နှင်းဆီထက်ကဆူးခက်ဝိုင်[Comple...
By Ta_yaw2006
1M 52.1K 1.2K
အရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက... More
ဝိုင်(၁)
ဝိုင်(၂)
ဝိုင်(၃)
ဝိုင်(၄)
ဝိုင်(၅)
ဝိုင်(၆)
ဝိုင်(၇)
ဝိုင်(၈)
ဝိုင်(၉)
ဝိုင်(၁၀)
ဝိုင်(၁၂)
ဝိုင်(၁၃)
ဝိုင်(၁၄)
ဝိုင်(၁၅)
ဝိုင်(၁၆)
ဝိုင်(၁၇)
ဝိုင်(၁၈)
ဝိုင်(၁၉)
ဝိုင်(၂၀)
ဝိုင်(၂၁)
ဝိုင်(၂၂)
ဝိုင်(၂၃)
ဝိုင်(ဇာတ်သိမ်းပိုင်း)
ဝိုင်(အပိုင်းပို valentine's day)
ဝိုင်(အပိုင်းပို anniversary)
ဝိုင်(အပိုင်းပို ၂ anniversary)
ပြင်ဆင်ချက်
ကိုကို့ကလေးလေး
Book!!!
ဝိုင်(၁၁)
37.9K 2.1K 28
By Ta_yaw2006
Unicode
ပျင်းရိစွာ ဆိုဖာပေါ်လှဲရင်း ဖုန်းသုံးနေတဲ့ ကျွန်တော်။ဘာအလုပ်မှမရှိတာတော်တော်ကိုပျင်းဖို့ကောင်းတယ်။လုပ်လို့တော့ရပေမဲ့ တဖြည်းဖြည်းစဥ်းစားမိတာက ဒီလို top 5 စာရင်းဝင်CEOရဲ့ ယောင်္ကျားဖြစ်နေပြီဆိုတော့ လုပ်မနေတော့ဘူး။ ယောင်္ကျားလုပ်စာထိုင်စားတော့မယ်။ မောင့် ပိုင်ဆိုင်မှုတစ်ဝက်က ကျွန်တော့်တို့ဆီက ဖြတ်ခုတ်သွားတာလေ။ အဲ့တော့ မကျေနပ်လို့ ကျွန်တော့်ဘဝကြီးကို မောင့်ဆီပုံအပ်ပြီး ယောင်္ကျားလုပ်စာထိုင်စား ဖို့ဘဲစိတ်ကူးရှိတော့တယ်။
သူပျင်းမှာစိုးလို့လားမသိ မောင်က ကားဂိုဒေါင်က သူသိပ်မသုံးဖြစ်တဲ့ ကားတစ်စီးကို ဒီမနက်ကဘဲ သူ့ကိုပေးထားသည်။ အပြင်လည်း ထွက်ရမှာပျင်းတာနဲ့ အိမ်မှာဘဲနေဖြစ်သည်။
အယ်....ရှင်းသန့်အတွက်မွေးနေ့လက်ဆောင်ပေးရဦးမှာပဲ။မွေးနေ့မသွားဖြစ်တာအားနာစရာ။ဘာလက်ဆောင်ပေးရပါ့။နာရီ ဆိုရင်ရော အင်း အဆင်ပြေပါတယ်။ ဖုန်းကောက်ကိုင်လိုက်ရင်းရှင်းသန့်ကို တစ်နေရာရာချိန်းလိုက်သည်။
......
"ကျွန်တော် ဝမ်းနည်းသွားတာဗျ ကိုကိုကမလာတော့"
"အကို တောင်းပန်ပါတယ် ရှင်းသန့်ရာ အကို တကယ်မအားလို့ပါ"
သူ့ရှေ့မှမျက်နှာငယ် ဖြင့်ပြောနေသောကောင်လေးကြောင့်အားနာမိကာ တောင်းပန်စကားဆိုမိသည်။
"ဟွန်း ကိုကို မလာချင်လို့ မလာတာမလား ကျွန်တော် သိပါတယ်"
"အာ မဟုတ်တာ ကောင်လေးရာ အကိုတကယ်မအားလို့ပါ "
"..."
