ဂျက်ဖရီက အသွင်ပြောင်းသွားသော ယုန်လေးကို ကြည့်ပြီး တစ်ခစ်ခစ်ရယ်နေသည်မှာ အရယ်မရပ်သေးသည်အထိပင်။
" ဂျက်ဖရီ တော်လောက်ပြီ ''
ယုန်လေးက သမန်းကျားတို့ရဲ့အိမ်ရှေ့စံလေးကို မျက်လုံးတွေပြူးကာ သွားနှစ်ချောင်းအရှေ့ကို ခေါပြပြီး အော်လိုက်သည်မှာ ပိုမိုပြီး အသည်းယားစဖွယ်ကောင်းလှသည်။
" ဂျက်ဖရီ ''
" ဟုတ်ပြီ.. ဟုတ်ပြီ ကိုယ်မရယ်တော့ပါဘူး အသေးလေးရဲ့ ''
" မင်းဘိုးအေကြီးကို အသေးလေးပါလား''
" ကိုယ့်ညီမလေးရဲ့ မင်္ဂလာပွဲကို တက်ပေးနိုင်မလား..ကိုယ်နဲ့အတူတူလေ ''
ဂျက်ဖရီရဲ့စကားအဆုံးမှာ ဘန်က လူပုံစံပြန်ပြောင်းလိုက်ပြီး ထိုသမန်းကျား၏ပေါင်ပေါ်မှာ တက်ထိုင်လိုက်သည်။
" ဒါလင်တို့မျိုးနွယ်နဲ့ ဟန်နီက အဆင်မပြေလောက်ဘူး ထင်တယ် ၊ ဟန်နီက ဒါလင်တို့လိုအသားစားသတ္တဝာကြီးတွေအတွက် သာမန်အစားအစာလေးမဟုတ်လား ''
" ဒါပေမယ့် စိတ်ချလို့ရတယ် ဟန်နီ.. ဒါလင်တစ်ယောက်ပဲ ဟန်နီကို စားမှာ.. ကျန်တဲ့သူတွေက ဟန်နီကို စားဖို့မပြောနဲ့ မော့တောင် မကြည့်ဝံ့စေရဘူး ''
ဂျက်ဖရီက လေသံပျော့ပျော့နဲ့ ချော့မြူပြောဆိုကာ ဘန်ရဲ့ဆံပင်အိအိလေးကို ပွတ်သပ်ပေးနေသေးသည်။
" ဂျက်ဖရီ.. ဘာလို့ ဒီလိုတွေလုပ်နေတာလဲ ..ကျွန်တော်က သာမန်ယုန်ငယ်လေးပါ ''
" မင်းဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အတွက် ကိစ္စမရှိပါဘူး.. ''
လိုချင်တဲ့အဖြေစကားဆီရောက်ရန် လက်တကမ်းပဲ လိုတော့တာမို့ ဂျက်ဖရီကို ဘန်က ထပ်မံ၍ ခပ်နွဲ့နွဲ့လေး ချွဲပြီး မေးလိုက်သည် ။
" ဘာကြောင့်လဲ.. ဘာကြောင့် အဲ့လိုတွေးနိုင်ရတာလဲ ''
" ကိုယ်.. မင်းလေးကို မြတ်နိုးတယ် ဘန် ''
" ဂျက်...ဂျက်ဖရီ နောက်နေတာလား ၊ ဒါကနောက်စရာကိစ္စမဟုတ်ဘူးနော် ''
လက်တွေ့ကြားလိုက်ရပြန်တော့ ဘန့်အနေနဲ့ အပျော်လုံးစို့ပြီး စကားတွေတောင် ထစ်သွားရသည်။
" ကိုယ်မနောက်ပါဘူး ကိုယ်အတည်ပြောနေတာ.. ကိုယ့်အပေါ်မှာ မင်းရော ဘယ်လိုသဘောထားတာလဲ ဟင် ''
" ကျွန်တော်က ဂျက်ဖရီရဲ့ ညီမလေး မင်္ဂလာဆောင်တဲ့ ပွဲကို အတူလိုက်တက်မယ်..ဂျက်ဖရီရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့လေ''
" တကယ်.. ဒါဆို ဘန်ကိုယ့်ကိုလက်ခံလိုက်တဲ့သဘောပေါ့ ''
" အင်း.. ''
" ဝမ်းသာလိုက်တာ ဘန်ရာ ''
ဂျက်ဖရီက ဘန်ရဲ့ကိုယ်ထည်လေးအား အတင်းဖက်ပြီး ပေါင်ပေါ်မှာ ထိုင်ထားတဲ့အတွက် မျက်နှာအနားမှာ ကွက်တိဖြစ်နေတဲ့ ဘန့်ရင်ဘတ်ထဲ ခေါင်းလေးတိုးဝှေ့လိုက်သည်။
" ဘန်..ကိုယ်တို့တွေ မိတ်လိုက်ကြမယ် ''
" ဘာ! !''
