28

3.8K 300 37
                                    

Unicode

ဒေါက်ဒေါက်!

Jungkook၏ ရုံးခန်းတံခါးကို သူ့အတွင်းရေးမှူးက နှစ်ချက်မျှ ခေါက်လိုက်သည်။

"ဝင်ခဲ့"

မာကျောခက်ထန်နေသည့် Jungkook၏ လေသံ။

"S companyက CEO လီဟွာယောင်းက ရှယ်ယာ ကိစ္စနဲ့ ပက်သက်ပြီး ဘော့စ်နဲ့တွေ့ချင်လို့ပါတဲ့ "

"အင်း ဝင်လာခိုင်းလိုက်"

လီဟွာယောင်းဆိုတဲ့ ဒီနာမည်ကို သူ တော်တော်လေးရင်းနှီးနေပြီဖြစ်သည်။ချစ်လွန်းလို့တော့မဟုတ်၊ အမြင်ကပ်လွန်းလို့သာ။

သူနဲ့တွေ့ရဖို့အရေး အလုပ်ကို အကြောင်းပြပြီး အမျိုးမျိူးဂဂျီဂဂျောင်လုပ်သည်။တော်ရုံ ‌လက်အောက်က မန်နေဂျာတို့နဲ့ ပြီးမယ့်ကိစ္စတွေတောင် လီဟွာယောင်းက သူနဲ့တွေ့မှ ပြီးမယ်ပဲလုပ်သည်။

အရင်ကဆို သူ့ဆီ အဲ့လို ဇယားလာ,လာရှုပ်ပြီး စိတ်နောက်အောင် လုပ်ရင် ထိုလူရဲ့ ခေါင်းထဲကို ကျည်နှစ်တောင့်လောက် ပစ်သွင်းလိုက်ပြီဖြစ်သည်။

အခုက အမှောင်ကိစ္စတွေလည်း မလုပ်တော့တာမို့ Jeon companyကို နာမည်ပျက်မရှိစေချင်၍သာ လူတိုင်းနှင့် လိုက်လျောညီထွေနေနေရသည်။

Companyကို နာမည်မပျက်စေချင်တာကလည်း သူ့အတွက်၊ သူ့လောဘ‌ကြောင့်မဟုတ်ပဲ တစ်ခုခုဆိုလျှင် သူ့အမျိူးသားဖြစ်တဲ့ ကိုကို့ကိုပါ ထိခိုက်မှာစိုး၍သာ။

အခန်းထဲဝင်လာတဲ့ လီဟွာယောင်း။

ဝင်လာကတည်းက ခပ်ပြင်းပြင်းရေမွှေးနံ့က တစ်ခန်းလုံး လှောင်ပိတ်ကာ မူးဝေမတတ်။

ဝတ်လာတဲ့ပုံစံကလည်း အလုပ်အတွက်လား၊ clubတက်ဖို့အတွက်လားမသိ ရင်ဟိုက်ဂါဝန်အတိုအကျပ်ကို ကုတ်အကျီထပ်ဝတ်ထားသည်။

ဧည့်သည်နဲ့ စကားပြောရမည်ဖြစ်၍ အလုပ်စားပွဲက ဆုံလည်ခုံမှာ မထိုင်တော့ပဲ စားပွဲအပုရဲ့ ဆိုဖာထိုင်ခုံထိပ်မှာသာ ထိုင်နေလိုက်သည်။

"ရှယ်ယာကိစ္စနဲ့ပက်သက်ပြီး မေးစရာလေးရှိလို့ပါ"

မေးစရာကနည်းနည်း မလိုအပ်ပဲ ရင်ဘတ်ကို ဟပြနေတာကများများ။

All He Ever Wanted(Completed)Where stories live. Discover now