"ရှင်းသန့်အတွက်မွေးနေ့လက်ဆောင် အကိုဝယ်လာတယ်"
"......."
သူ့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးဖြင့် မော့ကြည့်လာတော့ သတိရသွားမိတာက ကျွန်တော့်ရဲ့ တစ်ယောက်သောလူဆိုးကောင်။မောင်ငယ်ငယ်ကလည်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သိပ်ချစ်စရာ​ကောင်းခဲ့တာမလား။
ဘူးသေးသေးလေးကိုယူကာ ရှင်းသန့်ဆီ လှမ်းပေးလိုက်တော့ ကောင်လေးကစိတ်ဝင်စားလာဟန်ပြုသည်။
"ဟာ နာရီလေး လှလိုက်တာ"
"အင်း ကြိုက်လား"
"ကြိုက်တယ် ကြိုက်တယ် ကိုကို"
"ကြိုက်ရင်ကျေနပ်ပါပြီဗျာ"
"ကိုကို ကျွန်တော့်ကိုပတ်ပေး"
"ဪ အင်း ပေး အကိုပတ်ပေးမယ်"
"ဟီး ကျေးဇူးနော်ကိုကို ကိုကို့ကြောင့်ကျွန်တော်ပျော်သွားပြီ"
"ရပါတယ် မလိုပါဘူးကွာ"
"အာ...ကျွန်တော်နဲ့လိုက်တယ် ကိုကိုကရွေးတတ်လိုက်တာ"
"အင်း မုန့်စားကြရအောင်လေ"
"ဟီးးးဟုတ် "
....
"အဲ့ဒါဆိုအကို့ကို သွားခွင့်ပြုဦးနော်"
"ကိုကို"
ထိုင်ရာမှအိမ်ပြန်ဖို့ ထထွက်မည်အပြု လက်ကိုဆွဲကာပြန်ထိုင်စေတဲ့ ကောင်လေးကြောင့် ကြောင်အအဖြင့်ကောင်လေးကို ကြည့်လိုက်တော့ သူ့ကို​ပြောစရာစကားရှိနေပုံကြောင့် စကားလမ်းစပေးမိသည်။
"ဘာပြောမလို့လဲ ရှင်းသန့်"
"ကျွန်တော့်ကိုကို့ အိမ်ရောက်ဖူးချင်လို့ လိုက်လို့ရလားဟင်"
လက်မောင်းပေါ်ရုတ်တရက်မှီကာ တောင်းဆိုစကားဆိုလာသောသူကြောင့် ကြောင်အအဖြင့်။
စတွေ့ကတည်းကရင်းနှီးလှသည် ရှိတာကြောင့်အားနာ၍သူ့မှာမငြင်းသာ။
အိမ်တဲ့။သူ့မှာအိမ်မှမရှိဘဲလေ။မောင့်အိမ်မှာခေါ်သွားရင်လည်း မောင်ကရှင်းသန့်ကိုသိပ်သဘောကျတာမဟုတ်ဘူး။နာရီတစ်ချက်ကြည့်လိုက်တယ်။နေ့လယ်၁နာရီဘဲရှိသေးတယ်။ မောင်ကခါတိုင်း ၆နာရီလောက်မှ အိမ်ပြန်ရောက်တာ။ခဏခေါ်ရင်ဘာမှမဖြစ်လောက်ပါဘူး။
"ဟို ကျွန်တော်စာမေးစရာရှိလို့ပါ"
သူအတွေးလွန်၍ ပြန်မဖြေသည်ကို မခေါ်ဘူးထင်၍ အကြောင်းပြချက်လေးပေးလာသည်။
