အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

661K 17.9K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၁၃) Zawgyi

3.9K 33 0
By KaterinaKaterina248

မဟာ မနက်အစောကြီးထလာရလို့ကော ညက အိပ်ရေးမဝတာကောပေါင်းပီး စိတ်ကမှမကြည်နေပါဘူးဆို ဝေယံ့မိန်းမ ပန်းချီ့ဘေးက ကုပ်ချောင်းကုပ်ချောင်းနဲ့ပါလာတဲ့ ဟိုငတိမကိုမြင်လိုက်ရတော့ မျက်မှောင်ကိုတဆုံးကျုံ့ရုံသာမကဘဲ တော်တော်ရုပ်ဆိုးဆိုးမျက်နှာကို လုပ်မိလိုက်သည်။ မလုပ်ဘဲနေမလား ဟိုငတိမပါလာပြန်ပီ....ဘယ်သူခေါ်လာလဲ ပြေးစဉ်းစားစရာကိုမလို ဝေယံတို့လင်မယားပဲနေမယ်။ အရင်က ခုလို ခရီးမထွက်ခင်ညဆို ဟိုတယ်တခုမှစုအိပ်လေ့ရှိကြတာ ဒီနှစ်တော့ မဟာ ခရီးလွန်နေတာနဲ့ ညထိပင် ပြန်မရောက် ခုလဲမနက်အစောကြီးထလာပီးစုမယ့်နေရာကို အမီမောင်းလာရသည်။ ဒါကို တွေ့လိုက်ရတဲ့ဟိုငတိမကြောင့် စိတ်အတော်လေသွားတာတော့အမှန်။ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းက ဆံပင်ပဲဖွနေတဲ့ မဟာ့အနား ဝေယံရွှင်မြူးမြူးနဲ့ရောက်ချလာပီး သူ့ပုခုံးကိုဖက်ကာ
"မျက်မှောင်ကျုံ့တာလဲ လျှော့ကျုံ့ပါကွာ...အဟဲ"
"အဟဲ လုပ်မနေနဲ့ ဒါ ဘာလုပ်တာလဲ မင်းခေါ်လာတာမလား"
လုပ်ချင်တာလုပ်ထားပီးရင် အလှဆုံးပြုံးနေတတ်သူဆိုတာ မဟာ့အတွက်တော့ တခြားသူမဟုတ်....ဝေယံသာလျှင်...ခုလဲ သူ့ဘာသာလုပ်ချင်ရာတွေလုပ်ပီး သွား ၃၂ ချောင်းလုံးပေါ်အောင်ဖြီးပြပီး သူ့ကိုလာချော့နေတော့သည်။
"မင်းကလဲကွာ.... ငါက မင်းတယောက်ထဲဆို ပျင်းနေမှာစိုးလို့ စေတနာနဲ့ စေတနာနဲ့"
"မလိုဘူး....သွား ပြန်ပို့လိုက်"
"သွားမယ့်ခရီးထွက်လာပီးရင် ပြန်မလှည့်ကောင်းဘူးကွ ခေါ်လိုက်ပါ"
မဟာခရီးသွားမှာကြောင့်ရော အချင်းချင်းစိတ်ထဲလဲ မခုချင်တာနဲ့ရော နောက်ဆုံးတော့ စိတ်လျှော့လိုက်ရပီ။ သိပ်တော့မကြည်လင်....ပါစေချင်တဲ့ ဧကရီက မပါဘဲ ဘယ်ကဟာက လိုက်လာလဲမသိ။ ဟိုတယောက်ကလဲ ဘာလို့လိုက်လာတာလဲ။
