အသွင်ပြောင်းသားရဲလေးတွေရဲ့ မေ...

By annakk_97

10.4K 1K 26

Dropped* Associated Names - 每天都在被幼崽们碰瓷 Author(s) - 插柳成荫 Original Publisher - jjwxc Type - Web Novel Status i... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
ကမ္ဘာပျက်ကပ် ရောက်ရှိလာခြင်း
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Announcement

အပိုင်း ၉

471 75 3
By annakk_97

အပိုင်း - မြှောင်~ ()

ယဲ့ချင်းသည် သံတံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်သောကြောင့် ကျယ်လောင်စွာ ဆူညံသွားစေသည်။ သံတံခါးကြီးသည် နှစ်ပေါင်း ဆယ်ချီ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ယခင်ကကဲ့သို့ ခိုင်ခံ့မှုရှိသေးသော်လည်း သံချေးများဖြင့် ဖုံးအုပ်ထားပြီးဖြစ်သည်။ ယခုအခါ ယဲ့ချင်းသည် ထိုတံခါးကို ဆောင့်ပိတ်လိုက်သောကြောင့် တံခါးမှ သံချေးများစွာပင် ကြွေကျသွားလေသည်။

မျန်ဟွာထန်လေးသည် ပိတ်ထားသောတံခါးကြီးကို ကြည့်ကာ အပြင်ဘက်တွင် မတ်တတ်ရပ်နေရှာသည်။ ကြောင်အသွားသောကြောင့် သူမ၏ပါးစပ်လေးပင် ပြန်မစိနိုင်တော့ပေ။

သူမ၊ မျန်ဟွာထန်လေးသည် သူမ၏မိခင်ဆီမှ စွန့်ပစ်ခြင်းခံလိုက်ရသည်လား? သို့သော်ငြား အဘယ်ကြောင့်နည်း? QuQ

မာမီသည် မည်သည့်အရာကိုမျှ မမှတ်မိဟု ဒယ်ဒီ ပြောခဲ့စဉ်တည်းက သူမ၏မာမီဆီသို့ သွားသောအခါ တွန်းထုတ်ခံရမည်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူမကို တင်းကြပ်စွာ ဖက်ထားခြင်းပင်။

သို့သော် မာမီသည် သူမကို တွန်းမထုတ်ဘဲ ထိုအစား သူမ၏ပါးလေးကို ပွတ်ကာ ခေါင်းလေးကို ပုတ်ပေးသေးသည်လေ။

တစ်စုံတစ်ဦးသည် ထိုကလေးကို သဘောကျမှသာ ကလေး၏မျက်နှာလေးကိုပွတ်ပြီး ခေါင်းကို ပုတ်ပေးသည်မဟုတ်ပါလား? ထို့ပြင် မာမီသည် သူမအတွက် သကြားလုံးကိုတောင် အခွံခွါပေးသေးသည်။ သို့သော်၊...သို့သော်လည်း သူမလေးသည် ကန်ထုတ်ခံလိုက်ရသည်။

ပျားလိမ္မော်သကြားလုံးလေးသည် သူမ၏ ဟနေသောပါးစပ်မှ ပြုတ်ကျတော့မည်ဖြစ်သည်။ ချန်မျန်သည် ထိုသကြားလုံး မပြုတ်ကျစေရန် မသိစိတ်ကပင် ပြန်စုပ်ယူလိုက်သည်။

ပျားလိမ္မော်အရသာသည် အနည်းငယ်ချိုပြီး ချဉ်သည့်အရသာကပါ အတန်ငယ် ရောနေကာ သူမ၏ လျှာပေါ်တွင် စွဲနေလျက် နောက်ထပ် ပိုပိုပြီး လိုချင်လာစေသည်။ သို့သော် ထိုအချဉ်အရသာသည် ကလေးမလေးထံသို့ ပျံ့နှံ့လာသော် သူမလေး၏နှာခေါင်းကို ရှုံ့တွန့်သွားစေ၏။

သူမလေးသည် နီရဲနေသောနှာခေါင်းလေးကိုပွတ်လိုက်ပြီး ဇဝေဇဝါနှင့် သူမ၏ရှေ့ရှိ ခိုင်ခံ့ထူထဲသောတံခါးကြီးကို ကြည့်လိုက်ကာ ထိုနေရာတွင် အတော်ကြာကြာ မတ်တတ်ရပ်နေခဲ့သည်။ ထို့နောက် လှည့်၍ လမ်းကြားထဲသို့ ဝင်သွားခဲ့တော့သည်။

လမ်း၏အဆုံးနား၊ သစ်ပင်ကြီးတစ်ပင်အောက်တွင် Cayenne*ကားတစ်စီးရပ်ထားလေသည်။

ချန်မျန်သည် အနောက်ခုံ၏တံခါးသို့ သွားကာ သူမထက် ပိုမြင့်နေသော တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ သူမလေး၏မျက်နှာသည် အနည်းငယ်ရှုံ့တွနေကာ တံခါးကို ဆွဲဖွင့်ပြီး အထဲကို တိုးဝင်လာခဲ့ပြီးနောက် သူမအနောက်ရှိတံခါးကို ပိတ်လိုက်လေသည်။

သူမဘေးတွင် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော ယောကျာ်းတစ်ဦး ထိုင်လျက်ရှိနေသည်။ သူ၏ရှပ်အင်္ကျီရှိ အပေါ်ဆုံးကြယ်သီးကို မတပ်ထားရာ သူ၏အသွင်အပြင်သည် ငြို့ဓာတ်ပြင်းနေပြီး ဆွဲဆောင်မှုအပြည့်နှင့်ပင်။

