"ဒါမှ ငါ့မိန်းမ .. မင်း ငါတို့သားကို ဒီလိုမျိုး နားလည်ပေးလိုက်တာ ငါသိပ်ဝမ်းသာတယ် "
"အို .. ကိုမာန်ရှိန်ကလဲ ကျွန်မက ဘယ်တုန်းက ဒီသားလေးအလို မလိုက်တာရှိခဲ့လို့လဲရှင် .. "
"မင်းပဲ အပြောကောင်း ။ ဒါဆို အစက မင်း သားကို ပစ်ပစ်ခါခါပြောဆိုခဲ့လို့ တို့သားကိုယ်တိုင် အားငယ်ခဲ့ရသေးတာ မဟုတ်လား "
"ဒါတွေပြောမနေတော့ပါနဲ့ အကိုရယ် ။ခုဆို သားလေးနဲ့ သဘောတူညီမှုတွေရပြီး ငြိမ်းချမ်းသွားပြီ ။ဒါ့ကြောင့် ကျွန်မသားက ကျွန်မဆီကို ခုလိုလာတာပေါ့ရှင် ။"
ဒါကတော့ ဒယ်ဒီ့နဲ့ မာမီရဲ့ ပျော်ရွှင်နေကြပုံ တစ်မျိုးလို့ ဆိုရလေမလား ။ရန်ဖြစ်ရင်တောင် ဒေါသသံမပါတဲ့ ဒယ်ဒီက နှိုင်းတို့ကို နားမလည်ပေးခင် စပ်ကြားကလဲ ခုလိုမျိုးပဲ မာမီ့ကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုး နားချခဲ့လေမလား ။မာမီက အလျှော့ပေးပြန်တော့လည်း ခုလိုမျိုး သူ့မိန်းမသူ ချစ်စနိုးလုပ်ပြီး စနောက်တတ်သေးတာ ။ဒါကို မာမီတစ်ယောက်ကလဲ အတည်တွေယူပြီး ချစ်ဖို့ကောင်းအောင် ရန်ပြန်တွေ့တယ် ။
"အေးအေး ဟုတ်ပါပြီ ။မင်းပဲ အချစ်တတ်ဆုံးကြီးမို့ မင်းပဲနိုင်ပါတယ်ကွာ ။"
"ကိုမာန်ရှိန်ကိုယ်တိုင်ကရော ကျွန်မသားကို ခုမှပိုချစ်ပြနေသလားလို့ ။အရင်ကဆို ကျွန်မက သားကိုအလိုလိုက်ရင်တောင် မျက်နှာတည်နဲ့ သိပ်ကြိုက်တာ မဟုတ်ဘူးမလား ။"
"ဒါကတော့ ဖခင်တွေရဲ့ ချစ်တာပုံစံမတူတာပါကွာ ..မင်းက ပြောတော့မယ် "
"ဟုတ်ပါပြီရှင် ..။ကျွန်မသားလေးကို ခုမှပိုချစ်ပြနေတော့ ပြောချင်လွန်းလို့ပါ ...။ကျွန်မထင်တာ
မောင်လက်ရုံးကို သားမက်တော်လိုက်ရလို့ ခုလိုပိုပြနေသလားလို့ပါ ...အစထဲက အကိုက မောင်လက်ရုံးကို သဘောတကျကျဆိုတော့လေ "
"ခုမှပိုပြရတယ်လို့ မဟုတ်တာကွာ ။ အယ် ..မောင်လက်ရုံးကတော့ အားကိုးချင်စရာဆိုတော့ သဘောကျတာ မဆန်းပါဘူးကွာ ။လိုချင်တယ်ဆိုတော့လဲ လိုချင်တယ်ကွာ။ ခုတော့ သမက်ဖြစ်သွားပြီဆိုတော့ မာန်ရှိန်တို့က အားကိုးရသွားပြီပေါ့ကွာ ..ဟားး။"
"ဟုတ်ပါပြီရှင် ။ကဲ ...ထမင်းစားရင်း ပြောကောင်းနေလိုက်ကြတာ ။ သားနှိုင်း ထည့်စားနော် မာမီကိုယ်တိုင် သားအကြိုက်ပုစွန်ထုပ်ကြီးကြီးကို နူးအိနေအောင် ချက်ထားတာ ။ဟော့ဒီ့ ဟင်းရည်လေးကလဲ သားအကြိုက် ချက်ထားတာ ဒေါ်မြကို အရွက်လေးလောက်ပဲ သင်ခိုင်းထားတာနော် မာမီ့သားလေးလာမယ်ဆိုလို့ ..။မောင်လက်ရုံးလည်း အန်တီချက်ထားတာလေး မြည်းကြည့်ပါအုံးကွယ် .."
