Zawgyi
ေတာအုပ္ႀကီးရဲ႕တစ္ေနရာမွာေတာ့ နတ္သူငယ္မ်ားစြာဟာ အလုပ္႐ႈပ္ေနၿပီး ဘုရင္အဆင့္spiritငါးေကာင္ဟာ အျဖဴေရာင္အလံုးႀကီး ေဘးမွာ လဲေနကာ ေမွးစက္အနားယူေနေတာ့သည္၊အေဝးမွာလည္း အျခားနတ္သူငယ္ေတြနဲ႔ ဝိညာဥ္သားရဲမ်ားဟာလည္း လဲေနကာ သူတို႔ဟာ ေစာင့္ဆိုင္းေနပံုရသည္။
အျဖဴေရာင္အလံုးႀကီးထဲမွာေတာ့ ေကာင္ေလးတစ္ေယာက္ဟာ ေကြးေကြးေလးအိပ္ေနေတာ့သည္၊ထိုေကာင္ေလးရဲ႕လက္ထဲမွာ ေငြေရာင္ဆြဲႀကိဳးေလးတစ္ႀကိဳးကို ကိုင္ေဆာင္ထားၿပီး ေလာ့ကတီးရဲ႕ေအာက္စြန္း႐ွိေရႊေရာင္ေက်ာက္ေလးဟာ တလဲ့လဲ့ေတာက္ပေနေတာ့သည္၊
ထိုေနာက္မွာေတာ့ အျဖဴေရာင္လံုးထဲကေန ညည္းသံတိုးတိုးေလးထြက္လာေတာ့သည္၊အနီးနား႐ွိဝိညာဥ္သားရဲမ်ားဟာလည္း မ်က္လံုးဖြင့္လာၿပီး စိတ္ဝင္စားဖြယ္ ၾကည့္လာေတာ့သည္၊
သူတို႔ေရြးခ်ယ္ထားတဲ့သူဟာ လူသားတစ္ေယာက္မဟုတ္ဘဲ လူသားေသြးေရာစပ္ထားတဲ့သူျဖစ္ၿပီး ထိုနတ္ေသြးဟာလည္း ေတာ္ဝင္ဆန္လွသည္၊သူတို႔စေရြးခ်ယ္လိုက္ထဲက ဒီေကာင္ေလးဟာ တမူထူးျခားေနၿပီး သူတို႔သေဘာက်တဲ့အရာ႐ွိေနမွန္းသိသည္၊အရင္ႏွစ္ႏွစ္က ႐ႈ(လိပ္ျပာဝိညာဥ္သားရဲ)ကေန တစ္ဆင့္ သူတို႔သိခဲ့သည္ဟာ သူတို႔သခင္ဟာ ေပ်ာက္ဆံုးသြားတဲ့မင္းသမီးရဲ႕အေငြ႔အသက္မ်ား ႐ွိေနျခင္းပင္၊
ဒါေၾကာင့္ သူတို႔သခင္ႏိုးထလာမဲ့အခ်ိန္ကို အားလံုးဟာ စိတ္လႈပ္႐ွားစြာ ေစာင့္ဆိုင္းေနၾကေတာ့သည္၊ဒီတစ္ေခါက္ႏိုးထလာတဲ့အခ်ိန္မွာ သူတို႔သခင္ရဲ႕စြမ္းအားေတြဟာလည္း ျမင့္တက္လာလိမ့္မည္။
"မၾကာခင္ သခင္ ႏိုးထလာေတာ့မယ္" အာလ္ဟာ သန္းေဝလိုက္ၿပီး အပ်င္းေၾကာဆြဲကာ ထလာေတာ့သည္၊ အျခားသူေတြဟာလည္း ထရပ္လိုက္ၿပီး တေျဖးေျဖးေတာက္ပလာတဲ့အျဖဴေရာင္အလံုးႀကီးကို စိုက္ၾကည့္ေနေတာ့သည္၊ထိုေနာက္မွာေတာ့ အက္ကြဲသံ သဲ့သဲ့ေလးနဲ႔အတူ အျဖဴေရာင္ပိုးလံုးႀကီးဟာ ထိပ္ပိုင္းကေန အက္ကြဲလာေတာ့သည္၊
