𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉ...
By Bliawnk
103K 8.1K 79
"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကို... More
Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19
Ep21
Ep22
Ep23
Ep24
Ep25
Ep26
Final
Ep20
3.1K 247 4
By Bliawnk
Uni
Taehyungတို့ကျောင်းလေ့လာရီးခရီးထွက်ဖို့ရက်က မနက်ဖြန်ပင်။ တစ်ပတ်တာလုံးကုန်ဆုံးရင်း လေ့လာရေးခရီးအတွက်ရင်ခုန်စိတ်လှုပ်ရှားခဲ့တာ။ ခုလိုကြီးလက်တွေ့ကာလမှာ သွားရတော့မယ်ဆိုတော့ ပိုပြီးစိတ်လှုပ်ရှားရင်ခုန်နေမိတော့တာပင်။ အဝတ်အစားတွေထည့်ဖို့ ဘာထည့်ဖို့ထည့်ရမလဲလည်း မတွေးတတ်တော့။ ထည့်ချင်နေတဲ့အဝတ်အစားက ခပ်များများရယ်။
အခန်းထဲကထွက်လာပြီး ကိုကို့ရဲ့အခန်းသို့ဆင်းလာလိုက်သည်။ ဒီနေ့Sundayကျောင်းပိတ်ရက်ဆိုတော့ ကိုကိုလည်းအိမ်မှာရှိနေသည်။
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့လေ လော့မချထားဘူး"
တံခါးကို ခပ်ဖွဖွခေါက်လိုက်တော့ အခန်းထဲကဝင်ခဲ့ဖို့ခွင့်ပြုတဲ့အသံကတန်းကပ်ပါလာသည်။ တံခါးလှပ်ပြီးဝင်လာလိုက်တော့ စားပွဲပေါ်မှာစာရွက်အထပ်တစ်အုပ်နဲ့ အလုပ်ရှုတ်နေတဲ့ကိုကို့ကို တန်းတွေ့ရသည်။ ခုထိသူဝင်လာမှန်းမသိသေးတဲ့ ကိုကိုက အာရုံစူးစိုက်မှူအားကောင်းနေသည့်ပုံ။
"ကိုကို"
အနားကပ်သွားပြီး ကိုကို့ကိုခေါ်လိုက်တော့ တန်းလှည့်ကြည့်လာတဲ့ကိုကို။ မျက်မှန်တပ်ထားတဲ့ပုံကပင် အတော်ကိုချောမောနေတာ။ ကိုယ့်ရည်းစားမလို့ ကိုယ်ချီးမွမ်းတာမဟုတ်ပေမဲ့ အိိမ်မှာနေနေတဲ့ပုံစံကအစ ကိုကိုကဘယ်အချိန်ကြည့်ကြည့်ချောနေတာပင်။
"Taehyung ဘာကိစ္စရှိလို့လဲ"
"ကိုကိုနဲ့ တိုင်ပင်စရာရှိလို့လေ အားရဲ့လား"
"အားပါတယ်ဗျ ဘာတ်ိုင်ပင်မလို့လဲ"
