နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...
By KimHsuYoon99
697K 108K 1.4K
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More
Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3
Chapter 35.1
3.6K 626 8
By KimHsuYoon99
Unicode
ပိုင်မုက မနက်တိုင်း ခဲယ်လ်တစ်နဲ့ အပြင်ထွက်တယ်။ခဲယ်လ်တစ်က အမဲလိုက်တယ် ၊ သူက နေရာလွတ်ထဲ ၀င်ပြီး ဟင်းသီးဟင်းရွက်တွေကို သူ့နောက်ကျောလွယ်ခြင်း‌တောင်းကနေ သိုလှောင်ခန်းထဲ‌ ပြောင်းထည့်တယ်။  ခဲယ်လ်တစ် အမဲလိုက်ပြီးတဲ့အထိ သူ အပြင်မထွက်ဘဲနဲ့ ပြီးမှ နှစ်ယောက်အတူ အိမ်ပြန်ကြတယ်။
စုပေါင်းထားတဲ့ ဉာဏ်စွမ်းအား, အထူးသဖြင့် ထက်မြက်ပြီး လုပ်ဆောင်နိုင်စွမ်းရှိတဲ့ orcs တွေရဲ့ ဉာဏ်စွမ်းအားကို လျှော့မတွက်သင့်ဘူး။  မကြာခင်မှာပဲ ရက်က်ကန်းရဲ့ပုံစံက ပေါ်လာတယ်။ ပိုင်မုက သူတို့ကို ပြောပြရုံပြောပြပြီးနောက်  ယေဘုယျ ရှင်းပြချက်တစ်ခု ပေးလိုက်တယ်။  ဒီလူတွေ သုံးရက်အတွင်း အလုပ်ပြီးမယ်လို့ သူ မမျှော်လင့်ထားဘူး။
ပိုင်မုက မေးစေ့ကို ကိုင်လိုက်ပြီး ပြုံးလိုက်တယ်။ အနာဂတ်မှာ သူ နားမလည်တာရှိခဲ့ရင် သူတို့ဆီကို ပစ်ထုတ်လိုက်မယ်။  မြေယာစိုက်ပျိုးတာ၊ ပါဝင်ပစ္စည်းတွေကိုရှာဖွေတာနဲ့ အရသာရှိတဲ့အစားအစာတွေ ရရှိလာတာကမှ သူလုပ်သင့်တဲ့အရာတွေပဲ။
ဂူအပြင်ဘက်မှာ မိုးက တဖွဲဖွဲရွာနေတယ်။  ဘာမှလည်းမလုပ်ချင် အပြင်လည်းမထွက်ချင်တဲ့ ပိုင်မုက ဂူအပြင်ဘက် မိုးသည်းတွေထဲက  အုံ့ဆိုင်းနေတဲ့ တောအုပ်ကို ရည်ရွယ်ချက်မရှိကြည့်နေ ရင်း သီချင်းညည်းလိုက်တယ်။ " မိုးရွာနေပေမယ့် ​​ပိုကြီးလာတဲ့၊ ကြောင်တွေနဲ့ ခွေးတွေက ရန်ဖြစ်နေကြတယ်"
တပေါကလည်း သူ့ဘေးမှာထိုင်ပြီး သူ့လို  ပင်ပန်းနွယ်နယ်နေတဲ့ပုံနဲ့ အပြင်ကို ကြည့်လိုက်တယ်။  မိုးရွာနေတာလား ဒါမှမဟုတ် စိတ်အနှောက်အယှက်အဖြစ်စေဆုံးအရာတစ်ခုများလား။  အခု သူ အပြင်ထွက်မကစားနိုင်သလို အမဲလိုက်တာကိုလည်း မသင်ယူနိုင်တော့ဘူး။ တကယ့်ကို စိတ်ပျက်စရာပဲ။
