အသွင်ပြောင်းသားရဲလေးတွေရဲ့ မေ...

By annakk_97

10.4K 1K 26

Dropped* Associated Names - 每天都在被幼崽们碰瓷 Author(s) - 插柳成荫 Original Publisher - jjwxc Type - Web Novel Status i... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
ကမ္ဘာပျက်ကပ် ရောက်ရှိလာခြင်း
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Announcement

အပိုင်း ၁၀

464 54 0
By annakk_97

အပိုင်း ၁၀ - မြှောင်~ ()

ယဲ့ချင်းသည် ဂရုမစိုက်တော့သောကြောင့် ကလေးမလေးရောက်လာခြင်းသည် သူမအတွက် အသေးအဖွဲဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ထို့နောက် သူမသည် အလုံးစုံကို မေ့သွားလေတော့သည်။

သူမ၏ ခြံဝင်းအတွင်းတွင် တစ်ရေးတစ်မော အိပ်မောလိုက်ပြီးနောက် Anipop*ဂိမ်းအနည်းငယ်ကို ကစားကာ ရှေးခေတ်ဒရာမာ အပိုင်းအချို့ကို ကြည့်ပြီးနောက်တွင်တော့ ညနေစောင်းတောင် ရောက်နေပြီဖြစ်သည်။

ဤနေရာရှိ မိသားစုများအားလုံးသည် ညစာအတွက်  ပြင်ဆင်နေကြပြီဖြစ်သည်။ လေထဲမှ ပျံ့မွှေးလာသောညစာ၏ ရနံ့တို့ကို ရှူရှိုက်ရင်း ယဲ့ချင်းသည် ဗိုက်ဆာလာခဲ့သည်။

အဒေါ်ကြီးနှင့် ဒုတိယအဒေါ်တို့ထဲ မည်သူက ညစာ ယူလာပေးမည်လည်းဆိုသည်ကို သူမ စဉ်းစားနေမိသည်။

သူမသည် မည်သို့မည်ပုံ ဟင်းချက်ရမည်ကို မသိကြောင်း အကြိမ်အနည်းငယ် အရိပ်အမြွက်ပြောဖူးသည်လေ။

သူမသည် ဟင်းအနည်းငယ်ကို ချက်ပြုတ်နိုင်သော်လည်း တစ်ခုမျှ အရသာသိပ်မရှိပေ။ တစ်ချိန်လုံး စားသောက်ဆိုင်များတွင် စားနေသည့်သူဆိုလျှင်တော့ ဤသည်မှာ ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကောင်းပါ၏။ သို့သော် ပုံမှန်စားရလျှင်တော့ သူမချက်ပြုတ်ထားသည်များမှာ သိပ်အရသာမရှိလှပေ။ ထို့ပြင် ယနေ့ညအတွက် သူမသည် ညစာပြင်ဆင်ချင်စိတ်မရှိနေပေ။

သူမ နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်လိုက်ပါမည်လေ။ သူမအတွက် ညစာကို မည်သူမှ ယူလာမပေးလျှင်တော့ အစားအသောက်လာပို့ဖို့ရန် အော်ဒါတင်လိုက်တော့မည်။

သူမတစ်ယောက်တည်းဖြစ်သောကြောင့် မည်သည့်အရာပဲဖြစ်ဖြစ် စားရသည်မှာ လွယ်ကူပါ၏။

ယဲ့ချင်းသည် သူမလက်ထဲတွင် ကုန်စုံဆိုင်မှ မြေပဲတစ်ထုပ်ကိုကိုင်ကာ သူမ၏ကုလားထိုင်ပေါ်သို့ ပြန်လှဲလျောင်းလိုက်သည်။ သူမ၏ နူးညံ့သော စောင်အသေးလေးကို ပြန်ချုံကာ စပီကာကိုဖွင့်လိုက်ပြီး သာယာချိုမြိန်သောတေးသံနှင့်အတူ ကောင်းကင်ပေါ်ရှိ တောက်ပသော အနီရောင်တိမ်တိုက်များကို မော့ကြည့်ကာ ကြွပ်ရွနေသောမြေပဲ*များကို တကြွပ်ကြွပ်စားနေတော့သည်။

