ချစ်လှစွာသောလွန်း
မီးရောင်စုံတွေထိန်လင်းပြီး ဗြောက်အိုး
ဖောက်သံတွေ မီးရှူးမီးပန်းဖောက်သံတွေ ဆူညံနေတဲ့ သီတင်းကျွတ်ညတစ်ညက...
"ဆောရီးနော် အဆင်ပြေရဲ့လား"
လူတစ်ယောက်နှင့်တိုက်မိလို့ လွန်းယူလာတဲ့ နှင်းဆီပန်းဖြူဖြူတွေဟာ လမ်းမပေါ်မှာ
ပြုတ်ကျလို့နေသည်။
"ဟုတ်ကဲ့..ရပါတယ် အ့"
"နှင်းဆီမှာအဆူးတွေနဲ့လေ ဖွဖွလေးကိုင်ပေါ့ဆူးမိရင်သွေးထွက်မှာပေါ့ အစ်ကိုရဲ့"
သူ့ရဲ့သွားတက်လေးပေါ်တဲ့အထိရီပြနေတဲ့
ကောင်လေးကို လွန်းကြည့်နေမိတော့သည်။ အဲ့ကောင်လေးက လွန်းထက်အသက်ငယ်တဲ့ပုံပေါ်တာကို လွန်းကိုမလေးမစားနဲ့ဆက်ဆံနေတာကိုတော့ လွန်းမကြိုက်။
လမ်းမပေါ်က နှင်းဆီပန်းအဖြူတွေကို
မြန်မြန်ကောက်ပြီး ထွက်သွားဖို့လုပ်နေတဲ့
အချိန်...
"နာမည်လေးသိလို့ရမလား"
ဆိုတဲ့ အသံလေးကြားလိုက်ရတယ်။
"လွန်း..."
ထိုစကားတစ်ခွန်းကိုသာ ပြန်ပြောပြီး
နှင်းဆီပန်းတွေကို လက်နှင့်ပိုက်ရင်း ထိုနေရာကနေ ထွက်လာလိုက်တော့သည်။ လွန်း
နောက်ကိုပြန်လှည့်မကြည့်ဘဲ ထွက်လာ
လိုက်တာ ထိုကောင်လေးအပေါ်လွန်သွားလားမသိ။ကျေးဇူးတင်တယ်ဆိုတဲ့စကားတစ်ခွန်းတောင် မပြောခဲ့ရ။လွန်း တစ်ကိုယ်ကောင်း
ဆန်ခဲ့မိတယ်။
_ _ _
"လွန်းရေ...ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ အိမ်ရှေ့မှာ ဖယောင်းတိုင်လေးတွေ ထွန်းလိုက်ပါ
အုန်း"
"ဟုတ်ကဲ့ ကြီးမေ"
ကြီးမေရဲ့စကားအတိုင်း အိမ်ရှေ့မှာ မီးထွန်းဖို့ ဖယောင်းတိုင်လေးတွေကို လက်မှာကိုင်ရင်း အိမ်ရှေ့ကိုထွက်လာလိုက်တယ်။ လက်ထဲက ဖယောင်းတိုင်တွေကိုမြေပေါ်မှာထောင်ပြီး
မီးထွန်းဖို့ မီးခြစ်လိုက်ချိန် ရုတ်တရက်
လေတိုက်သွားတာကြောင့် သဲမှုန်စလေးဟာ လွန်းရဲ့မျက်လုံးထဲဝင်လို့သွားတယ်။ လွန်းရဲ့
မျက်လုံးကိုဖွင့်လို့မရတာကြောင့် လက်နှင့် မျက်လုံးကို ပွတ်နေရသည်။
"မျက်လုံးထဲ အမှုန်ဝင်သွားလို့လား
မျက်လုံးကိုမှုတ်ပေးမယ်လေ"
"ဟုတ်ကဲ့...ဟုတ်ကဲ့"
မျက်လုံးကစပ်နေတာကြောင့် လွန်းကိုစကားပြောနေတာ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် သူ့ရဲ့အကူအညီကိုတော့ ယူလိုက်ရတယ်။
ဖူး....
"ရရဲ့လား"
"ဟုတ်ကဲ့ ကျေးဇူးပါနော်"
ပြောရင်း ခေါင်းမော့ကြည့်လိုက်တော့ မနေ့ညကတွေ့ခဲ့တဲ့ကောင်လေးကိုမြင်လိုက်ရတယ်။
"ဟင်...မနေ့ညက တစ်ယောက်..."
"အစ်ကိုက ကျနော့်ကိုမှတ်မိနေတာလား
ကျနော်ကမမှတ်မိလောက်ဘူးထင်နေတာ"
"ကျေးဇူးပဲနော် ကူညီတဲ့အတွက်.."
"ရပါတယ်အစ်ကိုရဲ့"
လွန်း ထိုကောင်လေးကိုစကားပြောပြီးတာနဲ့
မီးထွန်းနေတာကိုဆက်လုပ်နေလိုက်သည်။
ဖြောက်!ဖြောက်!ဖောင်း!
"အ့!"
ဗြောက်အိုးဖောက်သံကြားတာနဲ့ လွန်းလန့်ပြီး ထိုကောင်လေးကို ဖက်လိုက်မိတယ်။
"လွန်း အဆင်ပြေရဲ့လား"
"ဗြောက်အိုးကို ဒီနားလာဖောက်ရလား
ဒီကလေးတွေကို ငါလုပ်ရင်သေတော့မယ်"
ရှက်ရမ်းရမ်းပြီး ကလေးတွေကိုအပြစ်ပြောနေတဲ့ လွန်းကိုကြည့်ပြီးရီချင်နေတယ်။ ရှက်နေတာလေးကိုကြည့်ပါအုန်း ပါးလေးတွေကိုရဲလို့။
"ဟား ဟား"
လွန်းကိုကြည့်ပြီး ရီနေသော ကောင်လေးကို
လွန်းတစ်ကယ်မုန်းမိတယ်။ လွန်းက သူ့အတွက် ရီစရာ အရာမှမဟုတ်တာ။
သီတင်းကျွတ် မီးရောင်စုံတဲ့ညလေးမှာ
ကောင်လေးနှစ်ယောက်ရဲ့ စကားသံတွေ...
ရီမောသံတွေ...ဟာ ပျံ့လို့နေခဲ့သည်။
သီတင်းကျွတ်ညကတွေ့ခဲ့တဲ့ ကောင်လေးကို လွန်းစောင့်နေမိတယ်။ လွန်းထိုကောင်လေးအပေါ် အခြားစိတ်ရှိနေမိပြီထင်တယ်။ လွန်းကလေ
တစ်ကယ်တုံးတယ် အဲ့ကောင်လေးရဲ့
နာမည်တောင်မမေးမိဘူး။
"လွန်း.."
