[Unicode]
ယွီချင့်ဟွမ်ထံမှ ကံကောင်းမှုတချို့တလေကို ချေးငှားလိုသဖြင့် လျိုကျားအန့်သည် 'The Line of Life and Death' အား စတင်လူထုပရိုမိုးရှင်းဆင်းခဲ့သည်။ ပထမဆုံးမှတ်တိုင်ကတော့ ဤမြို့တွင်ဖြစ်၏။သို့ပေမယ့် တကယ်တမ်း ဒီရုပ်ရှင်မှာ ယွီချင့်ဟွမ်သည် တတိယအမျိုးသားဇာတ်ဆောင်အဖြစ်သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
လျိုကျားအန့်မှာ သူ၏ "Koi" ခေါင်းစဉ်ကိုအသုံးပြုပြီး ဇာတ်ကားလူသိများကျော်ကြားလာစေရန် လုပ်ချင်ပါသော်လည်း သေချာစဉ်းစားတွေးတောပြီး နောက်ဆုံးတွင် သူလက်လျော့လိုက်၏။
အရင်တစ်ခေါက်အဖြစ်အပျက်အပြီးမှာ ဝမ်ချန်ချန်သည် နာမည်ကြီးအမှတ်တံဆိပ်နှစ်ခုကြော်ငြာခွင့်ကို လက်လွတ်ဆုံးရှုံးခဲ့ရ၏။ ရင်းနှီးမြှုပ်နှံသူမြောက်များစွာက သူမပါဝင်သရုပ်ဆောင်ထားသည့် ဘယ်ဇာတ်ကားတွင်မဆို ရင်းနှီးမြှုပ်နှံတော့မည်မဟုတ်ဟူ၍တောင် ဆိုလာကြသည်။
ယနေ့ခေတ် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အနုပညာကြယ်တစ်ပွင့်၏ကျော်ကြားမှုဆိုတာကို ထိုသူ/သူမ ဆွဲဆောင်နိုင်သည့် အွန်လိုင်းအပေါ်ရေပန်းစားမှုတခုတည်းဖြင့်သာ အကဲဖြတ်ခြင်းခံရသည်။
ဝမ်ချန်ချန်သည် သူမ၏သရုပ်ဆောင်စွမ်းရည်အပေါ်သာ အဓိကအာရုံစူးစိုက်ထားခဲ့သည်။ သူမတွင် အသင့်အတင့်လူကြိုက်များမှုရှိပေမယ့် တကယ်တမ်းမှာ သူမရဲ့ topics တွေအပေါ်ဆွေးနွေးပြောဆိုမှုဟာ တခြားတက်သစ်စ ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးသရုပ်ဆောင်တွေလောက်တော့ မကောင်းပေ။
ထိုအဖြစ်အပျက်သည် သူမအပေါ် ရိုက်ခတ်မှုအကြီးကြီးဖြစ်စေခဲ့သည်မှာ ရုပ်ရှင်အဖွဲ့သားများ အဆိုပါဇာတ်ကားကို ပရိုးမိုးရှင်းဆင်းတဲ့အချိန်ရောက်တော့ သူမသည် သူမတူစွာ တိတ်ဆိတ်နေခဲ့ပြီး မထင်မရှားလေးနေကာ အဖွဲ့တူဖြစ်သည့် မည်သည့်အမျိုးသားအနုပညာကြယ်ပွင့်တယောက်နဲ့မှ နာမည်ကြီးသတင်းထွက်အောင်လုပ်ရန် ရည်ရွယ်ချက်မရှိတော့သည်အထိပင်။
"သူမနဲ့တန်တယ်!" အင်တာဗျူးအပြီးမှာ ကျောက်ချင်းယွမ်သည် ဝမ်ချန်ချန်၏ကျောဘက်တွင် ပြင်းပြင်းထန်ထန်ကျိန်ဆိုနေပါ၏။
သူဟာ ယွီချင့်ဟွမ်ဘက်လှည့်လာပြီး နောက်နောက်ပြောင်ပြောင် မျက်စိပေကလတ် ပေကလတ်လုပ်ပြလာသည်။
"ချင့်ဟွမ် မင်းအရင်တခေါက် မကာအိုမှာ အများကြီးအနိုင်ရလာခဲ့တယ်ဆို၊ ငါ့ကိုတဝိုင်းဒကာမခံသင့်ဘူးလား?"
ပုံမှန်အချိန်များတွင်ဆို ကျောက်ချင်းယွမ်မှာ ယွမ်ရှစ်သန်းလောက်ကို ခေါင်းထဲထည့်နေမည်မဟုတ်ပေ။ သို့ပေမယ့် ထိုငွေများသည် ယွီချင့်ဟွမ်၏လုပ်ခလစာမဟုတ်သလို ကြော်ငြာအခကြေးငွေလည်းမဟုတ်ခဲ့။ ဘာကြိုးစားအားစိုက်မှုမှတောင်မရှိဘဲ သူ့ကံတခုတည်းနှင့် အနိုင်ရလာခဲ့ခြင်းဖြစ်ပေ၏။
ထို့ကြောင့်သာ ကျောက်ချင်းယွမ်မှာ အထူးတလည် မနာလိုအူတိုဖြစ်နေရခြင်းပင်။သူ့လက်များအား ယွီချင့်ဟွမ်ပခုံးတဝိုက်တွင် တင်ထားလိုက်ပြီး သူ့မျက်နှာပေါ်က အနက်ရောင်မျက်နှာဖုံးကိုပုတ်လိုက်ကာ အပြုံးတခုဖြင့်ဆိုလာ၏။
“လာစမ်းပါ! လာစမ်းပါ! အခုပဲဒိုးလိုက်ရအောင်"
"မင်းဘာစားချင်လဲ?" ယွီချင့်ဟွမ်က ကျောက်ချင်းယွမ်၏ ဂနာမငြိမ်လက်ဝါးများကိုပုတ်ထုတ်လိုက်ပြီး သူ့အားသတိပေးသလို တစ်ချက်ကြည့်လိုက်သည်။
"ကိုယ့်ကိုကိုယ် ဆင်ဆင်ခြေခြေနေစမ်း"
“ဒီလောက်ကြီးအဖြစ်သည်းမနေစမ်းပါနဲ့ ဖက်ရုံလေးဟာကို.. မင်းအသားပဲ့ပါသွားမှာမှမဟုတ်တာ"
ကျောက်ချင်းယွမ်က ခါးခါးသီးသီးဆိုလာ၏။ သူ့လက်များကို အောက်ပြန်ချထားလိုက်ပေမယ့် ယွီချင့်ဟွမ်အား သနားကမားစိုက်ကြည့်နေဆဲပါပင်။
"ငါကဂေး ပြီးတော့ ရည်းစားလည်းရှိတယ် မင်းသိတဲ့အတိုင်းပဲ"
ယွီချင့်ဟွမ်က သူ၏ကြေမွသွားသောရှပ်အင်္ကျီကို ပြန်ပြန့်ပြူးပြူးဖြစ်အောင်လုပ်လိုက်ပြီး မျက်ခုံးများပင့်ပြလိုက်သည်။
ကျောက်ချင်းယွမ်က ချင့်ဟွမ် သူ့အားချစ်မိသွားမှာ ကြောက်နေတာလားလို့ မေးတော့မလို့ရှိတုန်းမှာပဲ နောက်တစက္ကန့်အကြာမှာ တစ်စုံတရာကို ရုတ်တရက်အလင်းပေါက်သွားခဲ့လေသည်။
"မင်း...ဘာပြောလိုက်တာ?"
သူဟာ ယွီချင့်ဟွမ်အား ကြောင်ကြည့်နေခဲ့ပြီး ခြေလှမ်းတွေတောင်မှ သတိလက်လွတ်ရပ်တန့်သွားရ၏။
"ရည်း...ရည်းစားလား? မင်း...ရည်းစားကဘယ်သူလဲ?"
ယွီချင့်ဟွမ်သည် ကျောက်ရွေ၏စကားများကို ပြန်မတွေးမိဘဲမနေနိုင်ဖြစ်သွားရကာ ရယ်ချင်တာကိုအောင့်ထားရ၏။
"သေချာတယ် မင်းတယောက်ပဲမမြင်နိုင်တာ"
ဒါကိုကြားလိုက်ရတော့ ကျောက်ချင်းယွမ်က ပိုလို့တောင်အံ့အားသင့်သွားရပြီး
"ငါတစ်ယောက်တည်း? မင်းပတ်ဝန်းကျင်ကလူတိုင်းသိနေတာလား? အဲ့ဒါဘယ်သူလဲလို့ဆိုနေ? အနုပညာလောကအပြင်ကလား? မင်းရဲ့ကျောင်းနေဖက်ဟောင်း? ငါသူ့ကိုသိလား?"
မျောက်ဘုရင်လိုအမြင်စူးရှလှသော သူ၏မျက်လုံးများဖြင့် သူဘာလို့ဒါကိုသတိမပြုမိခဲ့ပါလိမ့်?
"အဲ့ဒီသူက ဟော်ချွီပဲ" ယွီချင့်ဟွမ်က သူ့အား တည့်တည့်မတ်မတ်ကြည့်လာကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ဟော်-ချွီ-
ထိုစကားလုံးနှစ်လုံးမှာ ကောင်းကင်ပေါ်ကနေ ကျောက်ချင်းယွမ်ခေါင်းတည့်တည့်ပြုတ်ကျသွားပုံရပြီး သူ့ခေါင်းအားပေါက်ကွဲလုမတတ်ဖြစ်သွားစေသည်။
သူဟာ ယွီချင့်ဟွမ်အား တစ်မိနစ်လုံးလုံး ငေးငိုင်ကြည့်နေပြီးနောက် စကားလုံး၂လုံးကိုလွှတ်ခနဲဆိုမိ၏။
"သောက်ကျိုးနည်း!"
ချင့်ဟွမ်နဲ့ ဟော်ချွီ? ဘယ်လိုလုပ်ပြီး ဒီလူနှစ်ယောက်က နီးစပ်သွားပါလိမ့်? အဲ! မဟုတ်သေးပါဘူး! ဟော်ချွီလိုသူနဲ့ အမှန်တကယ်ကြီး ချစ်ကျွမ်းဝင်သွားရတဲ့အထိ ချင့်ဟွမ်မှာ ဘယ်လိုအကြိုက်မျိုးရှိနေသလဲလို့ဆိုရမှာပင်?!
ဟော်ချွီက သူ့ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှာပဲ အမြဲလိုအတွေးရောက်နေပြီး တခြားသူတွေကို လစ်လျူရှုထားတာ မဟုတ်ဘူးလား? အဲ့လိုငနဲက သူ့ထက်အရင် စင်ဂယ်ခွေးဘဝကို နှုတ်ဆက်သွားပြီး ချင့်ဟွမ်နဲ့တောင် ဇာတ်လမ်းတွေဖြစ်သွားခဲ့ပြီပေါ့လေ? ဒါ... ဒါကြီးက သိပ္ပံနည်းလမ်းမကျလိုက်တာ!
"ချင့်ဟွမ်" သူက ယွီချင့်ဟွမ်ကို မယုံနိုင်စွာစိုက်ကြည့်ရင်း "မင်းအတည်ပြောတာလား?"
ယွီချင့်ဟွမ်မှာ မျက်မှောင်ကြုတ်သွားပြီး ကျောက်ချင်းယွမ်ရဲ့ မျက်နှာပြဲကြီးအား သူ့ဆီကအဝေးတွန်းထုတ်လိုက်၏။
"ငါ့ပုံက နောက်နေတာနဲ့တူနေလို့လား?"
