Hi ပြန်လာပါပြီရှင့်
အရင် အပတ် က တင်ပေးရမှာ မတင်ဖြစ်လို့ အပိုင်း မခွဲတော့ဘဲ တစ်ပိုင်းလုံး တင်ပေးလိုက်တယ်နော်
Chapter 37 : ခဏလောက် သတိလွတ်သွားခြင်း
ဂျူလော့စ်ရဲ့ မွေးနေ့ပါတီကို တက်ရမှာလား? မိုင်နဲနှင့် ဂျူလော့စ်ရဲ့ လက်ရှိ ဆက်ဆံရေး အကြောင်း မသိဘူးလား? မိုင်နဲ ဦးလေးရဲ့ခေါင်းထဲမှာ သဲတွေ ရှိနေတာလား?
ရှဲ့စန်းသည် သူ့ဦးလေးအပေါ် မိုင်နဲ၏ သဘောထားကို သိပြီးကတည်းက သက်ပြင်းချကာ မေးလိုက်သည်။
"မင်း လာမယ်လို့ ပြောလိုက်လား?"
မိုင်နဲ ခေါင်းညိတ်ပြီး "ငါ မလာဘူးလို့ မပြောနိုင်ဘူးလေ"
ရှဲ့စန်း သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။ မင်းဟာက မဟုတ်သေးပါဘူး၊ မလာနိုင်ဘူးလို့ မပြောနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?
မိုင်နဲ က နှုတ်ခမ်းစေ့ ထားလိုက်သည်။ "ဦးလေး အတွက် အခက်အခဲတွေ မဖြစ်စေချင်ဘူး၊ ရေတပ်ဗိုလ်ချုပ်ကြီး ကော့စ်က သူ့ကို အမိန့်ပေးထားတယ်။" ထိုနေရာတွင် မိုင်နဲ၏ လေသံ အနည်းငယ် အေးစက်သွားသည်။ "သူ ငါ့ကို တစ်ခုခုပြောချင်နေတာ ဖြစ်နိုင်တယ်!"
ရှဲ့စန်း က "မင်း ပြိုင်ပွဲမှာ ချန်ပီယံဆု ရတာကို မြင်လိုက်ရတော့ မင်းက တော်တယ်လို့ ထင်ပြီး ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ ဒီဟာကို အခွင့်အရေး ယူချင်နေတာ ဖြစ်နိုင်မလား"
"ဖြစ်နိုင်တယ်" မိုင်နဲက ပြောသည်။ "မနက်ဖြန် သွားကြည့်ရင် ငါတို့ သိရလိမ့်မယ်"
ရှဲ့စန်း က သိပ်မသေချာပေ။ မိုင်နဲ အတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ ဦးလေးဖြစ်ပြီး၊ ဦးလေး၏အစ်ကိုနှင့် ဂျူလော့စ်တို့က မိုင်နဲကို ဝိုင်းပယ် ထားကြပြီး ဆက်ဆံရေး မကောင်းကြပေ ။ သူတို့ကြောင့် ဖြစ်နိုင်ခြေများတယ် ။
ဂျူလော့စ်၏ မွေးနေ့ပါတီတွင် ဤလူများ အားလုံးလာနိုင်ပြီး ဖြစ်နိုင်ချေရှိသော အခြေအနေများစွာ ရှိနေခဲ့သည်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်" ရှဲ့စန်း သေချာ တွေးကာ ပြောလိုက်သည် ။ "ငါ့ကို ခေါ်သွားလို့ရမလား?"
မိုင်နဲ က "မင်း တကယ် သွားချင်တာလား"
ရှဲ့စန်းက ပြတ်ပြတ်သားသား ခေါင်းညိတ် ပြလိုက်တော့မိုင်နဲက "ဦးလေးကို နောက်ထပ် ဖိတ်ကြားချက်တစ်ခု တောင်းခိုင်းလိုက်မယ်"
"ဒီဟာကို အလျှင်လိုပြီး ဒုက္ခပေးဖို့ မလိုပါဘူး။ ဒီလို ပါတီပွဲ အတွက် မင်း ရက်ချိန်း ယူသင့်တယ် မဟုတ်ဘူးလား" ရှဲ့စန်း က မေးလိုက်သည်။
မိုင်နဲက သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြပြီး "အင်း"
ပါတီပွဲကို အတူတူသွားဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ အွန်လိုင်းကနေ ဝတ်စုံတွေ ထပ်ငှားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဂျူလော့စ်ရဲ့ မွေးနေ့ပွဲကို သိပ်စိတ်မပူကြတဲ့အတွက် ဘာမှ စဉ်းစားမနေခဲ့ကြပေ။
နောက်တစ်နေ့တွင် ရှဲ့စန်းသည် အလုပ်မှ အိမ်သို့ပြန်လာပြီး ကော့စ် မိသားစုရဲ့ နေအိမ်သို့ မသွားမီ မိုင်နဲနှင့် ညစာစားခဲ့သည်။ ကော့စ် မိသားစု နေအိမ်၏ ဗိသုကာလက်ရာသည် အေဘမ်မိသားစုနှင့်ဆင်တူသည်။ ကျယ်ဝန်းသော ဧရိယာ၊ကျယ်ဝန်းသော ရဲတိုက်ကြီး ရှိသည်။ အိမ်ရှေ့တံခါးကနေ ဝင်တဲ့ စင်္ကြံတလျှောက် အလှဆင်တဲ့ အပင်အတုတွေနဲ့ အလှပြင်ထားသည်။
"အို.. ချစ်ရတဲ့ မိုင်နဲ၊ မင်းကို တွေ့ရတာ အရမ်းကောင်းတာပဲ"
အနက်ရောင် ဝတ်စုံကို ၀တ်ဆင်ထားသော ဆိုတိုကိုသည် မိုင်နဲဆီသို့ လျှောက်သွားကာ ပွေ့ဖက်ပေးရန် သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ နွေးထွေးစွာ တွေ့ဆုံခြင်းနှင့် နှုတ်ဆက်ခြင်း ဖြစ်သည်။
တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဆိုကိုတိုသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ မိုင်နဲဘေးရှိ ရှဲ့စန်း ကို အံ့သြမှု၊စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဒီ ချောမောလှပတဲ့ အမ လေးကို မိတ်ဆက်ပေးမလို့လား?"
ရှဲ့စန်း၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး 'မင်းကပဲ အမ' လို့ မပြောမိအောင် ထိန်းထားရင်း သွားတွေကို တင်းတင်း စေ့ထားလိုက်သည်။
မိုင်နဲက အမှန် ပြင်ပေးလိုက်သည်။ "ဒါက ကျွန်တော့် သူငယ်ချင်း ရှဲ့စန်း အထီးပဲ"
"တောင်းပန်ပါတယ်" ဆိုတိုကို က တောင်းပန်ပြီး ရှဲ့စန်း ဆီသို့ လက်ကို ဆန့်တန်းကာ "ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ၊ တွေ့ရတာဝမ်းသာပါတယ်"
ရှဲ့စန်း က သူ့လက်ကို လှမ်းကိုင်လိုက်သည်။ သူက ရက်ရောစွာ ပြုံးပြပြီး "အဆင်ပြေပါတယ်"
"တရားဝင် ပွဲမစခင် မိနစ်နှစ်ဆယ်လောက် အချိန်ရှိသေးတော့ မင်း လျှောက်ကြည့်ပြီး တစ်ခုခု စားလို့ရတယ်။ ငါ က ဧည့်သည်တွေကို သွားနှုတ်ဆက်ရမယ်"
ဆိုကိုတို အခြားဧည့်သည်တစ်ဦးကို နှုတ်ဆက်သောအခါ မိုင်နဲ ခေါင်းညိတ်ပြလိုက်သည်။ ရှဲ့စန်း က လှည့်ကြည့်လိုက်ပြီး မိုင်နဲကို သူနဲ့အတူ ထောင့်စွန်းက ဆိုဖာဆီ ခေါ်သွားလိုက်သည်။ သူတို့ ပတ်ဝန်းကျင်က ဧည့်သည်တွေရဲ့ အကြည့်တွေက သူတို့အပေါ် ကျရောက်နေတာကို အခုမှ သူ ခံစားလိုက်ရပြီးနောက် အံ့သြတကြီး ညည်းညူသံတွေ အတူ ပါလာခဲ့သည်။
မိုင်နဲ နှင့် ဂျူလော့စ်တို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဂျူလော့စ်၏ မွေးနေ့ပါတီတွင် ပေါ်လာသော မိုင်နဲ၏ အသွင်အပြင်သည် အမှန်တကယ် အံ့အားသင့်စရာ ကောင်းလှသည်။ အရပ်မြင့်မြင့်၊ အရောင်တူ ပွဲတက်အင်္ကျီဝတ်ထားသည့် မိုင်နဲ နှင့် အတူ သူ ခြေလှမ်းနှစ်လှမ်း မလှမ်းမိပေ။
ဤလူအများစုကဲ့သို့ပင် ထိုလူသည် ချောမောသောအသွင်အပြင်ရှိပြီး ဝိုင်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ထားသည်။
သူက အနည်းငယ်ကွေးပြီး ညာဘက်လက်က ဖန်ခွက်ကို ရှဲ့စန်းဆီ ယူဆောင်လာပြီး ရွှန်းလဲ့စွာ ကြည့်လိုက်သည်။
"မင်းနဲ့ အတူ သောက်လို့ရမလား? ချောမောလှပတဲ့ လူငယ်လေး"
မိုင်နဲ မျက်ခုံးကျုံ့လိုက်ပြီး ထိုယောက်ျားကို ဆိုးတဲ့အကြည့်တွေ ပေးရင်း ရှဲ့စန်းရဲ့ တုံ့ပြန်မှုကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ ရှဲ့စန်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူက အခု ကြည့်ကောင်းနေပေမယ့် သူ့ကို ဖော်ပြဖို့ 'လှတယ်' လို့ လူတွေက လုံးဝ မသုံးသင့်ဘူး။
"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မသောက်ပါဘူး" ဟု ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။
ဝိုင်သည် ဤနေရာ၌ အထူး ဇိမ်ခံပစ္စည်း ဖြစ်သည်မှာ သေချာပါသည်၊ ၎င်းကို ပါတီပွဲ၌ သုံးထားရခြင်းမှာ ကော့စ် မိသားစုသည် အမှန်တကယ်ပင် ခိုင်မာသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အဲဒီလူက စိတ်ပျက်လက်ပျက်နဲ့ ပခုံးတွန့်ပြပြီး စိတ်ထဲ မထားဘဲ "ပြီးရင် မင်းနဲ့ ကရမှာ ပျော်ဖို့ကောင်းမယ်လို့ ကိုယ် မျှော်လင့်ပါတယ်"
ပြောပြီးသွားသည်နှင့် သူတို့လမ်းကို မပိတ်တော့ဘဲ ဘေးဘက်သို့ လှပသော ခြေလှမ်းတစ်ခု လှမ်းလိုက်သည်။
ရှဲ့စန်း က အကြောင်း မပြန်ခဲ့ပေ။ သူသည် ဘရန့်ဒ်ဂြိုလ်၏ အကကို တစ်ခါမှ မမြင်ဖူးပါ၊ ကိုယ်တိုင်ကဖို့နေနေသာသာ၊ သူ ကတတ် ရင်တောင် သူစိမ်းတစ်ယောက်နဲ့ ကမှာမဟုတ်ဘူး။ သူ့တုံ့ပြန်မှုကြောင့် မျက်ခုံးကျုံ့ထားသော မိုင်နဲကို ဆွဲခေါ်လိုက်သည်။ ခြေလှမ်း အနည်းငယ်အတွင်း အသံတိုးတိုး မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပြောသည့် အသံများ သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ဟယ်၊ ဒီ အမက အရူးလား။ ကော့မိသားစုရဲ့ တရားမဝင်သားနှင့် အတူနေဖို့ ချောင်မိသားစု၏ သခင်လေးကို ငြင်းပယ်ခဲ့တာ ငါ မယုံနိုင်ဘူး"
"ချောင်မိသားစု သခင်လေးရဲ့ ပုံသဏ္ဌာန်ကို သူ မသိလို့ မဟုတ်ဘူးလား?"
"ပွဲသို့တက်ရတာလေးကို မိုင်နဲ က ကော့စ် မိသားစုထဲ ချောချော မွေ့မွေ့ ဝင်ရောက်နိုင်တယ်လို့ သူထင်နေတာ ဖြစ်နိုင်တယ်၊ ငါတော့ အဲလို မြင်တာပဲ။ သူက သူ့ကိုယ်သူ ကော့စ်မိသားစုရဲ့ ပေါင်ကို ဖက်ထားနိုင်တယ်လို့ ထင်နေတာဖြစ်မယ်!"
"ကော့စ်မိသားစုကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဝင်လို့ရမှာလဲ? သူက တရားမ၀င်သား! သူ့မှာ ကျောထောက်နောက်ခံပြုဖို့ မိသားစုမရှိဘူး!"
"သခင်လေး ချောင်ရဲ့ အခြေအနေကို သိပြီး မိုင်နဲကို ကော့စ်မိသားစုက တန်ဖိုးမထားဘူးဆိုရင် သူသိသွားရင် သူနောင်တရသွားလိမ့်မယ်!"
ရှဲ့စန်း မိုင်နဲ၏ လက်မောင်းကို လှမ်းဆွဲလိုက်တော့ သူ၏ကြွက်သားများ တင်းကျပ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ရှဲ့စန်း ခေါင်းကို လှည့်ကာ အတူတူ စကားပြောနေကြသော အရပ်ပုသည့် အမ သုံးယောက်ကို စိုက်ကြည့့်လိုက်သည်။
"အဲဒီလို ဆိုးသွမ်းတဲ့ စကားတွေ မပြောစမ်းပါနဲ့။ တိုးတိုးပြောလို့ မရဘူးလား? ဒါမှမဟုတ်ရင် မင်းဘာလို့ အသံချဲ့စက်ကို မယူခဲ့တာလဲ? မင်းရဲ့ အတင်းအဖျင်းပြောသံတွေကို ခန်းမတစ်ခုလုံး ကြားအောင် ပြောလိုက်ပါလား?
မကြားခဲ့ရရင်တောင် ဖြစ်ပျက်နေတာကို သိလိုက်ရရင် သူ့စိတ်ခံစားချက်ကို ထိခိုက်စေလိမ့်မည်။ သူ့အသံက မကျယ်ပေမယ့် တိုးလွန်းတာလည်း မဟုတ်ပေ၊ လူတော်တော်များများရဲ့ မျက်လုံးတွေကို ချက်ချင်းဆွဲငင်လိုက်ကာ သူ့အကြည့်နောက် လိုက်ပြီး အတင်းအဖျင်း ပြောနေတဲ့ သုံးယောက်အုပ်စုဆီ ရောက်သွားသည်။
အမ သုံးယောက်သည် သူတို့နှင့်ပတ်သက်ပြီး သူ၏ ကျယ်လောင်သော ထေ့ငေါ့ ပြောစကားအတွက် ပြင်ဆင်ထားခြင်းမရှိဘဲ ပတ်ပတ်လည်မှ အကြည့်များကြောင့် ရှက်သွားကြသည်။ ဆံပင် ခဲရောင် ဖျော့ဖျော့နဲ့ ကောင်လေး တစ်ယောက်က သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။
"မင်းအကြောင်း ငါတို့ပြောတာကို မင်းဘာတွေ ဂရုစိုက်နေတာလဲ? ငါတို့ ပြောတာ မှားနေလို့လား?"
(T/N: အမလေး အံ့သြဘ၊ ကိုယ့်အကြောင်း ကိုယ့်ဘေးမှာ ပေါ်တင်ကြီး အတင်းတုတ်နေတာကို ဒီအတိုင်း မကြားချင်ယောင် ဆောင်နေရမှာလားဟဲ့ 😤😤😤)
"သေချာတာပေါ့၊ မင်း...မှားနေပြီ!" ရှဲ့စန်း က သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။ "ပထမ အချက်၊ ငါက အထီး ဖြစ်ပြီး၊ ဒုတိယအချက်က မင်းငါ့ကိုပြောနေမှတော့ ငါ့အကြောင်းပဲပေါ့။ တကယ်လို့ ငါ မင်းအကြောင်း ပြောနေရင် မင်းနဲ့ ဘာမှ မဆိုင်ဘူးလား?"
အမသုံးယောက်က သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူ က အထီး ဖြစ်မယ်လို့ မမျှော်လင့်ထားပေ။
အံ့အားသင့်သွားပြီးနောက် ဆံပင် ခဲရောင် ဖျော့ဖျော့နဲ့ ကောင်လေးက "တကယ်လို့ မင်းကိုယ်မင်း အထီးလို့ သတ်မှတ်လို့ရရင် ကိုယ့်ကိုကိုယ် အမ အယောင်ထားတဲ့ အထီးလို့ပဲ ခေါ်လိုက်ပါတော့လား"
ရှဲ့စန်း သူ့စကားတွေကို ချက်ချင်း ဘာသာပြန် လိုက်သည်။ အမ အယောင်ဆောင်ထားတဲ့ အထီး =အခြောက်။ ရှဲ့စန်း၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သူ၏ ယောက်ျားပီသမှုကို မေးခွန်းထုတ်ခဲ့တယ်ပေါ့။ ကောင်လေးကို လက်ညိုး ထိုးလိုက်သည်။
"လူတွေကို သူတို့ရဲ့ အသွင်အပြင်နဲ့ အကဲဖြတ်တဲ့ အပေါ်ယံ အမ၊ အဲဒါ မင်းပဲ၊ မင်းကောင်းတယ်လို့ ထင်တဲ့ အထီးကို သွားရှာပြီး ငါနဲ့ တိုက်ခိုင်းလိုက်။ ငါအနိုင်ရရင် မင်းငါ့ကို အထီး ဖြစ်တယ် ဆိုတဲ့အကြောင်း ဆယ်ခွန်း ပြောရမယ်!"
(T/N: သူ့လောက် ကျားတာ၊ သူပဲ ရှိတယ်၊ အဲဒါကို ဒီလို အပြောခံရတော့ ဒေါသအိုး ပေါက်ကွဲပြီပေါ့ 🤣🤣🤣)
ကောင်လေး အေးခဲသွားသည်။ ရှဲ့စန်းက ဒီလိုတုံ့ပြန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ သူ့ပတ်ဝန်းကျင်က လူတွေကလည်း ရှဲ့စန်းကို အံ့သြစွာကြည့်နေကြသည်။ သူ ဘာကြောင့် ယုံကြည်မှု အရမ်း ရှိနေတာလဲ? ကောင်လေးက ရှဲ့စန်းရဲ့ ခန္ဓာကိုယ် သေးသေးလေးကို ကြည့်လိုက်သည်။
"တကယ်လို့ မင်း ရှုံးသွားရင်ရော?"
