𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉ...

Door Bliawnk

103K 8.1K 79

"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကို... Meer

Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19
Ep20
Ep21
Ep23
Ep24
Ep25
Ep26
Final

Ep22

2.8K 230 0
Door Bliawnk

Uni

ညနေခင်း Taehyungရေချိုးပြီးအဝတ်အစားလဲနေတုန်း ဘေးကနဂါးအကြည့်နဲ့ကြည့်ပြီးထိုင်နေတဲ့Park Sunghoonကြောင့် အကျီလဲရတာတောင်စိတ်ကမဖြောင့်။ သူ့ကိုခုထိဘယ်သူနဲ့တွဲနေတယ် ဘယ်ကနေဘယ်လိုကြိုက်သွားတယ်ဆိုတာလုံးဝရှင်းမပြရသေးတာပင်။ ခုချိန်ကရှင်းပြဖို့အကောင်းဆုံးပဲ။ Minhoကလည်း သူ့သူငယ်ချင်းLeoဆိုတဲ့သူဆီသွားတာမလို့ အေးအေးဆေးဆေးရှင်းပြလို့ရတယ်လေ။

"Sunghoon..."

"နောက်ဆုံးတော့ ငါ့ကိုသတိရပြီပေါ့.."

"ဟဲဟဲ မဟုတ်ပါဘူးကွာ"

"ပြောပါအုံး..ရည်းစားရသွားတာတောင် ငါ့ကိုမပြောပြတဲ့အကြောင်းအရင်းလေး"

Sunghoonတကယ် Kim Taehyungကို စိတ်အတော်တိုနေတာပင်။ ရည်းစားရသွားတာတောင်မပြောပြနိုင်တဲ့အထိ Kim Taehyungကပစ်ထားတာလေ။သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ကိုယ့်ကိုမပြောပြလို့ စိတ်မကောင်းဖြစ်ရတာပိုသည်။ အမှန်ဆို ဘာကိစ္စပဲဖြစ်ဖြစ်တိုင်ပင်သင့်တယ်လေ..ခုလိုကြီးပစ်ပယ်ထားတာက ကိုယ့်ကိုအရေးမပေးသလိုခံစားရသည်။
တကယ်တော့ စိတ်တိုတာထက် ဝမ်းနည်းမိတာလို့ပြောရင် ပိုသင့်တော်လိမ့်မည်။

"တွဲနေတာက သိပ်တော့မကြာသေးပါဘူး"

"အင်းး"

လက်ကြီးပိုက်ပြီးကြည့်နေတဲ့Sunghoonမေးတာ ဖြေနေရတဲ့ Taehyungအဖြစ်က တရားသူကြီးဆိုင်မှာတရားရင်ဆိုင်နေရသလိုပင်။

"ဘယ်သူနဲ့တွဲနေတာလဲ"

"ဆရာJungkookနဲ့လေ ဟီးဟီး"

တကယ်ပါပဲ Kim Taehyungကရုပ်ဖြီးနေတာကိုလုံးဝရပ်မရတော့ဘူးလားမသိ။ ကိုယ့်က တကယ်အတည်ပေါက်မေးနေတာကိုတောင် ဆရာJungkookလို့ဖြေပြီးလာဖြီးပြနေပြန်သေးတယ်။ ဆရာJungkookနဲ့တွဲနေတာကို အရမ်းကြီးတော့မအံသြမိပေ။ နေ့လည်က စားသောက်ဆိုင်မှာလည်း ဆရာJungkookနဲ့Taehyungအကြည့်ချင်းဆုံနေတာကအစ အကြည့်ချင်းဆုံမိလို့ရှက်သွားတဲ့Kim Taehyungပါးတွေနီလာတဲ့အထိ အစအဆုံးအကုန်မြင်လိုက်ရသည်။

"ဆရာJungkookနဲ့တွဲနေတာကို မင်းကမအံသြဘူးလား"

Taehyungဘက်က ဆရာJungkookနဲ့တွဲနေတာလို့ပြောလိုက်ပေမဲ့ အံသြပုံလည်းမပြ ဘာReactionမှ မပေးတဲ့Sunghoonကြောင့် မအံသြဘူးလားလို့ ပြန်မေးရသေးသည်။ အမှန်သာဆို အရမ်းကိုအံသြသွားသင့်တာလေ။

"မအံသြပါဘူး..မင်းကိုငါကဒီတိုင်းလွှတ်ထားတာများထင်နေလား..မျက်လုံးဒေါက်ထောက်ပြီသေချာလိုက်စောင့်ကြည့်နေတာနော်"

"အဲ့ဒီလိုလား.. ငါ့ရဲ့Sunghoonလေးက ငါ့ကိုသိပ်ဂရုစိုက်တာပဲ..ချစ်လွန်းလို့ အာဘွားလေးပေးချင်လို့ လာပါအုံး"

အာဘွားပေးမယ်ဆိုပြီး အနားကိုအတင်းတိုးလာတဲ့ Kim Taehyungကို မနည်းတွန်းထုတ်လိုက်ရသည်။ တကယ်ကြီးအနမ်းပေးမလို့များလားပဲ..နှုတ်ခမ်းကြီးဆူပြီး လူနားအရမ်းတိုးကပ်လာတာပင်။ ရည်းစားတောင်မထားဖူးတဲ့လူပျိုနုနုထွတ်လေး Park Sunghoonက အာဘွားတောင်အပေးမခံနိုင်ပေ။

"‌လာမပေးနဲ့နော် မင်းဘဲကြီးသာ မင်းသွားပေး"

"အာဘွားပေးခံရမှာတောင် တွန့်တိုနေတယ်"

"ဒါနဲ့ ဆရာJungkookက မင်းကိုအလိုရောလိုက်ရဲ့လား"

"လိုက်သာမှလွန်ပါလေရော..Taehyungလေးစိတ်တိုင်းကျဆိုပြီး ဖူးဖူးမှုတ်ထားတာနော်...ရေခဲမုန့်လည်းဝယ်ကျွေးတယ်..ငါနဲ့စကားအကြာကြီးပြောရအောင်လို့လည်း ကားနဲ့မပြန်ဘဲ ငါနဲ့အတူတူလမ်းလျှောက်-"

