I love you first [PSH x KSN]

By psh_fever

15.1K 1.9K 260

In which Kim Sunoo has been nurturing his one sided love for Park Sunghoon for 11 years... ๐Ÿฅ€ Title : I love... More

1.1
1.2
2.1
2.2
3.0
4.1
4.2
5.0
6.1
6.2
Finale

7.1

1.1K 154 25
By psh_fever

"ဆောင်ဟွန်း..."

"ဆောင်ဟွန်းဟျောင်း..."

သူ့ကိုခေါ်နေတာတွေ ဆောင်းဟွန်းကြားပါတယ်။ ဒါပေမယ့် အသိဉာဏ်မဲ့နေတဲ့လူလိုပဲ..သူဟာ အဝေးကိုထွက်သွားတဲ့ဆောနူဆီကနေ အကြည့်မလွှဲနိုင်ခဲ့ဘူး။

သူက ဆောနူကို....ချစ်နေတာပဲ...

ရင်ဘတ်ကို လက်နဲ့ တင်းခနဲညှစ်လိုက်ပေမယ့်၊ ရင်ထဲကနေ လှိုက်တက်လာတဲ့တင်းကြပ်မှုတွေက ပြေလျော့မသွားပါဘူး။ ဆောနူဟာ သူ့အတွက် ဘယ်လောက်တောင် အရေးပါလိုက်သလဲ... ဒါကို သဘောပေါက်သွားတဲ့အချိန်မှာ နှလုံးသားဟာ တဆစ်ဆစ်နဲ့ ကိုက်ခဲနာကျင်လာတယ်။

သူက ဆောနူကို...
ချစ်မိနေတာပဲ....။

ညီအစ်ကိုလိုမျိုးမဟုတ်၊
သူငယ်ချင်းသံယောဇဉ်တွေလိုလည်းမဟုတ်ပါဘဲ...

ချစ်နေမိတာ...

အခုခံစားချက်ကိုထုတ်ပြောဖို့ ခက်ပေမယ့်၊ ဆောနူကို တချိန်လုံးချစ်နေခဲ့တာပါလားလို့ သဘောပေါက်သွားတယ်။ နောက်ကျနေပြီဆိုတာ သိပါတယ်။ ပြီးတော့ သူဘယ်လောက်တောင်တုံးအနေခဲ့သလဲ...။

ဆောနူဆီကို ပြေးသွားချင်တယ်။ သူ့လက်တွေနဲ့ထွေးပွေ့လို့ နေထွက်ချိန်ကနေ နေဝင်ချိန်ထိ ထပ်တလဲလဲ နမ်းရှိုက်ပစ်ချင်တယ်။

ဆောနူနဲ့ အတူရှိချင်တယ်။ ဆောနူအတွက် ဖြစ်တည်နေချင်တယ်။ ဆောနူအနားမှာ အမြဲနေချင်တယ်။ နေမကောင်းတဲ့အခါ ဂရုတစိုက်နဲ့ပြုစုပေးချင်တယ်။ ကျောင်းစာတွေမလိုက်နိုင်တဲ့အခါ အဆင်ပြေရဲ့လား မေးချင်တယ်။ ဆောနူသွားလေရာနေရာတိုင်း၊ ဆောနူလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ.. ဆောနူနဲ့အတူ ရှိနေချင်တယ်။

သူက အရာအားလုံးကို အမှတ်မထားဘဲ နေနေခဲ့တာ။ သူ့ဘေးနား ဆောနူရှိတဲ့အချိန်တွေ၊ အခွင့်ရရင်ရသလို ချစ်တယ်ပြောတတ်တာလေးတွေ...။ ဆောနူ သူ့ကိုလက်လျှော့လိုက်ဖို့မကြိုးစားခင်အချိန်ထိ သူဟာ ဘယ်လောက်တောင်အရူးဆန်နေခဲ့သလဲ ကိုယ့်ဘာသာသဘောမပေါက်ခဲ့ဘူး။

သူလည်းပဲ ဆောနူကို လိုချင်ပါတယ်။ မဟုတ်ဘူး။ သူတကယ်ပဲ ဆောနူကို လိုချင်တယ်။ ပွတ်သပ်နမ်းရှိုက်ချင်တယ်။ ဆံနွယ်တွေကို လက်နဲ့ဖွချင်တယ်။

ဆောင်းဟွန်း တကယ်ပဲ ဆောနူရဲ့တကူးတကဂရုစိုက်တတ်တာလေးတွေကို တောင့်တမိတယ်။ သူတစ်ယောက်ထဲအပေါ်မှာ ပြုမူတဲ့အမူအရာလေးတွေလေ..

