပျော့ရတာပါပဲ။
အဆုံးသတ်ကြတော့ ငါနဲ့ဂျွန်ဂျောင်ကုဟာ
ဒီလိုနဲ့ပဲ လုံးချာလည်နေရင်း ငါ့အခန်းမှာသူလာအိပ်လိုက် သူ့အခန်းထဲငါရောက်သွားလိုက်နဲ့။အမ်!သူ့အခန်းကို ငါလိုက်သွားတာကရိုးသားတဲ့စိတ်အရင်းခံနဲ့ပါ။
ဂျွန်ဂျောင်ကုက ညအမှောင်ကို ကြောက်တတ်တယ်မလား?မိုးသည်းတဲ့ညတွေလိုမျိုး၊မီးပျက်တဲ့ညတွေလိုမျိုး..အဲ့လိုညတွေဆို 
ဂျွန်ဂျောင်ကုအခန်းကို ငါမလိုက်ချင်လည်းလိုက်ရတာမျိုးတွေရှိတယ်လေ။
မဟုတ်ရင် ငါ့အခန်းမှာသောင်လာတင်ပြီး
သူဂျစ်နေတာနဲ့ပဲ တစ်ညလုံးအိပ်ရတော့မှာမဟုတ်ဘူး။အလုပ်ပိတ်ရက်တွေတိုင်းလည်း ငါ့အခန်းကဆိုဖာ ဒါမှမဟုတ် ငါ့ခုတင်ပေါ်မှာ အဲ့လူဆိုးကောင်က မိန့်မိန့်ကြီးနဲ့ နေရာလာယူထားတတ်သေးတာတွေမပါသေးဘူး။
တစ်ခါတစ်လေဆိုလည်း ငါ့နောက်ကနေ
တစ်ကောက်ကောက်လျှောက်လိုက်နေတတ်ပြီး မီးဖိုချောင်ဝင်လည်း သူပါတယ်။စာဖတ်လည်းသူဘေးကပါတယ်။ဘာလုပ်လုပ်ကို သူပါတယ်။
ချစ်သူရည်းစားတွေလည်းမဟုတ်ကျဘဲနဲ့ကို လူကိုလာလာချွဲနေတတ်တာက ဂျွန်ဂျောင်ကုပဲလေ။နေသားကျတယ်လို့လည်းမဟုတ်ပါဘူး။ဒီအတိုင်း အကျင့်ပါသွားခဲ့ပြီထင်ပါရဲ့။
စာဖတ်စားပွဲရဲ့တစ်ဖက်ခြမ်းမှာ သူ့ရှိနေမှပြည့်စုံသလိုမျိုး..အဲ့လိုဖြစ်တတ်ကြတယ်မလား။..............။
          * * * * * * * * * * * * * * * * *
* ဂျီမင် မောင့်ကိုစကားမပြောတော့ဘူးလား *
ဒါသည် စိတ်ဆိုးနေသူဆရာဝန်လှလှလေးအား အောက်ကျို့ခံပြီး ပြန်ချော့နေရတဲ့
ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်တယ်။ပြောသားပဲ မောင်က သူလုပ်ချင်ရာလျှောက်လုပ်ပြီးရင်မျက်နှာငယ်လေးနဲ့ပါဆို။
* ဂျီမင် မောင်မှားသွားပါတယ် *
* ထွက်သွားစမ်းပါ မင်းအသံလည်းမကြားချင်ဘူး *
မောင်တစ်ယောက် ဘာတွေသွားလုပ်ထားပြန်ပြီလဲမသိ။မောင့်နှုတ်ကနေ တောင်းပန်စကားတစ်ခါထွက်ရင် ဒေါက်တာပတ်ခ်၏နှုတ်ခမ်းမှာပိုစူထွက်လာရသည်။
မောင်က ဒေါက်တာရှေ့တည့်တည့်မှာထိုင်နေခဲ့ပြီး လက်တွေကိုတော့စားပွဲပေါ်မှာမှောက်တင်ထားကာ၊တစ်ခါတစ်ခါဆို စကားပြောနေရင်းအရှိန်ပါလာသလိုမျိုး မောင့်ခန္ဓာကိုယ်တစ်ပိုင်းလုံးက စားပွဲပေါ်ကိုပြိုပြိုကျလာတတ်သေးသည်။
ဂျီမင်ကမူ မောင့်မျက်ကိုမကြည့်ချင်စွာ မျက်နှာလွှဲထားလျက် မောင့်ဘက်ကို
တစ်ချက်လေးမှလှည့်မကြည့်လာခဲ့ဘူး။
သူတို့နှစ်ယောက်ကြားမှာ စားပွဲခုံခံနေပေလို့သာပေါ့။မဟုတ်ရင် ဒေါက်တာပတ်ခ်ကို မောင်ခုန်အုပ်ပစ်မလားပဲ?မောင့်ကိုကြည့်ရတာ တဖြည်းဖြည်း သားပိုက်ကောင်နဲ့တူတူလာပြီ။
ေမာင်ခခယယ ​ေတာင်းပန်နေရတဲ့အကြောင်းအရင်းကိုသိချင်လား။ဟူး..!
