I love you first [PSH x KSN]

By psh_fever

15.3K 1.9K 260

In which Kim Sunoo has been nurturing his one sided love for Park Sunghoon for 11 years... ๐Ÿฅ€ Title : I love... More

1.1
1.2
2.1
2.2
3.0
4.1
4.2
5.0
6.2
7.1
Finale

6.1

1K 157 17
By psh_fever

အဲဒီနေ့ကစလို့ ရီကီနဲ့ ဆောနူကို အမြဲလိုလို အတူတွေ့ရလေ့ရှိတယ်။

ဆောင်းဟွန်းက သူတို့ကို နေရာတိုင်းမှာ တွေ့နေတော့တာ။ ပူးကပ်နေပြီးတော့လေ...။ ဆောနူနဲ့ဂျောင်ဝန်းကိုတွဲတွေ့ရတာထက်တောင် ပိုများသေးတယ်။

နေ့တိုင်း သူဟာ ဆောနူကို တောင်းပန်စကားပြောဖို့အတွက် သတ္တိတွေမွေးနေရတယ်။ ပြောဖြစ်အောင်ပြောမယ်ဆိုပြီး အားခဲထားရတယ်။
ဒါပေမယ့် သူဘာဖြစ်ချင်တယ်ဆိုတာ သူကိုယ်တိုင်မသိဘူး။ ဆောနူဟာ တောင်းပန်စကားသီးသန့် မထိုက်တန်ပါဘူး။ သူ့ရဲ့ မသေချာမရေရာမှုတွေနဲ့လည်း မထိုက်တန်ဘူး။ သူကရော... တောင်းပန်ပြီးရင် ဘာဆက်ပြောရမှာလဲ။ သူတကယ်လိုချင်တဲ့အရာကဘာလဲ။ အခု ဆောနူရဲ့ခံစားချက်တွေက တကယ်အစစ်အမှန်ဆိုတာ သိပြီမို့..၊ သူ့ဘက်ကရော... သူ့ဘက်က ဘာဆက်လုပ်ရမလဲ။

ဒီနှစ်တွေအတွင်းမှာ ဆောနူက သူ့ကို ချစ်တဲ့အကြောင်းတွေ အမြဲပြောနေခဲ့တယ်။ သူက ဒါကို ရူးကြောင်ကြောင် သာမန်ကာလျှံကာကြိုက်တာမျိုးလို့ပဲ ထင်ခဲ့တာ။ ဒါမှမဟုတ် အစ်ကိုတစ်ယောက်လိုချစ်တာကို ဆောနူအမှတ်မှားနေတယ်ပေါ့... ဒီလိုတွေတွေးပြီး ဘယ်သောအခါမှ လေးလေးနက်နက်မရှိခဲ့ဘူး။ အခု ဒါဟာ ချစ်သူရည်းစားအချစ်မျိုးဆိုတာလည်းသိရော... သူ့ရင်ထဲက တစ်စုံတစ်ခုက နိုးကြွလာတယ်။ သေရော... ဆောနူအတွက် သူ့မှာခံစားချက်တစ်ခုခုရှိနေတာ သတိထားမိလာတာ။ ဒါပေမယ့် အဆင်ပြေပါ့မလား။ ဒီအချက်တစ်ခုနဲ့တင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပါ့မလား။ ဆောနူကို ဆိုးဆိုးရွားရွားနာကျင်အောင်လုပ်ခဲ့မိတာမို့... သူဟာ ဆောနူနဲ့မထိုက်တန်ဘူးလို့ပဲ တွေးနေမိတော့တယ်။

ဒါပေမယ့် ဆောနူကို အခြားတစ်ယောက်နဲ့အတူတူတွေ့လာပြီးနောက်ပိုင်း သူ့မှာပူပန်သောကတွေများလာတယ်။ ဆောနူက သူ့အပေါ်ခံစားချက်တွေကုန်သွားရင်....လို့ တွေးမိတိုင်း ဂယောင်ခြောက်ခြားဖြစ်ချင်လာတယ်။

ဒီအတွေးက သူ့အတွင်းကလီစာတွေကို တစစီကိုက်ဖဲ့နေသလိုပဲ... တစ်ခါလောက်တွေးလိုက်မိတာနဲ့ ရင်ဘတ်တစ်ခုလုံးဟောင်းလောင်းဖြစ်ကျန်ခဲ့ရတယ်။




"ဆောင်းဟွန်း"

ဆောင်းဟွန်းဟာ ခေါင်းကိုခါရမ်းလို့ ခံစားချက်တွေကို မျိုသိပ်လိုက်ရတယ်။ တောက်လျှောက်တွေးနေမိတာတွေကို ခေါင်းထဲကနေ ဖယ်ထုတ်ဖို့အတွက် မလုံလောက်တဲ့အားထုတ်မှုတွေလုပ်နေမိတယ်။

"မင်း အခုတလော ဘာကိုမှအာရုံမစိုက်နိုင်ဖြစ်နေသလိုပဲ။ အဆင်ပြေတာ သေချာရဲ့လား"

