[Z]
တစ်ဖန်ဆင်းသက်သွားလိုက်တော့ အင်္ကျီကိုတင်းနေအောင်
"အင့် .. ဟင့်"
"မကိုက် .. အ့"
"ဂျောင်ဂု.. "
လက်ချောင်းလေးများသည် စေတန့်၏အင်္ကျီအား ဆုပ်လိုက် ဖြန့်လိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေလျက် စေတန့်ရဲ့
"စိတ်ချ .."
"အ့ .. နာ အင့်"
"ဒါဆိုပြန်ထုတ်ရမလား"
"ဟင့်အင် !"
"မကြည့် အေ့ ဘူး"
"ကိုယ်မကြိုက်ဘူးနော် .. "
"အ့ အင့်"
"အ့ စေတန် ! အားး"
သူနားမလည်တော့ချေ ။ ဘာလို့အဲ့လောက်တောင်
"တော်ပြီ အဟင့် တော်ပြီ"
"ပြီးပြီ .. ပြွတ်"
"ခဏအိပ်လိုက် .. "
******************************
'တီ !!'
ရထားသလဲမပြောတတ်ချေ ။
"ကျွီ !!"
"ဂွမ်ဂျာ !!"
ထယ်ဟျောင်းဂွမ်ဂျာ့ရဲ့အင်္ကျီကော်လံကိုဆုပ်ကိုင်လိုက်၏ ။
'ဝုန်း !'
"အားး !!"
"တောက် !"
"ဘာ !!"
အညှိုးအတေးတွေထားထားနေခဲ့တာပေါ့ !
အမှန်တကယ်နာနေချေပြီ ။
"ခွက်!"
ဆုပ်ထားမိသည် ။
ထို့နောက်ပြောသည် ၊
ဖြစ်လေသည် ။
"ဒုန်း !!"
"ဒုံဂွမ်ဂျာ !!"
မြင်သွားပြီဖြစ်သည် ။
"ဟယ် !! သူဌေးလေး"
*****************************
Soon26#
[U]
ကြမ်းပြင်ပေါ်ကို ခါးပတ်ကြိုးပြုတ်ကျသွားပြီးသည့်နောက်
အနက်ရောင်စာလုံးများရေးထိုးထားသောလက်ချောင်းတွေက
ဘောင်းဘီဇစ်အားကျွမ်းကျင်စွာပင်ဆွဲချလိုက်သည် ။
ထိုအဖြစ်အပျက်များနှင့်တစ်ပြိုက်နက်တည်း ဖြစ်ပေါ်နေသော အနမ်းများသည်လည်း လစ်ဟသွားသည်လို့မရှိ ။
ဝိုင်အရသာတွေထုံထနေသော နှုတ်ခမ်းဖူးဖူးလေးများသည် စေတန်တစ်ချက်စုပ်ယူလိုက်တိုင်း ခံတွင်းထဲအထိပါလာ၏ ။
လည်ပင်းတစ်ဝိုက်ကလက်ကလေးများသည်လည်း
ဖက်တွယ်ထားသည်မှာ အားကိုးရာတစ်ခုအဖြစ် ယူဆထားသည့်ဟန် ။ ဒါလေးဟာ အရှက်သည်း
လွန်းတတ်သလို တစ်ဖက်ခြမ်းတွင်လည်း သူ့ကို
အမြဲစိတ်ဆန္ဒတစ်ခုလိုချင်တောင့်တလာအောင်အထိ
ဆွဲဆောင်နိုင်ပြန်သည် ။
စေတန့်ရဲ့လက်တွေသည် ထယ်ဟျောင်း၏ခြေသလုံးသားလေးများကိုပွတ်သပ်ပေးရင်း ဖြေးဖြေးချင်းစီအထက်သို့ရွေ့လျားလာခဲ့သည် ။ ဖြူဝင်း၍နူးညံ့နေသောပေါင်တွင်းသား
လေးတွေအထိပါစုန်ချည်ဆန်ချည် ကိုင်တွယ်မိပြန်တော့
ခြေထောက်လေးကိုရုန်းသည် ၊ သူရှက်နေပြန်ပါသည် ။
နှုတ်ခမ်းလေးကိုလွှတ်ပေးလိုက်ပြီး လည်တိုင်လေးဆီကို
တစ်ဖန်ဆင်းသက်သွားလိုက်တော့ အကျႌကိုတင်းနေအောင်
ဆွဲဆုပ်ထားသည် ။ နှာတံထိပ်ဖျားဖြင့် ထိုလည်တိုင်လေး၏