အခုမှချစ်ကြောင်းဝန်ခံကြတုန်းပဲရှိသေးတာလေ။
ဒီ ဂျက်ဖရီက တော်တော်ဆိုးဆိုးပဲ။
" မရဘူး..လက်ထပ်ပြီးမှပဲ အဲ့ကိစ္စကိုလုပ်မယ်၊ အခုတော့လုံးဝပဲနော်.. ''
"အတင်းလုပ်ရင်ရော ?''
" လုပ်လိုက်လေ အပြတ်မှတ်.. သွားတွေကို ဘုရားက အလကားပေးထားတာမဟုတ်ဘူး..စားဖို့ကိုက်ဖို့ဖြတ်ဖို့ပေးထားတာ.. ပြတ်ထွက်အောင်ကိုက်မှာ ''
" မလုပ်ပါနဲ့ ကိုယ့်မှာ ဒီတစ်ခုတည်းရှိတာ ''
" ဘယ်သူကရောအပိုပါနေလို့လဲ.. ညနက်နေပြီ ၊ ရိုးရိုးသားသား အိပ်မှာဆိုရင် အခန်းထဲလိုက်ခဲ့ ၊ မဟုတ်ရင်တော့ တစ်ခြားဇရပ်မှာသွားတည်း''
အိမ်ရှင်က သူလားကိုယ်လားတောင်မသဲကွဲပေ။
ယုန်ကလေးဘန်က သူ့နှလုံးသားကို အပိုင်စီးရုံတင်မကဘဲ သူ့ရဲ့အရာရာကိုပါ သိမ်းသွားလေရော့သလား။
.................
" ကိုကို ''
ဂျက်ဖရီက ပြေးလာတဲ့ ရွှေရောင်ဆံပင်တွေနဲ့ ဂါဝန်နီညိုရောင်လေးကို ဝတ်ထားတဲ့ ခပ်ချောချောကောင်မလေးကို လက်နှစ်ဖက် ဖွင့်လို့ကြိုဆိုသည်။
" အန်နာ.. အဖေတို့က ဘယ်မှာလဲ ''
" ရှိတယ်... လာ ၊ ဒါနဲ့ ဟိုက မောင်လေးက ကိုကို့အသိလား ''
" အင်း.. သူက ကိုကို့ရဲ့အိမ်သား ''
အန်နာက မျက်လုံးလေးတွေဝိုင်းစက်သွားကာ အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး တစ်ဖန်နံဘေးက ကောင်ငယ်လေးကို ပြန်ကြည့်ပြီး တိတ်ဆိတ်သွားသည်။
ကိုကို့အိမ်သားက အသက်တောင်ပြည့်မယ့်ပုံမပေါ်ဘူး ။
အန်နာက မင်္ဂလာဆောင်မယ့် သတို့သမီးလေးဖြစ်ပြီး ဂျက်ဖရီရဲ့ တစ်ဦးတည်းသော ညီမလေး ဖြစ်သည်။
" ဟန်နီ.. ဒါလင့်ဆီကိုလာပါအုန်း ၊ အန်နာရေ သူ့နာမည်က ဘန်တဲ့ ကိုကိုကတော့ ချစ်စနိုးနဲ့ ဟန်နီ လို့ခေါ်တယ်၊ ဟန်နီက ကိုကို့ရဲ့ တစ်ဦးတည်းသော မိဖုရားလေးဖြစ်လာမှာလေ ''
ခါးကနေဖက်ပြီး ကြွားခန်းဖွင့်နေသော ဂျက်ဖရီကို ဘန်က ကြောင်တောင်တောင် ငေးကြည့်နေပြီး အန်နာရဲ့မျက်နှာကတော့ ပြုံးချိုနေသည်။
