𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉ...

Bliawnk

103K 8K 79

"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကို... Еще

Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19
Ep20
Ep22
Ep23
Ep24
Ep25
Ep26
Final

Ep21

2.6K 239 1
Bliawnk

Uni

ညနေစောင်း၄နာရီလောက်မှ Taehyungအိပ်ယာကနိုးလာသည်။ အဲ့ဒါတောင်မှ ‌Park Sunghoonက ကမ်းခြေ‌သွားရအောင်ဆိုပြီးလာနှိုးတာမလို့ နိုးတာပင်။ မဟုတ်လို့ကတော့ ညအထိအိပ်ပျော်နေမိမှာပဲ။ ကျောင်းလေ့လာရေးActivityတွေက မနက်ဖြန်မှစမယ်ဆိုပြီး ပြောတာမလို့ ဒီနေ့ကတော့ ကိုယ်ကြိုက်တာလုပ်လို့ရသည်။

ကမ်းခြေသွားဖို့ အဝတ်အစားလဲပြီးထွက်လာတော့ Sunghoonရယ် Minhoနဲ့ Minhoသူငယ်ချင်းဖြစ်ပုံရသည့်ကောင်လေးတစ်ယောက်‌က စကားပြောနေကြသည်။ စကားပြောတာက Sunghoonနဲ့ Minhoရဲ့သူငယ်ချင်းတစ်ယောက်ပြောနေကြတာဖြစ်တယ်။ ကြားထဲကMinhoက ဟိုကြည့်ဒီကြည့်‌နဲ့ပင်။

"Sunghoonမသွားသေးဘူးလား"

"သွားမှာလေ မင်းကိုစောင့်နေတာ..ဒါနဲ့ ဒါကMinhoသူငယ်ချင်းLeoတဲ့ "

"အော ..ငါက Kim Taehyungပါ"

Sunghoonကစမိတ်ဆက်ပေးပုံကြည့်ရတာအရ Sunghoonနဲ့Leoဆိုတဲ့ကောင်လေးစကားလမ်းကြောင်းပြေနေပုံဖြစ်မည်။ ဘေးက Minhoကိုကြည့်လိုက်တော့ လငပုပ်ဖမ်းထားသလို မဲ့ရှုံ့နေတဲ့ပုံကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းမြိုသိပ်ထားရသည်။

"သွားကြမယ်လေ အဲ့ဒါဆို..ခြေလျင်ပဲသွားမှာမလား"

"အင်းလေ သိပ်မှမဝေးတာ...ကမ်းစပ်လေးလည်း လမ်းလျှောက်သွားသလိုဖြစ်တာပေါ့"

ကျောင်းကငှားထားတဲ့နေရာက ကမ်းခြေနဲ့သိပ်မဝေးပေ။ ဆရာတွေကလည်း ညဘက်သောင်ပြင်မှာကလေးတွေပျော်လို့ရအောင်ရည်ရွယ်ချက်နဲ့ တမင်ခုလိုငှားထားတာပါတဲ့လေ။ ကမ်းခြေကိုထွက်လာတော့ Sunghoonနဲ့Leoဆိုတဲ့ကောင်လေးက အရှေ့ကနေအရင်စကား‌တပြောပြောနဲ့ထွက်သွားသည်။ ကျန်ခဲ့တဲ့ ကိုယ်နဲ့Minhoကအနောက်ကပဲ ခပ်မှန်မှန်လိုက်လာရသည်။

"Taehyung"

"အော ပြောလေ"

လမ်းလျှောက်နေရင်းဘေးကနေ Minhoရဲ့ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ပြိုတော့မဲ့မိုးလိုမျိုးဖြစ်နေပြီ။ Leoဆိုတဲ့ကောင်လေးနဲ့Minhoကို သဝန်တိုနေတာဖြစ်မည်ထင်ပါရဲ့။ သဝန်တိုတာကို နားလည်ပါတယ်...ကိုယ်တောင် Junghyungနဲ့ပတ်သတ်ပြီး သဝန်တို‌ခဲ့သေးတာပဲလေ။အဲ့ဒီတုန်းက စိတ်ထဲကဘာကိုမှအလိုမကျဘဲ ငိုချင်နေခဲ့တာ။
ခုလိုရွယ်တူတစ်ယောက်နဲ့ သဝန်တိုရတဲ့Minhoသာဆို ပိုလို့တောင်ခံစားရမှာပင်။

"ငါလေ...Leoနဲ့Sunghoonကို မိတ်ဆက်ပေးမိတာမှားပြီလားဟင်"

"အာ မမှားဘူးထင်ပါတယ်..Sunghoonက Leoနဲ့စကားပြောရတာ‌သဘောကျနေတာပါ"

"မဟုတ်ဘူးကွ..ငါလည်း စကားပြောတာပဲ..ငါကျစကားတောင် ဆယ်ခွန်းမှာတစ်ခွန်းတောင် ပြန်မပြောဘူး"

စကားပြောတဲ့အသံကအစ‌ ဝမ်းနည်းနေတာမှန်းသိသာလှသည်။ သဝန်တိုတဲ့အဆင့်ကနေ ဝမ်းနည်းတဲ့အဆင့်ကိုရောက်သွားပြီထင်ပါရဲ့။

"အရမ်းတွေးမနေနဲ့..လာ သူတို့နဲ့အတူတူသွားမယ်.."

"မလုပ်ချင်ပါဘူး..Sunghoonပျော်နေတဲ့အပျော်ကိုမဖျက်ချင်ဘူး"

"အဲ့ဒီလိုလည်းမဟုတ်ဘူးလေ..လာပါကွာမြန်မြန်"

Sunghoonတို့နဲ့အတူတူသွားဖို့ကိုတောင် Sunghoonအပျော်ပျက်မှာစိုးလို့ဆိုပြီး ငြင်းနေတဲ့Minhoကို လက်ကနေဆွဲပြီးသာ ဆွဲခေါ်လာလိုက်တော့တယ်။ Sunghoonတို့နဲ့အတူ ကမ်းခြေမှာ အတော်အသင့်ကစားပြီး အဆောင်ကိုပြန်လာကြသည်။ ညဘက်ကျ မီးဖိုပြီးအဖွဲ့လိုက်ဂိမ်းကစားကြမှာဆိုပြီး‌ ပြောထားကြတာမလို့ မြန်မြန်ပြန်လာပြီး ရေမိုးချိုးရသည်။

၆နာရီခွဲချိန်ရောက်တော့ စုခိုင်းတဲ့နေရာကို အကုန်စုဝေးရောက်လာကြတယ်။ ကျောင်းလေ့လာရေးခရီးမှာတောင် ရည်းစားရှိတဲ့လူတွေက လက်လေးတွေချိတ်ထားကြသေးသည်။ ကျောင်းမှာတောင် အတွဲတွေတကားကားနဲ့သူတို့တွေကလည်း ‌ခုလိုခရီးပါအတူတူထွက်ကြတော့ ပိုသဲကဲပြနေကြတော့တာပင်။

"Taehyung"

ကိုယ့်ရဲ့နာမည်ခေါ်သံကြားလို့ ဘေးဘယ်ညာလှည့်ရှာကြည့်မိတော့ သစ်ပင်အောက်က ဆရာJungkookကလှမ်းခေါ်တာပင်။ လက်ယပ်ပြီး လှမ်းခေါ်နေတာမလို့ လာခဲ့မယ်ဆိုပြီး ခေါင်းငြိတ်ပြလိုက်သည်။

"Sunghoon..ငါ့ကို ဆရာJungkookကခေါ်လို့သွားလိုကိအုံးမယ်"

"အေးအေး..မြန်မြန်တော့ ပြန်လာနော်.."