မောင့်စိတ်မောင်မထိန်းနိုင်လို့ ပိစိလေးနမ်းမိသွားတာကို ဒေါက်တာကစိတ်ဆိုးနေတာပဲ။
ပြောတော့ဖြင့် မောင့်ရဲ့တားမြစ်ဇုန်လေး!အန္တရာယ်ဇုန်လေးမို့ မင်းမလိုလားရင် မောင်မကျူးလွန်ဝံပါဘူးဆိုပြီး အခုတော့​ေ-ွးစိတ်ပေါက်သွားသလားမသိပါဘူး။ရုံးခန်းထဲထိလာပြီး ရမ်းကားသတဲ့။
တိတ်တိတ်ဆိတ်ဆိတ်ရှိနေတဲ့ ရုံးခန်းလေးထဲမှာ မောင်နဲ့ဂျီမင်သည် အခြေအတင်မဖြစ်ရုံတစ်မယ်သာတင်းမာခဲ့ကြသည်။တင်းမာတယ်ဆိုတာကလည်း မောင့်ဂျီမင်ဘက်ကပါ။မောင်ကတော့ ထုံးစံမပြတ်မူမပြတ် ချော့မြဲတိုင်းချော့နေခဲ့တယ်။
* ဒေါက်တာပတ်ခ်..!အာ ဆောရီး မောင်ရင်ရောက်နေတာပဲ *
ခေါက်သံမပြု အသံမပေးဘဲနဲ့ဝင်ချလာသူက စီနီယာကင်ဖြစ်နေတဲ့အခါ မောင်သည် အလိုမကျဖြစ်ရစွာစုတ်သပ်လိုက်ပြီးနောက် မျက်ခုံးတန်းတွေကိုပါတွန့်ချိုးပစ်သည်။
ရှုံမဲ့သွားသည့်မောင့်မျက်နှာဟာ ဣန္ဒြေဆယ်လို့ပင်မရတော့တဲ့အထိ အထိန်းအကွပ်မဲ့ရလျက်။မောင်ရင်လို့ အခေါ်ခံလိုက်ရတာကြောင့်လည်းပါမယ် မောင့်ခမျာဟန်ဆောင်ပြီးတောင် မပြုံးပြနိုင်ခဲ့ပါ။
* ရတယ် စီနီယာ..သူလည်း အခုပဲပြန်တော့မှာပဲ ကျွန်တော်လိုက်ခဲ့ပါ့မယ် *
စီနီယာက ခေါင်းညိတ်ပြလေပြီး ပြန်ထွက်သွားသည်နှင့် ဂျီမင်လည်း နေရာမှထရပ်လိုက်တော့သည်။မောင်က မျက်လုံးဝိုင်းတွေနဲ့လိုက်ကြည့်နေခဲ့ပြီး သူပါဆက်ခနဲကောက်ထပြီး ဂျီမင်ရှေ့ပိတ်ရပ်ထားသည်။
* မောင်ပြန်မယ်လို့ ဘယ်တုန်းကပြောလိုက်လို့ မင်းကကိုယ့်သဘောနဲ့ကိုယ် အဲ့လိုဖြေလိုက်ရတာလဲ။မောင့်ကိုနှင်တယ်ပေါ့.. *
* ရစ်နေမယ်ဆို ဖယ်ပေးတော့..ငါသွားစရာရှိတယ် *
* ဘာတွေလောနေတာလဲမောင့်ဂျီမင်။အဲ့လူနဲ့ဒိတ်နေတာလား...?ဟင် မောင်မေးတာကိုဖြေလေ *
ဂျီမင်ရဲ့ မျက်ဝန်းအိမ်တွေထိ စိုက်ကြည့်လာခဲ့တဲ့မောင့်မျက်ဝန်းတွေက အရောင်မှိန်နေလားလို့။ဘယ်သူ့ကြောင့်နဲ့ ငါကဒီလိုတွေ့နေရတာလဲ။ငါကရော ကော်ဖီသောက်ချင်လွန်းလို့ လိုက်လျောပေးနေရတာဆိုတော့လေ။
* ငါ့ကိစ္စတွေထဲ ဝင်မပါဖို့ပြောထားရက်နဲ့ စည်းကျော်ပြန်ပြီ *
* မောင်ကြားတယ်။ဒီရက်ထဲမှာ မင်းတို့နှစ်ယောက်အတွေ့များနေတဲ့အကြောင်းတွေကို မောင်အကုန်ပြန်ကြားရတယ်။မင်းအဲ့လို လုပ်လို့မရဘူးလေ မင်းကမောင့်ဂျီမင်ပဲလုပ်ရမှာ*
* ငါ့ကို မင်းပိုင်သလိုလာမလုပ်နဲ့။ *
* မောင့်ကိုချစ်ဖို့ အရမ်းခက်ခဲနေတာလား *
* ဒါပေါ့ *
* ညာနေတာပဲ မောင့်ဂျီမင် *
မောင့်ရဲ့ပိုင်ပိုင်နိုင်နိုင်စကားကြောင့် ဂျီမင်မျက်နှာတည်တည်ကလေးမှာ မဲ့ကျသွားရလေသည်။ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတာပဲ။
* ကိုယ့်ကိုကိုယ့်အထင်ကြီးလွန်းနေတာပဲ အရူး! *
နှာခေါင်းပိစိလေးကိုရှုံပြပြီး မောင့်ကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ရှာသည်။မျက်ခုံးတစ်ဖက်မြှင့်ပြလာတဲ့မောင့်ပုံစံဟာ တကယ့်ကို
အမြင်ကပ်စရာကောင်းတာထက်ကိုပိုသည်။
* မောင်နဲ့ အဲ့လူကြီးနဲ့ မင်းအတွက် ဘယ်သူကပိုအရေးကြီးလဲ *
* ဦးနှောက်ပါရင် စဥ္းစားကြည့်လေ  *
နှုတ်ခမ်းစူစူလေးနဲ့မာင့်မျက်နှာမှာမှိုင်တွေသွားရ၏။
* မသွားလို့မရဘူးလား *
* ရမလား စီနီယာက ငါ့အထက်လူကြီးလေ *
* ဘာဆိုင်လို့လဲကွာ အထက်လူကြီးဖြစ်တိုင်း
အဲ့လိုလုပ်လို့ရကြေးလား ...ဒါဆို မောင်လည်း မင်းရဲ့အထက်လူကြီးလုပ်မယ် *
မောင်ဟာ လက်ချောင်းသွယ်သွယ်တွေနှင့်
သူ့ဆံပင်တွေကိုသူပြန်ထိုးဖွလိုက်ပြီး မကျေမချမ်းပေါက်ကွဲပြန်သည်။အရှေ့ကပိတ်ရပ်ထားတာကိုလည်းမဖယ်ပေးပြန်ဘဲ မောင်ဟာအကျင့်ယုတ်ဆဲယုတ်မြဲပါ။