အခန်းထဲဝင်လာပြီး ကိုကိုနဲ့တိုင်ပင်စရာရှိလို့ဆိုတဲ့ကောင်လေးက ကြက်တောင်စီးလေးနဲ့ချစ်စရာကောင်းနေသည်။ Kim Taehyungအလှကို တစ်သက်လုံးထိုင်ကြည့်နေတာတောင် ရိူးအီသွားမည်မထင်ပါ။ လူကြီးလေးလို တိုင်ပင်ချင်လို့ဆိုတဲ့ကောင်လေးက အားလားလိူ့မေးလာတာကိုလည်း အားပါတယ်လို့ အမြန်စကားပြန်လ်ိုက်ရသည်။ အမှန်ဆို ကျောင်းက ကျောင်းသားကျောင်းသူတွေရဲ့အမှတ်စာရင်းကိုစစ်နေတာမလို့ အလုပ်ရှုတ်နေပေမဲ့ ချစ်သူရည်းစားလေးကို မအားဘူးလို့ ငြင်းလွှတ်လိုက်ရင် နှုတ်ခမ်းလေးထော်ပြီးရွှေစိတ်တော်ညှိုးသွားမှာကို မလိုလားပေ။
"ကိုကို စဥ်းစားကြည့်ဗျာ"
"ဟုတ်ပြီ ကိုကိုစဥ်းစားပေးမယ်..ပြောပြလေ"
"ကျောင်းက မတရားဘူးနော်"
"ဟင် ဟုတ်လား..ကိုကို့ကိုပြောပြလေ ကျောင်းကို အကြံပြုလွှာတင်ပေးလို့ရတယ်လေ...Taehyungက ဘာကိုသဘောမကျတာလဲ"
"ကျောင်းလေ့လာရေးခရီးက ၃ရက်တည်းလေ ... ကျွန်တော်က တစ်ပတ်လောက်နေချင်တာကို"
ကျောင်းကမတရားဘူးဆိုတော့ ဘာတွေများကျောင်းနဲ့ရန်ဖြစ်အလိုမကျတာလဲဆိုပြီး စိတ်ပူလိုက်မိပေမဲ့ ကောင်ဆိုးလေးက ကျောင်းလေ့လာရေးခရီးက သုံးရက်တည်းမလို့ အလိုမကျတာပါတဲ့လေ။
"Taehyungကအချိန်အကြာကြီးနေချင်လို့လား"
"ဟုတ်တယ်..Busanမှာအဘွားလည်းရှိတယ်လေနော် .."
"ကိုယ်စီစဥ်ကြည့်မယ်လေနော်..Taehyungကစိတ်သာမပူနဲ့"
"တကယ်လား?ကိုကိုတကယ်ပျော်နေတာလား"
ကိုယ်ကကြာကြာနေချင်တယ်ပြောလိုက်တာနဲ့ စီစဥ်ပေးမယ်လို့ပြောလာတဲ့ကိုကိုဆရာက တကယ်အလိုလိုက်ပေးတာပဲ။ အမှန်ဆို တမင်လာဂျီကျတာပင်..တစ်ပတ်လောက်နေချင်တာကလည်းဟုတ်ပေမဲ့ ကျောင်းကသုံးရက်တည်းဆိုတာလည်းပြောင်းမရဘူးလေ။ ကိုကိုဆရာ့ကိုတမင်ဂျီကျချင်လို့ ပြောလိုက်တာပေမဲ့ စီစဥ်ပေးမယ်ပါတဲ့။ တကယ်ကို ချစ်ဖို့အကောင်းဆုံးရည်းစားမျိုးကိုရထားတာပဲ။
"တကယ်ပေါ့.. ကိုယ်က Taehyungကို စည်းစိမ်ချမ်းသာမှူများစွာနဲ့မထားနိုင်သေးပေမဲ့ စိတ်ချမ်းသာအောင်ထားနိုင်တဲ့လူဖြစ်အောင်တော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားနေမယ်"
"အာ စည်းစိမ်တွေ မလိုပါဘူး..ကိုကိုဆရာသာအနားရှိနေရင် ကျွန်တော့်အတွက်ပြည့်စုံနေပါပြီ"
"ဟော တကယ်လား"
"ဟော တကယ်ပေါ့"
