ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.6K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း(၆၈)
11.5K 582 25
By maiyuri18
ပြီးခဲ့ပြီ ။ အတိတ်နေ့ရက်တွေ ။
ကြုံခဲ့ရတဲ့အချိန်တွေတလျှောက် နာကျင်မူတွေ အတ္တ၊ မာန၊ သောကတွေကြား ရှင်သန်ခဲ့ရသော မားမားကိုကြည့်ပြီးသံဝေဂတွေ ရမိသည်။
ဟန်သာအိမ်ကြီးရှင်သခင်မ တိုင်းတစ်ပါးသူ ၊ ဘာသာခြားသူလေးက အပူပိုင်းဒေသကိုအချစ်နောက်လိုက်ပါလာရင် သားနှစ်ယောက်ဖြင့်ပျော်မွေ့ရာကနေ စခဲ့သော သားကိုချစ်သော မိခင်တစ်ယောက်၏ လွဲမှားခြင်းအတ္တ။
သားကြီးကိုစေတနာယိုဖိတ်စင်ပြီး ငါမှန်တယ်အစွဲပြုလို့ ရှေ့သို့လှမ်းတက်တိုင်း သားအမိချစ်ခြင်းတွေ လျော့ကျစေတာကို မသိဘဲ တစ်လှမ်းထက် တစ်လှမ်း ၊ တစ်ဆင့်ထက်တစ်ဆင့်တက်ခဲ့ရင်းကရခဲ့သော ရင်ကွဲနာတွေက သားကြီးရဲ့ စွန့်လွတ်ခဲ့ခြင်းကို ပိုင်ဆိုင်ရပြန်တဲ့ မားမား။
မှောက်မှားတက်တဲ့ မောဟ အသိဉာဏ်တွေ၊ သားအပေါ်ထားခဲ့တဲ့ မိခင်ချစ်ခြင်းအတ္တအမှားတွေကြောင့် အမှား၊ အမှန် ကို သတိမပြုမိတော့ပဲ ခေတ်ပညာတက်လူငယ်ဖြစ်ပါရက် အတ္တမာနကိုရှေ့တန်းတင်ပြီး မလုပ်သင့်တာကို လုပ်မိသောကြောင့် မဖြစ်သင့်ပဲ ဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းရဲ့အဆုံးသတ်က ပူလောင်ဆင်းရဲခြင်း သောကကိုသာ ပွေ့ပိုက်ရပြန်တယ်။
အမှားကိုအမှား မှန်းသိလို့ ကျူးလွန်ဖူးခဲ့တဲ့ လုပ်ရပ်တွေကိုပြန်လည်ပြင်ပြုဖို့ကြိုးစားရင်း အတိတ်နေ့.ရက်တွေကို တစ်ခါတွေးတိုင်းမျက်နှာ မဖော်ရဲလောက်အောင် သိမ်ငယ်ရခြင်းတွေကြားက မိမိမှားယွင်းခဲ့သော တစ်ခဏအမှားက တစ်ဘဝစာသေရာပါစေသည့်နာကျင်နောင်တမျိုး။
ပြီးခဲ့ပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ ခုနှစ်သက္ကရာဇ်ကိုမြင်တိုင်း သူလေးရှေ့ မတ်ရပ်ရပ်ဖို့ ခွန်အားမဲ့ ခဲ့ပြီ။
လွဲမှားခြင်းက ကိုယ့်မိသားစုက စတင်သည်မို့ ဘယ်အချိန်မှ ဖျောက်ဖျက်မရတဲ့ အားနာရခြင်း သောကက ရင်ထဲက အစိုင်အခဲအဖြစ် ပမာဏကြီးစွာ တည်ရှိနေပြန်သေးသည်။
ခွင့်လွတ်ပေးသူက ကမ်းတဲ့လက်တွေမှာ ကိုယ်တိုင်အမှားလုပ်တဲ့ အမှားတွေမို့ ကမ်းလက်တွေကို သိမ်ငယ်စွာဖြင့်အမြဲငေးနေရသည့် အချိန်လွန်နောင်တ။
ချစ်ခြင်းမေတ္တာက ထုထည်ပမာဏ ကြီးမားသလောက် လွဲမှားသူမှာလည်း ပေးဆပ်ရမည့် တာဝန်တွေက သိမ်ငယ်ရခြင်းတွေက ကြီးမားသည်။
ခွင့်လွတ်ခြင်းဆိုတာ ကိုယ်နဲ့မထိုက်တန်သည့်အရာလား စေ့စေ့မတွေးရဲလောက် အောင် သိမ်ငယ်ရခြင်းက အနိုင်ယူထားသည်။
" ခင်များ အဆင်ပြေရဲ့လား...."