ကျောက်ချင်းယွမ်သည် အချိန်အတော်ကြာကြီး တိတ်ဆိတ်နေခဲ့သည်။ သူက ရုတ်တရက် ခဲခဲယဉ်းယဉ်းဆိုလာ၏။
"ချင့်ဟွမ် ငါ မင်းကိုနောက်ဆုံးမေးခွန်းတစ်ခုမေးမယ်..."
ယွီချင့်ဟွမ်, "ဟင့်အင်း၊ ငါမင်းကို ဘယ်တုန်းကမှမချစ်ခဲ့ဘူး"
ကျောက်ချင်းယွမ်, "အဲ့ဒါပြောတာမဟုတ်ဘူးကွ မင်းနဲ့ဟော်ချွီ... .လိင်မှုဘဝမှာသဟဇာတရှိလား?"
ယွီချင့်ဟွမ်, "လစ်စမ်း!"
ပထမတော့ ကျောက်ချင်းယွမ်မှာ ယွီချင့်ဟွမ်အား ကောင်းကောင်းလေးဒကာခံခိုင်းလာတာပင်။ သို့ပေမယ့် သူတို့အပြင်ရောက်လာတဲ့အခါမှာတော့ သူဟာ နံဆော်တို့ဟူးတချို့ကိုသာဝယ်ပြီး ယွီချင့်ဟွမ်အား ဟိုတယ်ဆီသို့ ပြန်ဆွဲခေါ်သွားလေသည်။
စိတ်ကျေနပ်နေသော သူ၏ဘေးတစောင်းမျက်နှာကိုကြည့်ရင်း ယွီချင့်ဟွမ်စိတ်ထဲတွင် ပင့်သက်မချမိပဲမနေနိုင်လိုက်ပါပေ။ကျောက်ချင်းယွမ်မှာ ပေါ့ပေါ့လေးနေသူတယောက်ဖြစ်ပေမယ့် သူငယ်ချင်းများအပေါ်တော့ အလွန်စဉ်းစားပေးတတ်လေသည်။
သူတို့ဟိုတယ်အနီးနားတွင် တိုင်းသိပြည်သိ ကောင်းသတင်းကျော်ကြားသည့် ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ရှိ၏။ အဲ့ဒီဆိုင်က ငါးထမင်းလိပ်မှာ အထူးအရသာရှိတယ်လို့ဆိုကြသည်။ ထုံးစံအတိုင်းပဲ ဈေးနှုန်းကလည်းမသက်သာလှပေ။
ကျောက်ချင်းယွမ်မှာ ထိုစားသောက်ဆိုင်အား ချင့်ဟွမ်ထံသို့ ကြိမ်ဖန်များစွာညွန်းခဲ့သော်လည်း ယနေ့တွင်တော့ ထိုဆိုင်ကိုတန်းနေအောင် ကွေ့ပတ်သွားခဲ့သည်။
ယွီချင့်ဟွမ်သည် အနှီလူမှာ သူပိုက်ဆံအလွန်အကျွံသုံးစွဲမိမှာကိုစိုးရိမ်ပြီး တမင်မသွားဖို့ရွေးချယ်ခဲ့ကြောင်းကိုသိ၏။
"မင်းဘာတွေတွေးနေတာလဲ?" ကျောက်ချင်းယွမ်မှာ ယွီချင့်ဟွမ်အား ကြိမ်ဖန်များစွာခေါ်နေသော်လည်း တုံ့ပြန်မှုပြန်မရခဲ့ပေ။ သူဟာ မနေနိုင်စွာ ထအော်မိလိုက်၏။
“မင်းအဲ့ဒီအကြောင်းတွေးနေတုန်းပဲလား?အဲ့ဒါက.. တကယ်ပဲ သဟဇာတမဖြစ်နေဘူးပေါ့?"
“မဟုတ်ဘူး” ယွီချင့်ဟွမ်သည် ကျောက်ချင်းယွမ်လက်ထဲကနေ သူ့ရှယ်ယာတို့ဟူးကိုဆွဲယူလိုက်ကာ သူ့ဦးနှောက်အား လက်ညှိးထိုးပြလိုက်ရင်း သရော်လာ၏။
"အခု ဒီနေရာက စင်ဂယ်ခွေးလေးတစ်ကောင် ဘယ်တော့မှမှန်းဆလို့ရနိုင်မှာမဟုတ်တဲ့ ကမ္ဘာကြီးနဲ့ပြည့်နေပြီ"
မှန်တယ်! တကယ်တော့ သူဟာ ဟော်ချွီနဲ့အတွင်းကျကျ ထိတွေ့ဆက်ဆံမှုမျိုးမရှိသေးပေ။ သူ့ညာဖက်လက်နဲ့တောင်မှဖြစ်၏။ သို့ပေမယ့် ဒီအကြောင်းအရာကို ကျောက်ချင်းယွမ်ရှေ့မှောက်မှာ သေချာပေါက်ထုတ်ဖော်လို့မဖြစ်နိုင်ပါပေ။
ကျောက်ချင်းယွမ်, "... "
နောက်ထပ်မေးခွန်းများမေးရန်အတွက် ကျောက်ချင်းယွမ် ပါးစပ်ဟလာသောအခါ ယွီချင့်ဟွမ်သည် သူ၏ပါးစပ်ထဲသို့ နံ့ဆော်တို့ဟူးတစ်ပိုင်းကို သွတ်ထည့်လိုက်သည်။
"ဖာခ့်! ဒီတစ်ခုက ငရုတ်သီးတွေနဲ့ဟ! အဟွတ်! အဟွတ်...”
ယွီချင့်ဟွမ်၏လက်များတုန်သွားရပြီး သူ့နောက်ကျောကို အလျင်စလိုပုတ်ပေးလိုက်၏။
“အဆင်ပြေရဲ့လား? ပြန်ထွေးထုတ်လိုက်!"
သို့ပေမယ့် ကျောက်ချင်းယွမ်မှာ ပိုမိုပြင်းထန်လာတဲ့ ချောင်းဆိုးသံတွေနဲ့သာ သူ့အားအဖြေပြန်ပေးလာသည်။ဟိုတယ်ထဲဝင်ပြီးချိန်အထိ ကျောက်ချင်းယွမ်သည် ယွီချင့်ဟွမ်အား လစ်လျူရှုထားဆဲပါပင်။
သူ့မျက်လုံးများမှာနီရဲနေပြီး နှုတ်ခမ်းကအနည်းငယ်ရောင်ရမ်းနေကာ လျှာကလည်းထုံနေပါ၏။ယွီချင့်ဟွမ်မှာ အပြစ်မကင်းသလိုခံစားရပြီး တဖက်သူ၏ အေးစက်ကျောခိုင်းထားခြင်းကိုသာ လက်သင့်ခံနေရလေသည်။
ဓာတ်လှေကားက သူတို့ထွက်လိုက်ချင်းမှာပဲ လမ်းခုလတ်မှာ ဖန်ကျုံးရှီးနဲ့တွေ့လိုက်ရသည်။
"ကျုံးရှီး မင်းတပိုင်းလောက် လိုချင်လား?"
ကျောက်ချင်းယွမ်က နွေးထွေးရက်ရောတဲ့ပုံစံဖြင့် သူ့လက်ထဲကတိုဟူးကို ဝှေ့ယမ်းပြနေသည်။ သူတို့အားလုံးဟာ တဖွဲ့တည်းသားတွေဖြစ်တာကြောင့် ခင်ခင်မင်မင်ဖြစ်အောင် ကြိုးစားနေချင်းသာ။
"မလိုဘူး” ဖန်ကျုံးရှီးက သူ့အား တချက်မျှခပ်ပေါ့ပေါ့ကြည့်လာပြီး ဓာတ်လှေကားထဲသို့ အလွန်အလေးမထားသည့်အမူအရာဖြင့် တန်းတန်းမတ်မတ်လျှောက်ဝင်သွား၏။
ထိုအချင်းအရာမှာ ကျောက်ချင်းယွမ်အား အလွန်အရှက်ရသွားစေခဲ့သည်။ ဓာတ်လှေကားတံခါးပိတ်သွားသောအခါ သူဟာ ယွီချင့်ဟွမ်အား အမျက်တော်ရှနေတာကို ချက်ချင်းပဲမေ့လျော့သွားခဲ့ပြီး
"ဘယ်လိုတောင်မောက်မာနေလိုက်လဲ! သူ့ကိုယ်သူဘာများမှတ်နေလဲဟ?
"သူကအမြဲဒီလိုပါပဲ" ယွီချင့်ဟွမ်က ဓါတ်လှေကားဆီကနေ သူ့အကြည့်ကိုဖယ်ခွာလိုက်ပြီး မရေမရာပြောလာသည်။
"B-list စတားလေးတစ်ယောက်ပဲဟာကို" ကျောက်ချင်းယွမ်က လှောင်သလိုပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ်ကွာ၊ လာ ချင့်ဟွမ် နံဆော်တို့ဟူး သွားပြန်စားရအောင်"
"မင်းဘာသာမင်းပဲစားတော့" ယွီချင့်ဟွမ်က သူ့အားပြုံးပြလာပြီး "ငါထုပ်ပိုးပြီး ခဏနေအိမ်ပြန်တော့မယ်"
"မင်းရူးနေတာလား? လေယာဉ်ကမနက်အစောကြီးထွက်မဲ့ဟာကို၊ ဟိုတယ်မှာနေဖို့က အသင့်တော်ဆုံးပဲလေ.. ဘာဖြစ်လို့အိမ်ပြန်မှာလဲ?"
"ဟော်ချွီကိုသွားပြန်ကြည့်ဖို့" ယွီချင့်ဟွမ်က အခန်းကတ်ကိုထုတ်ယူလိုက်ပြီး တံခါးဖွင့်လိုက်သည်။
"တကယ်တမ်းပြောရရင် ငါ လဝက်ကျော်ကျော်လောက် အပြင်မှာနေရဦးမှာလေ"
"ကောင်းပြီလေ ဒါဖြင့်လည်း ငါ့မှာပြောစရာဘာမှမရှိတော့ပါဘူး"
ကျောက်ချင်းယွမ်မှာ သူ့လက်မောင်းပေါ်ရှိ ကြက်သီးမွေးညှင်းများကိုပွတ်သပ်လိုက်ပြီး သူ့လက်ကို စိတ်မရှည်လက်မရှည်ခါယမ်းပြလာ၏။
"မြန်မြန်ဂျောင်း၊ လစ် လစ် လစ် ငါ့လိုစင်ဂယ်ခွေးတစ်ကောင်ရှေ့မှာ မင်းရဲ့ချစ်မေတ္တာတွေ လာချပြမနေနဲ့"
ရုပ်ရှင်အဖွဲ့သားများမှ ကြိုတင်ဘိုကင်ယူထားသောဟိုတယ်သည် လေဆိပ်အနီးနားတွင်ရှိသော်လည်း ယွီချင့်ဟွမ်အဆောင်နှင့်တော့အလှမ်းဝေးနေ၏။ ဖြစ်ချင်တော့ အခုကအလုပ်ဆင်းယာဉ်ကြောကြပ်ချိန်ဖြစ်နေခဲ့သည်။ ချင့်ဟွမ်မှာ ထိုနေရာသို့ရောက်ဖို့ နှစ်နာရီခွဲလုံးလုံးအချိန်ပေးခဲ့ရလေသည်။
ဟော်ချွီသည် သူပြန်လာမည့်အချိန်ကို မက်ဆေ့ခ်ျများစွာပို့ပြီး မေးမြန်းနေခဲ့သည်။ ယွီချင့်ဟွမ်က ခေါင်းငုံ့ပြီး ပြန်ဖြေလိုက်၏-
[အောက်ရောက်ခါနီးပြီ]
ပြီးတာနဲ့ သူဟာ ဖုန်းကိုချထားလိုက်ပြီး ယွီရှင်းထံပြောလိုက်သည်။
"ကော ကျွန်တော့်ကို ဒီမှာပဲချထားပေးလိုက်တော့ ကျွန်တော့်ဘာသာပြန်လိုက်တော့မယ်"
"ကောင်းပြီ" ယွီရှင်းက ကားကိုလမ်းဘေးချရပ်လိုက်သည်။
“အဲ့ဒီမှာ ကားပါကင်မရှိမှာစိုးလို့ ငါမဝင်တော့ဘူး"
"အမ်း” ယွီချင့်ဟွမ်က သူ့ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ကားမောင်းတဲ့အခါ ဘေးရန်ကင်းစေဖို့ သတိထားမောင်းရန် ယွီရှင်းအားမှာကြားပြီး ကားပေါ်ကဆင်းလာခဲ့သည်။
ယွီချင့်ဟွမ်၏အဆောင်သည် အိမ်ရာဝင်း၏အဆုံးတွင်ရှိသည်။အလယ်ကပန်းဥယျာဉ်ကြီးကို သူအမြန်ရှောင်ကွင်းဖြတ်ကျော်ပြီး အထဲဝင်တော့မည့်ဆဲဆဲ သူ့ဖုန်းကရုတ်တရက်ထမြည်လာသည်။ ဟော်ချွီလို့ထင်လိုက်ပေမယ့် မထင်မှတ်ပဲ ချင်ကျန့်ဖြစ်လို့နေခဲ့သည်။
ယွီချင့်ဟွမ်မှာ ဒီရက်ပိုင်းအတွင်း အလုပ်များနေခဲ့သည်။ ချင်ကျန့်၏ အချိန်ဇယားမှာလည်းပြည့်နေပြီး ကမ္ဘာအနှံ့လှည့်ပတ်သွားလာနေရ၏။ ထို့ကြောင့် နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာအဆက်အသွယ်မရှိခဲ့ပါပေ။
"ကျန့်ကော?"
