အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

664K 17.9K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၁၂)

9.9K 325 18
By KaterinaKaterina248

တာရာ သူပြောပီးထဲက စားသောက်ဆိုင်ကအလုပ်ထွက်လိုက်ရတာ တလလောက်ရှိတော့မယ်။ သေချာပြန်စဥ်းစားလိုက်​တော့လဲ သူမကိုယ်တိုင်လဲ အဲ့လို သူမကိုထိကပါးရိကပါးနောက်ထပ်လုပ်မှာမျိုးတွေကို မခံချင်....အမြဲဖြစ်လေ့ဖြစ်ထရှိတာမဟုတ်ပေမယ့် နောက်တခါဆို သူမကိုယ်တိုင်လဲ အရင်တခါကလို အေးဆေးဖြေရှင်းမိလိမ့်မည်ဆိုတာ မသေချာတော့။ ဒါ့ကြောင့်ဘာပြသနာမအစမပျိုးခင် ထွက်လိုက်တာပဲကောင်းမည်ဆိုပီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ထွက်ခဲ့လိုက်သည်။ တော်သေးသည်ပြောရမည် store ဆိုင်ကလဲ မနက်ပိုင်းအတွက်လူထပ်ခေါ်နေတဲ့အချိန်နဲ့တိုးလို့ store ဆိုင်က အလုပ်လေးကိုပဲ မနက်ခင်းပါဆင်းရလို့။ ကံကောင်းတယ်ပြောရမည် အလုပ်တခုထဲနဲ့ဆို သူမ နေဖို့စားဖို့တော့ ရပ်တည်နိုင်ပေမယ့် ကျောင်းတက်ဖို့တော့အတော်အလှမ်းဝေးသွားမှာ။ ကျောင်းမြန်မြန်တက်ပီး ဘွဲ့မြန်မြန်ရမှ ရှေ့လျှောက်အဆင်ပြေမှာမလား.....

ဟိုကောင်တွေလဲ ဆိုင်တွေအများကြီးရှိတဲ့ထဲက ဒီဆိုင်ပဲ ဘာကိုဓာတ်ကျလဲမသိ ချိန်းတိုင်းများသောအားဖြင့် ဒီဆိုင်ပဲ..... တလကို ၄ ခေါက် ၅ ခေါက်လောက်ကတော့ အနဲဆုံးရောက်ဖြစ်နေသည်။ သတိထားမိတာတော့ တလလောက်ရှိပီ ဟိုကလေးမကို သူလာတိုင်းမတွေ့ သူ့ပဲပုန်းနေတာလား အလုပ်ပဲထွက်သွားတာလားမသိ။ ဘာနေနေ မျက်စိရှေ့ပေါ်မလာတာကိုက ကျေနပ်စရာကောင်းနေပီ။
"သားကြီး ငါပြောတာကြားလား"
"ဟင် အေးးး ပြော"
Menu စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း အတွေးတွေထဲနစ်နေတဲ့သူ့ကို မင်းသိန်းက လှမ်းပုတ်လိုက်မှ လက်တွေ့လောကထဲပြန်ရောက်လာသည်။ ဒီနေ့တော့ ယောက်ျားလေး ၃ ယောက်ပဲမလို့ တော်တော်တော့ လွတ်လွတ်လပ်လပ်ရှိလှသည်။ ခါတိုင်းဆို ပန်းချီတို့ မေဖြူတို့က ပါသေးသည်မလား။ သူတို့ကြောင့်တော့ ထူးပီး အနေမကျပ်ပေမယ့် အတော်စကားများတဲ့ကလေးမတွေမလို့ အာရုံတော့ နောက်ရသည်။ ဧကရီနဲ့မတူတာအဲ့တာ ဧကရီက သူ့ဘာသာသူနေတတ်သည်။ သူများ အာရုံနောက်စေမှာမျိုးတွေကို သိသလို ရှောင်တတ်သည်။ လူပေါင်းနပ်သည် လျင်သည်။ သူ ဧကရီ့ကိုသဘောအကျဆုံးက social skill ပဲ ဘယ်သူမှ ဧကရီ့ကို ငြိုငြင်ရတယ် စိတ်ပျက်ရတယ်မရှိခဲ့ဖူးအောင်ကို ပါးနပ်လွန်းသည်။

