Uni
ညစာအတွက် Jungkookက တာဝန်ယူပြီးချက်ပြုတ်သည်။ အိမ်ကိုခဏခဏအလည်မလာဖြစ်တာမလို့ မေမေကိုလည်းသေချာလေးချက်ကျွေးချင်တာကြောင့် သေချာလေးချက်ပြုတ်နေသည်။ အမေကတော့ ဘာဖြစ်ဖြစ်မကြိုက်တာနည်းတာမလို့ ဟင်းချက်ဖို့တွေးတဲ့အခါမှာ အရမ်းကြီးဦးနှောက်ခြောက်ပြီးတွေးစရာမလိုပင်။ အဓိကတွေးရတာက Kim Taehyungအတွက်။ အစားအသောက်ကို ဟိုဟာလည်းမစားချင်ဒီဟာလည်းမစားချင်နဲ့လေ။ ခုတော့ Taehyungကြိုက်လောက်မည့်အစားအစာကိုပဲရွေးပြီးချက်ထားသည်။မကြိုက်တဲ့အရာကိုချက်လိုက်မိရင် စိတ်ဆိုးနေတဲ့ကောင်ဆိုးလေးကို မီးလောင်ရာလေပင့်သလို ပိုပြီးစိတ်ဆိုးအောင်လုပ်မိသွားလိမ့်မည်။
"သားရေ.."
မီးဖိုချောင်ထဲမှာချက်ပြုတ်နေတုန်း အိမ်ရှေ့ဧည့်ခန်းက အမေ့ရဲ့ခေါ်သံကြောင့် အမေခိုင်းစရာရှိလို့လားဆိုပြီးထွက်လာလိုက်သည်။
"အမေ..သားကိုခေါ်တာ ဘာကိစ္စရှိလို့လဲ"
"အော်..Jinaလေးကို ညစာအတူစားဖို့သွားခေါ်လိုက်ပါ့လားလို့..."
"အမေရယ်..ထားလိုက်ပါဗျာ"
"သူ့မှာသားကိုခင်ရှာပါတယ်..သားနဲ့ရည်းစားမဟုတ်တော့တာတောင် သားကိုSeoulမှာအဆင်ပြေလားဆိုပြီး ခဏခဏမေးတာ..အမေ့ကိုလည်း ဂရုစိုက်ပေးတယ်ကွယ့်"
"အင်းပါ..အဲ့ဒါဆို သားချက်ပြုတ်ပြီးရင် သွားခေါ်လိုက်မယ်လေ"
အမေ့ရဲ့ဆန္ဒကို မလွန်ဆန်ချင်တာမလို့ Jinaကိုသွားခေါ်ဖို့သဘောတူလိုက်တာပင်။ ကိုယ့်ရဲ့သဘောအတိုင်းဆို သွားခေါ်ဖို့ဆိုတာဝေးလေစွ။ Jinaရဲ့အကျင့်ကို ၅နှစ်ကျော်တွဲခဲ့တဲ့ကိုယ်ကပိုသ်ိတာလေ။ Jinaရဲ့ စိတ်ဓာတ်ကိုလုံးဝသဘောမကျမိပါ။ ရည်းစားအဖြစ်ကနေပြတ်ဆဲသွားတာကလည်း သူ့ရဲ့စိတ်ဓာတ်ကြောင့်ပဲ။
အကုန်လုံးချက်ပြုတ်ပြင်ဆင်ပြီးတော့ Jinaကိုညစာစားခေါ်ဖို့ထွက်လာခဲ့လိုက်သည်။
--------
Taehyungမှာ မသိရင်တစ်ယောက်တည်းစိတ်ကောက်နေသလိုပင်။ အိပ်ခန်းမှာတစ်ယောက်တည်း ဟိုလှိမ့်လိုက်ဒီလှိမ့်လိုက်နဲ့ မောင်းထုတ်လိုက်တဲ့လူကများလာချော့မလားလို့ စောင့်မျှော်နေသော်လည်း အရိပ်အယောင်တောင်မမြင်ရ။ နေ့ခင်ကတည်းက လာမချော့တာ ညနေစောင်းလာတာတောင်လုံးဝကိုလာမချော့ဘဲပစ်ထားနိုင်တဲ့ ဆရာJungkookကိုပြဿနာရှာဖို့အခန်းထဲကထွက်လာလိုက်သည်။
အခန်းထဲကထွက်လာပြီး ကိုကို့ကိုလိုက်ရှာပေမဲ့မတွေ့တာမလို့ ကိုကို့အမေကိုလိုက်ရှာရသည်။ အိမ်ရှေ့က စားပွဲခုံမှာချည်ထိုင်ထိုးနေတဲ့ကိုကိုအမေက ချည်ထိုးရတာလည်းဝါသနာပါတယ်ထင်ပါရဲ့။
"မေမေ"
မေမေလို့သာပါးစပ်ကခေါ်လိုက်ရပေမဲ့ စိတ်ထဲနေရတာကမပြေပေ။ ပါးစပ်ကပဲကျင့်သားမရလို့ပဲများလားမသိ..နောက်ကျလို့ခေါ်ပါများရင်တော့ ပြေသွားမည်ထင်ပါတယ်။
"အော် Taehyungလေး..လာထိုင်လေ"
"ဟုတ်ကဲ့"
"မေမေ ဘာထိုးနေတာလဲ"
"ဒီတိုင်းပါပဲ စားပွဲခင်းလေးထိုးနေတာပါ"
ထိုးနေတဲ့လက်က သိုးမွေးအကွက်တွေကိုကြည့်ရတာ အနုစိတ်သေချာထိုးရမည့်ပုံပင်။ Taehyungလည်းအရင်ကထိုးတတ်ချင်လို့ သင်ခဲ့ဖို့လုပ်ပေမဲ့ နောက်ကျမလုပ်တတ်လို့လက်လျှော့လိုက်ရတာပင်။
"သားလည်း ထိုးဖို့လေ့လာသေးတယ်..ဒါပေမဲ့ ခက်လို့မသင်တော့တာ ဟီး"
"လွယ်ပါတယ်..Taehyungလေး သင်ချင်နောက်ကျသင်ပေးမယ်လေ"
"ဟုတ် "
ကိုကိုက အပြင်သွားတာများလားပဲ။ ခုထိအရိပ်အယောင်တောင်မတွေ့ရ။ အပြင်သွားတာတောင် အကြောင်းလာမကြားနိုင်တဲ့ကိုကို့ကို ပိုစိတ်ဆိုးပစ်ချင်မိပေမဲ့ စိတ်ဆိုးရမည့်ကိုကိုက ဘယ်ရောက်နေမှန်းမသိတာမလို့ စိတ်ဆိုးမရပြန်ပေ။ ကိုကိုဘယ်သွားတာလဲကိုတော့ ကိုကိုအမေသိမည်ထင်တာမလို့ ကိုကို့အမေကိုပဲမေးဖို့ဆုံးဖြတ်လိုက်တော့သည်။
"မေမေ..ဟိုဟာလေ..ကိုကိုကဘယ်သွားတာလဲဟင်"
"အော် ... Jinaဆီသွားတာလေ"
"ဗျာ၊? ကိုကို့ရည်းစားဟောင်းJinaလား"