တာရာ သူမကိုတွေ့ထဲက မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့သူ့ကို စေ့စေ့ကိုမကြည့်ရဲတော့။ ကိုဝေယံတို့လင်မယာယက အဲ့လူကြီးက ခေါ်ခိုင်းလို့ဆိုလို့ ချက်ချင်း အကျီတချို့သိမ်းထည့်ပီး လိုက်လာရတာ ခုလို သူတို့သူငယ်ချင်းတွေစုပီး ခရီးသွားမယ်ဆိုတာ မသိခဲ့။ သိခဲ့ရင်လဲ ဘယ်လိုက်မလဲ။ ဒါပေမယ့်လဲ လာခေါ်ထဲက သူကခေါ်ခိုင်းလို့ဆိုလို့လေ မလိုက်ရင်လဲ ပြသနာကတတ်ဦးမယ် လိုက်ခဲ့တော့လဲ ခုလို.....ကြားသားပဲ သူနဲ့ကိုဝေယံပြောနေကြတာတွေ မကြားချင်ယောင်သာဆောင်နေရတာ တကယ်တမ်းတော့ ပြန်ချင်လှပီး....လင်းလင်းချင်းချင်းဆိုလဲ ကိုယ့်ဘာသာ ကားကြုံစီးပီး ပြန်တယ် ခုက မနက် ၄ နာရီထိုးကြီး ဘာကားမှလဲ မရှိတော့ ဟိုလူ့ကိုလိုက်ပို့တဲ့ကားကလဲ ပြန်သွားပီ။ နေရာတိုင်းကလဲမှောင်မဲနေတာ ဘယ်လိုလုပ်တယောက်ထဲ လင်းထဲထိစောင့်ရဲမလဲ။ ဘာနေနေ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ပဲ မပန်းချီခေါ်တဲ့နောက်လိုက်ကာ သူထိုင်ခိုင်းတဲ့နေရာမှဝင်ထိုင်လိုက်တော့သည်။ ကားပေါ်မှာ ကိုဝေယံတို့အတွဲကတတွဲတူတူ ကိုမင်းသိန်းတို့အတွဲက တတွဲတူတူထိုင်ပီး ဟိုလူကတော့ သူ့ဘာသာတယောက်ထဲထိုင်သည်။ တော်သေးတယ် သူမကိုတော့ နောက်ဆုံးမှာထိုင်စေတာမလို့ ဟိုလူနဲ့​သူမကြား ကိုမင်းသိန်းတို့ ကိုဝေယံတို့ထိုင်နေတဲ့ အတန်း ၂ တန်းခြားသည်။ လူက အိပ်ချင်တာရော လမ်းက ကွေ့ကောက်နေလို့ ကားလဲ နဲနဲမူးချင်လာတာရောမလို့ ဘေးက ပြတင်းပေါက်ကိုမှီပီး အိပ်ဖို့ကြိုးစားလိုက်တော့သည်။ မအိပ်ပျော်ခင်တော့ ပင်လယ်ဆိုတာ မမြင်ဖူးသူ မရောက်ဖူးသူမလို့ ဘယ်လိုရှိနေနိုင်မလဲတွေးရင်း ရင်ခုန်ရသေးသည်။ စိတ်ထဲတွင်မတော့ စိတ်လှုပ်ရှားတာရော ကြောက်စိတ်ကောရောပြွန်းနေတာမလို့ အော် ပင်လယ်ကြီးဆိုတာ ခုလိုခံစားချက်အမျိုးမျိုးကို တပြိုင်နက်ပေးနိုင်ပါလားလို့ မှတ်ချက်ချမိသေးသည်။
"ညီမလေး ညီမလေး..."
"ဟင်.... ရောက်ပီလားအမ"
တာရာ့ကို မပန်းချီလာနှိုးတော့ ပတ်ဝန်းကျင်က လင်းချင်းနေပီ.....လှည့်ပတ်ကြည့်တော့ ပင်လယ်နဲ့တူတဲ့ရေအိုင်တောင်မတွေ့သေး
"အမ ပင်လယ်ကြီးရော"
"ဟင်..."