* မင်းကလား...ငါ့အထက်လူကြီးလုပ်ဦးမယ်ပေါ့ ။ကောင်းပြီလေ လုပ်ကြည့်ပေါ့။မင်းအစွမ်းအစကို တစ်ခါလောက်ယုံကြည့်ပေးလိုက်မယ် *
သူ့စကားကိုဟာသတစ်ခုလိုသဘောထားပြီး
ဟက်ဟက်ပက်ပက်နဲ့ရယ်ပွဲကျနေသူလေးကို
မောင်ကမျက််မှောင်ကုပ်ကြည့်နေခဲ့သည်။ဒါကို ဂျီမင်ကတော့သတိမမူမိခဲ့ဘူးလေ။
မောင့်ကိုမေ့ထားပြီးလှောင်ကောင်းတိုင်းဇွတ်လှောင်နေတာ မောင့်ဘက်ကစိတ်တိုလို့ ဇွတ်နမ်းပစ်ရင်လည်း စိတ်ဆိုးပြန်ဦးမည်။ဒေါက်တာလှလှလေးရဲ့ရယ်သံတွေကြား မောင့်မျက်နှာကြီးသည် မဲ့သထက်္မဲ့ကျလာလိုက်တာများ မျက်ရည်ကြည်တွေပင်စို့ဝိုင်းလို့။
* မင်းတို့ကော်ဖီသောက်တာလောက် မောင်ကအရေးမပါဘူးလား *
မောင့်စကားကြောင့် ဒေါက်တာကမျက်မှောင်လေးကျုံ့ပစ်လိုက်သည်။လက်လွတ်စပယ်စကားတွေကို မကြိုက်ပါ။
* အဲ့စကားကို ဘယ်သူကပြောတာလဲ *
* မောင်က ပြောတာ *
* အေးဒါဆိုလည်း အဲ့မောင်ဆိုတဲ့ကောင်ကို
ပြန်ပြောလိုက် မင်းထင်နေတဲ့အတိုင်းပဲအရေးမပါဘူးလို့ *
* ဝမ်းနည်းဖို့ကောင်းလိုက်တာ မောင့်ကိုတကယ်မချစ်ဖူးပဲ *
ချက်ချင်းဆိုသလို မောင့်မျက်အိမ်ဝိုင်းဝိုင်းလေးထဲက မျက်ရည်စတွေမှာခုန်ဆင်းဖို့
ဟန်ပြင်ကြတော့သည်။ဒီအချက်ကို သူမေ့သွားတော့မလို့..!ဂျွန်ဂျောင်ကုက ပလီပလာဆိုသိပ်တတ်သေးတာ။
* တော်ပါတော့ မျက်ရည်လည်းမထွက်ဘဲနဲ့ ငိုပြမနေပါနဲ့..မင်းငိုရင်ရုပ်ဆိုးလွန်းလို့ *
* မောင်ပါ လိုက်ခဲ့မယ် *
တွေ့လား တမင်သပ်သပ်ဂျစ်တိုက်နေတာပါဆို။ဂျွန်ဂျောင်ကုက အရမ်းကလေးဆန်လိုက်တာဗျာ..တစ်နေရာမှကြောက်ဖို့ကောင်းမနေဘူး။
* ငါခဏပဲသွားမှာပါဆို မင်းနော်..! အရမ်းပဲ ဗိုလ်လာမကျနဲ့ ဖယ်ပေးတော့လေ *
မောင့်မျက်ရည်စတွေကို မမြင်ချင်သူမို့
မနေနိုင်တဲ့သူကပဲ ထိုမျက်ရည်တွေကိုသုတ်ပေးလိုက်ရတော့တယ်။ငါ့ဗူးရူးလေးက ဒီလိုလည်းငိုပြတတ်သေးတာလား။
ပါးရိုးတစ်လျှောက်ပေါ်က မျက်ရည်စတွေကိုသုတ်ပေးလိုက်ပြီးနောက် ယုန်လေးလိုမျိုးအနည်းငယ်ဖောင်းအစ်ထွက်နေတဲ့ အဲ့မျက်နှာရူးကောင်ရဲ့ပါးနှစ်ဖက်ကို ကိုယ့်လက်တွေနဲ့အပြည့်အုပ်ကိုင်ပစ်ပြီး ခပ်ဖွဖွနဲ့ခပ်ဆတ်ဆတ်လေးရိုက်ချပစ်ပလိုက်သည်။
* မောင့်ကိုချစ်လား *
* ........ ! *
သို့သော် အမေးသာရိှပြီး အဖြေပြန်မလာခဲ့။
မောင့်ပါးရိုးပေါ်က လက်တွေကိုရုတ်ပစ်လေပြီး စားပွဲပေါ်က သူ့ဖုန်းလေးကိုသာလှမ်းယူ
ခဲ့သည်။အာရုံများချင်ယောင်ဆောင်ပြီးဒီတစ်ခေါက်တွင်လည်း သူပြန်ဖြေမှာမဟုတ်ပါဘူး။
* မောင်မေးနေတာကို ဖြေလေ *
* မင်းကိုချစ်တာပေါ့.....!
သေချာပေါက် အဲ့လိုဖြေမယ်လို့ ထင်နေတာလား။ဒါဆို စိတ်ရောဂါအထူးကုဆောင်မှာ ရက်ချိန်းယူသင့်ပြီထင်တယ် မင်းလိုကောင်ကိုပြန်ချစ်စရာလား စိတ်ကူးယဥ္မနေနဲ့!! *
ပထမစကားနဲ့တင် ဖီးလ်တွေဆောင့်ဆက်တက်ရပြီး အပျော်ကြီးပျော်နေရသည့်မောင့်မှာ ဂျီမင်၏ရိုက်ချက်ကြောင့် မအီမလည်မျက်နှာကြီးနဲ့ ရုံးခန်းထဲမှာကျန်နေခဲ့ရသည်။ဒါပေမယ့် ဒေါက်တာရဲ့အပြုံးလှလှလေးကိုတော့ မောင်မမြင်နိုင်ခဲ့ပါဘူး။
မောင့်အဖြစ်က ဘာနဲ့တူသလဲဆို ထီပေါက်လို့ အပျော်လုံးစို့မယ်ဆိုကာမှ ထီလတ်မှတ်ကအတုကြီးဖြစ်နေရတယ်လို့။မောင့်မှာရယ်ရခက်ခက်ငိုရခက်ခက်...။
x x x x x x x x x x x x x x x x x x x x x x
(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)
x x x x x x x x x x x x x x x x x x x x x x
.