အရေပြားများကိုပွတ်ဆွဲလိုက်ရလျှင် နှစ်လိုဖွယ်ကောင်းလွန်းသော ကိုယ်သင်းရနံ့လေးဟာ နှလုံးသားထဲအထိစီးဝင်သွားလေသလား ဟုတောင်ထင်ရလောက်သည်အထိ ။
"အင့် .. ဟင့်"
အတူနေချင်တယ်ပြောတုန်းက သူစပြောပြီးတော့
အခုကျမှလူကိုပခုံးကနေမသိမသာတွန်းထုတ်နေ၏ ။
"မကိုက် .. အ့"
ထယ်ဟျောင်းအတွက်တော့အခုအခြေအနေဟာ
အလွန်အသည်းတယားယားဖြစ်စေတာအမှန်ပင် ။
ပထမဆုံးအကြိမ်သူတို့အတူနေခဲ့စဉ်က သူဟာ
ဆေးမိထားခဲ့တာမို့ အပြုအမူတိုင်းခံစားမှတ်ယူ
နိုင်ခဲ့တာမဟုတ်၍ ယခုလောက်မခက်ခဲခဲ့သော်လည်း
အခုမှာမူ သူ့ခန္ဓာကိုယ်ပေါ်ကိုထိတွေ့နေတဲ့ စေတန့်ရဲ့
အသက်ရှူသံပြင်းရှရှကိုကအစ အသေးစိတ်ခံစား
နေရသည်လေ ။ ထို့ကြောင့်ရှေ့ဆက်ဖို့အတွက်
ချီတုန်ချတုန်ဖြစ်နေရလေ၏ ။
"ဂျောင်ဂု.. "
နာမည်အရင်းကိုခေါ်တွင်လိုက်တဲ့အသံလေး၏နောက်
ဂျွန်စေတန်သည်လည်း လည်တိုင်ကိုနမ်းရှိုက်နေရာမှ
အထက်ကမျက်လုံးလေးများကိုမော့ကြည့်လိုက်သည်။
ထိုအကြည့်ဟာအလွန်မှရင်တုန်စရာကောင်းလှသလို
ထယ်ဟျောင်း၏တစ်ကိုယ်လုံးကအားအင်တွေကိုစုပ်ယူခံ
လိုက်ရသည့်ပမာ ပျော့ခွေသွားစေ၏ ။ ထယ်ဟျောင်းရဲ့
လက်ချောင်းလေးများသည် စေတန့်၏အကျႌအား ဆုပ်လိုက် ဖြန့်လိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေလျက် စေတန့်ရဲ့
ထိုမျက်ဝန်းများကိုပြန်လည်ကာငေးမောနေရင်း ၊
"ဘယ်တော့မှ .. အေ့ မထားခဲ့နဲ့နော်"
အမူးသမားလေးက သူ့ဘာသူဘာတွေလျှောက်
တွေးနေသလဲမသိပါဘဲ စိတ်ထဲရှိရာတွေပြောနေ၏ ။
သို့သော်ထိုစကားလေးကသူ့ရင်တွေကိုဗရမ်းဗတာ
ဖြစ်စေသလို ချစ်စိတ်တွေကိုလည်းမွှန်းထစေသည်။
"စိတ်ချ .."
စေတန်ကစကားကိုဆုံးအောင်မပြောသေးပါဘဲ
ထယ်ဟျောင်း၏နှုတ်ခမ်းလေးကိုတစ်ချက်လာနမ်း၏ ။
ပြီးမှ နောက်သို့ပြန်ခွာပြီး မျက်ဝန်းလေးများကိုကြည့်၍ ၊
"မောင်းထုတ်တောင် ထွက်မသွားဘူး"
"အ့ .. နာ အင့်"
အပေါ်တွင်အာရုံရောက်နေတဲ့အချိန် အောက်က
တိုးဝင်လာတဲ့စိုစိစိအရာကြောင့် ထယ်ဟျောင်း
အောက်နှုတ်ခမ်းကိုပင်ဖိကိုက်ချလိုက်သည် ။
သေချာတောင်အစမပျိုးရသေးဘဲ တိုးဝင်လာသည့်
နာကျင်မှုဟာအသည်းခိုက်လုလု ။ စေတန်ရဲ့လည်ပင်းကို
ဖက်တွယ်ထားသော လက်တွေသည်လည်း လက်သီးဆုပ်
လေးတွေအဖြစ်ကိုပြောင်းလဲကုန်ရသည် ။
"အင့် ဘာလို့ ချက်ချင်း ဟ့"
"ဒါဆိုပြန်ထုတ်ရမလား"
"ဟင့်အင် !"