"ရတယ် လိုက်ခဲ့ အကို နားမလည်တာတွေရှင်းပြပေးမယ် "
"ဟီးးကျေးဇူးနော် ကိုကို "
"ရပါတယ်ကွာ လာ သွားကြရအောင်"
ထိုင်ရာမှထပြန်တော့လည်း ထူးထူးဆန်းဆန်းထလုပ်တဲ့ကောင်လေးကြောင့် သူ့မှာခပ်လန့်လန့်။လက်ကိုလာဆွဲကိုင်နေတာကြောင့် အနည်းငယ်ရုန်းတော့လည်းမလွှတ်။ပတ်ဝန်းကျင်ဆိုတာမျိုးက အမျိုးမျိုးထင်ကြတဲ့အမျိုး။တချို့ဆိုသူတို့၂ယောက်ကိုကြည့်ကာပြုံးစိစိနဲ့။မဟုတ်သေးပါဘူး။ အတင်းဆွဲရမ်းဖြုတ်ရင်လည်းမကောင်းဘူး။ဆိုင်ထဲက မြန်မြန်ထွက်ရမယ်။
"အာ့ "
"အမလေး"
"ဟာ ဟေ့"
ကောင်မလေးတစ်ယောက်က ပြေးဝင်လာတာကြောင့်သူရှောင်လိုက်သော်လည်း သူ့နောက်မှပါလာတဲ့ရှင်းသန့်ကို ဝင်တိုက်သွားသည်။ရှင်းသန့်က နောက်ကိုခပ်လန်လန်ဖြစ်သွားတာမို့ သူအမြန်ပင် ခါးမှဖက်ဖမ်းလိုက်ရသည်။ ဒီနေ့မှဘာတွေဖြစ်နေတာလဲကွာ..
"ရရဲ့လားရှင်းသန့်"
"ဟုတ် ရတယ်ကိုကို"
"ဟို ညီမတောင်းပန်ပါတယ်နော် ညီမ လောသွားလို့"
"အာ  ရပါတယ် ညီမ အကိုတို့သွားတော့မယ်နော်"
"ဟုတ် အဟိ"
ဘာလဲဟ အဟိတဲ့ ကောင်မလေးကစူးစူးစိုက်စိုက်သူတို့၂ယောက်ကြည့်နေတာ။ဘယ်လိုကြီးတုန်း
တောင်းပန်လာပေမဲ့လည်းအကြည့်က ခါးဖက်ထားသောလက်နေရာကြောင့် အမြန်ပင်ဖြုတ်လိုက်မိသည်။အထင်လွဲသွားရင်မကောင်းတာကြောင့် ခပ်သွက်သွက်သာထွက်လာခဲ့လိုက်သည်။ မဟုတ်ရင် အနေခက်တာနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်နေမှ ပိုဆိုးကုန်လိမ့်မည်။
.......
"သိမ့် ကိုယ်ပြောစရာရှိလို့ ကိုယ့်ဆီလာခဲ့လို့ရမလား"
"အာ...အခု သိမ့်မအားသေးဘူး ကိုဒီပါ လူနာစစ်ပေးစရာလေးကျန်သေးလို့ ၁၂လောက်မှ လာခဲ့လို့ရလား"
"ရတယ် ကိုယ်စောင့်နေမယ် "
"ဘယ်ကိုလာခဲ့ရမလဲ ကိုဒီပါ ဆိုင်တစ်ဆိုင်မှာထိုင်မလား"
"အင်း ကိုယ့်Company ဘဲလာခဲ့ပါ"
"Company လား အရေးကြီးလို့လား ကိုဒီပါ"
"အရေးကြီးတယ် public မှာမပြောချင်လို့ ကိုယ့်ရုံးခန်းထဲဘဲလာခဲ့နော်"