"ဟုတ် ..ကျွန်တော် စားပါတယ် "
"နှိုင်း စားပါတယ် မာမီရဲ့ ။မာမီ့လက်ရာက နှိုင်းငယ်ငယ်ကလို အမြဲတမ်း နှိုင်းအကြိုက်ပဲ "
"အေး ..မာမီ့သားလေး အားရပါးရစားနော် ။သားနဲ့ ထမင်းလက်ဆုံမစားရတာကြာလို့လားမသိဘူး။ သားနဲ့အတူစားရတာ မြိန်လိုက်တာကွယ် "
"သားထည့်ပေးမယ်နော် "
နှိုင်းတို့ အိမ်ကိုလုံးလုံးလျားလျားတော့ ပြန်မပေါင်းဖြစ်ကြသေး ။ရက်တော်တော်ကြာကြာနေဖြစ်ခဲ့တဲ့ မိုးဇက်တိုက်ခန်းကလဲ အဆင်ပြေနေတော့ ခုလို ဆက်ခနဲအခြေအနေမှာ မပြောင်းဖြစ်ကြတာဖြစ်သည် ။ပြီးတော့ အရင်လိုအခြေအနေလဲမဟုတ် ။မာမီကတော့ အဲ့နေ့ထဲက အိမ်ကိုပြန်ခဲ့ဖို့ရာ တတွတ်တွတ် မှာတမ်းခြွေသွားခဲ့သော်လည်း နှိုင်းနဲ့ဒီကောင်လေးက အတူပေါင်းသင်းနေကြပြီဆိုတော့ အိမ်မှာက မလွတ်လပ်ပဲ မျက်နှာပူစရာမျိုးဖြစ်လာနိုင်သည်လေ။
နှိုင်းတို့နှစ်ယောက်ရဲ့ပွဲကို ဒယ်ဒီနဲ့မာမီတို့က စိတ်ကြိုက်ကျင်းပပေးပါမည်တဲ့ ။နှိုင်းတို့
နှစ်ယောက်လုံးဆန္ဒကတော့ ကြီးကျယ်တာမျိုးမကြိုက်၍ လူရိုသေရှင်ရိုသေလေးလောက်သာ ဖြစ်စေချင်သည် ။နေဖို့ထိုင်ဖို့ကိုလည်း ထိုပွဲလေးပြီးမှသာ သင့်သလိုစဉ်းစားမည်ဖြစ်သောကြောင့် လောလောဆယ်တော့ ဒီအခြေအနေလေးအတိုင်းနေမြဲ ။
ခုလဲ နှိုင်းတို့အိမ်လာမည်ကိုကြိုပြောထားသောကြောင့် မာမီတစ်ယောက် ခုလိုကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ထားတာ ဖြစ်သည် ။မာမီ့လက်ရာက အမြဲတမ်းအတွက် နှိုင်းအကျေနပ်ဆုံး၊အကြိုက်ဆုံး ၊စားရအကောင်းဆုံးပါပဲ ။
ဘေးကကောင်လေးကတော့ နှိုင်းဘယ်မှာပဲနေနေ နှိုင်းစိတ်ကြိုက်နေနိုင်ပါတယ်တဲ့ ။နှိုင်းကို ချစ်လွန်းလို့သာ ခုလိုအလိုလိုက်တာ နှိုင်းမသိပဲနေမလား ။ခုလိုပြောနေပေမဲ့ နှိုင်းနဲ့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်သည်ကို နှိုင်းမသိပဲနေမည်လား ။ ဒါ့ကြောင့်ပဲ နှိုင်းမာမီခေါ်တာကို မလာဖြစ်ခဲ့တာ ။ရှင်းရှင်းပြောရရင် နှိုင်းလဲ ဒီကောင်လေးမျက်နှာပူတာမျိုး ၊စိတ်ကျဉ်းကျပ်တာမျိုးမဖြစ်ရလေအောင် တစ်အိုးတစ်အိမ်ပဲ နေချင်သည်မှာတော့ အမှန် ။မာမီတို့ကိုလွမ်းရင်လဲ ပြေးတွေ့ဖို့ခေါ်လာပေးမဲ့ ဘေးကကောင်လေး ရှိနေတာပဲ ။နှိုင်းအတွက်တော့ ဒီကောင်လေးရှိနေသေးသရွေ့ အရာအားလုံးက အဆင်ချောမည်မှာ မြေကြီးလက်ခတ်မလွဲ ။
ခုလဲ ဘေးကနေပြီး ပန်းကန်ထဲ ပုစွန်ထုပ်ထည့်လိုက်သည်နှင့် အပြောရလွတ် အခွံ့ပြောင်အောင်ခွာပေးနေပြန်သည် ။ နှိုင်းတို့နှစ်ယောက်တည်းဆို ကိစ္စမရှိသော်လည်း ခုဟာက ဘေး၌လူအစုံ ။တော်ကြာ နှိုင်းကို ယောင်္ကျားနိုင်စားသည် ပြောကာမှ နှိုင်းကပဲ မကောင်းဖြစ်ရအုံးမည် ။ မျက်စိမှိတ်ပြလဲမသိ ။ပြူးပြလဲမသိ ။ပြဲပြလဲမသိနဲ့ပါလေ ။'ငါ့ဘာသာခွာမယ်' ဆိုတော့ ပတ်ဝန်းကျင်ကိုမကြည့်ပါပဲ နှိုင်းကိုဂရုစိုက်ရတာ အကျင့်တစ်ခုလို ဖြစ်နေသည့်ကောင်လေးက 'ဘာဖြစ်လို့လဲ၊ ကျွန်တော်ခွာပေးနေကျပဲလေ ' တဲ့ ။မတတ်နိုင်တဲ့အဆုံးတော့ နှိုင်းတို့ကို ပြုံးပြုံးကြီးကြည့်နေကြတဲ့ ဒယ်ဒီနဲ့မာမီ့ကိုလည်း ပြုံးပဲပြလိုက်တယ် ။ဘေးနားက ယပ်တောင်ကြီးခပ်ပြီး ပြုံးကြည့်နေတဲ့ အရီးမြကိုလဲ ပြုံးပဲပြလိုက်တယ် ။ပြောမှ မရတာ ။
"အရီးမြ နှိုင်းတို့နဲ့ အတူတူ ထိုင်စားပါလားဟင်"
"အို .. လူလေးတို့ပဲအရင်စားကြပါကွယ် ။အရီးက မောင်အောင်ကျော်လေးပြန်လာတာကို စောင့်နေတာ ။အဲ့ကျမှ စားတော့မယ်ကွယ် .. ။"
"ဒါဆို အရီးနားလို့ရပါပြီ နှိုင်းတို့ရှိနေတာပဲ ။လိုတာကို ကိုယ်တိုင်လုပ်လိုက်ပါ့မယ် အရီးပင်ပန်းနေရောပေါ့ "
"မဟုတ်တာကွယ် ပင်ပန်းတယ်မရှိပါဘူး အရီးလုပ်နေကျအလုပ်တွေ ။ဒီနေ့အရီးက ဘာဆိုဘာမှမလုပ်လိုက်ရဘူး လူလေးနှိုင်းတုလာမယ်ပြောလို့ အကုန်လုံး သူဌေးကတော်ကပဲ စီစဉ်ပြီး ဟင်းအမယ်တိုင်းကို သူဌေးကတော်ပဲ ချက်ထားတာပါကွယ် .. "
