Unicode
ဂျယ်ဆူမရှိတော့သည်မို့ မနေ့ညက ကြက်သွန်ခွာနေခဲ့သည့် ဒုံဂျူဆိုသည့် ကောင်လေးက မနက်စာပြင်ပေးသည်။
မြင်ဖူးနေကျ မဟုတ်သည့် ဒုံဂျူ့ကို မြင်တော့ Tae Hyung၏ မျက်ဝန်းညိုညိုလေးတို့က စူးစမ်းလိုဟန်တို့ဖြင့် ပြည့်နှက်သွားကာ
"အရင်က ထမင်းပြင်ပေးနေကျ ကောင်လေးရောဟင်?"
ဒုံဂျူ၏လက်တို့သည် ရေခဲရိုက်၍ အေးခဲသွားသကဲ့သို့ တုန့်ဆိုင်းသွားသည်။ဂျယ်ဆူကို Jeonသခင်လေးက သတ်ပစ်လိုက်ပြီမှန်း သူရိပ်စားမိသည်။
သို့သော်လည်း ထိုအကြောင်းအရာကို အမှန်အတိုင်းပြောပြလို့မဖြစ်၊ သူပါ အသက်ပျောက်သွားလိမ့်မည်။
Jeonသခင်လေးကိုလည်း သူက ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်လုံကြောင်းနှင့် Jeonသခင်လေးဘက်မှာသာ အပြည့်အဝရှိကြောင်း မြင်သာအောင် ပြချင်သည်မို့
"အမွေတွေအများကြီးရသွားလို့ မွေးရပ်မြေကို အပြီးပြန်သွားပါတယ်.. Jeonသခင်လေးရဲ့ ယောက်ျားကိုကိုလေး"
Tae Hyungသည် ထိုအခေါ်အဝေါ်နဲ့ပက်သက်၍ သိပ်ပြီး အထူးအဆန်းဖြစ်မနေတော့၊ အရင်ကလောက်လည်း နေရခက်မနေတော့၊ ခနခန ခေါ်ခံရပါ များနေပြီမို့လေ။
Jungkookသည် Tae Hyung၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
"အဲ့ကောင်လေးက မနေ့ညက ကျွန်တော့်ဆီ ခွင့်တိုင်သွားတယ်..နယ်ပြန်သွားတော့မယ့် အကြောင်းလေ"
ဒုံဂျူကတော့ သူ့တာဝန်ပြီးပြီမို့ ထမင်းစားခန်းထဲကနေ ခပ်သုတ်သုတ် ထွက်သွားတော့သည်။
Jungkookက သူ့ကိုကိုလှလှလေးကို တစ်ချက် ကြည့်ပြီး မျက်ခုံးများကို တွန့်ချိူးလိုက်ကာ စူအောင့်နေသည့် အသံမျိူးဖြင့်
"ကိုကိုက ဘာလို့ အဲ့ကောင်လေးအကြောင်းကို အရမ်း စိတ်ဝင်စားနေတာလဲ?"
သူ့အသံက ဒေါသအလျဉ်းမပါ၊ ချစ်ယောက်ျားလေးကို ဂျစ်တိုက်ချင်သည့် အသံမျိူးသာ။
"စိတ်ဝင်စားတယ်လည်း မဟုတ်ပါဘူး။ မြင်နေကျလူကို မမြင်ရလို့ မေးကြည့်တဲ့သဘောပါ Jeonရဲ့"
Jungkookမျက်နှာက ပို၍ စူပုတ်သုံမှုန်လာပြီး
"မသိဘူး ကျွန်တော် သဝန်တိုတယ်ကိုကိုရဲ့"
Jeonကို ကြည့်ပြီး သူ သဘောတကျရယ်မိတော့သည်။တစ်ခါတစ်လေ သူ့ယောက်ျားက တကယ့်ကလေးလေးလိုပဲ။
စူပုတ်ပုတ်မျက်နှာလေးက တောင့်တင်းသန်မာနေသည့် လက်မောင်းသားများနှင့် မလိုက်မဖက်ဟု ထင်ရနိုင်သော်လည်း သူ့အတွက်တော့ ချစ်ဖို့ကောင်းလှသည်၊ ဖိညှစ်ပစ်ချင်သည်။
"ကိုကိုက ဘာလို့ ရယ်တာလဲ?"