"အင်းပါ..Minhoကိုလည်း စကားပြန်ပြောလိုက်ပါအုံး.."

"တော်ပါ သွားမှာသာသွားစမ်းပါ"

မသွားခင်လေး Minhoဘက်ကနေပြီး Minhoဘက်တော်သားလုပ်ပေးတာတောင် ဇွဲကောင်းတဲ့အမောင်Park Sunghoonတို့က မပြောဘူးချည်းငြင်းနေတာလေ။ အမှန်ဆို မတည့်ခဲ့တာဟုတ်ပေမဲ့ Minhoက ခုနောက်ပိုင်းလည်းအရမ်းကြီးစနောက်တော့တာလည်းမဟုတ်ဘူးလေ။ အတော်အသင့် Minhoဘက်က ပြေလည်‌ရာပြေလည်ကြောင်းစကားစပေ‌မဲ့ Sunghoonဘက်က ကြက်ခြေခတ်ကိုမီးနီနဲ့ထိုးပြတာမလို့ ရှေ့ဆက်တိုးလို့မရပေ။ ဘာမှတိုက်တွန်းမနေဘဲ ချစ်သူရည်းစားလေးဆီကိုသာ အမြန်သွားလိုက်သည်။

"အဟမ်း ဘာကိစ္စရှိလို့ခေါ်တာလဲဆရာခင်ဗျ.."

အနားရောက်သွားတော့ ဆရာJungkookက‌အဝေးကိုကြည့်နေတာမလို့ Taehyungရောက်လာတာတောင် သိပုံမရ။ ချောင်းလေးတစ်ချက်ဟန့်ပြီး ခပ်နောက်နောက်စနောက်လိုက်သည်။

"တပည့်ဆိုးလေးက ဆရာ့ကိုတစ်နေ့ကုန်ပစ်ထားတဲ့အပြင် စည်းကမ်းတွေပါဖောက်ဖျက်လို့ ဆုံးမမလို့လေ"

"ဟင် ? ဘာစည်းကမ်းဖောက်တာလုပ်မိလို့လဲဟင်.."

"‌ကိုယ့်အမှားကိုယ်တောင် မသိတော့ဘူးလား"

သူမသိရပါဘူးဆိုပြီး ခေါင်းလေးယမ်းပြ‌နေတဲ့ကောင်လေးကို စိတ်ရှိတိုင်းဆိုဖြစ်ညှစ်ပစ်ချင်မိတဲ့အထိပင်။ တကယ့်ကို ကလေးပေါက်စရုပ်ကခုချိန်ထိကိုမပျောက်သေးတာပင်။ ချစ်စရာကောင်းတာက ဘာလုပ်လုပ်ကိုအမြဲချစ်စရာကောင်းနေတာပင်။

"ဒီနေ့ Minhoနဲ့တစ်ခန်းတည်းအ‌တူမနေနဲ့လို့ ကိုယ်မမှာထားဘူးလား.."

"အာ အဲ့ဒါလား"

"အင်း ဟုတ်တယ်..အကြောင်းပြချက်လေးနဲ့ရှင်းပြပါအုံး"

အပြစ်လုပ်ထားတယ်..စည်းကမ်းဖောက်ဖျက်ထားတယ်ဆိုတော့ ဘာများလုပ်မိထားလဲဆိုပြီးမနည်းစဥ်းစားလိုက်ရသည်။ နောက်ဆုံးတော့Minhoနဲ့တစ်ခန်းတည်းအတူတူနေလို့ပါတဲ့လေ။ အမှန်က Minho၊Sunghoonနဲ့Leoကတစ်ခန်းအတူတူကြတာပင်။ Sunghoonက Minhoနဲ့မနေချင်ဘူးဆိုတော့ Minhoလည်း ဝမ်းနည်းသွားမှာလဲဆိုး‌တာရယ်..Sunghoonက Minhoနဲ့အတူတူနေရရင် ကိုယ်ပါပါမှရမယ်တဲ့လေ။ အဲ့ဒါကြောင့် Leoကို ကိုယ်ကျတဲ့အခန်းနဲ့လဲလိုက်ပြီး Sunghoonတို့နဲ့အတူတူနေလိုက်ရတာပင်။ Sunghoonနဲ့Minhoကြားက မြှားနတ်မောင်လေးဖြစ်ဖို့ အခန်းလဲပေးလိုက်ရခြင်း။

"အဲ့ဒါက ဆရာကိုကို့ကို ရှင်းပြလည်း နားလည်မှာမဟုတ်ဘူး..အခန်းက မဖြစ်မနေမလို့ အတူတူနေလိုက်ရတာ"

"ဘယ်လောက်တောင်ရှုတ်ထွေးလို့ ကိုယ်က နားမလည်ရမှာလဲ"

"ဒီလိုပါပဲ ဟဲဟဲ"

"အဲ့ဒါဆို လက်‌ကိုင်ပြီးပြေးတဲ့ကိစ္စကရော"

"ဟမ် "

"ဟိုကောင်လေးလက်ကိုဆွဲပြီးပြေးသွားတာလေ"

"အာ ဘယ်လိုမြင်တာလဲ"

တကယ်ပဲနော်..ဆရာJungkookတို့ ဘယ်နားမှာနေနေလို့များကိုယ်လုပ်တာတိုင်း အကုန်သိနေတာလဲမသိဘူး။ အပြစ်လုပ်ထားတာမဟုတ်ပေမဲ့ အဲ့ဒီတုန်းက Minhoလက်ဆွဲပြီးပြေးတာကလည်း မဟုတ်တဲ့ကိစ္စလည်းမဟုတ်ပေမဲ့ မှန်နေတာမလို့ ငြင်းလို့လည်းမရဘူးလေ။

"အဲ့ဒါ Sunghoonနဲ့ပတ်သတ်တဲ့ကိစ္စပါ.."