" အန်နာ့ကို အားနားစရာကောင်းနေပြီ ဂျက်ဖရီ ''
" သူက ကိုယ့်ညီမလေးပါ.. မင်္ဂလာဆောင်မှာက သူလေ ၊ ပြီးတော့ မကြာခင်မှာပဲမိသားစုဝင်တွေဖြစ်တော့မယ့်ဟာကို.. အားနာစရာမလိုပါဘူး ဟန်နီ ''
" ဟုတ်တယ်.. ကိုကိုပြောတာမှန်တယ် ၊ ဘန်ကလည်း အားနာနေဖို့မလိုပါဘူး ''
မောင်နှမနှစ်ယောက် အပေးအယူမျှပြီး စကားတည့်နေတော့ ဘန်က ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြကာ ငြိမ်နေလိုက်သည်။
အန်နာက ခရီးပင်ပန်းလာတဲ့ ဘန်နဲ့ဂျက်ဖရီတို့
နှစ်ယောက်သားအတွက် ကောင်းမွန်တဲ့ အခန်းကျယ်ကြီးထဲမှာအနားယူစေသည်။
ခဏတဖြုတ်အနားယူပြီးတဲ့အခါ ရေချိုးခန်းဝင်သုံးနေတဲ့ ဘန့်အတွက် ဆိုပြီး သားနားထည်ဝါတဲ့ ဝတ်စုံလေးကို အန်နာက ဂျက်ဖရီဆီလာပေးသွားသည်။
" ဟန်နီ.. မင်းရဲ့ ခယ်မလေးက မင်းအတွက် ဝတ်စုံလာပို့သွားတယ် ''
ရေချိုးပြီးကာစ ဘန်က မွေးပွတဘတ်လေးနဲ့ မျက်နှာသုတ်နေရင်း ဂျက်ဖရီကို ခေါင်းညိတ်ပြလိုက်သည်။
" ဒါလင်လည်းရေချိုးတော့လေ.. ဟန်နီက ဝတ်စုံထုတ်ပေးထားမယ် ''
" ဟန်နီအဝတ်လဲတာ ကြည့်ချင်လို့ပါဆို ''
နူတ်ခမ်းစူကာ ပြောလာတဲ့ ဂျက်ဖရီကို စိတ်လေးသလိုကြည့်ပြီး ဘန်က ဆက်ပြောသည် ။
" ဂျက်ဖရီ.. ရေချိုးခန်းထဲမှာ ကိုယ်လုံးပေါ်မှန်ရှိတယ် ..ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်၊ ကျွန်တော်နဲ့ မင်းနဲ့ မှာ ပါတာကအတူတူပဲ ဟုတ်ပြီလား ။
မင်းမှာ မလိုသလို ကျွန်တော်လည်း အပိုမပါဘူး''
" အရွယ်အစား ကွာခြားချက်ကရှိသေးတယ်လေ..ဟန်နီရဲ့ ''
အတွန့်တက်တဲ့ ဂျက်ဖရီကို ကတုံးတုံးပြီး မြင်းချေးတွေရှင်းခိုင်းသင့်သလား။
" ဂျက်ဖရီ မင်းကတော့လေ.. တကယ်နှာဘူးကောင်ပဲ ''
" ဟန်နီ့ကိုပဲ ဘူးတာပါ တကယ်ပြောတာ ''