"ဟုတ်တယ်လေ. သားကိုကိုနဲ့Jinaနဲ့က ဘာဇယားအရှုတ်အယှက်မရှိတော့ပါဘူး သားစိတ်ချလို့ရပါတယ်"
ကိုကိုက Jinaဆိုတဲ့ရည်းစားဟောင်းဆီကိုသွားတယ်ဆိုတာသိလိုက်ရတော့ နဂိုကတည်းက သဝန်တိုနေမိတဲ့မီးကပိုလို့တောင်လောင်မြိုက်လာသည်။ ရည်းစားဆိုတဲ့အကန့်တွေမရှိတော့တောင် သဝန်တိုတဲ့စိတ်ကိုတော့ထိန်းချုပ်လို့မရပေ။ လူဆိုတာကိုယ်ချစ်ရသူနဲ့ ချစ်ကြိုက်ဖူးခဲ့တဲ့လူကို အနည်းနဲ့အများတော့ သဝန်တိုတတ်ကြတာပဲလေ။ Taehyungလို ဆယ်ကျော်သက်အရွယ်အချစ်နဲ့စထိတွေ့ဖူးတဲ့ကောင်လေးက သဝန်တိုတယ်ဆိုတာကိုတော့ အပြစ်တင်ဖွယ်ရာမရှိပေ။ ငယ်ရွယ်ချိန်မှာတော့ အချစ်ကိုရုးသွပ်ဖူးကြတာပါပဲလေ။
ကိုကိုသာ ဘယ်သွားမယ်ဘယ်လာမယ်ဆိုတာပြောပြသွားရင်တောင် ခုလိုကြီးအရမ်းသဝန်တိုမည့်မယ်မထင်။ ကိုယ့်ကိုလည်းမပြောဘဲ ရည်းစားဟောင်းဆီသွားတွေ့တယ်ဆိုတဲ့အသိကြီးဟာ Taehyungမျက်လုံးအိမ်ကမျက်ရည်စက်ငယ်တစ်ချို့ကျဆင်းလာဖို့ အကြောင်းပြချက်ဖြစ်လာခဲ့သည်။ ကိုကို့ကို ဆုံးရှုံးဖို့ဆိုတာTaehyungမဖြစ်ချင်ဆုံးအရာတွေထဲက ထိပ်ဆုံးကပင်။ ဒီတိုင်းအားနည်းသူလိုသာ မျက်ရည်ကျနေရင် ဘာကိစ္စသွားလုပ်တာလဲ တိတိကျကျသိရမည်မဟုတ်တာမလို့ ကိုကိုသွားတဲ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
"မေမေ...ကိုကိုသွားတဲ့နေရာက အရမ်းဝေးလားဟင်..ဘယ်နားလေးလဲဟင့်"
"အယ် ..သားလေး ငိုနေတာလား"
"မဟုတ်ပါဘူးဟင့်..ကိုကိုသွားတဲ့နေရာလေးပြောပြပါ့လား"
"သားလိုက်သွားမလို့လား..အရမ်းမဝေးပါဘူး..ဒီသုံးလမ်းကျော်က ဆိုင်လေ..အဲ့ဆိုင်က Jinaဆိုင်..Jinaကသားမေမေရဲ့သူငယ်ချင်းလေ..သားသွားချင်ရင်လည်းလိုက်သွားပေါ့..ငိူမနေနဲ့နော်တိတ်တော့နော်"
"ဟုတ်ဟုတ်"
မေမေဆီက ပြောတဲ့အတိုင်း၃လမ်းကျော်လောက်ဆိုတော့ အရမ်းကြီးဝေးမည်မထင်တာမလို့ အမြန်ပြေးထွက်လာလိုက်သည်။ ညနေစောင်းနေဝင်ချိန်ဖြစ်သည့်အပြင် က်ိုကိုတို့နေတဲ့ရပ်ကွက်ကလူတိတ်တာမလို့ မသိစိတ်ကအလိုလိုခြောက်ခြားနေမိပြန်သည်။ ဆောင်းရာသီကာလကုန်ခါနီးနေတော့လည်း အအေးဒဏ်ကလျော့မသွားပေ။ နေဝင်ရိုးရီမှောင်ရီပြိုးလာတာနဲ့အမျှ အချမ်းဒဏ်က စတင်တိုးဝင်လာသည်။ ခုလိုဆောင်းရာသီကာလမှာ အနွေးထည်မပါဘဲ လမ်းမထက်လျှောက်နေရသည့်Taehyungမှာအေးလွန်းလို့ ချမ်းတုန်နေမိတယ်။ ကိုကို့အမေပြောတဲ့အတိုင်း ၃လမ်းကျော်လာပေမဲ့ စတိုးဆိုင်ဆိုတာကိုမတွေ့ရသေးပေ။ တစ်ဖက်လမ်းကလျှောက်လာသည့် လူအရိပ်တွေ့တာမလို့ အကူအညီလှမ်းတောင်းဖို့တွေးလိူက်သည်။
"ဟိုလေ တစ်ခုလောက်ကူညီပေးပါ့လားဗျ"
"အော် ဟုတ်ကဲ့...ဘာကူညီပေးရမလဲ"
အနားကိုကပ်ပြီး အကူအညီပေးဖိူ့ပြောလိုက်တော့ လှည့်ကြည့်လာတဲ့လူကအသက်၄၀ပတ်ဝန်းကျင်လူတစ်ယောက်ပင်။ အန္တရာယ်ပေးလောက်မည့်မဟုတ်လောက်..ဝတ်စားထားပုံကသေသေသပ်သပ်ရှိတာမလို့ စိတ်ချရမည်ထင်ပါရဲ့။ တခြားနယ်ကိုရောက်နေတာမလို့ အစစအရာရာကိုဂရုစိုက်ရမည််လေ။
"စတိုးဆိူင်ကဘယ်ဘက်မှာလဲဗျ "
"ဘယ်သူ့စတိုးဆိုင်လဲ"
"ဟို..ဆိုင်ပိုင်ရှင်က Jinaဆိူလားပဲ"
"အာ..နေရာလွဲလာပြီပဲ..Jinaဆိုင်က ဟိုဘက်ကိုသွားရမှာ...ဒီဘက်မှာမဟုတ်ဘူး "
"ဟုတ်လား..အဲ့လိုလား ပြောပြပေးလို့ ကျေးဇူးပါဗျ"
"ရပါတယ်..ချမ်းနေတယ်ထင်တယ်..ဒီမှာအနွေးအိတ်လေးယူသွားလိုက်နော်"
"အာဟုတ်ကဲ့ ကျေးဇူးပါဗျ"
ကူညီပေးတဲ့လူက သဘောကောင်းတဲ့လူလို့ပြောရမည်ပင်။ ချမ်းနေတာမြင်လို့ အနွေးအိတ်လေးတောင်ပေးလိုက်သေးသည်။ စိတ်ထဲကနေတကယ်ကို ကျေးဇူးတင်နေမိတာပင်။