"ဘာတွေ ဒီလောက်​တောင် စဥ်းစားနေတာလဲကွာ...ဧကရီ့အကြောင်းလား"

မဟာ ရှေ့ကရေခွက်ကိုယူသောက်ရင်း အသာအယာပဲ ခေါင်းခါပြလိုက်သည်။ ပီးမှ

"မဟုတ်ပါဘူး အလုပ်ကိစ္စပါ....မင်းခုနက ဘာပြောနေတာလဲ"

မဟာအလိမ်အညာသုံးပီးပဲ ပြောလိုက်ရသည်။ ဧကရီဆိုမှ သူဧကရီနဲ့ အဆက်သွယ်မရတာ ၂ ပတ်လောက်တောင်ရှိတော့မယ်။ အချိန်တွေမတူတာကြောင့် သိပ်လဲ စကားပြောရတယ်မရှိ....သူ့မှာသာ စကားပြောချင်လို့ သတိရလို့ ညကြီးထိုင်စောင့်လဲ ဧကရီက မအားသည်ကများနေသည်။ မဟာညလုံးပေါက်ထိုင်စောင့်ပေမယ့် ဟိုဘက်မှာ ဧကရီတို့က မနက်ပိုင်း အတန်းချိန်တွေဖြစ်နေတတ်တာများသည်။ အဲ့ကြောင့်လဲ သူခေါ်လိုက်တိုင်း အတန်းတက်နေတာနဲ့ group project လုပ်နေတာနဲ့ အားရတယ်ကိုမရှိ။ ဒါပေမယ့်လည်း ပြောချင်တဲ့သူက သူ မလို့ စောင့်ရတာပဲ။

"ငါတို့တွေ ကမ်းခြေသွားမလို့.....မင်းလဲလိုက်ခဲ့လို့...."

"ကမ်းခြေ.....ငါမလိုက်တော့ပါဘူးကွာ...."

"သားကြီး မင်းအဲ့လိုတော့မရဘူး ၃ ရက်ထဲပါကွာ....ဆောင်းရာသီရုံးပိတ်ရက်တွေရောက်တော့မှာပဲ....နှစ်တိုင်းလဲသွားနေကျပဲကို"