"ရောက်ပီမဟုတ်ဘူးလားဟင်"
"ဟား...ဟားး မရောက်သေးဘူး ညီမလေးရဲ့ ခုမှ လမ်းတဝက်တင်ရှိသေးတယ် မနက်စာစားကြတော့မလို့ လာ....သွားရအောင်"
သူမကို ကြင်ကြင်နာနာနဲ့ပုခုံးလေးပုတ်ကာခေါ်တဲ့ မပန်းချီကို သူမ အမအရင်းတယောက်လို ခံစားမိသည်။ ချမ်းသာပေမယ့် မောက်မာချင်းမရှိတဲ့သူမလိုလူမျိုးတွေ ကိုဝေယံ့လိုလူမျိုးတွေရှိပါသေးလားဆိုတဲ့အသိလဲ ချက်ချင်းဝင်မိသည်။ မပန်းချီခေါ်ရာနောက်လိုက်ခဲ့တော့ လမ်းဘေးက ဆိုင်လေးတဆိုင် အရမ်းကြီး ကြီးတယ်မဟုတ်ပေမယ့် သေးသေးနုတ်နုတ်လေးလဲမဟုတ်။ သူမတို့လို ခရီးသွားကားတချို့လဲ ရပ်ပီး စားကြသောက်ကြနဲ့ အနည်းငယ်တော့ စည်ကားသည်ခေါ်ရမည်။
"ဘာစားမလဲ ညီမ....ကြိုက်တာစားနော် ဒီခရီးက မင်းသိန်းက စပွန်တာ"
မပန်းချီဘေးမှာ အသာလေးဝင်ထိုင်လိုက်တဲ့သူမကို မပန်းချီရဲ့ဘေးတဖက်မှာ ထိုင်နေတဲ့ ကိုဝေယံကလှမ်းပြောတော့ သူတို့နှစ်ဦးကြောင့် တာရာ တကယ်ကို စိတ်သက်သာရာရ ရသည်။ ကိုမင်းသိန်းနဲ့ သူ့ကောင်မလေးကတော့ ကိုဝေယံတို့လောက်မဖော်ရွေပေမယ့် လုံးဝမကြည်ဖြူတာမျိုးတော့မဟုတ်။ တော်ပါသေးတယ် ကိုယ့်ကို ကြည်ဖြူတဲ့ နှစ်ယောက်ပါလာလို့။ ပါမုန့်ကြက်ဥကြော်သာမှာစားလိုက်တဲ့သူမကို မပန်းချီက နွားနို့လဲမှာပေးသည်။ မဝသေးရင် ထပ်မှာစားဖို့ အားမနာဖို့လဲ တဖွဖွပြောသည်။ ခနအကြာစားသောက်ပီး ကားပေါ်ပြန်တက်ကြတော့ မမေဖြူက သူမကို အထုတ်လေးတထုပ်လှမ်းပေးသည်။ သူမလဲ ပေးနေတာမလို့သာယူလိုက်ရတာ ဘာတေမှန်းမသိ ပလက်စတစ်အိတ်အကြည်ကြောင့် မုန့်တွေလို့တော့ထင်ရသည်။
"ခုနက အိပ်နေလို့ မပေးလိုက်ရတာ ကားပေါ်အပျင်းပြေစားဖို့ မုန့်နဲ့ အချဉ်ထုပ်တွေ"
"အော် ဟုတ်အမ ကျေးဇူးတင်ပါတယ်"
"အင်း အင်း...."
ဟိုလူက ကားပေါ်တက်ဖို့လာနေတာမလို့ သူမလဲ ကျေးဇူးတင်စကားပြောပီး အမြန်ပဲသူမနေရာသွားထိုင်လိုက်တော့သည်။ မမေဖြူပေးတတဲ့မုန့်တွေလဲမစားဖြစ်သေးပါ ဗိုက်အတော်ပြည့်နေတာမလို့။ ခုနက မှောင်နေလို့ရော အိပ်ချင်နေလို့ရော ပတ်ဝန်းကျင်ကိုသေချာမကြည့်ခဲ့ရပေမယ့် ခုလင်းလင်းချင်းချင်းမြင်ရတော့မှ အိပ်ချင်ပြေပီး ဟိုကြည့်ဒီကြည့် ကြည့်မိနေတော့သည်။ သူမဘဝမှာ တခါမှ အပျော် ခရီးရယ်လို့ထွက်ဖူးတာမဟုတ်တော့ ခုလို ပထမဆုံးခရီးထွက်ရတာကို အမှတ်တရအနေနဲ့ စိတ်ထဲ သေချာမှတ်ထားချင်သည်။

