I love you first [PSH x KSN]

By psh_fever

17.9K 2.2K 262

In which Kim Sunoo has been nurturing his one sided love for Park Sunghoon for 11 years... 🥀 Title : I love... More

1.1
1.2
2.1
2.2
3.0
4.2
5.0
6.1
6.2
7.1
Finale

4.1

1.1K 172 10
By psh_fever

"ဟမ် ပြန်လာတာစောလှချည်လား"

ဂျေးတံခါးထဖွင့်ပေးလိုက်တော့ စူပုတ်ချိတ်နေတဲ့မျက်နှာလေးနဲ့ဆောနူရယ်၊ ရုပ်တည်ကြီးနဲ့ဆောင်းဟွန်းရယ်က အိမ်ထဲဝင်လာတယ်။ နှစ်ယောက်ကိုအတူမြင်လိုက်ရတာ ဂျေးလန့်တောင်သွားတယ်။ ဆောင်းဟွန်းက ဆောနူကို လိုက်ပို့ပေးတာသိပေမယ့် အတူပြန်လာမယ်လ်ို့တော့ မထင်ထားဘူးလေ။

"နာရီလဲကြည့်ဦး။ ၁၀နာရီကျော်နေပြီ။ ဒါကိုစောလှချည်လား လာလုပ်နေတယ်။ ဒီအချိန်ကြီး မင်းညီ တစ်ယောက်ထဲ လမ်းပေါ်ရောက်နေတာ မင်းကြိုက်မလား ကျစ်"

နဖူးမှာအရေးအကြောင်းတွေထင်တဲ့အထိ တွန့်ချိုးနေတဲ့ဆောင်းဟွန်းက ဆောနူကိုအိမ်ပေါက်ဝမှာထားခဲ့ပြီး ဂျေးကို ထေ့လုံးငေါ့လုံးတွေနဲ့ စကားဆိုလာတယ်။

"ဟင် အေးဆေးပေါ့ ဟေ့ကောင်ရ။ သူ ခါတိုင်း ဂျောင်ဝန်းအိမ်သွားလည်ရင် ပြန်လာတာ ဒီထက်တောင်နောက်ကျသေးတယ်။ မင်း ရန်လိုနေစရာမဟုတ်ပါဘူး"
ဂျေးက လက်နှစ်ဖက်မြှောက်ပြီး ခပ်အေးအေးပြောတော့ ဆောင်းဟွန်းနဖူးပေါ်က အရေးအကြောင်းတွေပိုထင်းလာတယ်။ ဂျေးပြောတာ ကန့်ကွက်မယ်လုပ်တုန်းမှာပဲ ဆောနူက သည်းမခံနိုင်တော့တဲ့ပုံနဲ့ နှစ်ယောက်ကြား ဖြတ်ဝင်လာတယ်။

"တော်ကြပါတော့ ကျွန်တော်အထဲဝင်တော့မယ်။ အိမ်ထိကိုယ်တိုင်ကိုယ်ကျ အကြိုအပို့လုပ်ပေးတဲ့အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ နော်.. ။ ကျွန်တော့်dateမှာ လိုလဲမလိုဘဲ dateပြီးတဲ့အထိ စောင့်နေပေးတဲ့အတွက်လည်း ကျေးဇူး! တင်! ပါတယ်!"
ဆောနူက ဂျေးကိုတွန်းတိုက်ဝင်လာပြီး နှစ်ယောက်လုံးကို စိတ်ရှုပ်ဟန်နဲ့ကြည့်နေတယ်။

ဂျေးက ဆောနူအကြည့်ကို အကဲခတ်မိတော့ ဆောင်းဟွန်းကိုမေးရတယ်။ "ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်ခဲ့တာလား။ နေပါဦး မင်းက တကယ်ကြီး သူdateနေတုန်း တောက်လျှောက်ထိုင်ကြည့်နေတာလား"

လက်တွေက ဘောင်းဘီအိတ်ထဲထည့်လို့...ဆောင်းဟွန်းက အကြည့်လွှဲလိုက်မိတယ်။
"မင်းညီဘာဖြစ်လဲ ငါမသိဘူးလေ။ ငါ့ဘာသာညစာထိုင်စားနေတာ။ သူ့လဲကြည့်မနေပါဘူး။ ဖြစ်နိုင်တာက ဟီဆွန်းက ပျင်းဖို့ကောင်းလို့နေမှာပေါ့"

"ဟီဆွန်း...?"