ကိုယ်ကလူကြီးအသံနဲ ဟောလို့သုံးပြီး တကယ်လားဆိုပြီးစလိုက်တော့ လူကြီးပေါက်စချစ်သူရည်းစားက အနောက်သံယောင်လိုက်ပြီးပြန်ဖြေလိုက်ပါလေရဲ့။ ဒီကလေးနဲ့သာ အတူတူနေအတူတူစကားပြောနေရရင် အရင်ကခပ်တည်တည်နေတတ်တဲ့ဆရာJungkookဆိုတာ ရှိခဲ့တဲ့ပုံတောင်မပေါ်တော့တာပင်။ တကယ်ဟိုးးပေါက်စလေးကတည်းက ခုလိုခဏခဏပြုံးနေရတာ နည်းလှတာတော့အမှန်ပင်။
"ဒါနဲ့ ဘာစာရွက်တွေကို စစ်နေတာလဲဟင်"
မျက်လုံးလေးကလည်ကလည်နဲ့ စားပွဲပေါ်ကစာစစ်နေတဲ့ စာရွက်အထပ်ကိုစပ်စုလာသည်။လူကြီးပေါက်စလေးက မေးမှမေးပါ့မလားလို့တောင် တွေးနေတာ..ခုတော့တွေးပူစရာတောင်မလိုတော့ဘူးထင်ပါရဲ့။
"Taehyungတို့ရဲ့ စာမေးပွဲအဖြေလွှာတွေလေ"
"ဟင်ဟုတ်လား"
"ဟုတ်တာပေါ့ဗျာ"
"အဲ့ဒါဆို ကမ်းလှမ်းချက်တစ်ခုလုပ်မယ်လေ"
စာမေးပွဲအဖြေလွှာလို့ပြောလိုက်တာနဲ့ ကောင်ဆိုးလေးကကမ်းလှမ်းချက်တောင် ပြောလာပြီလေ။ ကောင်ဆိုးလေး ဘယ်လိုတွေများဉာဏ်များမှာလဲသိချင်မိပါရဲ့။
"ကိုကိုဆရာသာ ကျွန်တော့်ကိုအမှတ်ပြည့်A+ ပေးရင် ကျွန်တော်က ကိုကို့ကို အများကြီးပိုချစ်ပေးမှာနော်"
"ဟာ မက်လောက်စရာကမ်းလှမ်းချက်ကြီးပါ့လား.."
"ဒါပေါ့ စိတ်ကူးမမှားနဲ့နော် ကိုကို"
"တော်ပါပြီကွာ.. ရှယ်ယာတွေရင်းနှီးမြှုပ်နှံတာတွေတောင် ကြာကြာထားရင် စျေးပိုတတ်သေးတာပဲ..ကိုယ်လည်းကမ်းလှမ်းချက်ပိုများအောင် ‌ကြာကြာထားတဲ့အနေနဲ့ စာမေးပွဲရလဒ်ကြေညာ‌ပြီးမှလက်ခံလိုက်တော့မယ်"
"ကိုကို!!!"
သူ့ကမ်းလှမ်းချက်ကို လက်မခဲလိုက်တာနဲ့ အသံအကျယ်ကြီးနဲ့အော်ခေါ်ပါလေရဲ့။စိတ်ဆိုးနေပါပြီဆိုတဲ့ အမြင်စောင်းတဲ့အကြည့်လေးနဲ့ ကြည့်နေတဲ့ Kim Taehyungကိုငုံထားလို့ရရင် ငုံထားလိုက်ချင်ပါရဲ့။
စိတ်ဆိုးပြီး မျက်စောင်းထိုးနေတဲ့ကောင်လေးကို ထပ်စချင်လာတာမလို့ မသိချင်ယောင်ဆောင်ပြီး စာသာဆက်စစ်နေလိုက်သည်။ မကြာပါဘူး ခြေဆောင့်ပြီး အခန်းပြင်ကိုထွက်သွားတဲ့ကောင်လေးရယ်။ မနက်ဖြန်ကျမှ ပြန်ချော့တော့မယ်စိတ်ကူးထားလိုက်သည်။