" ဟင်းး!! " အကြီး‌နဲ့အငယ်နှစ်ယောက်က တပြိုင်နက်တည်း သက်ပြင်းချလိုက်ပြီးနောက် တယောက်ကိုတယောက်ကြည့်ကာ အပြင်ဘက်က မိုးကန့်လန့်ကာကို ဆက်ကြည့်နေကြတယ်။ မနီးမဝေးမှာရှိတဲ့ အပင်ကြီးက မိုးရေကြောင့် ရေဆေးခံထားရသလိုဖြစ်နေပြီး အထူးသဖြင့် စိမ်းလန်းနေပြီး မိုးရေထဲ အားကြိုးမာန်တက်ရပ်တည်နေတဲ့ ပျိုးပင်ငယ်တွေက ဝေဒနာခံစားရကာ မိုးရေကြောင့်  မျောပါသွားကြတယ်။
အန်းချီလော့က ရက်ကန်းလုပ်ငန်းကို အာရုံစိုက်နေပြီး အခုတော့ အဝတ်အစားတွေ ပြုလုပ်ရတာကို စွဲလမ်းနေတယ်။ ခဲယ်လ်တစ်နဲ့ တပေါတို့နှစ်ဦးစလုံးက သူလုပ်ထားတဲ့အဝတ်ကို ဝတ်ဆင်ထားကြတယ်။  ချည်မျှင်စိမ်းကနေ ရက်လုပ်ထားတဲ့ အထည်က မမျှော်လင့်ထားစွာနဲ့ နူးညံ့ပြီး တာရှည်ခံတာကြောင့် ဝတ်ရအဆင်ပြေစေတယ်။ ရက်ကန်းစင်ပြီးသွားတဲ့အခါ၊ orcs တွေက အများအပြားပိုထုတ်လုပ်ကြပြီး အခုတော့ မျိုးနွယ်စုထဲက လူတွေက ပူလောင်တဲ့နေ့တွေမှာ အဝတ်ကို ၀တ်ဆင်နိုင်ပါပြီ။
အစတုန်းကတော့ လူတိုင်းက ကြီးမားတဲ့အောက်ခံဘောင်းဘီကို ၀တ်ကြတယ်။  နောက်ပိုင်းမှာတော့ အန်းချီလော့က ပိုင်မုသူ့ကိုပေးခဲ့တဲ့ စာအုပ်အတိုင်း အတွင်းခံဘောင်းဘီကို ဖန်တီးခဲ့တယ်။  မကြာခင်မှာပဲ မျိုးနွယ်စုထဲက တခြားသူတွေ သိလာတယ်။  ဒါပေမယ့် လေကို ကျင့်သားရနေတဲ့ orcs တွေက သုံးမြှောင့်ချွန်းအတွင်းပိုင်းအ၀တ်ကို ၀တ်ဆင်ရာမှာ အသုံးမချတတ်တဲ့အတွက် လက်ဝှေ့သမားတွေ၀တ်တဲ့ ဘောင်းဘီတိုတွေကို orcs တွေအတွက် သီးသန့်အသုံးပြုလိုက်ပြီး မိန်းမပျိုတွေကတော့ ဘောင်းဘီတိုလေးတွေကို ၀တ်ရတာ အပြင်ထွက်ဖို့ မလွယ်ကူဘူးလို့ သူတို့ခံစားရတယ်။
orcs တွေရဲ့အဝတ်အစားတွေက ရိုးရိုးရှင်းရှင်းနဲ့ ငြီးငွေ့စရာကောင်းတယ်၊ သူတို့အကုန်လုံးက  အရောင်တူတူ၊ပုံစံတူတူ ဘောင်းဘီတိုတွေ၀တ်ထားကြတာ။မိန်းမပျိုတွေမှာတော့ လှည့်ကွက်တွေ အများကြီးရှိတယ်။  သူတို့ရဲ့အဝတ်အစားတွေမှာ ဘောင်းဘီတိုနဲ့ ၀တ်စုံတွေ ပါဝင်တယ်။  တကယ်တော့ သူတို့အတွက် သူက အထည်အိတ်အနည်းငယ်ကို ဖွင့်ပေးခဲ့ရုံပါပဲ။  ချည်ဖို့ ခါးပတ်ကို ရက်တာကလည်း ကြည့်ကောင်းပေမယ့် ပိုင်မုက အဲ့ဒါနဲ့ပတ်သက်ပြီး အထိမခံမဖြစ်နေပါဘူး။မိန်းမပျိုတွေကလည်း အလှဆင်ဖို့အတွက် သူမတို့ရဲ့အဝတ်တွေပေါ်မှာ တိရိစ္ဆာန်သားရေတွေကို ထည့်ချုပ်ကြတယ်။