ဒီအသံ..ဒီအသံကိုလွန်းမှတ်မိတာပေါ့။
အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်
နှင်းဆီဖြူကိုလက်မှာကိုင်ထားတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။
"ကျနော်လေ လွန်းကိုပြောစရာရှိလို့"
"လွန်းကိုဘာပြောစရာရှိလို့လဲ"
"ကျနော် လွန်းကိုချစ်မိနေပြီ"
လွန်း ခနတာ ငြိမ်သက်မိသွားသည်။ လွန်း
သူ့ကိုချစ်နေပေမယ့် သူလွန်းကိုတစ်ကယ်
မချစ်မှာစိုးရိမ်မိတယ်။ သူ့ပုံစံကိုကြည့်ရတာ လွန်းကိုတစ်ကယ်ချစ်မယ့်ပုံပဲ။ လွန်းအရဲစွန့်ပြီး သူ့ကို ချစ်ကြည့်လိုက်တော့မယ်။
လွန်းသူ့ကိုပြန်ပြီးအဖြေပေးတော့
သူ့မှာအပျော်လွန်ပြီး ကခုန်နေတာ။ သူ့ရဲ့
သွားတတ်လေးပါ ပေါ်တဲ့အထိ ပြုံးနေတာလေးက လွန်းကိုဆွဲဆောင်လွန်းနေသည်။
"လွန်း...မောင့်ကိုချစ်လား"
"ချစ်တာပေါ့...မောင့်ကို လွန်းရဲ့ဘဝအထိပါ
ပုံအပ်ပြီးချစ်တာ"
လွန်းဘယ်လောက်ထိချစ်တယ်ဆိုတာ
သိလျက်နဲ့ အမြဲတမ်း"ချစ်လား"လို့မေးနေတဲ့
မောင့်ကို စိတ်တောင်စိုးချင်လာပြီ။ ဒါပေမယ့် စိတ်မစိုးရက်ပါဘူး။
ဒီနေ့ကိုမောင်မေ့နေတယ်ထင်ပါရဲ့...မောင်
လွန်းစီကိုလာတာနောက်ကျလွန်းနေသည်။
လွန်းရဲ့စိတ်ထဲကို ဝမ်းနည်းမှုတွေအပြည့်
ဝင်လာခဲ့သည်။
"လွန်း..မောင်တောင်းပန်ပါတယ် လမ်းမှာ
ကားကျပ်နေလို့နောက်ကျသွားတာ...ဟော မောင့်ရဲ့ကလေးလေးက ငိုနေပါလား ဘာလို့ငိုနေတာလဲ"
"မောင် လွန်းကိုမချစ်တော့ဘူးထင်တယ် ဒီနေ့ဘာနေ့လဲဆိုတာမောင်မေ့နေတယ်မလား"
"ဘာလို့မေ့ရမှာလဲကွာ ဒီနေ့ကိုမောင်လုံးဝမမေ့ဘူး ဒီနေ့ကမောင်တို့ရဲ့anniလေ မငိုနဲ့တော့နော် မောင်လာတာနောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ်"
လွန်းရဲ့မျက်ရည်တွေကိုသုတ်လိုက်ပြီး
မောင့်ကိုဖက်ထားလိုက်တယ်။လွန်းကလေ
မောင့်ထက်သာ အသက်ကြီးပေမယ့်
ကလေးတစ်ယောက်လိုပဲ။
တစ်ကိုယ်ကောင်းဆန်တယ်။ထင်ချင်တာထင်
ပြီးမောင့်ကိုအပစ်ပြောတယ်။ ဒါပေမယ့်
မောင်က လွန်းအပေါ် သည်းခံတယ်။ လွန်းဘယ်လောက်အမှားလုပ်လုပ် မောင်ကပဲ အမြဲတမ်းတောင်းပန်နေတဲ့အတွက် မောင့်အပေါ်ကိုတောင် အားနာမိလာပြီ။
"မောင်က ငါ့ကိုအသေးစိတ်ကအစ ဂရုစိုက်ပေးတာ "
"အမလေး တော်ပါတော့ လွန်းတို့roတာတွေ ထပ်ပြောရင် ကျမသွေးတတ်တော့မယ်"
"ဟီး..အဲ့တာဆိုဖုန်းချလိုက်တော့မယ်"
"ဟုတ်ပါပြီရှင်"
လွန်းကတော့ သူ့ရဲ့ငယ်သူငယ်ချင်းစီ
ဖုန်းဆက်ပြီး ချစ်သူအကြောင်းကြွားနေတာ မျက်နှာကြီးကိုဖြီးလို့...။
တီးတောင်!
မောင်လာပြီနဲ့တူတယ်။ ကြည့်လက်စဖုန်းကို
အောက်ချပြီး အခန်းတံခါးမြန်မြန်သွားဖွင့်ပေး
လိုက်တယ်။ တံခါးဖွင့်ဖွင့်ချင်း မောင့်မျက်နှာကို
မြင်ရတာနဲ့လွန်းမှာပျော်နေရတာ။
"မောင်ဗိုက်ဆာနေပြီလား"
"ဗိုက်ဆာနေပြီ ခုနက ထမင်းစားပွဲကိုသွား
ကြည့်တော့ ပုစွန်ပဲတွေ့လို့ မစားဘဲ နေတာ"
မောင်က ပုစွန်နဲ့မတည့်တာကို မေ့နေတာ။
"မောင်စားဖို့ လွန်းကြက်ဥကြော်လိုက်အုန်း
မယ် ခနစောင့်နော်"
မောင်စားဖို့အတွက် ကြက်ဥကြော်ဖို့
ရေခဲသေတ္တာကိုဖွင့်လိုက်တော့ ကြက်ဥတစ်လုံးပဲတွေ့တယ်။ မောင်ကံကောင်းတယ်လို့ပြောရ
မယ် ဒီနေ့ကျမှ ကြက်ဥကလဲတစ်လုံးပဲကျန်
တယ်။
ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူတာနဲ့ ကြက်ဥ
ထည့်လိုက်ချိန်... ဆီပူက လက်ကိုမှန်ပြီး
အော်လိုက်မိတယ်။
"အ့..မောင်ရေ"
"ဘာဖြစ်တာလဲ လွန်း...ကြက်ဥတွေလဲတူး
ကုန်ပြီ ဖယ်...မောင်လုပ်လိုက်မယ်"
အပူလောင်တဲ့လက်လေးကိုပွတ်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေလိုက်သည်။ လွန်းက အသုံးမကျဘူး မောင့်အပေါ် ဘာမှတောင်
မလုပ်ပေးနိုင်ဘူး။
"လွန်း အပူလောင်သွားသေးလား ခနနော်
မောင်ဆေးလိမ်းပေးမယ်"
"ဟုတ်"
မောင်ကတော့ လွန်းအတွက်နဲ့ပျာယာခတ်လို့
နေသည်။မောင့်ကိုစောင့်နေရင်း စားပွဲပေါ်မှာ တင်ထားတဲ့ မောင့်ဖုန်းက အသံမြည်လာခဲ့သည်။နာမည်ကိုကြည့်လိုက်တော့ 'မေ'တဲ့။
နိုင်ငံခြားက မောင့်ရဲ့အမဖုန်းဆက်တာထင်
တယ်။လွန်းလဲ မောင့်ကို ဘာမှမပြောဘဲ
ဖုန်းကိုင်လိုက်သည်။
'ကိုကို ဘာလို့ဖုန်းကိုင်တာနောက်ကျနေတာလဲကိုကို ညကျရင် အိမ်ကိုလာခဲ့နော်
ကိုကို့အတွက် စပရိုက်ရှိတယ် မေမေတို့ကလဲ ကိုကိုနဲ့တွေ့ချင်နေတာ ကြာပြီ ကိုကိုစောစောလာခဲ့နော် ဟယ်လို!ဟယ်လို!'