ဒယ်ဒီ့ ဒရိုင်ဘာကိုအောင်ကျော်ကလဲ တစ်နယ်တစ်ကျေးက ၊အရီးမြကလဲ တစ်နယ်တစ်ကျေးကဆိုတော့ နှစ်ယောက်လုံးက သားအမိလို ဖေးဖေးမမ နေကြတာဖြစ်သည် ။ဒါကြောင့် သားတစ်ယောက်လို ခင်မင်သည့်ကိုအောင်ကျော်ကို အရီးမြက ထမင်းစားရင်တောင် သားတစ်ယောက်လို မျှော်နေတတ်တာကများသည် ။ခုလဲ ကိုအောင်ကျော်နဲ့မှ အတူစားဖြစ်မှာမို့ နှိုင်းတို့နဲ့အတူ ထိုင်မစားတာ ဖြစ်လိမ့်မည် ။နှိုင်းတို့အိမ်ကလူတွေက နှိုင်းကိစ္စသာ ထည့်မတွက်ရင် အမြဲတမ်း အေးအေးချမ်းချမ်းနေလာခဲ့ကြတာဖြစ်သည် ။ခုလဲ အဆင်မပြေခဲ့သည့်အရေးကလဲ အဆင်ပြေလို့ အေးအေးချမ်းချမ်းပါပဲ ။နှိုင်းဘ၀ထဲကို ဒီကောင်လေးတစ်ယောက်တိုးလာတာက ပိုတောင်ပြီးပြည့်စုံသွားသလို ။
^
"ဟို .. မာမီကမပြန်စေချင်လို့ ညအိပ်လိုက်တာ
ကျေနပ်ရဲ့လားဟင် ။"
"ယောက္ခမကြီးကပြောတာပဲ ဘာမကျေနပ်စရာရှိရမှာလဲဟင် ။အရာရာ ခင်ဗျားသဘောဆိုတာ သိတယ်မလား ။ဒါပေမဲ့ ခင်ဗျားကိုပြန်သိမ်းနေချင်တယ်ဆိုရင်တော့ ကျွန်တော်က ထပ်ခိုးပြေးအုံးမှာပဲ ။ရိုသေလေးစားတယ်ဆိုတာကလဲ ကျွန်တော့်လက်ထဲခင်ဗျားရှိနေမှ ဖြစ်မှာ .. "
"မာမီက အဲ့လိုမျိုးမလုပ်တော့ပါဘူး မင်းသိရက်သားနဲ့ ။ငါ့ကိုပျော်အောင်ထားရင် ရပြီတဲ့လေ
အဲ့တော့ ငါ့ကိုပျော်အောင်ထားပေါ့ "
"ခုက မလုံလောက်သေးလို့လားဟင် ။ဘယ်လောက်များကြီး ပျော်ချင်တာလဲ ကျွန်တော့်ကိုပြော .. ဒါမှမဟုတ် ခုချက်ချင်းပဲ တစ်ခုခုလုပ်ပေးရမလားဟင် .. "
"မင်း မညစ်ပတ်နဲ့ ဖယ် ။ မာမီတို့ရှိတယ် "
ဒီကောင်လေး နှိုင်းကိုပျော်အောင်ထားရမည် ပြောသည်ကို လာကြည့်နေပုံက မဟုတ် ။လက်ကလဲ ဘယ်ကိုလာထိလို့ ထိခတ်နေမှန်းမသိ ။ရုပ် ချောချောကလည်း ပြီတီတီနဲ့ အမြင်ကပ်စရာလေး ။အရင်လို စကားနားမထောင်တော့ပါ ။
"ဟောဗျာ .. ဒီအခန်းထဲမှာ ရှိနေတာမှ မဟုတ်ပဲ ။
ကလေးလို လာခြိမ်းခြောက်နေတာလား "