"ရားး တော်ပါတော့ အလိုလိုက်တယ်ဆို အလိုလိုက်တယ်ပေါ့ ဘာလို့လာ‌ပြီးအသေးစိတ်လာပြောပြနေတာလဲလို့"

ဆရာJungkookက အလိုလိုက်တဲ့အကြောင်းအရင်းကို အသေးစိတ်ကနုတ်ပြသလိုရှင်းပြတော့မဲ့ Kim Taehyungကြောင့် နားနှစ်ဖက်ကိုပိတ်ပြီး အော်လိုက်ရသည်။ရည်းစားမရှိတဲ့ဘဝက ခံပြင်းလှတယ်။

"မင်းကလည်း အဲ့လိုမဟုတ်ပါဘူး..ငါကမင်းမေးတာကိုဖြေတာအရှိန်လွန်သွားရုံပါပဲ"

"အော် အေးပါ ..ငါပဲလက်လျှော့မိပါတယ်"

"ဒါနဲ့ မနက်ဖြန်မင်းတို့Seoulကို ပြန်ၔတော့မှာနော်"

"အေး ..မနေ့ကရယ်ဒီနေ့ရယ်မနက်ဖြန်ရယ် သုံးရက်ပြည့်သွားပြီပဲ..မပြန်ချင်သေးဘူးကွာ.."

အိပ်ယာပေါ်ကို လှဲပြီးသက်ပြင်းတွေချပြီးရင်းချနေတဲ့Sunghoonကိုဖြစ်နိုင်ရင် ခေါ်ထားလိုက်ချင်ပါရဲ့။ ခရီးထွက်တာက ၃ရက်ခရီးလေးနဲ့ပျော်ရတာကတကယ်မလုံလောက်ပါလေ။ ခုတည်းနေတဲ့နေရာက ပင်လယ်နဲ့လည်းသိပ်မဝေးတော့ ပိုသာယာတော့ နေရာတာပိုပျော်ဖို့ကောင်းသည်။

"ငါနဲ့အတူနေခဲ့လေ"

မပြန်ချင်ကြောင်းညည်းတွားနေတဲSunghoonကို ကိုယ်နဲ့တစ်ပတ်လောက်အတူနေဖို့ခေါ်ထားလိုက်မည်။ ၁ပတ်ဆိုရင် Busanမှာပျော်ဖို့ရက်လုံလောက်တဲ့အပြင် Sunghoonပါရှိတော့ ပိုပျော်ဖို့ကောင်းမှာသေချာသည်။

"ဟမ် မင်းကငါတို့နဲ့အတူမပြန်ဘူးလား"

"အေးလေ..ငါရယ် ကိုကိုရယ်က ဒီမှာတစ်ပတ်‌ပြည့်တဲ့ထိနေမှာ"

"ဟာ တကယ်ကြီးလား... ငါကျ တစ်ယောက်တည်းပြန်ရမှာပေါ့"

အကျင့်ပုတ်တဲ့ Kim Taehyungကကျ သူ့ရည်းစားကြီးနဲ့နေခဲ့ပါမည်တဲ့လေ။ ရည်းစားရှိတဲ့လူတွေကိုအာကျမိပါရဲ့။ ဒါပေမဲ့ အပူတွေပဲမလား။

"ငါနဲ့နေခဲ့လို့ပြောသားပဲ... "

"အမေတို့က ခွင့်ပြုမှာမဟုတ်ဘူးကွ..မင်းမပါဘဲ တစ်ယောက်တည်းမပြန်ချင်ဘူး Taehyungရယ်..အတူတူပြန်လိုက်ခဲ့ပါကွာ"

လက်မောင်းကို ဆွဲကိုင်ပြီးသနားစရာရုပ်လေးနဲ့လာပြောနေတဲ့ Sunghoonက်ို အားနာပေမဲ့ ကိုကိုဆရာနဲ့အတူတူနေရမဲ့ရက်အရှည်ကြီးကိုတော့ အကုန်ဆုံးမခံနိုင်ပါဘူးလေ။ Sunghoonကို အတူနေခဲ့လို့ပြောပေမဲ့ အတူမနေ‌တာတော့ ကိုယ်လည်း ဘာမှမကူညီနိုင်တော့ဘူးလေ။

"မင်းကလည်း..ငါက ဒီမှာတစ်ပတ်နေချင်တယ်လို့ ကိုကိုဆရာ့ကို ပူဆာထားလို့..ကိုကိုဆရာကလိုက်လျောပြီး တစ်ပတ်နေဖို့စီစဥ်ထားတာ..ငါကပြန်လိုက်လို့ရှိရင်ဘယ်လိုလုပ်ပြေမှာလဲ.."

"အေးပါ အေးပါ..စိတ်ပျက်စရာအတွဲတွေ..ရည်းစားလေးရတာနဲ့သူငယ်ချင်းကိုမေ့မေ့ပျောက်ပျောက်ကိုပစ်ထားတာတင်မက ခုအလိုလိုက်အကြိုက်မဆောင်ပေးတော့ဘူး"

"အဲ့ဒီလိုမဟုတ်ဘူးလေ Sunghoonကလည်း..ငါကခုကိုကို့ကို ပူဆာပြီးပြောထားတဲ့ဟာကြီးမလို့ဖျက်ပစ်လိုက်လို့မရလို့ပါ..တခြားကိစ္စတွေဆို ငါချက်ချင်းလိုက်လျောပေးမှာပါ"

"အားး တကယ်ပါပဲ..ပါးစပ်က တစ်ကိုကိုတည်းတစ်ကိုကိုနေတာ..."