"ဟုတ်ပြီ ကိုဒီပါ သိမ့်လာခဲ့မယ် "
ထူးထူးဆန်းဆန်း မောင့်ဆီက ဖုန်းဆက်လာတာကြောင့်သူပြုံးမိသည်။ မောင် သူမခေါ်နေတဲ့ ကိုဒီပါဆိုသည့်ယောင်္ကျားသားကို ခေါ်ချင်ခဲ့တဲ့နာမ်စားလေး။မောင် မကြိုက်တော့ သူ့မမှာခေါ်ခွင့်မရှိပေ။ ဘာလို့လဲ မောင်။ သိမ့်လိုပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက်ကို မောင်ဘာလို့လက်မခံတာလဲ။ သိမ့်ကတော့ မောင့်ကိုချစ်တယ် မောင့်ဘာသာ ဘာဖြစ်ဖြစ် မောင်ဟာအချိန်တန်ရင်သိမ့်အပိုင်ဖြစ်မှာပဲ။
ပန်းခိုက်ဦး။ပန်းခိုက်ဦးဆိုတဲ့လူက မောင့်သူငယ်ချင်းဆိုတာရောသေချာရဲ့လား။
သိမ့်သိနေတယ် မောင်။အဲ့ကောင်လေးအပေါ်ကြည့်တဲ့မောင့်အကြည့်တွေက မရိုးသားဘူး။မောင်က ကိုယ့်ကိုကိုယ်မသိလေခြင်းလား လှေနှံနှစ်ဖက်ခွချင်နေတာလား။ အို...ဘာဘဲဖြစ်ဖြစ် ကိုယ်ကမိန်းကလေး ယောင်္ကျားလေးဆိုတာ မိန်းကလေးနဲ့ဘဲလိုက်ဖက်တာ။ မောင့်လိုယောင်္ကျားကောင်းက ယောင်္ကျားတစ်ယောက်ကိုရွေးချယ်မယ်တဲ့လား။ရီချင်စရာပဲ။
အခုက သူမက မောင့်ရဲ့တရားစေ့စပ်ထားတဲ့မိန်းကလေးကိုယ်ဟာဘယ်လိုနေနေအနိုင်ပဲ။အဟင်း ခုချိန်မှာတော့ ပန်းခိုက်ဦးဆိုတဲ့ ရှင်က အရှုံးသမားသာသာပဲ။
......
"ကိုဒီပါ "
အလုပ်လုပ်နေရင်းနာမည်ခေါ်သံကြားလို့ လှမ်းကြည့်မိတော့ သိမ့်။နာရီကြည့်တော့၂နာရီကျော်နေပြီ။အချိန်ကိုမလေးစားလိုက်တာ။ လူမူကျင့်ဝတ်လည်း နားမလည်လေသလား။ သိမ့်ဆိုသည့် မိန်းကလေးကအလှကြည့်ရန်သာကောင်းပါသည်။
"သိမ့် ထိုင် "
"ဟုတ် ကိုဒီပါ ဘာများပြောစရာရှိလို့လဲဟင် မဟုတ်မှ စေ့စပ်ပွဲ စီစဥ်တော့မလို့လား"
သူ့မှဆက်ပြောဖို့ပင် အားနာမိသည်။သို့ပေမဲ့ ဆက်အားနာမိရင် သူ့အတွက်ရော သက်ဆိုင်သူအတွက်ရော သည်မိန်းကလေးအတွက်ရော မကောင်းပါ။
သူချောင်းတစ်ချက်ဟန့်ရင်း စကားဆက်လိုက်သည်။
"အဟမ်း....ကိုယ်တို့စေ့စပ်ပွဲ ဖျတ်သိမ်းရအောင် သိမ့်"
"ဘာ ရှင်.."