Taehyungဘက်က ကမ်းလှမ်းချက်ကို လက်မခံတဲ့ဆရာJungkookက ကျောင်းပညာရေးကိစ္စနဲ့ပတ်သတ်ရင်အလိုမလိုက်တာကိုTaehyungသိပေမဲ့ တမင်စိတ်ကောက်ချင်လို့ စိတ်ကောက်ပြီးထွက်လာလိုက်သည်။နေ့လည်ဘက်ထမင်းစားချိန်မှာလည်းပြန်မချော့.. ညဘက်များလာချော့မလားဆိုပြီး စောင့်နေပေမဲ့  ရောက်မလာတာကြောင့် လူကစိတ်ကမကောင်းတော့ဘူး။ စိိတ်မကောင်းပေမဲ့ မနက်ဖြန်ခရီးထွက်ဖို့ခုထိအဝတ်အစားတွေရော ပစ္စည်းပစ္စယတွေရောအကုန်ပြီးအောင်မပြင်ဆင်ရသေးတာမလို့ စိတ်မကောင်းဖို့တောင်အချိန်သေချာမပေးလိုက်ရဘူး။ အဝတ်အစားတွေသေချာထည့်ပြီး နာရီကိုကြည့်လိုက်တော့ တစ်ဆယ်နာရီတောင်ရှိနေပြီဖြစ်သည်။ မနက်ကျ ၆နာရီလောက်ထမှာမလို့ သွားတိုက်မျက်နှာသစ်ပြီးအိပ်ယာဝင်လိုက်တော့သည်။
---------------
"ကလင် ကလင်"
မနက်၆နာရီမှာထမြည်လာတဲ့ အိပ်ယာဘေး စားပွဲပေါ်ကနာရီအလန်းမြည်သံကြောင့် Taehyungမှာ အိပ်မက်ကမ္ဘာကနိုးထလာသည်။ အရင်လိုသာဆို ခဏလောက်လေးအဖြစ် မှိန်းမိမည်ဆိုပေမဲ့ ဒီနေ့ကတစ်ပတ်သာလုံးစောင့်နေတဲ့ကျောင်းလေ့လာရေးခရီးသွားမည့်နေဖြစ်တာမလို့ တတ်ကြွစွာပင်နိုးထလာသည်။
အိပ်ယာထက်ကထပြီး မျက်နှာသစ်ရေချိုးခြင်းတွေကအစ အကုန်ပြင်ဆင်ပြီးအဝတ်အစားတွေပစ္စည်းပစ္စယတွေကို ထပ်ခါပြန်စစ်ပြီးအကုန်ပြီးဆုံးသွားချိန်မှာ ၇နာရီ၁၅မိနစ်တောင်ရှိနေပြီဖြစ်သည်။ အောက်ထပ်ကို အဝတ်အစားထုတ်ကြီးဆွဲပြီး ဆင်းလာတော့ရေချိုးခန်းထဲကထွက်လာတဲ့ ကိုကိုနဲ့တည့်တိုးသည်။ မနေ့ညကစိတ်ဆိုးထားတာကို ခုချိန်ထိပြင်ဆင်လို့မပြီးသေးဘူးလားလို့ ယောင်ပြီးပါးစပ်ကပြောမိတော့မလို့ပင်။ ပါးစပ်ကိုအမြန်ပိတ်လိုက်ရသည်။ စိတ်ဆိုးနေတဲ့ကိုယ့်ဘက်ကတော့ စကားစပြောမည်မဟုတ်ပါ။
‌ဧည့်ခန်းမှာ အိတ်ထုတ်ကိုထားပြီးကိုကို့ကို စောင့်နေလိုက်သည်။ ကိုကိုနဲ့အတူတူသွားမှ မေမေ‌ကကျောင်းလေ့လာရေးခရီးလွှတ်တာကို စိတ်ချမှာလေ။
ခဏလောက်ကြာတော့ အဝတ်အိတ်ထုတ်အနီလေးကိုဆွဲပြီးထွက်လာတဲ့ ကိုကိုကပေါ့ပေါ့ပါးပါးပင်။ ကိုယ့်မှာသာအဝတ်အစားတွေ အများကြီးထည့်ပြီးခရီးဆောင်အိတ်ကအရမ်းကြီးနေတာပင်။