"ချင့်ဟွမ်" ချင်ကျန့်၏ သံလိုက်လို ဆွဲဆောင်နိုင်အားကောင်းသည့်အသံတိုးတိုးသည် လိုင်းတစ်ဖက်ကနေ ထွက်ပေါ်လာသည်။သူ့အသံမှာ အမှောင်ထဲတွင် အထူးတလည်နားဆင်လို့ကောင်းနေပြီး သူကပြုံးပြုံးရွှင်ရွှင်နဲ့ဆိုလာ၏။
“ငါဘယ်ရောက်နေလဲမှန်းကြည့်”
ယွီချင့်ဟွမ်, "..."
သူ့ရဲ့ ချင်ကျန့်အပေါ်အမြင်သည် နောက်ဆယ်နှစ်အကြာမှ ရှိလေသည်။ ချင်ကျန့် ခုလိုပြောလာတာကို ရုတ်တရက်ကြားလိုက်ရလေသော် သူနည်းနည်းအသားမကျသလိုဖြစ်နေရ၏။
"ကျွန်တော်ဘယ်လိုသိမှာလဲ?" ဆိုတဲ့ စကားလုံးတချို့ကို အတင်းဖြစ်ညှစ်ပြောမထုတ်ခင် သူ့မှာစက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။
ဖုန်းထဲတွင် ကားတံခါးပိတ်သံဟုထင်ရသည့် “ဘန်း” ဟူသော အသံထွက်ပေါ်လာသည်။ ထို့နောက်တွင် ယွီချင့်ဟွမ်သည် ဖုန်းထဲကစကားသံကိုကြားလိုက်ရ၏။
"ငါ မင်းအဆောက်အဦးအောက်ထပ်မှာ"
ဒီလိုအချိန်ကြီး? သူဒီမှာဘာလာလုပ်တာလဲ? ယွီချင့်ဟွမ် မျက်မှောင်ကြုတ်သွားရသည်။သူ မမေးလိုက်နိုင်ခင် ချင်ကျန့်က ရှင်းပြလာ၏။
“ငါခုတင်လေဆိပ်ကနေအပြန် လမ်းကြုံလို့ မင်းဆီဝင်လာလည်တာ"
ယွီချင့်ဟွမ်သည် ချင်ကျန့် အခုဘယ်မှာနေတယ်ဆိုတာကိုမသိတာကြောင့် သူပြောတာကိုကြားလိုက်ရသောအခါတွင် များများစားစားမတွေးခဲ့မိပေ။
“ကောင်းပါပြီ ကျွန်တော် အခုတင် အပြင်ကပြန်ရောက်လာတာ ခဏနေရင်အောက်ကိုရောက်တော့မယ် ကျေးဇူးပြုပြီးစောင့်နေပေးပါဦီး"
"ဟုတ်ပါပြီ"
ယွီချင့်ဟွမ်ဖုန်းကိုချလိုက်ပြီး ထောင့်ချိုးတခုကိုကွေ့လိုက်တော့ ချင်ကျန့်အား လမ်းမီးတိုင်အောက်မှာရပ်နေတာကို တွေ့လိုက်ရသည်။
"ကျန့်ကော!" ဟုပြောပြီး သူ့ဆီ ခြေလှမ်းသွက်သွက်လေးလှမ်းသွားလိုက်၏။
ယွီချင့်ဟွမ်အောက်ထပ်ကို ရောက်လာနေပြီလို့ဆိုကတည်းက ဟော်ချွီသည် အချိန်တွေဟာ ပိုနှေးကွေးလာသလို ခံစားလာရသည်။ သူသည် ဧည့်ခန်းထဲတွင် စိတ်မရှည်စွာ၊ စိတ်အားထက်သန်စွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး နောက်ဆုံးတွင် တစ်စက္ကန့်မျှမစောင့်နိုင်တော့ပေ။
သူဟာ ကန့်လန့်ကာကိုတိုက်ရိုက်ဆွဲဖွင့်လိုက်ပြီး ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်၏။ သို့သော် မြင်လိုက်ရသောမြင်ကွင်းမှာ သူ့မျက်နှာအား ချက်ချင်းပဲသုန်မှုန်သွားစေသည်။
လမ်းမီးတိုင်မှာ အဆောက်အဦရှေ့ကလမ်းကို ထိန်ထိန်လင်းနေစေသည်။ ဟော်ချွီ၏ရှုထောင့်မှကြည့်လျှင် လမ်းပေါ်ကမြင်ကွင်းကို အကြည့်တစ်ချက်တည်းနဲ့ ရှင်းရှင်းလင်းလင်းမြင်နိုင်၏။
သူမျှော်မှန်းတမ်းတရတဲ့လူက သူ့အားအိမ်မှာပစ်ထားခဲ့ပြီး ချင်ကျန့်နဲ့ အောက်ထပ်မှာစကားပြောနေခဲ့သည်။သူ့ကိုပိုလို့တောင် စိတ်ဆိုးသွားစေတာက ချင်ကျန့်မှာ အမှန်တကယ်ကြီး ဒီကိုရောက်လာခဲ့တာပင်။
သူက ချင့်ဟွမ်ကို သူ့ဆီကနေ လုယူဖို့ကြိုးစားနေတာဖြစ်ရမည်။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ!
ဟော်ချွီမှာ နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ကာ တံခါးကိုတွန်းဖွင့်၍ အောက်ထပ်သို့ ဆင်းပြေးသွားခဲ့သည်။
သူဟာ ထိုလူထံတိုက်ရိုက်ပြေးသွားပြီး ထိုအရှက်မဲ့တဲ့လူအား ပြင်းပြင်းထန်ထန်အဝေးဆွဲထုတ်၍ ချင့်ဟွမ်က သူ့ချစ်သူဖြစ်ကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောပြလိုက်ချင်သော်လည်း တကယ်တမ်း သူအပြင်ရောက်သွားသောအခါတွင် ရုတ်တရက်စိတ်ကူးပြောင်းသွားခဲ့သည်။
ချင့်ဟွမ် သူတို့ဆီအာရုံရှိမနေချိန်မှာ ချင်ကျန့်ရဲ့ သူ့အပေါ်အကြည့်တွေကို သူမေ့ဖျောက်ထားလို့မရနိုင်ပေ။
ဒီလိုဆိုမှတော့...ဟော်ချွီသည် ထိုသူအားလက်တုံ့ပြန်နိုင်မည့်တစုံတရာအား သူ့ဦးနှောက်ကိုအကြမ်းပတမ်းအလုပ်ပေး၍ တွေးတောနေလေ၏။
သူ့ဘေးနားက တံခါးပလိတ်ပြားဆီ သူရုတ်တရက်အကြည့်ရောက်သွားခဲ့သည်။ ရေးထားသည်မှာ : ပင်မလျှပ်စစ်ထိန်းချုပ်ခန်း ဟူ၍။
သူ့မျက်လုံးတွေတောက်ပသွားရင်း တည့်တည့်လျှောက်သွားလိုက်၏။ Starlight မှာငွေကြေးအရင်းအနှီးများစွာရှိ၏။ ကြယ်ပွင့်များရဲ့လုံခြုံရေးကို စိတ်ချသေချာစေဖို့အတွက် အဆောင်ကို ဆောက်လုပ်တုန်းက မြေကွက်တစ်ခုလုံးကို တိုက်ရိုက်ဝယ်ယူခဲ့တာဖြစ်၏။
ထို့ကြောင့် အိမ်ယာဝင်းအတွင်းရှိ ကေဘယ်လ်ကြိုးများ၊ ဖိုင်ဘာကြိုးများ၊ ရေပိုက်များ အစရှိသည်တို့အပါအဝင် အဆောက်အအုံအင်္ဂါရပ်များအားလုံးကို အနီးပတ်ဝန်းကျင်ဧရိယာများနှင့် လုံးဝသီးခြားခွဲထုတ်ထားပြီး အားလုံးကို Starlight ကိုယ်တိုင်ဆောက်လုပ်ပြီး စီမံခန့်ခွဲပေးနေတာဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိန်းချုပ်ခန်းတံခါးမှာ သော့ပွင့်နေခဲ့ပြီး အဖိုးအိုတစ်ဦးသည် လက်နောက်ပစ်၍ အထဲတွင် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ဟော်ချွီဝင်လာတာကိုမြင်လိုက်ရလေသော် ထိုသူကလန့်ဖြန့်သွားပြီး မနားတမ်းမေးနေ၏။
"မင်းဘယ်သူလဲ? ဒီမှာဘာလာလုပ်နေတာလဲ?"
ဟော်ချွီသည် ထိုသူ့အားစကားပြန်မဖြေဘဲ သူ့မျက်လုံးများက စက်ပစ္စည်းနဲ့ဝါယာကြိုးမျိုးစုံအပေါ် အကြည့်တချက်အမြန်ဝှေ့သွားကာ နောက်ဆုံးမှာ ပြတင်းပေါက်ရှိရာဆီဦးတည်သွားခဲ့သည်။
"ဟေး!” အဘိုးအိုက ဟော်ချွီရဲ့နောက်ကိုပြေးလိုက်ပြီး
"လူငယ်လေး မင်းဘာလုပ်နေတာလဲ? အထဲကအရာတွေကို မင်းအလျော်ပေးဖို့တတ်နိုင်မှာမဟုတ်ဘူးနော်! နေဦး! ငါပြောနေတယ် ရပ်လိုက်လို့!"