"ကိုယ်တောင်းပန်ပါတယ် ကိုယ်သိမ့်အပေါ်မျှော်လင့်ချက်ပေးမိသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်"
"ဖြန်း"
ပါးပေါ်စပ်ဖြင်းဖြင်းခံစားလိုက်ရသည်။သူပါးရိုက်သည်ဆိုလည်း အရိုက်ခံရဖို့ထိုက်တန်ပါသည်။သူမရှောင်ပါ။သူ့အနေနဲ့ပါးအရိုက်ခံရသည်ကိုက နည်းပါသေးသည်။မီဒီယာများကြောင့် သူတို့စေ့စပ်မည်ဆိုသည့်သတင်းဟာ တစ်နိုင်ငံလုံးသိနေသည့်အနေအထားမှာတောင် သူအခုလိုငြင်းလိုက်တဲ့အတွက်ကြောင့် မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်သိက္ခာ အရှက်သိက္ခာ ကျဆင်းစေခဲ့တယ်။
"ရှင် အဲ့လိုငြင်းတော့ ကျွန်မသိက္ခာဘယ်လောက်ကျသွားလဲ ဟမ် ကျွန်မကသိပ်မာနကြီးတာ ရှင်မို့ အောက်ကျခံပြီး စောင့်နေပေးခဲ့ရတာ အဖြေကဒါတဲ့လားရှင် ဘာကြောင့်လဲ သိမ့်က ဘာတွေများလိုအပ်နေလိုလဲ ဟမ်"
"သိမ့်ကို ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ်တကယ်မကောင်းတဲ့လူပါ တကယ်တော့ ကိုယ့်မှာ သိမ့် နဲ့ စေ့စပ်ဖို့စီစဥ်ကတည်းက ကိုယ်ကအိမ်ထောင်နဲ့ပါ"
"ဘာ ရှင်မို့ အဲ့လို"
ဖြန်း
"လုပ်ရက်တယ် "
ဖြန်း
"တောက်"
"ကိုယ့်ကိုကျေနပ်တဲ့ အထိရိုက်ပါ သိမ့် ကိုယ်တို့စေ့စပ်ပွဲတော့ဖြတ်ပါရစေ"
"ပြော ဘယ်သူလဲ ရှင်ယူထားတာဘယ်သူလဲ"
"အဲ့တာတော့ မင်းသိစရာမလိုဘူး သိမ့်"
"ဟမ့် ရှင့်ရဲ့သူငယ်ချင်း ပန်းခိုက်ဦး ဆိုတဲ့ကောင်လား"
"မင်း ဘယ်လို.."
"ဟင်း..ထင်နေသလိုပဲ ရှင်တို့၂ယောက်မရိုးသားတာ  သိမ့်သိတယ် သူကဘာတွေများရှင့်ကို ပေးနိုင်လို့ သူ့ကိုရွေးလိုက်တာလဲ ဟမ်"
"နေဦး သိမ့် မင်းမှာအဲ့လိုမေးခွန်းမျိုး မေးနိုင်ဖို့ ကိုယ်တို့က အဲ့လောက်ပတ်သတ်ခဲ့ကြတဲ့ လူလည်းမဟုတ်ခဲ့ဘူး"
"ရှင် ရှင်."
အငြင်းပွားနေစဥ် သူ့ထံမှဖုန်းမည်လာတာကြောင့်content ကိုကြည့်လိုက်သည်။အရေးမကြီးလျှင်ချမည်လုပ်သော်လည်း ယခုဖုန်းမှာဇေယျာ့ဆီကဖြစ်တာကြောင့် အရေးကြီးမှန်းသိလိုက်သည်။အခန်းပြင်ထွက်၍ ဖုန်းကိုင်လိုက်သည်။မဟုတ်လျှင် ဖုန်းကောင်းကောင်းပြောရမည်မဟုတ်။
"ဇေယျာ ပြော"
"ဟုတ် ဆရာ ကျွန်တော် ကိုပန်းခိုက်ဦး နောက်လိုက်သွားတော့ ကောင်လေးတစ်ယောက်နဲ့ချိန်းနေတာကျွန်တော်တွေ့ပါတယ် ကောင်လေးက ကိုပန်းခိုက်ဦးထက်ငယ်မယ် အရပ်ကလည်း ပုပါတယ်ဆရာ အခုတော့ ဆိုင်ကနေထွက်သွားပါပြီ။ ကိုပန်းခိုက်ဦးကော ဟိုကောင်လေးကော ဆရာ့အိမ်ရောက်နေကြပါပြီ"