"မင်းတော့ .. ပြောတာကို နားမလည် "
"ဟုတ်ပါပြီဗျာ ။မစနဲ့ဆို မစတော့ပါဘူးဗျာ ။မစရတဲ့အတွက် အနမ်းတော့ခံရမယ် ခံမယ်မလား နမ်းချင်တယ် ခင်ဗျားကို "
"နမ်းပြီးရင် ဘာမှမလုပ်တာ သေချာတယ်နော် ။ဂတိပေး .. "
"ဂတိပေးပါတယ်ဗျာ ။ယုံသွားအောင် လက်သန်းချင်း ချိတ်ပေးမယ် "
"မလိုပါဘူး "
"အဟက် .. ယောက္ခမကြီး အိမ်မလို့ အလျှော့ပေးထားတာကို "
"မင်း .. အွတ် "
စကားတောင်မဆုံးလိုက် ထုံးစံအတိုင်း ထိခတ်လာသော နှုတ်ခမ်းပါးရဲရဲလေးကြောင့် ထန့်လန့်ပြာယာ ။အမြဲမပြောမဆိုအနမ်းခံရတဲ့အခါတိုင်းလည်း နှိုင်းမှာ ရင်ခုန်နေရတုန်း ။ဘယ်လောက်နမ်းခဲ့ဖူးဖူး ဒီနှုတ်ခမ်းပါးလေးဆီက အနမ်းကို ထုတ်မပြောလဲ တပ်မက်နေရတုန်း ။ရင်ခုန်မြဲ ၊တပ်မက်မြဲနဲ့ နေ့တိုင်းတောင့်တမိတဲ့ အနမ်းတွေ။
နှုတ်ခမ်းတစ်ခုလုံး ဖူးယောင်နေအောင် အနမ်းခံရလဲ အပြစ်မဆိုနိုင် ။ဒီကောင်လေးစကေးကို အလွတ်ရနေတော့ တခါတလေသတိချပ်ပြီး မ၀တ၀နဲ့တော်လိုက်သည့်ကောင်လေးကြောင့် ဆက်နမ်းဖို့တောင်းဆိုရသည်အထိ ။ဒီလိုအလိုလိုက်ပေးတယ်ဆိုတာကလည်း ဒီကောင်လေးဖြစ်နေလို့ ၊ဒီကောင်လေးက နှိုင်းပေးနိုင်တာတွေထက် ပိုပြီးထိုက်တန်တဲ့ကောင်လေး ။နှိုင်းထက် အရာရာ မြင့်မြတ်တဲ့ကောင်လေး။
နှုတ်ခမ်းသားတွေကို အပေါ်အောက် ကျွမ်းကျွမ်းကျင်ကျင်ခြယ်လှယ်ပြနေတော့ နှိုင်းကလဲ အလိုက်တသိအပေးအယူမျှမျှတတ ။ပူထူနေသည်အထိ နှုတ်ခမ်းဖူးလေးတွေ ထိခတ်ခံနေရတာ ။နမ်းရတာကိုပင် အားမလိုအားမရဖြစ်နေသည့်ကောင်လေးက နှိုင်းဗိုက်သားချပ်ချပ်လေးတွေအထိ လာထိပါးတယ် ။သန်မာသည့်လက်ဖဝါးကျယ်ကျယ်က အင်္ကျီအောက်ထဲထိ လျှိုဝင်နေခဲ့သော်လည်း 'အနမ်းပဲခံမယ်၊ကျန်တာမရဘူး' ဆိုသည့်နှိုင်းက တားရမည်ကိုပင် မေ့မေ့မောမော ။ဒီလောက်ထိ နှိုင်းဒီကောင်လေးကို ရက်ရောပါတယ် ။မက်မောမိတာလည်း အမှန် ။
ပြွတ်စ်!
