what wrong with secretary kim

By LullabytheJoon

1.9K 175 59

start-30.12.2022 end -??? More

character introduction
အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း[၈]

အပိုင်း[၃]

158 20 5
By LullabytheJoon

ကားအနီပေါ်မှ လူတစ်ယောက် ဘာကိုမှဂရု
မစိုက်ပဲ ပါးစပ်၌ ချိုချဥ်စုပ်ကာ ဆင်းလာသည်
ကိုတွေ့လိုက်ရသည်။ ဂျွန် ထိုသူ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်မိသည်။ ထိုသူက သရေဂျာကင်နဲ့ဘောင်ဘီ အမဲရောင်ဝတ်ဆင်ထားပြီး ဆံပင်က တော်ရုံယောက်ျားလေးများထက် ပို၍ပင်ရှည်နေသေးသည်။ ပြီးတော့ ဟိုတစ်နေ့က ဆေးရုံခန်းရှေ့မှာ ဂျွန်နဲ့
တွေ့ခဲ့တဲ့တစ်ယောက်။ သူလည်း company
မှာအလုပ်ဝင်မှာလား။ ဒီလိုပုံစံနဲ့ ceoတော့ မဖြစ်နိုင်။ သူ့ပုံစံက clubသွားမည့်ပုံစံနဲ့ပင်
ပို၍တူနေသေးသည်။

"အဟမ်း…အဟမ်း”

sj ချောင်းဟန့်သံကြောင့် ဂျွန်အတွေးများ
ပြတ်သွားပြီး ညီအကို နှစ်ယောက်ကို
ကြည့်လိုက်မိသည်။ sjက ဝန်ထမ်းတွေကို
တစ်ချက်ကြည့်လိုက်ပြီး ဘေးကတစ်ယောက်
ကို သူ့ရှေ့ဆွဲပို့လိုက်ပြီး

"ဒါက ဥက္ကဋ္ဌကြီးရဲ့မြေး kim taehyungတဲ့
companyရဲ့ceoအသစ် ဒီနေ့ကစပြီး
companyမှာ အလုပ်စလုပ်လိမ့်မယ် ဟုတ်ပြီလား”

thက အားလုံးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြီး ဘာကိုမှလှည့်မကြည့်တော့ပဲ ဓာတ်လှေကားရှိရာသို့ ထွက်လာခဲ့
သည်။ ဂျွန် နေရာ၌ ခဏကြောင်နေပြီး
ချက်ခြင်း ceoအသစ်ရဲ့နောက်သို့ ပြေးလိုက်
လာခဲ့သည်။ တွေးချိန်တောင် မရလိုက်။
ဝန်ထမ်းများအားလုံးလည်း ထိုနေရာမှ စကား
တပြောပြောဖြင့် ceoအသစ်အကြောင်းပြော
ကာသက်ဆိုင်ရာ ဋ္ဌာနသို့ ပြန်သွားကြသည်။

ဂျွန် ပိတ်တော့မည် ဓာတ်လှေကားထဲသို့
လက်ခံလိုက်ပြီး ဓာတ်လှေကားထဲ မြန်မြန်ဝင်လိုက်ရသည်။ ဓာတ်လှေကားထဲကြည့်တော့
သူနဲ့ceoအသစ်နှစ်ယောက်ပဲ ရှိသည်ကို
တွေ့ရသည်။ sjပင် နောက်မှာကျန်နေခဲ့သည်။ thကဂျွန်ရှိရာကို တစ်ချက်စောင်းကြည့်လိုက်ပြီး

"မင်းက ဆေးရုံမှာ တွေ့ခဲ့တဲ့ တစ်ယောက်လား”
"ဟုတ်…ဟုတ်ကဲ့”
"ပြီးတော့ secretaryလား”
"ဟုတ် kim namjoonလို့ခေါ်ပါတယ် တွေ့ရတာ
ဝမ်းသာပါတယ် sir”

thက စပ်ဖြဲဖြဲလုပ်လိုက်ပြီး

"အင်း…အခု ဘယ်အထပ်ကို သွားရမှာလဲ”