"Jeonက ချစ်ဖို့ကောင်းလို့လေ"
"ချစ်ဖို့ကောင်းတယ်ဆိုတော့ ချစ်လား?"
"ချစ်တာပေါ့ အကိုက Jeonကို အများကြီး ချစ်တာ"
"ဒါဆို ဘာလို့ ကျွန်တော့်ကို သဝန်တိုအောင် လုပ်ရတာလဲ?စိတ်မကောင်းဖြစ်ရတယ်လေ.. ချစ်တယ်ဆိုရင် အဲ့လို မပျော်အောင်မလုပ်ရဘူးဗျ"
"ကဲ! ပြောပါဦး Jeonပျော်သွားအောင် အကိုက ဘာလုပ်ပေးရမလဲပြော"
"ဖက်ထားပေး ကျွန်တော့်ကို"
"လာပါပြီခင်ဗျာ"
Tae Hyungက ခပ်မြူးမြူးလေးဆိုပြီးနောက် ထိုင်နေရာမှ မဆိုင်းမတွပဲ ထရပ်လိုက်သည်။
ထို့နောက် ထိုင်ခုံမှာထိုင်နေသည့် သူ့ယောက်ျားဂျစ်တူးလေးကို အားပါးတရဖက်ပစ်လိုက်သည်။
Jungkook၏ လက်များက Tae Hyung၏ ခါးကို ပြန်လည်၍ ကျစ်ကျစ်သည်းသည်း သိုင်းဖက်သည်။
"ကဲ ပျော်သွားပြီလားဗျ"
"သိပ်မပျော်သေးဘူး..ဖက်ထားပေးဦး ကိုကိုရယ်..နော်!"
"ဟုတ်ပါပြီဗျာ"
ကိုကို့ရယ်သံလွင်လွင်လေးတွေက ထမင်းစားခန်းအနှံ့ပျံ့နှံ့သွားသည်။
ကိုကို့ရယ်သံလေးတွေကို သူသိပ်ချစ်သည်။ရုပ်ရှင်ကြည့်ရင်း သဘောကျစရာတွေ့လို့ တခစ်ခစ်ရယ်တတ်သည့် ရယ်သံကအစ သူချစ်သည်။
ကိုကိုနဲ့ ပတ်သက်သမျှ အရာရာတိုင်းကို သူမြတ်နိုးသည်။လူတစ်ယောက်ကို ဤမျှလောက်အထိ နင့်နင့်သည်းသည်း ချစ်ခင်မြတ်နိုးမိလိမ့်မယ်ဟု သူဘယ်တော့မှ မတွေးဖူးခဲ့။
ကိုကို့ နှုတ်ခမ်းဖျားက ထွက်ကျလာသည့်၊ အထုအထည်မရှိသည့် စကားလုံးတစ်လုံးချင်းစီကအစ သူတမြတ်တနိုးကောက်ယူသိမ်းဆည်းထားချင်သည်အထိ။
သူကထိုင်နေဆဲဖြစ်ပြီး ကိုကိုက မတ်တပ်ရပ်နေသည်မို့ သူ့မျက်နှာက ကိုကို့ ရင်ခွင်ထဲသို့ ကွက်တိရောက်ရှိနေလေသည်။
နွေးထွေးမှုတို့ တသွင်သွင်စီးဆင်းပျော်ဝင်နေသည့် ကိုကို့ရင်ခွင်သေးသေးလေးထဲသို့ သူ့မျက်နှာကို နှစ်ပစ်လိုက်သည်။
ရင်းနှီးနေသည့် ကိုကို့ကိုယ်သင်းနံ့လေးတွေကို ဈေးကြီးပေးဝယ်ရသည့် အကောင်းစားရေမွှေးတွေထက်တောင် သူကြိုက်သည်။
ပျော်ရင်လည်း ဒီရင်ခွင်လေးထဲ တိုးဝင်မည်၊ ဝမ်းနည်းစရာတွေ ကြုံလာခဲ့ရင်လည်း ဒီရင်ခွင်လေးထဲ ခိုဝင်မည်။
ဝမ်းနည်းစရာတွေကတော့ သူတို့ကြား၌ ဘယ်တော့မှ ရှိလာမည်မဟုတ်ပါ။