"ဟီး မင်းကလည်းမငြိုငြင်ပါနဲ့ကွ"

ရည်းစားရသွားတာနဲ့အချိုးပြောင်းသွားတဲ့သူငယ်ချင်းလေးက အမြင်ကတ်စရာအကောင်လေးပင်။ စကားပြောတာတောင် က်ိုကိုချည်းအက်ရာကြောင်းထပ်နေအောင်ပြော‌နေတော့တာလေ။

*ဒေါက် ဒေါက် ဒေါက် *

နှစ်ယောက်သားစကားပြောကောင်းနေတုန်း အခန်းတံခါးခေါက်သံကြားတာမလို့ Sunghoonကတံခါးလှပ်ပေးဖို့ထသွားသည်။ တံခါးခေါက်တာကတော့ Minhoတော့မဖြစ်နိုင်။ Minhoသာဆိုရင် တစ်ခန်းထဲအတူ‌တူနေနေတော့ တံခါးတောင် ခေါက်စရာမလိုပါဘူးလေ။ ချက်ချင်းအလိုက်သင့်ဝင်လာလိုက်ရုံပဲလေ။ တခြားအခန်းကလူ ဒါမှမဟုတ် ကျောင်းသား/သူထဲကတစ်ယောက်ယောက် အကူအညီလိုလို့လာတာဖြစ်မည်ထင်သည်။

တံခါးသွားလှပ်ပေးပြီးမကြာဘဲ မျက်နှာကြီးမဲ့ရှုံ့ကာပြန်လာတဲ့ Sunghoonကတစ်ခုခုကိုအလိုမကျနေတဲ့ပုံပင်။ ဘီလူးသံပုရားသီးကိုက်ထားသလိုဖြစ်နေတဲ့Sunghoonကြောင့်ရယ်ချင်စိတ်ကို မနည်းထိန်းပြီးအကြောင်းအရင်းကိုမေးရသည်။

"ဘာဖြစ်တာလဲ...ဘယ်သူလာတာမလို့ မျက်နှာကြီးကခုလိဖြစ်နေတာလဲ"

"ဘယ်သူမှမဟုတ်ဘူး..မင်းရဲ့ရည်းစားဆရာJungkookရယ်..မင်းကိုတွေ့ချင်လို့ အပြင်ကိုထွက်ခဲ့ပါအုံးတဲ့"

"ဟင်ဟုတ်လား..ညဘက်ကြီးမှ ဘာဖြစ်လို့လဲမသိဘူး"

"ပြီးကျအနွေးထည်ပါးလေးယူခဲ့တဲ့..ငါတကယ်စိတ်ညစ်ပါတယ်..အတွဲတွေနဲ့မပတ်သတ်ချင်ဘူး.."

"အိုခေ အဲ့ဒါဆို သွားလိုက်အုံးမယ်"

"ကြွကြွ မြန်မြန်သွား..မြန်မြန်ပြန်လာ"

"အေးပါ"

ကိုကိုမှာလိုက်သလို အနွေးထည်အပါးတစ်ထည်ကို ခရီးဆောင်အိတ်ထဲကထုတ်ပြီး အပြင်ကိုထွက်လာလိုက်သည်။ အခန်းအပြင်ရောက်တော့ လူတစ်ယောက်မှမတွေ့ပေ။ တည်းနေတဲ့ဟိုတယ်အပြင်ဘက်ကိုထွက်လာမှ ခုံတန်းမှာ ထိုင်နေတဲ့ ကိုကို့ကိုတွေ့သည်။

"ကိုကို "

"အော Taehyungရောက်လာပြီလား"

"ဟုတ်.."

"လာလေ..ကမ်းခြေဘက်သွားမယ်"

ကောင်လေးကို Busanရဲ့ကမ်းခြေညဘက်အလှတရားကို သေချာပြချင်တာမလို့ခေါ်လိုက်တာပင်။အစကအခန်းအပြင်ဘက်က စောင့်နေမလို့ပေမဲ့ ညစာစားချိန်မလို့ လူသွားလူလာအရမ်းရှုတ်နေတာမလို့ လွတ်လွတ်လပ်လပ်အခန်းအပြင်ဘက်ကထွက်စောင့်နေလိုက်တော့တာပင်။

ကမ်းခြေဘက်ကိုလမ်းလျှောက်ရတာသိပ်မကြာတာမလို့ ခဏလေးနဲ့ရောက်လာသည်။ ညဘက်ဆိုတော့ လေအေးကအတော်ကိုတိုက်နေတာပင်။ ‌‌အနွေးအပါးထည်ကို ဝတ်ဖို့အတွက်ယူခိုင်းလိုက်တာကိုဝတ်ရမည့်အစား လက်မှာပိုက်ပြီးပင်လယ်ကြီးကိုငေးနေတဲ့ Kim Taehyngပါလေ။ အနွေးထည်ကိုအလှကြည့်ဖို့များယူခိုင်းထားတယ်များထင်နေတာလားမသိပေ။

"အနွေးထည်ဝတ်လေ..လေအေးတွေတိုက်နေတာ ဖျားနေမယ်"

"အော်...အနွေးထည်က ဝတ်ဖို့အတွက်ယူလာခိုင်းတာလား"

"အနွေးထည်ကို ဘာလုပ်ဖို့ယူလာခ်ိုင်းတယ်ထင်နေတာလဲ Kim Taehyungရယ်"

"ဟဲဟဲမဟုတ်ပါဘူး...အနွေးထည်ဝတ်ဖို့အတွက်လို့ပဲထင်တာပါ"

အစက Taehyung အနွေးထည်ကိုတခြားကိစ္စအတွက်ယူခိုင်းတာထင်နေတာပင်။ ကမ်းခြေဘက်ရောက်တော့ အေးလာလို့အနွေးထည်လေးကိုကောက်ဝတ်ချင်ပေမဲ့ ဘာကိစ္စအတွက်ယူခိုင်းတာလဲမသိတာမလို့ မဝတ်ပဲနေနေတာပင်။ အနွေးထည်ကို ချမ်းမှာစိုးလို့ ကြိုတွေးပြီးယူလာခိုင်းတယ်လို့ ဘယ်သူကထင်မှာလဲ။ ကမ်းခြေဘက်သွားမှာလို့လည်း Sunghoonကမှကြိုမ‌ပြောပြထားတာလေ။