ဒီလူ တကယ်ကြီးလား ငါ့ကို လာပြီး သူ့ရုံးခန်းဘယ်မှာလဲလာမေးနေတာလား

ဂျွန် နှာခေါင်းရှုံချင်စိတ်ကို မနည်းထိန်းထားရပြီး
ရုံးခန်းသွားမယ့်အထပ်ကို နှိပ်လိုက်သည်။ ရုံးခန်း
အထပ်ကြတော့ နှစ်ယောက်သားဆင်းလာပြီး
ရုံးခန်းရှိရာသို့ လျှောက်လာကြသည်။ ရုံးခန်း
ရှေ့ရောက်တော့

"ဒါ sirရဲ့ရုံးခန်းပါ ခဏနေရင် လုပ်ရမယ့် fileတွေယူပြီး ဝင်လိုက်လာခဲ့ပါ့မယ်”

thခေါင်းတစ်ချက်ငြိမ့်ပြီး ရုံးခန်းထဲဝင်လာခဲ့လိုက်သည်။ ဒီရုံးခန်းကို ရောက်ဖူးတာ thအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ companyရှေ့သာရောက်ဖူးခဲ့သည်။ တစ်ခါမှ companyထဲဝင်ဖို့ စိတ်မကူးခဲ့။

အခုလည်း အဘိုးက ဘယ်လိုစိတ်ကူးနဲ့ thကို
companyတစ်ခုလုံးလွှဲပေးခဲ့လည်းမသိ။
thမှာ လုပ်ငန်းနဲ့ပတ်သတ်လျှင် အတွေ့အကြုံ
ဘာဆိုဘာမျှမရှိ။ sj ​hyungတစ်ယောက်လုံး
ရှိနေတာကို။

thအပြင်ကို ကြည့်လိုက်တော့ စားပွဲ၌ အလုပ်
ရှုပ်နေတဲ့ secretaryကို တွေ့ရသည်။ ဆေးရုံမှာ အဖိုးနဲ့ရင်းနှီးနေတဲ့ပုံကို မြင်လိုက်ကတည်းက
အံ့သြနေခြင်းဖြစ်သည်။ အဖိုးက သူ့အတွင်းရေးမှူးအကြောင်းတစ်ခါမှမပြောဖူး၍
သတိမထားမိခဲ့ပေ။ ဆေးရုံမှာတွေ့မှပဲ အတွင်းရေးမှူးဆိုတာကို သိခြင်းဖြစ်သည်။

အတွင်းရေးမှူး ရုံးခန်းထဲဝင်လာတာမြင်တော့
thထိုင်ခုံမှာထိုင်နေလိုက်သည်။ နမ်ဂျွန်အခန်းတံခါးကို ခေါက်ပြီး thဝင်ခွင့်ပြုတော့ တံခါး
ဖွင့်ကာ ဝင်လာခဲ့သည်။ th သူ့ဆီလျှောက်လာသော နမ်ဂျွန်ကို စိုက်ကြည့်နေမိသည်။

နမ်ဂျွန်က thထက်အသက်ကြီးပုံပေါ်သည်။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် အရပ်က thထက် မဆိုစလောက်လေးမြင့်သည်။ အဝတ်အစားကို
သပ်သပ်ရပ်ရပ်ဖြင့် ဝတ်ထားကာ ရှပ်အင်္ကျီအဖြူကို ဘောင်းဘီထဲထည့်ထားကာ အပေါ်က ကုတ်ကို ချွတ်ထားသည်ကို တွေ့ရသည်။ ခန္ဓာကိုယ်က thတွေ့ခဲ့ဖူးသည့် လူတွေထက်
ပို၍လှသည်ကို တွေ့ရသည်။

တော်ရုံလူဆို မျက်မှန်အထူကြီးနဲ့သိပ်လိုက်မည်မဟုတ်သော်လည်း နှာခေါင်း လုံးလုံးသေးသေးပေါ်တင်ထားသော နမ်ဂျွန်ကတော့ ချစ်စရာကောင်းနေသည်။

"အဟမ်း…si…sir”

th နမ်ဂျွန်မျက်နှာကို ကြည့်လိုက်တော့
မျက်နှာတစ်ခုလုံးရဲနေသည်ကို တွေ့ရသည်။
ထို့အပြင် နားရွက်နဲ့လည်ပင်းတွေပါနီနေသည်။ th မထိတထိပြုံးလိုက်ပြီး