"အရမ်းကိုလျှို့ဝှက်တတ်နေတာပဲ ..ကိုကိုရဲ့ကောင်ဆိုးလေးကို ဘယ်သူကခုလိုလျှို့ဝှက်တတ်အောင် သင်ပေးလိုက်တာပါလိမ့်"

ပြောလိုက်တဲ့ စကားအသုံးအနှုန်းလေးတွေက အနုအယွလေးတွေပေမဲ့ နားထောင်နေရတဲ့Taehyungအတွက်ကတော့ ကြက်သီးတဖြန်းဖြန်းထမိတာပင်။ ကိုကိုက လျှို့ဝှက်တာကိုသဘောမကျတာကို အရင်ကမသိခဲ့ပေမဲ့ ခုတော့သိသွားပြီပင်။ နောက်နောင် လျှို့ဝှက်ဖို့မပြောနဲ့ဘာမှကိုအမှားမလုပ်မိဖို့ သေချာနေပြီ။

"ဆရာကိုကိုကလည်း..ကျွန်တော်က အရေးမကြီးတာမလို့ ကိုကို့ကို မပြောတာပါ"

"အရေးမကြီးတာ သေချာလို့လား"

"ဒါပေါ့...နောက်ဘာမဆို အကုန်ပြောပြမယ်"

"အင်း အင်း..သွားတော့ Gameကလေ True or Dareတဲ့...ခဏပဲကစားပြီးပြန်နော်...Dareရွေးမိလို့ မဟုတ်တဟုတ်တွေလုပ်ပြနေရမယ်နော်"

"ဟုတ်ဟုတ် စောစောပြန်လိုက်မယ်"

"အင်း သွားကစားတော့"

"သွားပြီနော် ကိုကိုတာ့တာ့"

ကိုကိုဆီက ပြန်လာပြီးတော့ ဂိမ်းဆော့ဖို့ လူတွေတောင်စုဝေးထိုင်ကုန်ကြပြီ။ Sunghoonက Taehyungထိုင်ဖို့နေရာယူပေးထားတာမလို့ Taehyungလည်း တန်းဝင်ထိုင်လိုက်သည်။ ခဏကြာတော့ ကျောင်းရဲ့ပျော်ပွဲရွှင်ပွဲကိစ္စတွေမှာဆို ဦးဆောင်နေကျ ကျောင်းသားနဲကျောင်းသူက ဆော့ရမည့်ဂိမ်းကိကြေညာတယ်။ ဂိမ်းကတော့ ဆရာကိုကိုပြောထားသလိုပင် True or Dareပဲ။

"Gameရဲ့ စည်းကမ်းကတော့ အများကြီးမရှိပါဘူး..ဘောလုံးကို တစ်ယောက်ကနေ တစ်ဆင့်စီလက်ဆင့်ကမ်းရမယ်..သီချင်းကိုတစ်မိနစ်ဖွင့်ထာမယ်.သီချင်းရပ်သွားတဲ့အချိန် ဘောလုံးကိုင်ထားတဲ့လူက T or Dရွေးရမယ်..နောက်တစ်ခါလှည့်လိုက်လို့ ကျတဲ့လူကို ပထမဘောလုံးကျတဲ့လူက T Or Dရွေးခိုင်းပြီးမေးတာခိုင်းထားလုပ်ရမယ်.."

ဦးဆောင်တဲ့လူတွေက ဂိမ်းအကြောင်းကိုရှင်းပြပြီးတော့ ဂိမ်းကိုစကစားကြသည်။ သီချင်းရပ်သွားမည့်အချိန်မည့်အချိန်မှာကိုယ့်ဆီမှာ ဘောလုံးမရှိဖို့ အသည်းအသန်ပစ်ပေးနေကြသည်။ ဂိမ်းဆော့ရင်း တတိယကစားပွဲမှာ ဘောလုံးက Taehyungဆီရောက်နေချိန် သီချင်းသံကရပ်သွားသည်။

"ဝါးး Kim Taehyungက တတိယကံထူးရှင်ဖြစ်ပါတယ်..အဖြေဖြေပေးဖို့ အလယ်ကိုလာပေးပါ"

Mcက ကံထူးရှင်လို့ပြောနေပေမဲ့ True or Dareဘယ်ဟာရွေးရွေးသူတို့မေးတာခိုင်းတာကိုမရှောင်မလွဲဘဲလုပ်ရတာမလို့ ကံဆိုးတာလို့ပဲ ထင်မိတယ်။ MCပြောတဲ့အတိုင်း ခလယ်ကိုသွားလိုက်ရသည်။ လူစုကြီးရဲ့အလယ်မှာနေပြီး ဖြေရမှာဆိုတော့နည်းနည်းတော့ရှိန်မိသားပင်။

"True Or Dare"

အရှေ့က ကိုယ့်ထက်အရင်ကံဆိုးသွားသူက True or Dareရွေးဖို့မေးလာသည်။ မဖြစ်မနေမလို့သာရွေးရမည် နှစ်ခုလုံးက ခက်လှသည်။ Trueရွေးရင် သူတို့မေးတာကိုမရှောင်မလွဲပဲဖြေရမည်..Dareကိုရွေးရင်တော့ သူတို့ခိုင်းတာကို မလုပ်မနေရအနေနဲ့လုပ်ရမည်။ Dareကိုရွေးမိလို့ ကိုကိုပြောသလို မဟုတ်တဟုတ်တွေခိုင်းနေမည်ကိုစိုးရိမ်မိတာမလို့ နောက်ဆုံးTrueကိုရွေးဖို့သာဆုံးဖြတ်လိုက်သည်။ Trueဆို ဘာမှလည်းကြီးကြီးမားမားလျှို့ဝှက်ထားတာမရှိတာမလို့ အဆင်ပြေမည်ထင်ပါရဲ့။

"Trueရွေးပါမယ်"

"အာ အဲ့ဒါဆို Taehyung တခြားလူတစ်ယောက်ရဲ့အတွင်းအဝတ်အစားကို ပိုင်ရှင်မသိအောင်ကြည့်ဖူးလား"

မေးခွန်းကြားလိုက်တာနဲ့ ဘေးကကျောင်းသားကျောင်းသူတွေကတဟားဟားနဲ့ အော်ရယ်ကြသည်။ အမှန်ဆို Taehyungလည်းမကြည့်ဖူးဘူးလို့ ဖြေလိုက်လို့ရပေမဲ့ ဆရာJungkookစရောက်တဲ့နေ့ကUnderwearကိုကြည့်ဖူးမိတာမလို့ ငြင်းလို့လည်းမရတော့။ ရှက်စရာကောင်းပေမဲ့ ပျော်ဖို့ဂိမ်းဆော့တာမလို့ အဆင်ပြေမှာပါလေ။

"အမ်..ကြည့်ဖူးပါတယ်"

"တကယ်ကြီးလား!!"