မဟာချောင်ပိတ်မိသွားသည်။ ဟုတ်သည်။ ဆောင်းရာသီရုံးပိတ်ရက်တွေဆို သူတို့သူငယ်ချင်း ၄ ယောက် ခရီးထွက်နေကျ။ အများဆုံးကတော့ ကမ်းခြေပေါ့။ အဲ့မှာ မင်းသိန်းရဲ့အဖေပိုင်တဲ့ ဟော်တယ်တွေရှိတော့ အေးဆေးသွားအနားယူလို့ရတယ် ဆောင်းရာသီဆိုတော့ လူလဲသိပ်မများ။ ဆောင်းရာသီကို ကမ်းခြေသွားဖို့ အစထွင်တဲ့သူက ဧကရီ.....နွေရာသီဆို ပိုပီးအသားမည်းလို့တဲ့ မိုးရာသီကျ ကမ်းခြေကပိတ် ဒါ့ကြောင့် ဆောင်းရာသီပဲ ကမ်းခြေသွားဖြစ်ကြတာ ထုံးစံကြီးကိုဖြစ်လို့.....
"လိုက်ခဲ့ပါကွာ...."
"ဘယ်သူတွေပါမှာလဲ...."
အရင်နှစ်ကထိ သူတို့သူငယ်ချင်း ၄ ယောက်ထဲသွားခဲ့ကြတာ ဒီနှစ်တော့ ဝေယံက အိမ်ထောင်ကျပီးသည်မလို့ ပီးတော့ မင်းသိန်းကလဲ ဒီတခါတွဲတဲ့ကောင်မလေးကို အတည်ပုံစံဖြစ်နေတာမလို့ သူတို့လဲပါမှာလား တမင်မေးလိုက်ခြင်းပင်။
"ပန်းချီနဲ့ မေဖြူလဲ join မယ်တဲ့ မင်းအဆင်မပြေရင်တော့....."
မင်းသိန်းရဲ့ဆက်ပြောမယ့်စကားတွေကို သဘောပေါက်တာမလို့ မဟာလက်ကာပြရင်း
"ရတယ် ရတယ်.....သွားကြတာပေါ့"
မဟာသဘောတူလိုက်မှ ဝေယံကော မင်းသိန်းကောမျက်နှာတွေက စည်းကမ်းကြီးတဲ့ဖအေကို လိုချင်တာပူဆာလို့ ရသွားသလိုမျိုး ရွှင်လန်းသွားကြတော့တယ်။ ဒါကို အစအနောက်သန်တဲ့ဝေယံက ထပီး
"ဟိုကလေးမကိုလဲ ခေါ်ချင်ခေါ်ခဲ့လို့ရတယ်နော် မင်းတယောက်ထဲ ဖြစ်နေမှာစိုးရင် ဟီးဟီး.."
"ဘယ်သူ.....ဟာ မခေါ်ပါဘူး အနေသာကြီး"
"ဟား ဟား ဟိုကျမှ ငါတို့က စကီလေးတေကိုယ်စီနဲ့ ပျော်နေ သာယာနေရင် မင်းပဲ fifth wheel ဖြစ်မှာနော် ကိုယ့်လူ"
"Fifth ဖြစ်ရုံမကလို့ hundredth ပဲဖြစ်ဖြစ် သူ့တော့မခေါ်ဘူး...."
ဆူပုတ်ပီးပြောလိုက်တဲ့ မဟာ့စကားကြောင့် ဝေယံကော မင်းသိန်းကော တခွိခွိနှင့် သဘောကျနေကြသည်။
"တော်တော် ပျော်နေကြတယ်လား"
"မဟုတ်ပါဘူးကွာ ငါ့သူငယ်ချင်းကြီး အဖော်မဲ့နေမှာစိုးလို့ပြောတာကိုကွာ...."
ထိုနေ့က စစနောက်နောက်နဲ့ သူငယ်ချင်း၃ ယောက် နေ့လယ်စာတူတူစားခဲ့ကြသည်။ မဟာ သိပ်မလိုက်ချင်ပေမယ့် ဒီကာလတွေမှာ ကိစ္စ​ေတော်တော်များများကြောင့် စိတ်ရော လူရော ပင်ပန်းနေတာမလို့ နဲနဲပဲအပန်းပြေရင်တောင် မဆိုးဘူးဆိုပီး လိုက်ဖို့ဆုံးဖြတ်လို​က်သည်။ မလိုက်ဘူးဆိုလဲ ဟိုကောင်တွေက ပီးမှာမဟုတ် တဂျီဂျီနဲ့ ပိုစိတ်ရှုပ်ရပေဦးမည်။