အ !
သာယာမှုအောက်မှာ ပုထုစဉ်လူသားမှန်သမျှ မှိန်းမောကြရသည်ဆိုသည်မှာအမှန် ။နှိုင်းကတော့ ဒီကောင်လေးဖြစ်နေခဲ့လို့ ပိုသာယာမိတာ ။လိုချင်သည့်အရာ ၊ချစ်ရသောလူသားလေးမလို့ ဘာလုပ်နေနေ တစိုးတစိလေးတောင် မငြိုငြင် ။အခန်းထဲ ဘာအသံမျှပင် မကြားသိရပါပဲ နှိုင်းတို့ရဲ့ သာယာသံတွေကပဲ ကြီးစိုးနေခဲ့တာ။
ဒေါက် ဒေါက် !
"ဟင်.. ။မင်း ရပ်အုံး အပြင်က တံခါးခေါက်နေတယ်လို့ "
"ဗျာ .. "
"ကြားလား "
အပြင်က တံခါးခေါက်သံကြားတော့ နှိုင်းလဲ သို့လောသို့လောနှင့် ရှေ့မဆက်နိုင် ။မေတာ္တဆ တံခါးမေခါက္ပဲ ၀င်လာရင်ဖြင့် ရှက်ရချည်ရဲ့ ။
နှိုင်းအပေါ်က ကောင်လေးကလဲ မကြားဘူးထင်ပါရဲ့ ။ရင်ဘတ်ကို လက်နဲ့ထုပြောရသည် အထိ ။ထိုအခါမှ ယောင်ယမ်းပြီး ဟိုကြည့်သည်ကြည့် ။သည်ကို့ယို့ကားယားအခြေအနေကို ပြန်ကြည့်တော့ ရယ်လဲရယ်ချင်စရာ ။အပေါ်ကကောင်လေးကလည်း ဒူးခေါက်ကွေးတတ်နင်းခံရသလို မျက်နှာမျိုးနှင့် အီတီတီ ။နှိုင်းတို့နှစ်ယောက် အဖြစ်က ခိုးစားတာလူမိသွားသလိုလိုဖြစ်နေသည်မို့ ဟားတိုက်ရယ်လိုက်ချင်ပါသော်လည်း ခုတော့မရယ်အားပဲ တံခါးပြေးဖွင့်ရပါသည် ။
"မာမီ "
"ကြာလိုက်တာ သားရယ် ။ဘာတွေလုပ်နေကြတာလဲ စောသေးတာကို အိပ်ပျော်နေကြတာလား ။မောင်လက်ရုံးရော အိပ်သွားပြီလား "
"ဟို .. ဘာမှမလုပ်ပါဘူး မာမီရဲ့ ။အိပ်လဲမအိပ်သေးပါဘူး မာမီကဘာကိစ္စရှိလို့လဲမသိဘူး"
"ဒီမှာလေ သားအတွက် နွားနို့ပူပူလေး လာတိုက်တာ ။မအိပ်ခင်သောက်လိုက်နော် အားရှိအောင် အိမ်မှာဆို သောက်နေကြကို မာမီ့သားလေးအိမ်မှာမရှိတဲ့ရက်တွေကဆို မတိုက်ရလို့စိတ်ကောင်းတာမဟုတ်ဘူး "
"နှိုင်း သောက်လိုက်ပါ့မယ်ဗျ "
"သားက မာမီ့ကိုအခန်းထဲတောင် မ၀င်ခိုင်းတော့ဘူး ယောင်္ကျားမရခင်ကဆို ကပ်ကပ်ချွဲ ။ခုတော့ချွဲစရာရှိနေလို့ မာမီ့ကိုမလိုတော့ဘူးပေါ့ ဟုတ်လား"
"ဟို ..မဟုတ်ပါဘူး မာမီရဲ့ ။နှိုင်းက မာမီအိပ်ချင်နေလောက်ပြီ ထင်လို့ပါ ..မာမီဝင်ချင်ရင် ၀င်လို့ရတာပေါ့ "
"အမေလး ခုမွ ခုမွ ။မာမီ မ၀င်ပါဘူးကွယ် ။ကဲ ..နွားနို့ပူပူလေး သေချာသောက် ကောင်းကောင်းအိပ် မာမီသွားပြီ"