တွေဝေငေးငိုင်နေသူ ကို လက်ကလေးဆုပ်ကိုင်လို့ မေးမိသည်။
ဝမ်းနည်းမူသရုပ်ဖြစ်သည့် မျက်ရည်ကြည်တွေ ဝေ့ဝိုင်းနေတဲ့ ထိုသူက ဘာတစ်ခွန်းမှမပြောဘဲ ကျွန်တော်ကိုသာ ငေးမော့နေပြန်သည်။
မားမား အသက်ခန္ဓာ စွန့်သည့်အချိန်မှစ၍ တစ်ခွန်းမှ မပြောဘဲ အသက်ခန္ဓာအနီးနား ထိုင်ပြီး ငေးမောနေသည့် ထိုသူ ရင်ထဲ ဘယ်လောက်စုတ်ပျက်နေမလဲ ။
မိခင်ကိုလတ်တလော ဆုံးရူံးထားရသူ။
အားငယ်မူ၊ သိမ်ငယ်မူ ၊အထီးကျန်ခဲ့တယ် ထင်ရမယ့် ရသတချို့။
ဟစ်အော်ငိုကြွေးခြင်းမရှိဘဲ အသက်မဲ့ ခန္ဓာဘေးကို နေရသလောက် အချိန်တစ်ခု ခပ်ထွေထွေ အမြဲ ထိုင်နေသူအား ချော့မော့ ပြောဆိုသော်လည်း တိတ်ဆိတ်ခြင်းဖြင့် ပြုမူနေထိုင်ပေမယ့် စကားတစ်ခွန်းမျှ မဆိုလာခဲ့ ။
သားငယ်ကိုမြင်ရင် ပိုကျေကွဲတက်သည့်အနေအထားကို ပြသသူမို့သားငယ်နဲ့ ထိုလူကို ခဏခွဲထားပြီး သူစိတ်ကျေနပ်သလိုနေထိုင်စေခဲ့သော်လည်း မည့်သည့်မိသားစုဝင်ကိုမျှ စကားမဖွင့်ဟသူ ၊ အသံတိတ်ငိုကြွေးနေသူ။
ဘေးကမြင်ရသူကို အပူဟပ်စေသည့် ဝမ်းနည်းခြင်းကို တနှင့်တပိုး ထုပ်သယ်ထားသည့် ထိုလူကိုစိတ်မချခြင်းအမည်တပ်ကာ အမြဲအနားကနေ အားပေးသော်လည်း မိမိလက်လေးအား ဆုပ်ကိုင်ထားသည်မှလွဲ မိမိကိုပါ စကားမဖွင့်ဟခဲ့။
တိတ်တဆိတ်ပြိုလဲနေသူ။
မားမားအသက်မဲ့ခန္ဓာကို သဂြိုလ်ပြီး အရိုးပြာအိုးလေးရှေ့ ဒူးထောက်လျက် တစ် ညနေလုံး ထိုင်နေသူအား ပို၍ သောကများနေသည့်မိသားစုဝင်များ။
မိုးချုပ်သည့်အထိ မနေရန် အပေါင်းအသင်းများက ဝိုင်းဝန်းဖျောင်းဖျသော်လည်း တုန့်ပြန်သံက နတ္ထိ။ သူဘေးက နေရတဲ့ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပျက်ခြင်း အမည်တပ်၍ ထားခဲ့ချင်သည်။ မဖြစ်သင့်သည့်အခြေအနေမို့ အနားမှာ အဖော်ပြုပေးကာ နေသည်ကား ယခုဆို မားမား ထားသွားခဲ့သည့် ၇ ရက်မြောက်နေ့။
တိတ်တဆိတ်ပြိုလဲသူက မားမားနေခဲ့သော အခန်းအတွင်း ခပ်ထွေထွေးငေးနေပြန်သည်။
သန်မာပါတော့လို့ အော်ဟစ်မပြောရက်ပေမယ့် အနည်းငယ်တော့ ငေါက်ချင်ပြီ။
မား၏ စျာပနအခန်းအနားကို မားမားယုံကြည်ရာ ဘာသာရေးထုံးစံအတိုင်း သဂြိုလ်ပြီးသော်လည်း တွေဝေငေးငိုင်မူတွေနှင့် နေ့စဉ် သည်အခန်းငယ်က ထွက်ခွါခြင်းမပြုသော သူ။
မား၏ ညီမများ တိုင်းတပါးပြန်ကြသည့်တိုင် နူတ်ဆက်ပွေ့ဖက်ခြင်းကင်းမဲ့ကာ မား၏အခန်းငယ်လေးထဲပဲ နေ့ည ကုန်ဆုံးမူဖြင့် စိတ်ကျဝေဒနာရှင် မည်ထိုက်သူ။