လွန်းဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်တွေသာ ကျနေမိတယ်။လွန်းက မောင့်ကိုတကယ်ချစ်ခဲ့တာလေ မောင် လွန်းအပေါ်ကို လုပ်ရက်တယ်။
မောင်အခုလို ဖောက်ပြန်မယ်ဆိုတာကိုလဲ
လွန်းမထင်ထားဘူး။
"လွန်းရေ အရက်ပြန်ရှာမတွေ့လို့ကြာနေတာ ဟော လက်ကနာနေလို့ငိုနေတာလား
မငိုနဲ့တိတ်နော်"
လွန်းရဲ့လက်လေးကို အသာလေးယူပြီး
ဆေးထည့်ပေးနေသော မောင့်ကို တစ်ဖြည်းဖြည်းနဲ့ ရွံ့လာပြီ။
"ငါတို့လမ်းခွဲရအောင်"
ထိုစကားပြောဖို့တော်တော်လေး အားယူခဲ့တာနဲ့ ပြောမထွက်နိုင်ဘူး။
"လွန်း ဘာတွေပြောနေတာလဲကွာ"
"မင်းလိုသစ္စာမရှိတဲ့ ဖောက်ပြန်တဲ့ကောင်ကို
ငါအရမ်းမုန်းတယ် ငါတစ်ယောက်လုံးရှိနေတာ
တောင် နောက်တစ်ယောက်ထားရဲတယ်
မင်းအတွက် တစ်ယောက်တည်းမလုံလောက်တာလား!"
လွန်းရဲ့အသံဟာ တစ်ဖြည်းဖြည်းနဲ့ကျယ်လာခဲ့
သည်။
"မောင်တောင်းပန်ပါတယ် မောင့်ကိုကြိုက်သလိုပြောပါ ဒါပေမယ့် လမ်းခွဲမယ်ဆိုတဲ့စကားကိုတော့မပြောပါနဲ့"
"မင်းကို ငါရွံ့တယ် နဂိုထဲက မချစ်ရင်မချစ်ဘူးလို့ပြောလို့ရတယ် အခုလိုမျိုး ဖောက်ပြန်စရာမလိုဘူး ငါ့မှာနှလုံးသားအပိုမပါဘူး မောင်"
"မောင်ကလွန်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ"
"တော်ပါတော့ မောင်လိမ်ပြီးဆက်မပြောပါနဲ့တော့"
"မောင်တောင်းပန်..."
"ထွက်သွား!ငါ့ရှေ့ကထွက်သွား"
လွန်း ခုချိန်မှာဘာမှမကြားချင်တော့ပါ။
ကိုယ်ချစ်ရတဲ့သူစီကနေ အခုလိုမျိူး
ဖောက်ပြန်ခံရတာက အရမ်းခံစားရခက်တယ်။
အဲ့နေ့ကစပြီး မောင့်ကိုမတွေ့ချင်ရလောက်အောင် မုန်းနေမိတယ်။ မောင်က အခန်းရှေ့လာတာတောင် ထွက်မတွေ့ခဲ့ဘူး။မောင်နဲ့တွေ့ရင်တောင် ရှောင်နေမိတယ်။ မောင်ကတော့ လွန်းကိုတွေ့ရင် တွေ့တဲ့နေရာမှာတင်
တောင်းပန်နေပေမယ့် လွန်းကခွင့်မလွတ်နိုင်ဘူး။
ကြာလာရင်တော့ မောင်လက်လျော့သွားမှာပါ။
အခုချိန်ဆို အသံမြည်နေကျ ဖုန်းသံလေးဟာ တိတ်ဆိတ်လို့နေသည်။
မောင်လက်လျော့သွားပြီထင်တယ်။
ဖုန်း screenကိုကြည့်ရင်း လွန်းမျက်ရည်တွေကျနေမိသည်။
မောင်သာတစ်ကယ်ချစ်ရင် လွန်းကို
အခုလိုလုပ်မှာမဟုတ်ဘူး။
၁ပတ်...၂ပတ်...၃ပတ်...အချိန်တွေသာကြာလာတာ အရင်လို မောင်ဖုန်းမခေါ်တာ ၃ပတ်ရှိပြီ။မောင်ဖုန်းခေါ်တာကို လွန်းအရမ်းလွမ်းနေပြီ။
တီ!တီ!
"ဟယ်လို"
ဖုန်းမြည်သံကြားတာနဲ့ contacts name ကို
မကြည့်ဘဲ ဖုန်းကိုချက်ချင်းကိုင်လိုက်တယ်။
"လွန်း နေကောင်းရဲ့လား တွယ်တာ..လွန်းကိုပြောစရာရှိလို့.."
"အင်း..နေကောင်းပါတယ် ဘာပြောစရာရှိလို့လဲ"
"လွန်းရဲ့ကောင်လေးလေ...ဒီနေ့မင်္ဂလာ
ဆောင်ပြီတဲ့"
တစ်ဖက်လူရဲ့စကားသံကြားပြီး လွန်းရှော့ခ်ရသွားခဲ့လို့ ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး။
မောင်က ဒီနေ့မင်္ဂလာဆောင်ပြီတဲ့။
မဖြစ်နိုင်လောက်ပါဘူး မောင်ကငါ့ကိုသိပ်
ချစ်တာ။မောင်ရဲ့ဖုန်းကို ခေါ်တော့
စက်ပိတ်ထားတယ်တဲ့။ ဖုန်းအားမရှိလို့ပဲနေမှာပါ။
'လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသဖြင့်..တီ!'
အခုထိ လွန်းရဲ့ဖုန်းကို မကိုင်ပါလား မောင်ရယ်။
မောင့်ရဲ့အသံလေးကိုလည်းလွမ်းလှပြီ။
မောင်ဂရုစိုက်ပေးတာတွေကိုလည်း ခံချင်ပြီ။
အခုလိုအချိန်မှာ မောင်နဲ့အတူတူရှိချင်တယ်..။
လွန်းမှာဆန္ဒလေးတစ်ခုရှိတယ်။ အဲ့တာက
မောင့်လက်လေးကိုကိုင်ပြီး မင်္ဂလာခန်းမထဲမှာ လမ်းလျှောက်ချင်တာ။အခုတော့ မောင်ဟာ လွန်းမဟုတ်တဲ့ တစ်ခြားမိန်းမတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး မင်္ဂလာခန်းမထဲမှာလမ်းလျှောက် လို့နေပြီ။
လွန်းတစ်ယောက် ကောင်းကင်ပေါ်က ကြယ်တွေကိုကြည့်ရင်း တစ်ယောက်တည်း စကားတွေပြောလို့နေသည်။
နောက်ဆုံးအကြိမ် အားခဲပြီး ဖုန်းထပ်ခေါ်
လိုက်ပေမယ့်...
'လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ..တီ!'
မောင်ဟာဖုန်းမကိုင်ခဲ့ဘူးပဲ!