အာမေဋိတ်အသံကြီးနဲ့အကျယ်ကြီးအော်မေးတဲ့ အသံကဘယ်သူ့ဆီကမှတော့မဟုတ်..Park Sunghoonဆီကပင်။ အဲ့ဒီကောင်ဘယ်လောက်တောင် အံသြသွားလဲမသိ ..အသံကြီးနားထောင်တာနဲ့တင် အတော်သိသာလှသည်။ အကုန်လုံးကလည်း အံသြနေကြသည်။  ဟုတ်တယ်လေ Kim Taehyungလိုအချောလေးက ခုလိုလုပ်မယ်လို့ ဘယ်သူမှမထင်ထားလောက်ဘူးလေ။ အရှက်ကို ထိန်းဖို့အတွက် တစ်ခုခုလုပ်ဖို့ကြံရမည်။

"ဒါပေမဲ့ အဲ့ဒီခိုးကြည့်မိတဲ့လူက ကျွန်တာ့်ရည်းစားဖြစ်နေပြီ‌မလို့..ခုအချိန် ပေါ်တင်ကြည့်လည်းရနေပြီ"

"ရားး Kim Taehyung"

ရည်းစားရဖြစ်နေပြီလို့လည်း ပြောလိုက်ရော တစ်ဖွဲ့လုံးရဲ့ဝါးဆိုတဲ့အံသြတဲ့အသံကြီးနဲ့ Park Sunghoonဆီက အော်သံကြီးထွက်လာသည်။ အမှန်တော့ ပြောဖို့မရည်ရွယ်ပေမဲ့ ပြောမိသွားခြင်းတာပင်။ ‌‌ဂိမ်းဆော့နေရင်းတစ်လျှောက်လုံး Park Sunghoonဆီကမျက်စောင်းခဲခံနေရတယ်။ အဆောင်ကိုပြန်လာတော့လည်း စကားမပြော...အဆောင်အခန်းမှာကျ Minhoရှိနေတော့ ပြောလို့အဆင်မပြေတာနဲ့ မပြောလိုက်ရပေ။ တကယ်ပါ ခုတစ်လော Park Sunghoonတို့စိတ်ဆိုးစိတ်ကောက်တာအရမ်းများလာတာ။

------------

နောက်နေ့မနက်တွင် ‌Busanရဲ့ယဥ်ကျေးမှုအမွေအနှစ်ပြတိုက်များကို ကျောင်းသားကျောင်းသူများ သွားရောက်လေ့လာရသည်။ ဆရာများက ဦးဆောင်ပြီးပြတိုက်အကြောင်းများ/ပြတိုက်တည်ဆောက်ခဲ့ပုံ/ရာဇဝင်များကို ရှင်းပြသည်။

ပြတိုက်ကထွက်လာပြီး Busanရဲ့စားသောက်ဆိုင်ကောင်းကောင်းကို ဆရာJungkookက ညွှန်းပေးတာမလို့အဲ့ဒီဆိုင်ကိုပဲ သွားစားဖို့သဘောတူလိုက်သည်။

စားသောက်ဆိုင်ကိုမရောက်ခင်ကတော့ ကျောင်းသား/ကျောင်းသူအများကြီးမလို့  စားသောက်ဆိုင်ဆံ့ပါ့မလား‌တွေးပူမိပေမဲ့ ဆိုင်ရောက်တော့မှသိလိုက်ရတာက ထင်ထားတာထက်ကိုပိုကြီးသည်။ အစားအသောက်အရသာကလည်း အတော်လေးအဆင်ပြေတာမလို့ Taehyungသဘောကျမိပါတယ်။ ဆရာတွေထိုင်စားနေတဲ့ စားပွဲဝိုင်းကို အကြည့်ရောက်မိတော့ ဆရာJungkookနဲ့ Taehyungအကြည့်ချင်းဆုံမိသွားသည်။ ခေတ္တခဏလေးအကြည့်ချင်းဆုံမိတဲ့အခိုက်မှာ Taehyungဘက်ကပင်အရင်အကြည့်ကိုလွှဲလိုက်ရတယ်။ ရည်းစားဖြစ်ပြီးတာတောင် Taehyungဘက်ကအကြည့်ချင်းကိုကြာအောင်မဆုံနိုင်သေးပေ။

အစားအသောက်ကိုပဲဆက်ပြီးငုံစားနေတုန်း ဘေးကနေကိုယ့်ကို စိုက်ကြည့်နေသလို Taehyungခံစားမိလာတာမလို့ ဘေးကိုလှည့်ကြည့်မိတော့ Sunghoonကစိုက်ကြည့်နေတာပင်။
မျက်ခုံးပင့်ပြီးဘာလဲလို့ မေးလိုက်တော့   လက်ညှိုးနှစ်ချောင်းနဲ့မျက်လုံးကို ထိုးပြပြီး ‌စောင့်ကြည့်နေတယ်ဆိုပြီးအမူအရာလုပ်ပြသည်။ သွား၃၂ချောင်းလုံးဖြီးနေအောင် ပြုံးပြလိုက်ပြီး အစားကိုပဲပြန်အာရုံစိုက်လိုက်တယ်။ Park Sunghoonဆီက အကြိမ်းခံအဆူအငေါက်ခံရမှာကို စားသောက်နေတဲ့ချိန်မှာတော့ မခံချင်တာမလို့မသိဘာသာနေလိုက်ရတာပင်။ စားသောက်ပြီးတော့ လေ့လာရေးခရီးဆိုတဲ့သဘောသဘာဝအတိုင်းနာမည်ကြီးနေရာတွေအပြင်အခြားနေရာများကိုပါသွားရောက်လေ့လာကြသည်။ Taehyungကတော့ Park Sunghoonဆီက အကြိမ်းမခံရဖို့ပတ်ရှောင်နေရတယ်။ရှင်းပြရင် အရှည်ကြီးရှင်းပြရမှာမလို့ ညရောက်မှ အေးဆေးရှင်းပြဖိုသာတွေးထားလိုက်သည်။

----

Vote နဲ့RLအတွက်ကျေးဇူးပါရယ်

#bliawnk💮💤

ZG

ညေနေစာင္း၄နာရီေလာက္မွ Taehyungအိပ္ယာကနိုးလာသည္။ အဲ့ဒါေတာင္မွ ‌Park Sunghoonက ကမ္းေျခ‌သြားရေအာင္ဆိုၿပီးလာႏွိုးတာမလို႔ နိုးတာပင္။ မဟုတ္လို႔ကေတာ့ ညအထိအိပ္ေပ်ာ္ေနမိမွာပဲ။ ေက်ာင္းေလ့လာေရးActivityေတြက မနက္ျဖန္မွစမယ္ဆိုၿပီး ေျပာတာမလို႔ ဒီေန႕ကေတာ့ ကိုယ္ႀကိဳက္တာလုပ္လို႔ရသည္။

ကမ္းေျခသြားဖို႔ အဝတ္အစားလဲၿပီးထြက္လာေတာ့ Sunghoonရယ္ Minhoနဲ႕ Minhoသူငယ္ခ်င္းျဖစ္ပုံရသည့္ေကာင္ေလးတစ္ေယာက္‌က စကားေျပာေနၾကသည္။ စကားေျပာတာက Sunghoonနဲ႕ Minhoရဲ႕သူငယ္ခ်င္းတစ္ေယာက္ေျပာေနၾကတာျဖစ္တယ္။ ၾကားထဲကMinhoက ဟိုၾကည့္ဒီၾကည့္‌နဲ႕ပင္။