လမ်းကလျှောက်ရမည်ကအဝေးကြီး။ ကိုကို့အမေက ပြောတာကို တောင်ဘက်လားမြောက်ဘက်လားသေချာမမေးမြန်းဘဲ စိတ်ထင်ရာလျှောက်လာခဲ့မိလိုက်တာ။ ခုတော့ နောင်တတောင်ရမိပါရဲ့။ အနွေးအိတ်လေးကို ကိုင်ပြီးဆောင်းရာသီအအေးဒဏ်ကိုအံတုကာ စတိုးဆိုင်ဆိုတဲ့နေရာကိုအရောက်သွားဖို့သာတွေးနေမိသည်။
တော်တော်လေးလမ်းလျှောက်လာပြီးမှာ စတိုးဆိုင်လေးထင်ရတဲ့နေရာကိုရောက်လာသည်။ စတိုးဆိုင်က မှန်နဲ့ကာထားတာမလို့ ဆိုင်အတွင်းထဲကိုအပြင်ဘက်ကအကုန်မြင်နေရတယ်။ ဆိုင်ထဲကိုသေချာကြည့်လိုက်တော့ ကိုကိုကCounterဘေးမှာရပ်ပြီးရယ်နေသည်။ Counterမှာထိုင်နေသည့်အမျိုးသမီးကပြောတဲ့စကားကို ကိုကိုကအားပါးတရကိုရယ်နေတော့တာပင်။ထိုအမျိုးသမီးက Jinaဆိုတဲ့ကိုကို့ရဲ့ရည်းစားဟောင်းဖြစ်မည်။ မေမေ့ရဲ့သူငယ်ချင်းဓာတ်ပုံတွေထဲမှာတောင် မြင်ဖူးတယ်။ ကိုယ်ကတော့ အေးကိုက်နေတဲ့ကြားကလိုက်ရှာနေခဲ့ရပေမဲ့ ကိုကိုကတော့ပြုံးပျော်နေသည်။ အဲ့ဒီအပြုံးကိုဖြစ်စေတဲ့လူက ကိုယ်မဟုတ်တဲ့လူဆိုတဲ့အသိကြီးက Taehyungစိတ်ကိုပိုပြီးမီးထိုးပေးနေသလို။ နောက်ဆုံးဆိုင်ထဲကိုခပ်တည်တည်မှန်မှန်သာအားတင်ပြီး ဝင်သွားလိုက်သည်။ ကိုကိုမဟုတ်တဲ့တခြားလူတစ်ယောက်ရှေ့မှာ အားနည်းတဲ့ပုံစံကိုမပြချင်ကြောင့်ပေ။
"ကိုကို"
"ဟင် Taehyung"
Jungkookအိမ်ကနေ ထွက်လာပြီးJinaဆိုင်ကိုရောက်လာတော့ Jinaက သူလည်းဆိုင်ပိတ်ဖို့သိပ်မလို့တော့တာမလို့ ခဏလောက်စောင့်ပေးဆိုလို့စောင့်ပေးရင်း စကားပြောနေတာပင်။ Jinaက ဟိုးအရင်က ကျောင်းတတ်တုန်းကအလွဲတွေကိုပြောနေတာမလို့ အတော်ကိုရယ်နေရသည်။ ရယ်နေတုန်း ကိုကိုဆိုတဲ့အသံလေးကြားလို့ လှည့်ကြည့်လိုက်တာတော့ ကောင်ဆိုးလေးTaehyungဖြစ်နေတယ်လေ။
ဘောင်းဘီတိုလေး အကျီလက်တ်ိုလေးနဲ့ အေးနေတဲ့အချိန်ကြီးမှာ အပြင်ကိုထွက်လာတဲ့ကောင်လေးမှာ ပါးလေးတွေတောင်နီရဲနေတဲ့အထိဖြစ်နေပြီပင်။ မျက်လုံးလေးကိုကြည့်လိုက်တော့ မျက်ရည်စတစ်ချို့ကိုမြင်လိုက်ရတာမလိူ့ ကောင်ဆိုးလေးကဝမ်းနည်းပြီးလိုက်လာမှန်းရိပ်မိလိုက်သည်။
"Taehyungဒီချိန်ကြီး..ဘာလို့လိုက်လာတာလဲ..အရမ်းအေးနေတာလေ ဝတ်ထားတဲ့အဝတ်အစားလေးကိုလည်းကြည့်အုံး။ နေမကောင်းဖြစ်သွားရင် စိတ်ပူရတဲ့လူက ကိုယ်ပဲလေ..ကိုယ်ကပြန်လာမှာပဲကို..အိမ်မှာပဲစောင့်နေပါ့လား"
"ကိုကိုက ကျွန်တော့်မှမပြောဘဲထွက်သွားတာလေ!..ခုဟာကရော စိတ်ပူပြီးလိုက်လာတဲ့လူကိုခင်ဗျားကဆူတာလား"
"အေးဟုတ်တယ်..မင်းလုပ်ပုံလည်း မင်းတွေးကြည့်အုံး..မင်းကျန်းမာရေးကိုမင်းဂရုမစိုက်မိဘူးလား ဟမ်"
"ကိုကို့ကို အဟင့်.. ကိုကို့ကိုစိတ်ပူလို့ပါ"
စိတ်ပူလို့လိုက်လာမိပေမဲ့ အချော့ခံမရတဲ့အပြင်စိတ်တိုပြီးအဆူခံရတာမလို့ နဂိုကထိန်းထားတဲ့မျက်ရည်များက တာကျိုးသလိုစီးကျလာတော့သည်။ မသိတဲ့လူရှေ့..ကိုကို့ရဲ့ရည်းစားဟောင်းရှေ့မှာအဆူခံရတာမလို့ ပိုဝမ်းနည်းမိသည်။
"ငိုနေတာလား.,Taehyung"
"မသိဘူးဗျာ...ခင်ဗျားကိုမုန်းတယ်အဟင့်"
စိတ်ထဲကအလွန်ဝမ်းနည်းလာတာမလို့ မုန်းတယ်လို့ပြောပြီးအပြင်ကိုပြေးထွက်လာမိသည်။ ဆိုင်အပြင်ကိုရောက်တာနဲ့ အအေးဒဏ်ကိုကျောရိုးထဲထိပါစိမ့်နေအောင်ခံစားရပေမဲ့ အအေးဒဏ်ထက်ဝမ်းနည်းခံစားရတဲ့ဒဏ်ကပိုပြင်းနေသည်။
Taehyungအနောက်ကနေ Jungkookအမှီလိုက်နေပေမဲ့ ကောင်လေးက ဘယ်ကိုပျောက်လို့ပျောက်သွားမှန်းမသိ။ ညဘက်ကြီးပျောက်သွားတာမလို့ ပိုစိတ်ပူနေမိသည်။ သေချာလိုက်ရှာရင်းနဲ့မှ ကစားကွင်းလေးထဲက ခုံလေးပေါ်မှာတစ်ရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးကိုတွေ့ရသည်။
"Taehyungလေး..လာအိမ်ပြန်ရအောင်နော်"
"ဟင့်မပြန်ဘူး"
"ကိုယ်တောင်းပန်ပါတယ်ကွာ .. ကိုယ်က Taehyungကိုစိတ်ပူလို့ဆူမိတာပါ.."