တစ်ဖက်တွင်လည်း
"ကိုကို မသွားရဘူး ဒီညက မေနှင့်ကိုကိုရဲ့
မင်္ဂလာဦးညလေ.."
"ကိုကိုသွားမှဖြစ်မယ် ခနလေးပါမေရယ်
မင်္ဂလာဦးည မကုန်ခင် ကိုကို ပြန်လာမှာပါ"
"ကိုကို!"
မေရဲ့ပြောစကားတွေကိုလျစ်လျူရှုပြီး ကားစီကိုပြေးလိုက်သည်။ ကားထဲရောက်တာနှင့် ဖုန်းဖွင့်ပြီး လွန်းဆီကိုဖုန်းခေါ်ပေမယ့် လွန်းက
ဖုန်းကိုမကိုင်ဘူး။ လွန်းဆီလာတဲ့
လမ်းတစ်လျှောက် ဖုန်းတွေဆက်တိုက်ခေါ်နေတာတောင် လွန်းကမကိုင်ဘူး။ စိုးရိမ်စိတ်နဲ့ ကားကို
အမြန်မောင်းခဲ့ရသည်။
လွန်းရဲ့တိုက်ခန်းရှေ့ရောက်တော့ တံခါးက ပွင့်နေသည်။ အိမ်ခန်းထဲမှာ မီးမဖွင့်ထားဘဲ တိတ်ဆိတ်လို့နေသည်။
"လွန်းရေ"
"....."
တိတ်ဆိတ်လွန်းနေပြီး လွန်းရဲ့ထူးသံလေးမကြားရတာကြောင့် စိတ်ပူပြီး လွန်းရဲ့အခန်းထဲကို
ပြေးဝင်လိုက်တော့.... မီးရောင်အောက်မှာ လဲနေတဲ့ လွန်းကိုတွေ့လိုက်ရတယ်။ လွန်းစီကိုပြေးပြီး လွန်းရဲ့ခန္ဓာကိုယ်ကိုပွေ့ချီလိုက်တဲ့
အချိန် လွန်းရဲ့ခန္ဓာကိုယ်မှာသွေးတွေပေနေတာကို မြင်လိုက်ရသည်။ ကျနော်အရမ်းလန့်သွားပြီး လွန်းရဲ့မျက်နှာလေးကို လှုပ်နိုးကြည့်တော့..
"လွန်း...လွန်းရေ"
"ဟင့်...မောင်ရောက်လာ..ပြီ...လွန်းက..
မောင့်အသံ...လေးကို လွမ်း...နေ...တာ"
"လွန်းမောနေလိမ့်မယ် စကားအများကြီး မပြောနဲ့နော် ဘာလို့အခုလို ကိုယ့်ကိုယ်ကိုယ် လုပ်ထားရတာလဲကွာ ဘာလို့အသားအနာခံရတာလဲ
မောင်တောင်းပန်ပါတယ် မောင်အခု လွန်းကိုဆေးရုံခေါ်သွားပေးမယ်နော်"
မောင်ဟာ လွန်းရဲ့ခန္ဓာကိုယ်ကို မနိုင်ဘဲနှင့်
အကြိမ်ကြိမ်ချီနေပြန်ပြီ။
"လွန်း အိပ်ချင်...လာပြီ မောင့်...ရဲ့ရင်ခွင်...ထဲမှာ အခု...လိုအိပ်...ချင်တယ်"
"မောင်က လွန်းကိုရင်ခွင်ထဲထည့်ဖက်ထားမှာပေါ့ လွန်းအခုတော့ မအိပ်နဲ့နော် လိမ္မာတယ်"
မောင်ဟာ ဒီနေ့စကားအရမ်းများလွန်းတဲ့
ကောင်လေးတစ်ယောက်ပါလား။
"မောင်...လွန်းကို..ချစ်...လားဟင်"
"မောင်ကလွန်းကိုချစ်တာပေါ့.."
မောင့်စကားအဆုံးမှာ လွန်းရဲ့မျက်လုံးမှိတ်သွား
ခဲ့ပြီး မောင့်ရဲ့ရင်ခွင်ထဲမှာအိပ်စက်လိုက်တော့သည်။
သေဆုံးသွားသော ချစ်ရသူရဲ့ခန္ဓာကိုယ်ကို
ဖက်ပြီး ငိုကြွေးရုံမှတစ်ပါး အခြားပြုလုပ်စရာမရှိတော့ပေ။
^မောင် လွန်းကိုချစ်ခဲ့ပါတယ် မောင်သစ္စာမေ့ခဲ့ မိလို့ မောင်ကိုချစ်တဲ့သူဆုံးရှုံးရတဲ့အတွက်
မောင့်လုပ်ရပ်တွေကမှားမှန်းမောင်သိပါပြီ
နောက်ဘဝမှာပြန်မွေးဖွားလာခဲ့ရင် လွန်းကိုအဆုံးရှုံးမခံချင်တော့ဘူး^
^မောင့်ကိုချစ်ပေမယ့် တစ်ခြားအမျိုးသမီးကို
မောင့်ရင်ခွင်ထည့်ပြီးချစ်တာကိုတော့
မကြည့်ရက်ဘူးမောင်! ချစ်တယ်ဆိုတာလေးတော့ သိစေချင်တယ်^
...ပြီး...
La Yaung Nge(လရောင်ငယ်)
ခ်စ္လွစြာေသာလြန္း
မီးေရာင္စုံေတြထိန္လင္းၿပီး ေျဗာက္အိုး
ေဖာက္သံေတြ မီးရွဴးမီးပန္းေဖာက္သံေတြ ဆူညံေနတဲ့ သီတင္းကြၽတ္ညတစ္ညက...
"ေဆာရီးေနာ္ အဆင္ေျပရဲ႕လား"
လူတစ္ေယာက္ႏွင့္တိုက္မိလို႔ လြန္းယူလာတဲ့ ႏွင္းဆီပန္းျဖဴျဖဴေတြဟာ လမ္းမေပၚမွာ
ျပဳတ္က်လို႔ေနသည္။
"ဟုတ္ကဲ့..ရပါတယ္ အ့"
"ႏွင္းဆီမွာအဆူးေတြနဲ႔ေလ ဖြဖြေလးကိုင္ေပါ့ဆူးမိရင္ေသြးထြက္မွာေပါ့ အစ္ကိုရဲ႕"
သူ႔ရဲ႕သြားတက္ေလးေပၚတဲ့အထိရီျပေနတဲ့ ေကာင္ေလးကို လြန္းၾကည့္ေနမိေတာ့သည္။ အဲ့ေကာင္ေလးက လြန္းထက္အသက္ငယ္တဲ့ပုံေပၚတာကို လြန္းကိုမေလးမစားနဲ႔ဆက္ဆံေနတာကိုေတာ့ လြန္းမႀကိဳက္။
လမ္းမေပၚက ႏွင္းဆီပန္းအျဖဴေတြကို
ျမန္ျမန္ေကာက္ၿပီး ထြက္သြားဖို႔လုပ္ေနတဲ့
အခ်ိန္...
"နာမည္ေလးသိလို႔ရမလား"
ဆိုတဲ့ အသံေလးၾကားလိုက္ရတယ္။
"လြန္း..."