"လာ ဒီနားထိုင်"

ဆရာJungkookက အိတ်ကပ်ထဲကပုဝါလေးကိုထုတ်ပြီး သဲပြင်ပေါ်မှာခင်းပေးပြီးထိုင်ခိုင်သည်။ သဲအမှုန်တွေပေမှာစိုးလို့ ပုဝါခင်းပေးတဲ့ထိပါအကုန်တွေးပေးတဲ့ရည်းစားမျိူးရထားတာပင်။ ခုရည်းစားဖြစ်လာတဲ့တစ်လျှောက်လုံးလည်းဆရာJungkoomကပဲ ဂရုစိုက်ပေးနေတာပင်။

"ရပါတယ်..ကိုကိုပဲထိုင်လိုက်ပါ"

"ထိုင်လိုက်..ကိုကိုက နေမကောင်းတော်ရုံမဖြစ်ဘူး..Taehyungကျနေမကောင်းဖြစ်လွယ်တယ်လေ"

ဟိုတစ်ခါက မနက်အိပ်ယာပျက်မိတာလို့ ခေါင်းကိုက်တာနဲ့ ရေချိုးမှားလို့ဖျားသွားတာကိုမှတ်ထားပြီး နေ‌မကောင်းဖြစ်လွယ်တဲ့လူလို့သတ်မှတ်လိုက်တယ်ထင်ပါရဲ့။

"မနက်ဖြန်ကျ ကျောင်းကလူတွေပြန်တော့မှာ..ကိုယ်က ကျောင်းကဆရာမတွေကို နေခဲ့မှာလို့ပြောပြီးသွားပြီ..Taehyungအတွက်ပါပြောပြီးသားနော်"

"ကျွန်တော်လည်း ခုနကမှ Sunghoonကိုနေခဲ့မှာကိုပြောပြလိုက်ရတာ..Sunghoonကလည်း ဆက်နေချင်သေးတာတဲ့ အိမ်ကခွင့်မပြုလို့တဲ့လေ"

"အင်း ဟုတ်ပါတယ်..အိမ်ကခွင့်မပြုဘဲကျမပြေဘူးလေ..ကိုယ်ကအိမ်မှာခေါ်လို့ကရပေမဲ့ သူ့အိမ်ကခွင့်မပြုဘဲကျမပြေဘူးလေ"

"ဟုတ်တယ် ပြီးကျလေ"

"အင်း ပြောလေ"

"ဒီနေ့ကျွန်တော်နဲ့ကိုကိုတွဲနေကြတာကို Sunghoonသိသွားပြီရယ်.."

"အော်..ကိုယ်က True or Dare ဂိမ်းဆော့ကတည်းက သိသွားတာထင်နေတာ.."

"မဟုတ်ဘူး..အဲ့ဒီတုန်းကသူကရိပ်မိတာတဲ့"

True or Dareနေ့တုန်းက Taehyungကို Trueမေးကြတုန်းက ရည်းစားကဘယ်သူလဲဆိုတာ သိပြီထင်နေမိတာ။ အမှန်ဆို Taehyungသူငယ်ချင်းက အစကတည်းကသိထားသင့်တာလေ။ ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကို သိတာက ပြဿနာကြီးမှမဟုတ်တာပဲ။

"သိလည်း ပြဿနာမရှိပါဘူး..နောက်ကျလည်း လူတွေတစ်ဆင့်ပြီးတစ်ဆင့်သိလာမှာပဲ..နောက်ဆုံးTaehyungမိဘတွေပါသိလာမှာလေ"

"ကိုကိုက အဲ့ဒီအချိန်ကျဘာဆက်လုပ်မှာမလဲဟင်"

"Taehyungက ဘာမှမတွေးပူပါနဲ့..ကိုယ့်ကိုသာယုံကြည်ပေး..ကိုယ့်က်ိုသာယုံပေးနေရင် ရပြီ.."

"စိတ်ချထား..ကိုကို့ကို ကျွန်တော်ကယုံကြည်ပြီးသား"

ကိုကိုနဲ့အဲ့‌ဒီညက ၁၁ကျော်အထိသောင်ပြင်မှာစကားတွေအများကြီးပြောဖြစ်ခဲ့သည်။ ကိုကိုနဲ့ စကားပိုပြောဖြစ်သလေ ကိုကို့ရဲ့ဂရုစိုက်ပေးမှုတွေ၊မြတ်နိုးပေးမှုတွေကိုပိုသိသာလာသည်။ ကိုကို့ဘက်ကခုချိန်ထိ ချစ်တယ်ဆိုတဲ့စကားမျိုးကိုမပြောဖူးသေးပေမဲ့ပေါ့။ညဘက်အဆောင်ပြန်ရောက်တော့ Sunghoonဆီက အဆူခံခဲ့ရသေးတယ်။အဲ့ဒီညက Minhoကတော့ အခန်းကိုပြန်မလာခဲ့ဘူး။ အပြင်မှာပဲအိပ်သည်ထင်ပါရဲ့။ ပင်လယ်လေညှင်းကြောင့် ညဘက်အိပ်မက်ကကြည်နူးဖွယ်ပင်။

-------------

#bliawnk
#taekook
#kookv

Zawgyi

ညေနခင္း Taehyungေရခ်ိဳးၿပီးအဝတ္အစားလဲေနတုန္း ေဘးကနဂါးအၾကည့္နဲ႕ၾကည့္ၿပီးထိုင္ေနတဲ့Park Sunghoonေၾကာင့္ အက်ီလဲရတာေတာင္စိတ္ကမေျဖာင့္။ သူ႕ကိုခုထိဘယ္သူနဲ႕တြဲေနတယ္ ဘယ္ကေနဘယ္လိုႀကိဳက္သြားတယ္ဆိုတာလုံးဝရွင္းမျပရေသးတာပင္။ ခုခ်ိန္ကရွင္းျပဖို႔အေကာင္းဆုံးပဲ။ Minhoကလည္း သူ႕သူငယ္ခ်င္းLeoဆိုတဲ့သူဆီသြားတာမလို႔ ေအးေအးေဆးေဆးရွင္းျပလို႔ရတယ္ေလ။

"Sunghoon..."