.
.
.
.
( Zawgyi )
( အပိုင်းတစ်ဆယ့်နှစ် )
ရင်းနှီးသူတစ်ချို့ကလွဲရင် ဘယ်သူကမှထုတ်မမေးခဲ့ကြပါဘူး။ကိုယ်ရေးကိုယ်တာနဲ့လုပ်ငန်းခွင်ကို သူ့ကဏ္ဍနဲ့သူ ခွဲထားတတ်ကြသူတွေမဟုတ်လား။ထိုသို့မေးလာကြတိုင်းလည်း သူ့ဖက်က မည်သို့အဖြေမျိုးမှ
ပြန်မပေးတတ်ပါဘူး။
မေးခွန်းတွေကြားကနေ ရှောင်ပြေးခဲ့တယ်
ဆိုပါတော့။.....
ဂျွန်ဂျောင်ကုကို စိတ်ဝင်တစားရှိနေတဲ့သူမ(သူနာပြုဂို)ကိုတော့ "မောင်နဲ့
တွဲနေကြတာ အမှန်ပဲ "လို့ သူ့ပါးစပ်ကနေ
သူကိုယ်တိုင်ထုတ်ပြောခဲ့ပြီး အခုပြန်တွေး
ကြည့်တော့မှဒေါသထွက်နေမိတာအရူးတစ်ယောက်လိုပါပဲ။
အမြင်ကပ်လို့ပြောပစ်လိုက်တာ။ဒီအတိုင်းပဲ သူနာပြုဂိုကို နည်းနည်းကြည့်မရနေလို့ ကိစ္စအေးသွားအောင် လမ်းရှင်းပေးလိုက်တာ။
" ဂျောင်ကုရှီး...ဂျောင်ကုရှီး "နဲ့ပါးစပ်ဖျားကတစ်ခါမှချတာမဟုတ်ဘူး။
ဟိုနေရာဦးစားပေးရတာနဲ့ ဒီနေရာဦးစားပေးရတာနဲ့ မျက်လုံးထဲကြည့်လို့သိပ်အဆင်ပြေနေတာမဟုတ်ဘူး။ဒုတိယ ကင်မင်ဟီဖြစ်ချင်နေတဲ့မိန်းကလေးကို ကယ်တင်ပေးလိုက်ရုံပါပဲ။အခုတော့  " ဂျောင်ကုရှီး"ဆိုတဲ့ခေါ်သံကိုမကြားရတော့တာနှစ်ရက်ရှိပြီ။အစောကြီးကတည်းက အဲ့လိုမျိုးဖြစ်နေသင့်တာကို။
လက်ရှိတော့ ဂျောင်ကုက ဆေးရုံမှာဆိုငါ့ဆီရောက်မလာတတ်တော့ကြာပြီ။ငါမောင်းထုတ်ထားလို့လေ။စကားနားထောင်လိုက်တာလို့ထင်မနေကြနဲ့ဦး။ဆေးရုံမှာလာမရှုပ်တာမှန်ပေမယ့် ငါ့အခန်းကိုတော့ ညတိုင်းလိုလိုလာရှုပ်နေကြ!။
အတွေးတွေအရမ်းချော်မနေနဲ့ဦး!ငါတို့က ဘာမှမဖြစ်ကြသေးဘူး။
             ••••••• လူဆိုးကောင် •••••••
နေမကောင်းဘူးလို့ပြောပေမယ့် ရိုးရိုးနေမကောင်းတာတော့မဖြစ်နိုင်ဘူးထင်တယ်။
အိမ်လိုက်သွားမှာကို ဂျွန်ဂျောင်ကုသာသိသွားခဲ့ရင် လွယ်မယ်မထင်ဘူး။ဘာပဲပြောပြော ကိုယ့်စီနီယာတစ်ယောက်နေမကောင်းနေတာကို သတင်းမေးတော့သွားရမှာပဲ။သတင်းလည်းမေးရင်း စာတမ်းအကြောင်းလည်းဆွေးနွေးကြမယ်ဆို ပိုမကောင်းဘူးလား။
* ဘယ်သွားမှာလဲ *
သူကဆေးရုံထဲကအထွက် အလောတကြီးပြေးဝင်လာသောဂျွန်ဂျောင်ကုနဲ့ ဆေးရုံအဝင်ဝမှာထိပ်တိုက်ဆုံလေသည်။အံမယ်မေးတဲ့ပုံကိုက ရင့်လှချည်လား..။စစ်လားဆေးလားနဲ့ သူကငါ့အဖေလားလို့ ဟမ့်!။
အလောကြီးနေတဲ့ကိုယ့်ပုံစံကိုကြည့်ပြီး  မျက်မှောင်ကုပ်နေလိုက်တာများ လူကိုအစိမ်းလိုက်မြိုချတော့မယ့်ဆိုက်နဲ့။လေသံကိုက ပိုင်စိုးပိုင်နင်းပါလား ဂျွန်ဂျောင်ကုရယ်။မင်းနှယ့် စိတ်ရှုပ်စရာလေးပဲ။
* ငါမအားဘူး *
လုပ်နေတဲ့အချိုးအဖောက်ကိုက အိန္ဒေတြစ်ဆတ်မရှိဘဲနဲ့။
* ဟိုလူကြီးဆီလား? *
* မောင်လိုက်ပို့မယ် *
* မလိုပါဘူးဆို နေခဲ့ *
လက်မောင်းပေါ်က ဆုပ်ကိုင်ထားဆဲမောင့်လက်ချောင်းတွေကို ခပ်ဖြည်းဖြည်းချင်းပဲ
ဆွဲဖြုတ်ချပေးလိုက်ပြီးနောက် ဂျီမင်ကအလျင်စလိုနိုင်စွာဖြင့် ပြေးထွက်သွားခဲ့သည်။ထုံးစံအတိုင်း မောင်ဟာ ကလေးဆန်ချင်နေသေးပုံပါပဲ။
            •••••••• လူဆိုးကောင် ••••••••
* စီနီယာ..! *
ဒဏ်ရာရနေတာလဲ...။
* ဟုတ်ကဲ့ *
* ဟို..စီနီယာမျက်နှာက ... *
* ခိုက်မိထားတာပါ *
စီနီယာကိုအားနာလွန်းလို့ ငါရူးတော့မှာပဲ။
ဂျွန်ဂျောင်ကုဟာလေ..!တကယ့်ပြသနာကောင်။
* စီနီယာ *
* ပြောလေ ဂျီမင် *
ဘာများပြောလာမလဲလို့ နားထောင်ပေးနေခဲ့ပေမယ့် အတော်ကြာသည်အထိငြိမ်နေဆဲဖြစ်လို့ စီနီယာကင်ဘက်ကပဲစပြီး စကားထောက်ပေးလိုက်ရတော့တယ်။ထုံးစံအတိုင်း အပြုံးတစ်ချက်မပျက်ဘဲနဲ့ပေါ့။
မဝမရဲလေးဖြင့်မော့ကြည့်လာခဲ့တယ်။စကားလုံးတွေဟာ ဘာအတွက်ကြောင့်နဲ့ထွက်ကျမလာရတာလဲ?လည်ချောင်းတွင်းမှာတစ်ဆို့နေတဲ့စကားလုံးတွေအတွက် ခဲရာခဲဆစ်အားယူလိုက်ပြီးနောက်....