နာရီဝက္အၾကာမွာေတာ့ အျဖဴေရာင္ပိုးလံုးႀကီးဟာ ထက္ပိုင္းကြဲထြက္သြားၿပီး ႏို႔ႏွစ္ေရာင္အသားအရည္မ်ားနဲ႔ ေျခတံေလးဟာ ေပၚလာေတာ့သည္၊ ေျခထိပ္ပိုင္းေလးေတြဟာလည္း ေမြးကင္းခါစ ကေလးေလးလို နီရဲရဲေလးျဖစ္ေနၿပီး ေျခေခ်ာင္းထိပ္ေလးေတြဟာ ေကြးေနရာကေန ဆန္႔သြားေတာ့သည္၊ ထိုေနာက္မွာေတာ့ အျဖဴေရာင္ျဖာဂါဝန္ ဝတ္ဆင္ထားၿပီး ခ်စ္စရာမ်က္ႏွာေပါက္ေလးနဲ႔ ကိုးႏွစ္အရြယ္ကေလးေလးဟာ အစိမ္းေရာင္မ်က္ႏုေလးမ်ားေပၚ ညင္သာစြာ နင္းလာေတာ့သည္၊ကေလးေလးရဲ႕ပတၱျမားလိုမ်က္ဝန္းနီရဲရဲေလးေတြဟာ ပထမက မိႈင္းေဝေဝေနေပမယ့္ ေနာက္ေတာ့ ေတာက္ပလာၿပီး ပတ္ဝန္းက်င္ကို ေလ့လာေနေတာ့သည္၊
မဟူရာလိုနက္ေမွာင္ေနတဲ့ဆံပင္မ်ားဟာလည္း ပခံုးေထာက္ေနၿပီး ကေလးေလး ေခါင္းယိမ္းလိုက္တိုင္း ေပ်ာ့ေပ်ာင္းစြာလႈပ္ယမ္းလာေတာ့သည္၊
"အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားၿပီလဲ" ကေလးေလးရဲ႕အသံဟာ အရင္ကထက္ ပိုမိုၾကည္လင္ေနၿပီး နားဝင္ခ်ိဳလွသည္၊အာလ္ဟာ ကေလးေလးနားကပ္သြားၿပီး သူရဲ႕ေခါင္းႀကီးနဲ႔ ရင္ခြင္ထဲ တိုးဝင္ကာပြတ္သပ္လာခ်ိန္မွာ ကေလးေလးရဲ႕ရယ္သံရႊင္ရႊင္ေလးဟာ ေတာအႏွံ႔ျပန္႔သြားေတာ့သည္၊
"ႏွစ္ႏွစ္ေက်ာ္ၾကာသြားၿပီ သခင္...မထင္ရဘူး သခင္က ေျခာက္လေစာႏိုးလာခဲ့တာပဲ"ပ်င္းရိပ်င္းတြဲအသံေလးနဲ႔အျဖဴေရာင္လိပ္ျပာအေတာင္ပံပိုင္ဆိုင္ထားတဲ့နတ္သူငယ္ေလးဟာ ကေလးေလးရဲ႕ေပ်ာ့ေပ်ာင္းတဲ့ဆံပင္မ်ားထက္ ပ်ံဝဲကာအနားယူလိုက္ၿပီးေနာက္မွာ ေျပာလာေတာ့သည္၊
"ကြၽန္ေတာ္စိတ္ထဲမွာ မတင္မက်ျဖစ္ေနတယ္..." ကေလးေလးရဲ႕ညည္းသံေၾကာင့္ နတ္သူငယ္ေလးေတြနဲ႔အျခားဝိညာဥ္သားရဲေလးေတြဟာ ထရပ္လာၿပီး ႏွစ္သိမ့္ေပးလာေတာ့သည္၊
ထိုကေလးေလးဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္ထဲက ေပ်ာက္သြားတဲ့ဒန္နာရီ ႐ိုစဲဆလပ္သာျဖစ္သည္၊အရင္ကထက္ အရပ္႐ွည္လာၿပီး ခ်စ္စရာေကာင္းလွတဲ့ကေလးေလးဟာ နတ္သူငယ္ေလးေတြအနားမွာ ေႏြးေထြးစြာ ျပံဳးေနေတာ့သည္၊ဒါေပမယ့္ တစ္ခါတေလ ေတာအုပ္ရဲ႕အျပင္ဘက္ႀကီးကို ၾကည့္လိုက္တိုင္း ပတၱျမားလိုမ်က္ဝန္းနီေလးေတြဟာ လြမ္းေဆြးမႈမ်ားနဲ႔ျပည့္သိပ္ေနေတာ့သည္၊
'အားလံုး အဆင္မွ ေျပက်ရဲ႕လား...'