"ဟုတ် ။ကျေးဇူးပါ မာမီ "
အခန်းထဲပြန်ဝငျလာတော့ ကုတင်ပေါ်ကကောင်လေးက ငုတ်တုပ်ကြီးထိုင်ပြီး စိုက်ကြည့်နေတာ ။ပုံစံကတော့ ဘယ်သူလဲ၊ဘာလာလုပ်တာလဲ ဒီမှာဖီးလ်ပျက်သွားပါသည်ဆိုပြီး စိတ်ဆိုးနေသည့် ပုံစံ ။သူလိုချင်တာမရလိုက်လို့ စိတ်ဆိုးနေတဲ့ကလေး ။စားရမည့်မုန့်က ပါးစပ်ဝရောက်ကာမှ ပုတ်ချခံလိုက်ရတာကြောင့် မကျေနပ်သည့်ပုံ ။နှိုင်းကို ပြောကလဲမပြောရဲဆိုတော့ သူမကျေနပ်တာကို အမူအယာနဲ့ပြနေတာ ။တကယ် ဒီလူကောင်ကြီးကြီးကောင်လေးကို အူးယားလွန်းလို့ ဆွဲကိုက်ပစ်ချင်ပါသည် ။သို့သော် စချင်တာနဲ့ ဘာမှမခံစားရသလို ၊ဘာမှမသိမလို ခပ်တည်တည်လုပ်ပြီး နွားနို့လာပို့တာပါဆိုပြီး နွားနို့ခွက်မြှောက်ပြလိုက်တော့ 'ဘာလုပ်ရမှာလဲ' ဆိုသည့်အကြည့်နှင့်ကြည့်ပြီး ဆောင်ပုံထဲ ခေါင်းတိုးဝင်သွားသည် ။သဘောက ချော့စေချင်သည့်ပုံ ။သူစိတ်ကောက်တာကို နားမလည်သလိုလုပ်ပြနေမှန်းသိလို့ သိသိသာသာစိတ်ကောက်ပြနေတာ ။ဘ၀က အစောကမှ ကိုယ့်ဘက်ကအသာ ၊ခုတော့
နှိုင်းအမှားကြောင့်လဲ မဟုတ်ပါပဲ နှိုင်းကပြန်ချော့ရပါမည်တဲ့ ။
"မင်း ..စိတ်ကောက်နေတာလားဟင် ။ငါက ချော့ရမယ်ပေါ့ ဟုတ်လား "
ဆောင်ပုံထဲ ခေါင်းတိုးဝင်သွားသည့် ကောင်လေးဆီက ဘာသံမှ ပြန်မလာ။သဘောက ဒီလောက်နဲ့ မရပါဘူးပေါ့ ။
"မင်း ပြောလေ ။ပြောလို့ "
နှိုင်းလဲ ကြံရာမရတော့ ဆောင်အထပ်လိုက်ခြုံထားတဲ့ ဒီကောင်လေးကိုယ်ပေါ် တတ်ခွပစ်လိုက်သည် ။ဒါလဲ မဖြုံ ။တတ်ခွပြီး တဘုန်းဘုန်းမနာအောင် ရိုက်သော်လည်း ဂရုမစိုက် ။ချော့ရရင်တောင် အရင်ကဒီလောက်ဆိုးတဲ့ ကောင်လေးမဟုတ် ။ခုက တမင်ဆိုးပြနေသလား အောက်မေ့ရသည် ။စိတ်ကလည်း မရှည်တော့ ဆောင်ထဲ ဇွတ်ဖြဲပြီး ၀င်လိုက်တယ် ။ထိုအခါမှ ပေါ်ထွက်လာသော ပြုံးတုံ့တုံ့နဲ့ မျက်နှာ ။ဘာလဲ စိတ်ဆိုးဟန်ဆောင်ပြီး နှိုင်းကိုစနေတာလား ။နှိုင်းကတော့ အတည်စိတ်ဆိုးသွားတယ်ထင်ပြီး ၊ချော့လို့မရတော့ဘူးထင်ပြီး ငိုချင်နေတာကို ။ဒီကောင်လေးက ဆိုးပါသည် ။
"အဟင့် !။မင်း ငါ့ကိုစနေတာလား "
"ဟောဗျာ ..ငိုနေတာလား ။ဘာလို့ငိုနေတာလဲဗျာ ကျွန်တော်က စနေတာကို "
ဘုန်း!