ပြန်ထုတ်လိုက်မှာကိုကြောက်ကြောက်လန့်လန့်ဖြင့်
လွှတ်ခနဲပြောပြီးမှ ထယ်ဟျောင်းမျက်နှာတစ်ပြင်လုံး
သွေးရောင်တွေကြွလာရတော့သည် ။ မျက်ဝန်းကြီးကြီးလေးများသည် ရှက်ရွံ့စွာဖြင့် မဝံ့မရဲလေး ငုံ့ကြည့်
မိလိုက်သည့်အခါ သူ့ကိုစိုက်ကြည့်နေသော မျက်ဝန်း
နက်စွေးစွေးတွေဆီမှာ ချောင်ပိတ်၍ဖမ်းဆီးခံလိုက်ရ၏ ။
ကျေနပ်စွာကွေးညွှန့်သွားသော နှုတ်ခမ်းပါးတစ်ခုကို
ဖယောင်းတိုင်မီး၏ အလင်းဖျော့ဖျော့အကူညီကြောင့်
မြင်လိုက်ရသည့်အချိန် ထယ်ဟျောင်းအယောင်ယောင်
အမှားမှားဖြင့် သူ့ပေါင်တွေကိုဆွဲစိလိုက်မိသော်လည်း
သူ့ပေါင်ကြားတွင်စေတန်တစ်ယောက်လုံးရှိနေတာမို့
လှုပ်လှုပ်ရှားရှားဖြစ်သွားရုံလေးသာအရာရောက်၏ ၊
မျက်နှာလေးကိုလည်းအောက်ကိုငုံ့ချပစ်လိုက်ဖို့မမေ့ချေ။
ထိုအခါသူ့မေးဖျားကို လာ၍ ပင့်လေသော
လက်ချောင်းရှည်ရှည်တွေဟာပိုင်ရှင်ဆန်လွန်းစွာ ။
"ဒီကလူကိုကြည့်စမ်းပါဦး"
"မကြည့် အေ့ ဘူး"
ထယ်ဟျောင်းခေါင်းလေးယမ်းမိရင်း အတင်းပြန်ငုံ့ချသည်။
သူရှက်လွန်းလို့အငွေ့ပျံတော့မည်ထင်၏ ၊
"ကိုယ်မကြိုက်ဘူးနော် .. "
စကားသံဟာတောင်းဆိုနေသယောင်ယောင် ၊
အမိန့်ပေးနေသယောင်ယောင် ။ သို့သော်လည်း
အမူးသမားလေးကမူးသာမူးနေတာ မာနခဲလေးမို့
မျက်နှာကိုလုံးဝပြန်မော့မလာချေ ။
ဒီတော့လည်းဘယ်တတ်နိုင်မလဲ ၊
ဒီတိုင်းပဲ ရှေ့ဆက်ကြတာပေါ့ အသဲရယ် ။
"အ့ အင့်"
လှုပ်ရှားမှုကတဖြေးဖြေးနှင့်စတင်လာတဲ့အခါ
ထယ်ဟျောင်းစေတန့်ရဲ့လည်ပင်ကိုအတင်း
ကုတ်တွယ်ထားမိတော့သည် ။ စေတန့်ရဲ့
လက်ဖဝါးတွေဟာ သူ့ပေါင်တံတွေကိုထိထိမိမိ
ပင့်၍ မ ကိုင်ထားသည်မှာ သန်သန်မာမာ ။
သူ့ဆီကရတဲ့ဝိုင်ရနံ့တွေနဲ့ စေတန့်ဆီကရသော
အရေအသွေးမြင့်ရေမွှေးရနံ့တွေကရောယှက်လျက် ။
နာကျင်မှုယောင်ယောင် ၊ သာယာမှုယောင်ယောင်
ရောပြွန်းနေသောခံစားချက်တွေကြား စေတန့်နှုတ်က
ထွက်ကျလာသော ညည်းညူသံတွေကိုရင်ဆိုင်ရသည်
မှာလည်း ထယ်ဟျောင်းအတွက်ခက်ခဲလွန်းလှသည် ။
နှစ်ဦးစလုံး၏ကိုယ်တွင်အဝတ်တွေရှိနေသေးလျက်
ဆက်ဆံရတာက ခံစားချက်ကိုအသစ်အဆန်းဖြစ်စေ၏ ။
အခုဆိုသူကမှ အောက်ပိုင်းတွင်အကာအကွယ်မဲ့နေသေးသည် ။ စေတန်ကတစ်ကိုယ်လုံးမှာအဝတ်အစား