"အိတ်က ကိုယ့်ကိုပေး..ကိုယ်သယ်ခဲ့မယ်"
"အင်းရော့ယူ"
စိတ်ဆိုးတာက စိတ်ဆိုးတာပေမဲ့ အိတ်အကြီးကြီးကိုသယ်ဖို့သက်သာမည့်အရေးကိုတော့ လက်အလွှတ်ခံမည်မဟုတ်ပါ။ ကိုကိုက အိတ်နှစ်ထုတ်ကိုလက်နှစ်ဖက်မှာကိုင်ပြီး အနောက်ကလိုက်လာသည်။ ကားထဲကို ကိုကိုကအိတ်တွေထည့်နေချိန် Taehyungကတော့ Lover seatမှာ အနေသားပဲထိုင်စောင့်နေလိုက်သည်။
"Taehyung ခဏလေးနော်..ကိုယ်အိမ်ထဲခဏ‌သွားလိုက်အုံးမယ်"
"အင်းး"
ခုနကလည်း သူပြင်ဆင်နေတာကိုထိုင်စောင့်နေရတယ်။ အခုကျတော့လည်း ဘာဖြစ်ပြန်ပြီလဲမသိ အိမ်ထဲကို ပြန်ဝင်သွားပြန်ပြီ။
ခဏကြာတော့ အိမ်ထဲကပြန်ထွက်လာပြီ ကျောင်းသို့မောင်းထွက်လာလိုက်သည်။ ကျောင်းလေ့လာရေးခရီးဆိုတော့ ကျောင်းသား/ကျောင်းသူတွေအကုန်လုံးကိုကျောင်းမှာပဲစုဝေးခိုင်းထားတာပင်။
"Taehyungလေးက မနေ့ကစိတ်ကောက်သွားတာလား"
‌လမ်းတစ်ဝက်မှာ ကိုကို့ဘက်ကစကားသံစထွက်လာသည်။ စကားမပြောဘဲတစ်လှမ်းလုံး ဝစီပိတ်နေတော့မယ်လို့တောင်ထင်နေမိတာ။
"ကောက်စရာလား.."
"အင်းပါ..ကိုယ်က Taehyungအတွက် သတင်းကောင်းရှိတယ်"
"‌ဟုတ်လား ပြောပြလေ"
"ဒါပေမဲ့ Taehyungက စိတ်ကောက်နေတာမလား..ပြောပြရင်သဘောကျပါ့မလားပဲ"
"‌မကောက်ပါဘူးဆိုဗျာ..ပြောမှာသာပြောပါ"
သတင်းကောင်းဆိုတော့ စိတ်ကောက်နေတဲ့အဆိုးလေးက ချက်ချင်းကိုစိတ်ကောက်ပြေတော့တာပင်။ သတင်းကောင်းကို တန်းမပြောလို့တောင် ကောင်ဆိုးလေးအသံက စိတ်တောင်မရှည်တော့သလိုမျိုးပင်။
" Busanမှာ ၁ပတ်နေချင်တဲ့ကိစ္စလေ ကိုယ်စီစဥ်ပြီးသွားတယ်"
"တကယ်ကြီးလား"
"တကယ်ပေါ့..ဒါပေမဲ့ကျောင်းကတော့ ၃ရက်ပဲနေမှာပေါ့ ကျောင်းသားတွေက၃ရက်ပြည့်တာနဲ့ပြန်မှာလေ..ကိုယ်နဲ့Taehyungကကျ ကိုယ်တို့အိမ်မှာ၁ပတ်ပြည့်တဲ့အထိဆက်နေကြမယ်"
"ရတယ် ရတယ်..ဘယ်လိုပဲဖြစ်ဖြစ်၁ပတ်နေရရင်ကို ကျေနပ်ပြီရယ် ..ဒါနဲ့ မေမေတို့ကိုရော"
"အဲ့ဒါ ကိုယ်ပြောခဲ့လိုက်တယ်...ခုနတုန်းက ကိုယ်အထဲပြန်ဝင်သွားတာက Heeinဆီကို ၁ပတ်လောက်နေမှာလို့ သွားပြောတာ"