" ဟင့် ဒါပေမဲ့ ကိုကိုက ကိုကို့ရဲ့ရည်းစားဟောင်းကြီးရှေ့မှာ ဆူတာလေ အီးဟီး"
Jinaရှေ့မှာမလို့ အဆူခံရတာပိုဝမ်းနည်းသွားတာပါဆ်ိုပြီးအကျယ်ကြီးအော်ငိုတဲ့ကောင်လေးကို ရင်ခွင်ထဲထည့်ထားမိသည်။တစ်ရှုံရှုံ့နဲ့ငိုနေတဲ့ကောင်လေးကိုကြည့်ပြီး စိတ်မကောင်းပေ။ ချမ်းလွန်းလို့ကောင်လေးရဲ့ခန္ဓာကိုယ်က တုန်နေတဲ့အထိဖြစ်နေသည်။ ကိုယ့်အတွက် Taehyungခုလိုမျိုးခံစားရတာတဲ့အသိကပင် အပြစ်ရှိသလိုခံစားရအောင်လုပ်နေပြန်သည်။
"Taehyungလေး"
"ဟုတ်"
"ကိုယ်မှာ Taehyungပဲရှိတာ. အရင်ကအတိတ်တွေကကိစ္စတွေကို ကိုယ့်ခေါင်းထဲမှာတောင်မရှိတော့ဘူး..အတိတ်ကကိစ္စနဲ့ ပတ်သတ်လို့ စိတ်ဆိုးစိတ်ကောက်တာကို ကိုယ်ကမငြိုငြင်ဘူး..ကြိုက်သလောက်စိတ်ဆိုးရတယ်..ခုလိုမျိူး ကျန်းမာရေးထိခိုက်တာတွေမလုပ်မိစေနဲ့..ခုဆိုရင် ဒီလောက်အေးနေတာကို အနွေးထည်တောင်မပါဘဲထွက်လာတာလေ..ကိုယ်က Taehyungနေမကောင်းတာကို အရမ်းမုန်းတယ်ဆိုတာသိတယ်မလား"
"ဟုတ်"
ရင်ခွင်ထဲကနေ ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်ပြပြီးဟုတ်လို့ပြောလာတဲ့ကောင်လေးကို မြတ်နိုးရလွန်းလို့ဘယ်လိုလုပ်ရပါ့။
"Taehyung..ကိုယ့်ကိုကြည့်"
ရင်ခွင်ထဲခေါင်းလေးဖွက်နေတာမလို့ ခေါင်းလေးပေါ်လာဖို့ ပြောရသေးသည်။ မော့ကြည့်လာတဲ့မျက်လုံးတစ်စုံဟာ ညှို့အားပြင်းလှပါချည့်ရဲ့။ ပါးနှစ်ဖက်က အအေးဒဏ်ကြောင့်နီရဲနေသည်။ နှာသီးထိပ်လေးဟာလည်း မြတ်နိုးရတဲ့အငိူသန်လေးကငိုထားတာမလို့ စတော်ဘယ်ရီသီးလုံးလေးပြောင်းလုနီးပါးပင်။ နှုတ်ခမ်းတစ်စုံကိုအကြည့်ရောက်မိတော့ နီရဲနေတဲ့နှုတ်ခမ်းသားတစ်စူံဟာ ဆေးသားမကူပဲပန်းရောင်းသန်းနေသည်။ နှုတ်ခမ်းသားကိုကြည့်နေတုန်း နှုတ်ခမ်းကိုလျှာလေးနဲ့သပ်လိုက်တဲ့ကောင်လေးကြောင့် စိတ်အစဥ်ဟာထိန်းမရတော့ပေ။
နှုတ်ခမ်းသားနှစ်စုံထပ်တူကျသွားတဲ့အချိန်ဟာ ကမ္ဘာမြေကြီးရဲ့အချိန်ယန္တရားရပ်တန့်သွားသလို။ မထင်မှတ်ပဲအနမ်းခံလိုက်ရတဲ့ကောင်လေးက မျက်လုံးလေးဝိုင်းစက်သွားကာအံသြသွားတဲ့အထိ။ နှုတ်ခမ်းသားရဲ့အပေါ်ယံတစ်ဖန်အောက်တစ်ဖန်စုတ်ယူသိမ်းပိုက်နေတဲ့Jungkookရဲ့လှုပ်ရှားမှုတိုင်းမှာTaehyungဟာ ကျရှုံးပြီးရင် ကျရှုံးနေပါလေရဲ့။
အတော်အတန်ကြာနမ်းရှိုက်ပြီးချိန်မှာ အတွေ့အကြုံမရှိအမောမခံနိုင်တဲ့ကောင်လေးက အသက်ကိုမနည်းလုရှုနေသည်။ အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာလည်း..ဘာစကားဘာမှမပြောဘဲအရှက်ပိုနေတဲ့အရှက်သည်းနေတဲ့ကောင်လေးကြောင့် Jungkookဘက်ကလည်း ဘာမှပြန်မပြောတော့ပေ။
-----------
နောက်နေ့မနက်မှာ Taehyungအမေက ပြန်လာတော့ဆိုပြီးဖုန်းဆက်တာမလို့ ချက်ချင်းပြန်လာရသည်။ ဘာကိစ္စကြောင့်လည်းတော့မသိပေမဲ့ Jungkookစိတ်ထဲတော့ မတင်မကျခံစားချက်ကြီးရနေသည်။ Jinaရှုတ်လိုက်တဲ့ဇယားမဟုတ်ပါစေနဲ့လို့သာJungkookစိတ်ထဲဆုတောင်းနေမိသည်။
#bliawnk
Zawgyi
ညစာအတြက္ Jungkookက တာဝန္ယူၿပီးခ်က္ျပဳတ္သည္။ အိမ္ကိုခဏခဏအလည္မလာျဖစ္တာမလို႔ ေမေမကိုလည္းေသခ်ာေလးခ်က္ေကြၽးခ်င္တာေၾကာင့္ ေသခ်ာေလးခ်က္ျပဳတ္ေနသည္။ အေမကေတာ့ ဘာျဖစ္ျဖစ္မႀကိဳက္တာနည္းတာမလို႔ ဟင္းခ်က္ဖို႔ေတြးတဲ့အခါမွာ အရမ္းႀကီးဦးႏွောက္ေျခာက္ၿပီးေတြးစရာမလိုပင္။ အဓိကေတြးရတာက Kim Taehyungအတြက္။ အစားအေသာက္ကို ဟိုဟာလည္းမစားခ်င္ဒီဟာလည္းမစားခ်င္နဲ႕ေလ။ ခုေတာ့ Taehyungႀကိဳက္ေလာက္မည့္အစားအစာကိုပဲေ႐ြးၿပီးခ်က္ထားသည္။မႀကိဳက္တဲ့အရာကိုခ်က္လိုက္မိရင္ စိတ္ဆိုးေနတဲ့ေကာင္ဆိုးေလးကို မီးေလာင္ရာေလပင့္သလို ပိုၿပီးစိတ္ဆိုးေအာင္လုပ္မိသြားလိမ့္မည္။
"သားေရ.."