ခေါင်းကို အနည်းငယ် ငုံ့ထားလေရာ သူ၏ ဘေးတစောင်းမျက်နှာလေးကိုသာ ပြထားပြီး သူ၏ ဘယ်ဘက်လက်တွင် စာရွက်စာတမ်းတစ်ခုရှိနေကာ ညာဘက်တွင်တော့ ဖောင်တိန်တစ်ချောင်းကို ကိုင်ထားလေသည်။

သူသည် စာရွက်စာတမ်းများကို လက်မှတ်ထိုးရန်အတွက် အလုပ်ရှုပ်နေလျက်ရှိနေသည်။ ထိုစာရွက်စာတမ်း၏ အောက်တွင် တင်စရာဘာမျှမရှိဘဲ သူ၏ ဘယ်ဘက်လက်နှင့်သာ ထောက်ကန်ထားလျက် ရှိသည်။ သေချာသည်ကတော့ ထိုအပေါ်တွင် ရေးရန် လွယ်ကူမည် မဟုတ်ပေ။

ထိုအရာသည် သူ့ကို လုံးဝအနှောက်အယှက်ပေးပုံမပေါ်ပေ။ ထင်ရှားသောအဆစ်များနှင့် သူ၏ညာလက်သည် တောက်ပနေသောအနက်ရောင်ဖောင်တိန်ကို ညင်သာစွာကိုင်ထားလျက်ရှိပြီး သူ၏နာမည်ကို သာမန်ကာလျှံကာ ချရေးလိုက်သည်။
'ချန်ချင်းယန်'

ကား တံခါးဖွင့်၊ ပိတ်သံကြားသည့်အခါ သူသည် ယခုလေးတင် လက်မှတ်ထိုးထားသော စာရွက်စာတမ်းကို ဘေးကို ချလိုက်ကာ မော့ကြည့်လိုက်သည်။

သူသည် ချယ်ရီပန်းလေးများ ဖူးပွင့်ဝေဆာနေသကဲ့သို့ မိန်းမဆန်သောအသွင်ရှိလေသည်။ ယောကျာ်းတစ်ဦးကို လှပသည်ဟု သုံးနှုန်းခြင်းသည် ထူးဆန်းသော်ငြား သူသည် မိန်းမတစ်ယောက်နီးပါး လှပလေသည်။

ထို့ပြင် ထိုယောကျ်ားထံမှ ပျင်းရိခြင်းနှင့် အေးစက်ခြင်းတို့ကို ခံစားရသောကြောင့် သူသည် အလွန် မိန်းမဆန်ပုံမပေါ်ဘဲ သူ၏အလှသည် အေးစက်ပြီး ထူးခြားဆန်းပြားသော အလှတစ်မျိုးဖြစ်နေလေသည်။

အကောင်ပေါက်လေး ချန်မျန်သည် တစ်လျှောက်လုံး ထိန်းလာပြီး သူမဒယ်ဒီကို တွေ့သော် မထိန်းနိုင်တော့ဘဲ သူမဒယ်ဒီ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့သည်။ သူမလေး၏ မျက်လုံးတို့သည် နီရဲနေကာ မျက်ရည်တို့သည်လည်း တဖြိုင်ဖြိုင်ကျလာကာ ပြောလိုက်သည်။

"ဒယ်ဒီ၊ မာမီလေ၊ မာမီကလေ သမီးကို နှင်ထုတ်လိုက်တယ်။" သူမသည် ပြောနေရင်း တစ်ချက် ငိုရှိုက်လိုက်သည်။

ထိုစကားတို့ကို ကြားသော် ချန်ချင်းယန်သည် သိပ်မအံ့ဩသွားခဲ့ပေ။ သူသည် သူ၏သမီးလေးကို ပေါင်ပေါ် ဆွဲတင်ကာ သူမလေး၏နောက်ကျောကို အသာအယာပုတ်ပေးရင်း သူမ၏ ရင်နင့်ဖွယ် ကြေကွဲစရာဇာတ်လမ်း၏ မည်သို့မည်ပုံအကြောင်းကို နားထောင်ပေးနေသည်။

"အစက မာမီက သမီးအပေါ် တအားကောင်းတာ၊ ဒါပေမဲ့ နောက်ဆုံးတော့ သမီးကို ကန်ထုတ်လိုက်တယ်။"

ဖြစ်စဉ်၏ အစပိုင်းနှင့် အဆုံးသတ်ကြားသည် ကွာခြားလွန်းသည်ထင်ပါ၏။ ချန်မျန်သည် ဝမ်းနည်းလွန်းတာကြောင့် သူမ၏ ဖြူဖွေးသည့်အမြီးပွပွလေးသည်တောင် ပေါ်ထွက်လာခဲ့သည်။

ချန်ချင်းယန်သည် သူ၏ရှေ့ရှိ ဘယ်ညာယိမ်းနေသော အမြီးလေးကိုကြည့်လိုက်ပြီး သူ့သမီးလေး၏ခေါင်းထိပ်လေးကို ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်လေသည်။

"အဆင်ပြေပါတယ်။ တခြားတစ်နည်းနဲ့ ချဉ်းကပ်လို့ရတာကြောင့် အလျင်မလိုနဲ့။ အရင်ဆုံး တစ်ခုခု သွားစားကြရအောင်နော်။"

                                            •.•

Notes:
*Cayenne

Continue Reading

You'll Also Like

3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
193K 38.6K 57
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
170K 13.4K 22
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
208K 14.8K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...