တရိပ်ရိပ် တိုးတိုးလာသည့် ချစ်ခြင်းမေတ္တာတွေ၊ နွေဦးလေးလို နွေးထွေးနူးညံ့လှသည့် ပျော်ရွှင်ကြည်နူးခြင်းတွေက လွဲ၍ ကျန်သည့် ခံစားချက်များကို သူနဲ့ကိုကို့ကြား၌ ပေါက်ရောက်ရှင်သန်ခွင့်ပြုမည်မဟုတ်ပါ။ သူက အကုန်လုံးကို အမြစ်ပြတ်ရှင်းထုတ်ပစ်မှာ။
ကိုကို့ခါးကို ဖက်တွယ်ထားသည့် လက်တွေက ဆက်လက်ဖက်တွယ်ခြင်းမပြုတော့ပဲ ကိုကို့ကျောပြင်ကို တယုတယပွတ်သပ်မိသည်။
ဒီလက်တွေနဲ့ လူတွေကို သွေးအေးရက်စက်စွာဖြင့် ညှင်းပန်းနှိပ်စက်တတ်သလို ဒီလက်တွေနဲ့ပဲ ကိုကို့ကို ကြင်နာမြတ်နိုးစွာဖြင့် ထွေးပွေ့ချစ်ခင်တတ်သည်။
"ဒီနေ့က Jeonရဲ့ ရုံးပိတ်ရက်ဆိုတော့ အကိုတို့ အတူတူ အပြင်သွားကြမလားဟင်?"
Tae Hyungက Jungkook၏ ဆံပင်များကို ထိုးဖွ၍ မေးလိုက်ခြင်းဖြစ်သည်။
ခေါင်းကို ထိကိုင်တာမျိုးကို အင်မတန်မုန်းသည့် Jungkookသည် သူ့ကိုကို၏ လက်ချောင်းအထိအတွေ့များကို မျက်လုံးများမှေးစင်း၍ ခံစားပျော်ဝင်သည်။ မျက်နှာလေးကလည်း ဝင်းလက်တောက်ပလို့။
"ကိုကို့ သဘော ကိုကို ဘယ်သွားချင်လဲဟင်?"
သူ့အသံက ခပ်ညက်ညက်၊ သူ့ဆံပင်တွေကို ကိုကိုက မကြာခဏထိုးဖွလေ့ရှိသည်။
ထိုအထိအတွေ့၊ အခိုက်အတန့်လေးတွေကို သူသိပ်သဘောကျသည်။ကိုကို့လက်ချောင်းသွယ်သွယ်လေးတွေက သူ့ဆံပင်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြေးနေတာ။
"အကိုတို့ Teenagers Dateလုပ်ကြရအောင်"
"ဘယ်လိုမျိူးလဲ ကိုကို"
"ကစားကွင်းသွားကြမယ် လာ.. ထ Jeon"
.....
ကိုကိုနှင့် ကစားကွင်းသို့ ရောက်နေလေပြီ။ကိုကိုက "ခနလေးနော်"ဟုဆိုကာ သူ့ကို စောင့်ထားခိုင်း၍ ဆိုင်ခန်းသေးသေးလေးတစ်ခုထဲသို့ ဝင်သွားသည်။
ခေါင်းပေါ်၌ တိရစ္ဆာန်နားရွက် ဘီးကုတ်လေးများကို အသီးသီးတပ်ထားကြသည့် စုံတွဲတွေကို ကြည့်၍ သူနှာခေါင်းရှုံ့မိသည်။
လူတွေရဲ့ အကြိုက်ကလည်း ထူးဆန်းလိုက်တာ! အလကား! ကလေးကလားနဲ့ ကျပ်မပြည့်ကြတဲ့လူတွေ! သူကတော့ ဘယ်လိုနည်းနဲ့မှ အဲ့ဒါမျိူးတွေကို မတပ်နိုင်ပါဘူး။
ထိုစဉ် ကိုကိုက ဆိုင်ခန်းလေးထဲကနေ ခပ်သုတ်သုတ်လေး ပြန်ထွက်လာပြီး လက်ထဲမှာလည်း တိရစ္ဆာန် ဘီးကုတ်လေးနှစ်ခု ပါလာသည်။ယုန်တစ်ခု၊ဝက်ဝံတစ်ခု။
ယုန်နားရွက်ကို သူ့ခေါင်းပေါ်၌ တပ်ပေးပြီး
"Jeonက ယုန်နဲ့တူတယ် ချစ်စရာလေး"