ရှဲ့စန်း အံကို ကြိတ်လိုက်သည်။ "ငါ မင်းကို တောင်းပန်ပြီး မင်းပြောတာကို ဝန်ခံမယ်"
"ပြီးတော့ ငါ့ သူငယ်ချင်းတွေကို တောင်းပန်ပါ!" ကောင်လေးက ပြောသည်။
"ကောင်းပြီ" ရှဲ့စန်း သဘောတူလိုက်သည်။ သူ့စွမ်းအင်အားလုံးကို တစ်ပြိုင်နက်တည်း သုံးလိုက်ရပြီး အာလူးနဲ့ ငရုတ်သီးမှုန့် မိုးတွေ ရွာလိုက်ရရင်တောင် သူ နိုင်,နိုင်သေးသည်။
ကောင်လေးက သူ့လက်ပတ်ကို ဖွင့်လိုက်သည်။
"အစ်ကို၊ တစ်ယောက်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေတယ်၊ ဒီကိုလာပါ!"
(T/N:ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့ ဗရမ်းဗတာတွေပါဟယ် 🙄🙄🙄)
ရှဲ့စန်း ပြောစရာ စကားမရှိ ဖြစ်သွားသည်။ "မင်း အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေစရာ မလိုဘူး။ မင်းကငါ့ကို ရွဲ့တဲ့လူပဲ။ ငါ မင်းကို ဘယ်တုန်းက အနိုင်ကျင့်ခဲ့လို့လဲ။ ငါ က ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား စိန်ခေါ်ခဲ့တာ၊ လူ တော်တော် များများက စောင့်ကြည့် နေကြတယ်နော်!"
ကောင်လေးက အသံထွက်ရုံ အော်လိုက်ပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ သိပ်မကြာခင်မှာပဲ အနက်ရောင် ၀တ်စုံနဲ့ အရပ်ရှည်ကာ သန်မာတဲ့ လူတစ်ယောက် ဝင်လာခဲ့သည်။ ကောင်လေးက ချက်ချင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသူက ကောင်လေးဆီ လျှောက်လာတော့ ကောင်လေး က ရှဲ့စန်း ကို ချက်ချင်း လက်ညိုးထိုးပြပြီး
"အစ်ကို၊ သူက မင်းကို စိန်ခေါ်ချင်နေတယ်"
ထိုလူသည် ရှဲ့စန်းကို အံ့သြသောအကြည့်ဖြင့် ကြည့်ပြီး "ဘာတွေ ဖြစ်နေတာလဲ?"
ရှဲ့စန်း အဖြစ်အပျက်ကို ရှင်းပြလိုက်သည်။ "ကျယ်တဲ့နေရာ ရှာပြီး တိုက်ကြရအောင်!"
အဲဒီလူက သူ့ ညီရဲ့ ခေါင်းကို ရိုက်လိုက်သည်။
"အဓိပ္ပါယ် မရှိတာတွေ၊ သူ့ကို တောင်းပန်လိုက်"
သူသည် ရှဲ့စန်း ကို ပြုံးပြီး ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊ဒါ ငါတို့ဘက်က မှားတာပါ။ အရှုံးပေးပါတယ်၊ မင်းကို ဆက်သွယ်ရမယ့် အချက်အလက် ပေးခဲ့ပါလား၊ တောင်းပန်တဲ့ အနေနဲ့ မင်းကို ညစာ ဝယ်ကျွေးမယ်လေ"
"အစ်ကို၊ သူ့ကို သင်ခန်းစာပေး ခိုင်းတာ ညစာ ဝယ်ကျွေးခိုင်းတာ မဟုတ်ဘူး ၊ သူ့ကို တွေ့ဖို့ မေးမနဲ့!" ကောင်လေးက မကျေမနပ်ဖြင့် ခေါင်း အနောက်ကို အုပ်လိုက်သည်။
ရှဲ့စန်း၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားသည်။ မိုင်နဲက ထိုလူကို မျက်မှောင်ကြုတ်ကာ ကြည့်နေသဖြင့် ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။
"တောင်းပန်လိုက်စမ်း!" အဲဒီလူက သူ့ညီကို ငုံ့ကြည့်ရင်း ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
"သူများ အကြောင်း အတင်းအဖျင်း ပြောပြီး ကဲ့ရဲ့နေတဲ့ မင်း မှားတာလေ၊ မင်းရဲ့ ကြီးပြင်းလာမှုက ဘယ်ရောက်သွားတာလဲ"
ကောင်လေးက သူ့နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားသော်လည်း သူ့ကို စိုက်ကြည့်ခြင်း ခံရပြီးနောက် ရှဲ့စန်းအား ဒေါသတကြီး အသံဖြင့် "ငါ တောင်းပန်ပါတယ်"
ရှဲ့စန်း က အခုအချိန်မှာ မီးပုံးပျံ တစ်ခုလိုပင်။ အစ က သူ့ကိုယ်သူ နာမည်ရဖို့အတွက် နာကျင်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု တိုက်ဖို့ တွေးနေခဲ့ပေမယ့် အရာအားလုံးက မထင်မှတ်ဘဲ ဒီလို ဖြစ်သွားခဲ့သည်။ အခုတော့ သူ စိတ်မဝင်စားတော့ သလို ခံစားလိုက်ရသည်။ သူအဆင်ပြေကြောင်း လက်ကို ဝှေ့ယမ်းကာ ဂရုမစိုက်တော့ကြောင်း ပြလိုက်သည်။
သူက မိုင်နဲကို ဆွဲကာ ထောင့်သို့ ဦးတည် သွားလိုက်သည်။ ထိုလူက လက်ပတ်ကို ကိုင်ကာ နောက်မှ လိုက်လာသည်။
"တကယ် တောင်းပန်ပါတယ်။ ပြုပြင်ဖို့ အခွင့်အရေး တစ်ခု ပေးပါ"
ရှဲ့စန်း ထိုလူကို စကားမပြောဘဲ ကြည့်နေလိုက်သည် ။အရင် ကမ္ဘာမှာ သူ့အခန်းဖော်တွေက မိန်းကလေးတွေကို ခေါ်ဖို့၊ သူ့ကို ကိုင်တွယ်ဖို့ ဒီတူညီတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့ကြသည်။ ရယ်ရမလား ဒေါသဖြစ်ရမလား မသိသောကြောင့် ခေါင်းကိုသာ ခါပြလိုက်သည်။
"မင်းရဲ့ ညီက တောင်းပန်ပြီးပြီပဲ။ ယဉ်ကျေးနေဖို့ မလိုပါဘူး"
ထိုလူ က တစ်ခုခု ပြောတော့မယ့် အချိန်မှာ မိုင်နဲက ရှဲ့စန်း၏ လက်မောင်းကို ကိုင်ကာ တခြားဘက်သို့ ပြောင်းလိုက်သည်။ သူက ရှဲ့စန်း နှင့် ထိုလူကြားတွင် ရပ်လိုက်ပြီး ထိုလူကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းညီက အရမ်း ဒေါသထွက်ပြီး ပြေးထွက်သွားတယ်။ မင်း သူ့ကို သွားရှာပြီး စကားပြောသင့်တယ်"
ထိုလူက ပြန်ကြည့်လိုက်သည်။ သူ့ညီက အရင်နေရာမှာ တကယ် မရှိတော့ပေ။ သူ မိုင်နဲကို ကြည့်လိုက်တော့ မျက်လုံးချင်း ဆုံသွားပြီး နှစ်ယောက်ကြားမှာ လျှပ်စီးလက်သွားသည်။
ခဏလောက် ကြာတော့ ထိုလူက ပေါ့ပါးတဲ့အပြုံးနဲ့ "မင်း သူ့ကို စောင့်ရှောက်နေတာ က အသုံးမဝင်ဘူး။ မင်း မစောင့်ရှောက်နိုင်ပါဘူး"
မိုင်နဲ မျက်နှာ က ချက်ချင်း အတွေးထဲ နစ်သွားသည်။ ထိုလူသည် ရှဲ့စန်းကို ပြုံးပြီး ကြည့်ကာ ရှဲ့စန်းအား နူးညံ့သော လေသံဖြင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် ဒေါသကြီးသော ညီကို လိုက်ရှာရန် လှည့်ထွက်သွားသည်။
ရှဲ့စန်း ထိုလူ၏ နောက်ကျောကို ကြည့်နေလိုက်သည် ။ မသန့်ရှင်းတဲ့ ဆက်ဆံရေးတစ်ခု ပြီးသွားရင် သူဘယ်လိုဖြစ်နေမလဲ ဆိုတာကို သူတွေးခဲ့သည်။ ဘယ်သူက မသန့်ရှင်းတာလဲ ဆိုတာ ကြည့်ပါ။ သူနဲ့မိုင်နဲက မိတ်ဆွေတွေ၊ မပြတ်မသား မရှင်းမလင်း ဖြစ်စရာ မရှိပါဘူး။
သူ မိုင်နဲ၏ အင်္ကျီလက်ကို ဆွဲလိုက် သည် ။ "စိတ်မဆိုးပါနဲ့၊ သူ က အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ"
မိုင်နဲက သူ့ကို ကြည့်လိုက်သည်။ ရှဲ့စန်း က တောက်ပစွာ ပြုံးပြလိုက်သည်။
"သူစိမ်းတွေကို စိတ်ဆိုးမနေနဲ့။ လာ၊ ထောင့်ကို သွားထိုင်ပြီး တစ်ခုခု စားရအောင်"
သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် အခြားတစ်ယောက်သည် သူ့ထံရောက်လာပြီး သူ့ကို အာရုံစိုက်လာခဲ့သည်။ ရှဲ့စန်း ထောင့်စွန်းရှိ ဆိုဖာပေါ်တွင် မိုင်နဲနှင့် အတူမထိုင်ခင် ရောက်လာသော လူသုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ပြန်လွှတ်လိုက်သည် ။ သူ့မေးစေ့သူ လက်နဲ့ ဆွဲကာ မျက်နှာတစ်ဖက်ကို ဖိကိုင်လိုက်တယ်။
"ငါက မင်းထက် ပိုကြည့်ကောင်းနေတာလား?"
(T/N: ရှဲ့စန်းတို့ နာမည်ကြီးနေတာ 🤣🤣🤣)
လူတွေကို စိတ်ချမ်းသာအောင် ထားနိုင်လောက်တဲ့ ရုပ်ရည် ရှိတာ ဖြစ်နိုင်မလား?
မိုင်နဲ က ခေါင်းခါသည်။ "မကောင်းဘူး"
ရှဲ့စန်း အံ့ဩသွားသည်။ "ဒါဆို မင်း ဒီနေ့ ဘာဖြစ်လို့ မူမမှန် သလို ဖြစ်နေတာလဲ ?"
မိုင်နဲက တိုးတိုးလေး ညည်းညူရင်း "ဖြစ်နိုင်တာ က..."
"ဘာလဲ" ရှဲ့စန်း ရှင်းရှင်းလင်းလင်း မကြားရတော့ သူ့မျက်နှာနား နီးအောင် ရွှေ့လိုက်သည်။
"ဘာဖြစ်နိုင်တာလဲ?"
မိုင်နဲ သူ့ကို လှည့်ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး "ကော့စ်ရဲ့ အိမ်မှာ ဧည့်သည်တွေ ဘေးကင်းစေဖို့ နေရာအနှံ့ က စောင့်ကြည့်နေတယ်" လို့ တိုးတိုးလေးပြောလိုက်သည်။
ရှဲ့စန်း ပိုလို့တောင် အံ့သြသွားသည်။ သူဒီလိုတွေ ပြောနေတာက တကယ်တမ်း စောင့်ကြည့်နေတာကို ရှောင်ဖို့လား?
ရုတ်တရက် ကပွဲခန်းမထဲက မီးရောင်တွေ အကုန် ပိတ်ကျသွားသည်။ ရှဲ့စန်း လန့်ဖျပ်သွားသော်လည်း နောက်စက္ကန့်တွင် သူ၏ ညာဘက်လက်ကို ကြီးမားသောလက်တစ်စုံက ဆုပ်ကိုင်ပေးထားသည်။ လက်ပိုင်ရှင်သည် အလွန် ငယ်သေးသော်လည်း လက်ဖဝါးတွင် ပူနွေးပြီး ပါးလွှာသော အသားမာများ ရှိနေသည်။ ရှဲ့စန်း သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။
ခန်းမထဲရှိ စကားပြောသည့် စင်မြင့်တွင် မီးလင်းနေသဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။ ထောင့် အထိရောက်တဲ့ အလင်းရောင်က သိပ်မတောက်ပပေမယ့် လူတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူနဲ့ မိုင်နဲ မျက်လုံးချင်း ဆုံသွားသည်။ ရှဲ့စန်း မိုင်နဲ၏ အကြည့်များက ခါတိုင်းနှင့် မတူကြောင်း ခံစားလိုက်ရသဖြင့် နားမလည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားသည်။
"အားလုံးကို ကြိုဆိုပါတယ်....."
စားပွဲကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပေမယ့် မိုင်နဲရဲ့ မျက်လုံးတွေက သူ့ဆီကနေ ခွာမသွားတာကို သတိထားမိသည်။ သူ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ လို့ မေးလိုက်ချင်ပေမယ့် ရှက်သလို ခံစားနေရသည်။
ကြိုဆိုကြောင်း နှုတ်ခွန်းဆက်စကား အပြီးတွင်၊ ဂျူလော့စ် က သူ၏တူရိယာဖြင့် ဖျော်ဖြေခဲ့သည်။ သူက ပိုပိန်သွားပြီး ဖြူဖျော့နေသည်။ သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာ ကြောင့် သူ့အတွက် စိတ်မကောင်း ဖြစ်နေကြသည်။
သူ့ရဲ့ဖျော်ဖြေမှုက နွေးထွေးတဲ့ လက်ခုပ်သံတွေ ရရှိခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သူ့လေသံက ရိုးသားပြီး သူ့အသံက နည်းနည်း အားနည်းနေသည်၊ ကိုယ့်ကိုကိုယ် နှိမ့်ချထားသည်၊ သူ့အပြုအမူက စေ့စပ် ပြီး ချီးမွမ်းခံနေရသည်။
ခန်းမထဲက မီးရောင်တွေ ပြန်လင်းလာပေမယ့် အရင်ကထက်တော့ နည်းနည်း မှောင်နေသေးသည်။ ထို့နောက် တေးဂီတ စတင်ခဲ့ပြီး လူအများက အတွဲလိုက် ကခုန်နေကြသည်။
ရှဲ့စန်း အခြားသူများ ကပြနေစဉ် သေသေချာချာ စူးစိုက်ကာ ကြည့်နေခဲ့သည်။ ဤနေရာ၏ အကသည် အလွန်ပြင်းထန်သည်၊ *ရမ်ဘာနှင့် ခပ်ဆင်ဆင်တူသည်၊ ရှုပ်ယှက်ခတ်မှု နည်းပါးသည်။ အလွန် စိတ်အား ထက်သန်စေပြီး လေထုကို အချိန်တိုအတွင်း ပူနွေးလာစေသည်။
(*ရမ်ဘာ : ကျူးဘားမှ စတင် ပေါ်ပေါက်လာသော လက်တင် အမေရိကန် အကတစ်မျိုး)
မိုင်နဲ က လက်ကို သူ့ပခုံးပေါ်တင်ပြီး "ကချင်လား" ဟု မေးလာသည်။
ရှဲ့စန်း လျင်မြန်စွာ ခေါင်းယမ်းလိုက်ပြီး "ဘယ်လို ကရမှန်းမသိဘူး" ဟု ရိုးရိုးသားသား ပြောလိုက်သည်။
"ငါ မင်းကို သင်ပေးနိုင်တယ်" မိုင်နဲ က ပြောလာသည်။
ရှဲ့စန်း မော့ကြည့်လိုက်တော့ အဖော်နှစ်ယောက် မျက်နှာချင်းဆိုင်နေတာ တွေ့လိုက်ရသည်။ အမျိုးသား၏ ပြန့်ပြူးသော လက်ဖဝါးသည် အမျိုးသမီး၏ ပခုံး အနောက်ဘက်ကို ဖိထားပြီး၊ အမျိုးသမီး၏ ညာဘက် ခြေထောက်သည် ယောက်ျား၏ ဘယ်ဘက် ခြေထောက်ကို ချိတ်ကာ ခြေကျင်းဝတ်မှ တဖြည်းဖြည်း အပေါ် တက်သွားခဲ့သည်။
(T/N: ဒီနေရာမှာ အထီးကို ယောက်ျား၊ အမ ကို မိန်းမလို့ မှတ်ပေးပါ၊အဲလို မဟုတ်ရင် ဘာသာပြန်ရတာ ထောက်နေလို့ပါ )
အဲဒါ က ပူပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။
သူက အဝေးကို လှမ်းကြည့်ကာ မျက်နှာ နီရဲသွားသည်။ယောင်ဝါးဝါးဖြင့် "မဟုတ်ဘူး၊ အဲဒါ က မလိုပါဘူး၊ငါ့လက်တွေ ခြေထောက်တွေ က ကလို့ မကောင်းဘူး"
"အဲဒီလိုလား?" မိုင်နဲ က ရယ်လိုက်သည်။
ရှဲ့စန်း အနည်းငယ် ချောင်းဆိုးလိုက်ပြီး လေးနက်သောပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကို" ဂျူလော့စ် ရောက်လာပြီး ချစ်ခင်စွာဖြင့် ခေါ်လိုက်သည်။ သူ့အသံနဲ့ မတူတာက သူ့ အကြည့်ဖြစ်သည်။ သူ့နှုတ်ခမ်းက မပြုံးချင်၊ပြုံးချင်ဖြင့် အတင်း ပြုံးပြလိုက်သည်။ သူ့ရဲ့ သရုပ်ဆောင်စကေး က မကောင်းတာ သိသာပေမယ့် ခန်းမကို ကျောပေးထားသဖြင့် ကျန်တဲ့လူတွေက သူ့အမူအရာတွေကို မမြင်နိုင်ကြပေ။
"မင်း ငါ့မွေးနေ့ပွဲကို လာတော့ အရမ်းပျော်တာပဲ" သူ့အသံကို အနည်းငယ် တိုးကာ ပြောလာသည်။
ရှဲ့စန်း သူ့လက်မောင်းများကို ပွတ်သပ်လိုက်သည်။ ဒီလူသရုပ်ဆောင် မလုပ်တာ ကံကောင်းတယ်၊ မဟုတ်ရင် ဒါရိုက်တာ စိတ်ဆိုးရလိမ့်မယ်။
မိုင်နဲ က သူ့ကို အေးစက်စွာ ကြည့်ကာ မျက်နှာသာ မပေးဘဲ ပြောလိုက်သည်။
"မင်းရဲ့အမူအရာက မင်းရဲ့အသံနဲ့ ထပ်တူကျတယ်ဆိုရင် မင်းစိတ်ရင်းမှန်တယ်လို့ ငါ ယုံကြည်ပေးမယ်"
ဂျူလော့စ်၏ အမူအရာ တင်းမာသွားကာ သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။
"အစ်ကို နားလည်မှု လွဲနေတာ၊ ငါ က..." ချောင်းဆိုးလိုက်သည်။ "အရင်က ဒဏ်ရာက မသက်သာသေးဘူးလေ။ တောင်းပန်ပါတယ် အစ်ကို၊ အရင်က မသိနားမလည်ခဲ့တာတွေကို ခွင့်လွှတ်ပေးပါ" လို့ ပြောလာသည်။ ဒူးပေါ်မှာ တင်ထားတဲ့ လက်ကို လက်သီးဆုပ် ထားလိုက်သည်။
မိုင်နဲက သူ့အကြည့်တွေကို လွှဲလိုက်ပြီး အာရုံစိုက်မှု မပေးခဲ့ပေ။
ရှဲ့စန်း က ဂျူလော့စ်ကို စိုက်ကြည့်ရင်း ရယ်မောကာ နူးညံ့သိမ်မွေ့သော အမူအရာသို့ အမြန် ပြောင်းလိုက်သည်။
ဂျူလော့စ် က "မင်းဒီမှာရှိနေတာလည်း ကောင်းပါတယ်" သူ အထုပ်တစ်ထုပ်ကို ကောက်ယူ လိုက်သည်။ "စားကြည့်စမ်းပါ၊ အရသာရှိတယ်"
ရှဲ့စန်း သူ့လက်ကို ယမ်းလိုက်သည်။ "ငါ အခု မစားချင်ဘူး"
ဂျူလော့စ် ထကာ ရှဲ့စန်း ဘေးတွင် ထိုင်လိုက်ပြီး
"ဒါဆို မင်း အားလပ်ချိန်တွေမှာ ဘာလုပ်လဲ? ကားပြိုင်မောင်းတာ ဒါမှမဟုတ် ဈေးဝယ်ထွက်ရတာ ကြိုက်လား။ ဒါမှမဟုတ် ဂြိုလ်သား သားရဲတွေရဲ့ ဂြိုလ်တွေကို ခရီးထွက်တာလား။ သွားချင်တဲ့ နေရာရှိလား။ ငါ မင်းကို ဖိတ်မယ်လေ"
ရှဲ့စန်း သည် မိုင်နဲဘက် သို့ ရွေ့သွားပြီး သူ့ကို ထူးဆန်းသလို ကြည့်နေလိုက်သည်။
"မင်း ဘာလိုချင်လို့လဲ?"