နာကျင်ဖူးသူက အနာအတိမ်အနက်ကို ခန့်မှန်းတက်ပေမယ့် စိတ်ကျဝေဒနာရှင်ကို အားပေးပွေ့ဖက်လို့ လက်တွဲခေါ်ယူသော်လည်း တိတ်ဆိတ်ခြင်းဖြင့်သာ တုန့်ပြန်ခဲ့သည်မှာ ယခုအချိန်ခါဆို ၇ ရက်မြောက်ကုန်ခဲ့ပြီ။ သောကတစ်ပိုင်းနှင့် မိသားစုဝင်တိုင်းက ထိုလူအတွက်ပါ ထပ်ဆင့်အပူမီးဟပ်ခဲ့ရပြန်ပြီ။ တစ်ချိန်က စိတ်ကျဝေဒနာက ပြန်လည်ပေါ်ပေါက်သည့်အလား မှောင်မိုက်သော အခန်းငယ်ထဲဝယ် တစ်ယောက်တည်း အလင်းရောင်မဲ့ နေထိုင်ခဲ့သူ သားငယ်ဒယ်ဒီ။
စိတ်ကျရောဂါကုသရေးပညာရှင်များ၏ အဆိုအရ ယခင်ကြုံခဲ့ဖူးသော အတိတ်နေ့ရက်ဆိုး၊ အိမ်မက်ဆိုးတွေထဲက နိုးထမလာခဲ့ခြင်း။ ယခု ကြုံတွေ့ရသော သောကဝေဒနာ ခရီးမှာ တိမ်မြုပ်နေသော ဝေဒနာက ထပ်ဆင့် ပေါ်ပေါက်ခြင်းစသည့် အကြောင်းအရာအချို့ကိုသာဖြေရှင်း၍ မိသားစု၏ ဖေးမကုသမူနှင့် ခတ်မှီဆေးဝါးကုသမူတို့ပေါင်းစပ်မူတို့ကြောင့် များစွာ မစိုးရိမ်ကြဖို့ စိတ်ဖြေစရာ စကားတချို့လက်ဆောင်ပါးခဲ့သည်။
(A/N DEPRESSION နဲ့ပတ်သတ်လို့ စိတ်ကူးထားတဲ့အတွေးတချို့ပဲဖြစ်ပါတယ်)
မည်သို့ပင် ဆိုသော်ငြား ထိုလူသည်ကား သားငယ်ဒယ်ဒီ။
တချိန်က အမှားလုပ်သူဆိုပေမယ့် ယခုအချိန် ကိုယ်က ထပ်စောင်းဝေဒနာမပေးလိုခဲ့ပြီ။
မားမား နေခဲ့ဖူးသောအခန်းမှာ အသက်ရူသံကလွဲ တိတ်ဆိတ်နေတဲ့ ဒီနေရာမှာ ရုပ်ခန္ဓာမရှိတော့တဲ့ မားမား ကုတင်ညောင်စောင်းဘေး ထွေထွေကြီးထိုင်ပြီး အတွေးများနှင့်ဝမ်းနည်းနေသူကို ကြည့်ပြီး ခေါင်းခါမိသည်။
" မားမားက ကောင်းကင်ဘုံမှာ ပျော်မွေ့နေပြီမို့ ဝမ်းမနည်းပါနဲ့တော့ ....၊ အတိတ်ဆိုးတွေ၊ အိမ်မက်ဆိုးတွေထဲက ရုန်းထွက်ခဲ့ပါတော့ ..."
(.........)
" သားငယ်က ခင်များကို မေးလှပြီ၊ အိမ်မက်ဆိုးတွေထဲက နိုးထပါတော့ဗျာ....."
ရိူက်ငိုသံကင်းမဲ့ပြီး မျက်ရည်ကြည်တွေသာ ရစ်သိုင်းနေတဲ့ ထိုလူ့က စီးဆင်းခွင့်ပြုသည့်အလား ဘယ်ညာပါးပြင်တစ်လျှောက် မျက်ရည်မြစ်ပြင်ကျယ်တ်ု့ တသွင်သွင်း စီးဆင်းခဲ့ပြန်ပြီ။
" ခင်များက ခုလိုပြိုလဲနေရင် သားသားက ဘယ်လောက်ဝမ်းနည်းနေရှာမလဲ .....ခင်များ အသိဝင်ပြီး သန်မာရမယ်လေဗျာ ....."
တွန်းအားစကားက အလုပ်ဖြစ်ပေါ်ပုံရတယ်။ ကိုယ်ခါးကို ခပ်တင်းတင်းပွေ့ဖက်၍ ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် တိတ်တိတ်လေးငိုနေသူက မျက်ရည်တွေကြားကနေ ကျွန်တော်ကိုမော့ကြည့်တယ်။
"အပါးက စိုးရိမ်နေပြီလေ ....အားလုံးကို အားနာသင့်ပြီလေ ....ဗျာ"
ကိုယ်ကိုမော့ကြည့်ပါသော် စကားမဟသူအား စိတ်ကတဖန်တိုလာလို့ ခပ်တင်းတင်းရင
စ်တွယ်ထားတဲ့လက်တွေကို ဖယ်ချဖို့ ပြင်တော့.........။
" ကိုယ် တောင်းပန်ပါတယ် ၊ ကိုယ်ကို ပွေ့ဖက်ခွင့်ပေးပါ ကလေးငယ် "
" အင်း....ခင်များက တစ်ပတ်လုံးလုံး စကားပြန်မရတော့ စိတ်ပူကြတာပေါ့ "
" ကလေးငယ်ရော......"