ကိုကိုနဲ့အတူ အားပါးတရ လိုက်ပြုံးမိသည်။လူကြားထဲ၌ ဒီလို ဘီးကုတ်တွေ တပ်တာက ကျပ်မပြည့်ဘူးလို့ သူတွေးခဲ့ပေမယ့် ကိုကိုက ကြိုက်တော့လည်း အလိုတူအလိုပါ အတူတူလိုက်ပြုံးရယ်မိတော့သည်။
ကိုကိုနဲ့ကျမှ ကျွန်တော်တကယ် ကျပ်မပြည့်တော့ဘူးထင်တယ်။ အခုတစ်မျိူး၊တော်ကြာတစ်မျိူးနဲ့။
ဝက်ဝံဘီးကုတ်လေး ကိုင်ထားသည့် ကိုကို့လက်နုနုတစ်ဖက်ကို ဆွဲကိုင်လိုက်ရင်း
"ဟုတ်တယ်ကိုကို။ ကျွန်တော်က ယုန်လေး..ကိုကို့ကို စားမယ့်ယုန်လေး"
Tae Hyungက မျက်လုံးများ ပြူးကျယ်သွားပြီးနောက် လွတ်နေသည့်လက်တစ်ဖက်ဖြင့် Jungkookပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး အသံတိုးတိုးလေးနှင့်
"ဘာလို့ အဲ့လိုတွေ ပြောနေရတာလဲ? သူများတွေ ကြားကုန်မှဖြင့်"
"မကြားပါဘူး ကိုကိုကလဲ.. ကျွန်တော်တို့ အနားမှာလည်း ဘယ်သူမှမရှိပါဘူးဗျ"
ကိုကိုက ပါးစပ်ကို လှမ်းပိတ်ထားသည်မို့ သူ့အသံက ခပ်တိုးတိုးနှင့် ဗလုံးဗထွေး။
ကိုကိုက ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပါးစပ်ပေါ်က လက်လေးကို ဖယ်လိုက်ပြီး စိတ်အေးသွားသလို လေသံဖျော့ဖျော့ဖြင့်
"တော်သေးတာပေါ့.. ဘယ်သူမှမရှိလို့"
ထို့နောက် ကိုကိုက လက်ထဲ၌ ကျန်နေသည့် ဝက်ဝံဘီးကုတ်လေးကို တပ်လိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကို ထုတ်သည်။
"လာ Jeon! အကိုတို့ ဓာတ်ပုံတစ်ပုံလောက် တူတူရိုက်ကြမယ်"
"ဟုတ်ကဲ့"
ရိုက်ပြီးသွားသည့်နောက် ကိုကိုက ဖုန်းထဲက ဓာတ်ပုံကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ရယ်ပြုံးသည်။
ဒီလိုလေးပဲ လှလှပပရယ်နေပါ ကိုကို။
ကိုကို့အပြုံးတွေ ပျောက်ကွယ်သွားအောင် စိတ်အနှောင့်အယှက်ပေးတဲ့လူတွေရော၊
ကိုကို့ကို ပေါ်တင်ဖြစ်စေ၊ကွယ်ရာ၌ဖြစ်စေ ထိပါးစော်ကားတဲ့လူတွေရော၊ အကုန်လုံးကို ကျွန်တော်က သုတ်သင်ရှင်းလင်းပစ်မှာမို့...။
Zawgyi
ဂ်ယ္ဆူမရွိေတာ့သည္မို႔ မေန႕ညက ၾကက္သြန္ခြာေနခဲ့သည့္ ဒုံဂ်ဴဆိုသည့္ ေကာင္ေလးက မနက္စာျပင္ေပးသည္။
ျမင္ဖူးေနက် မဟုတ္သည့္ ဒုံဂ်ဴ႕ကို ျမင္ေတာ့ Tae Hyung၏ မ်က္ဝန္းညိုညိုေလးတို႔က စူးစမ္းလိုဟန္တို႔ျဖင့္ ျပည့္ႏွက္သြားကာ
"အရင္က ထမင္းျပင္ေပးေနက် ေကာင္ေလးေရာဟင္?"