"ေနာက္ဆုံးေတာ့ ငါ့ကိုသတိရၿပီေပါ့.."

"ဟဲဟဲ မဟုတ္ပါဘူးကြာ"

"ေျပာပါအုံး..ရည္းစားရသြားတာေတာင္ ငါ့ကိုမေျပာျပတဲ့အေၾကာင္းအရင္းေလး"

Sunghoonတကယ္ Kim Taehyungကို စိတ္အေတာ္တိုေနတာပင္။ ရည္းစားရသြားတာေတာင္မေျပာျပနိုင္တဲ့အထိ Kim Taehyungကပစ္ထားတာေလ။သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ ကိုယ့္ကိုမေျပာျပလို႔ စိတ္မေကာင္းျဖစ္ရတာပိုသည္။ အမွန္ဆို ဘာကိစၥပဲျဖစ္ျဖစ္တိုင္ပင္သင့္တယ္ေလ..ခုလိုႀကီးပစ္ပယ္ထားတာက ကိုယ့္ကိုအေရးမေပးသလိုခံစားရသည္။
တကယ္ေတာ့ စိတ္တိုတာထက္ ဝမ္းနည္းမိတာလို႔ေျပာရင္ ပိုသင့္ေတာ္လိမ့္မည္။

"တြဲေနတာက သိပ္ေတာ့မၾကာေသးပါဘူး"

"အင္းး"

လက္ႀကီးပိုက္ၿပီးၾကည့္ေနတဲ့Sunghoonေမးတာ ေျဖေနရတဲ့ Taehyungအျဖစ္က တရားသူႀကီးဆိုင္မွာတရားရင္ဆိုင္ေနရသလိုပင္။

"ဘယ္သူနဲ႕တြဲေနတာလဲ"

"ဆရာJungkookနဲ႕ေလ ဟီးဟီး"

တကယ္ပါပဲ Kim Taehyungက႐ုပ္ၿဖီးေနတာကိုလုံးဝရပ္မရေတာ့ဘူးလားမသိ။ ကိုယ့္က တကယ္အတည္ေပါက္ေမးေနတာကိုေတာင္ ဆရာJungkookလို႔ေျဖၿပီးလာၿဖီးျပေနျပန္ေသးတယ္။ ဆရာJungkookနဲ႕တြဲေနတာကို အရမ္းႀကီးေတာ့မအံၾသမိေပ။ ေန႕လည္က စားေသာက္ဆိုင္မွာလည္း ဆရာJungkookနဲ႕Taehyungအၾကည့္ခ်င္းဆုံေနတာကအစ အၾကည့္ခ်င္းဆုံမိလို႔ရွက္သြားတဲ့Kim Taehyungပါးေတြနီလာတဲ့အထိ အစအဆုံးအကုန္ျမင္လိုက္ရသည္။

"ဆရာJungkookနဲ႕တြဲေနတာကို မင္းကမအံၾသဘူးလား"

Taehyungဘက္က ဆရာJungkookနဲ႕တြဲေနတာလို႔ေျပာလိုက္ေပမဲ့ အံၾသပုံလည္းမျပ ဘာReactionမွ မေပးတဲ့Sunghoonေၾကာင့္ မအံၾသဘူးလားလို႔ ျပန္ေမးရေသးသည္။ အမွန္သာဆို အရမ္းကိုအံၾသသြားသင့္တာေလ။

"မအံၾသပါဘူး..မင္းကိုငါကဒီတိုင္းလႊတ္ထားတာမ်ားထင္ေနလား..မ်က္လုံးေဒါက္ေထာက္ၿပီေသခ်ာလိုက္ေစာင့္ၾကည့္ေနတာေနာ္"

"အဲ့ဒီလိုလား.. ငါ့ရဲ႕Sunghoonေလးက ငါ့ကိုသိပ္ဂ႐ုစိုက္တာပဲ..ခ်စ္လြန္းလို႔ အာဘြားေလးေပးခ်င္လို႔ လာပါအုံး"

အာဘြားေပးမယ္ဆိုၿပီး အနားကိုအတင္းတိုးလာတဲ့ Kim Taehyungကို မနည္းတြန္းထုတ္လိုက္ရသည္။ တကယ္ႀကီးအနမ္းေပးမလို႔မ်ားလားပဲ..ႏႈတ္ခမ္းႀကီးဆူၿပီး လူနားအရမ္းတိုးကပ္လာတာပင္။ ရည္းစားေတာင္မထားဖူးတဲ့လူပ်ိဳႏုႏုထြတ္ေလး Park Sunghoonက အာဘြားေတာင္အေပးမခံနိုင္ေပ။

"‌လာမေပးနဲ႕ေနာ္ မင္းဘဲႀကီးသာ မင္းသြားေပး"

"အာဘြားေပးခံရမွာေတာင္ တြန့္တိုေနတယ္"

"ဒါနဲ႕ ဆရာJungkookက မင္းကိုအလိုေရာလိုက္ရဲ႕လား"

"လိုက္သာမွလြန္ပါေလေရာ..Taehyungေလးစိတ္တိုင္းက်ဆိဳၿပီး ဖူးဖူးမႈတ္ထားတာေနာ္...ေရခဲမုန့္လည္းဝယ္ေကြၽးတယ္..ငါနဲ႕စကားအၾကာႀကီးေျပာရေအာင္လို႔လည္း ကားနဲ႕မျပန္ဘဲ ငါနဲ႕အတူတူလမ္းေလွ်ာက္-"

"ရားး ေတာ္ပါေတာ့ အလိုလိုက္တယ္ဆို အလိုလိုက္တယ္ေပါ့ ဘာလို႔လာ‌ၿပီးအေသးစိတ္လာေျပာျပေနတာလဲလို႔"