ငါးမိနစ်အကြာတွင် အကြီးဆုံးနှင့် ဒုတိယအဒေါ်တို့သည် မိနစ်ပိုင်းအတွင်းပင် တစ်ယောက်ပြီးတစ်ယောက် ထမင်းဘူးများ ကိုင်ဆောင်လာကာ သူမ၏ ခြံဝင်းထဲသို့ ဝင်လာကြသည်ကို တွေ့လိုက်ရသည်။

ယဲ့ချင်းသည် မတတ်နိုင်တော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည်။
မြို့ကြီးတစ်ခုရှိ အိပ်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါ ကွန်ဒိုတစ်ခန်းသည် ဤမျှလောက် ဆွဲဆောင်နိုင်ပေသည်။

ရင်ထဲထိသွားကာ ယဲ့ချင်းသည် ၎င်းတို့ဆီမှ ထမင်းဘူးကိုယူလိုက်ပြီး နှစ်​ဘူးလုံးကို ဖွင့်ကြည့်လိုက်သည်။ ၎င်းတို့ ဘယ်လောက်တောင် ပြည့်စုံနေသည်လည်းဆိုသည်ကို ကြည့်ရင်း သူမသည် နှစ်ခြိုက်သဘောကျသွားသည်။

အဒေါ်နှစ်ယောက်လုံးသည် အိမ်ရှင်မများ ဖြစ်လာကြသည်မှာ နှစ်ဆယ်ချီနေပြီဖြစ်သည်။ သူမတို့၏ ချက်ပြုတ်မှုသည် စားသောက်ဆိုင်ရှိ စားဖိုမှူးခေါင်းဆောင်တိုင်းနှင့် လုံးဝ လက်ရည်တူ ယှဉ်ပြိုင်နိုင်ပေသည်။

ယဲ့ချင်းသည် ဖော်ရွေစွာပင် "ကျေးဇူးအများကြီးတင်ပါတယ်၊ အန်တီကြီးနဲ့ ဒုတိယအန်တီ။
ကျွန်မ ဒီည တစ်ဘူးစားပြီး နောက်တစ်ဘူးကို မနက်ဖြန်နေ့လည်စာအတွက် သိမ်းထားလိုက်မယ်လေ။
အဲဒါကို မိုက်ခရိုဝေ့ဖ်ထဲမှာပဲ အပူပြန်ပေးရုံပဲဆိုတော့။"

ဒုတိယအဒေါ်သည် အလွန်ဖော်ရွေပုံပင်။ သူမသည် အန်တီကြီးကို အပြုံးတစ်ပွင့် ပေးလိုက်ပြီး ပြောလိုက်သည်။
"ယောင်းမ ညစာ ယူလာမယ်ဆိုတာ ကျွန်မ သိခဲ့ရင် မနက်ဖြန်အတွက် နေ့လည်စာပဲ ယူလာမှာပေါ့။ နောက်နေ့တွေ အားချင်းကို အကျန်တွေ မစားစေချင်ဘူး မဟုတ်လား?
အခုကစပြီး ယောင်းမက ညစာကို ဂရုစိုက်ပြီး ကျွန်မက နေ့လည်စာအတွက် တာဝန်ယူလိုက်ရင်ရော ဘယ်လိုလဲ?"