"Sunghoonမသြားေသးဘူးလား"

"သြားမွာေလ မင္းကိုေစာင့္ေနတာ..ဒါနဲ႕ ဒါကMinhoသူငယ္ခ်င္းLeoတဲ့ "

"ေအာ ..ငါက Kim Taehyungပါ"

Sunghoonကစမိတ္ဆက္ေပးပုံၾကည့္ရတာအရ Sunghoonနဲ႕Leoဆိုတဲ့ေကာင္ေလးစကားလမ္းေၾကာင္းေျပေနပုံျဖစ္မည္။ ေဘးက Minhoကိုၾကည့္လိုက္ေတာ့ လငပုပ္ဖမ္းထားသလို မဲ့ရႈံ႕ေနတဲ့ပုံကိုၾကည့္ၿပီး ရယ္ခ်င္စိတ္ကိုမနည္းၿမိဳသိပ္ထားရသည္။

"သြားၾကမယ္ေလ အဲ့ဒါဆို..ေျခလ်င္ပဲသြားမွာမလား"

"အင္းေလ သိပ္မွမေဝးတာ...ကမ္းစပ္ေလးလည္း လမ္းေလွ်ာက္သြားသလိုျဖစ္တာေပါ့"

ေက်ာင္းကငွားထားတဲ့ေနရာက ကမ္းေျခနဲ႕သိပ္မေဝးေပ။ ဆရာေတြကလည္း ညဘက္ေသာင္ျပင္မွာကေလးေတြေပ်ာ္လို႔ရေအာင္ရည္႐ြယ္ခ်က္နဲ႕ တမင္ခုလိုငွားထားတာပါတဲ့ေလ။ ကမ္းေျခကိုထြက္လာေတာ့ Sunghoonနဲ႕Leoဆိုတဲ့ေကာင္ေလးက အေရွ႕ကေနအရင္စကား‌တေျပာေျပာနဲ႕ထြက္သြားသည္။ က်န္ခဲ့တဲ့ ကိုယ္နဲ႕Minhoကအေနာက္ကပဲ ခပ္မွန္မွန္လိုက္လာရသည္။

"Taehyung"

"ေအာ ေျပာေလ"

လမ္းေလွ်ာက္ေနရင္းေဘးကေန Minhoရဲ႕ေခၚသံေၾကာင့္လွည့္ၾကည့္မိေတာ့ ၿပိဳေတာ့မဲ့မိုးလိုမ်ိဳးျဖစ္ေနၿပီ။ Leoဆိုတဲ့ေကာင္ေလးနဲ႕Minhoကို သဝန္တိုေနတာျဖစ္မည္ထင္ပါရဲ႕။ သဝန္တိုတာကို နားလည္ပါတယ္...ကိုယ္ေတာင္ Junghyungနဲ႕ပတ္သတ္ၿပီး သဝန္တို‌ခဲ့ေသးတာပဲေလ။အဲ့ဒီတုန္းက စိတ္ထဲကဘာကိုမွအလိုမက်ဘဲ ငိုခ်င္ေနခဲ့တာ။
ခုလို႐ြယ္တူတစ္ေယာက္နဲ႕ သဝန္တိုရတဲ့Minhoသာဆို ပိုလို႔ေတာင္ခံစားရမွာပင္။

"ငါေလ...Leoနဲ႕Sunghoonကို မိတ္ဆက္ေပးမိတာမွားၿပီလားဟင္"

"အာ မမွားဘူးထင္ပါတယ္..Sunghoonက Leoနဲ႕စကားေျပာရတာ‌သေဘာက်ေနတာပါ"

"မဟုတ္ဘူးကြ..ငါလည္း စကားေျပာတာပဲ..ငါက်စကားေတာင္ ဆယ္ခြန္းမွာတစ္ခြန္းေတာင္ ျပန္မေျပာဘူး"

စကားေျပာတဲ့အသံကအစ‌ ဝမ္းနည္းေနတာမွန္းသိသာလွသည္။ သဝန္တိုတဲ့အဆင့္ကေန ဝမ္းနည္းတဲ့အဆင့္ကိုေရာက္သြားၿပီထင္ပါရဲ႕။

"အရမ္းေတြးမေနနဲ႕..လာ သူတို႔နဲ႕အတူတူသြားမယ္.."

"မလုပ္ခ်င္ပါဘူး..Sunghoonေပ်ာ္ေနတဲ့အေပ်ာ္ကိုမဖ်က္ခ်င္ဘူး"

"အဲ့ဒီလိုလည္းမဟုတ္ဘူးေလ..လာပါကြာျမန္ျမန္"

Sunghoonတို႔နဲ႕အတူတူသြားဖို႔ကိုေတာင္ Sunghoonအေပ်ာ္ပ်က္မွာစိုးလို႔ဆိုၿပီး ျငင္းေနတဲ့Minhoကို လက္ကေနဆြဲၿပီးသာ ဆြဲေခၚလာလိုက္ေတာ့တယ္။ Sunghoonတို႔နဲ႕အတူ ကမ္းေျခမွာ အေတာ္အသင့္ကစားၿပီး အေဆာင္ကိုျပန္လာၾကသည္။ ညဘက္က် မီးဖိုၿပီးအဖြဲ႕လိုက္ဂိမ္းကစားၾကမွာဆိုၿပီး‌ ေျပာထားၾကတာမလို႔ ျမန္ျမန္ျပန္လာၿပီး ေရမိုးခ်ိဳးရသည္။

၆နာရီခြဲခ်ိန္ေရာက္ေတာ့ စုခိုင္းတဲ့ေနရာကို အကုန္စုေဝးေရာက္လာၾကတယ္။ ေက်ာင္းေလ့လာေရးခရီးမွာေတာင္ ရည္းစားရွိတဲ့လူေတြက လက္ေလးေတြခ်ိတ္ထားၾကေသးသည္။ ေက်ာင္းမွာေတာင္ အတြဲေတြတကားကားနဲ႕သူတို႔ေတြကလည္း ‌ခုလိုခရီးပါအတူတူထြက္ၾကေတာ့ ပိုသဲကဲျပေနၾကေတာ့တာပင္။

"Taehyung"

ကိုယ့္ရဲ႕နာမည္ေခၚသံၾကားလို႔ ေဘးဘယ္ညာလွည့္ရွာၾကည့္မိေတာ့ သစ္ပင္ေအာက္က ဆရာJungkookကလွမ္းေခၚတာပင္။ လက္ယပ္ၿပီး လွမ္းေခၚေနတာမလို႔ လာခဲ့မယ္ဆိုၿပီး ေခါင္းၿငိတ္ျပလိုက္သည္။

"Sunghoon..ငါ့ကို ဆရာJungkookကေခၚလို႔သြားလိုကိအုံးမယ္"

"ေအးေအး..ျမန္ျမန္ေတာ့ ျပန္လာေနာ္.."