ဆောင်းဟွန်း သက်မပြင်းပြင်း ချလိုက်မိတော့တယ်။

ဘာလို့ ဗလာသပ်သပ် နေရာလွတ်တစ်ခုကိုကြည့်ရင်း ဒီတိုင်းရပ်နေမိတယ်မသိပါဘူး။

ဂျေး သူ့ပုခုံးပေါ် လက်တွေလာတင်တာကို ခံစားလိုက်မိတယ်။

"အဆင်ပြေရဲ့လား.."

"ငါ့ကိုမေးမယ့်အစား မင်းညီကိုသွားမေးပါလား ဂျေးရာ"
ဆောနူ သူ့ကို ခွင့်လွှတ်နိုင်ပါဦးမလား... သူလည်း မသိတော့ပါဘူး။ ဆောနူကို ဒီလောက်ထိတောင် နာကျင်စေခဲ့ပြီးပြီပဲ။

"သူ့ထက် မင်းက နှစ်သိမ့်ပေးဖို့ ပိုလိုနေတာ"

ဆောင်းဟွန်းက ဒီလိုနှစ်သိမ့်ခံရဖို့ ထိုက်တန်တယ် မထင်ပါဘူး။ ဂျေးကို ပြောပြချင်မိတယ်။

"ဟျောင်း လိုက်မသွားဘူးလား"

ဆောင်းဟွန်းနဲ့ဂျေး နီကီကိုကြည့်လိုက်မိတယ်။ နီကီ ဒီမှာရှိနေသေးမှန်း သူတို့တကယ်ပဲ ခဏလောက်မေ့သွားတယ်။ ဆောင်းဟွန်း နောက်တကြိမ် သက်ပြင်းချမိပြန်တယ်။

"ဟျောင်းလိုက်သွားသင့်တယ်မထင်ပါဘူး။ နီကီ မင်းကတော့ သွားကြည့်သင့်တယ်ထင်တယ်"

"ကျွန်တော်က ဘာလို့သွားကြည့်ရမှာလဲ။ ဆောနူဟျောင်းက ကျွန်တော့်ကို လိုမှမလိုတာ"

"ကိုယ့်ကိုလည်း မလိုပါဘူးကွာ။ နောက်ထပ်လည်း လိုအပ်တော့မှာမဟုတ်ဘူး။ မင်းဖွင့်ပြောနေတာကို ဝင်နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ် တကယ့်ကို လူမှုရေးမသိတတ်တဲ့လူ ဖြစ်သွားတာပဲ"

သူ့ပုခုံးပေါ်က ဂျေးလက်တွေကို ဖယ်လိုက်မိတယ်။ လက်ရှိမှာ သူလုပ်နိုင်တဲ့အရာလည်း မရှိတော့ပါ..။

"ရပါတယ်။ ဟျောင်းတို့က ကျွန်တော်ပြောနေတာ ပြီးတော့မယ့်အချိန်မှာ ရောက်လာတာ။ ဘာနေနေ မနက်ဖြန်တော့ အဆင်ပြေပြေ ဖွင့်ပြောနိုင်လောက်ပါတယ်"

ဂျေးဟာ ဒါသူ့ဘဝတလျှောက်လုံးမှာ အလျင်မြန်ဆုံးအပြောင်းအလဲလို့ ထင်လိုက်မိတယ်။
နီကီကို မျက်လုံးကြီးပြူးပြီး ကြည့်လိုက်တယ်။ ပြီးတော့ ဆောင်းဟွန်းကို ကြည့်မိပြန်တယ်။ ဆောင်းဟွန်းဆီက ထွက်ပေါ်လာတဲ့ အားပြိုင်တဲ့အရှိန်အဝါက ဘယ်လောက်တောင် ပြင်းသလဲဆိုရင် မေးရိုး​တွေပါထင်းထွက်လာတဲ့အထိ အံကြိတ်ထားတာကို တွေးလိုက်ရတယ်။