ဒုံဂ်ဴ၏လက္တို႔သည္ ေရခဲရိုက္၍ ေအးခဲသြားသကဲ့သို႔ တုန႔္ဆိုင္းသြားသည္။ဂ်ယ္ဆူကို Jeonသခင္ေလးက သတ္ပစ္လိုက္ၿပီမွန္း သူရိပ္စားမိသည္။
သို႔ေသာ္လည္း ထိုအေၾကာင္းအရာကို အမွန္အတိုင္းေျပာျပလို႔မျဖစ္၊ သူပါ အသက္ေပ်ာက္သြားလိမ့္မည္။
Jeonသခင္ေလးကိုလည္း သူက ဒီကိစၥနဲ႕ပတ္သက္ၿပီး ႏႈတ္လုံေၾကာင္းႏွင့္ Jeonသခင္ေလးဘက္မွာသာ အျပည့္အဝရွိေၾကာင္း ျမင္သာေအာင္ ျပခ်င္သည္မို႔
"အေမြေတြအမ်ားႀကီးရသြားလို႔ ေမြးရပ္ေျမကို အၿပီးျပန္သြားပါတယ္.. Jeonသခင္ေလးရဲ႕ ေယာက္်ားကိုကိုေလး"
Tae Hyungသည္ ထိုအေခၚအေဝၚနဲ႕ပက္သက္၍ သိပ္ၿပီး အထူးအဆန္းျဖစ္မေနေတာ့၊ အရင္ကေလာက္လည္း ေနရခက္မေနေတာ့၊ ခနခန ေခၚခံရပါ မ်ားေနၿပီမို႔ေလ။
Jungkookသည္ Tae Hyung၏ လက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး
"အဲ့ေကာင္ေလးက မေန႕ညက ကြၽန္ေတာ့္ဆီ ခြင့္တိုင္သြားတယ္.. နယ္ျပန္သြားေတာ့မယ့္ အေၾကာင္းေလ"
ဒုံဂ်ဴကေတာ့ သူ႕တာဝန္ၿပီးၿပီမို႔ ထမင္းစားခန္းထဲကေန ခပ္သုတ္သုတ္ ထြက္သြားေတာ့သည္။
Jungkookက သူ႕ကိုကိုလွလွေလးကို တစ္ခ်က္ ၾကည့္ၿပီး မ်က္ခုံးမ်ားကို တြန႔္ခ်ိဴးလိုက္ကာ စူေအာင့္ေနသည့္ အသံမ်ိဴးျဖင့္
"ကိုကိုက ဘာလို႔ အဲ့ေကာင္ေလးအေၾကာင္းကို အရမ္း စိတ္ဝင္စားေနတာလဲ?"
သူ႕အသံက ေဒါသအလ်ဥ္းမပါ၊ ခ်စ္ေယာက္်ားေလးကို ဂ်စ္တိုက္ခ်င္သည့္ အသံမ်ိဴးသာ။
"စိတ္ဝင္စားတယ္လည္း မဟုတ္ပါဘူး။ ျမင္ေနက်လဴကို မျမင္ရလို႔ ေမးၾကည့္တဲ့သေဘာပါ Jeonရဲ႕"
Jungkookမ်က္ႏွာက ပို၍ စူပုတ္သုံမႈန္လာၿပီး
"မသိဘူး ကြၽန္ေတာ္ သဝန္တိုတယ္ကိုကိုရဲ႕"
Jeonကို ၾကည့္ၿပီး သူ သေဘာတက်ရယ္မိေတာ့သည္။တစ္ခါတစ္ေလ သူ႕ေယာက္်ားက တကယ့္ကေလးေလးလိုပဲ။
စူပုတ္ပုတ္မ်က္ႏွာေလးက ေတာင့္တင္းသန္မာေနသည့္ လက္ေမာင္းသားမ်ားႏွင့္ မလိုက္မဖက္ဟု ထင္ရနိုင္ေသာ္လည္း သူ႕အတြက္ေတာ့ ခ်စ္ဖို႔ေကာင္းလွသည္၊ ဖိညွစ္ပစ္ခ်င္သည္။
"ကိုကိုက ဘာလို႔ ရယ္တာလဲ?"
"Jeonက ခ်စ္ဖို႔ေကာင္းလို႔ေလ"
"ခ်စ္ဖို႔ေကာင္းတယ္ဆိုေတာ့ ခ်စ္လား?"