"ပြေပါတယ်။ မေးပေးလို့ကျေးဇူးပဲ ဂျေး"

"ဒါနဲ့ သွားသောက်ချင်လား။ ဒီနားမှာ barအသစ်ဖွင့်ထားတာ တွေ့လိုက်တယ်။ ယောဂျွန်းနဲ့ ဆူဘင်းဟျောင်းနဲ့က ကောင်းတယ်ပြောနေတာ။ သွားချင်သလား"

ဆောင်းဟွန်း သွားရကောင်းမလား တွေးလိုက်မိတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကစလို့ သူဟာ ချောက်ကမ်းပါးမှာရပ်နေရသလို ခံစားနေရတာ။ နောက်တော့ သူခေါင်းငြိမ့်လိုက်မိတယ်။

နှစ်ယောက်သား တက္ကသိုလ်ကနေ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းဂိတ်နားလဲရောက်ရော.. ဂျေးက ပြောလာတယ်။

"မင်း ဆိုဟီးနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်လို့မရဘူးလား။ မင်းနဲ့မပြတ်သေးဘူးဆိုပြီး campusတစ်ခုလုံးကို လိုက်ဖွနေတာ"

ဆောင်းဟွန်းမျက်ခုံးတွေ စုကြုံ့သွားတယ်။ ရိုးရိုးသားသားဝန်ခံရရင် သူဒီကိစ္စနဲ့ပတ်သက်လို့ နည်းနည်းမှဂရုမစိုက်ပါဘူး။ သူတို့က လမ်းခွဲပြီးပြီပဲကို။ ဆောနူက ဆိုဟီးသူ့အပေါ်cheatလုပ်နေတယ် ပြောလာတဲ့နေ့ထဲက လမ်းခွဲခဲ့တာ။ အဲဒီညအကြောင်းပြန်တွေးမိမှ... သူက ဆောနူကိုယုံပါတယ်၊ ဒီကိစ္စမှာလည်း ဆောနူပြောတာ ယုံခဲ့တယ်။ အမှန်အတိုင်းဝန်ခံလိုက်ဖို့အတွက် သူ့မာနတွေကိုရှေ့တန်းတင်လိုက်မိရုံ။ သူက ဘာမှမဖြစ်သလိုပဲ ဒီကိစ္စကို ကျော်ချခဲ့မိတာ။

"ဆိုဟီးနဲ့ပတ်သက်လို့ ဘာမှဂရုမစိုက်ပါဘူးကွာ။ ငါတို့က ဆိုင်မှမဆိုင်တော့တာ"

"အေး မင်းမဆိုင်ဘူးဆိုလည်း မဆိုင်ဘူးပေါ့။ ဒါပေမယ့် မင်းသေချာစာရင်းရှင်းချင်တယ် ထင်လို့လေ။ ဆောနူက မင်းတို့မပြတ်သေးဘူးလို့ပဲ ထင်နေတာ"

ဆောင်းဟွန်းက မိနစ်ပိုင်းလေး ရပ်တန့်သွားမိတယ်။ ဂျေးကိုပြန်ပြောလို့ပြင်လိုက်တုန်းမှာပဲ ဂျေးကအရင်ပြောလာတယ်။
"တဖက်ကကြည့်ရင်တော့ ဒါလည်းတမျိုးကောင်းပါတယ်။ ဘာနေနေ ဆောနူလည်းအခုအဆင်ပြေနေတာပဲဟာ။ ခဏဏအပြင်ထွက်လည်နေတာ။ မင်းညီဝမ်းကွဲဆီကရော ဘာတွေကြားမိသေးလဲ"

"ရီကီဘက်ကရောဘယ်လိုတဲ့လဲ"

ဂျေးချောင်းဟန့်လိုက်မိတယ်။ ဆောင်းဟွန်းကိုမေးမိတာတောင် နောင်တရသလိုပဲ။ အခြေအနေက ရုတ်တရပ်တင်းမာလာတာကို ခံစားလိုက်ရတယ်။

"Humm... မင်း အခုတလော ငါတို့နဲ့ ခပ်တန်းတန်းဖြစ်နေလို့ မသိတာ။ ဆောနူနဲ့နီကီက ခဏဏအပြင်အတူတူထွက်လည်နေတာလေ။ နီကီက အခုနောက်ပိုင်း ငါတို့အိမ်ပါ ရောက်ရောက်လာတယ်။ မင်းကတော့ ငါတို့အိမ် လာမလည်တော့တာ ဘယ်အချိန်ထဲကမှန်းတောင် မသိတော့ဘူး"

"ဘာ!!!"
ဆောင်းဟွန်းက ရုတ်တရပ်ရပ်တန့်သွားပြီး ဂျေးကိုမျက်နှာချင်းဆိုင်လိုက်တော့ ဂျေးလန့်ပါသွားတယ်။