မနက် ၃ နာရီထိုးပီ.... မဟာခုထိမအိပ်ရသေး..မနက်ခင်းမှာ နိုင်ငံခြားသားဧည့်သည်တွေနဲ့တွေ့ဖို့ရှိတာတောင် အိပ်ဖို့ မစဥ်းစားရသေး။
ဧကရီ့ကိုစကားပြောချင်တာမလို့ တနေကုန်အလုပ်ပင်ပန်းပီး အိပ်ချင်နေတာတောင် ကော်ဖီ ၂ ခွက်သောက်ပီး စောင့်နေရသည်။ ခနနေတော့ ဧကရီအတန်းပီးတဲ့အချိန်မှန်းပီး video call ခေါ်လိုက်တော့ ဧကရီ ကိုင်ပါသည်။ သို့သော် သူ့ကို စိတ်ရှုပ်သလိုကြည့်ရင်း
"နေ....မအိပ်ဘူးလား ခုချိန်ထိ"
"ဧကရီ.....ကိုယ်က ဧကရီနဲ့ စကားပြောချင်လို့"
"နေ.....ဧကရီ့မှာ လုပ်စရာတေအများကြီးရှိသေးတယ် မအားသေးဘူး နေ ရော ဘာအလုပ်မှ မရှိဘူးလား"
နေ လို့ခေါ်နေထဲက ဧကရီ စိတ်မရှည်တော့တာသူသိသည်။ နေဆိုတဲ့ နာမ်စားကို ဧကရီသူ့အပေါ်စိတ်တိုမှသာ သုံးလေ့ရှိသည်မလား။ လုလဲသူ့ကို အလုပ်မရှိဘူးလားတဲ့...ဘယ့်နှယ့်မေးလိုက်တာလဲ ဧကရီရယ်....ကိုယ့်လိုစီးပွားရေးလုပ်ငန်းရှင်တယောက်က လုပ်စရာအလုပ်တွေမှပုံလို့....ဧကရီနဲ့ပြောချင်လွန်းလို့သာ။ ဧကရီ့ဆီက ဒီလိုတုံ့ပြန်မှုတခါမှမရဖူးတာမလို့ စိတ်ဆိုးရကောင်းမှန်း စိတ်တိုရကောင်းမှန်းမသိ စိတ်ထဲတော့ အံ့သြတာကော ဝမ်းနည်းတာကောရောထွေးနေသည်။
"ဒါပဲ ဒါပဲ လုပ်စရာရှိသေးတယ်"
ဟုဆိုကာ မဟာတောင် နှုတ်ဆက်ချိန်မရ သူမဘက်က ဖုန်းချသွားပီ။ ဧကရီဖုန်းချသွားလို့ ခနနေတဲ့ထိ မဟာ ဖုန်းကြီးကို လက်ထဲကိုင်ပီး ငူငူကြီးထိုင်နေမိသည်။ တလကျော်ဆိုတဲ့အချိန်အတွင်းမှာ ဧကရီအတော်ကြီးပြောင်းလဲသွားတာ သူသိသည်။ သို့သော် သူလဲ သူ့အပြစ်တွေရှိခဲ့တာမလို့ ဘာမှပြောခွင့်မရ။ အမှန်တကယ် အလုပ်တွေများနေတာသာ ဖြစ်ပါစေလို့ပဲသူဆုတောင်းခဲ့ရတဲ့နေ့ရက်တွေများလှပီ။ သူဖုန်းချပီး သူဖုန်းရဲ့ screen ကို ငိုင်တိုင်တိုင်ကြီးကြည့်နေတော့ ဖုန်းscreen ပေါ်တင်ထားတဲ့ သူနဲ့ ဧကရီ့ပုံလေးကို သတိထားမိသွားကာ ဧကရီ့ကိုပို၍ လွမ်းသွားသည်။ ပုံထဲမှာ သူရော ဧကရီရော ရီမောနေကြတာ...မှတ်မှတ်ရရဒီပုံက ဝေယံ့မင်္ဂလာဆောင် dinner မှာရိုက်ထားတာ....ရီမောနေကြတာ အသက်ဝင်လွန်းလို့ သူ့ social media account တွေအားလုံးရဲ့ profile တွေကို ဒီပုံလေးထားထားတာ။ မဟာ သူ့အတွေးနဲ့သူ မျောနေတုံး သူမသိလိုက်တာက အမှောင်ထဲကနေ သူ့ကို ကြည့်နေတဲ့သူတယောက်ရှိတယ်ဆိုတာကို.....