"ခ်စ္တာေပါ့ အကိုက Jeonကို အမ်ားႀကီး ခ်စ္တာ"
"ဒါဆို ဘာလို႔ ကြၽန္ေတာ့္ကို သဝန္တိုေအာင္ လုပ္ရတာလဲ?စိတ္မေကာင္းျဖစ္ရတယ္ေလ.. ခ်စ္တယ္ဆိုရင္ အဲ့လို မေပ်ာ္ေအာင္မလုပ္ရဘူးဗ်"
"ကဲ! ေျပာပါဦး Jeonေပ်ာ္သြားေအာင္ အကိုက ဘာလုပ္ေပးရမလဲေျပာ"
"ဖက္ထားေပး ကြၽန္ေတာ့္ကို"
"လာပါၿပီခင္ဗ်ာ"
Tae Hyungက ခပ္ျမဴးျမဴးေလးဆိုၿပီးေနာက္ ထိုင္ေနရာမွ မဆိုင္းမတြပဲ ထရပ္လိုက္သည္။
ထို႔ေနာက္ ထိုင္ခုံမွာထိုင္ေနသည့္ သူ႕ေယာက္်ားဂ်စ္တူးေလးကို အားပါးတရဖက္ပစ္လိုက္သည္။
Jungkook၏ လက္မ်ားက Tae Hyung၏ ခါးကို ျပန္လည္၍ က်စ္က်စ္သည္းသည္း သိုင္းဖက္သည္။
"ကဲ ေပ်ာ္သြားၿပီလားဗ်"
"သိပ္မေပ်ာ္ေသးဘူး..ဖက္ထားေပးဦး ကိုကိုရယ္..ေနာ္!"
"ဟုတ္ပါၿပီဗ်ာ"
ကိုကို႔ရယ္သံလြင္လြင္ေလးေတြက ထမင္းစားခန္းအႏွံ႕ပ်ံ့ႏွံ႕သြားသည္။
ကိုကို႔ရယ္သံေလးေတြကို သူသိပ္ခ်စ္သည္။႐ုပ္ရွင္ၾကည့္ရင္း သေဘာက်စရာေတြ႕လို႔ တခစ္ခစ္ရယ္တတ္သည့္ ရယ္သံကအစ သူခ်စ္သည္။
ကိုကိုနဲ႕ ပတ္သက္သမွ် အရာရာတိုင္းကို သူျမတ္နိုးသည္။လူတစ္ေယာက္ကို ဤမွ်ေလာက္အထိ နင့္နင့္သည္းသည္း ခ်စ္ခင္ျမတ္နိုးမိလိမ့္မယ္ဟု သူဘယ္ေတာ့မွ မေတြးဖူးခဲ့။
ကိုကို႔ ႏႈတ္ခမ္းဖ်ားက ထြက္က်လာသည့္၊ အထုအထည္မရွိသည့္ စကားလုံးတစ္လုံးခ်င္းစီကအစ သူတျမတ္တနိုးေကာက္ယူသိမ္းဆည္းထားခ်င္သည္အထိ။
သူကထိုင္ေနဆဲျဖစ္ၿပီး ကိုကိုက မတ္တပ္ရပ္ေနသည္မို႔ သူ႕မ်က္ႏွာက ကိုကို႔ ရင္ခြင္ထဲသို႔ ကြက္တိေရာက္ရွိေနေလသည္။
ေႏြးေထြးမႈတို႔ တသြင္သြင္စီးဆင္းေပ်ာ္ဝင္ေနသည့္ ကိုကို႔ရင္ခြင္ေသးေသးေလးထဲသို႔ သူ႕မ်က္ႏွာကို ႏွစ္ပစ္လိုက္သည္။
ရင္းႏွီးေနသည့္ ကိုကို႔ကိုယ္သင္းနံ႕ေလးေတြကို ေဈးႀကီးေပးဝယ္ရသည့္ အေကာင္းစားေရေမႊးေတြထက္ေတာင္ သူႀကိဳက္သည္။