ကြည့်ရင်းကြည့်ရင်းနဲ့တော်တော်ကြီးကိုပျင်းလာမှ ကားက ဝင်းတခုထဲကိုချိုးဝင်လိုက်ပီး ရှေ့က မပန်းချီနဲ့ ကိုဝေယံတို့ရဲ့ ယေး ဆိုသံနဲ့အတူ ရောက်ပီဆိုတာသိလိုက်ရသည်။ မပန်းချီနဲ့ ကိုဝေယံက လိုက်လဲလိုက်သည်။ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်နှင့် အမြဲပင် တက်ကြွနေတတ်သည်။သူမကိုလာခေါ်တဲ့  လမ်းမှာတောင် သူတို့နှစ်ဦးသားဆက်ဆံရေးကိုကြည့်ပီး တိတ်တခိုးအားကျခဲ့ရသေးသည်။ စလိုက်နောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါးရှိကြသည်။ ဟိုလူ့သူငယ်ချင်းသာဖြစ်တာ ဟိတ်ကြီးဟန်ကြီးနဲ့ မောက်မာခြင်းလုံးဝမရှိ။ သူတို့ပစ္စည်းတွေကို ဟိုတယ်က ဝန်ထမ်းတွေက လာသယ်သွားပေးသည်မလို့ သူတို့က အေးဆေး lobby ထဲဝင်သွားရုံပင်။ အဝင်ဝမှာ အုန်းရည်လေးတောင်တိုက်သေးသည်။ တာရာ အုန်းသီးလေးကိုင်ရင်း မမြင်ဖူး မရောက်ဖူးတာမလို့ လှည့်ပတ်ကြည့်နေတုံး သတိတရ နောက်လှည့်ကြည့်မိတော့ ဟိုလူနဲ့ သူ့သူငယ်ချင်းလူတစု စုစု စုစုနဲ့ တခုခုပြသနာတတ်နေပုံရသည်။ ကြည့်ရတာ ပြသနာရှာတာလဲ ဟိုလူနေမယ်....ဝတ်ထားတဲ့ ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ကိုနှိုက်ကာ မျက်နှာကိုမော့ပီး သူများဘာပြောပြော ဂရုမစိုက်သည့်ပုံနဲ့....ကျန်တဲ့သူတွေက သူမကိုကြည့်လိုက် သူ့ကိုအတင်းပြောလိုက်နဲ့.....သူမကို တချက်တချက်ကြည့်နေကြတဲ့ သူ့သူငယ်ချင်းတွေကြောင့် ဒီပြသနာက သူမကြောင့်လားလို့ထင်ရအောင်လဲ သူမစလိုက်လာထဲက ပြသနာက တတ်နှင့်နေပီးသားမလို့ ထူးမနေတော့။ ခနအကြာ ကိုဝေယံသူမအနားကိုလမ်းလျှောက်လာကာ သူမကို ခနဆိုပီးခေါ်လို့ လိုက်သွားတော့မှ ပြသနာကိုသိရတော့သည်။
"ညီမ သူနဲ့တခန်းထဲနေလို့ဖြစ်လား"
"ရှင်...."
မထင်မှတ်ထားတဲ့စကားကြောင့် တာရာမျက်လုံးပြူးသွားသည်။ သူမကိုလာခေါ်တဲ့လမ်းမှာ သူတို့အတွက် ကိုမင်းသိန်းက private villa တခုစီစဉ်ထားကြောင်း သူမနေဖို့ သပ်သပ်တခန်းစီစဉ်ပေးထားကြောင်းနဲ့ မဟာနဲ့တူတူနေစရာမလိုကြောင်း ပြောပြထားတာမလို့ စိတ်အေးနေတာ ခုတော့...တလမ်းလုံးအေးဆေးနေပီးကာမှ သူက ဘာထဖြစ်ရတာလဲ။
"မင်းပဲ ငါ့အတွက်အဖော်ဆို အဲ့ဆို ငါနဲ့တခန်းထဲနေရမှာပေါ့....မဟုတ်ဘူးလား"
"မဟာ မင်းကွာ ကလေးလဲမဟုတ်ဘူး ဂျစ်မနေနဲ့"
မဟာ ဒီငတိမကို တမင်ညစ်ချင်လို့ကို ပြောလိုက်တာ။ အားအားယားယား စပ်ဆော့ပီးလိုက်လာတာ ပျော်ခွင့်တော့မပေးနိုင်။ သူစိတ်ညစ်ရသလို စိတ်ညစ်စေချင်သေးတာမလို့ တမင်ကိုအလျှော့မပေးတာ။