မီးဖိုေခ်ာင္ထဲမွာခ်က္ျပဳတ္ေနတုန္း အိမ္ေရွ႕ဧည့္ခန္းက အေမ့ရဲ႕ေခၚသံေၾကာင့္ အေမခိုင္းစရာရွိလို႔လားဆိုၿပီးထြက္လာလိုက္သည္။
"အေမ..သားကိုေခၚတာ ဘာကိစၥရွိလို႔လဲ"
"ေအာ္..Jinaေလးကို ညစာအတူစားဖို႔သြားေခၚလိုက္ပါ့လားလို႔..."
"အေမရယ္..ထားလိုက္ပါဗ်ာ"
"သူ႕မွာသားကိုခင္ရွာပါတယ္..သားနဲ႕ရည္းစားမဟုတ္ေတာ့တာေတာင္ သားကိုSeoulမွာအဆင္ေျပလားဆိုၿပီး ခဏခဏေမးတာ..အေမ့ကိုလည္း ဂ႐ုစိုက္ေပးတယ္ကြယ့္"
"အင္းပါ..အဲ့ဒါဆို သားခ်က္ျပဳတ္ၿပီးရင္ သြားေခၚလိုက္မယ္ေလ"
အေမ့ရဲ႕ဆႏၵကို မလြန္ဆန္ခ်င္တာမလို႔ Jinaကိုသြားေခၚဖို႔သေဘာတူလိုက္တာပင္။ ကိုယ့္ရဲ႕သေဘာအတိုင္းဆို သြားေခၚဖို႔ဆိုတာေဝးေလစြ။ Jinaရဲ႕အက်င့္ကို ၅ႏွစ္ေက်ာ္တြဲခဲ့တဲ့ကိုယ္ကပိုသ္ိတာေလ။ Jinaရဲ႕ စိတ္ဓာတ္ကိုလုံးဝသေဘာမက်မိပါ။ ရည္းစားအျဖစ္ကေနျပတ္ဆဲသြားတာကလည္း သူ႕ရဲ႕စိတ္ဓာတ္ေၾကာင့္ပဲ။
အကုန္လုံးခ်က္ျပဳတ္ျပင္ဆင္ၿပီးေတာ့ Jinaကိုညစာစားေခၚဖို႔ထြက္လာခဲ့လိုက္သည္။
--------
Taehyungမွာ မသိရင္တစ္ေယာက္တည္းစိတ္ေကာက္ေနသလိုပင္။ အိပ္ခန္းမွာတစ္ေယာက္တည္း ဟိုလွိမ့္လိုက္ဒီလွိမ့္လိုက္နဲ႕ ေမာင္းထုတ္လိုက္တဲ့လူကမ်ားလာေခ်ာ့မလားလို႔ ေစာင့္ေမွ်ာ္ေနေသာ္လည္း အရိပ္အေယာင္ေတာင္မျမင္ရ။ ေန႕ခင္ကတည္းက လာမေခ်ာ့တာ ညေနေစာင္းလာတာေတာင္လုံးဝကိုလာမေခ်ာ့ဘဲပစ္ထားနိုင္တဲ့ ဆရာJungkookကိုျပႆနာရွာဖို႔အခန္းထဲကထြက္လာလိုက္သည္။
အခန္းထဲကထြက္လာၿပီး ကိုကို႔ကိုလိုက္ရွာေပမဲ့မေတြ႕တာမလို႔ ကိုကို႔အေမကိုလိုက္ရွာရသည္။ အိမ္ေရွ႕က စားပြဲခုံမွာခ်ည္ထိုင္ထိုးေနတဲ့ကိုကိုအေမက ခ်ည္ထိုးရတာလည္းဝါသနာပါတယ္ထင္ပါရဲ႕။
"ေမေမ"
ေမေမလို႔သာပါးစပ္ကေခၚလိုက္ရေပမဲ့ စိတ္ထဲေနရတာကမေျပေပ။ ပါးစပ္ကပဲက်င့္သားမရလို႔ပဲမ်ားလားမသိ..ေနာက္က်လိဳ႕ေခၚပါမ်ားရင္ေတာ့ ေျပသြားမည္ထင္ပါတယ္။
"ေအာ္ Taehyungေလး..လာထိုင္ေလ"
"ဟုတ္ကဲ့"
"ေမေမ ဘာထိုးေနတာလဲ"
"ဒီတိုင္းပါပဲ စားပြဲခင္းေလးထိုးေနတာပါ"
ထိုးေနတဲ့လက္က သိုးေမြးအကြက္ေတြကိုၾကည့္ရတာ အႏုစိတ္ေသခ်ာထိုးရမည့္ပုံပင္။ Taehyungလည္းအရင္ကထိုးတတ္ခ်င္လို႔ သင္ခဲ့ဖို႔လုပ္ေပမဲ့ ေနာက္က်မလုပ္တတ္လို႔လက္ေလွ်ာ့လိုက္ရတာပင္။
"သားလည္း ထိုးဖို႔ေလ့လာေသးတယ္..ဒါေပမဲ့ ခက္လို႔မသင္ေတာ့တာ ဟီး"
"လြယ္ပါတယ္..Taehyungေလး သင္ခ်င္ေနာက္က်သင္ေပးမယ္ေလ"
"ဟုတ္ "
ကိုကိုက အျပင္သြားတာမ်ားလားပဲ။ ခုထိအရိပ္အေယာင္ေတာင္မေတြ႕ရ။ အျပင္သြားတာေတာင္ အေၾကာင္းလာမၾကားနိုင္တဲ့ကိုကို႔ကို ပိုစိတ္ဆိုးပစ္ခ်င္မိေပမဲ့ စိတ္ဆိုးရမည့္ကိုကိုက ဘယ္ေရာက္ေနမွန္းမသိတာမလို႔ စိတ္ဆိုးမရျပန္ေပ။ ကိုကိုဘယ္သြားတာလဲကိုေတာ့ ကိုကိုအေမသိမည္ထင္တာမလို႔ ကိုကို႔အေမကိုပဲေမးဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
"ေမေမ..ဟိုဟာေလ..ကိုကိုကဘယ္သြားတာလဲဟင္"
"ေအာ္ ... Jinaဆီသြားတာေလ"
"ဗ်ာ၊? ကိုကို႔ရည္းစားေဟာင္းJinaလား"
"ဟုတ္တယ္ေလ. သားကိုကိုနဲ႕Jinaနဲ႕က ဘာဇယားအရႈတ္အယွက္မရွိေတာ့ပါဘူး သားစိတ္ခ်လိဳ႕ရပါတယ္"
ကိုကိုက Jinaဆိုတဲ့ရည္းစားေဟာင္းဆီကိုသြားတယ္ဆိုတာသိလိုက္ရေတာ့ နဂိုကတည္းက သဝန္တိုေနမိတဲ့မီးကပိုလို႔ေတာင္ေလာင္ၿမိဳက္လာသည္။ ရည္းစားဆိုတဲ့အကန့္ေတြမရွိေတာ့ေတာင္ သဝန္တိုတဲ့စိတ္ကိုေတာ့ထိန္းခ်ဳပ္လို႔မရေပ။ လူဆိုတာကိုယ္ခ်စ္ရသူနဲ႕ ခ်စ္ႀကိဳက္ဖူးခဲ့တဲ့လူကို အနည္းနဲ႕အမ်ားေတာ့ သဝန္တိုတတ္ၾကတာပဲေလ။ Taehyungလို ဆယ္ေက်ာ္သက္အ႐ြယ္အခ်စ္နဲ႕စထိေတြ႕ဖူးတဲ့ေကာင္ေလးက သဝန္တိုတယ္ဆိုတာကိုေတာ့ အျပစ္တင္ဖြယ္ရာမရွိေပ။ ငယ္႐ြယ္ခ်ိန္မွာေတာ့ အခ်စ္ကို႐ုးသြပ္ဖူးၾကတာပါပဲေလ။