" အဟမ်း......ပူ....ပူတာပေါ့ ၊ ပူလို့ ခင်များ အနား ရှိနေတာ "
" ကျေးဇူးတင်ပါတယ်..ကိုယ့်ကို တဖန်ပြန်ပြီးကလေးငယ်ဘဝထဲ လျှောက်လှမ်းခွင့်ပေးလို့ "
မျက်ရည်တွေ ဖယ်ချရင်းကျေးဇူးတင်စကားဆိုနေတဲ့ ထိုလူကိုကြည့်ပြီး ကိုယ်ပါရောငိုချင်လာပြန်ပြီ။
ဝမ်းနည်းလွယ်တဲ့စိတ်နဲ့တော့ ခက်ပြီ။
Movies ကြည့်ရင် drama ဇာတ်မျိုးဆို ချူချူပါအောင်ငိုတက်တဲ့ နုနယ်တဲ့စိတ်ကြောင့်ခက်ပြီ။
" တော်ပြီလို့....ဟင့်...ခင်များ ဆက်ငိုနေရင် ပြန်တော့မယ် "
" မလုပ်ပါနဲ့.....မသွားလိုက်ပါနဲ့ကလေး၊ ကိုယ်မငိုတော့ဘူး နော်....မငိုတော့တာမို့ ဘယ်မှ ထွက်မသွားလိုက်ပါနဲ့ "
ကျွန်တော်ပြေးထွက်သွားမှာ စိုးရိမ်သည့်အလား အတင်းရစ်နောင်တွယ်ဖက်ထားသော လက်နှစ်ဖက်က သူ့ပေါင်ပေါ် ထိုင်စေ၍ ရင်ခွင်ထဲ အတင်းတိုးထည့်နေသည်က မြင်မကောင်း။ မားမား အခန်းမှာဆိုတာရော အသိဝင်သေးလားမသိ။
" လုပ်လိုက်ရင် အတင်းပဲ ....နာလိုက်တာ...."
" ဟုတ်လား ကိုယ်တောင်းပန်တယ်နော် ၊ လက်လေးနာသွားသေးလား ပြပါအုံး ကလေးရယ် "
"မနာပါဘူး ....အပြင်ထွက်ရအောင်နော် .... အပြင်မှာ အပါးတို့ကစောင့်နေကြပြီလေ "
" အင်း ..အင်း...."
ကလေးငယ်ကိုယ်ငယ်လေးကို ရင်ခွင်ထဲ ထည့်၍ ကျစ်နေအောင်ဖက်ထားမိသည်အခိုက် ကလေးငယ်၏ ဝင်းဖန့်ဖန့် ဂုတ်ပိုးသားလေးပေါ် နူတ်ခမ်းခြေရာလေး တင်ချန်မိတော့ တွန့်သွားသည့် ရင်ခွင်ထဲက အနွေးလေးကြောင့် ပူပင်သောကတို့ သက်သာစေပြီ။
ကျေးဇူးတင်ပါတယ်ကလေးငယ်။
ကိုယ်ပြိုလဲနေချိန် ကိုယ့်အနား အရိပ်လိုရှိနေပေးလို့ ကျေးဇူးတင်မဆုံးပါကလေးရယ်။
ကလေးငယ် လက်ကိုဆွဲပြီး ရှေ့ကနေ အားအင်ဖြည့်ဖြင့် လှမ်းလျှောက်မိတော့ နောက်ပါးဆီက အပြုံးလေးတပွင့် လွင့်လာပြန်သည်။ ကျေနပ်စရာ ခွန်အားမို့ ကိုကိုကြောင့် မင်းလေးတို့ စ်ိုးရိမ်မူကင်းစေရပါ့မယ်ကလေးရယ်။
ကလေးငယ်လက်ကို မလွတ်တမ်းဆွဲကိုင်ပြီး အောက်ထပ် ဧည့်ခန်းဆောင်​ရှေ့ခြေအစုံရပ်မိတော့ ဝမ်းသာခြင်း ကြည်နူးရိပ်တွေဖြင့် ကြည့်နေပါသော အပါးက သားငယ်ကို ပေါင်ပေါ်တင်ထားရင်း ခပ်ပြုံးပြုံးခေါင်းညိမ့်ပြတယ်။