"ဝိုး... ကိုယ်ဆိုလိုတာ.. ဟိုး...နေပါဦး!
ဆိုတော့ မင်းက ထပ်ပြီးဖွင့်ပြောဦးမလို့လား"

နီကီက သူ့ကို ဇဝေဇဝါကြည့်ပြီး ခပ်သာသာခေါင်းငြိမ့်ပြတယ်။
"ဟုတ်တယ်လေ ဘာလို့လဲ"

ဂျေး စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်ဆံပင်ကိုယ် အချိန်မရွေး ဆွဲဆောင့်မိတော့မလို ခံစားလိုက်ရတယ်။ အခုခေတ် လူငယ်တွေ ဘာတွေဖြစ်နေကြတာလဲ!!!!

"ဟျောင်းမေးချင်တာက... မင်းအခု ဒီလိုတွေကြားလိုက်တာတောင် ဖွင့်ပြောဦးမယ်ပေါ့..."

ဒီတစ်ခါမှာတော့ နီကီက သူ့ထက်တောင် ပိုစိတ်ရှုပ်နေသလိုအကြည့်နဲ့ ကြည့်လာတယ်။ နဖူးပေါ်မှာ အရေးအကြောင်းတွေပါပေါ်လာတော့တာ။
"အင်းလေ။ ဘာလို့ မပြောဘဲနေရမှာလဲ"

ဆောင်းဟွန်း ကျောခိုင်းလိုက်မိတယ်။ ချက်ချင်းပဲ ဒီကနေထွက်သွားဖို့ပြင်လိုက်တယ်။ သူ့မှာ ဒေါသထွက်ခွင့်မရှိဘူး။ ဆောနူကိုမကြိုက်နဲ့ဆိုပြီး နီကီကို တားပိုင်ခွင့်လည်းမရှိဘူး။

"Humm.. ဒါဆိုလည်း ကံကောင်းပါစေ။ မင်းအတွက်.. ဝမ်းသာပါတယ်"

နီကီ ပြန်ပြောလာတဲ့အချိန် ဆောင်းဟွန်း အိမ်ထဲက ထွက်သွားဖို့ နည်းနည်းပဲလိုတယ်။

"တကယ်တမ်း ကျွန်တော် ဂျောင်ဝန်းဟျောင်းကို ပထမဆုံးရက်ထဲက ပြောချင်နေခဲ့တာ။ ဒါပေမယ့် ဆောနူဟျောင်းက ကျွန်တော့်ကိုရီးယားစကားပြောက သိပ်အဆင်မပြေလို့ လေ့ကျင့်စေချင်တာနဲ့.."

စောစောက ဂျေးပြောတာတွေ မေ့လိုက်တော့! ဒါ ဆောင်းဟွန်းဘဝတလျှောက်လုံးမှာ အခြေအနေကို ဇောက်ထိုးဖြစ်သွားစေတဲ့ အမြန်ဆုံးအပြောင်းအလဲပဲ!

"ခုနကပြောတာတွေက လေ့ကျင့်နေတာလား!!!!"

ဆောင်းဟွန်း သူဆက်သွားမယ်ကြံထားရာကနေ ချက်ချင်းရပ်ပစ်လိုက်ပြီး နီကီ့ဘက် လှည့်ကြည့်လိုက်တယ်။

"ဘာတွေလဲ!! မင်းက စကားပြောကျင့်နေတာလား!!"

"ဟုတ်တယ်လေ။ ကျွန်တော်က ဂျောင်ဝန်းကို ဖွင့်ပြောမယ်လုပ်နေတာ။ ကျွန်တော် ပထမဆုံးကျောင်းစတက်တဲ့ရက်မှာတွေ့ခဲ့တယ်ဆိုတဲ့ အစ်ကိုသေးသေးလေးလေ။ ဟျောင်းကိုပြောဖူးတာ မှတ်မိလား။ ချစ်စရာလဲကောင်း၊ သဘောလဲကောင်း၊ လှလဲလှတယ်ဆိုတဲ့ အစ်ကိုသေးသေးလေး။ ကျွန်တော်က အဲအစ်ကိုကို ကြိုက်နေတာ"