"မင်း ငါ့အစ်ကိုရဲ့ သူငယ်ချင်းဆိုတော့ ငါ့သူငယ်ချင်းပဲလေ"
သူ မိုင်နဲ၏ ရုပ်ဆိုးနေသော မျက်နှာကို ကြည့်ပြီး နောက်ဆုံးတွင် သူ အတင်းအကျပ် ပြုံးနေရသလို မခံစားရတော့ပေ ။
"ငါ မင်းကို သဘောကျတယ် ပြီးတော့ မင်းနဲ့ ကစားချင်တယ်"
မိုင်နဲ က သူ့ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ "သူ က မင်းနဲ့ ကစားမှာ မဟုတ်ဘူး"
ဂျူလော့စ်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ရှဲ့စန်း၏ ကော်လာကို ရုတ်တရက် လှမ်းဆွဲလိုက်သော်လည်း မိုင်နဲက သူ့ကို ရိုက်ထုတ်လိုက်သည်။
ဂျူလော့စ်သည် သူ့လက်ကို အုပ်ကာ သူ့အကြည့် တင်းမာသွားပြီး စိုက်ကြည့်နေသည်။ ထို့နောက် သူက ရဲ့စန်းကို ကြည့်ကာ ပြုံးလိုက်ပြီး
"ဒီဝတ်စုံက ငှားထားတာ မဟုတ်လား။ ငါ မင်းအတွက် ဝယ်ပေးနိုင်ပြီး နောက်ထပ် နည်းနည်းလောက် ဝယ်ပေးနိုင်ပါတယ်။ ကျင်းကျန်မှာ အလုပ်လုပ်ဖို့ က ခက်ခဲလွန်းတယ်။ ပိုကောင်းတဲ့လစာနဲ့ ပိုလွယ်တဲ့ အလုပ်တစ်ခု ရှာတွေ့ဖို့ ငါကူညီပေးနိုင်တယ်"
"မလိုပါဘူး" ရှဲ့စန်း ပြောစရာ စကားမရှိ ဖြစ်သွားသည်။ သူ့ကို sugar baby လုပ်ဖို့ ကြိုးစားနေတာလား? သူ က ယောက်ျား တစ်ယောက် ပါနော်။ သူ့ကို ဂရုစိုက်ဖို့ လိုလို့လား? သူ့ကို အထင်သေးနေတာလား!
"ညီအကို အချင်းချင်း စကားပြောနေတာ တွေ့ရတာ အရမ်း ဝမ်းသာတာပဲ" ဆိုကိုတိုသည် သူ့မျက်နှာတွင် ရင်ထဲ ထိမိသော အကြည့်ဖြင့် လျှောက်လာလိုက်သည်။
ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ လိမ်နေတာ! သူသိသည်။
ဆိုကိုတို က မိုင်နဲကို "ငါနဲ့ ခဏလောက် လိုက်ခဲ့၊ ရေတပ်ဗိုလ်ချုပ် ကော့စ် က မင်းကို တွေ့ချင်နေတယ်"
မိုင်နဲ မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးတာ ကြာနေပြီ ဖြစ်သည်။အချို့ဟာတွေက မျက်နှာချင်းဆိုင်ပြီး ပြောမှ ရှင်းရှင်းလင်းလင်း ဖြစ်နိုင်မယ့်အရာများ ရှိခဲ့သည်။ သူထရပ်လိုက်သည်။
"ငါ့သူငယ်ချင်း ငါနဲ့ လိုက်ခဲ့လို့ရလား"
ဆိုကိုတို က သူ့လက်များကို ကူကယ်ရာမဲ့စွာ ဆန့်လိုက်သည်။
"ရေတပ်ဗိုလ်ချုပ်ကြီးက မင်းနဲ့တွေ့တဲ့ နေရာမှာ တခြားလူတွေ နှောက်ယှက်မှာ လိုချင်တယ်လို့ ငါတော့ မထင်ဘူး။ စိတ်မပူပါနဲ့ ဂျူလော့စ်က သူ့ကို စောင့်ရှောက်ပေးလိမ့်မယ်"
မိုင်နဲက ပိုလို့တောင် စိတ် မသက်မသာ ဖြစ်သွားပြီး ရှဲ့စန်းကို "ငါ မကြာခင် ပြန်လာခဲ့မယ်၊ ဒီမှာပဲနေ၊ ထွက်မသွားနဲ့"
ရှဲ့စန်း သဘောတူလိုက်သည်၊ နည်းနည်း စဥ်းစားကာ မေးလိုက်သည် "ရေတပ်ဗိုလ်ချုပ်ကြီး က ဘယ်မှာလဲ"
"စာကြည့်ခန်း" ဆိုကိုတို သည် ကပွဲ ခန်းမ နောက်ဘက်ရှိ အခန်းတစ်ခုကို ညွှန်ပြသည်။
ရှဲ့စန်း က တစ်ချက်ကြည့်လိုက်သည်။ မဝေးပါဘူး။ သူက မိုင်နဲကို "တစ်ခုခု လိုအပ်ရင် ငါ့ကို ဆက်သွယ်လိုက်ပါ"
"မင်းရောပဲ"
ဆိုတိုကို က ရယ်မောပြီး မိုင်နဲ၏ ပခုံးကို ပုတ်လိုက်သည်။
"သက်တောင့် သက်သာ နေပါကွ၊ လူသားစားတဲ့ ဘီလူးတွေ မရှိပါဘူး၊ မင်းက ငယ်ငယ် ကတည်းက အတွေးလွန်ရတာကို ကြိုက်တယ်၊ ဒီည ဧည့်သည်တွေ အများကြီး မင်းကို တွေ့ဖူးသွားမှာပဲ၊ မင်းကို ဘယ်သူမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး"
မိုင်နဲ နှင့် ရှဲ့စန်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် ဆိုကိုတိုနှင့် အဝေးသို့ လိုက်သွားခဲ့သည်။
ဂျူလော့စ်သည် တုန်လှုပ် ချောက်ချားစရာ ကောင်းသော အရာကို ကောက်ယူလိုက်ပြန်သည်။
"မိုင်နဲ ဒီမှာမရှိတော့ အခု စမ်းစားကြည့်ပါလား၊ ဒါက တကယ် ကောင်းပါတယ်"
"မစားချင်ဘူး" ရှဲ့စန်းသည် သူ့ဘေးနားမှ ထကာ အဝေးးသို့ ရွှေ့ခဲ့သည်။ "မိုင်နဲ ဒီမှာ မရှိဘူး၊ ဒါကြောင့် မင်း အဲလို လုပ်စရာ မလိုဘူး၊ ခုနက မိုင်နဲ စိတ်ညစ်အောင် ငါ့ကို တမင် အသုံးချလိုက်တာ မဟုတ်လား"
"ဘယ်လိုဖြစ်နိုင်မှာလဲ?" ဂျူလော့စ် ရယ်လိုက်သည်။
"ငါ မင်းကို တကယ်ကြိုက်တယ်၊ မင်း မိုင်နဲနောက် လိုက်နေတာကို နားမလည်ဘူး၊ သူ့မှာ ဘာမှမရှိဘူး၊ ငါ က---"
ရှဲ့စန်း သူ၏ နောက်ထပ် ပြောလာမည့် စကားများကို ရပ်တန့်ရန် သူ့လက်ကို မြှောက်လိုက်သည်။
"ငါက မိုင်နဲ နဲ့ သူငယ်ချင်းလုပ်တာ သူ့မှာ ရှိတဲ့ အရာတွေကြောင့် မဟုတ်ဘူး၊ မင်း အတွက်တော့ ငါ စိတ်ကို မဝင်စားဘူး"
"မင်း!" ဂျူလော့စ်က လှောင်ပြောင်သည်။ "လူတစ်ယောက်အနေနဲ့? မင်း အသက်ဆယ့်ရှစ်နှစ် ရှိပြီမဟုတ်လား ? သူ့ ပုံစံကြောင့် လူတွေက အရူးလုပ်ခံရလိမ့်မယ် မထင်ခဲ့မိဘူး၊ မင်း သူ့ကို လုံးဝမသိပါဘူး၊ သူက မကောင်းဆိုးဝါး၊ သူ မွေးလာတာ မှားတယ်။ အမည်မသိ"
ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်း စိတ်လွတ်သွားတာလား? ကြယ်တွေရဲ့ ကလေး၊ မင်းဘာတွေပြောနေတာလဲ" သူတို့ဆက်ပြောရင် ရှေးခေတ် ကျိန်စာတွေအကြောင်း ပြောရတော့မှာလား?
"ငါ အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ မဟုတ်ဘူး" လို့ ဂျူလော့စ်က အခိုင်အမာ ပြောလာသည်။ "မင်း သူ့ကို မသိပါဘူး၊ မင်းမသိဘူး သူ့အဖေ..."
လို့ ပြောပြီး ရုတ်တရက် ရပ်လိုက်သည်။ ရှဲ့စန်းအေးခဲသွားသည်။ မိုင်နဲ သူ့အဖေ အကြောင်း ပြောတာကို တစ်ခါမှ မကြားဖူးပေ။ ဘရန့်ဒ် ဂြိုလ်တွင် အဖေသည် အမေနှင့် ညီမျှသည်။
"သူ့အဖေ က ဘာဖြစ်နေလို့လဲ" ရှဲ့စန်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဂျူလော့စ် သည် သူ၏ အမူအရာကို ကြည့်ပြီး
"မင်း သိချင်လား? အိမ် အနောက်ဘက်မှာ အတူတူကစားကြရအောင်။ တစ်ယောက်တစ်ယောက် က မီးရှူးမီးပန်း ဖောက်ဖို့ ပြင်နေတယ်။ အဲဒါက လှတယ်၊ ဒါပေမယ့် မင်း က ငါ့ကို မုန်းတီးနေတာ၊ အတူတူ ကစားတာက ငါ့အပေါ် မင်းရဲ့ အမြင်ကို ပြောင်းလဲ စေနိုင်လိမ့်မယ်လို့ ငါထင်တယ်"
ရှဲ့စန်း စိတ်ရှုပ်သွားသည်။ "မဟုတ်ဘူး၊ မင်း ပြောချင်တာ ပြောပါ၊ ငါဒီမှာပဲ နေမယ်"
ဂျူလော့စ် က သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။
"လူကြီးတစ်ယောက်လို ခေါင်းမာတယ်၊ ဖေဖေက ဘာဖြစ်လို့ သူ့ကို စိတ်ချမ်းသာအောင် ထားခိုင်းတာလဲ နားမလည်နိုင်ဘူး"
ရှဲ့စန်း က သူပြောနေတာတွေကို ဂရုမစိုက်ပေ။ သူထိုင်နေသည့် အနေအထားကို ချိန်ညှိလိုက်သည်။ ခန္ဓာကိုယ်ကို လျှောချပြီး ထိုင်ခုံကို မှီကာ သူ့လက်ပတ်ကို ဖွင့်လိုက်သည်။ သတင်းကို ပေါ့ပေါ့ပါးပါး ကြည့်နေရင်း သူ့ကိုယ်သူ သက်တောင့်သက်သာရှိစေရန် ခုံနောက်ဘက်သို့ မှီလိုက်သည်။
ဂျူလော့စ်သည် ပြောစရာ မရှိတော့လောက်အောင် ခေတ္တတိတ်ဆိတ်သွားသည်။ "မင်း ...ကို ရောက်ဖူးလား..." လို့ မေးလိုက်သည် ။
ရှဲ့စန်း က သူ့ကို မော့တောင် မကြည့်ပေ။ ဂျူလော့စ် ပြောတဲ့ စကားလုံးတွေက ရှုခင်းတွေ၊ လှပတဲ့နေရာ၊ အစားအသောက်တွေ အရသာရှိတဲ့ နေရာ၊ ... အဲဒါကို ဝယ်ဖို့ ပိုက်ဆံ ဘယ်လောက်ကုန်သွားလဲ? ရှဲ့စန်း ခဏလောက် နားထောင်ပြီး နားလည်သွားသည်။ ဒါက ခရီးသွားလို့ရတဲ့ နေရာတွေ အကြောင်း ပြောဖို့မဟုတ်ပဲ၊ သူ့ရဲ့ာချမ်းသာမှုကို ပြဖို့ သက်သက်ပင်။
"ဟေ့ ငါ အများကြီး ပြောပြီးပြီ၊ မင်းဘာ အကြံဥာဏ်မှ မရှိဘူးလား? မိုင်နဲနောက်ကို မလိုက်နဲ့၊ ငါနဲ့အတူနေပါ၊ပြီးတော့ ငါ့ပစ္စည်းတွေ အားလုံး မင်းကို ငါပေးမှာပါ" ဟု ဂျူလော့စ် က သွေးဆောင်ခဲ့သည်။
ရှဲ့စန်း အာဏာမရှိ၍ တံတွေးနဲ့တောင် ထွေးပစ်ချင်လာသည်။ သူငယ်ချင်းတွေ ဆိုရင်တောင် ဘယ်လို ပြောပြော မှားနေတဲ့ပုံ ပေါက်နေတာပဲ။
ဂျူလော့စ် သူတတ်နိုင်သမျှ အကြောင်းအရာ အားလုံးနဲ့ ကြိုးစားခဲ့သော်လည်း ရှဲ့စန်း က လုံးဝမတုံ့ပြန်ပေ။ သူ သွားတွေ ကျိတ်လိုက်သည်။
"မင်းက မိုင်နဲရဲ့ အဖေအကြောင်း ကို စိတ်ဝင်စားတာမဟုတ်လား"
ရှဲ့စန်း မသိစိတ်က ခေါင်းကို မော့လိုက်ပေမယ့် လမ်းတစ်ဝက်မှာ ရပ်သွားသည်။ ဂျူလော့စ် က သူစိတ်ဝင်စားတာ သိသွားပါက နောက်ထပ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာနိုင်သည်။
ဂျူလော့စ် က "ငါ မင်းကို ပြောပြခဲ့တယ်လေ၊ မိုင်နဲ ကအမည်မသိတဲ့ဟာ လို့၊ မင်းလည်း သူနဲ့ အတူရှိနေရင် ကံဆိုးလိမ့်မယ်။ သူက အရူးတစ်ယောက်လို သရုပ်ဆောင်နေတယ်။ သူ့အဖေ ကားတိုက်မှုမှာ သေသွားတယ်လို့ သူထင်နေသေးပေမယ့် တကယ်တော့ သူ့အဖေက သူ့အတွက် သူ့ကိုယ်သူ သတ်သေခဲ့တာ!"
"မင်းဘာကိုဆိုလိုတာလဲ?" တစ်ချိန်တည်းမှာပဲ ဂျူလော့စ်၏ တစ်ဖက်တစ်ချက်မှ စကားသံနှစ်ခုထွက်ပေါ်လာသည်။
ရှဲ့စန်း က စူးစူးရဲရဲ စိုက်ကြည့်ရင်း မေးခွန်းကို မေးလိုက်ပြီးနောက် အခြား အသံပိုင်ရှင်ကို တွေ့လိုက်ရသည်။ မိုင်နဲ....