"အင္းပါ..Minhoကိုလည္း စကားျပန္ေျပာလိုက္ပါအုံး.."

"ေတာ္ပါ သြားမွာသာသြားစမ္းပါ"

မသြားခင္ေလး Minhoဘက္ကေနၿပီး Minhoဘက္ေတာ္သားလုပ္ေပးတာေတာင္ ဇြဲေကာင္းတဲ့အေမာင္Park Sunghoonတို႔က မေျပာဘူးခ်ည္းျငင္းေနတာေလ။ အမွန္ဆို မတည့္ခဲ့တာဟုတ္ေပမဲ့ Minhoက ခုေနာက္ပိုင္းလည္းအရမ္းႀကီးစေနာက္ေတာ့တာလည္းမဟုတ္ဘူးေလ။ အေတာ္အသင့္ Minhoဘက္က ေျပလည္‌ရာေျပလည္ေၾကာင္းစကားစေပ‌မဲ့ Sunghoonဘက္က ၾကက္ေျခခတ္ကိုမီးနီနဲ႕ထိုးျပတာမလို႔ ေရွ႕ဆက္တိုးလို႔မရေပ။ ဘာမွတိုက္တြန္းမေနဘဲ ခ်စ္သူရည္းစားေလးဆီကိုသာ အျမန္သြားလိုက္သည္။

"အဟမ္း ဘာကိစၥရွိလို႔ေခၚတာလဲဆရာခင္ဗ်.."

အနားေရာက္သြားေတာ့ ဆရာJungkookက‌အေဝးကိုၾကည့္ေနတာမလို႔ Taehyungေရာက္လာတာေတာင္ သိပုံမရ။ ေခ်ာင္းေလးတစ္ခ်က္ဟန့္ၿပီး ခပ္ေနာက္ေနာက္စေနာက္လိုက္သည္။

"တပည့္ဆိုးေလးက ဆရာ့ကိုတစ္ေန႕ကုန္ပစ္ထားတဲ့အျပင္ စည္းကမ္းေတြပါေဖာက္ဖ်က္လို႔ ဆုံးမမလို႔ေလ"

"ဟင္ ? ဘာစည္းကမ္းေဖာက္တာလုပ္မိလို႔လဲဟင္.."

"‌ကိုယ့္အမွားကိုယ္ေတာင္ မသိေတာ့ဘူးလား"

သူမသိရပါဘူးဆိုၿပီး ေခါင္းေလးယမ္းျပ‌ေနတဲ့ေကာင္ေလးကို စိတ္ရွိတိုင္းဆိုျဖစ္ညွစ္ပစ္ခ်င္မိတဲ့အထိပင္။ တကယ့္ကို ကေလးေပါက္စ႐ုပ္ကခုခ်ိန္ထိကိုမေပ်ာက္ေသးတာပင္။ ခ်စ္စရာေကာင္းတာက ဘာလုပ္လုပ္ကိုအၿမဲခ်စ္စရာေကာင္းေနတာပင္။

"ဒီေန႕ Minhoနဲ႕တစ္ခန္းတည္းအ‌တူမေနနဲ႕လို႔ ကိုယ္မမွာထားဘူးလား.."

"အာ အဲ့ဒါလား"

"အင္း ဟုတ္တယ္..အေၾကာင္းျပခ်က္ေလးနဲ႕ရွင္းျပပါအုံး"

အျပစ္လုပ္ထားတယ္..စည္းကမ္းေဖာက္ဖ်က္ထားတယ္ဆိုေတာ့ ဘာမ်ားလုပ္မိထားလဲဆိုၿပီးမနည္းစဥ္းစားလိုက္ရသည္။ ေနာက္ဆုံးေတာ့Minhoနဲ႕တစ္ခန္းတည္းအတူတူေနလို႔ပါတဲ့ေလ။ အမွန္က Minho၊Sunghoonနဲ႕Leoကတစ္ခန္းအတူတူၾကတာပင္။ Sunghoonက Minhoနဲ႕မေနခ်င္ဘူးဆိုေတာ့ Minhoလည္း ဝမ္းနည္းသြားမွာလဲဆိုး‌တာရယ္..Sunghoonက Minhoနဲ႕အတူတူေနရရင္ ကိုယ္ပါပါမွရမယ္တဲ့ေလ။ အဲ့ဒါေၾကာင့္ Leoကို ကိုယ္က်တဲ့အခန္းနဲ႕လဲလိုက္ၿပီး Sunghoonတို႔နဲ႕အတူတူေနလိုက္ရတာပင္။ Sunghoonနဲ႕Minhoၾကားက ျမႇားနတ္ေမာင္ေလးျဖစ္ဖို႔ အခန္းလဲေပးလိုက္ရျခင္း။

"အဲ့ဒါက ဆရာကိုကို႔ကို ရွင္းျပလည္း နားလည္မွာမဟုတ္ဘူး..အခန္းက မျဖစ္မေနမလို႔ အတူတူေနလိုက္ရတာ"

"ဘယ္ေလာက္ေတာင္ရႈတ္ေထြးလို႔ ကိုယ္က နားမလည္ရမွာလဲ"

"ဒီလိုပါပဲ ဟဲဟဲ"

"အဲ့ဒါဆို လက္‌ကိုင္ၿပီးေျပးတဲ့ကိစၥကေရာ"

"ဟမ္ "

"ဟိုေကာင္ေလးလက္ကိုဆြဲၿပီးေျပးသြားတာေလ"

"အာ ဘယ္လိုျမင္တာလဲ"

တကယ္ပဲေနာ္..ဆရာJungkookတို႔ ဘယ္နားမွာေနေနလို႔မ်ားကိုယ္လုပ္တာတိုင္း အကုန္သိေနတာလဲမသိဘူး။ အျပစ္လုပ္ထားတာမဟုတ္ေပမဲ့ အဲ့ဒီတုန္းက Minhoလက္ဆြဲၿပီးေျပးတာကလည္း မဟုတ္တဲ့ကိစၥလည္းမဟုတ္ေပမဲ့ မွန္ေနတာမလို႔ ျငင္းလို႔လည္းမရဘူးေလ။

"အဲ့ဒါ Sunghoonနဲ႕ပတ္သတ္တဲ့ကိစၥပါ.."