ဆောင်းဟွန်း သူ့ဆံပင်တွေသူ ဆွဲဖွလိုက်မိတယ်။ ရူးတောင်ရူးချင်လာပြီ!
"အဲတုန်းက မင်း ဆောနူအကြောင်းပြောတယ် ထင်နေတာ။ မင်းပြောတော့ အဲအစ်ကိုသေးသေးလေးက ချစ်စရာကောင်းတယ်! သဘောလည်းကောင်းတယ်! လှလည်းလှတယ်ဆို! သူ့အစ်ကိုနဲ့ အိမ်အတူပြန်မှာလို့လည်း ပြောခဲ့သေးတယ် မဟုတ်လား။ ပြီးတော့ အဲနေ့က ဟျောင်းတို့ ဆောနူကို ဂျေးနဲ့အတူအိမ်ပြန်တာကို တွေ့လိုက်ရတာပဲ။ မင်း... မင်းတောင် သူ့ဆီပြေးသွားသေးတယ်လေ!!"

"အာ.. အဲနေ့က ဂျောင်ဝန်းဟျောင်းက သူ့အစ်ကိုနဲ့ အိမ်အတူတူပြန်ပါတယ်။ ဟျောင်း ကျွန်တော့်နားရှိနေတုန်း ဆောနူဟျောင်းတို့ကို အရင်တွေ့လိုက်တာ။ ကိုယ့်crushနဲ့တစ်ခုံထဲထိုင်တဲ့ crushရဲ့သူငယ်ချင်းအရင်းကြီးကို မနှုတ်ဆက်လို့ မကောင်းဘူးလေ။ အဲဒါကြောင့် သွားနှုတ်ဆက်နေတာနဲ့ ဂျောင်ဝန်းဟျောင်းတို့ပြန်သွားတာ မတွေ့လိုက်တာ"

"ဟမ် ဒါနဲ့ နေပါဦး! မဟုတ်မှလွဲ နှစ်ယောက်လုံးက ကျွန်တော်က ခုနက ဆောနူဟျောင်းကိုဖွင့်ပြောနေတယ်လို့ ထင်နေကြတာလား"

အခြေအနေက လုံးဝတိတ်ဆိတ်သွားတယ်။ ဆောင်းဟွန်းရဲ့ အသက်ရှုသံပြင်းပြင်းကိုပဲ ကြားနေရတာ။ သူ့ကြည့်ရတာ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို လက်သီးနဲ့ထမထိုးမိအောင် မနည်းထိန်းချုပ်နေရတဲ့ပုံ။

ခဏလေးအတွင်းမှာပဲ ရယ်သံအကျယ်ကြီးက တိတ်ဆိတ်နေတာကို ဖြိုခွင်းပစ်လိုက်တယ်။ စိတ်အနှောင့်အယှက်ပေးနိုင်လောက်တဲ့ဂျေးရဲ့ခပ်ကြောင်ကြောင်ရယ်သံက အိမ်ထဲ ပဲ့တင့်သံထပ်သွားတယ်။

"သောက်ပါးစပ်လေး ပိတ်ပြီးနေပေးပါလား ဂျေး!" 

ဂျေးကရယ်ရလွန်းလို့ မြေကြီးပေါ်တောင်လဲကျသွားပြီး ဗိုက်ကိုလက်နဲ့ဖိထားရတယ်။
"ဘုရားရေ ဘာလို့ဒါက ငါ့အတွက် ဒီလောက်တောင် ရယ်စရာကောင်းနေတာလဲ"

"မင်းက သောက်ကျင့်မကောင်းတဲ့ကောင်မို့လို့ပေါ့!!!"