အပြည့်နှင့်ဖြစ်ကာ ဘောင်းဘီဇစ်ကိုသာဖြေလျှော့ထား
ခြင်းဖြစ်၏ ။ ခဲရင့်ရောင်အနောက်တိုင်းဝတ်စုံ အပြည့်နှင့်ယောက်ျားဟာ သူ့ခြေတံတွေကို မ ကိုင်ပြီး အားမာန်
အပြည့်နှင့်လှုပ်ရှားနေသည်မှာ အသက်ရှူမှားဖွယ်ရာ ။
မျက်ဝန်းကြီးကြီးတွေမှစီးကျလာသောမျက်ရည်တို့သည်
နာကျင်မှုကြောင့်လား သာယာမှုကြောင့်လားတောင်
ထယ်ဟျောင်းမခွဲတတ်တော့ချေ ။ စိတ်၏အလိုဆန္ဒအရ
စေတန့်ရဲ့နှုတ်ခမ်းပါးတွေကို လှမ်း၍ဖိကပ်မိတော့လည်း
ခဏတွင်းချင်းမှာတင် သူ့နှုတ်ခမ်းတွေကသာ စေတန့်
ခံတွင်းထဲတွင် နင့်နဲ့စွာစုပ်ယူခံရပြန်သည် ။
"အ့ စေတန် ! အားး"
အနက်ဆုံးနေရာအထိတိုးဝင်ဆောင့်ချလာမှုတွေကြောင့်
သူရေငုံနှုတ်ပိတ်နေချင်၍မရတော့ချေ ။ ပိုဆိုးသည်က
သူ့ရဲ့သွေးရောင်သမ်းနေသော အရာလေးကိုစေတန်က
လက်တစ်ဖက်ဖြင့်လာရောက်တိုက်ဆွဲသည်ကြောင့် !
"မလုပ်နဲ့ အေ့ အင့် ဖြေးဖြေး"
စေတန့်ဆီကဆောင့်ချက်တွေ ပို၍မြန်လာတာကို
သူနားမလည်တော့ချေ ။ ဘာလို့အဲ့လောက်တောင်
သက်လုံကောင်းရတာလဲ ဟုတောင်တွေးမိစေသည်။
"မြန်တယ် ဟင့် အရမ်းမြန်တယ် အားး ရပ် !"
သူ့စကားကိုစေတန်ကကြားတောင်ကြားရဲ့လားမသိ ။
သူ့အောက်ပိုင်းကတော့မီးပွိုင့်မတတ်ပူထူနေလေပြီ ။
"အရမ်းနက်တယ် .. အ့ မြန်တယ် အဟင့်"
ရှိုက်သံတွေပါ ဗလုံးဗထွေးထွက်လာကာ
မျက်ရည်တွေလှိမ့်ဆင်းလာတော့သည် ။
"တော်ပြီ အဟင့် တော်ပြီ"
"ပြီးပြီ .. ပြွတ်"
သူ့နှုတ်ခမ်းကိုလာစုပ်ယူတဲ့အနမ်းတစ်ပွင့်နဲ့အတူ
သူ့အရာလေးဟာစေတန့်လက်ထဲတွင် ကမှန်းကတမ်း
ပြီးမြှောက်သွားရပြီး သူ့ရဲ့အတွင်းပိုင်းတစ်နေရာသည်
လည်းပဲ ပူနွေးသွားမှုကိုတစ်ပြိုင်နက်ခံစားလိုက်ရသည် ။
ထယ်ဟျောင်းဖျော့တော့စွာပင် စေတန့်ရင်ခွင်ထဲကို
ပစ်၍မှီချလိုက်တော့သည် ။ ထိုအခါတင်းတင်းကြပ်ကြပ်
ပြန်လည်ဖက်တွယ်လာသော လက်မောင်းတွေကြောင့်
သူ့ရင်ထဲအထိနွေးထွေးသွားရပြန်သည် ။
"ခဏအိပ်လိုက် .. "
နားထင်စပ်ကို ငုံ့နမ်းတဲ့နှုတ်ခမ်းပါးကစွဲမက်ချင်စရာ ။
ထယ်ဟျောင်းမျက်လုံးလေးတွေကိုမှိတ်ချလိုက်ပြီး ဒီလူ၏
ရင်ခွင်ထဲတွင်ယုံကြည်စွာပင်အိပ်စက်လိုက်တော့သည် ။
******************************
ကားတစ်စီးသည် ညနေ ၅ နာရီလောက်အချိန်တွင်