ဟော်ချွီသည် အဖိုးအို၏အော်သံကို မကြားချင်ယောင်သာဆောင်ထားပြီး မကြာမီတွင် စက်ပေါ်က ရှုပ်ထွေးပွေလီနေသောကြိုးများကနေ သူလိုချင်သောအရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူ့လက်ချောင်းကိုဆန့်ထုတ်ပြီး ခလုတ်များကို တစ်ခုပြီးတခု သာသာလေးဖိချလိုက်သည်။ Controller ပေါ်ရှိ အချက်ပြမီးမှာ အမြင့်မားဆုံးအမိန့်ညွှန်ကြားချက်ကို ရုတ်ချည်းရရှိသွားဟန်ဖြင့် ပိတ်ကျသွား၏။
အဘိုးအိုသည် ထိုမြင်ကွင်းကြောင့် လွန်စွာကြောင်အမ်းသွားရကာ သူ့အားရပ်တန့်ခိုင်းဖို့ကို လုံးလုံးလျားလျားမေ့လျော့သွားခဲ့သည်။
တခြားတစ်ဖက်တွင်မူ ချင်ကျန့်သည် ယွီချင့်ဟွမ်အား ပြုံးရွှင်စွာကြည့်လာပြီး
"ချင့်ဟွမ် မင်းအရင်ကထက် ပိုသန်မာလာပြီး ပိုဆွဲဆောင်မှုပိုရှိလာတယ်"
ချင်ကျန့်သည် ယွီချင့်ဟွမ်၏သတင်းများကို အထူးအာရုံစိုက်နေခဲ့တာကြောင့် ကာစီနိုတွင် ယွီချင့်ဟွမ်နှင့်ဟော်ချွီ၏ လက်ချင်းတွဲထားသည့်ဓာတ်ပုံကိုလည်း မြင်တွေ့ခဲ့ပြီးဖြစ်သည်။သို့ပေမယ့် သူဟာ အွန်လိုင်းသုံးစွဲသူတွေလို မိုက်မဲနုံအသူတယောက်မဟုတ်ပေ။
ဒီလိုဆက်ဆံရေးကို သူချက်ချင်းနီးပါးမှန်းဆလိုက်နိင်ပြီး သူ့နှလုံးသားထဲတွင် သတိပေးအချက်ပြသံများထွက်ပေါ်လာ၏။ ထို့ကြောင့် သူတခြားနေရာများမှပြန်လာလာချင်း အိမ်သို့ပင်မပြန်နိုင်ဘဲ ယွီချင့်ဟွမ်ရှိရာဆီ ရောက်လာခဲ့ခြင်းပင်။
ယွီချင့်ဟွမ်ဆီကနေ ညှိ့ယူဖမ်းစားခံထားရသလိုလို.. မဟုတ်လဲ သူဘာတွေလွဲမှားနေလဲ သူ့ကိုယ်သူမသိပေ။ ရှင်းရှင်းပြောရရင် သူ ချင့်ဟွမ်အား မကြာမကြာမတွေ့ရသလို သူ့အားကောင်းကောင်းတောင်မှ မသိပေ။သို့ပေမယ့် သူဘာမှမတက်နိုင်စွာ ထိုသူ့ထံမှ ဆွဲငင်ခံနေရပါ၏။
သူ့အတိတ်ဘဝတွင် ယွီချင့်ဟွမ်နှင့် ဆယ်နှစ်ဆယ်မိုးသိကျွမ်းရင်းနှီးခဲ့သည့်အလား ခံစားနေရပြီး ထိုသူနှင့် နှလုံးသားချင်း စိတ်ဝိဉာဉ်ချင်း နီးစပ်ချင်မိသည်။
သူအရင်က ရှေ့ဆက်မတိုးခဲ့သည့်အကြောင်းရင်းမှာ သူ့တွင် 100% သေချာရေရာမှုမရှိသောကြောင့်ဖြစ်၏။ ချင့်ဟွမ်ကို စိတ်အနှောက်အယှက်ပေးမိပြီး ချင့်ဟွမ်မှ သူ့အား ပွေလီသူတစ်ယောက်အဖြစ် မှားယွင်းယူဆသွားမှာစိုးမိလို့ပါပင်။
သို့ပေမယ့်ကိစ္စတွေက အခုတော့ဖြင့်မတူတော့ပေ။ သူ့ခံစားချက်တွေကိုထုတ်ဖော်မပြောခဲ့ရင် ယွီချင့်ဟွမ် တခြားတစ်ယောက်နောက် ပါသွားနိုင်လေပြီ။
ချင်ကျန့်မှာ အသက်ပြင်းပြင်းတချက်ရှူလိုက်ပြီး ယွီချင့်ဟွမ်ရဲ့ ချောမောအပြစ်ကင်းစင်တဲ့ မျက်နှာကိုငုံ့ကြည့်လိုက်ကာ သူ့မျက်ဝန်းတွေမှာ တဖြည်းဖြည်းနူးညံ့သိမ်မွေ့လာ၏။
"ချင့်ဟွမ်၊ ရုတ်တရက်နည်းနည်းဆန်ပေမယ့် မင်းကိုပြောပြချင်မိသေးတယ် ငါ..."
“မင်းကိုကြိုက်တယ်” ဟူသော စကားလုံးကို ပြောမထုတ်ရသေးမီ လမ်းနှစ်ဖက်နှစ်ချက်ရှိ မီးတိုင်များမှာ ရုတ်တရက်အမှောင်ကျသွားခဲ့သည်။အဆောက်အအုံဝင်းတစ်ခုလုံး အမှောင်ထုထဲ နစ်မြုပ်သွားတော့၏။
"ဘာဖြစ်သွားတာလဲ?"
ယွီချင့်ဟွမ်သည် အမှောင်ထုထဲ သူ့မျက်လုံးများအသားကျသွားတဲ့အထိ တစ်ခဏတာမျှ ယောင်ယောင်အမ်းအမ်း စိုက်ကြည့်နေမိပြီးနောက် ချင်ကျန့်အားပြောလိုက်သည်။
"တောင်းပန်ပါတယ် ကျန့်ကော.. ဘာပြောချင်လိုက်တာလဲ? ကျွန်တော့်အိမ်အရင်သွားရအောင်.. လမ်းမီးတိုင်တွေ ဒီည ဘာဖြစ်တယ်မသိဘူး”
ခက်ခက်ခဲခဲမောင်းတင်ခဲ့ရသော ချင်ကျန့်၏သတ္တိများသည် လမ်းမီးတိုင်များကဲ့သို့ မှိန်ကျသွားခဲ့သည်။ သူဟာအနည်းငယ် စိတ်ကသိကအောက်ဖြစ်လာရပြီး အနှီအစုတ်ပလုတ်လမ်းမီးတိုင်များအား စိတ်ထဲကနေ တိတ်တဆိတ်ကျိန်ဆဲနေပါ၏။
သို့သော် ဤကိစ္စမျိုးနှင့်ပတ်သက်၍ သူတို့တက်နိုင်တာဘာမှမရှိပေ။ သူ့ခံစားချက်တွေကို နောက်တဖန်အစပျိုးဖို့သာ တက်နိုင်ပေသည်။ အမှောင်ထုကိုအခွင့်ကောင်းယူပြီး သူဟာ ယွီချင့်ဟွမ်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကိုင်ရန် သတ္တိရှိလာခဲ့သည်။
“ချင့်ဟွမ် ငါ…”
ဤအရေးကြီးသောအခိုက်အတန့်တွင် အိမ်ယာဝင်းတစ်ခုလုံးရှိ လမ်းမီးတိုင်များမှာ တဖန်ပြန်လည်လင်းထိန်လာပြန်သည်။ တောက်ပသောအလင်းတန်းများသည် ချင်ကျန့်၏မျက်လုံးများအား ကန်းလုမတတ်ဖြစ်သွားစေ၏။
ချင်ကျန့် "... "
ဒီသောက်ကျိူးနည်း အိမ်ယာဝင်းက ဘာတွေဖြစ်ပျက်နေတာလဲဟ?
************
T/N >>> ပေါင်ပေ့တို့ ဒီနိုဗယ်လ်လေးကို ကိုယ်ဖလိုင်းရင်းလိုင်းကနေ ဘာသာပြန်တာပါ
ဟိုတနေ့ကမှ ဟိုရှာဒီရှာနဲ့ ဂန္ဒမာဂါးဒင်းက ဘာသာပြန်ထားတာ တွေ့လာတယ်ရော(⊙ȏ⊙)
အပြီးထိတော့မပြန်ရသေးဘူး အပိုင်း ၅၀ကျော်လောက်ပဲရှိဦးမယ် ပါ့စ်ဝါ့ခံထားတော့ အထဲလည်း ဝင်ဖတ်မကြည့်ရသေးဘူးရယ်
အားလုံးပြီးသွားတဲ့တနေ့ကျရင် ဂန္ဓမာဂါးဒင်းကဟာနဲ့ပြန်တိုက်ပြီး အချောကိုင်ပေးပါမယ်လို့ ~~
~~~~~~~~~~~~~~~~~
[Zawgyi]
ယြီခ်င့္ဟြမ္ထံမွ ကံေကာင္းမႈတခ်ိဳ႕တေလကို ေခ်းငွားလိုသျဖင့္ လ်ိဳက်ားအန႔္သည္ 'The Line of Life and Death' အား စတင္လူထုပ႐ိုမိုးရွင္းဆင္းခဲ့သည္။ ပထမဆုံးမွတ္တိုင္ကေတာ့ ဤၿမိဳ႕တြင္ျဖစ္၏။သို႔ေပမယ့္ တကယ္တမ္း ဒီ႐ုပ္ရွင္မွာ ယြီခ်င့္ဟြမ္သည္ တတိယအမ်ိဳးသားဇာတ္ေဆာင္အျဖစ္သာ ပါဝင္ခဲ့ျခင္းျဖစ္သည္။
လ်ိဳက်ားအန႔္မွာ သူ၏ "Koi" ေခါင္းစဥ္ကိုအသုံးျပဳၿပီး ဇာတ္ကားလူသိမ်ားေက်ာ္ၾကားလာေစရန္ လုပ္ခ်င္ပါေသာ္လည္း ေသခ်ာစဥ္းစားေတြးေတာၿပီး ေနာက္ဆုံးတြင္ သူလက္ေလ်ာ့လိုက္၏။
အရင္တစ္ေခါက္အျဖစ္အပ်က္အၿပီးမွာ ဝမ္ခ်န္ခ်န္သည္ နာမည္ႀကီးအမွတ္တံဆိပ္ႏွစ္ခုေၾကာ္ျငာခြင့္ကို လက္လြတ္ဆုံးရႈံးခဲ့ရ၏။ ရင္းႏွီးျမႇဳပ္ႏွံသူေျမာက္မ်ားစြာက သူမပါဝင္သ႐ုပ္ေဆာင္ထားသည့္ ဘယ္ဇာတ္ကားတြင္မဆို ရင္းႏွီးျမႇဳပ္ႏွံေတာ့မည္မဟုတ္ဟူ၍ေတာင္ ဆိုလာၾကသည္။
ယေန႔ေခတ္ ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းတြင္ အႏုပညာၾကယ္တစ္ပြင့္၏ေက်ာ္ၾကားမႈဆိုတာကို ထိုသူ/သူမ ဆြဲေဆာင္ႏိုင္သည့္ အြန္လိုင္းအေပၚေရပန္းစားမႈတခုတည္းျဖင့္သာ အကဲျဖတ္ျခင္းခံရသည္။
ဝမ္ခ်န္ခ်န္သည္ သူမ၏သ႐ုပ္ေဆာင္စြမ္းရည္အေပၚသာ အဓိကအာ႐ုံစူးစိုက္ထားခဲ့သည္။ သူမတြင္ အသင့္အတင့္လူႀကိဳက္မ်ားမႈရွိေပမယ့္ တကယ္တမ္းမွာ သူမရဲ႕ topics ေတြအေပၚေဆြးေႏြးေျပာဆိုမႈဟာ တျခားတက္သစ္စ ငယ္ငယ္႐ြယ္႐ြယ္အမ်ိဳးသမီးသ႐ုပ္ေဆာင္ေတြေလာက္ေတာ့ မေကာင္းေပ။
ထိုအျဖစ္အပ်က္သည္ သူမအေပၚ ႐ိုက္ခတ္မႈအႀကီးႀကီးျဖစ္ေစခဲ့သည္မွာ ႐ုပ္ရွင္အဖြဲ႕သားမ်ား အဆိုပါဇာတ္ကားကို ပ႐ိုးမိုးရွင္းဆင္းတဲ့အခ်ိန္ေရာက္ေတာ့ သူမသည္ သူမတူစြာ တိတ္ဆိတ္ေနခဲ့ၿပီး မထင္မရွားေလးေနကာ အဖြဲ႕တူျဖစ္သည့္ မည္သည့္အမ်ိဳးသားအႏုပညာၾကယ္ပြင့္တေယာက္နဲ႔မွ နာမည္ႀကီးသတင္းထြက္ေအာင္လုပ္ရန္ ရည္႐ြယ္ခ်က္မရွိေတာ့သည္အထိပင္။
"သူမနဲ႔တန္တယ္!" အင္တာဗ်ဴးအၿပီးမွာ ေက်ာက္ခ်င္းယြမ္သည္ ဝမ္ခ်န္ခ်န္၏ေက်ာဘက္တြင္ ျပင္းျပင္းထန္ထန္က်ိန္ဆိုေနပါ၏။
သူဟာ ယြီခ်င့္ဟြမ္ဘက္လွည့္လာၿပီး ေနာက္ေနာက္ေျပာင္ေျပာင္ မ်က္စိေပကလတ္ ေပကလတ္လုပ္ျပလာသည္။
"ခ်င့္ဟြမ္ မင္းအရင္တေခါက္ မကာအိုမွာ အမ်ားႀကီးအႏိုင္ရလာခဲ့တယ္ဆို၊ ငါ့ကိုတဝိုင္းဒကာမခံသင့္ဘူးလား?"