အဆက်အစပ်မရှိဘဲ ထပြောလာတဲ့စကားက ဒါတဲ့လား။ဘာအတွက်လဲလို့တော့ မမေးလိုတော့ပါဘူး။ပြောပြချင်စိတ်ရှိမယ်ဆို ကိုယ့်အနေနဲ့တိုက်တွန်းမေးစရာတောင်လိုမယ်မထင်ပါဘူး။
* ဂျွန်ဂျောင်ကု ကိုယ်စားပါ...သူ့လုပ်ရပ်အတွက် စီနီယာကပဲ သဘောထားကြီးပေးပါ *
ဟိုအရူးကိုယ်စား ဒီလောက်ထိတောင်းပန်ပေးနေတာကို ကျွန်တော့်မျက်နှာထောက်ပြီးတော့ပဲဖြစ်ဖြစ်..၊ဒီတစ်ခါလောက်လေးကို
ငဲ့ညာပေးဖို့ မဖြစ်နိုင်ဘူးလားစီနီယာရယ်။
ဂျွန်ဂျောင်ကုကိုခွင့်မလွှတ်ပေးချင်လို့များလားဟင်?အမှုတော့ မဖွင့်လောက်ပါဘူးနော်...ဟုတ်တယ်မလား။
* ဟုတ်ကဲ့ အဲ့လိုသဘောပါပဲစီနီယာ...ဂျွန်ဂျောင်ကုက နည်းနည်းကလေးဆန်တော့
သူနောက်ထပ်-အမှားတွေထပ်မလုပ်မိစေဖို့ သူ့ကိုကျွန်တော်တားလိုက်ပါ့မယ် *
ဒီလိုဆိုမှ ဟိုတစ်နေ့က သူ့ကိုလက်သီးနဲ့
ပြေးထိုးပြီးထွက်ပြေးသွားတဲ့ ကောင်လေးကို မျက်လုံးထဲ ပြန်တောင်မြင်ယောင်မိလာသား။ဂျီမင်ပြောသလို တကယ်ကိုကလေးဆန်မယ်ထင်တယ်။
ဒီ့အတွက်ဆို သူဗွေမယူပါဘူး။အချစ်ဆိပ်မွှန်နေတာမှန်း အခုလိုလာမပြောပြလည်း သူနားလည်ပေးပြီးသားပါ။ဂျွန်ဂျောင်ကုအစား
တတွတ်တွတ်နဲ့တောင်းပန်ပေးနေသူလေးကိုသာ သူထိုင်ကြည့်နေခဲ့မိသည်။
ခွင့်မလွှတ်ပေးမှာကို အဲ့လောက်အထိ စိုးရိမ်နေရသလားကွယ်။
* ဂျီမင်ကိုကြည့်ရတာ သူငယ်ချင်းအတွက်တော်တော်လေးစိတ်ပူနေပုံရတယ်နော်။
အဟွန်း...!ကိုယ်ကမသိပါဘူး ဂျီမင်တို့နှစ်ယောက်ကို မတည့်ကြဘူးလို့ပဲထင်ထားတာ *
အခု စီနီယာက သူ့ကိုခနဲ့လိုက်တာများလား။
* ဟင်..မဟုတ်ပါဘူး။ကျွန်တော်ကိုဘာလို့
အဲ့လိုတွေထင်ရတာလဲ။အခုလိုဖြစ်ခဲ့ရတာတွေရဲ့တရားခံအစစ်က ကျွန်တော်ဖြစ်နေလို့ ဒီကိစ္စတွေထဲသူ့ကိုဆွဲမထည့်ချင်တော့တာပါစီနီယာ..။သူ့ကြောင့်မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်ကိုက ..ကျွန်တော့်စိတ်ရင်းအမှန်နဲ့တောင်းပန်တာမို့ လက်ခံပေးပါ *
သူဖြစ်ချင်ရာတွေချည်းပြောနေတဲ့ဂျီမင်ကို
တိုးပေးလေသည့်အခါ ဂျီမင်၏လက်ချောင်းလှလှလေးများက တရိုတသေဖြင့်လက်ခံယူလာခဲ့သည်။
သူဟာရှာတွေ့သွားခဲ့ပြီလို့ ယူဆလို့ရတာပါပဲ။
* ဂျီမင်အနေနဲ့ကိုယ့်ဆီက ခွင့်လွှတ်မှုရမှကျေနပ်နိုင်မှာဆိုရင် ကိုယ်တောင်းဆိုတာကိုလိုက်လျောပေးနိုင်ပါ့မလား *
သူ့စကားကြောင့် စီနီယာ၏မျက်ခုံးတန်းတွေမှာ ပင့်ခနဲမြှောက်တက်သွားရတဲ့အထိပါပဲ။တောင်းဆိုသမျှကိုလိုက်လျောပေးဖို့အတွက်နဲ့စိတ်အားထက်သန်းလျက်ရှိသူလေးကို လက်မြှောက်ပေးချင်လာပါပြီ။