လမ်းပေါ်တွင်တစ်ရှိန်ထိုးပြေးလွှားနေသည် ။
ထိုကားထဲတွင်မောင်းနှင်နေသူ၏ ဆံပင်ငွေရောင်များက
လေအလွင့်တိုင်းမှုတစ်လှုပ်လှုပ် ။ မျက်ဝန်းတွေဟာလည်း
စူးရဲနေလျက် မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နက်နေသည် ။
နားထဲမှာပဲ့တင်ထပ်နေတဲ့ စေတန့်စကားတွေကို
အကြိမ်ကြိမ်ကြားယောင်လျက် ။
"သေနတ်သမားက .. ဒုံဂွမ်ဂျာရဲ့လူပဲ"
"မင်းကိုဆေးခတ်ခဲ့တာလည်းသူပဲ အသဲ"
"အဲ့ဒီ့ဓာတ်လှေကားက ပျက်နေကြောင်းကို
သတိပေးစာကပ်ထားပြီးသား ဒုံဂွမ်ဂျာဖြုတ်ခဲ့တာ"
ဘယ်လိုတောင်ဒုံဂွမ်ဂျာကဒါတွေရဲ့တရားခံဖြစ်နေရတာလဲ ။
ဆေးခတ်ခံရတဲ့ကိစ္စကတည်းက ထယ်ဟျောင်းဂွမ်ဂျာကို
မယုံရဲတော့၍ အဆက်အသွယ်ပြတ်နေခဲ့သော်လည်း
တရားခံဟာ တကယ်ကြီးဂွမ်ဂျာဖြစ်နေလိမ့်မည် ဟုတော့
သူတွေးမထားမိချေ ။ ဘယ်သူကရောတွေးမိမှာလဲ ??
"သူစိတ်ဝင်စားနေတာ ကိုယ့်ကိုလေ"
'တီ !!'
ဟွန်းတီးသည့်နေရာကို ရိုက်ချလိုက်မိသည် ။
ကိုယ့်ကိုကိုယ်တုံးလွန်းလိုက်တာ ဟု တွေးရုံကလွဲ
ဘာမှမတတ်နိုင်ချေ ။ ဒါဆိုရင်ဂွမ်ဂျာဟာအစတည်းက
သူ့ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ချဉ်းကပ်လာတာ
မဟုတ်ခဲ့ဘူးပေါ့ ။ သူ့ဖက်ကအဲ့လောက်တောင်မှ
ခင်တွယ်ခဲ့တာကို အခုတော့ ဒုံဂွမ်ဂျာဟာ သူ့အား
အဖက်ဖက်ကနေဒုက္ခပေးဖို့ကိုသာကြံစည်နေခဲ့တာတဲ့။
နောက်ဆုံး သူ့ရဲ့အသက်အန္တာရာယ်အထိ !!
မနေ့ညကသေနတ်သမားဟာဂွမ်ဂျာ့လူမှန်း
စေတန်တို့ဖက်ကအတိအကျသိထားရပေမယ့်
တရားခံကလုံးဝဝန်မခံဘဲ တစ်ယောက်တည်းသာ
အပြစ်ခံယူမည်ဖြစ်ကြောင်းပြော၏ ။
ဂွမ်ဂျာ့ဆီကဘယ်လို မက်လုံးတွေကို
ရထားသလဲမပြောတတ်ချေ ။
အခု သူဂွမ်ဂျာ့ကုမ္ပဏီကိုသွားတာကို စေတန်မသိ ။
ဒီကိစ္စတွေကို မနေ့ညကပြောပြီးကတည်းက
ဂွမ်ဂျာကိုသွားတွေ့ဖို့ချည်း တကဲကဲလုပ်နေတဲ့သူ့ကို
စိတ်မချလို့ဆိုကာ တစ်နေကုန်အလုပ်တောင်မသွားဘဲ
ရှိနေတာဖြစ်ပြီး ၄ နာရီခွဲလောက်ကမှ အရေးကြီးကိစ္စ ပေါ် လာလို့ဆိုကာ ဖခင်ဖြစ်သူဆီကိုထွက်သွားတာဖြစ်သည်။
စေတန်မရှိတုန်းထယ်ဟျောင်းထွက်လာတာဖြစ်၏ ။
ဘာပဲပြောပြောသူကဒုံဂွမ်ဂျာကိုဒီတိုင်းကျော်မသွားနိုင် !