"အဲ့ လက်ထဲက အုန်းသီးထားပီး ငါ့နောက်လိုက်ခဲ့"
တာရာ သူမလက်ထဲက အုန်းသီးကိုလာယူပေးတဲ့ နီးရာ ဝန်ထမ်းအမတယောက်ဆီကို ကမ်းပေးရင်း ထွက်သွားတဲ့သူ့ခြေလှမ်းကျဲကြီးတွေနောက်အမီအပြေးတပိုင်းလိုက်ခဲ့ရတော့သည်။ လာမယ့်ဘေးပြေးတွေ့ရုံပဲ ရှောင်လို့လဲ လွတ်မှမလွတ်တော့တာ။
ဝေယံလဲ သူကူလီကူမာလုပ်ပီးခေါ်လာခဲ့တာမလို့ ခုလို မဟာဇွတ်တရွတ်လုပ်တော့ ကြားကနေ သူမကိုအားနာရသည်။ အကြောင်းစုံသိပီးသားပေမို့ တမင်ကို အခန်းခွဲယူပေးထားတာ မဟာ ခုလောက် ဂျစ်တိုက်မယ်တော့ မထင်ခဲ့။ ခုတော့ မရရအောင် လိုချင်တာလုပ်မယ့် မဟာ့ကိုတားဆီးနိုင်စွမ်းလဲမရှိတာမလို့ ဟိုကလေးမ အဆင်ပြေပါစေဟုသာ စိတ်ထဲကနေ ဆုတောင်းမိတော့သည်။ သူ့မိန်းမ ပန်းချီလဲ သူ့နည်းတူခံစားမိမှာအမှန်ပင်။ ဒီအစီစဉ်ကို သူတို့နှစ်ယောက်တူတူလုပ်ခဲ့တာ။ ခရီးထွက်ရင်း လူတွေရဲ့စိတ်ကိုသိနိုင်တာမလို့ မဟာ ဟိုကလေးမအပေါ် အမြင်လေး နဲနဲပြောင်းရင်ပြောင်းပါစေတော့ဆိုပီး အတင်းခေါ်ခဲ့တာ။ ခုတော့.....

အခန်းထဲရောက်တော့ တာရာ သူဝင်သွားလို့သာလိုက်ဝင်ရတာ ဘာလုပ်လို့ဘာကိုင်ရမယ်မသိတာမလို့ တံခါးနား ခပ်ကုပ်ကုပ်ရပ်နေတုံး သူက ဝတ်ထားတဲ့ အကျီကြယ်သီးတွေကိုတလုံးချငိးဖြုတ်နေပီ။ နောက်ဆုံးကျန်တဲ့တလုံးဖြုတ်လို့အပီးမှာ အကျီတထည်လုံး ချွတ်မယ်ပြင်တော့မှ တာရာလဲမနေနိုင်တော့တာနဲ့ အနဲငယ်ကျယ်လောက်တဲ့အသံနဲ့ အော်လိုက်မိတော့သည်။ မအော်လို့လဲမရ ဟိုလူက ပြောရတာမဟုတ် ဘာတွေလုပ်မှန်းမသိ။
"ဦးနေမင်းမဟာ...."
"ဘာလဲ မင်းငါနဲ့တူတူခရီးတောင်လိုက်လာပီးမှ ဒါတွေတွေးမထားဘူးလား"
"ဟုတ်ပါတယ် လိုက်ခဲ့မိတာ ကျမအမှားပါ...အဲ့တာကလဲ အဲ့တာကလဲ..."
"ဘာလဲ ငါက ငါ့သူငယ်ချင်းကနေတဆင့်မင်းကိုခေါ်ခိုင်းလိုက်ပါတယ် ပြောမလို့ဟား....ဦးနှောက်သုံးလေ ဦးနှောက်"
သူ့လက်ညှိုးနဲ့ သူ့နားထင်ကိုထောက်ပြကာ ပြောဆိုပီး ကုတင်ပေါ် တက်ကာ ဆင့်ထားတဲ့ခေါင်းအုံးတေပေါ်ခပ်လျှောလျှောမီထိုင်ပီး ခြေထောက်နှစ်ချောင်းကိုတော့ ဆန့်ထားသည်။ လက်တွေကိုလဲ သူ့ခေါင်းအနောက်ပစ်ကာ ခေါင်းကိုမှီထားသည်မလို့ ရှေ့က ကျယ်သီးဖြုတ်ထားတဲ့အကျီက ဟပြဲ။
"ငါက အေးရာအေးကြောင်းခရီးသွားတာ ဘာကိစ္စနဲ့ မင်းကို ခေါ်ခိုင်းမှာလဲ စဉ်းစားလေ...."