ဂျူလော့စ်ထိုင်နေတဲ့ ဆိုဖာ အနောက်မှာ မိုင်နဲက ရပ်နေသည်။ သူ့မျက်နှာက မှုန်ကုပ်နေပြီး မျက်လုံးတွေက မဲမှောင်နေသည်။ သူက ရှေ့ကို နှစ်လှမ်းလှမ်းပြီး ဂျူလော့စ်ကို သူ့ကော်လာ အနောက်ဘက်ကနေ လှမ်းဆွဲလိုက်သည်။ သန်မာလွန်းသဖြင့် သူ့ လက်မှာရှိတဲ့ သွေးပြန်ကြောများ ပေါ်နေသည်။
"ထပ်ပြောလိုက်စမ်း!"
ဂျူလော့စ် သည် ကော်လာဖြင့် လည်ပင်းညှစ်ခံခဲ့ရသည်။ သူ့မျက်နှာ ချက်ချင်း နီရဲလာပြီး ချောင်းဆိုးကာ မိုင်နဲရဲ့ လက်ကို သူ့လက် နောက်တစ်ဖက်ဖြသ့် လှမ်းကိုင်လိုက်သည်။
"ငါ့ကိုလွှတ်စမ်း!"
ရှဲ့စန်း လန့်ပြီး ထရပ်လိုက်သည်။ "မိုင်နဲ!"
မိုင်နဲက သူ့အသံကို မကြားရသလိုပဲ။ သူ့မျက်လုံးများက ဂျူလော့စ်ကို စိုက်ကြည့်နေပြီး သူ့အသံက အေးစက်နေကာ
"မင်း ပြောလိုက်တဲ့အတိုင်း ထပ်ပြောစမ်း!"
ဂျူလော့စ် အံ့အားသင့်သွားကာ သူ့ခန္ဓာကိုယ် တုန်ခါသွားသည်။ အံကြိတ်ကာ "နတ်ဆိုး" ဟု ပြောလိုက်သည်။ သူ အင်္ကျီကြယ်သီးကို အမြန်ဖြုတ်ကာ လှည့်လိုက်ပြီး နောက်ပြန်ဆုတ်သွားသော မိုင်နဲ ဆီသို့ သူ့လက်ကို မြှောက်လိုက်သည်။ သူ့အဝတ်အစားတွေကနေ ရုန်းထွက်ဖို့ အခွင့်အရေးယူခဲ့သည်။
"ဒါဆို ငါဘယ်လိုပြောရမလဲ? မင်းက ရူးနေတဲ့ လူပဲ!" ဂျူလော့စ်က လှောင်ပြောင်လာသည်။
မိုင်နဲ၏ မျက်လုံးများ နီရဲလာပြီး ရှေ့သို့ ပြေးသွားသည် ။ သူ ဆိုဖာပေါ်သို့ သက်တောင့်သက်သာနဲ့ ခုန်တက်ကာ ဂျူလော့စ် လည်ပင်းကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီး ဆိုဖာထဲသို့ ဖိချလိုက်သည်။
"မင်း သူ့ကို အတင်းလုပ်ခိုင်းခဲ့တာ မဟုတ်လား?"
သူ့မှတ်ဥာဏ်ထဲမှာ ထိုလူက ရှက်ရွံ့တတ်သော်လည်း ဘဝအတွက် စိတ်အားထက်သန်မှု အပြည့်ရှိနေသည်။ အကြောင်းပြချက် မရှိဘဲနဲ့ သူ့ကိုယ်သူ သတ်သေမှာ မဟုတ်ဘူး
ဂျူလော့စ်၏ မျက်နှာ ဖြူဖျော့သွားကာ စကား လုံးဝ မပြောနိုင်တော့ပေ။
ရှဲ့စန်း အံ့အားသင့်သွားသည်။ မိုင်နဲ၏ ခွန်အားဖြင့်၊ ဂျူနောက်စက္ကန့်တွင် ဂျူလော့စ်၏ လည်ပင်း ကျိုးသွားမှာ သေချာသည်။ သူလက်ကို ဆန့်ကာ မိုင်နဲ၏ ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"စိတ်လိုက် မာန်ပါ မလုပ်နဲ့!"
ဤနေရာတွင် ဂျူလော့စ် ကို သတ်ရန် အကြောင်းပြချက် ကောင်းကောင်း ရှိနေရင်တောင် ၊ အဲဒီ အကျိုးဆက်များ က မိုင်နဲ ကို လုံးဝ ထိခိုက်စေလိမ့်မည်။ သူ့စကား ပြောပြီးချိန်မှာ နှစ်မီတာရှည်တဲ့ မီးခိုးရောင်ဝံပုလွေ တစ်ကောင် က ဧည့်ခန်းထဲမှာ ရုတ်တရက်ပေါ်လာသည်။ ဟိန်းဟောက်လိုက်ပြီး လေထဲမှာ ခုန်ကာ မိုင်နဲ နေရာသို့ ပြေးသွားသည်။
ရှဲ့စန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မတုံ့ပြန်ရသေးမီ မိုင်နဲ၏ ဘယ်ဘက်သို့ တွန်းချတာ ခံရကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထပြီး နှောင့်ယှက်ဖို့ မကြိုးစားဘဲ မိုင်နဲ ကို သာ ကြည့်နေလိုက်သည်။
မိုင်နဲ က ညာဘက်ကို ရှောင်သွားသည်။ မီးခိုးရောင်ဝံပုလွေ က ခုန်ချလာပြီး သူ့ပခုံးကို လက်သည်းဖြင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။ မိုင်နဲ လုံးဝ ရှောင်လွှဲနိုင်သော်လည်း ရှောင်မပြေးဘဲ မီးခိုးရောင်ဝံပုလွေ ကိုသာ စိုက်ကြည့်နေသည်။
"ဂျူလော့စ် ဘယ်လိုနေလဲ" ဆိုတိုကိုသည် မီးခိုးရောင်ဝံပုလွေနောက်မှ အနီးကပ် လိုက်လာသည်။ မိုင်နဲ ကို မကြည့်ဘဲ ဆိုဖာပေါ်တွင် အားလျော့ကာ လဲနေသော ဂျူလော့စ်ကို ကောက်ပွေ့လိုက်ပြီး စိုးရိမ်တကြီး အော်လိုက်သည်။
မိုင်နဲ ခန္ဓာကိုယ်မှာ ရှိတဲ့ အလင်းရောင်က ချက်ချင်း ပျောက်ကွယ် သွားသလို ဖြစ်သွားပြီး၊ အဆုံးမဲ့ မဲမှောင်ခြင်းတွေပဲ ကျန်ခဲ့သည်။ သူ မီးခိုးရောင်ဝံပုလွေကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာ ကော့တက်သွားသည်။ သူက အသံတိုးတိုးလေးသာ ထွက်လာခဲ့သည်။
"ဟက်"
ဒါက တကယ်တော့ ဒီလိုပါလား။ ဒါတွေ အားလုံးက အတုတွေပဲ။ အရာအားလုံးက အတုအယောင်တွေ။ အားလုံးက လူလိမ်တွေပဲ။ အရေခြုံထားတဲ့ လူတွေ! ရွံမုန်းစရာ ကောင်းလိုက်တာ!
သူအကုန်သိတယ်၊ အကုန်သိထားတယ်။ သတင်း အချက်အလက် ဌာန က စီနီယာတစ်ယောက် အနေနဲ့ ဆိုတိုကိုရဲ့ စကားများတွေက သံသယဖြစ်စရာ ကောင်းနေတာကို သူ မသိဘဲ မနေဘူး။ ဒါပေမယ့် ဆိုတိုကိုရဲ့ စကားတွေက အရမ်းကောင်းပြီး သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တောင့်တနေမှုကို ပြောပြပေးခဲ့တယ်။
သူ တကယ် ယုံချင်နေခဲ့တယ်၊ အဲဒါတွေ က အမှန်တွေ ဖြစ်ပါစေလို့....
မိုင်နဲရဲ့ အသံက သိသိသာသာ ပျော့ပျောင်းသော်လည်း အဲဒါက ရှဲ့စန်းရဲ့ နှလုံးသားကို လေးလံသော တူဖြင့် ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။ ရှဲ့စန်း၏ နှလုံးသည် ချက်ချင်းပင် နာကျင်လာသည်။ မိုင်နဲကို ခေါ်တော့မယ့် အချိန်မှာ အသံတစ်သံ ထွက်ပေါ်လာသည်။ ချောင်မိသားစုမှ သခင်လေးက သူ့ဘေးမှာ ရပ်နေပြီး သူ့ကို ကူညီဖို့ ငုံ့ကာ စိုးရိမ်စိတ်နဲ့ မေးလာသည် ။
ထို့အချိန်မှ ရှဲ့စန်းသည် မြေပြင်ပေါ်တွင် ထိုင်နေသေးသည်ကို သိလိုက်ရပြီး အမြန်ထလိုက်သည်။ သူ့ကို ကျေးဇူးတင်ဖို့ ယဉ်ယဉ်ကျေးကျေး ကြည့်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
မိုင်နဲ၏ အကြည့်များ တုန်လှုပ်သွားသည်။ မဟုတ်ဘူးလေ၊ သူ့မှာ မျှော်လင့်ချက် ရှိသေးတယ်၊ အတုဖြစ်နေတဲ့ မျှော်လင့်ချက်ပေါ့။ သူ ရှဲ့စန်း ရှိသည့်ဘက်ကို ကြည့်လိုက်သည်။ ချောမောလှပသော အမျိုးသားသည် ရှဲ့စန်းကို ဖက်ထားသည်ကို တွေ့လိုက်ရပြီး ရှဲ့စန်း က မော့ကြည့်ကာ ပြုံးပြပြီး စကားပြောနေတာ တွေ့လိုက်ရသည်။
"ဟားဟားဟားဟား......" မိုင်နဲ က ရယ်မောပြီးရင်း ရယ်မောကာ သူ့ကိုယ်သူ လှောင်ပြောင် ရယ်မောလိုက်သည်။ သူ ရယ်မောရင်း ပြင်းထန်စွာ အော်ဟစ်လိုက်သည်၊ သူ့အသံမှာ ကြမ်းတမ်းပြီး ကြောက်စရာကောင်း နေသည်။ ဆိုတိုကိုနှင့် ဂျူလော့စ်တို့ အပေါ်မှ အေးခဲနေသော အကြည့်များကို ဖယ်လိုက်ပြီး တံခါးဘက် လှည့်ကာ ပြေးထွက်သွားခဲ့သည်။
"မိုင်နဲ!" ရှဲ့စန်းက စိုးရိမ်တကြီး အော်လိုက်ပြီး သူ့နောက်လိုက်ဖို့ ခြေလှမ်း ပြင်လိုက်သည်။
သခင်လေးက သူ့လက်ကို လှမ်းဆွဲလိုက်သည်။ "မင်း ဒဏ်ရာရနေတယ်၊ ဆရာဝန်နဲ့ ပြသင့်တယ်"
ရှဲ့စန်းသည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ့လက်ကို ရိုက်ထုတ်လိုက်ပြီး စကားပြောရန် စိတ်မကူးတော့ဘဲ မိုင်နဲနောက်သို့ ပြေးလိုက်သွားခဲ့သည်။ မိုင်နဲ၏ ပခုံးတွင် သွေးထွက်နေကာ သူ့ခန္ဓာကိုယ်အောက်ပိုင်း က သွေးတွေရွှဲနေပြီး သူ၏ ရူးသွပ်သော အသွင်အပြင်ကြောင့် အလွန် ကြောက်စရာ ကောင်းနေသည်။
ရှဲ့စန်းက သူ့လောက် အပြေးမမြန်ပေ၊ လူတစ်ယောက်က သူ့ကို တားလိုက်ပေမယ့် သူ ပြေးနေတုန်းပဲ။
"သူ့နောက် မလိုက်ပါနဲ့၊ သူက အန္တရာယ်များပြီး မင်းကို နာကျင်စေလိမ့်မယ်"
ရှဲ့စန်း သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ထိုလူကို တွန်းထုတ်လိုက်သည်။
"ထွက်သွား!"
(T/N : ဘာသာပြန်နေရင်း ဘာပြောရမှန်းတောင် မသိတော့ဘူး ၊ လက်အပူလောင်ထားပါတယ် ဆိုမှ ရေးလိုက်ရတာ အများကြီးပဲ 😫😫😫)
___________________________________________________
ကျေးဇူးတင်ပါတယ်ရှင့်🤎🤎🤎
Gpအကြောင်း messageမှာ လာမေးလို့ရပါတယ်နော်
Zawgyi version
Hi ျပန္လာပါၿပီရွင့္
အရင္ အပတ္ က တင္ေပးရမွာ မတင္ျဖစ္လို႔ အပိုင္း မခြဲေတာ့ဘဲ တစ္ပိုင္းလုံး တင္ေပးလိုက္တယ္ေနာ္
Chapter 37 : ခဏေလာက္ သတိလြတ္သြားျခင္း
ဂ်ဴေလာ့စ္ရဲ႕ ေမြးေန႕ပါတီကို တက္ရမွာလား? မိုင္နဲႏွင့္ ဂ်ဴေလာ့စ္ရဲ႕ လက္ရွိ ဆက္ဆံေရး အေၾကာင္း မသိဘူးလား? မိုင္နဲ ဦးေလးရဲ႕ေခါင္းထဲမွာ သဲေတြ ရွိေနတာလား?
ရွဲ႕စန္းသည္ သူ႕ဦးေလးအေပၚ မိုင္နဲ၏ သေဘာထားကို သိၿပီးကတည္းက သက္ျပင္းခ်ကာ ေမးလိုက္သည္။
"မင္း လာမယ္လို႔ ေျပာလိုက္လား?"
မိုင္နဲ ေခါင္းညိတ္ၿပီး "ငါ မလာဘူးလို႔ မေျပာနိုင္ဘူးေလ"
ရွဲ႕စန္း သူ႕ကို အံ့ၾသစြာ ၾကည့္လိုက္သည္။ မင္းဟာက မဟုတ္ေသးပါဘူး၊ မလာနိုင္ဘူးလို႔ မေျပာနိုင္ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?
မိုင္နဲ က ႏႈတ္ခမ္းေစ့ ထားလိုက္သည္။ "ဦးေလး အတြက္ အခက္အခဲေတြ မျဖစ္ေစခ်င္ဘူး၊ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ေကာ့စ္က သူ႕ကို အမိန႔္ေပးထားတယ္။" ထိုေနရာတြင္ မိုင္နဲ၏ ေလသံ အနည္းငယ္ ေအးစက္သြားသည္။ "သူ ငါ့ကို တစ္ခုခုေျပာခ်င္ေနတာ ျဖစ္နိုင္တယ္!"
ရွဲ႕စန္း က "မင္း ၿပိဳင္ပြဲမွာ ခ်န္ပီယံဆု ရတာကို ျမင္လိုက္ရေတာ့ မင္းက ေတာ္တယ္လို႔ ထင္ၿပီး ဆက္ဆံေရးကို တိုးတက္ေအာင္လုပ္ဖို႔ ဒီဟာကို အခြင့္အေရး ယူခ်င္ေနတာ ျဖစ္နိုင္မလား"
"ျဖစ္နိုင္တယ္" မိုင္နဲက ေျပာသည္။ "မနက္ျဖန္ သြားၾကည့္ရင္ ငါတို႔ သိရလိမ့္မယ္"
ရွဲ႕စန္း က သိပ္မေသခ်ာေပ။ မိုင္နဲ အတြက္ အေရးအႀကီးဆုံးပုဂၢိုလ္မွာ ဦးေလးျဖစ္ၿပီး၊ ဦးေလး၏အစ္ကိုႏွင့္ ဂ်ဴေလာ့စ္တို႔က မိုင္နဲကို ဝိုင္းပယ္ ထားၾကၿပီး ဆက္ဆံေရး မေကာင္းၾကေပ ။ သူတို႔ေၾကာင့္ ျဖစ္နိုင္ေျခမ်ားတယ္ ။
ဂ်ဴေလာ့စ္၏ ေမြးေန႕ပါတီတြင္ ဤလူမ်ား အားလုံးလာနိုင္ၿပီး ျဖစ္နိုင္ေခ်ရွိေသာ အေျခအေနမ်ားစြာ ရွိေနခဲ့သည္။
"ငါ မင္းနဲ႕လိုက္ခဲ့မယ္" ရွဲ႕စန္း ေသခ်ာ ေတြးကာ ေျပာလိုက္သည္ ။ "ငါ့ကို ေခၚသြားလို႔ရမလား?"
မိုင္နဲ က "မင္း တကယ္ သြားခ်င္တာလား"
ရွဲ႕စန္းက ျပတ္ျပတ္သားသား ေခါင္းညိတ္ ျပလိုက္ေတာ့မိုင္နဲက "ဦးေလးကို ေနာက္ထပ္ ဖိတ္ၾကားခ်က္တစ္ခု ေတာင္းခိုင္းလိုက္မယ္"
"ဒီဟာကို အလွ်င္လိုၿပီး ဒုကၡေပးဖို႔ မလိုပါဘူး။ ဒီလို ပါတီပြဲ အတြက္ မင္း ရက္ခ်ိန္း ယူသင့္တယ္ မဟုတ္ဘူးလား" ရွဲ႕စန္း က ေမးလိုက္သည္။
မိုင္နဲက သူ႕ကို ၾကည့္ကာ ေခါင္းညိတ္ျပၿပီး "အင္း"
ပါတီပြဲကို အတူတူသြားဖို႔ ဆုံးျဖတ္ၿပီးတဲ့ ေနာက္မွာေတာ့ အြန္လိုင္းကေန ဝတ္စုံေတြ ထပ္ငွားခဲ့သည္။ သူတို႔ႏွစ္ေယာက္လုံးက ဂ်ဴေလာ့စ္ရဲ႕ ေမြးေန႕ပြဲကို သိပ္စိတ္မပူၾကတဲ့အတြက္ ဘာမွ စဥ္းစားမေနခဲ့ၾကေပ။
ေနာက္တစ္ေန႕တြင္ ရွဲ႕စန္းသည္ အလုပ္မွ အိမ္သို႔ျပန္လာၿပီး ေကာ့စ္ မိသားစုရဲ႕ ေနအိမ္သို႔ မသြားမီ မိုင္နဲႏွင့္ ညစာစားခဲ့သည္။ ေကာ့စ္ မိသားစု ေနအိမ္၏ ဗိသုကာလက္ရာသည္ ေအဘမ္မိသားစုႏွင့္ဆင္တူသည္။ က်ယ္ဝန္းေသာ ဧရိယာ၊က်ယ္ဝန္းေသာ ရဲတိုက္ႀကီး ရွိသည္။ အိမ္ေရွ႕တံခါးကေန ဝင္တဲ့ စၾကၤံတေလွ်ာက္ အလွဆင္တဲ့ အပင္အတုေတြနဲ႕ အလွျပင္ထားသည္။
"အို.. ခ်စ္ရတဲ့ မိုင္နဲ၊ မင္းကို ေတြ႕ရတာ အရမ္းေကာင္းတာပဲ"
အနက္ေရာင္ ဝတ္စုံကို ၀တ္ဆင္ထားေသာ ဆိုတိုကိုသည္ မိုင္နဲဆီသို႔ ေလွ်ာက္သြားကာ ေပြ႕ဖက္ေပးရန္ သူ႕လက္ႏွစ္ဖက္ကို ဖြင့္လိုက္သည္။ ႏြေးေထြးစြာ ေတြ႕ဆုံျခင္းႏွင့္ ႏႈတ္ဆက္ျခင္း ျဖစ္သည္။
ေတြ႕ဆုံႏႈတ္ဆက္ၿပီးေနာက္ ဆိုကိုတိုသည္ ေနာက္သို႔ ေျခတစ္လွမ္း ဆုတ္ကာ မိုင္နဲေဘးရွိ ရွဲ႕စန္း ကို အံ့ၾသမႈ၊စူးစမ္းလိုစိတ္ျဖင့္ ၾကည့္လိုက္သည္။
"ဒီ ေခ်ာေမာလွပတဲ့ အမ ေလးကို မိတ္ဆက္ေပးမလို႔လား?"