ဆရာJungkookက အလိုလိုက္တဲ့အေၾကာင္းအရင္းကို အေသးစိတ္ကႏုတ္ျပသလိုရွင္းျပေတာ့မဲ့ Kim Taehyungေၾကာင့္ နားႏွစ္ဖက္ကိုပိတ္ၿပီး ေအာ္လိုက္ရသည္။ရည္းစားမရွိတဲ့ဘဝက ခံျပင္းလွတယ္။

"မင္းကလည္း အဲ့လိုမဟုတ္ပါဘူး..ငါကမင္းေမးတာကိုေျဖတာအရွိန္လြန္သြား႐ုံပါပဲ"

"ေအာ္ ေအးပါ ..ငါပဲလက္ေလွ်ာ့မိပါတယ္"

"ဒါနဲ႕ မနက္ျဖန္မင္းတို႔Seoulကို ျပန္ၔေတာ့မွာေနာ္"

"ေအး ..မေန႕ကရယ္ဒီေန႕ရယ္မနက္ျဖန္ရယ္ သုံးရက္ျပည့္သြားၿပီပဲ..မျပန္ခ်င္ေသးဘူးကြာ.."

အိပ္ယာေပၚကို လွဲၿပီးသက္ျပင္းေတြခ်ၿပီးရင္းခ်ေနတဲ့Sunghoonကိုျဖစ္နိုင္ရင္ ေခၚထားလိုက္ခ်င္ပါရဲ႕။ ခရီးထြက္တာက ၃ရက္ခရီးေလးနဲ႕ေပ်ာ္ရတာကတကယ္မလုံေလာက္ပါေလ။ ခုတည္းေနတဲ့ေနရာက ပင္လယ္နဲ႕လည္းသိပ္မေဝးေတာ့ ပိုသာယာေတာ့ ေနရာတာပိုေပ်ာ္ဖို႔ေကာင္းသည္။

"ငါနဲ႕အတူေနခဲ့ေလ"

မျပန္ခ်င္ေၾကာင္းညည္းတြားေနတဲSunghoonကို ကိုယ္နဲ႕တစ္ပတ္ေလာက္အတူေနဖို႔ေခၚထားလိုက္မည္။ ၁ပတ္ဆိုရင္ Busanမွာေပ်ာ္ဖို႔ရက္လုံေလာက္တဲ့အျပင္ Sunghoonပါရွိေတာ့ ပိုေပ်ာ္ဖို႔ေကာင္းမွာေသခ်ာသည္။

"ဟမ္ မင္းကငါတို႔နဲ႕အတူမျပန္ဘူးလား"

"ေအးေလ..ငါရယ္ ကိုကိုရယ္က ဒီမွာတစ္ပတ္‌ျပည့္တဲ့ထိေနမွာ"

"ဟာ တကယ္ႀကီးလား... ငါက် တစ္ေယာက္တည္းျပန္ရမွာေပါ့"

အက်င့္ပုတ္တဲ့ Kim Taehyungကက် သူ႕ရည္းစားႀကီးနဲ႕ေနခဲ့ပါမည္တဲ့ေလ။ ရည္းစားရွိတဲ့လူေတြကိုအာက်မိပါရဲ႕။ ဒါေပမဲ့ အပူေတြပဲမလား။

"ငါနဲ႕ေနခဲ့လို႔ေျပာသားပဲ... "

"အေမတို႔က ခြင့္ျပဳမွာမဟုတ္ဘူးကြ..မင္းမပါဘဲ တစ္ေယာက္တည္းမျပန္ခ်င္ဘူး Taehyungရယ္..အတူတူျပန္လိုက္ခဲ့ပါကြာ"

လက္ေမာင္းကို ဆြဲကိုင္ၿပီးသနားစရာ႐ုပ္ေလးနဲ႕လာေျပာေနတဲ့ Sunghoonက္ို အားနာေပမဲ့ ကိုကိုဆရာနဲ႕အတူတူေနရမဲ့ရက္အရွည္ႀကီးကိုေတာ့ အကုန္ဆုံးမခံနိုင္ပါဘူးေလ။ Sunghoonကို အတူေနခဲ့လို႔ေျပာေပမဲ့ အတူမေန‌တာေတာ့ ကိုယ္လည္း ဘာမွမကူညီနိုင္ေတာ့ဘူးေလ။

"မင္းကလည္း..ငါက ဒီမွာတစ္ပတ္ေနခ်င္တယ္လို႔ ကိုကိုဆရာ့ကို ပူဆာထားလို႔..ကိုကိုဆရာကလိုက္ေလ်ာၿပီး တစ္ပတ္ေနဖို႔စီစဥ္ထားတာ..ငါကျပန္လိုက္လို႔ရွိရင္ဘယ္လိုလုပ္ေျပမွာလဲ.."

"ေအးပါ ေအးပါ..စိတ္ပ်က္စရာအတြဲေတြ..ရည္းစားေလးရတာနဲ႕သူငယ္ခ်င္းကိုေမ့ေမ့ေပ်ာက္ေပ်ာက္ကိုပစ္ထားတာတင္မက ခုအလိုလိုက္အႀကိဳက္မေဆာင္ေပးေတာ့ဘူး"

"အဲ့ဒီလိုမဟုတ္ဘူးေလ Sunghoonကလည္း..ငါကခုကိုကို႔ကို ပူဆာၿပီးေျပာထားတဲ့ဟာႀကီးမလို႔ဖ်က္ပစ္လိုက္လို႔မရလို႔ပါ..တျခားကိစၥေတြဆို ငါခ်က္ခ်င္းလိုက္ေလ်ာေပးမွာပါ"

"အားး တကယ္ပါပဲ..ပါးစပ္က တစ္ကိုကိုတည္းတစ္ကိုကိုေနတာ..."