"အင်း…”
"ဟို…ဒါ…ဒါတွေက အခု companyရဲ့
လုပ်လက်စ လုပ်ငန်းတွေပါ လုပ်ငန်းတိုးချဲ့ဖို့နဲ့
နိုင်ငံခြားက companyတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေပါ ပြီး…ပြီးတော့”

thက ဂျွန့်ကို စူးစိုက်ကြည့်နေသဖြင့် ဂျွန် thကို
မကြည့်ရဲအောင် ဖြစ်နေသည်။ thရှေ့၌
ဂျွန်ကိုယ့်ကို သေးငယ်နေသလိုပင် ခံစားနေရသည်။ ဂျွန်ခေါင်းကို မြန်မြန်ရမ်းလိုက်ပြီး

"အဟမ်း…ပြီး…ပြီးတော့ နေ့လည်ကျရင် အစည်းအဝေးတတ်စရာရှိပါတယ် ဒါက
နေ့လည်အစည်းအဝေးနဲ့ပတ်သတ်တဲ့ fileပါ
အခု ဒါကိုဖတ်ထားရုံပါပဲ လိုတာရှိရင် ဒီဖုန်းနဲ့
ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ”

ဂျွန် စားပွဲပေါ်က ဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။

"အဲ့…အဲ့တာဆို ဘာမေးစရာကျန်သေးလဲ sir”
"ရပြီ ဘာမှမလိုတော့ဘူး”
"အဲ့ဒါဆို ခွင့်ပြုပါဦး”

ဂျွန် အပြင်ကို ရောက်ချင်စောနဲ့ မြန်မြန်လျှောက်လိုက်တော့ ကိုယ့်ခြေထောက်နဲ့ကို ခလုတ်တိုက်ပြီး လဲမလိုဖြစ်သွားရသည်။

"ဟေ့ ဖြေးဖြေး…”

ဂျွန် ကိုယ့်ဟာကို ပြန်ထိန်းလိုက်နိုင်သဖြင့်
လဲမသွားပေ။ ဂျွန် thကို ပြန်ကြည့်လိုက်ပြီး

"sorry sir ကျွန်တော်က တစ်ခါတစ်လေကျရင်
နည်းနည်းကို့ယို့ကားယားနိုင်လို့ပါ”

နီရဲနေသော ကိုယ့်မျက်နှာကို မသိချင်ယောင်ဆောင်ပြီး အပြင်ကို ဂရုတစိုက်ဖြင့် မြန်မြန်ထွက်လာခဲ့သည်။ thအပြင်ထွက်သွားသော နမ်ဂျွန်ကို
ကြည့်ပြီး ရယ်လိုက်မိသည်။ သူ့အတွင်းရေးမှူးက
စိုက်ကြည့်လိုက်တာနဲ့တင် မျက်နှာတွေရဲပြီး
ပြာယာခတ်နေတာပဲ။

"ချစ်စရာကောင်းသားပဲ”

ခဏကြာတော့ ရုံးခန်းတံခါးပွင့်လာလို့ကြည့်လိုက်တော့ sj hyungကို တွေ့လိုက်ရသည်။

"sj hyung”
"tae အဆင်ပြေလားလို့ လာကြည့်တာ hyungလည်း ရုံခန်းမှာ လုပ်စရာတွေရှိနေလို့ ချက်ချင်းလိုက်မလာခဲ့တာ”
"ရတယ် hyung ကျွန်တော်အဆင်ပြေတယ်
ကျွန်တော့်အတွင်းရေးမှူးက အကုန်ရှင်းပြပေးတယ်”
"inn hyungလည်း joonieကို ယုံပြီးသားပါ အလုပ်လုပ်တဲ့နေရာမှာ အရမ်းတော်တယ်”

sjခေါ်လိုက်တဲ့ nicknameကြောင့် thမျက်ခုံးတစ်ဖက်ပင့်လိုက်ကာ

"joonie????”
"aww သူက hyungရဲ့ juniorလေ ဒီမှာ
အင်တာဗျုးဝင်ဖြေဖို့ hyungပဲ joonieကို
ပြောတာ”
"aww ကျွန်တော် နေ့လည်အစည်းအဝေးအတွက် ကြည့်စရာရှိတာ ကြည့်လိုက်ဦးမယ် hyung”
"ကောင်းပြီလေ လိုတာရှိရင် ခေါ်လိုက်နော် tae”