ရွဲ႕စန္း၏ ႏႈတ္ခမ္းေပၚရွိ အၿပဳံးသည္ ေအးခဲသြားၿပီး 'မင္းကပဲ အမ' လို႔ မေျပာမိေအာင္ ထိန္းထားရင္း သြားေတြကို တင္းတင္း ေစ့ထားလိုက္သည္။
မိုင္နဲက အမွန္ ျပင္ေပးလိုက္သည္။ "ဒါက ကြၽန္ေတာ့္ သူငယ္ခ်င္း ရွဲ႕စန္း အထီးပဲ"
"ေတာင္းပန္ပါတယ္" ဆိုတိုကို က ေတာင္းပန္ၿပီး ရွဲ႕စန္း ဆီသို႔ လက္ကို ဆန႔္တန္းကာ "ေက်းဇူးျပဳ၍ ခြင့္လႊတ္ေပးပါ၊ ေတြ႕ရတာဝမ္းသာပါတယ္"
ရွဲ႕စန္း က သူ႕လက္ကို လွမ္းကိုင္လိုက္သည္။ သူက ရက္ေရာစြာ ၿပဳံးျပၿပီး "အဆင္ေျပပါတယ္"
"တရားဝင္ ပြဲမစခင္ မိနစ္ႏွစ္ဆယ္ေလာက္ အခ်ိန္ရွိေသးေတာ့ မင္း ေလွ်ာက္ၾကည့္ၿပီး တစ္ခုခု စားလို႔ရတယ္။ ငါ က ဧည့္သည္ေတြကို သြားႏႈတ္ဆက္ရမယ္"
ဆိုကိုတို အျခားဧည့္သည္တစ္ဦးကို ႏႈတ္ဆက္ေသာအခါ မိုင္နဲ ေခါင္းညိတ္ျပလိုက္သည္။ ရွဲ႕စန္း က လွည့္ၾကည့္လိုက္ၿပီး မိုင္နဲကို သူနဲ႕အတူ ေထာင့္စြန္းက ဆိုဖာဆီ ေခၚသြားလိုက္သည္။ သူတို႔ ပတ္ဝန္းက်င္က ဧည့္သည္ေတြရဲ႕ အၾကည့္ေတြက သူတို႔အေပၚ က်ေရာက္ေနတာကို အခုမွ သူ ခံစားလိုက္ရၿပီးေနာက္ အံ့ၾသတႀကီး ညည္းၫူသံေတြ အတူ ပါလာခဲ့သည္။
မိုင္နဲ ႏွင့္ ဂ်ဴေလာ့စ္တို႔ၾကား မၾကာေသးမီက ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားႏွင့္ ဂ်ဴေလာ့စ္၏ ေမြးေန႕ပါတီတြင္ ေပၚလာေသာ မိုင္နဲ၏ အသြင္အျပင္သည္ အမွန္တကယ္ အံ့အားသင့္စရာ ေကာင္းလွသည္။ အရပ္ျမင့္ျမင့္၊ အေရာင္တူ ပြဲတက္အကၤ်ီဝတ္ထားသည့္ မိုင္နဲ ႏွင့္ အတူ သူ ေျခလွမ္းႏွစ္လွမ္း မလွမ္းမိေပ။
ဤလူအမ်ားစုကဲ့သို႔ပင္ ထိုလူသည္ ေခ်ာေမာေသာအသြင္အျပင္ရွိၿပီး ဝိုင္ခြက္ႏွစ္ခြက္ကို ကိုင္ေဆာင္ထားသည္။
သူက အနည္းငယ္ေကြးၿပီး ညာဘက္လက္က ဖန္ခြက္ကို ရွဲ႕စန္းဆီ ယူေဆာင္လာၿပီး ႐ႊန္းလဲ့စြာ ၾကည့္လိုက္သည္။
"မင္းနဲ႕ အတူ ေသာက္လို႔ရမလား? ေခ်ာေမာလွပတဲ့ လူငယ္ေလး"
မိုင္နဲ မ်က္ခုံးက်ဳံ႕လိုက္ၿပီး ထိုေယာက္်ားကို ဆိုးတဲ့အၾကည့္ေတြ ေပးရင္း ရွဲ႕စန္းရဲ႕ တုံ႕ျပန္မႈကိုၾကည့္ဖို႔ ေခါင္းကိုလွည့္လိုက္သည္။ ရွဲ႕စန္း၏ ႏႈတ္ခမ္းေထာင့္မ်ား တြန့္သြားသည္။ သူက အခု ၾကည့္ေကာင္းေနေပမယ့္ သူ႕ကို ေဖာ္ျပဖို႔ 'လွတယ္' လို႔ လူေတြက လုံးဝ မသုံးသင့္ဘူး။
"ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္ မေသာက္ပါဘူး" ဟု ယဥ္ေက်းစြာ ျငင္းဆိုခဲ့သည္။
ဝိုင္သည္ ဤေနရာ၌ အထူး ဇိမ္ခံပစၥည္း ျဖစ္သည္မွာ ေသခ်ာပါသည္၊ ၎ကို ပါတီပြဲ၌ သုံးထားရျခင္းမွာ ေကာ့စ္ မိသားစုသည္ အမွန္တကယ္ပင္ ခိုင္မာသည္ဟု ဆိုလိုျခင္းျဖစ္သည္။
အဲဒီလူက စိတ္ပ်က္လက္ပ်က္နဲ႕ ပခုံးတြန႔္ျပၿပီး စိတ္ထဲ မထားဘဲ "ၿပီးရင္ မင္းနဲ႕ ကရမွာ ေပ်ာ္ဖို႔ေကာင္းမယ္လို႔ ကိုယ္ ေမွ်ာ္လင့္ပါတယ္"
ေျပာၿပီးသြားသည္ႏွင့္ သူတို႔လမ္းကို မပိတ္ေတာ့ဘဲ ေဘးဘက္သို႔ လွပေသာ ေျခလွမ္းတစ္ခု လွမ္းလိုက္သည္။
ရွဲ႕စန္း က အေၾကာင္း မျပန္ခဲ့ေပ။ သူသည္ ဘရန့္ဒ္ၿဂိဳလ္၏ အကကို တစ္ခါမွ မျမင္ဖူးပါ၊ ကိုယ္တိုင္ကဖို႔ေနေနသာသာ၊ သူ ကတတ္ ရင္ေတာင္ သူစိမ္းတစ္ေယာက္နဲ႕ ကမွာမဟုတ္ဘူး။ သူ႕တုံ႕ျပန္မႈေၾကာင့္ မ်က္ခုံးက်ဳံ႕ထားေသာ မိုင္နဲကို ဆြဲေခၚလိုက္သည္။ ေျခလွမ္း အနည္းငယ္အတြင္း အသံတိုးတိုး မဟုတ္ဘဲ ရည္႐ြယ္ခ်က္ရွိရွိ ေျပာသည့္ အသံမ်ား သူ႕နားထဲတြင္ ထြက္ေပၚလာသည္။
"ဟယ္၊ ဒီ အမက အ႐ူးလား။ ေကာ့မိသားစုရဲ႕ တရားမဝင္သားႏွင့္ အတူေနဖို႔ ေခ်ာင္မိသားစု၏ သခင္ေလးကို ျငင္းပယ္ခဲ့တာ ငါ မယုံနိုင္ဘူး"
"ေခ်ာင္မိသားစု သခင္ေလးရဲ႕ ပုံသဏၭာန္ကို သူ မသိလို႔ မဟုတ္ဘူးလား?"
"ပြဲသို႔တက္ရတာေလးကို မိုင္နဲ က ေကာ့စ္ မိသားစုထဲ ေခ်ာေခ်ာ ေမြ႕ေမြ႕ ဝင္ေရာက္နိုင္တယ္လို႔ သူထင္ေနတာ ျဖစ္နိုင္တယ္၊ ငါေတာ့ အဲလို ျမင္တာပဲ။ သူက သူ႕ကိုယ္သူ ေကာ့စ္မိသားစုရဲ႕ ေပါင္ကို ဖက္ထားနိုင္တယ္လို႔ ထင္ေနတာျဖစ္မယ္!"
"ေကာ့စ္မိသားစုကို ဘယ္လိုလုပ္ လြယ္လြယ္နဲ႕ ဝင္လို႔ရမွာလဲ? သူက တရားမ၀င္သား! သူ႕မွာ ေက်ာေထာက္ေနာက္ခံျပဳဖို႔ မိသားစုမရွိဘူး!"
"သခင္ေလး ေခ်ာင္ရဲ႕ အေျခအေနကို သိၿပီး မိုင္နဲကို ေကာ့စ္မိသားစုက တန္ဖိုးမထားဘူးဆိုရင္ သူသိသြားရင္ သူေနာင္တရသြားလိမ့္မယ္!"
ရွဲ႕စန္း မိုင္နဲ၏ လက္ေမာင္းကို လွမ္းဆြဲလိုက္ေတာ့ သူ၏ႂကြက္သားမ်ား တင္းက်ပ္လာသည္ကို ခ်က္ခ်င္း ခံစားလိုက္ရသည္။
ရွဲ႕စန္း ေခါင္းကို လွည့္ကာ အတူတူ စကားေျပာေနၾကေသာ အရပ္ပုသည့္ အမ သုံးေယာက္ကို စိုက္ၾကည့့္လိုက္သည္။
"အဲဒီလို ဆိုးသြမ္းတဲ့ စကားေတြ မေျပာစမ္းပါနဲ႕။ တိုးတိုးေျပာလို႔ မရဘူးလား? ဒါမွမဟုတ္ရင္ မင္းဘာလို႔ အသံခ်ဲ့စက္ကို မယူခဲ့တာလဲ? မင္းရဲ႕ အတင္းအဖ်င္းေျပာသံေတြကို ခန္းမတစ္ခုလုံး ၾကားေအာင္ ေျပာလိုက္ပါလား?
မၾကားခဲ့ရရင္ေတာင္ ျဖစ္ပ်က္ေနတာကို သိလိုက္ရရင္ သူ႕စိတ္ခံစားခ်က္ကို ထိခိုက္ေစလိမ့္မည္။ သူ႕အသံက မက်ယ္ေပမယ့္ တိုးလြန္းတာလည္း မဟုတ္ေပ၊ လူေတာ္ေတာ္မ်ားမ်ားရဲ႕ မ်က္လုံးေတြကို ခ်က္ခ်င္းဆြဲငင္လိုက္ကာ သူ႕အၾကည့္ေနာက္ လိုက္ၿပီး အတင္းအဖ်င္း ေျပာေနတဲ့ သုံးေယာက္အုပ္စုဆီ ေရာက္သြားသည္။
အမ သုံးေယာက္သည္ သူတို႔ႏွင့္ပတ္သက္ၿပီး သူ၏ က်ယ္ေလာင္ေသာ ေထ့ေငါ့ ေျပာစကားအတြက္ ျပင္ဆင္ထားျခင္းမရွိဘဲ ပတ္ပတ္လည္မွ အၾကည့္မ်ားေၾကာင့္ ရွက္သြားၾကသည္။ ဆံပင္ ခဲေရာင္ ေဖ်ာ့ေဖ်ာ့နဲ႕ ေကာင္ေလး တစ္ေယာက္က သူ႕ကို မေက်မနပ္ စိုက္ၾကည့္ေနသည္။
"မင္းအေၾကာင္း ငါတို႔ေျပာတာကို မင္းဘာေတြ ဂ႐ုစိုက္ေနတာလဲ? ငါတို႔ ေျပာတာ မွားေနလို႔လား?"
(T/N: အမေလး အံ့ၾသဘ၊ ကိုယ့္အေၾကာင္း ကိုယ့္ေဘးမွာ ေပၚတင္ႀကီး အတင္းတုတ္ေနတာကို ဒီအတိုင္း မၾကားခ်င္ေယာင္ ေဆာင္ေနရမွာလားဟဲ့ 😤😤😤)
"ေသခ်ာတာေပါ့၊ မင္း...မွားေနၿပီ!" ရွဲ႕စန္း က သူ႕ကိုယ္သူ ၫႊန္ျပလိုက္သည္။ "ပထမ အခ်က္၊ ငါက အထီး ျဖစ္ၿပီး၊ ဒုတိယအခ်က္က မင္းငါ့ကိုေျပာေနမွေတာ့ ငါ့အေၾကာင္းပဲေပါ့။ တကယ္လို႔ ငါ မင္းအေၾကာင္း ေျပာေနရင္ မင္းနဲ႕ ဘာမွ မဆိုင္ဘူးလား?"
အမသုံးေယာက္က သူ႕ကို အံ့အားသင့္စြာ ၾကည့္ေနၾကသည္။ သူ က အထီး ျဖစ္မယ္လို႔ မေမွ်ာ္လင့္ထားေပ။
အံ့အားသင့္သြားၿပီးေနာက္ ဆံပင္ ခဲေရာင္ ေဖ်ာ့ေဖ်ာ့နဲ႕ ေကာင္ေလးက "တကယ္လို႔ မင္းကိုယ္မင္း အထီးလို႔ သတ္မွတ္လို႔ရရင္ ကိုယ့္ကိုကိုယ္ အမ အေယာင္ထားတဲ့ အထီးလို႔ပဲ ေခၚလိုက္ပါေတာ့လား"
ရွဲ႕စန္း သူ႕စကားေတြကို ခ်က္ခ်င္း ဘာသာျပန္ လိုက္သည္။ အမ အေယာင္ေဆာင္ထားတဲ့ အထီး =အေျခာက္။ ရွဲ႕စန္း၏ မ်က္ႏွာ ခ်က္ခ်င္း မည္းေမွာင္သြားသည္။ သူ၏ ေယာက္်ားပီသမႈကို ေမးခြန္းထုတ္ခဲ့တယ္ေပါ့။ ေကာင္ေလးကို လက္ညိုး ထိုးလိုက္သည္။
"လူေတြကို သူတို႔ရဲ႕ အသြင္အျပင္နဲ႕ အကဲျဖတ္တဲ့ အေပၚယံ အမ၊ အဲဒါ မင္းပဲ၊ မင္းေကာင္းတယ္လို႔ ထင္တဲ့ အထီးကို သြားရွာၿပီး ငါနဲ႕ တိုက္ခိုင္းလိုက္။ ငါအနိုင္ရရင္ မင္းငါ့ကို အထီး ျဖစ္တယ္ ဆိုတဲ့အေၾကာင္း ဆယ္ခြန္း ေျပာရမယ္!"
(T/N: သူ႕ေလာက္ က်ားတာ၊ သူပဲ ရွိတယ္၊ အဲဒါကို ဒီလို အေျပာခံရေတာ့ ေဒါသအိုး ေပါက္ကြဲၿပီေပါ့ 🤣🤣🤣)
ေကာင္ေလး ေအးခဲသြားသည္။ ရွဲ႕စန္းက ဒီလိုတုံ႕ျပန္လိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ေပ။ သူ႕ပတ္ဝန္းက်င္က လူေတြကလည္း ရွဲ႕စန္းကို အံ့ၾသစြာၾကည့္ေနၾကသည္။ သူ ဘာေၾကာင့္ ယုံၾကည္မႈ အရမ္း ရွိေနတာလဲ? ေကာင္ေလးက ရွဲ႕စန္းရဲ႕ ခႏၶာကိုယ္ ေသးေသးေလးကို ၾကည့္လိုက္သည္။
"တကယ္လို႔ မင္း ရႈံးသြားရင္ေရာ?"
ရွဲ႕စန္း အံကို ႀကိတ္လိုက္သည္။ "ငါ မင္းကို ေတာင္းပန္ၿပီး မင္းေျပာတာကို ဝန္ခံမယ္"
"ၿပီးေတာ့ ငါ့ သူငယ္ခ်င္းေတြကို ေတာင္းပန္ပါ!" ေကာင္ေလးက ေျပာသည္။
"ေကာင္းၿပီ" ရွဲ႕စန္း သေဘာတူလိုက္သည္။ သူ႕စြမ္းအင္အားလုံးကို တစ္ၿပိဳင္နက္တည္း သုံးလိုက္ရၿပီး အာလူးနဲ႕ င႐ုတ္သီးမႈန႔္ မိုးေတြ ႐ြာလိုက္ရရင္ေတာင္ သူ နိုင္,နိုင္ေသးသည္။
ေကာင္ေလးက သူ႕လက္ပတ္ကို ဖြင့္လိုက္သည္။
"အစ္ကို၊ တစ္ေယာက္ေယာက္က ကြၽန္ေတာ့္ကို အနိုင္က်င့္ေနတယ္၊ ဒီကိုလာပါ!"
(T/N:ေရွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳးနဲ႕ ဗရမ္းဗတာေတြပါဟယ္ 🙄🙄🙄)
ရွဲ႕စန္း ေျပာစရာ စကားမရွိ ျဖစ္သြားသည္။ "မင္း အဓိပၸါယ္မရွိတဲ့ စကားေတြ ေျပာေနစရာ မလိုဘူး။ မင္းကငါ့ကို ႐ြဲ႕တဲ့လူပဲ။ ငါ မင္းကို ဘယ္တုန္းက အနိုင္က်င့္ခဲ့လို႔လဲ။ ငါ က ပြင့္ပြင့္လင္းလင္းနဲ႕ ရိုးရိုးသားသား စိန္ေခၚခဲ့တာ၊ လူ ေတာ္ေတာ္ မ်ားမ်ားက ေစာင့္ၾကည့္ ေနၾကတယ္ေနာ္!"