"ဟီး မင္းကလည္းမၿငိဳျငင္ပါနဲ႕ကြ"

ရည္းစားရသြားတာနဲ႕အခ်ိဳးေျပာင္းသြားတဲ့သူငယ္ခ်င္းေလးက အျမင္ကတ္စရာအေကာင္ေလးပင္။ စကားေျပာတာေတာင္ က္ိုကိုခ်ည္းအက္ရာေၾကာင္းထပ္ေနေအာင္ေျပာ‌ေနေတာ့တာေလ။

*ေဒါက္ ေဒါက္ ေဒါက္ *

ႏွစ္ေယာက္သားစကားေျပာေကာင္းေနတုန္း အခန္းတံခါးေခါက္သံၾကားတာမလို႔ Sunghoonကတံခါးလွပ္ေပးဖို႔ထသြားသည္။ တံခါးေခါက္တာကေတာ့ Minhoေတာ့မျဖစ္နိုင္။ Minhoသာဆိုရင္ တစ္ခန္းထဲအတူ‌တူေနေနေတာ့ တံခါးေတာင္ ေခါက္စရာမလိုပါဘူးေလ။ ခ်က္ခ်င္းအလိုက္သင့္ဝင္လာလိုက္႐ုံပဲေလ။ တျခားအခန္းကလူ ဒါမွမဟုတ္ ေက်ာင္းသား/သူထဲကတစ္ေယာက္ေယာက္ အကူအညီလိုလို႔လာတာျဖစ္မည္ထင္သည္။

တံခါးသြားလွပ္ေပးၿပီးမၾကာဘဲ မ်က္ႏွာႀကီးမဲ့ရႈံ႕ကာျပန္လာတဲ့ Sunghoonကတစ္ခုခုကိုအလိုမက်ေနတဲ့ပုံပင္။ ဘီလူးသံပုရားသီးကိုက္ထားသလိုျဖစ္ေနတဲ့Sunghoonေၾကာင့္ရယ္ခ်င္စိတ္ကို မနည္းထိန္းၿပီးအေၾကာင္းအရင္းကိုေမးရသည္။

"ဘာျဖစ္တာလဲ...ဘယ္သူလာတာမလို႔ မ်က္ႏွာႀကီးကခုလိျဖစ္ေနတာလဲ"

"ဘယ္သူမွမဟုတ္ဘူး..မင္းရဲ႕ရည္းစားဆရာJungkookရယ္..မင္းကိုေတြ႕ခ်င္လို႔ အျပင္ကိုထြက္ခဲ့ပါအုံးတဲ့"

"ဟင္ဟုတ္လား..ညဘက္ႀကီးမွ ဘာျဖစ္လို႔လဲမသိဘူး"

"ၿပီးက်အႏြေးထည္ပါးေလးယူခဲ့တဲ့..ငါတကယ္စိတ္ညစ္ပါတယ္..အတြဲေတြနဲ႕မပတ္သတ္ခ်င္ဘူး.."

"အိုေခ အဲ့ဒါဆို သြားလိုက္အုံးမယ္"

"ႂကြႂကြ ျမန္ျမန္သြား..ျမန္ျမန္ျပန္လာ"

"ေအးပါ"

ကိုကိုမွာလိုက္သလို အႏြေးထည္အပါးတစ္ထည္ကို ခရီးေဆာင္အိတ္ထဲကထုတ္ၿပီး အျပင္ကိုထြက္လာလိုက္သည္။ အခန္းအျပင္ေရာက္ေတာ့ လူတစ္ေယာက္မွမေတြ႕ေပ။ တည္းေနတဲ့ဟိုတယ္အျပင္ဘက္ကိုထြက္လာမွ ခုံတန္းမွာ ထိုင္ေနတဲ့ ကိုကို႔ကိုေတြ႕သည္။

"ကိုကို "

"ေအာ Taehyungေရာက္လာၿပီလား"

"ဟုတ္.."

"လာေလ..ကမ္းေျခဘက္သြားမယ္"

ေကာင္ေလးကို Busanရဲ႕ကမ္းေျခညဘက္အလွတရားကို ေသခ်ာျပခ်င္တာမလို႔ေခၚလိုက္တာပင္။အစကအခန္းအျပင္ဘက္က ေစာင့္ေနမလို႔ေပမဲ့ ညစာစားခ်ိန္မလို႔ လူသြားလူလာအရမ္းရႈတ္ေနတာမလို႔ လြတ္လြတ္လပ္လပ္အခန္းအျပင္ဘက္ကထြက္ေစာင့္ေနလိုက္ေတာ့တာပင္။

ကမ္းေျခဘက္ကိုလမ္းေလွ်ာက္ရတာသိပ္မၾကာတာမလို႔ ခဏေလးနဲ႕ေရာက္လာသည္။ ညဘက္ဆိုေတာ့ ေလေအးကအေတာ္ကိုတိုက္ေနတာပင္။ ‌‌အႏြေးအပါးထည္ကို ဝတ္ဖို႔အတြက္ယူခိုင္းလိုက္တာကိုဝတ္ရမည့္အစား လက္မွာပိုက္ၿပီးပင္လယ္ႀကီးကိုေငးေနတဲ့ Kim Taehyngပါေလ။ အႏြေးထည္ကိုအလွၾကည့္ဖို႔မ်ားယူခိုင္းထားတယ္မ်ားထင္ေနတာလားမသိေပ။

"အႏြေးထည္ဝတ္ေလ..ေလေအးေတြတိုက္ေနတာ ဖ်ားေနမယ္"

"ေအာ္...အႏြေးထည္က ဝတ္ဖို႔အတြက္ယူလာခိုင္းတာလား"

"အႏြေးထည္ကို ဘာလုပ္ဖို႔ယူလာခ္ိုင္းတယ္ထင္ေနတာလဲ Kim Taehyungရယ္"

"ဟဲဟဲမဟုတ္ပါဘူး...အႏြေးထည္ဝတ္ဖို႔အတြက္လို႔ပဲထင္တာပါ"

အစက Taehyung အႏြေးထည္ကိုတျခားကိစၥအတြက္ယူခိုင္းတာထင္ေနတာပင္။ ကမ္းေျခဘက္ေရာက္ေတာ့ ေအးလာလို႔အႏြေးထည္ေလးကိုေကာက္ဝတ္ခ်င္ေပမဲ့ ဘာကိစၥအတြက္ယူခိုင္းတာလဲမသိတာမလို႔ မဝတ္ပဲေနေနတာပင္။ အႏြေးထည္ကို ခ်မ္းမွာစိုးလို႔ ႀကိဳေတြးၿပီးယူလာခိုင္းတယ္လို႔ ဘယ္သူကထင္မွာလဲ။ ကမ္းေျခဘက္သြားမွာလို႔လည္း Sunghoonကမွႀကိဳမ‌ေျပာျပထားတာေလ။