အနားကို လျှောက်လာတဲ့ ဂျက်ဖရီကို လက်ဝါးနဲ့ ကာပြပြီး ဘန်က အလောတကြီး တားမြစ်ကာ ချော့ပြောရတော့သည်။
" ယုံတယ်.. ယုံတာမို့ ရေသွားချိုးပါတော့ ဒါလင်ရယ် နော်.. ဒါလင်က အရမ်းအရမ်း လိမ္မာပါတယ် နော် ''
တခြမ်းစောင်းအပြုံးကြီးနဲ့ ရေချိုးခန်းထဲကို ဝင်သွားတဲ့ ဂျက်ဖရီက ဘန့်ကို အမြဲတမ်းအရှုံးပေးပြီးအလိုလိုက်သည်။ ကြောက်တာမဟုတ်ဘူး ချစ်လို့ ဆိုပြီး အော်ပြောဖို့လည်း မမေ့ပေ။
#####
Zawgyi
ဂ်က္ဖရီက အသြင္ေျပာင္းသြားေသာ ယုန္ေလးကို ၾကည့္ၿပီး တစ္ခစ္ခစ္ရယ္ေနသည္မွာ အရယ္မရပ္ေသးသည္အထိပင္။
" ဂ်က္ဖရီ ေတာ္ေလာက္ၿပီ ''
ယုန္ေလးက သမန္းက်ားတို႔ရဲ႕အိမ္ေရွ႕စံေလးကို မ်က္လုံးေတြျပဴးကာ သြားႏွစ္ေခ်ာင္းအေရွ႕ကို ေခါျပၿပီး ေအာ္လိုက္သည္မွာ ပိုမိုၿပီး အသည္းယားစဖြယ္ေကာင္းလွသည္။
" ဂ်က္ဖရီ ''
" ဟုတ္ၿပီ.. ဟုတ္ၿပီ ကိုယ္မရယ္ေတာ့ပါဘူး အေသးေလးရဲ႕ ''
" မင္းဘိုးေအႀကီးကို အေသးေလးပါလား''
" ကိုယ့္ညီမေလးရဲ႕ မဂၤလာပြဲကို တက္ေပးနိုင္မလား..ကိုယ္နဲ႕အတူတူေလ ''
ဂ်က္ဖရီရဲ႕စကားအဆုံးမွာ ဘန္က လူပုံစံျပန္ေျပာင္းလိုက္ၿပီး ထိုသမန္းက်ား၏ေပါင္ေပၚမွာ တက္ထိုင္လိုက္သည္။
" ဒါလင္တို႔မ်ိဳးႏြယ္နဲ႕ ဟန္နီက အဆင္မေျပေလာက္ဘူး ထင္တယ္ ၊ ဟန္နီက ဒါလင္တို႔လိုအသားစားသတၱဝာႀကီးေတြအတြက္ သာမန္အစားအစာေလးမဟုတ္လား ''
" ဒါေပမယ့္ စိတ္ခ်လိဳ႕ရတယ္ ဟန္နီ.. ဒါလင္တစ္ေယာက္ပဲ ဟန္နီကို စားမွာ.. က်န္တဲ့သူေတြက ဟန္နီကို စားဖို႔မေျပာနဲ႕ ေမာ့ေတာင္ မၾကည့္ဝံ့ေစရဘူး ''
ဂ်က္ဖရီက ေလသံေပ်ာ့ေပ်ာ့နဲ႕ ေခ်ာ့ျမဴေျပာဆိုကာ ဘန္ရဲ႕ဆံပင္အိအိေလးကို ပြတ္သပ္ေပးေနေသးသည္။
" ဂ်က္ဖရီ.. ဘာလို႔ ဒီလိုေတြလုပ္ေနတာလဲ ..ကြၽန္ေတာ္က သာမန္ယုန္ငယ္ေလးပါ ''
" မင္းဘာပဲျဖစ္ေနျဖစ္ေန ကိုယ့္အတြက္ ကိစၥမရွိပါဘူး.. ''