ေကာင္ေလးက အသံထြက္႐ုံ ေအာ္လိုက္ၿပီး တံခါးဆီသို႔ လွမ္းၾကည့္လိုက္သည္။ သိပ္မၾကာခင္မွာပဲ အနက္ေရာင္ ၀တ္စုံနဲ႕ အရပ္ရွည္ကာ သန္မာတဲ့ လူတစ္ေယာက္ ဝင္လာခဲ့သည္။ ေကာင္ေလးက ခ်က္ခ်င္း လက္ကို ေဝွ႕ယမ္းျပလိုက္သည္။ အနက္ေရာင္ဝတ္စုံ ဝတ္ထားသူက ေကာင္ေလးဆီ ေလွ်ာက္လာေတာ့ ေကာင္ေလး က ရွဲ႕စန္း ကို ခ်က္ခ်င္း လက္ညိုးထိုးျပၿပီး
"အစ္ကို၊ သူက မင္းကို စိန္ေခၚခ်င္ေနတယ္"
ထိုလူသည္ ရွဲ႕စန္းကို အံ့ၾသေသာအၾကည့္ျဖင့္ ၾကည့္ၿပီး "ဘာေတြ ျဖစ္ေနတာလဲ?"
ရွဲ႕စန္း အျဖစ္အပ်က္ကို ရွင္းျပလိုက္သည္။ "က်ယ္တဲ့ေနရာ ရွာၿပီး တိုက္ၾကရေအာင္!"
အဲဒီလူက သူ႕ ညီရဲ႕ ေခါင္းကို ရိုက္လိုက္သည္။
"အဓိပၸါယ္ မရွိတာေတြ၊ သူ႕ကို ေတာင္းပန္လိုက္"
သူသည္ ရွဲ႕စန္း ကို ၿပဳံးၿပီး ၾကည့္လိုက္သည္။
"ေတာင္းပန္ပါတယ္၊ဒါ ငါတို႔ဘက္က မွားတာပါ။ အရႈံးေပးပါတယ္၊ မင္းကို ဆက္သြယ္ရမယ့္ အခ်က္အလက္ ေပးခဲ့ပါလား၊ ေတာင္းပန္တဲ့ အေနနဲ႕ မင္းကို ညစာ ဝယ္ေကြၽးမယ္ေလ"
"အစ္ကို၊ သူ႕ကို သင္ခန္းစာေပး ခိုင္းတာ ညစာ ဝယ္ေကြၽးခိုင္းတာ မဟုတ္ဘူး ၊ သူ႕ကို ေတြ႕ဖို႔ ေမးမနဲ႕!" ေကာင္ေလးက မေက်မနပ္ျဖင့္ ေခါင္း အေနာက္ကို အုပ္လိုက္သည္။
ရွဲ႕စန္း၏ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္သြားသည္။ မိုင္နဲက ထိုလူကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသျဖင့္ ေဘးပတ္ဝန္းက်င္မွ ရယ္ေမာသံမ်ား ထြက္ေပၚလာသည္။
"ေတာင္းပန္လိုက္စမ္း!" အဲဒီလူက သူ႕ညီကို ငုံ႕ၾကည့္ရင္း ျပင္းျပင္းထန္ထန္ ေျပာလိုက္သည္။
"သူမ်ား အေၾကာင္း အတင္းအဖ်င္း ေျပာၿပီး ကဲ့ရဲ႕ေနတဲ့ မင္း မွားတာေလ၊ မင္းရဲ႕ ႀကီးျပင္းလာမႈက ဘယ္ေရာက္သြားတာလဲ"
ေကာင္ေလးက သူ႕ႏႈတ္ခမ္းကို ျပင္းထန္စြာ ကိုက္ထားေသာ္လည္း သူ႕ကို စိုက္ၾကည့္ျခင္း ခံရၿပီးေနာက္ ရွဲ႕စန္းအား ေဒါသတႀကီး အသံျဖင့္ "ငါ ေတာင္းပန္ပါတယ္"
ရွဲ႕စန္း က အခုအခ်ိန္မွာ မီးပုံးပ်ံ တစ္ခုလိုပင္။ အစ က သူ႕ကိုယ္သူ နာမည္ရဖို႔အတြက္ နာက်င္စရာေကာင္းတဲ့ တိုက္ပြဲတစ္ခု တိုက္ဖို႔ ေတြးေနခဲ့ေပမယ့္ အရာအားလုံးက မထင္မွတ္ဘဲ ဒီလို ျဖစ္သြားခဲ့သည္။ အခုေတာ့ သူ စိတ္မဝင္စားေတာ့ သလို ခံစားလိုက္ရသည္။ သူအဆင္ေျပေၾကာင္း လက္ကို ေဝွ႕ယမ္းကာ ဂ႐ုမစိုက္ေတာ့ေၾကာင္း ျပလိုက္သည္။
သူက မိုင္နဲကို ဆြဲကာ ေထာင့္သို႔ ဦးတည္ သြားလိုက္သည္။ ထိုလူက လက္ပတ္ကို ကိုင္ကာ ေနာက္မွ လိုက္လာသည္။
"တကယ္ ေတာင္းပန္ပါတယ္။ ျပဳျပင္ဖို႔ အခြင့္အေရး တစ္ခု ေပးပါ"
ရွဲ႕စန္း ထိုလူကို စကားမေျပာဘဲ ၾကည့္ေနလိုက္သည္ ။အရင္ ကမၻာမွာ သူ႕အခန္းေဖာ္ေတြက မိန္းကေလးေတြကို ေခၚဖို႔၊ သူ႕ကို ကိုင္တြယ္ဖို႔ ဒီတူညီတဲ့ နည္းဗ်ဴဟာကို အသုံးျပဳခဲ့ၾကသည္။ ရယ္ရမလား ေဒါသျဖစ္ရမလား မသိေသာေၾကာင့္ ေခါင္းကိုသာ ခါျပလိုက္သည္။
"မင္းရဲ႕ ညီက ေတာင္းပန္ၿပီးၿပီပဲ။ ယဥ္ေက်းေနဖို႔ မလိုပါဘူး"
ထိုလူ က တစ္ခုခု ေျပာေတာ့မယ့္ အခ်ိန္မွာ မိုင္နဲက ရွဲ႕စန္း၏ လက္ေမာင္းကို ကိုင္ကာ တျခားဘက္သို႔ ေျပာင္းလိုက္သည္။ သူက ရွဲ႕စန္း ႏွင့္ ထိုလူၾကားတြင္ ရပ္လိုက္ၿပီး ထိုလူကို ေအးစက္စြာ ၾကည့္လိုက္သည္။
"မင္းညီက အရမ္း ေဒါသထြက္ၿပီး ေျပးထြက္သြားတယ္။ မင္း သူ႕ကို သြားရွာၿပီး စကားေျပာသင့္တယ္"
ထိုလူက ျပန္ၾကည့္လိုက္သည္။ သူ႕ညီက အရင္ေနရာမွာ တကယ္ မရွိေတာ့ေပ။ သူ မိုင္နဲကို ၾကည့္လိုက္ေတာ့ မ်က္လုံးခ်င္း ဆုံသြားၿပီး ႏွစ္ေယာက္ၾကားမွာ လွ်ပ္စီးလက္သြားသည္။
ခဏေလာက္ ၾကာေတာ့ ထိုလူက ေပါ့ပါးတဲ့အၿပဳံးနဲ႕ "မင္း သူ႕ကို ေစာင့္ေရွာက္ေနတာ က အသုံးမဝင္ဘူး။ မင္း မေစာင့္ေရွာက္နိုင္ပါဘူး"
မိုင္နဲ မ်က္ႏွာ က ခ်က္ခ်င္း အေတြးထဲ နစ္သြားသည္။ ထိုလူသည္ ရွဲ႕စန္းကို ၿပဳံးၿပီး ၾကည့္ကာ ရွဲ႕စန္းအား ႏူးညံ့ေသာ ေလသံျဖင့္ ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ ေဒါသႀကီးေသာ ညီကို လိုက္ရွာရန္ လွည့္ထြက္သြားသည္။
ရွဲ႕စန္း ထိုလူ၏ ေနာက္ေက်ာကို ၾကည့္ေနလိုက္သည္ ။ မသန႔္ရွင္းတဲ့ ဆက္ဆံေရးတစ္ခု ၿပီးသြားရင္ သူဘယ္လိုျဖစ္ေနမလဲ ဆိုတာကို သူေတြးခဲ့သည္။ ဘယ္သူက မသန့္ရွင္းတာလဲ ဆိုတာ ၾကည့္ပါ။ သူနဲ႕မိုင္နဲက မိတ္ေဆြေတြ၊ မျပတ္မသား မရွင္းမလင္း ျဖစ္စရာ မရွိပါဘူး။
သူ မိုင္နဲ၏ အကၤ်ီလက္ကို ဆြဲလိုက္ သည္ ။ "စိတ္မဆိုးပါနဲ႕၊ သူ က အဓိပၸါယ္ မရွိတာေတြ ေျပာေနတာ"
မိုင္နဲက သူ႕ကို ၾကည့္လိုက္သည္။ ရွဲ႕စန္း က ေတာက္ပစြာ ၿပဳံးျပလိုက္သည္။
"သူစိမ္းေတြကို စိတ္ဆိုးမေနနဲ႕။ လာ၊ ေထာင့္ကို သြားထိုင္ၿပီး တစ္ခုခု စားရေအာင္"
သို႔ေသာ္ ေျခလွမ္း အနည္းငယ္ လွမ္းၿပီးေနာက္တြင္ အျခားတစ္ေယာက္သည္ သူ႕ထံေရာက္လာၿပီး သူ႕ကို အာ႐ုံစိုက္လာခဲ့သည္။ ရွဲ႕စန္း ေထာင့္စြန္းရွိ ဆိုဖာေပၚတြင္ မိုင္နဲႏွင့္ အတူမထိုင္ခင္ ေရာက္လာေသာ လူသုံးေယာက္ကို တစ္ေယာက္ၿပီး တစ္ေယာက္ ျပန္လႊတ္လိုက္သည္ ။ သူ႕ေမးေစ့သူ လက္နဲ႕ ဆြဲကာ မ်က္ႏွာတစ္ဖက္ကို ဖိကိုင္လိုက္တယ္။
"ငါက မင္းထက္ ပိုၾကည့္ေကာင္းေနတာလား?"
(T/N: ရွဲ႕စန္းတို႔ နာမည္ႀကီးေနတာ 🤣🤣🤣)
လူေတြကို စိတ္ခ်မ္းသာေအာင္ ထားနိုင္ေလာက္တဲ့ ႐ုပ္ရည္ ရွိတာ ျဖစ္နိုင္မလား?
မိုင္နဲ က ေခါင္းခါသည္။ "မေကာင္းဘူး"
ရွဲ႕စန္း အံ့ဩသြားသည္။ "ဒါဆို မင္း ဒီေန႕ ဘာျဖစ္လို႔ မူမမွန္ သလို ျဖစ္ေနတာလဲ ?"
မိုင္နဲက တိုးတိုးေလး ညည္းၫူရင္း "ျဖစ္နိုင္တာ က..."
"ဘာလဲ" ရွဲ႕စန္း ရွင္းရွင္းလင္းလင္း မၾကားရေတာ့ သူ႕မ်က္ႏွာနား နီးေအာင္ ေ႐ႊ႕လိုက္သည္။
"ဘာျဖစ္နိုင္တာလဲ?"
မိုင္နဲ သူ႕ကို လွည့္ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္ၿပီး "ေကာ့စ္ရဲ႕ အိမ္မွာ ဧည့္သည္ေတြ ေဘးကင္းေစဖို႔ ေနရာအႏွံ႕ က ေစာင့္ၾကည့္ေနတယ္" လို႔ တိုးတိုးေလးေျပာလိုက္သည္။
ရွဲ႕စန္း ပိုလို႔ေတာင္ အံ့ၾသသြားသည္။ သူဒီလိုေတြ ေျပာေနတာက တကယ္တမ္း ေစာင့္ၾကည့္ေနတာကို ေရွာင္ဖို႔လား?
႐ုတ္တရက္ ကပြဲခန္းမထဲက မီးေရာင္ေတြ အကုန္ ပိတ္က်သြားသည္။ ရွဲ႕စန္း လန႔္ဖ်ပ္သြားေသာ္လည္း ေနာက္စကၠန့္တြင္ သူ၏ ညာဘက္လက္ကို ႀကီးမားေသာလက္တစ္စုံက ဆုပ္ကိုင္ေပးထားသည္။ လက္ပိုင္ရွင္သည္ အလြန္ ငယ္ေသးေသာ္လည္း လက္ဖဝါးတြင္ ပူႏြေးၿပီး ပါးလႊာေသာ အသားမာမ်ား ရွိေနသည္။ ရွဲ႕စန္း သက္ေတာင့္သက္သာ ရွိသလို ခံစားလိုက္ရသည္။
ခန္းမထဲရွိ စကားေျပာသည့္ စင္ျမင့္တြင္ မီးလင္းေနသျဖင့္ ေခါင္းကို လွည့္ၾကည့္လိုက္သည္။ ေထာင့္ အထိေရာက္တဲ့ အလင္းေရာင္က သိပ္မေတာက္ပေပမယ့္ လူေတြကို ရွင္းရွင္းလင္းလင္း ျမင္နိုင္သည္။ သူနဲ႕ မိုင္နဲ မ်က္လုံးခ်င္း ဆုံသြားသည္။ ရွဲ႕စန္း မိုင္နဲ၏ အၾကည့္မ်ားက ခါတိုင္းႏွင့္ မတူေၾကာင္း ခံစားလိုက္ရသျဖင့္ နားမလည္နိုင္ေလာက္ေအာင္ အထိတ္တလန႔္ျဖစ္သြားသည္။
"အားလုံးကို ႀကိဳဆိုပါတယ္....."