ဇီႏိုနဲ႔လည္း အဆက္အသြယ္မရတာေၾကာင့္ ဒန္နာရီလည္း စိုးရိမ္မိျပန္သည္၊ဇီႏိုဟာ သူနဲ႔မပါလာခဲ့ေပ၊ဒါကို နားလည္သည္၊ဘာလို႔လဲဆုိေတာ့ ဒီေနရာက အလင္းသူေတာ္စင္ေတြနဲ႔ျပည့္သိပ္ေနတာေၾကာင့္ျဖစ္သည္ကိုး၊
ဒန္နာရီ အကုန္လံုးကို သတိရေနသည္၊ဒါေပမယ့္ ကိုယ္ထဲက ေမွာ္စြမ္းအားေတြဟာ မတည္ၿငိမ္ေသးတာေၾကာင့္ ခ်က္ခ်င္းထြက္ခြာသြားလို႔မရေသးေပ၊
"သခင္~အားလံုးအဆင္ေျပသြားလိမ့္မယ္"ေရစက္ေလးမ်ားဟာ အလံုးေလးကေန ေဝလငါးပံုသ႑ာန္ေျပာင္းလဲၿပီး ဒန္နာရီရဲ႕နဖူးေပၚ ဖြဖြေလးကပ္လာကာ ေအးခ်မ္းတဲ့အသံနဲ႔ေျပာလာေတာ့သည္၊ဒန္နာရီဟာ ေရစက္မ်ားနဲ႔ဖြဲ႔ထားတဲ့ေဝလငါးေလးကို လက္ေလးဖြဖြေလး ျပန္ကိုင္လိုက္ၿပီး ျပံဳးလိုက္သည္။
"ဟုတ္တယ္ သတင္းကြန္ရက္ေတြက ဒီအင္ပါယာထဲမွာ အျမဲခ်မွတ္ၿပီးသားပဲ" နိ~ရဲ႕စိတ္မ႐ွည္တဲ့အသံဟာထြက္ေပၚလာေတာ့သည္၊ဒါဟာ အျခားသူေတြအတြက္ မထူးဆန္းေပ၊နိ~ဟာ မာနႀကီးတဲ့ဖီးနစ္ငွက္ဝိညာဥ္သားရဲျဖစ္ၿပီး စကားေျပာ မတတ္ေပ၊သူစကားေျပာလိုက္တိုင္း အမိန္႔သံေတြနဲ႔စိတ္မ႐ွည္သံေတြသာ ပါဝင္ေနတတ္သည္။
ထိုေနာက္မွာေတာ့ ရာ~ဟာအေျခအေနအားလံုးကို ေျပာျပလာေတာ့သည္၊ဒန္နာရီရဲ႕ဖခင္ျဖစ္တဲ့မက္စ္ဟာ ၿမိဳ႕ေတာ္ကို ျပန္သြားေၾကာင္းနဲ႔အန္နာတို႔အေၾကာင္းကိုပါ ေျပာျပလာေတာ့သည္၊
ဒန္နာရီဟာ စိုးရိမ္ႀကီးစြာ မတ္တပ္ထရပ္လိုက္ခ်ိန္မွာ ေရႊေရာင္ေၾကးခြံမ်ားနဲ႔အၿမီွးတစ္စံုဟာ ေပၚလာေတာ့သည္၊ထိုေနာက္မွာေတာ့ ခပ္တိုးတိုးရယ္သံထြက္ေပၚလာေတာ့သည္၊
"ကေလးေလး... ဒီခ်ိန္မွာ ေတာအုပ္အျပင္ဘက္ကို မင္းထြက္သြားမယ္ဆုိရင္ ေပါက္ကြဲၿပီး ေသသြားလိမ့္မယ္"
ထိုစကားေၾကာင့္ ဒန္နာရီခႏၶာကိုယ္ေလးဟာ တုန္တက္သြားေတာ့သည္၊
"ဟစ္~!သခင္က မင္းရဲ႕စေနာက္စရာအရာမဟုတ္ဘူး" စိတ္ဆုိးမာန္ႀကီးနဲ႔အာလ္~ရဲ႕အသံနဲ႔အတူ ဒန္နာရီကိုယ္ေပၚက အၿမီွးကို လက္နဲ႔႐ိုက္ခ်လိုက္ေတာ့သည္၊
"ကြၽန္ေတာ္...တကယ္ ထြက္လို႔မရေသးဘူးလား..."
"ထြက္လို႔မရေသးတာေတာ့ အမွန္ပဲ၊သခင္က ဒီေတာအုပ္မွာ သံုးႏွစ္ေနရလိမ့္မယ္ေလ...အခု ေစာႏိုးထလာရင္ေတာင္ သခင့္ကိုယ္ထဲက စြမ္းအင္ေတြက မတည္ၿငိမ္ေသးတာေၾကာင့္ေလ" အာလ္ဟာ ေအးေဆးစြာ႐ွင္းျပလာေတာ့သည္၊ဒန္နာရီဟာ စိုးရိမ္ေနဆဲပင္၊
အန္နာအေပၚ တစ္ခုခုက်ေရာက္သြားမည္ကို ေၾကာက္ရြံ႔မိသည္၊အရင္ဘဝကလို အန္နာကို ထပ္မကယ္တင္ႏိုင္ခဲ့ရင္ေကာ...၊ဒန္နာရီရဲ႕မ်က္လံုးေထာင့္ေလးကေန မ်က္ရည္ဥေလးဟာ ဆင္းသက္သြားေတာ့သည္၊
အျမဲတမ္း မာနႀကီးကာ တင္းမာေနတဲ့နိ~ဟာ ဒန္နာရီကို ႏွစ္သိမ့္ေပးတဲ့အျပဳအမူအျဖင့္ သူရဲ႕ႀကီးမားတဲ့အေတာင္ပံႀကီးတစ္ဖက္ကို ဖြင့္ဟလိုက္ၿပီး သူ႔ရင္ထဲ ထည့္လိုက္ေတာ့သည္၊
"သခင္ရဲ႕အေဖက သူမကို အေကာင္းဆံုးေစာင့္ေ႐ွာက္ေပးေနတာပဲေလ..."