ဂျေးမျက်လုံးတွေ မှေးကျဉ်းလာပြီး ဒီနာမည်ကိုဘယ်မှာကြားဖူးလဲ စဉ်းစားနေတယ်။ သတိလဲရရော သူ့မျက်လုံးတွေပြူးကျယ်သွားတော့တာပဲ။ 

"ရားးးးး ဆောနူ!!!! အီဟီဆွန်း???? မင်းနဲ့dateလာတာ အီဟီဆွန်းလား!!! ဟာ ငါ့ညီလေး တကယ်ကြီးကိုစန်းပွင့်လာတာပါလား!"

အပိုတွေလုပ်ပြန်ပြီ။
ဆောနူ ဂျေးကိုကြည့်ရင်း ဒီလိုပဲတွေးလိုက်မိတော့တယ်။

"ကောင်စုတ်လေးးး!!!! သိရဲ့လား။ ၁၀မှတ်က အမှတ်ပြည့်ဆို အီဟီဆွန်းက ၁၂မှတ်လောက်ရမယ့်လူမျိုးကွ!!!"

ဆောင်းဟွန်းက တံခါးဝမှာရှိနေသေးမှန်း ဂျေးလုံးဝမေ့သွားတယ်။ ဖိနပ်ချွတ်နေတဲ့ဆောနူကိုပဲအာရုံရပြီး စကားတွေအော်ပြောနေမိတော့တာ။

ဆောနူက ဆူညံနေတဲ့ဂျေးကိုကြည့်ပြီး မြန်မြန်ပြေးမှပဲလို့ ဆုံးဖြတ်ချက်ချလို့ လှေကားပေါ်တက်ဖို့ပြင်တယ်။

"ရားးး ဆောနူ!! မင်း အီဟီဆွန်းရှေ့ ကိုယ့်ဘာသာ အရှက်ခွဲမလာခဲ့ဘူးမလား။ သူက လောင်းကြေးငွေအပုံကြီး ရွှေအိုးကြီးကွ!!!"

"ရားးးး ပတ်ဂျုံဆောင်း!!!!"

ဆောင်းဟွန်းအသံလဲကြားလိုက်ရော ဂျေးရော ဆောနူပါ လန့်သွားတယ်။ နှစ်ယောက်လုံးက ဆောင်းဟွန်းမရှိတော့ဘူးထင်နေတာလေ။ ဂျေးနဲ့ဆောင်းဟွန်း ဆယ်နှစ်အရွယ် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာကထဲက ဆောင်းဟွန်းက သူတို့အိမ်လာနေကြ။ လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန်၊ ပြန်ပြီဆိုလည်း မပြောမဆိုနဲ့ ထထပြန်သွားတာမို့ အခုတောင် နှစ်ယောက်လုံးက ဆောင်းဟွန်း သူ့အိမ်သူပြန်သွားပြီထင်နေတာ။

"အမ် မင်းဒီမှာရှိနေတုန်းလား"
တနုံ့နုံ့ဖြစ်နေတဲ့သူငယ်ချင်းကိုကြည့်ပြီး ဂျေးက ရယ်ချင်ပက်ကျိဖြစ်လာတယ်။ ဆောင်းဟွန်းကြည့်ရတာ တအားဒေါသထွက်နေသလိုပဲ။ တစ်ယောက်ယောက်က သူ့အကြိုက်ဆုံးbasketballပေါ်မှာ အရုပ်တွေလျှောက်ဆွဲထားလို့ စိတ်တိုသလိုပုံစံဖြစ်နေတာ။ ဂျေးက ဆောင်းဟွန်းဒီလိုဖြစ်နေတာ တစ်ခါမှမတွေ့ဖူးဘူး။ ပြောရမယ်ဆို ဒီကောင်က ခပ်ချေချေရုပ်နဲ့ သူများတွေထက်ခြေလှမ်းအများကြီးသာတဲ့ဦးနှောက်ပိုင်ရှင်လို နေနေကြလေ။ ဘယ်နှယ့်ကြောင့် ဆောင်းဟွန်းက အခုသိသိသာသာဒေါသထွက်နေရတာလဲ။

"မင်းညီကို ဘာလို့ဆင်ဆင်ခြင်ခြင် နေဖို့တောင် မပြောရတာလဲ။ အီဟီဆွန်းအကြောင်း အတွင်းကျကျသိနေတာလဲမဟုတ်ဘဲ ကိုယ့်ညီကို တွန်းပို့နေတယ်။ ဒီလောက် နာမည်ကြီးတဲ့လူက ဆောနူကို အတည်ကြံမယ်များ မှတ်နေသလား။ ကောင်မလေးတွေအကုန် အရူးအမူးဖြစ်နေတဲ့အဲလိုလူမျိုးကလေ။ အီဟီဆွန်းက ဆောနူကို အပျော်ကြံသွားရင် ဘယ်လိုလုပ်မှာလဲ!!!"