ေပ်ာ္ရင္လည္း ဒီရင္ခြင္ေလးထဲ တိုးဝင္မည္၊ ဝမ္းနည္းစရာေတြ ႀကဳံလာခဲ့ရင္လည္း ဒီရင္ခြင္ေလးထဲ ခိုဝင္မည္။
ဝမ္းနည္းစရာေတြကေတာ့ သူတို႔ၾကား၌ ဘယ္ေတာ့မွ ရွိလာမည္မဟုတ္ပါ။
တရိပ္ရိပ္ တိုးတိုးလာသည့္ ခ်စ္ျခင္းေမတၱာေတြ၊ ေႏြဦးေလးလို ေႏြးေထြးႏူးညံ့လွသည့္ ေပ်ာ္႐ႊင္ၾကည္ႏူးျခင္းေတြက လြဲ၍ က်န္သည့္ ခံစားခ်က္မ်ားကို သူနဲ႕ကိုကို႔ၾကား၌ ေပါက္ေရာက္ရွင္သန္ခြင့္ျပဳမည္မဟုတ္ပါ။ သူက အကုန္လုံးကို အျမစ္ျပတ္ရွင္းထုတ္ပစ္မွာ။
ကိုကို႔ခါးကို ဖက္တြယ္ထားသည့္ လက္ေတြက ဆက္လက္ဖက္တြယ္ျခင္းမျပဳေတာ့ပဲ ကိုကို႔ေက်ာျပင္ကို တယုတယပြတ္သပ္မိသည္။
ဒီလက္ေတြနဲ႕ လူေတြကို ေသြးေအးရက္စက္စြာျဖင့္ ညွင္းပန္းႏွိပ္စက္တတ္သလို ဒီလက္ေတြနဲ႕ပဲ ကိုကို႔ကို ၾကင္နာျမတ္နိုးစြာျဖင့္ ေထြးေပြ႕ခ်စ္ခင္တတ္သည္။
"ဒီေန႕က Jeonရဲ႕ ႐ုံးပိတ္ရက္ဆိုေတာ့ အကိုတို႔ အတူတူ အျပင္သြားၾကမလားဟင္?"
Tae Hyungက Jungkook၏ ဆံပင္မ်ားကို ထိုးဖြ၍ ေမးလိုက္ျခင္းျဖစ္သည္။
ေခါင္းကို ထိကိုင္တာမ်ိဳးကို အင္မတန္မုန္းသည့္ Jungkookသည္ သူ႕ကိုကို၏ လက္ေခ်ာင္းအထိအေတြ႕မ်ားကို မ်က္လုံးမ်ားေမွးစင္း၍ ခံစားေပ်ာ္ဝင္သည္။ မ်က္ႏွာေလးကလည္း ဝင္းလက္ေတာက္ပလို႔။
"ကိုကို႔ သေဘာ ကိုကို ဘယ္သြားခ်င္လဲဟင္?"
သူ႕အသံက ခပ္ညက္ညက္၊ သူ႕ဆံပင္ေတြကို ကိုကိုက မၾကာခဏထိုးဖြေလ့ရွိသည္။
ထိုအထိအေတြ႕၊ အခိုက္အတန႔္ေလးေတြကို သူသိပ္သေဘာက်သည္။ကိုကို႔လက္ေခ်ာင္းသြယ္သြယ္ေလးေတြက သူ႕ဆံပင္ထဲမွာ ဟိုဟိုဒီဒီ ေလွ်ာက္ေျပးေနတာ။
"အကိုတို႔ Teenagers Dateလုပ္ၾကရေအာင္"
"ဘယ္လိုမ်ိဴးလဲ ကိုကို"
"ကစားကြင္းသြားၾကမယ္ လာ.. ထ Jeon"
.....