"ဟုတ္တယ္ သခင္" အျခားသူေတြဟာလည္း ေထာက္ခံလာက်ေတာ့သည္၊သူတို႔ဟာ နတ္သူငယ္ေတြနဲ႔ဝိညာဥ္သားရဲေတြျဖစ္တာေၾကာင့္ ဒန္နာရီကို လိုလိုပိုပိုမေျပာတတ္ေပ၊သူတို႔ရဲ႕ရင္ထဲက အတိုင္းေျပာဆုိလိုက္ျခင္းသာ ျဖစ္သည္၊
တစ္ဖက္႐ွိ ယူႏိုရက္စ္နယ္ေျမရဲ႕လိပ္ျပာနန္းေတာ္ အလင္းစက္ကြင္းဟာ ေမွးမွိန္သြားေတာ့သည္၊ယာယီေမွးမွိန္သြားျခင္းျဖစ္ၿပီးေနာက္မွာ ျပန္လည္ေတာက္ပသြားခဲ့သည္၊ထိုကိစၥကိုေတာ့ လိပ္ျပာနန္းေတာ္ရဲ႕အေစာင့္အေ႐ွာက္မ်ားဟာ မေပါ့ဆရဲခဲ့ေပ၊ခ်က္ခ်င္းပင္ သူတို႔ဟာ ၿမိဳ႕စားမင္းမက္စ္ရဲ႕ညာလက္ရံုးကို အေၾကာင္းၾကားခဲ့ၿပီး ျမင္သမ်ွ အျဖစ္အပ်က္အားလံုးကို တင္ျပခဲ့သည္၊
--------------
ၿမိဳ႕ေတာ္႐ွိ မက္စ္ရဲ႕အိမ္ေတာ္ထဲမွာ မက္စ္ဟာ ရံုးခန္းထဲမွာ ခံုကိုမွီရင္း ေနေစာင္းလာၿပီျဖစ္တဲ့ေကာင္းကင္ႀကီးကို အဓိပၸါယ္မ႐ွိ စိုက္ၾကည့္ေနခဲ့သည္၊ထိုေနာက္မွာေတာ့ အထိန္းေတာ္ႀကီးဟာ စာအိတ္ယူလာၿပီး မက္စ္ကို ေပးလာေတာ့သည္၊
"မင္းသားေဂ်ာ့ဖေရးက သခင္ေလးကို ေတြ႔ခြင့္ေတာင္းေနျပန္တယ္"အထိန္းေတာ္ႀကီးဟာ ေရႊေရာင္စာအိတ္ကို ကမ္းေပးလိုက္ၿပီးေျပာလာေတာ့သည္၊
မက္စ္ဟာ သက္ျပင္းခ်လိုက္ၿပီး ေရႊေရာင္စာအိတ္ကို မေဖာက္ၾကည့္ေတာ့ေပ၊ဒါဟာ မင္းသားေဂ်ာ့ဖေရးမွ ဒန္နာရီဆီေပးတဲ့စာေစာင္ေတြသာ ျဖစ္ၿပီး မက္စ္ဆီမွာ ေနာက္ထပ္ေလးေစာင္႐ွိေနၿပီးၿပီ၊
"အရင္လိုပဲ ျပန္အေၾကာင္းၾကားလိုက္..." မက္စ္ဟာ ထိုစကားကိုသာေျပာလိုက္ၿပီး ေနာက္ထပ္စာအိတ္ေတြကို ေဖာက္ဖြင့္လိုက္သည္။
"ေမွာ္ေက်ာင္းေတာ္ကေန ဆိုရက္စ္ ႐ိုစဲဆလပ္ရဲ႕သတင္းေတြက ထူးျခားမႈမ႐ွိေသးဘူးဘဲ...၊မဆိုးဘူး အဲ့ေကာင္ေလးက တည္ၿငိမ္ၿပီး စဥ္းစားခ်င့္ခ်ိန္မႈ ႐ွိတာပဲ" မက္စ္ဟာ ခံုကို လက္နဲ႔တစ္ေတာက္ေတာက္ ေခါက္ေနရင္း ျပံဳးကာေျပာလိုက္သည္၊
"သခင္ေလးဆိုရက္စ္နဲ႔သခင္ေလးေဒ့ကိုးနက္စ္က သခင္ေလးဒန္နာရီေပၚ ေကာင္းတဲ့သူႏွစ္ေယာက္ပဲ... ၊ကြၽန္ေတာ္ ေသခ်ာစံုစမ္းၾကည့္ခဲ့တဲ့အခ်က္အလက္ေတြပါ..." အထိန္းေတာ္ႀကီးဟာ သူစံုစမ္းထားတဲ့မွတ္တမ္းအခ်က္အလက္ေတြကို မက္စ္ဆီ ေပးပို႔လိုက္သည္။
မက္စ္ဟာ အခ်က္အလက္ေတြကို ဖတ္ေနရင္း သက္ျပင္းခ်လိုက္သည္၊အတိတ္ဘဝမွာတုန္းက ေဒ့ကိုးနက္စ္ဆိုတဲ့လူငယ္ဟာ ဒန္နာရီအေပၚကို ကာကြယ္ေပးခဲ့ဖူးလား၊
"သူတို႔ ေကာင္းေပးေနေတာ့ေရာ ဘာထူးမွာလဲ...၊အခ်ိန္တန္ရင္ ဟိုေသာက္ေကာင္ေလးေနာက္ပဲ ပါသြားတာပဲေလ"