စေတန်ကလည်းဒီအတိုင်းထားမည်မဟုတ်မှန်း
သိပေမယ့် စိတ်ကြီးသူဖြစ်သည့်အလျောက် သူက
မခံမရပ်နိုင်ဖြစ်နေမိသည် ။ အနည်းဆုံးတော့
ဒုံဂွမ်ဂျာရဲ့မျက်နှာကိုသုံးချက်လောက်ထိုးပစ်ချင်သည် ။
"ကျွီ !!"
ကားသည် ဂွမ်ဂျာ၏ ကုမ္ပဏီရှေ့တွင်ရပ်တန့်သွားသည်နှင့်
ထယ်ဟျောင်းသည်လည်းချက်ချင်းပင်ဆင်းချလာသည် ။
အခါသင့်လွန်းစွာပင် ကားပါကင်ကိုဆင်းလာသော
ဒုံဂွမ်ဂျာကိုလှမ်းမြင်လိုက်ရသည် ။
"ဂွမ်ဂျာ !!"
သူ့ကိုတွေ့သည်နှင့်မမြင်ချင်ယောင်ဆောင်ကာ
ရှောင်ထွက်ဖို့လုပ်နေသည့် ဂွမ်ဂျာသည် သူအော်ခေါ်
လိုက်မှနောက်ကိုလှည့်ကြည့်လာသည် ။
"အာ .. ထယ်ဟျောင်း ! ဘယ်လိုရောက်လာတာလဲ"
ပြုံးပြ၍လှမ်းပြောလာတဲ့ပုံစံဟာ သူဘာမှ
လုပ်မထားသည့်အတိုင်းပင် ၊ ဘယ်လိုတောင်
အဲ့လောက်လိပ်ပြာလုံနိုင်ရတာလဲ !!
ခြေလှမ်းကျဲများ၏ ဦးတည်ရာသည် ဂွမ်ဂျာ၏
ရှေ့တည့်တည့်ကိုဖြစ်ကာ အနားကိုရောက်သည်နှင့်
ထယ်ဟျောင်းဂွမ်ဂျာ့ရဲ့အကျႌကော်လံကိုဆုပ်ကိုင်လိုက်၏ ။
ဂွမ်ဂျာ၏မျက်နှာဟာလည်း ကွက်ခနဲပျက်သွားလေသည်။
"ဂွမ်ဂျာ တကယ်ပဲ မင်းလား ဟမ် !!
မင်းဘယ်လိုတောင်ဟန်ဆောင်နေနိုင်ရတာလဲ
ဘာကိစ္စ .. ဘာကိစ္စငါ့ကိုအလိမ်အညာတွေနဲ့
ချဉ်းကပ်ခဲ့တာလဲ မင်းရဲ့ပြဿနာကဘာလဲ !!"
ဒေါသကိုဘယ်လိုမှမထိန်းချုပ်နိုင်ချေ ..
တခြားထက် ခံပြင်းတဲ့စိတ်ကပို၍ပြင်းပြနေ၏ ။
ဂွမ်ဂျာ သူ့ကိုကြည့်နေတဲ့ မျက်နှာပေးသည်
တဖြေးဖြေးချင်း မျက်နှာသေအဖြစ်သို့ပြောင်းလဲလာ၏ ။
ထို့နောက်ကော်လံကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေကို
လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်လိုက်ကာ ၊
"ငါ့ရဲ့ ပြဿနာကမင်းပဲလေ အမိုက်ရဲ့ !"
'ဝုန်း !'
"အားး !!"
ထယ်ဟျောင်း၏ကျောပြင်သည် ဘေးတွင်ရှိနေသော
တိုင်ကြီးဆီသို့ဆောင့်တွန်းခံလိုက်ရ၍ ကျောပြင်တစ်ခုလုံး
အောင့်တက်သွားရသည် ။ ထို့အပြင်သူ့လက်ကောက်ဝတ်
တွေကိုလည်း ဂွမ်ဂျာကလွှတ်မပေးသေးချေ ။
ဂွမ်ဂျာကောက်ကျစ်ယုတ်မာတာအမှန်ဆိုရင်တောင်
ဒီလိုမျိုးချက်ချင်းကြီးသူ့ကိုတိုက်ခိုက်လိမ့်မယ် ဟု
တွေးမထားမိသည့်ထယ်ဟျောင်းအဖို့ အလစ်တိုက်
ခံလိုက်ရခြင်း ဖြစ်သည် ။
"အခုတော့သိသွားပြီပေါ့ ငတုံးလေး !!"