လိုခ်င္တဲ့အေျဖစကားဆီေရာက္ရန္ လက္တကမ္းပဲ လိုေတာ့တာမို႔ ဂ်က္ဖရီကို ဘန္က ထပ္မံ၍ ခပ္ႏြဲ႕ႏြဲ႕ေလး ခြၽဲၿပီး ေမးလိုက္သည္ ။
" ဘာေၾကာင့္လဲ.. ဘာေၾကာင့္ အဲ့လိုေတြးနိုင္ရတာလဲ ''
" ကိုယ္.. မင္းေလးကို ျမတ္နိုးတယ္ ဘန္ ''
" ဂ်က္...ဂ်က္ဖရီ ေနာက္ေနတာလား ၊ ဒါကေနာက္စရာကိစၥမဟုတ္ဘူးေနာ္ ''
လက္ေတြ႕ၾကားလိုက္ရျပန္ေတာ့ ဘန့္အေနနဲ႕ အေပ်ာ္လုံးစို႔ၿပီး စကားေတြေတာင္ ထစ္သြားရသည္။
" ကိုယ္မေနာက္ပါဘူး ကိုယ္အတည္ေျပာေနတာ.. ကိုယ့္အေပၚမွာ မင္းေရာ ဘယ္လိုသေဘာထားတာလဲ ဟင္ ''
" ကြၽန္ေတာ္က ဂ်က္ဖရီရဲ႕ ညီမေလး မဂၤလာေဆာင္တဲ့ ပြဲကို အတူလိုက္တက္မယ္..ဂ်က္ဖရီရဲ႕ အိမ္ေထာင္ဖက္အျဖစ္နဲ႕ေလ''
" တကယ္.. ဒါဆို ဘန္ကိုယ့္ကိုလက္ခံလိုက္တဲ့သေဘာေပါ့ ''
" အင္း.. ''
" ဝမ္းသာလိုက္တာ ဘန္ရာ ''
ဂ်က္ဖရီက ဘန္ရဲ႕ကိုယ္ထည္ေလးအား အတင္းဖက္ၿပီး ေပါင္ေပၚမွာ ထိုင္ထားတဲ့အတြက္ မ်က္ႏွာအနားမွာ ကြက္တိျဖစ္ေနတဲ့ ဘန့္ရင္ဘတ္ထဲ ေခါင္းေလးတိုးေဝွ႕လိုက္သည္။
" ဘန္..ကိုယ္တို႔ေတြ မိတ္လိုက္ၾကမယ္ ''
" ဘာ! !''
အခုမွခ်စ္ေၾကာင္းဝန္ခံၾကတုန္းပဲရွိေသးတာေလ။
ဒီ ဂ်က္ဖရီက ေတာ္ေတာ္ဆိုးဆိုးပဲ။
" မရဘူး..လက္ထပ္ၿပီးမွပဲ အဲ့ကိစၥကိုလုပ္မယ္၊ အခုေတာ့လုံးဝပဲေနာ္.. ''
"အတင္းလုပ္ရင္ေရာ ?''
" လုပ္လိုက္ေလ အျပတ္မွတ္.. သြားေတြကို ဘုရားက အလကားေပးထားတာမဟုတ္ဘူး..စားဖို႔ကိုက္ဖို႔ျဖတ္ဖို႔ေပးထားတာ.. ျပတ္ထြက္ေအာင္ကိုက္မွာ ''
" မလုပ္ပါနဲ႕ ကိုယ့္မွာ ဒီတစ္ခုတည္းရွိတာ ''
" ဘယ္သူကေရာအပိုပါေနလို႔လဲ.. ညနက္ေနၿပီ ၊ ရိုးရိုးသားသား အိပ္မွာဆိုရင္ အခန္းထဲလိုက္ခဲ့ ၊ မဟုတ္ရင္ေတာ့ တစ္ျခားဇရပ္မွာသြားတည္း''
အိမ္ရွင္က သူလားကိုယ္လားေတာင္မသဲကြဲေပ။
ယုန္ကေလးဘန္က သူ႕ႏွလုံးသားကို အပိုင္စီး႐ုံတင္မကဘဲ သူ႕ရဲ႕အရာရာကိုပါ သိမ္းသြားေလေရာ့သလား။
.................