"ဟေ့ကောင် အဲစကားမင်းမျက်ခွက်ကြီးကြည့်ပြီး ကိုယ့်ဘာသာပြန်ပြော!"
ဂျေး ရယ်နေတာ ပိုလို့တောင်အသံကျယ်လာတယ်။
"ဘုရားရေ တကယ်အူတက်နေပြီ"

ဂျေး အရယ်ရပ်ဖို့ မိနစ်ပိုင်းလောက် အချိန်ယူလိုက်ရတယ်။

"ဝါးးး ကောင်းလိုက်တာ"
အရယ်လွန်လို့ ကျလာတဲ့မျက်ဝန်းထောင့်က မျက်ရည်တွေကိုသုတ်ရင်း ဂျေးကပြောတယ်။
"ငါ မင်းကို ငဒူလအ၊ငပိန်းမှန်းသိပြီးသားပေမယ့် ပြောစရာရှိတာတော့ပြောရဦးမယ်ကွာ။ မဟုတ်ရင် သောက်တလွဲတွေ လုပ်လွန်းလို့။ ဒီတော့ ငါပြောတာနားထောင်"
ဂျေးက ခဏရပ်လိုက်တယ်။ နီကီကိုကြည့်ပြီး
"ဒါနဲ့ နီကီ မင်းအိမ်ပြန်တော့လေ။ ဆောင်းဟွန်းကတော့ ဒီညပြန်ဖြစ်မယ်မထင်ဘူး"

နီကီက ညည်းရှာတယ်။
"ကျွန်တော် ဒီည ဒီမှာနေလို့မရဘူးလား။ ဘာတွေဖြစ်သလဲ သေချာသိချင်လို့ပါ"

"ရှုးးးးးးး တိတ်စမ်း ဟျောင်း မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်။ ပြီးတော့ ဆောင်းဟွန်း! မင်းလာ! ဆက်ပြောမယ်။ မင်းငတုံးဆိုတာသိလို့ အကြံပေးမယ်။ ငါက နီကီကို ငါနဲ့အတူအပြင်ခေါ်သွားမယ်။ မင်းက ဒီမှာနေ။ ဆောနူဆီကိုသွား။ ကြိုက်တာကိုကြိုက်တယ် ဝန်ခံလိုက်။ ဟေ့ကောင် ပိတ်မငြင်းနဲ့။ ငါ ဘယ်လောက်တောင် ပင်ပန်းနေပြီလဲ ဝင်ခံစားကြည့်စမ်း။ ဆောနူကို မင်းစိတ်ထဲရှိသမျှအကုန်သာ ထုတ်ပြောလိုက်ပါကွာ။ အေးးးးး အဆင်မပြေလို့ကတော့ မင်းကို ဆောနူဘဝထဲကနေ ငါကိုယ်တိုင် ဆောင့်ကန်ပြီးထုတ်ပစ်မှာ။ ကြားလား!!!"

ဆောင်းဟွန်း သူ့သူငယ်ချင်းကို ခေါင်းငြိမ့်ပြလိုက်တယ်။ ဦးနှောက်ထဲ ဇာတ်ကွက်တွေ၊ စိတ်မှန်းနဲ့ ဖြစ်လာနိုင်ချေတွေ တကွက်ပြီးတကွက် ဖျတ်ခနဲရိပ်ခနဲပေါ်လာတယ်။ သူ့ခေါင်းထဲမှာ ဆောနူကိုပြောဖို့ ဇာတ်ညွှန်းတွေ စရေးနေမိပြီ။

"ခေါင်းထဲပေါက်ကရတွေစာစီမနေနဲ့ အသုံးမကျတဲ့ကောင်ရဲ့! ပြီးရင် ဆောနူရှေ့မှာ ဘာမှမပြောနိုင်ဖြစ်နေလိမ့်မယ်"

ဆောင်းဟွန်း အံကြိတ်လိုက်မိတယ်။
သူ ဂျေးကို အမြင်ကတ်လိုက်တာ။

🥀


sorry for the bad translation in this part. I'm so sleepy and my head can't work well.😭

Continue Reading

You'll Also Like

1.9M 85.4K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
382K 14.4K 44
แ€ค Fic แ€žแ€Šแ€บ แ€กแ€›แ€™แ€บแ€ธแ€›แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ญแ€ฏแ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€กแ€žแ€ฏแ€ถแ€ธแ€กแ€”แ€พแ€ฏแ€”แ€บแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€žแ€ฌแ€žแ€ฏแ€ถแ€ธแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ Big Warning ๐Ÿšจ18+ Fic แ€แ€•แ€ฏแ€’แ€บแ€–แ€ผแ€…แ€บแ€žแ€Šแ€บ แ‹
1M 40.2K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
590K 18.1K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...