"တောက် !"
ထယ်ဟျောင်းသည် လက်ကောက်ဝတ်ကို
ရုန်းသော်လည်းအတင်းဖိချုပ်ထားသည်မို့
နီရဲလာတာကလွဲ၍ အကျုံးမဝင်ချေ ။
ဒုံဂွမ်ဂျာကဂျောင်ဂုနီးနီးလူကောင်ထွားသည်လေ ။
"ငါကိုယ်တိုင်ကတောင် စေတန့်ကို
စိတ်ချမ်းသာစေချင်လို့ ကျောင်းနားပေးခဲ့တာကို
မင်းကငါ့ကိုခုတုံးလုပ်ပြီး စေတန့်ဆီကအာရုံစိုက်
ခံရအောင်လုပ်ခဲ့တာကို မသိဘူးများထင်နေလား"
"ဘာ !!"
ထယ်ဟျောင်းဒေါသတွေငယ်ထိပ်ကိုဆောင့်တက်
သွားသည် ။ ဂွမ်ဂျာဟာ သူ့ကိုအဲ့ဒီ့အချိန်တည်းက
အညိုှးအတေးတွေထားထားနေခဲ့တာပေါ့ !
ဒေါသကြောင့်နီရဲလာတဲ့ထယ်ဟျောင်း၏မျက်နှာကို
ကြည့်ကာ ဂွမ်ဂျာကခနဲ့သလိုရယ်သည် ။
"အဟက် ! ငါပြောတာမှန်လို့ နာသွားလား"
"မင်းစောက်ခွက်ကိုအထိုးမခံချင်ရင် ငါ့ကိုလွှတ် !"
ဒေါသကြောင့်စကားလုံးရင့်ရင့်တွေကိုပါ
ထယ်ဟျောင်းသုံးမိသည် ၊ အခုသူ့လက်တွေလည်း
အမှန်တကယ်နာနေချေပြီ ။
"စေ့စပ်လိုက်ရပြီဆိုတော့ သိပ်ပျော်နေတယ်ပေါ့
မင်းစောင့်ကြည့်နေလိုက် ထယ်ဟျောင်း !!
ငါ ဂျွန်စေတန်ရဲ့ရင်ခွင်ထဲမှာ အဝတ်မရှိဘဲ
ရှိနေတဲ့အချိန် မင်းအတွက်ဓာတ်ပုံလှလှလေးနဲ့
ပို့ပေးလိုက်မှာမို့လို့လေ ဟားဟားဟား !"
ထယ်ဟျောင်းခြေဖျားလက်ဖျားတွေအေးခနဲဖြစ်သွားသည်။
စိုးရိမ်စိတ်တစ်ခုဟာလည်း ရင်ထဲကိုကိန်းအောင်းလာ၏ ၊
ဒါတောင်အခုဟာ စကားလုံးတွေပဲ ၊ ထိုစကားလုံးတွေက
တောင်မှ သူ့ရဲ့စိတ်အစုံကိုချက်ချင်းခြောက်ခြားစေသည် ။
လက်ကောက်ဝတ်နှစ်ဖက်ကို တစ်ချက်တည်းနှင့်
ဆောင့်ရုန်းချလိုက်ပြီးသည့်နောက် ဂွမ်ဂျာ့ရဲ့မျက်နှာ
ဆီကို လက်သီးတစ်ချက်ပစ်သွင်းလိုက်တော့သည် ။
"ခွက်!"
ဂွမ်ဂျာ့၏ခန္ဓာကိုယ်သည် ဘေးတွင်ရပ်ထားသော
ကားတစ်စီး၏အခြေဆီသို့ ပစ်ကျသွားသည် ။
ချက်ချင်းဆိုသလို သူ့ဆီကိုပြန်ကြည့်လာသော
အကြည့်တို့ဟာလည်း စူးရဲနေလျက် ။
ထယ်ဟျောင်းကတော့လက်သီးကိုသာတင်းတင်း
ဆုပ်ထားမိသည် ။
ထိုစဉ် အလုပ်ဆင်းလာသော ဝန်ထမ်းနှစ်ဦး၏
စကားသံအချို့ကိုသူတို့ကြားလိုက်ရသည် ။
"အမှန်ဆိုဒီနေ့ ၃ နာရီလောက်တည်းက
ပြန်ရမှာကိုဟယ် ငါတို့ဘဝကလည်း .."