ထိုစကားတစ္ခြန္းကိုသာ ျပန္ေျပာၿပီး
ႏွင္းဆီပန္းေတြကို လက္ႏွင့္ပိုက္ရင္း ထိုေနရာကေန ထြက္လာလိုက္ေတာ့သည္။ လြန္း
ေနာက္ကိုျပန္လွည့္မၾကည့္ဘဲ ထြက္လာ
လိုက္တာ ထိုေကာင္ေလးအေပၚလြန္သြားလားမသိ။ေက်းဇူးတင္တယ္ဆိုတဲ့စကားတစ္ခြန္းေတာင္ မေျပာခဲ့ရ။လြန္း တစ္ကိုယ္ေကာင္း
ဆန္ခဲ့မိတယ္။
_ _ _
"လြန္းေရ...ဒီေန႔ သီတင္းကြၽတ္လျပည့္ေန႔ဆိုေတာ့ အိမ္ေရွ႕မွာ ဖေယာင္းတိုင္ေလးေတြ ထြန္းလိုက္ပါအုန္း"
"ဟုတ္ကဲ့ ႀကီးေမ"
ႀကီးေမရဲ႕စကားအတိုင္း အိမ္ေရွ႕မွာ မီးထြန္းဖို႔ ဖေယာင္းတိုင္ေလးေတြကို လက္မွာကိုင္ရင္း အိမ္ေရွ႕ကိုထြက္လာလိုက္တယ္။ လက္ထဲက ဖေယာင္းတိုင္ေတြကိုေျမေပၚမွာေထာင္ၿပီး
မီးထြန္းဖို႔ မီးျခစ္လိုက္ခ်ိန္ ႐ုတ္တရက္
ေလတိုက္သြားတာေၾကာင့္ သဲမႈန္စေလးဟာ လြန္းရဲ႕မ်က္လုံးထဲဝင္လို႔သြားတယ္။ လြန္းရဲ႕
မ်က္လုံးကိုဖြင့္လို႔မရတာေၾကာင့္ လက္ႏွင့္ မ်က္လုံးကို ပြတ္ေနရသည္။
"မ်က္လုံးထဲ အမႈန္ဝင္သြားလို႔လား
မ်က္လုံးကိုမႈတ္ေပးမယ္ေလ"
"ဟုတ္ကဲ့...ဟုတ္ကဲ့"
မ်က္လုံးကစပ္ေနတာေၾကာင့္ လြန္းကိုစကားေျပာေနတာ ဘယ္သူဘယ္ဝါမွန္းမသိေပမယ့္ သူ႔ရဲ႕အကူအညီကိုေတာ့ ယူလိုက္ရတယ္။
ဖူး....
"ရရဲ႕လား"
"ဟုတ္ကဲ့ ေက်းဇူးပါေနာ္"
ေျပာရင္း ေခါင္းေမာ့ၾကည့္လိုက္ေတာ့ မေန႔ညကေတြ႕ခဲ့တဲ့ေကာင္ေလးကိုျမင္လိုက္ရတယ္။
"ဟင္...မေန႔ညက တစ္ေယာက္..."
"အစ္ကိုက က်ေနာ့္ကိုမွတ္မိေနတာလား
က်ေနာ္ကမမွတ္မိေလာက္ဘူးထင္ေနတာ"
"ေက်းဇူးပဲေနာ္ ကူညီတဲ့အတြက္.."
"ရပါတယ္အစ္ကိုရဲ႕"
လြန္း ထိုေကာင္ေလးကိုစကားေျပာၿပီးတာနဲ႔
မီးထြန္းေနတာကိုဆက္လုပ္ေနလိုက္သည္။
ေျဖာက္!ေျဖာက္!ေဖာင္း!
"အ့!"
ေျဗာက္အိုးေဖာက္သံၾကားတာနဲ႔ လြန္းလန႔္ၿပီး ထိုေကာင္ေလးကို ဖက္လိုက္မိတယ္။
"လြန္း အဆင္ေျပရဲ႕လား"
"ေျဗာက္အိုးကို ဒီနားလာေဖာက္ရလား
ဒီကေလးေတြကို ငါလုပ္ရင္ေသေတာ့မယ္"
ရွက္ရမ္းရမ္းၿပီး ကေလးေတြကိုအျပစ္ေျပာေနတဲ့ လြန္းကိုၾကည့္ၿပီးရီခ်င္ေနတယ္။ ရွက္ေနတာေလးကိုၾကည့္ပါအုန္း ပါးေလးေတြကိုရဲလို႔။
"ဟား ဟား"
လြန္းကိုၾကည့္ၿပီး ရီေနေသာ ေကာင္ေလးကို လြန္းတစ္ကယ္မုန္းမိတယ္။ လြန္းက သူ႔အတြက္ ရီစရာ အရာမွမဟုတ္တာ။
သီတင္းကြၽတ္ မီးေရာင္စုံတဲ့ညေလးမွာ
ေကာင္ေလးႏွစ္ေယာက္ရဲ႕ စကားသံေတြ...
ရီေမာသံေတြ...ဟာ ပ်ံ႕လို႔ေနခဲ့သည္။
သီတင္းကြၽတ္ညကေတြ႕ခဲ့တဲ့ ေကာင္ေလးကို လြန္းေစာင့္ေနမိတယ္။ လြန္းထိုေကာင္ေလးအေပၚ အျခားစိတ္ရွိေနမိၿပီထင္တယ္။ လြန္းကေလ တစ္ကယ္တုံးတယ္ အဲ့ေကာင္ေလးရဲ႕
နာမည္ေတာင္မေမးမိဘူး။
"လြန္း.."