တာရာ ညပိုင်းမနိုးစဖူး နိုးပီး ရေဆာလို့ ရေသောက်မလို့ထတော့ ဘေးနားက ရေဘူးက ရေကုန်နေတာနဲ့ပဲ အောက်ဆင်းယူမလို့ အသာလေးအထွက်....ဒီချိန်ဆို ဟိုလူလဲအိပ်နေလောက်ပီဆိုပီး ခြေသံမကြားအောင်ထွက်ပါတယ်ဆိုမှ....ဟိုလူက ငုတ်တုပ်ကြီး သူ့အလုပ်စားပွဲမှာထိုင်လို့။ တာရာဘာရယ် ရေရေရာရာတော့ မသိလိုက်ပေမယ့် သူ့ကောင်မလေးကို လွမ်းနေတာ ဖြစ်မယ်။ သူ့ဖုန်းက သူတို့ပုံလေးကိုကြည့်လို့။ တာရာ ကြည့်ရင်း စိတ်ထဲ ဝမ်းနည်းလာသည်။ ချစ်ခြင်းမေတ္တာဆိုတာကို ကိုယ်လဲ မရဖူး သူများကိုလဲ မပေးဖူးလို့ မခံစားတတ်ပေမယ့် ခုလို ကိုယ့်ကြောင့် ချစ်ရသူနှစ်ဦးဝေးကြတာ နောက်တခုက ကျန်ခဲ့တဲ့တယောက်က ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတော့ သူ့ချစ်သူကို ဘယ်လောက်လွမ်းနေတာ စတာတွေကို မြင်နေသိနေတော့ စိတ်ထဲ တမျိုးကြီး ရင်ထဲမကောင်း။ ဘာမှလဲ လောလောဆယ်မလုပ်ပေးတတ်။ တကယ်ဆို သူ့ကိုကွာရှင်းပီး သူ့ချစ်သူနဲ့သူနေလိုက်ရင်ပီးနေတဲ့ကိစ္စကို သူ့ဘာသာခေါင်းမာနေတာ။ ကိစ္စတချို့က ကံကြောင့်ဖြစ်ခဲ့ရင်​တောင် သူခေါင်းမာနေလို့ ပိုဆိုးကုန်တာတွေကများသည်။ သူ့ရဲ့ငူငေါင်ငေါင်ပုံရှေ့ ဖြတ်ပီးရေဘူးလဲသွားမယူချင်တော့တာနဲ့ အသာပဲ အခန်းထဲ ပြန်ဝင်ခဲ့သည်။
အဲ့နေ့ညကတော့ တာရာလဲ တော်တော်နဲ့ ပြန်အိပ်မရတော့လို့ ဟိုလူလဲ အိပ်ပျော်ပါ့မလား ဝမ်းနည်းနေလား လျှောက်တွေးနေမိကာ မိုးလင်းခါနီးမှ ပြန်အိပ်ပျော်သွားခဲ့သည်။ မနက်လင်းတော့ အိပ်ရာထနောက်ကျလို့ အလုပ်က နောက်ကျတော့မယ်.....အလုပ်သွားဖို့ကမန်းကတမ်းပြင်ဆင်ရင်း ညက လျှာရှည်ပီး ဟိုလူ့အကြောင်းလျှောက်စဥ်းစားမိတဲ့ ကိုယ့်ခေါင်းကို ပြန်ထုမိသေးသည်။ အရေးမပါတာတွေ လျှောက်လုပ်နေတာ ခုတော့ အလုပ်နောက်ကျတော့မယ် မိရာရာရေးး.....ငံတယ်ဆိုတာနေရာတိုင်းမကောင်းတာသိထား သိထား....

မဟာ တညလုံးလဲ မအိပ်ဖြစ်တာမလို့ မနက်အစောပဲ ရေထချိုးပီး အလုပ်သွားဖို့ပြင်ဆင်လိုက်သည်။ ခါတိုင်းဆို သူနိုးရင် ဟိုငတိမက အလုပ်သွားနှင့်နေပီ ဒီနေ့​တော့ မအိပ်ဖြစ်လို့ သူအစောကြီး လှုပ်ရှားနေသည်နှင့် သူမကလဲ ပျာယာခပ်နေအောင်ကို ဗျာများနေသည်။ အဲ့လောက်အလျင်လိုနေရင်လဲ ဝီရိယရှိရှိစောစောကြိုထပါလားဟု စိတ်ထဲက ပြောမိတဲ့အထိကို မျက်စိနောက်နေပီ....နဂိုထဲက စိတ်မကြည်တာလဲပါမည်ပေါ့။