thအပြင်ကို ကြည့်လိုက်တော့ sjနဲ့စကားပြော
နေသည့် နမ်ဂျွန်ကို တွေ့ရသည်။ sjက နမ်ဂျွန့်
ပုခုံးကိုပုတ်ကာ ထွက်သွားသည်ကိုတွေ့ရတော့ နှစ်ယောက်က တော်တော်ရင်းနှီးသားဟု
thတွေးမိသည်။ ထို့နောက် thအိပ်ချင်လာတာနဲ့ စားပွဲပေါ် ခြေထောက်နှစ်ချောင်းတင်ပြီး
အိပ်လိုက်တော့သည်။ ဘာလို့ဆို ဒီလိုအစောကြီးထရတာ thဘဝမှာ ဒါပထမဦးဆုံးပင်။

သူဋ္ဌေးရုံးခန်းထဲက ထွက်လာပြီး နေ့လယ်စာ
မစား၍ နမ်ဂျွန်အံ့သြမိသော်လည်း ဘာမှမပြော
ပဲကိုယ့်ဘာသာတစ်ယောက်တည်း သွားစားလိုက်သည်။ ပြန်လာတဲ့အချိန်ထိ သူဋ္ဌေးရုံးခန်းက
ပွင့်မလာသေးပေ။ ဂျွန် အခန်းတံခါးပိတ်နေတဲ့
ရုံးခန်းကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ဒီလိုဆိုတော့လည်း သူဋ္ဌေးက ပုံစံနဲ့မလိုက်အောင်
ကြိုးစားချင်စိတ်ရှိသားပဲ။ ဂျွန်လည်း ထိုင်ခုံ၌
ဝင်ထိုင်ကာ အလုပ်စလုပ်တော့သည်။

ဂျွန် အစည်းအဝေးတွက်လိုအပ်တာတွေ အကုန်စစ်ပြီးတော့ နာရီကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ အခု နှစ်နာရီအစည်းအဝေးသွား
ရတော့မည်အချိန်ထိ ရုံးခန်းတံခါးက ဖွင့်မလာသေးပေ။ အချိန်က နီးနေပြီဖြစ်၍ နေရာမှထကာ…

ဒေါက်…ဒေါက်…ဒေါက်

"sir အစည်းအဝေးချိန်နီးနေပြီ သွားဖို့အဆင်
သင့်ဖြစ်ပါပြီ”

အထဲက ဘာအသံမှ မကြား။ ဂျွန် မျက်မှောင်ကြုတ်ပြီး တံခါးကို နောက်တစ်ခါ ကျယ်ကျယ်ခေါက်လိုက်သည်။ နောက်ထပ် တစ်ခါထပ်ခေါက်သည်။ ကြာတော့ ဂျွန်စိတ်မရှည်တော့ပဲ

"တံခါးဖွင့်ဝင်လာပြီနော် sir”

ဂျွန်ပြောပြောဆိုဆို တံခါးကို ဖွင့်ပြီး အထဲ
ကြည့်လိုက်တော့ ထိုင်ခုံမှာ ကျကျနနအိပ်ပျော်နေနဲ့ thကို တွေ့လိုက်ရသည်။ ဒီနေ့ ဒီတစ်ယောက်လုပ်တာ တော်တော်များနေပြီ။
ဥက္ကဋ္ဌကြီးနာရေးကြောင့် လွတ်သွားတဲ့အလုပ်တွေကို မှီအောင်ပြန်လိုက်ရမည့်ဟာကို။
ထို့အပြင် အိပ်တာကလည်း ခြေထောက်ကို
စားပွဲပေါ်တောင် ကျကျနန တင်ထားသေးသည်။ အလုပ်ကိုလည်း နောက်ကျမှလာသည်။
အဝတ်စားကျတော့ရော။ မြင်လိုက်တာနဲ့ companyပိုင်ရှင်မှန်း ထင်စရာမရှိ။ rockerလိုလို ဘာလိုလိုနဲ့။ ဘာလို့များ ဥက္ကဋ္ဌကြီးက ဒီလူ့ကို ceoနေရာပေးခဲ့ရတာလဲ။

အား…စိတ်ညစ်တာ…

"ဒင်း…ဒင်းအလုပ်လုပ်နေတယ်မှတ်တာ
တွေ့မယ်”