စားပြဲကို ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္ေပမယ့္ မိုင္နဲရဲ႕ မ်က္လုံးေတြက သူ႕ဆီကေန ခြာမသြားတာကို သတိထားမိသည္။ သူ႕ကို ဘာလို႔ စိုက္ၾကည့္ေနတာလဲ လို႔ ေမးလိုက္ခ်င္ေပမယ့္ ရွက္သလို ခံစားေနရသည္။
ႀကိဳဆိုေၾကာင္း ႏႈတ္ခြန္းဆက္စကား အၿပီးတြင္၊ ဂ်ဴေလာ့စ္ က သူ၏တူရိယာျဖင့္ ေဖ်ာ္ေျဖခဲ့သည္။ သူက ပိုပိန္သြားၿပီး ျဖဴေဖ်ာ့ေနသည္။ သူ၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာ ေၾကာင့္ သူ႕အတြက္ စိတ္မေကာင္း ျဖစ္ေနၾကသည္။
သူ႕ရဲ႕ေဖ်ာ္ေျဖမႈက ႏြေးေထြးတဲ့ လက္ခုပ္သံေတြ ရရွိခဲ့ၿပီး ေက်းဇူးတင္စကား ေျပာၾကားခဲ့သည္။ သူ႕ေလသံက ရိုးသားၿပီး သူ႕အသံက နည္းနည္း အားနည္းေနသည္၊ ကိုယ့္ကိုကိုယ္ ႏွိမ့္ခ်ထားသည္၊ သူ႕အျပဳအမူက ေစ့စပ္ ၿပီး ခ်ီးမြမ္းခံေနရသည္။
ခန္းမထဲက မီးေရာင္ေတြ ျပန္လင္းလာေပမယ့္ အရင္ကထက္ေတာ့ နည္းနည္း ေမွာင္ေနေသးသည္။ ထို႔ေနာက္ ေတးဂီတ စတင္ခဲ့ၿပီး လူအမ်ားက အတြဲလိုက္ ကခုန္ေနၾကသည္။
ရွဲ႕စန္း အျခားသူမ်ား ကျပေနစဥ္ ေသေသခ်ာခ်ာ စူးစိုက္ကာ ၾကည့္ေနခဲ့သည္။ ဤေနရာ၏ အကသည္ အလြန္ျပင္းထန္သည္၊ *ရမ္ဘာႏွင့္ ခပ္ဆင္ဆင္တူသည္၊ ရႈပ္ယွက္ခတ္မႈ နည္းပါးသည္။ အလြန္ စိတ္အား ထက္သန္ေစၿပီး ေလထုကို အခ်ိန္တိုအတြင္း ပူႏြေးလာေစသည္။
(*ရမ္ဘာ : က်ဴးဘားမွ စတင္ ေပၚေပါက္လာေသာ လက္တင္ အေမရိကန္ အကတစ္မ်ိဳး)
မိုင္နဲ က လက္ကို သူ႕ပခုံးေပၚတင္ၿပီး "ကခ်င္လား" ဟု ေမးလာသည္။
ရွဲ႕စန္း လ်င္ျမန္စြာ ေခါင္းယမ္းလိုက္ၿပီး "ဘယ္လို ကရမွန္းမသိဘူး" ဟု ရိုးရိုးသားသား ေျပာလိုက္သည္။
"ငါ မင္းကို သင္ေပးနိုင္တယ္" မိုင္နဲ က ေျပာလာသည္။
ရွဲ႕စန္း ေမာ့ၾကည့္လိုက္ေတာ့ အေဖာ္ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ေနတာ ေတြ႕လိုက္ရသည္။ အမ်ိဳးသား၏ ျပန႔္ျပဴးေသာ လက္ဖဝါးသည္ အမ်ိဳးသမီး၏ ပခုံး အေနာက္ဘက္ကို ဖိထားၿပီး၊ အမ်ိဳးသမီး၏ ညာဘက္ ေျခေထာက္သည္ ေယာက္်ား၏ ဘယ္ဘက္ ေျခေထာက္ကို ခ်ိတ္ကာ ေျခက်င္းဝတ္မွ တျဖည္းျဖည္း အေပၚ တက္သြားခဲ့သည္။
(T/N: ဒီေနရာမွာ အထီးကို ေယာက္်ား၊ အမ ကို မိန္းမလို႔ မွတ္ေပးပါ၊အဲလို မဟုတ္ရင္ ဘာသာျပန္ရတာ ေထာက္ေနလို႔ပါ )
အဲဒါ က ပူၿပီး မရွင္းမလင္း ျဖစ္ေနခဲ့သည္။
သူက အေဝးကို လွမ္းၾကည့္ကာ မ်က္ႏွာ နီရဲသြားသည္။ေယာင္ဝါးဝါးျဖင့္ "မဟုတ္ဘူး၊ အဲဒါ က မလိုပါဘူး၊ငါ့လက္ေတြ ေျခေထာက္ေတြ က ကလို႔ မေကာင္းဘူး"
"အဲဒီလိုလား?" မိုင္နဲ က ရယ္လိုက္သည္။
ရွဲ႕စန္း အနည္းငယ္ ေခ်ာင္းဆိုးလိုက္ၿပီး ေလးနက္ေသာပုံစံျဖင့္ ေခါင္းညိတ္ျပလိုက္သည္။
"အစ္ကို" ဂ်ဴေလာ့စ္ ေရာက္လာၿပီး ခ်စ္ခင္စြာျဖင့္ ေခၚလိုက္သည္။ သူ႕အသံနဲ႕ မတူတာက သူ႕ အၾကည့္ျဖစ္သည္။ သူ႕ႏႈတ္ခမ္းက မၿပဳံးခ်င္၊ၿပဳံးခ်င္ျဖင့္ အတင္း ၿပဳံးျပလိုက္သည္။ သူ႕ရဲ႕ သ႐ုပ္ေဆာင္စေကး က မေကာင္းတာ သိသာေပမယ့္ ခန္းမကို ေက်ာေပးထားသျဖင့္ က်န္တဲ့လူေတြက သူ႕အမူအရာေတြကို မျမင္နိုင္ၾကေပ။
"မင္း ငါ့ေမြးေန႕ပြဲကို လာေတာ့ အရမ္းေပ်ာ္တာပဲ" သူ႕အသံကို အနည္းငယ္ တိုးကာ ေျပာလာသည္။
ရွဲ႕စန္း သူ႕လက္ေမာင္းမ်ားကို ပြတ္သပ္လိုက္သည္။ ဒီလူသ႐ုပ္ေဆာင္ မလုပ္တာ ကံေကာင္းတယ္၊ မဟုတ္ရင္ ဒါရိုက္တာ စိတ္ဆိုးရလိမ့္မယ္။
မိုင္နဲ က သူ႕ကို ေအးစက္စြာ ၾကည့္ကာ မ်က္ႏွာသာ မေပးဘဲ ေျပာလိုက္သည္။
"မင္းရဲ႕အမူအရာက မင္းရဲ႕အသံနဲ႕ ထပ္တူက်တယ္ဆိုရင္ မင္းစိတ္ရင္းမွန္တယ္လို႔ ငါ ယုံၾကည္ေပးမယ္"
ဂ်ဴေလာ့စ္၏ အမူအရာ တင္းမာသြားကာ သူတို႔ႏွင့္ ဆန႔္က်င္ဘက္တြင္ ထိုင္လိုက္သည္။
"အစ္ကို နားလည္မႈ လြဲေနတာ၊ ငါ က..." ေခ်ာင္းဆိုးလိုက္သည္။ "အရင္က ဒဏ္ရာက မသက္သာေသးဘူးေလ။ ေတာင္းပန္ပါတယ္ အစ္ကို၊ အရင္က မသိနားမလည္ခဲ့တာေတြကို ခြင့္လႊတ္ေပးပါ" လို႔ ေျပာလာသည္။ ဒူးေပၚမွာ တင္ထားတဲ့ လက္ကို လက္သီးဆုပ္ ထားလိုက္သည္။
မိုင္နဲက သူ႕အၾကည့္ေတြကို လႊဲလိုက္ၿပီး အာ႐ုံစိုက္မႈ မေပးခဲ့ေပ။
ရွဲ႕စန္း က ဂ်ဴေလာ့စ္ကို စိုက္ၾကည့္ရင္း ရယ္ေမာကာ ႏူးညံ့သိမ္ေမြ႕ေသာ အမူအရာသို႔ အျမန္ ေျပာင္းလိုက္သည္။
ဂ်ဴေလာ့စ္ က "မင္းဒီမွာရွိေနတာလည္း ေကာင္းပါတယ္" သူ အထုပ္တစ္ထုပ္ကို ေကာက္ယူ လိုက္သည္။ "စားၾကည့္စမ္းပါ၊ အရသာရွိတယ္"
ရွဲ႕စန္း သူ႕လက္ကို ယမ္းလိုက္သည္။ "ငါ အခု မစားခ်င္ဘူး"
ဂ်ဴေလာ့စ္ ထကာ ရွဲ႕စန္း ေဘးတြင္ ထိုင္လိုက္ၿပီး
"ဒါဆို မင္း အားလပ္ခ်ိန္ေတြမွာ ဘာလုပ္လဲ? ကားၿပိဳင္ေမာင္းတာ ဒါမွမဟုတ္ ေဈးဝယ္ထြက္ရတာ ႀကိဳက္လား။ ဒါမွမဟုတ္ ၿဂိဳလ္သား သားရဲေတြရဲ႕ ၿဂိဳလ္ေတြကို ခရီးထြက္တာလား။ သြားခ်င္တဲ့ ေနရာရွိလား။ ငါ မင္းကို ဖိတ္မယ္ေလ"
ရွဲ႕စန္း သည္ မိုင္နဲဘက္ သို႔ ေ႐ြ႕သြားၿပီး သူ႕ကို ထူးဆန္းသလို ၾကည့္ေနလိုက္သည္။
"မင္း ဘာလိုခ်င္လို႔လဲ?"
"မင္း ငါ့အစ္ကိုရဲ႕ သူငယ္ခ်င္းဆိုေတာ့ ငါ့သူငယ္ခ်င္းပဲေလ"
သူ မိုင္နဲ၏ ႐ုပ္ဆိုးေနေသာ မ်က္ႏွာကို ၾကည့္ၿပီး ေနာက္ဆုံးတြင္ သူ အတင္းအက်ပ္ ၿပဳံးေနရသလို မခံစားရေတာ့ေပ ။
"ငါ မင္းကို သေဘာက်တယ္ ၿပီးေတာ့ မင္းနဲ႕ ကစားခ်င္တယ္"
မိုင္နဲ က သူ႕ကို ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္လိုက္သည္။ "သူ က မင္းနဲ႕ ကစားမွာ မဟုတ္ဘူး"
ဂ်ဴေလာ့စ္သည္ ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး ရွဲ႕စန္း၏ ေကာ္လာကို ႐ုတ္တရက္ လွမ္းဆြဲလိုက္ေသာ္လည္း မိုင္နဲက သူ႕ကို ရိုက္ထုတ္လိုက္သည္။
ဂ်ဴေလာ့စ္သည္ သူ႕လက္ကို အုပ္ကာ သူ႕အၾကည့္ တင္းမာသြားၿပီး စိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူက ရဲ႕စန္းကို ၾကည့္ကာ ၿပဳံးလိုက္ၿပီး
"ဒီဝတ္စုံက ငွားထားတာ မဟုတ္လား။ ငါ မင္းအတြက္ ဝယ္ေပးနိုင္ၿပီး ေနာက္ထပ္ နည္းနည္းေလာက္ ဝယ္ေပးနိုင္ပါတယ္။ က်င္းက်န္မွာ အလုပ္လုပ္ဖို႔ က ခက္ခဲလြန္းတယ္။ ပိုေကာင္းတဲ့လစာနဲ႕ ပိုလြယ္တဲ့ အလုပ္တစ္ခု ရွာေတြ႕ဖို႔ ငါကူညီေပးနိုင္တယ္"
"မလိုပါဘူး" ရွဲ႕စန္း ေျပာစရာ စကားမရွိ ျဖစ္သြားသည္။ သူ႕ကို sugar baby လုပ္ဖို႔ ႀကိဳးစားေနတာလား? သူ က ေယာက္်ား တစ္ေယာက္ ပါေနာ္။ သူ႕ကို ဂ႐ုစိုက္ဖို႔ လိုလို႔လား? သူ႕ကို အထင္ေသးေနတာလား!
"ညီအကို အခ်င္းခ်င္း စကားေျပာေနတာ ေတြ႕ရတာ အရမ္း ဝမ္းသာတာပဲ" ဆိုကိုတိုသည္ သူ႕မ်က္ႏွာတြင္ ရင္ထဲ ထိမိေသာ အၾကည့္ျဖင့္ ေလွ်ာက္လာလိုက္သည္။
ရွဲ႕စန္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ လိမ္ေနတာ! သူသိသည္။
ဆိုကိုတို က မိုင္နဲကို "ငါနဲ႕ ခဏေလာက္ လိုက္ခဲ့၊ ေရတပ္ဗိုလ္ခ်ဳပ္ ေကာ့စ္ က မင္းကို ေတြ႕ခ်င္ေနတယ္"
မိုင္နဲ မသိစိတ္အရ မ်က္ေမွာင္ၾကဳတ္လိုက္ေပမယ့္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားၿပီးတာ ၾကာေနၿပီ ျဖစ္သည္။အခ်ိဳ႕ဟာေတြက မ်က္ႏွာခ်င္းဆိုင္ၿပီး ေျပာမွ ရွင္းရွင္းလင္းလင္း ျဖစ္နိုင္မယ့္အရာမ်ား ရွိခဲ့သည္။ သူထရပ္လိုက္သည္။
"ငါ့သူငယ္ခ်င္း ငါနဲ႕ လိုက္ခဲ့လို႔ရလား"
ဆိုကိုတို က သူ႕လက္မ်ားကို ကူကယ္ရာမဲ့စြာ ဆန႔္လိုက္သည္။
"ေရတပ္ဗိုလ္ခ်ဳပ္ႀကီးက မင္းနဲ႕ေတြ႕တဲ့ ေနရာမွာ တျခားလူေတြ ႏွောက္ယွက္မွာ လိုခ်င္တယ္လို႔ ငါေတာ့ မထင္ဘူး။ စိတ္မပူပါနဲ႕ ဂ်ဴေလာ့စ္က သူ႕ကို ေစာင့္ေရွာက္ေပးလိမ့္မယ္"
မိုင္နဲက ပိုလို႔ေတာင္ စိတ္ မသက္မသာ ျဖစ္သြားၿပီး ရွဲ႕စန္းကို "ငါ မၾကာခင္ ျပန္လာခဲ့မယ္၊ ဒီမွာပဲေန၊ ထြက္မသြားနဲ႕"
ရွဲ႕စန္း သေဘာတူလိုက္သည္၊ နည္းနည္း စဥ္းစားကာ ေမးလိုက္သည္ "ေရတပ္ဗိုလ္ခ်ဳပ္ႀကီး က ဘယ္မွာလဲ"
"စာၾကည့္ခန္း" ဆိုကိုတို သည္ ကပြဲ ခန္းမ ေနာက္ဘက္ရွိ အခန္းတစ္ခုကို ၫႊန္ျပသည္။
ရွဲ႕စန္း က တစ္ခ်က္ၾကည့္လိုက္သည္။ မေဝးပါဘူး။ သူက မိုင္နဲကို "တစ္ခုခု လိုအပ္ရင္ ငါ့ကို ဆက္သြယ္လိုက္ပါ"
"မင္းေရာပဲ"
ဆိုတိုကို က ရယ္ေမာၿပီး မိုင္နဲ၏ ပခုံးကို ပုတ္လိုက္သည္။
"သက္ေတာင့္ သက္သာ ေနပါကြ၊ လူသားစားတဲ့ ဘီလူးေတြ မရွိပါဘူး၊ မင္းက ငယ္ငယ္ ကတည္းက အေတြးလြန္ရတာကို ႀကိဳက္တယ္၊ ဒီည ဧည့္သည္ေတြ အမ်ားႀကီး မင္းကို ေတြ႕ဖူးသြားမွာပဲ၊ မင္းကို ဘယ္သူမွ ထိခိုက္ေအာင္ လုပ္မွာ မဟုတ္ပါဘူး"
မိုင္နဲ ႏွင့္ ရွဲ႕စန္း တစ္ေယာက္ကို တစ္ေယာက္ၾကည့္ၿပီးေနာက္ ဆိုကိုတိုႏွင့္ အေဝးသို႔ လိုက္သြားခဲ့သည္။
ဂ်ဴေလာ့စ္သည္ တုန္လႈပ္ ေခ်ာက္ခ်ားစရာ ေကာင္းေသာ အရာကို ေကာက္ယူလိုက္ျပန္သည္။
"မိုင္နဲ ဒီမွာမရွိေတာ့ အခု စမ္းစားၾကည့္ပါလား၊ ဒါက တကယ္ ေကာင္းပါတယ္"
"မစားခ်င္ဘူး" ရွဲ႕စန္းသည္ သူ႕ေဘးနားမွ ထကာ အေဝးးသို႔ ေ႐ႊ႕ခဲ့သည္။ "မိုင္နဲ ဒီမွာ မရွိဘူး၊ ဒါေၾကာင့္ မင္း အဲလို လုပ္စရာ မလိုဘူး၊ ခုနက မိုင္နဲ စိတ္ညစ္ေအာင္ ငါ့ကို တမင္ အသုံးခ်လိဳက္တာ မဟုတ္လား"
"ဘယ္လိုျဖစ္နိုင္မွာလဲ?" ဂ်ဴေလာ့စ္ ရယ္လိုက္သည္။
"ငါ မင္းကို တကယ္ႀကိဳက္တယ္၊ မင္း မိုင္နဲေနာက္ လိုက္ေနတာကို နားမလည္ဘူး၊ သူ႕မွာ ဘာမွမရွိဘူး၊ ငါ က---"
ရွဲ႕စန္း သူ၏ ေနာက္ထပ္ ေျပာလာမည့္ စကားမ်ားကို ရပ္တန႔္ရန္ သူ႕လက္ကို ျမႇောက္လိုက္သည္။
"ငါက မိုင္နဲ နဲ႕ သူငယ္ခ်င္းလုပ္တာ သူ႕မွာ ရွိတဲ့ အရာေတြေၾကာင့္ မဟုတ္ဘူး၊ မင္း အတြက္ေတာ့ ငါ စိတ္ကို မဝင္စားဘူး"
"မင္း!" ဂ်ဴေလာ့စ္က ေလွာင္ေျပာင္သည္။ "လူတစ္ေယာက္အေနနဲ႕? မင္း အသက္ဆယ့္ရွစ္ႏွစ္ ရွိၿပီမဟုတ္လား ? သူ႕ ပုံစံေၾကာင့္ လူေတြက အ႐ူးလုပ္ခံရလိမ့္မယ္ မထင္ခဲ့မိဘူး၊ မင္း သူ႕ကို လုံးဝမသိပါဘူး၊ သူက မေကာင္းဆိုးဝါး၊ သူ ေမြးလာတာ မွားတယ္။ အမည္မသိ"
ရွဲ႕စန္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "မင္း စိတ္လြတ္သြားတာလား? ၾကယ္ေတြရဲ႕ ကေလး၊ မင္းဘာေတြေျပာေနတာလဲ" သူတို႔ဆက္ေျပာရင္ ေရွးေခတ္ က်ိန္စာေတြအေၾကာင္း ေျပာရေတာ့မွာလား?
"ငါ အဓိပၸါယ္ မရွိတာေတြ ေျပာေနတာ မဟုတ္ဘူး" လို႔ ဂ်ဴေလာ့စ္က အခိုင္အမာ ေျပာလာသည္။ "မင္း သူ႕ကို မသိပါဘူး၊ မင္းမသိဘူး သူ႕အေဖ..."