ဒီအသံ..ဒီအသံကိုလြန္းမွတ္မိတာေပါ့။
အေနာက္ကိုလွည့္ၾကည့္လိုက္တဲ့အခ်ိန္
ႏွင္းဆီျဖဴကိုလက္မွာကိုင္ထားတဲ့ ေကာင္ေလးကိုေတြ႕လိုက္ရသည္။
"က်ေနာ္ေလ လြန္းကိုေျပာစရာရွိလို႔"
"လြန္းကိုဘာေျပာစရာရွိလို႔လဲ"
"က်ေနာ္ လြန္းကိုခ်စ္မိေနၿပီ"
လြန္း ခနတာ ၿငိမ္သက္မိသြားသည္။ လြန္း
သူ႔ကိုခ်စ္ေနေပမယ့္ သူလြန္းကိုတစ္ကယ္
မခ်စ္မွာစိုးရိမ္မိတယ္။ သူ႔ပုံစံကိုၾကည့္ရတာ လြန္းကိုတစ္ကယ္ခ်စ္မယ့္ပုံပဲ။ လြန္းအရဲစြန႔္ၿပီး သူ႔ကို ခ်စ္ၾကည့္လိုက္ေတာ့မယ္။
လြန္းသူ႔ကိုျပန္ၿပီးအေျဖေပးေတာ့ သူ႔မွာအေပ်ာ္လြန္ၿပီး ကခုန္ေနတာ။ သူ႔ရဲ႕
သြားတတ္ေလးပါ ေပၚတဲ့အထိ ၿပဳံးေနတာေလးက လြန္းကိုဆြဲေဆာင္လြန္းေနသည္။
"လြန္း...ေမာင့္ကိုခ်စ္လား"
"ခ်စ္တာေပါ့...ေမာင့္ကို လြန္းရဲ႕ဘဝအထိပါ
ပုံအပ္ၿပီးခ်စ္တာ"
လြန္းဘယ္ေလာက္ထိခ်စ္တယ္ဆိုတာ
သိလ်က္နဲ႔ အၿမဲတမ္း"ခ်စ္လား"လို႔ေမးေနတဲ့ေမာင့္ကို စိတ္ေတာင္စိုးခ်င္လာၿပီ။ ဒါေပမယ့္ စိတ္မစိုးရက္ပါဘူး။
ဒီေန႔ကိုေမာင္ေမ့ေနတယ္ထင္ပါရဲ႕...ေမာင္
လြန္းစီကိုလာတာေနာက္က်လြန္းေနသည္။ လြန္းရဲ႕စိတ္ထဲကို ဝမ္းနည္းမႈေတြအျပည့္
ဝင္လာခဲ့သည္။
"လြန္း..ေမာင္ေတာင္းပန္ပါတယ္ လမ္းမွာ ကားက်ပ္ေနလို႔ေနာက္က်သြားတာ...ေဟာ ေမာင့္ရဲ႕ကေလးေလးက ငိုေနပါလား ဘာလို႔ငိုေနတာလဲ"
"ေမာင္ လြန္းကိုမခ်စ္ေတာ့ဘူးထင္တယ္ ဒီေန႔ဘာေန႔လဲဆိုတာေမာင္ေမ့ေနတယ္မလား"
"ဘာလို႔ေမ့ရမွာလဲကြာ ဒီေန႔ကိုေမာင္လုံးဝမေမ့ဘူး ဒီေန႔ကေမာင္တို႔ရဲ႕anniေလ မငိုနဲ႔ေတာ့ေနာ္ ေမာင္လာတာေနာက္က်သြားတဲ့အတြက္
ေတာင္းပန္ပါတယ္"
လြန္းရဲ႕မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ေမာင့္ကိုဖက္ထားလိုက္တယ္။လြန္းကေလ
ေမာင့္ထက္သာ အသက္ႀကီးေပမယ့္
ကေလးတစ္ေယာက္လိုပဲ။
တစ္ကိုယ္ေကာင္းဆန္တယ္။ထင္ခ်င္တာထင္
ၿပီးေမာင့္ကိုအပစ္ေျပာတယ္။ ဒါေပမယ့္
ေမာင္က လြန္းအေပၚ သည္းခံတယ္။ လြန္းဘယ္ေလာက္အမွားလုပ္လုပ္ ေမာင္ကပဲ အၿမဲတမ္းေတာင္းပန္ေနတဲ့အတြက္ ေမာင့္အေပၚကိုေတာင္ အားနာမိလာၿပီ။
"ေမာင္က ငါ့ကိုအေသးစိတ္ကအစ ဂ႐ုစိုက္ေပးတာ "
"အမေလး ေတာ္ပါေတာ့ လြန္းတို႔roတာေတြ ထပ္ေျပာရင္ က်မေသြးတတ္ေတာ့မယ္"
"ဟီး..အဲ့တာဆိုဖုန္းခ်လိုက္ေတာ့မယ္"
"ဟုတ္ပါၿပီရွင္"
လြန္းကေတာ့ သူ႔ရဲ႕ငယ္သူငယ္ခ်င္းစီ
ဖုန္းဆက္ၿပီး ခ်စ္သူအေၾကာင္းႂကြားေနတာ မ်က္ႏွာႀကီးကိုၿဖီးလို႔...။
တီးေတာင္!
ေမာင္လာၿပီနဲ႔တူတယ္။ ၾကည့္လက္စဖုန္းကို ေအာက္ခ်ၿပီး အခန္းတံခါးျမန္ျမန္သြားဖြင့္ေပးလိုက္တယ္။ တံခါးဖြင့္ဖြင့္ခ်င္း ေမာင့္မ်က္ႏွာကိုျမင္ရတာနဲ႔လြန္းမွာေပ်ာ္ေနရတာ။
"ေမာင္ဗိုက္ဆာေနၿပီလား"
"ဗိုက္ဆာေနၿပီ ခုနက ထမင္းစားပြဲကိုသြား
ၾကည့္ေတာ့ ပုစြန္ပဲေတြ႕လို႔ မစားဘဲ ေနတာ"
ေမာင္က ပုစြန္နဲ႔မတည့္တာကို ေမ့ေနတာ။
"ေမာင္စားလို႔ လြန္းၾကက္ဥေၾကာ္လိုက္အုန္း
မယ္ ခနေစာင့္ေနာ္"
ေမာင္စားဖို႔အတြက္ ၾကက္ဥေၾကာ္ဖို႔
ေရခဲေသတၱာကိုဖြင့္လိုက္ေတာ့ ၾကက္ဥတစ္လုံးပဲေတြ႕တယ္။ ေမာင္ကံေကာင္းတယ္လို႔ေျပာရ
မယ္ ဒီေန႔က်မွ ၾကက္ဥကလဲတစ္လုံးပဲက်န္
တယ္။
ဒယ္အိုးထဲ ဆီထည့္ၿပီး ဆီဆူတာနဲ႔ ၾကက္ဥ
ထည့္လိုက္ခ်ိန္... ဆီပူက လက္ကိုမွန္ၿပီး ေအာ္လိုက္မိတယ္။
"အ့..ေမာင္ေရ"
"ဘာျဖစ္တာလဲ လြန္း...ၾကက္ဥေတြလဲတူး
ကုန္ၿပီ ဖယ္...ေမာင္လုပ္လိုက္မယ္"
အပူေလာင္တဲ့လက္ေလးကိုပြတ္ၿပီး ဧည့္ခန္းထဲက ဆိုဖာေပၚမွာထိုင္ေနလိုက္သည္။ လြန္းက အသုံးမက်ဘူး ေမာင့္အေပၚ ဘာမွေတာင္
မလုပ္ေပးႏိုင္ဘူး။
"လြန္း အပူေလာင္သြားေသးလား ခနေနာ္
ေမာင္ေဆးလိမ္းေပးမယ္"
"ဟုတ္"
ေမာင္ကေတာ့ လြန္းအတြက္နဲ႔ပ်ာယာခတ္လို႔ ေနသည္။ေမာင့္ကိုေစာင့္ေနရင္း စားပြဲေပၚမွာ တင္ထားတဲ့ ေမာင့္ဖုန္းက အသံျမည္လာခဲ့သည္။နာမည္ကိုၾကည့္လိုက္ေတာ့ 'ေမ'တဲ့။
ႏိုင္ငံျခားက ေမာင့္ရဲ႕အမဖုန္းဆက္တာထင္
တယ္။လြန္းလဲ ေမာင့္ကို ဘာမွမေျပာဘဲ ဖုန္းကိုင္လိုက္သည္။
'ကိုကို ဘာလို႔ဖုန္းကိုင္တာေနာက္က်ေနတာလဲကိုကို ညက်ရင္ အိမ္ကိုလာခဲ့ေနာ္
ကိုကို႔အတြက္ စပ႐ိုက္ရွိတယ္ ေမေမတို႔ကလဲ ကိုကိုနဲ႔ေတြ႕ခ်င္ေနတာ ၾကာၿပီ ကိုကိုေစာေစာလာခဲ့ေနာ္ ဟယ္လို!ဟယ္လို!'