"အ နာတယ် ။ကျွန်တော့်ကို ဘာလို့ရိုက်တာလဲဟင် "
"မင်း လူဆိုးလား ။ငါက မင်းတကယ် စိတ်ဆိုးသွားတယ်ထင်ပြီး စိတ်မကောင်းဖြစ်သွားတာကို။
မင်းကို မပေါင်းတော့ဘူး သွားး"
"ကျွန်တော့်ကို မပေါင်းပဲတော့မနေပါနဲ့ဗျာ ..နော်။
မကျေနပ်ရင် ကြိုက်သလောက်ရိုက်နော် ။
ဒီ ယောင်္ကျားက ခင်ဗျားမရှိရင် သေမှာ "
"မင်း ..ဘာလို့ သေမယ်ပြောနေရတာလဲ ဒီမှာ ငါရှိတယ်လေ ။ဘာလဲ မင်းကငါနဲ့ မနေချင်တော့လို့လား။ "
"ဟောဗျာ .. ဘာလို့မနေချင်ရမှာလဲ ။နေချင်လွန်းလို့ ခုပဲတောင်းပန်နေတာလေဗျာ "
"ဒါဆို ဒီလိုမျိုး နောက်တစ်ခါ မစနဲ့ ။"
"ဟုတ်ပါပြီဗျာ ။ကျွန်တော် မစတော့ဘူး ဂတိ ။ကျွန်တော်က ခင်ဗျားကို ဘယ်တုန်းကစိတ်ဆိုးတာ ရှိခဲ့ဖူးလဲ ဟင် ။ခုလဲ သိမယ်ထင်ပြီး စမိတာ ။အတည်ကြီး ထင်သွားမယ် မထင်မိလို့ပါဗျာ နော် "
"အင်း .. ပြီးတာပဲ"
"အိပ်တော့မလားဟင် "
"အင်း ..ငိုလိုက်ရလို့ မောသွားပြီ ။အိပ်တော့မယ်"
"ကျွန်တော့်ဆီလာ "
လက်မောင်းပေါ်ခေါင်းအုံးခိုင်းပြီး မအိပ်မချင်းသိပ်ရအုံးမည် ။ အဆိုးလေးကလဲ ကျွန်တော့်လက်မောင်းကိုပဲ ခေါင်းအုံးအိပ်တော့သလို ကျွန်တော်ကလည်း ကျွန်တော်ကိုယ်တိုင် သိပ်လိုက်ရမှ ။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့ အမြဲခေါင်းအုံးတစ်လုံးသာ လိုပါသည် ။
____________________
#minus-zero
15 November 22
ပေါ့သွားကုန်ပြီလား ဒါဒါတို့ ။ဇာတ်အကြီးကြီး မဟုတ်တော့ ပျင်းတော့ပျင်းကြမှာပေါ့ ။ပြီးလဲပြီးတော့မှာပါဗျို့ ။