ဂျွန် စားပွဲပေါ်က fileကို ကောက်ကိုင်ပြီး ရုံခန်းထဲဝင်သွားလိုက်သည်။ ထို့နောက် fileကို စားပွဲပေါ်သို့ အကျယ်ကြီးပစ်ချလိုက်ပြီး အော်ခေါ်လိုက်သည်။

"sir…”
"အေး…ဘယ်clubမှာ ဆုံမှာလဲ…”

th အသံအကျယ်ကြီးကြောင့် အလန့်တကြား
မတ်တပ်ထရပ်လိုက်သည်။ thကြည့်လိုက်တော့
အတွင်းရေးမှူးက ခါးထောက်ပြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။နမ်ဂျွန် မျက်မှန်ကို လက်နဲ့
ပင့်တင်လိုက်ပြီး

"ဘယ်ကလပ်မှမဆုံဘူး sir အခုအစည်းသွားရ
မယ့် အချိန်ရောက်ပြီ အခုမှမထွက်ရင်
နောက်ကျတော့မယ် ကျွန်တော်တို့companyနောက်ကျတယ်လို့ အပြောမခံ
နိုင်ဘူး”

နမ်ဂျွန် ခပ်ဆတ်ဆတ်အပြောကြောင့် thအိပ်ချင်စိတ်ပင် ပြယ်သွားရသည်။ နေ့လည်စာ မစားရသေးသောကြောင့် စာလာသောဗိုက်ကို လက်နဲ့ဖိရင်း

"နေ့လည်စာ စားပြီးမှ သွားလို့မရဘူးလား အခုဗိုက်ဆာနေပြီ”

ဂျွန် စားပွဲပေါ်မှ ကောက်ကိုင်လိုက်ပြီး အပြင်သွားဖို့ခြေလှမ်းပြင်လိုက်ကာ

"မရဘူး sir အချိန်မရှိတော့ဘူး ဗိုက်ဆာရင် cookieစားပြီး လိုက်ခဲ့လို့ရတယ်”
"အာ cookieက ကလေးစားတဲ့ဟာကို”

ဒီလူ ဘယ်လိုလူလဲ

"အခုမင်းနဲ့စကားအခြေအတင်ပြောဖို့ အချိန်မရှိဘူး kth ဥက္ကဋ္ဌကြီး မျက်နှာပျက်အောင်မလုပ်နဲ့
လာ အခုချက်ခြင်းသွားမယ်”

th သူ့ကို နာမည်အပြည့်အစုံခေါ်လိုက်သည့် အတွင်းရေးမှူးကိုကြည့်ပြီး နမ်ဂျွန်စိတ်ဆိုးနေသည်ကို သိလိုက်သည်။

"ok…ok ပြီးတာပဲ…သွားမယ်”

thကားသော့ကောက်ကိုင်ကာ ထွက်လာခဲ့သည်။
နမ်ဂျွန်လည်း နောက်ကနေ မြန်မြန်လိုက်လာခဲ့သည်။ thကားထဲဝင်တော့ နမ်ဂျွန်ပါ ဘေးတစ်ဖက်ကနေဝင်လာတော့ thမျက်ခုံးတစ်ဖက်
ပင့်ပြီး ဂျွန့်ကို ကြည့်နေလိုက်သည်။ ဂျွန်လည်း th ကြည့်နေတာသိသဖြင့် thဘက်ကိုလှည့်ကာ မျက်မှန်ပင့်တင်လိုက်ပြီး

"ဘာတုန်း ကျွန်တော်ကားမမောင်းတတ်ဘူး”
"ကားမမောင်းတတ်တဲ့အတွင်းရေးမှူး ပထမဆုံးမြင်ဖူးတာပဲ သူဋ္ဌေးက သူ့ကိုတင်ပြီးမောင်းနေရတယ်လို့ သူက မောင်းပေးရမယ့်ဟာ”

taeတိုးတိုးနဲ့ပြောတော့

"ဒီမှာ အခုဘာပြောလိုက်တာလဲ”
"aww ဘယ်ကိုမောင်းရမှာလဲ မေးတာ”

ဂျွန် ဘာမှမပြောတော့ပဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သွားရမယ့်နေရာကို navigatorပေါ်ရိုက်ပေးလိုက်သည်။

Continue Reading

You'll Also Like

109K 3.9K 37
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
387K 23.4K 82
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
179K 6.5K 93
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1M 35.2K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...