လြန္းဘာမွျပန္မေျပာႏိုင္ဘဲ မ်က္ရည္ေတြသာ က်ေနမိတယ္။လြန္းက ေမာင့္ကိုတကယ္ခ်စ္ခဲ့တာေလ ေမာင္ လြန္းအေပၚကို လုပ္ရက္တယ္။
ေမာင္အခုလို ေဖာက္ျပန္မယ္ဆိုတာကိုလဲ လြန္းမထင္ထားဘူး။
"လြန္းေရ အရက္ျပန္ရွာမေတြ႕လို႔ၾကာေနတာ ေဟာ လက္ကနာေနလို႔ငိုေနတာလား
မငိုနဲ႔တိတ္ေနာ္"
လြန္းရဲ႕လက္ေလးကို အသာေလးယူၿပီး ေဆးထည့္ေပးေနေသာ ေမာင့္ကို တစ္ျဖည္းျဖည္းနဲ႔ ႐ြံ႕လာၿပီ။
"ငါတို႔လမ္းခြဲရေအာင္"
ထိုစကားေျပာဖို႔ေတာ္ေတာ္ေလး အားယူခဲ့တာနဲ႔ ေျပာမထြက္ႏိုင္ဘူး။
"လြန္း ဘာေတြေျပာေနတာလဲကြာ"
"မင္းလိုသစၥာမရွိတဲ့ ေဖာက္ျပန္တဲ့ေကာင္ကို ငါအရမ္းမုန္းတယ္ ငါတစ္ေယာက္လုံးရွိေနတာေတာင္ ေနာက္တစ္ေယာက္ထားရဲတယ္ မင္းအတြက္ တစ္ေယာက္တည္းမလုံေလာက္တာလား!"
လြန္းရဲ႕အသံဟာ တစ္ျဖည္းျဖည္းနဲ႔က်ယ္လာခဲ့သည္။
"ေမာင္ေတာင္းပန္ပါတယ္ ေမာင့္ကိုႀကိဳက္သလိုေျပာပါ ဒါေပမယ့္ လမ္းခြဲမယ္ဆိုတဲ့စကားကိုေတာ့မေျပာပါနဲ႔"
"မင္းကို ငါ႐ြံ႕တယ္ နဂိုထဲက မခ်စ္ရင္မခ်စ္ဘူးလို႔ေျပာလို႔ရတယ္ အခုလိုမ်ိဳး ေဖာက္ျပန္စရာမလိုဘူး ငါ့မွာႏွလုံးသားအပိုမပါဘူး ေမာင္"
"ေမာင္ကလြန္းတစ္ေယာက္တည္းကိုပဲ ခ်စ္တာပါ"
"ေတာ္ပါေတာ့ ေမာင္လိမ္ၿပီးဆက္မေျပာပါနဲ႔ေတာ့"
"ေမာင္ေတာင္းပန္..."
"ထြက္သြား!ငါ့ေရွ႕ကထြက္သြား"
လြန္း ခုခ်ိန္မွာဘာမွမၾကားခ်င္ေတာ့ပါ။
ကိုယ္ခ်စ္ရတဲ့သူစီကေန အခုလိုမ်ိဴး
ေဖာက္ျပန္ခံရတာက အရမ္းခံစားရခက္တယ္။
အဲ့ေန႔ကစၿပီး ေမာင့္ကိုမေတြ႕ခ်င္ရေလာက္ေအာင္ မုန္းေနမိတယ္။ ေမာင္က အခန္းေရွ႕လာတာေတာင္ ထြက္မေတြ႕ခဲ့ဘူး။ေမာင္နဲ႔ေတြ႕ရင္ေတာင္ ေရွာင္ေနမိတယ္။ ေမာင္ကေတာ့ လြန္းကိုေတြ႕ရင္ ေတြ႕တဲ့ေနရာမွာတင္
ေတာင္းပန္ေနေပမယ့္ လြန္းကခြင့္မလြတ္ႏိုင္ဘူး။
ၾကာလာရင္ေတာ့ ေမာင္လက္ေလ်ာ့သြားမွာပါ။
အခုခ်ိန္ဆို အသံျမည္ေနက် ဖုန္းသံေလးဟာ တိတ္ဆိတ္လို႔ေနသည္။
ေမာင္လက္ေလ်ာ့သြားၿပီထင္တယ္။
ဖုန္း screenကိုၾကည့္ရင္း လြန္းမ်က္ရည္ေတြက်ေနမိသည္။
ေမာင္သာတစ္ကယ္ခ်စ္ရင္ လြန္းကို
အခုလိုလုပ္မွာမဟုတ္ဘူး။
၁ပတ္...၂ပတ္...၃ပတ္...အခ်ိန္ေတြသာၾကာလာတာ အရင္လို ေမာင္ဖုန္းမေခၚတာ ၃ပတ္ရွိၿပီ။ေမာင္ဖုန္းေခၚတာကို လြန္းအရမ္းလြမ္းေနၿပီ။
တီ!တီ!
"ဟယ္လို"
ဖုန္းျမည္သံၾကားတာနဲ႔ contacts name ကို မၾကည့္ဘဲ ဖုန္းကိုခ်က္ခ်င္းကိုင္လိုက္တယ္။
"လြန္း ေနေကာင္းရဲ႕လား တြယ္တာ..လြန္းကိုေျပာစရာရွိလို႔.."
"အင္း..ေနေကာင္းပါတယ္ ဘာေျပာစရာရွိလို႔လဲ"
"လြန္းရဲ႕ေကာင္ေလးေလ...ဒီေန႔မဂၤလာ
ေဆာင္ၿပီတဲ့"
တစ္ဖက္လူရဲ႕စကားသံၾကားၿပီး လြန္းေရွာ့ခ္ရသြားခဲ့လို႔ ဘာစကားမွ ျပန္မေျပာႏိုင္ခဲ့ဘူး။
ေမာင္က ဒီေန႔မဂၤလာေဆာင္ၿပီတဲ့။
မျဖစ္ႏိုင္ေလာက္ပါဘူး ေမာင္ကငါ့ကိုသိပ္
ခ်စ္တာ။ေမာင္ရဲ႕ဖုန္းကို ေခၚေတာ့
စက္ပိတ္ထားတယ္တဲ့။ ဖုန္းအားမရွိလို႔ပဲေနမွာပါ။
'လူႀကီးမင္းေခၚဆိုေသာဖုန္းမွာ စက္ပိတ္ထားပါသျဖင့္..တီ!'