"သူက ငါတို့အိမ်ကို အလာဆုံးဧည့်သည်လို့။ တကယ်တော့ ငါမင်းကို အခုအပြင်ထွက်လည်ဖို့ခေါ်တယ်ဆိုတာကလည်း အဲနှစ်ယောက်ကို အိမ်မှာအမြဲတွေ့နေရတာ စိတ်ကုန်လို့။ အာ.. မင်းသိချင်မယ်ထင်လို့ ပြောပြတာ။ ရီကီက ဒီညလည်းအိမ်လာလည်ဦးမယ်ဆိုပဲ"

ဂျေးက ပြောသင့်၊မပြောသင့် မသေချာတဲ့အသံနဲ့ပြောလာတယ်။ ဆောင်းဟွန်းက အခုတလော နည်းနည်းပါးပါး... မဟုတ်သေးဘူး။ တော်တော်ကြီးကို စိတ်နဲ့လူမကပ်ဖြစ်နေတာကိုကြည့်ပြီး ဒီကိစ္စပြောရ၊မပြောရ ချင့်ချိန်နေမိတယ်။ ဆောင်းဟွန်းဒီလိုဖြစ်နေတာ ဆောနူနဲ့သက်ဆိုင်မယ်လို့ထင်တယ်။ နှစ်ယောက်ကြားက ပြဿနာတွေမှာ ဝင်မပါချင်ပေမယ့် နှစ်ယောက်လုံးက ဂျေးအတွက်အရေးပါတဲ့သူတွေဖြစ်နေပြန်တယ်။

ဆောနူက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကိုမှ ချစ်မိနေတာ သူသိပါတယ်။ ဘယ်သူကရော မသိဘဲနေပါ့မလဲ။ ဒီငပိန်းကမှ မသိတာလေ။ ဆောင်းဟွန်းအမြင်မှာ ဒီလောက်ချစ်တယ် ချစ်တယ်ပြောခံနေရတာတောင် အစ်ကိုလိုချစ်တာထင်ပါတယ်ဆိုပြီး လုပ်လိုက်သေးတာ။ အခု အစ်ကိုလိုမဟုတ်ဘဲ ဟိုလိုချစ်မှန်းလည်း သိသွားရော၊ ကြည့်ရတာတော့ အလန့်လွန်သွားလို့ ဦးနှောက်ဆဲလ်တွေကိုဆက်သွယ်ထားတဲ့ကြိုးတွေ ပြတ်တောက်သွားပုံရတယ်။

ဆောင်းဟွန်း ဆောနူအပေါ် ပိုင်စိုးပိုင်နင်းသိပ်လုပ်တာတွေ၊ ရင်အုပ်မကွာ စောင့်ရှောက်ချင်တာတွေ၊ မျက်စိဒေါက်ထောက်လိုက်ကြည့်နေတာတွေ၊ အလွန်အကြူးကာကွယ်ပေးနေတာတွေ... ဆောင်းဟွန်းဘက်ကလည်း ဒါတွေကို ညီလေးလိုချစ်မိလို့ လိုက်လုပ်ပေးခဲ့တာလို့ ထင်နေပုံပဲ။ အခု ဒီအကြောင်းတွေတွေးမိတာတော့ ဂျေးတောင် ရူးချင်ချင်ဖြစ်သွားတယ်။

ဆောနူက ဆောင်းဟွန်းကိုချစ်နေဆဲဆိုတာ ဂျေးသိပါတယ်။ ညီဖြစ်သူကို ကောင်းကောင်းနားလည်တယ်။ ရီကီက ဆောနူအတွက် သူငယ်ချင်းအဆင့်ပဲဆိုတာလည်းသိတယ်။ ရီကီဘက်ကတော့ ဘယ်လိုလဲဆိုတာ သူမသိဘူးပေါ့။ နှစ်ယောက်လုံးက ရိုးရိုးသားသား သူငယ်ချင်းတွေဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။

တခြားနေ့တွေလိုဆိုရင်တော့ သူဘာမှမပြောဘဲ တိတ်ဆိတ်နေမိလောက်တယ်။ ဒါပေမယ့် အခုတော့ ဆောင်းဟွန်းကို ကိုယ်ပိုင်ခံစားချက်တွေကို သဘောပေါက်သွားဖို့ ကူညီချင်မိတယ်။ ဘာလို့လဲဆို ဒီပိန်းတိန်းနေတဲ့ကောင်က တကယ်ကြီးကို အကူအညီလိုနေတာ!

"ခဏ! ဂျေး။ ငါ ဘားမသွားချင်တော့ဘူး။ မင်းအိမ်မှာ ကစားရတာ လွမ်းသွားပြီ။ မင်းအိမ်ပဲ သွားရအောင်"

ဆောင်းဟွန်းက ရုတ်တရပ် အနောက်ဘက်ကို လှည့်ထွက်သွားတယ်။ တက္ကသိုလ်ထဲက ကားပါကင်နေရာကို ခြေလှမ်းကျဲကြီးတွေနဲ့ ခပ်သွက်သွက်လျှောက်သွားတယ်။

ဂျေးလည်း ခပ်ဖွဖွရယ်ရုံသာ တတ်နိုင်တော့တယ်။

Continue Reading

You'll Also Like

207K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
940K 21.6K 49
In wich a one night stand turns out to be a lot more than that.
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 20K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...