လို႔ ေျပာၿပီး ႐ုတ္တရက္ ရပ္လိုက္သည္။ ရွဲ႕စန္းေအးခဲသြားသည္။ မိုင္နဲ သူ႕အေဖ အေၾကာင္း ေျပာတာကို တစ္ခါမွ မၾကားဖူးေပ။ ဘရန့္ဒ္ ၿဂိဳလ္တြင္ အေဖသည္ အေမႏွင့္ ညီမွ်သည္။
"သူ႕အေဖ က ဘာျဖစ္ေနလို႔လဲ" ရွဲ႕စန္း စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။
ဂ်ဴေလာ့စ္ သည္ သူ၏ အမူအရာကို ၾကည့္ၿပီး
"မင္း သိခ်င္လား? အိမ္ အေနာက္ဘက္မွာ အတူတူကစားၾကရေအာင္။ တစ္ေယာက္တစ္ေယာက္ က မီးရႉးမီးပန္း ေဖာက္ဖို႔ ျပင္ေနတယ္။ အဲဒါက လွတယ္၊ ဒါေပမယ့္ မင္း က ငါ့ကို မုန္းတီးေနတာ၊ အတူတူ ကစားတာက ငါ့အေပၚ မင္းရဲ႕ အျမင္ကို ေျပာင္းလဲ ေစနိုင္လိမ့္မယ္လို႔ ငါထင္တယ္"
ရွဲ႕စန္း စိတ္ရႈပ္သြားသည္။ "မဟုတ္ဘူး၊ မင္း ေျပာခ်င္တာ ေျပာပါ၊ ငါဒီမွာပဲ ေနမယ္"
ဂ်ဴေလာ့စ္ က သူ႕ကိုယ္သူ တိုးတိုးေလးေျပာလိုက္သည္။
"လူႀကီးတစ္ေယာက္လို ေခါင္းမာတယ္၊ ေဖေဖက ဘာျဖစ္လို႔ သူ႕ကို စိတ္ခ်မ္းသာေအာင္ ထားခိုင္းတာလဲ နားမလည္နိုင္ဘူး"
ရွဲ႕စန္း က သူေျပာေနတာေတြကို ဂ႐ုမစိုက္ေပ။ သူထိုင္ေနသည့္ အေနအထားကို ခ်ိန္ညွိလိုက္သည္။ ခႏၶာကိုယ္ကို ေလွ်ာခ်ၿပီး ထိုင္ခုံကို မွီကာ သူ႕လက္ပတ္ကို ဖြင့္လိုက္သည္။ သတင္းကို ေပါ့ေပါ့ပါးပါး ၾကည့္ေနရင္း သူ႕ကိုယ္သူ သက္ေတာင့္သက္သာရွိေစရန္ ခုံေနာက္ဘက္သို႔ မွီလိုက္သည္။
ဂ်ဴေလာ့စ္သည္ ေျပာစရာ မရွိေတာ့ေလာက္ေအာင္ ေခတၱတိတ္ဆိတ္သြားသည္။ "မင္း ...ကို ေရာက္ဖူးလား..." လို႔ ေမးလိုက္သည္ ။
ရွဲ႕စန္း က သူ႕ကို ေမာ့ေတာင္ မၾကည့္ေပ။ ဂ်ဴေလာ့စ္ ေျပာတဲ့ စကားလုံးေတြက ရႈခင္းေတြ၊ လွပတဲ့ေနရာ၊ အစားအေသာက္ေတြ အရသာရွိတဲ့ ေနရာ၊ ... အဲဒါကို ဝယ္ဖို႔ ပိုက္ဆံ ဘယ္ေလာက္ကုန္သြားလဲ? ရွဲ႕စန္း ခဏေလာက္ နားေထာင္ၿပီး နားလည္သြားသည္။ ဒါက ခရီးသြားလို႔ရတဲ့ ေနရာေတြ အေၾကာင္း ေျပာဖို႔မဟုတ္ပဲ၊ သူ႕ရဲ႕ာခ်မ္းသာမႈကို ျပဖို႔ သက္သက္ပင္။
"ေဟ့ ငါ အမ်ားႀကီး ေျပာၿပီးၿပီ၊ မင္းဘာ အႀကံဥာဏ္မွ မရွိဘူးလား? မိုင္နဲေနာက္ကို မလိုက္နဲ႕၊ ငါနဲ႕အတူေနပါ၊ၿပီးေတာ့ ငါ့ပစၥည္းေတြ အားလုံး မင္းကို ငါေပးမွာပါ" ဟု ဂ်ဴေလာ့စ္ က ေသြးေဆာင္ခဲ့သည္။
ရွဲ႕စန္း အာဏာမရွိ၍ တံေတြးနဲ႕ေတာင္ ေထြးပစ္ခ်င္လာသည္။ သူငယ္ခ်င္းေတြ ဆိုရင္ေတာင္ ဘယ္လို ေျပာေျပာ မွားေနတဲ့ပုံ ေပါက္ေနတာပဲ။
ဂ်ဴေလာ့စ္ သူတတ္နိုင္သမွ် အေၾကာင္းအရာ အားလုံးနဲ႕ ႀကိဳးစားခဲ့ေသာ္လည္း ရွဲ႕စန္း က လုံးဝမတုံ႕ျပန္ေပ။ သူ သြားေတြ က်ိတ္လိုက္သည္။
"မင္းက မိုင္နဲရဲ႕ အေဖအေၾကာင္း ကို စိတ္ဝင္စားတာမဟုတ္လား"
ရွဲ႕စန္း မသိစိတ္က ေခါင္းကို ေမာ့လိုက္ေပမယ့္ လမ္းတစ္ဝက္မွာ ရပ္သြားသည္။ ဂ်ဴေလာ့စ္ က သူစိတ္ဝင္စားတာ သိသြားပါက ေနာက္ထပ္ ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္လာနိုင္သည္။
ဂ်ဴေလာ့စ္ က "ငါ မင္းကို ေျပာျပခဲ့တယ္ေလ၊ မိုင္နဲ ကအမည္မသိတဲ့ဟာ လို႔၊ မင္းလည္း သူနဲ႕ အတူရွိေနရင္ ကံဆိုးလိမ့္မယ္။ သူက အ႐ူးတစ္ေယာက္လို သ႐ုပ္ေဆာင္ေနတယ္။ သူ႕အေဖ ကားတိုက္မႈမွာ ေသသြားတယ္လို႔ သူထင္ေနေသးေပမယ့္ တကယ္ေတာ့ သူ႕အေဖက သူ႕အတြက္ သူ႕ကိုယ္သူ သတ္ေသခဲ့တာ!"
"မင္းဘာကိုဆိုလိုတာလဲ?" တစ္ခ်ိန္တည္းမွာပဲ ဂ်ဴေလာ့စ္၏ တစ္ဖက္တစ္ခ်က္မွ စကားသံႏွစ္ခုထြက္ေပၚလာသည္။
ရွဲ႕စန္း က စူးစူးရဲရဲ စိုက္ၾကည့္ရင္း ေမးခြန္းကို ေမးလိုက္ၿပီးေနာက္ အျခား အသံပိုင္ရွင္ကို ေတြ႕လိုက္ရသည္။ မိုင္နဲ....
ဂ်ဴေလာ့စ္ထိုင္ေနတဲ့ ဆိုဖာ အေနာက္မွာ မိုင္နဲက ရပ္ေနသည္။ သူ႕မ်က္ႏွာက မႈန္ကုပ္ေနၿပီး မ်က္လုံးေတြက မဲေမွာင္ေနသည္။ သူက ေရွ႕ကို ႏွစ္လွမ္းလွမ္းၿပီး ဂ်ဴေလာ့စ္ကို သူ႕ေကာ္လာ အေနာက္ဘက္ကေန လွမ္းဆြဲလိုက္သည္။ သန္မာလြန္းသျဖင့္ သူ႕ လက္မွာရွိတဲ့ ေသြးျပန္ေၾကာမ်ား ေပၚေနသည္။
"ထပ္ေျပာလိုက္စမ္း!"
ဂ်ဴေလာ့စ္ သည္ ေကာ္လာျဖင့္ လည္ပင္းညွစ္ခံခဲ့ရသည္။ သူ႕မ်က္ႏွာ ခ်က္ခ်င္း နီရဲလာၿပီး ေခ်ာင္းဆိုးကာ မိုင္နဲရဲ႕ လက္ကို သူ႕လက္ ေနာက္တစ္ဖက္ျဖသ့္ လွမ္းကိုင္လိုက္သည္။
"ငါ့ကိုလႊတ္စမ္း!"
ရွဲ႕စန္း လန႔္ၿပီး ထရပ္လိုက္သည္။ "မိုင္နဲ!"
မိုင္နဲက သူ႕အသံကို မၾကားရသလိုပဲ။ သူ႕မ်က္လုံးမ်ားက ဂ်ဴေလာ့စ္ကို စိုက္ၾကည့္ေနၿပီး သူ႕အသံက ေအးစက္ေနကာ
"မင္း ေျပာလိုက္တဲ့အတိုင္း ထပ္ေျပာစမ္း!"
ဂ်ဴေလာ့စ္ အံ့အားသင့္သြားကာ သူ႕ခႏၶာကိုယ္ တုန္ခါသြားသည္။ အံႀကိတ္ကာ "နတ္ဆိုး" ဟု ေျပာလိုက္သည္။ သူ အကၤ်ီၾကယ္သီးကို အျမန္ျဖဳတ္ကာ လွည့္လိုက္ၿပီး ေနာက္ျပန္ဆုတ္သြားေသာ မိုင္နဲ ဆီသို႔ သူ႕လက္ကို ျမႇောက္လိုက္သည္။ သူ႕အဝတ္အစားေတြကေန ႐ုန္းထြက္ဖို႔ အခြင့္အေရးယူခဲ့သည္။
"ဒါဆို ငါဘယ္လိုေျပာရမလဲ? မင္းက ႐ူးေနတဲ့ လူပဲ!" ဂ်ဴေလာ့စ္က ေလွာင္ေျပာင္လာသည္။
မိုင္နဲ၏ မ်က္လုံးမ်ား နီရဲလာၿပီး ေရွ႕သို႔ ေျပးသြားသည္ ။ သူ ဆိုဖာေပၚသို႔ သက္ေတာင့္သက္သာနဲ႕ ခုန္တက္ကာ ဂ်ဴေလာ့စ္ လည္ပင္းကို ညာလက္ျဖင့္ ဆုပ္ကိုင္ၿပီး ဆိုဖာထဲသို႔ ဖိခ်လိဳက္သည္။
"မင္း သူ႕ကို အတင္းလုပ္ခိုင္းခဲ့တာ မဟုတ္လား?"
သူ႕မွတ္ဥာဏ္ထဲမွာ ထိုလူက ရွက္႐ြံ႕တတ္ေသာ္လည္း ဘဝအတြက္ စိတ္အားထက္သန္မႈ အျပည့္ရွိေနသည္။ အေၾကာင္းျပခ်က္ မရွိဘဲနဲ႕ သူ႕ကိုယ္သူ သတ္ေသမွာ မဟုတ္ဘူး
ဂ်ဴေလာ့စ္၏ မ်က္ႏွာ ျဖဴေဖ်ာ့သြားကာ စကား လုံးဝ မေျပာနိုင္ေတာ့ေပ။
ရွဲ႕စန္း အံ့အားသင့္သြားသည္။ မိုင္နဲ၏ ခြန္အားျဖင့္၊ ဂ်ဴေနာက္စကၠန႔္တြင္ ဂ်ဴေလာ့စ္၏ လည္ပင္း က်ိဳးသြားမွာ ေသခ်ာသည္။ သူလက္ကို ဆန့္ကာ မိုင္နဲ၏ ဘယ္ဘက္လက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။
"စိတ္လိုက္ မာန္ပါ မလုပ္နဲ႕!"
ဤေနရာတြင္ ဂ်ဴေလာ့စ္ ကို သတ္ရန္ အေၾကာင္းျပခ်က္ ေကာင္းေကာင္း ရွိေနရင္ေတာင္ ၊ အဲဒီ အက်ိဳးဆက္မ်ား က မိုင္နဲ ကို လုံးဝ ထိခိုက္ေစလိမ့္မည္။ သူ႕စကား ေျပာၿပီးခ်ိန္မွာ ႏွစ္မီတာရွည္တဲ့ မီးခိုးေရာင္ဝံပုေလြ တစ္ေကာင္ က ဧည့္ခန္းထဲမွာ ႐ုတ္တရက္ေပၚလာသည္။ ဟိန္းေဟာက္လိုက္ၿပီး ေလထဲမွာ ခုန္ကာ မိုင္နဲ ေနရာသို႔ ေျပးသြားသည္။
ရွဲ႕စန္း၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ မတုံ႕ျပန္ရေသးမီ မိုင္နဲ၏ ဘယ္ဘက္သို႔ တြန္းခ်တာ ခံရကာ ေျမျပင္ေပၚသို႔ လဲက်သြားခဲ့သည္။ ထၿပီး ႏွောင့္ယွက္ဖို႔ မႀကိဳးစားဘဲ မိုင္နဲ ကို သာ ၾကည့္ေနလိုက္သည္။
မိုင္နဲ က ညာဘက္ကို ေရွာင္သြားသည္။ မီးခိုးေရာင္ဝံပုေလြ က ခုန္ခ်လာၿပီး သူ႕ပခုံးကို လက္သည္းျဖင့္ ဆက္လက္ တိုက္ခိုက္ခဲ့သည္။ မိုင္နဲ လုံးဝ ေရွာင္လႊဲနိုင္ေသာ္လည္း ေရွာင္မေျပးဘဲ မီးခိုးေရာင္ဝံပုေလြ ကိုသာ စိုက္ၾကည့္ေနသည္။
"ဂ်ဴေလာ့စ္ ဘယ္လိုေနလဲ" ဆိုတိုကိုသည္ မီးခိုးေရာင္ဝံပုေလြေနာက္မွ အနီးကပ္ လိုက္လာသည္။ မိုင္နဲ ကို မၾကည့္ဘဲ ဆိုဖာေပၚတြင္ အားေလ်ာ့ကာ လဲေနေသာ ဂ်ဴေလာ့စ္ကို ေကာက္ေပြ႕လိုက္ၿပီး စိုးရိမ္တႀကီး ေအာ္လိုက္သည္။
မိုင္နဲ ခႏၶာကိုယ္မွာ ရွိတဲ့ အလင္းေရာင္က ခ်က္ခ်င္း ေပ်ာက္ကြယ္ သြားသလို ျဖစ္သြားၿပီး၊ အဆုံးမဲ့ မဲေမွာင္ျခင္းေတြပဲ က်န္ခဲ့သည္။ သူ မီးခိုးေရာင္ဝံပုေလြကို ၾကည့္ကာ သူ႕ႏႈတ္ခမ္းေထာင့္မ်ား ျဖည္းညွင္းစြာ ေကာ့တက္သြားသည္။ သူက အသံတိုးတိုးေလးသာ ထြက္လာခဲ့သည္။
"ဟက္"
ဒါက တကယ္ေတာ့ ဒီလိုပါလား။ ဒါေတြ အားလုံးက အတုေတြပဲ။ အရာအားလုံးက အတုအေယာင္ေတြ။ အားလုံးက လူလိမ္ေတြပဲ။ အေရၿခဳံထားတဲ့ လူေတြ! ႐ြံမုန္းစရာ ေကာင္းလိုက္တာ!
သူအကုန္သိတယ္၊ အကုန္သိထားတယ္။ သတင္း အခ်က္အလက္ ဌာန က စီနီယာတစ္ေယာက္ အေနနဲ႕ ဆိုတိုကိုရဲ႕ စကားမ်ားေတြက သံသယျဖစ္စရာ ေကာင္းေနတာကို သူ မသိဘဲ မေနဘူး။ ဒါေပမယ့္ ဆိုတိုကိုရဲ႕ စကားေတြက အရမ္းေကာင္းၿပီး သူ႕ႏွလုံးသားရဲ႕ အနက္ရွိုင္းဆုံး ေတာင့္တေနမႈကို ေျပာျပေပးခဲ့တယ္။
သူ တကယ္ ယုံခ်င္ေနခဲ့တယ္၊ အဲဒါေတြ က အမွန္ေတြ ျဖစ္ပါေစလို႔....
မိုင္နဲရဲ႕ အသံက သိသိသာသာ ေပ်ာ့ေပ်ာင္းေသာ္လည္း အဲဒါက ရွဲ႕စန္းရဲ႕ ႏွလုံးသားကို ေလးလံေသာ တူျဖင့္ ရိုက္လိုက္သကဲ့သို႔ ျဖစ္ေနသည္။ ရွဲ႕စန္း၏ ႏွလုံးသည္ ခ်က္ခ်င္းပင္ နာက်င္လာသည္။ မိုင္နဲကို ေခၚေတာ့မယ့္ အခ်ိန္မွာ အသံတစ္သံ ထြက္ေပၚလာသည္။ ေခ်ာင္မိသားစုမွ သခင္ေလးက သူ႕ေဘးမွာ ရပ္ေနၿပီး သူ႕ကို ကူညီဖို႔ ငုံ႕ကာ စိုးရိမ္စိတ္နဲ႕ ေမးလာသည္ ။
ထို႔အခ်ိန္မွ ရွဲ႕စန္းသည္ ေျမျပင္ေပၚတြင္ ထိုင္ေနေသးသည္ကို သိလိုက္ရၿပီး အျမန္ထလိုက္သည္။ သူ႕ကို ေက်းဇူးတင္ဖို႔ ယဥ္ယဥ္ေက်းေက်း ၾကည့္ရင္း ေျပာလိုက္သည္။
"ေက်းဇူးတင္ပါတယ္"
မိုင္နဲ၏ အၾကည့္မ်ား တုန္လႈပ္သြားသည္။ မဟုတ္ဘူးေလ၊ သူ႕မွာ ေမွ်ာ္လင့္ခ်က္ ရွိေသးတယ္၊ အတုျဖစ္ေနတဲ့ ေမွ်ာ္လင့္ခ်က္ေပါ့။ သူ ရွဲ႕စန္း ရွိသည့္ဘက္ကို ၾကည့္လိုက္သည္။ ေခ်ာေမာလွပေသာ အမ်ိဳးသားသည္ ရွဲ႕စန္းကို ဖက္ထားသည္ကို ေတြ႕လိုက္ရၿပီး ရွဲ႕စန္း က ေမာ့ၾကည့္ကာ ၿပဳံးျပၿပီး စကားေျပာေနတာ ေတြ႕လိုက္ရသည္။
"ဟားဟားဟားဟား......" မိုင္နဲ က ရယ္ေမာၿပီးရင္း ရယ္ေမာကာ သူ႕ကိုယ္သူ ေလွာင္ေျပာင္ ရယ္ေမာလိုက္သည္။ သူ ရယ္ေမာရင္း ျပင္းထန္စြာ ေအာ္ဟစ္လိုက္သည္၊ သူ႕အသံမွာ ၾကမ္းတမ္းၿပီး ေၾကာက္စရာေကာင္း ေနသည္။ ဆိုတိုကိုႏွင့္ ဂ်ဴေလာ့စ္တို႔ အေပၚမွ ေအးခဲေနေသာ အၾကည့္မ်ားကို ဖယ္လိုက္ၿပီး တံခါးဘက္ လွည့္ကာ ေျပးထြက္သြားခဲ့သည္။
"မိုင္နဲ!" ရွဲ႕စန္းက စိုးရိမ္တႀကီး ေအာ္လိုက္ၿပီး သူ႕ေနာက္လိုက္ဖို႔ ေျခလွမ္း ျပင္လိုက္သည္။
သခင္ေလးက သူ႕လက္ကို လွမ္းဆြဲလိုက္သည္။ "မင္း ဒဏ္ရာရေနတယ္၊ ဆရာဝန္နဲ႕ ျပသင့္တယ္"
ရွဲ႕စန္းသည္ အလြန္ စိတ္လႈပ္ရွားေနသျဖင့္ သူ႕လက္ကို ရိုက္ထုတ္လိုက္ၿပီး စကားေျပာရန္ စိတ္မကူးေတာ့ဘဲ မိုင္နဲေနာက္သို႔ ေျပးလိုက္သြားခဲ့သည္။ မိုင္နဲ၏ ပခုံးတြင္ ေသြးထြက္ေနကာ သူ႕ခႏၶာကိုယ္ေအာက္ပိုင္း က ေသြးေတြ႐ႊဲေနၿပီး သူ၏ ႐ူးသြပ္ေသာ အသြင္အျပင္ေၾကာင့္ အလြန္ ေၾကာက္စရာ ေကာင္းေနသည္။
ရွဲ႕စန္းက သူ႕ေလာက္ အေျပးမျမန္ေပ၊ လူတစ္ေယာက္က သူ႕ကို တားလိုက္ေပမယ့္ သူ ေျပးေနတုန္းပဲ။
"သူ႕ေနာက္ မလိုက္ပါနဲ႕၊ သူက အႏၱရာယ္မ်ားၿပီး မင္းကို နာက်င္ေစလိမ့္မယ္"
ရွဲ႕စန္း သူ႕ကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ၿပီး ထိုလူကို တြန္းထုတ္လိုက္သည္။
"ထြက္သြား!"
(T/N : ဘာသာျပန္ေနရင္း ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး ၊ လက္အပူေလာင္ထားပါတယ္ ဆိုမွ ေရးလိုက္ရတာ အမ်ားႀကီးပဲ 😫😫😫)
___________________________________________________
ေက်းဇူးတင္ပါတယ္ရွင့္🤎🤎🤎
Gpအေၾကာင္း messageမွာ လာေမးလို႔ရပါတယ္ေနာ္