ဆောင်းဟွန်းက တကယ်ကြီးဒေါသထွက်နေမှန်း သိလိုက်ရတော့ ဂျေး မျက်မှောင်ကြုံ့မိသွားတယ်။ ဂျေး သူ့သူငယ်ချင်းကို ကြည့်နေမိတယ်။ ဆောင်းဟွန်းက သူ့ညီလေးကို ဘယ်လောက်တောင်ချစ်လဲ ဂျေးသိပါတယ်။

ဒါကြောင့်မလို့ ဆောင်းဟွန်း သူ့ညီအသည်းကို အခါခါခွဲနေလည်း စိတ်မတိုနိုင်တာပေါ့။ ဆောင်းဟွန်းကို ဆောနူကိုကြိုက်ပေးစမ်းပါကွာဆိုပြီး မရမကတိုက်တွန်းလို့ရနေတာလဲမဟုတ်။ ဒုတိယအချက်က ဆောင်းဟွန်းက ဆောနူအပေါ် အမြဲအစ်ကိုကြီးလို ပြုမူဆက်ဆံပေးလို့ပဲ။ ဆောနူကိစ္စဆို မဆိုင်လဲဝင်စွက်ဖက်၊ အမြဲတမ်းဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်ရှိပြီး ဆောနူ ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာစားတယ် တပွမ်ပွမ်နဲ့မေးနေကြ။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ လွန်သွားပြီလို့ ဂျေးထင်တယ်။ ဆောနူအတွက် စိတ်ပူလို့ပြောမှန်းသိပေမယ့် ဆောနူက တမျိုးထင်သွားရင်ရော။ ဆောင်းဟွန်းက သူ့ညီလေးကို လုံလောက်တာထက် ပိုပြီးနာကျင်စေခဲ့ပြီးပါပြီ။

ဆောင်းဟွန်းနဲ့ထိပ်တိုက်တွေ့ပြီး ဒီကိစ္စအကြောင်းပြောဖို့ပြင်လိုက်စဉ်မှာပဲ ဆောနူဘက်က စကားသံထွက်လာတယ်။

"ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက်က ကျွန်တော့်ကို သဘောကျတယ်ဆိုတာ အဲလောက်ယုံဖို့ခက်သလား။ အီဟီဆွန်းလို ကြီးကျယ်မြင့်မြတ်တဲ့လူမျိုးက ကျွန်တော့်ကို သဘောကျတယ်ဆိုတာ ယုံချင်စရာမကောင်းတာလား"

ဆောနူမျက်လုံးတွေမှာ နာကျည်းရိပ်တွေ တငွေ့ငွေ့တောက်လောင်နေတယ်။ ဘာလို့ဆို ဆောင်းဟွန်းဆိုလိုတာ ဆောနူ ယူဆမိတာအပြင် တခြားဘာအဓိပ္ပာယ်ရှိဦးမှာလဲ။

ဆောင်းဟွန်းမျက်နှာကြော တင်းမာနေရာက ပြေလျော့သွားတယ်။ ရုတ်တရပ် သူ့စကားတွေရဲ့ ရှုပ်ထွေးတဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ဆောနူက အဓိပ္ပာယ်တမျိုးမှတ်ယူသွားခဲ့ပြီ။ သူဖြေရှင်းချက်မပေးနိုင်သေးခင်မှာတင် ဆောနူက အပေါ်ထပ်ပြေးတက်သွားတယ်။

ဂျေး ဆောင်းဟွန်းကိုကြည့်ပြီး ခေါင်းခါရုံသာတတ်နိုင်တော့တယ်။

"ဆောရီး ဂျေး.. ငါဆိုလိုတာ အဲတာမျိုးမဟုတ်... ဟာ..."

ဂျေး ဆောင်းဟွန်းရဲ့ပုခုံးတွေပေါ် သူလက်တင်လို့၊ သက်ပြင်းချလိုက်မိတယ်။

"အွန်း ငါသိတယ်။ ဒါပေမယ့် မင်း သူ့ကို သူလုပ်ချင်တာလုပ်ဖို့ လွတ်လပ်ခွင့်တော့ ပေးထားရမယ်လေကွာ။ ဘယ်လောက်ကြာပြီမှန်း ငါတောင်မမှတ်မိတဲ့အထိ သူ့ကမ္ဘာက မင်းတစ်ယောက်ထဲကို ဗဟိုပြုပြီးလည်ပတ်နေခဲ့တာ။ ဖြစ်နိုင်တာကတော့ အခုချိန်က မင်းကိုပေးခဲ့တဲ့ သူ့မေတ္တာတွေလို သူ့ကိုပြန်ပြီး ဂရုတစိုက်ရှိနေပေးမယ့် တစ်ယောက်ယောက်ကို သူရှာသင့်တဲ့အချိန်ပဲ"