"အေးဆိုနေ .. စိတ်ပျက်ဖို့ကောင်း"
ထိုစကားသံများကိုထယ်ဟျောင်းကြားသော်လည်း
အာရုံမထားမိချေ ။သို့သော် ဂွမ်ဂျာကတော့မဟုတ် ။
ထိုအတိုင်းကားကိုမှီ၌ထိုင်နေရင်းပင် ထယ်ဟျောင်းကို
ကောက်ကျစ်စဉ်းလဲစွာရယ်ပြလာသည် ။
ထို့နောက်ပြောသည် ၊
"အချုပ်ထဲမှာတစ်ညလောက်အိပ်ချင်လား"
ထယ်ဟျောင်း မျက်ခုံးတွေတွန့်ချိုးသွားသည် ။
ဂွမ်ဂျာပြောတာကိုသူချက်ချင်းသဘောမပေါက်ချေ ။
ဂွမ်ဂျာဟာ ကားပါကင်၏အမိုးကို ဆောင်းငဲ့၍
ကြည့်နေသည်ကြောင့် သူပါလိုက်ကြည့်မိလိုက်သည် ။
၃၆၀ ဒီဂရီလှည့်လည်နေသော စီစီတီဗွီကိုဖြစ်သည် ။
ထယ်ဟျောင်းတစ်ခုခုကိုနားလည်သွားသည့်အချိန်
စီစီတီဗွီကလည်းသူတို့ရှိနေရာဖက်၏ဆန့်ကျင်ဖက်ကို
လည်ပတ်သွားပြီဖြစ်သလို အလုပ်ဆင်းလာသော
ဝန်ထမ်းနှစ်ဦးသည်လည်း သူတို့အနားကိုရောက်နေပြီ
ဖြစ်လေသည် ။
"ဒုန်း !!"
ကျယ်လောင်လှသောအသံသည် ဂွမ်ဂျာ၏ ခေါင်းနှင့် ကား၏ကိုယ်ထည်နှင့်ဆောင့်သည့် အသံဖြစ်သည် ။
"ဒုံဂွမ်ဂျာ !!"
ဂွမ်ဂျာ၏နဖူးထောင့်တွင်ပေါက်သွားက သွေးများ
ချက်ချင်းစီးကျလာလေသည် ။ ထိုနဖူးထောင့်ကို
ဂွမ်ဂျာဟာလက်နှင့်အုပ်ကိုင်လိုက်ကာ သူ့အား
ဝိုင်းစက်နေသောမျက်လုံးတွေနဲ့မော့ကြည့်ပြီး ။
"ထယ်ဟျောင်း ! ငါမင်းသူငယ်ချင်းလေ !!"
ထယ်ဟျောင်းလုံးဝကြောင် အ သွားသည် ။
သူဘယ်လိုတုန့်ပြန်ရမလဲ မသိဖြစ်နေချိန်မှာတင်
ခုနကဝန်ထမ်းနှစ်ယောက်က သူတို့အခြေအနေကို
မြင်သွားပြီဖြစ်သည် ။
"ဟယ် !! သူဌေးလေး"
"ကယ်ကြပါဦးရှင် ဒီမှာအကြမ်းဖက်နေလို့ပါ !!"
ချက်ချင်းပင် ထိုမိန်းကလေးနှစ်ဦးက ဂွမ်ဂျာ့ဘေးကို
ရောက်ချလာကြကာ လုံခြုံရေးများရှိရာကိုလှမ်း၍
အော်ခေါ်ကြတော့သည် ။ ထယ်ဟျောင်းလက်ဖျားတွေ
အေးသည်ထက်ပို၍အေးစက်လာသည် ။
သူထပ်ပြီးစေတန့်စကားကိုနားမထောင်မိပြန်ဘူး ။
*****************************
Soon26#
ဘာလိုလိုနဲ့ 30 နားတောင်ကပ်လာပြီနော်ToT
နောက်ပိုင်းတော့လေပြေတွေချည်းမဟုတ်တော့ဘူးမို့
ရင်ခုန်စွာစောင့်မျှော်ပေးကြပါဦး ၊ ဒီအပိုင်းမှာလိုသွားတာရှိရင်လည်းတောင်းပန်ပါတယ်ရှင်