အဝတ်အစားတွေ ပြုလုပ်ပြီးနောက် မျိုးနွယ်စုထဲက မိန်းမပျိုတွေက ဘယ်သူ့အဝတ်အစားက ပိုကြည့်ကောင်းလဲဆိုတာကို ကြည့်ရှုဖို့ သူတို့ရဲ့အဝတ်အစားအသစ်နဲ့ အချင်းချင်းဆီကို အလည်သွားကြမှာဖြစ်တယ်။  ဒီရက်ပိုင်းမှာ မိုးရွာနေပြီး မိန်းမပျိုတွေ စိတ်အားထက်သန်နေတဲ့ ဒီလှုပ်ရှားမှုကို ခေတ္တရပ်နားထားတယ်။  အခု မျိုးနွယ်စုမှာ အကောင်းဆုံးအဝတ်အစားပြုလုပ်သူက အန်းချီလော့ဖြစ်တယ်၊ ဒါကြောင့် ပိုင်မုက သူ့ကို မီးဖိုငယ်တစ်ခု ပေးဖို့လုပ်ထားတယ်။
"မင်း အဆင်မ‌ပြေဘူးလား" ခဲယ်လ်တစ် ပိုင်မုဆီကို လျှောက်လာတော့ သူ့(ပိုင်မု)မှာ အားအင်တွေ ချို့တဲ့နေတာကို တွေ့လိုက်ရပြီး သူ(ပိုင်မု) နေမကောင်းဖြစ်မှာကို  စိတ်ပူသွားတယ်။  သူရဲ့ ကြီးမားတဲ့လက်က သူ့(ပိုင်မု)နဖူးကိုထိလိုက်ပြီး သူ့လက်အောက်က အပူချိန်က သူ့လောက်မပူလို့ သက်သာရာရသွားတယ်။
"မဟုတ်ပါဘူး ငါမလှုပ်ချင်ရုံပါ" ပိုင်မုက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပျင်းရိစွာ ပြန်ဖြေလိုက်တယ်။
"ဒီနေ့အေးတယ် ကိုယ်အဝတ်အစားတွေထပ်ယူပေးမယ် မင်းသိလား မင်းလက်တွေအေးနေတာ" ခဲယ်လ်တစ်က ပိုင်မုရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး အနည်းငယ်အေးနေသလိုခံစားရတာကြောင့် အဝတ်အစားထပ်၀တ်ဖို့ ပြောလိုက်တယ်။  "မဟုတ်ဘူး မိုးရွာတဲ့နေ့မှာ အိပ်ရတာအကောင်းဆုံးပဲ ငါသွားအိပ်တော့မယ်" ပိုင်မုက ပြောပြီး သမ်းဝေလိုက်တယ်။ ဒီရာသီဥတုမှာ အိပ်ငိုက်ဖို့ တကယ်ကို လွယ်တယ်။
"အစ်ကိုကြီးပိုင်မု၊ အစ်ကိုက ပျင်းနေတာပဲ " တပေါက ပိုင်မုရဲ့ ပျင်းရိနေတဲ့ အကြည့်ကို ကြည့်ပြီး ရယ်မောလိုက်တယ်။  ပိုင်မုက နှုတ်ခမ်းကို ကွေးလိုက်ပြီး မင်းအစ်ကို လုပ်ဖူးတဲ့ဟာမဟုတ်ဘူးလားလို့ စိတ်ထဲကနေ ပြောလိုက်တယ်။  သူက တပေါကို လျစ်လျူရှုလိုက်ပြီး အိပ်ရာ၀င်သွားခဲ့တယ်။ ပိုင်မုက အိပ်တာနဲ့ပဲ သင့်တော်တယ်။