အခုထိ လြန္းရဲ႕ဖုန္းကို မကိုင္ပါလား ေမာင္ရယ္။
ေမာင့္ရဲ႕အသံေလးကိုလည္းလြမ္းလွၿပီ။
ေမာင္ဂ႐ုစိုက္ေပးတာေတြကိုလည္း ခံခ်င္ၿပီ။
အခုလိုအခ်ိန္မွာ ေမာင္နဲ႔အတူတူရွိခ်င္တယ္..။
လြန္းမွာဆႏၵေလးတစ္ခုရွိတယ္။ အဲ့တာက
ေမာင့္လက္ေလးကိုကိုင္ၿပီး မဂၤလာခန္းမထဲမွာ လမ္းေလွ်ာက္ခ်င္တာ။အခုေတာ့ ေမာင္ဟာ လြန္းမဟုတ္တဲ့ တစ္ျခားမိန္းမတစ္ေယာက္ရဲ႕ လက္ကိုဆြဲၿပီး မဂၤလာခန္းမထဲမွာလမ္းေလွ်ာက္ လို႔ေနၿပီ။
လြန္းတစ္ေယာက္ ေကာင္းကင္ေပၚက ၾကယ္ေတြကိုၾကည့္ရင္း တစ္ေယာက္တည္း စကားေတြေျပာလို႔ေနသည္။
ေနာက္ဆုံးအႀကိမ္ အားခဲၿပီး ဖုန္းထပ္ေခၚ
လိုက္ေပမယ့္...
'လူႀကီးမင္းေခၚဆိုေသာဖုန္းမွာ..တီ!'
ေမာင္ဟာဖုန္းမကိုင္ခဲ့ဘူးပဲ!
တစ္ဖက္တြင္လည္း
"ကိုကို မသြားရဘူး ဒီညက ေမႏွင့္ကိုကိုရဲ႕
မဂၤလာဦးညေလ.."
"ကိုကိုသြားမွျဖစ္မယ္ ခနေလးပါေမရယ္
မဂၤလာဦးည မကုန္ခင္ ကိုကို ျပန္လာမွာပါ"
"ကိုကို!"
ေမရဲ႕ေျပာစကားေတြကိုလ်စ္လ်ဴရႈၿပီး ကားစီကိုေျပးလိုက္သည္။ ကားထဲေရာက္တာႏွင့္ ဖုန္းဖြင့္ၿပီး လြန္းဆီကိုဖုန္းေခၚေပမယ့္ လြန္းက
ဖုန္းကိုမကိုင္ဘူး။ လြန္းဆီလာတဲ့
လမ္းတစ္ေလွ်ာက္ ဖုန္းေတြဆက္တိုက္ေခၚေနတာေတာင္ လြန္းကမကိုင္ဘူး။ စိုးရိမ္စိတ္နဲ႔ ကားကိုအျမန္ေမာင္းခဲ့ရသည္။
လြန္းရဲ႕တိုက္ခန္းေရွ႕ေရာက္ေတာ့ တံခါးက ပြင့္ေနသည္။ အိမ္ခန္းထဲမွာ မီးမဖြင့္ထားဘဲ တိတ္ဆိတ္လို႔ေနသည္။
"လြန္းေရ"
"....."
တိတ္ဆိတ္လြန္းေနၿပီး လြန္းရဲ႕ထူးသံေလးမၾကားရတာေၾကာင့္ စိတ္ပူၿပီး လြန္းရဲ႕အခန္းထဲကိုေျပးဝင္လိုက္ေတာ့.... မီးေရာင္ေအာက္မွာ လဲေနတဲ့ လြန္းကိုေတြ႕လိုက္ရတယ္။ လြန္းစီကိုေျပးၿပီး လြန္းရဲ႕ခႏၶာကိုယ္ကိုေပြ႕ခ်ီလိုက္တဲ့
အခ်ိန္ လြန္းရဲ႕ခႏၶာကိုယ္မွာေသြးေတြေပေနတာကို ျမင္လိုက္ရသည္။ က်ေနာ္အရမ္းလန႔္သြားၿပီး လြန္းရဲ႕မ်က္ႏွာေလးကို လႈပ္ႏိုးၾကည့္ေတာ့..
"လြန္း...လြန္းေရ"
"ဟင့္...ေမာင္ေရာက္လာ..ၿပီ...လြန္းက..
ေမာင့္အသံ...ေလးကို လြမ္း...ေန...တာ"
"လြန္းေမာေနလိမ့္မယ္ စကားအမ်ားႀကီး မေျပာနဲ႔ေနာ္ ဘာလို႔အခုလို ကိုယ့္ကိုယ္ကိုယ္ လုပ္ထားရတာလဲကြာ ဘာလို႔အသားအနာခံရတာလဲ ေမာင္ေတာင္းပန္ပါတယ္ ေမာင္အခု လြန္းကိုေဆး႐ုံေခၚသြားေပးမယ္ေနာ္"
ေမာင္ဟာ လြန္းရဲ႕ခႏၶာကိုယ္ကို မႏိုင္ဘဲႏွင့္ အႀကိမ္ႀကိမ္ခ်ီေနျပန္ၿပီ။
"လြန္း အိပ္ခ်င္...လာၿပီ ေမာင့္...ရဲ႕ရင္ခြင္...ထဲမွာ အခု...လိုအိပ္...ခ်င္တယ္"
"ေမာင္က လြန္းကိုရင္ခြင္ထဲထည့္ဖက္ထားမွာေပါ့ လြန္းအခုေတာ့ မအိပ္နဲ႔ေနာ္ လိမၼာတယ္"
ေမာင္ဟာ ဒီေန႔စကားအရမ္းမ်ားလြန္းတဲ့
ေကာင္ေလးတစ္ေယာက္ပါလား။
"ေမာင္...လြန္းကို..ခ်စ္...လားဟင္"
"ေမာင္ကလြန္းကိုခ်စ္တာေပါ့.."
ေမာင့္စကားအဆုံးမွာ လြန္းရဲ႕မ်က္လုံးမွိတ္သြား
ခဲ့ၿပီး ေမာင့္ရဲ႕ရင္ခြင္ထဲမွာအိပ္စက္လိုက္ေတာ့သည္။
ေသဆုံးသြားေသာ ခ်စ္ရသူရဲ႕ခႏၶာကိုယ္ကို
ဖက္ၿပီး ငိုေႂကြး႐ုံမွတစ္ပါး အျခားျပဳလုပ္စရာမရွိေတာ့ေပ။
^ေမာင္ လြန္းကိုခ်စ္ခဲ့ပါတယ္ ေမာင္သစၥာေမ့ခဲ့ မိလို႔ ေမာင္ကိုခ်စ္တဲ့သူဆုံးရႈံးရတဲ့အတြက္
ေမာင့္လုပ္ရပ္ေတြကမွားမွန္းေမာင္သိပါၿပီ
ေနာက္ဘဝမွာျပန္ေမြးဖြားလာခဲ့ရင္ လြန္းကိုအဆုံးရႈံးမခံခ်င္ေတာ့ဘူး^
^ေမာင့္ကိုခ်စ္ေပမယ့္ တစ္ျခားအမ်ိဳးသမီးကိုေမာင့္ရင္ခြင္ထည့္ၿပီးခ်စ္တာကိုေတာ့
မၾကည့္ရက္ဘူးေမာင္! ခ်စ္တယ္ဆိုတာေလးေတာ့ သိေစခ်င္တယ္^
...ၿပီး...
La Yaung Nge(လေရာင္ငယ္)