မဖြစ်နိုင်ဘူး။
ကိုယ့်အတွက်လည်း လွယ်ကူမနေပါဘူး။ကိုယ်လည်း ဂျွန်ဂျောင်ကုလိုတစ်ဇွတ်ထိုးဆန်ရဲရင်သိပ်ကောင်းမှာပဲ ဂျီမင်ရယ်။
မင်းထံတိမ်းညွှတ်ခွင့်ရှိသလို ကိုယ်လည်း
ကိုယ့်အချစ်အတွက် ချစ်ပြခွင့်တော့ရှိမယ်
နှုတ်ခမ်းစူစူလေးများက အကြမ်းရည်ကိုအအေးခံနေတာတဲ့..ရင်ဖိုချင်စရာကောင်းအောင်လို့ စူထော်သွားလိုက် အိုသဏ္ဍာန်လိုဝိုင်းစက်သွားလိုက်နဲ့။အကြမ်းရည်အား တဖူးဖူးမှုတ်ပြီး အာရုံများနေသူလေးကို ခိုးခိုးငေးရတာဟာ ထင်သလောက်တော့မလွယ်ကူခဲ့။
ထိုသို့ပြောလာခဲ့၏။
သဘောဆောင်သည့်မျက်ဝန်းကျဉ်းလေးတွေနဲ့မော့ကြည့်လာခဲ့ရင်း ပြုံးပြပြန်သည်။
* ဂျီမင်ထင်နေသလို...ကိုယ်နဲ့အတူ တစ်ခါလောက်အဖော်ပြုပေးရုံလောက်နဲ့မပြီးသွားဘူးနော်။နေ့တိုင်း..ကိုယ်တို့အားလပ်ချိန်တိုင်း ဒီကဂျီမင်လေးက ကိုယ့်ရဲ့ကော်ဖီသောက်​ဖော်လုပ်ပေးရမှာ *
ဟုတ်တယ် ငါ့လုပ်ရပ်မမှားဘူး။ငါဒီလိုလုပ်မယ်ဆို ဂျွန်ဂျောင်ကုစိတ်ဆိုးမလားဟင် ?။
သူ့အတွက်နဲ့ကော်ဖီအတူတူသောက်ပေးရတာကို သူကတော့နားလည်ပေးလေ။သူ့အတွက်နဲ့ ငါကဒီလိုတွေလုပ်နေရတာပါဆို။သူသာစမမှားခဲ့ဘူးဆိုရင် ငါလည်းစီနီယာကိုအခုလိုတွေတောင်းပန်စရာရှိလာမှာမဟုတ်ဘူး။
အခုလည်းစီနီယာဖြစ်နေလို့ကို ကျွန်တော်
မငြင်းခဲ့တာဆို ပိုမှန်လိမ့်မယ်။ဘဝတစ်ခုအတွက် လူတစ်ယောက်ရဲ့အချစ်ကအရေးပါသလို ဦးနှောက်ရဲ့ဆုံးဖြတ်ခြင်းကလည်းအရေးကြီးတယ်လေ။စီနီယာနဲ့သာဆို ကျွန်တော့်ဘဝလုံခြုံသွားလိမ့်မယ်။
ကျွန်တော့်ဘဝနဲ့ကျွန်တော့်အနာဂတ်ကို
ဦးဆောင်ပေးနိုင်တဲ့လူက စီနီယာအပြင် အခြားလူထပ်မရှိတော့ပါဘူး။ဂျွန်ဂျောင်ကုက ကလေးဆန်လွန်းတယ်။ချွဲဖို့နဲ့ဆိုးဖို့ကလွဲရင် သူ့ခေါင်းထဲလေးနက်ခြင်းတွေဘာတစ်ခုမှမရှိတာကို ကျွန်တော်သာအသိခဲ့ဆုံး။
ဂျွန်ဂျောင်ကုဆိုမှ ငါအခုဘာတွေလုပ်နေမိတာလဲ?ငါလှေလံနှစ်ဖက်နင်းနေမိပြီလားဟင်။ဂျွန်ဂျောင်ကုကြောင့် ညကလေးတင်မှ ရင်ခုန်ခဲ့သေးတာကို အခုစီနီယာကိုအခွင့်အရေးထပ်ပေးလိုက်တာတဲ့လား။
* ပြန်တော့မလို့လား *
* ရတယ်စီနီယာ..!ကျွန်တော့်မှာကားပါတယ် *
နောက်ဆုံးတော့ ဒီကပတ်ခ်ဂျီမင်ဆိုတဲ့
ငါကပဲမျက်နှာများတဲ့လူ ဖြစ်ခဲ့ရပြီလေ။လှေလံနှစ်ဖက်နင်းတယ်လို့ပဲဆိုဆို ဘဝနဲ့ချီရွေးချယ်ရတော့မယ့်အခါ ငါဆုံးဖြတ်ချက်မမှားချင်ဘူး။
ဂျွန်ဂျောင်ကုကိုလား?စီနီယာကင်ကိုလား..?