" ကိုကို ''
ဂ်က္ဖရီက ေျပးလာတဲ့ ေ႐ႊေရာင္ဆံပင္ေတြနဲ႕ ဂါဝန္နီညိုေရာင္ေလးကို ဝတ္ထားတဲ့ ခပ္ေခ်ာေခ်ာေကာင္မေလးကို လက္ႏွစ္ဖက္ ဖြင့္လို႔ႀကိဳဆိုသည္။
" အန္နာ.. အေဖတို႔က ဘယ္မွာလဲ ''
" ရွိတယ္... လာ ၊ ဒါနဲ႕ ဟိုက ေမာင္ေလးက ကိုကို႔အသိလား ''
" အင္း.. သူက ကိုကို႔ရဲ႕အိမ္သား ''
အန္နာက မ်က္လုံးေလးေတြဝိုင္းစက္သြားကာ အစ္ကိုျဖစ္သူကို ၾကည့္လိုက္ၿပီး တစ္ဖန္နံေဘးက ေကာင္ငယ္ေလးကို ျပန္ၾကည့္ၿပီး တိတ္ဆိတ္သြားသည္။
ကိုကို႔အိမ္သားက အသက္ေတာင္ျပည့္မယ့္ပုံမေပၚဘူး ။
အန္နာက မဂၤလာေဆာင္မယ့္ သတို႔သမီးေလးျဖစ္ၿပီး ဂ်က္ဖရီရဲ႕ တစ္ဦးတည္းေသာ ညီမေလး ျဖစ္သည္။
" ဟန္နီ.. ဒါလင့္ဆီကိုလာပါအုန္း ၊ အန္နာေရ သူ႕နာမည္က ဘန္တဲ့ ကိုကိုကေတာ့ ခ်စ္စနိုးနဲ႕ ဟန္နီ လို႔ေခၚတယ္၊ ဟန္နီက ကိုကို႔ရဲ႕ တစ္ဦးတည္းေသာ မိဖုရားေလးျဖစ္လာမွာေလ ''
ခါးကေနဖက္ၿပီး ႂကြားခန္းဖြင့္ေနေသာ ဂ်က္ဖရီကို ဘန္က ေၾကာင္ေတာင္ေတာင္ ေငးၾကည့္ေနၿပီး အန္နာရဲ႕မ်က္ႏွာကေတာ့ ၿပဳံးခ်ိဳေနသည္။
" အန္နာ့ကို အားနားစရာေကာင္းေနၿပီ ဂ်က္ဖရီ ''
" သူက ကိုယ့္ညီမေလးပါ.. မဂၤလာေဆာင္မွာက သူေလ ၊ ၿပီးေတာ့ မၾကာခင္မွာပဲမိသားစုဝင္ေတြျဖစ္ေတာ့မယ့္ဟာကို.. အားနာစရာမလိုပါဘူး ဟန္နီ ''
" ဟုတ္တယ္.. ကိုကိုေျပာတာမွန္တယ္ ၊ ဘန္ကလည္း အားနာေနဖို႔မလိုပါဘူး ''
ေမာင္ႏွမႏွစ္ေယာက္ အေပးအယူမွ်ၿပီး စကားတည့္ေနေတာ့ ဘန္က ၿပဳံးၿပဳံးေလးနဲ႕ ေခါင္းညိတ္ျပကာ ၿငိမ္ေနလိုက္သည္။
အန္နာက ခရီးပင္ပန္းလာတဲ့ ဘန္နဲ႕ဂ်က္ဖရီတို႔
ႏွစ္ေယာက္သားအတြက္ ေကာင္းမြန္တဲ့ အခန္းက်ယ္ႀကီးထဲမွာအနားယူေစသည္။