ကိုကိုသာ ဘယ္သြားမယ္ဘယ္လာမယ္ဆိုတာေျပာျပသြားရင္ေတာင္ ခုလိုႀကီးအရမ္းသဝန္တိုမည့္မယ္မထင္။ ကိုယ့္ကိုလည္းမေျပာဘဲ ရည္းစားေဟာင္းဆီသြားေတြ႕တယ္ဆိုတဲ့အသိႀကီးဟာ Taehyungမ်က္လုံးအိမ္ကမ်က္ရည္စက္ငယ္တစ္ခ်ိဳ႕က်ဆင္းလာဖို႔ အေၾကာင္းျပခ်က္ျဖစ္လာခဲ့သည္။ ကိုကို႔ကို ဆုံးရႈံးဖို႔ဆိုတာTaehyungမျဖစ္ခ်င္ဆုံးအရာေတြထဲက ထိပ္ဆုံးကပင္။ ဒီတိုင္းအားနည္းသူလိုသာ မ်က္ရည္က်ေနရင္ ဘာကိစၥသြားလုပ္တာလဲ တိတိက်က်သိရမည္မဟုတ္တာမလို႔ ကိုကိုသြားတဲ့ေနာက္ကိုလိုက္သြားဖို႔ဆုံးျဖတ္လိုက္တယ္။
"ေမေမ...ကိုကိုသြားတဲ့ေနရာက အရမ္းေဝးလားဟင္..ဘယ္နားေလးလဲဟင့္"
"အယ္ ..သားေလး ငိုေနတာလား"
"မဟုတ္ပါဘူးဟင့္..ကိုကိုသြားတဲ့ေနရာေလးေျပာျပပါ့လား"
"သားလိုက္သြားမလို႔လား..အရမ္းမေဝးပါဘူး..ဒီသုံးလမ္းေက်ာ္က ဆိုင္ေလ..အဲ့ဆိုင္က Jinaဆိုင္..Jinaကသားေမေမရဲ႕သူငယ္ခ်င္းေလ..သားသြားခ်င္ရင္လည္းလိုက္သြားေပါ့..ငိူမေနနဲ႕ေနာ္တိတ္ေတာ့ေနာ္"
"ဟုတ္ဟုတ္"
ေမေမဆီက ေျပာတဲ့အတိုင္း၃လမ္းေက်ာ္ေလာက္ဆိုေတာ့ အရမ္းႀကီးေဝးမည္မထင္တာမလို႔ အျမန္ေျပးထြက္လာလိုက္သည္။ ညေနေစာင္းေနဝင္ခ်ိန္ျဖစ္သည့္အျပင္ က္ိုကိုတို႔ေနတဲ့ရပ္ကြက္ကလူတိတ္တာမလို႔ မသိစိတ္ကအလိုလိုေျခာက္ျခားေနမိျပန္သည္။ ေဆာင္းရာသီကာလကုန္ခါနီးေနေတာ့လည္း အေအးဒဏ္ကေလ်ာ့မသြားေပ။ ေနဝင္ရိုးရီေမွာင္ရီၿပိဳးလာတာနဲ႕အမွ် အခ်မ္းဒဏ္က စတင္တိုးဝင္လာသည္။ ခုလိုေဆာင္းရာသီကာလမွာ အႏြေးထည္မပါဘဲ လမ္းမထက္ေလွ်ာက္ေနရသည့္Taehyungမွာေအးလြန္းလို႔ ခ်မ္းတုန္ေနမိတယ္။ ကိုကို႔အေမေျပာတဲ့အတိုင္း ၃လမ္းေက်ာ္လာေပမဲ့ စတိုးဆိုင္ဆိုတာကိုမေတြ႕ရေသးေပ။ တစ္ဖက္လမ္းကေလွ်ာက္လာသည့္ လူအရိပ္ေတြ႕တာမလို႔ အကူအညီလွမ္းေတာင္းဖို႔ေတြးလိူက္သည္။
"ဟိုေလ တစ္ခုေလာက္ကူညီေပးပါ့လားဗ်"
"ေအာ္ ဟုတ္ကဲ့...ဘာကူညီေပးရမလဲ"
အနားကိုကပ္ၿပီး အကူအညီေပးဖိူ႕ေျပာလိုက္ေတာ့ လွည့္ၾကည့္လာတဲ့လူကအသက္၄၀ပတ္ဝန္းက်င္လူတစ္ေယာက္ပင္။ အႏၱရာယ္ေပးေလာက္မည့္မဟုတ္ေလာက္..ဝတ္စားထားပုံကေသေသသပ္သပ္ရွိတာမလို႔ စိတ္ခ်ရမည္ထင္ပါရဲ႕။ တျခားနယ္ကိုေရာက္ေနတာမလို႔ အစစအရာရာကိုဂ႐ုစိုက္ရမည္္ေလ။
"စတိုးဆိူင္ကဘယ္ဘက္မွာလဲဗ် "
"ဘယ္သူ႕စတိုးဆိုင္လဲ"
"ဟို..ဆိုင္ပိုင္ရွင္က Jinaဆိူလားပဲ"
"အာ..ေနရာလြဲလာၿပီပဲ..Jinaဆိုင္က ဟိုဘက္ကိုသြားရမွာ...ဒီဘက္မွာမဟုတ္ဘူး "
"ဟုတ္လား..အဲ့လိုလား ေျပာျပေပးလို႔ ေက်းဇူးပါဗ်"
"ရပါတယ္..ခ်မ္းေနတယ္ထင္တယ္..ဒီမွာအႏြေးအိတ္ေလးယူသြားလိုက္ေနာ္"
"အာဟုတ္ကဲ့ ေက်းဇူးပါဗ်"
ကူညီေပးတဲ့လူက သေဘာေကာင္းတဲ့လူလို႔ေျပာရမည္ပင္။ ခ်မ္းေနတာျမင္လို႔ အႏြေးအိတ္ေလးေတာင္ေပးလိုက္ေသးသည္။ စိတ္ထဲကေနတကယ္ကို ေက်းဇူးတင္ေနမိတာပင္။
လမ္းကေလွ်ာက္ရမည္ကအေဝးႀကီး။ ကိုကို႔အေမက ေျပာတာကို ေတာင္ဘက္လားေျမာက္ဘက္လားေသခ်ာမေမးျမန္းဘဲ စိတ္ထင္ရာေလွ်ာက္လာခဲ့မိလိုက္တာ။ ခုေတာ့ ေနာင္တေတာင္ရမိပါရဲ႕။ အႏြေးအိတ္ေလးကို ကိုင္ၿပီးေဆာင္းရာသီအေအးဒဏ္ကိုအံတုကာ စတိုးဆိုင္ဆိုတဲ့ေနရာကိုအေရာက္သြားဖို႔သာေတြးေနမိသည္။