တကယ္လို႔ ဘုရားသခင္သာ ငါ့ကို အခြင့္အေရးမေပးခဲ့ရင္ ငါ့သားဘဝကို ဘယ္သူက ကယ္တင္မွာလဲ၊မက္စ္ဟာ ဒန္နာရီရဲ႕ကေလးဘဝနဲ႔ပတ္သတ္ၿပီး သိပ္မသိခဲ့ေပ၊သူရဲ႕အျမင္နဲ႔အထင္မွာေတာ့ ေဒ့ကိုးနက္စ္ဟာ ဒန္နာရီေပၚ ခ်စ္ခင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အန္ဒီးယားဘက္ပါသြားကာ ဒန္နာရီကိုစြန္႔ပစ္ခဲ့သည္ဟု ထင္ေနေတာ့သည္၊
မက္စ္ဟာ ဒန္နာရီလည္း ျပန္လည္ေမြးဖြားလာမွန္း လံုးဝမသိခဲ့ေပ၊ဘာေၾကာင့္လဲဆုိေတာ့ ဒန္နာရီဟာ အတိတ္ဘဝမွာတုန္းကလည္း ေတာ္ၿပီးထက္ျမက္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ျဖစ္သည္။
-------------------
Chapter -45ေမ်ွာ္
-*-*--*-*-*-
Unicode
တောအုပ်ကြီးရဲ့တစ်နေရာမှာတော့ နတ်သူငယ်များစွာဟာ အလုပ်ရှုပ်နေပြီး ဘုရင်အဆင့်spiritငါးကောင်ဟာ အဖြူရောင်အလုံးကြီး ဘေးမှာ လဲနေကာ မှေးစက်အနားယူနေတော့သည်၊အဝေးမှာလည်း အခြားနတ်သူငယ်တွေနဲ့ ဝိညာဉ်သားရဲများဟာလည်း လဲနေကာ သူတို့ဟာ စောင့်ဆိုင်းနေပုံရသည်။
အဖြူရောင်အလုံးကြီးထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ ကွေးကွေးလေးအိပ်နေတော့သည်၊ထိုကောင်လေးရဲ့လက်ထဲမှာ ငွေရောင်ဆွဲကြိုးလေးတစ်ကြိုးကို ကိုင်ဆောင်ထားပြီး လော့ကတီးရဲ့အောက်စွန်းရှိရွှေရောင်ကျောက်လေးဟာ တလဲ့လဲ့တောက်ပနေတော့သည်၊
ထိုနောက်မှာတော့ အဖြူရောင်လုံးထဲကနေ ညည်းသံတိုးတိုးလေးထွက်လာတော့သည်၊အနီးနားရှိဝိညာဉ်သားရဲများဟာလည်း မျက်လုံးဖွင့်လာပြီး စိတ်ဝင်စားဖွယ် ကြည့်လာတော့သည်၊
သူတို့ရွေးချယ်ထားတဲ့သူဟာ လူသားတစ်ယောက်မဟုတ်ဘဲ လူသားသွေးရောစပ်ထားတဲ့သူဖြစ်ပြီး ထိုနတ်သွေးဟာလည်း တော်ဝင်ဆန်လှသည်၊သူတို့စရွေးချယ်လိုက်ထဲက ဒီကောင်လေးဟာ တမူထူးခြားနေပြီး သူတို့သဘောကျတဲ့အရာရှိနေမှန်းသိသည်၊အရင်နှစ်နှစ်က ရှု(လိပ်ပြာဝိညာဉ်သားရဲ)ကနေ တစ်ဆင့် သူတို့သိခဲ့သည်ဟာ သူတို့သခင်ဟာ ပျောက်ဆုံးသွားတဲ့မင်းသမီးရဲ့အငွေ့အသက်များ ရှိနေခြင်းပင်၊
ဒါကြောင့် သူတို့သခင်နိုးထလာမဲ့အချိန်ကို အားလုံးဟာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတော့သည်၊ဒီတစ်ခေါက်နိုးထလာတဲ့အချိန်မှာ သူတို့သခင်ရဲ့စွမ်းအားတွေဟာလည်း မြင့်တက်လာလိမ့်မည်။