ပုံမွန္အခ်ိန္မ်ားတြင္ဆို ေက်ာက္ခ်င္းယြမ္မွာ ယြမ္ရွစ္သန္းေလာက္ကို ေခါင္းထဲထည့္ေနမည္မဟုတ္ေပ။ သို႔ေပမယ့္ ထိုေငြမ်ားသည္ ယြီခ်င့္ဟြမ္၏လုပ္ခလစာမဟုတ္သလို ေၾကာ္ျငာအခေၾကးေငြလည္းမဟုတ္ခဲ့။ ဘာႀကိဳးစားအားစိုက္မႈမွေတာင္မရွိဘဲ သူ႔ကံတခုတည္းႏွင့္ အႏိုင္ရလာခဲ့ျခင္းျဖစ္ေပ၏။
ထို႔ေၾကာင့္သာ ေက်ာက္ခ်င္းယြမ္မွာ အထူးတလည္ မနာလိုအူတိုျဖစ္ေနရျခင္းပင္။သူ႔လက္မ်ားအား ယြီခ်င့္ဟြမ္ပခုံးတဝိုက္တြင္ တင္ထားလိုက္ၿပီး သူ႔မ်က္ႏွာေပၚက အနက္ေရာင္မ်က္ႏွာဖုံးကိုပုတ္လိုက္ကာ အၿပဳံးတခုျဖင့္ဆိုလာ၏။
“လာစမ္းပါ! လာစမ္းပါ! အခုပဲဒိုးလိုက္ရေအာင္"
"မင္းဘာစားခ်င္လဲ?" ယြီခ်င့္ဟြမ္က ေက်ာက္ခ်င္းယြမ္၏ ဂနာမၿငိမ္လက္ဝါးမ်ားကိုပုတ္ထုတ္လိုက္ၿပီး သူ႔အားသတိေပးသလို တစ္ခ်က္ၾကည့္လိုက္သည္။
"ကိုယ့္ကိုကိုယ္ ဆင္ဆင္ေျခေျခေနစမ္း"
“ဒီေလာက္ႀကီးအျဖစ္သည္းမေနစမ္းပါနဲ႔ ဖက္႐ုံေလးဟာကို.. မင္းအသားပဲ့ပါသြားမွာမွမဟုတ္တာ"
ေက်ာက္ခ်င္းယြမ္က ခါးခါးသီးသီးဆိုလာ၏။ သူ႔လက္မ်ားကို ေအာက္ျပန္ခ်ထားလိုက္ေပမယ့္ ယြီခ်င့္ဟြမ္အား သနားကမားစိုက္ၾကည့္ေနဆဲပါပင္။
"ငါကေဂး ၿပီးေတာ့ ရည္းစားလည္းရွိတယ္ မင္းသိတဲ့အတိုင္းပဲ"
ယြီခ်င့္ဟြမ္က သူ၏ေၾကမြသြားေသာရွပ္အက်ႌကို ျပန္ျပန႔္ျပဴးျပဴးျဖစ္ေအာင္လုပ္လိုက္ၿပီး မ်က္ခုံးမ်ားပင့္ျပလိုက္သည္။
ေက်ာက္ခ်င္းယြမ္က ခ်င့္ဟြမ္ သူ႔အားခ်စ္မိသြားမွာ ေၾကာက္ေနတာလားလို႔ ေမးေတာ့မလို႔ရွိတုန္းမွာပဲ ေနာက္တစကၠန္႔အၾကာမွာ တစ္စုံတရာကို ႐ုတ္တရက္အလင္းေပါက္သြားခဲ့ေလသည္။
"မင္း...ဘာေျပာလိုက္တာ?"
သူဟာ ယြီခ်င့္ဟြမ္အား ေၾကာင္ၾကည့္ေနခဲ့ၿပီး ေျခလွမ္းေတြေတာင္မွ သတိလက္လြတ္ရပ္တန႔္သြားရ၏။
"ရည္း...ရည္းစားလား? မင္း...ရည္းစားကဘယ္သူလဲ?"
ယြီခ်င့္ဟြမ္သည္ ေက်ာက္ေ႐ြ၏စကားမ်ားကို ျပန္မေတြးမိဘဲမေနႏိုင္ျဖစ္သြားရကာ ရယ္ခ်င္တာကိုေအာင့္ထားရ၏။
"ေသခ်ာတယ္ မင္းတေယာက္ပဲမျမင္ႏိုင္တာ"
ဒါကိုၾကားလိုက္ရေတာ့ ေက်ာက္ခ်င္းယြမ္က ပိုလို႔ေတာင္အံ့အားသင့္သြားရၿပီး
"ငါတစ္ေယာက္တည္း? မင္းပတ္ဝန္းက်င္ကလူတိုင္းသိေနတာလား? အဲ့ဒါဘယ္သူလဲလို႔ဆိုေန? အႏုပညာေလာကအျပင္ကလား? မင္းရဲ႕ေက်ာင္းေနဖက္ေဟာင္း? ငါသူ႔ကိုသိလား?"
ေမ်ာက္ဘုရင္လိုအျမင္စူးရွလွေသာ သူ၏မ်က္လုံးမ်ားျဖင့္ သူဘာလို႔ဒါကိုသတိမျပဳမိခဲ့ပါလိမ့္?
"အဲ့ဒီသူက ေဟာ္ခြၽီပဲ" ယြီခ်င့္ဟြမ္က သူ႔အား တည့္တည့္မတ္မတ္ၾကည့္လာကာ ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။
ေဟာ္-ခြၽီ-
ထိုစကားလုံးႏွစ္လုံးမွာ ေကာင္းကင္ေပၚကေန ေက်ာက္ခ်င္းယြမ္ေခါင္းတည့္တည့္ျပဳတ္က်သြားပုံရၿပီး သူ႔ေခါင္းအားေပါက္ကြဲလုမတတ္ျဖစ္သြားေစသည္။
သူဟာ ယြီခ်င့္ဟြမ္အား တစ္မိနစ္လုံးလုံး ေငးငိုင္ၾကည့္ေနၿပီးေနာက္ စကားလုံး၂လုံးကိုလႊတ္ခနဲဆိုမိ၏။
"ေသာက္က်ိဳးနည္း!"
ခ်င့္ဟြမ္နဲ႔ ေဟာ္ခြၽီ? ဘယ္လိုလုပ္ၿပီး ဒီလူႏွစ္ေယာက္က နီးစပ္သြားပါလိမ့္? အဲ! မဟုတ္ေသးပါဘူး! ေဟာ္ခြၽီလိုသူနဲ႔ အမွန္တကယ္ႀကီး ခ်စ္ကြၽမ္းဝင္သြားရတဲ့အထိ ခ်င့္ဟြမ္မွာ ဘယ္လိုအႀကိဳက္မ်ိဳးရွိေနသလဲလို႔ဆိုရမွာပင္?!
ေဟာ္ခြၽီက သူ႔ကိုယ္ပိုင္ကမာၻငယ္ေလးထဲမွာပဲ အၿမဲလိုအေတြးေရာက္ေနၿပီး တျခားသူေတြကို လစ္လ်ဴရႈထားတာ မဟုတ္ဘူးလား? အဲ့လိုငနဲက သူ႔ထက္အရင္ စင္ဂယ္ေခြးဘဝကို ႏႈတ္ဆက္သြားၿပီး ခ်င့္ဟြမ္နဲ႔ေတာင္ ဇာတ္လမ္းေတြျဖစ္သြားခဲ့ၿပီေပါ့ေလ? ဒါ... ဒါႀကီးက သိပၸံနည္းလမ္းမက်လိုက္တာ!
"ခ်င့္ဟြမ္" သူက ယြီခ်င့္ဟြမ္ကို မယုံႏိုင္စြာစိုက္ၾကည့္ရင္း "မင္းအတည္ေျပာတာလား?"
ယြီခ်င့္ဟြမ္မွာ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေက်ာက္ခ်င္းယြမ္ရဲ႕ မ်က္ႏွာၿပဲႀကီးအား သူ႔ဆီကအေဝးတြန္းထုတ္လိုက္၏။
"ငါ့ပုံက ေနာက္ေနတာနဲ႔တူေနလို႔လား?"
ေက်ာက္ခ်င္းယြမ္သည္ အခ်ိန္အေတာ္ၾကာႀကီး တိတ္ဆိတ္ေနခဲ့သည္။ သူက ႐ုတ္တရက္ ခဲခဲယဥ္းယဥ္းဆိုလာ၏။
"ခ်င့္ဟြမ္ ငါ မင္းကိုေနာက္ဆုံးေမးခြန္းတစ္ခုေမးမယ္..."
ယြီခ်င့္ဟြမ္, "ဟင့္အင္း၊ ငါမင္းကို ဘယ္တုန္းကမွမခ်စ္ခဲ့ဘူး"
ေက်ာက္ခ်င္းယြမ္, "အဲ့ဒါေျပာတာမဟုတ္ဘူးကြ မင္းနဲ႔ေဟာ္ခြၽီ... .လိင္မႈဘဝမွာသဟဇာတရွိလား?"
ယြီခ်င့္ဟြမ္, "လစ္စမ္း!"