အင့်...
သေပီ သေပီ...တာရာ ပြင်ဆင်စရာရှိတာအမြန်ပြင်ဆင်နေတာနဲ့ သူ့ကိုမမြင်မိဘဲ အရှိန်နဲ့ဝင်တိုက်မိသည်။ အပြေးတပိုင်းမလို့ ဝင်တိုက်မိတော့ အားနဲ့ တိုက်မိသလိုဖြစ်သွားတာမလို့ ဟိုလူကော တာရာကိုယ်တိုင်ကော အင့်ခနဲ ဖြစ်သွားသည်။ တာရာ နာသွားတဲ့ ကိုယ့်ပုခုံးကို ဂရုမစိုက်အားသေး....ဟိုလူ့ကို မရဲတရဲ ကြည့်မိတော့ အမလေး လေး ဒေါသတွေပြည့်နေတဲ့မျက်နှာနဲ့ သူမကို ခါးထောက်ကာငုံ့ကြည့်နေတဲ့ ဟိုလူကြီး။ တာရာ နားရွက်ဖျားတွေပင် ရဲတက်လာတော့သည်။ သေချင်တာပါပဲနော် ဟိုကမှ ချိန်ကိုင်ဗုံးလို ဘယ်ချိန်ထပေါက်မယ်မသိတာ ကိုယ်က တက်နင်းမိသလိုဖြစ်နေပီ
"ဟို.... ဟို...."
ဘာလဲဆိုတာကို ထုတ်မပြောပေမယ့် သူ့ဒေါသနဲ့ သူမျက်နှာထား ရှုံ့ထားတဲ့မျက်ခုံးမွေးတွေကိုကြည့်ပီး အကျယ်ကြီးကြားလိုက်ရသလိုပင်။
"အရမ်း နာသွားလားဟင်... ဆောရီး ဆောရီး ပါ ရာရာလေ....အလုပ် အင်း ဟုတ်တယ် အလုပ်နောက်ကျနေလို့ တကယ် မတော်လို့ပါနော်"
မဟာ အစက မျက်စိနောက်နေတဲ့ကြားထဲ သူ့လာ အရှိန်နဲ့ပစ်ဆောင့်မိတဲ့ အဲ့ငတိမကို စိတ်တော်တော်တိုသွားပေမယ့် ရှေ့မှာ လက်အုပ်ချီတယ်တော့မဟုတ် လက်နှစ်ဖက်ကိုပွတ်လို့ မျက်လုံးများပြူးကာ အတင်းတောင်းပန်နေတဲ့ပုံကိုမြင်တော့ ပါးစပ်ကတော့ ဘာမှထွက်မလာခဲ့။
"သွား....သွား မင်းငါ့ရှေ့က သွားတော့"
"ဟင်... ဟုတ်ဟုတ် မနာဘူးမလားဟင်"
"ငါဒေါသ ထပ်ထွက်မလာခင် မြန်မြန်သွားတော့"
သွားပါတော့ဆိုမှ လျှာထပ်ရှည်နေသေးတဲ့သူမကို ဒီ့ထက်တော့ စိတ်ကိုထပ်မထိန်းနိုင်​တော့တာမလို့ မြန်မြန်သွားခိုင်းလိုက်ရသည်။ သူ့စကားအဆုံးမှာ လှစ်ခနဲပြေးထွက်သွားတဲ့သူမ သူ့ကို အတော်လန့်တာတော့ သေချာသည်။ မဟာလဲ အလျင်လိုနေတာမလို့ ယူစရာရှိတဲ့ file တွေယူပီး အောက်မှာ အဆင်သင့်စောင့်နေတဲ့မောင်စိုးကိုတွေ့တာနဲ့ ကားပေါ်တက်လိုက်ပီး သူနဲ့မောင်စိုးတို့ ထွက်လာလိုက်တော့တယ်။
"ဒါ boss အတွက် energy drink ပါ"
"အင်း...ကျေးဇူး"
ညက သူ မအိပ်မှန်းသိနေတဲ့ မောင်စိုးက ခုလိုအလိုက်တသိပင် energy drink ကိုစီစဥ်ပေးထားသေးသည်။ မောင်စိုးပေးတဲ့ drink ကို သူ့ဘေးက အအေးထည့်တဲ့ခွက်ထဲထည့်ပီး လုပ်စရာရှိတာဆက်လုပ်နေပေမယ့် စိတ်ထဲတော့ မောင်စိုးကို appretiate ဖြစ်မိသည်။ သူနဲ့လက်တွဲလာတဲ့ ဒီနှစ်တွေမှာ သူ့အလိုက်အသိဆုံး အနီးဆုံးသူမလား။
"Boss....ဟို"
"အင်း.."
"ဟို လေ boss"
ဆက်ပြောမယ့်စကားကို မပြောဘဲ တဟို ဟိုနဲ့ဖြစ်နေတဲ့ မောင်စိုးကြောင့် မဟာ laptop ကိုကြည့်နေရာမှ ခေါင်းကိုမတ်လိုက်တော့ မောင်စိုးပြောချင်ပေမယ့် ပြောမထွက်ရဲတာကိုသိလိုက်ပီ။...ဟိုငတိမ....လမ်းပေါ်က သွားနေတဲ့ taxi တွေကို တားနေတာ တစီးမှမရ လက်ကနာရီကိုကြည့်လိုက် ကားတားလိုက်နဲ့ ပျာယာခတ်နေတာ အိမ်ကထက်ပိုဆိုးနေသည်။