"‌ဝါးးး Kim Taehyungက စပယ်ရှယ်ရည်းစားကြီးကိုရထားတာပဲ"
လက်မလေးထောင်ပြီး စပယ်ရှယ်ရည်းစားကြီးရထားတာဆိုပြီးတဝိုးတဝါးလုပ်ပြောနေတဲ့ကောင်လေးက ဖြစ်ချင်တာပြည့်သွားလို့ တကယ်သဘောကျနေတာပင်။ ကိုယ်ကလည်း Taehyungဖြစ်ချင်တာဆို ဖြည့်ဆည်းပေးချင်နေတဲ့ စိတ်ကိုလုံးဝဖျောက်ဖျက်မရတာပင်။
"ဒါနဲ့ ပြောထားမယ်.. ကျောင်းကားက Minhoတို့နဲ့အတူတူစီးရမှာဆိုတော့ အဲ့ဒီကလေးနဲ့ ဝေးဝေးနေနော် "
"ကိုကိုဆရာကလည်း သူကကျွန်တော့်ကိုကြိုက်နေတာမှမဟုတ်တာ"
"အင်းပါ ထားပါ..ကိုယ်က Taehyungလေးကို မချုပ်ခြယ်ချင်ပါဘူး..ဒါပေမဲ့ Taehyungကဘာကဖြစ်သင့်တယ် ဘာကိုလုပ်သင့်တယ်ဆိုတာကို သေချာတွေးတောပြီးမှလုပ်ရမယ်နော်"
"ဟုတ်ကဲ့ပါ"
"ကိုယ့်ကို ကိုကိုဆရာလို့မခေါ်ပါနဲ့လား ကိုကိုဆိုကိုကိုလို့ပဲခေါ်လို့ပြောထားတယ်လေ"
ခဏခဏ ကိုကိုဆရာဆိုတဲ့စကားကိုကြားနေရတော့ ခေါ်ရတဲ့လူအစားနားထောင်နေရတဲ့မိမိက ပိုမောနေရတယ်။
"မဟုတ်ဘူး သူများတွေနဲ့မတူချင်လို့ခေါ်တာလေ က်ိုကိုဆရာက မကြိုက်ဘူးလား"
"ကြိုက်ပါတယ် Taehyungလေးမောနေမှာစိုးလို့"
"ရတယ်မမောဘူး "
"ဟုတ်ပြီ ကြိုက်သလိုသာခေါ်ပါဗျာ"
တကယ်အလိုကျကို လိုက်လျောပေးတဲ့ကောင်လေးမျိုးဆိုတာက ဆရာJungkookကိုရည်ညွှန်းနေတာပင်။ တစ်လှမ်းလုံး စကားတပြောပြောနဲ့ ကျောင်းကိုရောက်လာတော့ လူတောင်အတော်စုံနေပြီဖြစ်သည်။
Sunghoonနဲ့ကိုယ်က ဘေးချင်းကပ်ရပ်အတူထိုင်ကြသည်။ ဆရာJungkookကတော့ ကျောင်းကစီစဥ်ပေးတဲ့ကားနဲ့မလိုက်တော့ဘဲ ကိုယ့်ကားနဲ့ကိုယ်လိုက်မည်တဲ့လေ။ ဟ်ိုမှာတစ်ပတ်နေမှာဆိုတော့ ကားကမပါလို့မဖြစ်တာမလို့ကားနဲ့လိုက်ခဲ့မယ်လို့ပြောတယ်။ ကားက မနက်၈နာရီခွဲမှစပြီးတော့ ထွက်လာသည်။ ကျောင်းလေ့လာရေးခရီးရဲအတွေ့အကြုံပထမဆုံးမလို့ အတော်လေးစိတ်လှုပ်ရှားနေမိတယ်။ ကားပေါ်မှာ သီချင်းတွေအတူတူဆိုကြရင်း ဂိမ်းတွေကစားကြရင်းBusanကို နေ့လည်၁နာရီမှာရောက်သည်။
ကားပေါ်ကဆင်းတာနဲ့ ဆရာJungkookကလှမ်းခေါ်တာမလို့ အမြန်အပြေးသွားရသည်။