"မကြာခင် သခင် နိုးထလာတော့မယ်" အာလ်ဟာ သန်းဝေလိုက်ပြီး အပျင်းကြောဆွဲကာ ထလာတော့သည်၊ အခြားသူတွေဟာလည်း ထရပ်လိုက်ပြီး တဖြေးဖြေးတောက်ပလာတဲ့အဖြူရောင်အလုံးကြီးကို စိုက်ကြည့်နေတော့သည်၊ထိုနောက်မှာတော့ အက်ကွဲသံ သဲ့သဲ့လေးနဲ့အတူ အဖြူရောင်ပိုးလုံးကြီးဟာ ထိပ်ပိုင်းကနေ အက်ကွဲလာတော့သည်၊
နာရီဝက်အကြာမှာတော့ အဖြူရောင်ပိုးလုံးကြီးဟာ ထက်ပိုင်းကွဲထွက်သွားပြီး နို့နှစ်ရောင်အသားအရည်များနဲ့ ခြေတံလေးဟာ ပေါ်လာတော့သည်၊ ခြေထိပ်ပိုင်းလေးတွေဟာလည်း မွေးကင်းခါစ ကလေးလေးလို နီရဲရဲလေးဖြစ်နေပြီး ခြေချောင်းထိပ်လေးတွေဟာ ကွေးနေရာကနေ ဆန့်သွားတော့သည်၊ ထိုနောက်မှာတော့ အဖြူရောင်ဖြာဂါဝန် ဝတ်ဆင်ထားပြီး ချစ်စရာမျက်နှာပေါက်လေးနဲ့ ကိုးနှစ်အရွယ်ကလေးလေးဟာ အစိမ်းရောင်မျက်နုလေးများပေါ် ညင်သာစွာ နင်းလာတော့သည်၊ကလေးလေးရဲ့ပတ္တမြားလိုမျက်ဝန်းနီရဲရဲလေးတွေဟာ ပထမက မှိုင်းဝေဝေနေပေမယ့် နောက်တော့ တောက်ပလာပြီး ပတ်ဝန်းကျင်ကို လေ့လာနေတော့သည်၊
မဟူရာလိုနက်မှောင်နေတဲ့ဆံပင်များဟာလည်း ပခုံးထောက်နေပြီး ကလေးလေး ခေါင်းယိမ်းလိုက်တိုင်း ပျော့ပျောင်းစွာလှုပ်ယမ်းလာတော့သည်၊
"အချိန်တွေ ဘယ်လောက်ကြာသွားပြီလဲ" ကလေးလေးရဲ့အသံဟာ အရင်ကထက် ပိုမိုကြည်လင်နေပြီး နားဝင်ချိုလှသည်၊အာလ်ဟာ ကလေးလေးနားကပ်သွားပြီး သူရဲ့ခေါင်းကြီးနဲ့ ရင်ခွင်ထဲ တိုးဝင်ကာပွတ်သပ်လာချိန်မှာ ကလေးလေးရဲ့ရယ်သံရွှင်ရွှင်လေးဟာ တောအနှံ့ပြန့်သွားတော့သည်၊
"နှစ်နှစ်ကျော်ကြာသွားပြီ သခင်...မထင်ရဘူး သခင်က ခြောက်လစောနိုးလာခဲ့တာပဲ"ပျင်းရိပျင်းတွဲအသံလေးနဲ့အဖြူရောင်လိပ်ပြာအတောင်ပံပိုင်ဆိုင်ထားတဲ့နတ်သူငယ်လေးဟာ ကလေးလေးရဲ့ပျော့ပျောင်းတဲ့ဆံပင်များထက် ပျံဝဲကာအနားယူလိုက်ပြီးနောက်မှာ ပြောလာတော့သည်၊
"ကျွန်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတယ်..." ကလေးလေးရဲ့ညည်းသံကြောင့် နတ်သူငယ်လေးတွေနဲ့အခြားဝိညာဉ်သားရဲလေးတွေဟာ ထရပ်လာပြီး နှစ်သိမ့်ပေးလာတော့သည်၊
ထိုကလေးလေးဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ထဲက ပျောက်သွားတဲ့ဒန်နာရီ ရိုစဲဆလပ်သာဖြစ်သည်၊အရင်ကထက် အရပ်ရှည်လာပြီး ချစ်စရာကောင်းလှတဲ့ကလေးလေးဟာ နတ်သူငယ်လေးတွေအနားမှာ နွေးထွေးစွာ ပြုံးနေတော့သည်၊ဒါပေမယ့် တစ်ခါတလေ တောအုပ်ရဲ့အပြင်ဘက်ကြီးကို ကြည့်လိုက်တိုင်း ပတ္တမြားလိုမျက်ဝန်းနီလေးတွေဟာ လွမ်းဆွေးမှုများနဲ့ပြည့်သိပ်နေတော့သည်၊
'အားလုံး အဆင်မှ ပြေကျရဲ့လား...'