"လာ ဒီနားထိုင္"

ဆရာJungkookက အိတ္ကပ္ထဲကပုဝါေလးကိုထုတ္ၿပီး သဲျပင္ေပၚမွာခင္းေပးၿပီးထိုင္ခိုင္သည္။ သဲအမႈန္ေတြေပမွာစိုးလို႔ ပုဝါခင္းေပးတဲ့ထိပါအကုန္ေတြးေပးတဲ့ရည္းစားမ်ိဴးရထားတာပင္။ ခုရည္းစားျဖစ္လာတဲ့တစ္ေလွ်ာက္လုံးလည္းဆရာJungkoomကပဲ ဂ႐ုစိုက္ေပးေနတာပင္။

"ရပါတယ္..ကိုကိုပဲထိုင္လိုက္ပါ"

"ထိုင္လိုက္..ကိုကိုက ေနမေကာင္းေတာ္႐ုံမျဖစ္ဘူး..Taehyungက်ေနမေကာင္းျဖစ္လြယ္တယ္ေလ"

ဟိုတစ္ခါက မနက္အိပ္ယာပ်က္မိတာလို႔ ေခါင္းကိုက္တာနဲ႕ ေရခ်ိဳးမွားလို႔ဖ်ားသြားတာကိုမွတ္ထားၿပီး ေန‌မေကာင္းျဖစ္လြယ္တဲ့လူလို႔သတ္မွတ္လိုက္တယ္ထင္ပါရဲ႕။

"မနက္ျဖန္က် ေက်ာင္းကလူေတြျပန္ေတာ့မွာ..ကိုယ္က ေက်ာင္းကဆရာမေတြကို ေနခဲ့မွာလို႔ေျပာၿပီးသြားၿပီ..Taehyungအတြက္ပါေျပာၿပီးသားေနာ္"

"ကြၽန္ေတာ္လည္း ခုနကမွ Sunghoonကိုေနခဲ့မွာကိုေျပာျပလိုက္ရတာ..Sunghoonကလည္း ဆက္ေနခ်င္ေသးတာတဲ့ အိမ္ကခြင့္မျပဳလို႔တဲ့ေလ"

"အင္း ဟုတ္ပါတယ္..အိမ္ကခြင့္မျပဳဘဲက်မေျပဘူးေလ..ကိုယ္ကအိမ္မွာေခၚလို႔ကရေပမဲ့ သူ႕အိမ္ကခြင့္မျပဳဘဲက်မေျပဘူးေလ"

"ဟုတ္တယ္ ၿပီးက်ေလ"

"အင္း ေျပာေလ"

"ဒီေန႕ကြၽန္ေတာ္နဲ႕ကိုကိုတြဲေနၾကတာကို Sunghoonသိသြားၿပီရယ္.."

"ေအာ္..ကိုယ္က True or Dare ဂိမ္းေဆာ့ကတည္းက သိသြားတာထင္ေနတာ.."

"မဟုတ္ဘူး..အဲ့ဒီတုန္းကသူကရိပ္မိတာတဲ့"

True or Dareေန႕တုန္းက Taehyungကို Trueေမးၾကတုန္းက ရည္းစားကဘယ္သူလဲဆိုတာ သိၿပီထင္ေနမိတာ။ အမွန္ဆို Taehyungသူငယ္ခ်င္းက အစကတည္းကသိထားသင့္တာေလ။ ကိုယ့္သူငယ္ခ်င္းရဲ႕ရည္းစားကို သိတာက ျပႆနာႀကီးမွမဟုတ္တာပဲ။

"သိလည္း ျပႆနာမရွိပါဘူး..ေနာက္က်လည္း လူေတြတစ္ဆင့္ၿပီးတစ္ဆင့္သိလာမွာပဲ..ေနာက္ဆုံးTaehyungမိဘေတြပါသိလာမွာေလ"

"ကိုကိုက အဲ့ဒီအခ်ိန္က်ဘာဆက္လုပ္မွာမလဲဟင္"

"Taehyungက ဘာမွမေတြးပူပါနဲ႕..ကိုယ့္ကိုသာယုံၾကည္ေပး..ကိုယ့္က္ိုသာယုံေပးေနရင္ ရၿပီ.."

"စိတ္ခ်ထား..ကိုကို႔ကို ကြၽန္ေတာ္ကယုံၾကည္ၿပီးသား"

ကိုကိုနဲ႕အဲ့‌ဒီညက ၁၁ေက်ာ္အထိေသာင္ျပင္မွာစကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့သည္။ ကိုကိုနဲ႕ စကားပိုေျပာျဖစ္သေလ ကိုကို႔ရဲ႕ဂ႐ုစိုက္ေပးမႈေတြ၊ျမတ္နိုးေပးမႈေတြကိုပိုသိသာလာသည္။ ကိုကို႔ဘက္ကခုခ်ိန္ထိ ခ်စ္တယ္ဆိုတဲ့စကားမ်ိဳးကိုမေျပာဖူးေသးေပမဲ့ေပါ့။ညဘက္အေဆာင္ျပန္ေရာက္ေတာ့ Sunghoonဆီက အဆူခံခဲ့ရေသးတယ္။အဲ့ဒီညက Minhoကေတာ့ အခန္းကိုျပန္မလာခဲ့ဘူး။ အျပင္မွာပဲအိပ္သည္ထင္ပါရဲ႕။ ပင္လယ္ေလညွင္းေၾကာင့္ ညဘက္အိပ္မက္ကၾကည္ႏူးဖြယ္ပင္။

-------------

#bliawnk
#taekook
#kookv

Ga verder met lezen

Dit interesseert je vast

563K 48.6K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...
110K 4.9K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
500K 41.3K 22
Taekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...