"အနားကပ်ရပ်လိုက်...."
မောင်စိုးတယောက် ဟိုကလေးမလေးကိုမြင်သည်နှင့် အကူညီလိုနေမှန်းသိတာကြောင့် သူ့ဆရာ မကြည်တဲ့ကြားကနေ ပြမိအောင်ခေါ်ပြမိသေးသည်။ ဆရာနဲ့ အနီးဆုံးနေပီး သူ့ကိစ္စအဝဝကိုလိုက်လုပ်ပေးနေကျမလို့ အဲ့ကလေးမအကြောင်းကိုလဲ သူ့ဆရာအတွက် နောက်ကွယ်ကနေ စုံစမ်းဖြစ်ခဲ့သေးသည်။ ကလေးမလေးက ဆရာအရမ်းကြည့်မရလောက်အောင်တော့ ဆိုးမနေခဲ့ပါ။ ဒါပေမယ့်လဲ သူနဲ့မသက်ဆိုင်တဲ့ပတ်ဝန်းကျင်ရောက်လာခဲ့တော့ အရာရာက သူ့အတွက်ခက်ခဲနေမှာ ကျိန်းသေတယ်။ ဆရယကလဲ သူ့ယုံကြည်မှုအလွဲသုံးစားလုပ်တာတွေ လိမ်ညာတာတွေ ဟန်ဆောင်တာတွေကို မုန်းတော့ ကလေးမနဲ့ ရှေ့မှာ ဘာဖြစ်ခဲ့လဲ မသိပေမယ့် ကြီးကြီးမားမားအထင်လွဲစရာတခုခုတော့ ရှိခဲ့ပုံရသည်။ ခုတော့ သူ့ဆရာပြောလို့ ရှေ့က ကားတားနေတဲ့ကလေးမနား ကပ်ရပ်လိုက်တော့ ရုတ်တရက်မလို့ထင်တယ် ကလေးမက လန့်သွားပုံရသည်။
ရုတ်တရက် တာရာ သူမရှေ့ကို ထိုးရပ်လိုက်တဲ့ကားကိုကြည့်တော့ ကားက အကောင်းစားကြီး taxi တော့ဖြစ်ပုံမရ....တွေးနေတုံး နောက်ခန်းကနေ မှန်တချပ်ချလာကာ တည်ငြိမ်နေတဲ့ ဟိုလူ့မျက်နှာပေါ်လာပီး
"ကားပေါ် တက်"
"..."
"မင်းကိုပြောနေတာ မကြားဘူးလား ငါအချိန်မရှိဘူး"
တာရာ တော်ရုံတော့ မပတ်သတ်ချင်ပေမယ့် ဒိနေ့ ဆိုင်ကို အထက်က စာရင်းစစ်လာမှာမလို့ တအား နောက်ကျလို့မရတာကြောင့် သူ့ကားပေါ်တက်လိုက်လာရသည်။ ခါတိုင်းတော့ bus ကားနဲ့ သွားနေကျပါ ဒီနေ့က နောက်ကျနေတာရော အလုပ်ကလဲ နောက်ကျမရတာရောမလို့  taxi နဲ့သွားဖို့ကားငှားနေတာ ကားကမရ လူက ချွေးတောင်ပျံချင်လာသည်။ ခု​တော့ ဟိုလူက သဘောတွေကောင်းလို့ ..... ရှည်ရှည်ဝေးဝေးလဲ သိပ်မတွေးနေနိုင် အလုပ်အရမ်းနောက်ကျမှက ပိုပူနေရသေးသည်မလား။
"မင်း ဘယ်သွားမယ်မပြောဘဲ ငါတို့က ဘယ်ချပေးရမှာလဲ"
"Aww ဟုတ်သားပဲ ..... Blazon centre နားချပေးရင်ရပါပီ ကျေးဇူးပါ"
တာရာပြောတာ သူရော သူ့တပည့်ကော ကြားပုံရမှာပါ ဘာမှတော့ပြန်မပြောကြ။ ဟိုလူက သူမကိုပြောပီး သူ့ laptop ကိုကြည့်နေတာမလို့ တာရာလဲ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေလိုက်တော့သည်။
"မင်း အရင်အလုပ်မဟုတ်တော့ဘူးလား"
"ဟင်....ရာရာ့ကိုမေးတာလား"
ငေးနေရင်း ဘေးက အသံသဲ့သဲ့ကြားလိုက်တော့မှ အာရုံကသူ့ပေါ်ပြန်ရောက်လာပီး လှည့်မေးလိုက်တော့ laptop ကိုပဲ ကြည့်နေဆဲဖြစ်တဲ့ သူက သူမအသံကြားမှ သူမဘက်ကိုလှည့်လာပီး