မျက်နှာများတဲ့ကောင်းကင်ကိုမှ သူတို့ကိုယ်တိုင်က လိုလိုလားလားမော့ကြည့်ချင်နေကြတာလေ။ဆိုတော့ကာ ငါ့အပြစ်ဘာတစ်ခုမှမရှိဘူး။ချစ်မိကြတဲ့လူတွေကမမှားဘူးဆို အချစ်ခံရတဲ့လူလည်း မှားမနေပါဘူး။
            ••••••• လူဆိုးကောင် ••••••••
ဂျွန်ဂျောင်ကုနဲ့ဆက်ဆံရေးကတော့ အရင်လိုရန်တကျတ်ကျတ်ဖြစ်နေဆဲလို့ ပြောရမလားပဲ။သူကမျက်နှာရူးပြလေ ကိုယ်ကစိတ်တိုရလေနဲ့ အရင်တိုင်းသတ်ကြကိုက်ကြဆဲပေါ့။
ရင်ခုန်ရတဲ့အခိုက်အတန့်လား?လာမေးမနေကြနဲ့ ရှိကိုမရှိတာ..။ရင်ခုန်ရမယ့်အစား နပမ်ကျင်းနေရတာနဲ့ပဲ အချိန်ကုန်ကုန်သွားရလို့ဘယ်အချိန်မှာ ရိုမန့်တစ်ဖြစ်ချိန်ရှိပါ့မလဲ...။
ဂျွန်ဂျောင်ကုကတော့ အရင်အတိုင်းအကြောပြောင်နေဆဲ..!မျက်နှာရူးထနေဆဲ စပရိန်လိုအခွက်နဲ့ကောင်လေ။တစ်ဆက်လေးမှအချိုးပြောင်းတာမရှိဘူး။သူ့ကို ငါနာမည်ပြောင်ပေးထားသိတယ်လား။
အားတိုင်း" ဗူး " !အားတိုင်းမျက်နှာရူး နေလို့ "ဗူးရူး"လေးလို့ အမြင်ကပ်စနိုးနဲ့ခေါ်ဖြစ်နေပါတယ်။
ညညတွေဆိုလည်း ငါ့အခန်းထဲကထွက်တာမဟုတ်ဘူး။မောင်းထုတ်လို့လည်းမပြန်။
ပေတေပြီးကို မျက်နှာပြောင်တိုက်တတ်သေးတာ။ညတိုင်းလိုလို ငါ့အခန်းမှာလာအိပ်နေကျပေါ့။
စကားလုံးကြမ်းကြမ်းတွေနဲ့အော်ထုတ်မိတိုင်း မျက်ရည်အဝိုင်းသားနဲ့ လူကိုစိုက်စိုက်ကြည့်တတ်တာက ရှော့ခ်သိပ်မရှိပေမယ့် "မောင့်ကိုမအော်ပါနဲ့ "..လို့ ဝမ်းနည်းသံကြီးနဲ့ပြောတာကိုတော့ ငါတကယ်ခံနိုင်ရည်မဲ့ရတာပါပဲ။
ဒီလိုနဲ့ပဲ လုံးချာလည်နေရင်း ငါ့အခန်းမှာသူလာအိပ်လိုက် သူ့အခန်းထဲငါရောက်သွားလိုက်နဲ့လေ။အို့!သူ့အခန်းကို ငါလိုက်သွားတာကရိုးရိုးသားသားပါနော်။
ဂျွန်ဂျောင်ကုက ညအမှောင်ကို ကြောက်တတ်တယ်မလား?မိုးသည်းတဲ့ညတွေဆို ရုတ်ချည်းမီးပျက်တတ်တယ်လေ။အဲ့လိုညတွေဆို ငါကအဖော်စောင့်ပေးဖို့သွားအိပ်ပေးခဲ့ရတာတွေပါ။
ဒီအရွယ်ရောက်မှ ကလေးထိန်းလုပ်နေရတာတဲ့လား...အဟွန်း။မင်းကတကယ့် အာရုံစားတဲ့ကောင်ပါလား ဂျွန်ဗူးရူးလေးရယ်။............
အခုလည်းကြည့် မျက်နှာကဇီးရွက်လောက်လေးနဲ့ မဲ့ပြနေလိုက်တာများ ချက်ချင်းလက်ငင်း ထငိုတော့မယ့်ဂိုက်ဆိုက်နဲ့။မောင့်မျက်နှာကြီးက " ပြိုတော့မယ့်မိုးလိုမျိုး"မသာမယာလေးဖြင့်ပေါ့။
မောင်က သူ့ရှေ့တည့်တည့်မှာထိုင်နေခဲ့ပြီး
လက်တွေကိုတော့စားပွဲပေါ်မှာမှောက်တင်ထားကာ တစ်ခါတစ်ခါဆို စကားပြောနေရင်းအရှိန်ပါပါလာသည်ထင်ပါရဲ့ မောင့်ခန္ဓာကိုယ်တစ်ပိုင်းလုံးက စားပွဲပေါ်ကိုပြိုပြိုကျလာတတ်သေးသည်။
ဂျီမင်ကမူ မောင့်မျက်ကိုမကြည့်ချင်စွာ မျက်နှာလွှဲထားပုံရသည်။မောင့်ဘက်ကို
တစ်ချက်လေးမှလှည့်မကြည့်လာခဲ့ဘူးလေ။
ဘာလို့မောင်က တောင်းပန်နေရပြီး ဒေါက်တာပတ်ခ်က အလွန်အမင်းစိတ်ဆိုးနေရတာလဲ။ဒီလောက်ထိ တောင်းပန်နေတာကို ဘာလို့စိတ်ဆိုးမပြေရသလဲရော သိကြပါရဲ့လား။
ဟူး..!မောင်က မောင့်ဂျီမင်ကိုအတင်းချုပ်ပြီး ဆွဲနမ်းခဲ့လို့လေ။တကယ်နမ်းပစ်ခဲ့တာ။
ဆရာဝန်လှလှလေးကို ရုန်းလို့မရအောင်ဖက်ချုပ်ထားပြီး မရမကတွေ အနမ်းဓားပြတိုက်သွားခဲ့တာက မောင်ဆိုတဲ့လူဆိုးကောင်ပေါ့။
ဘယ်ကိုရမ်းကားသွားသလဲ မပြောပြလည်းသိကြမှာပါ။ဒါမှမဟုတ်လို့ သိပ်သိချင်နေကြရင်လည်း ဂျွန်ဂျောင်ကုကိုသာ သွားမေးကြည့်လိုက်ကြတော့။ကျွန်တော်ဖြင့် ရှက်ရလွန်းလို့ ခဏပုန်းနေလိုက်ပါဦးမယ်...။