အပါးပေါင်ပေါ်ကနေ ပြေးဆင်းပြီး ကိုယ်ဆီ ဦးတည်နေပါသော သားငယ်ခြေလှမ်းတွေကြောင့် သားငယ်အရပ်မှီအောင်ဒူးတစ်ဖက်ထောက် ထိုင်ချရင်း ရင်ဖွင့်ကြိုနေမိသည်။ အပြေးလေးလှမ်းလာတဲ့ သားငယ်က * ဒယ်ဒီဆိုပြီး ရင်ခွင်ထဲ ပြေးဝင်လာတော့ လုံးတစ်နေတဲ့ သားသားကို ခပ်တင်းတင်းပွေ့ဖက်ပြီး ခန္ဓာကိုယ်လေးကို တစ်ပတ်လောက်မွေ့ရမ်းလိုက်တော့ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအလယ်မှာ ရယ်သံလွင်လွင်တွေနှင့် ကြည်နူးခြင်း မျက်ရည်တွေ ဝေ့စေသည်။
ဒီအခြေအနေဆို ကိုယ့်အတွက်သောက များနေသူတွေ အပူပင်ကျစေမှာပါ။
ဘေးကရပ်၍ ပြုံးပြီးကြည့်နေတဲ့ ကျွန်တော် မူပိုင်လေးကတော့ ပါးမို့မို့လေးတွေပေါ်အောင် ပြုံးရယ်နေပုံက ငုံ့နမ်းချင်စရာ ။
၇ ရက်လုံးလုံး အတွေးကမ္ဘာထဲ မားမားအကြောင်းတွေစီကာပတ်ကုံး ရှာဖွေမိတော့ သူလေးကထိပ်ဆုံးက စိတ်ပူနေပြန်သတဲ့ ။
အရမ်းချစ်တယ်၊ ကိုယ်ကို နောက်တဖန်လျှောက်လှမ်းခွင့်ပေးတာ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း သူလေးနား နားကပ်ပြောမိတော့ ပုခုံးတွန့်ပြီး ရှက်သွေးဖြာနေပုံက ရဲရဲနီနေတဲ့ အသီးလေးအလား ။ အပါးတို့ ရှေ့မို့ ရှက်သွေးဖြာနေသူလေးရဲ့ နားထင်စပ်ကို ဖျက်ခနဲနမ်းတော့ ကျွန်တော် လက်မောင်းကို ရိုက်ပြီး အပြစ်ပေးပြန်တယ်။
ပွေ့ချီခံထားရတဲ့သားငယ်က လည်ပင်ကြား မျက်နှာနစ်ဝင်အောင်တိုးပြီး ခွဲထားခံရတဲ့ တစ်ပတ်လုံးစာအတ်ိုးချကပ်နေသည့်အလား ။ တဖြေးဖြေးထွားလာတဲ့သားငယ်က မပေါ့သည့်ဝိတ်အလေးချိန်မို့အချိန်ကြာ ပွေ့မ,မထားဖို့ အချက်ပြနေသည့်ကလေးကို ခေါင်းခါပြပြီး အပါးဘေး ထိုင်ခုံအနီး လျှောက်လှမ်းမိတော့သားငယ်က ကျစ်ကျစ်ပါအောင်ဖက်တွယ်ထားပြန်တယ်။
" ဖိုးမြေးလေး.....သူ့ဒယ်ဒီကို လွမ်းနေတယ်ပေါ့"
အပါးနှင့် အနီးဆုံးဘယ်ဘက်ခြမ်းဆိုဖာပေါ် ထိုင်ချတော့ ပုံးခုံးလေးပေါ် ခေါင်းလေးတင်မှီထားတဲ့ သားငယ်ခေါင်းလေးကို ပွတ်သပ်၍ အပါးကဆိုပြန်တော့ ဖိုးဖိုးဆိုပြီး အပါးဆီ လက်လှမ်းနေပြန်ပြီ။
လူလည်လေး ကောင်းစစ်ဟန်သာက ဧည့်ခန်းမဆောင်က လူအများရဲ့အချစ်တွေကို အပြုံးလေးတစ်ပွင့်ဖြင့်သိမ်းယူသွားသည့် ငလည်လေး ။
" ဖိုးဖိုး......"
" ဗျာ....."
" ဒယ်ဒီက နေကောင်းပြီပေါ့နော်...."
" ဖိုးမြေးက ဒယ်ဒီကို စိတ်ပူတယ်ပေါ့လေ....ဟုတ်လားကွ "
" အွင်း.....သားသားဒယ်ဒီမို့ ...."
" ဟားး.."
သားငယ် နေမကောင်းလို့ အနားကပ်မထားကြောင်း မြေးငယ်နားဝင်လွယ်အောင်ရှင်းပြထားတော့ မေးသည့်မေးခွန်းကမထူးဆန်း ။
" ဒယ်ဒီ နေကောင်းပြီမို့ သားငယ်က စိတ်ချတော့နော်...."