"အဲ့ဆိုလဲ ရာရာ ဟိုဘက်အခန်းမှာနေမယ်လေ....ရှင်လဲ ကိုယ့်ဘာသာအေးဆေးနေလို့ရတာပဲ လိုတာရှိရင် ဖုန်း...ဖုန်းတွေရှိနေတာပဲ ဖုန်းဆက်လိုက်လေ ဒါဆိုပီးရောပဲမလား"
"မင်းလိုက်လာတာ ဒါတွေမင်းတွေးပီးသားနေမှာပါ"
ညစ်တစ်တစ်မျက်နှာဘေးနဲ့ပြောနေတဲ့ ဟိုလူ့ကို တာရာ မျက်မှောင်အနဲငယ်ကျုံ့ကာကြည့်လိုက်မိသည်။ မသိရင် ကိုယ်ကပဲ သူနဲ့ဇွတ်အတင်းဇာတ်လမ်းဖြစ်ချင်လို့ လိုက်လာတဲ့ပုံနဲ့...ဒီလူဘာလဲ ဘဝင်ရူးလား
"ဒီ မှာ ဦးနေမင်းမဟာ ရှင်ထင်တာတွက တဖက်စွန်းရောက်လွန်းနေပီ....ဘာတွေတွေးနေလဲ ကျမလဲ လိုက်မမီတော့ဘူးး....ရှင်ဘာသာရှင် ဘယ်လိုထင်ထင် တွေးတွေး ကျမတော့ ဒီလိုကြီးနေရမှာ အဆင်မပြေလှဘူး"
တာရာ စိတ်တိုတိုနဲ့ ပြောဆိုပီး အပြင်ထွက်မယ်အလုပ် အိတ်လာပို့တဲ့ဝန်ထမ်းလေးကိုမြင်တော့ ခြေလှမ်းတုံ့သွားတဲ့ သူမ....အိတ်တွေပဲဆွဲယူပီး တခြားအခန်းကိုထွက်သွားရမလားစဉ်းစားနေတုံး နောက်ကနေ သြဇာအပြည့်နဲ့အသံပေါ်လာသည်။
"မင်း ဒီအခန်းထဲမှာပဲနေရမယ် တခြားအခန်းသွားရဲသွားကြည့် ငါနဲ့တွေ့မယ်"
ပြောဆိုပီး ရေချိုးခန်းထဲထွက်သွားတဲ့သူ့ကို နောက်ကျောပဲလှမ်းမြင်လိုက်ရသည်။ စိတ်တွေလဲပျက်တယ်။ အချိုကျွေးလဲမရ အချဉ်ကျွေးလဲ မကြိုက်ဘူးဆိုတဲ့လူမျိုး.....သူ့အတွေးတွေနဲ့ပတ်လည်ရိုက်နေတဲ့သူကို ဘာနေနေရှင်းပြမရ မှန်တာလဲ သူ မှားတာလဲ သူပဲဆုံးဖြတ် သူပဲအလိုမကျနဲ့....ဟူးးးးး မြန်မြန်ဝေးပါရစေ ဒီလိုလူနဲ့ နောင်ဘဝတွေများလဲ မဆုံးပါရစေနဲ့.....သက်ပြင်းခပ်တိုးတိုးချပီး ဝန်ထမ်းကောင်လေး အခန်းရှေ့ချပေးထားခဲ့တဲ့ အိတ်များကိုသာ သွားပီး အခန်းထဲ ရွှေ့ကာ နေရာချထားလိုက်တော့သည်။ ဝန်ထမ်းကောင်လေးခင်မျာမှာလဲ အစက သူမ တံခါးဖွင့်ပေးတော့ အခန်းထဲ အိတ်တွေတခါထဲထည့်ပေးမလို့ကို ဟိုလူအော်ပြောလိုက်တာနဲ့ အခြေနေမကောင်းဘူးဆိုပီး အိတ်တွေအခန်းရှေ့ပဲထားခဲ့ကာ လစ်ပြေးသွားခဲ့သည်။ ဟိုလူ့အထုတ်တွေကို နေရာချပီးတာနဲ့ သူမအိပ်ဖို့နေရာရှာရတော့သည်။ တော်သေးသည်ပြောရမည် TV ရှေ့က couch တခုက ၃ ခုံဆက်တွဲမလို့ သေးသေးကွေးကွေးသူမအဖို့ ခြေဆန့်လက်ဆန့်နီးပါးအိပ်လို့ရသည်။ သူမအထုတ်တွေကို အမြန်ဆိုဖာနားချပီး ကမ်းခြေဘက်ကိုအမြန်ထွက်ခဲ့ရသည် ခနနေ ဟိုလူ ရေချိုးခန်းထဲက ထွက်လာတော့မှာမလား....