အဒေါ်ကြီးသည် ဒုတိယအဒေါ်ကို စိတ်မချမ်းသာစွာကြည့်လိုက်ကာ အသိအမှတ်ပြုသလို အသံပေးလိုက်သည်။

ယဲ့ချင်းတွင် အသက်ရှင်ရန် နောက်ထပ်တစ်နှစ်ကျန်သေးသောကြောင့် အလျင်လိုစရာမရှိပေ။ သူမသည် အချိန်တစ်ခုကြာလောက် ဒုတိယအဒေါ်၏မိသားစုနှင့် ပူးပေါင်းကာ နောက်ဆုံးကျန်သည့်လတွင် တစ်ခုခုကို အဖြေရှာနိုင်လိုက်သည်နှင့် အဆင်ပြေမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒုတိယအဒေါ်၏ အတွေးသည်လည်း ဤသို့ပင်။

ယခုတွင် အဒေါ်နှစ်ယောက်လုံးသည် သဘောတူညီမှုတစ်ခုရသွားသောကြောင့် နှစ်ယောက်စလုံး၏ စိတ်ထဲတွင် တစ်ခုခုရှိနေသလိုမျိုး ယဲ့ချင်းကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ပုံမှန်အားဖြင့် သူမတို့သည် ယဲ့ချင်း၏ရောဂါကို စိုးရိမ်သောကြောင့် မည်သည့်အချိန်မျှ သူမနှင့် အတူတူထိုင်ပြီး စကားစမြည်ပြောလေ့ မရှိကြပေ။

ယင်းအစား ၎င်းတို့သည် သူမအတွက် အစားအစာများကို ပေးပြီးသည်နှင့် ထိုနေရာမှ ထွက်သွားရန်အလို့ငှါ အကြောင်းပြချက်အချို့ကို ရှာကြလေသည်။

ယခုတွင်တော့ ၎င်းတို့သည် သူမနှင့် စကားပြောချင်သော အကြောင်းအရာတစ်ခုရှိသောကြောင့် မပြန်သေးဘဲ နောက်တွင် ကျန်နေခဲ့ကြသည်။

ယဲ့ချင်းသည် သူမနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသော သူမ၏ အဒေါ်နှစ်ယောက်ကို ကြည့်ကာ ဘာမျှ မပြောဘဲ ၎င်းတို့ကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။

အဒေါ်ကြီးသည် မည်သည့်အရာကိုမျှ မမျိုသိပ်ထားနိုင်သူဖြစ်သည်။ ဖွင့်ဟမပြောခင် စက္ကန့်အနည်းငယ်သာ အချိန်ယူလိုက်ရသည်။

"အားချင်း၊ အခု သမီးက ဒီကိုရောက်နေပြီ၊ သမီးရဲ့တိုက်ခန်းက လွတ်နေရမယ်။
ဒါက ဖြုန်းတီးနေတာပဲ မလား?
အဒေါ် ပြောချင်တာက သမီးရဲ့ဝမ်းကွဲလေးကို မှတ်မိသေးလား?
သားက ဇွန်လကပဲ ကောလိပ်ဘွဲ့ရပြီး အလုပ်ရခဲ့တယ်လေ။ အလုပ်မှာ အချိန်ပိုအလုပ်တွေ အများကြီးလုပ်ရပြီး လစာကလည်း နည်းတဲ့အတွက် အလုပ်ထွက်လိုက်တယ်ကွယ်။
သူက နောက်နှစ်ရက်အတွင်း ကုမ္ပဏီနှင့် အကုန်လုံးကို အဆက်ဖြတ်လိုက်မှာ။ ဒါပေမဲ့ သူက ကုမ္ပဏီရဲ့ အိမ်ရာမှာ နေ,နေတာလေ။
သူထွက်သွားရင် နေစရာ နေရာမရှိတော့ဘူး။

သမီးရဲ့ နေရာမှာ ခဏလောက် နေမယ်ဆို အဆင်ပြေလား? ဘာပဲဖြစ်ဖြစ် လွတ်နေတာပဲလေ။"

                                             •.•

Notes:

*Anipop

*မြေပဲ

Continue Reading

You'll Also Like

9.5M 628K 75
An Arranged Marriage Story. #1 Hot (17-11-23) #1 Happyending (17-11-23) #2 Shy (13-11-23) #3 Cold hearted (27- 10- 23) POWER!!!!! That's what he alwa...
684K 26.6K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
1.2M 28.6K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.9M 141K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...