လည်ပင်းကိုသိုင်းဖက်၍ ပူပင်နေသူလေးအား နဖူးလေးကို မွှေးကြိုင်မိတော့ သားငယ်အမြဲသုံးနေကြ baby face cream ရနံ့သင်းသင်းလေး မွှေးပျံနေသည်။ သားငယ်အတွက် အထူး သီးသန့် limited edition တွေသာ ပေးသုံးသည်မို့ အသားအရည် မပျက်စီးစေရန် ငယ်စဉ်ကတည်းက အမြဲစောင့်ရှောက်ခဲ့ရတဲ့တစ်ဦးတည်းသော သားရတနာလေး ကောင်းစစ်။
" အွန်း....ဖိုးဖိုး.....ချောကလက်ပူပူ...သောက်မယ်..."
" အင်း ..."
အပါးက အနီးနားရှိ အိမ်ထိန်းကို တစ်ချက်ခေါင်းညိမ့်ပြတော့ အိမ်အကူမလေး လက်ထဲက Cheese Cake နှင့် Hot Chocolate တခွက်။
စားပွဲအနီးဒူးထောက်ထိုင်ကာ ကောင်းစစ်အတွက် အဆာပြေ စားစရာတချို့ပြင်ဆင်ပေးနေသည်။ မြန်မာရိုးရာမူန့်ကို နှစ်သက်တက်တဲ့ ကျွန်တော်အတွက် ရွှေကြည်၊ စနွင်းမကင်း နှင့် မန္တလေးက အထင်ကရနာမည်ကြော် မြင့်မြင့်ခင်ထိုးမူန့် ။ ဖန်အိုးလေးဖြင့် ထည့်ထားသော ရေနွေအိုးကြမ်း လေးက သောက်ချင်စရာ။
စွဲမက်ဖွယ်အချိုပွဲကို အကြည့်သိမ်းမိတော့ အနားရှိတဲ့လူက ရွှေကြည်မူန့်တုံးလေးက ခွံ့ကျွေးနေပြန်သေးသည်။ လူကြီးရှေ့ အားနာဟန်ဖြင့် ခပ်မြန်မြန် စားနေမိတော့ သားသားကိုလည်း ခွံ့ကျွေး! ဟုသော ကောင်းစစ်အသံစာစာလေးက စူပုတ်ပုတ်လေး ထွက်လာ၏။
" သားတို့ အလှူပွဲ ဖျက်သလို ဖြစ်ရလို့ အပါးသိပ်အားနာမိတယ် သားငယ် "
မြေးငယ်ကိုပွေ့ပိုက်ပြီး မြေးငယ် သောက်နေတဲ့ chocolate ဖျော်ရည်ပူပူလေးကို အပူမလောင်စေရန် လက်တစ်ဖက်ကနေ ကိုင်ပေးပြီး သောက်သုံးစေသည်။ အညိုရောင်ပိုက်ပျော့လေးထဲက သားသားအကြိုက် chocolateဖျော်ရည်ပူပူလေးကို ပါးလေးနှစ်ဖက်ဖောင်းအောင် စုပ်ယူနေသော မြေးငယ်က တချက်မော့မကြည့်ဘဲ စားစရာကိုသာ အာရုံရနေသည်။
" မဟုတ်တာ အပါးရယ် "
" ဖြေးဖြေးစား မြေး ငယ်..."
" ဟုတ်...ဖိုးဖိုး..."
" သားအဖေကို ဟိုမှာ အဆင်ပြေရဲ့လား ၊ ကိုကျော်သက်ပြန်လာပြီလား သားငယ် "
" ဟုတ်ဖေဖေက သာသနာ့ဘောင်မှာ ပျော်မွေ့နေပါပြီ၊ ဆရာကတော့ နောက်အပတ်လောက်မှ ပြန်လာဖြစ်မယ်တဲ့ ရိပ်သာဝင်ချင်တယ် ပြောနေလို့ အပါး "
" ဟုတ်လား မွန်မြတ်တဲ့အလုပ်တွေပဲ ဝမ်းသာပါတယ် ၊ ဒါနဲ့ ဒီအိမ်တော်မှာပဲ အပါးနဲ့ အတူနေကြပါလား ဟိုအိမ်မှာ ကိုကျော်သက်လည်းမရှိတော့ မြေးငယ် ပျင်းနေပါ့မယ် "
" ဟို......ဟို.."