"အရမ္းကိုလွ်ို႔ဝွက္တတ္ေနတာပဲ ..ကိုကိုရဲ႕ေကာင္ဆိုးေလးကို ဘယ္သူကခုလိုလွ်ို႔ဝွက္တတ္ေအာင္ သင္ေပးလိုက္တာပါလိမ့္"

ေျပာလိုက္တဲ့ စကားအသုံးအႏႈန္းေလးေတြက အႏုအယြေလးေတြေပမဲ့ နားေထာင္ေနရတဲ့Taehyungအတြက္ကေတာ့ ၾကက္သီးတျဖန္းျဖန္းထမိတာပင္။ ကိုကိုက လွ်ို႔ဝွက္တာကိုသေဘာမက်တာကို အရင္ကမသိခဲ့ေပမဲ့ ခုေတာ့သိသြားၿပီပင္။ ေနာက္ေနာင္ လွ်ို႔ဝွက္ဖို႔မေျပာနဲ႕ဘာမွကိုအမွားမလုပ္မိဖို႔ ေသခ်ာေနၿပီ။

"ဆရာကိုကိုကလည္း..ကြၽန္ေတာ္က အေရးမႀကီးတာမလို႔ ကိုကို႔ကို မေျပာတာပါ"

"အေရးမႀကီးတာ ေသခ်ာလို႔လား"

"ဒါေပါ့...ေနာက္ဘာမဆို အကုန္ေျပာျပမယ္"

"အင္း အင္း..သြားေတာ့ Gameကေလ True or Dareတဲ့...ခဏပဲကစားၿပီးျပန္ေနာ္...Dareေ႐ြးမိလို႔ မဟုတ္တဟုတ္ေတြလုပ္ျပေနရမယ္ေနာ္"

"ဟုတ္ဟုတ္ ေစာေစာျပန္လိုက္မယ္"

"အင္း သြားကစားေတာ့"

"သြားၿပီေနာ္ ကိုကိုတာ့တာ့"

ကိုကိုဆီက ျပန္လာၿပီးေတာ့ ဂိမ္းေဆာ့ဖို႔ လူေတြေတာင္စုေဝးထိုင္ကုန္ၾကၿပီ။ Sunghoonက Taehyungထိုင္ဖို႔ေနရာယူေပးထားတာမလို႔ Taehyungလည္း တန္းဝင္ထိုင္လိုက္သည္။ ခဏၾကာေတာ့ ေက်ာင္းရဲ႕ေပ်ာ္ပြဲ႐ႊင္ပြဲကိစၥေတြမွာဆို ဦးေဆာင္ေနက် ေက်ာင္းသားနဲေက်ာင္းသူက ေဆာ့ရမည့္ဂိမ္းကိေၾကညာတယ္။ ဂိမ္းကေတာ့ ဆရာကိုကိုေျပာထားသလိုပင္ True or Dareပဲ။

"Gameရဲ႕ စည္းကမ္းကေတာ့ အမ်ားႀကီးမရွိပါဘူး..ေဘာလုံးကို တစ္ေယာက္ကေန တစ္ဆင့္စီလက္ဆင့္ကမ္းရမယ္..သီခ်င္းကိုတစ္မိနစ္ဖြင့္ထာမယ္.သီခ်င္းရပ္သြားတဲ့အခ်ိန္ ေဘာလုံးကိုင္ထားတဲ့လူက T or Dေ႐ြးရမယ္..ေနာက္တစ္ခါလွည့္လိုက္လို႔ က်တဲ့လူကို ပထမေဘာလုံးက်တဲ့လူက T Or Dေ႐ြးခိုင္းၿပီးေမးတာခိုင္းထားလုပ္ရမယ္.."

ဦးေဆာင္တဲ့လူေတြက ဂိမ္းအေၾကာင္းကိုရွင္းျပၿပီးေတာ့ ဂိမ္းကိုစကစားၾကသည္။ သီခ်င္းရပ္သြားမည့္အခ်ိန္မည့္အခ်ိန္မွာကိုယ့္ဆီမွာ ေဘာလုံးမရွိဖို႔ အသည္းအသန္ပစ္ေပးေနၾကသည္။ ဂိမ္းေဆာ့ရင္း တတိယကစားပြဲမွာ ေဘာလုံးက Taehyungဆီေရာက္ေနခ်ိန္ သီခ်င္းသံကရပ္သြားသည္။

"ဝါးး Kim Taehyungက တတိယကံထူးရွင္ျဖစ္ပါတယ္..အေျဖေျဖေပးဖို႔ အလယ္ကိုလာေပးပါ"

Mcက ကံထူးရွင္လို႔ေျပာေနေပမဲ့ True or Dareဘယ္ဟာေ႐ြးေ႐ြးသူတို႔ေမးတာခိုင္းတာကိုမေရွာင္မလြဲဘဲလုပ္ရတာမလို႔ ကံဆိုးတာလို႔ပဲ ထင္မိတယ္။ MCေျပာတဲ့အတိုင္း ခလယ္ကိုသြားလိုက္ရသည္။ လူစုႀကီးရဲ႕အလယ္မွာေနၿပီး ေျဖရမွာဆိုေတာ့နည္းနည္းေတာ့ရွိန္မိသားပင္။

"True Or Dare"

အေရွ႕က ကိုယ့္ထက္အရင္ကံဆိုးသြားသူက True or Dareေ႐ြးဖို႔ေမးလာသည္။ မျဖစ္မေနမလို႔သာေ႐ြးရမည္ ႏွစ္ခုလုံးက ခက္လွသည္။ Trueေ႐ြးရင္ သူတို႔ေမးတာကိုမေရွာင္မလြဲပဲေျဖရမည္..Dareကိုေ႐ြးရင္ေတာ့ သူတို႔ခိုင္းတာကို မလုပ္မေနရအေနနဲ႕လုပ္ရမည္။ Dareကိုေ႐ြးမိလို႔ ကိုကိုေျပာသလို မဟုတ္တဟုတ္ေတြခိုင္းေနမည္ကိုစိုးရိမ္မိတာမလို႔ ေနာက္ဆုံးTrueကိုေ႐ြးဖို႔သာဆုံးျဖတ္လိုက္သည္။ Trueဆို ဘာမွလည္းႀကီးႀကီးမားမားလွ်ို႔ဝွက္ထားတာမရွိတာမလို႔ အဆင္ေျပမည္ထင္ပါရဲ႕။

"Trueေ႐ြးပါမယ္"

"အာ အဲ့ဒါဆို Taehyung တျခားလူတစ္ေယာက္ရဲ႕အတြင္းအဝတ္အစားကို ပိုင္ရွင္မသိေအာင္ၾကည့္ဖူးလား"

ေမးခြန္းၾကားလိုက္တာနဲ႕ ေဘးကေက်ာင္းသားေက်ာင္းသူေတြကတဟားဟားနဲ႕ ေအာ္ရယ္ၾကသည္။ အမွန္ဆို Taehyungလည္းမၾကည့္ဖူးဘူးလို႔ ေျဖလိုက္လို႔ရေပမဲ့ ဆရာJungkookစေရာက္တဲ့ေန႕ကUnderwearကိုၾကည့္ဖူးမိတာမလို႔ ျငင္းလို႔လည္းမရေတာ့။ ရွက္စရာေကာင္းေပမဲ့ ေပ်ာ္ဖို႔ဂိမ္းေဆာ့တာမလို႔ အဆင္ေျပမွာပါေလ။

"အမ္..ၾကည့္ဖူးပါတယ္"

"တကယ္ႀကီးလား!!"