"ငါစိတ်မဆိုးပါဘူး။ ငါ့ညီ မင်းကိုချစ်ခဲ့မိလို့ နာကျင်ခဲ့ရတာတွေအတွက်လည်း အပြစ်မတင်ဘူး။ မင်းကိုလည်း သူ့ပြန်ကြိုက်ဖို့တွန်းအားပေးလို့မှမရတာ။ ဒီတော့ ငါပြောချင်တာက သူ့ကို ဒီအခွင့်အရေးတော့ ပေးလိုက်ပါကွာ။ သူ့ဘာသာနေပါစေ။ မင်းက သူလိုချင်တဲ့အချစ်မျိုး ဘယ်တော့မှမပေးနိုင်တာ သူသေချာသိသွားပြီမို့၊ ပြောရတာ တမျိုးဖြစ်နေပေမယ့် ကျေးဇူးပြုပြီး ငါ့ညီကိုလွှတ်ထားပေးပါ။ သူလည်း move onသင့်နေပြီလေကွာ"

ဂျေးက သူ့ကိုထားပြီးထွက်သွားခဲ့တယ်။
သူကတော့ လေးလံနေတဲ့နှလုံးသားတစ်ခုကိုပိုက်ပြီး ကမောက်ကမတွေဖြစ်လို့...




🥀





ဟီဆွန်းဟျောင်းနဲ့တွေ့ဆုံခဲ့ခြင်းဟာ ဆောနူအတွက် သန့်ရှင်းလတ်ဆတ်တဲ့လေထုလေးကို ရှုရှိုက်ခွင့်ရလိုက်သလိုပဲ။ ဘဝမှာပထမဆုံးအကြိမ် အစ်ကိုလဲမဟုတ်၊ ကိုကိုလဲမဟုတ်၊ ဂျောင်ဝန်းလဲမပါတဲ့ အချိန်တွေကို ကုန်ဆုံးဖူးတာပဲ။ ဘဝမှာ ပထမဆုံးအကြိမ် တခြားလူတစ်ယောက်နဲ့ အပြင်အတူတူထွက်လည်ဖူးတာဖြစ်ပြီး... အဲဒါက ခံစားလို့ကောင်းတယ်။ first dateမှာ နည်းနည်းကပျက်ကချော်ဖြစ်ခဲ့လို့ သွားပြီထင်ခဲ့ပေမယ့် အထင်နဲ့လွဲမှားစွာပဲ ဟျောင်းက သူ့ကို ဒုတိယအကြိမ်ထပ်တွေ့ဖို့ တောင်းဆိုလာတယ်။

အခုဆို သူတို့တွေ့နေတာ လေးကြိမ်ဆက်တိုက်ရှိပြီ။ သူ ဟျောင်းကို သဘောကျတယ်လို့... ထင်တာပါပဲ။

ဟျောင်းက ရယ်လည်းရယ်ရပြီး ဆက်ဆံရေးပြေပြစ်တဲ့သူ။ လုံးဝပြီးပြည့်စုံတဲ့လူသား။ ဆောနူအတန်းဆင်းချိန်တွေဆို လာခေါ်တယ်၊ အိမ်ထိလိုက်ပို့ပေးတယ်၊ သူတို့တွေ တက္ကသိုလ်အပြင်ဘက်မှာလဲ မကြာခဏ ထမင်းထွက်စားဖြစ်တယ်။

ဂျောင်ဝန်းကသူ့ကို "မင်း နောက်ဆုံးတော့လူဖြစ်ပြီ"ဆိုပြီး မကြာခဏစနောက်လာတယ်။ အစ်ကို့အပေါ်အရမ်းအစွဲအလမ်းကြီးပြီး အစ်ကိုကလွဲ ဘာမှမသိခဲ့သူမို့ သူဟာ တခြားလူတစ်ယောက်နဲ့အတူ အချိန်တွေကုန်ဆုံးရတဲ့ခံစားချက်ဟာ ဘယ်လိုမှန်းမသိခဲ့တာ ကြာပြီ။ ဒါဟာ ပထမဆုံးအကြိမ် ဒီလိုခံစားချက်ကို ကိုယ်တွေ့ကြုံရတာပဲ။ သူကပိုးပန်းခံရတဲ့သူဖြစ်ပြီး.. လိုက်ပိုးပန်းတဲ့သူဖြစ်မနေတာ.. ပျော်စရာကောင်းတယ်။ အိမ်မက်ဆန်တယ်။ စိတ်ကူးလေးအတိုင်း မျောလွင့်နေရသလိုပဲ။