လည်ပင်းလေးကို ပွတ်သပ်၍ ဒီအိမ်တော်မှာ မနေလိုကြောင်း ထုတ်ကာပြောမိရင် နားလည်ပေးကြပါ့မလား ။
" သားနဲ့ အတူနေနေကြမို့ ဟိုအိမ်မှာပဲ အပါးခွင့်ပြုရင် နေချင်တယ် ဗျ"
" အင်းပါ သားငယ် အဆင်ပြေရဲ့လား ...ဟိုမှာကြ သားတစ်ယောက်တည်း...ကလေးတဖက်နဲ့ဆိုတော့ "
ဖြေမလို့ ကြံရွယ်နေစဉ် ကြားဖြတ်ပြောကြားသူက သားငယ် ဒယ်ဒီ။
" သား ပါဟိုမှာ ကလေးတို့နဲ့အတူ နေမှာအပါး "
" ဟုတ်ပါပြီ ...ဒါဆို အပါးစိတ်ချပါပြီ"
ခေါင်းညိမ့်၍ဖြေကြားနေတဲ့ အပါးရင်ခွင်က သားငယ်က မျက်ဝန်းဝိုင်းတွေဖြင့် မော့ကြည့်ကာ ဆိုလာပြန်သည်။
" ဒယ်ဒီက သားတို့နဲ့အတူ နေတော့မှာလား ဖိုးဖိုး "
" ဟုတ်ပါ့ဗျာ....မြေးလေးပျော်ရဲ့လား ၊ ဖိုးဖိုးနဲ့ နေမလား ကွ လူလည်လေး ...."
" မနက်ကြ လာနေမယ်လေ ....ညကြ ပါးပါးနဲ့ ဒယ်ဒီ နဲ့ အတူ အိပ်မယ် ...နော် ဖိုးဖိုး "
" ဒီအိမ်မှာ ဒီအဖိုးကြီး တစ်ယောက်တည်း မြေးငယ်ရ "
ကျွန်တော်ကို မျက်ဆံပြစ်ပြပြီး သားငယ် အဓိပ္ပါယ်ရ စကားတွေ ပြောနေသော သူကို ဂျိုကြည့်ကြည့်ပေးလိုက်တယ် ။ ဒီလူ ဘာစကားတွေပြောနေလဲ ။
ဟွန့်~
မဆိုသလောက်ဆူပြနေသော နူတ်ခမ်းရဲရဲလေးကို စိုက်ကြည့်ပြီး တစ်ချက်ပြုံးမိသည်။ ကလေးအဖေ ရွှေစိတ်တော် ကောက်ချင်နေတာ အပါးရှိလို့ဖြစ်မယ်။
" ဟုတ်လား ဖိုးဖိုး တစ်ယောက်တည်းလား ဟင် "
" ဟုတ်ပါ့ဗျာ....၊ ဒါကြောင့် မြေးက ဖိုးဖိုးကြီးအနား နေပေးမလားဗျာ "
မေးစေ့လေးကို လက်ညိုးလေးကွေးပြီး တွေးနေပုံလေးက ချစ်မဝနိုင်သည့် အမူအရာမို့ မြေးငယ် ပါးဖောင်းဖောင်းလေးကို တစ်ချက်ငုံ့နမ်းမိသည်။
သားအချစ်၊ မြေးအနှစ်ဆိုတာ ဤအရာကိုခေါ်တွင်လေသလား !
" ပါးပါး ....၊ ဖိုးဖိုး သနားပါတယ် သားသားတို့ ဒီမှာနေကြမလားဟင် "
" ဘယ်ဖြစ်မလဲ သားရယ် ၊ သားက ကလေးလေ သားက အအိပ်မက်တော့ ဖိုးဖိုး စိတ်ရူပ်နေပါ့မယ် ပါးတို့ အိမ် ပြန်ကြမယ်လေ "
" ရပါတယ် သားငယ်ရာ ၊ ငါ့မြေးရှိရင် အပါးလည်း စိတ်မလွင့်မိတော့ဘူး "
" စိတ်မလွင့်ဘူးဆိုတာ ဘာကိုပြောတာလဲ ဖိုးဖိုး "
နားမလည်တဲ့ မြန်မာစကားလုံး အဓိပ္ပါယ်ကို အဖိုးလုပ်သူအား သိလိုစိတ်အပြည့်ဖြင့်မေးနေသည့် ကောင်းစစ်။
" ဟုတ်သားပဲ ကလေးရာ ၊ ကိုယ်တို့ ဒီမှာနေကြအောင်လေ ...အန်ကယ်ကျော်သက်ပြန်လာမှ ဟိုဘက်အိမ်ပြောင်းကြမယ်လေ ဘယ်လိုလဲ "
" ဟို.....ဟို ....လေ "
" ဖိုးဖိုးက တယောက်တည်းမအိပ်ရဲလို့တဲ့ပါးပါး ၊ သားသားက အားပေးရမယ်လေ နော် ဖိုးဖိုး "
" ဟား.......ဟုတ်ပါ့ဗျာ ၊ ဟုတ်ပါ့ "
" အဟက် ..."
ငြင်းဆန်ချင်သူအား တစ်ချက်လွတ်စကားဖြင့်ထိမ်းချူပ်သည့် သားငယ်။
ဒယ်ဒီသားက ဒယ်ဒီဆန္ဒတွေကို မှန်းတာ သိပ်တော်တာ' အဖေတူ သား'.