ေတာ္ေတာ္ေလးလမ္းေလွ်ာက္လာၿပီးမွာ စတိုးဆိုင္ေလးထင္ရတဲ့ေနရာကိုေရာက္လာသည္။ စတိုးဆိုင္က မွန္နဲ႕ကာထားတာမလို႔ ဆိုင္အတြင္းထဲကိုအျပင္ဘက္ကအကုန္ျမင္ေနရတယ္။ ဆိုင္ထဲကိုေသခ်ာၾကည့္လိုက္ေတာ့ ကိုကိုကCounterေဘးမွာရပ္ၿပီးရယ္ေနသည္။ Counterမွာထိုင္ေနသည့္အမ်ိဳးသမီးကေျပာတဲ့စကားကို ကိုကိုကအားပါးတရကိုရယ္ေနေတာ့တာပင္။ထိုအမ်ိဳးသမီးက Jinaဆိုတဲ့ကိုကို႔ရဲ႕ရည္းစားေဟာင္းျဖစ္မည္။ ေမေမ့ရဲ႕သူငယ္ခ်င္းဓာတ္ပုံေတြထဲမွာေတာင္ ျမင္ဖူးတယ္။ ကိုယ္ကေတာ့ ေအးကိုက္ေနတဲ့ၾကားကလိုက္ရွာေနခဲ့ရေပမဲ့ ကိုကိုကေတာ့ၿပဳံးေပ်ာ္ေနသည္။ အဲ့ဒီအၿပဳံးကိုျဖစ္ေစတဲ့လူက ကိုယ္မဟုတ္တဲ့လူဆိုတဲ့အသိႀကီးက Taehyungစိတ္ကိုပိုၿပီးမီးထိုးေပးေနသလို။ ေနာက္ဆုံးဆိုင္ထဲကိုခပ္တည္တည္မွန္မွန္သာအားတင္ၿပီး ဝင္သြားလိုက္သည္။ ကိုကိုမဟုတ္တဲ့တျခားလူတစ္ေယာက္ေရွ႕မွာ အားနည္းတဲ့ပုံစံကိုမျပခ်င္ေၾကာင့္ေပ။
"ကိုကို"
"ဟင္ Taehyung"
Jungkookအိမ္ကေန ထြက္လာၿပီးJinaဆိုင္ကိုေရာက္လာေတာ့ Jinaက သူလည္းဆိုင္ပိတ္ဖို႔သိပ္မလို႔ေတာ့တာမလို႔ ခဏေလာက္ေစာင့္ေပးဆိုလို႔ေစာင့္ေပးရင္း စကားေျပာေနတာပင္။ Jinaက ဟိုးအရင္က ေက်ာင္းတတ္တုန္းကအလြဲေတြကိုေျပာေနတာမလို႔ အေတာ္ကိုရယ္ေနရသည္။ ရယ္ေနတုန္း ကိုကိုဆိုတဲ့အသံေလးၾကားလို႔ လွည့္ၾကည့္လိုက္တာေတာ့ ေကာင္ဆိုးေလးTaehyungျဖစ္ေနတယ္ေလ။
ေဘာင္းဘီတိုေလး အက်ီလက္တ္ိုေလးနဲ႕ ေအးေနတဲ့အခ်ိန္ႀကီးမွာ အျပင္ကိုထြက္လာတဲ့ေကာင္ေလးမွာ ပါးေလးေတြေတာင္နီရဲေနတဲ့အထိျဖစ္ေနၿပီပင္။ မ်က္လုံးေလးကိုၾကည့္လိုက္ေတာ့ မ်က္ရည္စတစ္ခ်ိဳ႕ကိုျမင္လိုက္ရတာမလိူ႕ ေကာင္ဆိုးေလးကဝမ္းနည္းၿပီးလိုက္လာမွန္းရိပ္မိလိုက္သည္။
"Taehyungဒီခ်ိန္ႀကီး..ဘာလို႔လိုက္လာတာလဲ..အရမ္းေအးေနတာေလ ဝတ္ထားတဲ့အဝတ္အစားေလးကိုလည္းၾကည့္အုံး။ ေနမေကာင္းျဖစ္သြားရင္ စိတ္ပူရတဲ့လူက ကိုယ္ပဲေလ..ကိုယ္ကျပန္လာမွာပဲကို..အိမ္မွာပဲေစာင့္ေနပါ့လား"
"ကိုကိုက ကြၽန္ေတာ့္မွမေျပာဘဲထြက္သြားတာေလ!..ခုဟာကေရာ စိတ္ပူၿပီးလိုက္လာတဲ့လူကိုခင္ဗ်ားကဆူတာလား"
"ေအးဟုတ္တယ္..မင္းလုပ္ပုံလည္း မင္းေတြးၾကည့္အုံး..မင္းက်န္းမာေရးကိုမင္းဂ႐ုမစိုက္မိဘူးလား ဟမ္"
"ကိုကို႔ကို အဟင့္.. ကိုကို႔ကိုစိတ္ပူလို႔ပါ"
စိတ္ပူလို႔လိုက္လာမိေပမဲ့ အေခ်ာ့ခံမရတဲ့အျပင္စိတ္တိုၿပီးအဆူခံရတာမလို႔ နဂိုကထိန္းထားတဲ့မ်က္ရည္မ်ားက တာက်ိဳးသလိုစီးက်လာေတာ့သည္။ မသိတဲ့လူေရွ႕..ကိုကို႔ရဲ႕ရည္းစားေဟာင္းေရွ႕မွာအဆူခံရတာမလို႔ ပိုဝမ္းနည္းမိသည္။
"ငိုေနတာလား.,Taehyung"
"မသိဘူးဗ်ာ...ခင္ဗ်ားကိုမုန္းတယ္အဟင့္"
စိတ္ထဲကအလြန္ဝမ္းနည္းလာတာမလို႔ မုန္းတယ္လို႔ေျပာၿပီးအျပင္ကိုေျပးထြက္လာမိသည္။ ဆိုင္အျပင္ကိုေရာက္တာနဲ႕ အေအးဒဏ္ကိုေက်ာရိုးထဲထိပါစိမ့္ေနေအာင္ခံစားရေပမဲ့ အေအးဒဏ္ထက္ဝမ္းနည္းခံစားရတဲ့ဒဏ္ကပိုျပင္းေနသည္။
Taehyungအေနာက္ကေန Jungkookအမွီလိုက္ေနေပမဲ့ ေကာင္ေလးက ဘယ္ကိုေပ်ာက္လို႔ေပ်ာက္သြားမွန္းမသိ။ ညဘက္ႀကီးေပ်ာက္သြားတာမလို႔ ပိုစိတ္ပူေနမိသည္။ ေသခ်ာလိုက္ရွာရင္းနဲ႕မွ ကစားကြင္းေလးထဲက ခုံေလးေပၚမွာတစ္ရႈံ႕ရႈံ႕ငိုေနတဲ့ေကာင္ေလးကိုေတြ႕ရသည္။
"Taehyungေလး..လာအိမ္ျပန္ရေအာင္ေနာ္"
"ဟင့္မျပန္ဘူး"
"ကိုယ္ေတာင္းပန္ပါတယ္ကြာ .. ကိုယ္က Taehyungကိုစိတ္ပူလို႔ဆူမိတာပါ.."