ဇီနိုနဲ့လည်း အဆက်အသွယ်မရတာကြောင့် ဒန်နာရီလည်း စိုးရိမ်မိပြန်သည်၊ဇီနိုဟာ သူနဲ့မပါလာခဲ့ပေ၊ဒါကို နားလည်သည်၊ဘာလို့လဲဆိုတော့ ဒီနေရာက အလင်းသူတော်စင်တွေနဲ့ပြည့်သိပ်နေတာကြောင့်ဖြစ်သည်ကိုး၊
ဒန်နာရီ အကုန်လုံးကို သတိရနေသည်၊ဒါပေမယ့် ကိုယ်ထဲက မှော်စွမ်းအားတွေဟာ မတည်ငြိမ်သေးတာကြောင့် ချက်ချင်းထွက်ခွာသွားလို့မရသေးပေ၊
"သခင်~အားလုံးအဆင်ပြေသွားလိမ့်မယ်"ရေစက်လေးများဟာ အလုံးလေးကနေ ဝေလငါးပုံသဏ္႑ာန်ပြောင်းလဲပြီး ဒန်နာရီရဲ့နဖူးပေါ် ဖွဖွလေးကပ်လာကာ အေးချမ်းတဲ့အသံနဲ့ပြောလာတော့သည်၊ဒန်နာရီဟာ ရေစက်များနဲ့ဖွဲ့ထားတဲ့ဝေလငါးလေးကို လက်လေးဖွဖွလေး ပြန်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။
"ဟုတ်တယ် သတင်းကွန်ရက်တွေက ဒီအင်ပါယာထဲမှာ အမြဲချမှတ်ပြီးသားပဲ" နိ~ရဲ့စိတ်မရှည်တဲ့အသံဟာထွက်ပေါ်လာတော့သည်၊ဒါဟာ အခြားသူတွေအတွက် မထူးဆန်းပေ၊နိ~ဟာ မာနကြီးတဲ့ဖီးနစ်ငှက်ဝိညာဉ်သားရဲဖြစ်ပြီး စကားပြော မတတ်ပေ၊သူစကားပြောလိုက်တိုင်း အမိန့်သံတွေနဲ့စိတ်မရှည်သံတွေသာ ပါဝင်နေတတ်သည်။
ထိုနောက်မှာတော့ ရာ~ဟာအခြေအနေအားလုံးကို ပြောပြလာတော့သည်၊ဒန်နာရီရဲ့ဖခင်ဖြစ်တဲ့မက်စ်ဟာ မြို့တော်ကို ပြန်သွားကြောင်းနဲ့အန်နာတို့အကြောင်းကိုပါ ပြောပြလာတော့သည်၊
ဒန်နာရီဟာ စိုးရိမ်ကြီးစွာ မတ်တပ်ထရပ်လိုက်ချိန်မှာ ရွှေရောင်ကြေးခွံများနဲ့အမြှီးတစ်စုံဟာ ပေါ်လာတော့သည်၊ထိုနောက်မှာတော့ ခပ်တိုးတိုးရယ်သံထွက်ပေါ်လာတော့သည်၊
"ကလေးလေး... ဒီချိန်မှာ တောအုပ်အပြင်ဘက်ကို မင်းထွက်သွားမယ်ဆိုရင် ပေါက်ကွဲပြီး သေသွားလိမ့်မယ်"
ထိုစကားကြောင့် ဒန်နာရီခန္ဓာကိုယ်လေးဟာ တုန်တက်သွားတော့သည်၊
"ဟစ်~!သခင်က မင်းရဲ့စနောက်စရာအရာမဟုတ်ဘူး" စိတ်ဆိုးမာန်ကြီးနဲ့အာလ်~ရဲ့အသံနဲ့အတူ ဒန်နာရီကိုယ်ပေါ်က အမြှီးကို လက်နဲ့ရိုက်ချလိုက်တော့သည်၊
"ကျွန်တော်...တကယ် ထွက်လို့မရသေးဘူးလား..."
"ထွက်လို့မရသေးတာတော့ အမှန်ပဲ၊သခင်က ဒီတောအုပ်မှာ သုံးနှစ်နေရလိမ့်မယ်လေ...အခု စောနိုးထလာရင်တောင် သခင့်ကိုယ်ထဲက စွမ်းအင်တွေက မတည်ငြိမ်သေးတာကြောင့်လေ" အာလ်ဟာ အေးဆေးစွာရှင်းပြလာတော့သည်၊ဒန်နာရီဟာ စိုးရိမ်နေဆဲပင်၊
အန်နာအပေါ် တစ်ခုခုကျရောက်သွားမည်ကို ကြောက်ရွံ့မိသည်၊အရင်ဘဝကလို အန်နာကို ထပ်မကယ်တင်နိုင်ခဲ့ရင်ကော...၊ဒန်နာရီရဲ့မျက်လုံးထောင့်လေးကနေ မျက်ရည်ဥလေးဟာ ဆင်းသက်သွားတော့သည်၊
အမြဲတမ်း မာနကြီးကာ တင်းမာနေတဲ့နိ~ဟာ ဒန်နာရီကို နှစ်သိမ့်ပေးတဲ့အပြုအမူအဖြင့် သူရဲ့ကြီးမားတဲ့အတောင်ပံကြီးတစ်ဖက်ကို ဖွင့်ဟလိုက်ပြီး သူ့ရင်ထဲ ထည့်လိုက်တော့သည်၊
"သခင်ရဲ့အဖေက သူမကို အကောင်းဆုံးစောင့်ရှောက်ပေးနေတာပဲလေ..."