"Sunghoonနဲ့ တစ်ခန်းတည်းပဲနေနော်"
"အင်းပါ"
ဆရာJungkookကို တကယ်သဝန်တိုတတ်မယ်လို့မထင်ထားတာအမှန်ပင်။ Minhoနဲ့ တစ်ခန်းတည်းအတူတူနေမှာစိုးရိမ်နေတာလေ။ Minhoက Sunghoonကို ကြိုက်နေတာလို့ပြောလည်း အဲ့တာက Trickလုပ်နေတာဖြစ်နိုင်တယ် ဝေးဝေးကရှောင်ဆိုပြီး သတိပေးပြန်တယ်။
ကျောင်းကဆရာမကပြန်ခေါ်နေပြီမလို့ ကိုကိုဆရာကိုနှုတ်ဆက်ပြီး အမြန်သွားရသည်။ အခန်းခွဲတော့ Minhoရယ် Sunghoonရယ် Taehyungရယ်က သုံးယောက်ကိုတစ်ခန်းနေရသည်။ Taehyungလည်း နေရမည့်အခန်းကို အဝတ်အထုတ်တွေရွှေ့ပြီးတာနဲ့ ခရီးပန်းလာတာမလို့ တရေးလောက်အိပ်‌လိုက်သည်။
--------
Ep20ထိရောက်သွားပြီရော်
Ep20ထိကို Ficအပေါ်ဝေဖန်ချင်တာဖြစ်ဖြစ် အကြံပေးချင်တာဖြစ်ဖြစ် Ficပေါ်ကရတဲ့ ခံစားချက်လေးတွေပြောပြပေးသွားပါ့လား
Dailyရေးနေရတော့ energyလိုနေလို့ဟီး"
Zawgyi
"ဒေါက် ဒေါက် ဒေါက်"
"ကိုကို"
"အားပါတယ်ဗျ ဘာတိုင်ပင်မလို့လဲ"
"ဟော တကယ်လား"
"ဟော တကယ်ပေါ့"
"ဟင်ဟုတ်လား"
"ဟုတ်တာပေါ့ဗျာ"
"တော်ပါပြီကွာ.. ရှယ်ယာတွေရင်းနှီးမြှုပ်နှံတာတွေတောင် ကြာကြာထားရင် ဈေးပိုတတ်သေးတာပဲ..ကိုယ်လည်းကမ်းလှမ်းချက်ပိုများအောင် ‌ကြာကြာထားတဲ့အနေနဲ့ စာမေးပွဲရလဒ်ကြေညာ‌ပြီးမှလက်ခံလိုက်တော့မယ်"
"ကိုကို!!!"
---------------
"ကလင် ကလင်"
"အင်းရော့ယူ"
"အင်းး"
"ကောက်စရာလား.."
"‌ဟုတ်လား ပြောပြလေ"
"တကယ်ကြီးလား"
"ဟုတ်ကဲ့ပါ"
"မဟုတ်ဘူး သူများတွေနဲ့မတူချင်လို့ခေါ်တာလေ ကိုကိုဆရာက မကြိုက်ဘူးလား"
"ရတယ်မမောဘူး "
"အင်းပါ"
--------
Continue Reading
You'll Also Like
200K 20.2K 22
ချစ်ခြင်းတစ်ခုရဲ့နိဂုံးက အမုန်းတရားတစ်ခုအား နိဒါန်းသွယ်စေခဲ့သော်....
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
72.6K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
61.1K 16K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