ကိုကိုႏွင့္ ကစားကြင္းသို႔ ေရာက္ေနေလၿပီ။ကိုကိုက "ခနေလးေနာ္"ဟုဆိုကာ သူ႕ကို ေစာင့္ထားခိုင္း၍ ဆိုင္ခန္းေသးေသးေလးတစ္ခုထဲသို႔ ဝင္သြားသည္။
ေခါင္းေပၚ၌ တိရစာၦန္နား႐ြက္ ဘီးကုတ္ေလးမ်ားကို အသီးသီးတပ္ထားၾကသည့္ စုံတြဲေတြကို ၾကည့္၍ သူႏွာေခါင္းရႈံ႕မိသည္။
လူေတြရဲ႕ အႀကိဳက္ကလည္း ထူးဆန္းလိုက္တာ! အလကား! ကေလးကလားနဲ႕ က်ပ္မျပည့္ၾကတဲ့လူေတြ! သူကေတာ့ ဘယ္လိုနည္းနဲ႕မွ အဲ့ဒါမ်ိဴးေတြကို မတပ္နိုင္ပါဘူး။
ထိုစဥ္ ကိုကိုက ဆိုင္ခန္းေလးထဲကေန ခပ္သုတ္သုတ္ေလး ျပန္ထြက္လာၿပီး လက္ထဲမွာလည္း တိရစာၦန္ ဘီးကုတ္ေလးႏွစ္ခု ပါလာသည္။ယုန္တစ္ခု၊ဝက္ဝံတစ္ခု။
ယုန္နား႐ြက္ကို သူ႕ေခါင္းေပၚ၌ တပ္ေပးၿပီး
"Jeonက ယုန္နဲ႕တူတယ္ ခ်စ္စရာေလး"
ကိုကိုနဲ႕အတူ အားပါးတရ လိုက္ၿပဳံးမိသည္။လူၾကားထဲ၌ ဒီလို ဘီးကုတ္ေတြ တပ္တာက က်ပ္မျပည့္ဘူးလို႔ သူေတြးခဲ့ေပမယ့္ ကိုကိုက ႀကိဳက္ေတာ့လည္း အလိုတူအလိုပါ အတူတူလိုက္ၿပဳံးရယ္မိေတာ့သည္။
ကိုကိုနဲ႕က်မွ ကြၽန္ေတာ္တကယ္ က်ပ္မျပည့္ေတာ့ဘူးထင္တယ္။ အခုတစ္မ်ိဴး၊ေတာ္ၾကာတစ္မ်ိဴးနဲ႕။
ဝက္ဝံဘီးကုတ္ေလး ကိုင္ထားသည့္ ကိုကို႔လက္ႏုႏုတစ္ဖက္ကို ဆြဲကိုင္လိုက္ရင္း
"ဟုတ္တယ္ကိုကို။ ကြၽန္ေတာ္က ယုန္ေလး..ကိုကို႔ကို စားမယ့္ယုန္ေလး"
Tae Hyungက မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီးေနာက္ လြတ္ေနသည့္လက္တစ္ဖက္ျဖင့္ Jungkookပါးစပ္ကို အလ်င္အျမန္ ပိတ္လိုက္ၿပီး အသံတိုးတိုးေလးႏွင့္
"ဘာလို႔ အဲ့လိုေတြ ေျပာေနရတာလဲ? သူမ်ားေတြ ၾကားကုန္မွျဖင့္"
"မၾကားပါဘူး ကိုကိုကလဲ.. ကြၽန္ေတာ္တို႔ အနားမွာလည္း ဘယ္သူမွမရွိပါဘူးဗ်"
ကိုကိုက ပါးစပ္ကို လွမ္းပိတ္ထားသည္မို႔ သူ႕အသံက ခပ္တိုးတိုးႏွင့္ ဗလုံးဗေထြး။
ကိုကိုက ေဘးဘီသို႔ ေဝ့ဝဲၾကည့္လိုက္ၿပီးေနာက္ ပါးစပ္ေပၚက လက္ေလးကို ဖယ္လိုက္ၿပီး စိတ္ေအးသြားသလို ေလသံေဖ်ာ့ေဖ်ာ့ျဖင့္
"ေတာ္ေသးတာေပါ့.. ဘယ္သူမွမရွိလို႔"
ထို႔ေနာက္ ကိုကိုက လက္ထဲ၌ က်န္ေနသည့္ ဝက္ဝံဘီးကုတ္ေလးကို တပ္လိုက္ၿပီး အိတ္ကပ္ထဲက ဖုန္းကို ထုတ္သည္။
"လာ Jeon! အကိုတို႔ ဓာတ္ပုံတစ္ပုံေလာက္ တူတူရိုက္ၾကမယ္"
"ဟုတ္ကဲ့"
ရိုက္ၿပီးသြားသည့္ေနာက္ ကိုကိုက ဖုန္းထဲက ဓာတ္ပုံကိုၾကည့္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္ၿပဳံးသည္။
ဒီလိုေလးပဲ လွလွပပရယ္ေနပါ ကိုကို။
ကိုကို႔အၿပဳံးေတြ ေပ်ာက္ကြယ္သြားေအာင္ စိတ္အေႏွာင့္အယွက္ေပးတဲ့လူေတြေရာ၊
ကိုကို႔ကို ေပၚတင္ျဖစ္ေစ၊ကြယ္ရာ၌ျဖစ္ေစ ထိပါးေစာ္ကားတဲ့လူေတြေရာ၊ အကုန္လုံးကို ကြၽန္ေတာ္က သုတ္သင္ရွင္းလင္းပစ္မွာမို႔...။