"ဘာ"
ခင်ဗျားကနည်းနည်းမှလွတ်ထားလို့မရပါလား။
"ကျွန်တော် ဓါတ်ပုံအနည်းငယ် ရိုက်ထားပါတယ် ဆရာ့ဆီ ပို့လိုက်ပါ့မယ်"
"ဟုတ်ပြီ ကျေးဇူးပဲ ဇေယျာ ပြောစရာကျန်သေးလား။"
"မရှိတော့ပါဘူး ဆရာ"
"ဟုတ်ပြီ ဒါပဲ "
တကယ်တော့ ဟိုလူ့ဆီပေးတာတဲ့ ကားကိုGPSတတ်ထားခြင်းပင်။တစ်မနက်ခင်လုံးဘာမှမထူးခြားပေမဲ့  နေ့လယ်ပိုင်းရောက်တော့ အိမ်ကထွက်သွားသည့်လူကြောင့် ဇေယျာကိုအနောက်မှလိုက်သွားရန် အလုပ်ပေးလိုက်သည်။အခုတော့ သူမရှိတဲ့အချိန်အကောင်တစ်ကောင်နှင့်ချိန်းတွေ့နေသည်တဲ့လား။
တင်
ခဏနေတော့ message ကျလာတော့သူချက်ချင်း ဖွင့်ကြည့်လိုက်မိသည်။
ဘာ ဘာတွေလဲ ။ပုံတွေက အဲ့လူနဲ့ ဟိုကောင်လေးနဲ့မထိတတိလုပ်နေကြတဲ့ပုံတွေ။
တောက်
ပန်းခိုက်ဦး ခင်ဗျားကျုပ်ကွယ်ရာမှာဖောက်ပြန်ချင်နေတာလား။ ဘာတွေလဲ ခင်ဗျားတို့က။ခင်ဗျားကအဲ့ကောင်ရှေ့မှာ ပြုံးနေလိုက်တာ အခြားသူရှေ့ပြုံးတာကျုပ်မကြိုက်ဘူးလို့ ကျုပ် ပြောထားတာကိုခင်ဗျား ဂရုမစိုက်တာလား ဟမ် လက်ကရောဘာကိစ္စကိုင်ထားကြတာလဲ။
နောက်ဆုံးပုံကြည့်ပြီး ဒေါသတို့ကထိန်းမနိုင်သိမ်းမနိုင်။ကားသော့ဆွဲယူကာ အိမ်သို့ထွက်လာခဲ့လိုက်သည်။သိမ့်ဘယ်လိုကျန်ခဲ့သလဲ သူဂရုမစိုက် အခုသူ့စိတ်ထဲမှာ ကြည်နူးနေတဲ့၂ယောက်သား ပုံသာစိုးမိုးနေတော့သည်။တောက်...ငါကွာ
ခင်ဗျားကကျုပ်အပိုင်လို့ပြောထားရက်နဲ့ ကျုပ်ကွယ်ရာမှာ ဖောက်ပြန်ချင်နေတာ ခင်ဗျားသိပ်ကိုသတ္တိတွေကောင်းနေပါလား ပန်းခိုက်ဦး နည်းနည်းမှအလျော့ပေးလို့မရဘူး။ ဟက်...အဲ့ကောင်လေးခါးကိုဖက်ထားတဲ့ ခင်ဗျားလက်ကို ကျုပ်ဖြတ်ပစ်မယ်။
.......
ကားတံခါးကိုဝုန်းကနဲ ပိတ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။တွေ့လိုက်ရသည်က သူ့မယုံချင်သည့်စိတ်များကိုယုံကြည်လာအောင်လုပ်နေသယောင်။
"အဲ့တာဘာလုပ်နေကြတာလဲ"
"ဟမ် မောင်"
"ဟင်"
ဟိုလူ့ရင်ခွင်ထဲမှာ အင်္ကျီချွတ်နဲ့ရောက်နေတဲ့ ဟိုကောင်။ အဲ့လောက်တောင်ဖြစ်နေကြတာလား။ရင်တွေနာလိုက်တာ။ဘာလို့ရင်ထဲဆူးစူးသလိုခံစားလိုက်ရတာလဲ။ကျစ်...ဘာတွေလဲကွာ။
စိတ်ထိန်းမှဖြစ်မယ် မဟုတ်လျှင် ဟိုလူ့ရင်ခွင်ထဲကကောင်တော့ သူ့လက်ချက်ဖြင့်သေလိမ့်မည်။
ပန်းခိုက်ဦး ခင်ဗျားတော့ သေပြီပဲ။
......