"ဒီကားထဲ မင်းရယ် ငါရယ် မောင်စိုးရယ်ပဲရှိတာ မောင်စိုးက ငါ့လူ ငါ့ဆီမှာလုပ်နေတာ ငါက သူ့ကိုမေးပါ့မလား ပီးတော့ ငါက ငါကိုယ်တိုင်ပြန်ပီး စကာပြောနေတယ်ထင်နေလို့လား"

မင်းကိုမေးနေတာဆိုလဲ ပီးနေတာကို အဲ့လူလဲ အသက်ကြီးလို့ထင်တယ် ပစိပစပ်များပီး စကားတော့အတော်ပြောသည်။
"ဦးနေမင်းမဟာရယ်....ရာရာ့ကိုမေးတာဆိုလဲ ဖြေမှာပဲကို အရှည်ကြီးတွေပြောနေတယ် မောတာ ရှင့်အစား"
"ဘာ...."
"အင်း ရာရာ စားသောက်ဆိုင်ကထွက်လိုက်တာ တလလောက်ရှိပီ"
သူကျေနပ်တဲ့အဖြေရသွားတာမလို့ထင်တယ် မျက်နှာက ခုနကလို ဒေါသတွေနဲ့တော့ တင်းမနေ။
"အလုပ်ပြုတ်သွားတာလား"
"ပြုတ်စရာလား ကိုယ့်ဘာသာထွက်လိုက်တာ ကိုယ့်ဘာသာဆိုတာလဲ ကိုယ့်သဘောစစ်စစ်နဲ့ထွက်လိုက်တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး"
ပြောချင်တာ သူထွက်ခိုင်းလို့မဟုတ်ဘဲ သူ့ဘာသာသူထွက်တာပါပေါ့ လာသေးတာ ငတိမက။ ဘာနေနေပေါ့ သူကျေနပ်တဲ့အဖြေရလို့။ ခနနေတော့ ငတိမပြောတဲ့ဆီရောက်လို့ မောင်စိုးကားရပ်လိုက်တော့ သူတို့နှစ်ယောက်ကို ကျေးဇူးတင်စကားပြောပီး ဆင်းသွားမှ သူတို့လဲ သူတို့သွားမယ့်ဆီကို ဆက်သွားလိုက်တော့သည်။
တလမ်းလုံး မောင်စိုးဆရာ့ကိုကြည့်နေတာ ဒီကလေးမကို တမင်အနိုင်ကျင့်ချင်ပုံရသည်။ မျက်နှာကြည့်ရတာတော့ အဆိုးကြီးမဟုတ်။ သူ့ဆရာကို ခုနကလို ပြန်ပြောရဲတာ ဒီကလေးမပဲတွေ့ဖူးသည်။ ကြားထဲက ကြားလိုက်ရတဲ့သူတောင် ရီချင်တာမလို့ပြုံးစိစိဖြစ်နေခဲ့ရသေးတယ်မလား။
"မောင်စိုး မင်းကြည့်မောင်းနေတာ လမ်းလား back မှန်ထဲက ငါ့မျက်နှာလား"
သူ ဟောက်သလိုပြောလိုက်မှ မောင်စိုး ပြီတီတီနဲ့ လမ်းကိုပဲ အာရုံစိုက်ကာ ကြည့်မောင်းတော့သည်။ ခုနက ဟိုငတိမတက်လာထဲက နောက်ကိုပဲ ကြည့်ကြည့်ပီးစပ်စုနေတာ မဟာ မကြည့်ဘဲကိုသိသည်။ မဟာဆိုတာ သူများဘာဖြစ်ချင်နေလဲဆိုတာ စိတ်ထဲထိသိတဲ့သူမျိုးပါ....

Continue Reading

You'll Also Like

106K 4.9K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance
5.9K 734 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
817K 15K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
31.3K 1K 29
ချစ်ရတဲ့မိန်းကလေးရော ပတ်သတ်မိသမျှ မိန်းကလေး တွေပါ အဖြစ်ဆိုးတွေနဲ့ သေဆုံးခဲ့တာကြောင့် မိန်းကလေးတွေနဲ့ မပတ်သတ်ရဲလောက်အောင်ဖြစ်နေတဲ့ ကောင်လေးဟာ သံစဉ် ဆိ...