ပြီးခဲ့တဲ့၁၁နှစ်လုံးမှာ သူလုပ်ခဲ့သမျှ အစ်ကို့နောက်ကနေ တကောက်ကောက်လိုက်ပြီး အစ်ကို့ကို ချစ်ပါတယ်လို့ တဖွဖွပြောခဲ့တာ။ ဘယ်လောက်ထိချစ်ပါတယ်ဆိုတဲ့အကြောင်း သက်သေပြဖို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့တာတွေချည်းပဲ။ နှစ်ပေါင်းများစွာ သူ့နှလုံးသားကို ထပ်တလဲလဲခွဲနေခဲ့တာတွေလည်း အမှတ်မရှိခွင့်ပြုခဲ့သေးတာ။

ဒါပေမယ့် အခု ပျော်နေရပါတယ်ဆိုရင်တောင် တစ်ခုခုပျောက်ဆုံးနေတာ သူသိနေတယ်။

အရာသေးသေးလေးတွေ...
ခံစားချက်သေးသေးလေးတွေ...

စည်းချက်ညီနေတဲ့နှလုံးခုန်သံက ရုတ်တရပ် ကာရန်မညီဖြစ်ကုန်တာမျိုးလေးတွေ....
နှလုံးသားလေး တဒုတ်ဒုတ်ခုန်နေတာ....
ရင်တွေ တလှပ်လှပ်ဖြစ်နေတာ...
အစာအိမ်ထဲ ဗြောင်းဆန်နေတာ...

လိပ်ပြာတွေ...
သူက လိပ်ပြာတွေကို ရှာနေမိတာပဲ...

မီးပန်းမီးပွါးလေးတွေ...

အို မီးပွါးလေးတွေ...

ဟျောင်းနဲ့အတူရှိနေချိန်မှာ ဆောနူဟာ ဒါတွေတစ်ခုမှမခံစားရပါလား


"မင်းအရမ်းစိတ်ကူးယဉ်နေလို့နေမှာပါကွာ။ အဲဒါမျိုးတွေက ဝတ္ထုတွေထဲမှာပဲရှိတာ။ မင်းဖတ်နေကြ ဝတ္ထုတွေကိုက ဒါမျိုးမဟုတ်ကဟုတ်ကရေးထားတာတွေချည်း"

နေ့လည်ခင်းတစ်ခုမှာ ဆောနူက ဂျောင်ဝန်းကို ပြောခဲ့ဖြစ်တယ်။ ဟီဆွန်းဟျောင်းနဲ့အတူရှိနေတာ ပျော်စရာကောင်းပေမယ့်... တချို့အရာတွေကတော့ ပျောက်ဆုံးနေတယ်ဆိုတဲ့ အကြောင်းတွေ...။ ရင်ခုန်ကြည်နူးဖွယ်လေးတွေကို သူမခံစားရတဲ့အကြောင်းတွေ...။

"မဟုတ်ဘူး။ တကယ်ရှိပါတယ်ဆို။ အစ်ကိုနဲ့တုန်းကဆို အဲဒါမျိုးတွေအကုန်ခံစားဖူးတယ်"

"ဘာလဲ။ မင်းက သူ့ဆီပြန်သွားချင်နေတာလား။ မင်းကိုမကြိုက်မှန်းသိတာတောင် သူ့ဆီပြန်သွားချင်နေတုန်းလား"

ဆောနူ ဂျောင်ဝန်းကို ခပ်သာသာကြည့်မိတယ်။

"အာ.. ဆောရီး.. ငါအဲလိုမရည်ရွယ်ပါဘူး"

ဆောနူ စိတ်တွေညစ်နွမ်းသွားမိပြီ။ ဂျောင်ဝန်းပြောတာမှန်နေတာပဲလေ။ ဖြစ်နိုင်တာကတော့ အခုမှ အစရှိသေးလို့နေမှာ။ နောက်အခါတွေကျ ဒါမျိုးတွေ သူခံစားမိလာမှာပေါ့။

"အွန်း ငါကြိုးစားကြည့်ပါ့မယ်"




ဒါပေမယ့် "နောက်အခါတွေ"ဆိုတာ ရှိမလာခဲ့ပါဘူး။

Continue Reading

You'll Also Like

747K 20.3K 75
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
295K 14.5K 95
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
1.5M 26.2K 54
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.7M 99K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...