"ဟုတ်တယ် သခင်" အခြားသူတွေဟာလည်း ထောက်ခံလာကျတော့သည်၊သူတို့ဟာ နတ်သူငယ်တွေနဲ့ဝိညာဉ်သားရဲတွေဖြစ်တာကြောင့် ဒန်နာရီကို လိုလိုပိုပိုမပြောတတ်ပေ၊သူတို့ရဲ့ရင်ထဲက အတိုင်းပြောဆိုလိုက်ခြင်းသာ ဖြစ်သည်၊
တစ်ဖက်ရှိ ယူနိုရက်စ်နယ်မြေရဲ့လိပ်ပြာနန်းတော် အလင်းစက်ကွင်းဟာ မှေးမှိန်သွားတော့သည်၊ယာယီမှေးမှိန်သွားခြင်းဖြစ်ပြီးနောက်မှာ ပြန်လည်တောက်ပသွားခဲ့သည်၊ထိုကိစ္စကိုတော့ လိပ်ပြာနန်းတော်ရဲ့အစောင့်အရှောက်များဟာ မပေါ့ဆရဲခဲ့ပေ၊ချက်ချင်းပင် သူတို့ဟာ မြို့စားမင်းမက်စ်ရဲ့ညာလက်ရုံးကို အကြောင်းကြားခဲ့ပြီး မြင်သမျှ အဖြစ်အပျက်အားလုံးကို တင်ပြခဲ့သည်၊
--------------
မြို့တော်ရှိ မက်စ်ရဲ့အိမ်တော်ထဲမှာ မက်စ်ဟာ ရုံးခန်းထဲမှာ ခုံကိုမှီရင်း နေစောင်းလာပြီဖြစ်တဲ့ကောင်းကင်ကြီးကို အဓိပ္ပါယ်မရှိ စိုက်ကြည့်နေခဲ့သည်၊ထိုနောက်မှာတော့ အထိန်းတော်ကြီးဟာ စာအိတ်ယူလာပြီး မက်စ်ကို ပေးလာတော့သည်၊
"မင်းသားဂျော့ဖရေးက သခင်လေးကို တွေ့ခွင့်တောင်းနေပြန်တယ်"အထိန်းတော်ကြီးဟာ ရွှေရောင်စာအိတ်ကို ကမ်းပေးလိုက်ပြီးပြောလာတော့သည်၊
မက်စ်ဟာ သက်ပြင်းချလိုက်ပြီး ရွှေရောင်စာအိတ်ကို မဖောက်ကြည့်တော့ပေ၊ဒါဟာ မင်းသားဂျော့ဖရေးမှ ဒန်နာရီဆီပေးတဲ့စာစောင်တွေသာ ဖြစ်ပြီး မက်စ်ဆီမှာ နောက်ထပ်လေးစောင်ရှိနေပြီးပြီ၊
"အရင်လိုပဲ ပြန်အကြောင်းကြားလိုက်..." မက်စ်ဟာ ထိုစကားကိုသာပြောလိုက်ပြီး နောက်ထပ်စာအိတ်တွေကို ဖောက်ဖွင့်လိုက်သည်။
"မှော်ကျောင်းတော်ကနေ ဆိုရက်စ် ရိုစဲဆလပ်ရဲ့သတင်းတွေက ထူးခြားမှုမရှိသေးဘူးဘဲ...၊မဆိုးဘူး အဲ့ကောင်လေးက တည်ငြိမ်ပြီး စဉ်းစားချင့်ချိန်မှု ရှိတာပဲ" မက်စ်ဟာ ခုံကို လက်နဲ့တစ်တောက်တောက် ခေါက်နေရင်း ပြုံးကာပြောလိုက်သည်၊
"သခင်လေးဆိုရက်စ်နဲ့သခင်လေးဒေ့ကိုးနက်စ်က သခင်လေးဒန်နာရီပေါ် ကောင်းတဲ့သူနှစ်ယောက်ပဲ... ၊ကျွန်တော် သေချာစုံစမ်းကြည့်ခဲ့တဲ့အချက်အလက်တွေပါ..." အထိန်းတော်ကြီးဟာ သူစုံစမ်းထားတဲ့မှတ်တမ်းအချက်အလက်တွေကို မက်စ်ဆီ ပေးပို့လိုက်သည်။
မက်စ်ဟာ အချက်အလက်တွေကို ဖတ်နေရင်း သက်ပြင်းချလိုက်သည်၊အတိတ်ဘဝမှာတုန်းက ဒေ့ကိုးနက်စ်ဆိုတဲ့လူငယ်ဟာ ဒန်နာရီအပေါ်ကို ကာကွယ်ပေးခဲ့ဖူးလား၊
"သူတို့ ကောင်းပေးနေတော့ရော ဘာထူးမှာလဲ...၊အချိန်တန်ရင် ဟိုသောက်ကောင်လေးနောက်ပဲ ပါသွားတာပဲလေ"
တကယ်လို့ ဘုရားသခင်သာ ငါ့ကို အခွင့်အရေးမပေးခဲ့ရင် ငါ့သားဘဝကို ဘယ်သူက ကယ်တင်မှာလဲ၊မက်စ်ဟာ ဒန်နာရီရဲ့ကလေးဘဝနဲ့ပတ်သတ်ပြီး သိပ်မသိခဲ့ပေ၊သူရဲ့အမြင်နဲ့အထင်မှာတော့ ဒေ့ကိုးနက်စ်ဟာ ဒန်နာရီပေါ် ချစ်ခင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အန်ဒီးယားဘက်ပါသွားကာ ဒန်နာရီကိုစွန့်ပစ်ခဲ့သည်ဟု ထင်နေတော့သည်၊
မက်စ်ဟာ ဒန်နာရီလည်း ပြန်လည်မွေးဖွားလာမှန်း လုံးဝမသိခဲ့ပေ၊ဘာကြောင့်လဲဆိုတော့ ဒန်နာရီဟာ အတိတ်ဘဝမှာတုန်းကလည်း တော်ပြီးထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဖြစ်သည်။
-------------------
Chapter -45မျှော်