ပိုင်မုက သူ့ကို ပိုပိုပြီး အားကိုးလာခဲ့ပြီး သူ့ကို ကြည့်ရတာ ခဲယ်လ်တစ်က အရမ်းချစ်စရာကောင်းတယ်လို့ ခံစားရတယ်။  ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအချို့ကိုလည်း ပိုင်မု ငြင်းပယ်တာမလုပ်ခဲ့ဘူး၊ သူတို့က လာမယ့်နှစ် ပွဲတော်ပြီးနောက်မှာ မိတ်ဖက်တွေ ဖြစ်လာနိုင်တယ်။ ခဲယ်လ်တစ်က  ဒီအကြောင်းကို တွေးတောရင်း ရယ်နေပြီး တပေါက သူ့အစ်ကိုကြီးရဲ့ ပေါတောတောပုံစံကို ကြည့်ကာ ခေါင်းခါလိုက်တယ်။  သူက လုံး၀ကို မျှော်လင့်ချက်မဲ့နေပြီ။ တပေါက အပြင်ဘက်က မိုးကန့်လန့်ကာကို လှမ်းကြည့် ရင်း သီချင်းညည်းလိုက်တယ်။ " မိုးရွာ နေပေမယ့် ပိုကြီးလာတဲ့၊ ကြောင်တွေ နဲ့ ခွေးတွေက  ရန်ဖြစ်နေကြတယ် " ခွေး နဲ့ ကြောင် ဆိုတာ ဘာလဲ ?  မိုးရွာတာနဲ့ သူတို့က ဘာကိစ္စရန်ဖြစ်ကြတာလဲ။(T/N-တို့လည်းမသိပါဘူးဟယ်🤧)
မကြာသေးမီက ရာသီဥတုဆိုးရွားခဲ့ပြီး မိုးမကြာခဏရွာခဲ့တယ်။ ပိုင်မုရဲ့ ခံစားချက်ကလည်း မီးခိုးရောင်ကောင်းကင်ကြီးလိုပဲ စိတ်ဓာတ်ကျဆင်းနေတယ်။  စိတ်အနှောက်အယှက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းကို ရာသီဥတုကြောင့်သာ ဖြစ်တယ်။  သူလုပ်စရာတစ်ခုရှာရမယ်။  တစ်နေကုန် အိပ်တာက အဖြေမဟုတ်ဘူး။
သူက အ၀တ်ရက်လုပ်နေတဲ့ အန်းချီလော့ကိုကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။  ဒီကောင်လေးရဲ့ အဝတ်အစားတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်မှုက စိတ်ကြွဆေးပြားသောက်ထားသလိုဖြစ်နေပြီ။  သူက ခဲယ်လ်တစ်ကို နောက်တစ်ခေါက် ကြည့်လိုက်တော့ သူက ခြင်းတောင်းရက်လုပ်နေတဲ့ဘေးမှာ ထိုင်နေပြီး အဲဒါကို ဆက်မလုပ်ချင်တော့တဲ့ပုံပဲ။ ထို့နောက် သူက သူ့လိုပဲ ပျင်းနေပြီး ခေါင်းမာနေတဲ့ တ‌ပေါကို ကြည့်လိုက်တယ်။  ကောင်းပြီ သူတစ်ယောက်တည်းပဲ ၊ ဒါပေမယ့် ဘာကစားရမလဲ။  ပိုင်မုက မြေကြီးပေါ်မှာ အပြာရောင်သစ်သားအပျက်အစီးများစွာရှိပြီး ထောင့်စွန်းမှာ အပြာရောင်သစ်သားတွေ စုပုံနေတာကို တွေ့လိုက်တာကြောင့် ရုတ်တရက် အကြံတစ်ခုရသွားတယ်။
" တပေါ ၊ ဒီကို လာခဲ့ " ပိုင်မုက တံခါးနားမှာ မှိန်းမောနေတဲ့ တပေါကို လက်ဝှေ့ယမ်းလိုက်တယ်။
  "ဘာကိစ္စရှိလို့လဲ" တပေါက အပြေးကလေး ရောက်လာတယ်။ 
" ကလေးလို အင်အားပိုရှိစမ်းပါဦး တခုခု လုပ်ရအောင် ၊ ပျော်စရာလေး သင်ပေးမယ် " ပိုင်မုက သူ့ရဲ့ပိန်ပါးတဲ့ ပုခုံးလေးကို ပုတ်လိုက်တယ်။
"ဘာက အရမ်းပျော်စရာကောင်းတာလဲ"ပျော်စရာကောင်းတယ်ဆိုတာက တပေါရဲ့စိတ်ထဲ ချက်ချင်း ပေါ်လာတယ်။