ရေချိုးခန်းထဲက တဘက်တထည် အောက်ပိုင်းပတ်ပီးထွက်လာတဲ့ မဟာ အခန်းထဲ လှည့်ပတ်ကြည့်လိုက်တော့ အထုတ်တွေနေရာတကျဖြစ်နေပီးသားတွေ့လိုက်ရသည်။ ဟိုငတိမကိုတော့မတွေ့.....ဘာရယ်မဟုတ် အကျီမဝတ်သေးဘဲ TV ဖွင့်လိုက်ပီး ရှေ့ကဆိုဖာမှာဝင်ထိုင်လိုက်တော့ အမယ် ဘေးမှာ ဟိုငတိမအထုတ်တွေက နေရာယူပီးသား....သူအိပ်မယ့်နေရာထင်ပ။

လှိုင်းသံတဝုန်းဝုန်းနဲ့ လေတွေလဲ အတော်တိုက်နေတာမလို့ တာရာ့စိတ်ထဲ ကြောက်စိတ်ပင်ဝင်လာတော့သည်။ ကမ်းစပ်နားကို ခနတိုင်း ပြေးပြေးဝင်လာတဲ့ လှိုင်းလုံးတွေကလဲ သူမကို တနည်းတဖုံ လန့်စေသည်။ ကမ်းခြေဘက်ထွက်လာတာ နာရီဝက်ရှိတော့မည် ခုထိ ရေစပ်နားကိုမသွားရဲ....ရေမကူးတတ်တာမလို့ ပိုကြောက်တာလဲပါမည်။ အဝေးကနေပဲ လှမ်းကြည့်နေရင်း ခနအကြာတော့ မည်သူမှမခေါ်ဘဲ ကမ်းစပ်နားကို သူ့အလိုလိုရောက်သွားသည်။ ခြေဖဝါးများအောက်မှ စိုစိစိုစိအထိတွေ့ရမှ သူရောက်နေတာ ကမ်းစပ်နားပါလားဆိုတဲ့ အသိစိတ်ဝင်လာသည်။ တာရာ သူမဝတ်ထားတဲ့ အဝါရောင် ဂါဝန်​လေးကို ခြေသလုံးတဝက်လောက်ထိမတင်ထားလိုက်ပီး ဂါဝန်စလေးကို လက်နှစ်ဖက်ဖြင့်ကျစ်နေအောင် ဆုတ်ကိုင်ထားမိသည်။ ခြေဖဝါးလေးများကို ခနတိုင်းလာရိုက်တဲ့လှိုင်းလုံးငယ်လေးများ ရေလှိုင်းလေးများကို ခံစားရင်း တဝုန်းဝုန်းမြည်နေတဲ့ လှိုင်းသံများကိုလဲ သဘောကျသယောင်ဖြစ်လာသည်။ ခုနကတော့ လေကကြမ်းသလိုမလို​ကြောက်မိပေမယ့် ခုတော့ မြို့ပြကြီးထဲကလေထက် အဆုံးအစမရှိတဲ့နေရာကတိုက်လာတဲ့လေက ပိုပီးလတ်ဆတ်သလို ရှူရတာပဲ အားပြည့်သလိုလို ခံစားရသည်။ ရေပြင်ကိုဖြတ်တိုက်လာတဲ့အတွက်ကြောင့် ပင်လယ်နံ့လေးပါလာတာကလဲ သူမကို လက်တလောစိတ်ပင်ပန်းမှုတွေကို ပျောက်စေသလိုလို ခံစားရသေးသည်။ ချစ်လိုက်တာ ပင်လယ်ကြီးကို ဆိုပီး.....တာရာဒီတိုင်းပင်အားမရတော့ လက်နှစ်ဖက်ကိုဆန့်ကာ အဆုံးစွန်ထိခံစားပစ်လိုက်တော့သည်။ မျက်နှာမှာလဲ big smile လို့ခေါ်ရလောက်တဲ့ အပြုံးကြီးနဲ့......

Continue Reading

You'll Also Like

104K 4.8K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance
67K 7.8K 84
transition novel
72.6K 5.9K 111
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
582K 34.2K 31
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}