ပထမေတာ့ ေက်ာက္ခ်င္းယြမ္မွာ ယြီခ်င့္ဟြမ္အား ေကာင္းေကာင္းေလးဒကာခံခိုင္းလာတာပင္။ သို႔ေပမယ့္ သူတို႔အျပင္ေရာက္လာတဲ့အခါမွာေတာ့ သူဟာ နံေဆာ္တို႔ဟူးတခ်ိဳ႕ကိုသာဝယ္ၿပီး ယြီခ်င့္ဟြမ္အား ဟိုတယ္ဆီသို႔ ျပန္ဆြဲေခၚသြားေလသည္။
စိတ္ေက်နပ္ေနေသာ သူ၏ေဘးတေစာင္းမ်က္ႏွာကိုၾကည့္ရင္း ယြီခ်င့္ဟြမ္စိတ္ထဲတြင္ ပင့္သက္မခ်မိပဲမေနႏိုင္လိုက္ပါေပ။ေက်ာက္ခ်င္းယြမ္မွာ ေပါ့ေပါ့ေလးေနသူတေယာက္ျဖစ္ေပမယ့္ သူငယ္ခ်င္းမ်ားအေပၚေတာ့ အလြန္စဥ္းစားေပးတတ္ေလသည္။
သူတို႔ဟိုတယ္အနီးနားတြင္ တိုင္းသိျပည္သိ ေကာင္းသတင္းေက်ာ္ၾကားသည့္ ဂ်ပန္စားေသာက္ဆိုင္တစ္ဆိုင္ရွိ၏။ အဲ့ဒီဆိုင္က ငါးထမင္းလိပ္မွာ အထူးအရသာရွိတယ္လို႔ဆိုၾကသည္။ ထုံးစံအတိုင္းပဲ ေဈးႏႈန္းကလည္းမသက္သာလွေပ။
ေက်ာက္ခ်င္းယြမ္မွာ ထိုစားေသာက္ဆိုင္အား ခ်င့္ဟြမ္ထံသို႔ ႀကိမ္ဖန္မ်ားစြာၫြန္းခဲ့ေသာ္လည္း ယေန႔တြင္ေတာ့ ထိုဆိုင္ကိုတန္းေနေအာင္ ေကြ႕ပတ္သြားခဲ့သည္။
ယြီခ်င့္ဟြမ္သည္ အႏွီလူမွာ သူပိုက္ဆံအလြန္အကြၽံသုံးစြဲမိမွာကိုစိုးရိမ္ၿပီး တမင္မသြားဖို႔ေ႐ြးခ်ယ္ခဲ့ေၾကာင္းကိုသိ၏။
"မင္းဘာေတြေတြးေနတာလဲ?" ေက်ာက္ခ်င္းယြမ္မွာ ယြီခ်င့္ဟြမ္အား ႀကိမ္ဖန္မ်ားစြာေခၚေနေသာ္လည္း တုံ႔ျပန္မႈျပန္မရခဲ့ေပ။ သူဟာ မေနႏိုင္စြာ ထေအာ္မိလိုက္၏။
“မင္းအဲ့ဒီအေၾကာင္းေတြးေနတုန္းပဲလား?အဲ့ဒါက.. တကယ္ပဲ သဟဇာတမျဖစ္ေနဘူးေပါ့?"
“မဟုတ္ဘူး” ယြီခ်င့္ဟြမ္သည္ ေက်ာက္ခ်င္းယြမ္လက္ထဲကေန သူ႔ရွယ္ယာတို႔ဟူးကိုဆြဲယူလိုက္ကာ သူ႔ဦးေႏွာက္အား လက္ညႇိးထိုးျပလိုက္ရင္း သေရာ္လာ၏။
"အခု ဒီေနရာက စင္ဂယ္ေခြးေလးတစ္ေကာင္ ဘယ္ေတာ့မွမွန္းဆလို႔ရႏိုင္မွာမဟုတ္တဲ့ ကမာၻႀကီးနဲ႔ျပည့္ေနၿပီ"
မွန္တယ္! တကယ္ေတာ့ သူဟာ ေဟာ္ခြၽီနဲ႔အတြင္းက်က် ထိေတြ႕ဆက္ဆံမႈမ်ိဳးမရွိေသးေပ။ သူ႔ညာဖက္လက္နဲ႔ေတာင္မွျဖစ္၏။ သို႔ေပမယ့္ ဒီအေၾကာင္းအရာကို ေက်ာက္ခ်င္းယြမ္ေရွ႕ေမွာက္မွာ ေသခ်ာေပါက္ထုတ္ေဖာ္လို႔မျဖစ္ႏိုင္ပါေပ။
ေက်ာက္ခ်င္းယြမ္, "... "
ေနာက္ထပ္ေမးခြန္းမ်ားေမးရန္အတြက္ ေက်ာက္ခ်င္းယြမ္ ပါးစပ္ဟလာေသာအခါ ယြီခ်င့္ဟြမ္သည္ သူ၏ပါးစပ္ထဲသို႔ နံ႔ေဆာ္တို႔ဟူးတစ္ပိုင္းကို သြတ္ထည့္လိုက္သည္။
"ဖာခ့္! ဒီတစ္ခုက င႐ုတ္သီးေတြနဲ႔ဟ! အဟြတ္! အဟြတ္...”
ယြီခ်င့္ဟြမ္၏လက္မ်ားတုန္သြားရၿပီး သူ႔ေနာက္ေက်ာကို အလ်င္စလိုပုတ္ေပးလိုက္၏။
“အဆင္ေျပရဲ႕လား? ျပန္ေထြးထုတ္လိုက္!"
သို႔ေပမယ့္ ေက်ာက္ခ်င္းယြမ္မွာ ပိုမိုျပင္းထန္လာတဲ့ ေခ်ာင္းဆိုးသံေတြနဲ႔သာ သူ႔အားအေျဖျပန္ေပးလာသည္။ဟိုတယ္ထဲဝင္ၿပီးခ်ိန္အထိ ေက်ာက္ခ်င္းယြမ္သည္ ယြီခ်င့္ဟြမ္အား လစ္လ်ဴရႈထားဆဲပါပင္။
သူ႔မ်က္လုံးမ်ားမွာနီရဲေနၿပီး ႏႈတ္ခမ္းကအနည္းငယ္ေရာင္ရမ္းေနကာ လွ်ာကလည္းထုံေနပါ၏။ယြီခ်င့္ဟြမ္မွာ အျပစ္မကင္းသလိုခံစားရၿပီး တဖက္သူ၏ ေအးစက္ေက်ာခိုင္းထားျခင္းကိုသာ လက္သင့္ခံေနရေလသည္။
ဓာတ္ေလွကားက သူတို႔ထြက္လိုက္ခ်င္းမွာပဲ လမ္းခုလတ္မွာ ဖန္က်ဳံးရွီးနဲ႔ေတြ႕လိုက္ရသည္။
"က်ဳံးရွီး မင္းတပိုင္းေလာက္ လိုခ်င္လား?"
ေက်ာက္ခ်င္းယြမ္က ေႏြးေထြးရက္ေရာတဲ့ပုံစံျဖင့္ သူ႔လက္ထဲကတိုဟူးကို ေဝွ႔ယမ္းျပေနသည္။ သူတို႔အားလုံးဟာ တဖြဲ႕တည္းသားေတြျဖစ္တာေၾကာင့္ ခင္ခင္မင္မင္ျဖစ္ေအာင္ ႀကိဳးစားေနခ်င္းသာ။
"မလိုဘူး” ဖန္က်ဳံးရွီးက သူ႔အား တခ်က္မွ်ခပ္ေပါ့ေပါ့ၾကည့္လာၿပီး ဓာတ္ေလွကားထဲသို႔ အလြန္အေလးမထားသည့္အမူအရာျဖင့္ တန္းတန္းမတ္မတ္ေလွ်ာက္ဝင္သြား၏။
ထိုအခ်င္းအရာမွာ ေက်ာက္ခ်င္းယြမ္အား အလြန္အရွက္ရသြားေစခဲ့သည္။ ဓာတ္ေလွကားတံခါးပိတ္သြားေသာအခါ သူဟာ ယြီခ်င့္ဟြမ္အား အမ်က္ေတာ္ရွေနတာကို ခ်က္ခ်င္းပဲေမ့ေလ်ာ့သြားခဲ့ၿပီး
"ဘယ္လိုေတာင္ေမာက္မာေနလိုက္လဲ! သူ႔ကိုယ္သူဘာမ်ားမွတ္ေနလဲဟ?
"သူကအၿမဲဒီလိုပါပဲ" ယြီခ်င့္ဟြမ္က ဓါတ္ေလွကားဆီကေန သူ႔အၾကည့္ကိုဖယ္ခြာလိုက္ၿပီး မေရမရာေျပာလာသည္။
"B-list စတားေလးတစ္ေယာက္ပဲဟာကို" ေက်ာက္ခ်င္းယြမ္က ေလွာင္သလိုေျပာလိုက္၏။
"ဘာပဲျဖစ္ျဖစ္ကြာ၊ လာ ခ်င့္ဟြမ္ နံေဆာ္တို႔ဟူး သြားျပန္စားရေအာင္"
"မင္းဘာသာမင္းပဲစားေတာ့" ယြီခ်င့္ဟြမ္က သူ႔အားၿပဳံးျပလာၿပီး "ငါထုပ္ပိုးၿပီး ခဏေနအိမ္ျပန္ေတာ့မယ္"
"မင္း႐ူးေနတာလား? ေလယာဥ္ကမနက္အေစာႀကီးထြက္မဲ့ဟာကို၊ ဟိုတယ္မွာေနဖို႔က အသင့္ေတာ္ဆုံးပဲေလ.. ဘာျဖစ္လို႔အိမ္ျပန္မွာလဲ?"
"ေဟာ္ခြၽီကိုသြားျပန္ၾကည့္ဖို႔" ယြီခ်င့္ဟြမ္က အခန္းကတ္ကိုထုတ္ယူလိုက္ၿပီး တံခါးဖြင့္လိုက္သည္။
"တကယ္တမ္းေျပာရရင္ ငါ လဝက္ေက်ာ္ေက်ာ္ေလာက္ အျပင္မွာေနရဦးမွာေလ"
"ေကာင္းၿပီေလ ဒါျဖင့္လည္း ငါ့မွာေျပာစရာဘာမွမရွိေတာ့ပါဘူး"
ေက်ာက္ခ်င္းယြမ္မွာ သူ႔လက္ေမာင္းေပၚရွိ ၾကက္သီးေမြးညႇင္းမ်ားကိုပြတ္သပ္လိုက္ၿပီး သူ႔လက္ကို စိတ္မရွည္လက္မရွည္ခါယမ္းျပလာ၏။
"ျမန္ျမန္ေဂ်ာင္း၊ လစ္ လစ္ လစ္ ငါ့လိုစင္ဂယ္ေခြးတစ္ေကာင္ေရွ႕မွာ မင္းရဲ႕ခ်စ္ေမတၱာေတြ လာခ်ျပမေနနဲ႔"
႐ုပ္ရွင္အဖြဲ႕သားမ်ားမွ ႀကိဳတင္ဘိုကင္ယူထားေသာဟိုတယ္သည္ ေလဆိပ္အနီးနားတြင္ရွိေသာ္လည္း ယြီခ်င့္ဟြမ္အေဆာင္ႏွင့္ေတာ့အလွမ္းေဝးေန၏။ ျဖစ္ခ်င္ေတာ့ အခုကအလုပ္ဆင္းယာဥ္ေၾကာၾကပ္ခ်ိန္ျဖစ္ေနခဲ့သည္။ ခ်င့္ဟြမ္မွာ ထိုေနရာသို႔ေရာက္ဖို႔ ႏွစ္နာရီခြဲလုံးလုံးအခ်ိန္ေပးခဲ့ရေလသည္။
ေဟာ္ခြၽီသည္ သူျပန္လာမည့္အခ်ိန္ကို မက္ေဆ့ခ္်မ်ားစြာပို႔ၿပီး ေမးျမန္းေနခဲ့သည္။ ယြီခ်င့္ဟြမ္က ေခါင္းငုံ႔ၿပီး ျပန္ေျဖလိုက္၏-
[ေအာက္ေရာက္ခါနီးၿပီ]
ၿပီးတာနဲ႔ သူဟာ ဖုန္းကိုခ်ထားလိုက္ၿပီး ယြီရွင္းထံေျပာလိုက္သည္။
"ေကာ ကြၽန္ေတာ့္ကို ဒီမွာပဲခ်ထားေပးလိုက္ေတာ့ ကြၽန္ေတာ့္ဘာသာျပန္လိုက္ေတာ့မယ္"
"ေကာင္းၿပီ" ယြီရွင္းက ကားကိုလမ္းေဘးခ်ရပ္လိုက္သည္။
“အဲ့ဒီမွာ ကားပါကင္မရွိမွာစိုးလို႔ ငါမဝင္ေတာ့ဘူး"
"အမ္း” ယြီခ်င့္ဟြမ္က သူ႔ထိုင္ခုံခါးပတ္ကိုျဖဳတ္ၿပီး ကားေမာင္းတဲ့အခါ ေဘးရန္ကင္းေစဖို႔ သတိထားေမာင္းရန္ ယြီရွင္းအားမွာၾကားၿပီး ကားေပၚကဆင္းလာခဲ့သည္။
ယြီခ်င့္ဟြမ္၏အေဆာင္သည္ အိမ္ရာဝင္း၏အဆုံးတြင္ရွိသည္။အလယ္ကပန္းဥယ်ာဥ္ႀကီးကို သူအျမန္ေရွာင္ကြင္းျဖတ္ေက်ာ္ၿပီး အထဲဝင္ေတာ့မည့္ဆဲဆဲ သူ႔ဖုန္းက႐ုတ္တရက္ထျမည္လာသည္။ ေဟာ္ခြၽီလို႔ထင္လိုက္ေပမယ့္ မထင္မွတ္ပဲ ခ်င္က်န႔္ျဖစ္လို႔ေနခဲ့သည္။
ယြီခ်င့္ဟြမ္မွာ ဒီရက္ပိုင္းအတြင္း အလုပ္မ်ားေနခဲ့သည္။ ခ်င္က်န႔္၏ အခ်ိန္ဇယားမွာလည္းျပည့္ေနၿပီး ကမာၻအႏွံ႔လွည့္ပတ္သြားလာေနရ၏။ ထို႔ေၾကာင့္ ႏွစ္ေယာက္သားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ အခ်ိန္အေတာ္ၾကာအဆက္အသြယ္မရွိခဲ့ပါေပ။
"က်န႔္ေကာ?"