ခဏတျဖဳတ္အနားယူၿပီးတဲ့အခါ ေရခ်ိဳးခန္းဝင္သုံးေနတဲ့ ဘန့္အတြက္ ဆိုၿပီး သားနားထည္ဝါတဲ့ ဝတ္စုံေလးကို အန္နာက ဂ်က္ဖရီဆီလာေပးသြားသည္။
" ဟန္နီ.. မင္းရဲ႕ ခယ္မေလးက မင္းအတြက္ ဝတ္စုံလာပို႔သြားတယ္ ''
ေရခ်ိဳးၿပီးကာစ ဘန္က ေမြးပြတဘတ္ေလးနဲ႕ မ်က္ႏွာသုတ္ေနရင္း ဂ်က္ဖရီကို ေခါင္းညိတ္ျပလိုက္သည္။
" ဒါလင္လည္းေရခ်ိဳးေတာ့ေလ.. ဟန္နီက ဝတ္စုံထုတ္ေပးထားမယ္ ''
" ဟန္နီအဝတ္လဲတာ ၾကည့္ခ်င္လို႔ပါဆို ''
ႏူတ္ခမ္းစူကာ ေျပာလာတဲ့ ဂ်က္ဖရီကို စိတ္ေလးသလိုၾကည့္ၿပီး ဘန္က ဆက္ေျပာသည္ ။
" ဂ်က္ဖရီ.. ေရခ်ိဳးခန္းထဲမွာ ကိုယ္လုံးေပၚမွန္ရွိတယ္ ..ကိုယ့္ကိုယ္ကို ျပန္ၾကည့္လိုက္၊ ကြၽန္ေတာ္နဲ႕ မင္းနဲ႕ မွာ ပါတာကအတူတူပဲ ဟုတ္ၿပီလား ။
မင္းမွာ မလိုသလို ကြၽန္ေတာ္လည္း အပိုမပါဘူး''
" အ႐ြယ္အစား ကြာျခားခ်က္ကရွိေသးတယ္ေလ..ဟန္နီရဲ႕ ''
အတြန့္တက္တဲ့ ဂ်က္ဖရီကို ကတုံးတုံးၿပီး ျမင္းေခ်းေတြရွင္းခိုင္းသင့္သလား။
" ဂ်က္ဖရီ မင္းကေတာ့ေလ.. တကယ္ႏွာဘူးေကာင္ပဲ ''
" ဟန္နီ႕ကိုပဲ ဘူးတာပါ တကယ္ေျပာတာ ''
အနားကို ေလွ်ာက္လာတဲ့ ဂ်က္ဖရီကို လက္ဝါးနဲ႕ ကာျပၿပီး ဘန္က အေလာတႀကီး တားျမစ္ကာ ေခ်ာ့ေျပာရေတာ့သည္။
" ယုံတယ္.. ယုံတာမို႔ ေရသြားခ်ိဳးပါေတာ့ ဒါလင္ရယ္ ေနာ္.. ဒါလင္က အရမ္းအရမ္း လိမၼာပါတယ္ ေနာ္ ''
တျခမ္းေစာင္းအၿပဳံးႀကီးနဲ႕ ေရခ်ိဳးခန္းထဲကို ဝင္သြားတဲ့ ဂ်က္ဖရီက ဘန့္ကို အၿမဲတမ္းအရႈံးေပးၿပီးအလိုလိုက္သည္။ ေၾကာက္တာမဟုတ္ဘူး ခ်စ္လို႔ ဆိုၿပီး ေအာ္ေျပာဖို႔လည္း မေမ့ေပ။
#####