အာေမဋိတ္အသံႀကီးနဲ႕အက်ယ္ႀကီးေအာ္ေမးတဲ့ အသံကဘယ္သူ႕ဆီကမွေတာ့မဟုတ္..Park Sunghoonဆီကပင္။ အဲ့ဒီေကာင္ဘယ္ေလာက္ေတာင္ အံၾသသြားလဲမသိ ..အသံႀကီးနားေထာင္တာနဲ႕တင္ အေတာ္သိသာလွသည္။ အကုန္လုံးကလည္း အံၾသေနၾကသည္။  ဟုတ္တယ္ေလ Kim Taehyungလိုအေခ်ာေလးက ခုလိုလုပ္မယ္လို႔ ဘယ္သူမွမထင္ထားေလာက္ဘူးေလ။ အရွက္ကို ထိန္းဖို႔အတြက္ တစ္ခုခုလုပ္ဖို႔ႀကံရမည္။

"ဒါေပမဲ့ အဲ့ဒီခိုးၾကည့္မိတဲ့လူက ကြၽန္တာ့္ရည္းစားျဖစ္ေနၿပီ‌မလို႔..ခုအခ်ိန္ ေပၚတင္ၾကည့္လည္းရေနၿပီ"

"ရားး Kim Taehyung"

ရည္းစားရျဖစ္ေနၿပီလို႔လည္း ေျပာလိုက္ေရာ တစ္ဖြဲ႕လုံးရဲ႕ဝါးဆိုတဲ့အံၾသတဲ့အသံႀကီးနဲ႕ Park Sunghoonဆီက ေအာ္သံႀကီးထြက္လာသည္။ အမွန္ေတာ့ ေျပာဖို႔မရည္႐ြယ္ေပမဲ့ ေျပာမိသြားျခင္းတာပင္။ ‌‌ဂိမ္းေဆာ့ေနရင္းတစ္ေလွ်ာက္လုံး Park Sunghoonဆီကမ်က္ေစာင္းခဲခံေနရတယ္။ အေဆာင္ကိုျပန္လာေတာ့လည္း စကားမေျပာ...အေဆာင္အခန္းမွာက် Minhoရွိေနေတာ့ ေျပာလို႔အဆင္မေျပတာနဲ႕ မေျပာလိုက္ရေပ။ တကယ္ပါ ခုတစ္ေလာ Park Sunghoonတို႔စိတ္ဆိုးစိတ္ေကာက္တာအရမ္းမ်ားလာတာ။

------------

ေနာက္ေန႕မနက္တြင္ ‌Busanရဲ႕ယဥ္ေက်းမႈအေမြအႏွစ္ျပတိုက္မ်ားကို ေက်ာင္းသားေက်ာင္းသူမ်ား သြားေရာက္ေလ့လာရသည္။ ဆရာမ်ားက ဦးေဆာင္ၿပီးျပတိုက္အေၾကာင္းမ်ား/ျပတိုက္တည္ေဆာက္ခဲ့ပုံ/ရာဇဝင္မ်ားကို ရွင္းျပသည္။

ျပတိုက္ကထြက္လာၿပီး Busanရဲ႕စားေသာက္ဆိုင္ေကာင္းေကာင္းကို ဆရာJungkookက ၫႊန္းေပးတာမလို႔အဲ့ဒီဆိုင္ကိုပဲ သြားစားဖို႔သေဘာတူလိုက္သည္။

စားေသာက္ဆိုင္ကိုမေရာက္ခင္ကေတာ့ ေက်ာင္းသား/ေက်ာင္းသူအမ်ားႀကီးမလို႔  စားေသာက္ဆိုင္ဆံ့ပါ့မလား‌ေတြးပူမိေပမဲ့ ဆိုင္ေရာက္ေတာ့မွသိလိုက္ရတာက ထင္ထားတာထက္ကိုပိုႀကီးသည္။ အစားအေသာက္အရသာကလည္း အေတာ္ေလးအဆင္ေျပတာမလို႔ Taehyungသေဘာက်မိပါတယ္။ ဆရာေတြထိုင္စားေနတဲ့ စားပြဲဝိုင္းကို အၾကည့္ေရာက္မိေတာ့ ဆရာJungkookနဲ႕ Taehyungအၾကည့္ခ်င္းဆုံမိသြားသည္။ ေခတၱခဏေလးအၾကည့္ခ်င္းဆုံမိတဲ့အခိုက္မွာ Taehyungဘက္ကပင္အရင္အၾကည့္ကိုလႊဲလိုက္ရတယ္။ ရည္းစားျဖစ္ၿပီးတာေတာင္ Taehyungဘက္ကအၾကည့္ခ်င္းကိုၾကာေအာင္မဆုံနိုင္ေသးေပ။

အစားအေသာက္ကိုပဲဆက္ၿပီးငုံစားေနတုန္း ေဘးကေနကိုယ့္ကို စိုက္ၾကည့္ေနသလို Taehyungခံစားမိလာတာမလို႔ ေဘးကိုလွည့္ၾကည့္မိေတာ့ Sunghoonကစိုက္ၾကည့္ေနတာပင္။
မ်က္ခုံးပင့္ၿပီးဘာလဲလို႔ ေမးလိုက္ေတာ့   လက္ညွိုးႏွစ္ေခ်ာင္းနဲ႕မ်က္လုံးကို ထိုးျပၿပီး ‌ေစာင့္ၾကည့္ေနတယ္ဆိုၿပီးအမူအရာလုပ္ျပသည္။ သြား၃၂ေခ်ာင္းလုံးၿဖီးေနေအာင္ ၿပဳံးျပလိုက္ၿပီး အစားကိုပဲျပန္အာ႐ုံစိုက္လိုက္တယ္။ Park Sunghoonဆီက အႀကိမ္းခံအဆူအေငါက္ခံရမွာကို စားေသာက္ေနတဲ့ခ်ိန္မွာေတာ့ မခံခ်င္တာမလို႔မသိဘာသာေနလိုက္ရတာပင္။ စားေသာက္ၿပီးေတာ့ ေလ့လာေရးခရီးဆိုတဲ့သေဘာသဘာဝအတိုင္းနာမည္ႀကီးေနရာေတြအျပင္အျခားေနရာမ်ားကိုပါသြားေရာက္ေလ့လာၾကသည္။ Taehyungကေတာ့ Park Sunghoonဆီက အႀကိမ္းမခံရဖို႔ပတ္ေရွာင္ေနရတယ္။ရွင္းျပရင္ အရွည္ႀကီးရွင္းျပရမွာမလို႔ ညေရာက္မွ ေအးေဆးရွင္းျပဖိုသာေတြးထားလိုက္သည္။

----

Vote နဲ႕RLအတြက္ေက်းဇူးပါရယ္

#bliawnk💮💤

Продолжить чтение

Вам также понравится

16.3K 2.7K 21
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
59.6K 15.6K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
83.4K 3.1K 38
Unicode & Zawgyi #37 complete
71.9K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]