"ခ်င့္ဟြမ္" ခ်င္က်န႔္၏ သံလိုက္လို ဆြဲေဆာင္ႏိုင္အားေကာင္းသည့္အသံတိုးတိုးသည္ လိုင္းတစ္ဖက္ကေန ထြက္ေပၚလာသည္။သူ႔အသံမွာ အေမွာင္ထဲတြင္ အထူးတလည္နားဆင္လို႔ေကာင္းေနၿပီး သူကၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ဆိုလာ၏။
“ငါဘယ္ေရာက္ေနလဲမွန္းၾကည့္”
ယြီခ်င့္ဟြမ္, "..."
သူ႔ရဲ႕ ခ်င္က်န႔္အေပၚအျမင္သည္ ေနာက္ဆယ္ႏွစ္အၾကာမွ ရွိေလသည္။ ခ်င္က်န႔္ ခုလိုေျပာလာတာကို ႐ုတ္တရက္ၾကားလိုက္ရေလေသာ္ သူနည္းနည္းအသားမက်သလိုျဖစ္ေနရ၏။
"ကြၽန္ေတာ္ဘယ္လိုသိမွာလဲ?" ဆိုတဲ့ စကားလုံးတခ်ိဳ႕ကို အတင္းျဖစ္ညႇစ္ေျပာမထုတ္ခင္ သူ႔မွာစကၠန႔္အနည္းငယ္ အခ်ိန္ယူလိုက္ရသည္။
ဖုန္းထဲတြင္ ကားတံခါးပိတ္သံဟုထင္ရသည့္ “ဘန္း” ဟူေသာ အသံထြက္ေပၚလာသည္။ ထို႔ေနာက္တြင္ ယြီခ်င့္ဟြမ္သည္ ဖုန္းထဲကစကားသံကိုၾကားလိုက္ရ၏။
"ငါ မင္းအေဆာက္အဦးေအာက္ထပ္မွာ"
ဒီလိုအခ်ိန္ႀကီး? သူဒီမွာဘာလာလုပ္တာလဲ? ယြီခ်င့္ဟြမ္ မ်က္ေမွာင္ၾကဳတ္သြားရသည္။သူ မေမးလိုက္ႏိုင္ခင္ ခ်င္က်န႔္က ရွင္းျပလာ၏။
“ငါခုတင္ေလဆိပ္ကေနအျပန္ လမ္းႀကဳံလို႔ မင္းဆီဝင္လာလည္တာ"
ယြီခ်င့္ဟြမ္သည္ ခ်င္က်န႔္ အခုဘယ္မွာေနတယ္ဆိုတာကိုမသိတာေၾကာင့္ သူေျပာတာကိုၾကားလိုက္ရေသာအခါတြင္ မ်ားမ်ားစားစားမေတြးခဲ့မိေပ။
“ေကာင္းပါၿပီ ကြၽန္ေတာ္ အခုတင္ အျပင္ကျပန္ေရာက္လာတာ ခဏေနရင္ေအာက္ကိုေရာက္ေတာ့မယ္ ေက်းဇူးျပဳၿပီးေစာင့္ေနေပးပါဦီး"
"ဟုတ္ပါၿပီ"
ယြီခ်င့္ဟြမ္ဖုန္းကိုခ်လိုက္ၿပီး ေထာင့္ခ်ိဳးတခုကိုေကြ႕လိုက္ေတာ့ ခ်င္က်န႔္အား လမ္းမီးတိုင္ေအာက္မွာရပ္ေနတာကို ေတြ႕လိုက္ရသည္။
"က်န္႔ေကာ!" ဟုေျပာၿပီး သူ႔ဆီ ေျခလွမ္းသြက္သြက္ေလးလွမ္းသြားလိုက္၏။
ယြီခ်င့္ဟြမ္ေအာက္ထပ္ကို ေရာက္လာေနၿပီလို႔ဆိုကတည္းက ေဟာ္ခြၽီသည္ အခ်ိန္ေတြဟာ ပိုေႏွးေကြးလာသလို ခံစားလာရသည္။ သူသည္ ဧည့္ခန္းထဲတြင္ စိတ္မရွည္စြာ၊ စိတ္အားထက္သန္စြာ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ေနၿပီး ေနာက္ဆုံးတြင္ တစ္စကၠန႔္မွ်မေစာင့္ႏိုင္ေတာ့ေပ။
သူဟာ ကန႔္လန႔္ကာကိုတိုက္႐ိုက္ဆြဲဖြင့္လိုက္ၿပီး ျပတင္းေပါက္ကေန ေအာက္ကိုငုံ႔ၾကည့္လိုက္၏။ သို႔ေသာ္ ျမင္လိုက္ရေသာျမင္ကြင္းမွာ သူ႔မ်က္ႏွာအား ခ်က္ခ်င္းပဲသုန္မႈန္သြားေစသည္။
လမ္းမီးတိုင္မွာ အေဆာက္အဦေရွ႕ကလမ္းကို ထိန္ထိန္လင္းေနေစသည္။ ေဟာ္ခြၽီ၏ရႈေထာင့္မွၾကည့္လွ်င္ လမ္းေပၚကျမင္ကြင္းကို အၾကည့္တစ္ခ်က္တည္းနဲ႔ ရွင္းရွင္းလင္းလင္းျမင္ႏိုင္၏။
သူေမွ်ာ္မွန္းတမ္းတရတဲ့လူက သူ႔အားအိမ္မွာပစ္ထားခဲ့ၿပီး ခ်င္က်န႔္နဲ႔ ေအာက္ထပ္မွာစကားေျပာေနခဲ့သည္။သူ႔ကိုပိုလို႔ေတာင္ စိတ္ဆိုးသြားေစတာက ခ်င္က်န႔္မွာ အမွန္တကယ္ႀကီး ဒီကိုေရာက္လာခဲ့တာပင္။
သူက ခ်င့္ဟြမ္ကို သူ႔ဆီကေန လုယူဖို႔ႀကိဳးစားေနတာျဖစ္ရမည္။ ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ!
ေဟာ္ခြၽီမွာ ႏႈတ္ခမ္းကိုတင္းတင္းေစ့ပိတ္ကာ တံခါးကိုတြန္းဖြင့္၍ ေအာက္ထပ္သို႔ ဆင္းေျပးသြားခဲ့သည္။
သူဟာ ထိုလူထံတိုက္႐ိုက္ေျပးသြားၿပီး ထိုအရွက္မဲ့တဲ့လူအား ျပင္းျပင္းထန္ထန္အေဝးဆြဲထုတ္၍ ခ်င့္ဟြမ္က သူ႔ခ်စ္သူျဖစ္ေၾကာင္းကို က်ယ္က်ယ္ေလာင္ေလာင္ ေျပာျပလိုက္ခ်င္ေသာ္လည္း တကယ္တမ္း သူအျပင္ေရာက္သြားေသာအခါတြင္ ႐ုတ္တရက္စိတ္ကူးေျပာင္းသြားခဲ့သည္။
ခ်င့္ဟြမ္ သူတို႔ဆီအာ႐ုံရွိမေနခ်ိန္မွာ ခ်င္က်န႔္ရဲ႕ သူ႔အေပၚအၾကည့္ေတြကို သူေမ့ေဖ်ာက္ထားလို႔မရႏိုင္ေပ။
ဒီလိုဆိုမွေတာ့...ေဟာ္ခြၽီသည္ ထိုသူအားလက္တုံ႔ျပန္ႏိုင္မည့္တစုံတရာအား သူ႔ဦးေႏွာက္ကိုအၾကမ္းပတမ္းအလုပ္ေပး၍ ေတြးေတာေနေလ၏။
သူ႔ေဘးနားက တံခါးပလိတ္ျပားဆီ သူ႐ုတ္တရက္အၾကည့္ေရာက္သြားခဲ့သည္။ ေရးထားသည္မွာ : ပင္မလွ်ပ္စစ္ထိန္းခ်ဳပ္ခန္း ဟူ၍။
သူ႔မ်က္လုံးေတြေတာက္ပသြားရင္း တည့္တည့္ေလွ်ာက္သြားလိုက္၏။ Starlight မွာေငြေၾကးအရင္းအႏွီးမ်ားစြာရွိ၏။ ၾကယ္ပြင့္မ်ားရဲ႕လုံၿခဳံေရးကို စိတ္ခ်ေသခ်ာေစဖို႔အတြက္ အေဆာင္ကို ေဆာက္လုပ္တုန္းက ေျမကြက္တစ္ခုလုံးကို တိုက္႐ိုက္ဝယ္ယူခဲ့တာျဖစ္၏။
ထို႔ေၾကာင့္ အိမ္ယာဝင္းအတြင္းရွိ ေကဘယ္လ္ႀကိဳးမ်ား၊ ဖိုင္ဘာႀကိဳးမ်ား၊ ေရပိုက္မ်ား အစရွိသည္တို႔အပါအဝင္ အေဆာက္အအုံအဂၤါရပ္မ်ားအားလုံးကို အနီးပတ္ဝန္းက်င္ဧရိယာမ်ားႏွင့္ လုံးဝသီးျခားခြဲထုတ္ထားၿပီး အားလုံးကို Starlight ကိုယ္တိုင္ေဆာက္လုပ္ၿပီး စီမံခန႔္ခြဲေပးေနတာျဖစ္သည္။
တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိန္းခ်ဳပ္ခန္းတံခါးမွာ ေသာ့ပြင့္ေနခဲ့ၿပီး အဖိုးအိုတစ္ဦးသည္ လက္ေနာက္ပစ္၍ အထဲတြင္ ဟိုဟိုဒီဒီလွည့္ပတ္ၾကည့္ရႈေနခဲ့သည္။ ေဟာ္ခြၽီဝင္လာတာကိုျမင္လိုက္ရေလေသာ္ ထိုသူကလန႔္ျဖန္႔သြားၿပီး မနားတမ္းေမးေန၏။
"မင္းဘယ္သူလဲ? ဒီမွာဘာလာလုပ္ေနတာလဲ?"