မောင်ကတော့ ထုံးစံမပြတ်မူမပြတ် ချော့မြဲတိုင်းချော့နေခဲ့၏။မောင်က သူမကြိုက်ပါဘူးလို့ငြင်းနေပါရက်နဲ့ဘာကြောင့်မိုက်ရူးရတာလဲ။မောင့်ရဲ့တစ်ဇွတ်ထိုးဆန်ဆန်အပြုအမူတွေဟာ မောင့်အမှားပဲမဟုတ်ဘူးလား။
ခေါက်သံမပြု အသံမပေးဘဲနဲ့ဝင်ချလာသူက စီနီယာကင်အပြင်ဘယ်သူမှဟုတ်မနေခဲ့။ထိုအခါမောင်သည် အလိုမကျဖြစ်ရစွာစုတ်သပ်လိုက်ပြီးနောက် မျက်ခုံးတန်းတွေကိုပါတွန့်ချိုးပစ်သည်။
ရုံးခန်းထဲကို တတိယလူရောက်လာတာကို
မောင်တကယ်မကြိုက်ပါဘူး။ဂျီမင်ရဲ့စီနီယာမကလို့ ဆေးရုံအုပ်ပဲဖြစ်နေပါစေ အခုလိုမျိုးပိုင်စိုးပိုင်နင်းဝင်လာတာက မကောင်းဘူးလို့ထင်တယ်။
သူပါဆက်ခနဲကောက်ထပြီး ဂျီမင်ရှေ့ပိတ်ရပ်ပြန်သည်။
ထင်ရာမြင်ရာကိုပဲ အဟုတ်ကြီးထင်ပြီး ပြောချင်ရာတွေလျှောက်ပြောလိုက်ပါဦး။မင်းမသိရင်မသိသလိုနေလေ။ဘာတွေကိုသိတတ်နေလို့ လေလာကျယ်နေတာလဲ။
ငါ့ကိုအခက်တွေ့ရအောင် မင်းပဲအမြဲလုပ်နေခဲ့တာ။အားလုံးကိုမင်းပဲလုပ်နေခဲ့တာမဟုတ်ဘူးလား။ဂျွန်ဂျောင်ကုမင်းဟာလေ စိတ်ကုန်ဖို့အရမ်းကောင်းတယ်။
* ပိုင်လှချည်လား ဂျွန်ဂျောင်ကုရယ် ဘာကိစ္စနဲ့အဲ့လိုလုပ်လို့မရမှာလည်း လွယ်လွယ်လေးကို ဟွန်း..! *
ဂျီမင်က မောင့်ကိုလှောင်ပြောင်သလိုလေး တိုးညှင်းညှင်းရယ်ချလာခဲ့သည်။
* ဒါပေါ့ *
ဒီလိုရောဂါတွေက ကုရခက်သလားလို့။ဘဝင်မြင့်ရောဂါက ကုသဖို့ဆိုထင်သလောက်မလွယ်ဘူးလေ။ကုရာနတ္ထိဆေး
မရှိပေမို့ နေမြင့်လေအရူးရင့်လေပါပဲ။
* စဉ်းစဉ်းစားစားလေးလည်း ​မေးပါဦးကွာ *
* မသွားလို့မရဘူးလား *
* မောင်က ပြောတာပါ *
* မောင်ပါ လိုက်ခဲ့မယ်နော် *
* မောင့်ကိုချစ်လား *
သို့သော် အမေးသာရှိပြီး အဖြေပြန်မလာခဲ့။
* မင်းကိုချစ်တာပေါ့.....!
ပထမစကားနဲ့တင် ဖီးလ်တွေဆောင့်ဆက်တက်ရပြီး အပျော်ကြီးပျော်နေလေတဲ့မောင့်မှာ ဂျီမင်၏ရိုက်ချက်ကြောင့် မအီမလည်မျက်နှာကြီးနဲ့ ရုံးခန်းထဲမှာကျန်နေခဲ့ရတော့သည်။
မောင့်အဖြစ်က ဘာနဲ့တူသလဲဆို ထီပေါက်လို့ အပျော်လုံးစို့မယ်ဆိုကာမှ ထီလတ်မှတ်ကအတုကြီးဖြစ်နေတယ်ဆိုသလိုပေါ့။ရယ်ရခက်ငိုရခက်ကြီးတဲ့လေ။ကြက်ကြီးလည်လိမ်ခံထားရသလိုနှယ် ကြည့်လို့မှစိတ်မချမ်းသာရပါ။
ဒေါက်တာလှလှလေး၏ အဓိပ္ပာယ်ရှိရှိအပြုံးလေးတစ်ခုကိုတော့ မောင်မမြင်နိုင်ခဲ့ပါဘူး။
အရေးအသားပိုင်းက အများကြီးလိုအပ်နေတယ်မလား။ဒီ့အတွက်လည်း အားနာရပါတယ်။အရမ်းကြီးစိတ်ဝင်စားစရာလည်း
သိပ်မရှိလို့ နောက်ပိုင်းတွေကို မြန်မြန်ဆန်ဆန်ပဲUpdateပေးသွားပါ့မယ်။
ပြန်မစစ်ကြည့်ရသေးလို့ လိုအပ်တာတွေများပြီး ဖတ်ရထောက်စေခဲ့ရင်တောင်းပန်ပါတယ်။
စာဖတ်ပေးကြသူတစ်ယောက်ချင်းစီတိုင်းကို ဒီစာရေးသူ(ကိုကိုး)ကကျေးဇူးတင်ပါတယ်။ပြီးတော့ ချစ်ရပါတယ်။
Continue Reading
You'll Also Like
1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
22.5K 3.3K 14
56.6K 3.8K 35
Hello! MINE ပါ 💛 အားလုံးသိကြပြီးသားဖြစ်မယ်လို့ ယုံကြည်မိပါတယ် မသိသေးရင်လဲ ပြန်ပြီးမိတ်ဆတ်ချင်ပါတယ်ခင်ဗျာ... Jimin bias OTP (Jikook) တစ်ယောက်ပါ... MI...
5.2K 555 9
ကျွန်တော်သာအရိပ်လေးဖြစ်ခဲ့ရင်သံသရာအဆက်ဆက်Jiminနောက်ကိုဇွတ်လိုက်နေမိအုံးမှာ Start Date~ Jan20 End Date~???