" ဘာတွေများ ငြင်းခုန်နေသလဲ မောင်လေး "
အိမ်ထဲ လှမ်းဝင်လာသော မမတို့လင်မယားကို ခေါင်းညိမ့်၍ နူတ်ဆက်မိသည်။
" သားဦးဦးတို့ ...ပြန်လာပြီ ..."
" အ့ဟား....ကလေးလေး ...."
အပါးရင်ခွင်ထဲကနေ လျောတိုက်ဆင်းကာ ပြေးသွားသော သားငယ်က အစ်ကိုမင်းမြတ် လက်ပေါ်မှာ ဘာတွေ သဘောကျနေတယ်မသိ၊ အစ်ကိုလည်ပင်းကို ကျစ်နေအောင် ဖက်၍ ပြုံးပျော်နေပြန်ပြီ။
မားမားဆုံးပါးတော့ စိတ်ဓါတ်ကျနေတဲ့ သားဒယ်ဒီဘေး ရှိနေစဉ် အစ်ကိုတို့က သားငယ်ကို နေ့ရော ၊ ညပါ ကူထိမ်းပေးကြလို့ ခုဆို ဦးဦးဆိုတာ သားငယ် ပါးစပ်ဖျားကမချရအောင် အရေးပါနေပြီ။
အစ်ကိုမင်းမြတ်က ဘာတွေအလိုလိုက်ထားတယ်မသိရပေမယ့် သားငယ်အလိုကျ ဖြည့်ဆည်းပေးနေတာ ဖြစ်ရမည်ဟု လူတိုင်းတွေးထားကြသည်။
မမ ဆေးရုံအပြန် အစ်ကိုက ဝင်ကြိုခဲ့တာ ဖြစ်ရမယ်။
" သားသား မှာတာ ပါရဲ့လား ဦးဦး "
" ပါတာပေါ့ဗျာ ၊ ဦးဦးက ဘယ်မေ့မလဲ ကွ "
" ရေးးးးးးး"
အစ်ကိုရင်ခွင်ထဲကနေ လက်ခုပ်လက်ဝါး ထတီးနေသော သားငယ်ကြောင် သိလိုစိတ်တွေ ပြည့်နေသည့်ကျွန်တော်တို့နှင့်အပါး ။
" ဝင်ခဲ့တော့ ! "
#မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Thank for all
(🎄မိသားစုနှင့်အတူ ပျော်ရွှင်စရာ Christmas လေးဖြစ်ပါစေ 🤶⛄️🎄)
( စိတ်ခံစားမူတွေကို ဂစ်တာလေးခေါက်ပြီး တေးသီချင်းဖော်ကျူးတက်တဲ့ ဗန်လွယ်အွေ့အကြောင်းပါသော တေးသစ္စာဖွဲ့ချစ်ခြင်းမေတ္တာ အပိုင်းသစ် update ပေးထားပါတယ်၊
ဥက္ဌကယောကျာ်း ဆိုတဲ့ fic ရဲ့ မီးနီခန်းလေး 🔞🌚🔔နောက်နေ့ update ပေးပါ့မယ် စာဖတ်သူအားလုံး Merry Christmas 🎄🎁 ပါ....)
-----------------------------------------
Zawgyi
ၿပီးခဲ့ၿပီ ။ အတိတ်နေ့ရက်တွေ ။
တိတ်တဆိတ်ပြိုလဲနေသူ။
မား၏ ဈာပနအခန်းအနားကို မားမားယုံကြည်ရာ ဘာသာရေးထုံးစံအတိုင်း သဂြိုလ်ပြီးသော်လည်း တွေဝေငေးငိုင်မူတွေနှင့် နေ့စဉ် သည်အခန်းငယ်က ထွက်ခွါခြင်းမပြုသော သူ။
(.........)
" ကလေးငယ်ရော......"
" အင်း ..အင်း...."
" ဖိုးဖိုး......"
" ဗျာ....."
" ဟားး.."
" အင်း ..."
" မဟုတ်တာ အပါးရယ် "
" ဖြေးဖြေးစား မြေး ငယ်..."
" ဟုတ်...ဖိုးဖိုး..."
" ဟို......ဟို.."
ဟွန့်~
နားမလည်တဲ့ မြန်မာစကားလုံး အဓိပ်ပါယျကို အဖိုးလုပ်သူအား သိလိုစိတ်အပြည့်ဖြင့်မေးနေသည့် ကောင်းစစ်။
" ဟို.....ဟို ....လေ "
" အဟက် ..."
" အ့ဟား....ကလေးလေး ...."
" ရေးးးးးးး"
" ဝင်ခဲ့တော့ ! "
#Thank for all
-
Continue Reading
You'll Also Like
185K 13.6K 61
ပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်
165K 16.4K 30
Directed by Kaung ပါ title ပြင်ထားတာပါ The content of this story is purely the author's imagination. Marriaged life || romance || starting date - o...
70.5K 6.1K 46
မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်...
3.4K 205 15
sin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessman​လေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်း...