" ဟင့္ ဒါေပမဲ့ ကိုကိုက ကိုကို႔ရဲ႕ရည္းစားေဟာင္းႀကီးေရွ႕မွာ ဆူတာေလ အီးဟီး"
Jinaေရွ႕မွာမလို႔ အဆူခံရတာပိုဝမ္းနည္းသြားတာပါဆ္ိုၿပီးအက်ယ္ႀကီးေအာ္ငိုတဲ့ေကာင္ေလးကို ရင္ခြင္ထဲထည့္ထားမိသည္။တစ္ရႈံရႈံ႕နဲ႕ငိုေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး စိတ္မေကာင္းေပ။ ခ်မ္းလြန္းလို႔ေကာင္ေလးရဲ႕ခႏၶာကိုယ္က တုန္ေနတဲ့အထိျဖစ္ေနသည္။ ကိုယ့္အတြက္ Taehyungခုလိုမ်ိဳးခံစားရတာတဲ့အသိကပင္ အျပစ္ရွိသလိုခံစားရေအာင္လုပ္ေနျပန္သည္။
"Taehyungေလး"
"ဟုတ္"
"ကိုယ္မွာ Taehyungပဲရွိတာ. အရင္ကအတိတ္ေတြကကိစၥေတြကို ကိုယ့္ေခါင္းထဲမွာေတာင္မရွိေတာ့ဘူး..အတိတ္ကကိစၥနဲ႕ ပတ္သတ္လို႔ စိတ္ဆိုးစိတ္ေကာက္တာကို ကိုယ္ကမၿငိဳျငင္ဘူး..ႀကိဳက္သေလာက္စိတ္ဆိုးရတယ္..ခုလိုမ်ိဴး က်န္းမာေရးထိခိုက္တာေတြမလုပ္မိေစနဲ႕..ခုဆိုရင္ ဒီေလာက္ေအးေနတာကို အႏြေးထည္ေတာင္မပါဘဲထြက္လာတာေလ..ကိုယ္က Taehyungေနမေကာင္းတာကို အရမ္းမုန္းတယ္ဆိုတာသိတယ္မလား"
"ဟုတ္"
ရင္ခြင္ထဲကေန ေခါင္းေလးတစ္ဆတ္ဆတ္ၿငိမ့္ျပၿပီးဟုတ္လို႔ေျပာလာတဲ့ေကာင္ေလးကို ျမတ္နိုးရလြန္းလို႔ဘယ္လိုလုပ္ရပါ့။
"Taehyung..ကိုယ့္ကိုၾကည့္"
ရင္ခြင္ထဲေခါင္းေလးဖြက္ေနတာမလို႔ ေခါင္းေလးေပၚလာဖို႔ ေျပာရေသးသည္။ ေမာ့ၾကည့္လာတဲ့မ်က္လုံးတစ္စုံဟာ ညွို႔အားျပင္းလွပါခ်ည့္ရဲ႕။ ပါးႏွစ္ဖက္က အေအးဒဏ္ေၾကာင့္နီရဲေနသည္။ ႏွာသီးထိပ္ေလးဟာလည္း ျမတ္နိုးရတဲ့အငိူသန္ေလးကငိုထားတာမလို႔ စေတာ္ဘယ္ရီသီးလုံးေလးေျပာင္းလုနီးပါးပင္။ ႏႈတ္ခမ္းတစ္စုံကိုအၾကည့္ေရာက္မိေတာ့ နီရဲေနတဲ့ႏႈတ္ခမ္းသားတစ္စူံဟာ ေဆးသားမကူပဲပန္းေရာင္းသန္းေနသည္။ ႏႈတ္ခမ္းသားကိုၾကည့္ေနတုန္း ႏႈတ္ခမ္းကိုလွ်ာေလးနဲ႕သပ္လိုက္တဲ့ေကာင္ေလးေၾကာင့္ စိတ္အစဥ္ဟာထိန္းမရေတာ့ေပ။
ႏႈတ္ခမ္းသားႏွစ္စုံထပ္တူက်သြားတဲ့အခ်ိန္ဟာ ကမၻာေျမႀကီးရဲ႕အခ်ိန္ယႏၱရားရပ္တန့္သြားသလို။ မထင္မွတ္ပဲအနမ္းခံလိုက္ရတဲ့ေကာင္ေလးက မ်က္လုံးေလးဝိုင္းစက္သြားကာအံၾသသြားတဲ့အထိ။ ႏႈတ္ခမ္းသားရဲ႕အေပၚယံတစ္ဖန္ေအာက္တစ္ဖန္စုတ္ယူသိမ္းပိုက္ေနတဲ့Jungkookရဲ႕လႈပ္ရွားမႈတိုင္းမွာTaehyungဟာ က်ရႈံးၿပီးရင္ က်ရႈံးေနပါေလရဲ႕။
အေတာ္အတန္ၾကာနမ္းရွိုက္ၿပီးခ်ိန္မွာ အေတြ႕အႀကဳံမရွိအေမာမခံနိုင္တဲ့ေကာင္ေလးက အသက္ကိုမနည္းလုရႈေနသည္။ အိမ္ျပန္လာတဲ့လမ္းတစ္ေလွ်ာက္လုံးမွာလည္း..ဘာစကားဘာမွမေျပာဘဲအရွက္ပိုေနတဲ့အရွက္သည္းေနတဲ့ေကာင္ေလးေၾကာင့္ Jungkookဘက္ကလည္း ဘာမွျပန္မေျပာေတာ့ေပ။
-----------
ေနာက္ေန႕မနက္မွာ Taehyungအေမက ျပန္လာေတာ့ဆိုၿပီးဖုန္းဆက္တာမလို႔ ခ်က္ခ်င္းျပန္လာရသည္။ ဘာကိစၥေၾကာင့္လည္းေတာ့မသိေပမဲ့ Jungkookစိတ္ထဲေတာ့ မတင္မက်ခံစားခ်က္ႀကီးရေနသည္။ Jinaရႈတ္လိုက္တဲ့ဇယားမဟုတ္ပါေစနဲ႕လို႔သာJungkookစိတ္ထဲဆုေတာင္းေနမိသည္။
#bliawnk