Words_2278
Lamin Eain
Zawgyi
......
"..."
"......."
"ဟာ နာရီလေး လှလိုက်တာ"
"အင်း ကြိုက်လား"
"ရပါတယ် မလိုပါဘူးကွာ"
"ဟီးးးဟုတ် "
....
"ကိုကို"
"ကျွန်တော့်ကိုကိုကို့အိမ်ရောက်ဖူးချင်လို့ လိုက်လို့ရလားဟင်"
အိမ်တဲ့သူ့မှာအိမ်မှမရှိဘဲလေ။မောင့်အိမ်မှာခေါ်သွားရင်လဲမောင်ကရှင်းသန့်ကိုသိပ်သဘောကျတာမဟုတ်ဘူး
"အာ့ "
"အမလေး"
"ဟာ ဟေ့"
"ရရဲ့လားရှင်းသန့်"
"ဟုတ် ရတယ်ကိုကို"
"ဟုတ် အဟိ"
.......
အခုက သူမက မောင့်ရဲ့တရားစေ့စပ်ထားတဲ့မိန်းကလေးကိုယ်ဟာဘယ်လိုနေနေအနိုင်ဘဲ အဟင်း ခုချိန်မှာတော့ ပန်းခိုက်ဦးဆိုတဲ့ ရှင်က အရှုံးသမားသာသာပဲ။
......
"ကိုဒီပါ "
"သိမ့် ထိုင် "
"ဘာ ရှင်.."
"ကိုယ်တောင်းပန်ပါတယ် ကိုယ်သိမ့်အပေါ်မျှော်လင့်ချက်ပေးမိသလိုဖြစ်သွားရင်လဲတောင်းပန်ပါတယ်"
"ဖြန်း"
"ဘာ ရှင်မို့ အဲ့လို"
ဖြန်း
"လုပ်ရက်တယ် "
ဖြန်း
"တောက်"
"မင်း ဘယ်လို.."
"ဟင်း..ထင်နေသလိုဘဲ ရှင်တို့၂ယောက်မရိုးသားတာ သိမ့်သိတယ် သူကဘာတွေများရှင့်ကို ပေးနိုင်လို့ သူ့ကိုရွေးလိုက်တာလဲ ဟမ်"
"နေဦး သိမ့် မင်းမှာအဲ့လိုမေးခွန်းမျိုး မေးနိုင်ဖို့ ကိုယ်တို့က အဲ့လောက်ပတ်သတ်ခဲ့ကြတဲ့လူလဲမဟုတ်ခဲ့ဘူး"
"ရှင် ရှင်."
"ဇေယျာ ပြော"
"ဘာ"
"ဟုတ်ပြီ ကျေးဇူးဘဲ ဇေယျာ ပြောစရာကျန်သေးလား။"
"မရှိတော့ပါဘူး ဆရာ"
"ဟုတ်ပြီ ဒါဘဲ "
တင်
ခဏနေတော့ message လာတော့သူချက်ချင်း ဖွင့်ကြည့်လိုက်မိသည်။
တောက်
.......
"အဲ့တာဘာလုပ်နေကြတာလဲ"
"ဟမ် မောင်"
"ဟင်"
ပန်းခိုက်ဦး ခင်ဗျားတော့ သေပြီဘဲ။
......
Words_2278
Lamin Eain
Continue Reading
You'll Also Like
444K 25.7K 29
စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) M...
695K 79.6K 49
133K 6.5K 75
Unicode & Zawgyi အချစ်ကို ဘုရား တစ်ဆူလို မကိုးကွယ်တတ်ပေမဲ့..... စေ...မင်းကတော့ ကိုယ့်ရဲ့ကိုးကွယ်ရာပါ။ .....တောမင်...