ေဟာ္ခြၽီသည္ ထိုသူ႔အားစကားျပန္မေျဖဘဲ သူ႔မ်က္လုံးမ်ားက စက္ပစၥည္းနဲ႔ဝါယာႀကိဳးမ်ိဳးစုံအေပၚ အၾကည့္တခ်က္အျမန္ေဝွ႔သြားကာ ေနာက္ဆုံးမွာ ျပတင္းေပါက္ရွိရာဆီဦးတည္သြားခဲ့သည္။
"ေဟး!” အဘိုးအိုက ေဟာ္ခြၽီရဲ႕ေနာက္ကိုေျပးလိုက္ၿပီး
"လူငယ္ေလး မင္းဘာလုပ္ေနတာလဲ? အထဲကအရာေတြကို မင္းအေလ်ာ္ေပးဖို႔တတ္ႏိုင္မွာမဟုတ္ဘူးေနာ္! ေနဦး! ငါေျပာေနတယ္ ရပ္လိုက္လို႔!"
ေဟာ္ခြၽီသည္ အဖိုးအို၏ေအာ္သံကို မၾကားခ်င္ေယာင္သာေဆာင္ထားၿပီး မၾကာမီတြင္ စက္ေပၚက ရႈပ္ေထြးေပြလီေနေသာႀကိဳးမ်ားကေန သူလိုခ်င္ေသာအရာကို ရွာေဖြေတြ႕ရွိသြားခဲ့သည္။
သူ႔လက္ေခ်ာင္းကိုဆန္႔ထုတ္ၿပီး ခလုတ္မ်ားကို တစ္ခုၿပီးတခု သာသာေလးဖိခ်လိုက္သည္။ Controller ေပၚရွိ အခ်က္ျပမီးမွာ အျမင့္မားဆုံးအမိန္႔ၫႊန္ၾကားခ်က္ကို ႐ုတ္ခ်ည္းရရွိသြားဟန္ျဖင့္ ပိတ္က်သြား၏။
အဘိုးအိုသည္ ထိုျမင္ကြင္းေၾကာင့္ လြန္စြာေၾကာင္အမ္းသြားရကာ သူ႔အားရပ္တန႔္ခိုင္းဖို႔ကို လုံးလုံးလ်ားလ်ားေမ့ေလ်ာ့သြားခဲ့သည္။
တျခားတစ္ဖက္တြင္မူ ခ်င္က်န႔္သည္ ယြီခ်င့္ဟြမ္အား ၿပဳံး႐ႊင္စြာၾကည့္လာၿပီး
"ခ်င့္ဟြမ္ မင္းအရင္ကထက္ ပိုသန္မာလာၿပီး ပိုဆြဲေဆာင္မႈပိုရွိလာတယ္"
ခ်င္က်န႔္သည္ ယြီခ်င့္ဟြမ္၏သတင္းမ်ားကို အထူးအာ႐ုံစိုက္ေနခဲ့တာေၾကာင့္ ကာစီႏိုတြင္ ယြီခ်င့္ဟြမ္ႏွင့္ေဟာ္ခြၽီ၏ လက္ခ်င္းတြဲထားသည့္ဓာတ္ပုံကိုလည္း ျမင္ေတြ႕ခဲ့ၿပီးျဖစ္သည္။သို႔ေပမယ့္ သူဟာ အြန္လိုင္းသုံးစြဲသူေတြလို မိုက္မဲႏုံအသူတေယာက္မဟုတ္ေပ။
ဒီလိုဆက္ဆံေရးကို သူခ်က္ခ်င္းနီးပါးမွန္းဆလိုက္နိင္ၿပီး သူ႔ႏွလုံးသားထဲတြင္ သတိေပးအခ်က္ျပသံမ်ားထြက္ေပၚလာ၏။ ထို႔ေၾကာင့္ သူတျခားေနရာမ်ားမွျပန္လာလာခ်င္း အိမ္သို႔ပင္မျပန္ႏိုင္ဘဲ ယြီခ်င့္ဟြမ္ရွိရာဆီ ေရာက္လာခဲ့ျခင္းပင္။
ယြီခ်င့္ဟြမ္ဆီကေန ညႇိ႔ယူဖမ္းစားခံထားရသလိုလို.. မဟုတ္လဲ သူဘာေတြလြဲမွားေနလဲ သူ႔ကိုယ္သူမသိေပ။ ရွင္းရွင္းေျပာရရင္ သူ ခ်င့္ဟြမ္အား မၾကာမၾကာမေတြ႕ရသလို သူ႔အားေကာင္းေကာင္းေတာင္မွ မသိေပ။သို႔ေပမယ့္ သူဘာမွမတက္ႏိုင္စြာ ထိုသူ႔ထံမွ ဆြဲငင္ခံေနရပါ၏။
သူ႔အတိတ္ဘဝတြင္ ယြီခ်င့္ဟြမ္ႏွင့္ ဆယ္ႏွစ္ဆယ္မိုးသိကြၽမ္းရင္းႏွီးခဲ့သည့္အလား ခံစားေနရၿပီး ထိုသူႏွင့္ ႏွလုံးသားခ်င္း စိတ္ဝိဉာဥ္ခ်င္း နီးစပ္ခ်င္မိသည္။
သူအရင္က ေရွ႕ဆက္မတိုးခဲ့သည့္အေၾကာင္းရင္းမွာ သူ႔တြင္ 100% ေသခ်ာေရရာမႈမရွိေသာေၾကာင့္ျဖစ္၏။ ခ်င့္ဟြမ္ကို စိတ္အေႏွာက္အယွက္ေပးမိၿပီး ခ်င့္ဟြမ္မွ သူ႔အား ေပြလီသူတစ္ေယာက္အျဖစ္ မွားယြင္းယူဆသြားမွာစိုးမိလို႔ပါပင္။
သို႔ေပမယ့္ကိစၥေတြက အခုေတာ့ျဖင့္မတူေတာ့ေပ။ သူ႔ခံစားခ်က္ေတြကိုထုတ္ေဖာ္မေျပာခဲ့ရင္ ယြီခ်င့္ဟြမ္ တျခားတစ္ေယာက္ေနာက္ ပါသြားႏိုင္ေလၿပီ။
ခ်င္က်န႔္မွာ အသက္ျပင္းျပင္းတခ်က္ရႉလိုက္ၿပီး ယြီခ်င့္ဟြမ္ရဲ႕ ေခ်ာေမာအျပစ္ကင္းစင္တဲ့ မ်က္ႏွာကိုငုံ႔ၾကည့္လိုက္ကာ သူ႔မ်က္ဝန္းေတြမွာ တျဖည္းျဖည္းႏူးညံ့သိမ္ေမြ႕လာ၏။
"ခ်င့္ဟြမ္၊ ႐ုတ္တရက္နည္းနည္းဆန္ေပမယ့္ မင္းကိုေျပာျပခ်င္မိေသးတယ္ ငါ..."
“မင္းကိုႀကိဳက္တယ္” ဟူေသာ စကားလုံးကို ေျပာမထုတ္ရေသးမီ လမ္းႏွစ္ဖက္ႏွစ္ခ်က္ရွိ မီးတိုင္မ်ားမွာ ႐ုတ္တရက္အေမွာင္က်သြားခဲ့သည္။အေဆာက္အအုံဝင္းတစ္ခုလုံး အေမွာင္ထုထဲ နစ္ျမဳပ္သြားေတာ့၏။
"ဘာျဖစ္သြားတာလဲ?"
ယြီခ်င့္ဟြမ္သည္ အေမွာင္ထုထဲ သူ႔မ်က္လုံးမ်ားအသားက်သြားတဲ့အထိ တစ္ခဏတာမွ် ေယာင္ေယာင္အမ္းအမ္း စိုက္ၾကည့္ေနမိၿပီးေနာက္ ခ်င္က်န႔္အားေျပာလိုက္သည္။
"ေတာင္းပန္ပါတယ္ က်န္႔ေကာ.. ဘာေျပာခ်င္လိုက္တာလဲ? ကြၽန္ေတာ့္အိမ္အရင္သြားရေအာင္.. လမ္းမီးတိုင္ေတြ ဒီည ဘာျဖစ္တယ္မသိဘူး”
ခက္ခက္ခဲခဲေမာင္းတင္ခဲ့ရေသာ ခ်င္က်န႔္၏သတၱိမ်ားသည္ လမ္းမီးတိုင္မ်ားကဲ့သို႔ မွိန္က်သြားခဲ့သည္။ သူဟာအနည္းငယ္ စိတ္ကသိကေအာက္ျဖစ္လာရၿပီး အႏွီအစုတ္ပလုတ္လမ္းမီးတိုင္မ်ားအား စိတ္ထဲကေန တိတ္တဆိတ္က်ိန္ဆဲေနပါ၏။
သို႔ေသာ္ ဤကိစၥမ်ိဳးႏွင့္ပတ္သက္၍ သူတို႔တက္ႏိုင္တာဘာမွမရွိေပ။ သူ႔ခံစားခ်က္ေတြကို ေနာက္တဖန္အစပ်ိဳးဖို႔သာ တက္ႏိုင္ေပသည္။ အေမွာင္ထုကိုအခြင့္ေကာင္းယူၿပီး သူဟာ ယြီခ်င့္ဟြမ္၏ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္ကိုင္ရန္ သတၱိရွိလာခဲ့သည္။
“ခ်င့္ဟြမ္ ငါ…”
ဤအေရးႀကီးေသာအခိုက္အတန႔္တြင္ အိမ္ယာဝင္းတစ္ခုလုံးရွိ လမ္းမီးတိုင္မ်ားမွာ တဖန္ျပန္လည္လင္းထိန္လာျပန္သည္။ ေတာက္ပေသာအလင္းတန္းမ်ားသည္ ခ်င္က်န႔္၏မ်က္လုံးမ်ားအား ကန္းလုမတတ္ျဖစ္သြားေစ၏။
ခ်င္က်န႔္ "... "
ဒီေသာက္က်ိဴးနည္း အိမ္ယာဝင္းက ဘာေတြျဖစ္ပ်က္ေနတာလဲဟ?
************
T/N >>> ေပါင္ေပ့တို႔ ဒီႏိုဗယ္လ္ေလးကို ကိုယ္ဖလိုင္းရင္းလိုင္းကေန ဘာသာျပန္တာပါ
ဟိုတေန႔ကမွ ဟိုရွာဒီရွာနဲ႔ ဂႏၵမာဂါးဒင္းက ဘာသာျပန္ထားတာ ေတြ႕လာတယ္ေရာ(⊙ȏ⊙)
အၿပီးထိေတာ့မျပန္ရေသးဘူး အပိုင္း ၅၀ေက်ာ္ေလာက္ပဲရွိဦးမယ္ ပါ့စ္ဝါ့ခံထားေတာ့ အထဲလည္း ဝင္ဖတ္မၾကည့္ရေသးဘူးရယ္
အားလုံးၿပီးသြားတဲ့တေန႔က်ရင္ ဂႏၶမာဂါးဒင္းကဟာနဲ႔ ျပန္တိုက္ၿပီး အေခ်ာကိုင္ေပးပါမယ္လို႔ ~~