"နောက်ကျရင် မင်း သိလိမ့်မယ်"အဲ့ဒီနောက် နှစ်ယောက်သားက မြေကြီးပေါ် ထိုင်ချလိုက်ပြီး စကလိကြတော့တယ်။ခဲယ်လ်တစ်က ပိုင်မုဟာ ကလေးတစ်ယောက်နဲ့ ပိုပိုပြီး တူလာတယ်လို့ ခံစားမိပေမယ့် ဒါက မဆိုးဘူးပဲ၊ သူ ပထမဆုံးရောက်လာတုန်းက အသက်မဲ့တဲ့ အသွင်အပြင်ထက် အများကြီးပိုကောင်းမွန်လာပြီး အခုချိန်မှာ ပိုပိုပြီး ရွှင်လန်းလာတာကြောင့် ဒါက ကောင်းတဲ့အရာပါပဲ။
ဒီလိုနဲ့ ကလေးအတုနဲ့ ကလေးအစစ်က အချိန်အတော်ကြာအောင် ကလိနေခဲ့ကြပြီး နောက်ဆုံးမှာတော့ သစ်သားချောင်းလေးတစ်စည်း ရလိုက်တယ်။  မှန်ပါတယ်၊ ပိုင်မုက တုတ်တစ်ချောင်းရွေးပြီး သူ့ရဲ့ငယ်ဘဝအမှတ်တရတွေကို ပြန်လည်အသက်သွင်းဖို့အတွက် ညီငယ်လေးတပေါနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
"ဒါကို ဘယ်လိုကစားရမှာလဲ" တပေါက ပိုင်မုရဲ့လက်ထဲက တုတ်လေးကို စူးစမ်းကာ ကြည့်လိုက်တယ်။
"စိတ်မပူနဲ့ အစ်ကိုသင်ပေးမယ်" ပိုင်မုက တ‌ပေါကို သစ်သားတုတ်ရွေးတတ်အောင် စသင်ပေးခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ယောက်က ခေါင်းချင်းဆိုင်ပြီး မြေကြီးပေါ်က သစ်သားချောင်းလေးတွေကို စူးစူးစိုက်စိုက်ကြည့်ကာ  မြေကြီးပေါ် ထိုင်ချခဲ့တယ်။
"အာ အာ အာ ,သားဘာလို့နောက်တစ်ချောင်း ထပ်ရွေးလို့မရတာလဲ "
"ဟမ့်, ဒါကနည်းပညာပဲ, မင်းရဲ့လက်နှစ်ဖက်ကို ပြလိုက်တော့"
T/N-ဟယ်လို အဆုလေးပါ နေရာလွတ်ရဲ့paid group လေးအဆင်သင့်ဖြစ်ပါပြီနော်။ ၀င်မယ်ပြောထားတဲ့အချစ်လေးတွေ အဆုကို ပိုက်ဆံလွှဲပေးလို့ရပါပြီ။ ပိုက်ဆံသွင်းထားပြီးတဲ့အချစ်တို့ကလည်း gp linkကို အဆုရဲ့chat boxဆီ လာယူလို့ရပါပြီနော်။ fb gp linkလည်းရှိသလို telegram gp linkလည်းရှိပါတယ် အဆင်ပြေတဲ့gp linkလို့ ယူလို့ရပါတယ်။
Zawgyi code
Continue Reading
You'll Also Like
481K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
344K 38.1K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
130K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
175K 29.9K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...